MPT သုံးစွဲတိုင်း အပို ထပ်တိုး ဘောနပ်စ်ငွေ သုံးစွဲခွင့် ရမည်


MPT က SIM ကတ်များ ပိုမို လွယ်လင့် တကူ ရရှိသုံးစွဲနိုင် ရန် ဆောင်ရွက် လျက်ရှိ
MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊ ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိက၀တ်အတိုင်း ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိပါသည်။ စက်တင်ဘာလမှ စ၍ နိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များတွင် SIM ကတ်များကို ကျပ် ( ၁၅၀၀ ) ဖြင့် ၀ယ်ယူ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကာလအတွင်း၌MPT သည် တန်ဖိုးနည်းငွေဖြည့်ကတ်များကိုလည်း စတင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ပါသည်။


MPT ၏ GSM / WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့ မှ စက်တင်ဘာလ ( ၁၂ ) ရက်နေ့အတွင်း အထူး အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ထိုကာလ အတွင်း ငွေကျပ် ( ၅၀၀၀) ငွေဖြည့်သုံးစွဲတိုင်း ၂၀ % အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း ၊ ငွေကျပ် ( ၁၀၀၀၀ ) နှင့် အထက် ငွေဖြည့် သုံးစွဲတိုင်း ၃၀% အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း အပိုဖြည့်ငွေအဖြစ် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ငွေပိုဖြည့်လေ ထပ်တိုး ဘောနပ်စ် အပိုဖြည့်ငွေ များများရလေ ဖြစ်ပါသည်။


MPT သည် ဆက်သွယ်ရေး ကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံသားအားလုံး မိုဘိုင်းဖုန်း ၀န်ဆောင်မှုများကို ပိုမို၍ လွယ်လင့်တကူ ရရှိသုံးစွဲနိုင်စေရန်ကိုပါ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

http://www.mcit.gov.mm

အကင် စားသုံးခြင်း နှောက် ကွယ် မှ ကင်ဆာ ရောဂါ

အိမ်နီးချင်းနိုင်ငံများမှ ကုန်ကြမ်းများ၊ တောင်ကိုရီးယား နိုင်ငံမှ အေးခဲအသားများ၊ ရက်လွန်အသားများ အတိုင်းအဆမရှိ ဝင်လာခြင်းနှင့်အတူ လမ်းဘေးဆိုင်များ၌ သာမက ဆိုင်ကြီးများ၌ပါ ''အကင်'' ယဉ်ကျေးမှုတစ်ရပ် ဖွံ့ဖြိုးဝေဆာလာခဲ့သည်။ အမေရိကန် ကင်ဆာ သုတေသန အဖွဲ့မှ ထုတ်ပြန်ရာတွင် အသားကြော်များ၊ အသားကင်များ၊ ပလတ်စတစ်အိတ် ပတ်ထားသည့် အစာများ၊ ဆီကဲ့သို့သော အဆီအမျိုးမျိုး သုတ်လိမ်းပြီး မီး သို့မဟုတ် လျှပ်စစ်မီး ဖြင့်ဖုတ်ခြင်း၊ ကင်ခြင်း၊ ပြုတ်၍ စားခြင်းတို့ကြောင့် လူတို့၏ဒီအင်အေကို ဖျက်ဆီးနိုင်သော ဓာတုဓာတ်များ ပါဝင်မှုများလာခြင်းကြောင့် ကင်ဆာအလွယ် တကူဖြစ်စေရန် အခွင့် အလမ်းများ ဖြစ် ပေါ်လာတော့သည်။

အမည်မသိ အသားများကို ဆီသုတ်၍ မီးကင်စားခြင်းကြောင့် ထိုအကင်တွင် အထူးသဖြင့် ဟိုက်ဒရိုဆိုင်ကလင်းအာမီနို (HCA)နှင့် ပိုလီဝီတစ်ဟိုက် ဒရိုမက် တစ်ဟိုက် ဒရိုကာဗွန်ဓာတ် (PAH) များပါဝင်သောကြောင့် ကင်ဆာဖြစ်နိုင်ခြေ များကြောင်း ကြေညာခဲ့သည်။ HCA သည် မီးကင်ထားသည့် အစာတွင် မြင့်မားစွာ ပါဝင်သည်။ သား၊ ငါး၊ ပုစွန်၊ အမဲသားနှင့် အခြားအသားများကို မီးဖုတ်ခြင်း၊ ကြော်လှော်ခြင်း၊ မီးကင်ခြင်းပြုလုပ်သည့်အခါ အပူချိန် ၂ဝ၂ ဒီဂရီဖာရင်ဟိုက်ဖြင့် ကင်ဖုတ်ရာမှ ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်ပစ္စည်းများ ထွက်လာသည်။ အကင်များကို မီးသွေးအနည်းငယ်ဖြင့် မကျက်တကျက်ကင်၊ မီးဖုတ်ရောင်းချကြသည်။ အချို့အသားတုကို ပတ်ထားသည့် ပလတ်စတစ်များကိုပင် မခွာတော့ဘဲ ကင်ကြသည်။

ဈေးနှုန်းချိုသဖြင့် ဝယ်စားသူက ဝယ်စားကြသည်။ ထိုအစားအစာများကြောင့် အသည်းကင်ဆာ ဖြစ်နှုန်းများပြီး အသက် ဆုံးရှုံးကြသည်။ မြန်မာနိုင်ငံ အနောက်ဘက်၊ မြောက်ဘက်နှင့် တောတောင်ထူထပ်သည့် အရပ်ဒေသ၊ ပင်လယ်ရေပြင်နှင့် နီးစပ်သည့် အရပ်များမှာ အသား၊ ငါး၊ ပုစွန်ကို မီးကင်စားတတ်သည်။ ထိုဒေသများမှာ အသည်းကင်ဆာ အဖြစ်များကြသည်။ အလွယ်တကူ စားသုံးတတ်သည့် အလေ့အထကြောင့် ကျန်းမာရေးသတိမရှိတတ်ကြပါ။

တရုတ်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှာပင် အကင်စားသူများ များလာသည်။ အကင်ကြောင့် ကင်ဆာရောဂါနှင့် အခြားရောဂါ (သံထခြင်း)၊ အစာအဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။ ကင်ဆာရောဂါ၏ တရားခံလက်သည်မှာ အကင်၊ အကြော်အလှော်များစွာ စားသုံးခြင်းကြောင့်ဖြစ်သည်။

မြန်မာတို့သည် အကြော်အလှော်၊ အကင်များ စားသုံးကြရာ လတ်ဆတ်သော ရိုးရိုးငါးသလောက်ကင်၊ ပုစွန်ကင်တို့သာ စားသုံးခဲ့၍ လေဖြတ်၊ သွေးတိုးနှင့် နှလုံး ရောဂါများ ဖြစ်ပေါ် ခံစားရခြင်းမရှိပါ။ ထိုစဉ်က နာမည်ဆန်းနှင့် အကင်ပစ္စည်းများ မရှိသလို ကိုရီးယား၊ တရုတ်၊ ယိုးဒယား၊ ဂျပန်ကင်များလည်း ဝင်မလာခဲ့ သေးပါ။ ကင်ဆာဆဲလ်များ ပြန့်ပွားမှုသည် ကျပ်တင်ခြောက်များ ပြုလုပ်စားသောက်ခြင်း၊ ဝက်၊ အမဲ၊ ဆိတ်၊ သိုးနှင့် ငါးမျိုးစုံတို့ကို သဘာဝနေအပူဖြင့် ခြောက်သွေ့အောင် မလှန်းဘဲ မီးပေး၍ကျပ်တိုက် (မီးပူခံ)စားခြင်းကြောင့် အနီရောင် အသားဖြစ်သော အမဲသား၊ ဝက်သား၊ ဆိတ်သားတို့မှ တစ်ဆင့် ဘေးဖြစ်စေသဖြင့် ကျန်းမာရေး အတွက် ဘေးထွက်ဆိုးကျိုးများ တတ်သည်။

အကြော်အလှော်၊ အကင်များတွင် ငါးကင်၊ ပုစွန်ကင်မှလွဲ၍ ကျန်းမာပျော်ရွှင်စွာ လူ့ဘဝကို သက်တမ်းကုန် အထိ ဖြတ်သန်းနိုင်စေခြင်း အလို့ငှာ အကင် စားသုံး ခြင်းကြောင့် ဖြစ်ပွားတတ်သော ''အကင်နှင့်ကင်ဆာ'' အကြောင်း သတိပြုနိုင်စေရန် ရှာဖွေတင်ပြ လိုက်ရပါသည်။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြ၀တီ

ကျောင်းသားကျောင်းသူတွေ တစ်နေ့ကို အနည်းဆုံး ၁၀ နာရီ မိုဘိုင်းဖုန်း အသုံးပြုနေကြ


ကျောင်းသားကျောင်းသူတွေဟာ တစ်နေ့ကို အနည်းဆုံး ၁၀ နာရီ မိုဘိုင်းဖုန်း အသုံးပြုကြတယ်လို့သိရပါတယ်။ လေ့လာမှုတွေအရ ကျောင်းသားကျောင်းသူတွေဟာ မိုဘိုင်းဖုန်းမသုံးရရင် စိတ်ဖိစီးမှုတွေဖြစ်တဲ့အထိ စွဲလန်းနေကြတယ်လို့ဆိုပါတယ်။

တက္ကဆက်ပြည်နယ်မှာ ရှိတဲ့ Baylor တက္ကသိုလ်က အဖွဲ့တစ်ဖွဲ့ ဟာ ကျောင်းသားတွေ ထက်ကျောင်းသူ တွေဟာ မိုဘိုင်းဖုန်းသုံးစွဲရာမှာ အချိန်ပိုကြာတာကို တွေ့ရှိခဲ့ပါတယ်။ ကျောင်းသူတွေဟာ တစ်နေ့ကို ၁၀ နာရီကြာ မက်ဆေ့ဂ်ျပို့ခြင်း ၊ အီးမေးလ်ပို့ခြင်း ၊ လူမှုကွန်ရက်များသုံခြင်းတို့ အတွက် မိုဘိုင်းဖုန်းကို အသုံးပြုနေကြပါတယ်။ ကျောင်းသားတွေကတော့ တစ်နေ့ကို ၈ နာရီကြာ အသုံးပြုပါတယ်။

ပျမ်းမျှအားဖြင့် တွက် ကြည့်မယ်ဆိုရင် ကျောင်းသားကျောင်းသူတွေ ဟာ မိုဘိုင်းဖုန်းနဲ့ တစ်နေ့ကို ၉၄.၆ မိနစ် မက်ဆေ့ဂ်ျ ပို့ရင်း အချိန်ကုန်နေကြပြီး ၄၈.၅ မိနစ် အီးမေးလ်သုံးစွဲကာ ၃၈.၆ မိနစ် ကို Facebook သုံးကြပါတယ်။ တစ်နေ့ကို မိုဘိုင်းဖုန်းနဲ့ ၂၆.၉ မိနစ် သီချင်းနားထောင်ကြပါတယ်။

Ref:dailymai.co.uk

ainful Period ရာသီလာလို့နာရင်

1. ဆရာခင်ဗျ ကျွန်တော့ရဲ့ချစ်သူအသက်၂၅ နှစ်။ ရာသီလာရင် ဗိုက်အရမ်းအောင့်တယ်။ တအားကိုနာတယ် ပြောတယ်။ ဆရာ့ရဲ့ blog မှာအရင်ကဖတ်ဖူးပေမဲ့ ခုပြန်ရှာလို့မရတော့ပါ။ အခုအဲဒါအရမ်းစိုးရိမ်ရလားခင်ဗျ။ သူကအပျိုဖော်ဝင်စကတည်းက နာတာလို့ပြောပါတယ် ဆရာဘာလုပ်သင့်သလဲခင်ဗျ။
2. ဆရာရှင့် မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လို လုပ်ပေးရမှာလဲ။ နောက်ဆက်တွဲပြဿနာ ရှိလာနိုင်သလား။

• ပဌမမေးခွန်းမှာ 'ဆိုးရိမ်' မဟုတ်ပါ။ 'စိုးရိမ်' လို့ရေးရပါတယ်။
• ရာသီလာချိန်မှာနာတာကို Dysmenorrhea ခေါ်တယ်။ Painful Period ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
• ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ စာတပုဒ်ရေးထားပါတယ်။
• တချို့မှာ သိပ်ဆိုးဆိုးဝါးဝါးခံစားရလို့ ရာသီကို ၃ လနေမှ တခါသာလာအောင် တားဆေးဆက်တိုက်ပေးရတယ်။ စာတပုဒ်ရေးထားပါတယ်။
• အများစုမှာ နောက်ဆက်တွဲ ပြဿနာမရှိပါ။
• NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ Ibuprofen, Ketoprofen, Naproxen, Meferannic acid တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရတယ်။ ဒီဆေးတွေကို ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။
• နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။
ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။
• သတိထားရမှာတွေကတော့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ Fibroids (ဖိုက်ဘရွိုက်) သားအိမ်အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။ စာတွေရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ

မယ်မြန်မာတွေက ပေးတဲ့ သင်ခန်းစာ


သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အတိုးတက်ဆုံးအရာတစ်ခုကို ပြပါဆိုလျှင် မယ်မြန်မာများ အပြိုင်းအရိုင်း ပေါ်လာခြင်းဖြစ်သည်။ အချို့မယ်မြန်မာများက နိုင်ငံတကာမယ်ပြိုင်ပွဲများတွင် အနိုင်ရသည်အထိ အောင်မြင်ခဲ့ကြသည်။ ဤနေရာတွင်လည်း မြန်မာပီသသည် ထင်ပါသည်၊ အောင်မြင်သလောက်လည်း ပြဿနာတွေက များကြသည်။ ယခုနောက်ဆုံး အာရှပစိဖိတ်ဒေသမယ်ဆုရ မယ်မြန်မာမေမြတ်နိုးမှာ သရဖူအသိမ်းခံရပြီးနောက် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သည်အထိ ပြဿနာများ ရှုပ်ဆဲ ရှင်းဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် မူလကတည်းက ကျားမတန်းတူရှိမှုမှာ ဒေသတွင်း နိုင်ငံများထက် မသာလျှင်တောင် နိမ့်ပါးမှု မရှိခဲ့ပါ။ သို့သော် စစ်အစိုးရလက်ထက်အဆက်ဆက်တွင် နိုင်ငံတကာမယ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခွင့် မရှိခဲ့သလို ပြည်တွင်းပြိုင်ပွဲများတွင်လည်း ထင်ထင်ပေါ်ပေါ် လှစ်ဟပြသည့် ပြိုင်ပွဲမျိုးထက် လုံလုံခြုံခြုံ ၀တ်ဆင်ယှဉ်ပြိုင်သော ကာယအလှမယ်ပြိုင်ပွဲမျိုးကိုသာ ကျင်းပခဲ့ကြသည်။ ယင်းပြိုင်ပွဲများတွင်ပင် တစ်ခါတစ်ရံ ကောလာဟလအသွင်ဆောင်သော အနံ့အသက်ပါ သတင်းတချို့ ထွက်ခဲ့ဖူးသည်။ 

ယခုတော့ ဒီမိုကရေစီကိုလျှောက်လှမ်းနေသည်ဟုဆိုသော သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသမီးအခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်မှုများ ပိုများလာသလို မယ်ပြိုင်ပွဲများကို အပြိုင်အဆိုင် စပွန်ဆာ အဖွဲ့အစည်းများ အားနှင့် ကျင်းပလာကြသည်။ မြန်မာအမျိုးသမီးများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာပြီး ၀င်ပြိုင်ကြသည်။ ခရီးသွားဧည့်လမ်းညွှန်ကလည်း နိုင်ငံကျော် မယ်မြန်မာဖြစ်လာသည်။ နိုင်ငံခြားပြန် ဘွဲ့ရ ကျောင်းသူကလည်း နာမည်ကျော်မယ်မြန်မာဖြစ်လာသည်။ အဆိုပြိုင်ပွဲဝင်သူကလည်း တိုင်းသိပြည်သိ မယ်မြန်မာမှတစ်ဆင့် နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ ဆုပင်ရလိုက်သည်။ မယ်မြန်မာများက နိုင်ငံတကာမယ်များကို စိန်ခေါ်နိုင်သည့်အထိ ဖြစ်လာပြီဟုပင် အချို့က လွန်လွန်ကျူးကျူး ပြောလာကြသည်။ သည်အချိန်မှာပင် မြန်မာမယ်များနှင့် စပွန်ဆာကုမ္ပဏီကြား မပြေလည်မှုတွေ တစ်ခုပြီး တစ်ခုကြားလာရတော့သည်။ သူတို့ချင်း မပြေမလည်ဖြစ်တာက အကြောင်းမဟုတ်ပါ၊ တစ်နည်းနည်းဖြင့် ရှင်း၍ ရနိုင်ပါသည်။ မေမြတ်နိုးပြဿနာမှာ တိုင်းပြည်၏ ပုံရိပ်နှင့်ပါဆိုင်လာသလို သူ့အပြောအရ မယ်ပြိုင်ပွဲ၏ မသန့်ရှင်းမှုတချို့ကိုပါ တွေ့လိုက်ရသည်။ 

မြန်မာများက အတုခိုးမြန်သည်။ မယ်တစ်ယောက်တွေ့ပြီး မကြာခင် နောက်မယ်တစ်ယောက် တွေ့ရပြန်သည်။ နိုင်ငံတကာမယ်ပြိုင်ပွဲများအတွက် မယ်တစ်ယောက်ကို မဲပေးရွေးချယ်ပြီး မကြာခင် နောက်မယ်တစ်ယောက်ကို ရွေးရပြန်သည်။ မယ်ပြိုင်ပွဲတစ်ခု ကြည့်ပြီး မကြာခင် နောက်မယ်ပြိုင်ပွဲတစ်ခု ပေါ်လာပြန်သည်။ မယ်ပြိုင်ပွဲများ များများကျင်းပသည်မှာ ကောင်းမွန်ပါသည်။ မယ်မြန်မာများ လှပကြောင်း ကမ္ဘာသို့ ထုတ်ဖော်ကြွားဝါနိုင်ပါသည်။ သို့သော် ယခုမှ ရုန်းထရန် ကြိုးစားဆဲအဆင့် တိုင်းပြည်၏ ပုံရိပ်ကို မစွန်းထင်းရန် အထူးလိုအပ်နေချိန်ဖြစ်သည်။ မယ်မြန်မာများတွင် ယင်းတာဝန်က တွဲလျက်ပါရှိနေပါသည်။ 

အဖြစ်လောက် ပရဟိတလုပ်ရုံနှင့်မပြီး၊ တိုင်းပြည် ဂုဏ်ရှိန်ထိန်းဖို့ပါ တာဝန်ရှိနေသည်။ အနိမ့်ဆုံး မထိန်းနိုင်တောင် ကိုယ့်ကြောင့် နိုင်ငံ့ဂုဏ်ရည် မကျသင့်ပါ။ မယ်ပြိုင်ပွဲ၊ ဈေးပွဲတော်၊ အလုပ်အကိုင်ပြပွဲ၊ သီချင်းဆို ပြိုင်ပွဲစသဖြင့် မြန်မာများက အတုခိုးပြီး တစ်ယောက်လုပ်၍ အောင်မြင်လျှင် နောက်က လိုက်လုပ်ကြသည်။ ဈေးကွက်စီးပွားရေးနှင့် တန်းတူညီအခွင့်အရေး တောင်းဆိုသော ခေတ်တွင်
နိုင်ငံသားတိုင်းမှာ မျှတသော အခွင့်အရေး ရှိသင့်ပါသည်။ လူတိုင်းအတွက် မလုပ်နိုင်သော (၀ါ) လုပ်ခွင့်မရှိသော အလုပ်မရှိပါ၊ မရှိသင့်ပါ။ တစ်ခုပဲရှိပါသည်၊ တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေမည့် အလုပ်မျိုးကိုတော့ မလုပ်သင့်ဟု မဇ်္ဈိမက ယုံကြည်သည်။ ထိုယုံကြည်ချက်မှာ မေမြတ်နိုးတစ်ယောက်ကိုသာမဆိုလို၊ နိုင်ငံ့ဂုဏ်ကို အမှန်တကယ် ဆောင်ကြမည့် မယ်မြန်မာများကို မဆိုလိုပါ။ ဤစာဖတ်သူအပါအ၀င် နိုင်ငံသားတိုင်းကို တည့်တည့်ဆိုပါသည်။

အိန္ဒိယ နဲ့ မြန်မာ နိုင်ငံ အထိ အင်အား တိုးချဲ့သွားမယ်လို့ Al-Qaeda ပြော




ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ်အစွန်းရောက် လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အတွက် Al-Qaeda အဖွဲ့အနေနဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာလို အနီးတဝိုက်ဒေသ တွင်းအထိ စစ်သွေးကြွတွေကို ထားရှိမယ်လို့ ပြောပါတယ်။


ဗီဒီယိုတစ်ခုမှာ ပြသချက်အရ Al-Qaeda ခေါင်းဆောင် Ayman al-Zawahiri က အိန္ဒိယဒေသ တလျှောက်မှာ ရှိတဲ့ မွတ်စလင်တွေဟာ နိုင်ငံတစ်ခုစီရဲ့ နယ်မြေ ကန့်သတ်ချက်ကြောင့် တကွဲတပြားစီ ဖြစ်နေရပေမယ့် အခုအချိန်ကစပြီး အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်တွေအတွက် တိုက်ပွဲတွေ စ တင် ဖို့ ပြင် ဆင် မယ်လို့ ကြေညာ လိုက်ပါတယ်။
မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နီးစပ်တဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်နဲ့ Al-Qaeda အဖွဲ့တွေ ရှောင်တိမ်းဖို့နေရာအဖြစ် ခြေကုတ်ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လှုပ်ရှားမှုကို ချက်ခြင်းစတင်မှာမဟုတ်ပဲ အခုလောလောဆယ် mujahedeen တွေကို စုစည်းအောင်လုပ်ဆောင်ပြီး နှစ်နှစ်အကြာမှ စတင်မယ်လို့ ပြောပါတယ်။

Al-Qaeda အဖွဲ့ခေါင်းဆောင် အိုဆာမာ ဘင်လာဒင် သတ်ဖြတ်ခံရပြီးနောက်ပိုင်း အာဖရိကတိုက်နဲ့ အာရေဘိယ ကျွန်းဆွယ်က လက်အောက်ငယ်သားတွေ အာခံမှုလုပ်တာကို ခံရတဲ့အပြင် ISIS လို့ခေါ်တဲ့ အကြမ်းဖက်သမားတွေကြောင့် Al-Qaeda သြဇာမေးမှိန်လာခဲ့ရာက စင်ပေါ်တင်ခံရ အောင် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အထိ လှုပ်ရှားမယ်လို့ ကြေညာတာဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

အာဖဂန်တာလီဘန်ခေါင်းဆောင်ကိုလည်း Al-Qaeda က အသိအမှတ်ပြု ကြောင်း ပြောဆိုခဲ့ပြီး သူပြော သွားတဲ့ လေသံဟာ အာရဗီစကားနဲ့ Urdu စကားသံ ဝဲနေတဲ့အတွက် ပါကစ္စတန်မှာ အခြေစိုက်နိုင်တယ်လို့ သုံးသပ် နေကြပါတယ်။

Source-http://www.bangkokpost.com/most-recent/430348/al-qaeda-expands-to-india-myanmar

ငါပထမရကို ရရမယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်မှုအပြည့်ထားပြီးတော့ ဝင်ပြိုင်ခဲ့တာကြောင့် ခုလိုဆုကို ရရှိခဲ့တာလို့ဆိုတဲ့ Miss Myanmar International ဆုရှင် ခင်ဝေဖြိုးဟန်


Miss Myanmar International ဆုရှင်ဖြစ်တဲ့ ခင်ဝေဖြိုးဟန်ကို ရှေ့ဆက်ပြီး လျှောက်လှမ်းသွားမယ့် သူမရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့ရော၊ ပြိုင်ပွဲအတွေ့အကြုံတွေကိုပါ ခုလို မေးဖြစ်တဲ့အခါ “ ညီမအခုလိုမျိုး Miss Myanmar International ပွဲမှာ Miss ဆုရရှိခဲ့တာကို အရမ်းဝမ်းသာတယ်။ အရမ်းလည်း ပျော်ပါတယ်။ ညီမအတွက် ဒီပွဲလေးက ပထမဆုံးပြိုင်ဖူးခြင်းပါ။ တစ်ခါမှလည်း အတွေ့အကြုံမရှိခဲ့ဘူး။ ညီမရဲ့အသက်ကလည်း အခုမှ၁၈နှစ်ပြည့်တာပါ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာကလည်း ညီမရဲ့သူငယ်ချင်းတွေရော၊ ညီမရဲ့အမေကရော ညီမကိုပြောပါတယ်။ နင်ပြိုင်ကြည့်ပါလား။ နင်က အရပ်အမောင်းကောင်းတယ်။ အသားအရေလည်း ကောင်းတယ်ပေါ့နော်။ ပြီးတော့ ခန္ဓာကိုယ်လည်းရှိတော့ ပြိုင်ရင် ဆုရလောက်တယ် ဆိုပြီးပေါ့နော်။ ပြီးတော့ညီမက အင်္ဂလိပ်စကားလည်းရတယ်လေ။ အဲဒါနဲ့ပဲ ညီမက သူတို့တွေပြောတာနဲ့ပဲ ပြိုင်မယ်ဆိုပြီးတော့ လုပ်လိုက်တော့ သိလိုက်ရတာ လျှောက်လွှာနောက်ဆုံး ရက်ဖြစ်နေပြီ။ အဲဒီ့နောက်ဆုံးနေ့မှာပဲ တင်လိုက်ရတာပေါ့နော်။ လျှောက်လွှာတင်သွားပြီးတော့ လူရွေးဖို့အတွက် ညီမတို့ကို နှစ်ပတ် ကန့်သွင်းတယ်။ အဲဒီ့နှစ်ပတ်မှာ သင်ပေးခဲ့တဲ့ မတင်မိုးလွင် ကိုလည်း ညီမ ဒီကနေ ကျေးဇူးအရမ်းတင်တယ်လို့ ပြောချင်ပါတယ်။ မတင်မိုးလွင် ကျေးဇူးကြောင့် လည်း အခုလိုဆုရခဲ့တာပါပါတယ်။” လို့ သူမက ဆိုပါတယ်။


ဒါ့အပြင် ခင်ဝေဖြိုးဟန်ဟာ ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုပြီး စဉ်းစားကတည်းက ငါဒီပြိုင်ပွဲမှာ ပထမရအောင် ပြိုင်မယ်ဆိုတဲ့ စိတ်ထားပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြိုင်ခဲ့တာလို့လည်း ဆိုပါသေးတယ်။ ဒါကိုတော့ သူမက “ဘာဖြစ်လို့လဲဆိုတော့ ညီမက ကျောင်းမှာဆိုရင် အားကစား ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်နေကျဆိုတော့ အားကစား စိတ်ဓာတ်အပြည့်ရှိတဲ့သူ ဖြစ်တာကြောင့် ပထမရကို ရရမယ် ဆိုတဲ့ စိတ်အမြဲထားထားတာကြောင့်ပါပဲ။ အမြဲလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ထား တတ်ပါတယ်။ ညီမ နောက်နှစ်လနေရင် ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဆိုတော့ ဒီမှာနှစ်လ ညီမအတွက်ကြိုတင်ပြင်ဆင်ချိန် ရတာပေါ့။ ညီမ အကတိုက်တာ လေ့ကျင့်သွားမယ်။ General Knowledge ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာသွားမယ်။ နောက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကိုယ့်မြန်မာပြည်ရဲ့ သမိုင်းအကြောင်းတွေကိုလည်း သိအောင်လို့ လေ့လာသွားမှာပါ။ ညီမအနေနဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်းသွားမယ့် အရာကို ပြောရရင် ညီမအနုပညာအလုပ်တွေထက် ပညာရေးကိုပဲ ဦးစားပေးပြီးလုပ်သွားဖို့ပဲ ရှိပါတယ်။ ညီမ ကျောင်းတက်ရဦးမှာပါ။ ညီမက Yangon International School မှာကျောင်းတက်နေပါတယ်။ ဒါပေမယ့် ညီမ ကိုဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကနေ ဓာတ်ပုံရိုက်ပေးဖို့တို့၊ ကြော်ငြာရိုက်ဖို့တို့ ကမ်းလှမ်းလာရင်တော့ လုပ်ပေးဖြစ်မှာပါ။ ဒီ့ထက်တော့ လုပ်သွားဖို့မရှိပါဘူး”တဲ့။

Trend Myanmar

UNFC ဥက္ကဋ္ဌအဖြစ် ကေအိုင်အိုခေါင်းဆောင် သုံးကြိမ်မြောက်ရွေးချယ်ခံရ


ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ဥက္ကဋ္ဌအဖြစ် ကချင်လွတ်မြောက်ရေး အဖွဲ့မှ ဗိုလ်ချုပ်ကြီးအင်ဘန်လက သုံး ကြိမ်ဆက်တိုက် ဆက်လက်တာဝန် ယူရန် ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်အသစ်များက ပြန်လည်ရွေး ချယ်ခဲ့ကြောင်း သိရသည်။

UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဥက္ကဋ္ဌကို ယခင်ဥက္ကဋ္ဌ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ် ချုပ်ကြီးအင်ဘန်လက ဆက်လက် တာဝန်ယူပြီး ဒု-ဥက္ကဋ္ဌ(၁)တာဝန်ကို ယခင်အထွေထွေအတွင်းရေးမှူး မွန် ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာ၊ အထွေ ထွေအတွင်းရေးမှူးတာဝန်ကို ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ခူးဦးရယ်၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး(၁)တာဝန်ကို ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကို ရွေးချယ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပသည့် UNFC ၏ ပထမအကြိမ် ညီလာခံအပြီး ယခုကဲ့သို့ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အသစ်များ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ဒုဥက္ကဋ္ဌ(၂)တာ ဝန်ကို အဖွဲ့ဝင်အဖြစ်မှ ပါဝင်မှု ယာယီ ရပ်ဆိုင်းကြောင်း အသိပေးထားသည့် ကရင်အမျိုးသားအစည်းအရုံးအတွက် သတ်မှတ်ထားခဲ့ကြောင်း သိရသည်။

UNFC တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၁၁ဖွဲ့ဖြင့်ဖွဲ့စည်း ထားကာ အဖွဲ့တစ်ခုချင်းစီမှကိုယ်စား လှယ်နှစ်ဦးမှ လေးဦးအထိ ကိုယ်စား ပြုခွင့်ရှိပြီး အဖွဲ့ဝင်ကိုယ်စားလှယ် ၂၂ဦး ဖြင့် ဖွဲ့စည်းထားကာ ၁ဝဦးမှာ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီသည် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာအတွင်း ဖွဲ့စည်းခဲ့ သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း ရေးကော်မတီကို ပြောင်းလဲ ဖွဲ့စည်း ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန်၊ ဖက်ဒရယ်တပ်မတော်တစ် ခုထူထောင်ရန်နှင့် တိုင်းရင်းသားဒေသ များအား အကာအကွယ်ပေးရန် ရည် မှန်းချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‪TheYangonTimes‬

ladies' Code အဖွဲ့ဝင် အွန်ဘီ ယာဉ်မတော်တဆမှုဖြင့် သေဆုံး


စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့သော မော်တော်ယာဉ် မတော် တဆမှုတွင် ကိုရီးယားအမျိုးသမီး ကေပေါ့ပ် Ladies' Code အဖွဲ့ ဝင် အွန်ဘီသေဆုံးသွားပြီး အခြားအဖွဲ့ဝင်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

Ladies' Code အဖွဲ့ စီးနင်း လာသောယာဉ်မှာ ကိုရီးယား စံတော်ချိန် နံနက် ၁ နာရီ ၂၀ မိနစ်တွင် မိုးရွာထားသော လမ်း ပေါ်မှ ချော်ထွက်သွားခဲ့သည်ဟု ဆိုသည်။

အင်ချွန်းမြို့သို့ ဦးတည်နေ သော ယွန်ဒေါင်းအဝေးပြေး လမ်းမ လမ်းဆုံတစ်ခု အနီး ဖြစ် ပွားသော မတော်တဆမှု၌ ဘီး ချော်သွားသောယာဉ်မှာ အကာ အကွယ်နံရံကို ဝင်တိုက်ခဲ့သည် ဟုဆိုသည်။ ယင်းအတွက် အွန်ဘီသေဆုံးသွား 
ခဲ့ပြီး ယာဉ် ပေါ်တွင်လိုက်ပါလာသူ ကျန် ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

Ladies' Code အဖွဲ့၏ မတော်တဆမှုသတင်းကြားသိပြီး နောက် ၎င်းတို့၏ ပရိသတ်များ က လူမှုမီဒီယာဝက်ဘ်ဆိုက်များတွင် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားမျှဝေခဲ့ကြသည်။

Ref: All Kpop
7Day

မင်းသားလီဗြောင်ဟွန်းကို ငွေညှစ်ခြိမ်းခြောက်မှုဖြင့်မသင်္ကာဖွယ်အမျိုးသမီးနှစ်ဦးအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထား


တောင်ကိုရီးယားရုပ်ရှင်လောကတွင်သာမက ဟောလိဝုဒ်အထိ ထိုးဖောက်ကာ အောင်မြင်မှုများရရှိလျက်ရှိနေသည့် ရုပ်ရှင်ကြယ်ပွင့် လီဗြောင်ဟွန်းအား ငွေညှစ်ခြိမ်းခြောက်မှုဖြင့် မသင်္ကာဖွယ်အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာမှထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦး မှာတောင်ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ GLAM အဖွဲ့ဝင် ဒါဟီးဖြစ်ကြောင်း ၎င်း၏အေဂျင်စီမှ အတည်ပြုပြောကြားခဲ့ပြီး အဆိုပါအမျိုးသမီးနှစ်ဦးမှာ မင်းသားလီဗြောင်ဟွန်းက ညစ်ညမ်းရိုင်းပြသော အသုံးအနှုန်းများသုံးကာ သောက်စားနေပုံများပါဝင်သည့် ဗီဒီယိုဖိုင်ကို ဖြန့်ချိမည်ဟုဆိုကာ တောင်ကိုရီးယားဝမ်ငါးသန်း ခြိမ်းခြောက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှစုံစမ်းလျက်ရှိကြောင်း သိရသည်။

မင်းသား လီဗြောင်ဟွန်းအနေဖြင့် တောင်ကိုရီးယားမှ ဟောလိဝုဒ်အထိ ထိုးဖောက်ကာ ၂ဝ၁၅ တွင်ထွက်ရှိလာမည့် ဒါရိုက်တာ အယ်လန်တေလာ၏ ပဉ္စမမြောက် Terminator ဇာတ်လမ်းတွဲ Terminator: Genesisတွင် ပါဝင်သရုပ်ဆောင်ထားသူတစ်ဦးလည်းဖြစ်သည်။

ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ


အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။

ထိုအတောအတွင်း မူပိုင်ခွင့် စောဒကတက်ခြင်းကို တုံ့ပြန် မှုအတွင်းအနု ပညာကြယ်ပွင့် များ၏ ဝက်လစ်စားလစ်ဓာတ်ပုံ များကို ဓာတ်ပုံဝေမျှရေးဝက်ဘ် ဆိုက်များစွာက ဖယ်ရှားပစ်ခဲ့သည်။ အက်ပဲလ်ကုမ္ပဏီ၏ iCloud နှင့် Find my iPhone ဟု ခေါ်သောဝန်ဆောင်မှုများကို ဟက်ကာများ ချိုးဖောက်ဝင်ရောက် ခြင်းမရှိဘဲ အနုပညာကြယ်ပွင့် များ၏ အကောင့်များကိုသာ ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု အက်ပဲလ်ကုမ္ပဏီမှ အင်ဂျင်နီယာ များက ပြောသည်။

ယင်းကဲ့သို့ ဓာတ်ပုံခိုးယူမှု များနှင့်ပတ်သက်၍ အက်ဖ်ဘီ အိုင်က ၎င်းတို့၏ စုံစမ်းမှုအခြေ အနေအသေးစိတ်ကို ပြောကြား ခြင်းမရှိပေ။ မင်းသမီးပဲ ရစ်ဟီလ် တန်၏ ဆက်သွယ်ရန်လိပ်စာ စာရင်းများမှသည် မင်းသမီး စကားလက်ဂျွန်ဟန် ဆန်နှင့် မီလာကူးနစ်တို့၏ ဝက်လစ်စား လစ် ဓာတ်ပုံများအထိ ဟက်ကာ များ မည်သို့ရယူခဲ့သည်ဆိုခြင်းကို အခြားစုံစမ်းမှုများလည်း ပြုလုပ် နေကြောင်း သိရသည်။ 

Ref: CBC
7Day

ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး


ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားသုံးဦးနှင့်အတူ ဓာတ်ဆီပုံးများနှင့် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသော ဗင်ကားတစ်စီးကိုလည်း အာဏာပိုင်များက လေဆိပ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်အစိုးရကို မကျေနပ်သဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော နေရာ များ ကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ထားကြောင်း တရားရေးဆိုင်ရာဝန်ကြီး လေလာဒီလီမာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူ သုံးဦးသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ဝါးကြီးအုပ်သည့် စီးပွားရေးနှင့် တရားမဝင် သတ္တုတွင်းတူးဖော်ခြင်းကို မကျေနပ်ချက်ကြောင့် ဖိလစ်ပိုင် ပြည်သူများ၏အကျိုးကို ခုခံကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ ကြံစည် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လီမာက ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းတို့က တောင်တရုတ်ပင်လယ် အတွင်းရှိ နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်မှု ပျော့ညံ့ခြင်းအပေါ် ဒေါသထွက်လျက်ရှိကြောင်း လီမာက ဆိုသည်။
၎င်းတို့သည် စက်တင်ဘာ ၁ ရက်က တရုတ်သံရုံး DMCI အဆောက်အအုံနှင့် SM ဈေးဝယ်စင်တာတို့ကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရသည်။ SM ဈေးဝယ် စင်တာသည် တရုတ်နိုင်ငံဖွား ဖိလစ်ပိုင်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟင်နရီဆေး ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။
မြ၀တီ

သတင်းထောက် ၂ ဦး ခေါင်းဖြတ်သတ်ရုပ်သံ တချိန်တည်းတွင် ရိုက်ကူး ခဲ့ခြင်းမဟုတ်ဟု အမေရိကန်အစိုးရ ပြော


အမေရိကန်သတင်းထောက် စတီဗင်စော့လော့ဖ်နဲ့ ဂျိမ်းစ်ဖိုလေးတို့ကို ခေါင်းဖြတ်နေပုံ ပြထားတဲ့ ရုပ်သံတွေအပေါ် ထောက်လှမ်းရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ တချိန်တည်းမှာ ရိုက်ကူးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရ ပြောခွင့်ရ ဂျန်စာကီက စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီး ဖိုလေးကို ရိုက်ကူးအပြီးမှာ စော့လော့ဖ်ကို ရိုက်ကူးခဲ့တာလို့ သူကပြောပါတယ်။

အီရတ်ကို အမေရိကန်နိုင်ငံက လေကြောင်းပစ်ကူပေးမှုအပေါ် လက်စားချေတဲ့ အနေနဲ့ အစ္စလာမ္မစ်ပြည်ထောင်စုအဖွဲ့ စစ်သွေးကြွတွေက ဒုတိယမြောက် အမေရိကန် သတင်းထောက်ကို ခေါင်းဖြတ်သတ်ပုံကို စက်တင်ဘာ ၂ ရက်နေ့ က ဖြန့်ချိလိုက်တာပါ။

ဗြိတိန်နဲ့ အမေရိကန် အရာရှိတွေက သြဂုတ် ၁၉ ရက်နေ့က ဖိုလေးကို သတ်ခဲ့ပုံရတဲ့ ဗြိတိသျှလေယူလေသိမ်းနဲ့ သတ်ဖြတ်သူက စော့လော့ဖ်ကိုပါ ထပ်သတ်ပုံရတဲ့ ရုပ်သံကို ကြည့်ရှု စစ်ဆေးအပြီး အစစ်အမှန်ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

အမေရိကန်ကတော့ အီရတ်က တပ်တွေကို ၂၀၁၁ ခုနှစ်က ပြန်ဆုတ်ခဲ့အပြီး ပထမဆုံး အနေနဲ့ အီရတ်နိုင်ငံကို သြဂုတ်လက စပြီး လေကြောင်းပစ်ကူတွေ ပြန်ပေးခဲ့ပါတယ်။

ဒီပစ်ကူတွေက ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

DVB

ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ


ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။

ယင်းတွေ့ရှိမူ ဘင်္ဂလာဒေခ်ျ့မှ သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star သတင်းစာက လွန်ခဲ့သော ရက်အနည်းငယ်က ဖေါ်ပြခဲ့သည်။

ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ မြောက်ပိုင်း မုန်ရှီဂန်ဂ်ျဒေသအတွင်းရှိ တုန်ဂီဘာရီ မြို့နယ် Nateshwar တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ရှိမူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး အာဆတ်တူဇာမန်က အတည်ပြုပြီး ရှာဖွေတွေ့ရှိမူကို သတင်းဌာနများသို့ တရားဝင်ထုတ်ပြန်ကျေညာခဲ့သည်။

“ ယခုကဲ့သို့ သမိုင်းအရ တန်ဖိုးမဖြတ်နိုင် ရှေးဟောင်း အမွေအနှစ် တစ်ခုကို ရှာဖွေ တွေ့ရှိမူအတွက် အထူးအံ့သြမိပါကြောင်း” ယင်းဝန်ကြီးက ထုတ်ဖေါ် ပြောကြားသည်။

ယင်းတူးဖေါ်တွေ့ရှိခဲ့သော ကျောင်းတော်ကြီးအတွင်း အလျား ၉-မီတာနှင့် အနံ ၉-မီတာရှိ ဘုရားရှိခိုးခန်း တစ်ခန်းအပါအ၀င် ရှစ်ထောင့်ပုံ စတူပါတစ်ဆူ၊ အုတ်ဖြင့်ပြုလုပ်ထားသော မိလ္လာခေါင်းနှင့် အခြားသော ယင်းခေတ်က ပစ္စည်းအသုံးအဆောင်များကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

“ ဒီတူးဖေါ်တွေ့ရှိမူဟာ ဒါဟာဘီခြမ်ပူရ် အတွက်သာမက တနိုင်ငံလုံးအတွက်ပါ ဂုဏ်ယူစရာ ကိစ္စရပ်တခုဖြစ်ပါတယ်” ဟု သူက ဆက်ပြောဆိုသည်။

ဘုရားရှိခိုးခန်းဘေး၌ ဘုန်းကြီးကျောင်းတကျောင်း တူးဖေါ်တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း သူက ထုတ်ဖေါ်ပြောကြားသည်။

ဘုန်းတော်ကျောင်းကြီးကျောင်းကို ရှာဖွေ တူးဖေါ် ရရှိမူသည် ယင်းခေတ်က အုတ်အတတ်ပညာဖြင့် ဆောက်လုပ်ထားသော ဗိသုကာလက်ရာကို ထင်ထင်ရှားရှား ဖေါ်ပြလျှက်ရှိနေသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘဏ္ဍာငွေ အထောက်အပံ့ ရရှိခဲ့ပြီးနောက် အဂြာရှာ ဘီခြံပူရ် ဖောင်ဒေးရှန်းက ၄င်းနေရာကို ၂၀၁၀-ခုနှစ်မှ စတင်တူးဖေါ်ခဲ့ခြင်းဖြစ်သည်။ ဂျာဟန်ဂီနာဂါ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပါမောက္ခ Dr Sufi Mostafizur Rahman က တူးဖေါ်ရေး အဖွဲ့ကိုဦးဆောင် ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အနည်းဆုံး ရှေးဟောင်းကျောင်းတော်ကြီးပေါင်း (၃၀) ကျော်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း သိရသည်။

Narinjara

အသစ်ဖွဲ့စည်းထားတဲ့ မြန်မာ ယူ-၂၃ အသင်းနှင့် ဂျပန် JFA ညွန့်ပေါင်း အသင်းတို့ ခြေစမ်းမည်


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် Japan Football Association တို့ပူးပေါင်းစီစဉ်သည့် မြန်မာ ယူ-၂၃ အသင်းနှင့် ဂျပန် JFA ညွန့်ပေါင်း အသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၁ဝ ရက်တွင် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲကို ယှဉ်ပြိုင် ကစားရန်အတွက် မြန်မာယူ-၂၃ အသင်းကို ကစားသမား ၂၅ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ် သွားမည် ဖြစ်ကာ စက်တင်ဘာ ၄ရက်မှစ၍ လေ့ကျင့်မှု များ ပြုလုပ် သွားမည် ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းကိုဖွဲ့စည်းရာတွင် မြန်မာ့လက်ရွေးစင် အသင်းမှ ကစားသမားများ ပါဝင်ခြင်း မရှိဘဲ မျက်နှာသစ် ကစားသမား အများစု ရွေးချယ် ခံခဲ့ရသည်။

ယခုဖွဲ့စည်း လိုက်သော မြန်မာ ယူ-၂၃အသင်းတွင် နည်းပြချုပ်- ဦးကြည်လွင်(မကွေး)၊ လက်ထောက် နည်းပြ- ဦးဇော်မင်းထွန်း (မကွေး)၊ ဦးကျော်လွင် (နေပြည်တော်)၊ ဂိုးနည်းပြ- ဦးအောင်သက် (ဟံသာဝတီ)၊ ကစားသမားများ အဖြစ် ဂိုး- ရန်အောင်လင်း (ဟံသာဝတီ)၊ ချမ်းငြိမ်းကျော် (ဧရာဝတီ)၊ နောက်တန်း- နေဇော်အောင် (နေပြည်တော်)၊ ဇော်ဝင်း (ရန်ကုန်)၊ အာကာနိုင်(ရတနာပုံ)၊ ဝေယံ(မကွေး)၊ တလွန်ဟု ပါထန်း (ချင်း)၊ ဝါးရယ်(မနောမြေ)၊ ဝင်းဇင်ဦး (ဇေယျာရွှေမြေ)၊ သိန်းနိုင်ဦး (ကမ္ဘောဇ)၊ ကျော်ဇင်လွင် (မကွေး)၊ အလယ်တန်း- အောင်ရှိုးသာမောင် (မကွေး)၊ လှိုင်ဘိုဘို (ရတနာပုံ)၊ ထူးထူးအောင် (မကွေး)၊ သက်ပိုင်ဦး (ဇေယျာ ရွှေမြေ)၊ သိန်းဇော်(မနောမြေ)၊ ကောင်းဆက်နိုင်(မကွေး)၊ အောင်ကိုကိုဦး(နေပြည်တော်)၊ ရန်နိုင်ထွေး(Southern)၊ မျိုးဇော်ဦး(မကွေး)၊ နိုင်နိုင်ကျော် (ဇွဲကပင်)၊ ရှေ့တန်း- သန့်ဇော်ဟိန်း (နေပြည်တော်)၊ ချစ်စုမိုး (ချင်း)နှင့် ဇင်မင်းထွန်း (ရတနာပုံ)တို့ ပါဝင်ကြသည်။

မြ၀တီ

Rheumatism လေးဘက်နာ

ခဏခဏမေး၊ မကြာမကြာတင်ပေးနေရတဲ့ရောဂါ။ အရင်ရေးထားတာတွေကို စုပေါင်းပြီး တပုဒ်ထဲလုပ်လိုက်ပါတယ်။ ဒါကြောင့် နည်းနည်းရှည်သွားတယ်။

ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာလာတယ်။ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ ဒီထဲမှာ (ရူမက်တစ်) အဆစ်နာ၊ (ရူမက်တစ်) အဖျား၊ (ရူမက်တစ်) နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။

အဆစ်နာ အမျိုးအစားပေါင်းက ရာကျော်ရှိတယ်။ အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလားမမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်းကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ အဆစ်နာအပြင် အရွတ်နာ၊ အဆစ်ဖုံးနာ၊ အရွတ်ကြောနာ။ အများဆုံး ထိတာက အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာ ဖြစ်ရင် ဝတ်နေကြ အဝတ်တောင် အတင်မခံနိုင်ဘူး။

အောက်တိုဘာ ၁၂ ရက်ကို “ကမ္ဘာ့ အဆစ်နာနေ့” လို့ သတ်မှတ်ထားတယ်။ လူ ၁ဝဝ မှာ ၁ ယောက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေမှာ ၃ ဆများတယ်။ သွေးထဲမှာ အဆိပ်လို ကိုယ်နဲ့ မသင့်တာရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။

တချို့က ခုခံအားစနစ်နဲ့ဆိုင်လို့ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာ ပါတယ်။ သူ့အောက်မှာလည်း ရောဂါမျိုးစုံ ပါတယ်။ မတည့်တာ ဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်း ရှိတယ်။ “သူ့လူနဲ့ ကိုယ့်လူ မခွဲခြား တတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။” အဲဒီထဲက တခုကတော့ Rheumatoid arthritis (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါ ဖြစ်တာ။

အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။ များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ Group A Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ အဝါရောင် အဖျားရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ လေးဘက်နာနဲ့ ဆိုင်တာက အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။

ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လိုဖြစ်လာမယ်၊ တဖက်ထဲလဲဖြစ်နိုင်၊ ဘယ်-ညာလဲဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

လူ ၁ဝဝဝ မှာ ၆ ယောက်မှာ RA ရှိတယ်။ အမျိုးသမီးတွေက ၂-၃ ဆ ပိုတယ်။ အဆစ်မှာ အများဆုံးဖြစ်တယ်။ ကျန်အင်္ဂါအစိတ်အပိုင်းတွေကိုဖြစ်တာ ၁၅-၂၅% ရှိတယ်။ အဆုပ်မှာ ခဲနေတယ်။ ကျောက်ကပ်မှာ ရောင်ရမ်းဖြစ်စဉ်တမျိုး ဖြစ်တယ်။ နှလုံးနဲ့သွေးကြောမှာ သွေးလွှတ်ကြောမာ-ကျဉ်းလို့ နှလုံးသွေးကြောပိတ်တာဖြစ်စေနိုင်တယ်။ နှလုံးအဖုံးလွှာ ရောင်တာ၊ နှလုံးကြွက်သားရောင်တာ၊ ဘယ်ဘက်အောက်ခန်းအလုပ်မနိုင်တာ၊ အဆို့ရှင်တွေရောင်တာစတဲ့ နှလုံးရောဂါတွေကိုလဲ ဖြစ်စေနိုင်တယ်။ အာရုံကြော၊ မျက်စိ၊ အသဲ၊ ထိခိုက်မှုနု့သွေးအားနည်းတာတွေလဲဖြစ်နိုင်တယ်။

Rheumatoid arthritis (RA) ရူမတွိုက် အဆစ်နာဆိုတာ (အော်တိုအင်မြူး) ရောဂါအုပ်စုမှာပါတယ်။ သူ့လူနဲ့ ကိုယ့်လူ မခွဲခြားတတ်ဘဲ၊ လူမှားပြီး၊ (အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ (ရူမတွိုက်) အဆစ်နာပါ။ ဒါကို လေးဘက်နာလို့ ပြောတာမှန်တယ်။ တကယ်တော့ လေးဘက်မကပါ၊ အဆစ်အများကြီးမှာ ဖြစ်တတ်တယ်။ အဆစ် အသေးစားရော အကြီးစားပါဖြစ်တာ။ သူ့အောက်မှာလည်း ရောဂါမျိုးစုံပါတယ်။ မတည့်တာဝင်လာရင် ခန္ဓာကိုယ်က ခုခံ တိုက်ထုတ်နိုင်စွမ်းရှိတယ်။

(ရူမက်တစ်) ရောဂါသေခြာအောင် ASO Test, Complete blood count, ECG, ESR တွေလုပ်ရတယ်။ ASO ဆိုတာ Group A streptococci ကို ခုခံပေးမဲ့ (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ပုံမှန် 160 Todd units per milliliter တနည်းပြောရရင် လူကြီးဆို 200 units အောက်၊ ကလေးဆို 300 units အောက်ရှိတယ်။

အဲတာတွေအပြင် Rhumatic factor (RF) positive ဒါမှမဟုတ် Cyclic Citrullinated Peptide (CCP) antibody test လုပ်မယ်။ ရှိနေသူဆိုတာ Rheumatoid arthritis (RA) ဖြစ်နေတာကို သေခြာစေတယ်။ မရှိတိုင်း မဖြစ်ဘူးမဟုတ်ပြန်ပါ။ ၃ဝ% မှာ (RA) မတွေ့ဘူး။ အထူးသဖြင့် ရောဂါဖြစ်တာစောသေးရင် မရှိကြဘူး။ Anti-CCP antibody ရှိနေသူက -၉၆-၉၈% သေခြာတယ်။ များလာလေလေ အဆစ်ပျက်စီးနေလေလို့သိတယ်။ ဒါပေမဲ့ ဒီစမ်းသပ်နည်းမှာ အနုတ်ပြပေမဲ့ ဒီရောဂါမဟုတ်ဘူးလို့ မပြောနိုင်သေးပါ။

• Rheumatoid Factor (RF) ၇ဝ-၈ဝ% မှာ ရှိနေမယ်။
• (ESR) မြင့်မားနေမယ်။
• (CRP) အသင့်ကနေ များနေမယ်။
• Anti -CCP အသင့်ကနေ များနေမယ်။
• Antinuclear Antibodies (ANA) အသင့်ကနေ များနေမယ်။ SLE ဖြစ်နေရင် ၉၅% သေခြာတယ်။
• Scleroderma ဖြစ်နေရင် ၆ဝ-၈ဝ% သေခြာတယ်။ Sjogren’s syndrome ဖြစ်နေရင် ၄ဝ-၇ဝ% သေခြာတယ်။ Rheumatoid arthritis ဆိုရင် ၃ဝ-၅ဝ% သေခြာတယ်။
• သွေးဖြူဥ များနေနိုင်တယ်။
• Human Leukocyte Antigens (HLA) တချို့မှာ ရှိတယ်။
• Uric Acid များနေနိုင်တယ်။ ဂေါက်ဖြစ်နေသူတွေမှာ သေခြာတယ်။
• ဓါတ်မှန်နဲ့ MRI လဲလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
ရောဂါရာဇဝင်နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့ စမယ်။ စစ်ဆေးရင် အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊ နာနေ၊ တင်းနေမယ်၊ အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊ အလုံးလို-အကျိတ်လို ဖြစ်လာမယ်၊ တဖက်ထဲလဲ ဖြစ်နိုင်၊ ဘယ်-ညာလဲ ဖြစ်နိုင်တယ်၊ လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊ ကိုယ်ပူနိုင်တယ်၊ အားယုတ်နေမယ်။

ဆေးကုနည်း သုံးပိုင်းရှိတယ်။ (၁) နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊ (၂) ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင် ပြန်လုပ်နိုင်အောင် ကုသပေးတာနဲ့ (၃) ခွဲစိတ်ကုသတာတွေပါ။ ဆေးဝါးမှာလဲ သုံးမျိုး။ (၁) (စတီရွိုက်) မပါတဲ့ NSAID အနာ သက်သာဆေး၊ (၂) (ကော်တီကိုစတီရွိုက်) ဆေး၊ (၃) (DMARD) (ရူမက်တစ်) ဆန့်ကျင်ဆေး။

(ရူမက်တစ်) အဖျားဖြစ်ရင် ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine, Erythromycin) တမျိုးမျိုး ချက်ချင်း ပေးတယ်။ လက္ခဏာတွေ သက်သက်သာအုံးတော့ ဆေးကို ၁ဝ ရက်အပြည့်ပေးတယ်။ နာတာသက်သာအောင် Aspirin ပေးတယ်။ ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေးပေးတယ်။ ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။ သူများကို ကူးစေနိုင်လို့ ၂-၃ ရက် ကျောင်းမတက်ဘဲနေ၊ လူကြား-သူကြားလဲ မသွားစေနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် တာရှည်ခံ (ပနယ်စလင်) ထိုးရတယ်။ Benzathine Penicillin G 1.2 ဖြစ်တယ်။ အများအားဖြင့် ၁ လ တခါ၊ ၆ လကြာ၊ ထိုးလေ့ရှိတယ်။ အဖျားက ပြန်ပေါ်လာတတ်တယ်။ ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါ ကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကိုနိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲမဖြစ်ဘူး။ (ပနယ်စလင်) ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။ Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို (ရုမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့သုံးတယ်။

Strep-throat လည်ချောင်းနာ
Group A β-hemolytic streptococcal (GAS) tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။ ရောဂါသေခြာအောင် Throat culture လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။ ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေးရော Benzathine penicillin ထိုးဆေးပါကောင်းတယ်။ ဈေးလဲမကြီးဘူး၊ ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။

(ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာကာကွယ်နေရမလဲ။ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ (ပနယ်စလင်) ဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။

လေးဘက်နာနဲ့ ငှက်ဖျားဆေးများ
ရုမတွိုက် အဆစ်နာကို ငှက်ဖျားဆေးတွေပေးပြီးကုသနည်းကို အသင့်အတင့် ရောဂါမွမ်းမံနည်းအဖြစ် သုံးတယ်။
1. Chloroquine sulphate - Nivaquine / plasmoquine
2. Chloroquine phosphate - Chloroquine
3. Hydroxychloroquine – Plaquenil တွေကို သုံးကြတယ်။

ဒီဆေးပေးဘို့ ဆုံးဖြတ်ချက်ဟာ နာနေတာ သက်သာမဟုတ်ဘဲ ရောဂါပြီးစနစ်ကို ကြည့်ရတယ်။ ဆေးကို တုန့်ပြန်မယ် ဆိုရင် ၂-၆ လအတွင်းမှာ သိသာပါမယ်။ ငှက်ဖျားဆေး တမျိုးထဲပေးနည်းရှိသလို တခြား Methotrexate ဆေးနဲ့ပါ တွဲပေးတာလဲရှိတယ်။ အဲလိုနည်းကနေ Methotrexate ရဲ့ ဘေးထွက်-ဆိုးကျိုးနည်းစေတာတွေ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = နေလောင်မခံနိုင်၊ အရေပြား အစက်အပျောက်ဖြစ်၊ အလာဂျီ အနီကွက်ဖြစ်၊ ပျို့ (အထူးသဖြင့် ခါးတာစားမိရင်)၊ နားထဲအသံမည်၊ မျက်စိကြည့်မကောင်း (ရှားပါး)။

ဆေးဘယ်လောက်ပေးမလဲ
• Chloroquine - 4mg/kg chloroquine base
• Hydroxychloroquine - 6mg / kg

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန်ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ဝန်ခံရရင် လုံးဝပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတဖြစ်မသွားအောင်သာ ဖြစ်ပါတယ်။ ရောဂါရှိတာကို စောစောသိဘို့လိုတယ်။ သိလို့ အပြင်းအထံဆေးကုခံပေမဲ့ ပျောက်စေမယ်လို့ မပြောနိုင်တာ ဆောရီးပါ။

လူကသိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ်အလေးချိန် ထိန်းပေးရတယ်။ နားခိုင်းတယ်။ လိုအပ်ရင် တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။ (ဖီဇီယို) ပညာရှင်တို့ အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ (စတီရွိုက်) ဆေးထိုးပေးရတတ်တယ်။ အဆစ်လှုတ်ရှုားမှုကို ထိခိုက်လာရင် ခွဲစိတ်ရတယ်။

တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။ ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲ (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုးဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။ Penicillin V ပနယ်စလင်စားဆေးကို (ရူမက်တစ်) အဖျားရောဂါ ကာကွယ်ဘို့ သုံးတယ်။ ကာကွယ်ရေးမှာလဲ (ပနယ်စလင်) က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azithromycin, Clarithromycin ဆေးတွေ ပေးနိုင်တယ်။

လေးဘက်နာကုသနည်းတွေကို (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျလေ့လာမှု
(၁) ထိရောက်တဲ့ ဆေးတွေ = Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။

ငှက်ဖျာဆေးတွေ (Chloroquine and Hydroxychloroquine) ပေးတာ သက်သာတယ်။ Methotrexate (ကင်ဆာဆေး) ပေးတာ သက်သာစေတယ်။ Minocycline ပေးတာ သက်သာစေတယ်။ Sulfasalazine ပေးတာ သက်သာစေတယ်။ Corticosteroid ရက်တိုနဲ့ နည်းနည်း ပေးတာ သက်သာစေတယ်။

(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ဆေးတွေ = Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။ Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။ (DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။

(၃) မသုံးသင့်တော့တဲ့ ဆေးတွေ = Azathioprine, Ciclosporin, Cyclophosphamide, Corticosteroid lone term use, Parenteral gold, Penicillamine တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Dr. တင့်ဆွေ

Hernia အူကျ-မကျ သိပါရစေ

1. ကျနော်မှာ hernia ရှိနေပါတယ်။ နိုင်ငံခြားခရီးထွက်ရမှာမို့ ဆရာဝန်က အချိန်မီ မကျက်မှာစိုး၍ ခွဲမပေးလိုက်ပါ။ ရေခဲကပ်၍ ဘောင်းဘီကျပ်ကျပ်ဝတ်ရန်ပြောပါသည်။ အလုပ်က စားပွဲမှာ တစ်နေ့ ၉ နာရီ ထိုင်ရပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ ခွင့်ပြန်မှ ခွဲရန်စီစဉ်ထားပါသည်။ ရှေ့နှစ် အိမ်ထောင်ပြုမည်ဖြစ်သဖြင့် hernia က သားသမီးကိစ္စကို ထိခိုက်နိုင်မထိခိုက်နိုင်သိလိုပါသည်။ ဆောင်ရန်ရှောင်ရန်များကို သိလိုပါသည်ခင်ဗျာ။
2. ကန်တော့နော်ဆရာ ကျွန်တာ့ ညာဖက်အစေ့ဖက်မှာ အူကျတာဖြစ်နေပါတယ်။ ဖြစ်နေတာကတော့ ၅ နစ် လောက်ရှိပါပြီ။ ခွဲစိတ်ဖို့လိုပါသလား။ ခွဲစိတ်သင့်ပါသလား သိချင်ပါတယ်။ အလုပ်ပင်ပန်းရင် တော်တော် ကြီးလားပြီး နည်းနည်းတော့ အောင့်ပါတယ်ဆရာ။
3. ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။
1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်တာ နဲ့
4. Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။

ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိကြရတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်အားလုံးက ကပ်နေကြပြီး လက်ချောင်းလေး တချောင်း စာလောက်သာ တုတ်တယ်။

ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို Hernia (ဟာနီယာ) အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele (ဟိုက်ဒရိုဆီး) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါး အရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာ လာတူတယ်။ အသက်အရွယ် မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ် ဆိုတာ အတော် နာတယ်။ (စာတပုဒ် ရေးထားပါတယ်။) ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele (ဗေရီကိုဆီး) ခေါ်တယ်။ မနာဘူး။ (စာတပုဒ် ရေးထားပါတယ်။)

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက် ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့ တဖက်ထဲသာ စမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)

(ဟာနီယာ) အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁ဝ နှစ်၊ အနှစ် ၂ဝ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။

ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) လားရာ အမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီ နေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနာက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိတ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက် ဆိုတာလည်း ပါနိုင်တယ်။

(ဟာနီယာ) ဆိုတာ ယောက်ျားတွေ မှာသာ ဖြစ်တယ် ထင်ကြတယ်။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။

(၁) အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။
(၂) ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။
(၃) ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမယ်ပေးတယ်။ “ချက်ဖေါင်း” လို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကြီးတဲ့အထိရှိနေသေးမှာ ခွဲရတယ်။
(၄) ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။
(၅) ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) စာတပုဒ်ထဲမှာ ရေးထားပါတယ်။

ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

(ဟာနီယာ) သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးတော့ ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာ ဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် (ဖိုင်မိုးဆစ်) ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ (ဟိုက်ဒရိုဆီး) မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ် ရှာမတွေ့ရင် တောအုပ်ထဲ လမ်းပျောက်သူလဲ ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။

ဒီစာကို ၁၇-၈-၂ဝ၁ဝ နေ့က ရေးပြီးတင်တော့ မေးလာတာတခုရှိတယ်။ မခွဲသေးဘဲစောင့်ချင်သူတွေအတွက် ဆက်ဖတ်ပါ။

2011/1/11
ကျွန်တော် အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် နိုင်ငံသို့ ရောက်နေပါသည်။ အရင်က အူကို တင်လို့ ရသေးတယ်။ အခု အူက မာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကို ပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။

ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးမယ်။ သွင်းကြည့်မယ်။ အဲဒါတွေနဲ့ မရရင်တော့ အရေးပေါ်ခွဲရပါမယ်။ နိုင်ငံခြားရောက်နေလဲ ခွဲရပါလိမ့်မယ်။

Dr. တင့်ဆွေ

သြစတြေးလျက ရုရှားအပေါ် ယူရေနီယံ သတ္တု ရောင်းချမှု ပိတ်ပင်


ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ၀င်ရောက် စွက်ဖက်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ သြစတြေးလျ နိုင်ငံက ရုရှားကို ရောင်းချပေးနေတဲ့ ယူရေနီယံ သတ္တုတွေ ပိတ်ပင် လိုက်ပါတယ်။

ဒါ့အပြင် ယူကရိန်း နိုင်ငံမှာ သြစတြေးလျ သံရုံး ဖွင့်လှစ်သွားမှာဖြစ်သလို ယူကရိန်းကို စစ်ရေးအရ အထောက်အကူ ပေးတာတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

နိုင်ငံတကာ လိုက်နာရမယ့် ဥပဒေကို သိသိသာသာ ချိုးဖောက်နေတဲ့ ရုရှားလို နိုင်ငံမျိုးကို ယူရေနီယံ သတ္တုတွေ ရောင်းချတော့မှာ မဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံ ၀န်ကြီးချုပ် တိုနီ အာဘော့တ် က ပါလီမန်မှာ ကြေညာ လိုက်ပါတယ်။

သြစတြေးလျ နိုင်ငံဟာ နျူကလီးယား စွမ်းအင် အသုံးမပြုပေမယ့် Kazakhstan နဲ့ ကနေဒါ နိုင်ငံပြီးရင် သြစတြေးလျဟာ ကမ္ဘာပေါ်မှာ ယူရေနီယံ သတ္တု ထုတ်လုပ်တဲ့ တတိယ အများဆုံး နိုင်ငံဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ - ၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း သြစတြေးလျ နိုင်ငံက ယူရေနီယံ သတ္တု တန်ချိန်ပေါင်း ၈၂၉၁ တန် လောက် ပြည်ပကို ရောင်းချ နိုင်ခဲ့ပြီး အဲဒီကနေ အမေရိကန် ဒေါ်လာငွေ ၇၄၃ သန်းနဲ့ ညီမျှတဲ့ သြစတြေးလျ ဒေါ်လာငွေ သန်း ၈၀၀ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံ ကလည်း ရုရှားနဲ့ သဘောတူညီထားတဲ့ စစ်သင်္ဘောရောင်းချ မှုတွေကို ဆိုင်းငံ့ထားလိုက်တဲ့အတွက် အမေရိကန် နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်းက အခြေအနေတွေဟာ ပိုမို တင်းမာလာနေတဲ့ အတွက် ပြင်သစ်နဲ့ ရုရှား နှစ်နိုင်ငံ အကြားမှာ ဒေါ်လာ တစ် ဒသမ ခြောက် ဘီလီယံ တန်ဖိုးရှိတဲ့ စစ်သင်္ဘော ရောင်းဝယ်မှု သဘောတူညီချက်ကို ပြင်သစ်ဘက် ဆိုင်းငံ့ထားလိုက်တာလိုက်တာပါ။

ဒီတပတ်အတွင်း ဝေလ နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ နေတိုး မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ ညီလာခံအတွင်းမှာလည်း ယူကရိန်း ပြဿနာကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီ ဘိရှော့ပ်ကလည်း တက်ရောက်နေပါတယ်။

ရုရှားနိုင်ငံအပေါ် ဆန့်ကျင်တဲ့ နိုင်ငံတွေ များလာတဲ့အတွက် လာမယ့် နိုဝင်ဘာလ အတွင်း သြစတြေးလျ နိုင်ငံ Brisbane မြို့မှာ ကျင်းပပြုလုပ်မယ့် စက်မှုထိပ်သီးနိုင်ငံများ ညီလာခံကို ရုရှား သမ္မတ Vladimir Putin ကို ဖိတ်ခေါ်မယ် မဖိတ်ခေါ်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အချိန်အနည်းငယ် ကြာဦးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဂျူလီ ဘိရှော့ပ်က ပြောပါတယ်။

ရုရှားအပေါ် နိုင်ငံတကာက ဖိအားပေးမှုတွေ အရှိန် တိုးမြှင့်နေချိန်မှာပဲ ရုရှားကလည်း တုန့်ပြန်တဲ့ အနေနဲ့ ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ဒေသမှာ ဖြန့်ဝေပေးနေတဲ့ လျှပ်စစ်ဓာတ် အားတွေကို လျော့ချလိုက်သလို နှစ်နိုင်ငံ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မယ်ဆိုရင်တော့ ယူကရိန်း တစ်နိုင်ငံလုံး အမှောင်ကျသွားစေတဲ့ အထိ လျှပ်စစ်ဓတ်အား ဖြတ်တောက် သွားမှာ ဖြစ်တယ်လို့လည်း ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။

ABC

သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေသူ အမျိုးသမီး၊ ပြုစားခံရတာဟု အရပ်ကပြော

၁၀ စင်တီမီတာကျော် သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းဟာ အင်ဒိုနီးရှားမှာ သတင်းတစ်ခု ဖြစ်နေပါတယ်။
ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော်ရှိနေပြီး ဆရာဝန်တွေဟာလည်း လက်တွေ့ကျတဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

အရပ်ထဲမှာတော့ သူမဟာ ပြုစားခံရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
Noorsyaidah လို့ခေါ်တဲ့ ဒီအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်လောက်ကစပြီး ဒီလိုထူးခြားတဲ့ လက္ခဏ စပြလာတာလို့ ဆိုပါတယ်။
ပထမစစခြင်း တစ်ပတ်မှာ သတ္တုအမျှင်တွေ ထွက်လာပြီး ပြန်ပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နောက်တစ်လအကြာမှာ ပြန်ထွက်လာပြီး ခုချိန်ထိ ရပ်မသွားတော့ပါဘူး။
ဖြတ်လိုက်ရင် နောက်ဆုတ်သွားပြီး အခြားနေရာကနေ ပြန်ထွက်လာတတ်တယ်လို့ ဆိုပါတယ်။

ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ဒီလိုအမျှင်ပေါင်းများစွာရှိနေပြီး အချို့အမျှင်တွေက သူမရဲ့အသားတွေကို ဖောက်ထွက်နေတာ ဖြစ်ပါတယ်။
ဒီအမျှင်တွေဟာ ရွေ့သွားတတ်ပြီး သူတို့ကြိုက်တဲ့ နေရာတွေမှာ နေနိုင်တယ်လို့ဆိုပါတယ်။

Noorsyaidah ရဲ့ပြောကြားချက်အရ ဒီသတ္တုမျှင်တွေဟာ အပ်နဲ့ထိုးသလို နာတတ်တယ်လို့ဆိုပါတယ်။
အောက်ကလင့်ခ်မှာ အင်ဒိုနီးရှားရုပ်သံ SCTV က သူမအကြောင်း သတင်းတင်ဆက်ထားတာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/watch?v=rkMWw6KMAS0
ဖိုးသူတော်

ယောင်္ကျားလေးများ အပျို နဲ့ အအို ရင်သားခွဲခြားတတ်စေဖို့ ဗဟုသုတ

တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါးထဲမှာ အပျိုဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆေးခန်းလာပြတာ ကလေးပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှုရှိလို့လဲ။ အဲဒါလေးသိချင်ပါတယ်ဆရာ။

ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)

ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။

ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။

အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)

အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။
From: liankam

ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ


တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင်ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Chinaဝမ်ဒမင်၊ ကို့ယုလင်နဲ့ လီဟိုင်ဝေတို့ ၃ ဦးဟာ ဟေလောင်ကျန်းပြည်နယ် ဟာဘင်မြို့နားက ယန်ရှုမြို့နယ် အကျဉ်းစခန်းကနေ ရဲဝတ်စုံတွေ ဝတ်ဆင်ပြီး စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့တာပါ။


သူတို့ထဲက တဦးက သေဒဏ်စီရင်ခံထားရပြီး ၂ ဦးကတော့ တမင်သက်သက် ထိခိုက်နာကျင်စေမှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရလို့ တရားစီရင်မှုကို စောင့်နေရသူတွေပါ။

ရဲအယောက် ၁ ထောင်ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရဲဘက်ပြေးတွေကို ရှာဖွေ ဖမ်းဆီးခဲ့ရတယ်လို့ ဆင်ဟွာက ပြောပါတယ်။

ဖမ်းမိထားတဲ့ ရဲဘက်ပြေး ၂ ဦးကိုတော့ သူတို့ လွတ်ထွက်လာတဲ့ အချုပ်ခန်းကို ပြန်ပို့ပြီးပြီလို့ စီစီတီဗွီရုပ်သံက ပြောပါတယ်။

သေဒဏ်ကျပြီးသား တတိယမြောက် ရဲဘက်ပြေး ကို့ယုလင်ကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်ပြီး သူ့အမှုကို တရားရုံးချုပ်က ပြန်လည်သုံးသပ်နေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

By ဒီဗွီဘီ

KIA တပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး


ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ် မှု ဖြစ် ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ အရက်ဆိုင်တွင် အရက်သေစာ သောက်စားမူးယစ်နေသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းထက်ရာထူးကြီးသော တပ်ဖွဲ့ဝင်တစ်ဦးမှ လာရောက်ခေါ်ဆောင်စဉ် သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရက်သောက်ပြီး သောင်းကျန်းနေတာက တပ်သား မာဒွတ်ပါ၊ သူ့ကို တပ်ကြပ်ကြီး ဇော်လီ က လာခေါ်တာ ကို မကျေမနပ်ဖြစ်ပြီး ပစ်သတ်လိုက်တာပါ၊ နောက်ထပ်လာခေါ်တဲ့ အရာရှိတစ်ယောက်ကို လည်း ပစ်သတ်လိုက်တယ်” ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

တပ်သားမာဒွတ်သည် ၎င်းအား လာခေါ်သော တပ်ကြပ်ကြီး ဇော်လီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်မံလာခေါ်သော ဒုဗိုလ် ဇော်ဒွဲကိုလည်း ပစ်ခတ်ခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

“ အဲ့ဒီလို ပစ်သတ်ပြီး မာဒွတ်က ထွက်ပြေးသွားတယ်၊ စခန်းက တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်ရှာနေ ကြ တာ မြင်တယ် ” ဟု ဖီထရွာသားတစ်ဦးက ပြောသည်။

အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသော KIA တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)မှ ဖီတာ ဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ် ဇော်ဒွဲ ဦးစီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ကြပ်ကြီးအား ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားသော တပ်သား မာဒွတ်အား စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တောင်ကုန်းအနီး၌ လက်နက်ခဲယမ်း များနှင့် အတူ ဖမ်းဆီး ရမိပြီး တပ်ရင်း(၁)အင်ဘာပါသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင် ရွာသားအချို့ထံမှ သိရှိရပါသည်။

ဇော်မိုင်
Kachin Daily News

ရေယုန်ဘာကြောင့်ပေါက်ရတယ်

ရေယုန်နာ မပေါက်ဖူးသူ တော်တော်ရှား ပါလိမ့်မယ်။ အများ အားဖြင့် နှုတ်ခမ်းနား တစ်ဝိုက် မှာ ရေယုန်မကြာခဏ ဖြစ်တတ် ကြပါတယ်။ ရေယုန်နာ ပေါက်ရင် အလွန်နေရ ခက်ပါတယ်။ စိတ်က သိကအောက် ဖြစ်ရတဲ့ ဝေဒနာကိုလည်း ပေးပါသေးတယ်။ ရေယုန်ပေါက်ရင် အနေခက်ခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသလို ဖြစ်တတ်ပါတယ်။ ဒီလိုနေရထိုင်ရ အဆင်မပြေလှတဲ့၊ လူအများကြား အနေရခက်စေတဲ့ ရေယုန်နာကို မဖြစ်အောင် ဘယ်လိုပြုမူနေထိုင် သင့်သလဲ၊ ရေယုန်နာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို လေ့လာကြမယ်လေ။

ရေယုန်(၂)မျိုးရှိတယ်

ရေယုန်နာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ သာမာန်လူတွေမှာ ဖြစ်တတ်သော ပိုးဟာ Herpes Simplex ဖြစ်ပြီး HSV1နဲ့ HSV2ဆိုပြီး အမျိုးအစား(၂)မျိုး ရှိပါတယ်။ HSV1က နှုတ်ခမ်းနားတစ်ဝိုက်မှာ ဖြစ်တဲ့ရေယုန်နာကို ဖြစ်စေပြီး HSV2ကတော့ လိင်အဂါင်္ရေယုန်နာကိုဖြစ်စေတာပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာလည်း HSV1က လိင်အဂါင်္ဆီ ကူးစက်ပြီး လိင်အဂါင်္ရေယုန်နာကို ဖြစ်စေတတ်သတဲ့။ ရေယုန်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်ရခက်ခဲသလို နောက်တစ်ကြိမ် ပြန်ဖြစ်တတ်တဲ့ရောဂါပါ။
ရေယုန်နာကူးစက်ရာလမ်းကြောင်း
ရေယုန်နာဟာ ပထမအကြိမ်ကူးစက်ခံရတဲ့အခါမှာ ကျိုးပြတ်ပေါက်ပြဲနေတဲ့အရေပြား( ပါးစပ်၊ လိင်အင်္ဂါနဲ့ စအို) နံရံများနဲ့ ဗိုင်းရပ်စ်ပိုး ထိတွေ့တဲ့အခါမှာ အရေပြားဆဲလ်တွေထဲ ၀င်ရောက်ပွားများပါတော့တယ်။

ဒီလိုကူးစက်ပွားများတဲ့အချိန်မှာ အချို့သူတွေမှာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အချို့သူတွေမှာတော့ ရေကြည်ဖု(သို့) အနာတွေ ပေါက်လာတတ်ပါတယ်။ အာခံတွင်းထဲမှာဆိုရင် သွားဖုံး၊ လျှာနဲ့လည်ချောင်း တို့မှာပါ အနာဖြစ်တတ်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပထမဆုံးအကြိမ် ကူးစက်ခံရမှုဟာ အများအားဖြင့် အသက် ၃နှစ်အောက် ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ နာကျင်ခြင်း၊ ဖျားနာခြင်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းများ ဖြစ်စေပြီး အစာ၊ ရေ မျိုရခက်ခဲတဲ့ ပြဿနာကိုပါ ကြုံတွေ့ရတတ်ပါတယ်။

ဒီလို အစာ၊ ရေ မျိုရတာခက်ခဲတာကြောင့် ကလေးဟာ ရေဓာတ်ခန်းခြောက်ပြီး နုံးနယ်တတ်တာမို့ အနာသက်သာစေဖို့နဲ့ ရေဓာတ်ချို့တဲ့မှုမရှိဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒီရေယုန်နာဟာ ရက်သတ္တပတ် ၁ပတ်ခန့် ကြာရင် ပျောက်ကင်းသွားတတ်ပါတယ်။

ဒီလိုပျောက်သွားတယ်ဆိုပေမယ့် ရေယုန်ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်အတွင်းပိုင်းက အာရုံကြောတွေကနေ ခန္ဓာကိုယ်အတွင်းပိုင်းက အာရုံကြောဖုထုံး( Ganglia) တွေဆီ ရောက်ရှိသွားပြီး ခေတ္တခိုအောင်းငြိမ်သက်နေတဲ့ ရောဂါပိုးတွေဟာ အောက်ပါအကြောင်းအရာများကြောင့် အာရုံကြောများမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ မူလအရေပြားဆီပြန်လာပြီး ရေယုန်နာပြန်ဖြစ်ခြင်းကို ရေယုန်ပြန်ကြွခြင်း(Recurrence) လို့ ခေါ်ပါတယ်။

ရေယုန်ပြန်ကြွစေတဲ့အကြောင်းရင်းတွေက-

-အိပ်ရေးမ၀ခြင်း
-ခန္ဓာကိုယ်ပင်ပန်းခြင်း
-စိတ်ဖိစီးမှုများခြင်း
-ဖျားနာခြင်း
-ကိုယ်ခံအားကျဆင်းခြင်း
-အပူအအေးလွန်ကဲခြင်း
-ဓမ္မတာရာသီပေါ်ခြင်း
-အခြားရောဂါပိုးများကူးစက်ခံရခြင်း
-အာရုံကြောများ ပျက်စီးခြင်းတို့ပဲ ဖြစ်ပါတယ်။

ရေယုန်ပြန်ကြွတဲ့အခါမှာ မူလပထမအကြိမ်ဖြစ်နေတဲ့ နေရာမှာ ရေကြည်ဖုတွေ အနည်းငယ် စပေါ်လာပါတယ်။ နောက် ၃ရက်မှ ၅ရက်အတွင်း ရေကြည်ဖုငယ်တွေကနေ ပြည်ဖု၊ အနာများ အသွင်ပြောင်းသွားပြီး အနာဖေးတက်လာတတ်ပါတယ်။ ရေယုန်ပြန်ကြွချိန်မှာ စဖြစ်ပြီး ၈နာရီအတွင်း အဆိုးဆုံးဖြစ်ပြီး လူအများစုဟာ တစ်နှစ်မှာ ၂ ကြိမ်ခန့် ပြန်ဖြစ်တတ်ပါတယ်။
ရေယုန်နာရောဂါပျံ့နှံ့စေသောအရာများနှင့် ကာကွယ်ကုသပုံ
ရေယုန်နာဟာ ရောဂါရှိသူရဲ့ တံတွေး၊ အသက်ရှူလမ်းကြောင်းမှထွက်သော အမှုန်များနှင့် အရေပြားချင်း ထိတွေ့ရာကနေ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။

ဒါကြောင့် ရေယုန်နာမဖြစ်အောင် ရေယုန်နာပေါက်သူရဲ့ တံတွေး၊ အရေပြားတို့နဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ရမှာပါ။ ဒါ့အပြင် ရေယုန်နာမဖြစ်အောင် အိပ်ရေး၀၀အိပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချ၍ စိတ်ပေါ့ပါးစွာနေခြင်း၊ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝသော ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအစာများစားခြင်း၊ ရာသီအကူးအပြောင်းတွင် သတိပြုနေထိုင်ခြင်းတို့ကို အထူးသတိပြုသင့်ပါတယ်။

ရေယုန်နာဟာ မျက်စိကိုကူးစက်ရင် အရမ်းအန္တရာယ်များတာမို့ ရေယုန်နာပေါက်ရင် လက်နဲ့ထိတွေ့ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ကိုင်တွယ်မှုမရှိအောင် သတိပြုရမှာပါ။ ဒါကြောင့် ရေယုန်နာကို မဖြစ်ခင်ကာကွယ်ပါ။ ဖြစ်လာရင်လည်း စောစောစီးစီးကုသပါ။ နောက်တစ်ကြိမ်မဖြစ်အောင် သတိပြုနေထိုင်ပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လထုတ် ဇီဝက မဂ္ဂဇင်း အမှတ် ၂၃၄မှ သွန်းသော်တာ(B.N.SC) ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)

MOI Webportal Myanmar

တူရကီနိုင်ငံအရှေ့မြောက်ပိုင်းတွင် လယ်သမားတစ်ဦးက ရှားပါးသည့် ဦးခေါင်းနှစ်လုံးပါသည့် မြွေတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း 
ဘီဘီစီ သတင်းတွင် မကြာသေးမီက ဖော်ပြသည်။

ယင်းသတ္တဝါကို ပင်လယ်နက်ကမ်းရိုးတန်းပြည်နယ် ဂီရိဆန်တွင် တွေ့ရှိခဲ့ပြီး ယခုအခါ နိုင်ငံအနောက်တောင်ဘက်ကမ်းခြေရှိ အန်တောလ်ယာမြို့မှ တွားသွားသတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် သီးခြားခွဲ၍ ထားရှိသည်ဟု တားကစ်ရှ်နေ့စဉ်သတင်းစာ ရာဒီကောလ်က ဖော်ပြသည်။

စောင့်ရှောက်ရေးတာဝန်ခံအော့ဇ်ဂွါက ယင်းမြွေကို ယင်း၏ ပုံပန်းသဏ္ဌာန်ကြောင့် အချိန်ပြည့်စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောသည်။

ဦးခေါင်းနှစ်လုံးပါသော မြွေသည် သာမန်မြွေများထက် လည်ပင်းသေးငယ်ကြောင်း၊ မြွေသတ္တဝါသည် သားကောင်ကို အကောင်လိုက်မျိုချပြီးမှ အစာချေခြင်းဖြစ်ကြောင်း၊ မြွေကို အသားတုံးကြီးကြီးကျွေးလျှင် အသက်ရှူကျပ်တတ်ကြောင်း၊ ထို့ကြောင့် အသားတုံးငယ်ငယ်များ ကျွေးရကြောင်း ၎င်းက ပြောသည်။

ယင်းမြွေငယ်သည် လျင်မြန်စွာ လှုပ်ရှားသွားလာ၍ ခန္ဓာကိုယ် သေးငယ်သော ကိုလူဘားမျိုးနွယ် ဖြစ်ဖွယ်ရာ ရှိသည်ဟုဆိုသည်။ အန်တောလ်ယာ အကွာရီယံ တွားသွားသတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် တာဝန်ထမ်းဆောင်သူ ကူနီယက်အဲလ်ဂူပင်က ဦးခေါင်းနှစ်လုံးပါသော မြွေမှာ ရှားပါးကြောင်း၊ နိုင်ရာစားတောကြီးထဲတွင် အသက်ရှင်သန်လွတ်မြောက်ရေးမှာ မလွယ်ကူကြောင်း၊ ဦးခေါင်းနှစ်လုံးကြောင့် အဓိကရှုံးနိမ့်ရခြင်းဖြစ်ကြောင်း၊ ဦးခေါင်းနှစ်လုံးက တောကောင်ကြီးများ၏ အာရုံစိုက်မှုကို ခံရသဖြင့် တိုက်ခိုက်ခြင်းခံရသည့်အခါ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ဒုက္ခရောက်ရကြောင်း ပြောသည်။ ရက်သတ္တနှစ်ပတ်သားမျှသာရှိသေးသော ယင်းမြွေသည် လအနည်းငယ်အတွင်း ၈ လက်မအထိ ရှည်လျားလာမည်ဟု မျှော်လင့်ရကြောင်း အဲလ်ဂူပင်က ပြောသည်။

ဘီဘီစီ။

လူငယ်ဂိုဏ်းတစ်ခုရဲ့လက်ကနေ လွတ်မြောက်အောင် ထွက်ပြေးရင်း တံတားပေါ်မှ ပြုတ်ကျကာ သွက်ချာပါဒ ဖြစ်သွားခဲ့ရတဲ့ အထီးကျန် စိတ်ဝေဒနာရှင်ကောင်လေး


အထီးကျန်စိတ်ဝေဒနာရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ နှိပ်စက်တဲ့ လူရမ်းကားတွေရဲ့လက်ထဲကလွတ်မြောက်အောင် ထွက်ပြေးရင်း ပေ ၅၀ မြင့်တဲ့ တံတားတစ်ခုပေါ်က ပြုတ်ကျခဲ့ပါတယ်။ အသက်၁၈နှစ်အရွယ် Joshua Davies ဟာ လူငယ်ဂိုဏ်းတစ်ခုရဲ့လက်ကနေ လွတ်မြောက်အောင် ထွက်ပြေးရင်း တံတားပေါ်မှ ကျောက်တုံးတစ်ခုပေါ်သို့ ပြုတ်ကျပြီး သူ့ရဲ့ကျောရိုး ၄နေရာ ကျိုးပျက်ခဲ့ကာ ခါးကိုလည်းထိသွားတဲ့အတွက် သွက်ချာပါဒ ဝေဒနာရှင် တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်နိုင်ငံ ၊ တောင်ဝေလပြည်နယ် ၊ပွန်တီပရစ်မြို့ မှာနေတဲ့ Joshua Davies ရဲ့ ပထွေးဖြစ်သူ အသက်၃၅နှစ်အရွယ် Michael Morgan ရဲ့ပြောကြားချက်အရ ထိုလူငယ် ရမ်းကားသူအဖွဲ့ဟာ Joshua Davies ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ပစ်မှတ်ထားထားတယ်လို့ သိရပါတယ်။

Joshua Davies နဲ့ သူငယ်ချင်းတစ်ဦးတို့ လမ်းလျှောက်နေစဉ်မှာပဲ ထို လူငယ်ဂိုဏ်းမှ ကောင်လေး တွေက အော်ဟစ်ပြီး လိုက်လံဖမ်းဆီးခဲ့တာကြောင့် Joshua Davies နဲ့ သူငယ်ချင်းလည်း စတီးလ် အောက်ခြေမှာရှိတဲ့ တံတားပေါ်ကို တွယ်တက်ရာမှာ လူငယ်ဂိုဏ်းကကောင်လေးတွေရဲ့ ခဲလုံးနဲ့ပစ်ခတ်မှု Davies ရဲ့ ခြေထောက်နဲ့ ပခုံးတွေကို ထိခိုက်ခဲ့တဲ့အတွက် တံတားပေါ်က ပြုတ်ကျခဲ့ရကြောင်း သိရပါတယ်။

Joshua Davies ဟာ အသက် ၁၄ နှစ် အရွယ်က အထီးကျန်စိတ်ဝေဒနာကို ခံစားခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ ထို လူငယ်ဂိုဏ်းဟာ Davies ကို ယခုနှစ် အစောပိုင်း ကလည်း အရက်ဝယ် မတိုက်တဲ့အတွက် ရိုက်နှက်ခဲ့ဖူးပါတယ်။ ထိုအဖြစ်အပျက်အတွက် Michael Morgan က ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှ ရဲတပ်ဖွဲ့က အရေးယူဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ကျွဲအကောင် ၅ဝ ကြောင့် ဒေးဒရဲ လူ့အခွင့်အရေးသမားထောင်ထဲရောက်


ဒေးဒရဲမှာ ကျွဲအကောင် ၅ဝ ကြောင့် ဒီရေတော ပျက်သွားတယ်၊ ဒါကြောင့် ဒေသခံ တယောက် ထောင်ထဲ ရောက်ပါတယ်။

ထူးခြားတာကတော့ အဲဒီဒေသခံဟာ ကျွဲကျောင်းသားလည်း မဟုတ်၊ ကျွဲပိုင်ဆိုင်မှုလည်း မရှိဘူးလို့ ဆိုတယ်။

ဒီအကြောင်း ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်က သတင်းပေးပို့ပါတယ်။

"ဖမ်းဆီးခြင်းမခံရမီ နာရီပိုင်းအလိုက ဒေးဒရဲမြို့ပေါ်တွင် တကိုယ်တော် ဆန္ဒပြနေသည့် ဦးထွန်းထွန်းဦး"


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်း ဒီရေတောစိုက်ပျိုးရေးလှုပ်ရှားမှုကို ဦးဆောင်သူ ဦးထွန်းထွန်းဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် အာဏာပိုင်များက သောကြာနေ့တွင် ဖမ်းဆီး တရားစွဲဆိုထားပြီး သူ၏အမှုကို စက်တင်ဘာ ၁၂ တွင် ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သတ
င်းရရှိသည်။



အမှုတွင် တရားလိုမှာ သစ်တောဌာနမှ တောအုပ် ဦးအာကာဝင်း ဖြစ်သည်။


တိုင်ချက်မှာ ...
ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုအတွင်း၌ ဒီရေတောအပင် ၅,၀၀၀ စိုက်ပျိုးထားရာ ကျွဲအကောင် ၅၀ လွှတ်ကျောင်းခဲ့သဖြင့် အပင် ၂,၅၀၀ (ကာလတန်ဖိုးငွေ ကျပ် ၃၀,၀၀၀ ကျော်) ပျက်စီးဆုံးရှုံးခဲ့သည် ဆိုသော အမှု ဖြစ်သည်။



အဖမ်းခံရသူမှာ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦး။

“ဖမ်းရာမှာတော့ လက်ထိပ်တွေ ဘာတွေ မခတ်ပါဘူး။ စခန်းကို အေးအေးဆေးဆေးပဲ ခေါ်သွားတယ်။ ကိုထွန်းထွန်းဦးကလည်း အေးအေးဆေးဆေး လိုက်သွားတယ်”ဟု HRWDN အဖွဲ့မှ ဦးမြင့်နိုင်က ဧရာဝတီကို ပြောသည်။

ပုဒ်မ ၆ (၁) ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် သြဂုတ်လ ၉ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျုံဒါးရဲစခန်းက ပြစ်မှုနံပါတ် ၂၁/၂၀၁၄ ဖြင့် လက်ခံ၍ အမှုဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးပြီး နောက်တနေ့တွင် ဖျာပုံ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။


“ဒီအမှုဟာ မစွဲသင့်ဘူးလို့ ယူဆတယ်။ အပင်တွေစိုက်ထားတာဟာ စားကျက်မြေထဲမှာဖြစ်တဲ့အတွက် တရားစွဲမယ်ဆိုရင်တောင် စားကျက်မြေဥပဒေနဲ့ပဲ စွဲသင့်ပါတယ်။
အခုက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဆိုတော့ ဖြစ်ရပ်နဲ့ စွဲထားတဲ့ပုဒ်မက မအပ်စပ်ဘူးဖြစ်နေတယ်။
အာဏာပိုင်တွေက သူ့ကို ထိန်းသိမ်းချင်လို့ ဒီပုဒ်မနဲ့ စွဲတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့”ဟု HRWDN အဖွဲ့မှ ဦးမြင့်နိုင်က ပြောသည်။



“ကိုထွန်းထွန်းဦးမှာ ကျွဲလည်း တကောင်မှ မရှိသလို ကျွဲကျောင်းတာလည်း မရှိပါဘူး”ဟု ကျုံဒါတ်ကျေးရွာအုပ်စု တော်ကနိညောင်လိန်ကုန်းရွာသား ကိုဇော်ဝင်းက ပြောသည်။

သာသနာရေး ၀န်ကြီးဟောင်းနှင့် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌဟောင်း ဦးဆန်းဆင့်အား ဖမ်းဆီးတရားစွဲမှုနှင့်ပတ်သက်၍ ပုသိမ်မြို့နှင့် ဒေးဒရဲမြို့တို့တွင် ဆန္ဒပြပွဲများ ဦးဆောင်ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

ယခုတရားစွဲဆိုမှုမှာ ဒေးဒရဲမြို့နယ်အာဏာပိုင်များက လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးအား ၄ ကြိမ်မြောက် တရားစွဲဆိုခြင်းဖြစ်ပြီး ယခင်ကလည်း ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးရန် ဟောပြော လှုံ့ဆော်မှု၊ ခွင့်ပြုချက်မရဘဲ ဒီရေတောဦးဆောင်စိုက်ပျိုးမှု၊ ခွင့်ပြုချက်မရဘဲ တကိုယ်တော်ဆန္ဒဖော်ထုတ်မှု တို့ဖြင့် ဒေးဒရဲမြို့နယ်တရားရုံးတွင် ၃ ကြိမ် တရားစွဲဆိုထားသည်။

ဦးထွန်းထွန်းဦးတွင် ကျွဲ မရှိ၊ ကျွဲလည်း မကျောင်းတတ်၊ အာဏာပိုင်တို့ ပြောသည့် ၎င်းတို့၏ ဒီရေတောအပင် ၂,၅၀၀ ပျက်စီးသည် ဆိုသောအချက်ကလည်း ယုတ္တိမရှိဟု ဒေသခံတချို့က ဆိုသည်။

အာဏာပိုင်တို့ အစီအစဉ်ဖြင့် သစ်ပင်စိုက်ရာတွင် တပင်မှမရှင်၊ အကုန်သေ ဟူသော အနေအထား ဖြစ်သောကြောင့် ဦးထွန်းထွန်းဦး သံတိုင်နောက် ရောက်သွားရခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ယူဆသူလည်း ရှိသည်။

ဒေးဒရဲဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ပယ်လယ်ရေ တိုက်စားပြီး ကမ်းပါးပြိုမှု ဆိုးဝါးစွာ ဖြစ်ပေါ်နေကြောင်း၊ အဆိုးရွားဆုံး အခြေအနေကို သံဒိပ်၊ ရေတွင်းကုန်း၊ ချောင်းသစ်ပေါက်၊ ဥသြလမ်း၊ ကျွန်းပင်၊ တော်ပုလွဲ၊ တော်ပေါင်စိန်စသည့် ကပ္ပလီပင်လယ်နံဘေးရှိ ကျေးရွာများတွင် တွေ့နိုင်ကြောင်း ဒေသခံများက ပြောသည်။

ဦးထွန်းထွန်းဦးတို့က ဒေးဒရဲဒေသခံများနှင့် HRWDN အဖွဲ့မှ ဦးထွန်းထွန်းဦးတို့ ပူးပေါင်းပြီး ရေတိုက်စားမှုကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် မေလအတွင်းက ကျုံဒါတ်ကျေးရွာအုပ်စုအတွင်း၌ ဒီရေတောအပင်ပေါင်း တသိန်းနီးပါး စိုက်ပျိုးခဲ့ကြောင်း သိရသည်။


credit to irrawady

MPT က SIM ကတ်များ ပိုမို လွယ်လင့် တကူ ရရှိသုံးစွဲနိုင်ရန် ဆောင်ရွက် လျက်ရှိ


MPT သည် ဂျပန် နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI ၊ ကမ္ဘာ့စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သော Sumitomo တို့နှင့် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MPT သည် တယ်လီဖုန်း သုံးစွဲမှု ပိုမိုတိုးမြှင့် ထိုးဖောက်နိုင်ရန် ထားရှိခဲ့သည့် ကတိက၀တ်အတိုင်း ၂၀၁၄ ခုနှစ်ကုန်အထိ SIM ကတ်ပေါင်း ( ၅ ) သန်းကျော်ကို ရောင်းချသွားရန် စီစဉ်လျက်ရှိပါသည်။ စက်တင်ဘာလမှ စ၍ နိုင်ငံတစ်ဝန်းရှိ လက်လီအရောင်းဆိုင်များတွင် SIM ကတ်များကို ကျပ် ( ၁၅၀၀ ) ဖြင့် ၀ယ်ယူ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ ထို့ပြင် မကြာမီ ကာလအတွင်း၌MPT သည် တန်ဖိုးနည်းငွေဖြည့်ကတ်များကိုလည်း စတင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ပါသည်။


MPT ၏ GSM / WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် စက်တင်ဘာလ ( ၄ ) ရက်နေ့ မှ စက်တင်ဘာလ ( ၁၂ ) ရက်နေ့အတွင်း အထူး အရောင်းမြှင့်တင်ရေး အစီအစဉ် တစ်ခုကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ထိုကာလ အတွင်း ငွေကျပ် ( ၅၀၀၀) ငွေဖြည့်သုံးစွဲတိုင်း ၂၀ % အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း ၊ ငွေကျပ် ( ၁၀၀၀၀ ) နှင့် အထက် ငွေဖြည့် သုံးစွဲတိုင်း ၃၀% အပို ထပ်တိုး ဘောနပ်စ်ငွေ ကို လည်းကောင်း အပိုဖြည့်ငွေအဖြစ် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ ထို့ကြောင့် GSM / WCDMA မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ငွေပိုဖြည့်လေ ထပ်တိုး ဘောနပ်စ် အပိုဖြည့်ငွေ များများရလေ ဖြစ်ပါသည်။

MPT သည် ဆက်သွယ်ရေး ကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံသားအားလုံး မိုဘိုင်းဖုန်း ၀န်ဆောင်မှုများကို ပိုမို၍ လွယ်လင့်တကူ ရရှိသုံးစွဲနိုင်စေရန်ကိုပါ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

သတင်း။ ။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန

အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင်သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပြည်နယ်မြို့တော် ရှင်းမလားအနီးရှိ တောအုပ်တွင် လာရောက် အပန်းဖြေကြသည့် အနားယူသူများက တစ်နာရီကြာ ပိုက်ဆံများ လိုက်ကောက်ခဲ့ကြရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မျောက်သတ္တဝါသည် ရူပီးတစ်သောင်း (၁၆၅ အမေရိကန်ဒေါ်လာ) ဖိုးကို အနီးအနားရှိ အိမ်တစ်အိမ်မှ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပထမ အဆိုပါမျောက်သည် အစားအသောက်ခိုးရန် အိမ်ထဲဝင်ခဲ့ခြင်း ဖြစ်သော်လည်း အစားအသောက် မတွေ့သဖြင့် ပိုက်ဆံများကို ယူသွားခြင်း ဖြစ်သည်။

ဟီမားချာပရာဒက်ရှ် ပြည်နယ်တွင် မျောက်ကောင်ရေ သုံးသိန်းကျော်ရှိပြီး ရှင်းမလားဒေသသည်လည်း တိရစ္ဆာန်များအတွက် လွတ်မြောက်နယ်မြေပမာ ဖြစ်လျက်ရှိသည်။

ဟိန္ဒူအယူအဆတွင်လည်း မျောက်ကို ဘာသာရေးနှင့် ဆက်စပ်သော အကောင်အဖြစ် ယူဆထားကြသဖြင့် သတ်ဖြတ်စားသောက်ခြင်းများ မပြုလုပ်ကြသည့် အပြင် အစားအသောက်များပင် ကျွေးကြသေးသည်။

သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး မျောက်များနှင့် လူများ ပဋိပက္ခ စလာခဲ့ပြီး စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ အစားအစာအတွက် လူများထံမှ လုယက်ခြင်းနှင့် ကလေးများကို ကိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် ပြည်နယ်အာဏာပိုင်များက မျောက်များကို အန္တရာယ်ပေးနိုင်သည့် အကောင်ပလောင်များ အဖြစ် သတိပေး ထုတ်ပြန်ချက်ပင် ပြုလုပ်ထားခဲ့သည်။

မျောက်သည် အစပိုင်း၌ ပိုက်ဆံများကိုကိုင်ပြီး သွပ်မိုးပေါ်တွင် ထိုင်နေခဲ့ပြီးနောက် ပိုက်ဆံကို ကစားသည့်အလား တစ်ရွက်ချင်း ကြဲချနေခဲ့ခြင်း ဖြစ်ပေသည်။

လူများက လိုက်ကောက်ကြသောအခါ သစ်ပင်ပေါ် ပြောင်းတက်သွားပြီး ဆက်ကြဲနေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားကြသည်။

ယခုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မျောက်က ပိုက်ဆံများခိုးပြီး လူစည်ကားရာ လမ်းပေါ်တွင် ကြဲချခဲ့ဖူးသေးသည်။
the voice