လင်မယား စကားများရန်ဖြစ်တာတွေ ရှိပေမယ့် နားလည်မှုရှိရှိနဲ့ပဲ နှစ်ဦးသားဖြတ်သန်းသွားမယ်လို့ ဆိုလာတဲ့ ၀ိုင်းစုခိုင်သိန်း


အာဘွားဗီစီဒီအတွက် အချိန်ပေးရင်း ရိုက်ကူးမှုတွေ ပြုလုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်း ဟာ အတွဲခွေတစ်ခွေအတွက်လည်း ဒီလထဲမှာအသံသွင်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးစဉ်တွေ အနေနဲ့တော့ အမေရိကားကို သွားဖို့ရှိတဲ့အပြင် နောက်နှစ်ဆန်းပိုင်းမှာ ဂျပန်သွားဖို့ရှိပါသတဲ့။

အိမ်ထောင်ကျပြီး ပြောင်းလဲမှုအနေနဲ့ ဘာမှမရှိပါဘူးလို့ ဆိုလာတဲ့ သူမက “အိမ်ထောင်ကျပြီး ထူးထူးခြားခြား ပြောင်းလဲတာမျိုး ဘာမှမရှိသေးဘူး။ အရင်ကတည်းကလဲ ကိုဥက္ကာနဲ့က သူ့အလုပ်လဲ တိုင်ပင် ကိုယ့်အလုပ်လဲ တိုင်ပင်ဆိုတော့ ဒီလိုမျိုး တိုင်တိုင်ပင်ပင်နဲ့ပဲ သွားတာ များပါတယ်။ အိမ်ထောင်ကျသွားပြီဆိုပြီး အိမ်ထောင်ရှင်မကြီးလိုလဲ နေစရာမလိုဘူးလေ။ သူကလဲ အဲ့လိုမနေခိုင်းဘူးဆိုတော့ ၀ိုင်းစုလဲ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ သူလဲ သူ့အလုပ်သူ လုပ်တယ်။ ဒါပါပဲ။ ၀ိုင်းစုတို့အနေနဲ့ အဓိကကတော့ နားလည်မှုပြန်ယူရတာပေါ့နော်။ တခါတလေ စကားများ ရန်ဖြစ်တာကတော့ ရှိတာပေါ့။ ရှိတယ်ဆိုပေမဲ့ အသေးအဖွဲ့ပေါ့။ လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးရမှာပေါ့နော်။ သူဖက်ကလဲ နားလည်ပေး၊ ကိုယ့်ဖက်ကလဲ နားလည်ပေးပေါ့။ သူ့ကိုတစ်ခုခုဆို တိုင်ပင်တယ်။ သူ့အလုပ်ဆိုလဲ ၀ိုင်းစုနဲ့တိုင်ပင်တယ်။ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်တယ်။ ဖေးမတယ်။ ဒီလောက်ပါပဲ။ ၀ိုင်းစုလိုချင်တဲ့ ဘ၀ဖြတ်သန်းမှုကတော့ ၀ိုင်းစုချစ်တဲ့ အနုပညာအလုပ်တွေကိုလဲ လုပ်မယ်။ ကိုယ့်မိသားစုနဲ့လဲ သာသာယာယာလေးနေမယ်။ ကိုယ့်ကို ပရိသတ်အားပေးသရွေ့ဆက်လုပ်သွားမယ်။ နောက်ပိုင်းကျမှ ကလေးယူတာ ဘာညာကတော့ ဆက်လုပ်ရမှာပေါ့။” လို့ ပြောပါတယ်။

သားသမီးယူဖို့နဲ့ပတ်သတ်ပြီးတော့လဲ နောက်တစ်နှစ်ခွဲ နှစ်နှစ်လောက်တော့လိုဦးမယ်လို့ ဆိုတဲ့ သူမက “ဘာလို့လဲဆိုတော့ အာဘွားအခွေ ဗီစီဒီထွက်ရင် ပရိုမိုးရှင်းတွေ ထွက်ရမယ်။ နောက် ၀ိုင်းစု ရန်ကုန်နဲ့မန္တလေးမှာ One Lady Show လုပ်မယ်။ တစ်လပိုင်းနဲ့နှစ်လပိုင်းမှာ လုပ်ဖို့အတွက် ပြင်ဆင်စရာတွေ ရှိသေးတော့ အဲ့ဒါတွေအားလုံးပြီးသွားတော့မှပဲ ကလေးယူဖို့စဉ်းစားထားပါတယ်”တဲ့။

အခုတစ်ပတ် အီတလီနိုင်ငံမှာ လက်ထပ်ခဲ့ကြတဲ့ Neil Patrick Harris နဲ့ David Burtka


ဒီလမှာ ထူးထူးခြားခြား လက်ထပ်မင်္ဂဆောင်ပွဲကြောင့် တစ်ကမ္ဘာလုံးကို အံ့သြမှုဖြစ်စေခဲ့တာ ကလေးငယ်တွေကို ချစ်ချစ်ခင်ခင်ပြုစုစောင့်ရှောက်နေတဲ့အပြင် ချစ်သူစုံတွဲအနေနဲ့ အချိန်ကြာရှည် လက်တွဲခဲ့ကြတဲ့ Brad နဲ့ Angelina တို့ စုံတွဲတစ်တွဲထဲတင် မဟုတ်ပါဘူး။ Neil Patrick Harris နဲ့ David Burtka နှစ်ဦးတို့လည်း ဆယ်နှစ်ကျော်ကြာ ချစ်သူတွေအဖြစ် တွဲခဲ့ကြပြီးတဲ့နောက် အီတလီနိုင်ငံမှာ စနေနေ့ (စက်တင်ဘာ ၆) မှာ စုံဖက်ခဲ့ကြပါတယ်။

“How I Met Your Mother” ဇာတ်ကား ထုတ်လုပ်သူ Pan Fryman ဟာ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အပြင် Elton John လည်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ပြီး မင်္ဂလာဆောင်စုံတွဲနှစ်ဦးတို့ရဲ့ မွေးစားသားတွေဖြစ်ကြတဲ့ အမွှာညီအစ်ကို Gideon နဲ့ Harper တို့ကလည်း လက်ချင်းတွဲလျက် ရှိနေခဲ့ကြလို့ ဒီလက်ထပ်မင်္ဂလာအခမ်းအနားဟာ အမှတ်ရစရာ၊ သတိရစရာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်လို့ E! News သတင်းမှ ဖော်ပြထားပါတယ်။

Harris နဲ့ Burtka တို့ရဲ့ဒီမင်္ဂလာဆောင်ပွဲဟာ အံ့သြစရာတစ်ခု ဖြစ်လာခဲ့ပေမဲ့ ဒီအစီအစဉ်ဟာ ဟိုအရင်ကတည်းက ရှိနေခဲ့တာပါ။ New York မြို့မှာ Marriage Equality Act ဥပဒေ အတည်ပြုပြီးတဲ့နောက် ၂၀၁၁ ခုနှစ် ဇွန်လမှာ သူတို့ရဲ့စေ့စပ်ကြောင်းလမ်းသဘောတူညီချက်ကို Twitter ပေါ်မှာ ကြေငြာခဲ့ကြပါတယ်။ သူတို့စုံတွဲနှစ်ဟာ တကယ်တော့ (၅)နှစ်ကြိုတင်ပြီး အချင်းချင်း ကမ်းလမ်းမှုပြုလုပ်ခဲ့ကြတာပါလို့ Harris က မှတ်ချက်ပေးထားပါတယ်။

Source: MTV

ထိုင်းစစ်အစိုးရက မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေးဌာနများသို့ပို့ရန် ဘန်ကောက်တွင် ပိုက်စိတ် တိုက်ရှာဖွေလျက်

ထိုင်းစစ်အစိုးရက စက်တင်ဘာ ၉ ရက်မှ စတင်၍ မြို့တော်ဘန်ကောက်တွင် တစ်အိမ်ချင်းစီသို့ ၀င်ရောက်ကာ မိသားစုဝင်များ၏ ဆီးများကို စစ်ဆေးပြီး မူး ယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိသူများကို ပြန်လည်ထူထောင်ရေးဌာနများသို့ ပို့ပေးလျက်ရှိ ကြောင်း သိရသည်။



ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ ပါဝင်သည့် အဆိုပါ အစီအစဉ် ပထမနေ့တွင် မူးယစ်ဆေးဝါး လက်လီ ရောင်းချသူ ၂၂ ဦးကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေး သုံးစွဲ ထားကြောင်း စစ်ဆေးတွေ့ရှိသူ ၈၃ ဦးကို ပြန်လည် ထူထောင်ရေးဌာနသို့ ပို့ခဲ့ကြောင်း ဘန်ကောက်ဒုရဲချုပ်အစ်တီပွန်း ပီရီယာပင်ယိုက ပြောကြားသည်။

“ဆယ်ကျော်သက်တွေ စုဝေးလေ့ရှိတဲ့ နေရာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ရောင်းချသူတွေ ရှိနေတယ်လို့ သံသယရှိနေတဲ့ နေရာတွေကို အဓိကပစ်မှတ် ထားပြီး ၀င်ရောက်ရှာဖွေခဲ့ပါတယ်” ဟု အစ်တီပွန်းက ပြောကြားသည်။

ဆီးစစ်ပြီးနောက် မူးယစ်ဆေးသုံးစွဲကြောင်း ၀န်ခံသူများအနက် ပြန်လည်ထူထောင်ရေးဌာနသို့ သွားရန် သဘောမတူသူများကို တရားစွဲဆိုမည်ဖြစ်ပြီး သဘောတူ သူများကို ဆေးစွဲလူနာအဖြစ် သတ်မှတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်သည့် စစ်ဆင်ရေးသည် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး ရေရှည်အစီအစဉ်အတွက် စမ်းသပ်လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး မူးယစ်ဆေးစွဲသူ ၉၀၀ ခန့်ကို ပြန်လည်ထူထောင်ရေးဌာနသို့ ပို့ ရန် ရည်ရွယ်ထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုများအား ကြီးမားသည့် ပြစ်ဒဏ်ချမှတ်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံလည်းပါဝင်နေပြီး အချို့အမှုများတွင် သေဒဏ်အထိ ချမှတ်သည်။
Ref:AFP

ခေါင်းလောင်းတွေ့ခြင်း မတွေ့ခြင်းထက် တူးဖော်မှုအခြေအနေမှန်သတင်းထုတ်ပြန်ပေးရန် အချိန်ကျရောက်ပြီဟု ပြည်သူများထောက်ပြ

ဓမ္မစေတီခေါင်းလောင်းရှာဖွေ တွေ့ရှိခြင်း၊ မရှိခြင်းထက် ခေါင်းလောင်း တူးဖော်မှု
အခြေအနေများကို အမှန်အတိုင်းသတင်းထုတ်ပြန်ပေးရန် အချိန်ကျ ရောက်ပြီဖြစ်
ကြောင်း ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို စိတ်ဝင်စားသည့်ပြည်သူများက
ထောက်ပြပြောဆိုသည်။ 
'ခေါင်းလောင်းရှာဖွေတွေ့ရှိမှုအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ
ပြောတဲ့ပုံစံနဲ့ အခုလုပ်နေတဲ့ပုံစံတွေက တခြားစီဖြစ်နေတယ်။ သတင်းကလည်း ဘယ်သူမှ
တိတိကျကျမသိတော့ ကောလာဟလတွေက ပိုပြီးထွက်လေဖြစ်နေတယ်' ဟု ခေါင်း
လောင်းရှာဖွေတူးဖော်ရာ လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုသူ တာမွေမြို့နယ်နေ
ကိုစိုးရီက ပြောဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာတွေ့ပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်တွင်
ဦးစံလင်းက ကြေညာထားပြီး လက်ရှိတွင် ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းလုပ်
ဆောင်နေ၍ သတင်းထုတ်ပြန်ခြင်းမပြုနိုင်သေးကြောင်း ကြေညာထားသော်လည်း
ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သူအမည်မဖော်လိုသူအချို့ကမူ ခေါင်းလောင်းကြီးအား 
ယခုအချိန်အထိ မတွေ့ရှိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်းစက်တင်ဘာ ၈ ရက်က 
စံတော်ချိန်သို့ပြောကြားထားသည်။ 
'အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့တော့လိုတယ်။ အစိုးရအဖွဲ့က ခွင့်ပြု
တဲ့ပုံလည်းမှားတယ်။ ဘယ်နေ့ဘယ်အချိန်မှာ အခြေအနေဘယ်လိုရှိကြောင်း
ထတ်ုပြန်ပေးရမယ်ဆိုတာလည်း ပြောထားရမယ်'ဟု ခေါင်းလောင်းဆယ်ယူရေး
လုပ်ငန်းများတွင် သမိုင်းမှတ်တမ်းရေးခဲ့သူ စာရေးဆရာ ဒေါက်တာချစ်စံဝင်းက
ပြောဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းကို
ယုံကြည်၍ခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်းအခြေအနေများကို သတင်း
ထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်းအထောက်အကူပြု အဖွဲ့မှ ဦးကြည်ဝင်းက
စံတော်ချိန်သို့ စက်တင်ဘာ ၉ ရက်၌ပြောဆိုသည်။ 
'ဦးစံလင်းက သူ့ကိုယ်ကျိုးမပါဘဲခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို
လုပ်နေတာ။ သူ့ရဲ့သီလ၊ သမာဓိကိုယုံကြည်လို့ ကျွန်တော်တို့က သူပြောတဲ့
အရာတွေကို ပြည်သူတွေသိအောင်သတင်းထုတ်ပြန်ပေးတော။ အခုလည်း
ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုကြိုးချည်ဖို့ကြိုးစားနေတယ်လို့သိရတယ်'
ဟု ဦးကြည်ဝင်းက ပြောဆိုသည်။ 
အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအခြေအနေကို သတင်းသေချာ
မထုတ်ပြန်ြခင်း နှင့်ပတ်သက်၍ သုတေသီဆရာဘုန်းတင့်ကျော်က 'သတင်းထုတ်
ပြန်တာ အားရစရာမရှိဘူး။သောင်တူးစက် တစ်ခုတည်းနဲ့ရှာနေတာလည်း
လုံးဝဘ၀င်ကျစရာမရှိဘူး။ သိပ္ပံနည်းမကျတဲ့ပညာဗဟုသုတ မရှိတဲ့သူ၊နတ်
နဂါးတွေရဲ့ အကြံဥာဏ်နဲ့ ရှာဖွေနေတာကို သမိုင်းပညာရှင်လောကမှာရော၊
သိပ္ပံလောကမှာရော အားလုံးက ပြုံးစိစိတွေ ဖြစ်ကုန်ကြတာပေါ့'ဟု ပြောဆို
သည်။ 
'ဦးစံလင်းကို ဘယ်သူကမှ မခိုင်းထားဘူး။ သူ့ပိုက်ဆံနဲ့သူ ရိုးရိုးသားသား
လုပ်ဆောင်နေတာ။ ကျွန်တော်တို့ကလည်း သူ့ကိုယုံကြည်လို့ သတင်းထုတ်ပြန်
ပေး နေတာ'ဟု ခေါင်းလောင်းဆယ်ယူရေးအထောကအ် ကြူပုအဖွဲ့မှ ဦးသန်းစိန် က
ပြောဆိုသည်။ 
ခေါင်းလောင်းဆယ်ယူရေးတွင်ပါဝင်သူအချို့ကမူ ရေငုပ်သမားလေး
ဦးခန့်နှင့် ရှာဖွေရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြား
ထားသော်လည်း အထောက်အကူပြုအဖွဲ့ကမူ ယင်းသတင်းမှာမဟုတ်မှန်
ကြောင်း၊ ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းများကို ရေငုပ်သမား ၁၀ ဦး ကျော်ဖြင့်
ဆက်လက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။ 
'ခေါင်းလောင်းဆယ်ယူရာမှာအပြိုင်အဆိုင် အနှောင့်အယှက်တွေရှိနေ
တယ်။ အခုက အရေးကြီးတဲ့အချိန်ရောက်နေလို့ သတင်းမထုတ်ပြန်သေးတာပါ။
ကုန်းပေါ်ရောက်ရင် သေချာသတင်းထုတ်ပြန်ပေးမယ်လို့ ဦးစံလင်းက ပြော
ကြားထားပါတယ်'ဟု ဦးကြည်ဝင်းက ဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်က စတင်ခဲ့ပြီး
သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများကရှာတွေ့ခဲ့ကြောင်း နတ်စင်တစ်ရာဆရာ
တော်က မိန့်ကြားခဲ့သည်။ ယင်းနောက်ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်း
ဆောင်ဦးစံလင်းက ခေါင်းလောင်းရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်၌
တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ 
ခေါင်းလောင်းတူးဖော်ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေ
များကြောင့် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇
ရက်ထပ်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ကြေညာခဲ့
သည်။ ယင်းနောက် ခေါင်းလောင်းဆယ်ယူရာတွင် အရေးကြီးသောအချိန်ရောက်နေ
၍ ဆယ်ယူမှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူ
များက စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်
ရောက်မှ သတင်းထုတ်ပြန်ပေးမည်ဟုလည်း ဦးစံလင်းက ကြေညာထားသည်။

စံတော်ချိန်

လျှာအရှည်ဆုံး လူအဖြစ် ဂရင်းနစ်စံချိန်တင်ခဲ့သူ


နစ် စတိုဘီရီ အမည်ရှိ အမေရိကနိုင်ငံသား အမျိုးသားတစ်ဦး သည် ကမ္ဘာ့ လျှာအရှည်ဆုံးလူသား အဖြစ် ၁၀.၁ စင်တီမီတာ (၃.၉၇ လက်မ) အရှည်ရှိ သော လျှာဖြင့် ဂရင်းနစ်မှတ်တမ်း စာအုပ်တွင် စံချိန်သစ်တင်နိုင်ခဲ့ ကြောင်းသိရသည်။

Ref Link :: http://www.guinnessworldrecords.com/news/2014/9/video-nick-stoeberl-has-the-worlds-longest-tongue-60102/

ဓမ္မာရုံအသံချဲ့စက် ကျယ်လောင်စွာဖွင့်သည်ဟုဆိုကာ ငှက်ကြီးတောင်ဓါးဖြင့် ဝင်ခုတ်


ရပ်ကွက် ဓမ္မာရုံက အသံချဲ့စက်ဖွင့်သည်ကို ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ကျယ်လောင်သည် ဟုပြောဆို၍ ငှက်ကြီးတောင်ဓါးဖြင့် ဝင်ခုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင် ဘာလ ၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်က မရမ်းကုန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။ 

မရမ်းကုန်မြို့နယ်၊ ၅ ရပ်ကွက်အတွင်းရှိ မနောသိဒ္ဓိ ဆွမ်းလောင်းဓမ္မာရုံက အသံချဲ့စက်ဖွင့်နေသည်ကို အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ကျယ်လောင်သည်ဟု ဓမ္မာရုံသို့လာရောက်ပြောဆိုရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ ပြောဆိုရာ ဓမ္မာရုံအတွင်းရှိနေသည့် ကိုအောင်ဝင်းအောင်က "ဘာဖြစ်တာလဲ" ဟုပြောရာ သက်နိုင်ကဘာမှပြန်မပြောဘဲ ပြန်သွားသည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ 

ယင်းနောက် (၁၅)မိနစ်ခန့်အကြာတွင် သက်နိုင်က ငှက်ကြီးတောင်ဓါးကိုင်၍ ပြန်လည်ရောက်ရှိလာပြီး ကိုအောင်ဝင်းအောင်ကို ဓါးဖြင့်ဝင်ခုတ် ခဲ့ခြင်းဖြစ်သည်။ ဓါးဖြင့်ခုတ်ခြင်းကိုခံရသဖြင့် ကိုအောင်ဝင်းအောင် ၏ လက် နှစ်ဖက်၊ ပခုံးနှင့် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြောက် ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ ကုသထားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဓါးဖြင့်ဝင်ရမ်းကားခဲ့သူကို အရေးယူပေးပါရန် ကိုအောင်ဝင်းအောင်၏ တရားလိုပြုတိုင် တန်းချက်ကို မရမ်းကုန်းမြို့နယ် ရဲစခန်းက (ပ)၃၃၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။ 

Mizzima

ကျောက်ခေတ်ကာလ ရှေးဟောင်း သင်္ချိုင်းရာ တစ်ခု ဟန်လင်းမြို့ဟောင်း၌ တူးဖော်တွေ့ရှိ၍ ထိန်းသိမ်းထားရှိ

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ် ဟန်လင်း ပျူယဉ်ကျေးမှု မြို့ဟောင်းကြီး တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ လူသား အရိုးစုများ ကျောက်ဖြစ် နေသည့် ရှေးဟောင်း သင်္ချိုင်းရာ တစ်ခုကို တူးဖော် တွေ့ရှိ၍ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း ဟန်လင်း မြို့ဟောင်း ပျူယဉ်ကျေးမှု ပြတိုက် တာဝန်ခံ တစ်ဦးထံမှ သိရသည်။

''အဲဒီ သင်္ချိုင်းရာ က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ နဲ့ ၅ဝဝဝ အကြားက ဖြစ်နိုင် မယ်လို့ ယူဆရ ပါတယ်။ စတင် တူးဖော် တွေ့ရှိ ရတာက ၂ဝဝ၅ ခုနှစ်က ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက်၍ ပြောပြသည်။

အဆိုပါ သင်္ချိုင်းရာ သည် ဟန်လင်း မြို့ဟောင်း၏ တောင်ဘက် အရပ် မြို့ရိုး အပြင်ဘက် နေရာ၊ ရွှေဂူကြီး ဘုရား မြောက်ဘက် အနီးတွင် တည်ရှိသည်။ ၄င်း သင်္ချိုင်းအတွင်း ရှိ ရုပ်လောင်း အရိုးစု များသည် မြောက်အရပ် သို့ ဦးခေါင်း တည်၍ စနစ်တကျ မြှုပ်နှံ ထားခြင်း ဖြစ်သည်။ ရုပ်အလောင်း များနှင့်အတူ မြေအိုးများ၊ လက်ဝတ် ရတနာများ ကိုပါ ထည့်သွင်း မြှုပ်နှံ ထားသည် ကိုလည်း တွေ့ရသည်။

အချို့သော ရုပ်အလောင်း များမှာ ၄င်းတို့ မြှုပ်နှံထားရှိရာ မြေလွှာတွင် ကန့်၊ ဆား နှင့် ထုံးဓာတ်များ ပါဝင် နေခြင်းကြောင့် ရုပ်အလောင်း ၏ တစ်ဝက် တစ်ပြတ် နေရာများမှာ ကျောက် ဖြစ်နေသည်ကို ရှေးဟောင်း သုတေသန အဖွဲ့က စိစစ် တွေ့ရှိ ခဲ့ရကြောင်း မှတ်တမ်း များတွင် ဖော်ပြ ထားသည်။

အဆိုပါ သင်္ချိုင်းရာ အတွင်းရှိ ရုပ်အလောင်းများ မြှုပ်နှံ ထားသည့် မြေလွှာ၏ အတိမ်၊ အနက် တို့ကို ထောက်ရှုခြင်း အားဖြင့် ၄င်းသင်္ချိုင်းရာ သည် ခေတ် အဆက်ဆက်က မြှုပ်နှံသဂြုင်္ိဟ် ခဲ့သည်ဟု ရှေးဟောင်း သုတေသန အဖွဲ့က ခန့်မှန်းယူဆ ထားကြောင်း သိရသည်။

အဆိုပါ သင်္ချိုင်းရာကို တူးဖော်စဉ် ကာလက ရှေးခေတ် လူသားများက အဆောင် အယောင် အဖြစ် အသုံးပြု ခဲ့သော ကျောက်ချော လက်နက်များ၊ ကျောက် ပုတီးစေ့များ နှင့် ကြေးခလောက် တို့ကို သင်္ချိုင်းရာ အတွင်းမှ တူးဖော် ရရှိခဲ့သည်။


မြန်မာနိုင်ငံ၏ လူ့ ယဉ်ကျေးမှု အစဉ်အလာ သည် ရှေးယခင် နှစ်ပေါင်း များစွာကပင် စတင်၍ စနစ်တကျ မြေမြှုပ်သဂြုင်္ိဟ် ခဲ့သည့် အစဉ်အလာ ထွန်းကား ခဲ့ကြောင်း အဆိုပါ သင်္ချိုင်း၏ အထောက်အထား များအရ သိရသည်။
Yadanarpondaily

မူးယစ်ဆေးဝါးဖမ်းဆီးရာမှ ပစ်ခတ်မှုကြောင့် ၂ ဦးသေ တဦးဒဏ်ရာရ


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရဲများပူးပေါင်း၍ မူးယစ်ဆေးဝါးသုံးစွဲ သူများအား ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အဖမ်းခံရသူများထဲမှ သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါ သည်။

နမ္မတူမြို့နယ် မန်စံမိန်းမုဘက်က မန်စံရေထိန်းတော နမ့်ဆီလင်းချောင်းဦးတွင်ဖမ်းဆီးခဲ့ပြီးပစ်ခတ် မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၈ ရက်နေ့က အခင်းဖြစ်ပွါးခဲ့ပြီး အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၂၄ တပ်ကဖြစ်ကြောင်း နမ္မတူမြို့နယ် ပန်ဟိုက်ဘက်ကလာခြင်းဖြစ်ကြောင်း နမ္မတူဒေသခံ စိုင်းခမ်း က ပြောသည်။

“နမ့်ဆီလင်း မူးယစ်ဈေးကနေ ဖမ်းဆီးလာတာ။ မူးယစ်သုံးစွဲသူ ၁၂ ယောက်ဖမ်းဆီးရမိတယ်။ အဲဒီက ထွက်လာတော့ အဖမ်းခံရသူ ၁၂ ယောက်ထဲက ၂ ယောက်က ထွက်ပြေးဖို့ ကြိုးစားတော့ ပစ်ခတ်မှုဖြစ် ပွါး တဲ့အထိ ဖြစ်ရတယ်။ တယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တယောက်ကတော့ မန်စံဆေးရုံ ရောက်ပြီးမှ သေ တယ်။ အဖမ်းခံရသူတွေအများစုက တခြားကလာတဲ့လူတွေ မျက်နှာစိမ်းတွေ ဒေသ တွင်းက ၁ ယောက် ၂ ယောက်ဘဲ ပါတယ်။” ဟု စိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတဦးမှာ မန်စံဒေသတွင်နေထိုင်သူ တရုတ်လူမျိုး အားဆန်းဖြစ်ကြောင်း လားရှိုး ဆေးရုံသို့ပို့ဆောင်ဆေးကုနေကြောင်း သိရသည်။


နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နမ့်စီလင်းချောင်းဦးရေထွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ သည့်ဈေးရှိ နေပြီး အဆိုပါဈေးအား ဒုတ်များ၊ ဓါးများ၊ တူမီးသေနတ်၊ လေသေနတ်နှင့် အခြားလက် နက်များကိုင်ဆောင်သည့် သူများကင်းစောင့်ပေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဒေသခံများအတွက် ထိုဒေသဘက် ဖြတ်သန်းသွားလာ အလုပ်လုပ်ကိုင်ရေးအတွက်ပင် ခက်ခဲကြောင်း ထိုဒေသတွင် နေထိုင်သူများလည်း ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွင်းခံရမှု မကြာခဏ ရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သည့် စိုင်းအိုက်စိုင်း ကပြောပါသည်။

သျှမ်းသံတော်ဆင့်

မလေးရှားနိုင်ငံမှ နာမည်အကြီးဆုံး Proton ကားထုတ်လုပ်သည့် ကုမ္ပဏီ မြန်မာနိုင်ငံ၌ အရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်

မလေးရှား နိုင်ငံမှ နာမည် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် Proton ကုမ္ပဏီသည် ရန်ကုန်မြို့ နှင့် မန္တလေး မြို့ကြီးများ၌ Proton ယာဉ်များ သီးသန့် ရောင်းချမည့် Proton ယာဉ် အရောင်း ပြခန်းကို ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" Proton ကားက မလေးရှား နိုင်ငံရဲ့ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကားကောင်း တွေပါ ၊ ကားတွေရဲ့ ဈေးနှုန်းကလည်း ဂျပန်ကား တွေရဲ့ ဈေးနှုန်းထက် အများကြီး သက်သာ ပါတယ် ၊ မလေးရှား နိုင်ငံထုတ် Proton ကားတွေကို မြန်မာ ပြည်သူတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ် ၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းမှာ Proton ကားတွေကို ရောင်းချဖို့ ရည်ရွယ်ပြီး Proton ယာဉ် အရောင်းပြခန်း တွေ ဖွင့်လှစ်ဖို့ စီစဉ် ထားတာပါ .. " ဟု ၄င်းက ပြောသည်။

Proton ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ ၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Proton ယာဉ် အရောင်း ပြခန်းများ ဖွင့်လှစ်ရန် စီစဉ် ထားပြီး ၂၀၀၉ ခုနှစ် မော်ဒယ်လ် အထက် ကားများကိုသာ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ 


အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ Proton ယာဉ် အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံကိုလည်း တည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။ Proton ယာဉ် အရောင်းပြခန်း ဖွင့်လှစ်သည့် အခါတွင် Proton Four Wheel ယာဉ်များထက် Proton ဆလွန်း များကိုသာ အဓိက ရောင်းချ သွားမည် ဖြစ်သည်။ Proton ကား အများစုသည် ဓာတ်ဆီကား အမျိုးအစားများ ဖြစ်ပြီး ဒီဇယ်ကား နည်းကြောင်း သိရသည်။

မလေးရှား နိုင်ငံ၌ ယင်းနိုင်ငံထုတ် Proton ကားများအား အသုံးပြုမှု များပြား၍ အစီးရေ သိန်းနှင့်ချီ၍ ရောင်းချ ရကြောင်း သိရှိရသည်။

Themyawadydaily

ယူကရိန်း သူပုန်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမယ်


ယူကရိန်း နိုင်ငံ မပြိုကွဲရေးအတွက် နိုင်ငံ အရှေ့ပိုင်းက ပုန်ကန်နေတဲ့ ဒေသတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် တိုးပေးမယ်လို့ သမ္မတ ပက်ဒရို ပိုရိုရှန်ကိုက ပြောပါတယ်။

ဒါပေမယ့် အဲဒီ ဒေသတွေဟာ ယူကရိန်း နိုင်ငံ အတွင်းမှာပဲ ရှိရမယ်လို့ သူက အခိုင်အမာ ပြောပါတယ်။

လာမယ့် သီတင်းပတ်မှာ ပါလီမန်ကို ဥပဒေ တင်နိုင်ဖွယ် ရှိတယ်လို့ သမ္မတ ပိုရိုရှန်ကိုက အစိုးရ အဖွဲ့ကို ပြောခဲ့ပါတယ်။

ယူကရိန်း အစိုးရ တပ်တွေနဲ့ ရုရှား လိုလားတဲ့ ခွဲထွက်ရေး သမားတွေကြား အပစ်ရပ်ရေး သဘောတူညီမှုကို ဆက်ထိန်းနိုင်ဖို့က သူ့အဆို အကြမ်းဖက် သမားတွေရဲ့ ရန်စ လှုံ့ဆော်မှုကြောင့် ခက်ခဲနေတယ် လို့လည်း မစ္စတာ ပိုရိုရှန်ကိုက ပြောပါတယ်။

ယူကရိန်း အစိုးရနဲ့ သူပုန် အပစ်ရပ်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ဘယ်လာရုစ် နိုင်ငံမှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်တဲ့ အစိုးရ တပ်နဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေကြောင့် လူ ၂၆၀ဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Good Old Days ရုပ်ရှင် ထုတ်လုပ်ရေးမှ ရုပ်ရှင် ဇာတ်ကားများ ကို သရုပ်ဆောင်သစ် များဖြင့် ရိုက်ကူး သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀။ Good Old Days ရုပ်ရှင် ထုတ်လုပ်ရေးမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ တွင် ပထမဆုံး စတင် ရိုက်ကူးမည့် သဲထိတ်ရင်ဖို ဇာတ်ကား ကို သရုပ်ဆောင် အသစ်များဖြင့် ရိုက်ကူး မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လည်း ရုပ်ရှင် ဇာတ်ကား နှစ်ကား ထပ်မံ ရိုက်ကူးမည် ဟု ယင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထူးပိုင်ဇော်ဦး မှ မဇ္ဈိမကို ပြောသည်။



"ထိုင်း ဇာတ်ကားတွေမှာ ဆိုလည်း သရုပ်ဆောင် အသစ်တွေ ပါပေမယ့် ဇာတ်ကား ကောင်းရင် ပရိသတ် တွေက ကြည့် ကြတယ်။ ကျွန်တော်တို့ ဆီမှာလည်း သရုပ်ဆောင် အသစ်တွေ နဲ့ ဇာတ်ကား ကောင်းကောင်း ရိုက်ကူးရင် ဖြစ်နိုင်မှာပဲ ဆိုပြီးစီစဉ် လိုက်တာပါ။ ဇာတ်ကားနာမည်တော့ မပေးရသေးပါဘူး" ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ တွင် ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကား အတွက် သရုပ်ဆောင်သစ် များကို ၂၀၁၄ခုနှစ်အစပိုင်းကခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး လာရောက် လျှောက်ထားသူ ၁၃၅ဦး ထဲမှ ၁၁ယောက်ကို ထပ်မံရွေးချယ်ပြီး ရိုက်ကူးကြခြင်း ဖြစ်သည်။

လက်ရှိတွင် ထို သရုပ်ဆောင် ၁၁ဦးကို သရုပ်ဆောင်ပိုင်း နှင့် ပတ်သက်ပြီး လေ့ကျင့်မှုများ ဆောင်ရွက် နေပြီးဇာတ်ကားနှင့် လိုက်ဖက်မည့် သရုပ်ဆောင်မှုများကို မူအဓိက ထားသင်ကြား ပေးလျက် ရှိသည်။

၂၀၁၅ ခုနှစ်တွင် ရုပ်ရှင် ဇာတ်ကား နှစ်ကား ထပ်မံ ရိုက်ကူးမည် ဖြစ်ခြင်းကြောင့် ၂၀၁၄ခုနှစ်စက်တင်ဘာ ၈ရက်တွင် သရုပ်ဆောင် သစ်များ စတင် ခေါ်ယူလျက် ရှိပြီးစိတ်ပါဝင်စား သူများ သည်စက်တင်ဘာ ၂၅ ရက်နောက်ဆုံးထားကာ လျှောက်ထား နိုင်သည်ဟု ယင်းရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကပြောသည်။

"ဖောင်တွေ ခေါ်ပြီးတာနဲ့ လူတွေ့ စစ်ဆေးမှုတွေ လုပ်မှာပါ။ ရိုက်မယ့် ဇာတ်ကားက အချစ်ကား နဲ့ ဒရမ်မာ ဇာတ်ကား ဆိုတော့ အဲဒီ နှစ်ကား အတွက် လိုအပ်တဲ့ ဇာတ်ကောင် အတိုင်း သရုပ်ဆောင်တွေကို ရွေးချယ် သွား မှာပါ။ နောက်ပိုင်းမှာလည်း ဗီဒီယို ဇာတ်ကားထက် ရုပ်ရှင် ဇာတ်ကားတွေကို အဓိက ထားပြီး ရိုက်ကူး ဖို့ စီစဉ် ထားပါတယ်" ဟု ၎င်းက ထပ်မံ ပြောပြသည်။

၂၀၁၅ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကားနှစ်ကား တွင် အသက် ၁၈နှစ် မှ ၂၈နှစ် အတွင်း ရှိအမျိုးသား ၊ အမျိုးသမီး သည် လူအများနှင့် အတူတွဲဖက်ပြီး အလုပ်လုပ် လုပ်ရမည် ဖြစ်ခြင်းကြောင့် အကျင့်စရိုက် ၊ အနေအထိုင် နှင့်အပြောအဆို တို့ကောင်းမွန် ရမည်ဟု ၎င်းကပြောသည်။

"၀ါသနာရှင်တွေကသရုပ်ဆောင် လုပ်ငန်း အတွေ့အကြုံ ရှိဖို့ မလို ပါဘူး။သရုပ်ဆောင်ခြင်းကို အထူး စိတ်ပါဝင်စားစွာ လုပ်ကိုင် နိုင်သူ ဖြစ်ရ မဲ့အပြင် ရုပ် ရည် ချောမော ပြေပြစ်သူလည်း ဖြစ်ရပါမယ်။နောက်မူးယစ်ဆေးဝါး သုံစွဲသူ မဖြစ်ရ ပါဘူး။ အချိန်နဲ့ အလုပ်ကို လေးစားသူ ဖြစ်ရမယ်။

နောက်ပြီးရုပ်ရှင် ရိုက်မှာ ဆိုတော့သရုပ်ဆောင် တွေဟာ လေ့ကျင့်မှုတွေ၊ နောက် ရှုတင် အစမ်းရိုက်ကူးမှု တွေမှာနဲ့ လိုအပ်တဲ့ အချိန်တိုင်းမှာ အချိန်ပေး နိုင်သူဖြစ် ရပါမယ်။ သူတို့ ဆီက အနုပညာကြေးမတောင်းသလို အနုပညာကြေး ကိုလည်း ကျွန်တော်တို့မပေးပါဘူး။ ဒါပေမဲ့ ရိုက်ကူးချိန်မှာ လိုအပ်တဲ့ အဝတ်အစား၊ မိတ်ကပ် စတဲ့ လိုအပ်မှု ကိုတော့ ကျွန်တော်တို့တွေပဲ အကုန်အကျ ခံသွားမှာပါ"ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦးကပြောသည်။

၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား များကိုဝတ္ထု ၊ဇာတ်ညွှန်း နှင့်ဒါရိုက်တာကို ထူးပိုင်ဇော်ဦး ဖန်တီးရိုက်ကူး သွားမည်ဖြစ်ပြီး ရိုက်ကူး ပြီးစီးပါက ယင်းရုပ်ရှင်ကား များကို ဆင်ဆာ တင်ကာ ရုံတင် တန်းစီ စနစ်ဖြင့် ပြသ သွားမည် ဖြစ်သည်။

အပြာကားတွင် ပါဝင်သရုပ်ဆောင်ခိုင်းသည့် ခင်ပွန်းအား အိန္ဒိယမင်းသမီး အဆိပ်ခတ်သတ်


အိန္ဒိယမင်းသမီး Shruti Chandralekha ဟာ အပြာကားတွေမှာ အတင်းအကြပ် သရုပ်ဆောင်ခိုင်းနေတဲ့ ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်သတ်ပစ်ခဲ့ပါတယ်။

The Time Of India ရဲ့ဖော်ပြချက်အရ မင်းသမီးဟာ ကြံရာပါနှစ်ယောက်နဲ့အတူ သူမရဲ့ယောကျာ်းကို သတ်ပစ်ခဲ့တာဖြစ်ပြီး Bangalore မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
သူမရဲ့ခင်ပွန်း Ronald Peter Prinzo ဟာ အပြာကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ အတင်းအကြပ်ဖိအားပေးနေတာကြောင့် ဒီလို သတ်ပစ်ဖို့ကြံစည်ခဲ့တာလို မင်းသမီးကဆိုပါတယ်။

ယောကျာ်းဖြစ်သူ Prinzo ဟာ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရာမှာ အကြီးအကျယ်ရှုံးခဲ့တာကြောင့် အပြာကားတွေမှာ ဝင်ရောက်သရုပ်ဆောင်ဖို့ ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သူမကတော့ ငြင်းဆိုခဲ့ပြီး သတ်ပစ်ဖို့ အစီအစဉ်ချခဲ့ပါတယ်။

အရင်က သူတို့လင်မယားရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာနှစ်ဦးနဲ့အတူ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပါတယ်။
Umachandran နဲ့ Prinson ဆိုတဲ့ ဒီပါတနာနှစ်ဦးဟာလည်း လုပ်ငန်းစပ်တူပြုလုပ်ရာမှာ မင်းသမီးရဲ့ ယောက်ျားက သူတို့ကို လိမ်ခဲ့တယ်လို့ ထင်နေသူတွေဖြစ်ပါတယ်။

မင်းသမီးဟာ အစာထဲမှာ အဆိပ်ခပ်ခဲ့ပြီး ကျန်နှစ်ယောက်ရဲ့ အကူအညီနဲ့အတူ လည်ပင်းညစ်သတ်ခဲ့တာဖြစ်ပါတယ်။လူသတ်မှုဖြစ်အပြီးမှာ ထွက်ပြေးခဲ့တဲ့ မင်းသမီးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းမိခဲ့ပါတယ်။

"ဆက်သွယ်မှုပြတ်တောက်နေသော ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအား ကယ်ဆယ်ကူညီမှုများ ပြုလုပ်နိုင်ရန် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇနှင့်အဖွဲ့ ပူတာအိုသို့ သွားရောက်"




အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နေသော တောင်တက်သမားနှစ်ဦးမှာ ပြီးခဲ့သည့် သြဂုတ်လ(၃၁) ရက်မှစ၍ မြေပြင်အဖွဲ့နှင့် အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး ယနေ့တိုင် သတင်းအဆက်အသွယ်မရရှိသေးကြောင်း သိရှိရသောကြောင့် ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်နာယက ဦးတေဇသည် အချိန်မီကယ်ဆယ်ကူညီမှုများပြုလုပ်နိုင်ရန် ယနေ့ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်၊ နေ့လည် နှစ်နာရီခန့်၌ မဒွယ်ရဟတ်ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော အဖွဲ့သား (၅)ဦး၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့သားများနှင့် ပူတာအိုမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။


အဆိုပါ ကူညီကယ်ဆယ်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ် အချက်ပြ ဆက်သွယ်ရေး ကိရိယာများ၊ တောင်တက်ပစ္စည်းကိရိယာများ၊ စားနပ်ရိက္ခာများ၊ အသက်ကယ်ဆေးဝါး ပစ္စည်းကိရိယာများ၊ ဆရာဝန်များ၊ ထူးဖောင်ဒေးရှင်းမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ (ဧဝရက်တောင်ထိပ်သို့ တက်ရောက်မည့်) တောင်တက်သမားများ၊ ခါကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူမျိုးများထဲမှ ပထမဆုံး တက်ရောက်နိုင်ခဲ့သော ထူးဖောင်ဒေးရှင်းမှ နမားဂျွန်ဆင်နှင့် ဒေသခံ တိုင်းရင်းသားများ၊ ကျန် ထူးဖောင်ဒေးရှင်းဝန်ထမ်းအားလုံးမှ မြန်မာနိုင်ငံမြောက်ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစခန်းတို့တွင် အသက်ကယ် ရှာဖွေရေးကိစ္စများ၊ ကူညီကယ်ဆယ်ရေးကိစ္စများ ဆောင်ရွက်နိုင်စေရန် ပါဝင်ကူညီလျက်ရှိပါသည်။

ပူတာအိုနှင့် ရန်ကုန်မြို့များတွင်လည်း ထူးဖောင်ဒေးရှင်း ဝန်ထမ်းများ၊ Air Bagan မှ လေယာဉ်များဖြင့် အချိန်နှင့် တပြေးညီ လိုအပ်သော ပစ္စည်းများ ပေးပို့နိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ရရှိသော နောက်ဆုံးသတင်းများကိုလည်း ထပ်မံတင်ပြသွားမည်ဖြစ်ပါသည်။
Htoo Foundation

ချွတ်ရစွပ်ရ လွယ်ကူတဲ့ အမိုက်စား sneaker ဖိနပ်များ



မိန်းကလေးဆန်ဆန်နဲ့ပဲ ဆင်မြန်းမလား၊ ဒါမှမဟုတ် တီရှပ်၊ ဘောင်းဘီရှည်နဲ့ပဲ တွဲဝတ်မလား။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ sneaker ဖိနပ်တွေကတော့ သင့်ဖက်ရှင်အတွက် အမြဲတမ်း အထောက်အပံ့ကောင်းဖြစ်နေမှာပါ။ ဘယ်လို sneaker ဖိနပ်ဒီဇိုင်းတွေက သင်နဲ့အဆင်ပြေလိမ့်မလဲ။ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ကျားကွက် sneaker ဖိနပ်များ


ရိုးရှင်းပါတယ်။ ဒီဇိုင်းကလည်း ကြာနေပြီလို့ သင်ခံစားနေရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖိနပ်မျိုး တစ်ရံလောက် သင့်ဆီမှာရှိထားရင်တော့ ဘာနဲ့တွဲဝတ်ဝတ် အထာကျနေမယ်ဆိုတာ ယုံပါ။

၂။ဒီဇိုင်းတွေပါတဲ့ sneaker ( ဥပမာ ကျားသစ်ကွက်ဒီဇိုင်း)


ဂျင်းဘောင်းဘီ၊ ဂျင်းစကတ်၊ စသဖြင့် ဂျင်းဘောင်းဘီတွေနဲ့ တွဲဝတ်မယ်ဆိုရင် အလိုက်ဖက်ဆုံး ဒီဇိုင်း ကျားသစ်ဒီဇိုင်းပေါ့။

၃။အနက်ဗြောင် sneaker ဖိနပ်များ


အနက်ရောင် sneaker ဖိနပ်တစ်ရံရဲ့ အသုံးဝင်ပုံကို သင့်မှာရှိဖူးတယ်ဆိုရင် သိပါလိမ့်မယ်။ ဂါဝန်လေးတွေ၊ စကတ်တို၊ အရှည်၊ ဂျင်းဘောင်းဘီ အားလုံးနဲ့ အိုကေတဲ့ ဖိနပ်ပေါ့။

၎။အားလုံးငေးစေမယ့် အကွက်ဒီဇိုင်း sneaker ဖိနပ်များ


သူကတော့ အ၀တ်အစားနည်းနည်းရွေးပါတယ်။ အနက်ရောင်အခံပါတဲ့ တီရှပ်၊ အင်္ကျံမျိုးတွေနဲ့ ပိုလိုက်မှာပါ။ ဒါပေမယ့် ဒီအကွက် sneaker ဟာ လူငေးစေမယ့် ဒီဇိုင်းပါ။

၅။အပြောင်အလက် sneaker ဖိနပ်များ


အရင်က ဒင်နာ၊ ပါတီပွဲတွေ၊ ကလပ်စတာတွေသွားမှသာ စီးလေ့ရှိတဲ့ အပြောင်အလက် metallic ဒီဇိုင်း sneaker တွေဟာ ခုအခါမှာတော့ ထသွားထလာအချိန်တွေမှာတောင် အလွယ်တကူ စီးလာကြတာ တွေ့ရမှာပါ။

Ref:luckymag.com
Trend

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ခြေတစ်ချောင်းဖြတ် ပစ်လိုက်ရသည့်အလုပ်သမား လျော်ကြေးမရသောကြောင့် ဆေးဝါးကုသရန်ပင်အခက်အခဲဖြစ်နေ


မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ငွေတောင်ကျေးရွာ တွင်နေထိုင်သော ကိုမြင့်လွင်ဦးသည် တရွာတည်းနေ လယ်ဧကများစွာပိုင်ဆိုင်သောဝန်ထမ်းဇ နီးမောင်နှံထံတွင် ၃နှစ်ကျော်ကြာအလုပ်လုပ်ကိုင် ပြီးနောက်သြဂုတ်လလယ်တွင် ချွေလှေ့စက်မောင်းရာမှ ခြေထောက်တစ်ချောင်းလုံးနီးပါးဖြတ်တောက်လိုက်ရသည်။ သို့သော်လည်း လျော်ကြေးတစ်စုံတရာမရဘဲ ဆေးကုသရန် အခက်အခဲဖြစ်နေသောကြောင့် မန္တလေးရွှေတောင်ဦးပညာဒါနကျောင်းဆရာတော် ရှင်ဝေပုလ္လက ကျပ်တသိန်းမတည်ပေးလိုက်ကြောင်းသိရသည်။


ထိုသို့နှစ်ရှည်စာရင်းငှားအဖြစ်လုပ်ကိုင်နေသော ကိုမြင့်လွင်ဦးမှာ စလင်းမြို့နယ် ငွေတောင်ကျေးရွာရှိ ငွေတောင်ကျောင်းတိုက်ဘုန်းကြီးကငယ်စဉ်ကတည်းက မွေးစားထားသော သူဖြစ်သည်။ ယခုလိုမသန်စွမ်းဖြစ်ပွားခဲ့သောကြောင့် မိမိအနေဖြင့် ဆေးဖိုးဝါခအကုန်အကျခံချင်သော်လည်း ကျေးရွာလမ်းဖောက်လုပ်ခဲ့သောကြောင့် ငွေပိုငွေလျှံမရှိ၍လးရွှေတောင်ကျောင်းထံမှအကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း စလင်းငွေတောင်ရွာဆရာတော် အရှင် စိန်တိတ္တက ပြောသည်။

မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေကို ရန်ကုန်မြို့ရှိ ပညာတတ်လူတန်းစားများပင် အကျွမ်းတ၀င်မရှိကြကြောင်းနှင့် ကျေးလက်နေတောင်သူလယ် သမားသူရင်းငှားများမှာအလုပ်သမားဦးစီးဌာနများအနီးဝန်းကျင်တွင်မရှိသောကြောင့် အလုပ်သမားအ ခွင့်အရေးများကို မသိရှိကြကြောင်းလည်းတောင်သူ လယ်သမားအ များစု ကပြောဆိုသည်။

ယခုလောလောဆယ်တွင် ထိုခြေတစ်ဖက် ဆုံးရှုံးသွားသူ ကိုမြင့်လွင်ဦးမှာ မကွေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည်။ ပြည်တွင်းအလုပ်သမား ဥပဒေအရအလုပ်ထုတ်ခံရသူနှင့်အလုပ်ရှင်ဘက်မှ လုပ်ငန်းရပ်နားမှုပြုလုပ်သောအခါ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများကို ၃လမပြည့်သေးပါက လစာတစ်လစာနှင့် နစ်နာကြေးတစ်လစာ ပေါင်းနှစ်လစာပေးရပြီး သုံးလပြည့်ပြီးသူ များကို လုပ်အားခတစ်လစာနှင့် နစ်နာကြေးနှစ်လစာပေါင်းသုံးလစာ လျော်ကြေးပေးရ ပြီး မြန်မာနိုင်ငံအလုပ်သမားဥပဒေများအရ ကိုယ်လက်အ င်္ဂါချို့ယွင်းမှုများ အတွက်လည်း နစ်နာကြေးရရှိနိုင်ကြောင်း အလုပ်သမားဦးစီးဌာနမှ သိရသည်။
New Watch

Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်းထားပါတယ်။


Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်းထားပါတယ်။

ပရိသတ်တွေအထင်လွဲမှာဆိုးလို့ ရှင်းပြပါ ရစေရှင်....Patricia ဘက်က camp သွင်းထားတဲ့ နေ့ ရက်တွေမှာတစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်..ပရိသတ်တွေ Voting လုပ်ဖို့ photo shoot ရိုက်ကူးတဲ့နေ့ မှာ တောင်အဖျားတွေအရမ်းတက်ပြီးဘယ်လိုမှ နေလို့ မရတော့တဲ့အခြေအနေမှာတောင် အားမွေးပြီးသေသေချာချာဓာတ်ပုံရော၊ဗွီဒီယိုပါရိုက်ကူးပေးခဲ့ပါတယ်...အခု Miss Myanmar World page ကတင်ထားတဲ့ status က Patricia ကိုပြိုင်ပွဲတစ်လျှောက် အားပေးနေတဲ့ပရိသတ်တွေနဲ့ Patricia ကြားမှာအထင်လွဲစေပါတယ်...Patricia ဟာဒီပြိုင်ပွဲကိုမပြိုင်ခင်ကတည်းက ပရိသတ်ရဲ့ အားပေးမှုနဲ့ အနုပညာလုပ်ငန်း တွေကိုကျောင်းတစ်ဖက်နဲ့ ကြိုးစားလုပ် ဆောင်နေသူပါ...အခုလည်းပဲပြိုင်ပွဲတစ်ဖက် နဲ့ ကြေငြာတွေ music video တွေနဲ့ တခြား မဂ္ဂဇင်းတွေလည်းမပျက်ကွက်ရိုက်ကူးနေရပါ တယ်.နားရက်ပေးရင်လည်းတခြားပြိုင်ပွဲဝင် အမတွေအနားယူနေရတဲ့အချိန်မှာ Patricia ကအလုပ်တွေဆက်တိုက်လုပ်ရပါတယ်.. Camp ကနေပြန်တဲ့အချိန်ဟာဘယ်လောက် ပဲမိုးချုပ်နေပါစေ..Patricia မှာအိမ်ကို တည့်တည့်မတ်မတ်မပြန်ရပဲ Shooting တွေနေ့ တိုင်းရိုက်ရပါတယ်...
အခုဆိုရင် ကျောင်းလည်းဆက်မတက်ရပဲပြိုင်ပွဲနဲ့  အနုပညာလုပ်ငန်းတွေကိုလုပ်နေရပါတယ်. Patriciaကိုယ်တိုင်အထက်ကလူကြီးကိုတင် ပြပြီးဘယ်နေ့ဘယ်ရက်မှာကြေငြာရိုက်ဖို့ ခွင့် ရက်ရမလဲဆိုတာသေချာခွင့်တောင်းပြီးမှသာ လျှင်ကြေငြာတွေကိုလက်ခံရိုက်ကူးရတာပါ ရှင်.အထက်ကလူကြီးက(၉)ရက်နဲ့(၁၀)ရက် ၂ရက်ခွင့်ပေးပါတယ်..အထက်ကခွင့်ပြုတဲ့ ရက်ကိုသာ Patricia တို့ ကအလုပ်လုပ်ခွင့် ရှိတာပါရှင်.. Miss Myanmar World အထက်ကလူကြီးကခွင့်မပေးပဲ Patricia ဘက်ကကြေငြာတွေလက်ခံလို့ မရပါ..
ဘယ်အလုပ်မဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်နေ့ ရက်မျိုးကိုကြိုတင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်ရတာပါ. Patricia မနေ့ က training ဆင်းတဲ့နေ့ မှာပျက်ကွက်တာ မဟုတ်ပါ.Miss Myanmar World ကဒိုင်လူကြီးတစ်ဦးရဲ့ခွင့်ပေးတဲ့ရက် မှသာကြေငြာရိုက်တာပါ.. ပြီးကျတော့ Patricia ကြေငြာရိုက်နေတဲ့အချိန်မှာ Patricia ကို "ဒီနေ့ ဘာကြောင့်မလာတာလဲ" ဆိုပြီး ဂယက်တွေရိုက်ပါတယ်. Patricia မနေ့ က ရိုက်ကူးနေတဲ့ကြေငြာမှာလည်း professional တွေအားလုံးနဲ့ အလုပ်လုပ် နေရတာပါ..Patricia စိတ်တွေအရမ်းညစ် လာပြီးအာရုံနောက်လို့ ဆက်မပြိုင်ဖြစ်တော့
ကြောင်းအသိပေးခဲ့တာပါ..
Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့စကားကို လုံးဝလက်မခံနိုင်ပါ..ဒီပြိုင်ပွဲဆိုတာလည်း Patricia ရဲ့ ပရိသတ်တွေရဲ့ အားပေးတိုက် တွန်းမှုကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာပါ..ပြိုင်ပွဲ တစ်လျှောက် Patricia ကိုအားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးလည်းတင် တယ်..အခုလိုတွေဖြစ်ရတော့အားလည်း အရမ်းနာတယ်....Patricia နဲ့ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ပြိုင်ပွဲကိုမပြိုင်ဖြစ် တော့ပေမယ့်အားပေးနေတဲ့ပရိသတ်တွေအတွက် Patricia ဝါသနာပါတဲ့အနုပညာ အလုပ်တွေကိုဆက်လက်လုပ်ဆောင်သွား ပြီးကြိုးစားသွားမှာပါရှင်....

ဘွဲ့ဝတ်စုံတန်ဖိုးမသိဘဲ တလွဲအသုံးပြုဆန္ဒပြသော ကျောင်းသားများကြောင့် ဘွဲ့ဝတ်စုံ၏ သမိုင်းကြောင်းနှင့် အရေးကြီးပုံများကို သိရှိတန်ဖိုး ထားတတ်စေရန် အခြေခံပညာ တွဲဖက်သင်ရိုးများတွင် ထည့်သွင်း သင်ကြားပေးတော့မည်



အစဉ် အလာကြီးမားသော ဘွဲ့ဝတ်စုံ၏ သမိုင်းကြောင်းနှင့် အရေးကြီးပုံများ ကို ငယ်စဉ်ကတည်းကသိရှိပြီး တန် ဖိုးထားတတ်စေရန် အခြေခံပညာ တွဲဖက်သင်ရိုးဝင်ဘာသာရပ်များတွင် ထည့်သွင်းအသိပညာပေးရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောကြားလိုက်သည်။

''တကယ်တော့ယနေ့ဖြစ်နေ တာတွေက ကလေးတွေ သိသင့် တာတွေ၊ တန်ဖိုးထားသင့်တာတွေ ကို သိအောင်၊ တန်ဖိုးထားတတ် အောင် လုပ်ပေးဖို့ ဆရာတွေဘက် က ပျက်ကွက်ခဲ့မိတယ်ပေါ့။ အဲဒီ အတွက် များစွာ စိတ်မကောင်းဖြစ် ရပါတယ်။ အားလုံးဟာ ပညာရေး မှာ အခြေခံတယ်ဆိုပေမယ့် အကုန် လုံးကို သင်ခန်းစာထဲ ပစ်ထည့်လိုက် လို့မရဘူး။ ကျောင်းသားတွေကိုယ် တိုင်သင်ယူလေ့လာတဲ့အလေ့အထ တွေနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေး ရမယ်။ အဲဒါကြောင့် သင်ခန်းစာ တစ်ရပ်အနေနဲ့မဟုတ်ဘဲ စာရိတ္တ လို ပြည်သူ့နီတိလို ဘာသာရပ်တွေ မှာ ဘွဲ့ဝတ်စုံရဲ့အရေးပါပုံ သမိုင်း ကြောင်းအပြင် တခြားသိသင့်သိထိုက် တန်ဖိုးထားသင့်တာတွေကို အလျဉ်း သင့်သလို အသိပညာပေးနိုင်အောင် လုပ်သွားမယ်။ ဒါကိုလဲ လူကြီးတွေ က အားလုံးဆွေးနွေးပေးနေပါ တယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အဆိုပါသင်ရိုးများကိုလာမည့် ပညာသင်နှစ်များမှစ၍ သင်ကြား နိုင်ရန် စီစဉ်မည်ဖြစ်ပြီး မည်သည့်နှစ် တွင် စတင်သင်ကြားနိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်း၊ ဘွဲ့ရကျောင်းသား တစ်ဦးအနေဖြင့် ဝတ်ရုံကိုဝတ်ဆင်ခွင့်ရရှိပြီး ယင်းသို့ ဝတ်ရုံဝတ်ဆင်ထားခြင်းသည် ပညာ တတ်များသည် တိုင်းပြည်အတွက် အလုပ်များကို အဆက်မပြတ်လုပ် ကိုင်ပေးမည့်သူ၊ တိုင်းပြည်တာဝန် များကို ထမ်းဆောင်မည့်သူဟု အဓိ ပ္ပာယ်ရကြောင်း၊ လက်ထဲတွင် ပန်း ချီရေးဆွဲရာတွင် အသုံးပြုသည့်ပျဉ် ချပ်၊ ဆေးစပ်သည့်ခွက်နှင့် စုတ်တံ များကိုကိုင်ထားရခြင်းသည် တိုင်း ပြည်အနာဂတ်၊ မိမိတို့အနာဂတ်ကို ဆေးရောင်ခြယ်မည့်သူဟု အဓိပ္ပာယ် ရပြီး ယနေ့ခေတ်တွင် ဘွဲ့ဦးထုပ်နှင့် အဓိပ္ပာယ်ချင်းတူကြောင်း၊ နောက် ကျော တံစဉ်၊ တူနှင့် လွှအစရှိသည့် ပစ္စည်းကိရိယာများ ထည့်ထားသည့် အိတ်များကို ပိုးလွယ်ထားရခြင်း သည် တိုင်းပြည်ကို တည်ဆောက် မည့်သူ၊ မိမိဘဝကို တည်ဆောက် မည့်သူဟု အဓိပ္ပာယ်ရကြောင်း၊ ဘွဲ့ ဝတ်စုံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမှတ်(၁)အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစီတန်ဇာတွင်းက ရှင်းပြ သည်။

''ဒါမျိုးတွေသိလာဖို့အခြေခံ မှာ ဘွဲ့တစ်ခုရဲ့တန်ဖိုးကို သိရှိ အောင်လေ့ကျင့်သင်ကြားပေးရမယ်။ အဆင့်မြင့်မှာကျတော့ ဘွဲ့တစ်ခုရဲ့ အနှစ်သာရကို လေ့ကျင့်သင်ကြား ပေးရမယ်''အမှတ်(၁)အခြေခံပညာ ဦးစီးဌာနမှဦးစီးအရာရှိ ဦးငွေတိုး ကပြောသည်။

အဆိုပါ ဘွဲ့ဝတ်စုံတန်ဖိုးနှင့် မိမိတို့ရရှိထားသောပညာရပ်များ ၏ တန်ဖိုးများကိုယနေ့ခေတ်ကျောင်း သားများမသိရှိနိုင်ကြခြင်း မှာ အခြေခံပညာရေးနှင့်၊ အဆင့်မြင့် ပညာရေးနှစ်ခုစလုံးတွင် ပညာရေး ၏ မှန်ကန်သော အလေ့အကျင့်၊ ကောင်းမွန်သည့် စည်းကမ်းများကို ပေးစွမ်းနိုင်ခြင်း မရှိသေးခြင်းကြောင့် ဟု ဦးငွေတိုးက ဆက်လက်ပြော သည်။

''ဘွဲ့ဝတ်စုံရဲ့အဓိပ္ပာယ်ကို ယနေ့ ဘွဲ့ရတဲ့လူငယ်အယောက် ၁ဝဝဝမှာ ဆယ်ယောက်လောက် သိရင်ပဲ ကံ ကောင်းတယ်လို့ ပြောရမယ်။ အဲဒီ လိုသမိုင်းကြောင်းနဲ့ရှိလာခဲ့တဲ့ဘွဲ့ ဝတ်စုံရဲ့အရေးကြီးပုံတွေသိရှိအောင် ကိုယ်ရရှိတဲ့ဘွဲ့ကိုတန်ဖိုးထားတတ် အောင် ဘွဲ့အပ်နှင်းတဲ့အခါမှာ ပါ မောက္ခချုပ်တွေကရှင်းလင်းပြော ကြားပေးရမယ်။ နောက်ပြီးငယ်ငယ် လေး ကတည်းက ကိုယ်ဝတ်ရမယ့် ဘွဲ့ဝတ်စုံကို တန်ဖိုးထားတတ်အောင် ဆရာ၊ ဆရာမတွေက ပြောပေးရ မယ်။ ဒါမှ နိုင်ငံခြားတွေမှာလို စာ တော်သည်ဖြစ်စေ၊ မတော်သည် ဖြစ်စေ ဘွဲ့ရတစ်ယောက်အနေနဲ့အကျင့်သိက္ခာရှိရှိပြုမူနေထိုင်တတ် ကြမှာ'' ဟု ဦးစီတန်ဇာတွင်းက သုံး သပ်ပြောကြားသည်။ 

ဘွဲ့ဝတ်စုံသမိုင်းကြောင်းသည် ခရစ်တော်မပေါ်မီ (BC) မတိုင်ခင် ကတည်းက ရှေးဂရိပညာရှိကြီးများ တည်ထောင် ဖွင့်လှစ်သည့် အကယ် ဒမစ်ကျောင်းများတွင် တက်ရောက် ခဲ့သည့် ကျောင်းသားများကို ချီးမြှင့် ခဲ့ခြင်းမှ စတင်ခဲ့ကြောင်းသိရသည်။

ATK, CCT
Democracytoday

အပစ်မရပ်ခြင်း နောက်ကွယ်တွင် KIA လူသစ်စုဆောင်းမှု အရှိန်မြှင့်လာ


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီနှင့် မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ စက်တင်ဘာ ၈ ရက်နေ့အထိ စုဆောင်းခံရသော လူသစ် ဦးရေ စုစုပေါင်း(၈၀)ဦးခန့် ရှိပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။


အဆိုပါ ဒေသအတွင်းရှိ လူငယ်များအား ကချင်လူမျိုးရေးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကို အခြေခံ၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု အားနည်းချက်အပေါ် အသုံးချ၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် စုဆောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အင်ဘာပါစခန်းကို ခေါ်သွားတာတွေ့တယ်၊ အဲဒီစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်၊ အယောက် ၈၀ လောက်တော့ ရှိမှာပေါ့ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ စုဆောင်းခြင်းခံရသော လူသစ်များမှာ အသက် ၂၀ မှ ၃၀ နှစ်အတွင်း အတန်းပညာ အလယ်တန်း အဆင့် တက်ရောက်ပြီးသူများဖြစ်ပြီး အများစုမှာ ကချင်လူငယ်များဖြစ်ကြောင်း သိရသည်။

အင်ဘာပါစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူငယ်များသည် ထွက်ပြေးပါက ၎င်းတို့၏ မိဘဆွေမျိုး များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထား၍ ထွက်မပြေးရဲကြကြောင်း၊ အစားအသောက် အဆင်မပြေသဖြင့် မိဘဆွေမျိုးများထံ အစားအစာများမှာယူနေကြကြောင်း ဆွေမျိုးတော်စပ်သူ ဒေါ်ဘောက်နန် က ဆိုသည်။

အလားတူ KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ အရှေ့ဘက်တွင် တောင်ယာလုပ်နေသော ရွာသား ၄ ဦးအား စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသား ၄ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာ နေ မောင်နေ၀င်းရှိန်(၂၆)နှစ်၊ မောင်အင်ခွန်ဘရန်အောင်(၂၈)နှစ်၊ မောင်လဇွန်တူးဂျာ(၂၅)နှစ်နှင့် မောင်နော်ဂျာ (၂၂)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် မထိုးရ သေးသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ အရှိန်မြှင့်လာသော လူသစ်စုဆောင်းမှုများက ငြိမ်းချမ်းရေး လမ်းစဉ်ကို ချိုးဖောက်နေခြင်းဖြစ်သလို ဒေသခံလူငယ်များ၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာကြောင်း ကချင် အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားခဲ့သည်။
KDN

စိတ်ဖိစီးမှုများနေသူများအတွက်


စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် ဘာအလုပ်မှ မလုပ်ချင် ဖြစ်နေတတ် ပါတယ်။ အဲလို စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အနည်းငယ် လျော့ကျပေးစေနိုင်သော နည်းလမ်းကောင်းများကို မျှဝေပေး လိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း တစ်ခုခုကို ပြေးလုပ်လိုက်ပါ
မိမိမှာ စိတ်ဖိစီးမှုတွေ ကြုံလာပါက ထိုင်ပြီး ပှုပင်မနေဘဲ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်လိုက်ပါက အာရုံအသစ်ဖြစ်ပေါ်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အကြံဥာဏ် အသစ်တွေကို လည်း ရရှိနိုင်ပါတယ်။


(၂) လတ်ဆတ်သော ပတ်ဝန်းကျင်သို့ သွားပါ
စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အိမ်ခန်းထဲမှာ နေနေတာနဲ့စာရင် ကန်ရေပြင်ကို သွားပြီး လေပြင်လေညှင်း ခံသင့်ပါတယ်။ ဒါ့အပြင် အခြားသော စိတ်ကြည်နှုးမှုကို ရရှိစေနိုင်သော နေရာများကို သွားသင့်ပါတယ်။ ထိုသို့သွားခြင်းကြောင့် စိတ်ဖိစီးမှု လျော့ကျလာစေ ပါလိမ့်မယ်။

(၃) သီချင်းနားထောင်ပါ
ရင်ထဲမှာ အရမ်းမွမ်းကြပ် လာပြီဆိုရင် သီချင်းနားထောင် လိုက်ခြင်းကြောင့် အနည်းငယ် လျော့ကျပေးစေနိုင်ပါတယ်။

(၄) မှုးယစ်ဆေးဝါး သုံးစွဲမှု မလုပ်ပါနဲ့
တစ်ချို့က စိတ်ဖိစီးမှု ဖြစ်လာပြီ အရက်သေစာ သောက်စားမှုကို ပြုလုပ်တတ်ကြပါတယ်။ အဲလိုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တကယ်ပြေလျော့စေနိုင်တဲ့ နည်းလမ်းမဟုတ်သည့် အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

အီဘိုလာကြောင့် သေဆုံးသူ ၂၂၉၆ ယောက်ရှိပြီ


အနောက်အာဖရိက နိုင်ငံတချို့မှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အယောက်ပေါင်း ၂၂၉၆ ဒါမှမဟုတ် သုံးထောင်နီးပါး ရှိသွားပြီလို့ သိရပါတယ်။


ဇာတ်လမ်း အီဘိုလာပိုးကို စမ်းသပ်ဆေးဝါးနဲ့ စတင်ကုသတော့မယ်
သေဆုံးသူ သုံးထောင်နီးပါးထဲက ထက်ဝက်လောက်ဟာ တစ်လအတွင်းမှာ သေဆုံး ကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုလောလောဆယ် Guinea, Liberia, Nigeria နဲ့ Sierra Leone နိုင်ငံမှာ လူပေါင်း ၄၀၀၀ ကျော် အီဘိုလာ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

အီဘိုလာပိုး ကူးစက်ခံရသူ ၁၀% လောက်သာ အသက်ရှင်လေ့ရှိပြီး ကျန် ၉၀% လောက်က တော့ သေဆုံး နေကြရတယ် လို့လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုဆိုရင် လူနာတွေလည်း တဖြေးဖြေးများလာပြီး လူနာကုတင်တွေ ဆေးရုံ၊ ဆေးခန်းတွေလည်း အလုံအလောက် မရှိတဲ့အတွက် အမြန်ဆုံးကူညီကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ABC

ရွေးကောက်ပွဲ ကော်မရှင် ဘယ်လိုဆက်လက် ရပ်တည်သွားမှာလဲ


၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမယ်လို့ ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီ အသိုင်းအ၀ိုင်းမှာ ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ကလည်း ၃၅ နေရာပဲရှိလို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့ ကိစ္စတွေအတွက် အနိုင်အရှုံး မရှိနိုင်တာ၊ နိုဝင်ဘာလမှာ လုပ်မယ့် အာဆီယံ အစည်းအဝေးရှိတာ၊ နိုင်ငံရေးပါတီ ငယ်လေးတွေအတွက် ငွေကုန်လူပန်း ဖြစ်နိုင်တာနဲ့ နိုင်ငံတော် အနေနဲ့လည်း ဘဏ္ဍာငွေ ကျပ်သန်း ၂ ထောင် လောက်ကုန်မှာ ဆိုတာတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက်တွေ ပေးပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေး ပါတီ ၃၅ ပါတီကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်း ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ကို ခေါ်ယူပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဦးတင်အေးက အထက်ပါအတိုင်း ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပြန်ပြောဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်ပြီး ခိုင်မာတိကျတဲ့ မူဝါဒ မရှိတာ၊ မဲစာရင်း ပြဿနာတွေ အပါအ၀င် အာဏာရ ကြံ့ခိုင်ရေးပါတီ ရဲ့ အကျိုးစီးပွားတွေနဲ့ပါ တိုက်ရိုက် ပတ်သက်နေလို့ ကြားဖြတ် ရွေးကောက်ပွဲ မလုပ်တာ ဆိုပြီး နိုင်ငံရေး ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေက ဧရာဝတီကို ပြောပါတယ်။

“အခု PR စနစ် လုပ်မယ့် ကိစ္စတွေနဲ့ အခုရွေးကောက်ပွဲ လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ကိစ္စတွေက နောက်ကွယ်မှာ အကြောင်းတွေ ရှိနိုင် တယ်။ အာဏာရ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ပတ်သက်နေတယ်လို့ ထင်တယ်”လို့ ရခိုင် အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဦးလှစောက ပြောပါတယ်။

ကော်မရှင်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောတဲ့အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်နေတဲ့အချိန်မှာ မလုပ်တော့ ဘူးလို့ ပြန်ပြောတာဟာ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေရဲ့ တန်ဖိုးကို ကော်မရှင်က မလေးစားတာ ဖြစ်တယ်လို့လည်း ဦးဦးလှစောက သုံးသပ်ပါတယ်။

ဦးဦးလှစော ပြောဆိုတာတွေကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က သဘောတူကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြတာ မဟုတ်ဘဲ ဆင်ခြေပေးနေတာ ဖြစ်ကြောင်း၊ သူတို့ အကြောင်းပြတဲ့ ကျပ်သန်း ၂၀၀၀ ဆို တာ တကယ် လုပ်ချင်ရင် အသေးအဖွဲလေးသာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

“ပထမ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဘူးပြောတယ်။ နောက်လွှတ်တော်မှာ လုပ်မယ်လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျနော်တို့မိတ်ဆွေ ပါတီတချို့ကတော့ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ပြင်ကြဆင်ကြတယ်။ ကိုယ်စားလှယ်လောင်း ရွေးကြတယ်။ သူဝင်မယ် ငါဝင်မယ် နဲ့ ရန်တွေတောင် ဖြစ်သေးတယ်။ အခုမလုပ်တော့ဘူး ဆိုတော့ ရန်ဖြစ်တာပဲ အဖတ်တင်တယ်။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာ ခန့်မှန်းရ အရမ်း ခက်တယ်။ ကမ္ဘာမှာတောင် ဒီလို သိပ်မရှိဘူး”လို့လည်း ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ကြားဖြတ် ရွေးကောက် ပွဲ ကျင်းပပေးဖို့ ရှိမရှိ မေးမြန်းရာမှာ ကျင်းပပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ဖြေဆိုခဲ့တာပါ။

ဦးတင်အေးက ကတိပေးပြီးနောက် ၇ လ အကြာ စက်တင်ဘာလထဲမှာ မလုပ်တော့ဘူး ဆိုပြီး ထပ်ပြောတာဟာ အများပြည်သူရဲ့ ယုံကြည်မှုကို လျော့ကျစေကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကော်မရှင် ဥက္ကဌ ဆိုတာ အများပြည်သူက ယုံကြည်တဲ့သူ ဖြစ်ရမယ်၊ ကတိတည်ရမယ်၊ ကတိမတည်ဘူးဆိုရင် ကော်မရှင် ဥက္ကဌ တဦးရဲ့ ဂုဏ်သိက္ခာ၊ အရည်အသွေးတွေရဲ့ အားနည်းချက် ဖြစ်စေနိုင်တယ်၊ အများပြည်သူရဲ့ ယုံကြည်မှုကိုလျော့ကျစေပါတယ်။ သူပြောတဲ့ အကြောင်းပြချက်တွေက ခိုင်လုံမှု မရှိဘူး”လို့ ဦးဖြိုးမင်းသိန်းက ပြောဆိုပါတယ်။

တိုင်းရင်းသားပါတီတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ညီနောင်များ ဖက်ဒရေးရှင်း (NBF) အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးစောသန်းမြင့်ကတော့ ကြားဖြတ်ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ခြင်းဟာ အချိုးကျ ကိုယ်စားပြု(PR) စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဦးစောသန်းမြင့်က“ကြားဖြတ်ရွေးကောက်ပွဲဟာ အာဏာရပါတီရဲ့ မူဝါဒ ဆုံးဖြတ်ချက် အပေါ်မူတည်ပါတယ်။ ကြံ့ခိုင်ရေးက လုပ်မယ် လို့ ဖိအားပေးရင် လုပ်ကိုလုပ်ရမှာပါ၊ သူတို့က မလိုအပ်ဘူးဆိုရင် မလုပ်ရဘူး ဆိုတဲ့ သဘောပဲ”လို့လည်း ဆိုပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံးမှာ လစ်လပ် မဲဆန္ဒနယ် အရေအတွက်က ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၆ နေရာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၁၆ နေရာ ဖြစ်တဲ့အတွက် စုစုပေါင်း ၃၅ နေရာ ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကော်ပွဲတွေဟာ လူဦးရေး သန်းခေါင်စာရင်း သန်း ၆၀ ရှိတယ်ဆိုတဲ့ မဲစာရင်းပေါ်မှာ အခြေခံခဲ့ပေမယ့် အခု အသစ်ထွက်လာတဲ့ လူဦးရေ ၅၁ သန်း ဆိုတာကြောင့်လည်း အခုထပ်လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် အခက်အခဲတွေ ကော်မရှင်မှာ ရှိနေနိုင်တယ်လို့ တချို့က ပြောဆိုပါတယ်။

“သန်းခေါင်စာရင်းမှာ အရင်က သန်း ၆၀ လို့ ပြောတယ်။ အခု ၅၁ သန်း ဖြစ်သွားပြီ။ အဲဒီတော့ မဲစာရင်းက သန်းခေါင်စာရင်းပေါ်မှာ အခြေခံရတာ ဖြစ်တဲ့အတွက် အခုရွေးကောက်ပွဲမှာ ဘယ်စာရင်းပေါ်မှာ အခြေခံမှာလဲ။ ပျောက်နေတဲ့ ၉ သန်းက နိုင်ငံခြား ရောက် နေတာလား။ ဒီလို စာရင်းတွေ မပြည့်စုံတဲ့အတွက် ကြားဖြတ်ကို ရွှေ့တာလည်း ဖြစ်နိုင်တယ်”လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အတွင်း ရေးမှူး ဦးမျိုးညွှန့်က ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်နဲ့ ရှုံးပြီး အရှက်ကွဲရမယ့် အနေအထား ကိုလည်း ရှောင်လွှဲနိုင်သွားပြီလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ ကြိုတင် ဆွေးနွေး ညှိနှိုင်းမှု တစုံတရာ မရှိသလို ကော်မရှင် အနေနဲ့လည်း အများပြည်သူရဲ့ အသံကို အလေးထားမှု အားနည်းတယ်လို့ နိုင်ငံရေးပါတီတွေက ဝေဖန်ကြပါတယ်။

ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ “မလုပ်ဖြစ်တာကတော့ အကြောင်း အမျိုးမျိုးကြောင့်ပါ။ ဒါဟာ ကော်မရှင် ဥက္ကဌ တယောက် ရဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်အရ ကျနော် လုပ်တာပါ၊ ဖွဲ့စည်းပုံမှာလည်း ဥပဒေအရ လုပ်ပိုင်ခွင့် ပေးထားပါတယ်”လို့ ပါတီတွေနဲ့ တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူ့ကိုယ်သူ ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဇူလိုင်လ အတွင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို တင်းကျပ်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း တွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို ရက် ၆၀ အစား ရက် ၃၀ သာပေးထားပြီး မဲဆွယ်မယ်ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် တောင်းခံဖို့နဲ့ အရင်ထက် များပြားတဲ့ ကန့်သတ်ချက်တွေကို ထည့်သွင်းထားတဲ့ အတွက် ကန့်ကွက် ဝေဖန်ကြခြင်း ဖြစ်ပါတယ်။

ဒီလို ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မှန်မှန်ကန်ကန် ရပ်တည်သွားနိုင် မလား၊ ဘယ်လို ဆက်လက် ရပ်တည်သွားမှာလဲ ဆိုတာကလည်း စဉ်းစရာပဲ ဖြစ်ပါတယ်။

ဧရာဝတီ

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်


ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့
ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။

ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ
ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။

၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။

၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို
့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။

၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊
အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။

၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။

၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့
့စေနိုင်ပါတယ်။

၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။

(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။

စားပွဲတင်ဆားဟာ
ဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။

(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။

(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ
ပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။

ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။

(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို
ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (
Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။

၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။

၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။

၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။

ရှောင်ကြဉ်ရန် အချက်များ
-----------------------------

(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။

(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။

(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )
ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်
ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။

ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူး လို့ သူကပြောပါတယ်။

အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)
ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကို
မသုံသင့်ပါဘူး။

စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်
စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။

မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။

ကျန်းမာရေးသတင်းများ

KIA နှင့် ဘင်္ဂါလီ ပြည်ဖျက်ရန် ကြံစည်ပြီလား


စက်တင်ဘာလ (၇) ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဘင်္ဂါလီ ကုလားအဖွဲ့အစည်းနှင့် KIO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ်တွင် လူမှုကွန်ယက်များပေါ်၌ ဂယက်ရိုက်ခတ်လျက်ရှိပေသည်။ ၄င်းအဖွဲ့စည်း နှစ်ဖွဲ့တွေ့ဆုံခဲ့ရာတွင် မြန်မာပြည်သူလူထှတစ်ရပ်လုံးထံမှ ဝေဖန်ချက်ပေါင်းမြောက်များစွာထွက်ပေါ်လာခဲ့ပြီး မည်ကဲ့သို့သောရည်ရွယ်ချက်များ၊ မည်ကဲ့သို့သောအကြောင်းပြချက်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို လည်းအားလုံးသိချင်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ‘ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော် တည်ထောင် ရန်တပ်နေရာပေးရေး’ ဟူသည့် ဆွေးနွေးချက်၏နောက်ကွယ်တွင်ရှိသော အကြံအစည၊် ရည်ရွယ်ချက် ရည်မှန်းချက် များသည်ကောင်းသောအလားအလာများမဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံနှင့်မြန်မာ တစ်မျိုးသားလုံး အတွက်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လာနိုင်သည်ဆိုတာကတော့ကျွန်ပ်အဖို့မလွဲမှားနိုင်သော ယူဆချက် ဖြစ်ပေလိမ့်မည်။

ပထမဦးစွာ ဘဂါင်္လီကုလားအဖွဲ့အစည်းနှင့်ပက်သက်၍ အနည်းငယ်ဖော်ပြပေးလို ပါသည်။ ထိုအဖွဲ့စည်းသည် မိမိကိုယ်ကိုယ်ရိုဟင်ဂျာဟုသုံးနှုံးကာ သွားရောက်ဆွေးနွေးကြခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတော်သမ္မတကိုယ်တိုင်ကပင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသည့်လူမျိုးမရှိကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားစာရင်းတွင် ရိုဟင်ဂျာမ ပါဝင်ကြောင်း အတိအလင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဘင်္ဂါလီကုလားအဖွဲ့အစည်းသည် အစိုးရ၏ထုတ်ပြန်ကြေငြာချက်အပေါ် ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်လိုက်သည်ဟုသာကျွန်ပ်အနေဖြင့် မြင်တွေ့မိပါသည်။ အဆိုပါဘင်္ဂါလီကုလားများသည် မြန်မာနိုင်ငံ၏ အနောက်ဘက်မှနေ၍ခိုးဝင်လာသူများဖြစ်ကြပြီး ရိုဟင်ဂျာတိုင်းရင်းသားများဟုဆိုကာ ရခိုင်ပြည်နယ်တွင် တစ်ရွာတစ်ကျီတည်၍နေထိုင်နေကြသူများဖြစ်ပေသည်။ ထိုမျှပင်မကသေး ဗုဒ္ဒဘာသာမြန်မာလူမျိုး ရခိုင် တိုင်းရင်းသားများအပေါ်တွင်လည်း လူမျိုးရေး ဘာသာရေးပဋိပက္ခများဖန်တီးကာ ရန်စစော်ကားနေကြ သူများလည်းဖြစ်ကြပေသည်။ ရခိုင်လူမျိုးများနှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကို အစပြု၍ မြန်မာ တစ်နိုင်ငံလုံးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေခဲ့သော လူမျိုးများလည်းဖြစ်ပေသည်။ ယခုအခါတွင် ရခိုင်ပြည်နယ်တွင် ၄င်းတို့၏ နေထိုင်မှုကြပ်တည်းလာခြင်း၊ အစိုးရမှလည်း၎င်းတို့အား အလေးထားစောင့်ကြည့်နေခြင်းကြောင့် ရခိုင်ပြည်မှ နေ၍ ကချင်ပြည်နယ်ဘက်သို့ လှည့်လာခြင်းမျိုးလည်းဖြစ်နိုင်ပေသည်။

ထပ်မံ၍ KIO/KIA အဖွဲ့အကြောင်းကိုလည်း ကျွန်ပ်ရေးသားဖော်ပြချင်ပါသေးသည်။ KIO/KIA အဖွဲ့စည်းသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများထဲတွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲခြင်းကို လက်မှတ် ရေးထိုးခြင်းမပြုသော လက်နက်ကိုင်အဖွဲ့စည်းတစ်ခုဖြစ်ပေသည်။ ၄င်းတို့အဖွဲ့အစည်းအနေဖြင့် အစိုးရနှင့် အကြိမ်ကြိမ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း၎င်းတို့၏ကတိမတည်မှု၊ ရန်လိုမှုများနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်မရှိမှု များကြောင့်ယနေ့ထက်တိုင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခြင်းမရှိသေးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေသည်။ ကချင်လူမျိုးကောင်းစားရေးဟုတွင်တွင် ညည်းသော်ငြားလည်း ကချင်လူမျိုးများ၏ ထောက်ခံမှုကိုအပြည့်အ၀မရရှိသည့် ခေါင်းဆောင်တစ်ချို့၏ လောဘဇောဖြင့် ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။
ယခုအခါတွင် အဆိုပါ KIO/KIA အဖွဲ့အစည်းနှင့် ရိုဟင်ဂျာဟုသုံးနှုံးထားသော ဘင်္ဂါလီကုလားများ အဖွဲ့အစည်းတို့သည် ကချင်ပြည်နယ်လိုင်ဇာမြို့ တွင်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ မည်သို့သော အကြောင်းပြချက် များပေးနေပါစေ နိုင်ငံနှင့်လူမျိုးအတွက်တော့ ကောင်းသောဆွေးနွေးချင်းမျိုးမဖြစ်နိုင်ချေ။ KIO အနေနှင့် ရိုဟင်ဂျာဟူသော အသုံးအနှုံးကိုထောက်ခံလိုက်ပြီး မိမိသဘောဖြင့်မိမိဘင်္ဂါလီကုလားများကို ပြည်ထောင်စုတိုင်းရင်းသားစာရင်း သွင်းလိုက်သေးသည်။ ဘင်္ဂလီကုလားများအနေဖြင့် ရိုဟင်ဂျာသည်လည်း တိုင်းရင်းသားဖြစ်ပြီး တိုင်းရင်းသားအခွင့်ရေးတွေရရှိဖို့အစိုးရကို လက်တွဲ၍တော်လှန်မည်ဟူသော စည်းရုံး မှုသည် ပြည်ထောင်စုပြိုကွဲရေးအထိပါ ရည်ရွယ်ချက်ထားသည်ဟုလဲ သုံးသပ်ရပါသည်။ ထို့အတူ ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော်တည်ထောင်ရန် တပ်နေရာအခိုင်အမာရရှိနိုင်ရေးကိုလဲ KIA ဗိုလ်မှူးကြီး ဂျိမ်းစ်ထံ တောင်းဆိုခဲ့ကြသေးသည်။ ကေအိုင်အေဘက်မှ ဘယ်သူသေသေငတေမာပြီးရောဟူ သည့်စိတ်ဖြင့် ထိုဘင်္ဂါလီကုလားများကို ကချင်ပြည်နယ်တွင် တပ်နေရာချထားခွင့်ပေးလိုက်ပါက ထိုအဖွဲ့စည်း နှစ်ခုသည် အမျိုးဘာသာသာသနာအတွက် အကြီးလေးဆုံးသောအန္တရာယ်များဖြစ်လာနိုင်ပေသည် ။

အချုပ်အားဖြင့်ဆိုသော် ဘင်္ဂါလီကုလားများအနေနှင့် အနေမချောင်တော့သော ရခိုင်ပြည်နယ်တွင်ရှိသမျှ ကုလားအင်အားစုများကိုစုစည်းကာ အစိုးရနှင့်မကျေမလည်ဖြစ်ပေါ်နေသည့် ကေအိုင်အေ လိုမျိုး သောင်းကျန်းသူအုပ်စုနှင့်ပူးပေါင်းရန်အားထုတ်လာခြင်းသည် တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်စွာ နေထိုင်နေသော အမိမြန်မာနိုင်ငံတော်ကြီးကို ဖြိုခွဲဖျက်ဆီးရန် အကြံစည်ပင်ဖြစ်နိုင်ပါကြောင်း သုံးသပ်ရေးသား လိုက်ပါသည်။

မင်းထက်သာ(ဗဟန်း)
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး

MH17 ပျက်ကျမှု အခြေအနေ နယ်သာလန် ထုတ်ပြန်


ဇူလိုင်လက ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျက်ကျခဲ့တဲ့ မလေးရှားလေကြောင်း လိုင်း MH17 ဟာ အရှိန်ပြင်းတဲ့ အရာဝတ္ထုတွေ ထိမှန်ပြီး လေထဲမှာတင် ပေါက်ကွဲပျက်ကျခဲ့တာလို့ နယ်သာလန်နိုင်ငံ ကျွမ်းကျင်သူတွေက စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လူသားအမှားအယွင်း၊ စက်ပစ္စည်းအမှားအယွင်း တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် လေယာဉ်ကို ဒုံးကျည်ထိမှန်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့လည်း တထပ်တည်း ကျနေပါတယ်။ ဒါပေမယ့် ဘယ်သူက ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်ဆိုတာကိုတော့ မပြောထားပါဘူး။

ရေဒါအချက်အလက်တွေ၊ လေယာဉ်ပျက်အပိုင်းအစတွေကို အခြေခံပြီး အဖြေထုတ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မလေးရှားလေကြောင်းလိုင်း ပစ်ချခံခဲ့ရတဲ့ တချိန်တည်းမှာ ခရီးသည်တင်လေယာဉ်ကြီး ၃ စီးလည်း အဲ့ဒီဒေသကို ဖြတ်ပျံသန်းနေတယ်လို့လည်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

MH17 လေယာဉ်ကြံ့ခိုင်ရေးမှတ်တမ်းအရ လေယာဉ်မှာ စက်ပစ္စည်း တစုံတရာ ချွတ်ယွင်းခဲ့ခြင်းလည်း မရှိခဲ့သလို ယူကရိန်းလေကြောင်း ထိန်းသိမ်းရေး စခန်းကိုလည်း အရေးပေါ်ဆက်သွယ်မှုလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

မလေးရှားလေကြောင်းလိုင်း MH17 ဟာ ဇူလိုင်လ ၁၇ ရက်နေ့က နယ်သာလန်နိုင်ငံ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ပျံသန်းတဲ့ ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းအရောက်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါတဲ့ ၂၉၈ ယောက်လုံး သေဆုံးခဲ့ပါတယ်။

DVB

IFA 2014 ပြပွဲတွင် Huawei Ascend Mate 7 မှ Best of IFA 2014 Award ကို ဆွတ်ခူးခဲ့






Huawei ရဲ့ နောက်ဆုံးထွက်ဖုန်း ဖြစ်တဲ့ Ascend Mate 7 ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ IFA ပွဲမှာ ပြိုင်ဘက်တွေအားလုံးကို ကျော်ဖြတ်နိုင် ခဲ့ပြီး Best of IFA 2014 Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။
Ref : Huawei Device Myanmar
Yangon Media Group

စွန့်ပစ် စီးကရက် အစီခံများကို မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာသုံး ပစ္စည်းများ အဖြစ်သို့ သိပ္ပံ ပညာရှင်များက ပြောင်းလဲဖန်တီးနိုင်



ယခုဆိုလျှင် ပတ်ဝန်းကျင် သန့်ရှင်းရေး အတွက် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က လူအများ သောက်သုံးပြီး လွှင့်ပစ်လိုက်သော စီးကရက်တိုများကို နည်းပညာသုံး ပစ္စည်းများအဖြစ် ပြန်လည် အသုံးပြုနိုင်သော နည်းလမ်းတစ်ရပ်ကို ရှာဖွေ တွေ့ရှိထားသည်။

တောင်ကိုရီးယား နိုင်ငံမှ သုတေသီများက ၎င်းစီးကရက်တိုထဲမှ အစီခံများကို ကွန်ပျူတာသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ရသော ယာဉ်များနှင့် လေတာဘိုင်စက်များတွင် စွမ်းအင် သိုလှောင်ရန် ပစ္စည်းတစ်မျိုး အဖြစ်သို့ အသွင်ပြောင်းနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤပစ္စည်းကို လျှပ်စစ်စွမ်းအင် အကြီးအကျယ် သိုလှောင်နိုင်သော စူပါကက် ပစစ်တာများ၏ လျှပ်ငုတ်ကို အပေါ်မှ ဖုံးအုပ်ရန် အသုံးပြုနိုင်သည်။ အဆိုပါ စီးကရက် အစီခံများမှ ထုတ်လုပ်သော ပစ္စည်းသည် လက်ရှိစီးပွားရေး လောကတွင် အသုံးပြုနေသော ကာဗွန်၊ ဂရာဗင်းနှင့် ကာဗွန်နာနိုကျူများထက် ပိုမိုကောင်းမွန်သည်ဟု သုတေသီများက ပြောသည်။


ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ ဂျောင်ဟုတ်ယီက အဆိုပါ သောက်ပြီးသား စီးကရက် အစီခံများကို အဆင့်မြင့် ကာဗွန် အခြေခံသော ပစ္စည်းအဖြစ်သို့ လုပ်နည်းစဉ် တစ်ဆင့်တည်း လွယ်ကူစွာ အသုံးပြု၍ အသွင်ပြောင်းလိုက်ပါက လူ့အသိုင်းအဝိုင်းမှ တောင်းဆိုနေသည့် စွမ်းအင်ကို ဖြည့်ဆည်း ပေးနိုင်သော ပစ္စည်းအဖြစ်သို့ ပြောင်းလဲသွား နိုင်ကြောင်း သိရသည်။ ဤသောက်ပြီးသား စီးကရက်တိုများမှာ အဆိပ်အတောက် ဖြစ်စေ သောကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အပြင် ရေကိုပါ ညစ်ညမ်းစေပြီး အဆိပ် အတောက် ဖြစ်စေနိုင်ကြောင်း သိရသည်။ ယခုဆိုလျှင် အမေရိကန်နိုင်ငံ ဆန်တီယာဂိုမြို့မှ သုတေသီများက စီးကရက်ဘူးခွံပေါ်၌ သောက်ပြီးသား စီးကရက်သည် ပတ်ဝန်းကျင်ကို အဆိပ်သင့် ထိခိုက်စေနိုင်ကြောင်း သတိပေးစာသားကို ရိုက်နှိပ်ဖော်ပြရန် တောင်းဆိုနေပြီး ဆေးလိပ် ကုမ္ပဏီများက တရားဝင် ဆေးလိပ်တိုများ သန့်ရှင်းရေးအတွက် ကုန်ကျစရိတ် များကို တာဝန်ယူစေလိုကြောင်း ဆန်တီယာ ဂိုစတိတ်ယူနီဗာစတီမှ သောမတ်နိုဗိုတနီက ပြောသည်။

သုတေသီများသည် စီးကရက် အစီခံတွင် ဆဲလူးလို့ အက်ဆီတိတ်ဖိုင်ဘာ အများဆုံး ပါဝင်နေရာ ယင်းကို ပိုင်ရိုလိုက်စစ်ခေါ် လောင်ကျွမ်းစေသော နည်းစနစ်ဖြင့် စိမ့်ဝင်နိုင်သည့် အပေါက်ငယ်လေးများ ပါရှိကာ ကာဗွန် အခြေခံသည့် ပစ္စည်းအဖြစ်သို့ အသွင် ပြောင်းယူ နိုင်သည်။ အဆိုပါ စိမ့်ဝင်နိုင်သော အပေါက်လေးများ၏ မတူညီသောအရွယ် အစားကြောင့် High Power Density ရှိသည်ဖြစ်၍ စူပါ ကက်ပစစ်တာများအား အမြန်သွင်းနိုင်ကြောင်း ပါမောက္ခ ဂျောင်ဟုတ်ယီက ပြောသည်။ သို့ဖြစ်၍ သိပ္ပံပညာရှင်များသည် လက်ရှိ သုံးနေသော ကာဗွန်များနေရာတွင် စီးကရက် အစီခံမှရရှိသော ကာဗွန်အခြေခံ ပစ္စည်းများဖြင့် အစားထိုး အသုံးပြု သွားနိုင်ရေးကို တွန်းအားပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

မြ၀တီ

ရည်းစားကို တစ်ဦးတည်း မောင်ပိုင်စီးထားလိုသော ကောင်မလေးတစ်ဦး၏ ထူးထူးဆန်းဆန်းဆန္ဒ

ရည်းစားကိုတစ်ဦးတည်း မောင်ပိုင်စီးထားလိုတဲ့ ကောင်မလေး ဟာ သူမချစ်သူ ရဲ့အားလပ်ရက်ခရီးမှာ သူတို့စုံတွဲ ရဲ့ဓါတ်ပုံတွေပါပြီး သူမချစ်သူခရီးသွားမယ့်မြို့အမည် နဲ့ ထိုမြို့က ကောင်မလေးတွေကို မုန်းတဲ့အကြောင်း ရေးသားထားတဲ့ တီရှပ်အင်္ကျီကို သူမရဲ့ချစ်သူအား ၀တ်ဆင်သွားစေခဲ့ပါတယ်။ အသက် ၂၀ အရွယ် Abbie Bartlett ဟာ သူမတို့စုံတွဲပုံတွေပါတဲ့ အင်္ကျီတစ်ထည်ကို ပုံနှိပ်ထုတ်လုပ်ခဲ့ပါတယ်။ ထို အင်္ကျီမှာ “ကျွန်ုပ် Ibiza က မိန်းမတွေကိုမုန်းတယ်။ ကျေးဇူးပြု၍ကျွန်ုပ်နဲ့ အဝေးမှာ နေပါ” ဆိုတဲ့ စာသားလည်းပါ ပါတယ်။ သူမရဲ့ ချစ်သူ အသက် ၂၄ နှစ်အရွယ် Leon Connolly ဟာ Ibiza မြို့ကိုတစ်ယောက်တည်းခရီးသွားရမှာဖြစ်ပါတယ်။ Connolly ဟာ ထိုအင်္ကျီရ ရချင်းမှာပဲ တစ်ချက် ရယ်မောလိုက်ပြီး ထိုအင်္ကျီကို ၀တ်ဆင်ကာ ဓါတ်ပုံရိုက်ပြီး အွန်လိုင်းမှာ တင်ထားခဲ့ပါတယ်။ ထိုဓါတ်ပုံကလည်း Ibiza အပါအ၀င် အခြားနေရာတွေမှာပါ ရေပန်းစားခဲ့ပါတယ်။

Northumbria University က မှုခင်းဗေဒ ကျောင်းသူတစ်ဦးဖြစ်တဲ့ Abbie Bartlett က “Leon ကအဲဒီအင်္ကျီကို Ibiza မှာဝတ်မှာလို့ ပြောတယ်။ သူဟာ လက်ရှိမှာလည်း ကျော်ကြားနေပြီးဖြစ်တယ်။ ဒါပေမယ့် ဆန့်ကျင်ဘက် သက်ရောက်မှုတွေတော့ ဖြစ်လာနိုင်တယ်”လို့ဆိုပါတယ်။ Abbie Bartlett ဟာ သူမရဲ့ချစ်သူ သူမအပေါ်သစ္စာ မဖောက်ဘူးဆိုတာ ယုံကြည်ပြီးသားဖြစ်တယ်လို့ဆိုပါတယ်။ဒီလို အင်္ကျီလုပ်ရတာဟာလည်း မိန်းကလေးတွေဟာစိန်ခေါ်မှုတွေကိုကြိုက်တဲ့အတွက် တင်ဆက်မှုတစ်ခုအနေနဲ့ ဖန်တီးခဲ့တာလို့ဆိုပါတယ်။Good Friend လို့အမည်ရတဲ့ Band တစ်ခုမှာပါတဲ့ Connolly ဟာ နယူးကာဆယ်မြို့ကနေ Ireland နဲ့ Ibiza တို့ကို ဖျော်ဖြေရေးအတွက် သွားရမှာဖြစ်ပါတယ်။သူတို့စုံတွဲမှာတော့ အသက် ၅ နှစ် အရွယ် သမီးတစ်ယောက်ရှိပါတယ်။


Ref:dailymail.co.uk
Trend Myanmar

တောင်ကိုရီးယားနိုင်ငံသို့တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းမည်ဟု MAI အတည်ပြု


Myanmar Airways In-ternational (MAI) လေကြောင်း သည် တောင်ကိုရီးယားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမည့်လေကြောင်း ခရီးစဉ်သစ်ကိုစတင်ပျံသန်းတော့ မည်ဟု အတည်ပြုလိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ဖော် ပြသည်။

အဆိုပါခရီးစဉ်သစ်ကို အောက် တိုဘာ ၂၆ ရက်တွင် စတင်ပျံသန်း မည်ဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီး သွားဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုတိုးမြင့်လာ၍ ယခု ခရီးစဉ်ကို ပျံသန်းခြင်းဖြစ်သည်ဟု သိရသည်။ ဗြှု၏သတင်းထုတ် ပြန်ချက်တွင်တောင်ကိုရီးယားနိုင်ငံ သို့တိုက်ရိုက်ပျံသန်းမည့်ခရီးစဉ်ကို ရက်သတ္တတစ်ပတ်တွင် ငါးကြိမ် ပျံသန်းသွားမည် ဖြစ်ကြောင်း၊ တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံ ကြားတွင် စီးပွားရေးကဏ္ဍမြှင့်တင် ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန် ယခု လေကြောင်းခရီးစဉ်ကိုစတင်လိုက် ခြင်းဖြစ်ကြောင်းဖော်ပြသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်၌ နိုင်ငံတကာခရီးစဉ် များအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂါယာ၊ ဂွမ်ဇူ၊ ဆိုင် ယံရိ၊ ဖနောင်ပင်မြို့များသို့ ပျံသန်း လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးစဉ်များ ပျံသန်းနေ သည့်လေကြောင်းလိုင်း ၂၄ လိုင်း ရှိပြီး ပြည်တွင်းခရီးစဉ်များကိုသာ ဦးစားပေးပျံသန်းနေသည့် လေ ကြောင်းလိုင်းခုနစ်လိုင်းရှိသည်ဟု မြန်မာနိုင်ငံ မြို့ပြလေကြောင်းဦးစီး ဌာနက အတည်ပြုထားသည်။ တောင်ကိုရီးယားနိုင်ငံသည် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့် နိုင်ငံများစာရင်း တွင် အဆင့် (၆) နေရာ၌ရှိနေသော နိုင်ငံဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဇွန်လ တွင် မြန်မာနိုင်ငံ၌ တောင်ကို ရီးယားနိုင်ငံကတာဝန်ယူအကောင် အထည်ဖော်နေသောစီမံကိန်း ၉၆ ခုရှိကာတန်ဖိုးပမာဏမှာအမေရိကန် ဒေါ်လာ ၃ ဒသမ ဝ၇ ဘီလီယံ ရှိသည်ဟု သိရသည်။

The Union Daily