Showing posts with label သတင်းထူးလေးများ. Show all posts
Showing posts with label သတင်းထူးလေးများ. Show all posts

အာလူးကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ် ဓါတ်အားပေးစက်


ဗြိတိန် နိုင်ငံက မုန့်နှစ် ကုမ္မဏီ တစ်ခုဟာ အာလူးကနေ စွမ်းအင်ထုတ်လုပ်ယူပြီး လျှပ်စစ်ဓါတ်အားပေးစက် လုပ်ဆောင်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ၊ Carlisle မြို့မှာ အခြေစိုက်တဲ့ Cavaghan and Gray ဆိုတဲ့ ရယ်ဒီမိတ် အစားအစာ ထုတ်လုပ်ရေး စက်ရုံဟာ စွန့်ပစ်ထားတဲ့ အာလူးတွေနဲ့ အာလူးအခွံတွေကို လျှပ်စစ်စွမ်းအင် နဲ့ ရေနွေးငွေ့စွမ်းအင် အဖြစ် ပြောင်းလဲလိုက်တဲ့ Biorefinery စနစ်နဲ့ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။


သူတို့ စက်ရုံရဲ့ Green Generator ဆိုတဲ့ သဘာဝ စွမ်းအင်သုံး ဓါတ်အားပေးစက်ဟာ တစ်နှစ်မှာ လျှပ်စစ်စွမ်းအင် ၃၅၀၀ MWh ထုတ်လုပ်နိုင်ပြီး ပျမ်းမျှအားဖြင့် အိမ်ခြေပေါင်း ၈၅၀ ရဲ့ လျှပ်စစ်စွမ်းအင် နဲ့ ညီမျှတယ်လို့လည်း သိရပါတယ်။

ထို အာလူးကရတဲ့ စွမ်းအင်နဲ့ လည်ပတ်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ဟာ နောက်ပိုင်းမှာ ရေနွေးငွေ့ နဲ့ တစ်နှစ်ကို ၅၀၀၀ MWh အထိ ဓါတ်အား ထုတ်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထို ကုမ္မဏီဟာ စွမ်းအင်ထုတ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ အာလူးနဲ့ အာလူးအခွံတွေကိုတော့ သူတို့ ကုမ္မဏီက ထုတ်လုပ်တဲ့ အစားအစာတွေက တစ်ဆင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

Cavaghan and Gray ကုမ္မဏီ ဟာ အမဲသားနဲ့ ကြက်သွန်အရသာကို အာလူးနဲ့ ဖုံးအုပ်ထားတဲ့ Pie တွေကို ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရဲ့ ထုတ်ကုန် တွေကနေ ရလာတဲ့ အကြွင်းအကြန် ပစ္စည်းတွေကို အသုံးပြုပြီး စွမ်းအင်အဖြစ် ပြန်လည် အသုံးချကြတာပဲ ဖြစ်ပါတယ်။ Cavaghan and Gray ကုမ္မဏီ ရဲ့ မိခင်ကုမ္မဏီ ဖြစ်တဲ့ ဘာမင်ဂမ်မြို့ အခြေစိုက် 2 Sisters အစားအသောက် ကုမ္မဏီကလည်း သူတို့ဟာ ထို Biorefinery စနစ်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ဗြိတိန် နိုင်ငံ တစ်ဝှမ်းက စက်ရုံတွေမှာ ဓါတ်အားပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ထို Cavaghan and Gray ကုမ္မဏီဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံက လာရောက်တဲ့ ၀န်ထမ်း ၂၃၀၀၀ ယောက်ကျော်ကျော် ခန့်ထားပြီး တစ်နှစ်ကို ကာဗွန်ထုတ်လုပ်မှု ၃၅၀၀၀ တန် တိတိလျှော့ချနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

( Mario )
Ref : Mirror

ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကို စောင့်ရှောက်ပေးနေသော ၆ နှစ်အရွယ်သာရှိသေးတဲ့ သားလိမ္မာလေး

တရုတ်နိုင်ငံက အသက်ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦးသည် လျှာကင်ဆာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေသော ဖခင်ဖြစ်သူကို စောင့်ရှောက်မှု ပေးနေသောကြောင့် ချီးကျူးခံခဲ့ရကြောင်း သိရသည်။ အသက်ငယ်သူ ဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ ကျန်းမာရေး ကိစ္စတွေအပြင် အခြား အိမ်မှုကိစ္စတွေကိုလည်း ဆောင်ရွက်နေရခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Shaoxing အရပ်ဒေသတွင် နေထိုင်သည့် သားငယ်လေး ၀မ်မှာ ပြီးခဲ့သည့်နှစ်လက လျှာကင်ဆာရောဂါ ခံစားနေရသော ဖခင်ဖြစ်သူကို အသက်အရွယ်နှင့် မလိုက်အောင် ပြုစုပေးနေရခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူ ဇာအိုတူသည် ချောင်းတွေ ရုတ်တရက် ဆိုးလာပြီးနောက် စစ်ဆေးမှုခံယူရာ ကင်ဆာနောက်ဆုံး အဆင့်ကို ရောက်နေခြင်း ဖြစ်သည်။ သားငယ်လေး ၀မ်တွင် မိခင်ရှိသော်လည်း စိတ်ကျန်းမာရေး မကောင်းသောကြောင့် ခွဲခြားထားရသည်။ ထို့ကြောင့် ၀မ်သည် မိသားစု ကိစ္စတွေကို လုပ်ဆောင်ပေးနေရသည်။ ဆွေးမျိုးများက ကူညီပေးနေသော်လည်း အနီးကပ် ပြုစုရေး တာဝန်ကို ၀မ်က ယူထားရသည်။ ၀မ်သည် အတန်းပညာ သင်ယူနေဆဲ ဖြစ်သည်။ ၀မ်၏ ဖခင်ဖြစ်သူက ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသပြီး အသက်ရှည်အောင် ကြိုးစားကာ သားဖြစ်သူကို ပြုစု စောင့်ရှောက်ချင်ကြောင်း၊ သားဖြစ်သူသည် မိမိတို့အပေါ် ကျေးဇူးရှိကြောင်း ၀မ်းနည်းစွာ ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် သားငယ်လေးဝမ်ကို ကျောင်းပြီးဆုံးအောင် တက်နိုင်ရေး ကူညီသွားမည် ဖြစ်သော်လည်း အနာဂတ်အတွက် မည်သို့ လုပ်ပေးရမည်ကို မသိရှိကြသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
The Messenger

ဝိုင်ဖိုင် အလကား ပေးသုံးတဲ့ သုံးဘီး ဆိုင်ကယ်


အင်တာနက် သုံးစွဲသူ များဟြး လာတာနဲ့ အမျှ ထူးခြားတဲ့ ၀န်ဆောင်မှုတွေနဲ့ ဆွဲဆောင်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ 

စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေကို လာရောက်တဲ့ စားသုံးသူတွေကို ဆိုင်အတွင်းမှာ အခမဲ့ အင်တာနက် သုံးစွဲနိုင်အောင် ၀ိုင်ဖိုင်ကို အလကား ပေးသုံးလေ့ ရှိပါတယ်။ ထင်ရှား ကျော်ကြားတဲ့ နေရာတွေမှာလည်း အင်တာနက် အခမဲ့ သုံးစွဲနိုင်အောင် ၀ိုင်ဖိုင်တွေ တပ်ဆင် ပေးထားလေ့ ရှိပါတယ်။ တရုတ် နိုင်ငံမှာလည်း အင်တာနက် သုံးစွဲသူ အများအဟြး ရှိလာတာကြောင့် ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ အင်တာနက် အခမဲ့ သုံးနိုင်အောင် ၀ိုင်ဖိုင်တွေ တပ်ဆင် ပေးထားပါတယ်။

ဒီလို ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ ၀ိုင်ဖိုင် တပ်ဆင်တာ ထူးခြားမှုလို့ မဆိုနိုင်ပေမယ့် အများ သယ်ယူ ပို့ဆောင်ရေး ဖြစ်တဲ့ သုံးဘီး ဆိုင်ကယ်မှာ တပ်ဆင်ထား တာကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ သုံးဘီး ဆိုင်ကယ်ဟာ ဆိုက်ကား သာသာလောက် သာရှိပြီး တရုတ်နိုင်ငံသား တစ်ဦးက ခရီးသည်တွေကို ဆွဲဆောင်တဲ့ အနေနဲ့ အင်တာနက် သုံးနိုင်အောင် ၀ိုင်ဖိုင် တပ်ဆင် ပေးထားခြင်း ဖြစ်ပါတယ်။ ချန်ဒူးမြို့မှာ သုံးဘီးဆိုက်ကား ဆရာ တစ်ဦးဟာ ၀ိုင်ဖိုင် အပြင် iPad ကိုပါ တပ်ဆင် ပေးထား ပါတယ်။ သုံးဘီး ဆိုင်ကယ် စီးလိုက်တာနဲ့ ခရီးသည်ဟာ အင်တာနက် သုံးနိုင်အောင် အခမဲ့ ၀ိုင်ဖိုင် လွှင့်ပေးထားတဲ့ အပြင် iPad ကနေ ထူးခြားတဲ့ အစီအစဉ်တွေ ပြသပေး ခြင်း၊ သီချင်း နားဆင်နိုင်အောင် ပြုလုပ် ပေးခြင်း တို့ဖြင့် ၀န်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။

ချန်ဒူး တက္ကသိုလ်ရှေ့မှာ ဂိတ်ထိုးပြီး ကျောင်းသားတွေကို ပြေးဆွဲ ပေးနေတာ ဖြစ်ပြီး သုံးဘီဆိုင်ကယ်ဟာ သက်သာတဲ့ ဈေးနူန်းနဲ့ ပြေးဆွဲ ပေးနေခြင်း ဖြစ်ပါတယ်။ သုံးဘီး ဆိုင်ကယ်မှာ ခေတ်မီ ပစ္စည်းတွေ တပ်ဆင်ခဲ့တာကြောင့် ငွေကြေး ကုန်ကျမှု ရှိပေမယ့် ခရီးသည်တွေကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့လူမှုကွန်ရက်တွေမှာ စိတ်ကူး ကောင်းကောင်းနဲ့ ၀န်ဆောင်မှု ပေးနေတဲ့ သုံးဘီဆိုင်ကယ်မောင်း ဆရာရဲ့ လုပ်ဆောင်မှုကို ချီးကျူး နေကြပါတယ်။
The Messenger

မြန်မာနိုင်ငံသို့ ၂၃ရက်ကြာ စက်ဘီးဖြင့် လှည့်လည်တဲ့ အာဂလူသား


အိန္ဒိယ နိုင်ငံ ကိုးလ်ကတ္တားမြို့မှ အသက် ၆၂နှစ်အရွယ်ရှိ မစ္စတာရှက်ယားရန် ဂျန်ဆင်းသည် Universal Brotherhood လှုပ်ရှားမှုအဖြစ် မြန်မာ နိုင်ငံတွင် ၂၃ရက်ကြာ စက်ဘီးဖြင့် လှည့်လည်ရန် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ သည်။

မစ္စတာဆင်းသည် ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ နေပြည် တော်၊ တောင်ကြီး၊ မန္တလေး၊ မြစ် ကြီးနားနှင့် အိန္ဒိယနယ်စပ် (စစ် တကောင်း) မြို့များထိ စက်ဘီးဖြင့် လှည့်လည်သွားမည်ဖြစ်ပြီး အောက် တိုဘာ ၁၆ရက်က ရန်ကုန်မြို့တွင် စတင်လှည့်လည်လျက်ရှိသည်။

''ကျွန်တော် မြန်မာနိုင်ငံအနှံ့ ကို စက်ဘီးနဲ့ လည်ပတ်မှာပါ။ တစ် နေ့ကို ကီလိုမီတာ ၁ဝဝကနေ ၁၅ဝကြားနင်းပြီး သွားမယ်။ ရောက် တဲ့နေရာမှာ အိပ်မယ်။ အဓိက က Universal Brotherhood စိတ်ဓာတ် ကို မြန်မာပြည်သူတွေကို ပြချင် တယ်။ ကျွန်တော်တို့  အားလုံးဟာ လူမျိုး၊ အသားအရောင်နဲ့နိုင်ငံတွေ ကွဲပြားနေပေမယ့် အားလုံးဟာ လူ သားတွေမို့ ညီရင်းအစ်ကိုတွေပါပဲ။ ဒါကြောင့် မြန်မာပြည်ကို ကျွန်တော် တို့ အိန္ဒိယသားတွေလာလည်သလို အိန္ဒိယကိုလဲ မြန်မာပြည်သူတွေ လာလည်ပြီး အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနဲ့ သင့်သင့်မြတ်မြတ် နေ ထိုင်သွားချင်ပါတယ်။ အဆုံးမရှိ တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လူသား အားလုံးဟာ ညီအစ်ကိုတွေပါပဲဆို တာ မြန်မာပြည်သူတွေကို သိစေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို စက်ဘီးစီးပြတာပါ'' ဟု မစ္စတာ ရှက်ယားရန်ဂျန်ဆင်းက ဒီမိုကရေစီ တူဒေးသို့ ပြောကြားခဲ့သည်။

ယင်းသို့လှည့်လည်စဉ် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအ တွက် ရည်ရွယ်ကာ သူ၏ စက် ဘီးတွင် နှစ်နိုင်ငံအလံငယ်ကို စိုက် ထူထားမည်ဟု ယင်းက ဆက်လက် ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း မစ္စတာ ဆင်းသည် Universal Brotherhood စိတ်ဓာတ် မြှင့်တင်ရေး လှုပ် ရှားမှုအဖြစ် ထိုင်း၊ လာအို၊ ဗီယက် နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် စက်ဘီးဖြင့် လှည့်လည်သွားရောက် ခဲ့ကြောင်း သိရသည်။

မစ္စတာဆင်းသည် နိုဝင်ဘာ ၅ရက်နေ့တွင် ရန်ကုန်မြို့ မှ ထိုင်း နိုင်ငံသို့ သွားရောက်မှာဖြစ်ပြီး ထိုမှ တစ်ဆင့် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တား သို့ ပြန်မည်ဟု သိရသည်။

MN

‪Democracytoday‬

ဆင်မျက်နှာဖြင့်လူသား




တရုတ်ပြည်မှာ ဆင်မျက်နှာဖြင့် လူသား the Chinese Elephant Man ဆိုတဲ့ လူ တစ်ယောက် ရှိပါတယ်။ အသက် အရွယ်အားဖြင့် ၃၇ နှစ် ရှိပြီ ဖြစ်ပြီး Huang Chuncai လို့ အမည်ရပါတယ်။ မွေးရာပါ ရောဂါ တစ်မျိုးကြောင့် မျက်နှာမှာ အသားပိုများအလွန်အကျွံထွက်လာပြီး လမ်းလျှောက်ဖို့ အတော်လေး မလွယ်ကူတဲ့ အနေအထား တစ်ခုထိတောင် ရောက်ရှိစေခဲ့ ပါတယ်။ 

မျက်နှာအလေးချန်က လေးနှစ်သား အရွယ်အလေးချိန် ရှိပြီး ၂၅ ကီလိုဂရမ် ရှိပါတယ်။ ဒါတောင် လက်တလောက ပြုလုပ်တဲ့ ခွဲစိတ် ပြုပြင်မှု အရ ၂၁ ကီလိုဂရမ်ကို ဖယ်ထုတ်လိုက်ခြင်း ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာ့ အကြီးဆုံး၊ အလေးဆုံး မျက်နှာကို ပိုင်ဆိုင်ထားနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာနဲ့ ပက်သက် ပြီး ခွဲစိတ်ပြုပြင်မှုအကြောင်း ရုပ်သံကို ဗြိတိန်မှာ ပြသပြီး နာမည်ကြီးလာ ပါတယ်။ 

မျက်နှာရဲ့အလေးခိန်ကို ခါးက မသယ်နိုင်တာကြောင့် သွားလာဖို့အတွက် အကူအညီ လိုအပ်ပြီး အသက်ရှူရခက်ပါတယ်။ Guangdong ပြည်နယ်၊ Guangzhou မြို့က the Chinese Elephant Man ဟာ ယခုဆိုရင် စတုတ္ထကြိမ်မြောက် အော်ပရေးရှင်းပြီးစီးထားခြင်း ဖြစ်ပြီး နောက်ထပ် အော်ပရေးရှင်းများ ပြုလုပ်ဖို့ လိုသေးကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

ထိုင်းတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ ၂ ဦး အဖြစ်မှန် ထုတ်မပြောဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေးက ပြောကြားသည်။

ဇော်လင်းနှင့် ဇော်လင်းထွန်း အမည်ရ အဆိုပါ မြန်မာနှစ်ဦးကို တစ်စုံတစ်ခု လွှမ်းမိုးထားသည့် သဘောတွေ့ရှိရပြီး ၎င်းတို့ကို ဆူရတ်ဌာနီခရိုင် Kohsamuai မြို့ရှိ အကျဉ်းထောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က မေးမြန်းရာတွင် ဇော်လင်းက တုံ့ဆိုင်းတွေဝေနေပြီး ဇော်လင်းထွန်းကမူ အေးအေးဆေးဆေး ပြန်လည်ဖြေကြားကြောင်း ဦးထွန်းအေးက ပြောဆိုသည်။

“ဇော်လင်းက ပုံမှန်အနေအထား မဟုတ်ဘူး။ သူ့ရဲ့အနေအထားက တစ်ခုခုကများ လွှမ်းမိုးနေသလား စဉ်းစားစရာ ဖြစ်နေတယ်။ တစ်စုံတစ်ယောက်ကများ သူ့ကို ပြောထားတာရှိလို့ မေးခွန်းမေးတာကို ဖြေသင့် မဖြေသင့် စဉ်းစားနေတာလားလို့ ကျွန်တော်တို့ စဉ်းစားမိတယ်” ဟု ၎င်းက ရှင်းပြသည်။

၎င်းတို့ နှစ်ဦး အပါအဝင် စုစုပေါင်း မြန်မာသုံးဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရသည့် ညက အခင်းဖြစ်သည့်နေရာ အနီးတွင် ဂစ်တာတီးနေခဲ့ကြပြီး ဘီယာနှင့် ဝိုင် သောက်ထားသဖြင့် အမူးလွန်နေကြောင်း၊ ဗြိတိန်စုံတွဲ အသတ်ခံရသည့် ကိစ္စကို ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ရှိမရှိ မမှတ်မိဟုသာ အဆိုပါ မြန်မာနှစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးထွန်းအေးက ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြောဆိုချက်နှင့် ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်များမှာ ကွဲလွဲနေကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT) မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာတွင် တွေ့ရသည့် စီးကရက်အတို မျိုးရိုးဗီဇ (DNA) နှင့် မြန်မာများ၏ DNA တူညီနေကြောင်း ပြောဆိုထားသော်လည်း အလုပ်သမားများက ယင်းနေရာတွင် ဆေးလိပ်မသောက်ခဲ့ဟု ဖြေကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“မင်းတို့ ဆေးလိပ်သောက်လား မေးတော့ ဆေးလိပ်သောက်တယ်လို့ ပြန်ဖြေတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ ဆေးလိပ်မသောက်ဘူးလို့ ပြောပါတယ်။ သူတို့ ဆေးလိပ်သောက်တာက အခင်းဖြစ်တာနဲ့ ၂၅ ကိုက်လောက် ဝေးတဲ့ နေရာမှာပါ” ဟု ဦးအောင်မျိုးသန့်က ရှင်းပြသည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ကျန်မြန်မာတစ်ဦး ဖြစ်သည့် မောင်မောင်ကို အခြားတစ်နေရာတွင် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၎င်းကို တွေ့ခွင့်မပေးကြောင်း၊ မောင်မောင်သည် ယခုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို သိနေသဖြင့် သက်သေအဖြစ် ထိန်းသိမ်းထားသည်ဟု Kohsamuai မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုကြောင်း ဦးထွန်းအေးက ပြောကြားသည်။

ထိုင်းဥပဒေအရ တရားရုံးတွင် သက်သေအဖြစ် တင်ရန် ထိန်းသိမ်းထားသူကို တွေ့ခွင့်မရဟုဆိုကာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် 
တွ့ဆုံခွင့် ငြင်းပယ်ခံထားရသော်လည်း မောင်မောင်နှင့် တွေ့ခွင့်ရစေရန် ဆက်လက်ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းရှေ့နေသုံးဦး၊ မြန်မာရှေ့နေတစ်ဦး အပါအဝင် အဖွဲ့ဝင် ကိုးဦး ပါဝင်သည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်စုံတွဲ အသတ်ခံရသည့် အလောင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရှိခဲ့သည်။

From: The Voice 

ရထားပေါ် တစ်ကိုယ်လုံးချွတ်တဲ့ ကြော်ငြာကြောင့် ပင်းမင်းကုမ္ပဏီ ဒဏ်ရိုက်ခံရ



တရုတ်နိုင်ငံက အဝတ်လျှော်ဖွတ်ရေး ပင်းမင်း ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ တစ်မူထူခြားတဲ့ ကြော်ငြာကြောင့် အာဏာပိုင်တွေရဲ့ အရေးယူမှုကိုခံခဲ့ရပါတယ်။
Sanhaing Daily ရဲ့ဖော်ပြချက်အရ Tidy Laundry ဆိုတဲ့ ပင်းမင်းကုမ္ပဏီတစ်ခုဟာ မြေအောက်ရထားပေါ်မှာ သူတို့ရဲ့ကြော်ငြာကို ရိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကြော်ငြာမှာ မိန်းကလေးနှစ်ဦးဟာ လူအများရှိနေတဲ့ မြေအောက်ရထားထဲ အတွင်းခံလေးတွေပဲ ကျန်တဲ့အထိ သူတို့ရဲ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်ပါတယ်။
အနားကို ချက်ချင်းရောက်လာတဲ့ ကုမ္ပဏီယူနီဖောင်းနဲ့ လူတစ်ဦးဟာ အသင့်ယူလာတဲ့ အင်္ကျီသစ်နဲ့ သူတို့အဝတ်အစားတွေကို လဲယူသွားပါတယ်။


ခေါ်လိုက်လျှင် ချက်ချင်းလာတဲ့ ကုမ္ပဏီရဲ့ဝန်ဆောင်မှုကို ချဲ့ချဲ့ကားကားလေးနဲ့ ကြော်ငြာတာလို့ဆိုပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ ကြော်ငြာထဲမှာပါတဲ့ ရထားစီးခရီးသည်တွေ အကုန်လုံးဟာ အစစ်တွေမဟုတ်ဘဲ သရုပ်ဆောင်တွေဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ကြော်ငြာဟာ အွန်လိုင်းမှာပွဲဆူသွားခဲ့ပြီး မီးရထားအာဏာပိုင်တွေက ကုမ္ပဏီကို အရေးယူ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒဏ်ရိုက်တဲ့ငွေပမာဏကို မဖော်ပြပေမဲ့ ရှန်ဟိုင်းမြေအောက်ရထားကွန်ယက်နဲ့ ပက်သက်ဆက်နွယ်တဲ့ ကြော်ငြာရိုက်ကူးမယ်ဆိုရင် ခွင့်ပြုချက်ယူဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ကုမ္ပဏီကတော့ သူတို့ရဲ့ကြော်ငြာအတွက် အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။

Credit: ဖိုးသူတော်

ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ဆွဲဆောင်မှုမရှိတော့စေရန် တတိယမြောက်ရင်သား တစ်ခုကို ပလပ်စတစ်ဆာဂျရီဖြင့် ပြုပြင်လိုက်သည်။


အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်သော ဂျက်စမင်းထရိုင်ဒီဗဲလ်သည် အဆိုပါ ရင်သားနောက်ထပ်တစ် လုံးကို ရရှိရန် အမေရိကန်ဒေါ်လာ ၂၀၀၀၀ အကုန်အကျခံ ပြုပြင်ခဲ့ရကြောင်း ပြောကြားသည်။

“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။

အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ၎င်းတို့က မိမိအား စိတ်မ၀င်စားတော့အောင် ယခုကဲ့သို့ လုပ် ဆောင်ခြင်းဖြစ်ကြောင်း သူမက အိုလန်ဒို အသံလွှင့်ဌာနသို့ ပြောကြားသည်။

“ကျွန်မ ရူးနေပါတယ်။ ဒါပေမယ့် ရူးတဲ့သူတွေဟာ ကိုယ်ရူးတာကို ကိုယ်မသိကြဘူး။ ဒါကြောင့် ကျွန်မရူးနေတာ မဟုတ်ဘူးလို့ လည်း ပြောနိုင် ပါတယ်” ဟု ထရိုင်ဒီဗဲလ်က ပြောသည်။

တတိယ ရင်သားပြင်ဆင်ရန် ဆရာဝန်အများအပြားနှင့် သွားရောက်ဆွေးနွေးခဲ့ရသည်ဟု သူမက ပြောသည်။


Photo- Daily News

ထရိုင်ဒီဗဲလ်က နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ချင်သကဲ့သို့ အမ်တီဗွီ အစီအစဉ်များတွင် လည်း ပါဝင်သရုပ်ဆောင် ချင်ကြောင်း ပြောကြားသည်။

“အမေ့ကို ဖုန်းကင်မရာကနေ လှမ်းပြလိုက်တော့ အမေက ဘာမှမပြောတော့ဘဲ အပြင်ဘက်ကို ချာကနဲ လှည့်ထွက်သွားတယ်” ဟု သူမက ပြောသည်။
by Mizzima News

သူများတွေထက် တမူထူးခြားပြီး ဆောင်မယ့် မင်္ဂလာစုံတွဲ






တရုတ်နိုင်ငံမှ ၂၆ နှစ်အရွယ် ချစ်သူစုံတွဲကတော့ လာမည့်နှစ်မှာ သူတို့ရဲ့ မင်္ဂလာမဆောင်ခင် အမှတ်တရ ဓါတ်ပုံတမူထူးခြားအောင် ရေကန်အတွင်း ဝင်ရောက်ရိုက်ခဲ့ပါတယ်။


မြန်မာပြည်မှာလည်း သီတင်းကျွတ်တော့မယ်ဖြစ်သောကြောင့် ထူးထူးခြားခြား အမှတ်တရ ဓါတ်ပုံလေးတွေကို ရိုက်ချင်တယ်ဆိုရင်တော့ ရှန်ဟိုင်းမြို့မှာ ရိုက်ကူးနိုင်ပါတယ်။

စိတ်ဝင်းစားဖွယ် ဓါတ်ပုံလေးတွေကို ကြည့်လိုက်နော်။

Chelmo

ပါးစပ်(၂)ပေါက် နှုတ်သီး(၂)ပေါက် မျက်စိ(၃)လုံးနဲ့ ၀က်ကလေး


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်ထဲက ရွာတရွာမှာ ပါးစပ်ပေါက် ၊ နှုပ်သီး(၂)ပေါက်၊ မျက်စိ(၃)လုံးပါတဲ့၊ ၀က်ကလေးတကောင် မွေးဖွားခဲ့ပါတယ်။
Credit: DVB

မိန်းကလေးတဦး မကောင်းဆိုးဝါး ဖမ်းစားမှုမှ ကာကွယ်ရန် လေလွင့်ခွေးနှင့် မင်္ဂလာဆောင်


မကာင်းဆိုးဝါဖမ်းစားခြင်းမှ ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်းပြည်နယ်မှ မန်ဂလီမန်ဂါ အမည်ရှိ ၁၈နှစ်အရွယ် မိန်းကလေးသည် လေလွင့်ခွေးတကောင်နှင့် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည်။
မန်ဂလီမန်ဂါသည် ပြဿဒါးကံ ပူးကပ်နေကြောင်း၊ အမျိုးသားတဦးနှင့် လက်ထပ်ပါက မိသားစုသာမက ရွာကိုပါ ကံဆိုးမိုးမှောင်ကျရောက်နိုင်ကြောင်း ၎င်းတို့ရွာမှ ဂုရု၏ စကားကို မိဘဖြစ်သူများက ယုံကြည်သဖြင့် အဆိုပါမင်္ဂလာပွဲအား အလျင်အမြန် ကျင်းပခဲ့ကြသည်။
သူမ၏ဖခင်က ကြောင်တောင်တောင်ဖြစ်နေသော ရှာရူးအမည်ရ ခွေးလေခွေးလွင့်အား မင်္ဂလာပွဲသို့ ကားဖြင့် တင်ဆောင်လာရာ တတ်ရောက်လာသော ဧည့်သည်များက ကြိုဆိုခဲ့ကြသည်။
“ဒီပွဲပြီးရင် မကောင်းဆိုဝါးဖမ်းစားခံထားရတာ ခွေးဆီကို ရောက်သွားမယ်လို့ ရွာလူကြီးတွေပြောလို့ ခွေးနဲ့ မင်္ဂလာဆောင်တာပါ၊ ပြီးရင် ကျမလက်ထပ်မဲ့ အမျိုးသားက အသက်ရှည်ရှည်နေရလိမ့်မယ်” လို့ မန်ဂလီ က ပြောသည်။
သူမ၏ ဖခင်က “မင်္ဂလာပွဲကို အမြန်းဆုံးစီစဉ်ဖို့ ရွာလူကြီးတွေက ပြောတယ်၊ မကောင်းဆိုးဝါး ဖမ်းစားမှုက လွတ်မြောက်ဖို့ ခွေနဲ့မင်္ဂလာဆောင်တာကလွဲလို့ အခြားနည်းလမ်း မရှိဘူး” ဟု ပြောသည်။
၎င်းရွာတွင် ယင်းသို့သောမင်္ဂလာပွဲများ ပြုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ဟု ဆိုသည်။
ရွာထုံးစံအရ ယခုမင်္ဂလာပွဲသည် မန်ဂလီ၏ ဘ၀အား မည်သို့မျှ ထိခိုက်မည်မဟုတ်သည့်အပြင် ခွေးနှင့် ကွာရှင်းပြတ်စဲခြင်းပြုစရာလည်း မလိုဘဲ လွတ်လပ်စွာ လက်ထပ်နိုင်မည်ဖြစ်သည်။
အယောက် ၇၀ ၀န်းကျင်ခန့်ရှိသော ဆွေမျိုးများနှင့် ရွာသားများက ရိုးရာဗုံများ တီးခတ် ကခုန်ခြင်းဖြင့် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။
“တနေ့တော့ ကျမ အမျိုးသားတယောက်နဲ့ လက်ထပ်မှာပါ၊ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် မင်းသားလေးနဲ့ လက်ထပ်ဖို့ဆိုတာ မိန်းကလေးတိုင်ရဲ့ အိမ်မက်ပါ၊ အဲဒီတော့ ကျမလည်း ကျမဘ၀ရဲ့ မင်းသားလေးကို မျှော်နေပါတယ်” ဟု မန်ဂလီမန်ဂါ က ပြောလေသည်။

သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေသူ အမျိုးသမီး၊ ပြုစားခံရတာဟု အရပ်ကပြော

၁၀ စင်တီမီတာကျော် သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းဟာ အင်ဒိုနီးရှားမှာ သတင်းတစ်ခု ဖြစ်နေပါတယ်။
ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော်ရှိနေပြီး ဆရာဝန်တွေဟာလည်း လက်တွေ့ကျတဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

အရပ်ထဲမှာတော့ သူမဟာ ပြုစားခံရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
Noorsyaidah လို့ခေါ်တဲ့ ဒီအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်လောက်ကစပြီး ဒီလိုထူးခြားတဲ့ လက္ခဏ စပြလာတာလို့ ဆိုပါတယ်။
ပထမစစခြင်း တစ်ပတ်မှာ သတ္တုအမျှင်တွေ ထွက်လာပြီး ပြန်ပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နောက်တစ်လအကြာမှာ ပြန်ထွက်လာပြီး ခုချိန်ထိ ရပ်မသွားတော့ပါဘူး။
ဖြတ်လိုက်ရင် နောက်ဆုတ်သွားပြီး အခြားနေရာကနေ ပြန်ထွက်လာတတ်တယ်လို့ ဆိုပါတယ်။

ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ဒီလိုအမျှင်ပေါင်းများစွာရှိနေပြီး အချို့အမျှင်တွေက သူမရဲ့အသားတွေကို ဖောက်ထွက်နေတာ ဖြစ်ပါတယ်။
ဒီအမျှင်တွေဟာ ရွေ့သွားတတ်ပြီး သူတို့ကြိုက်တဲ့ နေရာတွေမှာ နေနိုင်တယ်လို့ဆိုပါတယ်။

Noorsyaidah ရဲ့ပြောကြားချက်အရ ဒီသတ္တုမျှင်တွေဟာ အပ်နဲ့ထိုးသလို နာတတ်တယ်လို့ဆိုပါတယ်။
အောက်ကလင့်ခ်မှာ အင်ဒိုနီးရှားရုပ်သံ SCTV က သူမအကြောင်း သတင်းတင်ဆက်ထားတာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=rkMWw6KMAS0
ဖိုးသူတော်

ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးဝင် ဂီဇာပိရမစ်ကို ဘယ်လို တည်ဆောက်ခဲ့သလဲ




အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်က ရူပဗေဒ ပညာရှင်တွေကတော့ ဂီဇာပိရမစ် တည်ဆောက်ရာမှာ ကျောက်တုံးတွေကို အနား(၁၂)နားပါတဲ့ ဒိုဒက် ကက်ဂွန် (Dodecagon)ပုံစံပြောင်းပြီး သယ်ခဲ့ကြဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။ အီဂျစ်ဘုရင် ကူဖူရဲ့ ဂူသင်္ချိုင်း ဂီဇာ ပိရမစ်ကို ဘီစီ ၂၅၆၀မှာ တည်ဆောက်ပြီး ဘီစီ ၂၅၄၀မှာ ပြီးစီးတယ်လို့ အီဂျစ်သမိုင်း လေ့လာသူတွေက ယူဆခဲ့ကြပါတယ်။ ဂီဇာပိရမစ်ဟာ ကမ္ဘာ့အံ့ဖွယ် ခုနှစ်ပါးထဲမှာ ရှေးအကျဆုံးဖြစ်သလို စက်ကိရိယာ အကူအညီမပါဘဲ
လူသားတွေတည်ဆောက်တဲ့ အဆောက်အဦတွေအနက် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။


လွန်ခဲ့တဲ့နှစ်ပေါင်း (၄၅၀၀)ကျော်က ဂီဇာပိရမစ်ကြီး တည်ဆောက်ရမှာ
ကျောက်တုံးတွေကို ဘယ်လို သယ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုး ရှိခဲ့ပါတယ်။ ပိရမစ်ကြီးကို နှစ်တန်ခွဲလေးတဲ့
ကျောက်တုံးပေါင်း ၂.၄သန်းနဲ့ နှစ်(၂၀)နီးပါး တည်ဆောက်ခဲ့ရတာဖြစ်ပြီး
ကျောက်တုံးတွေကို နိုင်းမြစ်ဝှမ်းကနေ သယ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ထုံးကျောက်၊ နှမ်းဖတ်ကျောက်တွေ အသုံးပြုထားပြီး ကူဖူဘုရင် ခန်းဆောင်မှာရှိတဲ့ နှမ်းဖတ်ကျောက်တွေက အကြီးဆုံးပါပဲ။

(၁၂)နှစ်ဆက်မြောက် ဘုရင် ဒီဂျီဟူတီဟိုတက်ရဲ့ ဂူသင်္ချိုင်းမှာ ပိရမစ်တည်ဆောက်ဖို့ ကျောက်တုံးတစ်တုံးကို လူ ၁၇၂ဦး စွတ်ဖားနဲ့ဆွဲနေတဲ့ပုံ ပါဝင်နေလို့ ကျောက်တုံးသယ်ရာမှာ စွတ်ဖားတွေ အသုံးပြုကြလိမ့်မယ်လို့ ထင်မြင်ချက်ပေးကြသလို တချို့တွေက ရေစီးလမ်းဖောက်ပြီး ကျောက်တုံးတွေကို
ရေထဲမျောလိမ့်မယ်၊ ပုခက်လို ပစ္စည်းမျိုးကို သုံးခဲ့လိမ့်မယ်၊ ကွေးထားတဲ့ သစ်သားတွေကို ကျောက်တုံး တစ်ဖက်တစ်ချက်မှာထားပြီး လိမ့်ရလွယ်အောင် လုပ်ခဲ့လိမ့်မယ် ဆိုပြီး ဖြစ်နိုင်ခြေ အမျိုးမျိုး သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အင်ဒီယားနား တက္ကသိုလ်က ရူပဗေဒ ပညာရှင်တွေကတော့ ကျောက်တုံးရဲ့ မျက်နှာပြင်တိုင်းမှာ သစ်လုံးတွေချည်ပြီး ကျောက်တုံးကို ဒိုဒက်ကက်ဂွန်ပုံ
ပြောင်းလိုက်ရင် မြေပေါ်ကိုသက်ရောက်နေတဲ့ ဖိအားလျှော့ပါးစေပြီး ရွှေ့လျားပွတ်တိုက်မှုရဲ့ မြောက်ဖော်ကိန်း ၀.၃အထိ ဖြစ်သွားလို့ ကျောက်တုံးအလေးချိန်ရဲ့ ၀.၁၅ ဆ အားစိုက်ရုံနဲ့ ကျောက်တုံးကို ရွှေ့အောင်လိမ့်နိုင်လိမ့်မယ်လို့ လက်တွေ့ပြသခဲ့ပြီး ပိရမစ် ဆောက်သူတွေ အဲဒီနည်းကို သုံးခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ပိရမစ်တွေ တည်ဆောက်ကြတဲ့အခါ အမြင့်ပိုင်းနဲ့ အနိမ့်ပိုင်းကို ဆက်သွယ်ထားတဲ့ အတွင်းပိုင်းဆင်ခြေလျောလမ်းကနေ ကျောက်တုံးတွေကို ဆွဲယူပြီး စီခဲ့ကြမယ်လို့ နှစ်တော်တော်ကြာ ယူဆခဲ့ကြပေမယ့် နယူးပို့တ်က အင်ဂျင်နီယာတစ်ယောက်ကတော့ အဲဒီအယူအဆကို ပယ်ချပါတယ်။ ပိရမစ်တွေ တည်ဆောက်နည်းကို စဉ်းစားရင် ရှေးဟောင်း သုတေသီတစ်ယောက် အမြင်ထက် အင်ဂျင်နီယာ တစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ပဲ စဉ်းစားသင့်တယ်လို့ ပီတာဂျိမ်းက ပြောပါတယ်။

သူ့အယူအဆကတော့ ပိရမစ်ဆောက်တဲ့အခါ ထောင့်လေးထောင့်မှာ အရင်ကျောက်တုံးတွေစီမယ်။ အလယ်မှာ ဗဟိုချက်တစ်ခုထားမယ်။ အဲဒီဗဟိုချက်ပေါ်မှာ ရုပ်အလောင်းတွေထည့်ဖို့ ကျောက်ကန်ခန်းဆောင် တည်ဆောက်မယ်။ အတွင်းပိုင်းမှာ ပိုသေးတဲ့၊ ပိုပေါ့ပါးတဲ့ ကျောက်တုံးတွေကို ထားပြီး တစ်လွှာချင်းဆင့် တည်ဆောက်မယ်၊ ပိရမစ်အပြင်ပိုင်းမှာ ထုထည်ကြီးတဲ့ ကျောက်တုံးကြီးတွေကို အသုံးပြုပြီး ငြမ်းဆင်တည်ဆောက်မယ် ဆိုတာပါပဲ။

Nz(ရိုးရာလေး)
Ref:Dailymail

ယောင်္ကျားရှားနေ၍ အိမ်ထောင်ဖက် ရွေးဖို့ခက်နေတဲ့ အမျိုးသမီးများ နေသောမြို့

ဘရာဇီးနိုင်ငံ အရှေ့မြောက်ဖက်ရှိ နွိုင်ဗာဒို ကော်ဒေရိုအမည်ရ မြို့လေးတစ်မြို့သည် ထူးဆန်းစွာ အမျိုးသမီးများသာ မှီတင်းနေထိုင်ကြသော မြို့ကလေးဖြစ်နေကြောင်း ယူပီအိုင်သတင်းဌာနက စက်တင်ဘာလ ၁ ရက်နေ့တွင် ဖော်ပြသည်။ 

ယင်းမြို့ကလေးတွင် အမျိုးသမီးဦးရေ စုစုပေါင်း ၆၀၀ ခန့် ရှိပြီး မြို့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု 
အာဏာအရပ်ရပ်တို့ကို အမျိုးသမီးများ စိတ်တိုင်းကျသာ လုပ်ဆောင်နေလျက်ရှိပြီး
မြို့ခံအမျိုးသားများမှာ အခြားမြို့များသို့ အလုပ်သွားရောက် လုပ်ကိုင်ကြကာ ယင်းတို့အနက် 
အိမ်ထောင်သည် အမျိုးသားများနှင့် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တိုင်းပါ ၀င်ကြောင်း The Mirror သတင်းစာက ရေးသားသည်။ 

အမျိုးသမီးများသာ နေထိုင်သည့်အတွက် အချို့က မနှစ်မြို့ကြပေ။ 

အချိန်တန် အရွယ်ရောက်သူများအဖို့ သူစိမ်းယောက်ျား ရှားပါးပြတ်လပ်မှုကြောင့် ဘ၀လက်တွဲဖော်
ရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ 

"ဒီမှာရှိတဲ့ အမျိုးသားအများစုက အိမ်ထောင်သည်တွေ၊ ဒါမှမဟုတ်ရင်တောင် ကျွန်မတို့နဲ့
ဆွေမျိုးတော်စပ်သူတွေ ဖြစ်ပါတယ်။ ကျွန်မဆိုရင် ရည်းစားမထားဖူးတာတောင် တော်တော်ကြာ
သွားခဲ့ပြီ" ဟု အသက် ၂၃ နှစ်အရွယ်ရှိ နယ်လ်မာဖာနန်ဒက်စ်က ပြောသည်။ 

ယင်းမြို့မှ အမျိုးသမီးများသည် ယခုအခါတွင် ၎င်းတို့၏ မြို့သို့ လူလွတ်အမျိုးသားများ လာရောက်
အခြေချနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြရန် ဆွဲဆောင်နေကြသော်လည်း အမျိုးသားများ သွားရောက် အခြေချနေထိုင်ပါက မြို့ခံအမျိုးသမီးများ၏ အုပ်ချုပ်မှုနှင့် ယင်းတို့၏ အာဏာစက်အောက်တွင် နေထိုင်ရမည် သာဖြစ်သည်။

Myanmar Times

3D Printer နဲ့ ဦးခေါင်းခွံ တစ်ခြမ်းကို ခွဲစိတ်ကုသမှု ပြုလုပ်မဲ့ တရုတ် အမျိုးသားတစ်ဦး



3D Printer နဲ့ ဦးခေါင်းခွံတစ်ခြမ်းကို ခွဲစိတ်ကုသမှုပြုလုပ်မဲ့ သူကတော့ ဟူ လို့ အမည် ရတဲ့ ဦးခေါင်းခွံ တစ်ခြမ်းထဲသာ ရှိတဲ့ အသက် ၄၆ နှစ် အရွယ်ရှိ တရုတ်နိုင်ငံရဲ့ လယ်သမားတစ်ဦးဖြစ်ပါတယ်။
တရုတ်အမျိုးသား ဟူဟာ အဆောက်အဦး တစ်ခုမှာ မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ရာမှ သူ့ရဲ့ ဦးခေါင်းခွံဟာ မြင်ရသူအဖို့ စိတ်မချမ်းသာ စရာ ဖြစ်စေအောင်ပဲ အခုလို ဦးခေါင်းခွံ တစ်ခြမ်းထဲသာ ရှိနေတယ်လို့ သိရပါတယ်။
ယခုမှာတော့ ဟူဟာ သူရဲ့ ဦးခေါင်းခွံတစ်ခြမ်းကို 3D Printer နဲ့ ခွဲစိတ်ကုသမှု ပြုလုပ်တော့မှာ ဖြစ်ပြီး ခွဲစိတ်ကုသမဲ့နေရာကတော့ တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိတဲ့ Xijing ဆေးရုံမှာ ပဲ ဖြစ်ပါတယ်။
ဟူရဲ့ ဦးခေါင်းကို ခွဲစိတ်ကုသရာမှာ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားရန် အများက မျှော်လင့်နေကြပါတယ်။
ဦးခေါင်းတစ်ခြမ်း ထဲသာရှိတဲ့ တရုတ် အမျိုးသား ဟူက တော့ သူရဲ့ ဦးခေါင်းခွံကို 3D Printer နဲ့ ခွဲစိတ်ကုသမှု ခံယူရာမှာ အောင်မြင်နိုင်မယ် လို့ မျှော်လင့်နေပါတယ်။
Ref : Daily Mirror

လူမည်း မိခင်က မွေးတဲ့ လူဖြူ ကလေးငယ်


မိခင်တစ်ယောက်က အသားအရောင်ကွဲပြားတဲ့ ကလေးကိုမွေးဖွားဖို့ဆိုတာ လူ တစ်သန်း မှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတဲ့ ကိစ္စရပ်တစ်ခုပါ။ နီုင်ဂျီးရီးယားလူမျိုး အသက် ၃၂ နှစ် အရွယ် Catherine Howarth ဟာ သူမရဲ့သားလေးJonah ကို မွေးဖွားပြီး ပထမဆုံးတွေ့လိုက်တဲ့အခါ အံ့အားသင့်ခဲ့ရပါတယ်။

အသားဖြူဖြူ ၊ မျက်လုံးအစိမ်းရောင် နဲ့ အညိုရောင်ဖျော့ဖျော့ ဆံသားတွေနဲ့ သူမရဲ့သား Jonah ဟာ ယခုအချိန်မှာ အသက် သုံးလအရွယ်ရှိနေပါပြီ။ နိုင်ဂျီးရီးယားသူ လူမည်းတစ်ဦးဖြစ်တဲ့ မိခင်ရဲ့ လက်ထဲက ဖွေးစွတ်နေတဲ့ အသားအရေရှိတဲ့ လူဖြူကလေးငယ်ရဲ့ မြင်ကွင်းဟာ ရှားပါးပါတယ်။


Catherine Howarth ရဲ့ မိဘ၂ဦးလုံးက နိုင်ဂျီးရီးယားလူမျိုး လူမည်းတွေဖြစ်ကြပြီး သူမရဲ့ခင်ပွန်း အသက်၃၄ နှစ်အရွယ် Richard ကတော့ လူဖြူတစ်ယောက်ဖြစ်ပြီး အလုပ်အကိုင်ကတော့ ဆေးဘက်ဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

၂၀၁၀ခုနှစ်တုန်းကလည်း Benjaman နဲ့ Angela Ihegboro တို့ လူမည်းမိဘ၂ဦးကနေ လူဖြူသမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဲဒီလို အသားရောင် ကွဲပြားတဲ့ ကလေးကို မွေးဖွားတာဟာ အရမ်းကို ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေဖြစ်ပါတယ်။

ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ခွေးကလေး ဂျစ်ဖ်



စက်တင်ဘာလအတွင်း နှစ်(၆၀)ပြည့်အဖြစ် ထုတ်ဝေမယ့် ဂင်းနစ်စံချိန် စာအုပ်မှာ စံချိန်နှစ်ရပ် ရေးထိုးနိုင်ခဲ့တဲ့ ခွေးပုလေး တစ်ကောင်အကြောင်း ပါဝင်လာမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့က ဂျစ်ဖ်ဆိုတဲ့ လေးနှစ်သားအရွယ် ခွေးပုလေးဟာ ခြေနှစ်ချောင်းထောက် အပြေးအမြန်ဆုံး၊ လက်နှစ်ချောင်းတည်းနဲ့ အပြေးအမြန်ဆုံး စံချိန်နှစ်ရပ် တင်နိုင်ခဲ့ပါတယ်။
ဂျစ်ဖ်ဟာ ခြေနှစ်ချောင်းတည်းနဲ့ ၆.၅၆ စက္ကန့်အတွင်း ၁၀မီတာ ပြေးပြနိုင်သလို ခြေထောက်မြောက်ပြီး လက်နှစ်ချောင်းထောက် ပြေးရာမှာ ၅ မီတာကို ၇.၇၆စက္ကန့်ပဲ ကြာမြင့်ခဲ့ပြီး ဂင်းနစ်စံချိန် တင်ခဲ့တာပါ။ ဂင်းနစ်စံချိန် ပြုစုသူတွေရှေ့မှောက် ပထမဆုံး ပြေးပြရာမှာ အဲဒီလို စံချိန်ချိုးနိုင်ခဲ့တာလို့ သိရပါတယ်။ အရုပ်ကလေးနဲ့တူလွန်းတဲ့ ဂျစ်ဖ်ဟာ အပြေးကောင်းရုံတင်မကဘဲ စကိတ်စီးတာ၊ လက်ဆွဲနှုတ်ဆက်တာ၊ ဦးခေါင်းညွတ်ပြီး အရိုအသေပြုတာမျိုးတွေလည်း လုပ်တတ်ပါတယ်။
ကေတီပယ်ရီရဲ့ Dark Horse ဗီဒီယိုမှာ ဂျစ်ဖ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂျစ်ဖ်ဆိုတဲ့ နာမည်နဲ့ ဖေ့ဘွတ်စာမျက်နှာက Like ၁.၃သန်းကျော် ရှိသလို အင်စတာဂရမ်၊ တွစ်တာ စာမျက်နှာတွေမှာလည်း ဂျစ်ဖ်ကို အားပေးတဲ့ ပရိသတ်အများအပြားရှိနေပါတယ်။ Youtube မှာ ဂျစ်ဖ်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရူသူ ၅၀၀၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
@z (ရိုးရာလေး)
Ref:nydailynews

မော်ရိုကို နိုင်ငံတွင် ခေါင်း နှစ်လုံးနှင့် မျက်စိ တစ်လုံးသာ ပါရှိသည့် နွား တစ်ကောင် မွေးဖွား


မော်ရိုကိုနိုင်ငံတွင် ခေါင်းနှစ်လုံးနှင့် မျက်စိ တစ်လုံးသာပါရှိသည့် နွားပေါက်တစ်ကောင်ကို မွေးဖွားခဲ့ကြောင်းနှင့် အဆိုပါ နွားပေါက် ပိုင်ရှင်များသည် ၎င်းကို Happy Year ဟု အမည် သတ်မှတ်ပေးခဲ့ကြောင်း

ယင်းနိုင်ငံထုတ် သတင်းစာများက သြဂုတ် ၁၇ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။ အဆိုပါ နွားပေါက်ကို Feg မြို့ မြောက် ပိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မျက်စိတစ်လုံးသာ ပါရှိသော်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန်များ က ပြောကြားခဲ့သည်။

ထို့ပြင် Happy Year အမည်ရှိ ၎င်းနွားပေါက်သည် အစာစားရာတွင် ပါးစပ် နှစ်ခုလုံးကို အသုံးပြုနိုင်ကြောင်းနှင့် အခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ မရှိကြောင်း ပိုင်ရှင်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာများက ဖော်ပြခဲ့သည်။

(၆) ပေရှည်တဲ့ ဆံပင်ကို လေလံတင် ရောင်းချပြီး လှူဒါန်းမှုပြုလုပ်မည်


တရုတ်နိုင်ငံ၊ ရှန်ဒေါင် အရပ်ဒေသမှာ နေထိုင်တဲ့ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသမီး ဇာအိုယီဟာ သူ့ရဲ့ ရှည်လျားတဲ့ ဆံပင်ကို လေလံတင် ရောင်းချပြီး လှူဒါန်းမှု ပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဇာအိုယီရဲ့ ဆံပင်အရှည်ဟာ (၆)ပေ အထိရှိပြီး ဝေးလံတဲ့ အရပ်ဒေသမှာ ပညာသင် ယူမှုပြု လုပ်နေတဲ့ ကျောင်းသားတွေ အတွက် လှူဒါန်းမှု ပြုလုပ်နိုင်ဖို့ ဆံပင်ကို ပေါင် (၂၀၀၀) နဲ့ လေလံတင် ရောင်းချ သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းက အလယ်တန်းကျောင်းတွေရဲ့ အခက်အခဲကို ဖတ်ရှုပြီးတဲ့ နောက်မှာ ဇာအိုယီဟာ လှူဒါန်းမှု ပြုလုပ်ခဲ့ပြီး ဆန္ဒ ဖြစ်ပေါ်လာခဲ့ပါ တယ်။ ဒါကြောင့် ဇာအိုယီဟာ (၁၅) နှစ်စလုံး မညှပ်ပဲ ထားခဲ့တဲ့ ဆံပင်ကို အွန်လိုင်းကနေ တစ်ဆင့် လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ဇာအိုယီရဲ့ ဆံပင်ကို ၀ယ်ယူဖို့ အမြင့်ဆုံး ကမ်းလှမ်းထားတဲ့ ဈေးကပေါင် (၁၀၀၀)ဖြစ်ပြီး ဒီထက်ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဇာအိုယီယာတော့ ပေါင်(၂၀၀၀) အထိရဖို့ မျှော်လင့်နေပြီး အမြင့်ဆုံးဈေးပေးတဲ့ သူကိုရောင်းချသွားမှာ ဖြစ်ပါတယ်။ ဇာအိုယီဟာ သူ့ရဲ့ ဆံပင်ကို တက္ကသိုလ်ကျောင်းသား ဘ၀မှာ စတင်ထားရှိတာ ဖြစ်ပြီး ဓာတုဗေဒ ခေါင်းလျှော်ရည်တွေ သုံးခဲ့ခြင်း မရှိလို့ သန်စွမ်းခဲ့တာ ဖြစ်ပါတယ်။ ဇာအိုယီဟာ ဆံပင်ကို နေ့စဉ် သန့်ရှင်းမှုပြု လုပ်ပြီး ခေါင်းလျှော်ရာမှာ အချိန် တစ်နာရီခန့် ယူရလေ့ရှိကာ ခေါင်းဖြီးရာ မှာတော့ အချိန် (၁၀) မိနစ်လောက် ကုန်လေ့ရှိပါတယ်။

The Messenger