မိုင်ယမ်မီအမှုကိစ္စပြေလည်နိုင်ရေးအတွက် Bieber က ဒေါ်လာ ၅သောင်းလှူဒါန်းမည်


ပေါ့ပ်အဆိုတော် Justin Bieber သည် ဇန်န၀ါရီ(၂၃)ရက်နေ့က အမေရိကန်နိုင်ငံ၊ မိုင်ယမ်မီမြို့ တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး ကားမဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖမ်းချုပ်စစ်ဆေးခံရကာ သြဂုတ်လ (၁၃) ရက် တွင်တရားရုံး၌ကြားနာပြီးသော် ၄င်း၏အပြစ်များကိုဝန်ခံလိုက်ပြီး ၄င်း၏ပြစ်ဒဏ်အဖြစ်တရားရုံးက ဘီဘာသည် စိတ်ထိန်းချုပ်ရေးသင်တန်းများ တက်ရောက်ရမည်ဖြစ်ပြီး ကြီးမားသည့်လှူဒါန်းမှုတစ်ရပ် လုပ်ဆောင်သွား၇မည် ဖြစ်ကြောင်း သိရသည်။


Justin Bieber (၂၀နှစ်) သည် တရားရုံးက မိန့်ကြားလိုက်သည့်အတိုင်း စိတ်ထိန်းချုပ်ရေးသင်တန်းကို ၁၂နာရီခန့် တက်ရောက်ရမည်ဖြစ်ကာ အလှူအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ ၅သောင်းခန့် ပေးလှူရမည် ဖြစ် သည့်အပြင် ဘီဘာအနေဖြင့် ပစ်ဒဏ်ကိုလျှော့ချလိုပါက ကားမဆင်မခြင်မောင်းနင်သူများအတွက် ပညာပေးဗီဒီယိုများကို ကြည့်ရှုရမည်ဖြစ် ကြောင်းသိရသည်။ ဘီဘာသည် ဇန်န၀ါရီ ၂၃ရက်ညတွင် ငှားရမ်းထားသော လမ်ဘိုဂီနီကားဖြင့် မူးယစ်ကာကားပြိုင်မောင်းခြင်း နှင့် ၄င်းအား ရဲအရာရှိများကတား၍ စစ်ဆေးရာတွင် ရဲအရာရှိ၏ဖမ်းဆီးခြင်းကို ခုခံခဲ့ခြင်းအစရှိသည့် ပစ်မှုများဖြင့် မိုင်ယမ်မီ ရဲတပ်ဖွဲ့က ဘီဘာအားဖမ်းဆီးခေါ်ဆောင် ခဲ့ကြောင်းသိရသည်။ ယခင်နှစ် ဇန်န၀ါရီလကလည်း ဘီဘာက အိမ်နီးချင်းတစ်ဦး၏ အိမ်တံခါးအား ကြက်ဥများဖြင့်ပစ်ပေါက်ခဲ့သဖြင့် ဒေါ်လာ ၂သောင်းတန် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ တရားရုံး၏မိန့်ကြားမှုဖြင့် ဘီဘာသည် ဒေါ်လာ ၈၀၉၀၀ ခန့် ကို အိမ်နီးချင်းဖြစ်သော Schwartz မိသားစုအား လျော်ကြေးငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဘီဘာ၏အိမ်နီးချင်း Suzie Schwartz သည် ဘီဘာက ၄င်း၏ပြသနာများကို အလေးထား၍ဖြေရှင်း သင့်ကြောင်း၊ ၄င်းကနာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း အများပြည်သူတို့၏ ပစ္စည်းဥစ္စာများကို ဖျက်စီးခြင်း၊ စည်းကမ်းမဲ့စွာကားမောင်းနင်ခြင်း တို့ကိုမိမိလုပ်ချင်တိုင်း လုပ်၍ရနိုင်မည်မဟုတ်ကြောင်း Daily News သတင်းစာကို ပြောပြခဲ့သည်။

အမျိုးသား ပြည့်တန်ဆာလောက


အခုတော့ ယခင်လုပ်ငန်းမှ ရသည့်ဝင်ငွေဖြင့် တက္ကစီတစ်စီးထောင်ကာ ကိုယ်တိုင်မောင်းနေသည်။ တကယ်တော့ ကိုထက်ခေါင် ဖြစ်ချင်ခဲ့သည်မှာ မော်ဒယ်လ် ဖြစ်သည်။ သို့သော် ငွေကြေး မပြေလည်ခဲ့သဖြင့် နည်းလမ်းရှာရင်း မိန်းမလျာများ၊ အမျိုးသမီးများ၏ အလိုကို ဖြည့်ဆည်းပေးရသော အမျိုးသားပြည့်တန်ဆာ ဖြစ်သွားခဲ့သည်။

ထိုစဉ်က ပထမနှစ် အဝေးသင် တက်ဆဲ။ မော်ဒယ်လ်သင်တန်းတက်ရန် မတတ်နိုင်သဖြင့် မာမီအချို့က အဝတ်အစားထောက်ပံ့၊ သင်တန်းစရိတ်ပေး။ တစ်ဖက်တွင်လည်း မာမီတို့နှင့် သူ့မိတ်ဆွေများ၏ အလိုကိုဖြည့်ပေးရင်း ပရိုဘဝ ရောက်သွားတော့သည်။ နောက်ပိုင်း အမျိုးသမီး ဖောက်သည်များပါ ရလာသည်။ “ဒီလုပ်ငန်းကို ပွဲစားလုပ်တဲ့ အေးဂျင့်မာမီတွေနဲ့ ချိတ်မိပြီး မော်ဒယ်မလုပ်တော့ဘဲ ငွေရလွယ်တဲ့ ဒီလုပ်ငန်းမှာ ပရိုဖြစ်သွားတာ” ဟု ယခု အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုထက်ခေါင် (အမည်လွှဲ) ကဆိုသည်။
အမျိုးသားများ ဝန်ဆောင်မှုပေးသော လိင်လုပ်ငန်းသည် ရန်ကုန်မြို့တွင် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပိုဖွံ့ဖြိုးလာခဲ့သည်။

ထိုနည်းတူ အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူဦးရေလည်း ပိုများပြား လာကြောင်း ဖောက်သည်များနှင့် အမျိုးသား ပြည့်တန်ဆာများအကြား ချိတ်ဆက်ပေးသူ ရန်ကုန်မြို့တော်၊ ကျောက်တံတားမြို့နယ်မှ ဒေါ်လှလှမြင့် 
(အမည်လွှဲ) က ပြောပြသည်။

အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ကြရသည်။

ဖောက်သည် ရှာနိုင်သည့် အဓိက နေရာများအနက် ထင်ရှားသည်မှာ ဗျူတီဆလွန်းများ ဖြစ်လာသည်။ ဆလွန်းများအတွင်း သီးသန့်အခန်းအချို့ရှိပြီး ထိုအခန်းအတွင်း ဝင်ရောက်၍ ဓာတ်ပုံ အယ်လ်ဘမ် ကက်တလောက် စာအုပ်များတွင် ဖော်ပြထားသော မိမိနှစ်သက်ရာ အမျိုးသားကို ရွေးချယ်နိုင်သည်။

ဓာတ်ပုံအယ်လ်ဘမ်တွင် အသက် ၃၀ အောက် ချောမောခံ့ညားသော အမျိုးသားငယ်လေးများ၏ ကိုယ်ဟန်အမျိုးမျိုး ဓာတ်ပုံများကို နံပါတ်စဉ် တပ်ထားသည်။ မိမိကြိုက်နှစ်သက်သည့် အမျိုးသားငယ်၏ နံပါတ်ကို မှတ်ထားပြီး ဗျူတီးဆလွန်းမှ ဧည့်ကြိုဝန်ထမ်းအား စာရင်းသွားပေးပြီးပါက နီးစပ်ရာ ဟိုတယ်နာမည်နှင့် ကြိုတင်ယူထားသော အခန်းနံပါတ်ကို ပြောကြားခဲ့ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ အဆိုပါဆိုင်မှ ပြန်လည် ထွက်ခွာပြီး မကြာမီ ဝန်ဆောင်မှုပေးရန် ရောက်ရှိလာမည့် အမျိုးသားငယ်ကို မိမိငှားရမ်းထားသည့် ဟိုတယ်အခန်းတွင် ကြိုတင်စောင့်နေရုံသာ ဖြစ်သည်။
အရပ်တွင်းစကားများအရ ရန်ကုန်မြို့ရှိ နာမည်ကျော် ဈေးများအနီး နှင်းဆီပန်း ရင်ဘတ်တွင် ထိုးထားသည့် အမျိုးသား ပြည့်တန်ဆာများ ရှိသည်ဆိုသော်လည်း ယင်းကား ကောလာဟလမျှသာဖြစ်ပြီး အမှန်တကယ် အမျိုးသား ပြည့်တန်ဆာလောက ကွန်ရက်ကား ထိုထက် ပိုမိုလျှို့ဝှက်ပြီး ကြေးစားဆန်သည်ကို တွေ့ရသည်။

ယခင်ကရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ FMI နှင့် ဈေးဝယ်စင်တာအချို့ အနီးတွင် ကျင်လည်ခဲ့သည့် အမျိုးသား ပြည့်တန်ဆာများ ရှိသော်လည်း ယခုအခါ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယခုအခါ နာမည်ကျော် အလှဖန်တီးရှင် အချို့၏ ဗျူတီဆလွန်းများတွင် အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေသကဲ့သို့ အမျိုးသား ပြည့်တန်ဆာများနှင့် ဖောက်သည်များကို ချိတ်ဆက်ပေးသည့် အလှဖန်တီးရှင်နှင့် အမျိုးသမီး အချို့လည်း ရှိနေသည်။ ချိတ်ဆက်ပေးသူကို အမျိုးသား ပြည့်တန်ဆာများ ရရှိသည့် အခကြေးငွေ၏ ရာခိုင်နှုန်းအလိုက် ပေးရလေ့ရှိသည်။

အဆိုပါ ဗျူတီဆလွန်းများ၊ အမျိုးသား ပြည့်တန်ဆာ ချိတ်ဆက်ပေးသူများအပြင် ယခုနောက်ပိုင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပေါ်ပေါက်လာသည့် အမျိုးသားသီးသန့် အနှိပ်ခန်းများတွင်လည်း အမျိုးသား ပြည့်တန်ဆာဈေးကွက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

အမျိုးသားသီးသန့် ဝန်ဆောင်မှုပေးသော အနှိပ်ခန်း ဆိုသည်မှာ ငယ်ရွယ်သောအမျိုးသား အနှိပ်သမားများသာ သီးသန့်ထားရှိပြီး လိင်တူချစ်သူအချို့နှင့် အမျိုးသမီးအချို့ သွားရောက် အနှိပ်ခံတတ်သည့် နေရာဖြစ်သည်။

အဆိုပါ အနှိပ်ခန်းများမှ နှိပ်နယ်ပေးသူ အမျိုးသားလေးများနှင့် အဆင်ပြေပါကအပြင်သို့ ချိန်းဆိုနိုင်ပြီး အခကြေး ငွေပေးကာ လိင်ဆက်ဆံနိုင်ကြောင်း မန္တလေးမြို့ရှိ အမျိုးသားသီးသန့် အနှိပ်ခန်းများသို့ သွားရောက်ဖူးသူ အသက် ၃၀ နှစ်အရွယ် အရောင်းမြှင့်တင်ရေး မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ အမျိုးသား အနှိပ်သမားများ နှိပ်နယ်ပေးသော အနှိပ်ခန်း ၁၀ ခုထက်မနည်းရှိနေပြီး လိင်တူချစ်သူနှင့် အမျိုးသား ပြည့်တန်ဆာ သုံးစွဲသူ အမျိုးသမီးအချို့ အကြားတွင် တွင်ကျယ်လျက် ရှိသည်။

အမျိုးသားပြည့်တန်ဆာ လောကသည် ရန်ကုန်မြို့တွင် တွင်ကျယ်စွာ ရှိနေပြီး မန္တလေးမြို့တွင်လည်း အမျိုးသားသီးသန့် အနှိပ်ခန်းများနှင့်အတူ အနည်း
အကျဉ်း အစပျိုးနေပြီ ဖြစ်သည်။

ထိုလောကတွင် ဖောက်သည် အမျိုးမျိုးရှိကြောင်း အမျိုးသား ပြည့်တန်ဆာတို့နှင့် ဖောက်သည်တို့ကို ချိတ်ဆက်ပေးသူ အလှဖန်တီးရှင် မင်းမင်း (အမည်လွှဲ) က ပြောပြသည်။ သူ့အဆိုအရ ဖောက်သည်အများစုမှာ လိင်တူချစ်သူများ ဖြစ်သည်။ အမျိုးသမီးဖောက်သည် အချို့လည်း ရှိသည်။ အမျိုးသမီးများအတွက် ဝန်ဆောင်မှုပေးမည့်သူက ရှားသည်ဟု သူကဆိုသည်။ “ဒါပေမဲ့ ကြေးကြီးကြီး ပေးရတာပေါ့” ဟု မင်းမင်းက ပြောသည်။

“ရှေးယခင်ကတည်းက လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ကြသော အမျိုးသားပြည့်တန်ဆာ လုပ်ငန်းမှာ ယခုနောက်ပိုင်း ဖုန်းသို့မဟုတ် အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ကာ အပြင်တွင်တွေ့ဆုံသည့် ပုံစံသို့ ပြောင်းလဲလာသည်”
အမျိုးသား ပြည့်တန်ဆာတို့၏ ဖောက်သည် အမျိုးသမီးအများစုမှာ အထက်တန်းလွှာများမှ အမျိုးသမီး အချို့ပါဝင်သလို စီးပွားရေးလောကတွင် အောင်မြင်နေသူ လူလတ်ပိုင်း အမျိုးသမီးအချို့လည်း ပါဝင်နေကြောင်း ယင်းဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အချို့အမျိုးသမီးများမှာ အိမ်ထောင်ကျဖူးသူများ ဖြစ်သည်။ အချို့မှာ အိမ်ထောင်ရေးကို ယုံကြည်မှု မရှိဘဲ မိမိတို့ စိတ်ဆန္ဒအတွက် ခဏတာ သာယာမှုယူနေသည့် အပျိုကြီး အမည်ခံများလည်း ရှိကြောင်း အမျိုးသား လိင်လုပ်သားအချို့ထံမှ သိရသည်။

မိမိတို့၏ လိင်စိတ်ကို လူသိမခံလိုသော အချို့ လိင်တူချစ်သူများကမူ အဆိုပါ အမျိုးသား ပြည့်တန်ဆာလုပ်ငန်း ကွန်ရက်များနှင့် လျှို့လျှို့ဝှက်ဝှက် ချိတ်ဆက်
ထားလေ့ ရှိသည်။ အွန်လိုင်းနှင့် အခြားနီးစပ်ရာမှ အမျိုးသားများကို ဆက်ဆံနေ
ထိုင်ခြင်းထက် အမျိုးသား ပြည့်တန်ဆာများအား အခကြေးငွေပေးပြီး ဆက်ဆံနေထိုင်မှုသည် မိမိလိင်ဆန္ဒ ပြည့်ဝသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် စိတ်ချရသည်ဟု မိမိ၏ လိင်တူတပ်မက်စိတ်ကို ထုတ်ဖော်မပြ
လိုသူ အမျိုးသားအချို့က ယူဆကြသည်။

မိမိ၏ အမျိုးသမီးချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်သော်လည်း မိမိ၏ ဂုဏ်သိက္ခာအရ လိင်စိတ်နှစ်ခွ ဖြစ်နေမှုကို ဖြည့်ဆည်းရန် တစ်ခါတစ်ရံ အမျိုးသား ပြည့်တန်ဆာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် စခန်းသွား
ခဲ့ရကြောင်း ရင်ဖွင့်လာသူမှာ ရန်ကုန်မြို့တော်၊ လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကိုတီ (အမည်လွှဲ) ဖြစ်သည်။

ဈေးမှာ အစားစားဖြစ်သည်။ အမျိုးသား ပြည့်တန်ဆာများသည် အမျိုးသမီးများကဲ့သို့ နေ့စဉ်ရက်ဆက် အလုပ် မလုပ်နိုင်သဖြင့် အမျိုးသမီး လိင်အလုပ်သမများထက် အခကြေးငွေပိုမို မြင့်မားစွာယူရလေ့ ရှိသည်။
အချိန်အပိုင်းအခြား၊ အသက်အရွယ်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ ဝန်ဆောင်မှု အတိုင်းအတာအရ အမျိုးသား ပြည့်တန်ဆာတစ်ဦးလျှင် အနည်းဆုံး ကျပ်သုံးသောင်းခွဲမှ ကျပ်တစ်သိန်း ဝန်းကျင်အထိ ပေးရသည်များလည်း ရှိသည်။

“အော်ဒါကို တစ်ပတ်နှစ်ရက်ပဲ လက်ခံဖြစ်ပါတယ်” ဟု ကိုထက်ခေါင်က သူပြည့်တန်ဆာအဖြစ် လုပ်ဆောင်ခဲ့သည့်အချိန်က အနေအထားကို ရှင်းပြသည်။

ယင်းအတွက် အချို့ အမျိုးသား ပြည့်တန်ဆာများသည် ၎င်းတို့၏ စွမ်းဆောင်ရည်အတွက် ဆေးဝါးအကူအညီကို ရယူကြရသည်။
အမျိုးသမီးများအပြင် အမျိုးသား အချင်းချင်းပါ ဆက်ဆံမှုများ၊ အခြားသဘာဝ မဟုတ်သော နည်းလမ်းများနှင့် လိင်ဆက်ဆံပေးရန် တောင်းဆိုခံရမှုများ ရှိသဖြင့် HIV ပိုးကူးစက်ခံရခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှိုနာရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုးစသည့် ရောဂါများ ကူးစက်ရန် အလားအလာ ပိုများကြောင်း ရန်ကုန်မြို့ရှိ ပရဟိတ ဆေးခန်းတစ်ခုမှ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

အမျိုးသမီး ပြည့်တန်ဆာများအား ထိုသို့ရောဂါများနှင့် ပတ်သက်၍ ပညာပေးရန် လွယ်ကူသော်လည်း အမျိုးသား ပြည့်တန်ဆာများမှာ ပိုမိုလျှို့ဝှက်စွာ နေတတ်သဖြင့် ကျန်းမာရေး ပညာပေးရန် ခက်ခဲပြီး မည်သည့်နည်းနှင့် လိင်ဆက်ဆံသည်ဖြစ်စေ အမျိုးသား ပြည့်တန်ဆာများအနေနှင့် ကွန်ဒုံးသုံးစွဲရန် လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းလျှင်ဖြစ်စေ၊ အခကြေးငွေယူပြီး ဆက်ဆံပေးရန် လက်ခံလျှင်ဖြစ်စေ ပြည့်တန်ဆာ အက်ဥပဒေဖြင့် အရေးယူဖမ်းဆီးခွင့် ရှိသော်လည်း အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူများမှာ ဖမ်းဆီး အရေးယူခံရသည်ဟု တစ်ခါမျှ ကြားရခြင်း မရှိပေ။

“အမျိုးသား ပြည့်တန်ဆာတွေကျတော့ သူတို့ကွန်ရက်နဲ့ သူတို့ချိတ်ဆက်ပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ကိုင်ကြတဲ့အတွက် အရေးယူနိုင်ဖို့ရာ ခဲယဉ်းပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြန်တမ်းဝင် အရာရှိတစ်ဦးက ပြောကြားသည်။ “အမျိုးသားဖြစ်လို့ အရေးမယူဘူးဆိုတာ မရှိပါဘူး” ဟု သူကဆက်ပြောသည်။
အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောက်ျားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။

အခုတော့ ယင်းအချိန်ကရသည့် ဝင်ငွေဖြင့် အနိမ့်ကား တက္ကစီတစ်စီး ထောင်ထားသည်။ ကိုယ်တိုင်လည်း မောင်းရင်း ဝါသနာပါသည့် မော်ဒယ်လ်
အလုပ် ဆက်လုပ်နိုင်ရန် အခွင့်အလမ်း ရှာနေဆဲ ဖြစ်သည်။

The Voice Weekly

ကြက်ဥစားခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ


ကြက်ဥအကာတွင် ပါဝင်သော ကယ်လိုရီထက် အနှစ်တွင် ကယ်လိုရီ သုံးဆပိုများပြီး အဆီ ၅ ဂရမ်နှင့် အစားအစာဆိုင်ရာ ကိုလက်စထရော ၂၁၀ ဂရမ်ပါဝင်သည်။ ကြက်ဥအနှစ်တွင် လူတိန်းနှင့် ဇီယာဇန်သင်းဟု ခေါ်သည့်ဒြပ်ပေါင်းနှစ်မျိုးကြွယ်ဝစွာပါဝင်သည်။ ယင်းဒြပ်ပေါင်းနှစ်မျိုးလုံးမှာ အမြင်အာရုံပိုကောင်းအောင် ကူညီပေးနိုင်ပြီး အသက်(၅၀) နောက်ပိုင်းမျက်စိကွယ်ခြင်း ဖြစ်စေသည့် အဓိကအကြောင်းအရာများအနက် တစ်ခုဖြစ်သော မျက်စိရောဂါ(Macular Degeneration) နှင့် ဆက်စပ်သည့် အန္တရာယ်များကိုလည်း လျော့ကျစေနိုင်သည်။


ကြက်ဥအညိုများမှာ ကြက်ဥအဖြူများထက် ပိုမို၍အာဟာရရှိသည်။ ဆိုခြင်းမှာ မမှန်ကန်ပေ။ ဟားဗတ်ပြည်သူ့ ကျန်းမာရေးကျောင်း၏ လေ့လာမှုတစ်ရပ်အရ ကြက်ဥစားသုံးမှုနှင့် နှလုံးရောဂါကြားသိသာသော ဆက်စပ်မှုမရှိဟု သိရသည်။ ကြက်ဥပုံမှန်စားပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးခဲများဖြစ်ပေါ်မှုကို ကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။
ကြက်ဥတွင် Choline ဟုခေါ်သော အမိုးနီးယားဒြပ်ပေါင်းတစ်မျိုး အဓိကပါဝင်သည်။ ကြက်ဥတစ်လုံး၏ အနှစ်တွင် Choline300 မိုက်ကရို ဂရမ်ပါဝင်သည်။ Choline က ဦးနှောက်၊ အာရုံကြောစနစ်နှင့် နှလုံးသွေးကြောစနစ်တို့ကို ထိန်းညှိပေးသည်။

ကြက်ဥသည် သဘာဝအလျောက် ဗီတာမင်ဒီဖြစ်ပေါ်စေသော ဓာတ်ပစ္စည်းများပါဝင်သည့် အစားအသောက် တစ်မျိုးဖြစ်ပြီး ရင်သားကင်ဆာကို ကာကွယ်နိုင်သည်။ သီတင်းတစ်ပတ်လျှင် အနည်းဆုံးကြက်ဥခြောက်လုံး စားပေးသော အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုမိုနည်းပါးကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ကြက်ဥတွင် ဆာလဖာနှင့် ဗီတာမင်များ၊ သတ္တုများ များစွာပါဝင်သောကြောင့် ဆံကေသာနှင့် အသားအရေ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။
7day

Bad Boy 3 ဇာတ်ကား ၂ဝ၁၅ ဇူလိုင်တွင် ရုံတင်မည်


CBS သတင်းဌာန အရ Bad Boy 3 ဇာတ်ကားသည် ရိုက်ကူးလျက်ရှိပြီး ၂ဝ၁၅ ဇူလိုင်လတွင် ရုံတင် နိုင်ဖွယ်ရှိသည်။ ထိုကြေညာချက်ကို သြဂုတ်လ ၁၃ ရက်တွင် မာတင်လောရန်စ့် က Conan ရုပ်သံနှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Conan ရုပ်သံက မာတင် အား တတိယမြောက် Bad Boy 3 ဇာတ်ကား အကြောင်း မေးမြန်းရာတွင် "ဂျယ်ရီ ဘက်ခ် ဟိုင်းမာနဲ့ စကားပြောပြီးပါပြီ တကယ် ထွက်လာဖို့ ရှိပါတယ်။ သူတို့ အခု ဇာတ်ညွှန်း ရေးနေကြပြီ"ဟု ၎င်းက ဆိုသည်။


နောက်ဆုံးထွက် Bod Boy 3 ဇာတ်ကား၏ ဒါရိုက်တာ မိုက်ကယ်လ်ဘေးက ဖြစ်နိုင်ဖွယ်ရှိပြီး ဇာတ်ညွှန်းရေးသားသူမှာ ပီတာ ခရေး နှင့်ဒေးဗစ် ဂွင်းဂန်ဟိန်း တို့ ဖြစ်သည်။ သရုပ်ဆောင်များကိုမူ ရွေးချယ်ဆဲဖြစ်ပြီး အထူးသဖြင့် မာတင်လောရန်စ့်နှင့်ဝဲလ်စမစ် တို့က စုံထောက်မားစ်ကပ်ဘားနပ်နှင့် မိုက်လော်ရေးတို့ အဖြစ် သရုပ်ဆောင်နိုင်ဖွယ်ရှိသည်။ ယခုအချိန်တွင် ဇာတ်ညွှန်း ရေးသားဆဲ ဖြစ်ပြီး ပရိသတ်များကို ဖမ်းစားနိုင်မည်ဟု ယုံကြည်ကြသည်။

Bad Boys မူရင်း ဇာတ်ကားသည် ၁၉၅၅ ခုနှစ်တွင် ရုံတင်ခဲ့ပြီး Bad Boys 2 ကို မူ ၂ဝဝ၃ ခုနှစ်တွင် ထုတ်လုပ် ရုံတင်ခဲ့သည်။ ပရိသတ်များကို မေးမြန်းသည့်အခါ တွင် တစ်ချို့ က မူလ Bad Boys ဇာတ်ကားကို ပိုကြိုက်သူ များရှိသကဲ့သို့ Bad Boys 2 က အကောင်းဆုံးဟု ဆိုသူများလည်းရှိသည်။

ရဲစုံထောက် ဟာသကားမှာ ရယ်မောမှုများ စိတ်လှုပ်ရှားဖွယ်ရာများ သည်းထိတ်ရင်ဖိုမှုများ ပါဝင်နိုင်ပြီး ၂ဝ၁၅ ခုနှစ်ဇူလိုင်တွင် ထွက်ရှိလာနိုင်မည် ဖြစ်သည်။

Mizzima

မိုက်ကယ်ဂျက်ဆင်၏ Neverland အိမ်ကြီးကို ရောင်းမည်




ကွယ်လွန်သွားသော ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင် နေထိုင်ခဲ့သည့် Neverland အိမ်ကြီးသည် အမွှေဆက်ခံသူသားသမီးများအတွက် ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ်များနေသဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ ဖြင့်ရောင်းချရန် ဆုံးဖြတ်လိုက်ကြောင်း Gulf Daily News ၏အင်တာနက်သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

မိုက်ကယ်ဂျက်ဆင်သည် ၄င်း၏ Neverland အိမ်ခြံကြီးတွင် ၂၀၀၄ ခုနှစ်အထိနေထိုင်ခဲ့ပြီး ကျန်နှစ်ကာလများ နှင့် မိုက်ကယ်ကွယ်လွန်ပြီးကာလများပြီးသော် သားသမီးများက ဧက ၂၇၀၀ ခန့်ကျယ်ဝန်းသော မိုက်ကယ်၏ Neverland အိမ်ကြီးကိုစောင့်ရှောက် ထိန်းသိမ်းရန် ကုန်ကျစရိတ်များလွန်းသဖြင့် ရောင်းချရန် ဆုံးဖြတ်လိုက် ခြင်းဖြစ်သည် ဟုသိရသည်။ 

မိုက်ကယ်ဂျက်ဆင်ကဲ့သို့ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးက ပိုင်ဆိုင်သော အဆောက်အဦးပေါင်း ၂၂ လုံး၊ ကစားကွင်း ကြီး၊ တိုက်ခန်းများ၊ ရုပ်ရှင်ရုံများ ပါရှိသည့် Neverland အိမ်ခြံမြေကြီးသည် ဒေါ်လာ သန်း ၆၀ ခန့်ဖြင့်ဈေးရ ရှိနိုင်ကြောင်း ကြွမ်းကျင်သူများက ပြောပြသည်။ သို့သော်လည်း Neverland အားလူသိများစေခဲ့ရသည့် ကစားကွင်းကြီးကိုမူ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီးနောက် အမွှေဆက်ခံသူများ ဖြစ်သည့် မိုက်ကယ်၏ သားသမီးများက ယခင်နှစ်အတွင်း အနည်းငယ်ပြုပြင်ခဲ့ကြောင်း သိရသည်။ Neverland ကစားကွင်းမှ ခြားရဟတ်၊ ဒန်းစီးစင်များ နှင့် အခြားကလေးကစားကွင်းများကိုလည်း မိုက်ကယ်၏ အမွှေဆက်ခံသူများက ဖယ်ရှား ပြုပြင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်ဂျက်ဆင်၏ အမွှေဆက်ခံသူများက Neverland အိမ်ခြံကြီးကို စွန့်လွတ်ရသည်ကို မလိုလား သော်လည်းထိန်းသိမ်းစောင့်ရှောက်ရန် ကုန်ကျ စရိတ်များနေသဖြင့် အခြေအနေအရရောင်းချရ တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် မြန်မာလုပ်သား သုံးဦး အသတ်ခံရ


ထိုင်းနိုင်ငံတွင် မြန်မာ လုပ်သားနှစ်ဦး အသတ်ခံခဲ့ရ သည့်အပြင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦးပါ အဓမ္မပြု ကျင့် အသတ်ခံခဲ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကို မြန်မာ အစိုးရက ပါဝင်ဖြေရှင်းနိုင်ရေး သံ ရုံးသို့ အချက်အလက်များပေးပို့ သွားမည်ဖြစ်ကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED)မှ သတင်းရရှိသည်။

‘‘မြန်မာသံရုံးက ထိထိ ရောက်ရောက်မဆောင်ရွက်ရင် ဒီအတိုင်းပဲ ဖြစ်နေမှာပါ။ ကျွန်တော်တို့အနေနဲ့ သံရုံးက ထိထိရောက်ရောက် ဆောင်ရွက် အောင် ဖြစ်စဉ်တစ်ခုလုံးနဲ့ သေဆုံးတဲ့သူတွေရဲ့ ကိုယ်ရေး ရာဇ၀င် အချက်အလက်တွေကို ဒီနေ့စုပြီး မနက်ဖြန်မှာ ပို့သွား မှာပါ’’ဟု FED အမှုဆောင်ဒါ ရိုက်တာ ဦးထူးချစ်ကပြောသည်။

အသတ်ခံခဲ့ရသူ မြန်မာ အလုပ်သမားနှစ်ဦးမှာ

တန င်္သာရီတိုင်းဒေသကြီး၊ သရက် ချောင်းမြို့နယ်၊ စောဖျားကျေး ရွာမှ ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ် ခုသို့ သွားရောက် လုပ်ကိုင်နေ သူ ညီအစ်ကို နှစ်ဦးဖြစ်သည်။ သြဂုတ်လ ၁၃ ရက်က လုပ် ငန်းခွင်ထဲမှ အပြင်သို့ ထွက်၍ ဈေးဝယ်စဉ် ပြန်ရောက်မလာဘဲ သြဂုတ် ၁၅ ရက်တွင်မှ ဓားဒဏ် ရာများဖြင့် သေဆုံးနေသော ၎င်း တို့၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ အရေးပေါ်အလောင်းကောက်အ ဖွဲ့က ကောက်ယူရရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ ထို့ အပြင် အဓမ္မပြုကျင့်ခံရပြီး အ သတ်ခံခဲ့ရသည့် အမျိုးသမီးမှာ လည်း ရနောင်းခရိုင်၊ ကရဘူရိ မြို့နယ်ရှိ စိုက်ပျိုးရေးခြံတစ်ခုထဲ တွင် သြဂုတ် ၁၅ ရက်က အသတ် ခံခဲ့ရခြင်းဖြစ်သည်။

‘‘မြန်မာအစိုးရတာဝန်ရှိသူ တွေအနေနဲ့ ထိုင်းအစိုးရတာဝန် ရှိသူတွေကို တရားဝင်ဆက်သွယ် သင့်ပါတယ်။ အဲဒီလိုမလုပ်ရင် ထိုင်းအာဏာပိုင်အနေနဲ့ ထိထိ ရောက်ရောက်အရေးယူဆောင် ရွက်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံ မှာ အလားတူ၊ လူသတ်မှု၊ လု ယက်မှု၊ မုဒိမ်းမှု၊ ရိုက်နှက်မှုနဲ့ အလုပ်သမားအခွင့်အရေးချိုး ဖောက်မှုတွေ၊ မကြာခဏဖြစ် တယ်။ မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကာ အကွယ်ပေးမှုတွေ အရေးပေါ် လုပ်ဆောင်သင့်ပါတယ်’’ဟု ဦး ထူးချစ်ကပြောသည်။

သေဆုံးသူ ညီအစ်ကိုနှစ် ဦး၏ ရုပ်အလောင်းကို ထိုင်းမွန်ယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး မိသားစုများက ထိုင်းမွန်ယ်မြို့ နယ်ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

ညီအစ်ကို နှစ်ဦးကို သတ်ဖြတ်သူများမှာ ထိုင်း လမ်း သရဲများဖြစ်ကြောင်း သုံးသပ်မှုများရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားဖြစ်သူ ကိုစောမောင်က ‘‘အခုလို ဖြစ် စဉ်တွေဆိုတာ ထိုင်းနိုင်ငံအနှံ့မှာ ရောက်ရှိနေထိုင်တဲ့ မြန်မာအလုပ် သမားတွေ နေ့စဉ်ကြုံတွေ့နေရ တဲ့ အဖြစ်အပျက်တွေပါ။ မုဒိမ်း မှု၊လူသတ်မှုစတဲ့ ရာဇ၀တ်မှုတွေ ကို (မြန်မာသံရုံး) အစိုးရရဲ့ လုပ် ကိုင်ခွင့်ပါဝါအပြည့်နဲ့ လုပ်ရပါ မယ်။ ကျွန်တော်တို့လို အဖွဲ့ အစည်းတွေ မလုပ်နိုင်တဲ့ အလုပ် ဖြစ်ပြီး မြန်မာသံရုံးကလည်း ဒီလိုကိစ္စမျိုးကို လုပ်ပေးရကောင်းမှန်းမသိတာကြောင့်ရော်ဘာခြံထဲ မှာ အဓမ္မပြုကျင့်ပြီး သတ်ဖြတ် တယ်။ ရွှေ၊ ငွေတွေယူသွားတာ တွေ ထိုင်းနိုင်ငံတောင်ပိုင်း ရော်ဘာခြံထဲမှာ မရိုးနိုင်တဲ့ ဇာတ်လမ်း တွေပါ။ ဒီလိုအမှုမပေါ်ပေါက်တာ ကြောင့် ထိုင်းလမ်းသရဲတွေဟာ ဆက်လက် အတင့်ရဲနေတာပါ။ မြန်မာအစိုးရ အသိစိတ်ထဲမှာ အချုပ်အခြာအာဏာဆိုတဲ့ ခေါင်းစဉ်အောက်မှာ တို့နိုင်ငံသားတစ် ယောက်ယောက်ကို လာထိရင် လည်း ငါတို့ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်မရှိသရွေ့တော့ အစ်ကို တို့ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရုံကတစ်ပါး တတ်နိုင်ကြမှာ မဟုတ်ဘူး’’ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကဲ့သို့ပင် မလေးရှားနိုင်ငံတွင်လည်း မြန်မာနိုင်ငံ သားများ အသတ်ခံရမှုမကြာခဏ ဖြစ်ပွားခဲ့သောကြောင့် မြန်မာ လုပ်သားများအား အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ပေး ရန်နှင့် ကျူးလွန်သည့် တရားခံ များကို အမြန်ဆုံးဖော်ထုတ်ပေး ရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြီးခဲ့သည့် ဇူလိုင်အတွင်းတွင် မလေးရှားအစိုးရထံ တောင်းဆိုခဲ့ဖူးသည်။

7Day Daily

ဘင်္ဂါလီသုံးဦးထံမှ အမေရိကန်ထုတ် ပစ္စတို သေနတ်တစ်လက် သိမ်းဆည်းရမိ


မောင်တောမြို့နယ် တောင်ပိုင်း ကိုးတန်ကောက် ကျေးရွာနှင့် သ၀င်ချောင်းတောင် ကြားတွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသော ခလရ ၂၃၄ တပ်မှ ဗိုလ်မှူးဇော်ဇော် ဦးဆောင် သည့် လုံခြုံရေး တပ်ဖွဲ့သည် သြဂုတ် ၁၃ ရက် ညနေပိုင်းက ဘင်္ဂါလီသုံးဦးကို မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ထွက် ပြေးသွားရာ အဆိုပါနေရာမှ အမေရိကန်ထုတ် ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးက အတည်ပြုပြောကြား သည်။


အမေရိကန်နိုင်ငံထုတ် ပစ္စ တိုသေနတ်တွင် အမှတ်အသား အဖြစ် Smitx Anw Esson Siries Fient Ma USA နံပါတ် ES 7694 MID915 အမှတ်အသားပါရှိ ကြောင်း ဆိုသည်။ ‘‘သေနတ်တစ် လက် ဖမ်းဆီးရရှိတာတော့ မှန်ပါ တယ်။ နယ်စပ်လုံခြုံရေးဝန်ကြီး ကို မေးကြည့်တော့လည်း ဟုတ် တယ်လို့ ပြောတယ်’’ ဟု သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှ သိန်းက ပြောကြားသည်။


လက်နက်ကိုင်ဆောင်လာ သည့် ဘင်္ဂါလီသုံးဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရ သည်။ မောင်တောနယ်စပ်တောင် ပိုင်းတွင် ဘင်္ဂါလီများထံမှ လက်နက်များ မကြာခဏဖမ်းဆီးရမိနေပြီး မတ်လ ၁၅ ရက်ကလည်း အလယ်သံကျော် ကညင်တန်းအုပ်စု နှာခေါင်းတိုရဲစခန်းက လက်နက်တစ်လက်၊ ကျည်ကိုးတောင့်နှင့် ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် မတ်လ ၁၉ ရက် ကလည်း အလယ်သံကျော်ကျေး ရွာအုပ်စု လေယာဉ်ကွင်းကျေးရွာ ရှိ လာလု(ခ)ဇော်ကိရ်ရာမောက် နေအိမ်မှ SMIST or WELSON ငါးချက် ဆုံလည်သေနတ်တစ် လက်နှင့် ကျည်တစ်တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။


7Day Daily

ဒုတိယစီးရီး ခြေလှမ်းသစ်ကို ပြင်ဆင်နေတဲ့ ထွန်းရတီ

” အချစ်များစွာယူ” စီးရီးနဲ့ အချစ်များစွာယူ သီချင်းကို ပရိသတ်လက်ခံမှုနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု ရယူလာနိုင်ခဲ့သူကတော့ အမျိုးသမီး တေးသံရှင် ထွန်းရတီပဲ ဖြစ်ပါတယ်။ ထွန်းရတီက အချစ်များစွာယူစီးရီးရဲ့ ဗီစီဒီ မှာ လူပိုသိလာခဲ့တဲ့ တေးသံရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ပထမစီးရီးရဲ့ စီဒီ၊ ဗီစီဒီ အားလုံးထွက်ရှိ အပြီးမှာတော့ ထွန်းရတီက ဒုတိယစီးရီး ခြေလှမ်းသစ်ကို ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ပထမစီးရီးမှာတော့ လူငယ်ပရိသတ်နဲ့ အစပ်အဟပ် တည့်ခဲ့တာကြောင့် ဒုတိယ စီးရီးရဲ့ ပြင်ဆင်မှု အနေအထားကိုမေးတော့ ” ပထမစီးရီးမှာတော့ Pop နဲ့ Modern Rock နဲ့ ပိုသွားထားတယ်။ R & B ပုံစံမျိုးက အချစ်များစွာယူ သီချင်း လို ပုံစံမျိုးပဲပါတယ်။ ဒုတိယအခွေမှာတော့ လူငယ်နည်းနည်းပိုဆန်သွားအောင် Pop, R & B, Dance ပုံစံဘက်ကို ပိုသွားထားပါတယ်။


အခုဒုတိယ စီးရီးအခြေအနေကတော့ စတီးနေပါပြီ။ သီချင်းတွေကတော့ ရနေ ပြီ။ အသံသွင်းဖို့ပဲ လိုပါတော့တယ်” လို့ထွန်းရတီ ကပြောပါ တယ်။ ပထမစီးရီး ရဲ့ အမ်တီဗီမှာ ပရိသတ် စိတ်ဝင်စားမှု ပိုပြီးရရှိခဲ့တဲ့ အပေါ်မှာလည်း ထွန်းရတီ က

” အဲဒီအပေါ်မှာလည်း တအားဝမ်းသာပါတယ်။ ရတီက တစ်ကိုယ်တော်ခွေ မထွက်ခင်ကြားမှာ အနုပညာလှုပ်ရှားမှု မရှိခဲ့ဘူး။ စီဒီတုန်းက သိတော့သိပေ မယ့် လူနဲ့မတွဲမိဘူး ဖြစ်သွားတယ်။ အမ်တီဗီ ထွက်လာတော့မှ ထွန်းရတီဆိုတာ ဘယ်သူလဲဆိုပြီး စပြီးစိတ်ဝင်စားလာတယ်။ အချစ်များစွာယူ သီချင်းနဲ့ ထွန်းရတီ ဆိုပြီး သိသွားတဲ့အတွက် အနုပညာ လောကမှာ နေရာလေး တစ်နေရာစာ ရခဲ့တာပါ” လို့ ထွန်းရတီ က ပြောပြပါတယ်။ ထွန်းရတီရဲ့ ဒုတိယ စီးရီးသစ်ကိုတော့၂ဝ၁၄ နိုဝင်ဘာထဲမှာ ထွက်ရှိဖို့ရည်ရွယ် ထားတယ်လို့ သိရပါတယ်။

The Expendables 3 ကြိုတင်ပေါက်ကြားခဲ့ခြင်းကြောင့် ရောင်းအားနည်း


ဟောလိဝုဒ်မှ ဒိတ်ဒိတ်ကြဲ အက်ရှင်မင်းသားများ စုစည်းရိုက်ကူးသည့် The Expendables 3 သည် ဖြန့်ချိ သည့်နေ့ရက်မရောက်မှီ ၃ပတ်ကြိုတင်၍ အင်တာနက်ပေါ်ပေါက်ကြားခဲ့သဖြင့် သြဂုတ်လ ၁၅ရက်နေ့ ကဖြန့်ချိခဲ့ရာတွင် ထင်မှတ်သလောက် ရောင်းအားမကောင်း ခဲ့ကြောင်းသိရသည်။

Rambo မင်းသား (Sylvester Stallone), Arnold Schwarzenegger, Jet Li, Jason Statham အစရှိသည့် ဟောလိဝုဒ်၏ အကြီးဆုံးကြယ်ပွင့်များစုစည်း ရိုက်ကူးထားသည့် Expendables 3 သည် လွန်စွာအောင်မြင်မည့် ဟောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်မည်ဟု ပရိသတ်များက ယုံကြည်ထားရသော်လည်း ၄င်းပထမဆုံး ဖြန့်ချိသည့်နေ့တွင်ဒေါ်လာ ၅.၉သန်းခန့်သာရောင်းရကာ သီတင်းပတ်အတွင်း အရောင်းရဆုံးဟောလိဝုဒ် ဇာတ်ကားများစာရင်း၏ တတိယနေရာကိုသာ ချိတ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆက်တွဲဇာတ်လမ်းများက မူလဇာတ်လမ်းကဲ့သို့ ရောင်းအားမကောင်းသည်မှာ ဟောလိဝုဒ်၏ ဓလေ့ထုံး စံကဲ့သို့ဖြစ်နေပြီး The Expendables အတွက် ဤနှစ်နွေရာသီတွင် Guardians of the Galaxy နှင့် Teenage Mutant Ninja Turtles ကဲ့သို့ ပြင်းထန်သော ပြိုင်ဆိုင်မှုများရှိနေသည်ကို တွေ့ရသည်။ Expendables 3 သည် လွန်ခဲ့သည့် ၃ပတ်ခန့်က အင်တာနက်ပေါ်တွင် The Pirate Bay ကဲ့သို့အွန်လိုင်းရုပ်ရှင် ကြည့်ဝက်ဆိုဒ်များ၌ ပေါက်ကြားခဲ့ပြီး ၄င်း၏ကုမ္ပဏီ Lionsgate က အဆိုပါဝက်ဆိုဒ်များကို တရားစွဲဆိုခဲ့သည်။ Expendables ဇာတ်ကားမျာသည် နိုင်ငံရပ်ခြားများ၌ အောင်မြင်လေ့ရှိခဲ့သဖြင့် ဖြန့်ချိသူများက နိုင်ငံခြားဝင်ငွေ ကိုလည်းစောင့် ကြည်လျက်ရှိကြောင်း သိရသည်။ 

The Expendables 3 တွင် ၀ါရင့်မင်းသားကြီး Mel Gibson က ဗီလိန်အဖြစ်သရုပ်ဆောင်သည်ကို တွေ့မြင် ရမည်ဖြစ်ပြီး Desperado မင်းသား Antonio Banderas ကိုလည်း ဇာတ်ကောင်သစ်အဖြစ်တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။