မဲခေါင်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာမိတ်အဖွဲ့မှ ချီးမြှင့်သော The Best Airlines of the Year Award ဆုကို MAI ရရှိ

မဲခေါင်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာမိတ်အဖွဲ့မှ ပေးအပ်ချီးမြှင့်သော ယခုနှစ် အတွက် Mekong Tourism Alliance Awards ဆုချီးမြှင့်မှု များထဲမှ The Best Airlines of the Year Award ဆုကို အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) က ရရှိကြောင်း အဆိုပါ လေကြောင်းလိုင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) အနေဖြင့် ၄င်း၏ ဝန်ဆောင်မှု များနှင့် စီစဉ် ဆောင်ရွက်ပုံများ စည်းစနစ် ကျမှုကြောင့် ထိုဆုချီးမြှင့် ခံရခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်ကလည်း အလားတူ ဆုမျိုးကို MAI က လက်ခံရရှိခဲ့ ဖူးကြောင်း၊ နှစ်စဉ် Mekong Tourism Alliance Awards ဆုများပေးအပ် ချီးမြှင့်ရာတွင် မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာ စသည့် နိုင်ငံများရှိ လေကြောင်းလိုင်း များထဲမှ ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်ပြီး ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု၊ စည်းစနစ်ကျမှု အစရှိသော အချက်အလက်များ အပေါ်တွင် မူတည်ကာ ဆုများ ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။


ယခုလက်ရှိတွင် MAI လေကြောင်းလိုင်း သည် ပြည်တွင်း ခရီးစဉ်များ အပြင် စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ နှင့် ဖနွမ်းပင် အစရှိသော မြို့များသို့လည်း လေကြောင်း ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့ သို့လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်မှစ၍ ပျံသန်း ပြေးဆွဲ ခဲ့သည်။


ထို့အပြင် ကိုရီးယားနိုင်ငံ အင်ချုံးမြို့ သို့လည်း ယခုလ ၂၆ ရက်မှစတင်ကာ လေကြောင်း ခရီးစဉ်သစ် ပြေးဆွဲသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဟောင်ကောင်၊ ဒူဘိုင်း စသည့် နိုင်ငံများသို့လည်း တိုးချဲ့ ပျံသန်းရန် အစီအစဉ်များ ပြုလုပ် ထားကြောင်း သိရသည်။


ဆောင်းဦး


Themyawadydaily

မိနစ် ၁၀၀၀ လက်ဆောင်ကို ဟဲလို လို့ ပြောလိုက်ကြရအောင်



၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက် မှ နိုဝင်ဘာလ ၂၁ရက်နေ့အထိ ပရိုမိုးရှင်းကာလအတွင်း မိတ်ဆွေတို့သည် တစ်ကြိမ်တွင် ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ကျွန်တော်တို့မှ အပိုလက်ဆောင်များ အဖြစ် Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုရန် မိနစ် ၁၀၀၀ နှင့် SMS ၁၀၀၀ ပို့ခွင့် ပေးအပ်မှာဖြစ်ပါတယ်။

ဤ ပရိုမိုးရှင်းကာလအတွင်းရရှိမည့် Top Up အပိုလက်ဆောင် ကို အောက်ပါ စည်းကမ်းချက်များအတိုင်း သုံးစွဲနိုင်ပါမည်။

ဤ Top Up အပိုလက်ဆောင်ကို မြန်မာပြည်တွင်း Ooredoo ဖုန်းအချင်းချင်း ဖုန်းခေါ်ခြင်း နှင့် SMS ပို့ခြင်း များအတွက်သာ သုံးသလောက်ပေးစနစ်ဖြင့် သုံးစွဲနိုင်ပါသည်။ ဤဝန်ဆောင်မှုများကို Ooredoo ၏ တရားမျှတစွာ သုံးစွဲခြင်းပေါ်လစီ အပါအဝင် စည်းမျဉ်းစည်းကမ်းများအတိုင်း သုံးစွဲရ မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါကwww.ooredoo.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဤ Top Up အပိုလက်ဆောင်ကို ပြည်ပရောက်စဉ်အသုံးပြုမှု (Roaming)၊ နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်း ၊ နိုင်ငံတကာသို့ SMS ပို့ခြင်း များတွင် အသုံးပြု၍ မရနိုင်ပါ။ မြန်မာပြည်တွင်းအခြားတယ်လီကွန်းအော်ပရေတာများသို့ ဖုန်းခေါ်ခြင်း နှင့် SMS ပို့ခြင်းပြုလုပ်ရာတွင်လည်း အသုံးပြု၍ မရနိုင်ပါ။ဤ Top Up အပိုလက်ဆောင်ကို ငွေသား၊ သို့မဟုတ် Ooredoo ၏ အခြားထုတ်ကုန်များ ၊ သို့မဟုတ် အခြားဝန်ဆောင်မှုများ နှင့် မည်သည့် အခြေအနေတွင်မျှ လဲလှယ်၍မရပါ။

Top Up ပြုလုပ်ရာတွင် ပရိုမိုးရှင်းကာလအတွင်း ၃၀၀၀ ကျပ်ထက် မနည်းငွေဖြည့် ရုံဖြင့် ဤအပိုဆောင်းလက်ဆောင်ရရှိပါမည်။ ကျပ် ၃၀၀၀ တန်ငွေဖြည့်ကဒ် တစ်ကြိမ် ဝယ်ယူ ငွေဖြည့်ပါက ဤအပိုဆောင်းလက်ဆောင် ခံစားခွင့်ရရှိပါမည်။ တစ်ကြိမ်တွင် ကျပ် ၁၀၀၀ ဖြင့် Top Up သုံးကြိမ် ပြုလုပ်ပြီး အားလုံးပေါင်း၍ ကျပ် ၃၀၀၀ ပြည့် /ကျော်သွားရုံဖြင့် လည်းဤအပိုဆောင်းလက်ဆောင်ရရှိ ပါမည်။

ပရိုမိုးရှင်းကာလ အတွင်း ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ဤ အပိုဆောင်းလက်ဆောင်ရရှိမည်ဖြစ်ပြီး တစ်ကြိမ်သာ ခံစားခွင့် ရှိပါသည်။ နောက်ထပ် Top Up ထပ်လုပ် ပါက ဤလက်ဆောင်ကို ထပ်မံရရှိမည် မဟုတ်ပါ။

Top Up အပိုလက်ဆောင် စတင်ရရှိသည့်အချိန်မှစ၍ ရက်ပေါင်း ၃၀ အတွင်းသာဤလက်ဆောင်ကိုအသုံးပြုခွင့်ရှိပါသည်။ထိုအကျုံးဝင်ကာလကျော်လွန်ပါက လက်ကျန်အပိုလက်ဆောင်များမှာ ငွေပြန်အမ်းခြင်း၊ သို့မဟုတ် လျော်ကြေးပေးခြင်းမရှိစေရဘဲသက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီးဆက်လက်သုံးစွဲ၍မရနိုင်ပါ။

ဤTop Up အပိုလက်ဆောင် အရ အသုံးပြုခွင့်ရှိသည့် ဖုန်းခေါ်ချိန် နှင့် SMS များကုန်သွားမှသာအောက်ပါအတိုင်းမိတ်ဆွေ၏လက်ကျန်စာရင်းမှနှုတ်သွားပါ
မည်။

(၁) မိတ်ဆွေဝယ်ယူထားသည့် ဝန်ဆောင်မှု အစီအစဉ်အလိုက် ခံစားခွင့်ရှိသော Ooredoo ဖုန်းအချင်းချင်းဖုန်းခေါ်ချိန် နှင့် SMS များ

(၂) Ooredoo ၏ သုံးသလောက်ပေး နှုန်းထားများ အရ ငွေဖြတ်ခြင်း
Ooredoo သည် ဤ လက်ဆောင်အစီအစဉ်ကို အချိန်မရွေး ပြောင်းလဲခွင့်၊ ရုပ်သိမ်းခွင့်ရှိပါသည်။

(YMG remark) - သတိပြုရန်အချက် 

ပရိုမိုးရှင်းကာလအတွင်းတစ်ကြိမ်သာခံစားခွင့်ရရှိမည်ဖြစ်ပြီး နောက်တစ်ကြိမ် ငွေသုံးထောင်နှင့်အထက် ဖြည့်တင်းပါကလည်း ထိုခံစားခွင့်ကို ထပ်မံရရှိမည် မဟုတ်ပါ။ ထိုအပြင် ပရိုမိုးရှင်းကို စတင်အသုံးပြုသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်းသာ အကြုံးဝင်မှ ဖြစ်ပါတယ်။ 

ref : Ooredoo Myanmar

ထွက်ရှိနေသည့် ကောလာဟလနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်းကာ တရားစွဲမည်ဟု လိမ္မော်သီးဆို


အဆိုတော် လိမ္မော်သီးက အိမ်ထောင်ရှိ နာမည်ရ အဆိုတော် တစ်ဦးနှင့်ပတ်သက်နေသည်ဟူသည့် ကောလာဟလသတင်း များ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း အနေဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ထွက် ရှိမည့် နိုင်ငံပိုင် သတင်းစာ များ၌ သတိပေးကြော်ငြာ ထည့်သွင်းပြီး တရား ဥပဒေ လမ်းကြောင်း များဖြင့် စုံစမ်း အရေးယူ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။

"ကောလာဟလနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ တွေမှာ ကြော်ငြာ ထည့်ထားတယ်။ ဘာမှန်း ညာမှန်း မသိတဲ့ ဟာတွေကို ကြော်ငြာထဲမှာဘဲ ဖြေရှင်းမယ်။ သူတို့ပြောနေကြ တာတွေက အခြေအမြစ်မှ မရှိတာ။ အဲဒါကို အားပေးနေကြတဲ့ သူတွေ ကလည်း လိမ္မော်သီးဆိုတာကိုဘာမှန်းတောင်မသိကြ ဘူး။မူရင်းအခွေ ကိုလည်း အားမပေးဘူး။ သူဘာသီချင်း ဆိုတာလည်း မသိဘူး။ ဦးနှောက်မရှိကြတဲ့ လူတွေကသာ ယုံကြတာ။ သူများ အိမ်ထောင်ရေးကို ဖျက်လို့ ဖျက်ဆီး လုပ် ဖို့ စိတ်ကူးထဲတောင် မရှိဘူး။ ဒါက အကွက်ကျကျ စီစဉ်ထားတာ။ သမီးကတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်ကို ဆက်လုပ်သွားမယ်။ မှိုချိုးမျစ် ချိုး ပြော တဲ့ သူကို တရားစွဲမယ်။ အားပေး အားမြောက် လုပ်တဲ့သူကို တရားစွဲမယ်။ အခုတစ်ရက် နှစ်ရက်တော့ ဒီသတင်းက နည်းနည်း ငြိမ်နေတယ်။ ဒါပေမယ့် သမီး ကို ရစရာ မရှိအောင် ပြောထားတဲ့ သူကို တရားစွဲ မှာဘဲ”ဟု ၄င်းကပြောသည်။

အဆိုတော် လိမ္မော်သီးတွင် ချစ်ရမည့် ချစ်သူ ရှိနေပြီး ၎င်းသည် တခြားသော သူ၏ အိမ်ထောင်ရေးကို ဖျက်ဆီးမည်သူ မဟုတ်ဟု ဆိုခဲ့သည့်အပြင် ထွက်ရှိ နေ သည့် ကောလာဟလကို ဖန်တီးသည့် သူများကို စုံစမ်းကာ ဖော်ထုတ်သွားမည် ဟု ဆိုသည်။၎င်း၏ အောက်တိုဘာ၂၄ရက်တွင်ကျရောက်သည့် မွေးနေ၌်သူငယ် ချင်း များနှင့် အတူ မွေးနေ့ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်ပြီး အောက်တိုဘာ၂၄ ရက်တွင် အောင်ဆန်းကွင်း၌ ပြုလုပ်မည့် မသန်စွမ်း ရန်ပုံငွေ ဘောလုံးပွဲ အတွက် သီချင်းများ သီဆိုကာ ပန်းစည်းပေး အပ်သွားမည်ဟု ဆိုသည်။

အဆိုတော် လိမ္မော်သီး၏ "ဒဏ်ရာနှလုံးသား" ဒုတိယ တစ်ကိုယ်တော် အယ်ဘမ်ကို ဒီဇင်ဘာ လအကုန်၌ အော်ဒီယိုအဖြစ်ထွက်ရှိမည် ဖြစ်သည်။ယင်းအယ်ဘမ် တွင် ရော့ခ်သီချင်းများ အများဆုံး ပါဝင်မည် ဖြစ်ပြီး မိန်းကလေး ပရိသတ်များ အတွက် ရည်ရွယ်ကာ စလိုးရော့ခ် သီချင်းများကိုလည်းထည့်သွင်းသွားမည် ဖြစ် သည်။ လိမ္မော်သီးသည် ၂၀၁၀ ခုနှစ်တွင် လိမ္မော်ရောင် စိတ်ကူးများ"အော်ဒီယို ကိုထွက် ရှိခဲ့ ပြီး ၂၀၁၂ခုနှစ် ၌ ယင်းအယ်ဘမ်ကို အမ်တီဗီ ထွက်ရှိခဲ့သူ ဖြစ် သည်။

Mizzima

မိုင်းယန်းမြို့တွင် စည်ပင်သာယာ ဦးသိန်းဇော် ဗုံးခွဲ ၃ ဦးသေ

01- အိမ်ရှင်ဗုံးခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေကြေကြသူဧည့်သည်များ ( ဓါတ်ပုံ- From Saisang Woon FB)


02- မိမိနေအိမ်အတွင်း လက်ပစ်ဗုံးခွဲသူ စည်ပင်ဝန်ထမ်းဦးသိန်းဇော် ( ဓါတ်ပုံ- From Saisang Woon FB)


သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျိုင်းဟင်ရပ်ကွက်တွင် စည်ပင်သာယာ ၀န်ထမ်း ဦးသိန်းဇော်က မိမိနေအိမ်အတွင်း ဗုံးခွဲရာ ၃ ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာလ ၂၃ ရက် နေ့ခင်းပိုင်းက မြို့နယ်တရားရုံးကအပြန် မိမိနေအိမ်အတွင်း ဗုံး ၂ လုံးပစ်ခွဲရာ တာချီလိတ်မှလာသော ဧည့်သည် တဦးအပါအဝင် စည်ပင်ဝန်ထမ်းတဦး၊ မိုင်းယန်းတပ် ခလရ ၂၈၁ တပ်ကြီး ဇနီးတဦး စုစုပေါင်း ၃ ဦးသေဆုံးကြောင်း မိုင်းယန်းမြို့ခံ စိုင်းခမ်းနုက ပြောသည်။ 

စည်ပင်ဝန်ဝမ်း ဦးသိန်းဇော်နဲ့ သူ့မိန်းမ ဒေါ်နန်းနုက အိမ်ထောင်ရေး အဆင်မပြေလို့ တရားရုံးအထိသွားရှင်းလာတာ။ အသိအသက်သေ အဖြစ် တာချီလိတ်ကအသိတွေနဲ့ မိုင်းယန်းက မိတ်ဆွေတွေကိုခေါ်သွားတာ။ အိမ်ပြန်ရောက်တော့ သူတို့ထမင်းစားဖို့ ပြင်နေချိန် ဦးသိန်းဇော်က ဗုံး ၂ လုံးပစ်လိုက်တယ်။ အိမ်ပေါ်မှာ ၂ ယောက်သေတယ်။ အိမ်ပေါ်တက် မယ့်တယောက် လည်ပင်းထိသွားပြီးထွက်ပြေးတာ လမ်းမ ပေါ်မှာ သေသွားတယ်။ ဦးသိန်းဇော်ကိုယ်တိုင်က အိမ်ပေါ်ကခုန်ဆင်းလို့ ခြေနှစ်ချောင်းလုံး ကျိုးသွားတယ်။ သူ့မိန်းမ ဒေါ်နန်းနုလည်း ဒဏ်ရာရပြီးဆေးရုံမှာအခု။ - ဟု ၄င်းကပြောသည်။

ယခုအခါ စည်ပင်ဝန်ထမ်း ဗုံးခွဲသူဦးသိန်းဇော်အား ကျိုင်းတုံအချုပ်ခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဇနီးသည် ဒေါ်နန်းနုလည်း မိုင်းယန်းဆေးရုံသို့ ပို့ဆောင် ကုသ ထားကြောင်း၊ ၄င်းအပြင် ဒဏ်ရာရသူ ၄ ဦးကိုလည်း ဆေးရုံသို့ပို့ ဆောင်ထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပြသည်။

အသက် ၅၀ အရွယ် ဒေသခံ လုံးစိုင်းက- သူ့လက်ပစ်ဗုံးက စစ်ပွဲမှာသုံးတဲ့ လက်ပစ်ဗုံးမဟုတ်ဘူး။ ထူးခြားတယ်။ လုံးလုံး သေးသေးလေးတဲ့။ ဒါမယ့်ပြင်း တယ်။ စည်ပင်ဝန်ထမ်းတယောက်က လက်ပစ်ဗုံးဘယ်ကရလာသလဲ။ စဉ်းစားစရာပေါ့။ မြန်မာပြည်မှာ ဘယ်နေရာကြည့်ကြည့် ဗုံးပေါက်ရင် အမှိုက်ပုံးမှာချည်းဘဲ။ သေတာလဲ စည်ပင်ဝန်ထမ်းတွေချည်းဘဲ။ ဒါ တခုခုတော့ တခုခုဘဲ- ဟု သုံးသပ်ပြောဆိုပါသည်။

မိုင်းယန်းမြို့သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင်တည်ရှိသည်။

Panglong(Burmese)

ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင်
နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး
အရမ်းနှိမ်တာ…”
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး
ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း Sexy ဓါတ်
ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အား
ကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာများကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။

၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့် အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့ Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင် ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့ မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့ ဆိုပါတယ်။

“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရတာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။ ဒါတွေကို ဇာ ဘယ်လိုမှ မခံစားရဘူး။

ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင် ဘယ်သူက ဘယ်လိုလှတာ… ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့ ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…

အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင် ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။

သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့ ဘယ်လိုမှ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စားလစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။

MYN
News Watch

ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်

ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်မကုန်ခင်မှာ Wifi အခမဲ့အသုံးပြုလို့ရတဲ့ နေရာသုံးခု လောက်ထပ်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။ တချို့နေရာတွေက ခွင့်ပြု ချက်ရအောင် စောင့်နေရတဲ့အတွက် နည်းနည်းလေးကြန့်ကြာနေတာဖြစ်ပါတယ်’’ဟု Red Link ၏ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် လက်ရှိတွင် ရန်ကုန်၌ Wifi အခမဲ့အသုံး ပြုနိုင်သော နေရာခြောက်ခုနှင့် ပုဂံတွင် အခမဲ့အသုံးပြုနိုင်သော နေရာလေးခုတို့ကို ပြုလုပ်ပေးထားပြီး အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်မည့် နေရာသုံးခုတွင် ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘Wifi အခမဲ့ပေးတဲ့အခါမှာ Email စစ်တာနဲ့ ၀က်ဘ်ဆိုက်တွေကြည့်တာကို ကောင်းကောင်းလုပ်နိုင်အောင် စီစဉ်ပေးထားမှာပါ။ ဒါပေမဲ့အများသုံးတာဖြစ်တဲ့အတွက် နာရီဝက်လောက် သုံးပြီးရင်တော့ Log Out ဖြစ်သွားမှာပါ။ ထပ်ပြီးသုံးချင်ရင်တော့ နိုင်ငံတကာမှာ Free Wifi သုံးတဲ့အတိုင်း အသစ်ပြန်ဝင်သုံးရမယ်’’ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာများထပ်မံတိုးချဲ့ရာတွင် တက္ကသိုလ်အချို့နှင့် ဈေးများတွင်လည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိစေရန်အတွက် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဘာသာရေးပုတ်ခတ်ရေးသား၍ တိုင်းပြည်မှ နှင်ထုတ်ခံရသူ ဘင်္ဂလီစာရေးဆရာမ သူ့ထက် အသက် ၂၀ ငယ်တဲ့ ယောင်္ကျားနဲ့တွဲနေကြောင်း Twitter တွင် ဖေါ်ပြ

ယောကျာင်္းတွေ မိန်းမ လေးယောက်ယူရင်မိန်းမတွေလည်း ယောင်္ကျား လေးယောက်
ယူခွင့်ရှိတယ်လို့ အစ္စလာမ် ဘာသာရေးအယူဝါဒတွေကို ဆန့်ကျင် ဝေဖန် ရေးသား
အတွက် တိုင်းပြည်ကနေ နှင်ထုတ်ခံရတဲ့ဘင်္ဂလာဒေခ်ျ့ စာရေးဆရာမ တက့်ဆလိမ်းမာနာဆရိမ်း Taslima Nasreen ဟာ အခုတော့ သူ့ထက် အသက် ၂၀ ငယ်တဲ့ ယောင်္ကျား တစ်ဦးနဲ့ တွဲနေတဲ့ အကြောင်း သူမပိုင် Twitter ကနေ တဆင့် ဖေါ်ပြလိုက်ပါတယ်။

‘ သူမဟာ သူ့ထက် အသက် (၂၀) ငယ်တဲ့ ယောင်္ကျားလေးတစ်ဦးနဲ့ တွဲနေတဲ့အကြောင်း’ သူမကိုယ်တိုင်ဘဲ သူမပိုင် Twitter မှာ သူမနဲ့အမျိုးသားယောင်္ကျားရဲ့ ဓါတ်ပုံကို တွဲတင်ပြီး လူသိရှင်ကြား ဖေါ်ပြထားပါတယ်။

ဒါ့အပြင် – ကျွန်မရဲ့ ကောင်လေးဟာ ကျွန်မထက် အသက်တော်တော် ငယ်တယ်။ ဒါဟာ တကယ့် ချိုမြိန်စရာပါဘဲ- ဆိုပြီး ““My boyfriend is younger than me. It’s cool”. လို့ရေးသား ဖေါ်ပြထားပါတယ်။

ဘင်္ဂလာဒေခ်ျ့ စာရေးဆရာမ တက့်ဆလိမ်းမာဟာ အခုအခါ အသက် (၅၂) နှစ်ရှိပြီး အစ္စလာမ်ဘာသာမှာ အမျိုးသမီးတွေ တန်းတူ အခွင့်မရတဲ့ အပေါ် ဝေဖန်တိုက်ခိုက်ရေးသားတဲ့ အတွက် သူမဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး အခုအခါ အိန္ဒိယ နိုင်ငံမှာ ခိုလုံနေရပါတယ်။

သူမရေးသားတဲ့ စာအုပ်အများအပြားဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ထုတ်ဝေခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ၁၉၉၃ ခုနှစ်ကထုတ်ဝေတဲ့ Lajja နဲ့ Amar Mebala တို့လည်း ပါဝင်ပါတယ်။

သူမရေးသားခဲ့တဲ့ စာအုပ်တွေ အများအပြားမှာ အစ္စလာမ်ဘာသာရေးဆရာတွေက အမျိုးသမီးတွေအပေါ် အပေါ်စီးက ဆက်ဆံတာတွေနဲ့ ခွဲခြားဆက်ဆံတဲ့ အပေါ်မှာ သရော်ထားပြီး အမျိုးသမီးတွေမှာလည်း အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရှိတယ်ဆိုတဲ့ သဘောတရားတွေ ပါတဲ့ အတွက် အစ္စလာမ်ဘာသာဝင် အများစုက သူမရေးသားတဲ့ စာအုပ်တွေ အပေါ်မှာ နှစ်ခြိုက် သဘောကျ ကျေနပ်မူ မရှိကြပါဘူး။

ဒါကြောင့်လည်း သူမဟာ တိုင်းပြည်က ထွက်ပြေးခဲ့ကြရပြီး ဘာသာရေး အစွန်းရောက်တွေက သူမကို နှစ်ကြိမ်ထက် မနည်း လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

အခုလည်း သူမဟာ သူမထက် အသက် ၂၀ ငယ်တဲ့ ယောင်္ကျားအမျိုးသား တစ်ဦးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းစကားကို ဓါတ်ပုံနဲ့ တကွ Twitter က လူသိရှင်ကြား ဖေါ်ပြတာဟာ ဘာသာရေး ခေါင်းဆောင်တွေကို ရိသဲ့သဲ့ လုပ်လိုတဲ့ သဘောရှိပြီး နောက်ထပ် တစ်ကြိမ် ထိုးနှက်တိုက်ခိုက်မူ တစ်ခု ဖြစ်တယ်လို့ ပြောဆိုဝေဖန်မူတွေလည်း ရှိပါတယ်။

ဒီ Twitter ပါ စာရေးဆရာမ တက့်ဆလိမ်းမာ နာဆရိမ်း သတင်းဟာ အငြင်းပွားဖွယ်ရာ နောက်ထပ် မီးတောက် တစ်ခုပါလို့ ဘင်္ဂလာဒေခ်ျ့က လာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

နိရဉ္စရာသတင်းဌာန