ရွှေပြည်သာတွင် ရေမော်တာမောင်းရန် ကြိုးဆွဲရာမှ အမျိုးသမီးတဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အမှတ် ၉ ရပ်ကွက် ရတနာသိင်္ဂီပတ်လမ်း အမှတ် ၁၅၉ က တွင် ယနေ့(၁၄ရက် အောက်တိုဘာ) နံနက် ၁၀နာရီက သေမှုသေခင်း ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အဘဦးအောင်ကြည်၏သမီး ဒေါ်တင်ရီ အသက် ၅၉ နှစ်သည် ရေချိုးရန်အတွက် ရေမော်တာမောင်းရန် ရေစက်တွင် တပ်ဆင်ထားသောကြိုးကို ဆွဲလိုက်စဉ် ဓါတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ရာသို့ ရွှေပြည်သာမြို့နယ် ပြည်သူ့ရဲစခန်းမှ တယ၀န်မှူးဒုရဲအုပ် ဇင်မင်းလတ်နှင့် အဖွဲ့၊ မြို့နယ်လျှပ်စစ်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ကူညီဆောင်ရွက်ပေးပြီး အလောင်းအား အင်းစိန်ဆေးရုံသို့ အပ်နှံရာ ပီအာ ၁၀ဖြင့်လက်ခံခဲ့သည်။ ရွှေပြည်သာရဲစခန်းကလည်း သေမှုသေခင်းအမှတ် ပ-၃၃/၂၀၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဟုတ်ကဲ့ပါ၊ အမှုကို သေမှုသေခင်း အမှုအမှတ်စဉ် ၃၃/၂၀၁၄ အရ အမှုဖွင့်ပြီး စစ်ဆောဆောင်ရွက်နေပါတယ်”ဟု ရွှေပြည်သာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက News Watch သို့ အတည်ပြုပြောကြားသည်။

နိုင်ကြီး(ရွှေပြည်သာ)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပျဉ်မနား နှစ်ကျိပ်ရှစ်ဆူး ဘုရားပွဲတော်ကို မျောက်ပွဲတော်လို့ ပြောလို့ Rဇာနည်ကို ပြန်လည် တောင်းပန်ရန် ပျဉ်းမနားပြည်သူများ ဂီတအစည်းအရုံးကို တိုင်ကြား

ရန်ကုန်၊ အောက်တိုဘာ ၁၄။ ။R ဇာနည်၏ ရိုင်းပျမှုများကို ပြန်လည်တောင်းပန်ရန် ပျဉ်းမနားပြည်သူများက မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ တိုင်ကြား ထား သည်ဟု ပျဉ်းမနားမြို့နယ်၊ ဂီတအစည်းအရုံး ဥက္ကဌ ဦးအောင်သန်းက မဇ္ဈိမကိုပြောသည်။ ပျဉ်းမနားမြို့၏ အထင် ကရဘုရားပွဲတော်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်တွင် အဆိုတော် R ဇာနည်ကို ဖျော်ဖြေပေးနိုင်ရန် အတွက် ရန်အောင် (၁) ဝတ်ဖြူတော်အသင်းက အောက်တိုဘာ ၇ ရက်နှင့် အောက်တိုဘာ ၉ ရက်တို့တွင် ငှားရမ်းခဲ့သည်ဟု ၎င်းကပြောသည်။



ဓာတ်ပုံ-ဘိုဘို

ယင်းနှစ်ရက်တွင်R ဇာနည်သည် Sky Palace ဟိုတယ် တွင်တည်းခို ခဲ့ပြီး၎င်း ၏လူမှုကွန်ယက် စာမျက်နှင့်ပေါ် တွင် " ပျဉ်းမနားမိုးဖင်မိုးလင်းတိုက် ပွဲကြီးစရန် နာရီ ပိုင်း သာလိုတော့သည်။

ကဲ ကိုနိုင်ဇော်မျောက် ပွဲစပြီနော်"ဟုရိုင်း ပျသည့် စကားလုံးများပြောဆို ရေးသားခဲ့သည့်အပေါ်ပျဉ်းမနားမြို့သူမြို့သားများမှပျဉ်းမနားမြို့၏အထင်ကရပွဲတော် တစ် ခု ဖြစ်သည့် နှစ်ကျိပ် ရှစ်ဆူ ဘုရား ပွဲတော် ကိုမျောက်ပွဲ ဟု ခိုင်းနှိုင်း ထားခြင်းကို မကျေ နပ်သောကြောင့် ပျဉ်းမ နားမြို့နယ်ဂီတအစည်းအရုံးသို့တိုင်ကြား ခဲ့ခြင်းဖြစ်သည် ဟု ပျဉ်းမနားမြို့နယ်ဂီတအစည်းအရုံး မှဥက္ကဌဦးအောင် သန်းကပြောသည်။

“ပျဉ်းမနားမြို့မှာအောက်တိုဘာ၁၀ရက်မနက်က တည်း ကဆူနေတာ။ ပြည်သူပြည်သား တွေကသူတို့အထွတ်အမြတ်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကိုမျောက် ပွဲလို့ ခိုင်းနှိုင်းထားတဲ့ အပေါ်မှာမကျေနပ်ကြတာ။အဲဒါနဲ့ ကျွန် တော်တို့ ဂီတအစည်းအရုံးကိုလာတိုင်တော့ကျွန်တော် က ဗဟို ဂီတအစည်း အရုံးကိုဖုန်းနဲ့လှမ်း ဆက်ပြီး တိုင် လိုက် တယ်။

အဲဒါ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) ကကျွန်တော် ကိုစာရွက်စာတမ်းနဲ့အထောက်အထားနဲ့တိုင်ပါဆိုလို့စာရွက်စာတမ်းအထောက်အထားတွေကိုအောက် တို ဘာ ၁၃ ရက် ညကားနဲ့ မြန်မာ နိုင်ငံ ဂီတ အစည်း အရုံး (ဗဟို) ကို ပို့ပေးလိုက်ပါပြီ။ ” ဟု ဦးအောင်သန်း ကပြော သည်။

ပျဉ်းမနားမြို့သူမြို့သားများအနေဖြင့် R ဇာနည် ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြန်လည် တောင်းပန်ပါက ကျေနပ်သွားမည်ဖြစ်သည် ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှဒုဥက္ကဌဦးလွင်မြင့် က “ အောက်တိုဘာ ၁၃ ရက်က ကျွန်တော် တို့ဗဟိုကိုဖုန်းဆက်ပြီးပျဉ်းမနားဂီတအစည်းအရုံးကလှမ်း တိုင် ပါတယ်။ စာရွက်စာတမ်းတော့ မရောက်သေးပါဘူး။ စာ ရွက်စာတမ်း ရောက်ရင်တော့ကာယကံရှင်ကိုခေါ်မေးပြီးသူဖြေတဲ့အဖြေအပေါ်မူတည်ပြီးဆုံးဖြတ် သွားမှာ ပါ။အဲဒီကနေအများရဲ့ဆန္ဒ၊ကာယကံရှင်ရဲ့အဖြေအပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာပါ R ဇာနည်ကရမ်းရမ်းကားကားမဟုတ်ပါဘူး။အတိုင်ခံရတာလည်း တစ်ခါမှ မရှိခဲ့ ဘူး။ ပညာပေးသဘော လေးနဲ့ပဲ ဆောင်ရွက်သွားမှာပါ ” ဟု မဇ္ဈိမသို့ပြောသည်။

မြန်မာနိုင်ငံဂီအစည်းအရုံး (ဗဟို) ရှိညှိနှိုင်းဖြေရှင်းရေးေ က်ာမတီသည် အဆိုတော် R ဇာနည် နှင့်မြို့ ခံကာယကံ ရှင် များ၏အဖြေပေါ်မူတည်ပြီးညှိနှိုင်းဆောင် ရွက်ပေး သွားမည်ဟု ၎င်းကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး Rဇာနည်အားမဇ္ဈိမမှဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ Rဇာနည်၏ဇနီးမှRဇာနည်ခရီးသွားနေကြောင်းနှင့်ပျဉ်းမနားကိစ္စနှင့်ပတ်သက် ပြီး မည်သို့မျှ ပြောကြားလိုခြင်းမရှိဟု ဖြေကြားခဲ့သည်။

R ဇာနည် သည်ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ် ဆူဘုရား ပွဲတွင် ချမ်းချမ်း၊ ဝိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်း၊ နိုင်ငံကျော် အဆိုတော် များစွာနှင့် ပါဝင်သီဆို ဖျော်ဖြေ ခဲ့ခြင်းဖြစ်သည်။
Mizzima

ဂြိုဟ်တုတိုင်းတာမှုများ အရ ကမ္ဘာ့အကြီးဆုံး မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကို အမေရိကန် ပြည်ထောင်စုတွင် တွေ့ရှိ


အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း ကျောက်မီးသွေး ပေါများရာ ဒေသသည် မီသိန်းဓာတ်ငွေ ယိုစိမ့်မှု အမြင့်ဆုံး ဖြစ်နေသည်ကို ဥရောပ အာကာသ အေဂျင်စီ (ESA) ၏ လေထု ပတ်ဝန်းကျင် မြေပုံ ရေးဆွဲရေးသုံး ပုံရိပ်ဖမ်း စပက်ထရိုမီတာ ကို အသုံးပြုကာ ဖမ်းယူ ရရှိခဲ့ပြီး မြေပြင် ကိရိယာ များဖြင့် ထပ်မံ အတည်ပြု တိုင်းတာ ခဲ့ပြီးနောက် ကမ္ဘာ့ အကြီးဆုံး မီသိန်းဓာတ်ငွေ့ လွင်ပြင်ကြီး ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက အတည်ပြု ခဲ့ကြသည်။

အဆိုပါ မီသိန်းဟော့စပေါ့ သည် နယူးမက္ကဆီကို ပြည်နယ် ဆန်ဟွမ် ချိုင့်ဝှမ်းတွင် တည်ရှိပြီး ကျောက်မီးသွေး ကြော များတွင် မီသိန်းတွင်း လေးသောင်းခန့် စိမ့်ဝင် နေခြင်း ဖြစ်သည်။ အရီဇိုးနား၊ ကော်လိုရာဒို၊ နယူးမက္ကဆီကို နှင့် ယူတာ တို့မှ ထောင့်လေးထောင့် ထောက်တိုင်း စနစ်ဖြင့် တိုင်းတာခဲ့ရာ ဤ မီသိန်း လွင်ပြင်သည် ဧရိယာ စတုရန်း မိုင်ပေါင်း ၂၅ဝဝ ခန့်ရှိသည်ကို တွေ့ရှိခဲ့သည်။

ယင်း ဟော့စပေါ့ သည် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မီသိန်း မက်ထရစ် တန်ချိန် သုည ဒသမ ၅၉ သန်း နှစ်စဉ် ထုတ်လွှတ် ခဲ့ရာ အဆိုပါ ပမာဏသည် အမေရိကန် ပြည်ထောင်စု တစ်ခုလုံးက နှစ်စဉ် ထုတ်လွှတ် နေသော မီသိန်း စုစုပေါင်း ပမာဏ၏ ၁ဝ ရာခိုင်နှုန်း နှင့် ညီမျှကြောင်း သိရသည်။

ကမ္ဘာ့လေထု ပူနွေးလာ စေသည့် အဓိက ဖန်လုံအိမ် ဓာတ်ငွေ့ လေးမျိုးတွင် မီသိန်း အပါအဝင် ဖြစ်ပြီး မီသိန်းက ကာဗွန်ဒိုင် အောက်ဆိုဒ် ထက် အနီအောက် ရောင်ခြည်ကို ဖမ်းဆုပ် ထားနိုင်သည့် အတွက် ပိုမို အားကောင်း သော ဖန်လုံအိမ် ဓာတ်ငွေ့ ဖြစ်လာသည်။ သို့ သော် မီသိန်းသည် ကာဗွန်ဒိုင် အောက်ဆိုဒ် ထက် ပြိုကွဲရ လွယ်ပြီး တစ်ကြိမ် ထွက်ရှိလျှင် ၁ဝ နှစ်ခန့်တွင် ပြိုကွဲ ပျောက်ဆုံး သွားနိုင် သော်လည်း ကာဗွန်ဒိုင် အောက်ဆိုဒ် သည်မူ နှစ်ပေါင်း ရာပေါင်း မှသည် ထောင်နှင့် ချီသည် အထိ လေထုထဲတွင် ရှိနေ နိုင်ကြောင်း သိရသည်။

ယခု တွေ့ရှိမှုကြောင့် အမေရိကန် ပြည်ထောင်စုမှ ယိုစိမ့်ထွက်ရှိ နေသော မီသိန်း ဓာတ်ငွေ့ ပမာဏသည် မူလက ခန့်မှန်း ထားခဲ့ သည်ထက် ၁ ဒသမ ၈ ဆ ပိုနေသဖြင့် နှစ်ဆခန့် ပိုသွားပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရာတွင် မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကို အန္တရာယ် ကင်းသည့် အဆင့်အထိ ထိန်းချုပ် ထားနိုင်ခြင်း မရှိသည့် အတွက်လည်း အပြစ်တင် ဝေဖန်မှုများ ထွက်ပေါ် လာကြောင်း သိရသည်။

PyiChitThar

Snapchat သုံးသူများ၏ မပေါ်တပေါ် ပုံများ အွန်လိုင်းမှာ ပေါက်ကြားလာ

အွန်လိုင်း ဓာတ်ပုံ ရှယ်ယာ လုပ်နိုင်သော လူသုံးများ အပလီကေးရှင်း Snapchat သုံး သူအချင်းချင်း ပေးပို့ထား ကြသော မပေါ်တပေါ်ပုံများ ခိုးယူခံရကာ အွန်လိုင်းပေါ်မှာ ဖွင့်ချခံရမှု ဖြစ်ပွားကြောင်း သိရသည်။ နောက်ထပ်ပုံများ တင်ဦးမည် ဟုလည်း ဟက်ကာများက ခြိမ်းခြောက် ထားသည်။

Snapchat ၏ တရားဝင် အသိအမှတ်ပြု အပလီကေးရှင်းကို သုံးသူများ၏ ဓာတ်ပုံများ ခိုးယူခံရခြင်း မဟုတ်။ Snapchat ကို တစ်ဆင့်ခံ အပလီကေးရှင်း များဖြင့် ၀င်ရောက်သူများ၏ ဓာတ်ပုံများသာ ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။ ဖွင့်ချခံ ရသော ဓာတ်ပုံ ပိုင်ရှင်များ၏ ထက်ဝက်ခန့်မှာ အသက် (၁၃) နှစ်မှ (၁၇) နှစ်ကြား လူငယ်လေးများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ ကွန်ပျူတာ ဆာဗာစနစ် ထိုးဖောက်ခံ ရခြင်း မရှိကြောင်း Snapchat က ပြောသည်။ Snapchat ကို တစ်ဆင့်ခံ အပလီကေးရှင်းများ ဖြင့် သုံးသူများက Snapchat သို့ ဓာတ်ပုံများ တင်ခြင်း၊ Snapchat မှ ဓာတ်ပုံများ ယူခြင်း လုပ်စဉ် ဟက်ကာများက ကြားဖြတ်ကာ ဓာတ်ပုံများကို ယူခဲ့ကြ ခြင်း ဖြစ်ကြောင်း သိရသည်။ 

Source: BBC

Messenger

မာကျူရီဒြပ်ပေါင်းများ အလွန်အကျွံ ပါဝင်နေသည့် အလှကုန်ပစ္စည်း များကြောင့် လူတို့ ကျန်းမာရေးကို ထိခိုက်စေနိုင်

အလှကုန် ပစ္စည်း အချို့သည် လူသားများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး ကိစ္စများကို အထောက်ကူပြု ပေးစေနိုင် သကဲ့သို့ အချို့သော အလှကုန် ပစ္စည်းများမှာ မာကျူရီ ဒြပ်ပေါင်း ပါဝင်မှု အလွန်များပြီး လူတို့၏ ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း ကျန်းမာရေး အထောက်အကူပြု သုတေသီ များ၏ လေ့လာ ဆန်းစစ်ချက် များအရ သိရသည်။


လွန်ခဲ့သော ရက်အနည်းငယ် ခန့်က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အလှကုန် ပစ္စည်းများ ဖြန့်ဖြူး ရောင်းချလျက် ရှိသော လက်ကား ဆိုင်ကြီးသုံးဆိုင်၊ ချင်းတွင်း ရတနာဈေး မှ သုံးဆိုင်၊ သီရိမင်္ဂလာဈေး မှ နှစ်ဆိုင်၊ အောင်ချမ်းသာဈေး မှ တစ်ဆိုင်၊ မြသလ္လာဈေး မှ ငါးဆိုင်၊ သာစည်ဈေး မှ တစ်ဆိုင် တို့တွင် ဈေးကွက်တင် ရောင်းချလျက် ရှိသော အလှကုန် ပစ္စည်းများ ကို ဝယ်ယူထုပ်ပိုး ပြီးနောက် ကုတ်နံပါတ် အမှတ်အသားများ ရေးထိုး၍ သတ္တု ဒြပ်စင်များ တိုင်းတာသည့် ( Automic Absorption Sepetrophtometer ) ကိရိယာဖြင့် တိုင်းတာ စမ်းသပ် စစ်ဆေး ခဲ့ကြောင်း သိရသည်။


ထိုသို့ စမ်းသပ် စစ်ဆေးရာတွင် အလှကုန် ပစ္စည်း အမျိုးအစား (၉)ခု၊ နမူနာ (၁၁) ခု တို့ကို စစ်ဆေး စမ်းသပ်ကြည့်ရာ အမျိုးအစား (၅) မျိုးမှ နမူနာ(၇) ခုတွင် မာကျူရီ ဒြပ်ပေါင်း လွန်ကဲစွာ ပါဝင် နေသည်ကို တွေ့ရှိ ခဲ့သည်ဟု ဆိုသည်။ ထို အလှကုန် ပစ္စည်းများတွင် စမ်းသပ် တွေ့ရှိရသော မာကျူရီ ဒြပ်ပေါင်း ပါဝင်မှု ပမာဏသည် ၁၂ ဒသမ ၉ ppm မှ ၂၃၁၄ ဒသမ ၉ ppm ထိ ဖြစ်သောကြောင့် ကမ္ဘာ့ အသိအမှတ်ပြု အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့က သတ်မှတ် ပြဋ္ဌာန်းထားသည့် မာကျူရီ ဒြပ်ပေါင်း ပါဝင်မှု ပမာဏ ( 1 ppm ) ထက် ကျော်လွန်၍ များပြားစွာ ပါဝင်လျက် ရှိသည်။


ထို့ကြောင့် ကျန်းမာရေး အထောက် အကူပြု သုတေသီ များက အလှကုန် ပစ္စည်းများနှင့် လူ၏ ကျန်းမာရေး စာတမ်းများ ပြုစုကာ အများပြည်သူ သိရှိနိုင်စေရန် ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။


''မာကျူရီ ဒြပ်ပေါင်း ပါဝင်မှု အလွန် များပြားတဲ့ အလှကုန် ပစ္စည်းတွေကို ရေရှည် ဝယ်ယူ သုံးစွဲမယ် ဆိုရင် ဦးနှောက်နဲ့ အာရုံကြော ရောဂါ၊ အစာအိမ် နဲ့ အူလမ်းကြောင်း ရောဂါအပြင် ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ် ရောဂါ တွေကို ရရှိစေ နိုင် ပါတယ် ... ''ဟု မြန်မာနိုင်ငံ ဆေးဝါး သုတေသန ဦးစီးဌာန၊ ဓာတုအဆိပ် သုတေသန ဌာနခွဲရှိ ဆရာဝန် တစ်ဦး က ပြောပြသည်။

မြန်မာနိုင်ငံတွင် ရှေးယခင် ကတည်းက တစ်ကိုယ်ရည် သန့်ရှင်း စင်ကြယ်စေရန် ဒေသထွက် သနပ်ခါး များကို မိရိုးဖလာ နည်းလမ်းများ အတိုင်း အသုံးပြုခဲ့ ကြသဖြင့် မြန်မာ အမျိုးသမီးငယ် လေးများမှာ အလှ ကုန်ပစ္စည်း များ၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်မှ ကင်းဝေးပြီး ကျော့ရှင်း လှပသော မျက်နှာ ပိုင်ရှင်လေးများ ဖြစ်ခဲ့ကြသည်။ အချို့သော နိုင်ငံများတွင် အလှကုန် ပစ္စည်းများ မှားယွင်းစွာ အသုံးပြုခဲ့မှု ကြောင့် မျက်နှာပြင်ရှိ အရေပြား တစ်ခုလုံးတွင် မီးလောင်ထား သကဲ့သို့ ဒဏ်ရာများ ဖြစ်ပေါ် နေရသည်ကို မကြာခဏ မြင်တွေ့ ရကြောင်း သိရသည်။ (၁၅၄)
Yadanarpondaily
ရတနာပုံနေ့စဉ်

ရှင်တို့က ရဲတွေပဲ ' ဖမ်းပေါ့ '


“ကျမတို့မှာ အလုပ်လည်း ခံရ အဖမ်းလည်း ခံရ ဖြစ်သွားတာပေါ့” ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံ အနီး လုပ်ကိုင်နေသည့် မလမင်းက သူမအဖမ်းခံရစဉ်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က အ ဖမ်းခံရခြင်းဖြစ်ပြီး ရဲများစေလွှတ် လိုက်သော အသွင်ယူ သက်သေနှင့် ဘုရင့်နောင်အနီး တည်းခိုခန်းတစ်ခု တွင် ပျော်ပါးနေစဉ် အဖမ်းခံ ရခြင်းဖြစ်သည်။

“သူ့ဘာသာ ဝါသနာပါလို့ ပြည့် တန်ဆာနဲ့ပျော်ပါးလိုက်တာကို ပြည့်တန်ဆာကို ဖမ်းမိဖို့ အသွင်ယူ တယ်၊ ဖိုက်တာ တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တယ်လို့ မှတ်ယူလို့ မရဘူး” ဟု တရားရေးဆိုင်၇ာ ဆောင်းပါးများကို အစဉ်တစ်စိုက်ရေးသားလာသူ စာရေးဆရာ ပြေလွင်မြင့် က ပြောသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီတိုင်းပြည်အဖြစ် အမည်နာမ ပြောင်းလဲလိုက်ပြီးနောက်ပိုင်း ဒီမိုကရေစီ ရဲများက အသွင်ယူသက်သေနည်းဗျူဟာဖြင့် ပြစ်မှုများကို ဖမ်းဆီးနှိမ်နင်းခြင်းများ ခပ်စိပ်စိပ် တွေ့လာရသည်။

“အခုနောက်ပိုင်း ပြည့်တန်ဆာ ဖမ်းမိတဲ့အမှုတွေမှာ ရဲလွတ်ထားတဲ့ အသွင်ယူသက်သေ ဆိုတဲ့ လူတွေက ပြည့်တန်ဆာနဲ့ တကယ်ပျော်ပါးပြီး မှဖမ်းကြတယ်။ အရင်က အသွင်ယူ သက်သေဆိုရင် အသွင်ယူရုံဘဲ ဒီလိုမျိုး ကိုယ်ထိလက်ရောက် မကျူးလွန်ကြဘူး၊ ဒါဟာ တစ်ဖက်ကို ပိုနစ်နာစေပါတယ်”ဟု ဆရာပြေလွင်မြင့် က ဆက်ပြောသည်။

အသွင်ယူသက်သေ ဆိုသည့် စကားလုံးသဘောသည် အယောင်ဆောင်ပေးရခြင်း ဖြစ်သည်။

အသွင်ယူ သက်သေသည် ဘိန်းအမှုဖမ်းရန် ဘိန်းစားအသွင် အယောင်ဆောင်ရပြီး ချဲဒိုင် ဖမ်းရန် ထိုးသားအသွင် အယောင်ဆောင် ရသည်။ ပြည်တန်ဆာအမှု ဖမ်းရန် ပြည့်တန်ဆာ နှင့် ပျော်ပါးသူအသွင် အဖြစ် အယောင်ဆောင်ရသည်။

ထိုသို့ သရုပ်အမျိုးမျိုးဖြင့် အသွင်လုပ် သရုပ်ဆောင်ခြင်းသည် အမှန်တကယ် ကျူးလွန်ပြရန် မဟုတ်ပဲ အယောင်ဆောင်ရန် သက်သက်သာ ဖြစ်သည်။ သို့သော် ရဲများက စေလွတ်လိုက် သည့် ပြည့်တန်ဆာတို့နှင့် ပျော်ပါးသူအဖြစ် အယောင်ဆောင်ရမည့် အသွင်ယူသက်သေသည် အယောင်ဆောင်ခြင်း အလုပ်ကို မလုပ်တော့ပဲ အမှန်တကယ် ပျော်ပါးသူများ ဖြစ်လျက်ရှိသည်။

ထိုကဲ့သို့ အသွင်ယူသက်သေကို ရဲတပ်ဖွဲ့က လက်သပ်မွေးထားသော သတင်းပေးများက အများဆုံး ပြုလုပ်လေ့ရှိသည်ဟု ဒုရဲအုပ်တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုဟု ဥပဒေပြဋ္ဌာန်းထားပြီး ပြည့်တန်ဆာ ပုဒ်မများ တွင် ၅(၁)ဆိုလျှင် ထောင်ဒဏ် ၁ နှစ်ခွဲ၊ အသွင်ယူဖမ်းဆီးသော ပြည့်တန်ဆာ ပုဒ်မ ၃ (ခ) ဆိုလျှင် ထောင် ဒဏ် ၁ နှစ်၊ ကျော်ကြားမှုဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇(၁) ဆိုလျှင် ခံဝန်ကတိ တို့ဖြင့် အရေးယူလျှက်ရှိသည်။

“တကယ်တော့ ပြည့်တန်ဆာ ပုဒ်မ ၃ (ခ) မှာ ပြည့်တန်ဆာအဖြစ် သက်သေပြနိုင်ဖို့ သူတို့အတူ ရှိနေသူ ရဲ အခေါ် ဖိုက်တာပေါ့ (ရဲသက်သေ) က ပြည့်တန်ဆာကို ပိုက်ဆံပေးထားတာကို သက်သေပြနိုင်ရင် လုံလောက်ပါတယ်။ ပိုက်ဆံမှာ နံပါတ်တွေမှတ်ထားမယ်။ တစ်ခုခု အမှတ်အသား လုပ်ထားမယ်။

ဒါကိုရုံးကို ပြန်တင်ပြနိုင်ပါတယ်။ ပြည့်တန်ဆာနဲ့ ပျော်ပါးဖို့ အထိတော့ မလိုပါဘူး။ အသွင်ယူ သက်သေ တိုင်းကလည်း ကောင်မလေးတွေနဲ့ မအိပ်ကြပါဘူး။ အိပ်တဲ့ လူကတော့ သူတို့ ကိစ္စပေါ့လေ။ တစ်ခါတရံမှာ ရဲက အခက်အခဲလည်းရှိကောင်း ရှိနိုင်ပါတယ်။

ကျွန်မတို့ကတော့ ဘယ်လိုအခြေအနေနဲ့ဆို အမှုခိုင်မာတယ်လို့ တစ်ထစ်ချပြောလို့မရဘူး အမှုတွဲပေါ်ပေါက် ချက်ပေါ်ကြည့်ပြီး စီရင်ဆုံးဖြတ်ရတာပါဟု ပြည်မြို့နယ် မှ မြို့နယ်တရားသူကြီး ဒေါ်မူမူအေး က ပြောသည်။

အသွင်ယူ သက်သေဖြင့် ဖမ်းဆီး ခြင်းသည် တရားရုံးသို့ အမှုတည်ဆောက် တင်ပြနိုင်ရန် အတွက် အထောက်အထားခိုင်လုံအောင် ပြုလုပ် ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်ရဲစခန်း မှ ဒုရဲအုပ် ချစ်လွင်က ပြောသည်။

''ကျွန်တော်တို့တရားရုံးကို အမှု တင်တဲ့အခါမှာ အသွင်ယူသက်သေ နှင့် ဖမ်းဆီးထား တဲ့ ပြည့်တန်ဆာ အမှုက ပိုပြီး ခိုင်မာပါတယ်။ ဒီလိုမဟုတ်ရင် ပြည်တန်ဆာ မိန်းခလေး အနေနှင့် ရှောင်ထွက်သွား နိုင်တဲ့ အခြေအနေမျိုး၊ အမှုကနေကွင်းလုံးကျွတ်လွတ်တဲ့ အခွင့်အရေးမျိုးရသွားမှာပါ'' ဟု ယင်းဒုရဲအုပ်က ဆိုသည်။

အသွင်ယူ သက်သေကို စေလွတ် ရန်အတွက် အဆင့်ဆင့်ကြီးကြပ်စီစဉ် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း အသွင်ယူသက်သေကို ငွေပေးရာတွင် လည်း ပိုက်ဆံနံပါတ်ကို မှတ်တမ်း တင်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မည်သည့်အချိန် ကာလမှပင် ပျောက်ကွယ်သွားမည် မဟုတ်သည့် ပြည့်တန်ဆာ ပပျောက်ရေး လုပ်ငန်း ကို ပြည်သူ့ရဲများက စနစ်တကျစီမံ ကိန်းများ ချမှတ်စဉ် ဆက်မပြတ်လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အလျဉ်းသင့်သလို အခါအခွင့်သင့်သလို ကြုံလျင် ကြုံသလို ပြည်တန်ဆာများကို ဖမ်းဆီးလေ့ ရှိပြီး ဖမ်းဆီးမှုတော်တော် များများကိုလည်း အသွင်ယူ သက်သေများဖြင့် ပျော်ပါး ပြီးမှသာ ဖမ်း ဆီးလေ့ရှိကြသည်။

လမ်းပေါ်က ပြည့်တန်ဆာ အမျိုးအစားများသည် ၎င်းတို့ ကျင်လည်ကျက်စားရာ ဝန်းကျင်မှ ရဲများ ကို ပြည့်တန်ဆာခေါင်းများ မှတစ်ဆင့် လိုင်းကြေး ပေးထားကြသည်။

လိုင်းကြေးဆိုသည်မှာ ၎င်းတို့ ပြည့်တန်ဆာလုပ်ငန်း လုပ်နေသည် ကို မသိချင်ယောင်ဆောင် မျက်ကွယ် ပြုပေးရန် အခကြေးငွေပေးလာဘ်ထိုးခြင်း ဖြစ်သည်။

လိုင်းကြေးယူထားသည့် ရဲ၏တာဝန်မှာ သက်ဆိုင်ရာနယ်မြေများသို့ ဖမ်းဆီးနှိမ်နင်းသူရဲများ မလာ ရောက်မီ ပြည့်တန်ဆာများကို သတင်းပေးရှောင်ရှားခိုင်းသည်။

“အခုနောက်ပိုင်းတော့ ကောင်မလေးတွေက ဝေးဝေးခေါ်ရင် မလိုက်တော့ဘူး။ သူတို့ ရင်နှီး တဲ့နေရာမှာဘဲ ကျက်စားတော့တယ်။ တချို့ ကတော့ ခေါင်းနဲ့လုပ်စားရတာ ခေါင်းပုံဖြတ် လွန်းတယ်ဆိုပြီး အုပ်စုဖွဲ့ပြီးတော့ဘဲ လုပ်စားတော့တယ်။ အခု နောက်ပိုင်း အသက် ငယ်ငယ်လေး တွေတောင် လုပ်လာတယ်။ သူတို့က သူတို့ ညီမအရင်းတွေကိုတောင် ခေါ် လာပြီး သင်ပေးကြတယ်” ဟု ပန်းဆိုးတန်းအနီးနေထိုင်ပြီး ပြည့်တန်ဆာများကို အမြဲလိုလို တွေ့နေသူ တစ်ဦးက ပြောသည်။

ပြည့်တန်ဆာများကို ဖမ်းစီးလိုက်ပါက သူတို့ကို မှီခိုနေသော မိသားစုများမှာ ဝင်ငွေမရှိတော့ သည့်အတွက် ဒုက္ခရောက်သွားသည်များ ရှိသလို မိသားစုတွင် အခြားသော မိန်းကလေးများ ရှိပါကလည်း ပြည့်တန်ဆာအလုပ်ကိုပင် ဆက်လက်လုပ်ကိုင်ပြီး ပြည့်တန်ဆာ အရေအတွက် တိုးပွားလာသည်ဟု အန်ဂျီအိုတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။

"ပြည့်တန်ဆာတွေကို ဖမ်းလည်း ဖမ်းမိတဲ့ ကောင်မလေးက ထောင်ထဲဝင်ရင် ကျန်တဲ့ မိသားစု တာဝန်ကို ထမ်းဖို့ အရွယ်ရောက်ခါစ ညီမငယ်လေးတွေက ဒီအလုပ်ကို ပခုံး ပြောင်း လုပ်ရတာဘဲ" ဟု ၎င်းကဆို သည်။

ဘိန်းဖြူမှုတွင် ရောင်းသူနှင့် ဝယ်သူနှစ်ဦးလုံးကို ဖမ်းဆီးအရေးယူနိုင်သည်။ လောင်းကစား မှုတွင်လည်း ကစားသူကိုရော ဒိုင်ကိုပါအပြစ်ပေး နိုင်သည်။ သို့သော် ပြည့်တန်ဆာ ဥပဒေ ကတော့ ပြည့်တန်ဆာတစ်ဦး တည်းကိုသာ ဖမ်းဆီးအပြစ်ပေးသည့်အတွက် ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေသည် တရားမျှတမှုမရှိဟု ရန်ကင်းမြို့နယ်နေအသက် ၄၅ နှစ် အရွယ် အိမ်ထောင်ရှိ အမျိုးသမီးက သုံးသပ်သည်။

“ပြည့်တန်ဆာကို ဖမ်းမိတဲ့အခါ သူ့နဲ့အတူ ပျော်ပါးသူကို လွှတ်ပေးလိုက်တယ်။ ဒါက ဒီဥပဒေရဲ့ အားနည်းချက်ဖြစ်နေတယ်”ဟု စာရေးဆရာပြေလွင်မြင့်က သုံးသပ်ပြောဆိုသည်။

ယင်း ဥပဒေ၏ အားနည်းချက်ကို အားကောင်းစေရန် တစ်ဖက်ပျော်ပါးသူ အမျိုးသားကို အရေးယူခြင်းသည် ရဲများအတွက် အားကောင်းသော အဂတိလိုက်စားမှုတစ်ခု တိုးလာနိုင်ပြီး၊ မုဒိန်းမှုများလည်း တိုးလာနိုင်ကြောင်း အိုင်အန်ဂျီအို ဝန်ထမ်းက ထောက်ပြပြောဆိုသည်။

အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ဆိုရာတွင် ပြည့်တန်ဆာလုပ်ငန်းမပါ ဟု မြန်မာလူမျိုးများက သတ်မှတ် ထားကြသည်။ ဒီအလုပ်ကို ပျော်လွန်း လို့ လုပ်နေခြင်းမဟုတ်ကြောင်း ပြည့်တန်ဆာ တို့က ဆိုကြသော်လည်း ၎င်းတို့အနေဖြင့် ရုန်းထွက်ရန် ခက်ခဲနေဆဲပင်ဖြစ် သည်။ ငွေအရလွယ်မှုနှင့် အခြားသော အလုပ်အကိုင်ရှားပါးမှုများ ကလည်း ပြည့်တန်ဆာလောကမှ လွှတ်မြောက်ရန် အခွင့်အရေးနည်းပါးနေပြန်သည်။

ချမှတ်ထားသည့် ပြည့်တန်ဆာပပျောက်ရေးဥပဒေ၊ ရဲများက အသွင်ယူဖမ်းဆီးမှုနည်း ဗျူဟာ များရှိသော်လည်း တိကျသည့် ကျန်းမာရေး စောင့်ရှောက်မှုမရှိသည့် ပြည့်တန်ဆာများကတော့ တိုးပွားနေဆဲပင် ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်ကလည်း လွှတ်တော်တွင် ပြည့်တန်ဆာများကို လိုင်စင်ဖြင့် တရားဝင် ခွင့်ပြုရေး အဆိုကို တင်သွင်းခဲ့သော်လည်း ဝိုင်းဝန်းဝေဖန်ခဲ့ကြပြီး အောင်မြင်မှု မရခဲ့ပေ။

ထို့ကြောင့် ပြည်တန်ဆာများ အနေဖြင့် ပြည်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကြောင့် အသွင်ယူ သက်သေ ဖြင့် မကြာခဏ အဖမ်းခံနေရသလို ပြည့်တန်ဆာခေါင်းများ၏ နှိပ်စက်မှုများကလည်း ရှိနေသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် နှစ် ၅၀ ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှစ်ပတ် လည်နေ့ အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ များနှင့် ဆက်စပ်သူများ၊ ဟိုတယ်၊ မိုတယ်၊ အလှပြင် ခန်းမ များတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို စဉ်ဆက်မပြတ် ဖော်ထုတ်ဖမ်းဆီးရေး ကို တိုးမြှင့်ဆောင်ရွက်ကြရန် ရဲတပ်ဖွဲ့သို့ တိုက်တွန်းပြောကြားခဲ့သည်။

ထိုသို့ဆိုလျှင် အသွင်ယူပျော်ပါးသူများလည်း တိုးပွားလာလိမ့်ဦးမည်ဖြစ်သည်။ ပြည့်တန်ဆာ များသည်လည်း အသွင်ယူသက်သေများနှင့် ပျော်ပါးခံရပြီး မကြာခဏ ထောင်နန်းစံ ရပေဦး မည် ဖြစ်သည်။

“အသွင်ယူသက်သေ လုပ်တယ် ဆိုပြီး အမှန်တကယ်ပျော်ပါးခဲ့သူတွေ ဟာ လိမ်လည်ပြီး ကာမကို ရယူနေသူ တွေလို့ ပြည့်တန်ဆာတစ်ယောက် ယောက်က အသိအမြင်ရလာပြီး တန်ပြန် တုံ့ပြန်ခုခံမချေပနိုင်သေးသရွေ့ တော့ ရဲတွေဘက်က အားသာချက် ရပြီး ပြည့်တန်ဆာတွေ ခေါင်းပုံဖြတ်ခံနေရအုံးမှာဘဲ”ဟု ရန်ကုန်တက္ကသိုလ် ဥပဒေဌာနမှ ဆရာမ တစ်ဦး က ပြောသည်။

သို့ရာတွင် ပြည့်တန်ဆာများ အနေဖြင့် ပြန်လည်တိုင်ကြားမှုများ မရှိကြောင်း တညီတညွတ် ထဲ ပြောဆိုကြသည်။

ထို့ပြင် ပြည့်တန်ဆာများအနေဖြင့် အဖမ်းခံရပြီးနောက်ပိုင်းတွင်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားခံရမှုများရှိသည်ဟု ပြောဆိုကြသည်။

“အဖမ်းခံရရင် အချို့ကလည်း သားပြောမယားပြောတွေပြော၊ အချို့ကတော့ ဖမ်းပြီးရင်တော့ သူတို့နဲ့ ထပ်ပြီး ပျော်ပါးပေးပြီး ပြန်လွှတ်တာမျိုးလည်းရှိသေးတယ်”ဟု ကြည့်မြင်တိုင်မြို့နယ် မှ ပြည့်တန်ဆာတစ်ဦးက ပြောပြသည်။

သို့ရာတွင် သူကိုယ်တိုင်တော့ မကြုံဖူးဟုဆိုသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က လည်း ပြည့်တန်ဆာနှင့် ပျော်ပါးနေသည့် ရဲတစ်ဦး ကြည်မြင်တိုင် ဘူတာ အနီးတွင် ရထားကြိတ်ခံရပြီး သေဆုံးခဲ့ဖူးသည်။

မည်သို့ဆိုစေ မလမင်းကတော့ လွှတ်လာပြီဖြစ်ပါသည်။ အခြားအ လုပ်ကိုင်ကိုလည်း မလုပ် တတ်သဖြင့် ဒီအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်နေ ဦးမည်ဖြစ်ပြီး အရင်းအနှီး ရလျှင်တော့ ကွမ်းယာဆိုင်လေး တစ်ဆိုင် ဖွင့်သွားမည်ဟု ဆိုပါသည်။

သူမ အရင်းအနှီးမရမီစပ်ကြား အသွင်ယူသက်သေနှင့် တွေ့လျှင်တော့ နောက်တစ်ကြိမ် အဖမ်းခံ ရဦးမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Ladies News Journal

မူလထက် ငါးဆခန့် ပို၍မြန်မည့် ဝိုင်ဖိုင်စနစ်ကို Samsung တီထွင်

Samsung မိုဘိုင်းဖုန်း ကုမ္ပဏီ မှ နည်းပညာရှင် များသည် ဝိုင်ဖိုင် လိုင်းပေါ် Data အချက်အလက်များ ဖြတ်သန်းမှု နှုန်းကို မူလ အခြေအနေ ထက် ငါးဆခန့် ပို၍ မြန်ဆန် စေနိုင်မည့် နည်းပညာ တစ်ရပ်ကို တွေ့ရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Samsung ၏ တိုတောင်းသော ကြေညာချက် တစ်ခုတွင် ၄င်းတို့၏ နည်းပညာရှင် များမှာ 60 GHz ဝိုင်ဖိုင်လိုင်းကို အသုံးပြု နိုင်စေနိုင်မည့် နည်းစနစ် တစ်မျိုးကို တွေ့ရှိ ထားကြောင်းနှင့် အဆိုပါ မြန်နှုန်းမြင့် ဝိုင်ဖိုင်စနစ် ကို နောင်နှစ်တွင် ရောင်းချ သွားမည့် ဖုန်းများတွင် ထည့်သွင်း သွားရန်အတွက် ကြိုးပမ်းလျက် ရှိကြောင်း ပြောပြသည်။

Samsung မှ အင်ဂျင်နီယာ များက အချို့သော နည်းပညာ ဆိုင်ရာ ပြဿနာ များကြောင့် ဝိုင်ဖိုင်၏ အလျင်နှုန်းမှာ 4.6 Gbps ထက် ကျော်လွန်ခြင်း မရှိခဲ့ကြောင်း ပြောပြသည်။ Samsung မှ ပညာရှင် များသည် ဝိုင်ဖိုင်လိုင်း အပေါ် Data ဖြတ်သန်းမှု နှုန်းကို လက်ရှိ အခြေအနေ ထက် ပို၍ လျင်မြန်စွာ စွမ်းဆောင် စေနိုင်ပြီး ယခုအခါ ဝိုင်ဖိုင် အချိတ်အဆက်ဖြင့် Data များကို 575 MBps ( 4.6 Gbps ) အလျင်နှုန်းဖြင့် အပြန်အလှန် ပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝိုင်ဖိုင်စနစ် များက 2.4 GHz သို့မဟုတ် 5 GHz band များ အသုံးပြုရာ အချို့ ဝိုင်ဖိုင်စနစ်များ တွင် တစ်စက္ကန့် လျှင် ဝိုင်ဖိုင်လိုင်းကို 1 GB နှုန်းဖြင့် အသုံးပြု နိုင်ကြောင်း သိရသည်။ ဝိုင်ဖိုင် ရရှိနိုင်သော ဧရိယာ များတွင် စက်ပစ္စည်းများက ချိတ်ဆက်၍ အသုံးပြု သောအခါ မတူညီသော လိုင်းခွဲ များစွာတွင် ဖြတ်သန်း နေသည့် Data များတွင် ဖြစ်ပေါ်သည့် လှိုင်းပြတ် တောင်းမှု ပမာဏ များကို နည်းပညာရှင်များက လျှော့ချ နိုင်ခဲ့ပြီး အင်တင်နာ အပေါ် တိုးတက်မှု များလည်း ပြုလုပ်နိုင်ခဲ့ သောကြောင့် လိုင်းဖြတ် သန်းမှု ကိုလည်း ပို၍ ချောမွေ့ စေနိုင်ခဲ့သဖြင့် ဝိုင်ဖိုင်ဖြင့် ပို့ဆောင် လိုက်သော Data များက ဖြတ်သန်းနေစဉ် လိုင်းပြတ် တောက်မှုကြောင့် ပျောက်ကွယ် မှုများလည်း လျော့နည်း သွားမည် ဖြစ်သည်။

ဝိုင်ဖိုင် 60 GHz နှုန်းကို အသုံးပြု သွားနိုင်မည့် စက်ပစ္စည်း များကို ၂ဝ၁၅ ခုနှစ်တွင် ရောင်းချ သွားနိုင်ရန် Samsung က စီစဉ်လျက် ရှိပြီး အဆိုပါ ဝိုင်ဖိုင် စနစ်သစ်ကို တီဗွီ၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ၊ ဖုန်းများ နှင့် အိမ်အသုံး အဆောင် ပစ္စည်းအချို့တွင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း Samsung က ဆိုသည်။

PyiChitThar

အင်္ဂလန်က ဧရာမ ကဏန်းကြီး

ဆိပ်ကမ်းမြို့ များတွင် ကရုကမာ၊ ကဏန်းများဖြင့် ပနံရနေသည်က ဓမ္မတာ သဘာဝ တစ်ရပ် ဖြစ်သည်။ ဗြိတိန်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည့်ဝှစ်စ်ဘလီမြို့ တွင် အလွန်တရာ ကြီးမားသည့် ဧရာမ ကဏန်းကြီး တစ်ကောင် ပေါ်သည်ဆိုကာ ဖမ်းမိနိုင်ရေး ကြိုးပမ်း နေကြသည်။



အွန်လိုင်းတွင် ပျံ့ နှံ့ သွားသည့် ဓာတ်ပုံတွင် ယင်းဆိပ်ကမ်းမြို့ ရေပြင်တွင် ဧရာမ ကဏန်းကြီး တစ်ကောင်ကို တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်။ ရေတွင် ကဏန်းကြီး ၏ အရိပ်ကို မြင်တွေ့ သည်မှာ အလုံးအထည်မှာ ပေ ၅၀ခန့် ရှိသည့် ကဏန်းကြီး တစ်ကောင် ဖြစ်သည်။

အဆိုပါ ကဏန်းကြီးနှင့် ပတ်သက်ကာ တချို့ က ဂျပန်ပင့်ကူ ကဏန်းမျိုး(Crabzilla)ဖြစ်သည်ဟု အခိုင်အမာ ပြောဆို နေကြ သော်လည်း လက်မခံသူများ ကမူ ရေအောက်သဲပြင် ပုံမှန် မဟုတ်သည့် သဏ္ဍန်ပေါ်ခြင်း၊ သို့မဟုတ် ပါကလည်း အတုအယောင်ထွင်လုံး တစ်ရပ်သာ ဖြစ်မည်ဟု ငြင်းဆိုကြသည်။

ဓာတ်ပုံတွင် မြင်တွေ့ ရသည်မှာ ကန့် ဆိပ်ကမ်းတွင် ငါးဖမ်းသဘောင်္များ ထားရာ ဘောတံတားနားတွင် အဆိုပါဧရာမကဏန်းကြီးကို မြင်တွေ့ ရခြင်းဖြစ်သည်။ ကဏန်းကြီးသည် ဗြိတိန် ရေပြင်တွင် တွေ့ ရသော လူအများ စားသုံး၍ ရသည့် ကဏန်း မျိုးစိတ်နှင့် ပုံစံတူသည့် ကဏန်းကြီး ဖြစ်သည်။ သို့ သော်လည်း ထိုမျိုး စိတ်မျိုးမှာ ပျမ်းမျှ ငါးလက်မ ခန့် သာ ကြီးထွား ကြသည့် ကဏန်း မျိုးစိတ်များ ဖြစ်သည့် အတွက် တွေးရခက်နေ ကြသည်။

"တပည့်တစ်ဦးပို့ လို့ ပုံကို တွေ့ ရတယ်။ ပထမတော့ ရေအောက်သဲပြင်ရဲ့ ပုံသဏ္ဍန်ကြောင့် ဖြစ်ရတယ်လို့ ထင်မိတယ်။ သေချာ ကြည့်ပြီးတော့မှ ဒါဟာ ရေနေ သတ္တ၀ါကြီး တစ်ကောင်ပဲ ဖြစ်ရမယ်လို့  ယုံကြည်မိတယ်"ဟု မြို့ ရှိပြတိုက်မှ ပြတိုက်မှုး ကွင်တန်ဝင်းတားက ပြောသည်။

ဂျပန်ပင့်ကူကဏန်းဟု ဆိုရန်မှာလည်း ယင်းကဏန်းများ၏ကိုယ်ခန္ဓာမှာ၁၂ ပေခန့် သာကြီးနိုင်ပြီးရှည်လျားသည့်လက်များရှိကာပင့်ကူတစ်ကောင်နှင့်သဏ္ဍာန် တူလှရာ ယခုတွေ့ရှိ ခဲ့သည့် ကဏန်းကြီးနှင့် ပုံစံလုံးဝ ကွဲပြားနေသည်။ ယခုဓာတ်ပုံကို Weird Whitsble ဆိုသည့် မြို့ ၏ထူးခြားဆန်းကြယ် ဖြစ်ရပ် ဓာတ်ပုံများ ကို တင်သည့် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားခြင်း ဖြစ်သည်။
 Mizzima

စီရော်နယ်ဒို၊ အွန်နရီ၊ ပီယာလိုနှင့် ရွန်နီတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ရွှေခြေထောက်ဆုကို အင်နီယေစတာ ရရှိ

မိုနာကို၊ အောက်တိုဘာ ၁၄။ ။ပြီးခဲ့သည့် တနင်္လာနေ့က မိုနာကိုမြို့တွင် ၂၀၁၄ ခုနှစ်၏ ရွှေခြေထောက်ဆုပိုင်ရှင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဘာစီလိုနာနှင့် စပိန်ကွင်းလယ်ကစားသမား အင်နီယေစတာက ဆွတ်ခူးရရှိသွားခဲ့သည်။
အသက် ၂၈ နှစ်အထက် ကစားသမားများကိုသာ ရွေးချယ်ချီးမြှင့်သော ထိုဆုအတွက် အင်နီယေစတာသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် စီရော် နယ်ဒို၊ အင်္ဂလန်တိုက်စစ်မှူးရွန်နီ၊ ပီယာလို၊ အွန်နရီ၊ နျူအာ၊ သီယာဂိုဆေးလ်ဗား၊ ရီဘာရီတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ဆုရရှိခဲ့ခြင်းဖြစ်သည်။

အင်နီယေစတာသည် ရွှေခြေထောက်ဆုကို ရရှိသည့် ပထမဆုံး ဘာစီလိုနာကစားသမားနှင့် စပိန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

အင်နီယေစတာသည် မိုနာကိုတွင်ကျင်းပခဲ့သည့် ဆုပေးပွဲအခမ်းအနားသို့ ဇနီးသည် အန်နာအော့ တစ်နှင့်အတူတက် ရောက်ခဲ့ပြီး ခြေထောက် တံဆိပ်ခတ်နှိပ် ကာ ဆုလက်ခံရယူခဲ့သည်။ “၂၀၁၄ ရွှေခြေထောက်ဆုကို ရရှိခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အင်နီယေစတာက ဆုပေးပွဲ အခမ်းအနား တွင် ပြောကြားခဲ့သည်။

ရွှေခြေထောက် ဆုအတွက် ကစားသမား များရွေးချယ် ရာတွင် အွန်လိုင်းမှ မဲပေးသည့် စနစ်ကို အဓိက အသုံးပြုခြင်း ဖြစ်ပြီး နောက်ဆုံးတွင်ကမ္ဘာ့ အားကစား ကလောင်ရှင်များက ကစားသမား၏ ကွင်းအတွင်းအောင်မြင်မှုနှင့် ကွင်းပြင်ပ နေထိုင်မှုပုံစံကို ကြည့်၍ ရွေးချယ်ခြင်းဖြစ်သည်။

၁၉၉၆ ခုနှစ်ကတည်းက ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့်အင်နီယေစတာသည်ဘာစီလိုနာအသင်းနှင့်စပိန်လက်ရွေးစင်အသင်းတို့အတွက် အောင်မြင်မှုများစွာ ယူဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ရွှေခြေထောက်ဆုကို ၂၀၀၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး အီတလီတိုက်စစ်မှူး ရော်ဘတ်တိုဘက်ဂီယိုက ပထမဆုံး ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ နှစ်က ထိုဆုကို ချယ်လ်ဆီးတိုက်စစ်မှူးဒရော့ဂ်ဘာက ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ပီအက်စ်ဂျီနှင့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ရရှိခဲ့သည်။


၂၀၁၄ ရွှေခြေထောက်ဆုအတွက် ဆန်ခါတင် စာရင်း

စီရော်နယ်ဒို၊ ရွန်နီ၊ နျူအာ၊ ပီယာလို၊ အင်နီယေစတာ၊ သီယာဂိုဆေးလ်ဗား၊ ရီဘာရီ၊ ယာယာတိုရေး၊ အွန်နရီ၊ မာတာ

ယခင် ရွှေခြေထောက်ဆု ပိုင်ရှင်များ

၂၀၀၃ ရော်ဘတ်တိုဘက်ဂီယို ဘရက်ရှား၊ အီတလီ

၂၀၀၄ နက်ဗက် ဂျူဗင်တပ်စ်၊ ချက်

၂၀၀၅ ရှက်ဗ်ချင်ကို အေစီမီလန်၊ ယူကရိန်း

၂၀၀၆ ရိုနယ်ဒို ရီးယဲလ်၊ ဘရာဇီး

၂၀၀၇ ဒယ်လ်ပီယာရို ဂျူဗင်တပ်စ်၊ အီတလီ

၂၀၀၈ ရော်ဘတ်တိုကားလို့စ် ဖီနာဘာချီ၊ ဘရာဇီး

၂၀၀၉ ရော်နယ်ဒင်ဟို အေစီမီလန်၊ ဘရာဇီး

၂၀၁၀ တော့တီ ရိုးမား၊ အီတလီ

၂၀၁၁ ရွိုင်ယန်ဂစ် မန်ယူ၊ ဝေးလ်

၂၀၁၂ အီဗရာဟီမိုဗစ်ခ်ျ ပီအက်စ်ဂျီ၊ ဆွီဒင်

၂၀၁၃ ဒရော့ဂ်ဘာ ဂါလာတာစာရေး၊ အိုင်ဗရီကို့စ်

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima

ထောင်လွတ်လာသည့် နှစ်ကြီးသမား အမေရင်းကို စကားများငြင်းခုံရာမှ ပြန်သတ်ခဲ့

အမေရိကန်တွင် လူသတ်မှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ကြာကျခံနေရသည့် နှစ်ကြီသမားတစ်ဦးသည် ထောင်မှပြန်လွတ်ခဲ့ပြီး နှစ်ရက်မြောက်နေ့မှာပင် မိခင်ရင်းနှင့် စကားများကာ ပြန်သတ်ခဲ့သည့် အမှုဖြစ်ပွားသည်။



နယူးဂျာစီပြည်နယ် အတ္တလန္တိတ်မြို့ တွင် ဂွင်းဒေါလင်းပရက်ဆိုသူ အသက် ၆၉ နှစ်အရွယ်မိခင်ကို သားဖြစ်သူ ထောင်ပြန် စတီဗင်ပရက်ဆိုသူ အသက် ၄၅ နှစ်က စကားများငြင်းခုံရာမှ သတ်ပစ်ခဲ့သည်ဟု ရဲကကောက်ချက်ဆွဲထားသည်။

ဂွင်းဒေါလင်းကို ပြီးခဲ့သည့် ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် ခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ ရှိခြင်းဖြစ်သည်။

ပရက်သည် ပြီးခဲ့သည့် သောကြာနေ့ ကမှ ထောင်က လွတ်ခဲ့ခြင်းဖြစ်သည်။ သားဖြစ်သူထောင်ကလွတ်လာသည်ကို မိခင်ဖြစ်သူက ဝမ်းပန်းတသာဖြင့် ပါတီပွဲကျင်းပကာ အိမ်အပြန်ခရီးကို ကြိုဆိုခဲ့သည်။

၁၉၈၄ ခုနှစ်အတွင်းက ပရက်သည် အိမ်နီးချင်းတစ်ဦးကို စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်အကြာတွင် ၎င်းအား လူသတ်မှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဂွင်းဒေါလင်း၏ အလောင်းခွဲစိတ်ဆရာဝန်က ခေါင်းတွင် ဒဏ်ရာကြီးစွာရရှိ၍ သေဆုံးခြင်းဖြစ်သည်ဟု ပြောသည်။ အိမ်နီးချင်းတစ်ဦးကလည်း သားအမိနှစ်ဦး ငြင်းခုံစကားများသံများကို ကြားကြောင်းသက်သေထွက်ဆိုထားသည်။

ပရက်ကို ယခုအခါတွင် ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် စစ်ဆေးအရေးယူလျက်ရှိသည်။
Mizzima

Facebook ကို အသုံးပြုနိုင်ဖို့ အတွက် သူမရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းခဲ့ရတဲ့ အဖွားအို


ဘယ်သူပဲ ဖြစ်ဖြစ် Facebook လိုမျိုး အင်တာနက် လူမှုကွန်ယက်မှာ မိမိရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့်လို့ အသက် ၁၁၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအို Anna Stoehr ကတော့ သူအသက်ကို မလိမ်ချင်ပဲနဲ့ လိမ်ခဲ့ရတဲ့ အဖြစ်မျိုး ဖြစ်ပွားခဲ့ရပါတယ်။ 

အဖွားအို Anna Stoehr ဟာ အမေရိကန်နိုင်ငံရဲ့ အနောက်အလယ်ပိုင်းမှာ ရှိတဲ့ အမှတ်စဉ် ၃၂ ခုမြောက် ပြည်နယ်တစ်ခုဖြစ်သော မင်နီဆိုတာ(Minnesota) ဆိုတဲ့ ပြည်နယ်မှာ နေထိုင်ပါတယ်။ အဖွားအို ရဲ့ အသက်ဟာ ယခု တနင်္ဂနွေနေ့ဆိုရင် အသက် ၁၁၄ နှစ် ပြည့်မြောက်မှာ ဖြစ်ပါတယ်။ သူမရဲ့ ယခင် ချစ်သူ ဖြစ်ခဲ့တဲ့ သူကတော့ Verison မှာ အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေတဲ့ Joseph Ramireza ဆိုတဲ့သူ ဖြစ်ပါတယ်။ သူက အဖွားအို ရဲ့ အသကပ် ၈၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သား တစ်ယောက်ကို သူရဲ့ iPhone ကို ရောင်းပေးခဲ့သူလဲ ဖြစ်ပါတယ်။ ယခုအခါမှာ အဖွားအို Anna Stoehr ဟာ သူမရဲ့ အိမ်မှာ နပ်စ်မတစ်ဦးအကူအညီနဲ့ နေထိုင်နေပြီး သူမဟာ အီးမေးလ် ၊ အပါအ၀င် Google ကို ဘယ်လို အသုံးပြုရလဲဆိုတာကို လေ့လာသင်ကြားနေပြီး Apple ရဲ့ FaceTime ဗီဒီယို chat ကို အသုံးပြုသလို Facebook ကိုလဲ ချိတ်ဆက်ခဲ့ကြောင်း ပြည်တွင်းသတင်း ဌာန တစ်ခု ဖြစ်သည့် KARE11 စီးရီး အစီအစဉ် တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

အဖွားအိုအနေနဲ့ Facebook ကို စတင်အကောင့်လုပ်ကာ ချိတ်ဆက်ဖို့အတွက် မလွယ်ကူခဲ့ပါဘူး။အဲ ဒီ အတွက် အဖွားအိုဟာ Facebok ရဲ့ စီအီးအို ဖြစ်တဲ့ ဇူကာဘက် ကို အပြင်တင်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဖွားအိုရဲ့ အသက်ဟာ ၁၉၀၅ ခုနှစ် မှာ မွေးဖွားခဲ့တာမို့ လာမည့် တနင်္ဂနွေဆိုရင် အသက် ၁၁၄ နှစ် ပြည့် မှာ ဖြစ်ပေမယ့် Facebook ရဲ့ အသက်ဖြည့်စွက်ရတဲ့ နေရာမှာ ခုနှစ်က ၁၉၀၀ ခုနှစ်အထိပဲ ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် သူမကို Facebook က သူငယ်ချင်းတွေ 
မိတ်ဆွေတွေက လာမည့် တနင်္ဂနွေဆိုရင် အသက် ၉၉ နှစ်ပြည့်မယ်ဆိုပြီးပဲ ပြောကြတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အဖွား အိုဟာ 
သူရဲ့ ရည်းစားဟောင်း ဖြစ်ခဲ့တဲ့ Ramireza ရဲ့ အကူအညီနဲ့ Facebook ကို စာရေးခဲ့ပါတယ်။ အဆိုပါစာကတော့ ရိုးစင်းပြီး တို တိုလေးပဲ ဖြစ်ပါတယ်။ " I'm still here" ဆိုတဲ့ စကားလုံးလေးပဲ ဖြစ်ပါတယ်။

Ref : cnet

မုန်းဒေသမှာ အမျိုးသမီးတဦး အသတ်ခံရ



၂၀၁၄ ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ နံနက် (၇)နာရီခန့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းနယ်မြေရဲစခန်း၌ ဒုရဲအုပ် တိုးဝေကျော် တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် မုန်းနယ်မြေ ရဲစခန်း၏ မြောက်ဘက်(၁၇)မိုင်ခန့်အကွာ တောဘုအုပ်စု ဇီးကုန်းကျေးရွာ၏ အရှေ့ဘက် (၆)ဖါလုံခန့်အကွာ ၌လူသတ်မှု့ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှူး ခင်စိုးလွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်မင်း တာဝန်မှူးဒုရဲအုပ်တိုးဝေကျော် နယ်ထိန်းတပ်ကြပ်ဝင်းနိုင် နှင့်ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာနေရာသို့ချက်ခြင်း သွားရောက်စစ်ဆေး ခဲ့ပါသည်။

ဖြစ်စဉ်မှာ မုန်းဒေသ တောဘုအုပ်စု ဆင်ဆိပ်ကြီးကျေးရွာနေ မစန္ဒာဝင်း(၂၃)နှစ်(ဘ)ဦးဝင်လှိုင်မှာ အောက်တိုဘာ (၁၂)ရက်နေ့ည (၉)နာရီခန့်တွင် ၎င်းနေထိုင်ရာအိမ်နှင့် ကပ်လျက် ကိုဝင်းကို၏ နေအိမ်မှာ ပေါ်တေဘယ် ဖြင့် ဗီဒီယိုကြည့်နေရာမှ အိမ်အောက်ဆင်းသွားကြောင်း မိဘများမှ အရင်ကလဲ ဗီဒီယိုသွားကြည့်ပြီး ပြန်လာအိပ်သည်ဖြစ်ရာ မိဘများလည်း အိပ်ပျော်နေခဲ့ပြီး မနက်မိုးလင်း အိပ်ယာနိုးချိန် သမီးဖြစ်သူ ပြန်လာအိပ်ခြင်း မရှိသည်ကိုသိရှိကာ ယောက်ကျားနောက် လိုက်ပြေးသည်ထင်ကြောင်း သမီးဖြစ်သူတွင် ချစ်သူရည်းစား ရှိသည် မရှိသည်ကိုလည်း မသိရှိကြောင်း ယခု ပြန်မလာသဖြင့် စုံစမ်းနေစဉ် (၁၃)ရက်နေ့မနက်(၇)နာရီခန့် ဆင်ဆိပ်ကြီးကျေးရွာနှင့် (၂)မိုင်ခန့်အကွာ ဇီးကုန်းကျေးရွာ၏ အရှေ့ဘက်(၆)ဖါလုံခန့်အကွာ ဇီးကုန်းရွာနေ ကိုမျိုး၏ တောင်ယာခင်းအတွင်း သေဆုံးနေကြောင်း ဦးတင့်လွင်(ဆင်ဆိပ်ကျေးရွာ)နေသူမှ လာရောက် သတင်းပေးသဖြင့် မုန်းနယ်မြေရဲစခန်းသို့ဖုန်းဆက် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး အခင်းဖြစ်စဉ်နေရာအား သွားရောက်စစ်ဆေးခဲ့ရာ မစန္ဒာဝင်းမှာ ပက်လက်အနေအထားဖြင့် လည်ပင်းညိုမဲ ဒဏ်ရာဖြင့် သေဆုံးနေပြီး အလောင်း၏ ဘေးပတ်လည်၌ ရုန်းရင်းဆန်ခတ် ဖြစ်ထားကာ မြက်များ ကြေမွနေကြောင်း ၎င်း ဝတ်ထားသော ငွေဒါးတံဆိပ် အဖြူရောင်ဖိနပ် တစ်ရံ နှင့် ခရမ်းရောင်ဘီးတစ်ချောင်း သုံးထောင့်ထိုး ဓါတ်မီးတစ်လက်တို့တွေ့ရှိရပြီး ဝတ်ထားသော ထမီမှာလည်းအောက်သို့ လျှောကျ ကာ ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း မြင်တွေ့ရသဖြင့် အခင်းဖြစ်စဉ်နေရာအား မြေပုံကြမ်းရေးဆွဲခြင်း မှတ်တမ်းဓါတ်ပုံရိုက်ခြင်း သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း စသည့်ရဲလုပ်ငန်းအပြည့်အစုံဆောင်ရွက်ကာ အလောင်းရဲဆေးစာဖြင့် မုန်းတိုက်နယ်ဆေးရုံသို့ ပိုဆောင်၍ဆေးစစ်ချက်များရယူခဲ့သည်။

ဖြစ်စဉ်နှင့်ပက်သက်၍ သေဆုံးသူ မစန္ဒာဝင်း၏ ဖခင်ဖြစ်သူ ဦးဝင်းလှိုင်မှ သမီးဖြစ်သူအား သတ်ခဲ့သည့်တရားခံအားဖေါ်ထုတ်အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မုန်းနယ်မြေရဲစခန်းမှ (ပ')၆၃/၂၀၁၄ ပြစ်မှု့ပုဒ်မ ၃၀၂ ဖြင့် အမှု့ဖွင့် ကာ စခန်းမှူးရဲအုပ်ခင်စိုးလွင် မှ လူသတ်တရားခံအား အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေး နေကြောင်းသတင်းရရှိသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာ)

BY THIT HTOO LWIN

လိပ်ကျွန်း လူသတ်မှု တရားရုံးမှာ စွဲချက်တင်တော့မယ်

လိပ်ကျွန်းလူသတ်မှုကို အကြီးအကျယ် ဝေဖန်နေချိန်မှာပဲ အောက်တိုဘာလ ၁၄ ရက်နေ့မှာတရားစွဲ ဆို
ရေး အဖွဲ့က မြန်မာ လူငယ် ၂ ဦးကို ဗြိတိန် ၂ ဦးသတ်မှုနဲ့ စွပ်စွဲကာ မျက်မြင် သက်သေ ၃ ဦးနဲ့ တကွ တရားရုံးမှာ စွဲချက်တင်တော့မှာဖြစ်တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဖော်ပြလာပါပြီ။ 


လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသား နှစ်ဦး (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)


အစိုးရ တရားလိုပြ သက်သေကလည်း များများ စားစား သိပ်မရှိပဲ အခုလို တရားစွဲမှာဖြစ်လို့ မြန်မာ နိုင်ငံ သား ၃ ဦးဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေ တရားရုံး မှာ အင်္ဂါနေ့မှာ တရားခွင်အကြို မေးမြန်း 
လျှောက်လဲချက်တွေ ပေးဖို့ ရောက်လာနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ 

ထိုင်းရဲက ဖမ်းဆီးထားတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ဟာ အသက် ၂၃ နှစ်အရွယ် ဗြိတိန်သူ မစ္စ ဟန်နာ ဝစ် သရစ်ခ်ျကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်မှု၊ အသက် ၂၄ နှစ်အရွယ် မစ္စတာ 
ဒေးဗစ်မီလာအား သတ်ဖြတ်မှုတို့ နဲ့ လူသတ်တရားခံ အဖြစ် ထိုင်းရဲက စွပ်စွဲထားပြီး မောင်မောင်ကိုတော့ အစိုးရတရားလို သက်သေအဖြစ် သတ်မှတ်ထား တာပါ။ 

မာင်မောင်ရဲ့ ပြောဆိုချက်နဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ချ ကာ ထိုင်းရဲက ဖမ်းဆီးလိုက်တဲ့အပေါ် အကြီးအကျယ်ဝေဖန်နေပေမယ့် ထိုင်းရဲကလည်း ဒါကို ခုခံ ကာကွယ်ပြောဆိုမြဲ ပြောဆိုနေတာပါ။ 

အောက်တိုဘာလ ၁၄ ရက်နေ့ တရားခွင်မှာတော့ မောင်မောင်ဟာ ဘာမှ ပြန်ပြောမယ့် ပုံစံမရှိဘူးလို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

လူသတ်မှုဖြစ်ပွားချိန်တုန်းက သူက အခန်းပြန်သွားတဲ့အတွက် လူသတ်မှုနဲ့ပတ်သက်ပြီး သူ ဘာမှ မမြင် သိဘူးလို့ မောင်မောင်က မြန်မာသံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ခဲ့စဉ်တုန်းက ပြောပြခဲ့ပါတယ်။ 

ပြီးတော့ မောင်မောင်ရဲ့ မြန်မာသံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့စဉ်ပြောတာက အခန်းဖော် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ အခန်းပြန်ရောက်လာတုန်းကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘူးလို့ ပြောထားပါ တယ်။ 

ထိုင်းအစိုးရက ပြမယ့် ဒုတိယ သက်သေတဦးကတော့ အခင်းဖြစ်တဲ့နားက Resort မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတဦးပါ။

ဗြိတိန် ၂ ဦး အသတ်ခံရတဲ့နေရာနားမှာ သူက ကမ်းနားက ဂီတာတီးသံကြားတယ်ဆိုတာ ပြောထားသူပါ။ အခု လူသတ်တရားခံအဖြစ်နဲ့ စွပ်စွဲခံထားရသူတွေဟာ လိပ်ကျွန်းပေါ်မှာ ဂီတာတီးနေကျဆိုတာ လူတိုင်း သိကြတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

တတိယ အစိုးရ တရားလို သက်သေတဦးကိုလည်း အင်္ဂါနေ့ တရားခွင်မှာ စစ်ဆေး ကြားနာဖို့ ရှိပြီး မြန်မာ အမျိုးသား တဦး ဖြစ်တယ်လို့သာ သိရပြီး သူ့အကြောင်း နာမည်အပါအဝင် အသေးစိပ်ကို ထုတ်ပြန်ထား တာ မရှိဘူးလို့ ဘန်ကောက်ပို့က ဆိုပါတယ်။ 

အမှတ် ၈ ခရိုင် တရားစွဲဆိုရေး ဌာန ညွှန်ကြားရေးမှူးချုပ် Tawatchai Siangjaew က ပြောတာ ကတော့ 
မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ရုံးချိန်းကို လာရောက် မှာဖြစ်သလို သူတို့အတွက် ရှေ့နေ လည်း စီစဉ်ပေးထားပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။ 

သူက ဆက်ပြောတာက တရားစွဲဆိုရေးအဖွဲ့အနေနဲ့ တရားခွင် အကြို အဖြစ် သက်သေတွေကို လုပ်ထုံး လုပ်နည်း အရ စစ် ဆေး မေးမြန်းကြားနာဖို့ ရှိပြီး တရားလိုပြ သက်သေတွေဟာ နိုင်ငံခြားသားဖြစ်လို့ စစ်ဆေးချက် ထွက်ဆိုပေးပြီးရင် မိခင်နိုင်ငံကို ပြန်ကောင်း ပြန်ရနိုင်တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားပါတယ်။ 

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး အထောက်အထားတွေ ဒီထက်ပိုပြီး ပြည့်စုံအောင် လုပ်ဆောင်လာဖို့ ရဲတပ်ဖွဲ့ကို သူတို့ တောင်းဆိုထားတာ အခုထိ မပို့လာသေးကြောင်း၊ နောက်တပတ်လောက်မှာတော့ ပို့လာမယ်လို့ မျှော်လင့်တဲ့အကြောင်း လည်း သူက ဆက်ပြောထားပါတယ်။ 

အခု တရားရုံး တင်မယ့် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာပဲ လိပ်ကျွန်း လူသတ်မှု ကိစ္စနဲ့ ဖမ်းဆီး ခံ မြန်မာတွေ ကိစ္စကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်၊ ဗြိတိန်သံအမတ်နဲ့ ထိုင်း ဘုရင့်ရဲတပ်ဖွဲ့တို့ ၃ ပွင့် ဆိုင် တွေ့ဆုံမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

အခု လိပ်ကျွန်း လူသတ်မှု ကိစ္စမှာ အဓိက ကွင်းဆက်ဖြစ်သူ ရှောင်မက်အန်နာကို လိပ်ကျွန်း လူသတ်မှု ကိစ္စ စဉ်ဆက်မ ပြတ် သုံးသပ်တင်ပြနေတဲ့ ထိုင်း လူမှု ကွန်ရက် စာမျက်နှာ CSI LA က အမှုနဲ့ပတ်သက်ပြီး သိလိုတာတွေ မေးမြန်းထားတာကို ရှောင် က ပြန်လည်ဖြေကြားခဲ့တာမှာ အခု မြန်မာ လူငယ် ၂ ဦး က ပြစ်မှု ကျူးလွန်းတယ်ဆိုတာ ဘယ်သူ တဦး တယောက်ကမျှ မယုံကြည်ကြပါဘူးလို့ ပြန်ပြော ထားပါ တယ်။ 

ရှောင်မက်အန်နာနဲ့ CSI LA တို့ ပြောဆိုထားချက်ကို CSI LA က အခုလို ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ် ~
ဧရာဝတီ 

IS အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်သည့် စာရွက်များ ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ်ပြေးဆွဲသည့် လေယာဉ်ပေါ်မှ သိမ်းဆည်းရမိ


ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ်ပြေးဆွဲသည့် KBZ လေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါလာသော နိုင်ငံခြားသားဧည့်သည် ကျန်ခဲ့သည့် IS အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်သည့် စာရွက်များ ယင်းလေယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“မနက် ၈ နာရီလောက်က တံတားဦးလေဆိပ်မှာ လေယာဉ်သန့်ရှင်းရေးလုပ်ရင်း IS နဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့ရတာပါ။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ လက်နက်အင်အား၊ နယ်မြေအခြေအနေ၊ ဘဏ္ဍာငွေတွေ၊ လူအင်အားစတာတွေ ရေးသားထားတာ။ ဒါပေမဲ့ ဒါတွေက အွန်လိုင်းမှာ ဒေါင်းလော့ဆွဲကြည့်လို့လည်းရတယ်။ တွေးကြည့်တာပါ။ အဲဒီစာရွက်တွေ သယ်ဆောင်လာပြီး နိုင်ငံခြားသားဆင်းနေခဲ့တဲ့ ညောင်ဦးကို စောင့်ကြည့်စုံစမ်းနေပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က ဆိုသည်။

အဆိုပါလေကြောင်းလိုင်းခရီးစဉ်တွင် နိုင်ငံခြားသား ၁၂ ဦးအုပ်စုပါဝင်ကာ နံနက် ၆ နာရီတွင် ညောင်ဦးလေဆိပ်၌ ဆင်းနေခဲ့ကြောင်းနှင့် နံနက် ၈ နာရီခန့်က မန္တလေးတံတားဦးလေဆိပ်တွင် လေယာဉ်စစ်ဆေးရင်းမှ သိရှိရပြီး လေကြောင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီ ခန့်က နောင်ချိုမြို့ စစ်ဆေးရေးဂိတ်တွင် နမ့်ခမ်း-မန်းခရီးသည်တင်ယာဉ်ဗင်ပေါ်မှ ဒီဗွီဒီစက်ဟောင်းအတွင်း ဒီတိုနေတာ ၂၉ လုံး (ဝိုင်ယာ ၂စပါ၊ ငါးမူးလုံးအရှည် ၁ ဒသမ ၅ လက်မ)၊ ဒစ်ဂျစ်တယ် တိုင်ဘာသုံးခု၊ ကိုး ဗို့ဓာတ်ခဲခြောက် ကိုးလုံးနှင့် ယမ်းကြိုးသုံးကိုက် သယ်ဆောင်လာမှုကို ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာကစစ်ဆေးနေပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
EMG

မျက်လုံးရိုင်းတို့ ရာဇ၀င်

လူသားတို့သည် အမြင် အကြား နေသားကျမှုများတွင် ပျော်ဝင်နေရာက တခုခု ထူးခြားလာပြီ ဆိုလျှင် မျက်လုံးရိုင်းတို့ သည် စူးစမ်းမှုနှင့် လူးလွန့်လာတတ် စမြဲဖြစ်သည်။ 
ထို့အတူ ဖန်တီးမှုသစ်၊ အတွေးအခေါ်သစ်၊ တင်ပြမှုသစ်များနှင့် ထိတွေ့ရသည့် အခါတွင်လည်း မျက်လုံးရိုင်းတို့သည် ပွင့်နိုးလာကြမြဲပင်။ 
ယင်း သဘောကို တက္ကသိုလ် ပရ၀ုဏ် အတွင်းမှ စတင်ခဲ့သည့် Wild Eye အနုပညာအုပ်စု၏ အနုပညာ ဖြတ်သန်းမှုကို ကြည့်လျှင် ထင်ရှားစွာ မြင်နိုင်သည်။
၎င်းတို့ သည် ဖန်တီးတင်ပြမှု၊ အတွေးအခေါ် အယူအဆ ဆန်းသစ်မှုများနှင့် ခေတ်သစ်မြန်မာ့ ပန်းချီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး၊ ကန့်သတ်မှု အမျိုးမျိုး၊ မွန်းဖွဲ့ခံရမှု အဖုံဖုံကို ဖြတ်သန်းခဲ့ရသည်။


Wild Eye အုပ်စု စတင်ရာမှ နှစ်ပေါင်း ၄၀ အတွင်း ကန့်သတ်ပိတ်ပင် တားဆီးမှု အဖုံဖုံအောက်တွင် ၎င်းတို့၏ အနုပညာလမ်းကို တိုးချဲ့လွှင့်ထူရန် လှုပ်ရှားကြိုးပမ်းခဲ့သည်။ 
ယခု ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၂ မှ၂၇ အထိ Wild Eye အနုပညာအုပ်စု၏ ၁၂ ကြိမ်မြောက် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ် န၀ဒေးလမ်း အမှတ် ၂၃ ရှိ `သင့်´ (Think) ဂယ်လာရီတွင် တင်ဆက် ပြသနိုင်ခဲ့ပါသည်။ 

Wild Eye အုပ်စု စတင်ခဲ့ပုံနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ် နိုဝင်ဘာတွင် လိပ်ခုံးခန်းမတွင် ပထမဆုံး ပြပွဲပြသနိုင်ခဲ့ ကြောင်း၊ ဦးဆောင်ပါဝင်သူ ပန်းချီဆရာ ၁၂ ဦးမှာ စံမင်း၊ အောင်ကျော်ဝင်း၊ အင်ဒရူး၊ တင်မောင်ဆွေ၊ ဇေယျာမျိုးသန့်၊ အောင်ခိုင်၊ ရွှေဝင်းမောင်၊ ၀င်းဖေမြင့်၊ အောင်ကျော်မိုး၊ တင်ဝင်းနှင့် ကြီးမြင့်စော တို့ ဖြစ်ကြောင်း ပန်းချီဆရာ စံမင်းက ပြောပြပါသည်။

`အဲဒီတုန်းက ပြပွဲ စိစစ်ရေးက တင်းကြပ်လွန်းတော့ တချို့လည်း အတွေးအိုင်ဒီယာသစ်နဲ့ ရေးဆွဲတာတွေ ရှိပေမယ့် ပယ်ချခံရမှာ စိုးရိမ်တော့ မပြတော့တာတွေ၊ မရေးတော့တာတွေ ရှိသလို၊ တချို့လည်း ပယ်ပယ် မပယ်ပယ် ဆက်ရေးဆွဲတဲ့ သူတွေလည်း ရှိပါတယ်။ ကျနော့် ပန်းချီကား တော်တော်များများဟာ ပြသခွင့် မရခဲ့ပါဘူး။ 
အခုကျတော့ နည်းနည်း ပြောင်းသွားပြီလို့ ဆိုနိုင်တယ်။ 
လွတ်လပ်လာသလောက် ကျနော်တို့ ဖန်တီးမှုတွေလည်း ပိုမိုကောင်းမွန် ပြည့်စုံလာမှာပါ´

ထိုစဉ်က အနုပညာလှုပ်ရှားမှု တခုအဖြစ် ပြပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လူငယ်မျိုးဆက်သစ် ပန်းချီ သမားများကို ၀မ်းပမ်းတသာ လက်တွဲခေါ်ဆောင်ဖို့ ရည်ရွယ် လုပ်ဆောင်ကြောင်း ၎င်းက ပြောဆိုသည်။ 


ပထမဆုံး ပြပွဲနောက် ၈ နှစ်အကြာ ၁၉၈၂ ခုနှစ်တွင် ဒုတိယ အကြိမ် Wild Eye II Modern Art Exhibition ကို လိပ်ခုံးခန်းမတွင် ပြသနိုင်ခဲ့ကြောင်း၊ ၁၉၈၃ ခုနှစ်မှာ တတိယအကြိမ် ပြသနိုင်ခဲ့ကြောင်း သိရပါသည်။ 
၎င်းတို့၏ စတုတ္ထနှင့် ပဉ္စမအကြိမ်ပြပွဲများကို Modern အစား Contemporary ဟု ပြောင်းကာ ၂၀၀၇ ခုနှစ်ရောက်မှ ပြန်လည် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှ စကာ နှစ်စဉ်ဆက်တိုက် ပြန်လည် ပြသနိုင်ခဲ့ကြောင်း သိရသည်။ 

ဦးစီး စုစည်းတင်ဆက်သူ (Organizer) နှစ်စဉ် ပြောင်းလဲ၍ ပြပွဲများကို စီစဉ်ခဲ့သည်မှာလည်း Wild Eye အဖွဲ့၏ ထူးခြားသည့် အစီအစဉ်ဟု ဆိုရပါမည်။ 
ယခုနှစ်၏ ပြပွဲဦးစီး တင်ဆက်သူက ပန်းချီဆရာ သန်းဌေးဖြစ်ပြီး၊ ပန်းချီနှင့် ပန်းပုဆရာ ၃၂ ဦးတို့၏ အနုပညာလက်ရာ ၁၀၃ ခုကို စုစည်းတင်ဆက် နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ယခု နှစ်တွင် အဖွဲ့ဝင်သစ် ၅ ဦး ပါဝင်လာပြီး အဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်၍ ၎င်းက - `အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ တင်းတင်းကျပ်ကျပ် ချမှတ်ထားတာတွေတော့ မရှိပါဘူး။ 
အရေးကြီးတာက ပန်းချီကို စွဲစွဲမြဲမြဲ စူးစူးနစ်နစ် လုပ်နေသူ ဖြစ်ဖို့နဲ့ သမရိုးကျပုံဖော် ဖန်တီးမှုထက် ဆန်းသစ်ဖန်တီးတဲ့ လက်ရာတွေကို အထူးပြု ရွေးပါတယ်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေကို လက်တွဲခေါ်ယူ အားပေးပြီး ပန်းချီအနုပညာ ကျယ်ပြန့်ရေး ကြိုးပမ်းတဲ့ လှုပ်ရှားမှု ပြပွဲတွေ ဖြစ်အောင် စုစည်းပါတယ်´ ဟု ပြောသည်။ 



Wild Eye အဖွဲ့ဝင်သစ်တို့ လက်ရာများ
အဖွဲ့ဝင်သစ် ၅ ဦးမှာ ပန်းချီဆရာ ခက်ထန်၊ ကိုစစ်နှင့် ပန်းချီဆရာမ အုံအုံ၊ ၀င့်သန္တာ၊ နေခြည် တို့ ဖြစ်သည်။ 

ပန်းချီဆရာမ အုံအုံ၏ ပန်းချီကားများတွင် မတူညီသည့် (သက်ရှိ/သက်မဲ့) အရာဝတ္ထု ၂ ခုကို ယှဉ်တွဲရေးဆွဲ တင်ပြ ထားသည်ကို တွေ့ရပြီး တတိယ အတွေးစိတ်ကူးပုံစံ တမျိုး ရရှိစေနိုင်သော ရိုးစင်းသည့် တင်ပြမှု ဖြစ်သည်။ သူမ သုံးစွဲသည့် အရောင်များကြောင့် Surreal Mood ကို ရစေခြင်း ဖြစ်သည်။ 
သို့သော် ယခင် ပြသခဲ့သည့် သူမ၏ တကိုယ်တော် ပြပွဲ ပန်းချီလက်ရာများနှင့် သိသိသာသာ ပြောင်းလဲလာမှု ဟူ၍ များစွာ မတွေ့ရပါ။ 

ပန်းချီ ရေးဆွဲလာသည့် တက်တူးပညာရှင် ကိုစစ်က တက်တူးကို Detail (အသေးစိတ်) ရေးထိုးသူ ဖြစ်သည်။ သို့သော် ပန်းချီဆွဲရာတွင် လျှပ်တပြက် စိတ်ခံစားမှုကို အခြေခံသည့် Abstract ပန်းချီကားများ ရေးဆွဲသည်ကို တွေ့ရ သည်။ 
၎င်းသည် ပန်းချီကား ၀ယ်ယူစုဆောင်းသူ တဦးလည်း ဖြစ်ပြီး Myanmar Ink ဂယ်လာရီကို ဖွင့်လှစ်ထား သူ ဖြစ်သည်။ 
ပန်းချီကား ရေးဆွဲရန် ပြင်ဆင်မှုနှင့် ပတ်သက်၍ `ဘာ ရေးဖို့ စိတ်ကူး ရှိသလဲ ဆိုတာ ကိုယ့်ကိုယ်ကို မေးတယ် (ကိုယ့်စိတ်ကိုယ် ကြည့်တယ်)၊ 
အဲဒီမှာ တခုခု ရေးဖို့ စိတ်မှာ ဖြစ်နေတာ သေချာ သိပြီဆိုရင် အဲဒီ အတိုင်း ချရေးတာပါ´ ဟု ဆိုသည်။ 
သူ၏ ပန်းချီကားများ Color Composition အားပြုသည့် Abstract ပန်းချီကားများ ဖြစ်သည်။ 


ပန်းချီဆရာမ ၀င့်သန္တာ၏ ပန်းချီကားများမှာ စိတ်ဝင်စားစရာ ကောင်းသည်။ Realism ပန်းချီကားများ ဟု ချက်ချင်း သိသာစေသော်လည်း ယင်းထက် ပိုလွန်ထူးခြားသော ဖန်တီးမှုများ ပါဝင်နေ သည်ကို သေချာကြည့်လျှင် တွေ့ရသည်။ 
အမျိုးသမီးပုံ (Figure) နှင့် သစ်ထွင်းကနုတ်ပန်းများ ယှဉ်တွဲကာ လိုင်းတို့၏ သွယ်နွဲ့ပျော့ပျောင်းမှု၊ အသားစိုင်တို့၏ ပျောအိ နူးညံ့မှု သဘာဝကို ရေးဆွဲတင်ပြထားသည်။ 

ပန်းချီဆရာ ခက်ထန်၏ ပန်းချီကားများသည် ကိုယ်ပိုင်ဟန် သီးခြားရှိသည့် ပန်းချီကားများဟု ဆိုနိုင်သည်။ လိုင်း အကွေးများ၊ Subject အကွေး အတွန့်များဖြင့် (Distorted လုပ်) ဖန်တီးထားသည့် အခန်းအတွင်းသို့ ထိုးဖောက် တိုးဝင်လာသည့် အလင်းအမျှင် အလင်းတန်းများကြောင့် ဆွဲဆောင်မှု အားကောင်းသည်။ အခန်းအတွင်း Atmosphere ကြောင့်လည်း အထီးကျန်ဆန်မှု၊ ငြိမ်သက် စိုးထိတ်မှု၊ မရေရာမှုများနှင့် နှောင်ငင်စွဲလမ်း ခံစားမှုများ ရစေတာ တွေ့ရပါသည်။
သူ တည်းခိုနေထိုင်ခဲ့ဖူးတဲ့ အခန်းတွေကို ပြန်လည်ရေးဆွဲတင်ပြခြင်း ဖြစ်ကြောင်း ပြောသည်။

မျက်လုံးရိုင်းတို့သည် ဖန်တီးတင်ပြမှု၊ အတွေးအခေါ် အယူအဆ ဆန်းသစ်မှုများနှင့် ခေတ်သစ်မြန်မာ့ ပန်းချီ လှုပ်ရှားများကို ဆက်လက်ဦးဆောင် နေဦးမည် ဖြစ်သည်။ ။ 

နိုင်စွမ်း 






ဧရာဝတီ 

ရွှေဝယ်ဟန်ဆောင်ပြီး လုပြေးသည့်လူငယ်ကို ချက်ချင်းဖမ်းမိ

လုယက်ထွက်ပြေးသည့် လူငယ်ကို ဖမ်းဆီးသွားစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

လသာမြို့နယ် ၂၂ လမ်းထိပ်ရှိ တိုင်အုံရွှေဆိုင်တွင် ရွှေလာဝယ်သည့် အသက် (၂၀) အရွယ်လူငယ်တစ်ဦးက ငါးမူးသားရှိရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးရာ ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလူငယ်သည် ရွှေ ဝယ်ရန်ဟန်ဆောင်ပြီး ငါးမူးသားရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးရာ ရွှေဆိုင်အနီးရှိလူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ယင်းလုယက်မှုမှာ အောက်တိုဘာ ၁၃ ရက်နံနက် ၁၀ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ကောင်လေးက ငယ်သေး ပါတယ်။ သူက ရွှေဝယ်ချင်ယောင်ဆောင်ပြီး လုယူထွက်ပြေးတာလို့ သိရပါတယ်။ ချက်ချင်းပဲဖမ်းမိ တာပါ’’ဟု လသာမြို့နယ်ရဲတပ်ဖွဲ့ မှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ရွှေဆွဲကြိုးလုယူထွက်ပြေးသူလူငယ်ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း လသာမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။

‘‘အန်တီတို့က ပြဿနာမရှိ ပါဘူး။ အမှုကို ကျေအေးပေးချင် ပါတယ်။ ကလေးကငယ်သေး တော့ အမှုတွေဘာတွေလည်း မလုပ်ချင်ပါဘူး’’ဟု တိုင်အုံရွှေ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
7 Day

"ကျွန်မသားလေးကို ကြည့်လို့ရမလား.."


အနှီးနဲ့ထုပ်ထားသော မွေးကင်းစကလေးကို မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ အသာအယာ ထည့်ပေးလိုက်ကြသည်။ မိခင်က ကလေးရဲ့မျက်နှာကို မြင်ရအောင် အနှီးစလေးကို သပ်လိုက်သောအခါ ဆရာဝန်မှ အလျင်အမြန် မျက်နှာလွှဲလိုက်ပြီး ဆေးရုံပြတင်းပေါက်ကို အဓိပ္ပါယ်မရှိ ငေးကြည့်နေလိုက်သည်။ ကလေးသည် ချစ်စရာကောင်းသော ကလေးတစ်ယောက်ဖြစ်သည်။ ဘ၀ကံအကြောင်းမလှပသောကြောင့်သာ နားရွက်တစ်ဖက် ပါမလာခဲ့ခြင်းဖြစ်သည်။


အချိန်တန်၍ကလေးကို စမ်းသပ်ကြည့်သောအခါ ကလေးမှာ အကြားအာရုံ ပုံမှန်အတိုင်းကောင်းမွန်ကြောင်း တွေ့ရသည်။ နားရွက်တစ်ဖက်၏ အပြင်ပိုင်းသာ မွေးရာပါ ပါမလာခြင်းဖြစ်သည်။ အဆိုးထဲက အကောင်းဟုပင် ပြောနိုင်သည်။ ကျောင်းတက်သည့်အရွယ်သို့ ရောက်သောအခါ ကလေးကျောင်းမှ ပြန်လာတိုင်း မိခင်ဖြစ်သူ တွေးမိသည့်အချက်တစ်ချက်ရှိသည်။ ကလေးကြီးလာသောအခါ ဘ၀တွင် စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေ အများကြီး ကြုံတွေ့နိုင်သည်ဟူသော အချက်ဖြစ်သည်။

ကောင်လေးအသက်တဖြည်းဖြည်းကြီးလာသည်။ နားရွက်တစ်ဖက် မပါသည်ကလွဲလျှင် ကောင်လေး၏ ဘ၀သည် ကုသိုလ်ကံ အလွန်ကောင်းသည်ဟုပြောနိုင်သည်။ ကောင်လေးသည် ရုပ်ရည်ချောမောပြေပြစ်သည်။ ကျောင်းတွင် နာမည်ကျော်ကြားသည်။ ကျောင်းစာထူးချွန်သည်။ ဂီတအနုပညာတွင် ထူးချွန်သည်။ အမေဖြစ်သူက သားကို တစ်ခြားကောင်လေးတွေထက် တော်သည်ဟု မကြာခဏ ချီးမွမ်းနေသော်လည်း စိတ်ထဲမှာတော့ သားအပေါ် သနားကြင်နာစိတ်တွေ ယိုဖိတ်နေသည်။

အဖေဖြစ်သူသည် သား၏ နားတစ်ဖက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မည့်နည်းလမ်းများကို မိသားစုဆရာဝန်နှင့်တိုင်ပင်သည်။

"နားတစ်ဖက်လှူမယ့်သူသာ ရှိမယ်ဆိုရင် နားကို အကောင်းအတိုင်းဖြစ်သွားအောင် ပြန်ဆက်ပေးလို့ရပါတယ်။"

အဖေဖြစ်သူသည် သူ၏သားအတွက် နားတစ်ဖက်လှူပေးမည့် အလှူရှင်ကို ရှာဖွေသည်။ နှစ်နှစ်ခန့်ကြာသောအခါ ကံကောင်းထောက်မစွာဖြင့် နားအလှူရှင်ကို တွေ့သည်။

"သား.. မင်းရဲ့နားကို အစားထိုး ခွဲစိတ်ကုသရမယ်။ အမေနဲ့ အဖေတို့ သားအတွက် နားတစ်ဖက်ပေးမယ့် အလှူရှင်ကို တွေ့ထားတယ်။ ဒါပေမယ့် အလှူရှင်က သူလှူတယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားချင်တယ်တဲ့.."

နားအစားထိုးခွဲစိတ်ကုသမှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး သားဖြစ်သူအား လူသစ်တစ်ယောက်ဖြစ်စေခဲ့သည်။ ပင်ကိုယ်ချောမောပြေပြစ်မှု၊ ထက်မြက်ထူးချွန်မှုများနှင့် ယခုပြုပြင်လိုက်သော ချွတ်ယွင်းချက်မရှိမှုတို့ ပေါင်းစပ်လိုက်သောအခါ သားဖြစ်သူသည် ကျောင်းတွင် ပြီးပြည့်စုံသော ယောက်ျားလေးတစ်ယောက်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ 
သားဖြစ်သူသည် အိမ်ထောင်ကျပြီး အလုပ်အကိုင်ဖြင့် တည်တည်ငြိမ်ငြိမ်ဖြစ်လာသောအခါ မိမိအား နားတစ်ဖက် လှူပေးခဲ့သည့် ကျေးဇူးရှင်ကို သိချင်စိတ် ပြင်းပြလာသည်။

"ကျွန်တော့်အနေနဲ့ သိသင့်ပါတယ် အဖေ.. ဘယ်သူက ကျွန်တော့်အတွက် ဒီလောက်တောင် ရက်ရက်ရောရော ပေးကမ်းလှူဒါန်းခဲ့ရတာလဲ..ကျွန်တော်သူ့အတွက် တစ်ခုခုပြန်လုပ်ပေးချင်ပါတယ်။ ကျွန်တော့်မှာ ကျေးဇူးပြန်ဆပ်နိုင်တဲ့ အရည်အချင်းလဲ ရှိနေပါပြီ.."

"အဖေကတော့ မထင်သေးဘူးကွာ.. သားကို နားတစ်ဖက်လှူခဲ့တဲ့သူကို သားသိဖို့ အချိန်မတန်သေးဘူး.."

နှစ်တွေတဖြည်းဖြည်းကြာသွားပြန်သည်။ သားတစ်ယောက်အတွက် စိုးရိမ်ပူဆွေးမှု အဖြစ်ရဆုံးအချိန်ကို ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူကွယ်လွန်သည့်နေ့ဖြစ်သည်။

သားအဖနှစ်ယောက် မိခင်ဖြစ်သူ၏ ရုပ်အလောင်းဘေးတွင် ပူဆွေးသောကရောက်နေကြသည်။ အဖေဖြစ်သူသည် ရုပ်အလောင်း၏မျက်နှာမှ ဆံဆများကို လက်တစ်ဖက်ဖြင့် တယုတယ သပ်လိုက်ပြီး သားဖြစ်သူကို တိုးညှင်းစွာ ပြောလိုက်သည်။

"မင်းရဲ့အမေက သူ့ရဲ့ဆံပင်တွေကို မညှပ်ဘဲထားခဲ့တာ နှစ်တော်တော်ကြာသွားပြီ.. ဘယ်သူကမှလည်း မင်းအမေကို အလှလျော့သွားတယ်လို့ မပြောကြဘူး မဟုတ်လား.."

အဖေဖြစ်သူ သပ်လိုက်သော ဆံပင်အောက်မှာတော့ နားရွက်တစ်ဖက်လစ်လပ်နေသော အမေ့ရဲ့မျက်နှာ..

--------------------------------------------------------------

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ အသိမခံဘဲ ချစ်ပြတာပါ…

လိပ်ပြာ

Ref : A Gift of Love

စစ်သွေးကြွများက မလေးရှားကျောင်းသူများကို ပစ်မှတ်ထား လူသစ်စုဆောင်းနေ

မလေးရှားနိုင်ငံတွင် ကျောင်းသူ မိန်းကလေးများအပါအ၀င် ကျောင်းသားကျောင်းသူများကို စစ် သွေးကြွအုပ်စုများက အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင် ရန် သွေးဆောင်ခေါ်ယူမှုများရှိနေပြီးကြောင်း မလေးရှား နိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးဌာနမှ လက်ထောက် ဒါရိုက်တာ အေယော့ ခန်မိုင် ဒင် ပစ်ချေးကပြောသည်။



စစ်သွေးကြွများက မလေးရှားကျောင်းသူများကို ပစ်မှတ်ထား စုဆောင်းနေသည် (ဓာတ်ပုံ-အီးပီအေ)

စစ်သွေးကြွများအတွက်လူသစ်စုဆောင်းပေးသူများသည် လှည့်စားရလွယ်ကူသော ငယ်ရွုယ်သည့် လူငယ်များကို ဖေ့စ်ဘွတ်မှတစ်ဆင့် စည်းရုံးနေကြခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ဖေ့ဘုတ်ကနေပြီးတော့ အသက် ၁၅ နှစ် နဲ့ ၃၀ ကြား ငယ်ရွယ်တဲ့ လူငယ်လေးတွေကို စစ်သွေးကြွအုပ်စုအတွက် ခေါ်ဆောင်နေတာတွေက တကယ့်ကို စိုးရိမ်စရာပါပဲ” ဟု၎င်းက ပြောသည်။

“ကျောင်းသားကျောင်းသူတွေအပြင် အစိုးရနဲ့ ပုဂ္ဂလိက အလုပ်ခွင်ထဲက လူငယ်တွေဟာ ဒီလို စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ စည်းရုံးခံနေရပါတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

ဆက်လက်၍ ဆီးရီးယားနိုင်ငံရှိ IS အဖွဲ့ နှင့်အတူ အခြားစစ်သွေးကြွအုပ်စုများဖြစ်သည့် အယ်လ်နူဆရာ နှင့် အယ်လ်ရှန် အဖွဲ့များတွင် မလေးရှားနိုင်ငံသားများပါဝင်နေသည်ဟု အေယော့ ခန်က ပြောသည်။

လက်ရှိအချိန်ထိ အမျိုးသမီးသုံးဦးအပါအ၀င် မလေးရှားနိုင်ငံသား ၂၂ ဦးသည် ဆီးရီးယားရှိ စစ်သွေးကြွအုပ်စုများတွင် ပါဝင်နေသည် ကို တွေ့ရှိခဲ့ရပြီး အခြား ၂၃ ဦးကိုလည်း ယင်းကဲ့သို့ ဆက်သွယ်ခဲ့မှုများကြောင့် ထိန်းသိမ်းထားရသည်။

Ref:AFP
Mizzima News