အမေရင်းကိုသတ် အလောင်းကို လိင်ဆက်ဆံတဲ့ သားမိုက်....

အမေအရင်းကို အကြောင်းပြချက် မရှိပဲ သွေးအေးအေးနှင့် သတ်တယ်။ အလောင်းကို လိင်ဆက်ဆံတယ်။ သူ့ရဲ့ လူပျိုဘဝကို လူသေအလောင်းမှာ ကုန်ဆုံးခဲ့တယ်လို့ ပြောတယ်။ နှမနှင့် အမေကို သတ်ပြီး အလောင်းကို လိင်ဆက်ဆံချင်တာက သူ့ဆန္ဒလို့ ဆိုတယ်။ အမေကို ဝါယာကြိုးနှင့် လည်ပင်းညှစ်တယ်။ အမေဖြစ်သူက အော်တော့ တူနှင့် ခေါင်းကို အဆက်မပြတ် ထုသတ်တယ်။ နောက် သေတာ သေချာသွားအောင် ခေါင်းထဲကို လက်နှိုက်ပြီး ဦးနှောက်ကို ထုတ်ပစ်တယ်။ အမေဖြစ်သူကို သတ်ပြီး နှမဖြစ်သူကို စောင့်သေးတယ်။ ပေါ်မလာတာနဲ့ စက်ဘီးနှင့် အပြင်ထွက်သွားပြီး လမ်းတွေ့တဲ့ လင်မယားနှစ်ယောက်ကို သူလူသတ်ခဲ့လို့ ရဲကိုအကြောင်းကြားဖို့ မှာခဲ့တယ်။ ရဲစုံထောက်က စစ်ဆေးစဉ်မှာ သူ့ရဲ့ချဉ်ခြင်းတပ်နေတဲ့ ဆန္ဒ၊ လူတစ်ယောက်ကို ခေါင်းဖြတ်ပြီး အလောင်းကို လိင်ဆက်ဆံချင်တဲ့ဆန္ဒပြည့်သွားပြီလို့ ပြောခဲ့တယ်။ အရင်ကလည်း ကြောင်တစ်ကောင်ကို သတ်ပြီး ကြောင်အလောင်းကို လိင်ဆက်ဆံဖူးတဲ့ ဇ ရှိတယ် ဆိုတယ်။ 
ကြားဖူးသမျှထဲမှာတော့ အဆိုးရွားဆုံး ဖြစ်ရပ်ပါပဲ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့တာပါ။ အင်္ဂါ (အောက်တိုဘာ ၇) နေ့က အမှုကို ဝန်ခံခဲ့ပါတယ်။ ကျူးလွန်သူ အမည်က ကီဗင် ဒေးဗီးစ် ဖြစ်ပြီး၊ လူမည်းပါ။ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သေဆုံးသူ သူ့ရဲ့အမေနာမည်က ကင်ဘာလေ ဟေးလ် လို့ သိရပါတယ်။ 

အပြည့်အစုံ ဘာသာမပြန်လိုက်တော့ပါ။ ဖတ်ရင်းနှင့် အော်ဂလီဆန်နေလို့။ 

http://www.rawstory.com/rs/2014/10/teen-admits-to-killing-then-raping-mother-guess-i-lost-my-virginity-to-a-dead-corpse/
From:Myo Myint Thant

လက်သီးနဲ့ထိုး ဓားနှင့် မွှန်း မုဒိမ်းကျင့်ပြီး သစ်ပင်မှာ ကိုယ်လုံးတီးချည် နှောင်ထားခံထားခဲ့ရတဲ့ အမျိုးသမီးနှင့် တွေ့ဆုံ မေးမြန်းခြင်း

အခုတစ်ပတ်ထုတ်တဲ့ တူမောရိုးဂျာနယ်မှာ ဖေါ်ပြထားတဲ့ မခင်မေဦးရဲ့ အင်တာဗျူးးဖြစ်ပါတယ်။

၂၈၊၉၊၂၀၁၄ရက်နေ့ မွန်းလွဲ(၃)နာရီ ဖြစ်ပွားခဲ့သည့် ရက်စက်စွာ ရိုက်နှက်နှိပ်စက်ပြီး မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီး ကို ကသာခရိုင်ဆေးရုံကြီးမှာ ၄၊၁၀၊၂၀၁၄ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က သွားရောက်တွေ့ဆုံပြီး
သူမရဲ့ ရင်နင့်စဖွယ် ဖြစ်ရပ်ဆိုးနှင့် သူခံစားချက်များကို သွားရောက် မေးမြန်းဖြစ်ခဲ့ပါတယ်၊
မေး။ ။ သမီးနာမည်နဲ့ အသက် လိပ်စာလေး ပြောပါဦး၊
ဖြေ။ ။့ ကျွန်မနာမည်က မခင်--- ဖြစ်ပါတယ်၊ အသက်က(၃၃)နှစ်ပါ၊ 
မေး။ ။အိမ်ထောင်ကရော
ဖြေ။ ။ မရှိပါဘူး၊
မေး။ ။မိသားစု အခြေအနေလေး ပြောပါဦး၊
ဖြေ။ ။ကျွန်မအမေက မုဆိုးမဖြစ်ပြီး ကျွန်မမှာ မွေးချင်းမောင်နှမက (၅)ယောက်ရှိပါတယ်၊ ကျွန်မက သမီးအကြီးဆုံးဖြစ်လို့ မောင်ညီမတွေကို မံလွဲရွာမှာ စက်ချုပ်ပြီး ထောက်ပံ့နေပါတယ်၊ မောင်အကြီးက အမရပူရမှာ ကျန်းမာရေးမကောင်းလို့ ဆေးကုသတဲ့ စားရိတ်တွေရယ်၊
ကျောက်ဆည်တက္ကသိုလ်မှာ GTC တက်နေတဲ့ မောင်ရယ်၊ မြစ်ကြီးနားမှာ
ဥပဒေတက်နေတဲ့ညီမရယ်၊ ရဟန်းဘောင်ဝင်ပြီး မကွေး အောင်မြေရတနာမှာစာဝါလိုက်နေတဲ့ ကိုရင်ကြီးရယ်တို့ကို စက်ချုပ်လို့ရတဲ့ငွေနဲ့ ထောက်ပံ့နေတာပါ၊အမေကတော့ ကျွန်မနဲ့ အတူနေပြီး အခုဖြစ်တဲ့နေ့ကတော့ အမေ ခရီးသွားနေပါတယ်၊
မေး။ ။သမီး အဲဒီနေ့က ဖြစ်စဉ်လေးကို စဉ်စားပြီး မှတ်မိသလောက် ပြောပြပေးပါဦး၊
ဖြေ။ ။ဟုတ်ကဲ့၊ အဲဒီနေ့ မနက်က ကျောက်ဆည်မှာ တက္ကသိုလ်တက်နေတဲ့ မောင်လေးကို ငွေလွဲဖို့နဲ့ ကျွန်မစက်ချုပ်ဆိုင်မှာ သုံးဖို့ စက်ချုပ်ပစ္စည်းတွေဝယ်ဖို့ ကသာကိုသွားခဲ့ပါတယ်၊ ငွေလွဲ ပြီး ကသာဈေးထဲမှာ ကြက်ပေါင်ကြိုးနဲ့ ကြယ်သီးတွေ
ဝယ်ပြီး နေ့လည်(၁)နာရီမှာ သခင်လေးကားနဲ့မံလွဲရွာကို ပြန်ခဲ့ပါတယ်၊ ကျွန်မတို့ မံလွဲရွာကို ကားက တိုက်ရိုက် မရောက်လို့ ဟဲနားရွာက အသိထမင်း ဆိုင်မှာ လိုင်းကားပေါ်က ဆင်းပါတယ်၊ ကားခ မလောက်လို့ အသိထမင်း ဆိုင်ကနေ 
ပိုက်ဆံ(၅၀၀)ချေးပြီး ပေးလိုက်ပါသေးတယ်၊ဆိုင်ရှင်ရဲ့ သမီးဖြစ်သူက “ နေပူလိုက်တာ ခဏထိုင်သွားပါဦး ” လို့ ပြောပေမယ့် ကျွန်မက လမ်းမကောင်းလို့ မနားတော့ဘူးဆိုပြီး ရွာကို လမ်းလျှောက်ပြန်ခဲ့ပါတယ်၊ အချိန်က (၃)နာရီလောက်ရှိပါပြီ၊ 
လမ်းမှာ ဦးသောင်းတို့ လင်မယားဆိုင်ကယ်နဲ့ ကျွန်မကိုကျော်သွားပြီး နှုတ်ဆက်ပါသေးတယ်၊ အဲဒီကနေ ထင်းကျောင်းသားတစ်ယောက်က ကျွန်မကိုကျော်ပြီး နှုတ်ဆက်သံကြားလို့ ကျွန်မနောက်ကို လှည့်ကြည့်လိုက်တော့ စပို့ရှပ်ဝတ်ထားတဲ့
လူတစ်ယောက် ကျွန်မနောက်က ကပ်လိုက်လာမှန်း သိလိုက်ရပါတယ်၊ သူဟာ ဒါးလွယ်ထားပြီး ခွေးတွေလည်း ပါလာပါတယ်၊ အဲဒီလူက ကျွန်မကို ကျော်သွားပါတယ်၊ ကျွန်မက သူ့လမ်း သူသွားနေတာပဲ ထင်မိပါတယ်၊ ဒီလိုနဲ့ ကျွန်းပင်ရွာထဲရောက်ခါနီး
ညောင်ပင်အကြီးကြီးနားရောက်တော့ သူ့ကို မတွေ့ရတော့ပါဘူး၊ ကျွန်မက စိတ်ထဲမှာတော့ ထင်မိပါတယ်၊ ဒီလူ လမ်းလျှောက်တာ မြန်လိုက်တာလို့ပေါ့၊ တကယ်တော့သူက ကျွန်းပင်ကြီးနောက်မှာ ပုန်းနေတာပါ၊ အဲဒီကထွက်လာပြီး ကျွန်မအနားကို
အတင်းတိုးကပ်လာလို့ “ဒီလူဘာလုပ်တာလဲ”ဆိုပြီး အော်ပါတယ်၊ နောက်တော့ အဲဒီနေရာဟာ ဦးဒေါင်ရဲ့ ယာခင်းနဲ့နီးတာကို သတိရလို့ “ဦးဒေါင်းရေ ဦးဒေါင်းရေ၊ ကျွန်မကိုကယ်ပါဦးလို့ အော်လိုက်ပါတယ်၊ အဲဒီလို အော်တဲ့အချိန်မှာပဲ အဲဒီလူက
သူ့ဒါးနဲ့ ကျွန်မလည်ပင်းကို ထောက်ပါတယ်၊ ကျွန်မက ဆက်အော်နေလို့ သူက ကျွန်မခေါင်းကို ဒါးနှောင့်နဲ့ထုပြီး လက်သီးနဲ့ မျက်နှာအနှံ့ ထိုးပါတယ်၊ အဲဒါက လမ်းပေါ်မှာပါ၊အဲဒီအချိန်မှာ မိနစ်ပိုင်းလောက် ကျွန်မသတိ မေ့သလို့ဖြစ်သွားပြီး သတိပြန်ရ
တော့ တောထဲကို ရောက်နေပါပြီ၊ ကျွန်မအပေါ်ကနေခွစီးပြီး ကျွန်မရင်ဘတ်က အင်္ကျီတွေကို ဆွဲဖြုတ်နေလို့ ကျွန်မက ဆက်အော်ပြန်ပါတယ်၊ အဲဒီမှာ ကျွန်မဆွဲကြိုးကို ဆွဲဖြုတ်ပါတယ်၊ အဲဒါကြောင့် ကျွန်မ ဆက်အော်ပြီး ရုန်းကန်နေတော့ သူက ကျွန်မလည်ပင်းကို
ညစ်ပြီး ပါးရိုက် နှာရင်းတီး လုပ်ပြန်ပါတယ်၊ ပြီးတော့ ကျွန်မကို လက်ပြန်ကြိုးတုတ်ပါတယ်၊ပါးစပ်ကိုလည်း အ၀တ်နဲ့ စည်းပါတယ်၊ကျွန်မ မအော်နိုင်တော့ဘူး ဖြစ်သါားပါတယ်၊ ကျွန်မက အတင်းရုန်းလို့ ပထမတစ်ခါ လက်ပြန်ကြိုး ပြုတ်သွားပါတယ်၊ 
အဲဒီလို ပြုတ်သွားတော့ သူက ပိုပြီးစိတ်ဆိုးပြီး ကျွန်မကို ထိုးကြိတ်ရုံတင် မကတော့ဘဲ ဒါးနဲ့ ခုတ်ပါတယ်၊ ကျွန်မက ငါ့ကိုတော့ အသေသတ်နေပြီဆိုပြီး အသက်အောင့်ပြီး သေချင်ယောင်ဆောင်နေလိုက်ပါတယ်၊ အဲဒီမှာ ကျွန်မကို အပေါ်ကို အတင်းတက်လုံးပါတယ်၊
ကျွန်မ သတိမေ့သွားပါတယ်၊ မေ့သွားတဲ့အချိန် ရွာကို ပြန်ရောက်နေသလိုဖြစ်နေပါတယ်၊ သတိရလာတော့မှ တောထဲမှာမှန်း သိလိုက်ရပါတယ်၊ ကျွန်မရဲ့ လက်တွေ ခြေထောက်တွေ ကြိုးတုတ်တားပြီး အ၀တ်အစားတွေလည်း ဘာမှ မရှိတော့ပါဘူး၊ ညကလည်း မှောင်မဲနေပြီး ခေါင်းအောက်မှာလည်း သွေးတွေ ရွဲနေပါတယ်၊ ကျွန်မ ပတ်ဝန်ကျင်တစ်ခုလုံးမှောင်မဲနေလို့
ဘာမှ မမြင်ရပေမယ့် ခေါင်းလှည့်လိုက်တဲ့အချိန် ကိုင်းပင်တွေနဲ့ ပွတ်မိတာကို သိရပါတယ်၊ အဲဒါနဲ့ ကျွန်မ ပါးစပ်လှုပ်ပြီး ဘုရားစာတွေ ရွတ်ပါတယ်၊ ရွတ်နေရင်းနဲ့ နောက်တစ်ခါ သတိပြန်မေ့သွားပြန်ပါတယ်၊ပြန်သတိရလာတော့ လှည်းသမားအသံတွေကြားရလို့
လာကြပါဦး ကယ်ကြပါဦးလို့ အော်လိုက်ပါတယ်၊ လှည်းသမားတွေ လာကြည့်ပြီး တုံးလုံးကြီး ကြိုးတုတ်ထားလို့ မကယ်ရဲဘူးဖြစ်နေပါတယ်၊နောက် လမ်းသွားလမ်းလာ မိန်းကလေးတွေကို တွေ့မှ လှည်းသမားတွေက နင်တို့ ကြည့်လိုက်ကြဦးလို့ပြောပါတယ်၊
ပြီးတော့ ကျွန်မကို ကြိုး မဖြည်သေးဘဲ နင်က ဘယ်ရွာကလဲ လို့မေးပါတယ်၊ ကျွန်မက မံလွဲရွာကပါ လို့ ပြောတော့မှ ဟဲ့ နင် မနေ့က ကသာကိုသွားတဲ့ ခင်--- မဟုတ်လား၊ နင့်ကိုဘယ်လိုလူမျိုးတွေက ဒိလိုလုပ်သွားတာလဲ ဆိုပြီး ကျွန်မကို အ၀တ်အစားတွေပတ်ပေးပြီး
ကြိုးဖြည်ပေးပါတယ်၊ လမ်မကို ပွေ့သွားပေးပြီး ကသာခရိုင်ဆေးရုံကြီးကို ပို့ပေးကြပါတယ်၊
(အနီးမှာ ငိုနေသော မခင်---၏ မိခင်ကိုလှည့်ပြီး )
မေး။ ။ အမေကြီးတို့ရော ဘယ်လိုခံစားရလဲ၊
အမေဖြစ်သူမှ ဖြေ။ ။ ဖြစ်တဲကနေ့ကစပြီးအခုဆို(၈)ရက်ရှိပြီ၊ မိသားစုတာဝန်ကို ယူနေတဲ့ သမီးကြီး ကို မတရားသဖြင့် အနိုင်ကျင့်ခံရတာကို စိတ်မကောင်းလွန်းလို့ ထမင်းလည်း မစားနိုင်ပါဘူး၊ အိပ်လို့လည်း မပျော်ပါဘူး၊
မောင်ဖြစ်သူမှ ဖြေ။ ။ ကျွန်တော်တို့ မိသားစုမှာ စိုးရိမ်နေတာက အစ်မကိုယ်ဝန်ရှိသွားမှာစိုးရိမ်ပါတယ်၊ ရက်စက်တဲ့ အကျင့် မကောင်းတဲ့သူရဲ့ သွေးသားကို မလိုချင်ပါဘူး၊ အလုလောလောဆယ်ဆယ်တော့ အစ်မ ကျန်းမာရေး ကောင်းဖို့ပဲ လုပ်နေပါတယ်၊
အခုဆိုရင် ကသာခရိုင်ဆေးရုံက မန္တလေးကို လွဲနေပါတယ်၊ ရှပ်ပြေးရေယာဉ်နဲ့ လိုက်ဖို့ ဈေးနှုန်းသွားမေးတော့ တစ်ယောက်ကို (၁၂၀၀၀)ပြောလို့ မန္တလေးဆေးရုံကြီးကို ပို့ဖို့ ခက်နေပါတယ်၊ ကသာမြို့က လူမှုကူညီရေးကားတွေ သွားပြောတော့လည်း
တစ်သင်းက ကားတွေ မန္တလေးရောက်နေတယ်လို့ ပြောပါတယ်၊ နောက်တစ်သင်းကတော့ သူတို့ကားက မန္တလေး သွားဖို့လောက်အထိ ကြံ့ခိုင်မှု မရှိဘူးလို့ ပြောပါတယ်၊(ဒီအခက်အခဲအတွက် အင်တာဗျူးပြီး နောက်နေ့မှာ ကသာခရိုင်အသင်း(မန္တလေး)မှ အသင်းလူကြီးများ
ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ကသာခရိုင်အသင်းနဲ့ ချမ်းမြသုခ(မန္တလေး)နဲ့ ညှိနှိုင်းပြီး သူနာပြုယာဉ်ခေါ်ပြီး မန္တလေးဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်၊)
မောင်တစ်ယောက်မှ ထပ်ဖြေ။ ။ ကျွန်တော်ကတော့ အစ်မကြီးကို မတရားအနိုင်ကျင့်တဲ့သူကို ပြစ်ဒါဏ် ထိထိရောက်ရောက် ပေးစေချင်ပါတယ် ဟု ဖြေဆိုသွားခဲ့ကြပါသည်။
______________________
မတရားပြုကျင့်ခဲ့သူအား မိုးတားကျေးရွာ နယ်မြေ ရဲစခန်းမှူးရဲအုပ်ဇော်ထွန်းမှ စုံစမ်းဖေါ်ထုတ်ခဲ့ရာ တရားခံဖြစ်သူ သက်နိုင်(၃၄နှစ်) ဘဦးကျော်မောင်၊ ဟဲနားရွာအား ကျူးလွန်စဉ်က ၀တ်ထားသော အ၀တ်အစားများနှင့်တကွ သက်သေခံဒါးကိုပါ
သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရပါသည်၊ သက် နိုင်မှာ ကလေး(၂)ယောက်ရှိသည့် အိမ်ထောင်သည်ဖြစ်ပါသည်၊ိုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ သက်နိုင်အား ကသာရဲစခန်းမှ 
(ပ)၂၀၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၂၊ ၃၂၆၊ ၃၇၆ တို့ဖြင့် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်၊ 

(ဟာဂျူလီ-ကသာ)

လူကဲ့သို့ သွားများ ပါရှိသည့် ငါးတစ်ကောင်ကို ရုရှားတွင် ဖမ်းမိ

ရုရှား တံငါသည် တစ်ဦး ဖမ်းမိခဲ့သည် ငါးတစ်ကောင်သည် သိပ္ပံလောကမှ ပညာရှင်များကို ဦးနှောက်အလုပ်ပေးကာ ခေါင်းရှုပ်သွားစေသည်။ ရုရှ အနောက် မြောက်ပိုင်း အကန်ဂျဲစကီ မြို့ မှ အသက်၅၀ ရွယ် အလိတ်ကိုရိုဘော့ဆိုသူတံငါသည် ဖမ်းမိသည့် ငါးသည် လူသွားများပါရှိနေသည့် ငါးတစ်ကောင် ဖြစ်နေခြင်းကြောင့် အထူးတဆန်း ဖြစ်ခဲ့ရသည်။



မြောက်ပိုင်းဒီဗီနာမြစ်အတွင်း ထိုလူ့ သွားများနှင့် ငါးကိုဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ရရှိစဉ်က သာမန်ငါးတစ်ကောင်ဟုသာ ထင်ခဲ့သော်လည်း ကြည့်မိသည့် အခါတွင် ပါးစပ်တစ်ခုလုံး လူ့ သွားများနှင့် ငါးတစ်ကောင်ဖြစ်နေသည်ကို အံ့သြဖွယ်ရာကောင်းစွာပင်တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း ကိုရိုလော့ကပြောသည်။

"ငါးကိုတွေ့ ခဲ့တဲ့အချိန်က အသေကောင်အဖြစ်ရှိနေပါတယ်။ ဒါပေ့မယ် လတ်ဆတ်နေတုန်းပါ။ ပါးဟပ်တွေ ဟကြည့် တော့ နီနေလို့ လတ်သေးတယ် ဆိုတာ သိနိုင်တာပဲ။ ငါးရဲ့ ပါးစပ်တွေကပုံမှန်မဟုတ်လို့ ဖြဲကြည့်တဲ့အခါ ခုလို အံ့သြစရာတွေ့ ရတာပါပဲ။ ပါးစပ်တွင်းမှာက လူသွားတွေ အပြည့်ရှိနေတဲ့ ငါးတစ်ကောင် ပါ"ဟု၎င်းကပြောသည်။

ကိုရိုဘော့သည် ထိုနေရာမှ ချက်ခြင်းပြေးကာ အသိမိတ်ဆွေများကို အထူးအဆန်းသဖွယ်ယင်းအကြောင်းကိုပြောပြတော့သည်။ "ကိုရိုဘော့ရောက်လာတော့ စကားစမြည်ပြောဖို့ လို့ ထင်ခဲ့တာ။ လူသွားတွေနဲ့ ငါးတစ်ကောင်ကို သူရထားကြောင်းပြောတော့ ဒီလူတော့ သောက်ထားပြီဆိုပြီးထင်ခဲ့မိတယ်"ဟု မိတ်ဆွေတစ်ဦးဖြစ်သူက ပြန်လည်ပြောပြသည်။

ကိုရိုဘော့က ပညာရှင်တို့ ၏ ထင်မြင်ချက်များကို သိချင်သဖြင့် ငါးနှင့် အဏ္ဏဝါဗေဒသက်မွေးသိပ္ပံကျောင်းသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။ "ကျွန်တော်တို့ ငါးကို ခွဲစိတ်ခဲ့တယ်။ သေချာ စစ်ဆေးပြီး ဒီငါးဟာ ပီရန်ဟာ ငါးမျိုး အုပ်စုဝင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ခဲ့ပါတယ်။ ခုတွေ့ တဲ့ငါးကတော့ အပင်စား ငါးအမျိုး အစားပါ။ ရုပ်ရှင်တွေ ထဲမှာတွေ့ ရတဲ့ အသားစား အမျိုးအစား ထဲက မဟုတ်ပါဘူး"ဟု ပညာရှင် ဂန်နာဒီကပြောခဲ့သည်။

ယခုတွေ့ရှိသည့် ငါးမှာ ပီရန်ဟာ ငါးမျိုးဟု သတ်မှတ်ထားသည့် ငါးမျိုးနွယ်ဝင် တစ်ကောင် ဖြစ်ပြီး အဆိုပါ ငါးမျိုးရင်းဝင် ပါကူငါးများကို ဘရာဇီး နိုင်ငံ အမေဇုန် မြစ်နှင့် ပါပူအာ နယူးဂီနီ နိုင်ငံများတွင် တွေ့ရှိရကာ အအေးပိုင်း နိုင်ငံများတွင် တွေ့ရှိရခြင်း မရှိပေ။ ယင်း ပါကူငါးသည် အသားစားငါး တစ်မျိုးဖြစ်ပြီး ပါပူအာ နယူးဂီနီတွင် ယင်းငါးကို ဝှေးစေ့ဖြတ်သူဟု အမည်ပေး ထားသည်။

Ref: Mirror
Mizzima News

လိပ်ကျွန်းလူသတ်မှုတွင် ဗမာ့သစ္စာဖောက် ထိုင်းအလိုတော်ရိ ထွန်းကြိုင်(ထိုင်းကျွန်)များကို အသုံးချနေ

အောက်တိုဘာလ(၈)ရက်နေ့မှာတော့ မြန်မာသံရုံးတာဝန်ရှိသူတွေဟာ အဲဒီလူသတ်မှုရဲ့ထိုင်းရဲသက်သေစာရင်းဝင်၊ မြန်မာနိုင်ငံသား မောင်မောင်(ခေါ်)ကိုသန်းဆွေကို၊ ထိုင်းရဲတွေရဲ့ရှေ့မှာတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါပြီ။ ကိုမောင်မောင်နဲ့တွေ့ဆုံမေးမြန်းချက်အရ အစွပ်စွဲခံရတဲ့ ရခိုင် လူငယ်နှစ်ဦး ဒီပြစ်မှုကိုကျူးလွန်ကြောင်း ခိုင်မာတဲ့အထောက်အထား၊ အချက်အလက်မပါဝင်ခဲ့ပါဘူး။ ဒီအမှုအပေါ်ထိုင်းရဲတွေရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံဟာ သံသယကြီးစွာပွားဖွယ်ရှိတာမို့ ထိုင်းနိုင်ငံသားတွေအပါအဝင် ကမ္ဘာနိုင်ငံတော်တော်များများက အမှန် တရားလိုလား သူတွေဟာ မေးခွန်းပေါင်းမြောက်များစွာ၊ဝိုင်းထုတ်နေကြပါပြီ။

အများသိကြတဲ့အတိုင်း၊ ဒီအမှုဟာ သွေးရိုးသားရိုးမဟုတ်ပဲ၊ အလွန်တရာရှုပ်ထွေးပွေလီပါတယ်။ ဒီအမှုရဲ့နောက်မှာ မြှုပ်ကွက်တွေ ထိန်ချန်မှုတွေ ဒုနဲ့ဒေးရှိနေပါတယ်။ ဗမာလူငယ်နှစ်ဦးကို လူသတ်တရားခံပါလို့စွပ်စွဲဖော်ထုတ်ခဲ့တဲ့ ထိုင်းရဲတွေ ဘာသာပြန် အဖြစ် အသုံးပြုခဲ့တဲ့ ဗမာပြည်ပေါက်လို့ဆိုတဲ့ စကားပြန်တွေရဲ့လုပ်ပုံကိုင်ပုံကိုကြည့်ရတာ ကျနော်မြင်နေ၊ ကြားနေကျ ထွန်းကြိုင် (ထိုင်းကျွန်) တွေရဲ့ပုံစံမို့ လုံးဝကျေနပ်သဘောကျစရာ မရှိပါဘူး။ ထိုင်းနိုင်ငံနေရာအနှံ့မှာ ထိုင်းပုလိပ်၊ ထိုင်းအလုပ်ရှင်တွေဟာ ဗမာရွေ့ပြောင်းအလုပ် သမားတွေအပေါ် ထင်တိုင်းကြဲတဲ့နေရာတွေမှာ၊ ဗမာ့သစ္စာဖောက်၊ ထိုင်းအလိုတော်ရိ ထွန်းကြိုင်တွေကို အသုံးချနေ ကြတာဟာ အဆန်း တကြယ်မဟုတ်ပဲ၊ ရိုးအီနေတဲ့ကိစ္စပါ။

တကယ်တော့ တဝမ်းတခါးအတွက် ထိုင်းနိုင်ငံဘက်ကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ် သမားတွေအပေါ် ထိုင်းရဲ၊ ထိုင်းအလုပ်ရှင်၊ ထိုင်းလူမျိုးအချို့ရဲ့ ရက်ရက်စက်စက်အနိုင်ကျင့်စော်ကားခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ မကြားချင် မမြင်ချင်အဆုံးဖြစ် နေခဲ့တာကြာခဲ့ပါပြီ။ နောက်ဆုံးသတင်းအရ မြန်မာအစိုးရဘက်ကလည်း ဒီအမှုအတွက် ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့ပြီး သွားရောက်စစ် ဆေးမယ်ဆိုတဲ့အတွက် ဝမ်းမြောက်စရာ သတင်းပါပဲ။

ဒီအမှုဟာ ကျနော်တို့ နိုင်ငံသားတွေကို၊ အမှန်တရားရဲ့မျက်နှာစာဘက်မှာ တစုတစည်းတည်း၊ တစိတ်တဝမ်းတည်း စုရုံးရပ်တည်မိအောင် တွန်းပို့သလိုဖြစ်တာကိုပဲ အဆိုးထဲ က အကောင်းအဖြစ် မှတ်ယူချင်ပါတယ်။ ကလေးတွေကံကောင်းကြစေချင်သလို အမှန်တရားပေါ် ပေါက်စေချင်ပါတယ်။

မင်းဒင်
-------------------------------------------
မှတ်ချက်-လိပ်ကျွန်းလူသတ်မှု တရားစွဲဆိုရေးအတွက် အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ထိုင်ရဲတပ်ဖွဲ့က စာမျက်နှာ ၈၅၀ပါ အမှုတွဲအား ရှေ့နေများရုံးသို့တင်ပြခဲ့ရာ အထောက်အထား မပြည့်စုံသဖြင့် ပယ်ချခံခဲ့ရသည်။

စောင့်ကြည့်သတင်းဂျာနယ်

ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး အလောင်းတွေ့

ဓာတ်ပုံ − ထူးဖောင်ဒေးရှင်း
B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ပျောက်ဆုံးမြန်မာလေယာဉ်မှူးကို အောက်တိုဘာ ၉ ရက် ညနေအချိန်တွင် ၎င်းကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံးလျက်တွေ့ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။ 

B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ ရက်တွင် ပြန်လည်တွေ့ရှိကာ မျက်စိဒဏ်ရာကြောင့် ကျန်ရစ်ခဲ့သည့် မြန်မာလေယာဉ်မှူးမှာ ဂူတစ်ဂူထဲတွင် ကျန်ခဲ့သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ 

မြန်မာလေယာဉ်မှူး ကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေမှုများပြုလုပ်ရာ ယနေ့ညနေတွင် သေဆုံးလျက်တွေ့ရှိခြင်းဖြစ်ကြောင်း ကိုဖြိုးကိုကိုက ပြောသည်။ 

ခါကာဘိုရာဇီရေခဲတောင်တွင် ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

From: 7Day

တူရကီနယ်စပ်အနီးရှိ ကိုဘာနီမြို့ ၏ သုံးပုံတစ်ပုံကို စစ်သွေးကြွများ သိမ်းပိုက်ထားပြီးဟုဆို

ကိုဘာနီမြို့အတွက် တိုက်ပွဲဝင်နေသော ကာ့ဒ်မျိုးနွယ်စုများ
ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ ကာ့ဒ် မျိုးနွယ်စုများ အဓိက နေထိုင်ရာ ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိရာ ယခုအခါ တူရကီ နယ်စပ်အနီးရှိ ကိုဘာနီမြို့ ၏ သုံးပုံတစ်ပုံကို သိမ်းပိုက် ထားပြီး ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီး က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ကာ့ဒ် မျိုးနွယ်စုဝင် တိုက်ခိုက်ရေး သမားများနှင့် ISIS စစ်သွေးကြွ များအကြား အောက်တိုဘာ ၈ ရက်က ညလုံးပေါက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ များကို ခုခံ တိုက်ခိုက်ခဲ့ သော်လည်း ၄င်းအဖွဲ့မှာ မြို့အရှေ့ပိုင်း သို့ တဖြည်းဖြည်း ချီတက် လာနိုင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်သွေးကြွ အဖွဲ့သည် ကာ့ဒ် မျိုးနွယ်စုဝင် များ၏ ထောက်လှမ်းရေး ဌာနချုပ်ကို သိမ်းပိုက် နိုင်ခဲ့သည်ဟု စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြား ထားသည်။

တစ်ချိန်တည်း မှာပင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ များက စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ တပ်ဖွဲ့ဝင် ၄၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး နောက်သို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း မြေပြင်မှ ရရှိသည့် သတင်းများ အရ သိရသည်။

ISIS စစ်သွေးကြွ များကို တိုက်ခိုက်နေသည့် ဆီးရီးယား ကာ့ဒ် များကို အကူအညီ ပေးရန်အတွက် တူရကီ နိုင်ငံအတွင်းမှ ကာ့ဒ် မျိုးနွယ်စု များသည် ယခုအခါ နယ်စပ်ကို ဖြတ်ကျော်၍ ဆီးရီးယား ကာ့ဒ်များ နှင့် ပူးပေါင်း ခဲ့ကြောင်း သိရသည်။ ISIS စစ်သွေးကြွ များသည် စက်တင်ဘာ လလယ်ပိုင်း မှစ၍ ကိုဘာနီ မြို့အနီးရှိ ကျေးရွာပေါင်း ၃ဝဝ ကျော်ကို သိမ်းပိုက် ခဲ့ကြောင်းနှင့် ၄င်းတို့၏ တိုက်ခိုက်မှု များကြောင့် ဒေသခံပြည်သူ ဦးရေ ၁၆ဝဝဝဝ ခန့်မှာ နေအိမ်များကို စွန့်ခွာ၍ အခြားနိုင်ငံများ အတွင်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရကြောင်း သိရှိရသည်။

PyiChitThar

ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်မှာ ဆန္ဒပြ

ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလပန်းခြံအနီး တွင်ဖြစ် ပွားခဲ့သည်။ 


ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ 
တတ်ကြွလှုပ်ရှားသူ ဆယ်ဦးခန့်သည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံအတွင်း တရားခံ အဖြစ်စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သံယအကျိုး ခံစားခွင့်ပေးရန်နှင့် ဥပဒေအရဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


အဆိုပါ ဆန္ဒပြသူများသည် မဟာဗန္ဒုလပန်းခြံကို လမ်းလျှောက်လှည့်လည်ခဲ့ကာ ဆူးလေစေတီတော်ကို တတ်ရောက်ပြီး အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်ရွယ်ပြီး ၀တ်ပြုဆုတောင်းခဲ့ကြသည်။ 

ဧရာဝတီ