ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်နိုင်တဲ့ ကောင်မလေး


ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ကောင်မလေး တစ်ဦးဟာ ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ် နိုင်စွမ်းရှိ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရ ပါတယ်။ ကင်မ်လူအန်ဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ နေထိုင်တဲ့ မျိုးနွယ်စု တစ်ခုက မွေးဖွားလာသူ ဖြစ်ပါတယ်။ အဲဒီ မျိုးနွယ်စုကို M Nong လို့ ခေါ်ဆိုကြပါ တယ်။ ထူးခြားတာက အဲဒီ မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ဘယ်လို ပြုလုပ်မရလဲ ဆိုတာ ကောင်းစွာ သိရှိထား ပါတယ်။ ဒါကြောင့် ကင်မ်လူအန် ဟာ ငယ်ရွယ်တဲ့ သူဖြစ်ပေမယ့် ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင် နိုင်စွမ်းရှိ ပါတယ်။ ကင်မ်လူအန်မှာ ဆော့ကစားဖော် ဆင်နှစ်ကောင် ရှိပြီး လိမ္မာ ယဉ်ကျေးလာအောင် သင်ကြားပေးလေ့ ရှိပါတယ်။ အသက် ခြောက်နှစ်သာ ရှိသေးတဲ့ ကင်မ်လူအန်ဟာ သူတို့ မျိုးနွယ်စု အစဉ်အလာကို ဆက်ထိန်း နိုင်ခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်ပေးလေ့ရှိ ပါတယ်။ ကင်မ်လူအန် တို့ရဲ့မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ပြုလုပ်ပြီး၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ဆောက်ခြင်း စတာတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ကင်မ်လူအန်ရဲ့ ဆင်တွေနဲ့ ဆော့ကစား နေတဲ့ မြင်ကွင်းကို အသက်(၃၅)နှစ်အရွယ်ရှိ ပြင်သစ် ဓာတ်ပုံဆရာ ရီဟန်က မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့ ပါတယ်။ ရီဟန်က M Nong မျိုးနွယ်စုတွေ ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင်တဲ့ မြင်ကွင်းဟာ နိုင်ငံခြားသား တစ်ဦး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဆင်တွေနဲ့ လူတွေအကြား အပြန်အလှန် လေးစားမှု ပြသခဲ့တာ ဖြစ်ပါတယ်။ ကင်မ်လူအန်ဟာ ဆင်တွေနဲ့ ပိုရင်းနှီးစွာ နေနိုင်ခဲ့ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ရီဟန်ဟာ ဗီယက်နမ်မှာ ခုနစ်နှစ် ကြာနေထိုင် ပြီး ဓာတ်ပုံပေါင်း (၄၅၀၀၀) ရိုက်ကူးခဲ့ပေမယ့် ဆင်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ရိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Messenger

ISIS တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်ပြန်




အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်ရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သော ဟစ် မြို့တွင် ISIS တို့ကို တွန်းလှန်တိုက်ခိုက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ ၃၀ ခန့်ကို ISIS တို့က မြို့၏လူစည်ကားသော လမ်းမကြီးတွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဟစ်မြို့သည့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အီရတ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ISIS တို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၃၀ ဦးသည် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်းက အီရတ်အစိုးရနှင့် ISIS ဆန့်ကျင်ရေးအုပ်စုများဘက်သို့ ပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်ကြောင် ဟစ်မြို့ဒေသခံများ၏ပြောကြားချက်အရသိရသည်။


ISIS များ သေဆုံးခဲ့သူ လူ ၃၀ ခန့်ကို မြို့၏ ထင်ရှားရာ လမ်းမကြီဖြစ်သည့် အယ်ဘာကာ တွင်စီတန်းစေပြီး သေနတ်ဖြင့် ပစ်ခတ်မှုမပြုခင် မြို့အတွင်းသို့ စီတန်းလှည့်လည်စေမှုပြုခိုင်းခဲ့ပြီး ISIS ကိုဆန့်ကျင်သူများအနေဖြင့် ၎င်းတို့ကဲ့သို့ သေပွဲဝင်ရမည်ဖြစ်ကြောင်း မြို့သူမြို့သားများအား ခြောက်လှန့်မှုများလည်းပြုလုပ်ခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆွန်နီလူမျိုး ၃၀ ဦးခန့်နှင့် ပတ်သက်ပြီး အီရတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ ၎င်းတို့သည် ယခင်က အီရတ်အစိုးရတပ်ဖွဲ့ဝင်များဖြစ်ခဲ့ဖွယ်ရှိသည်ဟု သိရသည်။

အောင်ဟိန်းခိုင် ( ref : dailymail)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စိတ်ကို အသိသတိနှင့် ပြုပြင်ထိန်းချုပ်


လူမှုဘဝ လောက၌ ကျင်လည် လျှောက်လှမ်းကြ ရာတွင် စိတ်ချမ်းသာမှုကို ခံစားရယူ ပိုင်ဆိုင်နိုင်ကြ သကဲ့သို့ တစ်ခါတစ်ရံ တွင် စိတ်ဆင်းရဲမှု များကိုလည်း ကြုံတွေ့ ခံစားကြ ရလေ့ရှိသည်။ လူတို့၏ စိတ်ဆန္ဒအရ စိတ်ဆင်းရဲမှုကို မခံစားချင်ကြ။ မခံစားနိုင်ကြ။ စိတ်ဆင်းရဲမှု ဟူသည် လိုအင်ဆန္ဒ များကြောင့် သာလျှင် ဖြစ်ပေါ် လာရသည်။


လိုချင်တပ်မက် စိတ်များလာလျှင် စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသကဲ့သို့ လိုချင်ရာ မရနိုင် သောကြောင့် စိတ်ဆင်းရဲကြ ရသည်။ တချို့ စိတ်ကျရောဂါ များပင် စွဲကပ်တတ် ကြသည်။ ထိုစိတ်၏ စေစားရာ အတိုင်း လုပ်ဆောင်ကြ သူလည်း ရှိသည်။ လူ့ဘဝ၏ ထွက်ပေါက်သည် စိတ်ဟု ဆိုထားရာ စိတ်ထွက်ပေါက် ရှာကြရာတွင် တစ်ဦးနှင့် တစ်ဦး မတူကြပေ။


လူအမျိုးမျိုး စိတ်အထွေထွေ ဖြင့် ဘဝကို ကျင်လည်ကြ ရာတွင် လူကြီးများနှင့် လူငယ်များမှာ ဖြေသိမ့်နိုင်စွမ်း မတူညီနိုင် ကြပေ။ ကလေးများမှာ စိတ်၏ စေခိုင်းရာ အတိုင်း ခံစားတတ် ကြသည်။ လိုချင်တာ မရလျှင် စိတ်ကောက် စိတ်ဆိုးတတ် ကြသည်။ စိတ်ဟူသည် မှာလည်း နွဲ့ဆိုး ဆိုးတတ် သည့်သဘော ရှိသောကြောင့် စိတ်အလို လိုက်၍ အမှားများ တတ်ကြသည်။


လူတိုင်း အမှားနှင့် မကင်းနိုင်ကြ သော်လည်း အမှား အနည်းအများ ပေါ်မူတည်၍ ဘဝ၏ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ် စေနိုင်၍ ဆင်ခြင်ကြရန် လိုသည်။ လူ့အလို နတ်မလိုက် နိုင်ဆိုသကဲ့သို့ စိတ်အလို အတိုင်း အရာရာ မပြည့်စုံနိုင် သည်ကို သဘောပေါက်ရန် လိုသည်။


စိတ်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်း၌ပင် ဖောက်ပြန် တတ်သော သဘောရှိ သောကြောင့် စိတ်ကို ထိန်းချုပ်နိုင်ရန် လိုသည်။ အထူးသဖြင့် ကလေးများကို ထိန်းကျောင်း သွန်သင်ဆုံးမ ကြရာတွင် ကလေးငယ်များ လိုချင်သမျှ မိဘများက အကြိုက်ဆောင် အလိုမလိုက် ကြရန်လိုသည်။


ဘုရားဟော ဇာတ်တော်များတွင် မိဘနှစ်ဦးသည် သားကို အလိုလိုက်လွန်း သောကြောင့် မိဘဖြစ်သူတို့မှာ စိတ်ဆင်းရဲစွာဖြင့် သေဆုံးသွား ကြရသကဲ့သို့ သားဖြစ်သူ မှာလည်း ခွက်လက် ဆွဲ၍ တောင်းစား ရသည့်ဘဝ ရောက်ကာ ဘဝဆုံး နိဂုံးမလှ ဖြစ်ခဲ့ရသည်ကို ဗုဒ္ဓဘာသာ ဝင်တိုင်း မှတ်သားဖူးမည် ဖြစ်ပါသည်။ ထိုဘုရားဟော ဇာတ်တော်ကို သင်ခန်းစာ ယူ၍ မိဘများသည် သားသမီးများ၏ စိတ်ကို အလိုမလိုက် စေရန် ထိန်းကျောင်း သွားရန်ဖြစ်သည်။ သားသမီးများကို လည်း ထိုဇာတ်တော် လာ သာဓကကို ပြောပြ၍ မိဘဝတ္တရား နှင့်အညီ ထိန်းကျောင်း သွားကြရန် လိုသည်။


ထိုသို့ မိဘများက မိဘဝတ္တရား နှင့်အညီ ဆုံးမနိုင်မှ သာလျှင် သားသမီး များသည် စိတ်ကိုထိန်းချုပ် နိုင်သောအကျင့် ကိုရရှိကာ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်ကြမည် ဖြစ်သည်။ သားသမီးတို့ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်မှသာလျှင် သားသမီးတို့ဘဝ အဆင်ပြေ ချောမော၍ မိဘများကို ပြန်လည် စောင့်ရှောက် နိုင်မည်။ ဤသို့ဖြင့် မိဘနှင့် သားသမီးတို့ တစ်နည်းအားဖြင့် မျိုးဆက် တစ်ဆက်လုံး စိတ်ချမ်းသာမည် ဖြစ်သည်။


သို့ဖြစ်ရာ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင် နှင့် အလုပ်သမား ဆက်ဆံကြရာ တွင် တစ်ဦး အလိုကို တစ်ဦး ဖြည့်ဆည်းကြ သည်ဆိုရာ၌ အသိပညာ မပါဘဲ စိတ်အလိုလိုက် အကြိုက်ဆောင် ခြင်းမျိုးသည် စိတ်ဆင်းရဲမှု ကိုသာ ဖြစ်ပေါ် စေသောကြောင့် စိတ်အလိုကို အသိ သတိတို့ဖြင့် ပြုပြင်ထိန်းချုပ် ဖော်ဆောင် ရမည် ဖြစ်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။


( အယ်ဒီတာ့အာဘော် )


#Yadanarpondaily

ခြင်ကိုက်ခံရခြင်းကိုသက်သာစေမယ့်နည်းလမ်းလေးများ

ခြင်ကိုက်ခံလိုက်ရပြီဆိုတာနဲ့ ယားယံခြင်း အနီရောင် အဖုအပိန့်တွေနဲ့အတူ အရေပြားကို အရုပ်ဆိုးစေတော့တာပါပဲ။ ခြင်ဆိုသော အင်းဆက်က သွေးကိုမစုပ်မှီမှာ သွေးကိုကျဲစေရန် ဆလီဗာလို့ခေါ်တဲ့ အရည်တစ်မျိုးကို အရေပြားထဲအရင် ထုတ်လွှတ်မှုကြောင့် ယားယံခြင်းနှင့် ရောင်ယမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြင်ကိုက်ခံရခြင်းနဲ့ ယားနာအတွက် အလွယ်တကူ ကုသနည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။


၁။ ဗန်နီဂါ
ခြင်ကိုက်ခံရတာကို သိသိခြင်း ဗန်နီဂါရေအနည်းငယ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးပါ။ ရေစိမ်ချိုးသူတွေအတွက် ဗန်နီဂါရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကို ရေချိုးဇလုံထဲရောစပ်ပြီး ရေချိုးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်က ခြင်ကိုက်ယားနာကို သက်သာစေရုံမက အနာတွေကိုပါ သက်သာစေပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးနိုင်ပါတယ်။

၃။ မုန့်ဖုတ်ဆိုဒါနှင့်ရေအေး
မုန့်ဖုတ်ဆိုဒါကို ရေအေးနှင့်ရောပြီး ခြင်ကိုက်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သက်သာစေမှာပါ။

၎။ ကြက်သွန်နီ
ကြက်သွန်နီကို ပါးပါးလှီးပြီး ခြင်ကိုက်သောနေရာကို ကပ်ထားပြီး မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောပြီးပါက လျင်မြန်စွာ သက်သာစေမှာပါ။

၅။ သွားတိုက်ဆေး
ခြင်ကိုက်ခံရသောနေရာကို သုတ်လိမ်းပြီး ခြောက်သွေ့တဲ့အထိ ထားပေးပါက ယားယံမှုကို သက်သာစေတာ အသေအချာပါပဲ။

ခြင်ကိုက်ခံရပြီး ယားယံခြင်း အဖုအပိန့်ဖြစ်ပေါ်ခြင်းတွေအတွက် သဘာဝပျားရည်၊ သံပုရာရည် နဲ့ ကြက်သွန်ဖြူမှရသော အဆီတို့ကို အလားတူ လိမ်းပေးခြင်းဖြင့် သက်သာပြောက်ကင်းစေပါတယ်။
စာဖတ်သူများအနေနှင့် ခြင်ကိုက်ခံရခြင်းအတွက် သဘာဝ နည်းလမ်းကောင်းလေးများ ရှိပါက ကွန်မန့်ပေးပြီးဝေမျှဖို့ တိုက်တွန်းပါတယ်။

စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ

IS စစ်သွေးကြွအဖွဲ့များ။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

IS စစ်သွေးကြွတွေ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းကို မသိမ်းပိုက်နိုင်အောင် ခုခံခဲ့ကြတဲ့ ဆူနီ မွတ်ဆလင်တွေ နေထိုင်ရာအရပ်မှာ စုပြုံမြုတ်ထားတဲ့ အလောင်း ၁၅၀ ကို တွေ့ရှိခဲ့တယ်လို့ အီရပ် အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် အလောင်း ၇၀ ကျော်ကိုတော့ ဟစ်မြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆူနီတဦးဖြစ်တဲ့အပြင် IS အဖွဲ့ဝင်တဦးဖြစ်သူက သတ်ဖြတ်ရတာဟာ IS စစ်သွေးကြွတွေအပေါ် တိုက်ခိုက်သူတွေ မှန်သမျှကို အပြစ်ပေးတာဖြစ်တယ် လို့ ပြောဆိုသွားကြောင်း မျက်မြင်တွေ့သူတဦးကပြောပါတယ်။

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ဂျီဟတ်ဘာသာရေး အစွန်းရောက် တွေဟာ အီရတ်နိုင်ငံ Mosul မြို့အပြင်က အကျဉ်းထောင်တခုမှာ အမျိုးသား အကျဉ်းသား ၆၀၀ လောက်ကို ဇွန်လ ၁၀ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။

အစွန်းရောက်တွေက အကျဉ်းသားတွေကို ပစ်မသတ်ခင် ဆူနီနဲ့ ရှီယိုက် ခွဲခိုင်းပြီးနောက် ရှီးယိုက်တွေကို လျှိုတခုရဲ့အစပ်မှာ ဒူးထောက်စေပြီး အော်တို မက်တစ် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။

ဖစ်စဉ်ကို သေချင်ယောင်ဆောင်ပြီး အသက်မသေပဲကျန်ခဲ့တဲ့ အကျဉ်းသား ၁၅ ယောက်က ပြောပြတာလို့ HRW အဖွဲ့က ပြောပါ တယ်။ နောက်ဆုံး သေနတ်သမားတွေမှာလည်း ကျည်ဆံကုန်သွားတယ်လို့ သူတို့ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ

ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ် ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ် ကိုဘာနီမြို့ဆီ ရောက်။
ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွားကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ၀င်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။

တူရကီအစိုးရနဲ့ သဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ တူရကီနိုင်ငံထဲကနေ ဗုဒ္ဓဟူးနေ့က တရက်ကြာဖြတ်ပြီး ဆီးရီးယား နယ်စပ်ဆီ ရောက်သွားကြပါတယ်။

စက်တင်ဘာလလယ်ကတည်းက IS အဖွဲ့ရဲ့ ထိုးစစ်ကို ခုခံပြီး ကိုဘာနီမြို့ ကျ မသွားအောင် တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အဲဒီလက်နက်ကိုင်တွေ သွားပေါင်းမှာပါ။ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က လက်နက်ကိုင် ၅၀ လောက်ပါတဲ့ အဖွဲ့တဖွဲ့ဟာ လည်း ဗုဒ္ဓဟူးနေ့တုန်းက ကိုဘာနီမြို့ဆီ ရောက်သွားကြပါတယ်။

ကိုဘာနီက ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေဟာ တူရကီက မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီနဲ့ အချိတ်အဆက်ရှိတာကြောင့် နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေကို မလွှတ်ဘူးလို့ တူရကီအစိုးရက ပြောထားပါတယ်။

ကာဒစ္စတန်အလုပ်သမားပါတီဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် တူရကီအစိုးရနဲ့ တိုက်ခိုက်နေတာ ဆယ်စုနှစ် သုံးခုရှိနေပါပြီ။ ကိုဘာနီမြို့ကိုတိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်စစ်လေယာဉ်တွေကလည်း သီတင်းပတ် အတော်ကြာ လေကြောင်းကနေ တိုက်ခိုက်ပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင်းများ အဖြစ် ကလေးစစ်သားများကို အသုံးပြုလျက်ရှိ



ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။ 

ကလေးစစ်သားများ ပါဝင်သည့် အရေအတွက်အား အတိအကျ မဖော်ပြ နိုင်သော်လည်း ကလေးများအား စစ်သင်တန်း ပေးနေမှု အလျင်အမြန် တိုးပွားလာလျက် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် သတင်းထောက် များက ပြောကြားလျက် ရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် အီရတ်နိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ ပေးရေးမစ်ရှင် ဆိုင်ရာ လူ့အခွင့်အရေး ရုံးတို့က ပူးတွဲ ရေးသားသည့် အစီရင်ခံစာ တစ်စောင်အရ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အနေဖြင့် အသက် ၁၂ နှစ်၊ သို့မဟုတ် ၁၃ နှစ်အရွယ် မျှသာ ရှိသေးသည့် ကလေးသူငယ် များသည် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS စစ်သွေးကြွ အဖွဲ့က စီစဉ်သည့် စစ်ရေး သင်တန်းများတွင် တက်ရောက်လျက် ရှိကြကြောင်း အတည်ပြု ထားသောအစီရင်ခံမှု များကို လက်ခံ ရရှိထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ivan Simonovic သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်၊ Dohuk နှင့် Erbil မြို့များရှိ အိမ်ရာစွန့်ခွာ ထွက်ပြေးလျက် ရှိသော အီရတ် ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ရာ ISIS စစ်သွေးကြွ များ၏ တပ်သားသစ် စုဆောင်းမှု အစီအစဉ်သည် ကြီးမား ကျယ်ပြန့်၍ ကြောက်မက်ဖွယ်ရာ အောင်မြင်မှု ရရှိလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် ကလေးစစ်သား များကို အသုံးပြုမှုသည် အရွယ်ရောက်ပြီး သူများလောက် သိသိသာသာ အသုံးဝင်မှု မရှိသောကြောင့် ၄င်းတို့အား အခြားနည်းလမ်း များဖြင့် အသုံးချမှု ပြုလုပ်လျက် ရှိကြောင်း၊ ကလေးစစ်သား များကို လူသားတံတိုင်း များအဖြစ် အသုံးပြုလျက် ရှိသည့်အပြင် ISIS စစ်သွေးကြွ အဖွဲ့ဝင်များ အတွက် သွေးသွင်းမှုများ ပြုလုပ် ပေးရန်လည်း အသုံးပြုလျက် ရှိကြောင်း ကနေဒါနိုင်ငံ အခြေစိုက် ကလေးစစ်သား အရေး လှုပ်ရှားမှု အဖွဲ့ဖြစ်သည့် Romeo Dallaire အဖွဲ့မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ Shelly Whitman ၏ ပြောကြားချက် အရ သိရှိရသည်။
PyiChitThar

တောင်ကြီး တန်ဆောင်တိုင်ကွင်းရှိ သရဲအိမ်မီးလောင်ကာ အမျိုးသမီးတစ်ဦးသေဆုံး


တောင်ကြီး (မဇ္ဈိမ) ။ ။ တောင်ကြီး တန်ဆောင်တိုင်ပွဲ ကျင်းပသည့် အဝေရာမီးပုံပျံကွင်းရှိ သရဲအိမ် ကလေး ကစားကွင်းတွင်
အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီ ၄၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။


မီးလောင်မှုကြောင့် အဆောက်ဦအတွင်းရှိ လူ (၆) ဦးအနက် ရန်ကုန်မှလာသည့် အသက် ၄၄ နှစ်အရွယ် မသန်းသန်းမြင့်မှာ အခန်းတွင်း ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်အား မီးသတ်ဌာနက စစ်ဆေးရာ အလျား ၆၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ထရံမိုး ထရံကာ၊ ဝါးခင်း၊
သစ်တိုင် အဆောက်အဦအတွင်းရှိ မီးအလှဆင်ရန် ယာယီ သွယ်တန်းထားသော အော်တိုမီးထိန်းစက်မှ အပူလွန်ကဲပြီး
မီးပွားလွင့်စင်ရာမှ အနီးရှိ မီးလောင်ရန် လွယ်ကူသည့် ဖော့၊ ပိတ်စများကို မီးကူးကာ အဆောက်အဦး မီးလောင်ခဲ့သည်ဟု
တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

လောင်ကျွမ်းမှုကြောင့် အဆောက်အဦး ဆုံးရှုံးမှုတန်ဖိုး ၂ သိန်းခွဲကျပ်၊ အတွင်းဖော့ပစ္စည်းမျိုးစုံ တန်ဖိုး ၉ သိန်းခွဲ စုစုပေါင်း ၁၂ သိန်းခန့်
မီးလောင် ဆုံးရှုံးခဲ့သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ပြီး ဒေါ်ခင်မေအောင် မြောက်ဥက္ကလာပတွင် နေထိုင်သူအား
တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၂၂၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
Mizzima

selfie ရိုက်ရာတွင် သရဲပုံပါလာ

ဗြိတိန်တွင် အမျိုးသမီး သူငယ်ချင်းနှစ်ဦးမှာ ဘားဆိုင် တစ်ဆိုင်သို့ သွားရောက် ကြစဉ် ယှဉ်တွဲလျက် ရိုက်ကူးခဲ့သည့် selfie ဓာတ်ပုံ နောက် ဖက်၌ လှောင်ရယ် နေသည့် တစ္ဆေသဏ္ဍန် ပုံရိပ်ပါလာ သဖြင့် ကြောက်လန့် တုန်လှုပ်သွား ကြသည်။



ဗစ်တိုးရီးယား ဂရီးစ်နှင့် ကယ်လီ အက်ကင်ဆန်တို့ နှစ်ဦး ညနေခင်း အားလပ်ချိန် ဘားဆိုင် တစ်ဆိုင်သို့ အပျော် သွားရောက်ချိန်က ရိုက်ကူး ခဲ့ သည့် selfie တွင် အသက်ကြီးကြီး အမျိုးသမီး တစ်ဦး၏ ပုံစံမျိုးရှိသည့် ဝိုးတဝါး တစ္ဆေပုံရိပ်က ၎င်းတို့ နောက်တွင် ရပ်လျက် ရယ်မောနေပုံ ပါဝင် လာခြင်း ဖြစ်သည်။

ယင်းညနေက ဗစ်တိုးရီးယားတို့ သူငယ်ချင်း နှစ်ဦးက အဖျော်ယမကာ သောက်စား ထားကြကာ ရီဝေဝေ ရှိလာချိန် ၎င်းတို့ နှစ်သက်သည့် အကျင့်တစ်ခု အတိုင်း selfie ပုံများ ရိုက်ကြခြင်း ဖြစ်သည်။ ပုံဟန်ထား အမျိုးမျိုးဖြင့် နှစ်ဦးအတူ တွဲ၍ ရိုက်ရာ နောက်ဆုံးပုံတွင် ၎င်းတို့ နှစ်ဦး တည်း မဟုတ်တော့ဘဲ နောက်ထပ် တတိယသူ တစ်ဦးပါ ပါလာသည်ကို တွေ့ လိုက်ခြင်းဖြစ်သည်။

ယင်းပုံကြောင့် ကျောချမ်း သွားရသည့် သူနာပြု တစ်ဦးလည်း ဖြစ်သူ့ ဗစ်တိုးရီးယားက ပုံကို ချက်ခြင်း ဖျက်ပစ်လိုက်သည်။ "ကျွန်မတို့ က ထုံးစံအတိုင်း ဘားမှာ ဓာတ်ပုံရိုက် ခဲ့တယ်။ ဒီလို selfie ရိုက်ရတာကို ကျွန်မတို့ နှစ်ယောက်စလုံး သဘောကျတယ်"ဟု ဗစ်တိုးရီးယားက ပြောသည်။

တစ္ဆေပုံ တွေ့ ရှိသည့် အဖြစ်အပျက်ကို ပြန်ပြော ရာတွင်လည်း "ဒီလိုရိုက်နေလို့ မကြာဘူး၊ ကယ်လီက ထိတ်ထိတ် လန့်လန့် နဲ့ ပြောတယ်။ ဓာတ်ပုံ ထဲမှာ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက်ပါ ပါနေတယ် ဆိုတာ။ ကျွန်မက ဒီလို ယုတ္တိ မရှိတာ တွေကို ယုံတတ်သူ မဟုတ်ပါဘူး။ ဒါကြောင့် ရယ်တောင် ရယ်လိုက် ပါသေးတယ်။ ဒါပေမယ့် ဓာတ်ပုံကို သေချာ ကြည့်တော့ တကယ်ဟုတ် နေတယ်။ မိန်းမကြီး တစ်ယောက် ကျွန်မတို့ နောက်မှာ ရပ်နေတာ၊ နောက်ပြီးသူက ရယ်လည်း ရယ်နေတယ်"ဟု ဗစ်တိုးရီးယားက ပြန်ပြောင်း ပြောခဲ့သည်။

"ကျွန်တော် ဘားဆိုင်ကို ရောက်သွားတော့ ဆိုင်ပိတ်နေပြီ။ ဒါကြောင့် အိမ်ပြန်ခဲ့တယ်။ ဒီဓာတ်ပုံ အပေါ် ကျွန်တော်တော့ မယုံဘူး"ဟု အာဏာပိုင် အဖွဲ့ အစည်းဝင် တစ်ဦးက ပြောသည်။ ဆိုင်တွင် တစ္ဆေသရဲ တွေ့ သည်ဟု တစ်စုံတစ်ဦး ကမှ ပြောခြင်း မရှိဖူးကြောင်း ဆိုင်ဝန်ထမ်း တစ်ဦးက ပြောသည်။

"ဒီဓာတ်ပုံကို ဖိုတိုရှော့ လုပ်ထားတယ်လို့ ပြောကြတယ်။ ဒါကို ကျွန်မ အပြစ် မပြောချင်ပါဘူး။ ဒီလိုလုပ်တယ် ဆိုတာကို ကျွန်မတို့ လုပ်လည်း မလုပ်တတ်ဘူး။ ဒီဓာတ်ပုံကြောင့် ကျွန်မ ကြောက်နေ မိသလိုပဲ ဗစ်တိုးရီးယား ဆိုရင် ထိတ်လန့် လွန်းလို့ ဓာတ်ပုံကို ဖျက်ပစ်ခဲ့ တာပဲ"ဟု ကယ်လီက ပြောခဲ့သည်။

Ref: Mirror
by Mizzima News

နိုဝင်ဘာမှာ ဖြစ်လာမယ့် အူရီဒူးကွန်ရက်


ရန်ကုန်မြို့ နေရာတချို့မှာ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်များ ဒီလကုန်ရင် ထပ်မံတိုးချဲ့သွားမယ်လို့ အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ 
“နှစ်လခွဲအတွင်း ရန်ကုန်ကွန်ရက် ဖြန့်ကျက်မှုအခြေအနေက ၉၅ ရာခိုင်နှုန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။ 
အခုဆို အင်းယားကန် ပတ်ဝန်းကျင်၊ ၉ မိုင် ပတ်ဝန်းကျင်၊ အင်းယားလိတ် အနီးက 
ပါရမီ လမ်းမကြီးတလျှောက်မှာ ကွန်ရက်ရရှိဖို့ ကြိုးစားနေပါတယ်။
နာက်ပြီး သာင်္ကေတ မြို့နယ်နေရာ တော်တော်များများမှာ ကွန်ရက်ရရှိဖို့ လိုပါသေးတယ်။
အဲဒီအခြေအနေကိုလည်း ဒီလကုန် ဆောင်ရွက် သွားမှာပါ။
နာက်ပြီး ဗဟန်းမြို့နယ်ဖြစ်တဲ့ ရွှေတောင်ကြားမှာလည်း တပတ်၊ နှစ်ပတ်အတွင်း ကွန်ရက် ရရှိတော့မှာ ဖြစ်ပါတယ်” လို့ အူရီဒူး မြန်မာရဲ့ အမှုဆောင် အရာရှိချုပ် Ross Cormack က သတင်းထောက်များကို ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၆ မြို့နယ်မှာ စက်တင်ဘာလကုန်အထိ အူရီဒူးကွန်ရက်ရှိနေပြီး အောက်တိုဘာအကုန်မှာတော့ နောက်ထပ် ၁၃ မြို့နယ်အထိ တိုးချဲ့နိုင်မယ်လို့ အူရီဒူးက ဆိုပါတယ်။

ဒါဆိုရင် မကြာခင် ရန်ကုန်မှာ အူရီဒူးကွန်ရက်ရှိမယ့် မြို့နယ်အရေအတွက် ၃၉ မြို့နယ် ဖြစ်လာပါတော့မယ်။

အောင်တိုဘာအလွန် ဒေသကြီး ၄ ခုအတွင်း အူရီဒူးဖုန်း သုံးနိုင်မယ့် အခြေအနေ




သူဇာ

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းတွင် ကိုရီးယား မင်းသမီးချော Clara Lee ဒုတိယနေရာ ရရှိ




Model Lifestyle မဂ္ဂဇင်း က ယခုနှစ်၏ ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်း ကို ထုတ်ပြန်ခဲ့ရာ ကိုရီးယား မင်းသမီးချော Clara Lee က ဒုတိယနေရာ ကို ရရှိခဲ့ကြောင်း သိရသည်။

Clara Lee ၏ သွယ်လျပြီး ဆွဲဆောင်မှု ရှိသော ကိုယ်ခန္ဓာအလှကို ပေါ်လွင်စေသည့် အားကစား ၀တ်စုံ ၀တ်ဆင်ထားသည့် ဓာတ်ပုံသည် ပရိသတ်များ အကြားတွင် အလွန် ရေပန်းစား ခဲ့ပြီးနောက် ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းတွင် ဒုတိယနေရာ ကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါစာရင်း၌ ပထမ နေရာကို ရရှိသူမှာ အမေရိကန် မော်ဒယ်လ် နှင့်သရုပ်ဆောင် တာနီရာ မာရီကာရင်ဂီ ဖြစ်ပြီး ဟောလီးဝုဒ် မင်းသမီးချော ဂျက်ဆီကာ အယ်လ်ဘာ က နံပါတ်လေး နေရာကို လည်းကောင်း၊ စကားလက် ဂျိုဟန်ဆန် က နံပါတ် ခြောက် နေရာကို လည်းကောင်း၊ ဘီယွန်းစေး က နံပါတ်ခုနစ် နေရာကို လည်းကောင်း၊ အေဒရီ ရာနာလိုင်မာ က နံပါတ်ကိုး နေရာကို လည်းကောင်း၊ အိန်ဂျလီနာဂျိုလီ က နံပါတ် ၁ဝ နေရာကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။

ယခုကဲ့သို့ ကမ္ဘာ့အလှဆုံး အမျိုးသမီး ဒုတိယ နေရာကို ရရှိခဲ့သည့် အတွက် မဲပေး ခဲ့ကြသည့် ကိုရီးယား ပရိသတ်များ သာမက နိုင်ငံတကာမှ ပရိသတ်များကို အထူး ကျေးဇူး တင်ရှိကြောင်း Clara Lee က ထုတ်ဖော် ပြောကြား ခဲ့သည်။ 

MODE’s 100 List – 2014

1. Tania Marie Caringi
2. Clara Lee
3. Cristina Maria Saracut
4. Jessica Alba
5. Alessandra Ambrosio
6. Scarlett Johansson
7. Beyonce
8. Candice Swanepoel
9. Adriana Lima
10. Angelina Jolie
11. Kate Beckinsale
12. Keri Russell
13. Eva Mendes
14. Kate Upton
15. Berenice Marlohe
16. Hale Berry
17. Irina Shayk
18. Lake Bell
19. Shakira
20. Rihanna
21. Lupita Nyong’o
22. Jennifer Lawrence
23. Heidi Klum
24. Sofia Vergara
25. Naomi Campbell
26. Claudia Lynx
27. Gwyneth Paltrow
28. Michelle Williams
29. Christina Hendricks
30. Zoe Saldana
31. Rosario Dawson
32. Charlize Theron
33. Natascha McElhone
34. Paula Patton
35. Monica Bellucci
36. Cheryl Ann Fernandez-Versini
37. Penelope Cruz
38. Nicole Scherzinger
39. Taylor Swift
40. Jennifer Lopez
41. Ashley Tisdale
42. Hilary Duff
43. Salma Hayek
44. Vanessa Hudgens
45. Stacy Keibler
46. Queen Rania of Jordan
47. Elisha Cuthbert
48. Du Juan
49. Sophie Marceau
50. Laetitia Casta
51. Kaley Cuoco
52. Katy Perry
53. Catherine, Duchess of Cambridge (Kate Middleton)
54. Jennifer Love Hewitt
55. Katrina Kaif
56. Arianny Celeste
57. Sui He
58. Laura Tanguy
59. Olivia Wilde
60. Emma Stone
61. Demi Lovato
62. Blake Lively
63. Heather Graham
64. Megan Fox
65. Lily Collins
66. Madeleine Stowe
67. Zooey Deschanel
68. Olivia Munn
69. Louise Bourgoin
70. Katrina Bowden
71. Malika Menard
72. Sarah Shahi
73. Freida Pinto
74. Hayden Panettiere
75. Nina Dobrev
76. Kerry Washington
77. Miranda Lambert
78. Ronda Rousey
79. Virginie Fernandez
80. Selena Gomez
81. Emma Watson
82. Leighton Meester
83. Adrianne Palicki
84. Alizee Jacotey
85. Amber Heard
86. Eva Gaelle Green
87. Gabrielle Union
88. Jordana Brewster
89. Miley Cyrus
90. Cara Delevingne
91. Amanda Seyfried
92. Maggie Q
93. Rosie Huntington-Whiteley
94. Julianne Hough
95. Lea Michele
96. Julia Lanski
97. Molly Sims
98. Jenna Dewan-Tatum
99. Malin Akerman
100. Deborah Priya Henry
Themyawadydaily

အဓမ္မမှုကျူးလွန်ခြင်း သွေးသားရင်းကို ပါစပ်ယှက်ခဲ့သူ အဖွဲ့ခေါင်းဆောင်တစ်ဦးအား အစ္စရေးတရားရုံးမှ ပြစ်မှုများစွာဖြင့် ထောင်ဒဏ်နှစ် ၃ဝ ချမှတ်


အစ္စရေးတရားရုံးတစ်ခုက နိုင်ငံ တွင်းရှိ တစ်ချိန်တည်း ဇနီးမယားများ စွာယူခြင်းကို အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးအား အဓမ္မကျင့် ခြင်း၊ မတော် တရော်အကြမ်းဖက် ခြင်း၊ သွေးသားရင်းနှင့်စပ်ယှက်ခြင်း အပါအဝင် အခြားလိင်ပိုင်းဆိုင်ရာ ပြစ်မှုများစွာဖြင့် အင်္ဂါနေ့တွင် ထောင် ဒဏ်နှစ် ၃ဝ ချမှတ်လိုက်သည်ဟု သိရသည်။

ထိုပြစ်ဒဏ်အား အယူခံဝင်သင့် မဝင်သင့်ကိုစဉ်စားနေသည်ဟု တရား ခံ၏ရှေ့နေက ဆိုသည်။ 

ဂွဲလ်ရက်ဇွန် သည် အမျိုးသမီး ၂၁ဦးကိုလိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကျွန်ပြု ခြင်းတို့နှင့် ၂ဝ၁ဝပြည့်နှစ်တွင် တရားစွဲ ခံခဲ့ရသည်။ 

ရက်ဇွန်သည် ထိုအမျိုး သမီးများကို တရားဝင်လက်ထပ်ထား ခြင်းမရှိသော်လည်း ၄င်းတို့ကိုသူ၏ ဇနီးများဟု သက်မှတ်ခဲ့သူဖြစ်၍ ထို အမျိုးသမီးများနှင့်ကလေး ၃၈ဦးရရှိ ခဲ့သည်။ 

ရက်ဇွန်အား အမျိုးသမီး ခြောက်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှု၊ အဓမ္မမှုတို့ဖြင့် လွန်ခဲ့ သောလတွင် တရားရုံးများစွာက အ ပြစ်ရှိကြောင်း သတ်မှတ်ခဲ့သော်လည်း ၄င်းသည် ကျွန်ပြုခြင်းစွဲချက်မှ တရား သေလွတ်မြောက်ခဲ့သည်။

ရက်ဇွန် ပတ်သက်ခဲ့တဲ့အမျိုး သမီးများစွာက ထိုအချိန်တုန်းက ဆယ်ကျော်သက်အရွယ်များသာဖြစ် ကြောင်းနှင့် ၄င်းတို့မှအချို့သည် ရက်ဇွန်၏ သမီးအရင်းများဖြစ်ကြောင်း၊ အစ္စ ရေးသတင်းစာတစ်စောင်၌ ဖော်ပြ ထားသည်။ 

အသက်၆၄နှစ်အရွယ် ရက်ဇွန်အား မလှုပ်မရှက်အနေအ ထားဖြင့် တဲလ်အဗစ်တရားရုံးတွင်မြင် တွေ့ခဲ့ရပြီး တရားသူကြီးသုံးဦးပါအဖွဲ့ က ၄င်းကို ထောင်လေး နှစ်ဆိုင်းငံ့ ပြစ်ဒဏ်ပါချမှတ်ခဲ့သည်ဟု အစ္စရေး ရေ ဒီယိုတစ်ခုက ပြောသည်။ 

ရက်ဇွန်သည်သွေးသားရင်းခြာအချင်းချင်း စပ်ယှက်မှုများပြုလုပ်သည့် အယောင် အဆောင်မိသားစုအဖွဲ့အစည်းတစ်ခု ကိုဖန်တီးကာ ထိုအဖွဲ့အစည်းအတွင်း ရောက်ရှိလာသည့် အမျိုးသမီးကြီးငယ် များကို ထောင်ချောက်ဆင်ကာ အသုံး ချခဲ့သည်ဟု တရားသူကြီးတစ်ဦးက ပြောသည်။ 

ထို့အပြင်ရက်ဇွန်သည် ၄င်းကိုယ်၎င်း မှော်ပညာရှင်တစ်ဦး အဖြစ် ဓာတ်ပုံတစ်ပုံဖန်တီးကာ ယင်း ဖြင့် အမျိုးသမီးများကို အဓမ္မကျင့် ခြင်း၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှု များကို ကျူးလွန်ခဲ့သည်ဟုလည်း သိရ သည်။ 

ရက်ဇွန်သည် ၄င်းဖန်တီး ထားသည့် အဖွဲ့အစည်းထံရောက်ရှိ လာသည့် အမျိုးသမီးများသည် ၄င်းအ တွက်တာဝန်ထမ်းဆောင်ရန်နှင့် ၄င်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်သာ ဖြစ်သည်ဟုသဘောထားဆက်ဆံခဲ့ ကြောင်းလည်း တရားရုံးကြေညာချက် တွင် ပါရှိသည်။

Ref: AFP

Democracytoday

ရှောင်မီ (Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် Samsung မှ ကိုရီးယားတွင် Galaxy A Series ဖုန်းများ ထုတ်လုပ်မည်


တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီဖြစ်သည့် Samsung ဟာ တရုတ်နိုင်ငံထုတ် ရှောင်မီ(Xiaomi) စမက်ဖုန်းများကို တန်ပြန်ယှဉ်ပြိုင်နိုင်ဖို့အတွက် တောင်ကိုရီးယားတွင် Galaxy A Series ဖုန်းများဖြစ်သည့် Galaxy A3, Galaxy A5 နှင့် Galaxy A7 စမက်ဖုန်းများကို နိုဝင်ဘာလတွင် စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ 

အဆိုပါ စမက်ဖုန်းဟန်းဆက်သုံးမျိုးစလုံးဟာ မကြာသေးခင်ကပဲ Galaxy Alpha ရဲ့ ဒီဇိုင်းပုံစံမျိုး rumor အနေဖြင့် ထွက်ခဲ့ပါတယ်။ အဆိုပါ A Series ဟန်းဆက် သုံးမျိုးစလုံးကို သတ္တုဖရိန်တွေကို အသုံးပြုထားပါတယ်။ အဆိုပါ ဟန်းဆက်များ အားလုံးဟာ အဆင့်နိမ့်ဆုံးဖုန်းအမျိုးအစားမဟုတ်ပဲအလယ်အလတ်အဆင့် အဆင့်ရှိသော ဖုန်းများဖြစ်လာမည်ဖြစ်ပြီး ဈေးနှုန်းသင့်တင်မျှတတဲ့ဈေးများဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Samsung က ပြောကြားတာကတော့ Apple နှင့် Samsung ပြီးရင် ရှောင်မီ ( Xiaomi) ဟာ ကမ္ဘာ့ပေါ်မှာ တတိယအကြီးမားဆုံးဖြစ်လာသည့် စမက်ဖုန်းထုတ်လုပ်သူဖြစ်လာ နေပြီး ရှောင်မီ(Xiaomi) ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ယခုဖုန်းများကို ထုတ်လုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

Ref : GSMARENA
YangonMediaGroup

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ခဲ့သူ


အမေရိကန်နိုင်ငံ ၊ မီချီဂန်း ပြည်နယ် ၊ ဂျက်ဆင်မြို့လေးမှာ နေထိုင်တဲ့ အသက် အသက် ၁၇ နှစ်သာရှိသေးသော Broc Brown ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ၂၀၁၄ ခုနှစ် ဧပြီလမှာ တရားဝင် တိုင်းတာကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူရဲ့ အရပ်ကတော့ ၇ ပေ ၊ ၁.၅ လက်မရှိပါတယ်။ 

Ref : GWR

YangonMediaGroup

အိန္ဒိယ ရထားသံလမ်းဘေးတွင် ကိုယ်လက်င်္ဂါ ပြတ်တောက်သေဆုံးနေသည့် ဗြိတိန်နိုင်ငံသား အလောင်းတွေ့ရှိ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက ချန်ဒါရီဘူတာရဲ့ ရထားသံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။

အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထားပါတယ်။

ဒီအမျိုးသားဟာ မောင်းနှင်နေဆဲရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့ ချန်ဒရီ မီးရထားဘူတာရဲ့ စစ်ဆေးရေးမှူး မဟာဒေ့ဗ်က ပြောပါတယ်။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်အရ သူ့ဇာတိနိုင်ငံကိုပဲ သိသေးတယ်။

သူနိုင်ငံကူးလက်မှတ်က အသက်အရ အသက် ၅၆ နှစ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သေဆုံးမှုကို အိန္ဒိယရဲတွေက စုံစမ်းစစ်ဆေးနေဆဲပါ။

By ဒီဗွီဘီ

ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နေသည့် အလှမယ်မေဘရဏီသော်ကို အွန်လိုင်း Vote စတင်ပေးနိုင်


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ ပြုလုပ်နေသည့် Miss International 2014 အလှမယ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင် နေသည့် အလှမယ်မေဘရဏီသော်အား အွန်လိုင်း ဠသအန စတင် ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအွန်လိုင်း Vote ပေးပို့လိုသူများအနေဖြင့် အောက်တိုဘာ ၂၇ရက်နေ့မှ နိုဝင်ဘာ ၁ဝရက်ထိ www.missmyanmarinternational2014 သို့ ဝင်ရောက်မဲပေး နိုင်ကြောင်း သိရသည်။

''ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် အရမ်းကို နည်းပါတယ်။ ဒါပေမဲ့လဲ ဘရဏီအ ကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထား တဲ့အတွက် ဆုတစ်ခုတော့ရယူချင် ပါတယ်။ အခု ဘရဏီ ဂျပန်ကို ရောက်တာနဲ့ နိုင်ငံတကာက အလှမယ်တွေနဲ့ စခန်း သွင်းလေ့ကျင့်ရတော့ မှာပါ'' ဟု ပြည်တွင်း မှမထွက်ခွာမီလေ ဆိပ်၌ အလှမယ် မေဘရဏီသော် မှပြောကြားခဲ့သည်။

ယခုအခါ အလှ မယ် မေဘရဏီသော်သည် Miss International 2014 အလှ မယ်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြ သည့် အလှမယ် ၈ဝကျော်ဖြင့် စခန်းသွင်းလေ့ ကျင့်လျက်ရှိနေပြီး ရေကူးဝတ်စုံပြိုင်ပွဲအား ပထမ ဦးဆုံးပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

''ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတောအတွင်းမှာ ဘရဏီအနေနဲ့ မြန်မာနိုင်ငံအကြောင်းပြောတဲ့ အခါ ပုဂံ၊ မန္တလေးဒေသမှာရှိတဲ့ ယဉ်ကျေးမှု တွေ ရိုးရာဓလေ့တွေကို နိုင်ငံတကာက သိအောင်ပြော ပြသွားမယ်''ဟု ယင်းကဆက်လက်ပြောသည်။

Miss International 2014 အလှမယ်ပြိုင်ပွဲ၏ွှေူနညအ ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်အလှမယ် မေဘရဏီ သော်သည် ရှမ်းအကဖြင့်ယှဉ်ပြိုင်မည်ဖြစ်ပြီး National Cosume ပြိုင်ပွဲတွင်လည်း ရတနာပုံခေတ် နှင့် ကုန်းဘောင်ခေတ်ဝတ်စုံများအား ဝတ်ဆင်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ National Cosume ဝတ်စုံများ အား ဒီဇိုင်းနာမျိုးမင်းစိုးက ဖန်တီးချုပ်လုပ် ပေးမည်ဖြစ်ပြီး ညနေခင်းပွဲတက်ဝတ်စုံကို ဒီဇိုင်းနာ မိုးကုတ်ပေါက်ပေါက်က တာ ဝန်ယူထားပြီး ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာ လအတွင်း ဝတ်ဆင်ရမည့်ဝတ်စုံများ အား ဒီဇိုင်းနာကိုစိုင်းနှင့် ယုံးယုံးတို့က တာဝန်ယူထားကြောင်း သိရသည်။

Miss International ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ၂ဝ၁၂ခုနှစ်တွင် အလှ မယ် နန်းခင်ဇေယျာမှ ပထမဦးဆုံး အကြိမ်ဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေး ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခု တတိယအကြိမ်မြောက် အဖြစ် အ လှမယ် မေဘရဏီသော် ပါဝင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

Miss International 2014 အလှမယ်ပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဖိုင်နယ် ပြိုင်ပွဲကြီးအား နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

Democracytoday

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များ ဆွေးနွေးမည်

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြားလိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန်က ဖိတ်ကြားတာလို့ ဖိတ်ကြားစာလက်ခံရရှိထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ဆွေးနွေးမယ့် အကြောင်းအရာ ၃ ချက် ရှိပါတယ်။ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ညင်သာစွာနဲ့ ခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အဲ့ဒီအချက်တွေ ဆွေးနွေးနိုင်ဖို့ ဆိုပြီး အက်စ်အန်အယ်လ်ဒီပါတီ အနေနဲ့ရော ယူအန်အေ ကိုယ်စားပါ ဦးခွန်ထွန်းဦးကို ဖိတ်တာပါ။”

ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသန်းတင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တယောက် စုစုပေါင်း ၁၄ ယောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပထောက်ခံမှု အများအပြားရထားတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့တွေ့ဆုံဖို့ မနှစ်နှစ်ကုန်ပိုင်းက တောင်းဆိုခဲ့ပြီး နောက်ပိုင်း ဖြစ်ထွန်း တိုးတက်မှုဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က “သမ္မတအနေနဲ့ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ သဘောမျိုးလုပ်တယ်လို့ မြင်ပါတယ်။ လေးပွင့်ဆိုင်ကိုလည်း သူငြင်းပယ်တာမျိုး မဟုတ်ဘဲနဲ့ လေးပွင့်ချည်းပဲလည်း မဟုတ်ရအောင်ပေါ့နော် အဖွဲ့အစည်းစုံအောင် ဖိတ်လိုက်တဲ့ သဘောပေါ့။ နောက်တခု ကျနော်မြင်တာပေါ့နော်၊ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့အနေအထားမျိုး ဖြစ်ချင် ဖြစ်နေမယ်။ အဲ့ဒါတချက်၊ နောက် တချက်က အမေရိကန်သမ္မတ အိုဘားမား လာကာနီးပြီ။ ကမ္ဘာ့အမြင်မှာ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်သွားနေပါတယ် ဆိုတာကိုလည်းပဲ သမ္မတက ပြချင်တာပါလိမ့်မယ်။ ဒါကြောင့်မို့ အခုလို စုဆုံဖို့ လုပ်လိုက်တာလို့ ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ အောက်တိုဘာ ရေဒီယိုမိန့်ခွန်းမှာ အပစ်ရပ်လက်မှတ်ထိုးနိုင်မှ ၂၀၁၅ ရွေးကောက်ပွဲ ရေရာသေချာပြီး ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာ နိုင်မယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။
DVB

မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူ မိန့်ကြား

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူက မိန့်ကြားကြောင်း လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံနေတာဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင်ဦးဝီရသူက မိန့်ကြားပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ အထက်ဗမာပြည် အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ စတုတ္တအကြိမ် စုပေါင်း စုံညီတွေ့ဆုံပွဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မပြဋ္ဌာန်းပေးရင် ဒီဇင်ဘာ ၂ ရက်နေ့မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ဆန္ဒဖော်ထုတ်သွားမယ်လို့ ဦးဝီရသူက မိန့်ကြားတယ်ဆိုတဲ့ ရေးသားချက်တွေ လူမှုရေးကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

“ပြောတာလည်း မဟုတ်ပါဘူး။ ရေးတာလည်း မဟုတ်ပါဘူး။ မဟုတ်တဲ့အကြောင်းကို သူတို့သတင်းက ရေးလာတာနဲ့ တပြိုင်နက် ဦးဇင်းအကောင့်ကနေ ပြန်ချေပထားပါတယ်” လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

အရင်က သုံးခဲ့တဲ့လူမှုရေးအကောင့်တွေက တိုက်ခိုက်ခံထားရတဲ့အတွက် မြန်မာလို ၀ီရသူ (မစိုးရိမ်) ဆိုပြီး အကောင့်တခုနဲ့ ထပ်မံဖွင့်ထားပြီး အဲဒီမှာ ရှင်းလင်းထားတယ်လို့ သူက ပြောပါတယ်။
By ဒီဗွီဘီ

လာလီဂါ အကောင်းဆုံး ကစားသမားဆု အပါအ၀င် ဆု ၃ ခု စီရိုနယ်ဒို ရရှိ


ပြီးခဲ့တဲ့ ရာသီ လာလီဂါ အကောင်းဆုံး ကစားသမားဆု အပါအ၀င် ဆု ၃ ဆုကို ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုက ရရှိသွားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါပွဲ ၃၀ ကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူ ပေးခဲ့သူဖြစ်ပါတယ်။ အခု LFP ဆုကို ၂၀၀၈-၀၉ ခုနှစ်ကကစပြီး ချီးမြှင့်ခဲ့တာပါ။

အရင်က မက်ဆီကပဲ တောက်လျှောက်ရခဲ့ပြီး အခုနှစ်မှာမှ စီရိုနယ်ဒိုက ရရှိသွားပြီး အကောင်းဆုံး တိုက်စစ်မှူး အဖြစ်လည်း အရွေးခံခဲ့ရပါတယ်။

ဒါ့အပြင် ဗလင်စီယာနဲ့ ပွဲမှာ သူသွင်းခဲ့တဲ့ ဂိုးကိုလည်း အကောင်းဆုံးဂိုးအဖြစ် ရေးချယ်ခဲ့ပါတယ်။

အခြားဆုတွေကတော့ အကောင်းဆုံး နည်းပြဆုကို အက်သလက်တီကိုက ဆီမြွန်းနီ၊ အကောင်းဆုံး ဂိုးသမားဆုကို အခုရီးရဲလ်ကို ပြောင်သွားပြီဖြစ်တဲ့ လီဗန်တေးက နာဗက်စ်။ အကောင်းဆုံး ခံစစ်မှူးဆုကို ရီးရဲလ်က ရာမို့စ်၊ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားဆုကို ရီးရဲလ်က မိုဒရစ်၊ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားဆုကို ဘာစီလိုနာက အင်နစ္စတာ၊ အကောင်းဆုံး အာဖရိက ကစားသမားဆုကို ဂရာနာဒါက ဘရာဟီမီ၊ အကောင်းဆုံး တောင်အမေရိကသားဆုကို ဆီဗီလာက ဘက်ကာ တို့က ရရှိခဲ့ပါတယ်။

By ဒီဗွီဘီ

ဗုဒ္ဓဘာသာ မိန်းကလေး ခွေးကိုက်ခံရပြန်ပြီ





ကချင်ပြည်နယ် ၊ မိုးကောင်းမြို့၊ဈေးကုန်းရပ်ကွက် တွင် 24.10.2014 ရက်နေ့ ညနေ(8း00)အချိန်တွင် ကျူရှင်မှပြန်လာသော အဖဦးအောင်အောင်+ အမိဒေါ်အေးဝင်း ၏သမီးမမူမူသင်း အသက်(၁၄နှစ်၇လ) (၈)တန်းကျောင်းသူသည် အဒေါ်ဖြစ်သူဒေါ်မဲ လှိုင်အိမ်သို့အသွား မြင့်မြတ်သဇင် တည်းခိုခန်းမှ မွတ်စလင်ကုလား ဦးစံသိန်း အသက် (58)နှစ်မှတည်ခိုခန်းအနောက်ပေါက်တွင်စောင့်ဆိုင်းနေ ကာ မမူမူသင်းကို ပါးစပ်ပိတ်ကာ တည်ခိုခန်းအတွင်း မီးဖိုချောင် နှင့် အိမ်သာအကြားတွင်အလိုမတူပဲ မုဒိန်းကျင့်ခဲ့ပါသည်။

ပြုကျင့်ပြီးအပြီးတွင်မည်သူ့ကိုမှမပြောနဲ့ပြောလျှင်ငါ့အကြောင်းသိစေရမည်ဟုပြောသဖြင့်မပြောရဲပဲနေခဲ့ပါသည်။(27.10.2014)နေ့တွင် မမူမူသင်းမှနောက်နောင်ထပ်ဖြစ်မှာစိုးရိမ်သည့် အတွက် ဈေးကုန်းရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ရှမ်းမ အားပြောကြားခဲ့ ရာ ဒေါ်ရှမ်းမ မှ ဈေးကုန်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်စန္ဒာငယ်ဆီခေါ်ဆောင်သွားပါသည်။

ဒေါ်စန္ဒာငယ်မှဦးဆောင်ကာ မိုးကောင်းမြို့ မြို့မရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ သဖြင့် တရားခံ မွတ်စလင်ကုလား စံသိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး ခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီမြစ်ဖျားဆီက

ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ


အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။

ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။

ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…

တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။

သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။

နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”

သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့…
တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။

သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။

အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။

မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့…
ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။

အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။

သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်…
အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။

တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။

ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
“ရှင်တို့နဲ့ မခွဲရက်ဘူး… ”

သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး…
ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို…

ဒါပေမဲ့…
အဲဒီအချိန်မှာ…

ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။

“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”

ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။

ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…”

ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။

ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့…

ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား…
ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ…

ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား…
ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။

ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို…
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို …

ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ…
သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ…

ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။
တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။

ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်…
တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။

ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…

ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ…
အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။

ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။
နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…”

ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်ပြီးတော့…
သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ…
သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ…

သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်…
ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်…
“ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…”

သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။
နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်…

မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ…

ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။
ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်…
ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ…

ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…

သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်…
မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။ မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ…

အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး…

အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်…
သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်…

သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။

အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…

ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး”

အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း”

ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး…
သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…

အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်…
ကျွန်တော့ရဲ့ “ချစ်ဇနီး”…

မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?

Credit to: Original Writer

လက်ပံတန်းမြို့တွင် တစ်ဦးတည်းနေသူ အဘွားအိုတစ်ဦး အသတ်ခံရ


ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်၊ ဘီလင်းတန်း လမ်း အိမ်အမှတ် (၄၅) ၌ တစ်ဦး တည်းနေထိုင်သည့် အဘွားအိုတစ် ဦးထံမှ ပစ္စည်းတစ်စုံတစ်ရာ ရလိုမှု ဖြင့် လည်ပင်းညှစ်သတ်၍ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်အထိ သေ ဆုံးသူ ဒေါ်တင်အိ အသက် (၇၂) နှစ်အား ပတ်ဝန်းကျင်မှ နေထိုင်သူ များက မတွေ့ရှိရခြင်း၊ တံခါးများပိတ် ထားခြင်းတို့ကြောင့် အိမ်အတွင်းသို့ အော်ခေါ်သော်လည်း မည်သည့်အသံ မျှ မကြားရသဖြင့် အိမ်၏ပြတင်းပေါက် တံခါးအား ဖွင့်ကြည့်သည့်အခါ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေ နှောက်ထားသည်ကို တွေ့ရှိရသဖြင့် အိမ်နီးနားချင်းများက လက်ပံတန်း မြို့နယ်၊ မြို့မရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ညီ မဝမ်းကွဲတော်စပ်သူ ဒေါ်ဋ္ဌေးဋ္ဌေးရီ ထံ သက်ဆိုင်ရာမှ ဒေါ်တင်အိနေ အိမ်အတွင်း သေဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် ဒေါ်ဋ္ဌေးဋ္ဌေးရီသည် အစ်မဖြစ်သူနေ အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အစ်မဖြစ်သူ အဒေါ်တင်အိသည် နေအိမ်အိပ်ခန်းအတွင်း၌ ပက်လက် လန်လဲကျသေဆုံးနေပြီး ၄င်း၏မျက်နှာ တွင် အဝတ်အုပ်ထား၍ အဝတ်နှင့် မျက်နှာပေါ်တွင် နနွင်းမှုန့်များ ပြန့် ကျဲကာ သေဆုံးနေကြောင်းနှင့်ဗီရို များအတွင်းမှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်အခြားပစ္စည်းများအပြင် သို့ ရောက်ရှိပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် နံနက် ၁ဝ နာရီခွဲ တွင် ဒေါ်ဋ္ဌေးဋ္ဌေးရီက မြို့မရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်း မှ (ပ)၃၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲ မှူးစန်းမြင့်မှ အမှုစစ်အဖြစ် ဆောင် ရွက်လျက်ရှိကာ တရာခံအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

WT(Lpd)
Democracytoday

အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်


အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီရတ်နိုင်ငံတွင် အီရတ် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးပမ်းနေပြီး အမေရိက ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း IS ၏စစ်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်းမရှိဘဲ အနာဂတ် ကာလတွင် အင်အား ပိုမိုကြီးထွားလာမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပ ထောက်လှမ်းရေးအဖွဲ့က သတိပေး ပြောကြားသည်။ 

ထို့ပြင် ဂျာမနီနိုင်ငံတွင်း အစ္စလာမ္မစ် စစ်သွေးကြွဦးရေ သိသိသာသာ တိုးပွားလာလျက်ရှိပြီး ၎င်းတို့သည် အီရတ်နှင့် ဆီးရီးယားရှိ IS အုပ်စုများနှင့် ပူးပေါင်းရန် အသင့်ရှိနေကြကြောင်း၊ သို့အတွက်ကြောင့် ဂျာမနီနိုင်ငံတွင်း လမ်းမများပေါ်တွင် ပြိုင်ဘက် အစွန်းရောက်အုပ်စုများ အကြမ်းဖက်မှုနှင့် ပဋိပက္ခ ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းထောက်လှမ်းရေးအဖွဲ့ ကသတိပေး ပြောကြားသည်။ 

“အီရတ်နိုင်ငံတွင် နိုင်ငံရေးနှင့် လုံခြုံရေး လစ်ဟာမှု ဆက်လက်တည်ရှိနေခြင်းက လာမည့် အနာဂတ်ကာလတွင် အစွန်းရောက် အုပ်စုများနှင့် အကြမ်းဖက်သမားများ ပိုမိုကြီးထွား လာစေလိမ့်မည်” ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့(BND) ကကြေညာချက် ထုတ်ပြန်သည်။ 

ဆီးရီးယားနိုင်ငံနှင့် တူရကီနယ် စပ်ဒေသအကြား IS အုပ်စုများနှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ခိုက်နေမှုများကို ကြည့်မည်ဆိုလျှင် စစ်သွေးကြွများ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။ 

BND ၏ညီနောင် အဖွဲ့အစည်း တစ်ခုဖြစ်သော BfV အမည်ရ ထောက်လှမ်းရေး အေဂျင်စီအဆိုအရ ဂျာမနီနိုင်ငံတွင်း အစွန်းရောက် အစ္စလာမ္မစ်များ ကြီးထွားလျက် ရှိကြောင်း၊ IS ကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ်များနှင့် ပူးပေါင်းရန် ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူ ဦးရေ ၄၅၀ ခန့်ရှိကြောင်း သိရသည်။ 

ထို့ပြင် ဂျာမနီနိုင်ငံတွင်း နေထိုင်လျက်ရှိသည့် ချေချင်းလူမျိုး များသည်လည်း သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြပြီး ထိုသို့ပူးပေါင်းရန် သိမ်းသွင်းခံရသူ အများစုမှာ အကြမ်းဖက်မှုတွင် တက်ကြွသူများ ဖြစ်ကြသည်။ 

“သဘောထားတင်းတဲ့ ဆာလဖီတွေက IS အတွက်လူစုတယ်။ ကာ့ဒ်အလုပ်သမားပါတီက IS တွေကို တိုက်ခိုက်ဖို့ လူစုနေတယ်” ဟု BfV အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဟန်စ်ဂျော့ရှ်မာဆန်က ပြောကြားသည်။
The Voice Weekly

ကိုပါကြီး သတ်ဖြတ်ခံရ မှု ဖော်ထုတ်ရေး တောင်းဆို ဆန္ဒပြသူတချို့ကို အမှုဖွင့်

အလွတ်သတင်းထောက် ကိုပါကြီး ခေါ်ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီးစုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲကတချို့ကို သက်ဆိုင်ရာရဲစခန်းတွေက တရားမဝင် 
စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါတယ်။

ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ကြောင်း အတည်ပြုပြောပေမယ့် တရားဝင်အကြောင်းကြားစာပို့လာတာတော့ မရရှိသေးဘူးလို့ ရန်ကုန် မြို့တော်ခန်းမ နားမှာ ဟောပြောခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ကိုမိုးသွေးက ပြောပါတယ်။

"ကျနော့်ကို မနေ့ကတုန်းက သတင်းထောက် မိတ်ဆွေတချို့က လှမ်းပြောတယ်၊ ကျနော်က လှမ်းပြီးတော့မှ စခန်းကိုစုံစမ်းတယ်၊ သူတို့က တိတိကျကျမပြောဘူး၊ အမှုဖွင့်ထားတယ်လို့တော့ပြောတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ဖွင့်ထားတယ်ဆိုတာတော့ မပြောဘူး"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၃ဝ ကျော်စုပေါင်းပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကိုပါကြီးအမှုကို စုံစမ်းဖေါ်ထုတ်အရေးယူပေးဖို့ ဟောပြောပွဲကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။


အလားတူ မန္တလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ မန္တလေးမြို့ခံ ၃ဝဝ လောက်က ဖယောင်းတိုင်မီးထွန်းပြီး ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ၂၀ ခန့်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းက တာဝန်ကျရဲအရာတစ်ဦးက ပြောပါတယ်။

"အယောက် ၂ဝ လောက်ရှိတယ်၊ ကျူးလွန်လို့ ပုဒ်မ ၁၈ နဲ့ စွဲတာပေါ့၊ အမှုဖွင့်တယ်၊ ကျနော်တို့က အခု ဘယ်သူတွေလဲဆိုတာကို စိစစ်နေတုန်းရှိသေးတယ်"

အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက ဖမ်းဆီးထားစဉ်မှာ ကိုပါကြီးက သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုပါကြီးရဲ့ဇနီး မသန္တာက သူ့ခင်ပွန်းအမှုကို စစ်ဆေးပေးဖို့အတွက် ကျိုက်မရောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

RFA 

Black List သတ်မှတ်ခံရသူ တရုတ်နိုင်ငံသား မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိ

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် လ၀က ကောင်တာတွင် အောက်တိုဘာ ၂၇ ရက် ၊ မွန်းလွဲပိုင်းက လ၀က Black List သတ်မှတ် ခံရသူ တရုတ်နိုင်ငံသား တစ်ဦးအား စစ်ဆေး တွေ့ရှိသဖြင့် ပြည်ဝင်ခွင့် မပြုဘဲ တားဆီး ခဲ့ကြောင်း သိရသည်။

China Eastern Airlines မှ လေယာဉ် အမှတ် B 5270 ၊ လေယာဉ် အမျိုးအစား B-737 ၊ ခရီးစဉ် အမှတ် MU 2029 လေယာဉ်ဖြင့် လိုက်ပါ လာသော ခရီးသည်များ အနက် တရုတ်နိုင်ငံသား Mr. WuGonG က ပတ်စ်ပို့ အမှတ် E 29833031 ၊ ဗီဇာအမှတ် 746211 သည် လ၀က Black List စာရင်းတွင် ပါဝင်နေသူ ဖြစ်ကြောင်း လေဆိပ် စစ်ဆေးရေး အဖွဲ့မှ စစ်ဆေး တွေ့ရှိရသည်။ ၄င်းအား လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဝင်သး ဦးစီး၍ တာဝန်ရှိ သူများသည် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ထွက်ခွာသော China Eastern Airlines ခရီးစဉ်အမှတ် MU 2030 လေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ကူမင်းမြို့ သို့ ပြန်လည် စေလွှတ် ပေးခဲ့သည်။

၎င်းသည် မူလ ပတ်စ်ပို့ စာအုပ်အမှတ် G 42891709 ဖြစ်ပြီး ယခု စာအုပ်သစ် အမှတ် E 29833031 ဖြင့် ၀င်ရောက် လာခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။
PyiChitThar

သုံးဘီးမောင်းသူများ၏ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် AA Family ယာဉ်မောင်းသေဆုံး

အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့သို့ မောင်းနှင်လာသော ခရီးသည်တင် Express ယာဉ်တစ်စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးကို သုံးဘီး မောင်းသူများက ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာ ယာဉ်မောင်း တစ်ဦး နှင့် ယာဉ်နောက်လိုက် နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး လားရှိုး ပြည်သူ့ ဆေရုံကြီးသို့ တင်ပို့ ကုသမှု ခံယူနေစဉ် ယာဉ်မောင်း သေဆုံး သွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၂၇ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ် အချိန်ခန့်က AA Family ယာဉ်လိုင်းမှ မကွေး - လားရှိုး Express ယာဉ်သည် လားရှိုး မြို့တွင်းသို့ ဝင်ရောက် လာရာ ရပ်ကွက်(၁) တွင် ဆင်းသက်လိုသော ခရီးသည် များရှိသဖြင့် ခေတ္တရပ်တန့် ပေးခဲ့သည်။ Express ယာဉ် ရပ်တန့်လျှင် သုံးဘီးယာဉ်ငယ် များကလည်း ယင်း Express ကား ရပ်တန့်ရာသို့ ရောက်ရှိ လာကြပြီး ခရီးသည် များကို အပြိုင်အဆိုင် ခေါ်တင်ခဲ့ ကြသည်။

ထိုသို့ ခရီးသည် အပြိုင် ခေါ်ကြရင်း အမည်မသိ သုံးဘီးမောင်းသူ တစ်ဦးက Express ယာဉ်ပေါ် တက်ကာ ခရီးသည် ရရှိရန် အလို့ငှာ မေးမြန်းသည်ဟု ဆိုသည်။ Express ယာဉ်နောက်လိုက်များကလည်း ခရီးသည် ပစ္စည်း လုံခြုံရေး အတွက် ကားထဲထိ မတက်ရန် ဟန့်တားစဉ် ယင်း သုံးဘီးမောင်းသူ နှင့် ကတောက်ကဆ ဖြစ်ရာမှ Express ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးတို့အား သုံးဘီးယာဉ်မောင်း အဖွဲ့မှ တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ယာဉ်မောင်း ကိုဇော်ကြီး ၃၅ နှစ်၊ ယင်းစိတ်ရွာ၊ တောင်တွင်းကြီး မြို့နယ် နေသူတွင် ဦးခေါင်း ဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာဉ်နောက်လိုက် နိုင်နိုင်ဝင်း၂၆ နှစ်၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမ ကျေးရွာနေသူ တွင် ဦးခေါင်း ယာချိုစောင်း နှင့် ဝဲလက်မောင်း တို့တွင် ပေါက်ပြဲဒဏ်ရာ၊ ယာဉ်နောက်လိုက် မောင်မောင် ၂၆ နှစ်၊ အမှတ်(၆) ရပ်ကွက်၊ေ ချာက်မြို့ နေသူတွင် ယာနဖူး ပေါက်ပြဲ ဒဏ်ရာ တစ်ချက်တို့ ရရှိပြီး လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာ မှ ယာဉ်မောင်း ကိုဇော်ကြီး မှာ ရရှိထားသော ဒဏ်ရာများ ကြောင့် သတိမေ့ နေရာမှ သတိပြန်လည် မလာတော့ဘဲ ယမန်နေ့ နေ့လယ် ၁၂ နာရီ ၁ဝ မိနစ် အချိန်တွင် သေဆုံး သွားကြောင်း သိရသည်။

စုံစမ်း စစ်ဆေးမှုအရ အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးအား ရိုက်နှက် ခဲ့သူများမှာ ပြိုင်မြင်းအသင်း မှ သုံးဘီးယာဉ် မောင်းများ ဖြစ်ကြသော လားရှိုးမြို့၊ ရပ်ကွက်(၉) နေသူ သန်းဇော် နှင့် ရပ်ကွက်(၁ဝ) နေသူ သားငယ် ပါ လူတစ်စု ဖြစ်ကြောင်း၊ ရိုက်နှက် ရာတွင် သစ်သားတုတ် နှင့် သံတုတ် များကို အသုံးပြု ခဲ့ကြောင်း၊ သို့ဖြစ်၍ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် နှစ်ဦးအား ဒဏ်ရာ ရရှိအောင် ဝိုင်းဝန်း ရိုက်နှက်သူ များအား အရေးယူပေးပါရန် AA Family မကွေး - လားရှိုး အဝေးပြေး ကားဂိတ် တာဝန်ခံ ဦးနေဝင်းမြင့် က တိုင်တန်းခဲ့ သဖြင့် လားရှိုး မြို့မရဲစခန်း က (ပ) ၃၃၃/ ၁၄ ပြစ်မှုပုဒ်မ ၃၂၅/ ၁၁၄ ရေးဖွင့် ပြီး ဒုတိယ ရဲအုပ် စိုင်းကိုကို မှ စစ်ဆေးလျက် ရှိရာမှ ယခုအခါ (ပ)၃၃၃/ ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂/ ၁၁၄ ဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

PyiChitThar

တစ်ချိန်က မန္တလေးမြို့ အရုဏ်ဦး


မန္တလေးမြို့ရဲ့ နေ့သစ် တစ်ခုကို ဘုရားကြီးရဲ့ ဗုံတောင် ခေါက်သံနဲ့ စလိုက်တယ်။ မန္တလေးသား၊ မန္တလေးသူ တွေက မနက်စောစော ထတတ်၊ နိုးတတ်တဲ့ အလေ့အထ ရှိတယ်။ မနက် လေးနာရီ ဆိုရင် ဘုရားကြီး ပရိဝုဏ် အတွင်းက ဗုံတောင်ခေါက်ပြီ။ ဒီအချိန်မှာ မန္တလေးက လူအများစုဟာ ဘုရားကြီးနဲ့ နီးသူရော၊ ဝေးသူပါ အိပ်ရာက ထကြတယ်။ ဒီအချိန်ကို အလေးအနက် ထားကြတယ်။ ဂရုတစိုက် ရှိကြတယ်။


အရှေ့စောင်းတန်း အာရုံခံ တန်ဆောင်း အတွင်းမှာ ဗုံတောင် မခေါက်ခင် ကတည်းက ရေတော် ဆရာတော်နဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ဟာ ဗုံတောင် ခေါက်ချိန်ကို စောင့်ဆိုင်း နေကြတယ်။ မနက်စောစော မျက်နှာသစ် တော်ရေ ကပ်လှူတဲ့ အချိန်ဟာ ဘုရားကြီး ရင်ပြင်တော်မှာ နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီပဲ ဖြစ်ဖြစ် သာယာ နေပါတယ်။ ဘုရားကြီး အတွင်း ရောက်လာ သူတိုင်း ကြည်နူးမှု၊ အေးချမ်းမှုတွေ ခံစားကြ ရတယ်။ စိတ်ကြည်လင် နေတတ်တယ်။ ပူပင်သောကတွေ၊ စိုးရိမ် ကြောင့်ကျမှု တွေ အထိုက်အလျောက် လျော့နည်း ပျောက်ကွယ် သွားမြဲပါ။ မြင်မြင်သမျှ တွေ့ရသမျှ ရဟန်းရှင်လူ တွေရဲ့ မျက်နှာတိုင်း ကြည်လင်ရွှင်ပျ အေးမြနေကြတယ်။


ဗုံတောင်ခေါက်လို့ တံခါးတွေ ဖွင့်ပြီး ဆိုတာနဲ့ ရေတော် ကပ်မယ့် ဆရာတော်နဲ့ တကွ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူကြမယ့် ရပ်နီး၊ ရပ်ဝေး ပရိသတ်တွေ၊ နိစ္စဒူဝ ဝတ်ရွတ်စဉ်တွေ ရွတ်ဖတ် ပူဇော်တဲ့ ဝတ်အဖွဲ့၊ ဝတ်အသင်း တွေက ရေတော် ဆရာတော် ဘုရား နောက်က အစီအရီ ဝင်ရောက် ကြပါတယ်။ တံခါး အထပ်ထပ် တစ်ခုချင်း ဖွင့်လှစ်ပြီး တာနဲ့ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်း ရေတော် ဆရာတော်ဘုရားနှင့် ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ဥပါသကာ နှစ်ဦးတို့က ဦးဆောင် ဝင်ရောက်ကြ ပါတယ်။ ရုပ်ပွားတော်ကြီး သီတင်းသုံးရာ ပလ္လင်တော်ပေါ် တက်ပြီး သက်တော် ထင်ရှား ရှိတော်မူသော ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ပူဇော် နေသလား ထင်မှတ် ရလောက်အောင် မျက်နှာသစ် တော်ရေ၊ တံပူ ကပ်လှူခြင်း များကို တစ်ခုခြင်း လေးမြတ် ရိုသေစွာ ပူဇော်ကြ ပါတယ်။ ဆရာတော် ဘုရားက လည်ပင်းတော် နဲ့ မျက်နှာတော် တဝိုက် ရွှေသင်္ကန်း ဦးစွာ ကပ်လှူပူဇော်ခြင်း ပြုပါတယ်။ အဲဒီအချိန်မှာ ဝတ်ဖြူ စင်ကြယ်ဝတ် ထားတဲ့ ဥပါသကာ နှစ်ဦးက ဘယ်ညာ တစ်လှည့်စီ ငြိမ့်ငြိမ့် ညောင်းညောင်း ယပ်တော်ခတ် ပူဇော်ကြ ပါတယ်။ ရေတော် ဆရာတော် ဘုရားက ဆွမ်း၊ ပန်း၊ ရေချမ်း နဲ့ ချိုချဉ်ရသာ အဖြာဖြာသော ခဲဖွယ် ဘောဇဉ်တွေ သစ်သီးဝလံ တွေကို အစဉ်အတိုင်း ဆပ်ကပ် လှူဒါန်းပူဇော် ပါတယ်။ ဝတ်အဖွဲ့ ဝတ်အသင်း တွေက ဘုရားကန်တော့ ချိုးတွေနဲ့ ရှိခိုးပူဇော် တာတွေ၊ ပရိတ်ပဌာန်း ရွတ်ဖတ်ပူဇော် တာတွေကို ကြည်ညိုဖွယ်ရာ ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံတဲ့ သံနေ သံထားနဲ့ ဌာန်ကရိုဏ်း ကျကျ ရွတ်ဖတ်ပူဇော် နေပါတယ်။ မန္တလေးသား၊ မန္တလေးသူ တွေနဲ့တကွရပ်ဝေးမှ ဘုရားဖူး ဧည့်သည် အများစုဟာ ဘုရားကြီး မျက်နှာသစ် တော်ရေ ကပ်လှူခြင်းကို ကြည်ညို ဖူးမျှော်လိုတဲ့ ဆန္ဒရှိကြ ပါတယ်။ အထူး ဂရုတစိုက် လာရောက် ပူဇော်လေ့ ရှိကြပါတယ်။ မျက်နှာသစ် တော်ရေ ကပ်လှူခြင်း အလေ့အထ ဟာ မန္တလေးမြို့ ဗုဒ္ဓဘာသာဝင် တွေရဲ့ ထူးခြားတဲ့ ပူဇော်မှု တစ်ခုပါပဲ။


ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူခြင်း၊ ဝတ်ပြုခြင်းပြီး လို့ စောင်းတန်း အပြင် ထွက်လာချိန် မှာတော့ အရှေ့ မိုးကုတ်စက်ဝိုင်း ဆီက ရောင်နီသန်း စပြုနေပါပြီ။ ဘုရားကြီး အရှေ့မုခ်၊ မြောက်မုခ် အနီးဝန်းကျင် က မြင်းလှည်း၊ ဆိုက်ကား သမားတို့ရဲ့ တရုတ်တန်းဈေး၊ ဘူတာကြီး၊ ဈေးချိုဆိုတဲ့ တစ်ယောက် တစ်ခွန်း အော်ဟစ် ခေါ်ငင်သံတွေကို ကြားနေရ ပါတယ်။ ဂီတသံစဉ်တွေ ပမာ သံတို၊ သံရှည်၊ ဘယ်သံ၊ ညာသံ၊ အနိမ့်အမြင့် စုံလင်လှတဲ့ သံစဉ်တွေ နဲ့ ကြိုကြတဲ့ အသံနဲ့ ခရီးသည် ရသွားလို့ မောင်းထွက် သွားတဲ့ မြင်းလှည်း တွေရဲ့ ခွပ်တောက် ခွပ်တောက် မြင်းခွာသံနဲ့ တချွင်ချွင် ခြူလုံးသံ စတဲ့ အဆက်မပြတ် ကြားနေရတဲ့ အသံတွေဟာ မန္တလေးမြို့ရဲ့ နေ့နေ့ညည မရိုးနိုင်တဲ့ သဘာဝ တေးသွား တစ်ခုပါ။ တစ်ခါတစ်ရံ မိမိနားက ဖြတ်မောင်း သွားတဲ့ မြင်းလှည်းက မြင်းခွာသံ ခြူလုံးသံ တွေဟာ တဖြည်းဖြည်း ဝေးဝေးသွားပြီး တိုးတိုး ညှင်းညှင်းလေး ပျောက်ကွယ် သွားတာကို လွမ်းစရာ လိုလို၊ ဆွေးစရာ လိုလို ကျန်ရစ်တတ် ပါတယ်။ ကား၊ ဆိုင်ကယ်၊ တစ်စီးစ နှစ်စီးစ ဖြတ်မောင်း သွားတတ်တာမှ အပ စက်တပ်ယာဉ် အလွန် ရှားပါးပါ သေးတယ်။ ခြေကျင် လျောက်သူ၊ စက်ဘီးစီးသူတွေ များပါတယ်။ ဘုရားကြီးက ဝတ်ပြု ကပ်လှူ ပူဇော်ပြီး ပြန်လာသူနဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း ကိုင်ဆောင်ပြီး ကပ်လှူရန် သွားလာ နေကြသူတွေ ဟာ ဘုရားကြီးနဲ့ တစ်ပြ နှစ်ပြ အတွင်းမှာ အဆက်မပြတ် တွေ့နေရ ပါတယ်။


အများဆုံး ကတော့ သံဃာတော် တွေကို ဖူးတွေ့ နေရတာပါပဲ။ တစ်ပါး နှစ်ပါးချင်း ကြွနေတာ၊ လေးငါး ဆယ်ပါး အုပ်စုလိုက် ကြွနေတာ လမ်းမကြီး တွေပေါ်နဲ့ ဒူးကြား လမ်းတွေမှာ ပျားပန်းခတ်မျှ များပြားလှတဲ့ သံဃာတော် တွေကို ဖူးတွေ့ နေရပါတယ်။ ဆွမ်းဟင်း၊ ဆွမ်း၊ ဘောဇဉ် လောင်းလှူ နေသူတွေ ကိုလဲ အိမ်ရှေ့၊ တိုက်ရှေ့ လမ်းတွေပေါ်မှာ နေရာအစုံ တွေ့နေရ ပါတယ်။ ဓမ္မာရုံတွေ၊ လမ်းဆုံ၊ လမ်းခွတွေမှာ သာသနာ့ အလံလွှင့်ထူပြီး မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ ယာဂု အစရှိသဖြင့် ဆက်ကပ် လှူဒါန်းတာ တွေလဲ နေရာတိုင်း မှာတွေ့ရတယ်။ အသင်း အဖွဲ့တွေ၊ သဒ္ဓါတရား ထက်သန်သော တစ်ဦးတည်း ဒကာတွေ က ရဟန်း သာမဏေ မခွဲခြား၊ထေစဉ် ဝါစဉ် မရွေး ကြွလာသမျှ သံဃာတော် တွေကို အစွဲမထား ခွဲခြားမှုမရှိ၊ ကြွရောက် အလှူခံရင် လောင်းလှူကြ တာပါပဲ။ ဒီလို လောင်းလှူခြင်း ကို မန္တလေး သံဃာတော် တွေက ဘုံဆွမ်းခံတယ်။ ဘုံဆွမ်း လောင်းတယ်လို့ ဆိုပါတယ်။ ဆွမ်းခံအိမ် သီးသန့် ပင့်ဖိတ်ခံ ရခြင်း မရှိတဲ့ သံဃာတော်များ ဘုံဆွမ်း အလှူခံ ဘုန်းပေးကြ ရပါတယ်။ မန္တလေးမြို့ ရာဇဝင်မှာ သံဃာတော်တွေ ဘယ်လောက်ပင်များများ ဆွမ်းဘောဇဉ် မပြည့်စုံဘူး ဆိုတာ မရှိခဲ့ပါဘူး။ မျှတ လုံလောက်အောင် လောင်းလှူကြ စမြဲပါ။


မနက် မိုးစင်စင်လင်းလို့ အလင်းရောင်တွေ ရလာလေ လမ်းတွေပေါ်မှာ မျက်စိတဆုံး ဘယ်နေရာ ကိုပဲ ကြည့်ကြည့် ဆွမ်းအလှူခံ ကြွနေတဲ့ သံဃာတော် တွေကိုသာ ကြည်နူးဖွယ်ရာ ဖူးတွေ့ နေရခြင်းပါပဲ။ မန္တလေးမြို့ ဆွမ်းလောင်း လှူတဲ့ အချိန်ဟာ နယ်မြို့တွေနဲ့ မတူပါဘူး။ နံနက် လေးနာရီ လောက်က စပြီး လောင်းလှူ တတ်ကြ ပါတယ်။ လေးပြင် လေးရပ် သံဃာတော်တွေ ဘယ်လောက်ပင် များများ ဘောဇန သပ္ပာယ၊ ခေါ်တဲ့ ဆွမ်း၊ ဘောဇဉ် မျှတအောင် ထက်သန်တဲ့ သဒ္ဓါတရား တွေနဲ့ နေ့စဉ် လောင်းလှူကြ ပါတယ်။ အလွန်တရာမှ ချီးကျူးစရာ ကောင်းပါတယ်။


သာသနာတော် ထွန်းကားတဲ့ မြို့လို့ သမုတ်ခံရတဲ့ မြို့တစ်မြို့ ဖြစ်တာနဲ့ အညီ ပရိယတ်၊ ပရိပတ်၊ ပရိဝေဓ ခေါ်တဲ့ သာသနာ သုံးရပ်ထဲက ပရိယတ် ခေါ်တဲ့ စာပေ သင်ကြားမှု အရာမှာ မန္တလေးမြို့ ဟာ ထင်ရှားလှ
ပါတယ်။ သံဃာတော်တွေ မန္တလေးမြို့မှာ စာပေ မသင်ဖူးရင်၊ စာဝါမလိုက် ဖူးရင် မျက်နှာငယ် ရတဲ့ အဖြစ်မျိုး အထိရှိခဲ့ ဖူးပါတယ်။ စာဘယ်လောက် ပင် တတ်ပါစေ မန္တလေးနေဖူး၊ စာလိုက်ဖူးမှ ပိုတင့်တယ် တယ်လို့ ဆိုစကားကြား ဖူးပါတယ်။ အခြားမြို့ရွာ တွေမှာတော့ စာသင် တတ်မြောက်ပြီး ဖြစ်ပါစေ မန္တလေးမြို့က နာမည်ကြီးတဲ့ စာချ ဆရာတော်ကြီး တွေထံ ပါဠိတော် အဠကထာ အစရှိတဲ့ ကျမ်းကို ထပ်မံပြီး နည်းနာနိဿယ တွေခံယူ တော်မူကြပါတယ်။


အဲဒီအချိန်က ဘုရားကြီး အနီးက ဘုရားကြီး ကျောင်းတိုက်ဟာ နိုင်ငံကျော် ကျောင်းတိုက် တစ်တိုက် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ အကြီးဆုံး နဲ့ သံဃာတော် အများဆုံးလဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အတွင်းတံတိုင်း အပြင်တံတိုင်း နှစ်ထပ်ကာရံ ထားပြီး ကျောင်းပေါင်း ခုနစ်ဆယ်ကျော် ရှိပါတယ်။ အလယ် တိုက်ကြီးဟာ အလွန်တရာမှ ခမ်းနား ထည်ဝါလှ ပါတယ်။ ဆရာတော် ဘဒ္ဒန္တ ရန်ကုန်၊ ဟံသာဝတီ ဆရာတော်၊ ဆရာတော် ကြယ် တို့လို သာသနာတော်မှာ ထင်ရှားတဲ့ နိုင်ငံကျော် ဆရာတော်ကြီး တွေ သီတင်းသုံးရာ စာပေပို့ချရာ ကျောင်းတိုက် တစ်တိုက်လဲ ဖြစ်ပါတယ်။ ဆရာကြီး ဦးရွှေအောင် တို့လို နာမည်ကျော် ပုဂ္ဂိုလ်တွေလဲ ထွက်ပေါ်ခဲ့ ပါတယ်။ ယခုလို ဆောင်းရာသီ အစ နှင်းမှုန်ကျစ မန္တလေးမြို့ရဲ့ လွမ်းစရာ အရုဏ်ဦး မြင်ကွင်းနဲ့ ထွန်းတောက် ခဲ့တဲ့ သာသနာ့ လင်းရောင်ခြည် တွေကို ပြန်လည် တမ်းတ နေမိ ပါတော့တယ်။
Yadanarpondaily