ရင်သားနာရခြင်း အကြောင်းအရင်း


ဘာလို့ ရင်သားနာရသလဲ။ အခြေခံအကြောင်း ၂ မျိုးရှိတယ်။ 
1. Cyclical ရာသီနဲ့ ဆိုင်တာ၊
2. Non-cyclical ရာသီနဲ့ မဆိုင်တာ။

မိန်းကလေးတို့ သဘာဝဆိုတာ ဟော်မုန်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း ဆိုင်နေတယ်။ လစဉ်ရာသီ ဖြစ်စဉ်ကလဲ ဒါဘဲ။ Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။ ဒီဟော်မုန်း တန်ခိုးကြောင့် ရင်သားထဲက နို့အိတ်၊ နို့ပြွန်တွေကို သက်ရောက်စေတယ်။ တခါတလေ နို့မဖြစ်သေးတဲ့ အရည် အောင်းနေစေမယ်။ ကြီးရင် ကြီးသလို ဖေါင်းမယ်။ အလုံး-အကျိတ်လို စမ်းလို့ရမယ်။ အာရုံကြောသွားဖိရင် နာမယ်။ လတိုင်း အနည်းနဲ့ အများ ဖြစ်နေတယ်။ လကုန်ရင် တပတ်ပြီးသွားရော။ အပျိုရွယ်ရောက်လာလို့ နာနိုင်တယ်။ ကိုယ်ဝန်ဆောင်လို့လဲ ရင်သား နာတတ်တယ်။ နို့တိုက်ချိန်လဲ နာတတ်တယ်။

သုတေသနအရ အသက် ၃၄ နှစ် အမျိုးသမီးတွေမှာ Cyclical breast အဖြစ်အများဆုံး။ ရင်သားနာလို့ လာပြသူတွေထဲက ၆ဝ% နဲ့ ရင်သားမှာ တခုခု ဖြစ်လို့လာပြသူထဲက ၇၅% ရှိတယ်။ ဟော်မုန်းတခုထဲ အပြစ်ဖို့လို့ မရဘဲ၊ Stress စိတ်ဖိစည်းမှု ကနေလဲ ဖြစ်နိုင်တယ်။ ကိုယ်လက် လှုတ်ရှားမှုကြောင့်လဲ ဖြစ်နိုင်တယ်။

ရာသီနဲ့မဆိုင်ဘဲ ရင်သားနာတယ်ဆိုတာ ဥပမာ ခိုက်မိလို့ နာတာမျိုး။ မနေ့နေ့ကဘဲ တယောက် မေးလာတယ်။ ခွဲစိတ်ထားလို့ ဆိုတာမျိုးက နေရာ သတ်သတ် မှတ်မှတ်မှာ နာတယ်။ သွေးဆုံးခါနီး၊ သွေးဆုံးစ နာတတ်တာက ၁-၂ နှစ် နေရင် ကောင်းသွားတယ်။ ရင်သားအောက်က နံရိုး-အရိုးနု ရောင်တာက ရင်သားလို့ မှားတတ်တယ်။ ပိုးဝင်လို့ နာမယ်။ ပြည်တည်ရင် ပိုနာမယ်။ ပိုးဝင်လို့ နို့နာ ဖြစ်တာက ကလေးနို့တိုက်ချိန်မှာ အများဆုံးဖြစ်တယ်။ ဗမာပြည်မှာ တောနယ်တွေ တာဝန်ကျတုံးက သားဦး ၃ ယောက်မွေးရင် ၁ ယောက်မှာ နို့နာဖြစ်ကြတာ သတိထားမိတယ်။ အပြင်ရောက်တော့ အဲလောက် ဖြစ်တာ မတွေ့တော့ပါ။

ကိုယ်ဝန်တားဆေး၊ ဟော်မုန်းအစားထိုးဆေး၊ လူဝလာလို့၊ အတွင်းခံကြပ်လို့၊ အလုံး-အကျိတ်-ကင်ဆာ-အနာတွေနဲ့ ခွဲခြားရမယ်။ Methyldopa (Aldomet), Spironolactone (Aldactone), Anadrol နဲ့ Chlorpromazine ဆေးတွေ ကြောင့်လဲ နာတတ်တယ်။ Birth control pills ဆေးတွေက တချို့မှာ နာစေပြီး တချို့မှာ (Progestin) နာလို့ ပေးရတယ်။

ဆရာဝန်က စမ်းသပ်မယ်။ လိုအပ်ရင် Mammogram ရိုက်မယ်။ အသားစ ထုတ်ယူစစ်ဆေးတာ လုပ်မယ်။ ဆေးပေးချင် ပေးမယ်။ ပေးချင်မှ ပေးမယ်ဆိုတာ နှမြောလို့ မဟုတ်ပါ။

• ဆေးတွေက ရာသီနဲ့ ဆက်ဖြစ်လို့ ရင်သားနာတာကို သက်သာစေပေမဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတယ်။ 
• Bromocriptine ကနေ ပျို့-အန်၊ ခေါင်းမူး၊ ကလေးမရ ဖြစ်တတ်တယ်။ 
• Danazol ကြောင့် လူဝစေနိုင်တယ်၊ ရာသီမလာတာ၊ ဆေးများရင် မျက်နှာမွှေး ပေါက်မယ်။ ရာသီ များမယ်။ အသံသြမယ်။ ကြွက်သား နာမယ်။ 
• Goserelin ဆေးကလဲ မျက်နှာနီ၊ လိင်စိတ်နဲ၊ မွေးလမ်းခြောက်၊ ရင်သားသေး၊ စိတ်တိုဖြစ်စေနိုင်တယ်။ 
• Gestrinone ဆေးသုံးတာ သက်သာနိုင်တယ်။ ဒါပေမဲ့ ကိုယ်မွှေးများ၊ ရာသီများ၊ အသံပြောင်း၊ လိင်စိတ်နဲ၊ ရင်သားသေး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ကျဖြစ်စေနိုင်တယ်။ 
• ရာသီဖြစ်စဉ်နဲ့ မဆိုင်ဘဲ နာတာမျိုးက စတီရွိုက်ဆေး ရင်သားမှာ ထိုးပေးတာ၊ ခွဲစိတ်တာ လုပ်ရတတ်တယ်။ တခါတလေ ဆီးသွားစေတဲ့ဆေး နဲနဲ ပေးနိုင်တယ်။

ဆရာဝန် မလိုလောက်တာမျိုးတွေလဲလုပ်ပါ။
• အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊ 
• ဆားလျော့စားပါ၊ 
• (ကေဖင်း) ပါတာတွေ လျော့စား-သောက်ပါ၊
• အဆီလျော့စားပါ။ အသီးအနှံ-အသီးအရွက် များများ စားပါ။
• ကိုယ်အလေးချိန် သင့်တင့်ပါစေ။
• Aspirin, Paracetamol အနာ-အကိုက် သက်သာဆေး တခုခုသောက်ပါ။ လိမ်းဆေးလဲ သုံးနိုင်တယ်။ ရေခဲ ကပ်ပေးနိုင်တယ်။ 
• Vitamin B6, Vitamin B1, Vitamin E ဗီတာမင်တွေ သောက်ပါ။
• Evening primrose oil နှင်းဆီဝါ-ဆီ သုံးပါ။ 
• ကိုယ်-စိတ် အေးဆေးပါစေ။

Dr. တင့်ဆွေ

“ရီးယဲလ်ကို စွန့်ခွာ ခဲ့တာက ကျွန်တော့်ရဲ့ ဆန္ဒ လုံးဝ မပါပါဘူး” ဆိုသည့် ရီးယဲလ် ပရိတ်သတ် တွေဆီ ဒီမာရီယာ ရေးတဲ့စာ

စပိန်၊ သြဂုတ် ၂၈။ မန်ယူအသင်းသို့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့ပြီးနောက် အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာက ရီးယဲလ်အသင်းပရိသတ်များထံသို့ နှုတ်ဆက်စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။ ထိုစာတွင် ဒီမာရီယာက ရီးယဲလ်အသင်းကို စွန့်ခွာခဲ့ခြင်းသည် ၎င်း၏ဆန္ဒမဟုတ်ကြောင်းနှင့် ရီးယဲလ်ကို စွန့်ခွာရန် မည်သည့်အခါကမှ မစဉ်းစားခဲ့ကြောင်း ရေးသားထားသည်။



“ရီးယဲလ်အသင်းမှာ ကျွန်တော်ရဲ့ ကျင်လည်မှုက ပြီးဆုံးသွားခဲ့ပါပြီ။ အရာရာအားလုံးကို ရရှိနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော့်ရဲ့ နည်းပါးတဲ့ အတွေ့အကြုံအရသိပါတယ်။ ဒီစာက ဒီအချိန်မှာ ကျွန်တော်ဘယ်လိုခံစားနေရတယ်ဆိုတဲ့ အကြောင်း အားလုံးကို သိစေပါလိမ့်မယ်။ ရီးယဲလ်အသင်းအင်္ကျီကို ၀တ်ဆင်ကစားခဲ့ရတဲ့ လေးနှစ်တာ ကာလက တကယ်ကို ဂုဏ်ယူဖို့ကောင်းပါတယ်။ အသင်းဖော်တွေနဲ့ အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် မာနလည်း တက်မိပါတယ်။ ဒီနေ့ ကတော့ ကံမကောင်းတဲ့နေ့ပါ။ ရီးယဲလ်ကနေ ထွက်ခွာရပါတော့မယ်။ အားလုံးကို ရှင်းရှင်း လင်းလင်းသိစေချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ဆန္ဒ လုံးဝမဟုတ်ပါဘူး”

“ချန်ပီယံလိဂ်ဖလားကို ရရှိပြီးတဲ့နောက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ ကျွန်တော်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရီးယဲလ် အသင်းက ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး အချက်ပြမှု ရရှိလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ရောက်မလာခဲ့ပါဘူး။ လိမ်လည် ပြောဆိုမှုတွေ အများအပြားပဲ ရရှိခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်ကို အသင်းကနေထွက်ခွာသွားဖို့ အလိုရှိခဲ့ကြပါ တယ်။ တစ်စုံတစ်ဦးကြောင့် ကျွန်တော့်ရဲ့ဘောလုံးသမားဘ၀က ကံမကောင်းခဲ့ပါဘူး။ တရားမျှတမှုဆိုတာ ဘာလဲလို့ မေးချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ဒါကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအသင်းကလည်း ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကလပ်အသင်းတစ်သင်းပါ။ ဒီမှာ သမိုင်းတစ်ခုကို ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မန်ယူမှာ ကစားသမားကောင်းတွေနဲ့ လက်တွဲရမှာဖြစ်လို့ ကံကောင်းပါတယ်။ အဓိကရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကျွန်တော်ထင်ပါတယ်”

“ရီးယဲလ်အသင်းမှာ ကျွန်တော့်အနေနဲ့ ကွင်းအတွင်း ကွင်းပြင် အမှားတွေလုပ်ခဲ့မိတယ်ဆိုရင် အားလုံးကို တောင်းပန် ပါတယ်။ တစ်စုံတစ်ဦးကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုးလုံးဝ မရှိပါဘူး။ ရီးယဲလ်အသင်း အတွက် နောက်ဆုံးကစားခဲ့တဲ့ အချိန်အထိ စွမ်းဆောင်နိုင်သလောက် အတတ်နိုင်ဆုံးပေးဆပ်ခဲ့တာပါ။ အချိန် တိုင်းမှာ ထောက်ခံမှုပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းက ၀န်ထမ်းတွေနဲ့ အလုပ်လုပ်ကိုင်ရတာ တကယ်ကို ကောင်းမွန်ပါတယ်။ ကျွန်တော့် သမီးလေးမွေးဖွားခဲ့ရာ စပိန်နိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဒါတွေက အမြဲ ရှိနေမှာပါ။ ရီးယဲလ်အသင်းက အောင်မြင်မှုတွေကို အမြဲဆာလောင်နေပြီး ရှေ့ကိုပဲ အမြဲကြည့်တဲ့အသင်းပါ။ အနာဂတ်မှာ ရီးယဲလ်အသင်း ဒီထက်ပိုပြီး အောင်မြင်ပါစေ။ ရီးယဲလ်အသင်းထာဝရ အောင်မြင်ပါစေ” ဟု ရေးသားထားသည်။

Ref: footballespana

အစိုးရနှင့် ကေအိုင်အို နှစ်ဖက်ယုံကြည်မှုအခြေအနေ တိုးတက်လာဟုဆို

ချင်းမိုင်၊ မဇ္ဈိမ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် အစိုးရ၏ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုမှာ သြဂုတ်လအတွင်း လျော့နည်းခဲ့ပြီး နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာကာ လုပ်ငန်းတိုးတက်မှု ရှိသည်ဟု KIO ဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောသည်။



“ဒီကော်မတီက ဖြစ်လာပြီဆိုရင် တစ်ဖက်နဲ့တစ်ဖက် အမြန်ဆုံး အကြောင်းကြားပြီး ထပ်ပြီး မကြီးပွားအောင် ညှိနှိုင်းမှုတွေက တိုးတက်မှုရှိတဲ့ အပိုင်းတွေပါ၊ ကျွန်တော်တို့ ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စမှာလဲ တစ်ဦးနဲ့တစ်ဦး ပိုပြီးနားလည်မှု ရရှိလာတယ်။ ပြီးတော့ ပဋိပက္ခနဲ့ပတ်သက်လို့ တော်တော်လေး တစ်ဖက်နဲ့တစ်ဖက် ထိန်းချုပ်မှု အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့် တိုက်ပွဲတော့ လျော့လာတယ်လို့ မြင်တွေ့ရပါတယ်”ဟု သူက ပြောသည်။

သြဂုတ်လအတွင်း အစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားမှုလျော့နည်းခဲ့သော်လည်း ယခုလဆန်းပိုင်းကမူ ဖားကန့်မြို့နယ်အတွင်း KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းအတွင်း အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းရေး လှုပ်ရှားလာသဖြင့် ထိတွေ့မှု ဖြစ်ပွားမှု နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အစိုးရနှင့် KIO အကြား တိုက်ပွဲပေါင်း ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယခု သြဂုတ်လတွင်မူ ဖားကန့်မြို့နယ်အတွင်း ထိတွေ့မှု ဖြစ်ပွားခဲ့မှုသာ ရှိခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်းသွားသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ထို့ပြင် သြဂုတ်လ ဒုတိယပတ်အတွင်း မြစ်ကြီးနားမြို့၌ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကော်မတီဝင်များ တွေ့ဆုံစဉ် ကချင်ပြည်နယ် ကျောက်စိမ်းမှော်အား လာမည့် စက်တင်ဘာလ ၁ရက်တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်၍ ဖားကန့် ကားလမ်းကြောင်း လုံခြုံရေးအတွက် အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများ ရှိလာမည်ဟု KIO သို့ နုတ်အားဖြင့် တင်ပြခဲ့သည်ဟု ဦးခွန်နောင်က ပြောသည်

“ကချင်ပြည်နယ်နယ်စပ်ဝန်ကြီး ပြောတာက စက်တင်ဘာလ ၁ ရက်နေ့ ကျောက်စိမ်းတွင်း ပြန်ပြီး ဖွင့်မယ်ဆိုပြီးတော့ ပြောပြထားတာ ရှိတယ်။ သူတို့ အထက်က ယုံကြားတာရှိသလို၊ ကျွန်တော်တို့ဘက်ကလည်း ပြဿနာ ထိပ်တိုက် မဖြစ်အောင် လှုပ်ရှားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီးတော့မှ စဉ်းစားပေးဖို့ ညှိနှိုင်းကြပါတယ်”ဟု ပြောသည်။

အစိုးရဘက်မှ ဖားကန့် ကားလမ်း တစ်ဖက်တစ်ချက် ၃ မိုင်မှ ၅ မိုင်အတွင်း အစိုးရ စစ်တပ်က လုံခြုံရေးယူရန် ရှိသဖြင့် ပစ်ခတ်မှု မရှိစေရန် KIO အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ တင်ပြချက်အပေါ် KIO ဗဟိုဌာနချုပ်မှ တစ်စုံတစ်ရာ ညွှန်ကြားခြင်း မရှိသေးကြောင်း KIO ဗဟိုသတင်းနှင့် ပြန်ကြားရေး ဒုတိယ တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဖားကန့်ဘက် ကုမ္ပဏီတွေ ပြန်ဝင်လာတော့မယ်။ ဒါကြောင့် ကားလမ်း၊ တံတား လုံခြုံရေး အတွက် အစိုးရတပ်တွေ လုံခြုံရေးယူရမယ်။ အဲဒီမှာ ကေအိုင်အို တပ်စခန်းတွေ ရှိရင် အကြောင်းကြားပေးပါ။ အချင်းချင်း ပစ်ခတ်မှု မဖြစ်ပွားဖို့ ကြိုတင် အကြောင်းကြားပါတယ်။ အေအိုင်အိုက ဘာမှ ပြောစရာ မရှိဘူး။ ကုမ္ပဏီကိုလည်း ကျနော်တို့ဘက်က ပိတ်လိုက်တာ မဟုတ်ဘူး။ သူတို့ဖာသာ ရုပ်သိမ်းတာ ဖြစ်တယ်”ဟု ၎င်းင်းက မဇ္ဈိမကို ပြောသည်။

KIO နှင့် အစိုးရတို့အကြား နိုင်ငံရေးအရ အာမခံချက် မရှိသေးသဖြင့် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နေချိန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပါက ကုမ္ပဏီများ ထိခိုက်မှု ရှိလာနိုင်သည်ဟု ဖားကန့်မှော်ကော်မတီကလည်း ကုမ္ပဏီများအား ပြောဆိုမှုများ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် KIO တို့ သဘောတူညီမှုဖြင့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍ Joint Monitoring committee ဖွဲ့စည်းပြီး ရှေ့ဆက်လုပ်ငန်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလက UPWC နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်ရှည်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်၊ ယင်းကော်မတီအား ခြေပြဇယား (Joint Monitoring Committee Structure) ပူးတွဲ(၁)နှင့် ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ အချက်ငါးချက် သဘော တူညီခဲ့ကြသည်။

ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည့် ညီထွဋ်ခေါင်


ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးနေ သည့် “ကောက်စားမယ်” ဇာတ်ကားကို မိန်းမရှာဇာတ်ရုပ်နှင့် ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည်ဟု သရုပ်ဆောင် ညီထွဋ်ခေါင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော် ဇာတ်ကားတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ဒီဇာတ်ကားလေးမှာကျတော့ ကျွန်တော်တစ်ယောက်တည်း ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ဖြစ်တာက ပထမဦးဆုံး ဇာတ်ကားလေးပါ။ ဒီဇာတ်ထဲ မှာလည်း မိန်းမလျာဇာတ်ရုပ်ကို ဘာကြောင့် စရိုက်ဖြစ်တာလဲ ဆိုတော့ ဒါရိုက်တာ ကျော်ဇောလင်းကို ယုံကြည်ပြီး ရိုက်ဖြစ်တာပါ။ ဇာတ်ကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒီလို ကာရိုက်တာမျိုးကို ကျွန်တော့်အနေနဲ့ တစ်ကားလုံးကို တစ်ယောက်တည်းလည်း မလုပ်ဖူးသေးဘူး။ အဲဒါကြောင့် ထူးထူးခြားခြားလေးလည်း ဖြစ်အောင် ပရိသတ်အမြင်မှာ အမြင်ဆန်းအောင် ရိုက်ဖြစ်တာပါ" လို့ ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် သွန်းဆက်နှင့်အတူ သရုပ်ဆောင်များစွာ ပါဝင်ထားသည်။ ညီထွဋ်ခေါင်သည် ၂ဝ၁၃ ခုနှစ် ကထွက်ရှိခဲ့သည့် ရွှေမှုံရတီနှင့် ရိုက်ကူးထားသည့် "မျက်လုံးလေး ကလည်ကလည် " ဇာတ်ကားတွင် ပရိသတ်၏ သတိပြုအားပေးခြင်း ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်က အနုပညာလောကကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။

mizzima

‘‘ကျွန်တော့်မျက်နှာကိုသာ ကြည့်တော့။ အရက်တုတွေ သောက်နေရလို့ ဘယ်လိုဖြစ်နေတယ်ဆိုတာ’’


အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်ကိုယ်တိုင်က အရက်တုများ မြန်မာပြည်အတွင်း ရောင်းချနေမှုအပေါ် စိတ်နာနာနှင့် ထုတ်ဖော်ပြောကြားလာရသည့် အခြေအနေဖြစ်သည်။

မန်မာနိုင်ငံတွင် အရက်သောက်သုံးသူအများစုမှာ အရက်တုများ သောက်သုံးနေရသောကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရပြီး သောက်သုံးသူများအတွက် ကျန်းမာရေးအာမခံချက် လုံးဝမရှိဘဲ မိမိကိုယ်တိုင် အရက်တုသောက်သုံးခြင်းကြောင့် ဆိုးကျိုးခံစားနေရခြင်းကို စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် အရက်ကြောင့် သေဆုံးမှု တဖြည်းဖြည်း မြင့်တက်လာနေပြီး ရောဂါကြောင့် သေဆုံးသူများအနက် ဒုတိယအများဆုံးဖြစ်ကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းထုတ်အရက်များဖြစ်သည့် နာမည်ကျော်တံဆိပ်များသာမက ကိုယ်တိုင်ချက် ဘီအီးနှင့် တောအရက်များကို ပေါပေါလောလော သောက်သုံးလျက်ရှိသည်။ သို့သော်လည်း ပြည်တွင်းချက်အရက်များမှာ နိုင်ငံခြားအရက်များကဲ့သို့ စံချိန်စံညွှန်းသတ်မှတ်ချက်မရှိဘဲ လွယ်လင့်တကူ ပြုလုပ်ရောင်းချနေကြခြင်း ဖြစ်သည်။

ဈေးနှုန်းကြီးမြင့်သော နိုင်ငံခြားအရက်များကို လူလတ်တန်းစားများကသာ ၀ယ်ယူသောက်သုံးနိုင်ကြပြီး အခြေခံလူတန်းစားတို့မှာ ရပ်ကွက်ကျေးရွာများအတွင်းရှိ အရည်အသွေးမပြည့်မီသော အရက်ကြမ်းများကိုသာ စွဲစွဲမက်မက် ၀ယ်ယူသောက်သုံးနေကြသည်ကို တွေ့ရသည်။

ကျေးလက်နေ အခြေခံလူတန်းစားတို့သည် ဈေးပေါ၍ ၀ယ်ရလွယ်သော ချက်အရက်၊ ဘီအီးအရက် စသည်တို့ကို နေ့စဉ်နှင့်အမျှ သောက်သုံးလေ့ရှိပြီး ထိုအရက်များကြောင့် ဖြစ်ပွားသည့် ရောဂါများကိုလည်း ခံစားနေကြရသည်။ အရက်တွင် ရှိသင့်သည့် အရည်အသွေးနှင့် စံချိန်စံညွှန်း မီ၊ မမီကို သတ်မှတ်စစ်ဆေးမှုမရှိသဖြင့် မိမိသောက်လိုက်သည့် အရက်တွင် ဆိုးကျိုးမည်မျှပါဝင်နေသည်ကိုလည်း မသိရှိကြပေ။

နယ်အချို့တွင် အလွယ်တကူ ၀ယ်ယူနိုင်သည့် အရက်အဆီကို ငါးကျပ်သား၊ တစ်ဆယ်သား စသဖြင့် ချိန်တွယ်ရောင်းချမှုများရှိပြီး ထိုအရက်ဆီကို ရေသန့်ဘူးထဲထည့်၍ ရေဖြင့်ရောကာ လှုပ်သောက်ကြမှုက ရောဂါဆိုးကို ပျော်ပျော်ကြီး ဖိတ်ခေါ်နေသကဲ့သို့ပင်။

‘‘အဲဒီအရက်ဆီတွေက ဘယ်လိုချက်လုပ်ထားမှန်းမသိဘူး။ တရားဝင် အရက်ဆိုင်တွေမှာ အရက်ဆီနဲ့ ရေကို အချိုးကျကျ စဥ့်အိုးထဲ ဒလက်နဲ့မပြတ်မွှေပြီး သတ်မှတ်ချိန်တစ်ခုထားထားမှ အရက်ဖြစ်တာ။ အခုကျတော့ အဆီကို ရေရော၊ လက်နဲ့လှုပ်၊ ချက်ချင်းမော့သောက်တော့ ကြာလာရင် ရောဂါဖြစ်လာတယ်။ တို့နယ်မြို့လေးမှာ ဆယ်နှစ်အတွင်း အရက်ကို ဖြစ်သလိုသောက်ကြလို့ သေတဲ့လူရော၊ သေမလို့ စောင့်နေရတဲ့လူရော အနည်းဆုံး အယောက်နှစ်ရာနီးပါးရှိနေပြီ’’ဟု သဲကုန်းမြို့မှ စာရေးဆရာ ဦးသင်းရီက ပြောပြသည်။

ထို့အပြင် စီးပွားရေးသောင်းကျန်းသူအချို့က နိုင်ငံခြားဖြစ် အရက်ပုလင်းခွံများကို လိုက်လံဝယ်ယူပြီး ကိုယ်တိုင်ချက်လုပ်ကာ မူလအရည်အသွေးမဟုတ်သည့် အရက်များကို ထည့်သွင်း၍ ပုလင်းသစ်သဖွယ် ဈေးကွက်ဖြန့်ဖြူးမှုများလည်း ရှိနေသောကြောင့် အရက်တုအန္တရာယ်ကလည်း ကြီးမားလာနေသည်။

ဆင်ခြေဖုံးရပ်ကွက်များနှင့် ကျေးလက်နေ အရက်သောက်သုံးသူတို့က ဈေးကြီးသည့်အရက်ကို ၀ယ်မသောက်နိုင်သည့်အတွက် ဖြစ်ကတတ်ဆန်း ပြုလုပ်ထားသော အရက်ကြမ်းများကိုသာ ကြိတ်မှိတ်သောက်သုံးကြရသည်။ အရက်ဈေးကွက်တွင်လည်း အခြေခံလူတန်းစားတို့ နှစ်သက်စေမည့် အမျိုးသမီးပုံပါ အရက်ကြော်ငြာများက လက်ညှိုးထိုးမလွဲ ဖြစ်လာသည်။

‘‘ကြော်ငြာတွေက ကြည့်လိုက်တာနဲ့ အဲဒီအရက်ကို သောက်ချင်လာအောင် မိန်းကလေး မလုံ့တလုံပုံနဲ့ ဆွဲဆောင်ထားတယ်။ အရက်တွေကလည်း ခဏခဏ အသစ်တွေထွက်နေတယ်။ ဈေးလည်းပေါတယ်။ လိမ္မော်ရနံ့တို့၊ နာနတ်ရနံ့တို့ ထည့်ထားတဲ့ အရက်တွေလည်း ရှိတယ်။ အရက်ကြမ်းတွေအကုန်လုံးက အန္တရာယ်တွေချည်းပဲ။ အရက်တုတွေများတယ်’’ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အရက်ကြမ်း၊ အရက်တုသောက်သုံးမှုများကြောင့် မြန်မာနိုင်ငံတွင် လူငယ်များ သေဆုံးမှုမြင့်တက်လာနေသည်။ အသည်းရောဂါအပြင် ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ရေဖျဉ်းစွဲ၍ ဖောသွပ်ဖောရောင်ဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ဆီးချိုသွေးချိုဖြစ်ခြင်း၊ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ခြင်း၊ အစာရေပြွန်သွေးကြောပေါက်ခြင်း၊ အစာအိမ်နာဖြစ်ခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာဖြစ်ခြင်း၊ နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သွေးတိုးဖြစ်ခြင်း၊ အရက်ဆိပ်တက်ခြင်း၊ သွေးအန်ခြင်းတို့ဖြစ်ပြီး အသက်ပင်ဆုံးရှုံးရသည်အထိ ဖြစ်လာနေသည်။

ကမ္ဘာပေါ်တွင် အရက်အလွန်အကျွံ သောက်သုံးမှုနှင့် ပတ်သက်သည့် ပြဿနာကြောင့် နှစ်စဉ် လူပေါင်း ၃ ဒသမ ၃ သန်းခန့် သေဆုံးနေရသည်။ ထိုအရေအတွက်တွင် အသက်(၁၅)နှစ်မှ (၂၉)နှစ်ကြား လူငယ်ပေါင်း သုံးသိန်းနှစ်သောင်း ပါဝင်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်သည်။ ထိုသို့ အရက်ကြောင့် သေဆုံးမှုမှာ HIV/AIDS ရောဂါ၊ တီဘီရောဂါတို့ဖြင့် သေဆုံးခြင်း၊ အကြမ်းဖက်မှုကြောင့် သေဆုံးခြင်းတို့ထက် ပိုမိုမြင့်မားနေသည်။

မြန်မာနိုင်ငံတွင်လည်း လူဦးရေတစ်ထောင်တွင် ၂၃ ဦးက အရက်စွဲနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မြန်မာနိုင်ငံရုံးခွဲက လေ့လာတွေ့ရှိထားသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်အများဆုံး နိုင်ငံဆယ်နိုင်ငံတွင် နံပါတ်(၂) နေရာ၌ရှိနေပြီး အမျိုးသားများတွင် အသည်းကင်ဆာ ဖြစ်ပွားမှုများပြားနေသည်။ လူငယ်များ အရက်သောက်သုံးမှုများပြားလာပြီး အသည်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်း၏ အကြောင်းရင်းတွင် အရက်တုများကလည်း ပါဝင်သည်။ အရက်တုများကို မြန်မာနိုင်ငံအနှံ့အပြား တရားမ၀င်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို အရက်တုများ မကြာခဏဖမ်းဆီးရမိနေသည့် သတင်းများကိုကြည့်၍ သိနိုင်ပါသည်။ အရက်သေစာ ရောင်းချရန်အတွက် ယစ်မျိုးလိုင်စင် လျှောက်ထားရန် လိုအပ်သော်လည်း တရားမ၀င် ဖွင့်လှစ်ရောင်းချနေသည့် အရက်ပုန်းဆိုင်များကလည်း နေရာအနှံ့တည်ရှိနေသည်။

အရက်ပုန်းဆိုင်များ ပပျောက်ရန်နှင့် အရက်တုများ ပေါများနေခြင်းကို ကာကွယ်တားဆီးရန် တိုးမြှင့်ဆောင်ရွက်ရေးအတွက် ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အရက်ပုန်းဆိုင်များ ပပျောက်ရေး၊ အရက်ဆိုင်အရေအတွက် လျှော့ချရေးနှင့် တရားမ၀င် ရောင်းဝယ်ဖြန့်ဖြူးနေခြင်းတို့နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့်အတူ ထိရောက်စွာ ဆောင်ရွက်နေပြီး ယစ်မျိုးဥပဒေကိုလည်း ပြင်ဆင်နေပါသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်သို့ ဖြေကြားခဲ့သည်။

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အရက်ဆိုင်လိုင်စင်အရေအတွက် လေးသောင်းတစ်ထောင်ကျော်ကို နိုင်ငံတော်က တရားဝင်ခွင့်ပြုထားပြီး မည်သို့ပင် တားဆီးနှိမ်နင်းနေသည် ဆိုစေကာမူ အရက်ပုန်းဆိုင်များက နိုင်ငံတစ်ဝန်း တိုးပွားနေဆဲဖြစ်သည်။

အရက်တုများမှာ ဓာတုဗေဒပစ္စည်းများဖြင့် ချက်လုပ်ခြင်းဖြစ်ပြီး အရောင်နှင့် အနံ့အရသာများကို ရောစပ်ထည့်သွင်းထားသည့်အတွက် အခြားအရက်များထက် ပိုမို၍ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်သည်။

‘‘ကျွန်တော်တို့ရပ်ကွက်ထဲက ညီအစ်ကိုနှစ်ယောက် နေ့တိုင်းဘီအီးတွေသောက်ပြီး ကျောက်ကပ်နဲ့ သေသွားတယ်။ မနှစ်က အစ်ကိုသေတယ်။ ဒီနှစ် ညီသေတယ်။ တစ်ယောက်က ဆေးရုံအထိ ရောက်သေးတယ်။ တစ်ယောက်ကတော့ လမ်းမှာတင်သေသွားတယ်။ သူတို့နှစ်ယောက်စလုံးက အရက်ကို အစုံသောက်ကြတာပဲ။ အများဆုံးကတော့ ဘီအီးပေါ့။ ညီလုပ်တဲ့လူဆိုရင် အသက်က(၂၄)နှစ်ပဲ ရှိသေးတယ်’’ဟု လှိုင်မြို့နယ် ဓမ္မာရုံလမ်းအတွင်း ကွမ်းယာရောင်းချသူတစ်ဦးက ပြောပြသည်။

ဘီယာဆိုင်၊ စားသောက်ဆိုင်ကြီးများတွင် ညစဉ် ဘီယာသောက်သုံးသူများ၊ နိုင်ငံခြားဖြစ် အရက်သောက်သုံးနေသူများဖြင့် စည်ကားနေချိန် ရပ်ကွက်တွင်း အရက်ဖြူဆိုင်များတွင်လည်း ညနေပိုင်းမှ စတင်ကာ ညဥ့်နက်သည်အထိ လက်လုပ်လက်စား အခြေခံလူတန်းစားတို့ဖြင့် စည်ကားနေလေ့ရှိသည်။

အလုပ်ကြမ်းသမားအချို့သည်လည်း မနက်မှညအထိ အလုပ်လုပ်ရင်း ခေတ္တနားချိန်၌ အရက်ပုန်းဆိုင်အတွင်း ခပ်သုတ်သုတ်ဝင်ကာ တစ်ရာဖိုး၊ နှစ်ရာဖိုး စသဖြင့် ကောက်မော့ရင်း အလုပ်ပြန်လုပ်လေ့ရှိကြသည်။ အရက်ဆိုင်များတွင် ရောင်းချသည့် ဘီအီးမှာ ငှက်ပျောဖူးပုလင်းတစ်လုံးလျှင် လေးရာကျပ်၊ တရားဝင်ထုတ်လုပ်သည့် ဇေအရက်မှာ တစ်ပုလင်းလျှင် ခြောက်ရာကျပ် စသဖြင့် ဈေးပေါပေါ ၀ယ်ယူသောက်သုံးနိုင်သဖြင့် အခြေခံလူတန်းစားတို့ သုံးစွဲရာဖြစ်သည်။

‘‘ကျေးရွာဆယ်ရွာမှာ ခြောက်ရွာလောက်က အရက်အတုတွေ သုံးစွဲနေတယ်။ အရက်တုသောက်တဲ့သူတွေဆို မျက်နှာတွေဖောရောင်နေတယ်။ အသက်အရွယ်နဲ့မလိုက် အိုမင်းနေတယ်။ အဲဒီလိုပုံစံတွေကို သေချာသိအောင် ပြချင်ပါတယ်’’ဟု စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ယခုနှစ် ဇန်န၀ါရီလက ပြောကြားခဲ့ဖူးသည်။

အရက်သောက်သုံးသူများကို အရက်မသောက်သုံးစေရန် တားမြစ်၍မရနိုင်ပါ။ အရက်ဆိုင်များကိုလည်း ဖွင့်လှစ်ခွင့်ပိတ်ပင်ရန် မစွမ်းသာပါ။ သို့ဖြစ်ရာ အရက်တုများ ပပျောက်ရေးအတွက် အစိုးရက တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ပြီး အရေးယူမှုများ ပြုလုပ်သွားရန် လိုအပ်နေပါသည်။

‘‘အခြေခံလူတန်းစားက အလုပ်ကြမ်းလုပ်ပြီးရင် သုံးလေးခွက်လောက်သောက်လိုက်မှ အဆင်ပြေတဲ့လူတွေရှိတယ်။ တချို့ဆို မန္တလေးရမ်လောက်တောင် ၀ယ်မသောက်နိုင်ကြဘူး။ တစ်လုံးမှ နှစ်ရာ့ငါးဆယ်တန်မျိုးလည်း သောက်ကြတာပဲ။ အဲဒီတော့ သေကြတာပဲ။ မသောက်ဘဲလည်း မနေနိုင်။ အရက်ကောင်းသောက်နိုင်တဲ့ ၀င်ငွေလည်းမရှိ။ အရက်ကို ကောင်း၊ မကောင်း ဆင်ခြင်နိုင်တဲ့ ပညာပေးမှုလည်းမရ။ ပညာယူနိုင်တဲ့ အခြေခံပညာကလည်းမတတ်။ အရက်စည်းကမ်းက ဒီနိုင်ငံမှာ ပျက်နေပါပြီ’’ဟု စာရေးဆရာ ဦးသင်းရီက သုံးသပ်သည်။

အရက်တုများ ဈေးကွက်တွင်း ပျံ့နှံ့နေခြင်းကို ထိန်းချုပ်ရန်အတွက် အစိုးရက နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုတော့မည်ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ပြောသည်။ အရက်ပုန်းဆိုင်များ ပပျောက်ရေးနှင့် အရက်တုများ နှိမ်နင်းရေးကိုလည်း ထိရောက်စွာဆောင်ရွက်နေပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

သို့ရာတွင် အရက်ပုန်းဆိုင်များနှင့်အတူ အရက်တုများ၊ အရည်အသွေးမမီသော အရက်များက တစ်နိုင်ငံလုံး ဖောဖောသီသီပျံ့နှံ့နေပြီး လူငယ်ထုကြား အရက်သောက်သုံးမှုနှုန်း ကြောက်မက်ဖွယ်မြင့်တက်နေကာ အရက်ကြောင့် သေဆုံးမှုနှင့် ရာဇ၀တ်မှုများ ထူပြောလာခြင်းတို့လည်း နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အရှိန်အဟုန်မြင့်လျက်ရှိသည်။

‘‘ဘီယာဖြစ်ဖြစ်၊ ၀ိုင်ဖြစ်ဖြစ်၊ အရက်ကြမ်းဖြစ်ဖြစ် များများသောက်ရင် ဒုက္ခရောက်မှာပဲ။ အရက်တိုင်းမှာ လစ်မစ်ရှိတယ်။ အထူးသဖြင့် အကောင်းစားသောက်ပြီး နည်းနည်းသောက်တဲ့လူထက် ဓာတုဗေဒပစ္စည်းတွေပါတဲ့ အရက်တွေကို သောက်တဲ့လူက အကြာကြီးသောက်တာမဟုတ်ဘဲ ရောဂါဖြစ်တယ်။ အရက်ဆိုင်တွေကို နင်းကန်လိုင်စင်တွေထုတ်ပေး၊ အရက်ပုန်းတွေကလည်း ရောင်းနေတော့ ဘယ်ရပ်ကွက်သွားသွား အရက်ဆိုင်ရှိနေတာပဲ။ မိသားစုဆင်းရဲပြီး ငွေကြေးမပြည့်စုံတော့ စိတ်ညစ်။ အရက်သောက်ပြန်တော့လည်း ကောင်းတာမသောက်နိုင်။ ဆင်းရဲမွဲတေမှုကနေ ၀ဋ်ကျွတ်တာပဲ။ သေရင်အေးရောဆိုပြီး စွတ်သောက်ကြရော’’ဟု အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ဆိုသည်။

အရက်ပုန်းဆိုင်များ ပပျောက်ရေးကို ထိရောက်စွာ ဆောင်ရွက်သည်နှင့်အတူ အခြေခံလူတန်းစားတို့ တတ်နိုင်သည့် အရက်များကို အရည်အသွေးတစ်ခုမီသည့် အရက်များ ဖြစ်လာစေရန်လည်း အစိုးရက အမြဲမပြတ် ကွင်းဆင်းစစ်ဆေး၍ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ပါသည်။

အရက်တု၊ အရက်ကြမ်းများ အရည်အသွေးမမီသောကြောင့် သောက်သုံးသူတို့အနေဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးရမှုများ မဖြစ်ပွားစေရန် အရည်အသွေးကို အဓိက စစ်ဆေးခွင့်ပြုပေးရန်၊ အရက်လိုင်စင်များကို ထိန်းချုပ်ပေးရန်၊ စားသုံးသူနှင့် သင့်လျော်သည့် အရည်အသွေးဖြစ်လာစေရန် မြှင့်တင်သင့်သည်များကို မြှင့်တင်သွားရန် လိုအပ်နေပြီဖြစ်သည်။

‘‘ပြောသာပြောနေရတယ်။ အခြေခံလူတန်းစားတွေ တတ်နိုင်တဲ့ ပိုက်ဆံနဲ့ အရက်အရည်အသွေးကို ဘယ်လိုလုပ်မြှင့်နိုင်ဦးမှာလဲ’’ဟု ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ပြောပါသည်။

အစတွင် အရက်ကို လူကနိုင်သော်လည်း နောက်ဆုံးတွင် အရက်က လူကိုနိုင်သွားကြောင်း အရက်သမားလောကတွင် ပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းရှိသည်။ မြန်မာနိုင်ငံတွင် အရက်တုများ၊ အရည်အသွေးမမီသည့် အရက်ကြမ်းများသည် သောက်သုံးသူတို့၏ အသည်းကလီစာများကို တစ်စချင်း ခြေမွဆွဲဖြုတ်၍ တဖြည်းဖြည်းနှင့် အသက်ပါနုတ်ယူသွားတတ်သည့် လူသတ်သမားကြီး ဖြစ်လာနေပါပြီ။ အဆိုပါ လူသတ်သမားကြီးကို အမြန်ဆုံး နှိမ်နင်းတားဆီးရန် အစိုးရအနေဖြင့် ပြင်ဆင်သင့်ပြီ ဖြစ်ပါသည်။ ။

ပုံအညွှန်း..

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ ယမကာဆိုင်တွင် မှီဝဲနေသူများနှင့်ယမကာသောက်သုံးနေသူအချို့ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]

ကိုရီးယားအကူအညီဖြင့် လေအိတ်ရထား တည်ဆောက်နေ ကုန်ကျငွေမှာ ခန့်မှန်းမြန်မာငွေ ၄၅ သန်းခန့်ရှိ


ကိုရီးယားမှအကူအညီယူကာ တည်ဆောက်မည့် လေအိတ်ရထား တည်ဆောက်မှုကုန်ကျငွေမှာ ခန့်မှန်းခြေ မြန်မာငွေ ၄၅ သန်းခန့်ရှိကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။
ယင်းရထားတည်ဆောက်ပါက ကိုရီးယားမှ အကူ အညီရယူမည်ဖြစ်ကာ လေအိတ်ရထားများ တည်ဆောက် ပြီးပါက လမ်းထိခိုက်မှုနှင့် ရထားထိခိုက်မှုအား လျော့နည်း စေနိုင်ကြောင်းလည်း သိရသည်။

''ကိုရီးယားကနေ အကူအညီ အကုန်လုံးရယူမှာ မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲယူမှာပါ။ ဘတ်ဂျက် ပေါ် မူတည်နေတဲ့အတွက်လဲ စဉ်းစားရပါတယ်''ဟု ဝန် ကြီးက ပြောသည်။

ယင်းလေအိတ်ရထား တည်ဆောက်မည်ဆိုပါက ရထားတွဲအစိတ်အပိုင်းကိုသာ ပြည်ပမှရယူမည်ဖြစ်ပြီး ကျန် ရှိသည့် ကိစ္စများအား ပြည်တွင်း၌သာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

''ကိုရီးယားကနေ ရထားတွဲအစိတ်အပိုင်းတွေပဲယူ မှာပါ။ တပ်ဆင်ခြင်းတွေ၊ ပြင်ဆင်ခြင်းတွေ အားလုံးကို ပြည်တွင်းမှာပဲ တပ်ဆင်သွားမှာပါ'' ဟု ရထားသွားလာရေး၊ တိုင်းအမှတ်(၇)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဖေစိန် ကပြောသည်။

ယင်းတည်ဆောက်မည့်ရထားသည် အောက်ခံ Spring များအား လေအိတ်နှင့်ပြုလုပ်ထားသည့် လေအိတ်ရထား ဖြစ်ကြောင်းလည်း သိရသည်။
''လေအိတ်ရထားဆိုတဲ့အတိုင်း လေအိတ်ပါပါတယ်။ အောက်ခံ Spring တွေက လေအိတ်နဲ့ဆိုတော့ ရထား ခုန်တာတွေ၊ ယိမ်းတာတွေ သိပ်မဖြစ်တော့မှာဖြစ်သလို စီးရတာလဲ ပိုပြီး သက်သောင့်သက်သာရှိလာပါလိမ့်မယ်'' ဟု ယင်းကဆက်လက်ပြောကြားသည်။

TheYangonTimes

အစ္စရေးအစိုးရရဲ့ ၃၅ နှစ်အတွင်း ပထမဆုံး တရားဝင် မြန်မာခရီး

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး Tzachi Hanegbi ဟာ နှစ်ပေါင်း ၃၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ရှိတယ်လို့ သိရပါတယ်။ 

အစ္စရေးခေါင်းဆောင် မူရှေဒါယန်းက နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို ၁၉၇၉ ခုနှစ်က နောက်ဆုံး အလည် အပတ် လာခဲ့ပါတယ်။ 

အစ္စရေးနဲ့ မြန်မာဟာ ၁၉၅၀ ခုနှစ်က ၂ နိုင်ငံ ဆက်ဆံရေးစတင်ခဲ့ကြပြီး ကာလရှည်တလျှောက် မိတ်ဆွေတွေ အဖြစ်နဲ့ ရပ် တည်လာကြတာပါ။ 

၁၉၅၉ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဦးနုကလည်း အစ္စရေးကို အလည်အပတ်သွားခဲ့သလို ၁၉၆၁ ခုနှစ် က အစ္စရေးခေါင်းဆောင် ဒေးဗစ် ဘန်ဂူရီယန်လည်း မြန်မာနိုင်ငံနဲ့ အပြန်အလှန် လည်ပတ်ခဲ့ပါသေးတယ်လို့ အစ္စရေး နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောခွင့်ရဗျူရိုကြေညာချက်ကို ကိုးကားပြီး အစ္စရေး Haaretz သတင်း ဌာနက ရေး သားထားပါတယ်။ 

မန်မာနိုင်ငံရဲ့ စီးပွားရေး ပွင့်လင်း လွတ်လပ်မှုတွေ ဖော်ဆောင်လာမှုဟာ အစ္စရေးက စီးပွားရေးလုပ်ငန်း ရှင်တွေ နဲ့ ရင်းနှီး မြှုပ်နှံသူတွေကို ဆွဲဆောင်နေတာဖြစ်တယ်လို့လည်း အစ္စရေးရဲ့ ကြေညာချက်မှာ ဖော်ပြ ထား ပါတယ်။ 

ဒီခရီးစဉ်ဟာလည်း အစ္စရေးစီးပွားရေး စွန့်ဦးတီထွင်သူတွေနဲ့ ဆွဲဆောင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ပါ။ 

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး Hanegbi ဟာ ယခင် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တဖြစ် လဲ မြန်မာနိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဖို့ ရှိသလို ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် 
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ များက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ 

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ်ဟာ သောကြာနေ့ထိ ဖြစ်ပြီး ခရီးစဉ် အတွင်းမှာ ယဉ်ကျေး မှု နဲ့ အားကစား ကဏ္ဍတွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူ စာချုပ်တခုလည်း လက်မှတ်ရေးထိုးဖို့ ရှိတယ် လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရတဲ့အပေါ် မော်ဒယ် သန္တာလိုင် တုံ့ပြန်

မော်ဒယ် သန္တာလိုင်က သူမကို ယခုရက်ပိုင်း အွန်လိုင်းပေါ်က တဆင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက် ခံထားရတာနဲ့ ပတ်သက်ပြီး သူရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ် စာမျာက်နှာမှာ တုံ့ပြန်လိုက်ပါတယ်။ 



ဓာတ်ပုံ- Thanda Hlaing ဖေ့စ်ဘွတ် စာမျက်နှာ


'' အနုပညာအလုပ် လုပ်ပြီဆိုကထည်းက သူများတွေ ပြောဆိုတာနှင့် ပတ်သက်ပြီး အရေထူရမယ်ဆိုတာ လုံးဝသိပြီးသားပါ။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ပြောကြရေးကြတာတွေအကုန်လုံးကို ကိုယ်က တုံ့ပြန် 
လေ့မရှိပါဘူး။ တကယ်တန်း အဆင့်အတန်းရှိရှိ ဝေဖန်ကြတာမျိုးဆိုရင်တော့ ဗဟုသုအဖြစ်အောင် ဖတ်ဖြစ် တာရှိပေမယ့် အောင်တန်းကျကျ ထိုးနှက်တာမျိုးဆိုရင်တော့ အချိန်ကုန်ခံပြီးတော့တောင် ဖတ်မနေဖြစ် 
တော့ တာ ကြာလှပါပြီ။ 

အခုပြောမှာက အဲဒီ အဆင့်အတန်းမရှိဘူးဆိုတဲ့အထဲမှာ ထိပ်ဆုံးကပါတဲ့ စာတစ်ပုဒ်ပါ။ သူရေးတဲ့အထဲ မှာပါတဲ့ အရေးအသားနှင့် အချက်အလက်တွေကတော့ ဘယ်သူဖတ်ဖတ် မဟုတ်တာ ရေးထားမှန်း သိသာ လွန်းလောက်အောင်ကို အဆင့်နိမ့်ကျလွန်းလို့ ပြန်ပြောမနေတော့ပါဘူး။ 

ကိုယ်ပြောချင်တာက အဲလောက်အဆင့်အတန်းမရှိတဲ့ စာမျိုးကို ဖော်ပြဖို့ကို သူ့ခင်မျာ တော်တော်ကို အပင်ပမ်းခံပြီး အကုသိုလ်ပွားထားတာကို အံ့သြမိလို့ပါ။ အဲလိုဖော်ပြဖို့ အချိန်တွေပေးသလိုများအကျိုး ရှိမယ့် နေရာမှာ အသုံးချ လိုက်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့လဲ သူ့အတွက် 
နှမြောမိပါသေးတယ်။

မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက ခုရက်ပိုင်းအတွင်းမှာ ခွက်ထိုးခွက်လှန်ရယ်ပြီး ကိုယ်နှင့် ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကို ဓာတ်ပုံတွေဘာတွေတောင် အတုလုပ်ပြီး လူတစ်ယောက်က တင်ထား တယ်ဆိုတာ လာပြောပြကြတယ်။ 

အဲဒီလူနာမည်က ဂိုရှယ်လေးတဲ့။ အဲဒါနှင့်ပဲ သူက ဘယ်လိုလူစားမျိုးမို့ ကိုယ့်ကအကြောင်းကို အဲလို အချိန်နှင့်စွမ်းအားတွေ ရက်ရက်ရောရော စိုက်ထုတ်ပြီး အောက်တန်းကျကျလုပ်နေရတာလဲလို့ နားလည်တဲ့လူတွေကို မေးကြည့်လိုက်တော့ တော်တော်လေး အံ့အားသင့်စရာတစ်ခုတွေ့လိုက်ရတယ်။


အဲဒီဂိုရှယ်လေးဆိုတဲ့ လူရဲ့ ဓာတ်ပုံကို တိတိကျကျ လိုက်ခိုင်းလိုက်တော့ သူ့ရုပ်က သရဲသဘက်လို လဲမ ဟုတ်ဘူး။ သူလိုကိုယ်လို လူရုပ်ပါပဲ။ ပိုဆိုးတာက ကိုယ်တွေ့တဲ့ပုံမှာ သူ့ပုံဘေးဘက်ကြည့်လိုက်တော့ ဇနီးနှင့် ကလေးနှစ်ယောက်နှင့် သာယာတဲ့ မိသားစုလေးတည်ဆောက်ထားတဲ့ပုံဖြစ်နေပြန်တယ်။ 

အဲတော့ အခုစာရေးရတဲ့ ရည်ရွယ်ချက်က ပုံပမ်းသဏ္ဍန်ကလည်း အထူးတလည် ကောက်ကျစ်ယုတ်မာပြီ မကောင်းဆိုးဝါး ဘီလူးတစ်ကောင်လို မဟုတ်တဲ့လူတစ်ယောက်က အဲလောက် အဆင့်အတန်း မရှိဘဲ 
နောက် နောင်သူ့ရဲ့ မျိုးဆက်တွေဖတ်မိရင်တောင် အရှက်ရမယ့် အောင်တန်းစားစာမျိုးကို ရေးမိတဲ့ အချိန်မှာ ဘေးမှာရှိနေတဲ့ ဇနီးနှင့် ကလေးလေးတွေရဲ့မျက်နှာကိုမှ ထောက်ထားမိရဲ့လားဆိုတာပါပဲ။ 

အခုလို ပိရိလှပါချည်ရဲ့ဆိုတဲ့ သူတွေကိုတောင် နည်းပညာနှင့် ဖော်ထုတ်နိုင်တဲ့ ခေတ်မျိုးမှာ ကိုယ့်လက်ရာ ဆိုတာများပေါ်သွားခဲ့ရင် အဲလိုအောင်တန်းစားစာမျိုးကိုတင်ခဲ့တဲ့ သူရဲ့ ဇနီးနှင့် ကလေးနှစ်ယောက်အဖြစ် မျက်နှာမဖော်ရဲလောက်အောင်ကို သိက္ခာကျမယ်ဆိုတာကို တွေးမိခဲ့ရဲ့လားလို့လည်း စိတ်ထဲမှာမေးမိတယ်။

ကလေးကအစဖတ်မိရင် မဟုတ်မဟတ်တွေရေးထားမှန်းသိနိုင်တာမို့ အရေးခံရသူဖက်ကတော့ ဘာတစ် ခုမှ နစ်နာစရာမရှိပါဘူး။ အမေရိကန်နိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ရောင်းတဲ့ အပျင်းပြေ ဟာသစာ 
စောင်တွေမှာဆို ဒုသမ္မတ ဒစ်ချိန်နီ (Dick Cheany) က အင်္ဂါဂြိုဟ်သားကြီးဖြစ်တယ်၊ အဆိုတော် လေဒီ ဂါဂါ (Lady Gaga) က ညဖက်ဆိုရင် သွေးစုပ်ဖုတ်ကောင်ဖြစ်သွားတယ် စသည်ဖြင့် photoshop ဓာတ်ပုံတွေနှင့် လုပ်ဇတ်တွေရေးကြတာ အားလုံးအသိပါ။ 

အတိုင်းတာတစ်ခုထိ လူစိတ်ဝင်စားတဲ့သူမှန်ရင် အဲလိုရေးခံရတာမို့ ဘာမှ မထိခိုက်ပါဘူး။ ဒါပေမယ့် အခုဖော်ပြလိုက်တဲ့ ဓာတ်ပုံထဲက အမျိုးသမီးနှင့် ကလေးတွေကိုတော့ ကိုယ်ကသနားမိတယ်။ 

အဲလိုအောင်တန်းစားစာမျိုးရေးတတ်တဲ့ လင်သားနှင့် ဖခင်ရထားလို့။ သြော်ဒါနှင့် နောက်ဆုံးတစ်ခုပြော ရဦးမယ်။ အဲလိုနောက်ကို အောက်တန်းစားစာမျိုးရေးမယ်ဆိုရင် ဒီထက်ပိုရသမြောက်တဲ့ စာအရေး အသားမျိုးရေးတတ်အောင် လေ့ကျင့်ထားလိုက်ပါဦးလို့။ နောက်ပြီး ဓာတ်ပုံအတု အင်ထုတာကြီးကလည်း ဒီထက် ယုတ္တိ ရှိရှိ အသုံးကျတဲ့ အဆင့်ပုံမျိုးဖြစ်အောင် ကြိုးစားလိုက်ပါဦးလို့။"
ဧရာဝတီ

မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ တရုတ်မျိုးချစ်စစ်သားတွေကို ထိုင်ဝမ်မှာ ဂုဏ်ပြု

ဒုတိယကမ္ဘာစစ်ကာလတုန်းက မြန်မာနိုင်ငံမှာ ကျဆုံးသွားခဲ့ရတဲ့ တရုတ်မျိုးချစ် စစ်သားတွေ အတွက် သြဂုတ်လ ၂၇ ရက် နေ့က ထိုင်ဝမ်၊ တိုင်ပေမြို့မှာ ထောင်နဲ့ချီတဲ့ စစ်သားတွေက ဂုဏ်ပြုခဲ့ကြပါတယ်။ 




ဓာတ်ပုံ- Capital News
ဒုတိယကမ္ဘာစစ်ကာလ တရုတ်စစ်သားတော်တော်များများဟာ ဗြိတိသျှ တပ်တွေကို ကူညီကယ် ဆယ်ဖို့ မြန်မာ နိုင်ငံစစ်မြေပြင်ကို ရောက်ခဲ့ကြတာလို့ Capital News သတင်းမှာ ရေးထားပါတယ်။ 


မြန်မာနိုင်ငံမှာ တရုတ်စစ်သားပေါင်း ၅၆ဝဝဝ ကျော် ကျဆုံးခဲ့တယ်လို့ အဲဒီသတင်းက ဆိုထားပါတယ်။ 

ဂုဏ်ပြုပွဲမှာ ထိုင်ဝမ်တရုတ်စစ်သီချင်းတွေ တီးမှုတ်နေစဉ် အာဇာနည် အထိမ်းအမှတ်နေရာဆီကို ကျဆုံးသွားသူတွေရဲ့ ကမ္ဗည်း စာရေးထိုးထားတဲ့ သစ်သားပြားတွေ သယ်ဆောင်ခဲ့ကြပါတယ်။ 

ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနအဆိုအရ အဲဒီ စစ်သားတွေဟာ ဂျပန်ကို ခုခံတိုက်ခိုက်တဲ့ စစ်ပွဲ တွေမှာ သွေးချွေးနဲ့ ဘဝတွေ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 


ဒါကြောင့် သူတို့ရဲ့ ဝိဥာဉ်ကို ဂုဏ်ပြုကြတာပါတဲ့။ အခုလို ဂုဏ်ပြုရတာဟာ အထူး ဝမ်းနည်း ဖွယ်ရာ ကာလ တခုလည်း ဖြစ်သလို ဂျပန်ဆန့်ကျင်ရေး စစ်ပွဲ ၇၇ နှစ်မြောက် လည်း ဖြစ်တယ်လို့ Chen Chen hsaing လို့ခေါ်တဲ့ ဗိုလ်ချုပ်ကြီး တဖြစ်လည်း ဥပဒေပြု အမတ်က ပြောထားပါတယ်။ 

“ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ ဒီကိစ္စကို မဖော်ဆောင်နိုင်ခဲ့ပေမယ့် ဒီကိစ္စကို ကျနော်တို့ ဘယ်တော့ မှ မေ့ဖျောက် လို့ ရမှာ မဟုတ်ဘူး” လို့ သူကပြောပါတယ်။ 

တရုတ်နိုင်ငံကို အမျိုးသားရေး ဝါတီအစိုးရ အုပ်ချုပ်စဉ်ကာလ ၁၉၄၉ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ပြည်တွင်း စစ်မှာ ကွန်မြူနစ် တွေက အနိုင်ရခဲ့တာကြောင့် ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။ 


အဲဒီသတင်းမှာ မြန်မာနဲ့ ထိုင်ဝမ်နိုင်ငံခြား သံတမန်ဆက်ဆံရေး မရှိဘဲ လိုအပ်နေတဲ့ အပေါ် မစ္စတာ ချန်းက အပြစ်တင် စကားဆိုထားတာလည်း တွေ့ရပါတယ်။ 


ထိုင်ဝမ်မှာ အမျိုးမျိုးသော စစ်ပွဲတွေအတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သားပေါင်း ၄ သိန်းကျော်အတွက်လည်း ဂုဏ်ပြုကမ္ဗည်းတင် ခဲ့ပါပြီ။ 

၁၉၄၅ ခုနှစ်က အဆုံးသတ်သွားတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်း က မြန်မာနိုင်ငံမှာ ကျဆုံးခဲ့သူတွေ အတွက် အခုပွဲ ကတော့ ပထမဆုံးလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ် အမျိုးသားရေး ဝါဒီတွေဟာ အဲဒီအချိန်ကာလက တရုတ်နိုင်ငံကို အုပ်ချုပ်ခဲ့တာပါ။ 


၁၉၃၇ ခုနှစ်က ဂျပန်နဲ့ စတင်စစ်ဖြစ်ပွားခဲ့တယ်။ ဂျပန်လည်း ၁၉၄၅ ခုနှစ်မှာ လက်နက်ချ အညံ့ခံလိုက်ပြီး ဒုတိယ ကမ္ဘာစစ်လည်း အဆုံးသတ်သွားခဲ့တယ်။ 

မနေ့က ဂုဏ်ပြုမော်ကွန်းထိုးခံရသူ စစ်သားတော်တော် များများဟာ ၁၉၄၂ ခုနှစ်က ရေနံချောင်း စစ်ပွဲမှာ ကျဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီး Sun Li-jen နဲ့ သူ့အဖွဲ့ဟာ ဂျပန်တပ်က ဝိုင်းထားခံရတဲ့ ဗြိတိသျှစစ်သား ၇ဝဝဝ လောက်ကို ကယ်တင်ဖို့ ရေနံချောင်းကို ဆင်းလာခဲ့ကြတာပါ။ 

အိမ့်သံစဉ် ~ 

ဧရာဝတီ 

အီဘိုလာသံသယသွေးနမူနာကို အမေရိကန်နှင့် ဂျာမနီသို့ ပေးပို့စစ်ဆေးရန်ဆွေးနွေး


ရန်ကုန်၊ အီဘိုလာရောဂါ သံသယရှိသူ ၏သွေးနမူနာကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်း ဘတ်မြို့ရှိ ခွဲခန်းသို့ပေးပို့ စစ်ဆေးရန် ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိ ရသည်။

လက်ရှိအချိန်တွင် လူနာသွေးနမူ နာကို အိန္ဒိယနိုင်ငံပူးနေမြို့ရှိဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအ ဖွဲ့အစည်းတစ်ခုဖြစ်သော IATA နှင့် WHO တို့ညှိနှိုင်းဆဲဖြစ်သည်ဟု သြ ဂုတ် ၂၆ ရက် ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တိုးသီရိအောင်က ပြောသည်။

အီဘိုလာဗိုင်းရပ်စ်ရှိသည်ဟု သံသ ယရှိသူ လူနာ၏သွေးနမူနာအား အိန္ဒိယ နိုင်ငံ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲ ခန်းသို့ပေးပို့ရန်အတွက် အိန္ဒိယမှ လက် ခံသော်လည်း လေကြောင်းလိုင်းမှ သယ် ယူပို့ဆောင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

''လေကြောင်းလိုင်းကနေ သယ် ယူပို့ဆောင်ဖို့က အခက်အခဲရှိနေတယ်။ IATA ကတော့ နိုင်ငံတကာကိုပို့ရင် လိုအပ်ချက်ခြောက်ချက်ရှိတယ်ဆိုပြီး ပြောတာပေါ့။ သူတို့ကနေ လက်မခံ သေးဘူး။ အခုဒီက အစိုးရရယ်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တွေကနေပြီးတော့ လေကြောင်းလိုင်းနဲ့ညှိနှိုင်းမှုတွေလုပ် နေတယ်'' ဟု ၄င်းက ပြောသည်။

ယခုလ ၁၉ ရက်က အနောက် အာဖရိကမှပြန်လာသူ ဦးဇင်မင်းဦးအား အီဘိုလာရောဂါရှိသည်ဟု သံသယရှိ သဖြင့် ၄င်း၏သွေးနမူနာအား အမျိုး သားကျန်းမာရေးဓာတ်ခွဲခန်းမှုဆိုင်ရာ ဌာန(NHL)မှ စစ်ဆေးခဲ့ရာ ရရှိသော သွေးနမူနာ၏အဖြေမှာ ငှက်ဖျားပိုးနှစ် မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပ ရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းရပ်စ်ရော ဂါပိုးနှစ်မျိုးကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။ 

လက်ရှိတွင် လူနာသည် ငှက်ဖျားရောဂါပိုးတွေ့ရှိရသော်လည်း လူနာအပါအဝင် လူနာနှင့်အတူလိုက် ပါလာသော လေးဦးအား စောင့်ကြပ် ကြည့်ရှုနေဆဲဖြစ်သည်ဟုသိရသည်။

TheYangonTimes

မြန်မာနိုင်ငံသား ၄ ဦးအား လူသတ်မှုများဖြင့်ဖော်ထုတ်ဖမ်းဆီး ပြီ


ကူလိုင်းဂျာရာ ၊ ဂျိုဟိုး

ယနေ့ ကူလိုင်း ဂျာရာ ရဲဌမှ မြန်မာနိုင်ငံသား ၄ ဦးအား အခြားမြန်မာနိုင်ငံသားများအား သတ်ဖြတ်သည့် ပစ်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးထားပြီဖြစ်ကြောင်း ယနေ့ထုတ် မလေးရှား နိုင်ငံ ပိုင်သတင်ဌာနများက ထုတ်လွင့်ကြော်ငြာသွားသည် ။

ဖမ်းဆီးမှုအား ရှင်းလင်းပြောကြားရာတွင် အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးသည် ၂၉.၇.၂၀၁၄ တွင်အခြား မြန်မာနိုင်ငံသားတစ်ဦးအား သတ်ဖြတ်ပြီး ခန္ဒာကိုယ်အား အစိတ်စိတ်ပိုင်းကာ စိတ်အပိုင်းများကို အမှိုက်အိတ် အမဲများဖြင့် ခွဲထည့်ပြီး အဝေးပြေးလမ်းမတွင် သွားရောက် လွင့်ပစ်ရာမှ ယာဉ်မတော်တဆဖြစ်ကာ ဖမ်းဆီးမိခဲ့ကြောင်း THESTAR သတင်းဌာနက ရေးသားထားသည်ကိုတွေ့ရ သည် ။

အဆိုပါ လေးဦးဖြစ်သည့် မျိုးမြင့် နှင့် မိုဟာမက် ဟတ်ဆန်အလီ တို့အား စစ်ဆေးမေးမြန်းပြီးဖြစ်သော်လည်း အခြား ၂ ဦးဖြင့်သူ ရှာဟစ် အုတ်မန်း နှင့် ဟာဂျီအစ်မေးလ် တို့မှာ ဘာသာစကားအခက်အခဲကြောင့် စက်တင်ဘာ ၂၄ သို့ ဆက်လက် ရုံချိန်း ပေးထားကြောင်းကိုလည်း သတင်းဌာနက တင်ဆက်သွားခဲ့သည် ။

အခြား မြန်မာနိုင်ငံသား နောက်ထပ်တစ်ဦြး့ဖစ်သည် ကိုသက်အား ၁.၈.၂၀၁၄ တွင် ဖြတ်သူမှာလည်း အဆိုပါလေးဦးပင်ဖြစ်ကြောင်း သတင်းဌာနက တင်ဆက်သွားခဲ့သည် ။

သတ်ဖြတ်ထားသည့် သူ၏ ခန္ဒာကိုယ် အစိတ်အပိုင်းများအား တောင်မြောက်အဝေးပြေးလမ်းမကြီး တောင်ပိုင်း မိုင်တိုင် ကီလိုမီတာ ၂၁ ကီလို တိုင်အမှတ်အနီး တွင် သွားရောက်လွတ်ပစ်ကြောင်း ..။

ကားမောင်းပေးသူ ISMAL AHMAD ဆိုသူမှာလည်း လွန်းခဲ့သော ၂၀၁၄ (၁၀) နှစ်ခန့်က မဆင်မခြင် ကားမှောင်နှင်မှုကြောင့် လမ်းလယ် သတ္တူကာဘာများကို ဘတ်စ်ကားဖြင့် ဝင်တိုက်မှုကြောင့် ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ဖူးသူဖြစ်ကြောင်း .

အဆိုပါ ပစ်မှုတရားခံများကို အပစ်ပေးနိုင်ရန် DPP Siti Asmah Zainal Arrifin ဆိုသည့် ရဲအရာရှိမှ တရားလိုဆောင်ရွက် သွားသည့် အကြောင်း ကိုယနေ့မလေးရှားနိုင်ငံထုတ် Thestar , Barnama , News straight time စသည့် သတင်းဌာနများတွင်ယနေ့အထူးသတင်းအဖြစ် တင်ဆက်သွား ခဲ့ကြောင်းတွေ့ရသည် ။

Ref : Thestar , Banama , News Straight Time 
Photo : Thestar

မြန်မာဘာသာဖြင့် 
မလေးရှားရောက်မြန်မာများ facebook စာမျက်နှာ

Polycystic Ovarian Syndrome (PCOS) ရာသီ မမှန်ရင် ဖတ်ပါ(အမျိုးသမီးများ ဖတ်ရန်)


COS ရောဂါဆိုတာ အမျိုးသမီး မီးယပ်ရောဂါတခု ဖြစ်တယ်။

အမျိုးသမီး ၅-၁ဝ% မှာ ဖြစ်နိုင်တယ်။ ကလေးမရဖြစ်ရတဲ့ အဓိက အကြောင်းတရားလဲ ဖြစ်တယ်။ ရောဂါလက္ခဏာက ဆယ်ကျော်သက်ကတည်းက စတယ်။

ရာသီမမှန်တာ၊ ရာသီမလာတာ၊ ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန်များတာ၊ အမွှေးပေါက်များတာ၊ လူအဝလွန်လာတာ၊ ဆီးချို-သွေးတိုး-နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်။ ဆေးကုသမှု သေသေခြာခြာလုပ်ရင် အများကြီး သက်သာစေတယ်။ ရောဂါလက္ခဏာ တခုချင်းကို ကုသရတယ်။
PCOS ရောဂါကို Stein-Leventhal syndrome လို့လဲ ခေါ်တယ်။ မျိုးဥအိမ်တွေမှာ အကျိတ်လေးတွေ အများကြီး ဖြစ်နေတယ်။ ဘာလို့ဖြစ်သလဲ၊ အကြောင်းအမျိုးမျိုး ရှိနိုင်တယ်။ တခါတလေ မသိနိုင်ဘူး။ မျိုးရိုးနဲ့ ပါတ်ဝန်းကျင်ကနေလဲ ဖြစ်နိုင်တယ်။ တချို့ ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ဦးနှောက်ထဲက Pituitary gland ကနေ ထုတ်ပေးတဲ့ LH ဟော်မုန်း လဲများနေတာ တွေ့ရသေးတယ်။

ဒီရောဂါရဲ့ ပင်မလက္ခဏာကတော့ -
1. Menstrual disturbances ရာသီမမှန်တာ နဲ့
2. Androgens ကျား-ဟော်မုန်းများနေတာ ၂ ခု ဖြစ်တယ်။
ရာသီမမှန်ဘူးဆိုတာ -
1. Primary amenorrhea မွေးကတည်းက ရာသီတခါမှ မလာတာ၊
2. Oligomenorrhea ရာသီအလာနည်းတာ၊
3. Secondary amenorrhea ရာသီထိန်တာ၊
4. Anovulatory cycles ရာသီလာပေမဲ့ မျိုးဥ မထွက်တာ နဲ့
5. Heavy bleeding သွေးအများကြီး ဆင်းတာ၊ ဖြစ်နိုင်တယ်။

ကျား-ဟော်မုန်းများနေလို့ ဖြစ်လာမဲ့ လက္ခဏာကတော့ -
1. Acne ဝက်ခြံပေါက်တာ၊
2. Hirsutism အမွှေးပေါက်များတာ၊
3. Male-pattern hair loss ယောက်ျားတွေလို ဆံပင်ကျွတ်တာ (ထိပ်ပြောင်တာ)တွေ ဖြစ်တယ်။

တခြား လက္ခဏာကတော့ -
• Obesity and weight gain ကိုယ်လေး-လူဝမယ်၊
• Elevated insulin levels and insulin resistance ဆီးချိုထိန်းတဲ့(အင်စူလင်) 
ဟော်မုန်း များနေမယ်၊
• Oily skin အရေပြား အဆီပြန်မယ်၊
• Dandruff ခေါင်းမှာ ဘောက် ပေါက်မယ်၊
• Infertility ကလေးမရဖြစ်မယ်၊
• Skin discolorations အရေပြား အရောင်ပြောင်းတာ တချို့နေရာတွေမှာ ဖြစ်မယ်၊
• High cholesterol levels (ကိုလက်စထော) များနေမယ်၊
• Elevated blood pressure သွေးဖိအားများနေမယ်၊
• Multiple, small cysts in the ovaries မျိုးဥအိမ်မှာ အကျိတ်တွေ ဖြစ်နေတာတွေ ဖြစ်တယ်။
ရောဂါလက္ခဏာတွေကသာ ရောဂါ နာမယ် တပ်တာနဲ့ ကုသတာအတွက် အရေးကြီးတယ်။ မျိုးဥအိမ်မှာ အကျိတ်လေးတွေ တွေ့တာနဲ့တော့ ရောဂါမဟုတ်သေးဘူး။ ရောဂါ ဟုတ်-မဟုတ်ကို ရောဂါလက္ခဏာတွေ ကြည့်ရမယ်။
• Androgen ကျား-ဟော်မုန်း (အင်ဒရိုဂျင်) စစ်ရတယ်။ DHEA နဲ့Testosterone တွေ ကဲနေတတ်တယ်။ ကျား-ဟော်မုန်း (တက်စတိုစတီရုံး) များနေတာ တခုထဲနဲ့တော့PCOS ရောဂါလို့ မပြောပါ။
• Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းတာ စစ်ရတယ်။
• Prolactin ခေါ်တဲ့ နို့ထွက်-ဟော်မုန်း စစ်ရတယ်။
• မျိုးဥအိမ် Ovary နဲ့ Adrenal glands ကျောက်ကပ်အထက်က (အဒြီနယ်လ်)အိတ်တွေ Tumor အလုံး ဖြစ်နေသလား စစ်ရတယ်။

Ultrasound ရိုက်ရင် Ovary မျိုးဥအိမ်မှာ အရည်အောင်းနေတဲ့Cysts အိတ်လေးတွေ တွေ့မယ်။ Computed Tomography (CT scan) နဲ့ Magnetic Resonance Imaging (MRI) တွေရိုက်ရင်လဲ တွေ့မယ်။ CT scans ရိုက်တာက X-rays နဲ့ Dyes သုံးရလို့ လူတိုင်းကို မလုပ်ပါ။

PCOS ကို ဘယ်လို ကုသမလဲ -

1. အမျိုးသမီး အသက်ကိုကြည့် ကုရတယ်။ ငယ်သူတွေကို Birth control pill ကိုယ်ဝန်တားဆေး ပေးနိုင်တယ်။ ရာသီမှန်စေမယ်၊ သားအိမ်ကင်ဆာ အဖြစ်နည်းစေမယ်။
2. နောက်တနည်းကတော့ Progesterone ဟော်မုန်းကို ပေးလိုက်-ရပ်လိုက် လုပ်တယ်။ ကိုယ်ဝန်ကိုတော့ တားပေးမှာ မဟုတ်ဘူး။
3. Acne ဝက်ခြံပေါက်နေသူ၊ Excess hair growth အမွှေးများနေသူတွေကိုDiuretic ဆီးသွားဆေး Spironolactone (Aldactone) ပေးနိုင်တယ်။ သူတေို့ကို ဒီဆေးပေးရင်Potassium levels (ပိုတက်ဆီယမ်) စစ်နေရမယ်၊ Kidney function ကျောက်ကပ် စစ်နေရမယ်။
4. မျက်နှာ အမွှေးပေါက်သူတွေက Eflornithine (Vaniqa) (ခရင်) လိမ်းရတယ်။
5. ကလေးရချင်သူတွေဆိုရင် Clomiphene (Clomid) ဆေးပေးရင်Ovulation မျိုးဥထွက်စေနိုင်တယ်။ လိုအပ်ရင် Gonadotropin ဟော်မုန်း ပေးမယ်။ တခြား ကလေးရစေနည်းတွေ သုံးနိုင်တယ်။
6. ကိုယ်အလေးချိန် ချရမယ်။
7. ဆီးချို အမျိုးအစား (၂) ရှိနေရင် Metformin (Glucophage) ဆေးပေးမယ်။
8. ခွဲစိတ်ကုသဘို့လိုရင် Ovarian drilling နည်း လုပ်ရမယ်။

ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်မျိုးကို စက်တင်ဘာလ ၉ ရက်တွင် Apple မိတ်ဆက်ဖွယ်ရှိ


နာမည်ကျော် Apple ကုမ္ပဏီသည် စက်တင်ဘာလတွင် iPhone သစ်နှစ်မျိုးနှင့်အတူ ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း Re/code မှ ဖော်ပြခဲ့သည်။

Re/code မှ ဂျွန်ပက်စ်ကိုစကီး၏ ပြောကြားချက်အရ Apple သည် စက်တင်ဘာလတွင် ကုမ္ပဏီ၏ ပထမဦးဆုံး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။ ပက်စ်ကိုစကီးသည် အဆိုပါ ထုတ်ကုန်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ ထို့အပြင် အဆိုပါ ထုတ်ကုန်ကို ခေါ်ဆိုမည့် အမည်ကိုလည်း ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။


သို့သော်လည်း အဆိုပါ ထုတ်ကုန်သည် iOS 8 တွင် ပါဝင်လာသည့် Apple ၏ HealthKit နှင့် အသုံးပြုနိုင်ကာ သုံးစွဲသူ၏ ကျန်းမာရေး အချက်အလက်ကို ခြေရာခံပေးနိုင်မည်ဟု ဆိုသည်။

ထို့အပြင် ၎င်း ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို Apple HomeKit software နှင့်တွဲဖက်ကာ အိမ်အတွင်းရှိ အရာများကို ထိန်းချုပ်နိုင်မည်ဟု သိရသည်။

Ref: HuffingtonPost

မိုင်လေဆိုင်းရပ်စ်ရဲ့ဆု ကိုယ်စားလက်ခံယူသူကို ရဲကလိုက်ဖမ်းပြီ

မိုင်လေဆိုင်းရပ်စ်ရဲ့ ဆုကို ကိုယ်စား လက်ခံယူခဲ့သူ အိမ်ခြေမဲ့ လူငယ်ကို ရဲက ဖမ်းဆီးဖို့ လိုက်ရှာနေတယ် လို့ တိုင်းမ် မဂ္ဂဇင်း သတင်း တပုဒ် မှာ ရေးထားပါတယ်။ 



မိုင်လေဆိုင်းရပ်စ်နှင့် သူ့ကိုစားဆုတက်ရောက် လက်ခံယူသူ အိမ်ခြေမဲ့ လူငယ် ဂျက်ဆီ၊ ဓာတ်ပုံ- တိုင်းမ်
ပြီးခဲ့တဲ့ ရက်ပိုင်းက ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး ဗွီဒီယို ဆု ကို အဆိုတော် မိုင်လေဆိုင်းရပ်က သူ့ရဲ့ နာမည် ကြီး လူပြောများတဲ့ Wrecking Ball နဲ့ ရရှိခဲ့တာမှာ ဆုလက်ခံမှု မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့အစား ဆုကို လက်ခံဖို့ စင်ပေါ်ကို အသက် ၂၂ နှစ်အရွယ် အိမ်ခြေမဲ့ လူငယ်တဦးတက်ရောက်လက်ခံယူခဲ့ ပါ တယ်။ 

အဲဒီလို ဆုလက်ခံယူစဉ်မှာ My Friend’s Place ဆိုတဲ့ လော့စ်အိန်ဂျလိ့စ် အခြေ စိုက် အိမ် ခြေမဲ့ လူငယ်များဘ၀ အဆုံးသတ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းရဲ့ ရံပုံငွေ မြင့်တင်ရေး ကိစ္စ တိုက်တွန်း ပြော ကြားသွားခဲ့ပါတယ်။ 

မိုင်လေဆိုင်းရပ်စ်ရဲ့ သူငယ်ချင်း အိမ်ပြေး လူငယ်လေးဟာ ၂၀၁၀ ခုနှစ်က ရာဇ၀တ်မှုနဲ့ ရက်ပေါင်း ၃၀ အကျဉ်းကျခံ ခဲ့ရသူဖြစ်တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အဲဒီနောက် သူဟာ သတ်မှတ်ထားတဲ့ ခြွင်းချက်ကတိကို ဖောက်ဖျက်ခဲ့တာကြောင်း ၂၀၁၁ ခုနှစ်ကလည်း ရဲက သူ့ကို ဖမ်းဖို့ ၀ရမ်းထုတ်ခဲ့တယ်လို့ တိုင်းမ်သတင်းက ရေး ပါတယ်။ 

Jesse Helt ရဲ့ မိခင်ဖြစ်သူက အော်ရီဂွန်သတင်းစာတစောင်နဲ့ တနင်္လာနေ့က ပြောတာမှာ သူ့သားကို မိုင်လေ ဆိုင်း ရပ်စ်က ပိုက်ဆံပေးခဲ့လို့ သားဖြစ်သူဟာ အဲဒီငွေနဲ့ မိသားစုဆီ လာတွေ့ခဲ့ တာလို့ပြောပါတယ်။ 

ရဲကတော့ Jesse Helt ကို ဖမ်းဖို့ သူတို့ လိုက်ရှာနေတယ်လို့ သူ့မိခင်ကို ပြောပါတယ်။ 

အိမ်ခြေမဲ့ လူငယ် Jesse Helt က မိုင်လေဆိုင်းရပ်စ်ရဲ့ ဆုကို လက်ခံယူစဉ်မှာ ပြောသွားတာက… 

“ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အိမ်ခြေမဲ့ လူငယ်ဦးရေ ၁.၆ သန်းရဲ့ ကိုယ်စား ဒီဆုကို လက်ခံယူနေ တာဖြစ်ပါတယ်။ ဒီ အိမ်ခြေမဲ့ လူငယ်တွေဟာ အစာငတ်မှုတွေရှိနေသလို လက်ရှိ ဘ၀တွေလည်း 
ပျောက်ဆုံးနေပြီး ကြောက် စရာ ကောင်းနေပါတယ်။ ကျနော် သိပါတယ်။ ကျနော်လည်း ဒီထဲက လူငယ် တဦးပါဘဲ။ ဒီမြို့တခွင် နေစရာနေရာတွေမှာ ကျနော်ရှင်သန်နေထိုင်ပါတယ်။ ဂီတ ထုတ်လုပ်မှု လုပ်ငန်းကြီး က ဒီနှစ်မှာ ဒေါ်လာ ၇ ဘီလျံကျော် ၀င်ငွေရနိုင်ပါတယ်။ ဒီ တံခါးတွေရဲ့ အပြင်ဘက်မှာ လူသား ၅၄၀၀၀ မှာ အိမ်ဆိုတဲ့ နေရာ ဘာမှ မရှိပါဘူး” (ဂျက်ဆီ) 

အိမ့်သံစဉ် ~

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ


၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း 
၂။ မနက်တွင် ဆီးမသွားခြင်း


၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း

၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ) 
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း

၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း 
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း

၉။ အရက်သောက်သုံးခြင်း

အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။

Ref: healthcare
အောင်ခမ်း (ရိုးရာလေး)

မြန်မာနိုင်ငံတွင် အီဘိုလာ ဓာတ်ခွဲခန်း တည်ဆောက်ရန် စီစဉ်


မြန်မာနိုင်ငံတွင် အီဘို လာရောဂါစမ်းသပ်စစ်ဆေးနိုင် မည့်ဓာတ်ခွဲခန်း တည်ဆောက် ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခု မြန်မာနိုင်ငံမှာဆိုရင် အီဘိုလာနဲ့ပတ်သက်ပြီး နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဆိုတော့ ရောဂါစစ်ဆေးဖို့အတွက် လိုအပ် မယ့် ပစ္စည်းတွေဝယ်ယူပြီး ဓာတ် ခွဲခန်းဆောက်ဖို့ စီစဉ်နေပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ ထွန်းတင်က ပြောသည်။

မြန်မာနိုင်ငံတွင် အီဘိုလာ ရောဂါဖြစ်၊ မဖြစ် သိရှိနိုင်ရန် စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းမရှိ ခြင်းကြောင့် သြဂုတ် ၁၉ ရက်က အာဖရိကတိုက်မှ ပြန်လည်ရောက်ရှိလာသည့် အီဘိုလာရောဂါ သံသယရှိ လူနာ ဦးဇင်မင်းဦး၏ သွေးကို ဓာတ်ခွဲစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေး ဓာတ်ခွဲဌာန တည်ရှိရာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

‘‘ဓာတ်ခွဲခန်းဆောက်ဖို့ ဆို တာကလည်း သူ့အတွက် လိုအပ် မယ့် အဆောက်အအုံတွေ၊ ပစ္စည်း ကိရိယာတွေ ၀ယ်ဖို့ရှိသေးတယ်။ ဒီနေ့ပြော နောက်နေ့ ဗြုန်းခနဲဆောက်လို့ ပြီးမယ့် အရာတော့ မဟုတ်ဘူး။ အချိန်အတိုင်းအတာ တစ်ခုတော့ ကြာမှာပဲ’’ဟု ဒေါက် တာထွန်းတင်က ဆိုသည်။

လင်းနို့မှတစ်ဆင့် စတင်ဖြစ် ပွားသော အီဘိုလာဗိုင်းရပ်စ်ပိုး သည် အနောက်အာဖရိကနိုင်ငံ များဖြစ်သည့် လိုက်ဘေးရီးယား၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ ဆီရာယာလီယွန် စသည့် နိုင်ငံလေးနိုင်ငံတွင် ကူးစက်မှု မြန်ဆန်နေပြီး သြဂုတ် ၂၃ ရက်ထိ ရောဂါဖြစ်ပွားသူအရေ အတွက် ၂၆၁၅ ဦးနှင့် သေဆုံးသူ များမှာ အနည်းဆုံး ၁၄၂၇ ဦး ရှိ နေပြီ ဖြစ်သည်။

အီဘိုလာရောဂါပိုးမှ ကာ ကွယ်နိုင်ရန် တစ်ကိုယ်ရေ သန့် ရှင်းရေး ဂရုစိုက်ခြင်း၊ ရောဂါပိုး ရှိသူ(သို့) ရောဂါကူးစက်ခြင်း ခံထားရသူ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းမပြုရန်နှင့် အီဘိုလာရောဂါဖြစ်ပွားနေ သည့် နိုင်ငံများသို့ ခရီးသွားခြင်း တို့ကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
7daydaily

ကိုယ့်ကိုနားလည်ပေးတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာမို့ အချစ်ရေးက အေးအေးဆေးဆေးပါပဲလို့ ဖွင့်ဟလိုက်တဲ့ သွန်းဆက်


အနုပညာလောကထဲကို ပဟေဠိ နန်းတော်မှတဆင့် အကယ်ဒမီဗန်းကိုင် ၊ အဲ့ဒါတွေပြီးတဲ့အချိန်မှ ဒုတိယမင်းသမီးအဖြစ်ကနေ စပြီး ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်ကားတွေ ရိုက်လာရတဲ့သူကတော့ သွန်းဆက်ပါပဲ။ ဇာတ်ကားတွေ ပိုမိုရိုက်ကူးလာရလေလေ၊ ကိုယ့်လိုအပ်ချက်က ဘာတွေဆိုတာ သိလာလေလေ ဖြစ်ကြတာမို့ သူမနဲ့ သရုပ်ဆောင်ပိုင်းကို မေးမြန်းကြည့်လိုက်တော့ “သမီးဆရာ အန်ကယ်လေးကတော့ ပြောတယ်။ သူပြောတဲ့ စကားကြောင့် အရမ်းပျော်သွားတယ်။ သမီးအရမ်း တိုးတက်လာတယ်တဲ့။ အဲ့ဒါကြောင့် အရမ်းပျော်သွားတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ကိုယ်တိုင်က ပြောတာဆိုတော့ အရမ်းပျော်တာပေါ့နော်။ ပရိသတ်ဆီကလဲ တစ်ကားနဲ့တစ်ကား တိုးတက်လာတယ်ဆိုတာကြားရတော့ ပီတိဖြစ်မိပါတယ်။ အခုနောက်ပိုင်း ကမ်းလှမ်းတဲ့ခါ ဇာတ်အရမ်း ဟဲဗီးကြီးတွေဆို သွန်းစက်မလုပ်ဘူး။ ခုချိန်က ပရိသတ်ဆီမှာ စပြီးနာမည်ယူကာစ ဆိုတော့ မင်းသမီးအသစ်တစ်ယောက်အနေနဲ့ပရိသတ်က ကိုယ့်ကို မြင်မြင်ခြင်းမှာ မုန်းသွားမှာစိုးတဲ့အတွက် ခုချိန်မှာ ဟဲဗီးဇာတ်ရုပ်တွေဆိုရင်တော့ သွန်းဆက် မလုပ်သေးဘူးပေါ့နော်။ ခုသွန်းဆက် အသစ်ဆိုတော့ ရွေးချယ်ပိုင်ခွင့် မရှိသေးဘူး။ သူတို့ ပေးလာတဲ့ ဇာတ်အပေါ်မှာ အကောင်းဆုံးကြိုးစားသွားမယ်ပေါ့နော်။ ပရိသတ်တွေဆီကတော့ စစချင်းတုန်းက အသံကနဲနဲလေး ကလေးသံပေါက်တယ်တဲ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ထိန်းထိန်းပြီး ပြောလာနိုင်ပြီပေါ့နော်။ ပြီးတော့ အရမ်း sexy ဖြစ်တဲ့ ဖက်ရှင်တွေကို မ၀တ်ပါနဲ့တဲ့ သူတို့မကြိုက်ဘူးလို့တော့ ဝေဖန်ကြပါတယ်။ သွန်းဆက် ဖက်ကလဲအဲဒါလေးတွေကို အတတ်နိုင်ဆုံး ပြင်သွားပါ့မယ်” လို့ သူမက ပြောပြပါတယ်။
လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “အချစ်ရေးက အေးအေးဆေးဆေးပါပဲ။ မပူလောင်ဘူး။ အေးချမ်းတယ်။ အရင်လူနဲ့ပါပဲ။ ကြာပါပြီ။ သူကလဲ နားလည်ပေးတယ်။ သွန်းဆက်တို့အလုပ်က ကိုယ့်ကို အဓိက နားလည်ပေးရမဲ့သူ ကိုယ့်ကို နားလည်ပေးရင် အကုန်လုံး အဆင်ပြေတာပေါ့နော်။ အဲ့လိုမှမဟုတ်ပဲ အရမ်းချုပ်ချယ်သ၀န်တိုနေမယ်ဆိုရင် အဆင်မပြေဘူးလေ။ သွန်းဆက်တို့လို အနုပညာရှင်တွေက အပြင်မိန်းကလေးတွေထက်ကို ပိုပြီးနားလည်ပေးမှ ရမယ်လေ။ မဟုတ်ရင် ကွဲတာတွေ ဘာတွေ ဖြစ်တတ်တော့လေ။ ခုချိန်ထိတော့ သွန်းဆက်က ကံကောင်းနေတုန်းပါပဲ။ နောက်ပိုင်းတော့ ဘယ်လိုလာဦးမလဲ မသိဘူး။ ကံတွေဘာတွေ ကိုလဲ သွန်းဆက်က ယုံတော့လေ။ စောင့်ကြည့်ရဦးမှာပေါ့”တဲ့။
ခင်ဆွေသက် 
Trend Myanmar

မြန်မာ့တပ်မတော်မှ အမျိုးသမီး ဗိုလ်လောင်းများ ယနေ့သင်တန်းဆင်း



မြန်မာ့တပ်မတော်မှ အမျိုးသမီးဗိုလ်လောင်းများ ယနေ့သင်တန်းဆင်းကာ အရာရှိများ အသီးသီး ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဗိုလ်လောင်းများအတွက် လျှောက်လွှာခေါ်ယူခဲ့ရာမှာ စံချိန်တင် ဗိုလ်လောင်းလျှောက်လွာ ၄သိန်းခွဲ ခန့်ရရှိခဲ့ပြီး ၎င်းတို့ထဲမှ စံကာတင် အယောက် ၁၀၀ ခန့် ရွေးချယ်သင်တန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသားဗိုလ်လောင်းလျှောက်လွှာ DSA,DSTA နဲ့ DSMA ကျောင်းသုံးကျောင်းပေါင်းလျှောက်လွှာတောင်မှ တစ်သိန်းမကျော် ခဲ့ပါဘူး။ စံအဖြစ် ကျောင်းသုံးကျောင်းပေါင်းတောင် တစ်သိန်းခွဲသာရှိခဲ့ဘူးတယ်လို့ သိရပါတယ်။ မြန်မာ့တပ်မတော်မှာ 
တာဝန်ထမ်းဆောင်လိုတဲ့ အမျိုးသမီးများစွာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ပါ။ ယခုလို မြန်မာ့တပ်မတော်မှာ
သမီးကောင်းဇာနည်တွေရောက်ရှိလာတဲ့ အတွက် တိုင်းပြည်အတွက် အားရစရာပါ။ နောက်ထပ် 
အမျိုးသမီး ဗိုလ်လောင်းသင်တန်းအပတ်စဉ်တွေ ထပ်ဖွင့်သွားမယ်ဆို လျှောက်လွှာထပ်တင်အုံးမယ်လို့
ပထမအကြိမ် လျှောက်လွှာတင်စဉ်က ရွေးချယ်မခံခဲ့ရတဲ့ မာစတာ ကျောင်းသူ တစ်ဦးက ဆိုပါတယ်။
သူမက ငယ်ငယ်တည်းက ဗိုလ်ကြီးမမ လုပ်ပြီး တိုင်းပြည်အကျိုးသယ်ပိုးချင်သူပါ လို့ ၎င်းရဲ့ ရည်မှန်းချက်ကို
ပြောဆိုခဲ့ပါတယ်။

နန္ဒကျော်စွာ(ပြည်သူ့ခေတ်)

၆ လခန့် အချိန်ယူရဦးမည့် အီဘိုလာတိုက်ဖျက်ရေး


ဆီရီယာလီယွန်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ အီဘိုလာတိုက်ဖျက်ရေး ကိုယ်စားလှယ် ဒေးဗစ်နာဗားရိုးက အီဘိုလာရောဂါကို တိုက်ခိုက်ဖို့နောက်ထပ် ၆ လအချိန်ယူရဦးမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ နာဗားရိုးဟာ အခုကပ်ဆိုးကို တုန့်ပြန်ဖို့အတွက် ကုလသမဂ္ဂကနေ ခန့်အပ်ထားတဲ့သူဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့ ဒေသကို လာရောက်လေ့လာ နေတာပါ။ သူက အီဘိုလာကို တိုက်ဖျက်ဖို့ဆိုတာဟာ တိုက်ပွဲတစ်ပွဲ မဟုတ်ဘဲ အချိန်ယူပြီး တိုက်ခိုက်ရမယ့် စစ်ပွဲကြီးတစ်ခုဖြစ်ပြီးတော့ အားလုံးက ပြင်းပြင်းထန်ထန် တွဲဖက်လုပ်ကိုင်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်တွေဟာ ဒီရောဂါဆိုးကို တိုဖျက်သွားဖို့ ကတိ ပေးထားပြီး စတင်ဖြစ်ပွားချိန်ကစလို့ သေဆုံးခဲ့သူ (၁၄၂၇)ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။

WHO ကလည်း အီဘိုလာကူးစက်ခံရသူ WHO ၀န်ထမ်း ၂၄၀ ကျော်ရှိပြီး ၁၂၀ ကျော်သေဆုံးခဲ့ပြီးပြီ လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အနောက်အာဖရိကက နိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံကလည်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံထဲမှာ အီဘိုလာကူးစက်ခံရမှု နှစ်ခုကို တွေ့ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ကြေငြာခဲ့ပါတယ်။ လိုက်ဘေးရီးယားနဲ့ ဆီးရီယာလီယွန် တို့မှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်တွေပါ သေဆုံးခဲ့ရပြီး စမ်းသပ်ဆဲဆေးဝါးနဲ့ ကုသခံနေတဲ့ ဆရာဝန်တစ်ဦး လိုက်ဘေးရီးယားမှာ ထပ်မံသေဆုံးခဲ့တာကြောင့် ကုသနိုင်တဲ့ ဆေးဝါးပေါ်လာဖို့သံသယ၀င်နေကြတယ်လို့လည်း သိရပါတယ်။

မြန်မာကိုယ်စားလှယ် ၅ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် ရေးအတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ် ငါးယောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်နေပါတယ်။


ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ တရားမဝင် စိတ်ကြွဆေးပြား ကုန်ကူးမှု အကြောင်းတွေ၊ နှစ်နိုင်ငံနယ်စပ် အကြားမှာ ဖြစ်နေတဲ့ အငြင်းပွား မှုတွေကို ဖြေရှင်းဖို့ ဆက်ဆံရေး ရုံးထားရှိမယ့် ကိစ္စတွေအပြင် လုံခြုံရေး ဆွေးနွေးပွဲတွေ ပုံမှန် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေး ကြမှာဖြစ်ကြောင်း The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူကုန်ကူးမှု ကိစ္စနဲ့ ကူးသန်းရောင်း ဝယ်ရေး၊ ရင်းနှီးမြုပ်နှံရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ စွမ်းအင် လုပ်ငန်းတွေ အကြောင်းလည်း ဆွေးနွေးဖို့ရှိ တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက နောက် တစ်ကြိမ် ဖိတ်ခေါ်ဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာ ဖြစ်ခဲ့တဲ့ အတွက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ ရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် အယောက်ပေါင်း ၃၀၀၀၀ လောက် ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေပြီး ဒုက္ခသည် အဖြစ် တရားဝင် အသိ အမှတ်ပြု မခံရသူ အများအပြား လည်း စခန်းအပြင် ဘက်မှာ နေထိုင်လျက်ရှိ ပါတယ်။

ABC

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးဗဟိုဥက္ကဌ နှုတ်ထွက်ပေးရေးမန္တလေးရှိ သဘင်ပညာရှင်များ ယနေ့ မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ကြပါတယ်။



မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးဗဟိုဥက္ကဌ နှုတ်ထွက်ပေးရေးမန္တလေးရှိ သဘင်ပညာရှင်များ ယနေ့ မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ကြပါတယ်။
The Modern News Journal

ကြက်သွန် နီသည် ချောင်းဆိုး ခြင်းကို သက်သာ စေနိုင်


Nannon Khan က ချောင်းဆိုးပျောက်စေမဲ့ဆေးနည်းလေးကိုမေးထားလို့တင်ပေးလိုက်ပါတယ်၊

လက်ဖက် ခြောက်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည် လက်ဖက် ရည်ဇွန်း ၁ ဇွန်း ရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။ ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။ ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေတဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။


နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။ ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။

ဆေးပညာဆိုင်ရာဆောင်းပါးများ

အရှင်လတ်လတ် မြေမြုတ်ခံရသည့်ခလေးငယ်၏ မိခင်လည်း ပျောက်ဆုံးနေ


အရှင်လတ်လတ် မြေမြုတ်ခံရသည့်ခလေးငယ်၏ မိခင်လည်း ပျောက်ဆုံးနေAlok Kumar ဆိုသူသည် အိန္တိယနိုင်ငံ ၊Sitapur ခရိုင်၊ Maanpur ကျေးရွာတွင်ယာခင်းအလုပ် မှ အပြန်ပိုင်း ကြံခင်းအတွင်ီးးအတွင်းမှ ခလေးငယ်ငိုယိုသံ မကြီးကြားသဖြင့် တူးဆွှ ကြည့်သော အခါ သေလုမြောလုနီးပါးဖြစ်နေသော မိန်း ခလေး ငယ် တစ်ဦးအား ကယ်ဆယ်ရသည်ဟု ဆိုပါသည်။

ခလေးငယ်မှာ အသက် ၅ နှစ်အရွယ်ခန့်ရှိ ၊ Tanu ဆိုသူ ဖြစ်ပြီး အနီးစပ်ဆုံး ရဲစခန်းသို့ ပို့ဆောင်ကာ မေးမြန်းမူပြုလုပ်သဖြင့် Semri Gaura ကျေးရွာတွင် မိခင် Renu Awasthi ဆိုသူနှင့် အတူ နေထိုင်ကာ အဒေါ်နှင့် ဥိးလေးတော်သူက ရောင်းစားရန်ကြံစည်ကြောင်း မအောင်မြင်သော အခါ အရှင်လတ်လတ် မြေမြုတ်လိုက်ခြင်းဖြစ်သည်ဟု ရဲဌာနမှ ပြောဆိုပါသည်။


မိခင်နေထိုင်ရာ နေအိမ်သို့အကြောင်းကြားသောအခါ မိခင်ဖြစ်သူမှာ လွန်ခဲသော သြဂုတ် ၂၀ ရက်နေမှ စတင်ကာ နေအိမ်သို့ပြန်ရောက်ခြင်း မရှိကြောင်းကို သိရသဖြင့် ရုပ်မြင်သံကြားအစိစဉ်မှ တဆင့် အကြောင်းကြားသောအခါ မိခင်ဖက်မှ ဖွားအေဖြစ်သူလာရောက်စုံစမ်းသည်ဟုဆိုပါသည်၊

ဖွားအေဖြစ်သူပြောပြချက်အရ Tanu ၏ မိခင်ဖြစ်သူသည် လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က လာရောက်ခဲ့ပြီး ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာမှ လိုက်လံရှာဖွေသည်ဟုဆိုပါသည်။

Tuangpu Siyin
ကိုးကား Dailymail

နောင်ချို နှင့် ဂုတ်ထိပ်ကြား ကုန်တင်ရထားတစ်စင်း တွဲချော်မှု ဖြစ်ပွား


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး - မန္တလေး မီးရထား လမ်းပေါ် နောင်ချိုဘူတာ နှင့် ဂုတ်ထိပ် ဘူတာကြား မိုင်တိုင်အမှတ် (၄၆၂/၂-၃) တွင် ကုန်တင်ရထား တစ်စင်း တွဲချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကုန်တွဲ(၇)တွဲ နှင့် ဘရိတ်တွဲ စုစုပေါင်း(၈) တွဲပါ အမှတ် (၂၅၉) အဆန် ကုန်တင် ရထားသည် နောင်ချိုဘက်မှ ကျောက်မဲဘက် သို့ မောင်းနှင် လာရာ သြဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က နောင်ချို ဘူတာ နှင့် ဂုတ်ထိပ် ဘူတာအကြား မိုင်တိုင်အမှတ် (၄၆၂/၂-၃) သို့ အရောက်၌ မိုးများ ရွာသွန်းထားမှု ကြောင့် မီးရထား၏ ပဉ္စမမြောက် ကုန်တွဲမှစ၍ နောက်ပိုင်း (၄)တွဲ တွဲချော် သွားခဲ့ရာ တွဲအမှတ် (၅)ရှိ ဘီးအမှတ် (၃/၅) အတွင်း ဘက်သို့ ကပ်ကျ၍ ဘီးအမှတ် (၄) အပြင်ဘက်သို့ ကပ်ကျ၊ တွဲအမှတ် (၆) ဘီးအမှတ် (၁/၄/၅/၆) အပြင်ကပ်ကျ၊ ဘီးအမှတ် (၂) မြေနှင့် လွတ်ပြီး လေပေါ်မြောက်၊ ဘီးအမှတ် (၃) အတွင်းကျ၊ ဘီးအမှတ်(၇) သံလမ်း ပေါ်တင်၊ ဘီးအမှတ်(၈) အတွင်းကပ်ကျ၊ တွဲအမှတ်(၇) ဒီဇယ်ဂါလန် ၇၂ဝဝ ပါ ဆီတွဲ ဘီးအမှတ် (၁/၂) အတွင်း ကပ်ကျ၊ ဘိုဂီ အထိုင်ပြုတ်ထွက်၊ ဘီးအမှတ် (၃/၄) သံလမ်းနှင့် လွတ် လေပေါ်မြောက် ဘီးအမှတ် (၅/၆) အပြင်ကျ၊
ဘီးအမှတ် (၇/၈) အပြင်ကျ၍ မြေကြီးထဲ ကျွံဝင်မှု တို့ ဖြစ်ပွားခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း နှင့် ၄င်းတွဲချော်သည့် ရထားကို ပြင်ဦးလွင် ဘူတာမှ မီးရထား ဝန်ထမ်းများ နှင့် နောင်ချိုဘူတာ မှ သံလမ်းပြင် အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်း၍ ပြန်လည် ဆယ်တင် နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဒုတိယအကြိမ် ကျောင်းတွင်းကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်


လွှတ်တော်သုံးရပ်မှ အတည်ပြုထားရှိပြီး သမ္မတလက်မှတ်ထိုးရန် ကျန်ရှိနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း၊ ကျောင်းပြင် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသားများက နံနက် ၉ နာရီကျော်တွင် ကျောင်းဝင်း အတွင်းရှိ တက္ကသိုလ်အားကစားခန်းမဆောင်မှ ပင်မလေးထပ်ဆောင်ရှေ့၊ ထိုမှတစ်ဆင့် ကျောင်းအနောက် အဝင်အထွက်ပေါက်သို့ လှည့်လည်ကာ အသံတိတ်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ထို့နောက် ကျောင်းအဝင်အထွက်အ နောက်ပေါက်မှ ကျောင်းအပြင်ဘက်လမ်း တစ်လျှောက်သို့လှည့်လည်ကာ ကျောင်းသား နှင့်ပြည်သူကိုအခြေမခံသော “အမျိုးသား ပညာရေးဥပဒေမူကြမ်းအား အလိုမရှိ”၊ မတရားထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း ဥပဒေများ အမြန်ဆုံးဖျက်သိမ်းပေး၊ အစမ်းသပ်ခံပညာရေးစနစ် လုံးဝအလိုမရှိ၊ အာမခံချက်မရှိသော ပညာရေးစနစ် လုံးဝအလိုမရှိ၊ ကျောင်းသားထု အခွင့်အရေးရရှိရေး စသည့်ကြွေးကြော်သံ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကျောင်းအဝင်အထွက် အလယ်ပေါက်တွင် စုပေါင်းကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ပထမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတုန်းက ကျောင်းသားထုက ပညာရေးဥပဒေကို ဆန္ဒပြတာတော့သိတယ်။ အမျိုးသားပညာရေးဥပဒေဆိုတာ ဘယ်လိုဟာလဲဆိုတာအ သေးစိတ်မသိကြဘူး။ ကြားထဲမှာ စိတ်ဝင်စားတဲ့ ကျောင်းသားထုက ပညာရေးဥပဒေကို မေးလာကြတယ်။ အဲဒါနဲ့ ပညာရေးဥပဒေကို ရှင်းလင်းတဲ့ ကြေညာချက်တွေ လိုက်ဝေတယ်။ ဒီဥပဒေက ဘာလဲဆိုတာသိတဲ့အခါ တခြားကျောင်းသားထုတွေပါ ပူးပေါင်းပါဝင် ကန့်ကွက်သွားနိုင်အောင်လို့ အခုလို ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ဖြစ်တာပါ” ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်မျိုးလှိုင်က ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် အမျိုးသားပညာရေးဥပဒေအား ကျောင်းသားကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများ၊ ပြင်ပမှပညာရှင်များ အချိုးအစားမျှတစွာ ပါဝင်ရေးဆွဲစေလိုကြောင်း၊ ရေးဆွဲသည့်အဖွဲ့အနေဖြင့် လွတ်လပ်သော တက္ကသိုလ်များဖြစ်ပေါ်ရေးအား ဦးတည်ကာ ကျောင်းသားအခွင့်အရေး၊ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများနှင့် လွတ်လပ်သော အသင်းအဖွဲ့အစည်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုကာ အသိအမှတ်ပြုပေးရေး၊ ပညာရေးလွတ်လပ်ခွင့်နှင့် သင်ရိုးညွှန်းတမ်းများ လွတ်လပ်ခွင့်ရရှိရေးတို့အား အလေးထား လုပ်ဆောင်ပေးလိုကြောင်း သိရသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားများမှ အဓိကပါဝင်ခဲ့ပြီး ကျောက်ဆည်၊ မုံရွာမှ တက္ကသိုလ်ကျောင်းသားများလည်း လာရောက်ပူးပေါင်းကာ ကျောင်းသားအင်းအား ၇ဝ နီးပါး ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း ဖျက်သိမ်းရေးအတွက် နေရာတစ်နေရာနှင့် အချိန်တစ်ချိန်တည်းတွင် ပြည်သူလူထုနှင့် ကျောင်းသားထုပါဝင်သော စုပေါင်းဆန္ဒထုတ်ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်းအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြီးခဲ့သည့် ဇွန်တတိယပတ်၌ အထက်မြန်မာပြည်ရှိ ကန့်ဘလူမြို့တွင်လည်းကောင်း၊ ဇူလိုင် ၇ ရက်က ပြင်ဦးလွင်မြို့တွင်လည်းကောင်း၊ ဇူလိုင် ၂၁ ရက်က မန္တလေးမြို့တွင်လည်း ကောင်း၊ ဇူလိုင် ၃ဝ ရက်က ကျောက်ဆည်မြို့တွင်လည်းကောင်း၊ ဩဂုတ် ၂၄ ရက်ကမုံရွာမြို့တွင်လည်းကောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များမှအသီးသီးဆန္ဒဖော်ထုတ်မှုပြုခဲ့ကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်၍ သမ္မတမှ အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံဆွေးနွေးရန် မှတ်ချက်ပြုထားကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း ကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့စဉ်

Eleven Media Group

ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသော သင်္ဘောဆီထုတ်ရောင်းသည် ဆိုသည့်သတင်း တပ်မတော်(ရေ)ပြန်လည်ရှင်း


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရာအနီး မြစ်ပြင်တွင် တပ်မတော်(ရေ)မှ အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး ဆီခိုးထုတ်နေသည်ဆိုသော အင်တာနက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံသတင်းနှင့် ပတ်သက်၍ တပ်မတော်(ရေ)က ဖြေရှင်းချက်ထုတ်ပြန်သည်။ ယင်းဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသလိုမဟုတ်ဘဲသင်္ဘောကြံ့ခိုင်ရေးအတွက် ပုံမှန်လွန်းတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း တပ်မတော်(ရေ)က ဖြေရှင်းချက် ထုတ်ပြန်သည်။


သြဂုတ် ၂၆ ရက်က အမှတ် (၅၆၆) တိုက်ရေယာဉ်၏ ဓာတ်ပုံနှင့်တကွ သင်္ဘောအတွင်း၊ အပြင် ပြု ပြင်ရေးလုပ်ဆောင်နေပုံများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်း ကြောင့် တပ်မတော်(ရေ)က သြဂုတ် ၂၇နေ့ရက်စွဲဖြင့် ဖြေရှင်းချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်တက်ရွက်များ မိုး လေ၀သနှင့်ညီစေရန် သင်္ဘော လွန်းကျင်းပေါ်တွင် ဂဟေဆော် ပါက မီးဘေးအန္တရာယ်ရှိနိုင်၍ သင်္ဘောဝမ်းဗိုက်ရှိ ဆီ၊ ဆီချေး၊ ရေနှင့်လောင်စာ အမျိုးမျိုးကို မြစ်ထဲတွင် သန့်ရှင်းဖယ်ရှားနေခြင်းသာဖြစ်သည်ဟု တပ်မတော်(ရေ)က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် တစ် နှစ်တစ်ခါ တိုက်ရေယာဉ်များကို ပြန်လည်စစ်ဆေးရသည့် နှစ်ပတ် လည်အချိန်နှင့်လည်း တိုက်ဆိုင် နေခြင်းကြောင့် ဖြစ်သည်ဟု ဆို သည်။

ဆီခိုးထုတ်သည်ဟု လူမှုကွန်ရက်ပေါ်တွင် တင်ပြမှုမှာ အထင်အမြင်လွဲမှားမှုသာဖြစ်ကြောင်း တပ်မတော်(ရေ)က တိုက်ရေယာဉ်ဓာတ်ပုံနှင့်တကွလူမှုကွန်ရက်တွင် ဖြေရှင်းထားသည်။

‘‘ဆီခိုးထုတ်တယ်ဆိုတာ အရင်ကတော့ ရှိခဲ့ပါတယ်။ တပ် သားတွေရဲ့ ရိက္ခာနဲ့ စရိတ်တွေအ တွက်ကလည်း လိုသေးတာကိုး။ လူမြင်သူမြင် အချိန်ကြီးမှာတော့ မလုပ်ကြပါဘူး။ ဒီဘက်ခေတ်မှာ တော့ ရိက္ခာကိုလည်း လောက်င အောင်ပေးပါတယ်’’ဟု တပ်မ တော် အဆင့်မြင့်အရာရှိကြီး အဖြစ်မှ အငြိမ်းစားယူခဲ့သူ တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာ သာကေတရှုခင်းသာတွင် တပ်မတော်(ရေ)မှ တိုက်ရေယာဉ် များ အလှည့်ကျ ရပ်နားကင်း လှည့်လေ့ရှိသည်။ ယခုခေါင်း ဆောင်းဆယ်ယူမှုကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများ နေ့စဉ် များပြားပြီး သင်္ဘောအတွင်းပိုင်း ပြင်ဆင်မှုအတွက် ဆီများထုတ် ယူနေခြင်းအပေါ် ရေယာဉ်လုပ် ငန်းနှင့် မနီးစပ်သူများအနေဖြင့် ဆီခိုးထုတ်နေသည်ဟု ထင်မြင် ချက်များ ထွက်ပေါ်လာခြင်း ဖြစ် ကြောင်း အဆိုပါ တပ်မတော် သားဟောင်းက ပြောကြားသည်။

ရန်ကုန်မြစ်ဝတွင် တွေ့ရသည့် တပ်မတော်(ရေ) စစ်ရေယာဉ်
7Day Daily

အေးချမ်းမိုးကို လူမှားပြီးအမေးခံရတယ်

အေးချမ်းမြတ်နိုး အသတ်ခံရတာ အထင်မှားပြီး သတင်းမေးခံရတယ်လို့ ပြည်မြန်မာသတင်းစာဖော်ပြထားတာကို တွေ့ရှိရပါတယ်


ပုရိသများအား ရင်သား ၂ မြွှာကို ကိုင်ညှစ်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေးအတွက် အပြာကားမင်းသမီးများ အလှူခံပုံ TV မှတိုက်ရိုက်ပြမည်

ဂျပန် အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မလေး တစ်သိုက်ဟာ ပရိတ်သတ်တွေ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုမယ့် ၂၄ နာရီကြာ အလှုခံမှုကို ပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။

အပြာကားမင်းသမီး ၉ ဦးက ရုပ်မြင်သံကြားမှာ တိုက်ရိုက်ပြသမယ့် ‘Stop! AIDS’ လူပ်ရှားမှုနဲ့ပတ်သတ်ပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုတွေကို မနည်းထိန်းထားရတာဖြစ်ပါတယ်လို့ ဌာနေမီဒီယာတွေကိုပြောပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီးညင်သာကြပါလို့တော့ တောင်းဆိုခဲ့ပါတယ်။

‘ကျွန်မရဲ့ရင်သားတွေကို လူတွေ ပွတ်သပ်ကိုင်တွယ်ကြမှာကိုတွေးပြီး ပျော်နေပါတယ်’ လို့ Rina Serina က Tokyo Sports ကိုပြောပါတယ်။ ‘ဒါပေမယ့် ရှင်တို့ကျေးဇူးပြုပြီး ညင်သာမယ်ဆိုရင် ကျွန်မအရမ်းပျော်ရွှင်ရမှာပါ’ လို့ပြောပါတယ်။ ‘ကျွန်မရဲ့ရင်သားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့ဘူး’ လို့ Serina ကပြောပါတယ်။ သူနဲ့လုပ်ငန်းတူ သရုပ်ဆောင် Iku Sakuragi ကတော့ သူမရဲ့ရင်သားတွေ လက်ပေါင်းရာကျော်နဲ့ အကိုင်အတွယ်ခံရမှာကို စိတ်ပူပန်ပုံမရပါဘူး။ ‘ဒါက အလှုအတန်းအတွက်ပါ။ ညှစ်ပါ၊ ပိုက်ဆံလှုပါ။ ပျော်ကြရအောင်’ လို့ Iku ကပြောပါတယ်။

ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။

Ref: barstoolsports.com

Trend Myanmar

အလှမယ်တစ်ဦး လိင်တူဆက်ဆံသူဖြစ်နေ

၂၀၁၃ Miss Spain ဖြစ်သူ Patricia Yurena ဟာ လိင်တူဆက်ဆံသူဖြစ်ကြောင်း သိရှိခဲ့ရတာကြောင့် ပရိသတ်များ အံ့အားသင့်ခဲ့ရပါတယ်။ Patricia ဟာ ဓာတ်ပုံတစ်ပုံကို အွန်လိုင်းမှာ တင်ခဲ့တာဖြစ်ပြီး ဒီပုံဟာ သူ့ရဲ့မိန်းကလေးရည်းစား Vanesa Klein နဲ့ အတူအိပ်နေတဲ့ပုံဖြစ်ပါတယ်။

Vanesa Klein ဟာ စပိန်အဆိုတော်တစ်ဦးဖြစ်ပြီး DJ သမားတစ်ဦးလည်း ဖြစ်ပါတယ်။
'Romeo and Juliet’ လို့ခေါ်တဲ့ ဒီပုံဟာ လွန်ခဲ့တဲ့ သုံးရက်က Instagram မှာ တင်ခဲ့တာဖြစ်ပြီး လိုက်ခ် ၅၀၀၀ လောက်ရရှိနေပြီလို့ ဆိုပါတယ်။

The Local ရဲ့အဆိုအရ ဒီဓာတ်ပုံနဲ့ပက်သက်ပြီး
“ကျွန်မလုပ်ခဲ့တာကို ကျွန်မဝမ်းမနည်းဘူး။ ကျွန်မဘဝကို ကျွန်မပျော်လို့ လုပ်လိုက်တာပဲ”လို့ အလှမယ် Patricia က ပြောကြားခဲ့ပါတယ်။

Patricia ဟာ Miss Spain သရဖူကို ၂၀၀၈ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ထူးထူးခြားခြား နှစ်ကြိမ်ရထားသူလည်းဖြစ်ပါတယ်။
“ရှင်တို့အားလုံးရဲ့ကော်မန့်တွေအတွက် ကျေးဇူးတင်တယ်။ ဓာတ်ပုံကို ဘာရည်ရွယ်ချက်မှမရှိဘဲ ဒီလိုဘဲ တင်လိုက်တာပါ။ ရှင်တို့အားလုံးရဲ့ထောက်ခံမှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ စပိန်အလှမယ်က ဓာတ်ပုံနဲ့ပက်သက်ပြီး တွစ်တာမှာ ထပ်မံရေးသားခဲ့ပါတယ်။
ဖိုးသူတော်

ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


ရန်ကုန်တိုင်းအစိုးရက မြို့သစ်တခုတည်ဆောက်မယ့်စီမံကိန်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီတခုကို ပြိုင်ဖက်မရှိခွင့်ပြုခဲ့တာဟာ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရ တာဝန်ယူခဲ့ချိန်ကစပြီးပြောဆိုခဲ့တဲ့ ကတိစကားတွေနဲ့ ကွဲလွဲနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။


"ဒီအစိုးရစတက်ကတည်းကပြောနေတာ ဘယ်လောက်ပေးဆပ်မှုလည်းဆိုတာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုပြီးတော့ ခုကျတော့ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုလို့ရှိရင် good government ဆိုတဲ့ဒီသဘောတရားကို လက်လျော့လိုက်ပြီလားဆိုတာ မေးရတော့ မလိုဖြစ်နေပါတယ်"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး သဘောထားလွဲလွဲမှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ လူတွေမှာ

တူညီတဲ့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် မတူညီတဲ့အမြင်တွေကို ညှိနှိုင်းလို့ရမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA Burmese