နိုင်ငံခြားသားများ အမြဲတမ်းနေခွင့် အောက်တိုဘာတွင် ရတော့မည်

နိုင်ငံခြားသား၊ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များ၊ တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသား ဟောင်းပညာ ရှင်များ မြန်မာနိုင်ငံ အတွင်းနေထိုင်မှု လွယ်ကူစေရန် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence)ကို အောက်တိုဘာလမှ စတင်ခွင့်ပြုမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မဇ္ဈိမကို စက်တင်ဘာ ၅ ရက်တွင် ပြောသည်။ 

“လိုအပ်မယ့်အချက်အလက်တွေကို ခွင့်ပြုရက်မတိုင်မီဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာတင်ပေးသွားမယ်။ ရုံး ချုပ်ကိုပဲတိုက်ရိုက်လျှောက်ရလိမ့်မယ်။ အခု ပထမဆုံး ခွင့်ပြုပေးတာပဲ” ဟု ၎င်းကဆိုသည်။ 

သမ္မတဦးသိန်းစိန်က အမြဲတမ်းနေ ထိုင်ခွင့်(ပီအာရ်)ကို အောက်တိုဘာတွင် စတင်အကောင်အထည်ဖော်ရန်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာနသို့ ညွှန်ကြားထားပြီး ဖြစ်သည်။ 

“နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးအပြင်၊ ပိုင်ဆိုင်မှုအတွက်အခွန်ဆိုင်ရအချက်အလက်တွေကို တိတိကျကျ သိဖို့လိုမယ်၊ အခု ဗီဇာလုပ်နေရတာထက် ကုန်ကျငွေ ပိုသက်သာမယ်။ မလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အချိန်ကုန်တာတွေတော့ မဖြစ်သင့်ဘူး””ဟု မြန်မာနိုင်ငံတွင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် အင်္ဂလန်နိုင် ငံသား နိုင်ငံခြားသတင်းထောက်တစ်ဦးက ဆိုသည်။ 

လက်ရှိအချိန်ထိ ကာလရှည်နေထိုင်ခွင့် ဗီဇာဖြင့်နေထိုင်သူ ၈,၀၀၀ ကျော်ထိရှိသည်ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စာရင်းများကဆို သည်။ ယခင်က ယင်းသို့နေထိုင်ခွင့်ကို ခြောက်လအ ထိခွင့်ပြုခဲ့သည်။

Mizzima

ထိုင်းဝန်ကြီးချုပ် ပြုစားခံရ၊ ပရိတ်ရေလောင်းမိလို့ အအေးပတ်

၂၀၁၂ ထိုင်းတပ်မတော်နေ့မှာတွေ့ရတဲ့ ကာချုပ် ပရာရွတ် (Photo: Reuters)


ထိုင်းဝန်ကြီးချုပ်က သူဟာ မှော်ဆရာတွေရဲ့ တိုက်ခိုက်မှုဒဏ် ခံနေရတယ်၊ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းမှုဆန့်ကျင်ရေးအုပ်စု ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ 
ဘန်ကောက်မြို့ စစ်တပ်အဆောက်အအုံတခုမှာပြုလုပ်တဲ့ အစည်းအဝေးကြီးတခုအတွင်း သူက အဲဒီလို ပြောဆိုလိုက်ခြင်းပါ။

အဲဒီအစည်းအဝေးကို ပြုပြင်ပြောင်းလဲရေးကောင်စီဝင်ရွေးချယ်ရေးအတွက် တာဝန်ရှိသူများ တက်ပါတယ်။

အစည်းအဝေးမှာ မိန့်ခွန်းပြောနေတုန်း သူက ဘယ်ပုံဘယ်နည်း ထိသွားတယ်ဆိုတာကိုပါ ရှင်းပြခဲ့တယ်လို့ ဆိုတယ်။

"ဒီနေ့ဒီအချိန်မှာ ကျုပ်တို့ အချင်းချင်း ယိုင်းပင်း ဖေးမရမယ် တယောက်ကိုတယောက်။ ပြုပြင်ပြောင်းလဲရေး မအောင်မြင်ဘူး ဆိုရင် ရှေ့ဆက်ပြီးဘာလုပ်ရမယ် ဆိုတာကို ကျုပ် သိမယ်မဟုတ်ဘူး"

"ဆက်ပြီးတော့ ပုန်းလျှိုးကွယ်လျှိုး ဖိုက်ချင်သေးတယ် ဆိုရင်တော့ လုပ်ပေါ့။ မှော်အတတ် စုန်းအတတ်နဲ့ လုပ်မယ် ဆိုရင်လည်း ဆက်လုပ်ပါ" လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် ပရာရွတ်က ဆိုပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရည်ရွယ်ပြီး သူက ပြောလိုက်ခြင်းပါ။

"ဒီနေ့ ကျုပ် လည်ချောင်းနာတယ်၊ ဇက်ကြောတွေ တင်းတယ်။ ကျုပ်ကို အောက်လမ်းနည်းနဲ့လုပ်နေတယ်ဆိုပြီး ပြောတဲ့သူ ရှိတယ်၊
ခေါင်းကို ပရိတ်ရေ အများကြီး လောင်းချရလို့ အအေးတောင်မိသွားတယ်" လို့ ဗိုလ်ချုပ်ပရာရွတ်က ပြောပါတယ်။

ဒါကတော့ ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်း သတင်းတပုဒ်ပါ။

အစိုးရပိုင်း အစည်းအဝေးတွေ တက်တဲ့အခါ (နက်ကတိုင် ကြောင်လျှာသီးနဲ့) အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းခြင်း မပြုဘဲ ကော်လံကတုံးဂျက်ကက်အင်္ကျီဝတ်ဖို့လည်း သူက တိုက်တွန်းတယ်လို့လည်း သတင်းမှာ ဆက်ရေးပါတယ်။
သူက ဒီလို အဝတ်အစားဆိုင်ရာ ညွှန်ကြားချက်ပေးကြောင်း ဆိုတာကို တခြားသတင်းဌာနတွေကလည်း ရေးကြပါတယ်။

ကိုးကား 
ဘန်ကောက်ပို့စ်
ဧရာဝတီ

ပဋိပက္ခပြေလည်စေလိုသူ နန်းခင်ဇေယျာ


လတ်တလော အများပြောနေကြတဲ့ မေမြတ်နိုးသရဖူအကြောင်းနဲ့ ပတ်သက်ပြီး အလှမယ်နန်းခင်ဇေယျာဆီက အသံ ထွက်လာပါတယ်။
နန်းခင် ခုရေးတဲ့ စာလေးက သိလွန်း တတ်လွန်းလို့ရေးထားတာ မဟုတ်ပါဘူးရှင်။ အားလုံးအတွက် စိတ်မကောင်းဖြစ်ရလို့ ကာယကံရှင်တွေကိုလည်း အားပေးစကားလေးပြောချင်လို့ ရေးလိုက်တာပါ။


ခုဖြစ်ပေါ်နေတဲ့ ညီမလေး မေမြတ်နိုး သရဖူပြန်အပ်ရမယ့် ကိစ္စမှာ ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ နန်းခင် လည်း မသိပါဘူး။

မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး သရဖူ ရခဲ့တဲ့ အတွက် မြန်မာပရိသတ်နဲ့အတူ ဝမ်းမြောက်ဂုဏ်ယူခဲ့ပါတယ်။ ဒီ့အတွက် ကြိုးစားခဲ့ကြတဲ့ ညီမလေး မေမြတ်နိုးရော အမလှနုထွန်းရော ၂ ယောက်လုံးအတွက် မြန်မာပရိသတ်များနဲ့အတူ ဝမ်းမြောက်ခဲ့ရတာပါ။ မည်သို့သော အကြောင်းတရားတွေကြောင့် သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ရတယ်၊ စေ့စပ်ညှိနှိုင်းမရဖြစ်ခဲ့ရတယ် ဆိုတာ ကာယကံရှင်တွေထက် နန်းခင် တို့ ပိုမသိနိုင်ပါဘူးရှင်။ ခု အဖွဲ့ကြီးက သရဖူပြန်လည်အပ်ဖို့ တောင်းဆိုမှု ၊ စွပ်စွဲချက်တွေ အတွက် ညီမလေး မေမြတ်နိုး ဘယ်လိုခံစားနေရမယ်ဆိုတာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ်။ ဒီလိုပဲ မလှနုထွန်း လည်း စိတ်ဆင်းရဲနေရမယ် ဆိုတာ တွေးမိပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။ အားလုံးကိုလည်း အဆင်မပြေမှုတွေ အမြန်အဆုံးသတ်ပြီး စိတ်ချမ်းသာစေချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်ကာကွယ်ဖို့ နန်းခင်တို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်လို့ နန်းခင် ရဲ့ အမြင်လေးကို ပြောပါရစေ။
အခက်အခဲတွေ ကြုံနေရတဲ့သူတွေလည်း အမြန်ပြေလည်ပြီး စိတ်ငြိမ်းချမ်းစေဖို့ ဆန္ဒပြုပါတယ်။

ညီမလေး မေမြတ်နိုး စိတ်အားမငယ် စိတ်ဓာတ်မကျပါနဲ့။ ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းအတွက် စိတ်ဓာတ်ခွန်အားတွေမွေးမြူပြီး ကြိုးစားပါ ညီမလေး။ညီမလေး ပူပင်သောကတွေ ချုပ်ငြိမ်းပြီး အမြန်စိတ်အေးချမ်းသာပါစေ။

အရည်အချင်းတွေပြည့်စုံတဲ့ အမ လှနုထွန်းလည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ၊ စိတ်ဆင်းရဲမှု သောကတွေကနေလွတ်မြောက်ပြီး အမြန်စိတ်ချမ်းသာမှုတွေ ကြုံတွေ့ရပါစေလို့ နန်းခင် ဆန္ဒပြုပါတယ်။

ဖြစ်ပြီးတဲ့ကိစ္စတွေကနေ သင်ခန်းစာယူပြီး နောက် ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေ အတွက် မှာချင်တာက မပြိုင်ခင် သေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်ယူပြီး သေချာလေ့လာပါလို့ မှာချင်ပါတယ်။

အမှားကင်းတဲ့သူ ဘယ်သူမှမရှိပါဘူး။ မှားပြီးတဲ့ အမှားမျိုး ထပ်မမှားအောင် အမှားကနေ သင်ခန်းစာယူတတ်ကြရင် အောင်မြင်မှု အမှန်တရား အသီးအပွင့်တွေ ရရှိပါလိမ့်မယ်လို့ နန်းခင် တို့ အားလုံး ယုံကြည်ထားပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားကြပါစို့နော်။

အားလုံးပဲ သောကတွေကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ နန်းခင် ဆုတောင်း မေတ္တာပို့သရင်း 
ဧရာဝတီ(blog)

သတို့သား အလိုရှိသည်… သန်းပေါင်း ၆ သောင်း......



ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဋ္ဌေးကြီး ကျောက်ရှိးစုန် ကတော့ သူ့ရဲ့ သမီးလေး ဂီဂီကျောက် အတွက် သတို့သားရှာပုံတော် ဖွင့်လိုက်ပါပြီ။

သူဋ္ဌေးကြီးရဲ့ ရင်နှစ်သည်းချာ သမီးရတနာလေးကို လက်ထပ်နိုင်တဲ့ သတို့သားကတော့ ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင်တော့ ကျပ် သန်းပေါင်း ၆ သောင်းကျော် လောက်ရှိမယ်ထင်ပ။ သမီးရတနာလေးဟာ မန်ချက်စတာ တက္ကသိုလ်က ဘွဲ့ရထားပြီးတော့ အသက် ၃၃ ရှိပါပြီ။


သူဋ္ဌေးကြီး ကျောက်ကတော့ သူ့သမက်လောင်းဖြစ်သူဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အဓိကကတော့ သဘောထားကြီးပြီးတော့ ကြင်နာတတ်တဲ့ နှလုံးသာရှိသူဖြစ်ရင် ရပြီလို့ ဆိုနေပါတယ်။ သူ့ရဲ့ သမီးရတနာလေးဟာ အလွန်ကို လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်ပြီးတော့ အချင်းရော၊ အဆင်းပါ ပြည့်စုံတဲ့ သမီးလေးလို့လည်း ဆိုပါသေးတယ်။

သဋ္ဌေးကြီးဟာ ဘာဖြစ်လို့ သတို့သားရှာပုံတော်ဖွင့်ရတယ်လို့ ထင်ပါသလဲ….?

ပြဿနာကတော့ သူ့သမီးလေးဟာ ပြားရာကလုံးလို့ ယောက်ျားလေးတွေကို စိတ်မ၀င်စား မိန်းကလေး အချင်းချင်းသာ စိတ်ဝင်စားလို့ ဖြစ်ပါသတဲ့။ လောလောဆယ်မှာ သူ့နဲ့ ချစ်သက်တမ်းကြာပြီဖြစ်တဲ့ အချစ်တော်လေးက ပြင်သစ်မှာ နေပါသတဲ့။

ကဲ….. သန်း ၆ သောင်းတန် သတို့သား ဖြစ်လိုသူများ ကံစမ်းနိုင်ကြပါပြီ။

(ထူးခြားဖြစ်စဉ်များ)

ဂျပန်နိုင်ငံ တွင်မြင်တွေ့ရတဲ့လက်တွေ့ဘဝက Batman





ကျော်ကြားလှတဲ့Batman ရုပ်ရှင်ထဲက ဇတ်လိုက်ကျော် Batman ဟာ ဂျပန်နိုင်ငံ တွင် လှည့်လည်သွားလာ လျက်ရှိတယ်လို့သိရပါတယ်။ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝထဲက တကယ်ရှိနေတဲ့Batman တစ်ယောက် ဖြစ်ပြီး လမ်းမထက်တွင် အက်ရှင်ဆန်ဆန် ဆိုင်ကယ်ကို ဟိတ်ဟန်အပြည့်နှင့် မောင်းနေတာ ဖြစ်ပါတယ်။


လူထူးဆန်းကြီး Batman ကို ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး batcycle ကိုစီးနှင်းကာ ဂျပန်နိုင်ငံက လမ်းမထက်တွင် အံ့သြဖွယ် တကယ့်လက်တွေ့မြင်ရတာပါ။ ဒါပေမဲ့တကယ့် Batman လို ခုန်ပျံကျော်လွှားနိုင်တဲ့အရည်အချင်း တော့မရှိဘဲ လူအများကို ဖျော်ဖြေရေးအဖြစ် တင်ဆက်နေတာပါ။ စူပါဟီးရိုး Batman ကို အင်မတန်မှ ရူးသွတ်သူတစ်ဦး ဖြစ်ပြီး ဖြတ်ထိုး တီထွင်ဉာဏ်လည်း ရှိကာ Batman ရဲ့ပုံတူ အဝတ်အစားများ သာမက ဆန်းပြားလှတဲ့batcycle ကိုလည်း တီထွင်ပြ နိုင်ခဲ့ပါတယ်။

Batman အစစ်နှင့် ခွဲမရအောင် ပီပြင်လှပြီး ဝတ်စုံကို အသေးစိတ်ကအစ ခိုင်ခန့်အောင်ကို ဖန်တီးထားပြီး ဒီဇိုင်းဆန်းဆန်း ဖန်တီးထားတဲ့သုံးဘီး batcycle ကို စီးနင်းကာ လူအများက ထူးဆန်းစွာ တစ်ကယ့် Batman အထင်နှင့် ငေးမောနေခဲ့ရပါတယ်။ ထူးဆန်းလွန်းလှတဲ့အတွက် Youtube အင်တာနက် စာမျက်နှာတွင် ကြည့်ရှုသူပေါင်း သန်းချီပြီး ရှိခဲ့ကြောင်း သိရပါတယ်။

Colay:Automobile

ဧရာဝတီမြစ်ကြောင်းတွင် စက်လှေ၊ သင်္ဘောများကို အုပ်စုဖွဲ့ လုယက်နေ


မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ခုရက်ပိုင်းအတွင်း ကုန်တင်သင်္ဘောနဲ့ စက်လှေပေါ်က ကုန်ပစ္စည်းတွေကို အုပ်စုဖွဲ့လုယက်မူတွေ ရှိနေတာကြောင့် ၂၄ နာရီ လုံခြုံရေးချ စောင့်ကြည့်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။


မန္တလေးခရိုင် အမရပူရမြို့နယ်၊ ရတနာပုံတံတားကနေ ပုသိမ်ကြီးမြို့ နယ် သရက်တပင် ကျေးရွာအတွင်း ဒီရက်ပိုင်းမှာ အုပ်စုဖွဲ့ပြီး လုယက်မူတွေ ရှိလာတာကြောင့် ရဲတပ်ဖွဲ့က လှည်းကင်း၊ ၀ပ်ကင်းတွေနဲ့ အချိန်ပြည့် လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကတော့ မန္တလေးခရိုင်အတွင်းက ဆိပ်ကမ်း ၁၀ ခုမှာ ရေကြောင်း၊ ကုန်တင်ကုန်ချ၊အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မြစ်ကြောင်းတလျှောက်က ဆိပ်ကမ်းတွေ၊ မြို့နယ်တွေ အကုန်ပါတာပေါ့။ အမရပူရပါတယ်။ မဟာအောင်မြေပါမှာပေါ့။ ဟိုဘက်ကဆို ပုသိမ်တို့ ပါတာပေါ့။ ဆိပ်ကမ်း ၁၀ ခုရှိတဲ့အတွက် အဲဒီ ၁၀ ခုမှာတော့ ရေကြောင်းတွေပါတယ်၊ ကုန်တင်ကုန်ချအဖွဲ့တွေပါတယ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ ဆိပ်ကမ်း ၁၀ ခုမှာ နေ့စဉ် ကင်းလှည့်တာတွေ ရှိတယ်။ ကမ်းနားတွေမှာလည်း လှည့်ကင်းတွေနဲ့ စိုးမိုးတာတွေရှိတယ်။ အဲဒါတွေ လက်ရှိဆောင်ရွက်နေတယ်။”

စက်တင်ဘာလဆန်းက ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ မော်တော်တစီးကို အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးပါတဲ့ စက်လှေတစ်စီးက ကပ်လာပြီး လုံခြုံရေးအဖွဲ့ကို လေးခွနဲ့ပစ်ခဲ့တဲ့ အတွက် သေနတ်နဲ့ ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လုယက်တဲ့သူတွေဟာ စက်လှေတွေနဲ့ ရောက်လာကြပြီး ကုန်သင်္ဘောတွေပေါ်က ဆန်အိတ်၊ ဘက်ထရီအိုး စတဲ့ပစ္စည်းတွေ လုယက်ယူသွားကြကြောင်း၊ လူမိရင် သူတို့မလိုက်နိုင်အောင် လေးခွနဲ့ ပြန်လည်ပစ်ခတ်ထွက်ပြေးလေ့ရှိတဲ့အတွက် ၂၄ နာရီလုံခြုံရေး ပေးနေရတယ်လို့ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။

၂၀၁၀-၂၀၁၁ ခုနှစ်တွေတုန်းကလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ဖူးပြီး စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်း ဒေသကနေ လာရောက် လုယက်တဲ့ တရားခံ ၁၈ ဦးကို ဖမ်းမိခဲ့တယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
DVB

လုံခြုံရေးဆိုင်ရာ အီလက်ထရွန်နစ် ပစ္စည်းများ တွင်ကျယ်စွာ သုံးစွဲလာ


လုံခြုံရေးဆိုင်ရာ အီလက်ထရွန်နစ် ပစ္စည်းများသည် ဈေးကွက်အတွင်းသို့ ရောက်ရှိလာပြီး တွင်ကျယ်စွာ အသုံးပြု လာကြသည်။
ယင်းပစ္စည်းများကို Bosch, Panasonic, Samsung, Sony, Nikon, Canon, Hitachi အစရှိသည့် ကုမ္ပဏီကြီးများနှင့် အခြား နာမည်ကြီး ကုမ္ပဏီကြီးများမှ အာမခံချက် မျိုးစုံဖြင့် တင်သွင်း လာကြသည်။ ''အရင်က အပေါ်စီးက ရိုက်ကူးရေး ပြုလုပ်မယ်ဆို ကရိန်းတွေနဲ့ ပြုလုပ်ရတယ်။ အခုတော့ အောက်ကနေ ထိန်းချုပ်ရေး ကိရိယာနဲ့ ထိန်းချုပ်ပြီး ကိုယ်လိုချင်သလို ရိုက်ကူးနိုင်တဲ့ ယာဉ်ငယ်တွေလည်း ရှိနေပါပြီ။ ဒီပစ္စည်းတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြပါပြီ။ ကျွန်တော်တို့ ဆီမှာတော့ အသုံးပြုတာ နည်းသေးတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တိုင်း လုံခြုံရေး စနစ်တွေ ရှိနေသင့်တယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း CCTV တို့လို လုံခြုံရေး ပစ္စည်းတွေ ရှိနေခြင်းအားဖြင့် အမှုအခင်း ကိစ္စတွေလည်း လျော့နည်းသွားမှာပါ။ အဲဒီလို အကျိုးကျေးဇူး တွေတော့ အများကြီး ရရှိမှာပါ'' ဟု ရန်ကုန်မြို့ ၃၄ လမ်းရှိ အီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။
မြ၀တီ

နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)


လျှားစောင်း လက်ပတ် အနွယ်ဝင် နားဂါးမောက်သီး ပင်ဟာ တောင်အမေရိက တိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါ မှာတော့ အာရှနိုင်ငံများ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊

ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုး လာကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ် ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန် မှာတော့ မြေပဒေသာ ကျွန်းထဲမှာ အပင် တစ်ချို့ တွေ့ခဲ့ရပါတယ်..


အရသာ အနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာ ပါဝင်ပြီး နဂါးမောက်သီး အမှည့် အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင်လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုး သမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်း ကို လျော့ချ ပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက် စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ် စိုပြေစေခြင်း၊ အစာစားချင် စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီ များကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်.. နလံထ လူမမာများ အတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

စပျစ်သီးကို စားသင့်တဲ့ အကြောင်း.........


စပျစ်သီးကိုတော့ လူတိုင်းနီးပါး ကြိုက်မယ် ထင်ပါတယ်။ 
စပျစ်သီးမှာ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းထိ ပါဝင်ပါတယ်။
ဒါ့အပြင် ရေဓာတ် ၇၀ မှ ၈၀ ရာခိုင်နှုန်းထိ ပါဝင် ပါတယ်။
ကာကွယ်ပေးနိုင်တဲ့ ရောဂါများ....


(၁) နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်နိုင်ပါတယ
်(၂) ဝန်းချုပ်ခြင်းကို ပျောက်ကင်းစေပါတယ်
(၃) ပန်းနာ ပျောက်ကင်းစေပါတယ်
(၄) အစာမကြေ ဝေဒနာများအတွက် အထူးပင် ကောင်းမွန်ပါတယ
်(၅) ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို သက်သာစေနိုင်ပါတယ်

(ဆေးပညာ)

ဂိုလန်ကုန်းမြင့်ဒေသ၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ဆီးရီးယားတပ်များက စစ်သွေးကြွများကို ချေမှုန်း


ဆီးရီးယားအစိုးရတပ်များနှင့် အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ် သော အယ်လ်နူဆရာတပ်ဦး၏ စစ်သွေးကြွများသည် အစ္စရေးသိမ်း ပိုက် ဂိုလန်ကုန်းမြင့်ဒေသတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ပရက်စ်တီဗွီသတင်းတွင် ဖော်ပြ သည်။

ဒမတ်စကတ်အစိုးရက ပြည်ပ ကျောထောက်နောက်ခံ သေနတ် သမားများအား တိုက်ခိုက်နေချိန် အဆိုပါတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဆီးရီးယားတပ်ဖွဲ့ဝင်များ နှင့် အယ်လ်နူဆရာတပ်ဦး စစ် သွေးကြွများသည် ဒမတ်စကတ် တောင်ဘက် ၃၇ မိုင်အကွာ ကျူနီ ထရာမြို့ အနောက်တောင်ပိုင်း၌ လွန်ခဲ့သော သီတင်းပတ်က ကုလ သမဂ္ဂအဖွဲ့အသုံးပြုနေသည့် နယ်စပ် ဂိတ်ကို အဆိုပါအကြမ်းဖက်သမား များက ထိန်းချုပ်ထားချိန်မှ စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ 
တိုက်ပွဲအတွင်း ဆီးရီးယား မဟုတ်သော စစ်သွေးကြွအများဆုံးသေဆုံးသွားခဲ့ကြောင်း၊ အမေ ရိကန်တစ်ဦးလည်း ပါဝင်ကြောင်း၊ ဆီးရီယားလူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့က ပြောသည်။

ကြာသပတေးနေ့တွင် ကျူနီ ထရာဆင်ခြေဖုံး၌ တိုက်ပွဲပြင်းထန် ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင်များ လည်း သေဆုံးခဲ့သည်။ ပြည်ပကျော ထောက်နောက်ခံ သေနတ်သမား များကအဆိုပါဒေသကို ထိန်းချုပ် ရန် ကြိုးစားချိန် တိုက်ပွဲဖြစ်ပွားရ ခြင်းဖြစ်သည်။

''စစ်သွေးကြွတွေဟာ မဟာ ဗျူဟာကျတဲ့ ကဲလ်မာရှာရာနဲ့ ရှာအာ တောင်တန်းဒေသကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒီလိုလုပ်နေတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လုပ်နေတာတော့ကြာပါပြီ။ 

သူတို့သာ တောင်ထိပ်ရောက်သွားမယ်ဆိုရင် ဒီနယ်တစ်ဝိုက်ကိုတော့ သူတို့ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တိုက်ခိုက်ကြိုးစားမှု အားလုံးဟာ မအောင်မြင်ခဲ့ပါဘူး'' ဟု ဆီးရီးယား စစ်ဘက်အရာရှိတစ်ဦးက ပရက်စ် တီဗွီသို့ ပြောကြားသည်။ 

(ပရက်စ်တီဗွီ)

ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းပွားသည့်အရာများက ဦးနှောက်ကို ထိခိုက်စေနိုင်


ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်တူဆက်ဆံသူများအကြောင်း၊ လူမျိုးရေးခွဲခြားမှုများအကြောင်း၊ မကြိုက်မနှစ်သက်မှုများ(သို့) အခြားအမုန်းပွားသည့် အကြောင်းအရာများကို သင်တွေ့မြင်ဖတ်ရှုနေပါသလား။ ယင်းကဲ့သို့ ရေရှည်တွေ့မြင်ဖတ်ရှုနေရပါက ဦးနှောက်ကို အန္တရာယ်ဖြစ်စေသည်။
အွန်လိုင်းကွန်ရက်များအသုံးပြုခြင်းမှာ ကျန်းမာရေးကို ဓမ္မဓိဋ္ဌာန်မကျသောနည်းလမ်းများစွာဖြင့် အန္တရာယ်ဖြစ်စေကြောင်း အီတလီနိုင်ငံမှ သုတေသီများ၏ လေ့လာမှုတစ်ရပ်အရသိရသည်။ 

လူမှုကွန်ရက်မှာ လူတို့၏ စိတ်ကျန်းမာရေးအပေါ် အန္တရာယ်ဖြစ်စေသည့် အမုန်းစကားများ၊ စော်ကားသော အပြုအမူများနှင့်တွေ့မြင်ကြုံကြိုက်နိုင်သည့် အန္တရာယ်ကို ပိုများစေသည်ဟု ယင်း လေ့လာမှုက ဖော်ပြသည်။ 

ယခုကဲ့သို့ အဖြေမျိုးထုတ်နိုင်ရန် ရောမမြို့ဆာပီယန်တက္ကသိုလ်မှ သုတေသီဖာဘီယို ဆာဘာတီနိုနှင့် ဖရန်ဆက်ကို ဆာရာစီနိုတို့နှင့်အတူ အခြားသုတေသီများက အီတလီနိုင်ငံရှိ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ သုံးသော အိမ်ထောင်စုပေါင်း ၂၄၀၀၀ တွင် ပါဝင်သည့် လူပေါင်း ၅၀,၀၀၀ ၏ အခြေအနေများကို လေ့လာခဲ့ခြင်းဖြစ်သည်။ 

အွန်လိုင်းအသုံးပြုခြင်းဖြင့် လူအများကို၎င်းတို့၏ လောကအပေါ်အမြင်နှင့် ပတ်သက်၍ စိန်ခေါ်သည့် အတွေးအမြင်များရစေပြီး ထူးခြားမှုလျော့နည်းသွားသလို ခံစားရစေကာ အထူးသဖြင့်အမုန်းပွားသော အကြောင်းအရာများက ၎င်းတို့ကိုစော်ကားဝေဖန်ချိန်တွင် ယင်းခံစားချက်မျိုးဖြစ်ပေါ်လာတတ်သည်။ 

အွန်လိုင်းကွန်ရက်များသုံးခြင်းကြောင့် လူအများကို အခြားလူနာများအပေါ် ယုံကြည်မှုလျော့ နည်းသွားစေသဖြင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ 

အထူးသဖြင့် လိင်ကွဲပြားမှုနှင့်လူမျိုးရေးအခြေခံအမုန်းစကားများအပါအ၀င်ရန်စသော အပြုအမူများနှင့်အမုန်းစကားများ ဆန့်ကျင်ရေးလူမှုဝက်ဘ်ဆိုက်များ၏ မူဝါဒများကို ခေတ်နှင့် တစ်ပြေးညီအဆင့်မြှင့်ရန်လိုအပ်ကြောင်း ယခုလေ့လာမှုက ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။ လူမှုကွန်ရက် အသုံးပြုခြင်းမှာ လူအများ၏ ပျော်ရွှင်မှုအပေါ်ထိခိုက်နိုင်သည်ဟု ယခင်လေ့လာမှုများကလည်းဖော်ပြသည်။
Ref:TOI 

7Day Daily

သံပုရာသီး အစွမ်းအံမခန်း.........


*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ
တင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း
သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။
တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း) နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်
တာ ပျောက်ကင်း စေပါတယ်။
*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။
တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊
ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက် နဲ့
ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသား
အရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို
ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်
တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။
သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့်
ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့ သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။
သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်
ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး
မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေး
ပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး
တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေတွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့
သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံး
ရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို
တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ
ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေ
ကိုချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်း
လာပါလိမ့်မယ်။ သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်
သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်း
စေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်
ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့
လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့
ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်
လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါ
တယ်။ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့
ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ
ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမ
က ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့သတ္တုဓာတ်တွေကြောင့်
ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေး ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက
ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ
ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး
လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …

၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော
အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော
အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။

၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊
ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို
ပျောက်ကင်းစေသည်။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း
များကို ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း
နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေး
သော်သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက
ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ)
တနေ့၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း
၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊
ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော
သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါ
မည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်
တွင်ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက
ဆီးရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊
လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး
ဖြစ်ပါသည်။

( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )

စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို 
ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား 
မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ၀စေသည်။

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်း 
လောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး
သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက
လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန်
ဝမ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ်
နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက်
တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး
ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ
သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက်
ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်။

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊

အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိ
မေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ်
တတ်ပါတယ်၊ အဲဒီလို အစားမလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာ 
ပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်း ထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ် 
တယ်။ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက် 
ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ 
သံပုရာကိုလိုသလို အသုံးချနိုင်ကြ ပါစေ...........လို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် 
ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်..............

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့်
ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး
အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို
ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့..

သံပုရာသီး၊
အုံးဆီ၊
ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီးလိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...။
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/ လင်ဇီး
(လိမ်းထေည့်ဆး) တစ်မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း......
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ...
ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...
တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ..

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း
သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ.............

(ဆေးပညာ)

ခွဲစိတ်ပြုပြင်ခြင်းမရှိပဲ သဘာဝအတိုင်း အရုပ်မနှင့် တူသူ





ယူကရိန်းနိုင်ငံမှ အသက် ၁၆ နှစ်အရွယ်ရှိ Lolita Richi အမည်ရတဲ့ အမျိုးသမီး ငယ်လေးဟာ ဘာနဲ့မှ ခွဲစိတ်ပြုပြင်ခြင်းမရှိပဲ အရုပ်မ (ဘိုမရုပ်)နဲ့ တူနေတာ ကြောင့် အွန်လိုင်းမှာ နာမည်ကြီးလာပါတယ်။ ရုရှားတို့ အသုံးပြုတဲ့ VK ဆိုရှယ်မီဒီယာပေါ်မှာ ပရိတ်သတ်ပေါင်း များစွာ ရှိပြီး သူမဟာ ပုံများ တင်လျက် ရှိပါတယ်။
သူမဟာ ငယ်စဉ်ကတည်းက သာမန်လူလိုသာ နေလာခြင်း ဖြစ်ပြီး ဘာ ပလက်စတစ် ဆာဂျရီနဲ့မှ ခွဲစိတ်ထားခြင်း မရှိပဲ ဘိုမရုပ်နှင့်တူနေခြင်း ဖြစ်ပါတယ်။ မျက်လုံးကိုတော့ ဘိုမရုပ်တွေလို ကြီးအောင် မျက်ကပ်မှန် တပ်ထား ပါတယ်။ အဲ့ဒါကလွဲလို့ ကျန်တာ ဘာမှ ပြုပြင်ခြင်း မရှိပါဘူး။ အထက်တန်းကျောင်း စတက်ချန်ကစလို့ သူမဟာ ဘိုမရုပ်နဲ့ သိသိသာသာ တူလာတာကြောင့် နေထိုင်မှု ပုံစံပါ လိုက်လှံ ပြောင်းလဲခဲ့ ပါတယ်။ ဒါကြောင့်မို့ ခါး size ၂၀ သာ ရှိပြီး 32F bra size ရှိပါတယ်။ အရပ်ကတော့ ၅ ပေ ၄ လက်မ ပါ။ ယူကရိန်းမှာ ဘိုမနဲ့ တူအောင် ခွဲစိတ်ပြုပြင်သူ ၂ ယောက်ကမ ရှိလာပြီး သူမ ကတော့ သဘာဝအတိုင်း ဖြစ်တာကြောင့် အချိန်တို အတွင်း နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။
သူမ တင်တဲ့ ပုံတွေကို သူမရဲ့ အမေကိုယ်တိုင် ရိုက်ပေးခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ပုံကိုလည်း ဘာ Photoshop နဲ့မှ ပြုပြင် စီရင်ထားခြင်း မရှိကြောင်း ပြောဆိုထားပါ သေးတယ်။ အထက်တန်းကျောင်းမှာလဲ ဘိုမနဲ့ တူတာကြောင့် အများ ဂရုတစိုက် အကြည့်ခံရသူ ဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာလည်း အနုပညာ လိုင်းဘက်သို့ ရောက်ရှိလာနိုင်ဖွယ်သူ တစ်ဦး ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

ငါးကြီးဆီ၏ ကောင်းကျိုးများ


ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။
အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။
အကယ်၍ ကိုယ်ဝန်ဆောင်သည် တွေနဲ့ နို့တိုက်မိခင် တွေဟာ နေ့စဉ် စားသောက် နေတဲ့ အာဟာရ ဓါတ်တွေ ထဲမှာ ငါးကြီးဆီဓါတ်ကို ဖြည့်လိုက် မယ်ဆိုရင် ကလေးငယ် တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာ စေတဲ့ အပြင် ဥာဏ်ရည် ပိုင်းကိုလည်း တိုးတက် မြင့်မား စေပါတယ် ။
ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင်ဒီဟာ ကလေးငယ် တွေမှာ ricket လို့ခေါ်တဲ့ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ် တားဆီး နိုင်ပါတယ် ။ လေ့လာ စမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီ ပေးထားတဲ့ ကလေး ၃၇ ယောက်ကို ၆ လလောက် ပေးကြည့်တဲ့ အခါ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နှုန်းက ၉၂ % ရှိတာ တွေ့ရပါတယ်။ ရောဂါပိုးမွှား တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်း တွေကို ကာကွယ် ပေးနိုင်ပြီး အဆိပ် အတောက် တွေကို ခုခံ ပေးနိုင်ပါတယ် ။
ကိုယ်ဝန် ဆောင်သည် တွေမှာ ငါးကြီးဆီ သောက်သုံးမယ် ဆိုရင် အသက် လေးနှစ် အရွယ်မှာ ကလေးတွေရဲ့ IQလို့ ခေါ်တဲ့ ဥာဏ်ရည် တိုးတက် လာတာ တွေ့ရပါတယ်။ ကလေးငယ် တွေကို လည်းပေါင်ချိန် တိုးတက် စေပါတယ် ။ ဒါ့အပြင် လေ့လာ စမ်းသပ်မှုတွေ အရလည်း ကင်ဆာ၊ ဆီးချို သွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်း အဆီစတာ တွေကိုပါ ကောင်းမွန် စေတယ် ဆိုတာ တွေ့ရပါတယ် ။
Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ
ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil ကပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင် ဒီပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက် အကူပြု ပါတယ် ။
သက်တန့်ချို

Samsung Galaxy Tab 4 (8.0 inch) (Tablet Review)


အလျား ၈.၂၇ လက်မ၊ အနံ ၄.၈၈ လက်မနှင့် အထူ ၀.၃၁ လက်မသာ ရှိသည့်အတွက် ပါးလွှာမှုရှိပြီး ကိုယ်ထည်ဒီဇိုင်းလည်း ကျစ်လျစ်မှုရှိသည်။ ပါဝါခလုတ်၊ အသံအတိုးအကျယ် ခလုတ်များကို ညာဘက်ဘောင်ပေါ် ၌ ထည့်သွင်းထားပြီး နားကြပ်ပေါက်ကို ထိပ်ဖက်နားတွင် ထည့်သွင်းထားသည်။ microUSB အားသွင်းပေါက်သည် အောက်ဘက်ဘောင်တွင် ထည့်သွင်းထားသည်။ အလေးချိန် ၃၂၀ ဂရမ်သာ ရှိသည့် အတွက် ရေရှည်ကိုင်တွယ် အသုံးပြုမှုအတွက် ကောင်းမွန်မည်ဖြစ်သည်။ TFT LCD အမျိုးအစား Capacitive Toucscreen ကို အသုံးပြုထားပြီး resolution 1280x800 pixels အထိ အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ မြင်ကွင်းအကျယ် ဒေါင့်ဖြတ်အတိုင်းအတာ ၈.၀ လက်မရှိပြီး Multitouch စနစ်လည်း ထောက်ပံ့ပါဝင်မည်ဖြစ်သည်။


စွမ်းဆောင်ရည်
Quad-core 1.2GHz အမျိုးအစား CPU ကို ထည့်သွင်းထားပြီး ဂရပ်ဖစ်စနစ် သီးခြားပါဝင်မှု မရှိသည့်အတွက် Built-in ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ မှတ်ဉာဏ်ပမာဏ 1.5GB RAM ပါဝင်ပြီး အချက်အလက် သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်သည့်အပြင် microSD ဖြင့် 64GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ Android OS အမျိုးအစားသည် v4.4.2 (KitKat) ဖြစ်ပြီး Accelerometer sensors ၊ GPS ၊ WiFi ၊ Bluetooth v4.0 စနစ်များ ထောက်ပံ့ ပါဝင်မည်ဖြစ်သည်။

ကင်မရာနှင့် ဘက်ထရီ Resolution
2048x1536 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေးနိုင်သည့် 3.15MP အမျိုးအစား နောက်ကင်မရာကို တပ်ဆင်ထားပြီး ဗီဒီယိုကို 720p အရည်အသွေးဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ရှေ့တွင်တပ်ဆင်ထားသည့် ကင်မရာသည် 1.3MP အမျိုးအစားဖြစ်သည်။ 4450 mAh ပမာဏရှိသော Li-Po အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-remobable ဘက်ထရီဖြစ်သည်။ ဘက်ထရီဖြင့်ပင် သီချင်းနားထောင်ခြင်းကို နာရီပေါင်း ၁၄၁ နာရီခန့် အသုံးပြုနိုင်မည်ဖြစ်သည်။

အားသာချက်
Tab 4 မှာ ထောက်ပံ့ပါဝင်သည့် navigation စနစ်သည် multi-window အသုံးပြုမှုကို ချောမွေ့ကောင်းမွန်စေမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်းမြန်ဆန်ကောင်းမွန်မှုရှိပြီး microSD ကတ်ပေါက် ပါဝင်သည့် အတွက် Tablet ၏ သိုလှောင်နိုင်မှုကို ထပ်မံတိုးမြှင့်စေနိုင်မည်ဖြစ်သည်။ Universal remote အနေဖြင့်လည်း အသုံးပြုနိုင်မည်သည်။

အားနည်းချက်
တန်ဖိုးနှင့် စွမ်းဆောင်ရည်ပိုင်း သင့်တင့်မှုရှိသော်လည်း ကိုယ်ထည်အတွက် အသုံးပြုထားသည့် ပလပ်စတစ်သားသည် ထိတွေ့အသုံးပြုမှုတွင် တန်ဖိုးသက် သာမှုကို ဦးစားပေး တည်ဆောက်ထားသည်ဟု ခံစားရမည်ဖြစ်သည်။ မျက်နှာပြင်၏ resolution သည် ပုံမှန်လောက်သာ ရှိမည်ဖြစ်သည်။ သုံးသပ်ချက် စွမ်းဆောင်ရည်ပိုင်း သင့်တင်ကောင်းမွန်သော အလယ်အလတ်တန်းစား Tablet တစ်လုံးလို့ ဆိုရမည်ဖြစ်ပြီး တန်ဖိုးက ယခင်နှစ်က ထွက်ရှိခဲ့သည့် Galaxy Tab 3 ထက် ပိုမိုသက်သာသော်လည်း တခြား အလယ်အလတ် တန်းစား Tablet တစ်လုံးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်များနေဦးမည်ဖြစ်သည်။ ပါးလွှာပြီး Tablet အသုံးပြုမှု မြန်ဆန် ကောင်းမွန်သည့်အပြင် တခြားလုပ်ဆောင်ချက်ဆော့ဖ်ဝဲများ များစွာထောက်ပံ့ပါဝင်သော Tablet တစ်လုံးဖြစ်သည်။

တန်ဖိုး

၂၉၇,၀၀၀ ကျပ်

ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ

Jaymart ဖုန်း-၀၉ ၄၂၁၀၃၄၀၃၀

Internet Journal

အိန္ဒိယကို သြစတြေးလျက ယူရေနီယံ ရောင်းချမည်


သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အဘော့က ယူရေနီယံကို အိန္ဒိယကို ရောင်းချနိုင်မယ့် အရပ်ဘက်လုပ်ငန်းသုံး နျူးကလီးယား သဘောတူညီချက်ကို စက်တင်ဘာလ ၅ ရက်နေ့မှာ လက်မှတ်ထိုး လိုက်ပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ စွမ်းအင် မလုံလောက်မှု ပြဿ နာတွေနဲ့ ရင်ဆိုင်နေရတဲ့ အာရှစီးပွားရေး အင်အားကြီး အိန္ဒိယအတွက် လောင်စာ ပိုရစေမယ့် သဘောတူချက်ဖြစ်ပါတယ်။ စာချုပ်အရ သြစတြေလျဆီက ယူရေနီယံကို အိန္ဒိယကို ရောင်းနိုင်မှာဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်ရဲ့ ၂ ရက်တာ ခရီးစဉ်ကို အိန္ဒိယ ၀န်ကြီးချုပ် နိုင်ငံတော် အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ယောက်ဟာ နယူးကလီးစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး သဘောတူညီချက်အတွက် ဆွေးနွေးလက်မှတ်ထိုး ခဲ့ကြတာပါ။

သြစတြေးလျ ၀န်ကြီးချုပ်က မိုးဒီ ရော၊ သူပါ အခြေခံ အဆောက်အဦ ၀န်ကြီးချုပ်ဆိုပြီး နာမည်တွင်ကျန်ရစ်စေချင်တယ်လို့ ပြောပါတယ်။ ဒါအပြင် အိန္ဒိယနဲ့ သြစတြေးလျတို့ အပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးကို မြှင့်တင်ဖို့ လိုလားတယ်လို့ သူရဲ့ မိန့် ခွန်းမှာ ပြောပါတယ်၊ နှစ်နိုင်ငံကြားမှာ ကျယ်ပြန့်တဲ့ စီးပွားရေးမဟာမိတ်ဖွဲ့ပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှု အချောသတ်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

အိန္ဒိယမှာ အသုံးပြုနေတဲ့ စွမ်းအင်ရဲ့ ၃ ရာခိုင်နှုန်း နျူးကလီးယား စွမ်းအင်ကနေ ထုတ်ယူနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ အနာဂတ်မှာ နျူးကလီးယား စွမ်းအင်ကို အဓိက အားထားသွားဖွယ် ရှိပါတယ်။

လောလောဆယ်မှာ အိန္ဒိယလူဦးရေ သန်း ၁၂၀၀ ထဲမှာ လေးပုံတပုံဟာ လျပ်စစ်မီး မဆိုစလောက်၊ ဒါမှမဟုတ် လုံးဝမရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ၀န်ကြီးချုပ်သစ် ဖြစ်လာတဲ့ မိုဒီက ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့် ကတိပြုထားပါတယ်။
By ဒီဗွီဘီ

ဆိုမာလီ al-Shabab ခေါင်းဆောင် သေဆုံးကြောင်း ကန် အတည်ပြု


ဆိုမားလီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သွေးကြွ အဖွဲ့ al-Shabab ခေါင်းဆောင် Ahmed Abdi Godane သေဆုံး သွားကြောင်း အမေရိကန် အရာရှိတွေက အတည်ပြု ပြောဆို ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးကြောင့် Godane သေဆုံးသွားခြင်း ဖြစ်ကြောင်း ပင်တဂွန် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဆိုမားလီးယားတောင်ပိုင်းမှာ al-Shabab အဖွဲ့ စည်းဝေးပွဲလုပ်နေတဲ့အချိန် အမေရိကန် မောင်းသူမဲ့ယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ Al-Shabab အဖွဲ့ အားနည်းသွားအောင် အမေရိကန် အနေနဲ့ အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြောင်း သမ္မတ Barack Obama ကလည်း သောကြာနေ့မှာ ပြောပါတယ်။

အမေရိကန်က အခုလို ခေါင်းဆောင်ကို သတ်ဖြတ်လိုက်နိုင်တာဟာ al-Shabab အဖွဲ့အတွက် အထိနာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တခြား ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Steve Warren ကလည်း ဗွီအိုအေကို ပြောပါတယ်။

ဆိုမားလီးယားအစိုးရက Godane ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို လက်ထောက်ချပေးခဲ့တာဖြစ်ပြီး ၀င်ရောက် တိုက်ခိုက်ခွင့်လည်း ပြုခဲ့ကြောင်း ဆိုမားလီး ၀န်ကြီးချုပ် Abdiweli Sheikh Ahmed က ဗွီအိုအေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

လန်ဒန်တွင် (၈၂) နှစ် အရွယ် အဖွားအို တစ်ဦး ခေါင်းဖြတ်သတ်ခံရ


ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်တွင် အသက် (၈၂) နှစ် အရွယ် အဖွားအို တစ်ဦးသည် ၎င်းနေထိုင်ရာ လန်ဒန် မြောက်ပိုင်းမှ နေအိမ် ဥယျာဉ် ခြံထဲတွင် သံသယ ဖြစ်ဖွယ်ရာ ခေါင်းဖြတ် ခံရမှုဖြင့် သေဆုံး နေခဲ့ကြောင်း ရဲက ပြောကြားသည်။

ပါလ်မီရာ ဆေးလ်ဗားဟု အမည် ရသည့် ထိုအဖွားအိုမှာ မြို့တော် မြောက်ပိုင်းရှိ အက်ဒမွန်တန် ရပ်ကွက် နိုက်တင်ဂေးလ် လမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းသည် နေအိမ် နောက်ဖက် ခြံထဲတွင် လဲကျ နေသည်ကို ရဲက တွေ့ရှိခဲ့ပြီးနောက် သေဆုံးခဲ့ပြီဟု အတည်ပြု ကြေညာခဲ့ကြောင်း ဆိုသည်။ အဖွားအိုအား ခေါင်းဖြတ်သတ်မှု သံသယဖြင့် အသက် (၂၅) နှစ် အရွယ် လူငယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးထားပြီး ခေါင်းဖြတ် သတ်ဖြတ် ထားသည့် ပုံစံမှာ လက်ရှိတွင် ခေတ်စားနေသည့် အကြမ်းဖက် ၀ါဒီများက ဓါးစာခံများအား သုတ်သင်သည့် ပုံစံနှင့် ဆက်နွယ် မရှိကြောင်း စုံထောက်များက ပြောသည်။ ရဲက ဖမ်းဆီး ထားသည့် တရားခံမှာ ဖမ်းမိချိန်တွင် ဒဏ်ရာများ ရခဲ့၍ ဆေးရုံတင် ကုသ ပေးထားကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့သည် အစောပိုင်း က အဖွားအို နေထိုင်ရာ အိမ်တွင် ကြောင် သို့မဟုတ် ခွေးတစ်ကောင် ကောင်ကို လူတစ်ဦး က ဓါးကိုင် သတ်ဖြတ် နေသည်ဟု သက်သေများ က အကြောင်းကြား သတင်းပို့မှု ရခဲ့၍ ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့သည် လူသတ်မှု ဖြစ်ပွားပြီးနောက် ထိုနေရာသို့ ရောက်ခဲ့ရာတွင် လူသတ်သမား ထွက်ပြေးပြီး အခြားသူများကို ရန်ရှာနိုင်ခြင်း မရှိစေရန် ထိုလမ်းအတွင်း နေထိုင်သူ များကို ကယ်ထုတ်ခြင်းများ လုပ်ခဲ့သည်။

ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေးမှူး တစ်ဦး ဖြစ်သည့် ဂျွန်ဆန်ဒလင်း ကလည်း ““ ဒီကိစ္စကို လူတွေ ဘာကြောင့် စိုးရိမ်တယ် ဆိုတာကို နားလည် နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှု ရှိတာကတော့ ဒီကိစ္စဟာ ရရှိထားတဲ့ သတင်းအချက် အလက်တွေကို အခြေခံပြီး ပြောရမယ်ဆိုရင် အကြမ်းဖက်ဝါဒ နဲ့ ဆက်နွယ်ခြင်း မရှိပါဘူး”” ဟု ပြောသည်။

Source:BBC

အီဘိုလာ ရောဂါပျောက်သူ တွေ ရဲ့သွေးသွင်းပြီး လူနာကုမယ်


အီဘိုလာ ရောဂါဖြစ်ပြီး ပြန်နေကောင်းလာ သူတွေရဲ့ သွေးကိုသုံးပြီး နောက်ထပ် ရောဂါ ဖြစ်သူတွေကို ကုသွားမယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေညာပါတယ်။ လာမယ့် နိုဝင်ဘာမှာ ရှေ့တန်းကနေ လူနာတွေကို ကုနေတဲ့ သူတွေအတွက် အီဘိုလာ ထိုးဆေး စသုံးနိုင်မယ်လို့ ယူဆကြောင်းလည်း ဆက်ပြောပါတယ်။

ကျွမ်းကျင်သူ ပညာရှင် ၁၅၀တို့ဟာ အလားအလာကောင်းတဲ့ စမ်းသပ် အဆင့်ဆေးဝါးတွေကို အနောက်အာဖရိက ကိုဘယ်လို အမြန်ဆုံးပို့ပေးနိုင်မလဲ ဆိုတာ လွန်ခဲ့တဲ့၂ရက် ကတည်းက ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး သူတို့က အီဘိုလာ ဗိုင်းရပ်ကူးစက်ပြီး ပြန်နလန် ထူလာတဲ့လူနာရဲ့ သွေးရေကြည်ကို ယူပြီးကုတဲ့ ကုထုံးက အမြန်ဆုံးနဲ့ ဘေးအကင်းဆုံး နည်းလို့ အားလုံးက သဘောတူခဲ့ကြပါတယ်။

ဆိုလိုတာက သွေးထဲမှာ ရောဂါကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေက ရောဂါကိုခုခံရာမှာ အထောက်အကူပေးအောင် လုပ်တာဖြစ်ပါတယ်။ အခုအခါ အီဘိုလာဖြစ်ပြီး ပြန်ကောင်းလာသူတွေ အတော်ရှိတဲ့အတွက် သူတို့က ရောဂါ ဖြစ်နေသူတွေကို ကုရာမှာ သွေးတို့ သွေးရေကြည်တို့ ပြန်ပေးနိုင်မှာ ဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။ ဒီနည်းကို အရင်တုန်းက ရောဂါ ဖြစ်ပွားစဉ် သုံးခဲ့ဘူးပြီး လူအချို့ ပြန်ကောင်းလာဘူးပါတယ်။ ဒါပေမယ့် ဘယ်လောက် ထိရောက် နိုင်တယ်ဆိုတဲ့ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့ အထောက်အထားတော့ မရှိပါဘူး။

ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှာ အခုလအတွင်း လူသားတွေအပေါ်စမ်းသပ် အသုံးပြုတဲ့ ထိုးဆေးကိုလည်း အီဘိုလာ ရောဂါလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် နိုဝင်ဘာမှာ ရနိုင်ဖွယ်ရှိပါတယ်။ ရောဂါ ထိန်းချုပ်မှုထက် ကူးစက်မှုတွေ ပိုမြန်ဆန် နေတဲ့အတွက် ရောဂါပြန့်ပွားတာကိုဘဲ အဓိက အာရုံစိုက်ပြီး တိုက်ဖျက်ဖို့လိုမယ်လို့ ကမ࿿ ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထပ်လောင်း ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စားသောက်ကုန် အတုလုပ်ငန်း အန္တရာယ် ကြီးသထက် ကြီးလာ

စားသောက်ကုန် အတု လုပ်ငန်းသည် ကဗ္ဘာ့ လူသားများ ကျန်းမာရေး အတွက် အန္တရာယ် ကြီးသထက် ကြီးလာနေကြောင်း ဗြိတိန် ကျန်းမာရေး နှင့် သဘာဝ ပတ်ဝန်းကျင် ၀န်ကြီးဌာန၏ အစီရင်ခံစာက သတိ ပေးလိုက်သည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) နှင့် ဥရောပ ရဲတပ်ဖွဲ့ (ယူရိုပို) တို့၏ စားသောက်ကုန် အတုဆိုင်ရာ မှုခင်း စာရင်းများကို အခြေခံ၍ စစ်တမ်းကို ပြုလုပ်ထားခြင်း ဖြစ်သည်။ နိုင်ငံတကာ ကွန်ရက်ဖွဲ့ လှုပ်ရှားနေသော ရာဇ၀တ်ဂိုဏ်း၊ မှောင်ခိုဂိုဏ်းများသည် မူးယစ် ကုန်သွယ်ခြင်း၊ လက်နက် ကုန်သွယ်ခြင်း ကဲ့သို့မိလျှင် ပြစ်မှုကြီးသည့် အလုပ်များကို စွန့်ကာ စားသောက်ကုန် အတု ကုန်သွယ်ခြင်းဘက် ပိုမို ၀င်ရောက် လုပ်ကိုင် လာနေကြောင်း သိရသည်။ ရရှိသည့် ငွေကြေး အမြတ် အစွန်းချင်း တူတူ နီးပါး ဖြစ်ပြီး စားသောက်ကုန် အတု အမှုသည် ပြစ်ဒဏ် သက်သာသဖြင့် ထိုအပိုင်းကို ပိုကူးလာခြင်း ဖြစ်ကြောင်း အင်တာပို ဒုညွန်ကြားရေးမှူး မိုက်ကယ် အဲလစ်က ပြောသည်။

““စားသောက်ကုန် အတု လုပ်ငန်းတွေရဲ့လုပ်နည်း ကိုင်နည်းဟာ မူးယစ်၊ လက်နက် တရားမ၀င် ကုန်သွယ် လုပ်ငန်းတွေနဲ့ တူတူ နီးပါး ဆိုတာ တွေ့ရတယ်။ အပြ ကောင်းမယ့် ကုမ္ပဏီ တစ်ခု ထောင်မယ်။ အဲဒီ ကုမ္ပဏီ နာမည်နဲ့ ဘဏ် စာရင်းတွေ လုပ်ထားမယ်၊ ပြီးရင် ကုန်ပစ္စည်း စာရင်းလိမ်တွေ ပြပြီး တစ်နေရာ ကနေ တစ်နေရာကို ကုန်စည် ပို့ဆောင်မယ်၊ တရားဝင် ကြေညာထားတဲ့ ကုန်စည်က တစ်မျိုး တစ်ကယ်တမ်း ထည့်ပို့တဲ့ ကုန်စည်က တစ်မျိုးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို လှည့်စားမယ်၊ လာဘ်ထိုးပြီး လွတ်အောင် လုပ်မယ်”” ဟု မစ္စတာ အဲလစ်က ရှင်းပြသည်။

၂၀၁၃ ဒီဇင်ဘာလ ၂၀၁၄ ဇန်န၀ါရီ ထိ နှစ်လကြာ အမေရိကန်၊ အာရှ ၊ ဥရောပသုံး တိုက်ဆိုင်ရာ စားသောက်ကုန် အတု စစ်ဆင်ရေးတွင် နိုင်ငံပေါင်း (၃၃) နိုင်ငံထိ ပါဝင်ခဲ့သည်။

တရားမ၀င် စားသုံးဆီ အမျိုးမျိုး နှင့် ဗနီကာရည် (၁၃၁၀၀၀) လီတာ၊ အရည်အသွေး မမီသည့် ဟင်းချက် ငရုတ်နှင့် မဆလာ အမျိုးမျိုး တန် (၂၀)၊ နာမည်ကြီး အချိုရည်များ နှင့် ပုံစံတူ လုပ်ထားသော အတု လီတာ (၄၃၀၀၀၀)၊ တရားဝင် စစ်ဆေး ခံထားခြင်း မရှိသော နို့ထွက်ပစ္စည်း (၄၅) တန်ကို သိမ်းဆည်း ရမိခဲ့သည်။ လူ (၉၆) ဦးကို ဖမ်းဆီးရ မိခဲ့သည်။

စားသောက်ကုန်တု သို့မဟုတ် အရည်အသွေး မမီသော စားသောက်ကုန် များသည် လူ့အသက်ကိုပါ ရန်ရှာနိုင်သည်။ ၂၀၀၈ ခုနှစ် က တရုတ် နိုင်ငံတွင် မယ်လမင်း ပါသော ကလေး နို့မှုန့်များကြောင့် ကလေး ခြောက်ဦး ကျောက်ကပ် ပျက်စီးကာ သေဆုံး ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ကလည်း ချက်ဇ် ပြည်သူ့ သမ္မတ နိုင်ငံတွင် ဗော်ဒဂါ နှင့် ရမ် အရက်တု များကြောင့် လူ (၄၀) ထိ သေဆုံးခဲ့ရသည်။ 

Source: BBC

ကျား မ ခွဲခြားသည့် ဓလေ့ ချုပ်ငြိမ်းသွားရေး အတွက် အမျိုးသမီး နိုင်ငံရေးသမားများ ကိုယ်တိုင် ဦးဆောင် ကြိုးပမ်းကြဖို့လို


နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် အမျိုးသမီးများအား နောက် ချန်ထားချင်သည့် ကျား မ ခွဲခြား အလေ့ အထ ပျောက်သွားပြီး ကျားမ တန်းတူညီမျှ အခွင့်အရေး ရှိသည်ဟူသော စိတ်ထားများ လူတိုင်းရင်မှာ ပေါ်လာစေရန် အမျိုးသမီး နိုင်ငံရေး သမားများ က ယခုထက်ပို အားသွန် ကြိုးပမ်းကြဖို့ လိုကြောင်း နိုင်ငံတကာ အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌများ အဖွဲ့ ဥက္ကဋ္ဌ ဟာလီမာ ယာကော့က ပြောကြား လိုက်သည်။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသော နိုင်ငံတကာ အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌများ အစည်းအဝေးတွင် မစ္စဟာလီမာက အမျိုးသမီးများ အခွင့်အရေး ဘေးဖယ်ခံ ထားရသည့် နိုင်ငံများတွင် အမျိုးသမီး နိုင်ငံရေး သမားများ အနေဖြင့် ကိုယ်တိုင်လည်း အားထုတ် ကြိုးပမ်း ကြရမည် ဖြစ်သလို၊ အမျိုးသားများ ကလည်း အမျိုးသမီး အခွင့်အရေး အတွက် ၀ိုင်းကူ တိုက်ပွဲ ၀င်လာအောင် စည်းရုံး ပညာပေး ကြရမည်ဟု ပြောကြား လိုက်သည်။

““စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ ကတော့ ရှိမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ စိတ်ဓာတ် ခိုင်မာမယ်၊ ဆုံးဖြတ်ချက် ပြတ်သားမယ် ဆိုရင် အောင်ကို အောင်မြင်ရမယ်လို့ ယုံကြည်တယ်”” ဟု မစ္စဟာလီမာက ပြောသည်။

ကျားမ တန်းတူ ညီမျှရေးတွင် ပညာရေး သည်လည်း အရေးကြီးကြောင်း စင်ကာပူ နိုင်ငံကို နမူနာထား၍ မစ္စ ဟာလီမာ က ပြောကြားသည်။ စင်ကာပူတွင် အသက် (၁၅) နှစ် အထက် အမျိုးသမီးများ၏ (၉၄ ဒသမ ၆) ရာခိုင်နှုန်းထိ စာတတ်မြောက် ကြကြောင်း ၂၀၁၃ စာရင်းများ အရ သိရသည်။ ၂၀၁၃ တက္ကသိုလ် ၀င်ခွင့် လျှောက်ထားမှုတွင်လည်း အမျိုးသမီး ပမာဏက ထက်ဝက်ကျော်ထိ ရှိသည်။

အမျိုးသားများသာ ကြီးစိုးလေ့ ရှိသော တက္ကသိုလ် ဘာသာရပ်များ တွင်လည်း စင်ကာပူ အမျိုးသမီးများသည် တန်းတူ ပါဝင်လာပြီ ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

လုပ်သားထုကို ကြည့်လျှင် လည်း ၂၀၀၃ ခုနှစ်တွင် အသက် (၂၅) နှစ် မှ (၅၄) နှစ် ကြား လုပ်သားထု၏ (၆၆ ဒသမ ၆) ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်။ ၂၀၁၃ ရောက်သည့်အခါ (၇၇ ဒသမ ၁) ရာခိုင်နှုန်း ထိ ရှိလာကြောင်းလည်း သိရသည်။ မန်နေဂျာ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူ နှင့် အခြား ပရော်ဖက်ရှင်နယ် အလုပ်များတွင် လုပ်ကိုင်နေ သည့် စင်ကာပူ အမျိုးသမီး ပမာဏကလည်း (၄၃) ရာခိုင်နှုန်းထိ ရှိသည်။ စင်ကာပူ အလုပ်ရှင်များ၏ သုံးပုံ တစ်ပုံ သည်လည်း အမျိုးသမီးများ ဖြစ်ကြောင်း မစ္စဟာလီမာ က ထောက်ပြသည်။

““စင်ကာပူဟာ ကျား/မ တန်းတူ ဖွံ့ဖြိုး တိုးတက်မှု အရှိဆုံး တစ်နိုင်ငံ ဖြစ်ပါတယ်”” ဟု ၎င်းကဆိုသည်။ 

Source: CNA

ယူကရိန်းအရှေ့ပိုင်း အပစ်အခတ်ရပ်ရန်မျှော်လင့်ချက်မြင့်တက်


ယူကရိန်းအရှေ့ပိုင်း၌ တိုက် ခိုက်မှုအဆုံးသတ်ရန် ရုရှားနှင့် အတူ သဘောတူညီချက်ရနိုင်သည့် အကောင်းမြင်ဝါဒအပေါ် ယူကရိန်း သမ္မတ ပီထရိုပိုရိုချင်ကိုက ထုတ် ဖော်ပြောကြားလိုက်သည်။

ယူကရိန်း၊ ရုရှားနှင့် ရုရှား လိုလားသူ ခွဲထွက်ရေးသမားများသည် ဘီလာရုစ်၌ အပစ်အခတ်ရပ်စဲ ရေးအတွက် ဆွေးနွေးကြလိမ့်မည် ဟုဆိုသည်။

ဘီလာရုစ်နိုင်ငံ မြို့တော် မင့်(ခ်)၌ ဆွေးနွေးပွဲမအောင်မြင်ခဲ့သည် ရှိသော် ယူကရိန်းအရေးနှင့် ပတ် သက်ပြီးရုရှားအား အရေးယူပိတ်ဆို့ မှုများပြုလုပ်ရန် အနောက်နိုင်ငံများ က ပြင်ဆင်လျက်ရှိသည်။
အဆိုပါ အနောက်နိုင်ငံအုပ်စု ခေါင်းဆောင်များသည်ဝေးလ်ရှိ နယူး ပို့တ်၌ကျင်းပသော နေတိုးထိပ်သီး အစည်းအဝေး ဒုတိယမြောက်နေ့ အဖြစ် တက်ရောက်လျက်ရှိသည်။

ငါးလကြာပဋိပက္ခအတွင်း လူ ပေါင်း ၂၆ဝဝ ကျော်သေဆုံးခဲ့ပြီ ဖြစ်သည်။ ခေါင်းဆောင်များသည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်) တို့၏ ခြိမ်းခြောက်မှု ကြီးထွားလာခြင်းကို လည်း ဆွေးနွေးကြလိမ့်မည်ဟု ဆို သည်။

ဘီလာရုစ် ထိပ်သီးအစည်း အဝေး၌ သဘောတူညီချက်တစ်ရပ် ရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ယူကရိန်းသမ္မတကမူ ယင်းတို့ နိုင်ငံအနေဖြင့် တန်ဖိုးအမြင့်ဆုံးပေး ဆပ်နေရပြီဖြစ်ကြောင်း၊ အစိုးရ တပ်ဖွဲ့ဝင်များရော အပြစ်မဲ့ပြည်သူ များပါ သေဆုံးနေရကြောင်း၊ ယူ ကရိန်းသမ္မတ တစ်ဦးအနေဖြင့် ပဋိ ပက္ခများ ချုပ်ငြိမ်းသွားအောင် အကောင်းဆုံးလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

(ဘီဘီစီ)

အာရှဒေသတွင် အယ်လ်ခိုင်ဒါ ကွန်ရက်များ ချဲ့ထွင်မည့်ကိစ္စကို ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ခွဲ ကြိုဆို


အာရှတောင်ပိုင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့တွင် အယ်လ်ခိုင်ဒါ အကြမ်းဖက် လုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း အယ်လ်ခိုင်ဒါ ခေါင်းဆောင် အေမန် အယ်လ်-ဇာဝါဟီရီက ခြိမ်းခြောက်ခဲ့ခြင်းကို ကြိုဆို လိုက်ပါသည်ဟု ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ ခွဲတစ်ခုက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အယ်လ်ခိုင်ဒါ၏ အကြမ်းဖက် ကွန်ရက် နယ်မြေသစ် များအား ချဲ့ထွင်ကြောင်း (၅၅) မိနစ်ကြာ စကားပြော ခန်းကို အယ်လ်ခိုင်ဒါ ၏ မီဒီယာ ကွန်ရက် အက်-ရှာဟက်ဘ်က အွန်လိုင်း တင်လိုက်ခြင်း ဖြစ်သည်။ အကြမ်းဖက် အဖွဲ့အစည်းများ၏ အွန်လိုင်း လှုပ်ရှားမှုများ ကိုစောင့်ကြည့် နေသည့် SITE အဖွဲ့က ဗီဒီယိုကို အွန်ုလိုင်း ဂျီဟတ် အဖွဲ့အစည်းများ၏ ဆိုက်များတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတို့တွင် မူဆလင် များစွာ နေထိုင်သော်လည်း ၎င်းတို့သည် အစဉ်အလာ အားဖြင့် အယူအဆ သင့်တင့် မျှတသော မူဆလင်များသာ ဖြစ်ကြသည်။ အယ်လ်ခိုင်ဒါ ခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို ပေါ့ပေါ့ ဆဆ သဘော မထားကြောင်း ပြည်နယ် အတော် များများတွင် လုံခြုံရေး နှင့် ပတ်သက်ပြီး တပ်လှုန့် ထားကြောင်း အိန္ဒိယ အာဏာပိုင်များက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ဖြစ်သည့် တာရီးခ်-အဲ-တာလီဘန် ပါကစ်္စတန် (TTP) ၏ အဖွဲ့ခွဲ ဂျမား-အူလ်-အာရာ အဖွဲ့မှ ပြောခွင့်ရှိသူ အာဆာနူလာ အာဆန်က အာရှတိုက်တွင် အယ်လ်ခိုင်ဒါ အဖွဲ့ နယ်ပယ် ချဲ့ထွင် လာခြင်းကို ကြိုဆိုပြီး၊ ယင်းအဖွဲ့ ခွဲသည် အာရှ တိုက်ရှိ မူဆလင်များ၏ အခွင့်အရေးများ တိုးတက် ရရှိရေးအတွက် ကြိုးပမ်းနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောဆိုခဲ့သည်။ အာဆန်သည် ကြိုဆိုသည့် စာများကို တွစ်တာနှင့် ဖေ့စ်ဘွတ်ခ် လူမှု ကွန်ရက်များတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဒေသတွင်းရှိ မူဆလင်များ၏ အခွင့်အရေးကို အစ္စလာမ် ရှားရီယား ဥပဒေများ ကျင့်သုံးခြင်း နှင့် အစ္စလာမ် နိုင်ငံတော် တည်ထောင်ခြင်း တို့ဖြင့်သာ ရရှိအောင် လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း အာဆန်က ပြောဆိုခဲ့သည်။

အယ်လ်ခိုင်ဒါ၏ တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့ခွဲ ခေါင်းဆောင် အာဆင်မ်အူမာသည် ပါကစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ၄င်းသည် ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲရန် အွန်လိုင်းမှ တစ်ဆင့် လှုံ့ဆော်မှုများကို လုပ်ဆောင် ခဲ့ဖူးသူ ဖြစ်သည်။ အယ်လ်ခိုင်ဒါနှင့် TTP တို့မှ ထုတ်ပြန်သော ဗီဒီယိုဖိုင်များတွင် အနက်ရောင် ခေါင်းပေါင်း စွပ်ထားပြီး မုတ်ဆိတ် မွေးရှည် ထားရှိသော အူမာအား မြင်တွေ့ရမည် ဖြစ်သည်။

TTP တွင် အဖွဲ့ခွဲ နှစ်ခု တရားဝင် ရှိနေပြီး တစ်ဖွဲ့ကို အမေရိကန် ၏ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ခေါင်းဆောင် ဟာကီမူလာ မာဆတ် သေဆုံး ခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာတွင် ရွေးချယ် ခန့်အပ် ခံခဲ့ရသည့် မောင်လာနာ ဖက်ဇ်လူလာက ဦးဆောင်ကာ အဖွဲ့သစ် ဖြစ်သော ဂျာမား-အူလ်-အာရာ သို့မဟုတ် လွတ်လပ်ရေး တိုက်ပွဲဝင် သူများအဖွဲ့ကို အိုမာခါလစ် ချိရာဆာနီက ဦးဆောင်နေသည်။

ခါရာဆာနီသည် ယခုနှစ် အစောပိုင်းတွင် ပါကစ္စတန် အစိုးရ နှင့် တာလီဘန် များကြား အပစ်အခတ် ရပ်စဲထားစဉ် အတွင်း တိုက်ခိုက်မှု များကို ပြုလုပ်ခဲ့သည့် အာရာ-အူ-ဟင်းဒ် အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ခိုရာဆာနီ သည် အယ်လ်ခိုင်ဒါ နှင့် ဇာဝါဟီရီတို့ နှင့် ရင်းနှီးသော ပတ်သက်မှုများ ရှိသူတစ်ဦး ဖြစ်သည်။

ဇွန်မှစပြီး ပါကစ္စတန် စစ်တပ် သည် မြောက်ဝါဇီရစ္စတန် ဒေသရှိ TTP ခြေကုပ် စခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိနေသည်။ စစ်သွေးကြွ အဖွဲ့ ဗဟို ထိန်းချုပ်ရေးကို ဖြိုခွဲနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ပြောဆိုခဲ့သည်။

မေတွင် မာဆတ် မျိုးနွယ်စုသည် TTP နှင့် အဆက် အသွယ် ဖြတ်ခဲ့သည်။ မာဆတ် မျိုးနွယ်စုသည် TTP အဖွဲ့ကြီးထဲတွင် အရေး ပါသော အဖွဲ့တစ်ခု ဖြစ်ပြီး၊ ၎င်းအဖွဲ့ နုတ်ထွက် သွားခြင်းသည့် TTP အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ခဲ့သည်။

ပါကစ္စတန်သည် အယ်လ်ခိုင်ဒါ နှင့် ၎င်း၏ အဖွဲ့ခွဲများအား အကြီးအကျယ် ထိုးစစ်ဆင်မည်ဟု ဆုံးဖြတ် ထားကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ပြောခွင့်ရှိသူ တစ်ဦးက အယ်လ်ခိုင်ဒါ၏ အာရှဒေသ ဆိုင်ရာ ကွန်ရက် ချဲ့ထွင်ကြောင်း ထုတ်ပြန် အပြီးတွင် ပြောဆိုခဲ့သည်။ 

Source:AFP
Messenger

ဂူဂဲလ်၏ ၀က်ဘ်ဆိုက်များကို ပိတ်ဆို့ထားမှုဖြင့် တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေး ဌာနအား နိုင်ငံသားတစ်ဦး တရားစွဲဆို


အမေရိကန် ရှာဖွေရေး ဆိုက်ဒ် တစ်ခု ဖြစ်သည့် ဂူဂဲလ်ကို အသုံးပြုလို့ မရအောင် ပိတ်ဆို့ထားမှုဖြင့် တရုတ် နိုင်ငံပိုင် ဆက်သွယ်ရေး ဌာနအား နိုင်ငံသား တစ်ဦးသည် တရားစွဲ ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ် အာဏာပိုင်များသည် အင်တာနက် အသုံးပြုမှု နှင့် ပတ်သက်ပြီး ကန့်သတ် ပိတ်ပင်မှု များစွာကို ပြုလုပ်ထားပြီး ပြည်တွင်းရှိ သတင်းများကို တည်းဖြတ် ပြင်ဆင်နေကာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ နှင့် ယူကျုကဲ့သို့ နိုင်ငံခြား ၀က်ဘ်ဆိုက် များကိုလည်း ပိတ်ပင် ထားခဲ့သည်။ ဂူဂဲလ် ကုမ္ပဏီသည် တရုတ် အာဏာပိုင်များ နှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏ ဆာဗာကို တရုတ်နိုင်ငံမှ ဟောင်ကောင် သို့ ပြောင်းရွှေ့ ထားရှိခဲ့သည်။ တီယန်မင် ရင်ပြင် အရေးအခင်း (၂၅) နှစ် ပြည့်သည့် ဇွန်လ (၄) ရက်နေ့ မတိုင်မီ အချိန်မှစပြီး တရုတ်နိုင်ငံတွင် ဂူဂဲလ်၏ ၀န်ဆောင်မှု အားလုံးကို အာဏာပိုင်များက ပိတ်ပင် ထားခဲ့သည်။

တရုတ်နိုင်ငံသား ၀မ်လွန်သည် ဂူဂဲလ်ဆိုက်ကို အသုံးပြုလို့ မရသည့် အတွက်ကြောင့် တရုတ် ဆက်သွယ်ရေး ဌာနကို ရှန်ကျန်း ခရိုင်ဖူရှန်း မြို့ရှိ ပြည်သူ့ တရားရုံးမှ တစ်ဆင့် တရားစွဲ ဆိုခဲ့သည်။ တရားရုံးသည် ကြာသပတေးနေ့ မှ စပြီး ကြားနာ စစ်ဆေးမှုများကို စတင်ခဲ့ကြောင်း သိရသည်။

တရားရုံးသည် စီရင်ချက်ကို အောက်တိုဘာလ မတိုင်မီတွင် ချမှတ်ဖွယ် ရှိနေကြောင်း တရုတ်နိုင်ငံပိုင် ဂလို ဘယ်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

Source:AFP
Messenger

ကချင်ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ တွေ့ဆုံ


မြစ်ကြီးနား မှာ စက်တင်ဘာ ၅ ရက်နေ့ က၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နဲ့ အစိုးရကြား နှစ်ဘက် ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းထား တဲ့ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး ကော်မီတီရဲ့ ပုံမှန် ဆွေးနွေးပွဲ လုပ်ခဲ့ပါ တယ်။

လောလောဆယ် အခြေအနေမှာ တော့ နှစ်ဘက်ကြား တိုက်ပွဲတွေ မရှိပေမယ့်၊ ကချင် ပြည်နယ် တွင်းက အစိုးရ တပ်စခန်းတွေ လုံခြုံရေး လှည့်တဲ့အခါ၊ ကေအိုင်အို နဲ့ ထိတွေ့ ပစ်ခတ်မှုတွေ ရှောင်ရှား နိုင်အောင် ဘယ်လို ကြိုတင် ညှိနှိုင်း အကြောင်းကြား မလဲ ဆိုတဲ့ ကိစ္စမျိုး ကို ထည့်သွင်း ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

နောက် အဓိက ဆွေးနွေးကြတဲ့ အထဲ၊ ကေအိုင်အို ဘက်က မူးယစ် ဆေးဝါး ရောင်းချသူ တွေ သုံးစွဲသူတွေ ကို ဖမ်းဆီးတဲ့ အခါ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရ အပါအဝင် ပြည်နယ် ရဲတပ်ဖွဲ့ တို့ နဲ့ ညှိနှိုင်းစေလို တဲ့ အစိုးရ ဘက်က သဘောထား ကို လည်း ဆွေးနွေး ကြောင်း အဲဒီ ဆွေးနွေးပွဲ မှာ လေ့လာသူ အဖြစ်တက်ခဲ့ တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကျိုးဆောင်အဖွဲ့ က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

တခါ၊ ဖါးကန့် မှာ အခု စက်တင်ဘာလ ၁ ရက်နေ့ က ကျောက်စိမ်း မိုင်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္မဏီ တွေကို အစိုးရ က ပြန်လည် လုပ်ကိုင်ခွင့် ပေးပြီလို့ ကြေညာခဲ့တဲ့ အပေါ် ကေအိုင်အို က သဘောမတူဘူး ဆိုတဲ့ သတင်းတွေ ထွက်တာလည်း မဟုတ်မှန်တဲ့ အကြောင်း ၊ ကေအိုင်အေ ၊ ကေအိုင်အို ဘက် က ဒီလို သဘောထားတွေ မရှိတဲ့အကြောင်း ဆွေးနွေး ကြတယ် လို့ ဆိုပါတယ်။

အိုင်ဒီပီလို့ ခေါ်တဲ့ စစ်ဒဏ်ကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးလာသူ တွေ နေရင်း ရွာတွေ ပြန်နိုင်ရေး ကို ဆွေးနွေးကြပေမယ့်၊ လောလောဆယ် မိုင်းတွေ မရှင်းရသေးတဲ့ ပြဿနာ၊ လုံလောက်အောင် တည်ငြိမ်မှု မရှိသေးတဲ့ ပြဿနာ တွေ ကြောင့် အဖြေမထုတ် နိုင်ကြသေး ကြောင်း လည်း သိရပါ တယ်။

အခုလို ကိစ္စ ၄ ရပ် အပေါ် အဓိက အခြေခံ ဆွေးနွေး ခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေး အတွက် အလားအလာ မျှော်လင့်ချက် ဘယ်လောက် ရှိနေလဲ ဆိုတဲ့ အပေါ်တော့ နှစ်ဘက် ကိုယ်စားလှယ် တွေ မဆွေးနွေး ကြပါဘူး လို့ ဦးလမိုင်ဂွန်ဂျာ က ပြောပါတယ်။

ဒီပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ကို အစိုးရဘက် က ကချင်ပြည်နယ် နယ်စပ် ဒေသ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် နဲ့ ကေအိုင်အို ဘက်က ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တို့ ပူးပေါင်း ဖွဲ့စည်း ထားတာ ဖြစ်ပြီး ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ တွေ လာမယ့်လ တွေ မှာ လည်း ဆက်လက် လုပ်ဆောင် သွားမယ် လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လမ်းဘေးထနောင်းပင် ရုတ်တရက် ပြိုလဲကျရာမှ ဘုရားဖူးယာဉ်ပေါ်ပိလေးဦး သေဆုံး၊ ဆယ်ဦးဒဏ်ရာရ


ကားလမ်း ဘေးရှိ ထနောင်းပင်တစ်ပင် ရုတ် တရက် အမြစ်မှ ပြိုလဲကျရာမှ လမ်း မကြီးအတိုင်း မောင်းနှင်လာသော ဘုရားဖူးယာဉ်ပေါ်ပိမိ၍ ယာဉ်ပေါ် ပါ လူလေးဦး နေရာတွင်ပင် သေ ဆုံးပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်တစ်ခု စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရေပိုစားကျေးရွာဘုန်းကြီးကျောင်း အနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ မန္တလေးမြို့မှ မုံ ရွာမြို့သို့ ဘုရားဖူးရန် ထွက်ခွာလာ သည့် ဘုရားဖူးယာဉ်အမှတ် ၇င်္/ ----ဒိုင်နာဖြူပြာကျားယာဉ်သည် စက်တင်ဘာ ၅ရက် နံနက် ၁၁နာရီက ချောင်းဦးမြို့နယ် ရေပိုးစားဘုန်း ကြီးကျောင်းအနီး မိုင်တိုင်အမှတ် (၆ဝ/၁)နှင့် (၆၁/၁)ကြား အရောက် တွင် လမ်းဘေးထနောင်းပင် တစ်ပင် ယာဉ်ပေါ်သို့ ပြိုလဲကျလာမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားလေးဦး သေဆုံးပြီး ကျန် ၁ဝဦးမှာ မြင်းမူမြို့ ဆေးရုံကြီးနှင့် ချောင်းဦးမြို့ဆေးရုံ ကြီးတို့သို့ ပို့ဆောင်ကုသခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် မုံရွာ-မန္တလေးကားလမ်း ပိတ်ဆို့ခဲ့သဖြင့် တာဝန်ရှိသူများမှ ထနောင်းပင်နှင့် ယာဉ်တို့အား အမြန်ဖယ်ရှားရှင်း လင်းပေးခဲ့ရကြောင်း မုံရွာမြို့ အမှတ် (၁၄)ယာဉ်ထိန်းဒုတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်း ဦးမြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ် (၂/၂ဝ၁၄)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

KTS
Democracytoday‬

MPT ဆင်းမ်ကတ်များ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ်ဆိုင်များကို အရေးယူမည်


မြန်မာ့ဆက်သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချရန် ချထားပေးသော်လည်း တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင် အချို့က သတ်မှတ်ဈေးအတိုင်း မရောင်းချမှုများ ရှိသောကြောင့် အဆိုပါ အရောင်းကိုယ်စားလှယ်များကို အရေးယူရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြားသည်။


စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MPT ၁၅၀၀ ကျပ်တန် ဆင်းမ်းကတ်များကို စတင် ရောင်းချပေးလျက်ရှိရာ အချို့ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်များက တယ်လီဖုန်း ဟန်းဆက် ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေးခြင်း၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်း၊ ငွေဖြည့်ကတ် တန်ဖိုး အမြောက်အမြား ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေးခြင်းများ ရှိသောကြောင့် ယင်းသို့အရေးယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ချထားပေးကတည်းက ၁၅၀၀ နဲ့ပဲ ရောင်းချဖို့ ပြောထားပါတယ်၊ ဆိုင်တွေကို စစ်ဆေးတဲ့အဖွဲနဲ့ လိုက်စစ်သွားမှာပါ၊ စည်းကမ်း ချိုးဖောက်တဲ့ ဆိုင်တွေကို အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက စည်းကမ်း ချိုးဖောက်သည့်ဆိုင်များ တွေ့ပါက သင့်လျော်သလို အရေးယူသွားမည်ဟု ပြောဆိုသော်လည်း မည်ကဲ့သို့ အရေးယူမည်ကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

“MPT ဆင်းမ်ကတ် ချပေးတဲ့ အရေအတွက်နည်းလို့ မှောင်ခိုဈေးကွက် ဖြစ်လာတာပါ။ MPT အနေနဲ့ ဒါကို မဖြစ်ချင်ဘူးဆို ဆင်းမ်ကတ် အလုံအလောက် ချပေးဖို့ လုပ်သင့်တယ်” ဟု ရန်ကုန်မြို့လယ်ရှိ MPT ဆင်းမ်ကတ်များကို တရားဝင် ရောင်းချခွင့် ရရှိထားသော အရောင်းကိုယ်စားလှယ် ဆိုင်ခွဲတစ်ခုမှ အထွေထွေ မန်နေဂျာတစ်ဦးက ထောက်ပြ ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ရောင်းချရန် တရားဝင် လုပ်ပိုင်ခွင့် ပေးထားသော ကိုယ်စားလှယ်ဆိုင်များ စည်းကမ်းချိုးဖောက်မှသာ အရေးယူနိုင်မည် ဖြစ်ပြီး ထိုကိုယ်စားလှယ်များထံမှ တစ်ဆင့်ခံ ဝယ်ယူရောင်းချနေသော အခြားတယ်လီဖုန်း ဆင်းမ်ကတ်ဆိုင်များကိုမှု အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချသော ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ဆိုင်အချို့မှာသာ ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြပြီး ဆိုင်အများစုမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင်းမ်ကတ်များကို အမြတ်ထုတ် ရောင်းချလျက်ရှိကြောင်း ဖုန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လေးလအတွင်း ဆင်းမ်ကတ် အရေအတွက် ၅ သန်းအထိ ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

ဦးသိန်းစိန် ဆွစ်ဇာလန်မှာ ဖက်ဒရယ်စနစ်လေ့လာ


ဥရောပနိုင်ငံတွေကို ခရီးလှည့်လည်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဂျာမနီနိုင်ငံက တဆင့် ဆွစ်ဇာလန်ကို ရောက်လာခဲ့ပါတယ်။

ဆွစ်ဇာလန်မှာ နေထိုင်စဉ် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို လေ့လာမှာဖြစ်ပြီး စိုက်မျိုးရေး၊ မွေးမြူရေး ကဏ္ဍဍတွေကိုလည်း လေ့လာသွားမယ်လို့ သိရပါတယ်။

နောက်တခါ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ပုံ နိုင်ငံရေးစနစ်တွေကိုလည်း လေ့လာသွားမယ်လို့ အတူလိုက်ပါသွားတဲ့ ပြန်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ တာဝန်ရှိသူတွေက ဖက်ဒရယ်စနစ်အကြောင်း ရှင်းပြတဲ့နေရာမှာ မှတ်သားစရာတွေ ပါခဲ့တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရာမှာ အချိန်ယူပြီး အခက်အခဲတွေကို အများကြီးကျော်ဖြတ်ပြီး တည်ဆောက်ခဲ့ရတဲ့အကြောင်း၊ ဖက်ဒရယ် ဆိုရာမှာလည်း ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်ပြီး၊ ကွန်ဖရက်ဒေးရှင်းလို့ခေါ်တဲ့ ကိုယ့်ဟာကိုယ် သီးခြားနေတဲ့ ပုံစံမျိုး မဟုတ်ကြောင်း၊ ဖက်ဒရယ်စနစ်တွေမှာ နိုင်ငံအားလုံးပုံစံတူ လုပ်ကြတာမဟုတ်ပဲ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုတွေ ပါဝင်ပြီး ကိုယ့်နိုင်ငံ အခြေအနေနဲ့ ကိုက်ညီအောင် ပြုလုပ် ကျင့်သုံးကြတာ ဖြစ်တာကို ဆွေးနွေးခဲ့ ကြတယ်လို့ သူက ပြောပါတယ်။

သမ္မတနဲ့ အဖွဲ့ဟာ ဆွစ်ဇာလန်ကို မရောက်လာခင် ဂျာမနီနိုင်ငံကိုလည်း ဝင်ရောက်ခဲ့ပါတယ်။ ဂျာမန်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါ ဝန်ကြီးချုပ် မာကဲလ်က မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လေးစားပေးဖို့နဲ့၊ ၂၀၁၅ ရွေးကောက်ပွဲတွေကို လွတ်လပ် မျှတအောင် ကျင်းပပေးရင် ဂျာမနီက အကူအညီတွေ တိုးပေး သွားမယ်လို့ ပြောခဲ့ပါတယ်။

ဦးရဲထွဋ်ကတော့ ဒီလိုပြောတာဟာ ၂၀၁၅ မတိုင်ခင် အကူအညီတွေ မပေးပဲနေမယ်လို့ ဆိုလိုတာ မဟုတ်ပဲ ဒီ အချက်တွေကို ဆက်လုပ်သွားရင် ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာမယ်လို့ ဆိုလိုတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒီအချက်တွေ ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကိုင်နေပြီး ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လားရှိုးနှင့် တာချီလိတ်တို့တွင် ဘိန်းဖြူဖမ်းဆီးရမိ



စက်တင်ဘာ ၃ ရက်က မူးယစ် တပ်ဖွဲ့စု (၂၄) လားရှိုး မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးရထား ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လားရှိုးဘူတာတွင် လားရှိုး-မန္တလေး အမှတ် (၁၃၂)အစုန်ရထား အထက်တန်းတွဲအမှတ် (၁) ခုံအမှတ် (ဃ-၃)တွင် လိုက်ပါ မည့် မျိုးဝင်းနိုင်ဆိုသူအား ရှာဖွေရာ ဘိန်းဖြူ ၅၉ ဂရမ် သိမ်းဆည်းရမိသဖြင့် မျိုးဝင်းနိုင် (၃၅နှစ်)ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားသည်။

ထို့အတူ စက်တင်ဘာ ၃ ရက်က မူးယစ်တပ်ဖွဲ့စု (၃ဝ) တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် တာလေဘက်မှ တာချီလိတ် ဘက်သို့ ယောလှဆိုသူ မောင်းနှင် ပြီး လွင်စိုးဆိုသူ လိုက်ပါလာသည့် ဆိုင်ကယ်အားရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၆ဝ သိမ်းဆည်း ရမိသဖြင့် ယောလှ (၃ဝ နှစ်)နှင့် လွင်စိုး(၃၃နှစ်)တို့ နှစ်ဦးကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိ သည်။

Myanmaalinn

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရန် အီးယူ သဘောတူ


ယူကရိန်းအစိုးရ တပ်ဖွဲများနှင့် ယူကရိန်းရှိ ကရင်မလင် အပေါ် တင်းကျပ်သော စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ် ပြုလုပ်ရန် စက်တင်ဘာ ၅ ရက်က သဘောတူခဲ့ကြောင်း အီးယူက ထုတ်ပြန်ခဲ့သည်။

Ref: Channel News Asia

Yangon Media Group