ကိုယ်လက်အင်္ဂါမပြည့်စုံပေမယ့် ငါးဖမ်းတာနဲ့ ဘောလုံးကစားတာ ဝါသနာပါသူ


အမေရိကန်ပြည်ထောင်စုအရှေ့ တောင်ဘက်ပိုင်းရှိ အယ်လာဘားမားပြည် နယ်မှာနေထိုင်တဲ့ စီလေးဒိုင်ယာဟာ မွေး ရာပါ ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့သူတစ် ယောက်ပါ။ ရခဲလှတဲ့လူ့ဘဝမှာပါ ကိုယ် လက်အင်္ဂါမပြည့်စုံတဲ့ စီလေးဒိုင်ယာဟာ ဘဝကိုအရှုံးမပေးဘဲ နေထိုင်လာခဲ့တာ ယခု ဆို သူ့ရဲ့အသက်အရွယ်မှာ ၃၆နှစ်တောင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စီလေးဒိုင်ယာဟာ မွေးရာပါ ကိုယ်လက်အင်္ဂါ ပြည့်စုံစွာမပါဝင်သော် လည်း ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ် သန်းလာခဲ့လို့ ယခုဆိုသူဟာ ကျွမ်းကျင်တဲ့ ငါးဖမ်းသမားတစ်ယောက်ဖြစ်လို့ နေပါ တယ်။ သူဟာ အသက်ငါးနှစ်အရွယ်က တည်းက ငါးဖမ်းပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

ငါးဖမ်းရ တာကို အလွန်သဘောကျတဲ့ စီလေးဒိုင် ယာဟာ ၁၉၉၅ခုနှစ်မှာ ကျွမ်းကျင်ပိုင်နိုင် လှတဲ့ ငါးဖမ်းသမားတစ်ယောက်ဖြစ်ခဲ့ပါ တယ်။

မွေးရာပါကိုယ်လက်အင်္ဂါမပြည့် စုံသော်လည်း သူ့ရဲ့စိတ်ထဲမှာ အမြဲတမ်းခံ ယူထားတာကတော့ ''မင်းလုပ်နိုင်မယ်ဆို ရင် ငါလုပ်နိုင်တယ်''ဆိုတာပဲဖြစ်ပါတယ်။ သူဟာ ငါးဖမ်းခြင်းအတတ်ပညာကို ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တယ် လို့ သိရပါတယ်။ ဒိုင်ယာဟာ ငါးဖမ်းတာကို ကြိုက်နှစ်သက် သလို ဘောလုံးကစားတာကို လည်း သဘောကျကြိုက်နှစ် သက်ပါတယ်။ စီလေးဒိုင်ယာ ဟာ အယ်လာဘားမားပြည်နယ် မှာရှိတဲ့ ဟာမီတန်အထက် တန်းကျောင်းတစ်ကျောင်းမှာ လက်ထောက်ဘောလုံးနည်း ပြတစ်ဦးလည်း ဖြစ်ပါတယ်။ ဘဝကို အရှုံးမပေးဘဲဖြတ်သန်း နေတဲ့ စီလေးဒိုင်ယာကတော့ အများတကာရဲ့ လေးစားအတု ယူဖွယ်ရာတစ်ဦးပဲဖြစ်ပါတယ်။

ကိုယ်လက်အင်္ဂါပြည့် စုံစွာ မပါဝင်သော်လည်း အများနည်းတူ လုပ်နိုင်တဲ့ စီလေးဒိုင်ယာဟာဘဝမှာ တန် ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်လို့ဆို ပါတယ်။

စီလေးဟာ အများလိုကိုယ်လက် အင်္ဂါမပြည့်စုံသော်လည်း အားငယ်တဲ့စိတ် တွေနဲ့ ဘဝကိုမရှင်သန်ပါဘူး။ ဘုရားသ ခင်က သင်ကြားပေးခဲ့တဲ့ ဘဝသင်ခန်းစာ တွေကို သူ့အနေနဲ့ သင်ယူပြီး တန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ သူပါ။

စီလေးဒိုင်ယာရဲ့ဘဝကို အနိုင် မခံအရှုံးမပေးခဲ့လို့ အခုဆို သူဟာ ကုမ္ပဏီ တွေမှာ သူ့ရဲ့အတွေ့အကြုံတွေ ဝေမျှတဲ့သူ တောင် ဖြစ်လို့နေပါပြီ။ လူတွေရဲ့ရှေ့မှာ ယုံ ကြည်ချက်အပြည့်နဲ့ စီလေးဟာ သူ့ဘဝရဲ့ အတွေ့အကြုံတွေ၊ သူ့ရဲ့အသိပညာတွေကို ဝေမျှပြောဆိုနေတယ်လို့ သိရပါတယ်။

Ref National Enquirer




Yangon Media Group

မယားဖြစ်သူကို ကျောက်ခဲဖြင့် ထုရိုက်၍ မြစ်ထဲဆွဲချ အလောင်းဖျောက်မှု ဖြစ်ပွား


ညောင်ဦးမြို့နယ် အမှတ်(၃) နယ်မြေ အောင်သိဒ္ဓိ ရပ်ကွက်နေ ဒေါ်သီသီဝင်း ၄၅ နှစ်သည် မြေးဖြစ်သူ အတွက် စက်တင်ဘာ ၉ ရက်က ဆေးဝယ်ရန် ထွက်ခွာ သွားခဲ့ရာမှ ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် စုံစမ်းရှာဖွေ၍ မရသောကြောင့် စက်တင်ဘာ ၁၇ ရက်တွင် လူပျောက် တိုင်ကြားခဲ့ရာ မြို့မရဲစခန်း (ညောင်ဦး) မှ လူပျောက် အမှတ်စဉ် ၂/၂ဝ၁၄ ဖြင့် ရေးဖွင့် စုံစမ်းမှု ပြုလုပ် ခဲ့သည်။

ထိုသို့ စုံစမ်းရာတွင် ညောင်ဦးမြို့ ဝက်ကြီးအင်းရပ် ၊ မြတောင် ဘုန်းကြီးကျောင်း မြောက်ဘက် ဧရာဝတီမြစ် ကမ်းဘေးရှိ လက်ပံပင် နှင့် ညောင်ပင်ကြားတွင် ဒေါ်သီသီဝင်း အသုံးပြုသည့် ပါဝါမျက်မှန် တစ်လက် သားရေဖိနပ် တစ်ရံ၊ လက်ပံပင် အောက်မှ ကလေး အားဆေးဗူးခွံ တစ်ခု၊ မြစ်ကမ်းစပ်မှ ရှပ်အင်္ကျီ တစ်ထည် တို့ကို တွေ့ရှိရ၍ သိမ်းဆည်း ခဲ့သည်။ ထို့ပြင် လက်ပံပင် သစ်မြစ်နှင့် ကျောက်တုံး တို့တွင် တွေ့ရှိရသည့် သွေးကွက်များ၊ သဲပြင်ပေါ်တွင် အလောင်းအား ရေထဲသို့ ဆွဲယူသွားသော အရာတို့ကို တွေ့ရှိခဲ့၍ ဆက်လက် စုံစမ်းရာ အခင်း ဖြစ်ပွားစဉ် ဧရာဝတီမြစ် ထဲ၌ ငါးဖမ်း နေသော စိုးဝင်းဟိန်း၊ သူရထွန်း၊ ဇေယျာစိုး တို့ကို တွေ့ရှိ မေးမြန်းရာ လက်ပံပင် အောက်တွင် အမျိုးသမီး တစ်ဦးကို အမျိုးသား တစ်ဦးက ကျောက်ခဲဖြင့် ထုရိုက်ပြီး ရေထဲသို့ ဆွဲချသည်ကို မြင်တွေ့ ရကြောင်း၊ အခင်းဖြစ်ရာ နေရာမှ သိမ်းဆည်း ထားရှိသော အင်္ကျီသည် မိုးမင်းထွန်း ဝတ်ဆင်သည့် အင်္ကျီ ဖြစ်ကြောင်းကို ဒေါ်သီသီဝင်း ၏ သားမက် ကျော်စိုးမင်း ထံမှ စုံစမ်း အတည်ပြု ရရှိသဖြင့် ဒေါ်သီသီဝင်း ကို ကျောက်ခဲဖြင့် ထုရိုက်ပြီး မြစ်ထဲဆွဲချ အလောင်းဖျောက် သည်ဟု ယူဆရသူ ၄င်း၏ ခင်ပွန်း မိုးမင်းထွန်း ၃ဝ နှစ် အောင်သိဒ္ဓိရပ် ညောင်ဦးမြို့ နေသူကို အရေးယူ ပေးပါရန် စက်တင်ဘာ ၁၈ ရက်က ဒုတိယ ရဲအုပ် သန်းဌေးမြင့်မှ တရားလိုပြု လုပ်၍ တိုင်တန်းမှု အရ နယ်မြေရဲ စခန်းက (ပ) ၁၇၂/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၂/၂ဝ၁ အရ မိုးမင်းထွန်း အား အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

PyiChitThar

ဘာပဲစားစား သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ကူဆုံး နည်းလမ်းများ



စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။

(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့

အစာတွေစားပြီးပြီးချင်း တခါတည်း အိပ်ခန်းသို့ချီတက် အိပ်စက်အနားယူလိုက်မယ်ဆိုရင် အစာချေဖျက်ပေးဖို့ သင့်တင့်တဲ့အချိန် မယူလိုက်ပဲ၊ နေ့အချိန်က ကိုယ်လက်လုပ်ရှားမှုပြုနေစဉ်အတွင်းက ကယ်လိုရီးတွေကို ဖယ်ထုတ်ပေးဖို့ အခွင့်ရအောင် အချိန်ကောင်းမပေးလိုက်ရာရာက်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန်က ကိုယ့်အပေါ်မှာသာစုပြုံပြီး ဝမ်းဗိုက်ကဘေးဘက်ကို ကားထွက်လာတာ၊ ကြီးရင်းပိုကြီးလာတာ တဖြည်းဖြည်း စတင်သတိပြုမိလာမှာဖြစ်တယ်။

(၂) ထမင်းမစားမီနဲ့ စားပြီးအချိန်မှာ ရေတစ်ဗူးသောက်ပါ

ရေဟာ ကောင်းတဲ့ အချက်ဖြစ်သည်သာမက ဗိုက်ကို တကယ်ပြည့်နေတာထက်ကို ပိုတင်းနေရသလို ခံစားရစေမှာဖြစ်တယ်။ ထမင်းမစားခင် ရေတစ်ဗူးသောက်မယ်ဆိုရင် အစာအလွန် အကျွံစားသုံးချင်စိတ်ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ထမင်းစားပြီး ရေတစ်ဗူးသောက်ခြင်းအားဖြင့်လည်း ဗိုက်ပြည့်ပြီဖြစ်ကြောင်း သေချာမှု ရရှိခံစားလာစေမှာဖြစ်တယ်။ ရေကြောင့်ဖြစ်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မစိုးရိမ်ပါနဲ့။ ခဏကြာလာရင် ချက်ချင်း သိသိသာသာ ပြန်ကျသွားပါလိမ့်မယ်။

(၃) အိပ်ယာမဝင်ခင်နဲ့ နိုးလာတဲ့အချိန် ၂၅ ကြိမ်စီ အံကြိတ်ပေးပါ

ဒါမဖြစ်မနေလုပ်ရမယ့် တာဝန်ပါ။ ဒီအလေ့အကျင့်ကို တစ်ခုချင်းစီ အတိမ်းအစောင်း မခံဘဲ အကုန်လိုက်နာဆောင်ရွက်လို့မှ သင့်ဗိုက်က ထင်သလောက်ပြားချပ်မလားဘူးဆိုပါဆို့။ တစ်နေ့ကို အကြိမ် ၅၀ လောက် ထပ်လုပ်ပေးနိုင်ရင် မဆိုးဘူးပေါ့။ အဲဒီလို လုပ်လို့ အကျင့်ရလာပြီဆိုတာနဲ့ သင့်တစ်နေ့တာလှုပ်ရှားမှုမှာ ထူးခြားမှုရှိလာကြောင်း သိရှိလာပါလိမ့်မယ်။

Source: vibenigeria

အမှုမှပျောက်ဆုံးသူအား တွေ့ရှိပါက ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း



ရန်ကုန်၊ စက်တင်ဘာ ၂၀

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နိုင်တိုးသည် မိသားစုနှင့်အတူ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit ကုန်စုံဆိုင်သို့ရောက်ရှိပြီး သမီး မဟံသာထွန်း၊ (၁၃)နှစ်အား ကားအတွင်း၌ထားခဲ့ကာ ဆိုင်အတွင်းသို့
ဈေးဝင်ဝယ်ပြီး ပြန်ထွက်လာစဉ် ကားအတွင်း၌ သမီးဖြစ်သူကိုမတွေ့ရှိဘဲပျောက်ဆုံးနေသဖြင့် ကူညီ စုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပါသည်။


၎င်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းလူပျောက်အမှတ်စဉ် (၂၁/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး ဆက်စပ်မြို့နယ်များနှင့်ချိတ်ဆက်၍ ပူးပေါင်းကူညီစုံစမ်းလျက်ရှိပါသည်။

ပျောက်ဆုံးသူ မဟံသာထွန်းမှာ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ (၂၆)လမ်း၊ အမှတ်(၆၀)၊ (ပ)ထပ်၌ နေထိုင်သူဖြစ်ပြီး အထက(၁)ဒဂုံ၌ န၀မတန်းတက်ရောက်နေသူဖြစ်ပါသည်။

ပျောက်ဆုံးသူ၏ပုံသဏ္ဍာန်မှာ ဆံပင်ကုတ်ဝဲ၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊နှာတံပေါ်၊ ပါဝါမျက်မှန်တပ်၊ မျက်နှာသွယ်၊ အသားဖြူ၊ အရပ်(၄)ပေ(၈)လက်မခန့်ရှိသူဖြစ်ပါသည်။

အဆိုပါလူပျောက်မှုအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိရာတွင် မိဘပြည်သူများမှလည်း မဟံသာထွန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်တစ်စုံတစ်ရာရရှိပါက အမြန်ဆုံးစုံစမ်းတွေ့ရှိနိုင်ရေးအတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံ ဖော်ပြအပ်ပါသည်-

၀၁ ၂၃၀၀၇၄၇ ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၃၀၁၆၄၆ ရဲမှူး(ဦးစီး)၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၀၁ ၂၄၅၂၆၀ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
၀၁ ၅၃၅၉၀၅ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
၀၁ ၅၃၅၁၈၄ စမ်းချောင်းမြို့မရဲစခန်း

ခါကာဘိုရာဇီ တောင်ခြေစခန်းမှ ပြန်လာသူပြောပြသည့် ပျောက်ဆုံးသွားသော တောင်တက်သမားနှစ်ဦးအကြောင်း တောင်တက်အဖွဲ့ဝင် ကိုကျော်ထွန်းနိုင်နှင့် တွေ့ဆုံခြင်း

 




ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် တောင်တက်အဖွဲ့ဝင် ကိုကျော်ထွန်းနိုင် (ဓာတ်ပုံ − မျိုးညွန့်သန်း) 


မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင်ပါ အမြင့်ဆုံး တောင်ဖြစ်သော ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ သြဂုတ် ၃၁ ရက်က မြန်မာနိုင်ငံသားနှစ်ဦး တက်ရောက်အောင်မြင်ခဲ့သည်။ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ အဖွဲ့ဝင်ရှစ်ဦး ပါဝင်သော အဖွဲ့မှ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦး တက်ရောက်ကာ မြန်မာနိုင်ငံအလံလွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုနှစ်ဦးမှာ တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သတင်းပို့အပြီးမှာပင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးကို ရှာဖွေနေသည်မှာ ယနေ့အထိ မတွေ့ရှိသေးပေ။ ခါကာဘိုရာဇီတောင်ခြေစခန်းအထိ တက်ရောက်ခဲ့ပြီး တောင်ထိပ်တက်ခဲ့သူ နှစ်ဦးကို အထောက်အကူပေးခဲ့သည့် ကျန်အဖွဲ့ဝင် ခြောက်ဦးမှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုကျော်ထွန်းနိုင်ကို 7 Day Daily က စက်တင်ဘာ ၂၀ ရက်တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ 

-အရင်ဆုံး ကိုကျော်ထွန်းနိုင်တို့ ရှစ်ဦး ခါကာဘိုရာဇီတောင်တက်ဖို့ ပြင်ဆင်ခဲ့ပုံကို ပြောပြပေးပါဦးရှင့်။ ဘယ်နှခုနှစ်ကတည်းက ဘယ်လိုပြင်ဆင်ခဲ့သလဲ။ 

၂၀၁၁ခုနှစ်ကတည်းက စပြီးတော့ ကျွန်တော်တို့ အစ်ကိုတွေ (ကို အောင်မြင့်မြတ်၊ ကိုဝေယံမင်းသူ အပါအဝင် တောင်တက်သမား စီနီယာများ) က ဒီခါကာဘိုရာဇီ တောင်တက်မယ်ဆိုပြီးတော့ ကြို တင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ရန်ကုန်မှာဆိုလို့ရှိရင် ထရိန်နင် တွေ ဆင်းတယ်။ ပြီးတော့ ၂၀၁၂နှစ်ကုန်ပိုင်းမှာ ခါကာဘိုရာဇီတောင်ခြေဖြစ်တဲ့ ပေ ၁၃,၂၀၀မြင့်တဲ့ base camp (အခြေစိုက် စခန်း) ကိုသွားပြီးတော့ မြေပြင် လေ့လာရေးအနေနဲ့ သွားပြီးတော့ လေ့လာခဲ့တယ်။ အဲဒီ့မှာသွားပြီး လမ်းကြောင်း အခြေအနေတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကို လေ့လာခဲ့ပြီးတော့မှ ရန်ကုန်ကို ပြန်ရောက်တဲ့အခါမှာ ဒီ တောင်ထိပ်ကိုတက်ဖို့အတွက်ဆိုပြီးတော့ ကျောက်တောင်တက် လေ့ကျင့်ရေးလုပ်တယ်။ ရေခဲတောင်တက်
လေ့ကျင့်ရေးလုပ်တယ်။ အဲဒီ့ကျောက်တောင်တက် လေ့ကျင့်ရေးတွေကို မန္တလေးတို့၊ဘားအံတို့တွေမှာသွားပြီးတော့လုပ်တယ်။ ဒီရေခဲတောင်တက် လေ့ကျင့်ရေးကို ကျွန်တော်တို့ ဖန်ဂရန်တောင်တက်တယ်။ ပြီးသွားတော့ တရုတ်နိုင်ငံက ဟာဗားရေခဲတောင်။ အဲဒီဟာကို ၂၀၁၄ 

ဧပြီမှာ သွားပြီးတော့ တက်ခဲ့ တယ်။ 

- မိုးလေဝသဘက်ကို ကြည့်လိုက်တဲ့အခါမှာ ကိုကျော်ထွန်းနိုင်တို့ ခါကာဘိုရာဇီသွားတက်တဲ့ အချိန်မှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ရာသီဥတု ဆိုးရွားနေတယ်ဆိုတာ တွေ့ရတယ်။ အဲဒီတော့ ရာသီဥတုဆိုးတဲ့အချိန်၊နောက်ပြီး အခုကလည်း မိုးရာသီဖြစ်နေတယ်။ အဲဒီလိုအချိန် မှာ ရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီကိုတက်ဖို့ ဘာဖြစ်လို့ ဆုံး ဖြတ်လိုက်ရတာလဲရှင့်။ 

အဲဒီဟာကတော့ နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ ဒီရေခဲတောင်ကိုတက်ဖို့ ဘာကြောင့်ရွေးချယ်ရတာလဲဆိုတာကို ပြောရလို့ ရှိရင် အခုအချိန်မှာဆိုလို့ရှိရင် base camp ကိုသွားဖို့အတွက် ဒီလိုအချိန်ရာသီဥတုက ခက်ခဲတယ်၊ မှန်တယ်။ ဒါပေမဲ့ basecamp ကနေ တောင်ထိပ်တက်တဲ့ အခါ အခုအချိန်က ရေခဲအနည်းဆုံး ဖြစ်မယ်။ ပြီးတော့ အန္တရာယ် အကင်းဆုံးအချိန် ဖြစ်တဲ့အတွက် ကျွန်တော်တို့က ရွေးချယ်ရခြင်း ဖြစ်တယ်။ ပြီးတော့ မုန်တိုင်းသတိပေးတာတို့ ဘာတို့ဆိုတာ က အဲဒီ့အချိန်က ကျွန်တော်တို့ ဒီခါကာဘိုရာဇီ တောင်တက်ဖို့ သွားတဲ့အချိန်က ဇူလိုင် ၂၉ရက်နေ့ ရန်ကုန်က စထွက်သွားတယ်။အဲဒီ့အချိန် ဒီမုန်တိုင်းတို့၊ ဘာတို့ ဆိုတာလည်း ဘာမှမရှိဘူး။ ရာသီဥ တုကလည်း ကောင်းတယ်။ အဲဒါမျိုးဖြစ်တဲ့အတွက် မုန်တိုင်းတို့၊ ဘာတို့ ဝင်တယ်ဆိုတာကလည်း ခရီးစဉ်သွားနေတဲ့အချိန်မှာဖြစ်တဲ့အတွက် အဲဒီ့ဟာတွေကတော့ ကြိုတင်မသိထားဘူးပေါ့။ 

၁၉၉၆ခုနှစ် အိုဇာကီ(လွန်ခဲ့သော ၁၈ နှစ်က ခါကာဘိုရာဇီတောင်တက်နိုင်ခဲ့သော ဂျပန်လူမျိုး) တို့ တက်ခဲ့တုန်းကလည်း မိုးရာသီ ဒီလိုအချိန်ပဲ တက်ခဲ့တာ။ ပြီးတော့ လောလောလတ်လတ် မနှစ်ကတုန်းကမှ မြန်မာပြည်မှာ ဒုတိယအမြင့်ဆုံးတောင်လို့သတ်မှတ်ထားတဲ့ ဂန်လမ်ရာဇီကိုလည်း ဒီအချိန်မှာပဲ တက်ခဲ့တာ။ ဒီအချိန်က အသင့်တော်ဆုံးအချိန်ဖြစ်တဲ့အတွက် ရွေးချယ်ဖြစ်တာလို့ ပြောချင်တယ်ခင်ဗျ။ 

-ရန်ကုန်ကနေ base camp ရောက်တဲ့အထိ ခရီးစဉ် ဘယ်လိုသွား သလဲဆိုတာ ပြောပြပေးပါဦး။ 

ဇူလိုင်၂၉ရက်မှာ ရန်ကုန်ကထွက်တယ်။ ပူတာအိုမှာ ၃၀ရက်နေ့ တစ်ရက်နားတယ်။ ပြီး တော့ ၃၁ ရက်နေ့မှာ ပူတာအိုက စထွက်တယ်။ အားလုံးပေါင်း ၁၁ရက်၊ ၁၂ရက်လောက် အချိန် ပေးပြီးမှ တဟွန်ဒမ်းဆိုတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းရဲ့ နောက် ဆုံးရွာကိုရောက်တယ်။ အဲဒီ့ကိုရောက်တဲ့အခါမှာ ဆက်တက်ဖို့ အတွက် ကျွန်တော်တို့ကို လိုက် ကူညီမယ့် ဒေသခံတွေကို ရှာရတာရှိတယ်။ အဲဒီတော့ အဲဒီမှာသုံးရက် နားတယ်။ ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်တာတို့၊ လမ်းမှာ ကျွန်တော်တို့လိုတဲ့ရိက္ခာ ကို ပြန်လည်ပြင်ဆင်တာတို့ လုပ်တယ်။ ပြီးသွားတော့ အဲဒီက နေပြီး ခါကာဘိုရာဇီတောင်ခြေကို သွားတာပေါ့လေ။ ခါကာဘိုရာ ဇီတောင်ခြေကို သွားတဲ့အခါမှာ လေးညအိပ်ပြီး ငါးရက်သွားခဲ့ရတယ်။ အဲ့ဒီကျတော့မှ ကျွန်တော်တို့ ခါကာဘိုရာဇီရဲ့ တောင်ခြေကို ရောက်တယ်။ 

- တောင်ခြေစခန်းမှာ ခြောက်ယောက်ကနေခဲ့မယ်။ နှစ်ယောက် က တက်သွားမယ်ဆိုတာက နဂိုကတည်းက စီစဉ်ထားတာလား။ 

နဂိုကတည်းက ကျန်းမာရေးအခြေအနေ အရကြည့်မယ်၊ လေ့ကျင့်မှု လုပ်ထားတာတွေအရ ကြည့်မယ်၊ ပြီးသွားတော့ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေကို ကြည့်ပြီးတော့ ရွေးချယ်မှုရှိတယ်။ ပြီးတော့ လျာထားတဲ့လူတွေ ဥပမာ ဒီနှစ်ယောက်ထဲက ကျန်းမာရေးအရသော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် မတက်နိုင်လို့ရှိရင် လူစားလဲတက်ဖို့ဆိုပြီးတော့ လျာထားတာတွေရှိတယ်။ 

-ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တောင်ထိပ်ကိုဆက်မတက် ခင် တောင်ခြေစခန်းမှာ လေ့ကျင့်မှုနှစ်ရက် လုပ်ခဲ့တယ်လို့ သိရတယ်ရှင့်။ ဘာတွေ လေ့ကျင့်ဖြစ်ခဲ့လဲ။ 

လမ်းမှာတက်တဲ့အခါ မှာသုံးမယ့် ကြိုးတို့၊ ကျောက်တွေမှာ ညှပ်တဲ့ပစ္စည်း။ အဲဒါမျိုးတွေကို ပြန်ပြီးစစ်ဆေးတာမျိုး အဓိက လုပ် တယ်။ 

ကိုကျော်ထွန်းနိုင်တို့က တောင်ခြေစခန်းမှာ စောင့်နေရတဲ့သူတွေဆိုတော့ အဲဒီပတ်ဝန်းကျင်အနေ အထားနဲ့ ရာသီဥတုကိုလည်း ပြောပြပေးပါဦး။ 

ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ပထမဆုံးတက်တဲ့ လမ်းကြောင်းမှာ glacier (ရေခဲမြစ်) ကြီးတစ်ခုရှိတယ်။ အဲဒီဟာကြီးရဲ့အောက်မှာ နည်းနည်းလေးပြန့်နေတဲ့ လွင်ပြင်လေး၊ ကမ့်ချ လို့ရနိုင်တဲ့ နေရာလေးတစ်ခုရှိ တယ်၊ အဲဒီလိုနေရာလေးမှာ ကျွန်တော်တို့စခန်းချတယ်။ ကျွန်တော် တို့ရဲ့အရှေ့ဘက်မှာ အောက်ကို ပေ တစ်ထောင်လောက်ဆင်းရတဲ့ လမ်းပေါ့။ ကျန်တဲ့ မြောက်ဘက် တို့၊ အနောက်ဘက်တို့၊ တောင် ဘက်တို့ ဘေးပတ်ပတ်လည်က တောင်တွေချည်းပဲ။ 

base campမှာတော့ ရေခဲ မရှိဘူး။ ဒါပေမဲ့ ၁၅မိနစ်လောက်သွားလိုက်တာနဲ့ ရေခဲပုံကြီး ရှိတယ်။ အဲဒီအထက်မှာတော့ ကျောက်ရှိတဲ့နေရာရှိတယ်။ ရေခဲ ရှိတဲ့နေရာရှိတယ်။ ရေခဲတစ်ထပ်၊ ကျောက်တစ်ထပ်ပေါ့။ 

တက္ကသိုလ်ခြေလျင်နှင့်တောင် တက်အသင်းက ထုတ်ပြန်ထား ချက်အရ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူက ခါကာဘိုရာဇီ တောင်ပေါ်ကို ပိုပြီးမတ်စောက်တဲ့ မြောက်ဘက်အခြမ်းကနေ တက် သွားတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့အဲဒီဘက် လမ်းကြောင်းကိုရွေးရတာလဲရှင့်။ နောက်ပြီး တော့သူ့ရဲ့အနေအထားက ဘယ်လောက်အန္တရာယ်ရှိသလဲ၊ ဘယ် လောက် မတ်စောက်သလဲရှင့်။ 

ဘာကြောင့် ဒီလမ်းကြောင်းကို ရွေးရလဲဆိုတော့ ကျွန်တော်တို့ မှာရှိတဲ့ gear ပစ္စည်းတွေ၊ ပြီး တော့ကျွန်တော်တို့ အစ်ကိုတွေ လေ့ကျင့်မှုတွေလုပ်ခဲ့တဲ့အနေအထားတွေနဲ့ နှိုင်းယှဉ်ပြီးတော့ မြောက်ဘက်ကနေ တက်မယ်ဆို ပြီးတော့ ရွေးချယ်ဖြစ်တာပေါ့။ အခက်အခဲဆိုလို့ရှိရင် ဘယ်လောက်အထိ မတ်စောက်တာ တွေ ကျော်ဖြတ်ရမလဲဆိုရင် တချို့နေရာတွေမှာ ၇၅ဒီဂရီ၊ ၈၀ ဒီဂရီလောက် မတ်စောက်တဲ့ဟာမျိုးတွေ ရှိမယ်လို့ ကျွန်တော်တို့ကတော့ မှန်းဆရတယ်။ ကျွန်တော်တို့ ဒီ base campကနေ လှမ်း ကြည့်ပြီးတော့ မြင်ရတဲ့နေရာက အပေါ်ကိုဆိုလို့ရှိရင် ဘယ် လောက်မတ်တယ်ဆိုတာက အတိအကျ ပြောဖို့တော့ ခဲယဉ်းပါတယ်။ 

သူတို့နှစ်ယောက်တက်သွားတဲ့ အချိန်မှာ သူတို့မှာ ဘယ်လိုဆက် သွယ်ရေးကိရိယာတွေ ပါသွား လဲ။ နောက်ပြီး ရိက္ခာကကော။ 

ကျွန်တော်တို့ တောင်ခြေကနေစထွက်တဲ့အခါမှာ ဆက်သွယ်ရေးကိရိယာအနေနဲ့ စကားပြောစက် နှစ်လုံး ပါသွားတယ်။ ပြီးတော့ သူတို့ရောက်နေတဲ့နေရာကို satellite ကနေ လှမ်းပြီးတော့ပို့ မယ့် sport messenger ဆိုတဲ့ဟာ ရှိတယ်။ အဲဒီမက်ဆင်ဂျာတစ်ခု ပါသွားတယ်။ အဲဒီမက်ဆင်ဂျာက ခလုတ်နှိပ်လိုက်လို့ရှိရင် သူတို့ဘယ်ကိုရောက်နေတယ် ဆိုတဲ့ဟာကို ကျွန်တော်တို့အဖွဲ့ထဲကပေးထားတဲ့ gmail ၊ (ဒါမှမဟုတ်)facebookကို အဲဒီမက်ဆင်ဂျာက satellite ကနေ တစ်ဆင့်လှမ်းပို့ပေးတယ်။ အဲဒါမျိုးပစ္စည်းတွေ တော့ ပါသွားတယ်။ 

ရိက္ခာကတော့ base campကနေ စထွက်သွားတော့ ပိုပိုလိုလိုဆိုပြီးတော့ ၁၃ရက်စာ ထည့်သွားတာပေါ့။ ကျွန်တော်တို့က ဒီ တောင်ခြေကိုအတက်အဆင်း လျာထားချက်က ၈ရက်၊ ၉ရက်လို့လျာထားတယ်။ အတက်အဆင်း ကို ၈ရက်။ 

နောက်ဆုံး အဆက်အသွယ် ရတဲ့အချိန်က တောင်ထိပ်ကိုရောက်တဲ့အချိန်လား။ 

တောင်ထိပ်ကိုရောက်နေ ပြီ။ ကျွန်တော်တို့နောက်ဆုံး အ ဆက်အသွယ်ရတဲ့အချိန်က နိုင်ငံတော်သီချင်းနဲ့ အသင်းသီချင်းဆိုတဲ့အချိန်ဖြစ်နေတယ်။ ဆိုပြီးတဲ့အချိန်မှာ စကားပြောစက်ကနေ အဆက်အသွယ် ပြတ်သွား တာ။ အဲဒီမပြတ်ခင်မှာလည်း ဘက်ထရီကုန်တော့မယ်လို့ ပြော ပြီးတော့မှ ပြတ်သွားတာပေါ့။ 

တောင်တက်သမားတွေအနေနဲ့ မစ်ရှင်အောင်မြင်သွားတဲ့ အချိန်မှာ ဂုဏ်ယူပြီးတော့ နိုင်ငံတော် သီချင်းဆိုတာမျိုးလုပ်လေ့ရှိကောင်းရှိမှာပေါ့နော်။ ဒါပေမဲ့ အခုပြောသွားတာအရ ဘက်ထရီကုန်တော့မယ်ဆိုတဲ့ အခြေအနေဆိုတော့ အဲဒီလိုအခြေအနေမှာ ဆက်သွယ်ရေးအတွက် အရေးကြီးဆုံးလိုအပ်တဲ့ ဘက်ထရီကိုကုန်စေမယ့် နိုင်ငံတော်သီချင်းဆိုတာမျိုးလုပ်ဖို့လိုအပ်လို့လား၊ လုပ်သင့်ရဲ့လားဆိုတာမျိုး မေးခွန်းတွေလည်းရှိတယ်ရှင့်။ အဲဒီ အပေါ် ဘယ်လို တုံ့ပြန်ချင်သလဲ။ 

မဟုတ်ဘူးခင်ဗျ။ ကမ္ဘာမကျေဆိုနေရင်းနဲ့ ပြတ်သွားတယ် ဆိုတာက နဂိုကတည်းကိုက ဘက်ထရီကမရှိတော့တာ။ မရှိဘူးဆို တဲ့ အချိန်မျိုးမှာ ကမ္ဘာမကျေဆို မယ်ဆိုပြီးတော့ပြောတယ်။ အဲဒီ မှာဘက်ထရီကပြတ်သွားတာ။ 

ဘက်ထရီက နဂိုကတည်းက နည်းနေပြီ။အဲဒီအချိန်မှာ save လုပ်ထားဖို့လိုမယ်။ အဲဒီအချိန်မှာဒီသီချင်းကို မဆိုဘဲနေလိုက်လို့ရှိရင်။ 

အဲဒါကျတော့ ပြောရမယ်ဆိုရင် တောင်ထိပ်ကိုရောက် နေတဲ့သူတွေရဲ့ သူတို့မှာရှိတဲ့ ပစ္စည်းတွေရဲ့ အခြေအနေနဲ့ နှိုင်း ယှဉ်ပြီးတော့ ဒါက သုံးသင့်တယ်၊ မသုံးသင့်ဘူး နှိုင်းယှဉ်ပြီးတော့ စဉ်းစားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ base campမှာ ကျန်ခဲ့တဲ့သူတွေကျတော့ ဒီကိစ္စကို ပြောဖို့ ကတော့ ခက်ပါတယ်။ 

အဲဒီတော့ တောင်ထိပ်ရောက်ပြီး ကတည်းက အဆက်အသွယ်ပြတ်သွားတာကို ဘက်ထရီပြတ်သွားလို့ပဲလို့ ခန့်မှန်းခဲ့တာလား။ 

သူတို့ဘက်ထရီအားကုန်တဲ့အတွက် ကျွန်တော်တို့ကို အဆက်အသွယ်မလာဘူးလို့ပဲ နားလည်ထားတာပေါ့။ 

ရန်ကုန်က တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်းနဲ့ ကိုကျော်ထွန်းနိုင်တို့အဖွဲ့ ဘယ်လိုဆက်သွယ်ကြသလဲ။ ဆက်သွယ်ပုံ အဆင့်ဆင့်ကို ပြောပြပါဦး။ 

Sport messenger ကနေပြီးတော့ ကျွန်တော်တို့ဘယ်ကိုရောက်နေတယ်ဆိုတဲ့ဟာမျိုး ရန်ကုန်မှာရှိတဲ့အသင်းကို ရောက်သွားတာပေါ့။ အဲဒီဟာနဲ့ပဲ ကျွန်တော်တို့ ဆက်သွယ်ရတာပေါ့။ 

ကိုအောင်မြင့်မြတ်၊ ကိုဝေယံမင်းသူတို့နဲ့ အဆက်အသွယ် မရတော့ဘဲ ရက်အတော်ကြာတဲ့ အခါမှာ သူတို့ပျောက်နေပြီဆိုတဲ့ သတင်းထွက်လာခဲ့တယ်။ ဒါပေမဲ့အဲဒါကို အသင်းပြန်ကြားရေးက ငြင်းပြီးတော့ ပျောက်နေတာမဟုတ်ဘူး၊ အပြန်လမ်းမှာ ဘက်ထရီကုန်လို့ အဆက်အသွယ်မရတာသာ ဖြစ်မယ်ဆိုပြီးတော့ ပြောခဲ့တယ်။နောက်ဆယ်ရက်လောက် ကြာသွားတဲ့အခါမှ ရှာဖွေရေးလုပ်တဲ့အပေါ် စောစောစီးစီး အမှန်အတိုင်းပြောပြီး ရှာဖွေသင့်တယ်လို့ ဝေဖန်တာတွေရှိကြတယ်ရှင့်။ အဲဒီအပေါ်ကော ဒီမှာတကယ်ပါဝင်နေခဲ့တဲ့ တောင်တက်သမားအနေနဲ့ ဘယ်လိုပြောချင်သလဲရှင့်။ 

ကျွန်တော်တို့ကလည်း ပျောက်နေတဲ့ဟာကို မပျောက် ဘူးလို့ ပြောနေတာမဟုတ်ဘူး။ အမှန်တကယ်က ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့သွားတဲ့နေရာ ဒေသကကို ဆက်သွယ်ရေး တကယ်ခက်ခဲပါတယ်။ အသွား တုန်းကဆိုရင် လေးညအိပ်၊ ငါး ရက်သွားရတဲ့နေရာကို ကျွန်တော်တို့ သတင်းပို့ဖို့ ၈ရက်နေ့ ပြန် ဆင်းတဲ့အချိန်မှာ တစ်ညအိပ် နှစ်ရက်ခရီးတည်းနဲ့ရောက်အောင် ကြိုးစားလုပ်ခဲ့ရတာမျိုးရှိတယ်။ 

အသင်းဘက်အနေနဲ့လည်း ကျွန်တော်တို့ပြောတာကို စောင့် ပြီးတော့မှ စဉ်းစားလို့ရမယ်လို့ ယူဆပါတယ်ခင်ဗျ။ 

ကျွန်တော်တို့နဲ့ တောင် ထိပ်ကိုရောက်တဲ့ နှစ်ယောက်နဲ့ ပြန်ဆုံဖို့ချိန်းထားတာက စက်တင်ဘာ (၅)ရက်နေ့။ ကျွန်တော်တို့က တောင်ခြေမှာပဲ သူတို့ဆင်း လာတာကို စောင့်နေတယ်။ အဲဒီ၅ ရက်နေ့မှာ ဆင်းမလာတဲ့ အတွက် ကျွန်တော်တို့ကို လိုက်ပို့ ပေးတဲ့ လမ်းပြကနေပြီးတော့ ပထမဆုံးသူတို့ကမ့်ချသွားတဲ့ အမြင့်ပေ ၁၅,၈၀၀ ကမ့်အထိကို ၅ ရက်နေ့မှာ တက်ကြည့်တယ်။ စောင့်နေပြီး သူတို့ပြန်ဆင်းလာတဲ့ အခြေအနေ မတွေ့ရတဲ့အတွက် ၆ရက် နေ့အထိ ဆက်စောင့်တယ်။ ၇ရက်နေ့မှာ တစ်ကြိမ် ကမ့်နံပါတ်(၃)ဖြစ်တဲ့ ၁၆,၂၀၀ပေ အမြင့်ထိ ကို လမ်းပြက တက်ပြီးတော့ ရှာခဲ့တယ်။ အဲဒီအချိန်မှာမှ ဆင်းလာတဲ့ဟာမျိုးတွေ မတွေ့တဲ့အတွက် base campမှာ ကျန်တဲ့ ခြောက် ယောက်က တိုင်ပင်ပြီးတော့ လက်ရှိအဆက်အသွယ်ပြတ်နေ တဲ့ဟာကို ရန်ကုန်ကို သတင်းပို့ဖို့၈ ရက်နေ့မှာ ပြန်ဆင်းလာ တယ်။ 

ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူပျောက်သွားပြီလို့ ဘယ်အချိန် မှာ စနားလည်လိုက်တယ်လို့ ပြောရမလဲ။ 

၉ ရက်နေ့မှာ တဟွန်ဒမ်းရွာကိုရောက်တယ်။ တဟွန်ဒမ်းရွာက ၁၉၉၆တုန်းက ဂျပန်အိုဇာကီနဲ့အတူတူတက်သွားတဲ့ ဦးနမား ဂျွန်ဆင်ဆီမှာ ဖုန်းရှိတယ်။ သူ့ဆီကနေ ဖုန်းငှားပြီးတော့ ၉ရက်နေ့ ညမှာ အကြောင်းကြားတယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ် ပြတ်နေတယ်။ ရန်ကုန်ကို sportmessenger ကနေ လှမ်းပို့ပြီး တော့ ရန်ကုန်ရဲ့ ညွှန်ကြားချက်ကို တဟွန်ဒမ်းရွာမှာပဲ ထိုင်စောင့် နေတယ်။ 

ရန်ကုန်ကို ပြန်အကြောင်းကြား တဲ့အခါမှာကော ပျောက်သွားပြီ လို့ အကြောင်းကြားတာလား၊ ဘယ်လိုအကြောင်းကြားတာလဲ။ 

ကျွန်တော်တို့နဲ့ အဆက် အသွယ်ပြတ်နေတယ်ဆိုပြီးတော့ပဲပေါ့။ 

အဲဒီ့တော့ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းက ဘယ်လို တုံ့ပြန်လဲ။ 

ကျွန်တော်တို့ ပြောပြောချင်းပဲ ရန်ကုန်မှာအသင်းက ဘာတွေ ဆက်လုပ်မလဲဆိုတာကို အစည်း အဝေးထိုင်တယ်လို့တော့ ကျွန် တော်တို့ အကြမ်းဖျင်းသိထား တာပေါ့လေ။ 

သြဂုတ်လ ၃၁ ရက်၊ ညနေ ၅နာရီ ၁မိနစ်လောက်ကတည်းက အဆက်အသွယ်ပြတ်သွားတယ်လို့ ကျွန်မတို့သိရတယ်။ ဟုတ်ပါသလားရှင့်။ 

ဟုတ်ပါတယ်။ 

အဲဒီ့တော့ သူတို့ကိုကိုယ့်ရဲ့အဖွဲ့သားချင်း၊ မိတ်ဆွေဆိုတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ ကိုကျော်ထွန်းနိုင်က တောင်တက်သမားတစ်ယောက်အနေနဲ့ ဓမ္မဓိဋ္ဌာန် ကျကျပြောရမယ်ဆိုလို့ရှိရင် သူတို့နှစ်ယောက်ရဲ့ ဖြစ်နိုင်ခြေအခြေအနေက ဘယ်လိုရှိမလဲရှင့်။ 

လက်ရှိအခြေအနေကို ပြော ရမယ်ဆိုရင်၊ တောင်တက်သမား တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် သူတို့ ရိက္ခာချွေစားပြီးတော့ သူတို့လုံခြုံတဲ့နေရာတစ်ခုမှာ နေနိုင်တယ်ဆိုရင်တော့ သူတို့ကိုကယ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ 

အဲဒီတောင်ဆိုတဲ့ဟာက ကျွန်တော်တို့ မမြင်နိုင်တဲ့ နေရာ တွေရှိတာကိုး။ အဲဒီ့တော့ တချို့ကိစ္စတွေကျတော့ မှန်းပြီးတော့ ပြောဖို့ဆိုတာ ခက်ပါတယ်။ ရှာဖွေ ရေးအားလုံးလုပ်ပြီးတော့မှပဲ ဘာ ကြောင့် ဖြစ်နိုင်မယ်ဆိုတာကို ကောက်ချက်ချလို့ ရပါမယ်ခင်ဗျ။ 

ကိုအောင်မြင့်မြတ်နဲ့ကိုဝေယံမင်းသူ တောင်ထိပ်ကို မတက်ခင်မှာ ကိုကျော်ထွန်းနိုင်တို့နဲ့ ဘာတွေများနောက်ဆုံးပြောဖြစ်ခဲ့သေးသ လဲရှင့်။ 

ဒီ base camp မရောက်ခင် နေရာမှာပဲ ကျွန်တော်တို့ကို မေးဖူးတာရှိတယ်။ အခုခါကာဘိုရာဇီတက်ပြီးရင် ကမ္ဘာ့အမြင့်ဆုံး ဆိုတဲ့ ဧဝရက်တောင်တက်မယ်၊ အဲဒီ့အခါမှာကော support လိုက်လုပ်ပေးနိုင်မလားတဲ့။ ဧဝရက်မှမဟုတ်ဘူး၊ ဘယ်တောင်တက် တက် support လိုက်လုပ်ပေးနိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြောခဲ့တယ်။ ပြီးတော့တချို့တောင်တွေဆိုရင် ကျွမ်းကျင်မှုလည်းရှိမယ်၊ လေ့ကျင့်မှုလည်း ရှိမယ်ဆိုရင် ဆက်ပြီးတော့ တက် နေဦးမှာပဲ။ 



ဘီယွန်ဆေးရဲ့ဘီကီနီပုံမှာ ဘာကိုပြုပြင်ထားသလဲ


သရုပ်ဆောင် အဆိုတော် Beyonce ရဲ့ ဓာတ်ပုံထဲ ပေါင်တံတွေ သွယ်လျလျဖြစ်အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

Beyonce ရဲ့ အင်တာနက်စာမျက်နှာမှာ တင်လိုက်တဲ့ မြွေအရေခွံဒီဇိုင်း ဘီကီဝတ်ဓာတ်ပုံကို ကြည့်ပြီး အဲဒီလို ဆိုနေကြခြင်းပါ။

လှေခါးကနေ ခပ်ပြုံးပြုံးလေး ဆင်းလာတဲ့ဒီပုံမှာ သူ့ပေါင်အတွင်းသား ခပ်ပါးပါး ထွင်းထားတာကတော့ သိသိသာသာပါပဲ။

နောက်ခံ လှေခါးထစ်က ပုံစံပျက်နေပါတယ်။

ပေါင်သားကို ထွင်းထားတာ မဟုတ်ဘူး ဆိုရင်တော့ လှေခါးထစ်တပ်ဆင်တဲ့လက်သမားတွေ အသုံးမကျတာပဲ ဖြစ်ပါလိမ့်မယ်။

လက်သမားတွေ အပြစ်မရှိဘူး ဆိုရင်တော့ ဓာတ်ပုံကို ပြုပြင်တဲ့ငနဲ သို့မဟုတ် ငနဲမ သောက်သုံးမကျဘူးလို့ ဆိုရမယ်။

သန်းကြွယ်သူဌေးဖြစ်ပြီး အကောင်းစား ကွန်ပြူတာသမား မငှားနိုင်ဘူးလားလို့ Beyonce ကို အပြစ်တင်သူတောင် ရှိလာနိုင်ပါတယ်။

သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသက် ၃၃ နှစ် ပြည့်သွားပါပြီ။

လူမည်း ဂီတသမားတွေထဲမှာတော့ ကြေးအများဆုံး ရသူပါပဲ။
Time ကလည်း သူ့ကို ပြီးခဲ့တဲ့နှစ်ရော ဒီနှစ်ရော ကမ္ဘာ့ သြဇာအကြီးဆုံး ၁ဝဝ စာရင်းထဲ ထည့်ထားတာပါ။

အနောက်ကမ္ဘာမှာ လူကြိုက်များတဲ့ သရုပ်ဆောင် အဆိုတော် Beyonce ဓာတ်ပုံထဲက ပေါင်တံ ပြုပြင်လို့ လူမိတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ကိုယ်နေဟန်ထားကြည့်ရတာ ဝဝဖိုင့်ဖိုင့် မဟုတ်ပါဘူး။ ပေါင်တံသွယ်သွယ် ဖြစ်ချင်တယ် ဆိုတော့ လူအများအပြားက ပေါင်တံသွယ်သွယ်မှ နှစ်သစ်ကြတယ်လို့ ယူဆတာကြောင့် ဖြစ်ပုံရပါတယ်။

ဆံပင်အရောင်ကလည်း ပြင်ဆင်ထားခြင်းပါ။ ရွှေရောင်ဆံပင်ကို ကြိုက်သူ အတော်များနေပါပြီ။

ဒီအဆိုတော်က အဆင်းအသွင်ကို ပြုပြင်ထားပေမယ့် သူ့သီချင်းထဲက သူ့အသံကတော့ အစစ်အမှန်ဖြစ်မယ်လို့ ထင်ရပါတယ်။

တောင်အာဖရိကတွင် အမျိုးသမီးနှစ်ဦးက အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ခြိမ်းခြောက်၍ မုဒိမ်းကျင့်

တောင်အာဖရိကနိုင်ငံတွင် အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးမှ ၎င်းကို အမျိုးသမီးနှစ်ဦးက ကားထဲတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သည်ဟု ရဲအား တိုင်ကြားခဲ့သည်။


၎င်း၏အိမ်သို့ ပြန်လာစဉ် ၎င်း၏အနားသို့ BMW ကားတစ်စီး ထိုးရပ်လာခဲ့ကြောင်း၊ ကားမောင်းသူ အမျိုးသမီးက ၎င်းအား ကားထဲသို့ ဝင်ရောက်ရန် ညွှန်ကြားကြောင်း၊ ထိုစဉ် ကားနောက်ခန်း၌ ထိုင်နေသူ အမျိုးသမီးက ခါးကြားမှ သေနတ်ကိုထုတ်ကာ ၎င်းတည့်တည့်သို့ချိန်၍ ကားထဲသို့ဝင်ရန် အမိန့်ပေးခဲ့ကြောင်း ထိုသူက ရဲကို တိုင်ကြားခဲ့သည်။

ထိုနောက် အမျိုးသမီးများက ကားကို ပန်းခြံတစ်ခုသို့ မောင်းနှင်ဝင်ရောက်ရပ်တန့်ခဲ့သည်။

အမျိုးသမီး နှစ်ဦးက ထိုသူအား အဝတ်အစားများကို အကုန်ချွတ်ခိုင်းစေပြီး ထိုသူအား မုဒိမ်းကျင့်ခဲ့ကြသည်။ ထိုသို့ မုဒိမ်းကျင့်နေစဉ်အတွင်း အမျိုသမီးတစ်ဦးကာ ထိုသူအား သေနတ်ဖြင့် တည့်တည့်ချိန်ထားသည်။

အမှုကျူးလွန်သူ အမျိုးသမီး ၃ ဦးမှာ အသက် ၃၀ ဝန်းကျင် ဖြစ်သည်ဟု ထိုသူက ရဲများကို ပြောကြားသည်။

၎င်းတွေ့ကြုံခဲ့ရသော အဖြစ်ဆိုးကို ပြောပြစဉ်အတွင်း ထိုသူမှာ ထိန့်လန့်ကြောက်ရွံနေပြီး တုန်လှုန်ခြောက်ခြားစွာဖြင့် ၎င်း၏ HIV စစ်ဆေးမှု အဖြေရလာဒ်ကို စောင့်မျှော်လျက် ရှိသည်။

အမျိုးသမီး ၃ ဦးကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုများဖြင့် တရားစွဲထားသော်လည်း ယခုတိုင် လက်ရဖမ်းမိခြင်း မရှိသေးပါ။

တောင်အာဖရိကနိုင်ငံ၊ ယင်းမြို့၌ ယခင်ကလည်း ထိုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း ရဲက ဝန်ခံပြောကြားသည်။ ယခင်ကျူးလွန်ခဲ့သော အမျိုးသမီးများက နောက်တစ်ကျော့ ဤမြို့၌ ပြန်လည်ကျူးလွန်လေသလားဟု ရဲများက စိုးထိတ်နေကြသည်။

http://www.emirates247.com/crime/world/man-raped-by-two-women-at-gunpoint-2014-09-18-1.563396

From: မျိုးမင်းသန့်

အမျိုးသမီးနှင့် ငြိမ်းချမ်းရေး


စစ်ပွဲတစ်ပွဲ အောင်နိုင်ဖို့ ရဲရင့်ပြတ်သား ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါမျိုးကို ပုရိသ စစ်ဘုရင် တွေဟာ ပြည်သူတွေရဲ့ အသက်ပေါင်း များစွာနဲ့ စတေးပြီး သက်သေပြခဲ့ ပြီးပါပြီ။ ဒါဆို အမျိုးသမီး တွေက စစ်ရေးနဲ့ နိုင်ငံရေးမှာ ဘယ်လောက် အထိ အရေးပါ သလဲ။ သည်လို မေးလာခဲ့ရင် မိခင်စိတ်နဲ့ ကြင်နာစိတ် ရှိတဲ့ မိန်းမသား တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်း အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြန်ဖြေ နိုင်ပါတယ်။ စစ်ပွဲ တစ်ပွဲကို နိုင်အောင် တိုက်နိုင်ချင်မှ တိုက်နိုင်မှာ ဖြစ်ပေမယ့် ဒုက္ခ ဖြစ်နေသူ တွေကို ဖေးမ စောင့်ရှောက်တဲ့ နေရာ မှာတော့ မိန်းမသား တွေရဲ့ လက်တွေဟာ အရေးပါတဲ့ နေရာမှာ ရှိပါတယ်။
“သူဘာကြောင့် လဲကျနေလဲ ဆိုတာကို သိဖို့မလို ပါဘူး။ သူမတ်တပ် ပြန်ရပ်နိုင်အောင် ကူညီ ဖေးမဖို့က ကျွန်မရဲ့ အလုပ်ပါ” မာသာထရီဇာ ပြောခဲ့တာ ဖြစ်ပါ တယ်။ သန်းနဲ့ချီ ဒုက္ခရောက် နေတဲ့ အိန္ဒိယ ပြည်သူတွေကို ဖေးမ စောင့်ရှောက်ခဲ့ သူပါ။ အနာကြီး ရောဂါသည်တွေ၊ ၀မ်းရောဂါ သည်တွေ၊ အငတ်ဘေး ကြုံလို့ အရုပ်ကြိုးပြတ် လဲကျနေ သူတွေကို ထူမဖို့ ကြိုးစား ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ သူဟာ အိန္ဒိယ လူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်းရဲ ဒုက္ခရောက်နေ သူတွေကို ဆွေမျိုး သားချင်းလို စောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ အာရှ တစ်လွှား ဥရောပ အင်အားကြီး နိုင်ငံတွေရဲ့ စစ်အင်အား ပြိုင်ဆိုင်မှုမှာ အကျိုးအပဲ့ အပိုင်းအစ တွေကို တစ်စစီ ကောက်ယူ ပြန်ဆက်ဖို့ ကြိုးစားခဲ့တဲ့ အံ့ဖွယ် အမျိုးသမီး ဖြစ်ပါတယ်။

မာသာထရီဇာ လိုပဲ စစ်ပွဲကြားမှာ ဒဏ်ရာရ စစ်သားတွေကို နေ့ည ပြုစု စောင့်ရှောက်ပေး ခဲ့တဲ့ နိုက်တင်ဂေးလို အာဇာနည် သူနာပြု ဆရာမ ကြီးလည်း ရှိပါ သေးတယ်။ လက်ရှိ ကချင်စစ်ဘေးသင့် ဒုက္ခသည် စခန်းတွေမှာ ပြည်သူ တွေကို ကူညီ စောင့်ရှောက် နေတဲ့ လဖိုင်ဆန်းရော်ဆိုတဲ့ ကချင် အမျိုး သမီး ဟာလည်း မြန်မာ့ ငြိမ်းချမ်းရေး သမိုင်းကြောင်းမှာ မှတ်တမ်းတင် နိုင်ခဲ့ပါပြီ။ သူတို့လိုပဲ ကမ္ဘာ့ ငြိမ်းချမ်းရေး သမိုင်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးပေါင်း များစွာ ရှိပါ သေးတယ်။

အစဉ်အလာနှင့်အမျိုးသမီး

အာရှ အစဉ်အလာ အရ အမျိုးသမီး တွေကို ဖိနှိပ် ချုပ်ချယ်မှု ကြီးကြီးမားမား မရှိပေမယ့် ဘာသာရေး အရ၊ လူမျိုးရေး အရ ထိန်းသိမ်း ထားတဲ့ ကျင့်ဝတ်တွေကြောင့် အမျိုးသမီး တွေဟာ ရှေ့တန်း ထွက်ရလေ့ သိပ်မရှိ ပါဘူး။ မိဘ ညီအစ်ကို မောင်ဖွား တွေရဲ့ စကားကို မြေ၀ယ်မကျ နားထောင်ရပြီး ဗိုင်းကောင်းကျောက် ဖိ နေထိုင်မှ သာ အမျိုးကောင်းသမီး အဖြစ် ပတ်ဝန်းကျင်က ရှုမြင် တတ်တဲ့ သဘော ရှိပါတယ်။ ဒီလို ယဉ်ကျေးမှု ရှုထောင့်က ကြည့်တဲ့ အမြင်တွေကြောင့် အမျိုးသမီး တော်တော် များများဟာ ရှေ့တန်း ထွက်ဖို့ကို တွန့်ဆုတ် တတ်ကြ ပါတယ်။ ဒါပေမဲ့ အခြားသော ရှုထောင့်များက ကြည့်မယ် ဆိုရင်တော့ ရှေ့တန်း ထွက်သင့်ရင် ထွက်ကြရမှာ ဖြစ်ပါတယ်။ ထွက်ဖို့ သတ္တိလည်း လိုအပ်လာ ပါပြီ။

ခေတ်ကာလ အခြေအနေ အရ အမျိုးသမီး တွေဟာ အမျိုးသား တွေနဲ့ ရင်ပေါင်တန်းဖို့ တန်းတူ အခွင့်အရေး ရဖို့ ဆိုတာမျိုး တွေကို အတိအလင်း ထုတ်ဖော် ပြော ကြား လာပါပြီ။ “စစ်ဖြစ်ပြီ ဆိုရင် ဒုက္ခ အများဆုံး ခံစားကြ ရတာက အမျိုးသမီး တွေနဲ့ ကလေး တွေပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ အမျိုးသမီး တွေ ရဲ့ အသံတွေ။ အမျိုးသမီးတွေ တင်ပြတာ တွေကို လက်ခံပေးဖို့ လိုတယ်။ လက်နက် ကိုင်ပြီး တိုက်နေတဲ့ ယောက်ျားတွေပဲ ဆွေးနွေးလို့ မရဘူး။ အမျိုးသမီးတွေ ပါဝင်မှု နည်းတယ် ဆိုတာ ဟုတ်ပါတယ်။ ပြည်သူ့ လွှတ်တော်က ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ ကျွန်မနဲ့ ဒေါ်မိအိမ် စန်း နှစ်ယောက်ပဲ ပါတယ်။ အမျိုးသမီး တွေ ငြိမ်းချမ်းရေးမှာ ပါဝင် လာမှုများ လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတော့ မစဉ်းစား တတ်တော့ဘူး။ ကျွန်မက တည့်တည့် ပြောတော့ အစိုးရက မကြိုက်ဘူးလေ။ အခု ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကျွန်မကို မခေါ်တော့ဘူး။ အစတုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ ကျွန်မကို ဖိတ်ပါ သေးတယ်။ အခု မဖိတ် တော့ဘူး။ မိန်းမတွေကို ရှုပ်တယ်လို့ မြင်သလား။ တည့်တည့် ပြောလို့ မကြိုက်တာ လားတော့ မသိဘူး” လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ လွှတ်တော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အဖွဲ့ဝင် ဒေါ်ဒွဲဘူက အမျိုးသမီးတွေ ရှေ့တန်း ထွက်တဲ့အခါ ပြုမူ ခံရပုံကို ပြောပါတယ်။

တိုင်းရင်းသား အမျိုးသမီးများ

နိုင်ငံ တစ်နိုင်ငံ တည်းမှာကို လူမျိုး အသီးသီးရဲ့ အမျိုးသမီးတွေ အပေါ် ထားတဲ့ အယူအဆ အမြင်တွေဟာ အနည်းငယ် ကွဲပြား နေတတ် ပါတယ်။ ဒါပေမဲ့ လူမျိုး မတူတဲ့ တိုင်းရင်းသား အမျိုးသမီး အားလုံးရဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ အမြင် ကတော့ တူညီနေတာကို တွေ့ရ ပါတယ်။ စစ်ဖြစ်တဲ့ အခါ အဓိက ဒုက္ခရောက် ရတာ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်တာကြောင့် လက်ပွန်းတတီး နေသူချင်းရဲ့ ဒုက္ခကို အမျိုးသမီးတွေက ပိုနားလည် တတ်ပါတယ်။ စစ်နဲ့ ပဋိပက္ခ တွေကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေကို မလိုလား ကြပါဘူး။ ရှင်စောပု မွန်အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း ဗဟို အတွင်းရေးမှူး မိသန်းရှင်က “ငြိမ်းချမ်းရေးကို တကယ် လိုချင်ကြ ရင်တော့ နှစ်ဖက်လုံးက အလျှော့အတင်း ညှိနှိုင်း လုပ်ဆောင်မှ ရလိမ့်မယ် ပေါ့။ အခု အနေအထားကို ပြောရရင် ဒီမိုကရေစီ ဆိုတာ ကလည်း ပြည့်ပြည့်၀၀ မရသေးတော့ ပြောဖို့က တော်တော် ခက်ပါတယ်။ တစ်ခု ပြောနိုင် တာက အရင်ထက် စာရင်တော့ အခြေအနေတွေ တိုးတက်မှု ရှိလာပြီပေါ့။ မငြိမ်းမချမ်း ဖြစ်ရင် အမျိုးသမီး တွေနဲ့ ကလေးတွေ ပိုခံစားရ တာကတော့ အမှန်ပဲ။ ဒါပေမဲ့ ကျွန်မတို့ မွန်တွေ အနေနဲ့တော့ အမျိုးသမီး တွေကို ခွဲခြား ထားတာမျိုး မရှိဘူး။ မွန်ပြည်သစ် ပါတီတွေ မှာလည်း အမျိုးသမီး တွေကို နေရာပေးတာ အများကြီး ရှိပါတယ်” လို့ ဆိုပါတယ်။

ရခိုင် အမျိုးသမီး တေးသံရှင် တစ်ဦးဖြစ်တဲ့ မိုင်ကလည်း “ငြိမ်းချမ်းရေး ဆိုတာ လူတိုင်း လူတိုင်း အတွက် အင်မတန်မှ လိုအပ်တဲ့ အရာပါ။ ငြိမ်းချမ်းရေးကို ဘာနဲ့မှ လဲလို့ မရပါဘူး။ ငြိမ်းချမ်းနေရေးက နိုင်ငံ တစ်နိုင်ငံမှ လိုအပ်တာ မဟုတ်ပါဘူး။ မိသားစု တစ်စု အတွက်လည်း တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေဖို့ အတွက် ငြိမ်းချမ်းရေး လိုအပ် ပါတယ်။ အဲဒီ မိသားစုလေးဟာ အဆင်ပြေ ငြိမ်းချမ်းမယ် ဆိုရင် မိသားစု တစ်ခုလုံး စိတ်ချမ်းသာ တာပေါ့။ မိသားစုက မသင့်မြတ်ဘူး ဆိုရင် စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အရာတွေပါ ထိခိုက် နိုင်ပါတယ်။ တိုင်းပြည် တစ်ပြည် မှာလည်း တိုင်းရင်းသား အချင်းချင်း သင့်မြတ်ပြီး ငြိမ်းချမ်းရေး လိုအပ် ပါတယ်။ တိုင်းရင်းသား အချင်းချင်း သင့်မြတ်မယ် ဆိုရင် စစ်ဆိုတာ ဘယ်တော့မှ ဖြစ်ပေါ်မှာ မဟုတ် ပါဘူး။ အေးချမ်းတဲ့ တိုင်းပြည် ဖြစ်တဲ့ အတွက် လူတိုင်း နေချင်ကြ မှာပါ။ အန်တီမိုင့် အနေနဲ့ ကတော့ တိုင်းရင်းသား၊ ညီအစ်ကို မောင်နှမ အကုန်လုံး အတွက်ကို အဆင်ပြေစေ ချင်တယ်။ ရခိုင် လူမျိုးတွေမှ မဟုတ်ပါဘူး။ ရခိုင် ပဋိပက္ခ ဖြစ်တဲ့ အချိန်တုန်း ကတော့ တိုင်းရင်းသားတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်ခဲ့ရ ပါတယ။် ကိုယ့်လူမျိုးရော တစ်ခြားသူ တွေပါ ဒုက္ခတွေ ရောက်ခဲ့ ကြရတယ်။ အန်တီမိုင် ကတော့ လူမျိုးတိုင်းကို မေတ္တာထား ပါတယ်။ လူမျိုးတိုင်းမှာ ကောင်းတဲ့သူတွေ ရှိသလို ဆိုးတဲ့သူတွေလည်း ရြှိက ပါတယ။် မကောင်းတဲ့သူ တစ်စုကြောင့် ကောင်းတဲ့ လူတွေ ဒုက္ခရောက် ကြရတယ်။ ဒါကြောင့် ပဋိပက္ခ ဆိုတာကြီးကို လုံးဝ မဖြစ်စေချင် ပါဘူး”လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

နိုင်ငံရေးနှင့်အမျိုးသမီး

တကယ်တမ်း နိုင်ငံရေး လုပ်ငန်း လုပ်ဆောင်တဲ့ နေရာမှာ အမျိုးသား ဖြစ်ခြင်း၊ အမျိုးသမီး ဖြစ်ခြင်းက အရေးပါ လှတဲ့ ကိစ္စရပ် မဟုတ်ပါဘူး။ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုး ဘယ်လောက်ထိ ဆောင်ရွက် နိုင်တယ် ဆိုတဲ့ အညွှန်းကိန်း ကသာ အရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက် နိုင်မယ် ဆိုရင် အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ ပြည်သူက လေးစား ချစ်ခင်မှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းက ကိုဂျင်မီက“အမျိုးသမီးတွေ ပါဝင်ခွင့် နည်းနေတာ ကတော့ နေရာတိုင်း မှာပဲလေ။ Gender အမြင်နဲ့ ခွဲခြမ်း စိတ်ဖြာပြီး ပြောတဲ့ အပိုင်းက တစ်ပိုင်းပေါ့။ တကယ် ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေ ဆိုရင်တော့ ကျွန်တော်တို့က ကျား/မ မခွဲခြားဘဲ ကြိုဆိုရ မှာပဲ။ ကိုယ်စားပြုတဲ့ လူတွေတော့ ဖြစ်ဖို့ လိုတာပေါ့။ ငြိမ်းချမ်းရေးက အခုမှ ဆွေးနွေးပွဲ အဆင့်မှာပဲ ရှိသေးတာ။ အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်နိုင် သေးဘူး။ တကယ် ငြိမ်းချမ်းရေး ဖော်ဆောင် ကြပြီ ဆိုရင် အမျိုးသမီးတွေ အများကြီး ပါဝင်လာ ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အများကြီး ဖြစ်လာမှာပါ။ သူတို့မှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ၊ အတွေး အခေါ်တွေ ရှိတာပဲ။ တချို့ အပိုင်းတွေဆို ကျွန်တော် တို့ထက် သာလွန် တာတွေတောင် ရှိတယ်။ သူတို့ လုပ်ဆောင် နိုင်ပါ လိမ့်မယ်” လို့ သုံးသပ် ထားပါတယ်။

အဆိုတော် မိုင်က “အခုခေတ်မှာ အမျိုးသမီး တွေကလည်း အမျိုးသား တွေနဲ့ ရင်ပေါင်တန်းပြီး စီးပွားရေး မှာကော၊ လူမှုရေး မှာပါ လုပ်ဆောင် နေကြပြီလေ။ အမျိုးသမီး တွေလည်း အမျိုးသားများ နည်းတူတန်းတူ အခွင့်အရေးတွေ ရပြီး အရေးပါတဲ့ ကဏ္ဍတွေမှာ ပါဝင် လုပ်ဆောင်ခွင့် ရစေချင် ပါတယ်။ အမျိုးသမီး များကိုလည်း အမျိုးသားများ နည်းတူ နေရာပေးစေ ချင်ပါတယ်”လို့ ဆိုပါတယ်။

ကျား/မ ဖြစ်ခြင်းထက် ပြည်သူတွေ အပေါ်ထားတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အရည်အချင်း ကသာ အရေးပါတယ် ဆိုတာကို သက်သေပြ နိုင်ခဲ့သူ ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အတွက် ပြည်သူတွေရဲ့ လေးစားမှုကို ရတာမျိုးထက် နိုင်ငံရေးနဲ့ ပတ်သက်လို့၊ ငြိမ်းချမ်းရေး ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ပင်ကို အရည်အချင်း ရှိတာကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒေါ်စုကြည် ရယူနိုင်တာပဲ ဖြစ်ပါတယ်။ “ကျွန်မတို့ နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အေးအေး ဆေးဆေးနဲ့ သာသာ ယာယာနဲ့ နေနိုင်ဖို့။ အဲဒီတော့ နိုင်ငံ တစ်နိုင်ငံဟာ တိုးတက်ဖို့ သာယာဖို့ ဆိုတာ ပထမ ဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အဲဒီတော့ ကျွန်မရဲ့ မွေးနေ့ ဆုတောင်း ကတော့ ကျွန်မတို့ အားလုံး ငြိမ်းချမ်း ကြပါစေ ဆိုတဲ့ ဆုတောင်းပါပဲ” လို့ ဒေါ်အောင်ဆန်း စုကြည်က သူမရဲ့ အသက် ၆၆ နှစ်ပြည့် မွေးနေ့မှာ သူမရဲ့ ဆုတောင်းကို ပြောပြခဲ့ ပါတယ်။ သူမဟာ အခုအသက် ၇၀ အတွင်း မှာပါ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် မြန်မာ အမျိုးသမီးများ

စက်တင်ဘာ ၁၃ရက် နေ့က သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေကို ပါဝင်ခွင့် ပေးမယ်လို့ ပြောထား ပါတယ်။ ဒီနေရာမှာ အမျိုးသမီး တွေရဲ့ အခန်း ကဏ္ဍက အရေးပါတဲ့ အတွက် နိုင်ငံရေး အသိုင်းအ၀ိုင်း ထဲကို ၀င်ရောက် လာတဲ့ မြန်မာ အမျိုးသမီး တွေရဲ့ အမြင် အယူအဆ တွေကို တင်ပြချင် ပါတယ်။ “လက်မှတ် ထိုးမယ်။ စားပွဲဝိုင်း ပေါ်မှာ ရောက်နေပြီး ထိုးပြီလား ... ထိုးပြီလား ဆိုတာ ငြိမ်းချမ်းရေးကို တကယ် လို့ချင်လို့ ရင်ခုန် ခဲ့ရတာ နှလုံး ရောဂါတောင် ဖြစ်တော့မယ်။ တစ်ခု ရှိတာက ဘာကြောင့် ကြန့်ကြာ နေရတာလဲ ဆိုတာ သူတို့ပဲ သိကြ လိမ့်မယ်။ အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုး လိုက်ရင် အရင်လို ပြန်ဖြစ် မလား။ အရင်တစ်ခေါက် တုန်းကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူ ခဲ့ကြတာ နောက်တော့ ပြန်ဖြစ် တာပဲ။ တစ်ခါ သေဖူး ပျဉ်ဖိုး နားလည် ဆိုတဲ့ စကားကလည်း ရှိသေး တာကိုး။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ လုပ်တဲ့ အခါ မှာလည်း ဥပဒေ မူဘောင်တွေနဲ့ ခိုင်ခိုင်မာမာ လုပ်ဆောင်ဖို့ လိုတယ်။ ဥပဒေ အရင်ပြု ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ဆွေးနွေး လုပ်ကိုင် သင့်တယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက သုံးသပ်ပါတယ်။

ရှင်စောပု မွန်အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း အတွင်းရေးမှူး မသိန်းရှင် ကတော့ “ငြိမ်းချမ်းရေး လက်ရှိ လုပ်ကိုင် နေတဲ့ ဆွေးနွေးနေတဲ့ အပိုင်းမှာ အမျိုးသမီးတွေ ပါဝင်မှု နည်းတာဟာ အစိုးရက ဖိတ်မှ မဖိတ်တာ။ အောက်ခြေ အဖွဲ့တွေ ကလည်း အမျိုးသမီး တွေကို ဖိတ်ဖို့ လိုတယ်။ တကယ် ငြိမ်းချမ်းရေးကို သွားကြမယ် ဆိုရင်တော့ တက်ရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေ။ ဒိုင်လူကြီး လုပ်တဲ့ လူတွေက ကောင်းဖို့ လိုတယ်။ တရားမျှတ မှုကို လိုလားတဲ့ လူတွေ ဖြစ်ဖို့ လိုတယ်”ဟု ပြောကြားခဲ့သည်။ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းက မမီးမီး ကလည်း “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ အမျိုးသမီး တွေလည်း ပါဝင်သင့် ပါတယ်။ ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ဖို့ပေါ့။ ငြိမ်းချမ်း ရေးကို ထိန်းသိမ်း ထားနိုင် ဖို့လည်း အရေးကြီး ပါတယ်။ ကျွန်မတို့ ပါဝင် ဆွေးနွေးခွင့် ရပြီ ဆိုရင် ငြိမ်းချမ်းရေးရဲ့ အခြေခံ အကြောင်းအရာ တွေကို ဆွေးနွေး ချင်ပါတယ်။ ရာသက်ပန် ငြိမ်းချမ်းရေး ရဖို့ပေါ့”လို့ ဆိုပါတယ်။

ယခုနှစ် အတွင်း ဧပြီလနှင့် မေလ အတွင်း ကောက်ယူ ခဲ့တဲ့ သန်းခေါင် စာရင်းအရ ရှေ့ပြေး လူဦးရေ စာရင်းမှာ မြန်မာနိုင်ငံတွင်း ရှိနေသူ ဦးရေမှာ ၅၁ သန်းကျော် ရှိပါတယ်။ အဲဒီ လူဦးရေ စာရင်းမှာ ကျား/မ အရေအတွက် ကွာဟမှုကို ကြည့်မယ် ဆိုရင်လည်း အမျိုးသမီး ဦးရေဟာ နှစ်သန်း ကျော်လောက် ပိုမို များပြား နေပါတယ်။ အမျိုးသမီးတွေ ပါဝင်မှုနှုန်းဟာ လူဦးရေရဲ့ ၅၁ဒသမ ၈ ရာခိုင်နှုန်းထိ ရှိနေတယ် လို့လည်း သန်းခေါင်စာရင်း ထုတ်ပြန်ချက် (၁)မှာ ဖော်ပြ ထားပါတယ်။ အခုလို အမျိုးသမီး လူဦးရေ များပြား နေပေမယ့် နိုင်ငံရေး လှုပ်ရှားမှု၊ ငြိမ်းချမ်းရေး အကောင် အထည်ဖော် ဆောင်ရွက်မှု တွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ရရှိမှုဟာ နည်းပါးနေ ပါတယ်။ ဒါ့အပြင် လွှတ်တော်နဲ့ အစိုးရ အဖွဲ့မှာ အမျိုး သမီးတွေ ဦးဆောင် တာဝန်ယူမှု အပိုင်း ဟာလည်း မှေးမှိန်နေ ပါသေးတယ်။ ကျား/မ ခွဲခြားမှုတွေ၊ ရိုးရာ အစဉ်အလာတွေ ဘယ်လောက် ရှိနေပါစေ အရည်အချင်း ပြည့်ဝမယ် ဆိုရင်၊ အများအကျိုး လိုလားမယ် ဆိုရင် အမျိုးသမီးတွေ အတွက် နေရာပေးဖို့ ၀န်မလေး သင့်ပါဘူး။ အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍ အရင်ကထက် ပိုမိုထိရောက် ပီပြင် လာခဲ့ရင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ပန်းခင်းကြီး အတွက် အကောင်းဆုံး ဥယျာဉ်မှူးတွေ ဖြစ်လာ မှာပါ။
Written by သတင်းအဖွဲ့
mizzimaburmese.

သင့်ရဲ့ဆံပင်မှာ ဗောက်ထခြင်း ကင်းဝေးစေဖို့အတွက် သိထားရမယ့် အရာများ



သင့်ဆံပင်မှာ ဗောက်တွေရှိလို့ တစ်ချိန်လုံးခေါင်းတကုတ်ကုတ် ဖြစ်နေရပါသလား။ လူကြားသူကြားထဲသွားတဲ့အခါ ဆံပင်မှာ အဖြုဖတ်တွေ ကပ်နေမှာမို့ မလုံ့မလဲဖြစ်နေရပါသလား။ ဒီလိုအဖြစ်မျိုးတွေ ကြုံနေရသူတွေအတွက် ဗောက်ထခြင်းကနေ ကာကွယ်ပေးနိုင်မယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ဗီတာမင်ပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။

ဗီတာမင် အေ၊ဘီ၊ စီ ပြည့်ဝတဲ့ အစားအစာ၊ သီးနှံတွေကို စားပေးပါ။ ဒါဟာ ဆံပင်ကျန်းမာရေးအတွက် ကောင်းစေပါတယ်။ အထူးသဖြင့် ဆံပင်အတွက်လိုအပ်တဲ့ ဆဲလ်တွေကြီးထွားစေဖို့ သူတို့က အထောက်အကူပြုတဲ့အပြင် ကိုယ်ခံအားပါကောင်းစေတာမို့ သင့်ဆံပင်ဗောက်ထခြင်းကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီတော့ စတော်ဘယ်ရီသီးတွေ၊ အစိမ်းရောင်အရွက်တွေ များများ စားပေးပါ။

၂။ဆံပင်အတွက်သုံးတဲ့ ဘီး၊ ဘရက်ရှ်တို့ကို သန့်ရှင်းရေး လုပ်ပေးပါ။

မျက်နှာပေါ်တင်မယ့် ဘရက်ရှ်တွေ၊ တို့ဖတ်တွေကို အသစ်လဲပေးတာမျိုး၊ ဆေးကြောသန့်စင်တာမျိုးတွေ သင်လုပ်တယ်မလား။ ဒီလိုပါပဲ။ သင့်ဆံပင်ကို ပုံမှန်ဖြီးပေးလေ့ရှိတဲ့ ဘီးမှာလည်း အညစ်အကြေး၊ ဖုန် တွေရှိနေတတ်ပါတယ်။ ဒီတော့ ဒီအညစ်အကြေးတွေက သင့်ကိုဗောက်ထစေတတ်သလို ဗောက်ထနေပြီးသား ဆံပင်ကိုလည်း ပိုမိုဆိုးရွားစေတတ်ပါတယ်။ ဒီတော့ ဖြီးနေကျ ဘီးကို သန့်ရှင်းရေးလုပ်တဲ့အခါ ဆံပင်တွေကို သေချာလေးဖယ်၊ ရေနွေးနဲ့ အဖြူရောင်ရှာလကာရည်နည်းနည်းရောထားတဲ့ အရည်ထဲ ဘီးကိုထည့်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ နာရီဝက်လောက်ကြာအောင်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နှစ်ပတ်တစ်ခါ သုံးပတ်တစ်ခါ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။

၃။ဗောက်အတွက်ထုတ်ထားတဲ့ ရှန်ပူတွေကို သုံးပေးပါ။

ရိုးရိုးခေါင်းလျှော်ရည်တွေထက်စာရင် ဗောက်အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည် ဥပမာ Zinc လိုဟာမျိုးတွေ သုံးပါ။ ဒါမှမဟုတ် ကိုယ်နဲ့အဆင်ပြေပြီး ယားယံခြင်းသက်သာတယ်လို့ ထင်တဲ့ ရှန်ပူတွေကို သုံးနိုင်ပါတယ်။

၎။Salon Treatment ယူပါ။

ကိုယ်ကသာမာန်အားဖြင့် ဆံပင်ညှပ်ဆိုင်သွားပြီး ခေါင်းလျှော်လေ့မရှိရင်တောင် ခုလိုဖြစ်လာတဲ့အခါ Salon တစ်ခုခုသွားပြီး ဆိုင်ကသိနားလည်သူတွေနဲ့ ပြောဆိုကြည့်သင့်ပါတယ်။ တစ်ခါတစ်လေ ဗောက်ပျောက်စေဖို့ အထူးသီးသန့် ၀န်ဆောင်မှုပေးတဲ့အရာမျိုးတွေ ရှိတတ်တာမို့ သူတို့ဆီက နည်းတွေမေးပါ။ အိမ်မှာဘယ်လိုဆက်ထိန်းသိမ်းရမယ်ဆိုတာကိုပါ မေးကြည့်ပါ။

၅။ဘာ့ကြောင့် ဗောက်တက်ရသလဲဆိုတာ သိအောင်ကြိုးစားပါ။

ကိုယ့်ဆံပင်ဟာ ဘယ်လိုအမျိုးအစားဖြစ်ပါသလဲ။ ဘာ့ကြောင့် ဗောက်တက်ရပါသလဲ။ ဒါတွေကို အရင်ဆုံးသိအောင် ကြိုးစားပါ။ ဗောက်တက်ခြင်းအကြောင်းနှစ်မျိုးရှိပါတယ်။ တစ်ခါတစ်လေ ဆံပင်ကပါးပြီး ခြောက်သွေ့တာမျိုးဆိုရင် ခုလိုဗောက်တက်ခြင်းဟာ စိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ၀ိတ်ချတဲ့အခါ မစားမသောက်ပဲ နေတာမမျိုးတွေကြောင့် ဖြစ်တာပါ။ ဒါမျိုးကိုတော့ ရှန်ပူတွေ၊ အခြားနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သင့်ဆံပင်ဟာ wax တွေ ၊ တစ်ခြားမတည့်တဲ့ ခေါင်းလိမ်းဆီမျိုးတွေ လိမ်းမိလို့ ခုလိုဖြစ်ရတာဆိုရင်တော့ ကိုယ်ထင်သလို ကာကွယ်တာမျိုး မလုပ်တော့ပဲ သိတတ်နားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

Ref:womenshealthmag.com

တကိုယ်တော်ဆန္ဒပြခဲ့သူ


နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့တွင် လက်ရှိနိုင်ငံရေးအကျပ်အတည် များကို လေးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းပေးရန် ABDDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့်(ခ) ဇော်ကြီး က အပြည်ပြည်ဆိုင်ရာငြိမ်ချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြချိန် ၁၅ မိနစ် ဝန်းကျင်အတွင်း ပျဉ်းမနားမြို့မရဲစခန်းက တာဝန်ရှိသူ များက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည်အတွက် ထိန်းသိမ်းသွားသည်။

အဆိုပါရဲစခန်းက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို လက်တစ်လော ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။


ဆန္ဒဖော်ထုတ်မှုကို ဗိုတောက်ခင်လမ်း Rain လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လမ်းလျှောက်ခဲ့ပြီး ရွှေချည်နှစ်လမ်းအတိုင်း လမ်းလျှောက်စဉ် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ လမ်းလျှောက်ခြင်းဖြစ်သည်ဟုလည်း ကိုဇော်မြင့်က ဆိုသည်။

Mizzima

တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်သူ ၅၄ ဦးဖမ်းမိ


မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ တရားမဝင် လိုင်စင်မဲ့ လက်နက် ကိုင်ဆောင်သူ ၅၄ ဦးကို ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၆၁ လက်၊ လက်ပစ်ဗုံး ၃၂ လုံးနှင့် ကျည်မျိုးစုံ ၄၀၀၀ နီးပါး သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ “လိုင်စင်မဲ့ လက်နက် ကိုင်ဆောင်သူတွေကို ဖမ်းဆီး အရေးယူတဲ့အထဲမှာ လေသေနတ် ကိုင်ဆောင်သူတွေလည်း ပါတယ်။ သံဘောစေ့၊ ကော်စေ့တွေနဲ့ ပစ်ခတ်ရတဲ့ လေသေနတ်တွေက လူ့အသက် အန္တရာယ်ကို ရန်ပြုနိုင်တာကြောင့် လေသေနတ် ကိုင်ဆောင်ထား သူတွေကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာ ရဲစခန်းတွေမှာ လာရောက် အပ်နှံဖို့ သတင်းစာတွေကနေ တစ်ဆင့် ထုတ်ပြန်ခဲ့တယ်” ဟုမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်နက် ကိုင်ဆောင်ရေး မူဝါဒများအရ လေသေနတ် အပါအဝင် အခြားသေနတ် လက်နက်များကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့် ပြုထားသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန လက်နက် ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ် စိစစ်ရေးအဖွဲ့ထံ တင်ပြလျှောက်ထားရပြီး ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ခွင့်ပြုချက် ရရှိပြီးမှ လက်နက် ကိုင်ဆောင်ခွင့် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လေသေနတ် ကိုင်ဆောင်ထားသူတွေ ပြန်အပ်ဖို့ ထုတ်ပြန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက ပြန်လာအပ်တဲ့ စာရင်းအရ လေသေနတ်အရှည် ၅၀ ကျော်နဲ့ အတို ၄၀ ကျော် လက်ခံရရှိထားတယ်။ ဒါပေမဲ့ လေသေနတ် ရောင်းတဲ့ဆိုင်တွေက ရောင်းချထားတဲ့ စာရင်းအရတွက် ကြည့်လိုက်တော့ လာမအပ်သေးတဲ့ လေသေနတ်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာ သိရတယ်” ဟု ၎င်းကရှင်းပြသည်။

လိုင်စင်မဲ့ လက်နက် ကိုင်ဆောင်မှုများကို စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖမ်းဆီး အရေးယူခဲ့ရာတွင် လေသေနတ် ကိုင်ဆောင်မှု အပါအဝင် အခြားလက်နက် ကိုင်ဆောင်မှုများမှ သေနတ်ရှစ်လက်နှင့် ကျည်တောင့် ၉၀ ကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

“စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လေသေနတ် ကိုင်ဆောင် ထားသူတွေကို နီးစပ်ရာ ရဲစခန်းမှာလာ အပ်နှံဖို့ ထုတ်ပြန်ထားရက် ကျော်လွန်သွားပြီ ဖြစ်တာကြောင့် လာရောက် မအပ်နှံသေးတဲ့ သူတွေကို ဖော်ထုတ် အရေးယူသွားမှာ ဖြစ်ပါတယ်” ဟုရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်က တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှု ၇၃ မှုမှ ၁၀၆ ဦးကို ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၉၂ လက်၊ ဗုံးသီး ၁၁ လုံး၊ လက်ပစ်ဗုံး ငါးလုံးနှင့် ကျည်မျိုးစုံ ၂၀၇ တောင့်ကို ဖမ်းမိခဲ့ကြောင်း၊ တရားမဝင် လက်နက်ကိုင်ဆောင်ပါက ၁၉၅၁ ခုနှစ် လက်နက် (ယာယီ) ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉ (က) အရ ထောင်ဒဏ်သုံးနှစ်မှ ခုနှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။-
By Voice

မကြာခင် လူသုံး တွင်ကျယ် လာတော့မည့် နည်းပညာ (၁၀) ခု


နည်းပညာက အမြဲ ပြောင်းလဲနေသည်။ အမြဲတိုးတက် အသစ်ထွက် နေသည်။ နှစ်တိုင်း နည်းပညာသစ်တွေ ထွက်ပြီးရင်း ထွက်နေသည်။ တချို့ လည်း ပျောက်သွား၍ တချို့လည်း လူတိုင်း သုံးသော နည်းပညာများ အဖြစ် ရောက်ရှိ ကြသည်။ ဥပမာ စမတ်နာရီကို ကြည့်ပါ။ လွန်ခဲ့သော နှစ်နှစ်လောက် ကဆို စမတ်နာရီ ဆိုလျှင် လူသုံးတွယ်ကျယ်နိုင် မကျယ်နိုင် မသိနိုင်သေးသော စမ်းသပ်ဆဲ ကစားစရာတစ်ခု အဆင့်သာ ရှိသေးသည်။ ယခုမူကား ဈေးကွက်ထဲမှာ အန်းဒရွိုက်နှင့် အက်ပဲလ် စမတ်နာရီတွေ တစ်ကယ် ရောက်နေပြီ။ လူသားတို့၏ နေ့စဉ်သုံး ပစ္စည်းတစ်ခု အဖြစ် ရောက်ရှိ တော့မည်။ စမတ်နာရီများ နည်းတူ လူသားတို့၏ နေ့စဉ်သုံး နည်းပညာ တစ်ရပ်အဆင့် ရောက်လာနိုင်ခြေ ရှိသော နည်းပညာ ပွင့်ဖူးသစ်လေး များကို လေ့လာကြည့်ရအောင်လား။

၁။ စမတ် မျက်မှန် 
စမတ် မျက်မှန်ဟု ဆိုလျှင် ဂူဂဲမျက်မှန် (Google Glass)ကို ပြေးမြင်မိကြမည်။ သို့သော် ထိုမျက်မှန်သည် ယခုထိ စမ်းသပ်ဆဲ ပွင့်ဖူးသစ် နည်းပညာ အဆင့်သာ ရှိသေးသည်။ မကြာမီ နှစ်ပိုင်း အတွင်း လူတိုင်း သုံးနိုင်သော နည်းပညာ တစ်ရပ်လည်း ဖြစ်လာအောင်၊ လူတိုင်းလည်း လက်လှမ်း မီလာအောင် ဂူဂဲက ဆောင်ကြဉ်း နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဂူဂဲနှင့် အပြိုင် စမတ် မျက်မှန်ထုတ်မည့် သူများလည်း ပေါ်လာ မည်သာ။ ထိုအခါ လူတိုင်းနှင့် ကိုက်ညီမည့် စမတ်မျက်မှန်များ ထွက်လာပြီး နေ့စဉ်သုံး နည်းပညာ ပစ္စည်းတစ်ခု အဖြစ် ပေါ်ပေါက်လာဖို့ ရှိနေသည်။

၂။ စမတ် သတင်းအချက်အလက် 
ယနေ့ခေတ်ကြီးမှာ လုပ်စရာကိုင်စရာတွေက အလိုလျောက် စနစ်တွေ ပိုပိုဖြစ်လာနေပြီ။ သို့ဖြစ်သည့်တိုင် လူသား ကိုယ်တိုင် လက်နဲ့လုပ်မှ ရသော ကိစ္စများလည်း ကျန်နေသေးသည်။ ဥပမာ မိတ်ဆွေသစ် တစ်ယောက်၏ နာမည်ကို ဖုန်းလိပ်စာထဲ ရိုက်ထည့်ရတာ မျိုးကား ယခုထိ လူသား လက်နဲ့လုပ်မှ ရသော ကိစ္စတစ်ခု ဖြစ်နေသေးသည်။ အလားတူ လူသား လက်ပါမှ ဖြစ်သော ကိစ္စများလည်း ကျန်နေသေးသည်။ သို့သော် ထိုသို့ လက်ပါ ရသောခေတ်လည်း မကြာခင် ကုန်ဆုံးတော့မည်။ RelateIQ အမည်ရှိ စွန့်ဦးတီထွင် နည်းပညာ ကုမ္ပဏီတစ်ခုက လူတစ်ဦးစီ၏ အီးမေး အသုံးပြုခြင်း၊ ဖုန်း အသုံးပြုခြင်း များကို အလိုလျောက် ခွဲခြား မှတ်တမ်းတင်ပြီး ဆက်ဆံရေး စီမံခန့်ခွဲပေးမည့် နည်းပညာ တစ်ရပ်ကို မိတ်ဆက်လိုက်ပြီ။မိမိ အနီးစပ်ဆုံး ဆက်ဆံ ဖြစ်သူများကို ထိုစနစ်က ဦးစားပေး ဖော်ပြမည် ဖြစ်သလို၊ မိတ်ဆွေသစ်များကိုလည်း အကြံပြု ဖော်ပြထားမည် ဖြစ်သည်။ သို့ဖြစ်ရာ မဝေးတော့ သော ကာလတွင် မိတ်ဆွေသစ် တစ်ယောက်၏ နာမည်ကို မိမိက မေးပြီး ဖုန်းကို စကားသံနဲ့ ပြောပြလိုက်ရုံနဲ့ ထိုလူ၏ ဖုန်းနံပါတ်မှ အစ အခြား အွန်လိုင်း အဆက်အသွယ် လိပ်စာများကိုပါ ဖုန်းက အလိုလျောက် ရှာဖွေ စုဆောင်း မှတ်တမ်းတင်ပေး သွားမည့် ခေတ်မျိုး ရောက်တော့မည်။ ကိုယ်က လက်သုံးပြီး စာရိုက်နေဖို့ မလိုတော့။

၃။ ၀တ်ဆင်နိုင်သော အီလက်ထရောနစ် ပစ္စည်းများ 
ဂူဂဲ မျက်မှန်၊ စမတ်နာရီများ ပေါ်နေပြီ ဖြစ်သည့်တိုင် ၀တ်ဆင်နိုင်သော အီလက်ထရောနစ် ပစ္စည်းဟူသော ဘောင်ကား ထိုမျှနှင့် ရပ်မနေ။ ဂူဂဲ မျက်မှန်၊ စမတ်နာရီ များသည် မိမိကို ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးမည့် ၀တ်ဆင်နိုင်သော ကိရိယာများသာ ရှိသေးသည်။ လူသားကို ၎င်း၏ ခန္ဓာကိုယ်နှင့် ပြန်ချိတ် ဆက်ပေးမည့် ၀တ်ဆင်နိုင်သော ကိရိယာများလည်း ရှိနေပြီ။ နှလုံးခုန်နှုန်း တိုင်းပေးမည့် နားတွင်းထည့် နားကျပ်မျိုး ပေါ်လာတော့ မည်။ သွေးတွင်း သကြားပါဝင်နှုန်း တိုင်းပေးမည့် မျက်ကပ်မှန် လာတော့မည်။ ခန္ဓာကိုယ် ကျန်းမာရေး အချက်အလက်များကို မှတ်တမ်းတင်ကာ ဖုန်းနဲ့ ကွန်ပျူတာများကို့ ပေးပို့နိုင်သည့် ဒစ်ဂျစ်တယ် ဆေးမင်ကြောင်မျိုး တွေလည်း ပေါ်နေပြီ။ သို့ဖြစ်ရာ မဝေးတော့သော ကာလတွင် ၀တ်ဆင်နိုင်သော နည်းပညာ ပစ္စည်းများ၏ အကူအညီဖြင့် လူသားသည် မိမိခန္ဓာ ကျန်းမာရေးကို အချိန်နဲ့ တစ်ပြေးညီ သို့မဟုတ် ရှေ့ကပင်ဦးအောင် စောင့်ကြည့်နိုင် ဦးမည် ဖြစ်သည်။ ထိုအခါ နှလုံး ရောဂါသမားများ နှလုံး မဖောက်ခင်ကပင် ကိရိယာက ကြိုသတိပေးနိုင်ခြင်းဖြင့် လူ့အသက်ပေါင်း များစွာကို ကယ်တင် နိုင်သွားမည် ဖြစ်သည်။

၎။ စမတ် အိမ်များ 
အထဲမှာ စားစရာ နည်းနေပြီ၊ တချို့ဟာတွေ ကုန်နေပြီဆိုတာ အိမ်ပိုင်ရှင်၏ ဖုန်းသို့ လှမ်းအချက်ပေးနိုင်သော ရေခဲ သေတ္တာမျိုး၊ အသား ကျက်နေ ပြီဆိုတာ ပိုင်ရှင်၏ ဖုန်းသို့ လှမ်းအကြောင်းကြား နိုင်သလို ဖုန်းဖြင့်ပင် အဝေးကနေ လှမ်း ထိန်းချုပ်နိုင်သော မီးဖိုမျိုးတွေ ပေါ်နေပြီ။ သို့သော် ထိုသို့ တစ်ခု ချင်း ကိရိယာများ ဖုန်း၊ တဲဘလက်၊ ကွန်ပျူတာများဆီ အင်တာနက်က လှမ်းချိတ်ဆက် လုပ်ကိုင်နိုင်မည့် စနစ်မျိုးလောက်ကို စမတ်အိမ်ဟု မခေါ်သေး။ အိမ်တွင်း အပူချိန် ထိန်းခြင်း၊ တီဗီ ရုပ်သံလိုင်း ကြိုက်ရာ ပြောင်းခြင်း၊ အ၀တ်လျှော် စရာတွေ ပုံနေပြီ ဆိုတာ အချက်ပေးခြင်း စသဖြင့် တစ်အိမ်လုံးနှင့် ဆက်စပ်သော ပစ္စည်းတိုင်းက ၎င်းတို့ချင်း ချိတ်ဆက်လုပ် ကိုင်နိုင်သလို၊ ပိုင်ရှင် ဖြစ်သူ၏ ဖုန်း၊ တဲဘလက် သို့လည်း အင်တာနက်မှ ချိတ်ဆက်ကာ သတိပေးခြင်း၊ ညွှန်ကြားချက် လိုက်နာ ဆောင်ရွက်ခြင်း များကို တစ်အိမ်လုံး စည်းချက်ညီ ဆောင်ရွက်နိုင်သည့် အနေအထားမျိုး ကိုမှ စမတ်အိမ်ဟု ခေါ် သည်။ အလုပ်က ပြန်သည်နှင့် အိမ်က မီးဖိုချောင် ထိန်းချုပ် ကွန်ပျူတာ စနစ်ကို လှမ်းအမိန့်ပေးပြီး ချက်ပြုတ်ထားစေမည် ဖြစ်သည်။ အိမ်ပိုင်ရှင် အိမ်ရောက်သည် နှင့် လူမရှိသော မီးဖိုချောင်က အသင့်ချက် ပြုတ်ပြီးသား ဖြစ်နေမည်။ ခြံထဲ ရေလောင်း ပေါင်းသင်ဖို့လည်း ရေပိုက်များကို စမတ်အိမ် စနစ်က ထိန်းချုပ်ခိုင်းစေမည်၊ မြက်ရိတ်စက်သည်ပင် ခြံဝင်း အနေအထားကို အလိုလျောက် တိုင်းတာကာ အပိုအလို မရှိ ရိတ်သိမ်းပေး ထားမည် ဖြစ်သည်။ ထိုသို့သော စမတ်အိမ် စနစ်ကား စိတ်ကူးယဉ်ဆန် သည်ဟု ထင်ရသော်လည်း မဝေးတော့သော အနာဂတ်တွင် လူတိုင်း သုံးလာမည့် နေ့စဉ် သုံး နည်းပညာတစ်ခု ဖြစ်လာမည် ဖြစ်သည်။

၅။ ဖန်သား၊ ပိတ်ကားမရှိဘဲ ပြနိုင်မည့်ရုပ်ထွက်စနစ်
ဖန်သား၊ ပိတ်ကားမရှိဘဲ ပြနိုင်မည့် ရုပ်ရှင်စနစ်များ ပေါ်လာမည်။ ပိတ်ကားပေါ်တွင် ထင်လာသော အရုပ်များ၏ အလင်းတန်းများ လူ၏ မျက်လုံး ထဲ ၀င်လာခြင်းဖြင့် ထိုအရုပ်များ လှုပ်ရှား သွားလာမှုကို မြင်ရခြင်း ဖြစ်သည်။ ထိုအခြေခံကို ယူ၍ ပိတ်ကားမှ အလင်းတန်း တစ်ဆင့် ပြန်ကန်စေခြင်း အစား မျက်လုံး ထဲသို့ အလင်းတန်း တိုက်ရိုက်လွှတ် ပေးခြင်း နည်းဖြင့် ပြလိုသော ရုပ်ထွက်များကို မြင်နိုင်အောင် လုပ်မည့် မျက်ကပ်မှန်လို နည်းပညာ များ ပေါ်နေပြီ။ ထိုနည်းပညာကြောင့် တီဗီ ဖန်သားပြင်လည်း မလို၊ နံရံပိတ်ကားလည်း မလိုဘဲ ရုပ်ရှင်များကို ကြည့်နိုင်တော့မည်။ နောင်ဆိုလျှင် စမတ်ဖုန်းများသည်ပင် ဖန်သားပြင်ဖြင့် ပြသသော စနစ်အစား မျက်လုံးထဲသို့ အလင်းတိုက်ရိုက် ထိုးကာ ပြသသော နည်းများဖြင့် လည်ပတ်လာ တော့မည်။

၆။ ကမ္ဘာလုံးချီ တစ်ပြေးတည်း ရနိုင်မည့် ၀န်ဆောင်မှုများ
စစကြားချင်း နားရှုပ်စရာ ဖြစ်ချင် ဖြစ်နေမည်။ သို့သော် ထိုဝန်ဆောင်မှုမျိုး လက်ရှိမှာပင် ပေါ်ပေါက်နေပြီ။ Uberဆိုသည့် ဖုန်း အပလီ ကေးရှင်းသည် ကမ္ဘာတစ်ဝန်း မည်သည့်နိုင်ငံတွင် မဆို သုံးနိုင်သော အငှားယာဉ် ၀န်ဆောင်မှု လုပ်ငန်း ဖြစ်သည်။ Uber သုံးသည့် အငှားယာဉ်မောင်း ရှိရာ ကမ္ဘာ့ မည်သည့်နေရာမှာ မဆို Uberသုံးပြီး ထိုသူများကို ဆက်သွယ်ကာ အငှားကား ခေါ်စီးနိုင်သည်။ Uberသည် တစ်နိုင်ငံတည်း သာမက၊ ကမ္ဘာလုံးချီ တစ်ပြေးညီ ၀န်ဆောင်မှုရနိုင်သည့် နည်းပညာတစ်ခု ဖြစ်သည်။ ဘာသာ လူမျိုးနှင့် ဆက်သွယ်ရာ စကား မည်သို့ပင် ကွာခြားပါစေ Uber ကိုသုံးပြီး မိမိရောက်ရာ နေရာတွင် အငှားကား ငှားစီးနိုင်မည် ဖြစ်သည်။ အနာဂတ်တွင်လည်း Uberနည်းတူ အခြားသော ၀န်ဆောင်မှု အမျိုးမျိုးအတွက် ကမ္ဘာလုံးချီ တစ်ပြေးတည်း ရနိုင်သော ၀န်ဆောင်မှုများက တိုးသထက် တိုးလာလိမ့်မည်။ နည်းပညာများက တိုးတက်လေ၊ လူသားများ အသိဉာဏ် ပေါက်ကွဲမှု မြန်ဆန်လေး ဖန်တီးမှုသစ်များလည်း တိုးလာလေ ဖြစ်မည်။

၇။ ဘာလုပ်လုပ် ဒေါင်းလုဒ် 
အင်တာနက်မြန်နှုန်းက စိတ်ချရလောက်အောင် မြန်ဆန် တည်ငြိမ်သော ကမ္ဘာ့ ဒေသများတွင် ဂိမ်းများ၊ သီချင်းများ၊ ရုပ်ရှင်များကို အခွေများ ၀ယ်ယူ ဆော့ကစား၊ နားဆင်၊ ကြည့်ရှုခြင်းထက် အင်တာနက်က ဒေါင်းလုဒ် လုပ်ပြီး ၀ယ်ကြခြင်းက များလာပြီ။ နောင်ဆို စီဒီ၊ ဒီဗီဒီ၊ ဘလူးရေး အခွေများ လုံးဝ ခေတ်ကုန် သွားပြီး ဒစ်ဂျစ်တယ် နည်းဖြင့် ပေးပို့လို့ရသော ၀န်ဆောင်မှု တိုင်းကို အင်တာနက် ကသာ ပိုက်ဆံပေး ၀ယ်ယူကာ ဒေါင်းလုဒ်ပြုလုပ် အသုံးပြုတော့မည်။ လက်ရှိမှာပင် စာအုပ်များကို အီးဘွတ်ခ် အဖြစ် အွန်လိုင်းက ၀ယ်ယူခြင်း၊ သီချင်း၊ ရုပ်ရှင်များကို အွန်လိုင်းက ၀ယ်ယူ ကြည့်ရှုခြင်း များက နေ့စဉ်ဘ၀ အလုပ်တစ်ခုလို ဖြစ်လာနေပြီ။ မဝေးတော့သော ကာလတွင်ကား ဘာလုပ်လုပ် ဒေါင်းလုဒ် လုပ်ကြတော့မည်ကား မလွဲ။

၈။ နေရာတကာ စက်ရုပ်တွေ 
ပြီးခဲ့သည့် ဆယ်စုနှစ်သည် စက်ရုပ် နည်းပညာ အတိုးတက်ဆုံး နှစ်ဟု ဆိုနိုင်သည်။ အလားတူပင် ရှေ့ဆက်ပြီးလည်း တိုးတက် သထက် တိုးတက်လာဦးမည်။ ရာနှုန်းပြည့် လူလို အလုပ်များစွာကို လုပ်နိုင်ဦးမည် မဟုတ်သည့်တိုင် လက်ရှိမှာပင် သက်ဆိုင်ရာ အလုပ်တစ်ခုကို စိတ်ချလက်ချ လွှဲထားနိုင်သော စက်ရုပ်များ ရှိနေပြီ။ တန်းစီ တပ်ဆင် စက်ရုံ လုပ်ငန်းတွေ၊ လူသားတွေ မလုပ်လိုသော အလုပ်ကြမ်းတွေမှာ စက်ရုပ်တွေဝင် လုပ်နေပြီ။ ဆရာဝန်များက အဝေးက လှမ်းထိန်းချုပ်ပြီး ခွဲစိတ်ခိုင်း နိုင်မည့် စက်ရုပ်စနစ်များပင် မကြာခင် အသုံးပြုနိုင် တော့မည်။ ကော်ဖီဖျော်ပေးမည့် စက်ရုပ်၊ အမှိုက်သိမ်း ပေးမည့် စက်ရုပ်များလည်း နမူနာ စမ်းသပ်နေကြပြီ။ နမူနာတောင် ပေါ်နေပြီ ဆိုလျှင် တိုးတက်လာသော ယနေ့ခေတ်ကြီး အဖို့ ပိုကောင်း သော အချောသတ် ထုတ်လုပ်ထားသည့် စက်ရုပ်များ ရောက်လာဖို့က ကျိန်းသေသလောက် ဖြစ်နေပြီ။

၉။ ကြိုးမဲ့နည်းနဲ့ အားသွင်းမယ် 
ဖုန်းကို ကြိုးမဲ့ အားသွင်းလို့ရတာ လူတိုင်း သိနေကြပြီ။ မဝေးတော့သော ကာလတွင် လျှပ်စစ်ကားများကို ဓာတ်အားရုံ ကြမ်းခင်းပေါ် ထိုးရပ် ပေးလိုက်ရုံနဲ့ ကြိုးမဲ့နည်းနဲ့ အားသွင်းပြီးသား ဖြစ်သွားမည့် စနစ်များ လာတော့မည်။ ထို့ထက် ပို အဆင်ပြေအောင် နေစွမ်းအင်ဖြင့် အားသွင်းပေးမည့် လမ်းမများကိုပါ စမ်းသပ်နေပြီ။ ကားက လမ်းပေါ် မောင်းနေရုံနဲ့ လမ်းမက နေစွမ်းအင်ဖြင့် ကားကို ကြိုးမဲ့ အလိုလျောက် အားသွင်းပေး နေမည်ဖြစ်သည်။ လမ်းရှိ သရွေ့မောင်း၊ မောင်း သရွေ့ အားပြည့်နေမည့် ကာလမျိုး မကြာခင်မှာပင် ရောက်တော့မည်။

၁၀။ 5G ဖုန်းကွန်ရက် 
5G ဖုန်းကွန်ရက်စနစ် လူတိုင်း သိနေကြပြီ။ လက်ရှိမှာလည်း ကမ္ဘာ့ ဒေသ အချို့မှာ စသုံးနေကြပြီ။ အများစုကြီးကား 3G စနစ်ကို ကောင်းကောင်း ယဉ်ပါးနေကြပြီ။ ပိုမြန် ပိုကောင်းမည့် 5G စနစ်လည်း လာမည့် နှစ်ပိုင်းများ အတွင်း လာတော့မည်။ 5G စနစ်သည် ယခုအခါ သုတေသန ခန်းထဲမှာ ကောင်းကောင်း လည်ပတ်နေပြီ။ ပြင်ပ လောကကို ထွက်ဖို့ ခေါင်းပြူ နေပြီ။ 3G စနစ်မှ 4G စနစ် ကိုကူးဖို့ ဆယ်စုနှစ် နှစ်ခုလောက်သာ အချိန် ယူခဲ့ရရာ 4G မှ 5G ကူးဖို့သည်လည်း ထို့ထက် ပိုကြာစရာ အကြောင်းမရှိ။

အထက်ဖော်ပြပါ အချက်အတော်များများသည် လွန်ခဲ့သော ဆယ်စုနှစ်များက သိပ္ပံစိတ်ကူးယဉ် အကြောင်းအရာများ အဖြစ်သာ သတ်မှတ် ခံခဲ့ရရာမှ ယခုအခါ လက်တွေ့ ဖြစ်လာကြပြီ။ မကြာခင်မှာ လူတိုင်းသုံးသော နည်းပညာ အဆင့်ကိုပါ ရောက်လာကြ ဦးမည်။ အရင်က သိပ္ပံ ၀တ္ထုတွေ ပြန်ဖတ်ပြီး ယနေ့ ခေတ်ကြီးမှာ လက်တွေ့ဖြစ်နေတာ များနဲ့ ချိန်ထိုးကြည့်သည့် အခါ လက်တွေ့ ဖြစ်လာသော သိပ္ပံ စိတ်ကူးယဉ်များကို ကြည့်ပြီး အံသြ ရသလို လူသား စွမ်းဆောင်ရည်ကိုလည်း ပီတိဖြစ်ရသည်။ ထို့အတူ လာမည့် ဆယ်စုနှစ်များ တွင်လည်း ယနေ့ သိပ္ပံ စိတ်ကူးယဉ်များ၊ ကြိုတင် မှန်းဆချက်များ လက်တွေ့ဖြစ်လာသည်ကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ ၏ သား၊ မြေးများ အံ့သြကျေနပ် ပီတိ ဖြစ်ကြရဦးမည်သာ။

ဟိန်းထက်

Ref: 10 New Technologies That Will Become Mainstream Soon By Joseph Hindy

သားငယ် သေဆုံးမှုမှာ မိခင်ဖြစ်သူ ပတ်သက် ခဲ့သလား


၂၂ လသားသာရှိသေးတဲ့သားဖြစ်သူကို အပူလွန်ကဲတဲ့ကားထဲမှာ ခုနစ်နာရီကြာ
ထားခဲ့ပြီးအလုပ်ဆင်းခဲ့တဲ့ ဖခင်ရဲ့လုပ်ရပ်ကြောင့် ကလေးငယ်သေဆုံးသွားချိန် မှာတော့ ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူဂျက်စတင်ရော့ဟာရစ်ကို လူသတ်မှု နဲ့ တရားစွဲ ဆိုခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်က ဟာရစ် အမှုအတွက် National Enquirer က စုံစမ်းဖော်ထုတ်လာချိန်မှာတော့ လူမဆန် တဲ့လုပ်ရပ်အတွက် သံသယရှိသူတစ်ယောက် ထပ်တိုး လို့ လာပြန်ပါတယ်။ Enquirer က သေဆုံးသွားတဲ့ ကော့ ပါးအမှုအတွက် တာဝန်ရှိရဲအရာရှိတစ်ဦးကို မေးမြန်းခဲ့ ရာမှာတော့ ကော့ပါးလေးသေဆုံးမှုမှာ မိခင်ဖြစ်သူကိုပါ သေကြောင်း ကြံစည်မှုထဲပါဝင်သူအဖြစ် တာဝန်ရှိသူတွေ က သံသယရှိနေတယ်လို့ ဆိုပါတယ်။

အကြောင်းက တာဝန်ရှိသူတွေဟာ ကော့ပါး သေဆုံးမှုကို မိခင်ဖြစ်သူ လီနာဟာ ရစ်ကို အကြောင်း ကြားခဲ့တဲ့အချိန်မှာ လီနာက ကလေးအကြောင်းကိုမမေး မြန်းခဲ့ဘဲ ခင်ပွန်းဖြစ်သူအကြောင်းကိုသာ မေးမြန်းခဲ့ တယ်လို့ ဆိုပါတယ်။ ယင်းအတွက် ရဲဝန်ထမ်းတွေက လီနာကိုစစ်ဆေးတဲ့အခါ လီနာက သူမရဲ့သားသေဆုံး အောင် ဘာကြောင့်ခင်ပွန်းဖြစ်သူက အခုလိုထားခဲ့ရ သလဲဆိုတာ သိချင်နေတဲ့အတွက်ကြောင့်ပါလို့ ဖြေကြား ခဲ့ပါတယ်။

တာဝန်ရှိသူတွေက လီနာရဲ့အဖြေဟာ သား ဖြစ်သူ ပူလောင်နေတဲ့ကားထဲ ထားရစ်ခံရမှာကိုသာ စိုးရိမ်နေပြီး သေဆုံးမှုကို စိုးရိမ်ခြင်းမရှိဘူးလို့ အဓိပ္ပာယ် သက်ရောက်နေတယ်လို့ ယူဆကြပါတယ်။ တာဝန်ရှိ သူတွေ သံသယရှိစေတဲ့နောက်တစ်ချက်ကတော့ လီနာ တို့လင်မယားဟာ သားငယ်လေးကော့ပါး သေဆုံးမှု အတွက် အသက်အာမခံကြေး ဒေါ်လာ၂၇ဝဝဝကို ထုတ် ယူခဲ့ပြီးပါပြီ။ ဖခင်ဖြစ်သူဟာရစ်ကလည်း ထောင်ကျ နေချိန်မှာ မိသားစုဝင်တွေကို ကော့ပါးရဲ့အသက်အာ မခံကြေးရရှိဖို့အတွက် ခေါ်ယူဆွေးနွေးတိုင်ပင်ခဲ့တယ် လို့ဆိုပါတယ်။

ကော့ပါးလေးရဲ့နာရေးမှာလည်း မိခင်လီနာ က သူ့ရဲ့သားငယ်ကို အသက်ပြန် ရှင်ဖို့ သူမတတ်နိုင် ရင်တောင် ပြန်မလိုချင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ် လို့လည်း သိရပါတယ်။

ခုချိန်ထိတော့ တရားဥပဒေကြောင်းအရ လီ နာကို တရားစွဲဆိုခြင်းမရှိသေးပေမယ့် တာဝန်ရှိသူတွေ က ကော့ပါးသေဆုံးမှုမှာ ပါဝင်ပတ်သက်မှုရှိတဲ့သက် သေ အထောက်အထားတွေကို စစ်ဆေးရှာဖွေနေတယ် လို့ သိရပါတယ်။

Yangon Media Group

Miss Grand Myanmar 2014 ကချင်တိုင်းရင်းသူမယ်လေး M Ja Seng ကို အားပေးကြမယ်နော်



ထိုင်းနိုင်ငံမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Grand Myanmar 2014 ကချင်တိုင်းရင်းသူမယ်လေး M Ja Seng ဘယ်နေရာရောက်ရောက် မြန်မာဆန်ဆန်လေးနဲ့ မြန်မာ့အလှကိုပြသနေပါတယ်...
အောက်က Link ကနေ Vote ပေးလို့ရပြိနော် 
Voting Link >>

http://www.missgrandinternational.com/?page=vote_detail&cont=163 <<

မတူကွဲပြားမှုများ သဟဇာတဖြစ်မှ ရေရှည်တည်တံ့မည့် “ငြိမ်းချမ်းရေး” ဖြစ်မည်ဟု သမ္မတဆို


လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းထက် မတူကွဲပြားမှုများကို သဟဇာတဖြစ်မှ ရေရှည်တည့်တံ့မည့် ငြိမ်းချမ်းရေးဖြစ်မည်ဟု ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့ ပေးပို့သည့် သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာတွင် ရေးသားထားသည်။

“လူ့အဖွဲ့အစည်းအတွင်း၌ မတူကွဲ ပြားသော ကြန်အင်လက္ခဏာများ၊ အတွေးအခေါ်များနှင့် အယူဝါဒများကို အပြန်အလှန် နားလည်လက်ခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော သဟဇာတဖြစ်မှုမျိုးသည်သာလျှင်ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး” ဟု သဝဏ်လွှာတွင် သမ္မတက အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း၂၀၁၂ခုနှစ်က မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သည့် မတူညီသည့် လူအုပ်စုနှစ်ခုကြား ပဋိပက္ခများမှာ မြန်မာပြည်အလယ်ပိုင်း မန္တလေးထိ ယခုနှစ်အတွင်း ကူးစက်ခဲ့သည်။

အဆိုပါ ပဋိပက္ခများကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ကြရသည်။

“စစ်ပွဲများကိုပေါ်ပေါက်စေခဲ့သည့် လူသားများ၏ စိတ်နှလုံးသား များထဲမှာပင် စစ်ပွဲ များကို ဟန့်တားနိုင်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစားတရားများကို ပြုစုပျိုးထောင်သွား ကြရမည်” ဟု မြန်မာနိုင်ငံသားဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ အဆိုအမိန့်ကို သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသေးသည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Laptop) များကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတက ထုတ်ဖော် ပြောဆို ထားသည်။

သို့သော် ဦးသိန်းစိန်၏ အစိုးရသက်တမ်း လေးနှစ်နီးပါးရှိလာသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင် အထည်အဖော်နိုင်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုသည် နိုင်ငံသားတစ်ဦးချင်းစီ အတွက် အလွန်အရေးပါသော ဖြစ်စဉ်ကြီးတစ်ရပ်ဟု အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းရေးသား ထားသည်။

Mizzima

ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ရုပ်ရှင် စာရင်း၌ “The Maze Runner” ဇာတ်ကား ထိပ်ဆုံး နေရာယူ

နယူးယော့ခ်၊ စက်တင်ဘာ၂၁။ စက်တင်ဘာလ ၁၉ ရက် (သောကြာနေ့)က အမေရိကန်နိုင်ငံတွင် “The Maze Runner” ဇာတ်ကား ရုံတင်ခဲ့ရာ ပွဲဦးထွက်နေ့တွင် ဝင်ငွေ ဒေါ်လာ ၁၁ သန်းခန့် ရရှိခဲ့သဖြင့် ယခုအပတ်၏ ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကား ဖြစ်လာခဲ့သည်။ 



ထိုဇာတ်ကား အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း ၃၀ခန့် ဖြစ်ကာ၊ ဇာတ်ကား ဝင်ငွေသည် ပွဲဦးထွက် သုံးရက် အတွင်းတွင်ပင် ထုတ်လုပ်မှု ကုန်ကျစရိတ် ပမာဏကို ကျော်လွန်သွား ဖွယ်ရာရှိပြီး၊ စက်တင်ဘာလ အတွင်း ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကား ၁၀ ကား စာရင်းတွင် ပါဝင်လာဖွယ်ရာ ရှိသည်။

ထိုဇာတ်ကားမှာ သိပ္ပံအက်ရှင် လျှို့ဝှက်သည်းဖို ဇာတ်ကားဖြစ်ပြီး၊ ဂျိမ်းစ်ဒက်ရှ်နာ၏ ဝတ္ထုကို ဒါရိုက်တာ ၀က်စ်ဘောက ရုပ်ရှင်အဖြစ် ရိုက်ကူး ထားခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် အသက် ၂၃ နှစ်အရွယ် မင်းသား ဒီလ်လန် အိုဘရိုင်ယန်၊ မင်းသမီး ကာယာစကော့ ဒယ်လာရီယို၊ မင်းသား အမ်လ် အိုင်ဆန် အန်မီးန် နှင့် မင်းသား သောမတ်စ် ဆန်းစတား တို့ ပါဝင် သရုပ်ဆောင်ထားသည်။ “The Maze Runner” ဇာတ်ကားကို 21st Century Fox ကုမ္ပဏီက ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

ယခု အပတ်၏ ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကားများ စာရင်းတွင် မှုခင်းဆိုင်ရာ လျှို့ဝှက်သည်းဖို ဇာတ်ကား “A Walk Among the Tombstones” က ဒုတိယ နေရာတွင် ရှိခဲ့ပြီး ပွဲဦးထွက် သောကြာနေ့တွင် ဝင်ငွေ ဒေါ်လာ ၄.၇ သန်း ရရှိ ခဲ့သည်။ ဒါရိုက်တာ ရွှန်လီဗီ၏ ဇာတ်မြူး “This is Where I Leave You” ဇာတ်ကားက တတိယ လိုက်နေပြီး ပွဲဦးထွက် သောကြာ နေ့တွင် ဝင်ငွေ ဒေါ်လာ ၃.၉ သန်း ရရှိခဲ့သည်။
by Mizzima News

ကားနှင့်စက်ဘီး တိုက်မိမလိုဖြစ်ပြီး ရန်ဖြစ်ရာမှ စက်ဘီးသမားက ဓားဖြင့်ထိုး


ရန်ကုန်၊ မဇ္ဈိမ။ ။ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် ကားနှင့်စက်ဘီး တိုက်မိမလိုဖြစ်ရာမှ စကားများခဲ့ကြပြီး စက်ဘီးနင်းလာသူများ ထဲမှတစ်ဦးက ဓါးဖြင့်ထိုးလိုက်သဖြင့် လူသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၀ ရက်၊ နံနက် ၁၂ နာရီခွဲ ဝန်းကျင်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။


လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ အထက(၃) ကျောင်းအနီးတွင် ယာဉ်မောင်းရန်နိုင်မောင်းနှင်လာသည့် ယာဉ်နှင့် ဘိုဘို၊ ချစ်စမ်းမောင်တို့ သူငယ်ချင်းများစီးလာသည့် စက်ဘီးနှင့်တိုက်မိမလိုဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရန်ဖြစ်စကားများခဲ့ကြပြီး ဘိုဘို(ခ)ညီညီက ယာဉ်မောင်းရန်နိုင်နှင့် ယာဉ်နောက်လိုက် ဝေလင်း(ခ) ဝေလေးတို့ကို ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ဓါးဖြင့်ထိုးခံရသဖြင့် ဝေလင်း(ခ)ဝေလေး၏ ရင်အုံ၊ တံတောင်ဆစ်နှင့် ပေါင်တို့တွင် ထိုးသွင်းဒဏ်ရာလေးချက် ရရှိခဲ့ပြီး ရန်နိုင်တွင် တံတောင်ဆစ်ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတင်ပို့ ကုသခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့တင်ပို့ထားရာ ဝေလင်း(ခ)ဝေလေးမှာ အင်းစိန်ဆေးရုံသို့ ရောက်ရှိပြီး တစ်နာရီကျော်အကြာတွင် သေ ဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး လူသေဆုံးအောင်ပြုလုပ်ခဲ့သူ ဘိုဘိုနှင့် အတူပါဝင်သူများကို အရေးယူပေးပါရန် သေဆုံးသူ၏ ဇနီးဖြစ်သူက တရားလိုပြုတိုင်တန်းသဖြင့်လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၃၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

လူသေဆုံးအောင်ဓါးဖြင့်ထိုးခဲ့သူ ဘိုဘို ကိုဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူများကို ဖမ်းဆီးနိုင်ရန်စုံစမ်းလျက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ် လူကြိုက်များသည့် ရာခိုင်နှုန်း မြင့်တက်လာဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝိတ်ချာချီဝအား လူကြိုက် များသည့် အရေအတွက် သည် မြင့်တက်လာပြီး ဖြူထိုင်းပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ယင် လတ်ခ်အား လူကြိုက်များသည့်အရေအတွက် ကျဆင်းသစွားကြောင်း ဘန်ကောက်မြို့တွင် ပြုလုပ် သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားကြောင်း သိရသည်။



အဘီဆစ်အား နှစ်သက်သည့်ရာခိုင်နှုန်းမှာ မတ်လတွင် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ယခုအခါ ၂၄
ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ယင်လတ်ရှင်နာဝပ်ထရာအား လူကြိုက်နှုန်းမှာ အလားတူကာလအတွင်း ၂၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၄ ဒသမ ၅ ရာခိုင်နှုန်းကျ ဆင်းကာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ်အစိုးရအနေဖြင့် ကဏ္ဍပေါင်းစုံအတွက် ရည်မှန်းချက်များကို ပြီးစီးအောင် ဆောင်ရွက်ရန် တစ်နှစ်ကျော်လွန် ပါကလည်း လက်ခံကြောင်း ပြည်သူ အများစုက လိုလား ကြောင်း သိရသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁၁၇၀ ဦးအနက် ၆၆ ရာခိုင်နှုန်းက လက်ရှိအစိုးရအနေဖြင့် တစ်နှစ်ကျော် ပါကလည်း ဆက်လက်အုပ်ချုပ် သွားနိုင်ကြောင်း ဖြေဆိုခဲ့ကြပြီး ၃၃ ဒသမ ၆ ရာခိုင်နှုန်းက သတ်မှတ်ချက်များကို တစ်နှစ်အတွင်း ဆောင်ရွက်ကာ ရွေးကောက်ပွဲကို ကျင်း ပပေးရန် တောင်းဆို ထားကြသည်။

ပရာယွတ်အစိုးရအနေဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျုက်ရေးလုပ်ငန်းများကို တစ်နှစ်အတွင်း အောင်မြင်စွာ လုပ်ဆောင်ရန် တိုက်တွန်းထား သည်။

ဒီမိုကရက်တစ်ပါတီအမတ်လောင်း ၀ါရောင်ဒက်ဂစ်ဗီရွန်က အစိုးရအနေဖြင့် ပြည်သူများထံမှ ဆန်ဝယ်ယူရေးအစီအစဉ်တွင် အကျင့်ပျက်ခြစား မှုများ ပေါ်ပေါက်ခဲ့ခြင်းသည် ဖြူထိုင်းပါတီအပေါ် လူကြိုက်များမှု ကျဆင်းသွားရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်ပါတီအပေါ် လူကြိုက်များလာခြင်းကို ၀ါရောင်က ကြိုဆိုလိုက်သော်လည်း စိတ်ဝမ်းကွဲမှုများ မဖြစ်စေရန် ယင်းကိစ္စနှင့် ပတ်သက် ၍ ပြောဆိုခြင်း မပြုကြရန် သတိပေးခဲ့သည်။

ဝန်ကြီးအစည်းဝေးခန်းအတွက် အသံပိုင်းဆိုင်ရာ ပစ္စည်းများဝယ်ယူရန်အစီအစဉ်ကို ၀န်ကြီးချုပ်ပရာ ယွတ်ချန်အိုချာက ပယ်ဖျက်လိုက်ခြင်း အပေါ် ၀ါရောင်က ချီးမွမ်းလိုက်သည်။

မိုက်ကရိုဖုန်း ၈၉ လုံးနှင့် LCD ဖန်သားပြင်များပါဝင်မည့် အဆိုပါစနစ်အတွက် ဘတ်ငွေ ၁၄၅၀၀၀ (ဒေါ်လာ ၄၅၀၄) ခန့် ကုန်ကျမည်ဟု
တွက်ချက်ထားခဲ့သည်။
Ref:The Nation

ယူကရိန်းအစိုးရတပ်နှင့် ခွဲထွက်ရေးသူပုန်များ အကျဉ်းသား ၃၈ ဦးကို အလဲအလှယ် ပြုလုပ်


ယူကရိန်း အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ အကျဉ်းသား ၃၈ ယောက်ကို အလဲအလှယ် လုပ်ခဲ့ပါတယ်။


အပစ်ရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်တဲ့အတိုင်း အရင်ကလည်း စစ်ပွဲကာလအတွင်း အဖမ်းခံထားရသူတွေကို အကြိမ်အတော်များများ အလဲအလှယ် လုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က အလဲအလှယ်ကိုတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒွန်းညက်မြို့ စစ်ဆေးရေးဂိတ်တခုမှာ နိုင်ငံတကာ လေ့လာသူတွေရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာပါ။ တဖက်စီက အကျဉ်းသား ၃၈ ယောက် စီကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ယူကရိန်း စစ်တပ်က ပြန်လွှတ်ပေးလိုက်တဲ့ အန်ဒရီလီက ဆန္ဒခံယူပွဲကျင်းပဖို့ စည်းရုံးနေတာနဲ့ပဲ အဖမ်းခံရတာလို့ ပြောပါတယ်။

ပြန်လွှတ်လာတဲ့ ယူကရိန်း စစ်သားတယောက်ကလည်း ကျန်နေသေးတဲ့ ရဲဘော်တွေကို အစိုးရက မေ့မထားဘူးဆိုတာကို သိစေချင်တယ်လို့ ပြောပါတယ်။

အခုအထိ နှစ်ဖက်အကျဉ်းသား ဘယ်လောက်များများ ပြန်လွတ်လာပြီလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ယူကရိန်း အစိုးရကိုယ်စားလှယ် ညှိနှိုင်းရေးမှူး ယူရီ တန်တစ်က အပစ်ရပ်စဲရေး ညှိနှိုင်းမှုအတွက် ကျေနပ်တယ်လို့ ပြောပါတယ်။

စနေ တနင်္ဂနွေ နှစ်ရက်မှာ အကျဉ်းသား အလဲအလှယ် လုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ စနေနေ့မှာပဲ အစိုးရတပ်တွေနဲ့ ခွဲထွက်ရေး သူပုန်တပ်တွေ နှစ်ဖက်စလုံး တပ်တွေ၊ လက်နက်တွေကို နောက်ဆုတ်ပြီး ကြားခံနယ်မြေ သတ်မှတ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဘီလာရုနိုင်ငံ မင့်စ်မြို့မှာ သဘောတူညီချက်ရခဲ့တာကို ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ထောက်ခံလိုက်ပြီး ဒါဟာ စက်တင်ဘာ ၅ ရက် အပစ်ရပ်စဲရေး သဘောတူညီချက် ပျက်ယွင်းနေတာကို ပြန်လည်ထိန်းသိမ်းဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောပါတယ်။
DVB

မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်


ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှဘင်္ဂါလီများကို နိုင်ငံသားအဖြစ် မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့တွင်ကျမ်းကျိန်ခွင့်ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြောသည်။


"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စိစစ်လိုက်တာဖြစ်ပါတယ်။မြေပုံကို ပိုင်းလော့ ဧရိယာအနေနဲ့ လုပ်လိုက်တာပါ။အဲဒီဒေမှာနေသူတွေက လူဦးရေစာရင်းကောက်တာတွေမှာ လည်းပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်"ဟု ယင်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လက စတင်ကာ နိုင်ငံသားစိစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အိမ်ထောင်စုတိုင်းက စိစစ်မှုကို ကြည်ကြည်ဖြူဖြူခံ ယူကြကြောင်း၊လူမျိုးနေရာတွင် ဘင်္ဂါလီဟု ထည့်ရေးသူများရှိသကဲ့သို့ လူမျိုးအမည်ထည့်မရေးဘဲ ကွက်လပ် ထားသူများလည်းရှိကြောင်း ၀န်ကြီးကပြောသည်။

စိစစ်မှုများအနက်မှ လူဦးရေ ၂၀၉ ဦးကို တင်ပြလာရာတွင် ၄၀ ဦးမှာ နိုင်ငံသားဖြစ်ခွင့် ရမည်ဖြစ်ပြီး ၁၆၉ ဦးမှာ နိုင်ငံသား ပြုခွင့်ရသူ များဖြစ်ကြောင်း၊ယင်းတို့မှ မွေးဖွါးထားသော သားသမီးများ ၆၆၅ ဦးခန့်မှာ အလိုအလျောက် နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့် ရသူများ ဖြစ်ကြမည် ဖြစ်ကြောင်း သိရသည်။

"စိစစ်မှုတွေကို လုပ်တဲ့အခါ ရခိုင်တိုင်းရင်းသားဖက်က တာဝန်ရှိသူတွေ၊ဘင်္ဂါလီဖက်က တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် စစ်ဆေးမှုတွေလုပ်ပြီးမှ အတည်ပြုနိုင်တာ ဖြစ်ပါတယ်။သူတို့ဟာ ဥပဒေအရ နိုင်ငံသား ဖြစ်ကြပေမယ့်လို့ ဘယ်တော့မှ တိုင်းရင်းသား မဖြစ်ပါဘူး။ကျန်တဲ့သူတွေကိုလည်း ဆက်လက်စိစစ်ပါအုံးမယ်"ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

မေငယ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မိန်းကလေးတွေဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့ရလား


မိန်းကလေးတွေဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့ရလား၊ လက်ဖက်စားလို့ရလား ဆိုတာကို ကျနော့်ကိုခဏခဏမေးကြတယ်။ ဘာမှမဖြစ်ပါဘူး။ ဘာမှလည်းမဆိုင်ပါဘူး။ ဘယ်ဆေးစာအုပ်ထဲမှာမှလည်း မိန်းကလေးတွေ ဓမ္မတာလာနေချိန် ခေါင်းမလျှော်ရဘူးလို့မတားမြစ်ထ
ားပါဘူး။ လက်ဖက်လည်းစားလို့ရသလို၊ ခေါင်းလည်းလျှော်နိုင်ပါတယ်။ သန့်သန့်ရှင်းရှင်းနေတာပိုတောင် ကောင်းပါသေးတယ်။ ခေါင်းလျှော်လိုက်လို့၊ လက်ဖက်စားလိုက်လို့
ဓမ္မတာထိန်သွားတယ်ဆိုတာမပာုတ်ပါဘူး။ နောက်တစ်ခုကတော့ ကေသီပန်ကိစ္စပါ။ သူများစီးပွားရေးမဖျက်ချင်ဘူးဗျ
ာ။ ဒါပေမယ့်လည်းနည်းနည်းသိအောင်တော့ပြောပြချင်တယ်။ အဲဒီဆေးဘာလုပ်လဲ၊ ဘာတွေပါလဲဆိုတာတော့ ကျနော်မသိပါ။ ဆေးရုံမှာလုပ်တုန်းကတော့ ကေသီပန်သောက်ပြီး ကိုယ်ဝန်ဖျက်ချတဲ့သူတွေအများကြီးမြင်ဖူးပါတယ်။ ကျနော်ထင်တာတော့ အဲဒီဆေးကိုအများအားဖြင့်သုံးကြတာကတော့ အဲလိုမျိုးကိုယ်ဝန်ဖျက်ချတဲ့နေရာတွေကြီးပါပဲ။ ဆေးရုံရောက်တော့ပြောတာက သွေးထိန်လို့ ဆေးသောက်တယ်တဲ့။ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါဗျာ။ ကိုယ်ဘာကြောင့် သွေးထိန်သွားတာလည်းဆိုတာကို ကိုယ်အသိဆုံးပါ။ အဲဒါကိုဓမ္မတာမလာလို့ ကေသီပန်သောက်ပါတယ်ဆိုပြီးလုပ်ရော။ ဒီဆေးကကိုယ်ဝန်ကိုလုံးဝပျက်ကျသွားအောင် အားမကောင်းစေပါ။ ပျက်သလို၊ မပျက်သလိုနဲ့ ပိာုမရောက် ဒီမရောက် Incomplete abortion တွေဖြစ်ကုန်ရော။ ကျနော်တော့အဲဒီသွေးသန့်ဆေးဆိုတာကို ကိုယ်ဝန်ဖျက်ချဆေးလို့ပဲမြင်တယ်။ ပြီးတော့တကယ်လည်း ပျက်တာလည်းမပာုတ်ပါဘူးဗျာ။ ကိုယ်ဝန်ရှိနေမှဖြင့် အပြင်အကူအညီမယူဘဲ အဲဒီဆေးတစ်ခုတည်းနဲ့ကတော့ ပျက်ကိုမပျက်တာ။ ကြားထဲကခံရတာပဲ အဖတ်တင်မယ်။ သွေးသန့်ရအောင်ဘယ်သွေးတွေကမသန့်ဖြစ်နေလို့လဲ။ လစဉ်ဓမ္မတာသွေးဆင်းတယ်ဆိုတာက သွေးမသန့်လို့ဆင်းတာမှမပာုတ်တာပဲ။ သားအိမ်ကကလေးလာဖို့ပြင်ဆင်ထားပြီး ကလေးမလာတော့လို့ ပြင်ဆင်ထားတာတွေ သွေးနဲ့အတူဆင်းတာက ဓမ္မတာလာတာပါ။ ညစ်ပတ်တဲ့သွေးတွေဆင်းတာမပာုတ်ပါဘူး။ နောက်ပြီးရှိပါသေးတယ်။ ဓမ္မတာပေါ်ဆေးဆိုတာ။ အမှန်တော့ သုံးလခံထိုးဆေး (Depo) ကိုပြောတာပါ။ ကိုယ်ဝန်ရှိနေတာမပာုတ်ဘဲ အကြောင်းကြောင်းကြောင့် ဓမ္မတာမလာတာဆိုရင်တော့ ဒီဆေးထိုးရင် ဓမ္မတာပြန်ပေါ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေလို့ဆိုရင်တော့ ဆယ်လုံးထိုးဦး မပေါ်တော့ပါဘူး။ နားလည်မှုလွဲမှားနေတာလေးတွေပါ။

academic medicines

ကိုယ်ဝန်ရလိုသူ ဇနီးမောင်နှံများဖတ်ရန် ကိုယ်ဝန်ရစေနည်းများ


ကလေးလိုချင်တဲ့စုံတွဲတွေအနေနဲ့ ကလေး ယူဖို့ ပြင်ဆင်နေရတဲ့ အချိန်ကာလတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီး မိခင်လောင်းနဲ့ ဖခင်လောင်းတွေဟာ တတ်နိုင်သမျှ မြန်မြန် ကိုယ်ဝန်ရလိုကြပါတယ်။ ဒါပေမယ့် အမျိုး သမီး တစ်ယောက်ရဲ့ ကိုယ်ဝန် ရနိုင်ခြေကို လွှမ်းမိုးနေတဲ့ အချက်တွေရှိပါတယ်။ တချို့ စုံတွဲတွေ အနေနဲ့ ပထမ အကြိမ် ကြိုးစားမှု မှာပဲ ကိုယ်ဝန်ရနိုင်သလို တချို့ စုံတွဲတွေ ကတော့ ကိုယ်ဝန်မရတာက လပေါင်းများစွာ ကြာနိုင်ပါတယ်။
အောက်ပါအကြံပြုချက်တွေက လလေးလိုချင်တဲ့စုံတွဲတွေ အနေနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ပိုများအောင် လုပ်ဆောင်နိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ပုံမှန်ဆက်ဆံမှုနဲ့ မှန်ကန်တဲ့အချိန် ဖြစ်ပါစေ။ ကလေးလိုချင်ပြီး မရတဲ့စုံတွဲအများစုဟာ ပုံမှန်လိင်ဆက်ဆံမှုရှိတာ ဒါမှမဟုတ် လတစ်လရဲ့ မှားယွင်းတဲ့အချိန်မှာသာ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဖြစ်တတ်ပါတယ်။

အမျိုးသမီးအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥကြွေနိုင်လဲဆိုတာကို သိထားဖို့ လိုပါတယ်။ ယေဘုယျ အားဖြင့်တော့ မျိုးဥကြွေတာဟာ ဓမ္မတာ ရာသီစက်ဝန်းရဲ့ အလယ်၊ ရာသီ စလာတဲ့ ရက်ကနေ စရေတွက်ရင် ၁၄ ရက်မြောက်နေ့ ဝန်းကျင်ရက်တွေမှာ လိင်ဆက်ဆံမှု ရှိရင် ကိုယ်ဝန်ရနိုင်ခြေက အများဆုံးပါပဲ။
အရေးကြီးတဲ့ ဒီရက်တွေကို အတိအကျသိချင်ရင် အမျိုးသမီးရဲ့ ဆီးထဲက ဟော်မုန်း အဆင့်ကို တိုင်းတာတဲ့နည်းတွေလည်း ရှိပါတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါ့အပြင် လိင်ဆက်ဆံပြီးနောက်မှာ အမျိုးသမီးဟာ ပက်လက်လဲလျောင်းပြီး တင်ပါး အောက်မှာ ခေါင်းအုံးတစ်လုံးခံထားရင် သားအိမ်ခေါင်းကို သုက်ရည်နဲ့ တတ်နိုင်သမျှ များများထိတွေ့စေတဲ့ အတွက် ကိုယ်ဝန်ရနိုင်ခြေကို များစေပါတယ်။

ကိုယ်အလေးချိန်လျှော့ပြီး မျှတတဲ့ အစာအာဟာရတွေ စားပါ
အဝလွန်တဲ့ အမျိုးသမီးတွေ ဒါမှမဟုတ်ပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် ရနိုင်ခြေ နည်းတယ်လို့ သားဖွားမီးယပ်အထူးကုဆရာဝန်က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ ဓမ္မတာရာသီ စက်ဝန်းရဲ့ မှန်ကန်မှုနဲ့ မျိုးဥကြွေမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့်ပါ။
သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ဆိုတာက ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ၁၈ ဒဿမ ၅ နဲ့ ၂၄ ဒဿမ ၉ အတွင်း ဖြစ်ပါတယ်။ မိခင်လောင်းအနေနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုများစေဖို့အတွက် ရှိသင့်တဲ့ BMI အတွင်းမှာရှိအောင် လေ့ကျင့်ခန်းလုပ်ပြီး မျှတတဲ့ အစာ အာဟာရတွေ စားဖို့လိုပါတယ်။ မိခင်လောင်းရော၊ ဖခင်လောင်းပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ အများအပြားပါတဲ့ အစာအာဟာရတွေကို စားပြီး လိုအပ်ရင် အားဖြည့်ဆေး သောက်ပါ။

ကဖင်းဓာတ်သောက်သုံးမှုကို လျှော့ပါ
ကဖင်းဓာတ် အများအပြားသောက်သုံးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို လျော့နည်း စေပြီး ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများသောက်ပေးရင် ကယ်လ်စီယမ်ရရှိမှုများစေပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှု ရှောင်ကြဉ်ပါ
ဒီအချက်သုံးချက်က ကိုယ်ဝန်နိုင်ခြေကို ကန့်သတ်ထားနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်းနဲ့ လမစေ့ကလေး မွေးဖွားခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပြီး အမျိုးသား မှာလည်း သုက်ပိုးအရေအတွက်ကို ကျဆင်းစေပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်က ဇင့်ဓာတ်နဲ့ ဗီတာမင်စီလိုမျိုး အရေးကြီး အာဟာရဓာတ်တွေ စုပ်ယူမှုကို တားဆီးထားပြီး သွေးထဲမှာ ကဒ်မီယမ်နဲ့ ခဲလိုမျိုး အဆိပ် အတောက်တွေရဲ့ အဆင့်ကို ပိုများစေပါတယ်။ သုတေသနတွေက တစ်ပတ်မှာ အယ်လ်ကိုဟော ငါးယူနစ်အောက် နည်းပြီးသောက်တဲ့ အမျိုးသမီးဟာ ၁၀ ယူနစ် ဒါမှ မဟုတ် ဒီထက်ပိုသောက်တဲ့ အမျိုးသမီးတွေထက် ခြောက်လကြာပြီးနောက် သန္ဓေ အောင်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။

ဖောလစ်အက်စစ် အားဆေးသောက်ပါ
ဖောလစ်အက်စစ်ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွားမှုကို လျော့နည်းစေတာကြောင့် ကလေးယူဖို့ ပြင်ဆင်နေချိန်မှာ ဖောလစ် အက်စစ် သောက်သင့်ပါတယ်။ အစားအသောက်ကနေ ဖောလစ်အက်စစ် လုံလောက်အောင် ရရှိဖို့ မလွယ်တာကြောင့် ဖောလစ်အက်စစ် အားဆေးသောက်ပါ။

စိတ်ဖိစီးမှုလျှော့ပါ
အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်လုပ်မှုကို များစေပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန် ရနိုင် ခြေကို နည်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးနေတဲ့လူမှာ ရတဲ့စွမ်းအင် အများစုကို ခန္ဓာ ကိုယ်တွင်း စနစ်တွေ ထိန်းသိမ်းမှုနဲ့ ပြုပြင်မှုအတွက် သုံးနေရတဲ့အတွက် ကိုယ်ဝန် ရနိုင် ခြေက နည်းသွားနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကလေးလိုချင်ရင် စိတ်ဖိစီးမှု လျော့နည်းစေဖို့ အလုပ်တွေလျှော့တာနဲ့ ယောဂကျင့်တာလိုမျိုး ဖြေလျှော့တာတွေ လုပ်ဆောင် သင့်ပါတယ်။

ဖခင်ဖြစ်လိုသူများအတွက် အကြံပြုချက်များ
ကလေးလိုချင်တဲ့ ဖခင်လောင်းတွေကလည်း ဇနီးမှာ အောင်မြင်တဲ့ ကိုယ်ဝန် ဆောင်နိုင်ဖို့ အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေ ရှိပါတယ်။ ရေပူချိုးတာ၊ တင်းကျပ်လွန်တဲ့ အောက်ခံ ဘောင်းဘီနဲ့ အပြင်ဝတ် ဘောင်းဘီကျပ်ကျပ်တွေ ဝတ်ဆင်တာ၊ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး သုံးတာတွေကို ရှောင်ပါ။

ဒီအချက်တွေက ဝှေးစေ့က အပူချိန်ကိုများစေပြီး သုက်ပိုးအရေအတွက်ကို ကျဆင်း စေပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ သန္ဓေအောင်နိုင်စွမ်းတိုးစေနိုင်ဖို့အတွက် ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုတွေကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ် သောက်သုံးမှု ကိုလည်း လျှော့ပါ။ အရေးကြီး အာဟာရဓာတ်တွေကို လုံလောက်အောင်ရရှိဖို့အတွက် အားဆေးနေ့စဉ်သောက်ပါ။
သုတေသနတွေက စုံတွဲအနည်းစုသာ ပထမအကြိမ်ကြိုးစားမှုမှာ အောင်မြင်စွာ ကိုယ်ဝန် ရကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျန်းမာတဲ့ စုံတွဲတွေဖြစ်ပေမယ့်လည်း တစ်လမှာ ကိုယ်ဝန်ရနိုင်ခြေက ၂၀-၂၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲ တွေဟာ ၁၂ လကျော်ကြာတဲ့အထိ ကလေးမရနိုင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ကို တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်ပါတယ်

Good Health