လားရှိုးမြို့နယ်၊ ၀မ့်မိုက်ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ခဲယမ်းများ သိမ်းဆီးရမိ


၁၆.၉.၂၀၁၄ ရက်နေ့ ၁၃၁၅အချိန် အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု၊ လားရှိုးမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ ပါဝင်သောအဖွဲ့သည် သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ ၀မ့်မိုက်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ရပ်ထားသည့် ပိုင်ရှင်မဲ့ယာဉ်အမှတ် ၁ဂ/၃၅၆၃ ဖိုးဝှီး(ခဲရောင်)ယာဉ်အား စစ်ဆေးရာ ယာဉ်၏ ရှေ့ခန်း ဒက်ရှ်ဘုတ်အောက်ရှိ တူးဘောက်အတွင်းမှ အဖြူရောင် ကော်ဗူးငယ်အတွင်းထည့်လျက် ဘိန်းဖြူဟု ယူဆရသော အဖြူမှုန့် အလေးချိန် ၁.၂ ဂရမ်ပါ ၁ဗူး၊ ၂ ဂရမ်ပါ ၁ဗူး၊ စုစုပေါင်းအလေးချိန် ၃.၂ ဂရမ်(တန်ဖိုးငွေကျပ် ၆၀၈၀၀ိ/-)၊ ယာဉ်နောက်ခန်းထိုင်ခုံပေါ်မှ M-22 ကျည်အိမ် ၁ ခု၊ M-16 ကျည်အိမ်တို ၂ ခု၊ M-22 ကျည် ၂ တောင့်၊ M-16 ကျည် ၄၈ တောင့်၊ စစ်စိမ်းရောင် ပစ္စတိုသေနတ်အိတ် ၁ ခု၊ ဒိုင်းမွန်းကင်း စာတန်းပါ မှန်ဘီလူး ၁ ခု၊ စစ်စိမ်းရောင် အီကွေးမန်း ၁ ခု၊ တပ်မဟာ ၁၅၃ SSA Army တံဆိပ်ပါ အပေါ် အင်္ကျီ ၁ ထည်တို့အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိ၍ လားရှိုးနယ်မြေရဲစခန်း မယ(ပ)၄၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ) အရ အမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိ ပါသည်။


Credit to >>> All Shan State

0 comments:

Post a Comment