မလိုချင်ဘဲ ကိုယ်ဝန် မရအောင် သန္ဓေ တားနည်းများ


သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သော အခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက်မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ်ရပါသည်။ သန္ဓေတားနည်းတစ်ခုခုကို ရွေးချယ်တော့မည် ဆိုလျှင် မိမိရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှုရှိရဲ့လားဟု စတင်စဉ်းစားရပါမည်။

မိမိရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှကာကွယ်ပေးနိုင်မည်လဲ။ ဤအချက်ကို သိရှိရန် အတွက် မိမိရွေးချယ်မည့် သန္ဓေတားနည်းကို အသုံးပြုလျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀) ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေမည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိသွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက်များလျှင် သင်ရွေး ချယ်မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက်ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက်နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက်ချရပါမည်။

အကယ်၍ သင်တို့စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို လုံးဝလက်မခံနိုင်သော သူများဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတားနည်းလမ်းကို အသုံးပြုသင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိလာပါကလည်း ၀မ်းမြောက် ၀မ်းသာ လက်ခံနိုင်သည်ဆိုပါက ထိရောက်မှုနည်းပြီး သက်သောင့်သက်သာရှိသော သန္ဓေတားနည်းလမ်း ကို အသုံးပြုနိုင် ပါသည်။

မိမိအသုံးပြုလိုသည့် သန္ဓေတားနည်းလမ်းသည် ထိရောက်မှုရှိ/မရှိ ရွေးချယ်ဆုံးဖြတ်ပြီးသော အခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျစရိတ်ကို စဉ်းစားရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိတတ်နိုင်သည့် ပမာဏအတွင်း ရှိနေရန် လိုအပ်ပါသည်။ နောက်ထပ် စဉ်းစားရန်တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေး လိပ်သောက်တတ်သူ အမျိုးသမီးဖြစ်ပါက သန္ဓေတားသောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။

အမျိုးသားဖြစ်သူ၏ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ သင်၏အမျိုးသားသည် သင်ရွေး ချယ်သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူပေလိမ့်မည်။ သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ် မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက် မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှု အရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။

HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများ ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမို ထိရောက်မှုရှိပါသည်။

အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။ မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ၀ယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက် အကူ ဖြစ်စေပါသည်။

သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -
၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)
၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)
၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။

၁။ အကာအကွယ် အသုံးပြုခြင်း
(က) ကွန်ဒုံး
ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံး ဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုး သား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူရရှိနိုင်ပါသည်။ အချို့ဆေးခန်းများတွင် အခ မဲ့ ပေးဝေလေ့ ရှိပါသည်။

(ခ) သားအိမ်ခေါင်းဖုံး
သားအိမ်ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေအဖုံးဖြစ်ပြီး အဖိုသုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ် ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။

(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း
သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့် စိမ်ထား ပါသည်။ လိင်ဆက်ဆံခြင်းမပြုမီ သုတ်ပိုးသတ်သည့်ဂွမ်းကို စွတ်စိုအောင်ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အ၀အနီးသို့ ထည့်သွင်းထားရပါမည်။

၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း
ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေး များ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် တားဆီးပေးပါသည်။

ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။

အရေပြားပေါ်တွင် ကပ်ခွာပုံစံဖြင့် ကပ်ထားနိုင်သည့် သန္ဓေတားနည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်းဓာတ်များကို အဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေ တားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများကဲ့သို့ပင် ကပ်ခွာပုံစံသည်လည်း ဆရာဝန်ညွှန်ကြား ချက်ဖြင့်သာ အသုံးပြုရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်းဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။

Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတားပစ္စည်းများလည်း ရှိပါသည်။ IUD သည် သေးငယ်သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါးကိရိယာတစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ်အတွင်းသို့ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်းပေးပါ သည်။ အချို့သော IUD များတွင် ပရို ဂျက်စတင်ဟော်မုန်း ပမာဏ အနည်းငယ်ထုတ်လွှတ်ပေးအောင် ဖန်တီး ထားပါသည်။ IUD တစ်ကြိမ်ထည့်သွင်းထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတားပစ္စည်းအဖြစ် အသုံးပြုနိုင်ပါသည်။

IUD အသုံးပြုခြင်းသည် ထိရောက်သော သန္ဓေတားနည်း တစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေ တားလျက် ကိုယ်ဝန်ရရှိနှုန်း တစ်နှစ်အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက်နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ်ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်း မျိုး ဖြစ်နိုင်ပါသည်။ ပရိုဂျက်စတင်ဟော်မုန်း ထည့်သွင်းထားသော IUD များသည် သားအိမ်အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန်မဟုတ်ဘဲ သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ ၎င်းသန္ဓေတားနည်း အသုံးပြုသူ အမျိုးသမီးဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ်လိုက်လျှင် သွေးပေါ်ပါသည်။

၃။ သားကြောဖြတ်ခြင်း
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေးမယူတော့ရန် သေ ချာသောအခါ ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ်အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေ ရန် ပြုလုပ်နိုင် ပါသည်။ အမျိုးသမီး၏ ၀မ်းဗိုက်ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်မှ သားဥပြွန်နှစ်ချောင်း ကို ဖြတ်တောက်ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ်နိုင်ပါသည်။

၎။ မမှန်ကန်သောနည်းလမ်းများ
တချို့ အမျိုးသားများသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ရှိကြပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကလေးမရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသားအင်္ဂါမှထွက်သော အကျိအချွဲတွင် သုတ်ကောင် အနည်းငယ် ပါဝင်နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန်ရရှိစေနိုင်ပါသည်။

တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီးအင်္ဂါဇာတ် ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန်မရနိုင်ဟု မှားယွင်းစွာ မှတ်ယူတတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀) အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ၀င်ရောက်ပြီးဖြစ်သည့် အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလအတွင်း လိင်ဆက်ဆံလျှင် ကလေးမရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက်နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန်ရရှိနိုင်ခြေ ရှိပါသည်။

ကလေးမလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆများကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေတားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေတားသည့် နည်းလမ်းများအကြောင်း ပိုမိုသိရှိလိုပါက တတ်ကျွမ်းနားလည်သည့် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက် တိုင်ပင်သင့်ပါသည်။

အကယ်၍ သင်သည် သန္ဓေတားနည်းတစ်မျိုးမျိုးကို အသုံးမပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိလျှင်သော် လည်းကောင်း၊ ကွန်ဒုံးအသုံးပြုသော်လည်း ကွန်ဒုံးပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော်လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့်အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါသည်။ စာဖတ်ပရိသတ်များ မှန်ကန်သောနည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။ ၀တ္ထု များ၊ ဆောင်းပါးများ၊ ဥာဏ်စမ်းများ၊ ကာတွန်းများ၊ ဟာသများ ထပ်မံဖတ်ရှုလိုပါက 'ကျန်းမာရေးမဂ္ဂဇင်း' ၏ facebook account ကို like လုပ်ခြင်းဖြင့် အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ပါသည်။

Yangon Guide Group - သန္ဓေတားသောအခါ 
By HIM

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်၊ တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၅၀ ပြား အိုက်စ် ၀ ဒဿမ ၂ ဂရမ်ဖမ်းဆီးရမိ



သြဂုတ် ၂၃ ရက်က မူးယစ်တပ်ဖွဲစု(၄၁)ရန်ကုန်အရှေ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး အနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းမ၊ ကမ္ဘောဇဘဏ် ရှေ့တွင် တွေ့ရှိသူ လှဇင်မင်းထွန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားနှင့် အိုက်စ် ၀.၂ ဂရမ် တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများရောင်းချသူ ငြိမ်းသူအောင်အား မရမ်းကုန်း မြို့နယ်၊ (၇)ရပ်ကွက်တွင် တွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီအိတ် အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား ၊ မြန်မာငွေကျပ် တစ်သိန်း နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့၍ ငြိမ်းသူအောင် နေထိုင်သည့် တောင်ဥက္ကလာပ မြို့နယ်၊ (၄)ရပ်ကွက်ရှိ နေအိမ်အား ရှာဖွေရာ အိပ်ခန်း အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ပြား အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် လှဇင်မင်းထွန်း(၂၄ နှစ်) နှင့် ငြိမ်းသူအောင်(ခ) အငယ်ကောင်(၃၂)နှစ် တို့ ၂ ဦးအပေါ် မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ


အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။

အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။

ဆီးရီးယားတွင် အစိုးရကို တော်လှန်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာချိန်တွင် ဗြိတိန်ရှိ အစ္စလာမ် လူငယ်အချို့သည် သူပုန်တပ်များထံ သွားရောက်ပူးပေါင်းခဲ့ပြီး ထို့နောက်တွင် IS တို့နှင့် ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ယခင်က ISIS ဟု လူသိများခဲ့သည့် စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူကာ အစ္စလာမ်မစ် နိုင်ငံတော် (IS)ဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဘာရီသည် ဆီးရီးယားတွင် တော်လှန်ရေး တိုက်ပွဲဝင်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဗြိတိန်မှ ထွက်ခွာသွားသူ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ် အချို့၏ အဆိုကို ကိုးကားပြီး Fox News က ဖော်ပြခဲ့သည်။ IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား သုံးဦးထက်မနည်း ပါဝင်သည့် အဖွဲ့ခွဲတစ်ခု ရှိနေပြီး ယင်းတို့ကို The Beatles ဟု ခေါ်ဝေါ်ကြကြောင်း၊ ဘာရီသည် ၎င်းတို့အနက် တစ်ဦးဖြစ်ကြောင်း Sunday Times နှင့် Sunday People သတင်းစာများက ဖော်ပြခဲ့သည်။

ဗြိတိန်ထောက်လှမ်းရေးဌာန MI5 နှင့် MI6 တို့ အနေဖြင့်မူ ဘာရီသည် ဖိုလေကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူအဖြစ် အခိုင်အမာ လက်ခံထားသော်လည်း လူသိရှင်ကြား မှတ်ချက်မျိုး မပေးသေးဟု ဆိုသည်။ ဖိုလေသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက ဆီးရီးယား မြောက်ပိုင်းတွင် ပြန်ပေးဆွဲ ခံရပြီး ပျောက်ကွယ်သွားကာ ပြီးခဲ့သည့် သီတင်းပတ်တွင်မှ ၎င်းကို သတ်ဖြတ်သည့် ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။

ဗြိတိန်ထောက်လှမ်းရေး အဖွဲ့အစည်းများက ဘာရီနှင့်အတူ လှုပ်ရှားနေသည့် IS အဖွဲ့ဝင်များအဖြစ် ဘာမင်ဂမ်မှ အသက်(၂၀)အရွယ် အဘူဟူစိန်အယ်လ် ဘရစ်တာနီ၊ ဟမ့်ရှိုင်းယားမှ အသက်(၂၃)နှစ်အရွယ် အဘူ အက်ဘ်ဒူလာ အယ်လ် ဘရစ်တာနီတို့ကိုလည်း ဖော်ထုတ် သိရှိထားကြောင်း သိရသည်။ Daily Mail က IS တို့ကြားတွင် ၎င်းတို့ကို ဂျွန်၊ ဂျော့ဂ်ျနှင့် ရင်ဂိုဆိုသော အမည်ဝှက်များဖြင့် လူသိများကြောင်းလည်း ဖော်ပြခဲ့သည်။

Daily Mail ၏ အဆိုအရ Beatles တို့သည် ဥရောပ နိုင်ငံများထံမှ ပေးချေခဲ့သည့် ပြန်ပေးငွေ အမြောက်အမြား ရှိနေပြီးနောက် ကူဝိတ်၊ သို့မဟုတ် ကာတာ တစ်နိုင်ငံတွင် အခြေချ အနားယူနိုင်လောက်အောင် ကြွယ်ဝနေပြီဟု ကြွားဝါလေ့ ရှိကြောင်းလည်း သိရသည်။ ဗြိတိန်နှင့် အမေရိကန်တို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ တောင်းဆိုသည့် ငွေကြေးကို ပေးချေသည့် မူဝါဒမျိုး မရှိသော်လည်း အခြားဥရောပ နိုင်ငံများတွင် ယင်းသတ်မှတ်ချက်မျိုး ပြဋ္ဌာန်း မထားချေ။

IS တို့သည် ဖိုလေအပြင် အခြား အမေရိကန် ဓားစာခံ သုံးဦးမျှကို ဖမ်းဆီးထားသည်ဟု ယူဆရပြီး ယင်းတို့အနက် တစ်ဦးသည် စတီဗန် ဆော့လော့ဖ်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂျွန်ဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွက ဖိုလေကို ခေါင်းဖြတ် သတ်ဖြတ်သည့် ဗီဒီယိုအတွင်း ဖော့လော့ဖ်၏ ပုံရိပ်ကို ဖော်ပြခဲ့ပြီး အမေရိကန်၏ အပြုအမူများအပေါ် မူတည်က ဆော့လော့ဖ်၏ ကံကြမ္မာကို ဆုံးဖြတ်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။

_Ref: Fox News

Windows အစားထိုး ပြည်တွင်းဖြစ် OS ကို အောက်တိုဘာလတွင် ဖြန့်ချိရန် တရုတ်စီစဉ်နေ


တရုတ်နိုင်ငံသည် Windows ကဲ့သို့သော နိုင်ငံခြားဖြစ် OS များ၏ နေရာတွင် အစားထိုးသုံးစွဲမည့် ပြည်တွင်းဖြစ် operating system တစ်မျိုးကို အောက်တိုဘာလတွင် ဖြန့်ချိရန် စီစဉ်နေကြောင်း Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Xinhua မှ အမည်ဖော်ပြခဲ့ခြင်း မရှိသည့် အဆိုပါ operating system ကို desktop ကွန်ပျူတာများအတွက် ကနဦး ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် စမတ်ဖုန်းများအထိ တိုးချဲ့ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။ Xinhua သည် အချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ ထုတ်ဝေသည့် People’s Post and Telecommunication News သတင်းစာမှ ဖော်ပြချက်ကို ကိုးကားဖော်ပြခဲ့ခြင်း ဖြစ်သည်။


တရုတ်နိုင်ငံ၏ Academy of Engineering မှ မစ္စတာနီဂွမ်နမ် ဆိုသူက “App store တွေကို ထောက်ပံ့ပေးထားတဲ့ ပြည်တွင်းဖြစ် desktop operating system ကို အောက်တိုဘာလ မှာ ဖြန့်ချိရန် မျှော်လင့် ထားပါတယ်” ဟု PPTN သတင်းစာထံ ပြောကြားချက်ကို Reuters က ဘာသာပြန်ကာ ဖော်ပြခဲ့သည်။

အဆိုပါ PPTN သတင်းစာတွင် ဖော်ပြထားချက်အရ ပြည်တွင်းဖြစ် OS ကြောင့် Windows 8 အသုံးပြုမှုကို တားမြစ်ထားသည့် တရုတ်အစိုးရသုံး ကွန်ပျူတာများတွင် Windows XP အသုံးပြုမှုကို ရပ်ဆိုင်းပြီး ပြည်တွင်း OS developer များကို လမ်းဖွင့်ပေးနိုင်လိမ့်မည်ဟု သိရသည်။

တရုတ်အစိုးရသည် အစိုးရ ကွန်ပျူတာများတွင် Windows 8 အသုံးပြုခြင်းကို ယခုနှစ် အစောပိုင်းက တားမြစ်ခဲ့သည်။ ထို့အပြင် သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်သော Windows XP အတွက် လုံခြုံရေး update များ ရပ်ဆိုင်းခဲ့မှုအတွက်လည်း တရုတ်အာဏပိုင်အဖွဲ့က Microsoft ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

Ref: ComputerWorld

မိကျောင်းတွေကို အနီးကပ် လေ့လာနိုင်မယ့် ရေငုပ်စရာနေရာ


သြစတေးလျနိုင်ငံက ငါးပြတိုက် တစ်ခုမှာ ဖြစ်ပြီး သူ့ကို Cage of Death လို့ အမည်ပေးထားပါတယ်။ သြစတေးလျနိုင်ငံမှာသာ မြင်တွေ့နိုင်တဲ့ အသားစား ဧရာမ မိကျောင်းကြီးကို အနီးကပ် လေ့လာခွင့် ရစေမယ့် အခွင့်အရေး ဖြစ်ပါတယ်။

Cage of Death ဟာ ရေဖိအားနဲ့ တိုက်ခိုက်အား အတော်လေး ခံနိုင်တဲ့ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ဖန်လုံအိမ်တစ်ခု ဖြစ်ပြီး မိကျောင်း လေ့လာချင်သူတို့ အတွက် အောက်အရောက်ပို့ပေး ပါတယ်။ တစ်ဦး ဖြစ်စေ၊ နှစ်ဦး ဖြစ်စေ ၀င်ရောက်နိုင်ပြီး အပေါ်ကနေ စက်ယန္တရားနဲ့ ရေအောက်ထဲကို ထည့်ပေး ပါတယ်။ အသားနှံ့ရနေတဲ့ မိကျောင်းကတော့ ဖန်အိမ်ကနေ မခွာနိုင်ပဲ ပတ်ပတ်လည်ကို လာရောက် ကြည့်ရှုပါလိမ့်မယ်။ ရေအောက် ကင်မရာ ပါသူ အချို့က ယင်းချက်ကောင်းကို စောင့်လို့ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်ပါတယ်။


စွန့်စားချင်သူများအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး ဖြစ်ပြီး စွန့်စားရဲသူ အချို့က ဆင်းကြ ပါတယ်။ ယနေ့အချိန်ထိတော့ ဘာအက်ဆီးဒန့်မှ မဖြစ်သေး ပါဘူး။ သြစတေးလျ မိကျောင်းကို အနီးကပ်လေ့လာဖို့ အတွက် ကမ္ဘာလှည့်ခရီးသည် များက အစ Cage of death ထဲကို ၀င်ရောက် ကြကြောင်း သိရ ပါတယ်။
.
Ref: crocosauruscove.com
အောင်ခမ်း (ရိုးရာလေး)

Power Supply စမ်းသပ်နည်း



ကျွန်တော်သင်တန်းတစ်ခုတက်တုန်းက ဆရာတစ်ယောက်ပြောပြလိုက်ပါတယ် ... Photo တွေကိုတော့ Google ကပဲရှာထားတာပါ 

များသောအားဖြင့် ရုံးက Power Supply တွေပျက်ရင် ဒီနည်းနဲ့ပဲစမ်းသပ်ဖြစ်ပါတယ် 

Tester တွေတော့ရှိတယ်ဗျ ကျွန်တော်တော့ တစ်ခါမှအသုံးမပြုသေးဘူး .... 

စမ်းသပ်နည်း 

(၁) power supply ရဲ့ 20 pin မှ အစိမ်းကြိုးနှင့်အနက်ကြိုးအား ကြားခံ လျှပ်ကူးပစ္စည်းတစ်ခုခံ၍ 

ပုံတွင်ပြထားသည့်အတိုင်းဆက်သွယ်ပါ ။


(၂) ပြီးပါက ပါဝါကြိုးကိုထိုးလိုက်ပါ ... 

Power Supply ကောင်းသေးပါက အထဲမှ FAN သည် အလုပ်လုပ်မည်ဖြစ်ပြီ 

အကယ်၍ မကောင်းတော့ပါက FAN အလုပ်လုပ်မည်မဟုတ်ပါ .....

အင်တာနက် သုံးနိုင်မှုပမာဏ လက်ရှိထက် တစ်ဆကျော် တိုးမြှင့်မည်ဟုဆို


ရန်ကုန်၊ မဇ္ဈိမ။ ။ အင်တာနက်အသုံးပြုနိုင်မှု ပမာဏ(Internet Capacity )ကို ၂ဝ၁၄ နှစ်ကုန်မှ စတင်ပြီး လက်ရှိထက် တစ်ဆ ကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် Internet Capa city ကို 30 Gbps အထိ အသုံးပြုလျက်ရှိပြီး ထပ်မံတိုးမြှင့်မည့် အင်တာနက်အသုံးပြုမှုပမာဏကို 70 Gbps ထိ တိုးချဲ့ရန် စီစဉ်ေ နခြင်းဖြစ်သည်။

“ဒီနှစ်ကုန်မှာပဲ Internet Capcity ကို ထပ်မံတိုးချဲ့သွားဖို့ လုပ်နေပါတယ်။ ၂ဝ၁၅ ခုနှစ် အတွင်းမှာတော့ Internet Bandwidth က ဒီထက်ပိုကောင်းလာပါလိမ့်မယ်” ဟု ဦးစိုးင်းစောလင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ အသုံးပြုရာတွင် ရေအောက်ကေဘယ်ဆက်ကြောင်း Sea Me We-3 ၊ မြဝတီ-ထိုင်း ကုန်တွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းအပြင် ၊ ဂြိုလ်တုအင်တာနက် စနစ်တို့နှင့် ချိတ်ဆက် ထားသည်။

တစ်နိုင်ငံလုံးအနေဖြင့် အင်တာနက်အသုံးပြုရတွာင် Sea me we 3 အင်တာနက် ဆက်ကြောင်းကိုအဓိကထား အသုံးပြုနေရပြီး ယင်းဆက်ကြောင်းအသုံးပြုမှုမှာ နှစ်ပေါင်း ၂ဝ ကျော်သက်တမ်းရှိလာပြီဖြစ်သည်။

ဆော့်ဖ်ဝဲလ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးကဦးအောင်အောင်က မိုဘိုင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် အများဆုံး 2Mbps လိုင်း အထိသာ အသုံးပြုခွင့်ပေးထားသောကြောင့် အခြားနိုင်ငံများ ကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် Internet Capacity မြင့်မားသည့် အင်တာနက်လိုင်းများကို ချထားပေးသင့်သည်ဟု ဆိုသည်။

“စင်္ကာပူလို နိုင်ငံမှာ လုပ်ငန်းတွေအတွက် 10 Mbps လောက်ရှိတဲ့ အင်တာနက်လိုင်း ကိုလည်း ဝယ်သုံးလို့ ရနေတယ်။ ဒီမှာက 2 Mbps လောက်အထိပဲ ရတယ်။ ဒါ့ကြောင့် ဒီထက်ပိုပြီး Bandwidth ကြီးတဲ့လိုင်းကို လည်း သူ့ဈေးနှုန်းနဲ့သူ မျှအောင် ချထားပေးသင့်တယ်” ဟုဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်Bandwidth တိုးချဲ့မည်ဟုဆိုသော်လည်း အင် တာနက် အသုံးပြုမှု တိုးတက်ပြည့်မီအောင် တိုးချဲ့ပေးရန်လည်း လိုအပ်သည်ဟု ၄င်းက ဆိုသည်။

လှိုင်သာယာမြို့နယ်မှ မိုဘိုင်းအင်တာနက်အသုံးပြုသူ ကိုရှိန်းကိုကို က “ မိုဘိုင်း အင်တာနက် အသုံးပြုရတာ လူသုံးများတဲ့ အချိန်တွေဆို လိုင်းက ခဏခဏ ပြုတ်ကျတာမျိုးတွေဖြစ်နေတော့ အဆင် မပြေပါဘူး။ အင်တာ နက်လိုင်းတွေကို အသုံးပြုရတာ အဆင်ပြေဖို့ ပိုပြီးလိုင်းကောင်းအောင်လုပ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

Mizzima

အမျိုးသမီးအတွင်းခံပစ္စည်းသစ် အကြမ်းဖက်အဖွဲ့နဲ့နာမည်တူနေ


အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းတခုက သူတို့ရဲ့ကုန်ပစ္စည်းသစ်ကို အိုင်ဇစ် - ISIS လို့ အမည်ပေးထားပါတယ်။


Islamic State of Iraq and Syria - ISIS ဆိုတာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တခုရဲ့အမည်ပါ။ အခုတော့ Islamic State - IS လို့ နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အမေရိကန်စာနယ်ဇင်းသမားတယောက်ကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ပါ။ အဲဒီ
အကြမ်းဖက်လုပ်ရပ်ကိုတော့ http://blog.irrawaddy.org/2014/08/is.html မှာ ဖတ်ပြီးဖြစ်မှာပါ။ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ ဒီဖြစ်ရပ်နဲ့ နောက်ဆက်တွဲသတင်းတွေကို ခုချိန်ထိ အဆက်မပြတ် ထုတ်လွှင့်နေတာ တွေ့ရမှာပါ။


အကြမ်းဖက်အဖွဲ့နဲ့ ဆင်တူနေတဲ့ ဒီနာမည်ကြောင့် ဒီပစ္စည်း ရောင်းအား ကောင်းပါ့မလား။
ဘာကြောင့် ဒီနာမည်ကို ရွေးခဲ့ရတာလဲ။

အမျိုးသမီးအတွင်းခံထုတ်လုပ်ရေးလုပ်ငန်းကတော့ ISIS ဆိုတဲ့ အမည်ဟာ ရှေးဟောင်းအီဂျစ်နတ်သမီးတပါးရဲ့အမည်ဖြစ်လို့ အဲဒါကို ယူခဲ့တာပါပဲ လို့ ရှင်းချက်ထုတ်ပါတယ်။
ဒီပစ္စည်းသစ်အတွက် ကာလအတန်ကြာကတည်းက ပြင်ဆင်ထားခဲ့တယ်လို့လည်း ရှင်းပါတယ်။

ဒီကာလမှာ မတော်တဆ တိုက်ဆိုင်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ကြရတာကို နားလည်တယ်၊ အကြမ်းဖက်လုပ်ငန်းကို ထောက်ခံဖို့ လုပ်ခဲ့တာ မဟုတ်သလို ကန့်ကွက်ဖို့ လုပ်ခဲ့တာလည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။
စိတ်မကောင်းဖြစ်ကြရတာတွေအတွက် တောင်းပန်ပါတယ် တဲ့။

The Independent သတင်းစာရဲ့ ရင်းမြစ်တခုကတော့ ဈေးကွက်ထဲ ဒီထုတ်ကုန်သစ် ဖြန့်မယ့်အချိန်မှာ တံဆိပ်ကို ပြင်ဖို့က သိပ်နောက်ကျသွားပြီ၊ ဒီနာမည်ကို လွန်ခဲ့တဲ့ ၆ လ ကတည်းက ရွေးထားတာလို့ ဆိုပါတယ်။

ဒါကတော့ http://www.huffingtonpost.co.uk မှာ တွေ့ရတဲ့ သတင်းတပုဒ်ကို ကောက်နုတ်ဖော်ပြခြင်းပါ။

ISIS အမည်နဲ့ ရေမွှေးတို့ ဘာတို့ လုပ်ငန်းရှင်အသီးသီး ထုတ်ခဲ့ပေမယ့်လည်း အရင်က ပြဿနာ မတက်ခဲ့ပါ။ အခုတော့ အကြမ်းဖက်အဖွဲ့ရဲ့ လတ်တလောဖြစ်စဉ်ကြီးတခုကြောင့် ရှင်းချက်ထုတ်နေရခြင်းပါ။

စိတ်မကောင်းစရာ အကြောင်းတိုင်ဆိုင်မှုပါပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်

Southeast Asia Fears Militant Fallout as Mideast Conflict Widens


Is Southeast Asia Supplying Jihadists to the Middle East?

ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကူးစက်နေပြီဟု ကြေညာ


ဒီမိုကရက်တစ် သမ္မတ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်နေပြီလို့ ကြေညာလိုက်ပါတယ်။

နိုင်ငံ မြောက်ပိုင်း အီကွေတာ ပြည်နယ်မှာ အီဘိုလာ ရောဂါသည် ၂ ယောက်ကို တွေ့ရှိခဲ့ရ တယ်လို့ ကျန်းမာရေး ၀န်ကြီး ဖဲလက်စ် ကာဘိန်းဂ် က ကြေညာပါတယ်။

အီကွေတာ ပြည်နယ်မှာ အမျိုးအ မည်မသိ တဲ့ ရောဂါတမျိုး ပျံ့နှံ့နေတာ ရက်သတ္တပတ်တချို့ ရှိခဲ့ပါပြီဖြစ်ပြီး ရောဂါကြောင့် လူ ၇၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

သြဂုတ် ၂၁ ရက်နေ့ကတော့ ထူးဆန်တဲ့ ရောဂါဟာ အီဘိုလာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး အခုတော့ အီဘိုလာအဖြစ် အတည်ပြုလိုက်တာပါ။

ကွန်ဂိုမှာ ၁၉၇၆ ခုနှစ်ကစလို့ အီဘိုလာ ပျံ့နှံ့မှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ဒီတကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ အနောက်အာဖရိက နိုင်ငံတွေမှာ ဖြစ်နေတဲ့ ကပ်ဘေးနဲ့ ပတ်သက်မှု မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အခုနောက်ဆုံး အီဘိုလာရောဂါ တကျော့ပြန်ဖြစ်လာတယ်လို့ ကွန်ဂိုအစိုးရက ကြေညာတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အတည်ပြုချက် မပေးသေးပါဘူး။
By ဒီဗွီဘီ

ကယ်လီဖိုးနီးယားတွင် အင်အားပြင်း ငလျင်လှုပ်၊ ၈၀ ကျော် ဒဏ်ရာရ


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ သြဂုတ် ၂၄ ရက်နေ့ မနက်အစောပိုင်းက ငလျင်လှုပ်ခဲ့လို့ လူအယောက် ၈၀ ကျော် ဒဏ်ရာရပြီး သမိုင်းဝင်အဆောက်အဦ တချို့ ပျက်စီးခဲ့ပါတယ်။

earthquake-napa-valleyဒေသတွင်း နှစ် အစိတ်အတွင်းမှာ အပြင်းဆုံးအဖြစ် ရစ်ခ်ျတာစကေး ၆ အဆင့်ရှိတဲ့ ငလျင်ဟာ ဆန်ဖရန်စစ္စကို ပင်လယ်အော် ဒေသကို လှုပ်ခတ်ခဲ့တာပါ။

အာဏာပိုင်တွေက အပျက်အစီးတွေကို စစ် တမ်းကောက်ဆဲ ဖြစ်ပြီး ၀ိုင်ချက်ရာမှာ နာမည်ကြော်ကြားတဲ့ နာပါဒေသမှာ မီးလောင်မှု တချို့ အစီရင်ခံထားပါတယ်။

ဒေသခံ ရုပ်သံကတော့ ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ ကားတွေရဲ့ ပုံတွေကို ပြသထားပါတယ်။

ငလျင်အပြီး မြေပြင်တုန်ခါမှုတွေကတော့ လာမယ့် ရက်သတ္တပတ် အတော်များများမှာ ဆက်လက် လှုပ်ခတ် နေနိုင်ပါတယ်။
DVB

ဗြိတိသျှ ရုပ်ရှင်မင်းသားကြီး အဲတန်ဘိုရို ကွယ်လွန်


အသက် ကိုးဆယ်အရွယ် ဗြိတိသျှ ရုပ်ရှင် သရုပ်ဆောင်နဲ့ ဒါရိုက်တာ ရစ်ချတ် အဲတန် ဘိုရိုဟာ သြဂုတ် ၂၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။

အဲတန်ဘိုရို ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ၁၉၈၂ ခုနှစ်က ထွက်ခဲ့တဲ့ အိန္ဒိယ ခေါင်းဆောင်ကြီး ဂန္ဒီရဲ့ ရုပ်ရှင်လည်း ပါဝင်ပါတယ်။

မင်းသားကြီးဟာ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းရုပ်ရှင်ဆု အပါအ၀င် အော်စကာ ဆုပေါင်း ၉ ဆု ရရှိခဲ့သူဖြစ်ပါတယ်။
DVB

ရွာများကို စည်းရိုးခတ်မယ်လို့ တရုတ် ကုမ္ပဏီပြော


စံပယ်တောင်-ကြေးစင်တောင်စီမံကိန်း ၀န်းကျင်က ရွာတွေမှာ စည်းရိုးခတ်မယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မြန်မာ-ယန်စီကြေးနီကုမ္ပဏီက အကြောင်းကြား ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျော်ကြေးပေးဖို့တောင်းဆိုထားတဲ့မြေတွေမှာ စည်းရိုးခတ်မယ့် အကြောင်း ပြောတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"စံပယ်တောင်၊ ကြေးစင်တောင်ကလေ၊ ခြံစည်းရိုး ခတ်မယ်ဆိုပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို ၂၈ ရက်နေ့မှာ သွပ်ဆူးကြိုးခတ်မယ်လို့ ကုမ္ပဏီက စာပို့တယ်လို့ သိရတယ်၊ ယန်စီကုမ္ပဏီကနေပို့တာ၊ သွပ်ဆူးကြိုးခတ်မယ်ဆိုတဲ့ ဧရိယာက တကယ်တော့ မြေလျော်ကြေးပေးထားတဲ့ နေရာတွေမဟုတ်ဘူး၊ အဲ့ဒီ နေရာနဲ့ပတ်သက်လို့ ကျနော်တို့ မြေသိရဖို့အတွက် တောင်းဆိုထားတဲ့ နေရာတွေဖြစ်တယ်"
ဒီမြေတွေကို ကနေဒါ နိုင်ငံ အခြေစိုက် Ivanhoe ကုမ္ပဏီလက်ထက်ကတည်းက လျော်ကြေးမပေးဘဲ သိမ်းယူထားတာဖြစ်ပြီး နစ်နာကြေးပေးဖို့ ရွာသားတွေက တောင်းခံထားတာလို့လည်း ပြောပါတယ်။
"စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကနေပြီးတော့ ဒီဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဌ လည်းဖြစ်တယ်လေ ဦးသာအေးက၊ သူကနေပြီးတော့ မြေယာလျော်ကြေးပေးမယ်လို့ ၂၀၁၃၊ ၁၂ လပိုင်း ၅ ရက်နေ့က ပြောခဲ့တယ်၊ ဦးပိုင်ကနေ ဒီကြေးနီစီမံကိန်းကဟာ သူတို့ကို မြေလျော်ကြေး ပေးစရာမလိုပါဘူး၊ နိုင်ငံတော်မှာပဲ တာဝန်ရှိပါတယ်ဆိုပြီးတော့ ကျနော်တို့ဆီကို စာပို့တာ၊ အခု အဲ့ဒီနေရာတွေကို သူတို့သွပ်ဆူးကြိုးခတ်မယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံလို့ မဖြစ်ဘူးဗျ၊ ကျနော်တို့မြေယာတွေဟာ အရင် နိုင်ငံတော်နဲ့ အဲ့လိုမျိုးလုပ်ခဲ့တဲ့ စီမံကိန်းလေ၊ အဲ့ဒီအတွက်ကို ကျနော်တို့က ဆုံးရှုံးနစ်နာကြေးကို ကျနော်တို့က တောင်းဆိုနေတာလေ၊ ကြေးနီစီမံကိန်း မြေယာလျော်ကြေးပေးသလိုမျိုး ကျနော်တို့ကိုလည်းပေးဖို့ သိမ်းစဉ်ကာလတုန်းကလည်း မြေလျော်ကြေးဆိုတာကိုလည်း ပေးခဲ့တာမရှိဘူး၊ အရင်တုန်းက လယ်ယာမြေကို နိုင်ငံပိုင်ဆိုပြီးတော့ သိမ်းတာလေ၊ ကော်မရှင်ဥက္ကဌတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ကြေးနီစီမံကိန်းမှန်ရင် မြေယာလျော်ကြေးပေးရမယ်လို့ ပြောတယ်"
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူးကို မြေယာနစ်နာကြေးကိစ္စဆောင်ရွက်ဖို့တာဝန်လွှဲအပ်ထားပေမဲ့ အခုချိန်ထိ တစုံတရာ ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ပြောကြားပါတယ်။
RFA Burmese

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်


၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ကရင်ရိုးရာလက်ချည်ပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အောင်မြင်ပါက နယ်ခြားစောင့်တပ်များကို မူလအတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက မဇ္ဈိမကို ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် စတင်ပြောင်းလဲရန် အစိုးရနှင့် ဆွေးနွေးခဲ့စဉ်ကပင် ယင်းအချက်ကို ပြောဆိုထားသည်ဟု မဇ္ဈိမကို ပြောသည်။ သို့သော် မည်သို့ ပြောင်းလဲသတ်မှတ်မှုကို လိုလားသနည်းဆိုသည်ကိုမူ မသိရှိရသေးပေ။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ရခြင်းမှာ မိမိတို့ နယ်မြေအတွင်းရှိ ကရင်ပြည်သူ/သားများအား လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရနှင့် BGF ကြား သဘောထား အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး စောချစ်သူက “အခုလောလောဆယ်တော့ ဆက်ဆံရေးက သားသမီးလိုပဲ ကျောသားရင်းသား မခွဲခြားဘူး။ ဒီတိုင်းဆိုရင်တော့ နောင်အနာဂတ်လည်း အဆင်ပြေမယ်၊ ဆက်ဆံရေးပြောင်းသွားရင်တော့ ကိုယ်တို့ အသက်အရွယ်က ဆက်ပြီး အများကြီး လုပ်နိုင်ပါသေးတယ်”ဟု ပြောသည်။

အပစ်ရပ်ပြီးနောက် တိုင်းရင်းသားလူမျိုးများ ပြဿနာကို ဖြေရှင်းရန် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဗိုလ်မှူးစောချစ်သူက “BGF နိုင်ငံရေးကိုတော့ ဦးစားမပေးဘူး၊ လုံခြုံရေးပိုင်းပဲ။ နိုင်ငံရေးသမားတစ်ယောက် ပြောအားဆိုအားရှိအောင်က နောက်ခံမှာ အင်အားလိုအပ်ပါတယ်”ဟု ပြောသည်။

နယ်မြေတည်ငြိမ်ရေးနှင့် ပြည်သူလူထုလုံခြုံရေး တာဝန်ယူနိုင်ရန် နံပါတ်တစ်ဦးစားပေးဆောင်ရွက်မည်ဟု ဆိုသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်များက ကရင်တပ်အချင်းချင်း ပစ်ခတ်မှုများ မဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် ကရင်တပ်များ ညီညွတ်ရေးကော်မတီကို ဖွဲ့စည်းကာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖမ်းဆီးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ၎င်းက ပြောသည်။

BGF မှာ အစိုးရနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် DKBA မှ ခွဲထွက်လာခြင်းဖြစ်သည်။
Mizzima

ပီအာရ်ဥပဒေကြမ်း အချက်အချို့သာ ညှိနှိုင်းရန် ကျန်

၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၌ ဆန္ဒမဲပေးနေသည့် ပြည်သူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ

အနာဂတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး ဥပဒေကြမ်းရေးဆွဲနေသည့် ကော်မရှင်၏ လုပ်ငန်းများ အပြီးသတ်လုပြီဖြစ်ပြီး အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်ဟု အမျိုးသားလွှတ်တော် ပီအာရ်အကောင်အထည်ဖော်ရေးကော်မရှင်၊ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့ဝင် ဦးအုန်းတင်က သြဂုတ် ၂၄ရက်တွင် ပြောသည်။

ပါတီအသီးသီးက ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်း တန်းစီဇယား ထုတ်ပြန်ထား၍ ရရှိသည့် မဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းအလိုက် အစဉ်လိုက် ရွေးနုတ်ကာ အမတ်ဖြစ်ခွင့်ရမည့် ပီအာရ်အမျိုးအစားကို ရွေးချယ်ထားသည်ဟု ၎င်းက ပြောသည်။

ဥပဒေကြမ်းရေးဆွဲရာတွင် မဲဆန္ဒနယ်သတ်မှတ်မှုဆိုင်ရာ ကိစ္စအချို့ ညှိနှိုင်းရန် ကျန်နေသည်ဟု ဦးအုန်းတင်က ပြောသည်။
“မဲဆန္ဒနယ်တစ်နေရာနဲ့ သုံးနေရာ သတ်မှတ်ဖို့ ၀ိဝါဒကွဲနေတယ်။ မဲဆန္ဒနယ် (၁)နေရာဆိုရင် ဘယ်လိုအားသာချက် အားနည်းချက်တွေရှိတယ်။ သုံးနေရာဆိုရင် ဘယ်လိုရှိတယ်ဆိုတာကို စာတမ်းပြုစုရေးအဖွဲ့က ရေးဖို့ ကျန်နေသေးတယ်”၎င်းက ပြောသည်။
ကွဲလွဲနေသည့် သဘောထားအတိုင်း စာတမ်းရေးကာ အမျိုးသားလွှတ်တော်သို့ တင်သွင်း၍ အဆုံးအဖြတ်ယူမည်ဟု ဦးအုန်းတင်က ပြောသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် မဲအများဆုံးရသူ အမတ်ဖြစ်ခွင့်ရှိသည့် စနစ်မှ ပီအာရ်သို့ ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်က ဇူလိုင်လအတွင်း ဆုံးဖြတ်ထားပြီးဖြစ်သည်။

အဆိုပါစနစ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများမှလွဲ၍ ကျန်သော တိုင်း၊ ပြည်နယ်အားလုံး၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် ကော်မရှင်က ဆုံးဖြတ်ထားသည်ဟု အဖွဲ့ဝင်တို့က ဆိုသည်။

လက်ရှိအချိန်တွင် အချိုးကျကိုယ်စားပြုစနစ် (PR) ဥပဒေကြမ်းကို ကော်မရှင်၏ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့က ရေးဆွဲနေဆဲဖြစ်ပြီး စက်တင်ဘာ ၁ ရက်တွင် ရေးဆွဲပြီးသည့် ဥပဒေကြမ်းကို ပြန်လည်ဆွေးနွေးစေမည်ဟု ကော်မရှင်အဖွဲ့ဝင်တချို့က ပြောသည်။

ကော်မရှင်အဖွဲ့ဝင် ဦးဗညားအောင်မိုးက “စာတမ်းပြုစုရေးနဲ့ ဥပဒေရေးဆွဲရေးအဖွဲ့က ဆွဲထားတယ့် ဥပဒေကြမ်းကို စက်တင်ဘာ ၁ ရက်မှာ ဆွေးနွေးမယ်၊ အားလုံးသဘောတူရင် လွှတ်တော်တင်ဖို့ပဲရှိတော့တယ်”ဟု ဆိုသည်။

ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အတွင်း ၀ိဝါဒကွဲပြားနေသော်လည်း ၂၀၀၈ အခြေခံဥပဒေ၌ အမျိုးသားလွှတ်တော်ကိုယ်စားပြု အမတ်ရွေးချယ်ရန် နည်းလမ်းဖော်ပြထားပြီးဖြစ်သည်။

အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသကိုယ်စားလှယ် တစ်ဦးစီပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများအပါအ၀င် တိုင်း၊ ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် အမတ် ၁၆၈ ဦး ရွေးကောက်ရန် ပြဋ္ဌာန်းထားသည်။ ဥပဒေကြမ်းကို အောက်တိုဘာတွင် ပြုလုပ်မည့် လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

Mizzima

" ရောင်နီဦး၏ အလင်းရောင်နှင့်အတူ" ဇာတ်ကားကို အောက်တိုဘာလတွင် ပြသမည်

ဆင်ဆာနှင့်ပတ်သက်သည့် ထောက်ချက်များပြုပြင်ပြီးပါက ပြည်ပနိုင်ငံများတွင် " ရောင်နီဦး၏ အလင်းရောင်နှင့်အတူ " ရုပ်ရှင်ဇာတ်ကား ကို ပြည်ပနိုင်ငံများတွင် သွားရောက်ပြသနိုင်ရန် စီစဉ်သွားမှာဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီက မဇ္ဈိမကိုပြော သည်။



လက်ရှိတွင် သြဂုတ်လ ၁၈ ရက်က ယင်းဇာတ်ကားအား မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ ဆင်ဆာတင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း က သြဂုတ်လ ၂၂ တွင် DCB ( ဒီဂျစ်တယ်စနစ်) ဖြင့်ရိုက်ကူးထားသည့် ဇာတ်ကားကို ဖလင်စနစ်သို့ ပြောင်းလဲပေးမှသာ ဆင်ဆာကဒ် (ရုံတင်ပြသခွင့်) ချထားပေးမည်ဟု ဆိုခြင်းကြောင့် ပြသခွင့်နှောင့်နှေးနေရခြင်းဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီကပြောသည်။

"နောက်ဆုံပေါ် ကင်မရာနဲ့ အရုပ်အသံကွာလတီမြင့်ထားတာ ဖလင်ပေါ်ဆင်းလိုက်ရင် မကောင်းတဲ့ အသံတွေ အရုပ်တွေထွက်လာမှာ။ အဲဒါကြောင့် အခုနာယကကြီးတွေကို စာတင်ပြီးပြီ။ လုံးဝဖလင်မကူးဘူး။ ဆင်ဆာကထောက်ညွှန်တဲ့ နည်းနည်းပါးပါး ပြင်စရာရှိတာ တွေတော့ပြင်မယ်။ ဒီစီဘီနဲ့ ပဲပြမယ်။ နိုင်ငံတော်ကလည်း ဒီစီဘီပရော့ဂျက်ကို နယ်တွေရော ရန်ကုန်မှာရောစနေပြီလေ။ အဲဒီကိစ္စကို နာယကတွေ ညွှန်ချုပ်တွေဆီကို မိတ္တူတွေပေးထားတယ်။ စောင့်ကြည့်ရမှာပဲ။" ဟု ဒါရိုက်တာ အဏ်ထော်ဏီ ကပြောသည်။

ယင်းသို့ ဖလင်လှန်မပေးခြင်းကြောင့် ဆင်ဆာကဒ် ထုတ်မပေးပါက ဆင်ဆာကဒ်ထုတ်ပေးမည့် အချိန်ကို စောင့်နိုင်ပါက စောင့်ဆိုင်းကာ မြန်မာနိုင်ငံ တွင် ပြသသွားမည်ဖြစ်ပြီး အခြေအနေ အကြောင်းအရာများ ရှိလာပါ ဒါရိုက်တာ အဏ်ထော်ဏီ (မော်လမြိုင်)သည် ရုံတင်ရက် မစောင့်ဆိုင်းနိုင်ပါက ပြည်ပနိုင်ငံများတွင် သွားရောက် ပြသသွားမည်ဟု ဒါရိုက်တာ အဏ်ထော်ဏီ ကပြောသည်။

DCB ( ဒီဂျစ်တယ်စနစ်) ဖြင့်ရိုက်ကူးထားသည့် ဇာတ်ကားကို ဖလင်စနစ်သို့ ပြောင်းလဲပေးမှသာ ဆင်ဆာကဒ် (ရုံတင်ပြသခွင့်) ချထားပေးခြင်းသည်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ချမှတ်ထားသည့်မူ ဖြစ်ခြင်းကြောင့် ဒါရိုက်တာ အဏ်ထော်ဏီသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပြသခွင့် ရရှိနိုင်ရန် စာတင်ထားသည်ဟုဆိုသည်။

" ဖလင်နဲ့ အနစ်နာခံပြီး ရိုက်ခဲ့တဲ့သူတွေက အရှေ့မှာ အများကြီးရှိခဲ့တယ်။ အားလုံးကနောက်ပိုင်းမှာ အဲဒါနဲ့ပဲ ရိုက်ကြတာ။ ဘာပဲပြောပြော ဖလင်လှန်ရင် ဖလင်ကား ဖြစ်တယ်ဆိုပြီး သတ်မှတ်လိုက်တော့ အစ်ကိုတို့က အရုပ်အသံ ကွာလတီအပြည့် ရိုက်ထားတဲ့ကားတွေလေ။ မပြောင်းဘူး။ နောက်ဆုံး ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်ပရိသတ်ကို ပြလို့ရတဲ့နည်းနဲ့ သိပ်ကြည့်ချင်ရင် အွန်လိုင်း ကနေ ဂူဂဲလ်နဲ့ချိတ်ဆက်ပြီး အလကားပြချလိုက်မယ်။ အဆုံးရှုံးခံ ပြီးလုပ်တာ။" ဟု ဒါရိုက်တာ အဏ်ထော်ဏီက ဆိုသည်။

ယင်းဇာတ်ကား ရိုက်ကူးမှုအတွက် သိန်း ၂ဝဝဝ ကျော် အကုန်အကျခံကာ ရိုက်ကူးထားခြင်း ဖြစ်ပြီး၂ဝ၁၄ ခုနှစ် အောက်တိုဘာလလောက်တွင် ပြသနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြသခွင့်ဆင်ဆာကဒ် မရရှိပါကလည်း ယင်းဇာတ်ကားသည် နိုင်ငံရေးနှင့် ညှိစွန်းသည့် အသုံးအနှုန်းပြကွက်များ မပါရှိပဲ ၁၉၅၄ ခုနှစ်က အသုံးအနှုန်း အပြောအဆိုများသာ သုံးထားသည့်အတွက် မြန်မာနိုင်ငံတွင် ပြသခွင့် ဆင်ဆာကဒ် မရရှိပါကလည်း ပြည်ပနိုင်ငံများတွင် သွားရောက်ပြသနိုင်သည့် ဇာတ်ကားတစ်ကားဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီ က ပြောသည်။

ဂျာမနီဆပ်ကပ်အဖွဲ့တွင် ခြင်္သေ့ဖြူ လေးကောင်မွေး


ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ ဆပ်ကပ် အဖွဲ့တစ်ဖွဲ့တွင် အထီးသုံးကောင်၊ အမတစ်ကောင်ဖြစ်သည့် ခြင်္သေ့အဖြူ လေးကောင် မွေးခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက မကြာသေးမီက ပြော ကြားခဲ့သည်။

မြူးနစ်အခြေစိုက် ကရုဏ်း ဆပ်ကပ်၏ ကောက်ရိုးများပေါ်တွင် ယင်းခြင်္သေ့ဖြူ လေးကောင်မှာ ဆော့ ကစားလျက်ရှိကြောင်း၊ ကျန်းမာ သန်စွမ်း၍ ကောင်းကောင်းစားကြောင်း၊ ၎င်းဆပ်ကပ်အဖွဲ့မှာ မက်ဒီ ဘတ်သို့ လှည့်လည်ဖြေဖျော်လျက်ရှိ ကြောင်း ပြောကြားသည်။

ယင်းတို့မှာ ခရုသင်းစွဲနေခြင်း မဟုတ်ဟု ဆိုသည်။ မိခင်မှာ အသက် ခုနစ်ရှိ ပရင့်စက်နှင့် ဖခင်မှာကင်းတွန် ဂါ ၁၁ နှစ်တို့ ပေါင်းဖက်ရာမှ လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ ညတွင် မွေးလာခြင်း ဖြစ်သည်ဟု ပြောသည်။

အဆိုပါ ခြင်္သေ့ဖြူလေးကောင်ကို အသက် လေးနှစ်အထိ ဆပ်ကပ်ပွဲ များတွင် ထုတ်ပြမည်မဟုတ်ကြောင်း၊ မိခင်ခြင်္သေ့မကြီးနှင့် တစ်နှစ်အတူ နေထိုင်စေ၍ တစ်နှစ်ပြည့်လျှင် အခြားခြင်္သေ့များနှင့် ရောနှောနေစေ ပြီး လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ဆပ်ကပ်ပြောရေးဆိုခွင့်ရှိသူ ဆူဆန် မက်ဇီနောက ဘီဘီစီသို့ ပြောကြားသည်။

ဘီဘီစီ။

မြန်မာ ယူ-၁၉ အား ကျပ်သိန်းနှစ်ထောင်ကျော် ချီးမြှင့်


၂၀၁၄ ဘရူနိုင်းဘုရင့် ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းအား အလှူရှင်များက ချီးမြှင့်ငွေကျပ်သိန်းနှစ်ထောင်ကျော်ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်လုပွဲတွင် ဗီယက်နမ် လူငယ် အသင်းကို (၄-၃) ဂိုး ဖြင့် အနိုင်ရရှိကာ ဘရူနိုင်း ဘုရင့် ဖလားပြိုင်ပွဲ၌ ပထမဆုံး အ ကြိမ်ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် သြဂုတ် ၂၄ ရက် ညနေ ၄ နာရီက ရန်ကုန်လေ ဆိပ်သို့ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့တွင်းသို့ ဆုဖလားနှင့် အတူလှည့်လည်အောင်ပွဲခံခဲ့ရာ ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။
မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယင်းနေ့ညပိုင်းတွင်ပင် သုဝဏ္ဏ အားက စားကွင်းအတွင်း ဆက်လက် ကျင်းပခဲ့ပြီး ပရိသတ်တစ်ထောင် ကျော် လာရောက်အားပေးခဲ့ကြ သည်။ မြန်မာယူ-၁၉ အသင်း သည် ယခုနှစ်ဘရူနိုင်းဘုရင့် ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲအထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်သည်။ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ စဉ်များကို ပြည်တွင်းအခမဲ့ရုပ် သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပေးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ ပြီး ရန်ကုန်လေဆိပ်မှ သုဝဏ္ဏ ကွင်းသို့ သွားရာလမ်းကြောင်း တစ်လျှောက် ပြည်သူများက တစ်ခဲနက် အားပေးခဲ့ကြသည်။
‘‘မြန်မာ ယူ-၁၉ အသင်း အရမ်းကောင်းပါတယ်။ ၉၃ ဆီးဂိမ်းက သန်းတိုးအောင်တို့ အသင်းနောက်ပိုင်းအကောင်းဆုံး အသင်းလို့ထင်ပါတယ်။ လာမယ့် အနာဂတ် လက်ရွေးစင်အသင်း အတွက် ဒီလူငယ်လေးတွေက အားကိုးရမယ်လို့ မျှော်လင့်ပါ တယ်’’ ဟု မြန်မာယူ-၁၉ အ သင်းအား ကြိုဆိုခဲ့သည့် မြန်မာ ဘောလုံးပရိသတ် ဦးမြသိန်းက ပြောသည်။
မြန်မာယူ-၁၉ အသင်း ကို သုံးရက်ခန့် အနားပေးမည် ဖြစ်ပြီး သြဂုတ် ၂၈ ရက်တွင် လာမည့်နိုင်ငံတကာပြိုင်ပွဲများအ တွက် ပြန်လည်စခန်းသွင်းလေ့ ကျင့်မည်ဖြစ်ကြောင်း နည်းပြ ချုပ်ဂတ်ဖရိုင်းဒရစ်က ပြောကြားသည်။
7Day Daily

ယူနိုက်တက်က ဒီမာရီယာအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေးရမည် di+Maria


မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အာဂျင်းတီးနား တောင်ပံသမား ဒီမာရီယာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေး ရလိမ့်မယ်ဆိုပြီး ဗြိတိသျှ မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

di+Mariaပရီးမီးယားလိဂ်မှာ အမြင့် ဆုံး ပြောင်းရွှေ့ကြေး အနေနဲ့ ချဲလ်ဆီးက ၂၀၁၁ မှာ လီဗာပူး တိုက် စစ်မှူး တော ရက်စ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူပြီး စံချိန်တင်ထားပါတယ်။

သတင်းတွေမှာတော့ မန်ယူက အသက် ၂၆ နှစ်အရွယ် ဒီမာရီယာအတွက် ပေါင်သန်း ၅၀ နဲ့အထက်မှာ ပေးရလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

ရီရဲလ်နည်းပြ အန်စလော့တီကတော့ ဒီမာရီယာဟာ လေ့ကျင့်ရေး မဆင်းတော့ဘဲ အသင်းဖော်တွေနဲ့ ကလပ်ကလူတွေကို လိုက်ပြီး နူတ်ဆက်နေကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

By ဒီဗွီဘီ

ဥပဒေချိုးဖောက်သည့် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချရန် သမ္မတမှတ်ချက်ပေး


ဆန္ဒပြနေသည့် စက်ရုံအလုပ်သမားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အသစ်ပြင်ဆင်ရေးဆွဲ နေသော အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဥပဒေချိုးဖောက်သည့် အလုပ်ရှင်ကို ငွေဒဏ်ကျပ်ငါးသိန်း အပြင် ထောင်ဒဏ်ပါ ချမှတ်သင့် ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ် ချက် ပေးပို့ထားကြောင်း သတင်း ရရှိသည်။


ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေး ရာ အငြင်းပွားမှုဖြေရှင်းရေး ဥပ ဒေတွင် ဥပဒေ ချိုးဖောက်သည့် အလုပ်ရှင်ကို အရေးယူရာ၌ ဒဏ် ငွေကျပ်တစ်သိန်းသာ ပြဋ္ဌာန်းခဲ့၍ အလုပ်ရှင်အများစုမှာ လေးစား လိုက်နာမှုအားနည်းခဲ့သည်။

ထို့ကြောင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေး နွေးခဲ့ပြီးနောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့လွှတ်တော်သို့ တင် သွင်း အဆိုပြုရာတွင် ပြည်သူ့ လွှတ်တော်က ထောင်ဒဏ် ထည့် သွင်းဖော်ပြမှုကို ပယ်ချခဲ့၍ နိုင်ငံ တော် သမ္မတက ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းပြဋ္ဌာန်း ရန် ပြည်ထောင်စုလွှတ်တော်သို့ သဘောထား မှတ်ချက်ပေးခဲ့ သည်။

‘‘ပြစ်ဒဏ်က အမြင့်ဆုံး ငါး သိန်းထိပဲ ချမှတ်နိုင်လို့ ပြစ်ဒဏ် မှာထောင်ပါ ချသင့်တယ်လို့ သမ္မ တက ပြည်ထောင်စုလွှတ်တော် ကို သဘောထားမှတ်ချက်ပေးပြီး အတည်ပြုခဲ့တယ်။ အမျိုးသား လွှတ်တော်မှာ ပြစ်ဒဏ်ပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်းပူးပေါင်းကော်မတီဝင် တစ်ဦးက ပြောသည်။

‘‘သမ္မတက အခုလို သဘော ထားမှတ်ချက်ပေးတာ ကောင်းပါ တယ်။ ထိထိရောက်ရောက် အ ရေးယူပြီး အကောင်ထည်ဖော်တဲ့ သူတွေလည်း ထိရောက်ဖို့ လိုပါ တယ်။ ပြည်သူ့လွှတ်တော်မှာ ပယ်ချတဲ့အပိုင်း ပြောရရင် အ လုပ်သမားတွေကလည်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါ တယ်။ အဲဒါကို စိုးရိမ်ပြီး ပယ်ချ တယ်ဆိုရင် အခုလာမယ့်သူတွေ က ဥပဒေချိုးဖောက်ဖို့ အဆင် သင့်ပြင်လာလို့လား။ အလုပ်သ မားတွေကတော့ ဥပဒေကို ချိုး ဖောက်ဖို့ ၀င်လာတဲ့ အလုပ်ရှင် တော့ အလိုမရှိပါဘူး’’ ဟု တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ဒေါ် မိုးဝေက ပြောသည်။

အဆိုပါ အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ထွက်ရှိပြီးနောက် အမှု ပေါင်း ၁၅၀၀ ကျော် ဖြေရှင်းခဲ့ သည်။ ယခုနှစ် ဇွန်လအတွင်း အအစိုးရက အလုပ်ရှင် အပါအ၀င် အလုပ်ရှင် ကိုယ်စားလှယ်များအားယဉ်ကျေးသိမ်မွေ့ ရက်တိုသင်တန်းကို အစိုးရက သင်ကြားပို့ချခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှုများ၌ လုပ်ခလစာနည်းပါး၍ တိုးမြှင့်တောင်း ခံခြင်း၊ အလုပ်ရှင်က မချေမငံ ပြောဆိုဆက်ဆံခြင်း စသည့် အ ကြောင်းအရာများ အဓိကဖြစ်ပွား လျက်ရှိပြီး ၎င်းတို့အပေါ် မချေမငံ ပြောဆိုဆက်ဆံသော မန်နေဂျာ၊ ကြီးကြပ်ရေးမှူးနှင့်ခေါင်းဆောင် ပိုင်းကို အလုပ်မှ ထုတ်ပယ်ပေး ရန် တောင်းဆိုလျက်ရှိသည်။

7Day Daily

အားပြင်းငလျင် ကယ်လီဖိုးနီးယားမှာလှုပ်ခတ်


ဒီနေ့ တနင်္ဂနွေနေ့အစောပိုင်းက အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့ ဘေးဧရိယာမှာ ၂၅ နှစ်အတွင်း အကြီးဆုံးငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ဒေသ စံတော်ချိန် မနက်လင်းအားကြီး ၃ နာရီ၊ မိနစ် ၂၀ မှာ ပြင်းအား ၆ magnitude ရှိတဲ့ ငလျင်ဒဏ်ကြောင့် မော်တော်ယာဉ် သတိပေးချက်တွေ အသံမြည်ပြီး အိမ်တွေထဲက လူတွေ ပြေးထွက်လာခဲ့ကြပါတယ်။ Napa ခရိုင်၊ မီးသတ်တပ်ဖွဲ့တွေအားလုံး ဖုံးဆက် အကူအညီတောင်းခံမှုတွေနဲ့ အလုပ်ရှုပ်သွားခဲ့ပြီး မီးလောင်မှုတစ်ချို့၊ ဒဏ်ရာရမှုတစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ LA Time သတင်းက အစီရင်ခံပါတယ်။

ငလျင်ဟာ Sacramento မြို့ အနောက်တောင်ဖက် မိုင် ၅၀ လောက်အဝေးမှာရှိတဲ့ ဒေသကို ဗဟိုပြုလှုပ်ခဲ့တာဖြစ်ပါတယ်။ California အဝေးပြေးလမ်းမကြီး ကင်းလှည့် ကြီးကြပ်တဲ့အဖွဲ့တွေက လမ်းတံတား ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးနေကြဆဲဖြစ်ပြီး တချို့နေရာတွေမှာ လျပ်စစ်မီးပြတ်တောက်မှုတွေနဲ့ အဆောက်အဦး ပြိုကျမှုတွေ ရှိတယ်လို့သိရပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

Iceland မီးတောင်ပေါက်ကွဲနိုင်ခြေ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်



Iceland နိုင်ငံက မီးတောင်မှာ ပေါက်ကွဲမှု အသေးလေးတွေ ဖြစ်ပွားခဲ့တာကြောင့် လေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် Code Red လို့ခေါ်တဲ့ အမြင့်ဆုံးသတိပေးချက်ကို Iceland နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။ အခု သီတင်းပတ် အစောပိုင်းတုန်းက ငလျင်တွေ ဆက်တိုက် လှုပ်ခဲ့တဲ့ Bardarbunga မီးတောင်အောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတာကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ Iceland မိုးလေဝသဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Code Red အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်ခြင်းအားဖြင့် မီးတောင်ဟာ မဖြစ်မနေ ပေါက်ကွဲတော့မယ့်အလားအလာ ဖြစ်နေပြီး ဒါမှမဟုတ်လည်း ပေါက်ကွဲမယ့်ဘက်ကို ဦးတည်နေတယ်လို့ တနည်းအားဖြင့် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

လေကြောင်းဆိုင်ရာအာဏာပိုင်တွေက လေကြောင်းအနီးဝန်းကျင်ကို လေယာဉ်မပျံသန်းရ ဇုံနယ်မြေအဖြစ် သတ်မှတ်လိုက်ပေမယ့် Iceland နိုင်ငံတခုလုံးကိုတော့ အဲဒီလို လေယာဉ်မပျံသန်းရဇုံအဖြစ် မသတ်မှတ်သေးပါဘူး။ ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့အနေနဲ့ Iceland နိုင်ငံအလယ်ပိုင်း မီးတောင်အနီးဝန်းကျင်က ဒေသခံတွေကို အခု သီတင်းပတ် အစောပိုင်းတုန်းက ဘေးကင်းရာကို ရွှေ့ပြောင်းထားပြီး ဖြစ်ပါတယ်။

မီးတောင်ပေါက်မယ်ဆိုတဲ့သတိပေးချက်တွေက ၂၀၁၀ ခုနှစ်မှာ ဖြစ်သွားခဲ့တဲ့ မီးတောင် ပေါက်ကွဲမှုလို ထပ်ဖြစ်မှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက မီးတောင်က ထွက်လာတဲ့ပြာတွေကြောင့် လေယာဉ်ပျံသန်းမှုတွေ သီတင်း နှစ်ပတ်လောက် ရပ်ဆိုင်းပြီး ကမ္ဘာ့လေကြောင်းသွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အစ္စရေး အဝေးထိန်း ထောက်လှမ်းရေး လေယာဉ် အီရန်ပစ်ချ


အီရန်နိုင်ငံ၊ နာတန့်ဇ် (Natanz) မြို့က ပင်မ နျူကလီယားသန့်စင်စက်ရုံနားကို ကပ်လာတဲ့ အစ္စရေးရဲ့ ထောက်လှမ်းရေး အဝေးထိန်းဒုံးယာဉ်ကို ပစ်ချလိုက်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။


ရေဒါအောက်ကနေ ပျံသန်းနိုင်တဲ့ Stealth drone ယာဉ်ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ချိန်ရွယ်ထားခဲ့ပြီး တီဟီရန်မြို့တော်ကနေ မိုင် ၁၉၀ နီးပါး အကွာလောက်မှာ တည်ရှိတဲ့ နျူကလီယားစက်ရုံ တားမြစ်နယ်မြေကို မဝင်ရောက်ခင်မှာ ပစ်ချလိုက်တာလို့ အီရန်တပ်ဖွဲ့တွေက ပြောပါတယ်။

ဘယ်အချိန်မှာ ပစ်ချလိုက်တာလဲ၊ အဲဒီ မောင်းသူမဲ့ယာဉ်ဟာ အစ္စရေးရဲ့ယာဉ်ဆိုတာ ဘယ်လို သိသလဲဆိုတာတွေ ကြေညာချက်မှာ ဘာမှ ပြောမထားပါဘူး။ အစ္စရေးကတော့ ဒီလိုမျိုး နိုင်ငံခြားက သတင်းတရပ်ကို ဘာမှ မှတ်ချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။ နာတန့်ဇ် နျူကလီယားစက်ရုံမှာက ယူရေနီယံသတ္တု သန့်စင်ဖို့အတွက် ဗဟိုခွာအားစက် ၁၆,၀၀၀ ကျော် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ အစ္စရေးကို နိုင်ငံအဖြစ်နဲ့ရပ်တည်ခွင့်ကို အသိအမှတ်မပြုသလို အစ္စရေးကလည်း အီရန်ရဲ့နျူကလီယားစက်ရုံတွေကို တိုက်ခိုက်မယ်လို့ မကြာခဏ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)