Showing posts with label နိုင်ငံတကာအားကစားသတင်း. Show all posts
Showing posts with label နိုင်ငံတကာအားကစားသတင်း. Show all posts

အာဆင်နယ်ပွဲမှ အပြုအမူကြောင့် သုံးပွဲပယ်ပြစ်ဒဏ်ခံလိုက်ရတဲ့ ဒီယေဂိုကော်စတာ



စက်တင်ဘာ ၂၃၊ လန်ဒန် ။ ။ စနေနေ့က ကစားခဲ့သောပွဲတွင် အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ အပေါ်ပြုမူခဲ့သည့် အပြုအမူအတွက် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာသည် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်ကစားသော လန်ဒန်ဒါဘီပွဲစဉ်တွင် ဘောလုံးယှဉ်လုစဉ် ဒီယေဂိုကော်စတာသည် ကိုစီရယ်နီ၏မျက်နှာကို ကုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်ကအရေးယူခံရခြင်းမရှိသော်လည်း ကြမ်းတမ်းသည့်အပြုအမူအတွက် စွဲချက်တင်ခံရပြီးနောက် သုံးပွဲပယ်ခံလိုက်ရခြင်းဖြစ်သည်။ ယင်း ပြစ်ဒဏ်နှင့်ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်ရသည်ဟု ချယ်လ်ဆီးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

"ဒီယေကိုကော်စတာကိုပွဲပယ်တဲ့ အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကြောင့် အသင်းအနေနဲ့လွန်စွာစိတ်ပျက်မိပါ သည်။ ရှေ့ဆက်သဘောထားမထုတ်ပြန်မီ အရေးယူရခြင်း အကြောင်းပြချက်ကို စောင့်ဆိုင်းနေပါသည်"ဟု ချယ်လ်ဆီးအသင်းက ကြေညာ ချက်ထုတ်ထားသည်။

စပိန်လက်ရွေးစင်တိုက်စစ်မှူး ဒီယေဂိုကော်စတာအနေဖြင့် ဗုဒ္ဓဟူးညတွင် ဝါဆောနှင့်ကစားမည့် ကက်ပီတယ်ဝမ်းဖလားအပါအဝင် အင်္ဂလန် ပြည်တွင်းပွဲစဉ် သုံးပွဲကိုလွဲချော်မည်ဖြစ်သည်။

ဝါဆောပွဲပြီးနောက် အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးသည် ပရီးမီးယားလိဂ်ပွဲများဖြစ်သော နယူးကာဆယ်၊ ဆောက်သမ်တန်တို့နှင့်ပွဲများ ကိုဆက်လက်လွဲချော်မည်ဖြစ်ပြီး အောက်တိုဘာ ၁၇ တွင် အဝေးကွင်း၌ အက်စတွန်ဗီလာနှင့်ကစားရမည့်ပွဲမှ ပြန်လည်ပါဝင်နိုင် မည်ဖြစ်သည်။

"ပွဲကြီးကြပ်သူများကမြင်တွေ့ခဲ့ခြင်းမရှိသော်လည်း လွတ်လပ်သည့်စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ရုပ်သံပြကွက်များကိုကြည့်ကာ ပြန် လည်စစ်ဆေးပြီးနောက် အက်ဖ်အေအနေဖြင့် ဒီယေဂိုကော်စတာကို ကြမ်းတမ်းစွာကစားမှုဖြင့် စွဲချက်တင်ခဲ့ပါသည်။ ချယ်လ်ဆီးတိုက်စစ်မှူး တွင် အပြစ်ရှိကြောင်းတွေ့ရသဖြင့် စံပြပြစ်ဒဏ်အဖြစ် သုံးပွဲပယ်လိုက်ခြင်းဖြစ်ပါသည်"ဟု အက်ဖ်အေ ကကြေညာချက် ထုတ်ခဲ့သည်။

အဆိုပါပွဲတွင် ထုတ်ပယ်ခံရသော ဂါဘရီရယ်အတွက် အာဆင်နယ်အသင်း၏ အယူခံမှာမူ အောင်မြင်ခဲ့သည်။ ဘရာဇီးနောက်ခံလူသည် ဒီယေဂိုကော်စတာနှင့် အကြိမ်ကြိမ် အချင်းများမှု အတွင်းကော်စတာ ကိုကန်မိခဲ့သည်။

သို့သော် အာဆင်နယ်အသင်း၏အယူခံကိုလက်ခံကြောင်းနှင့် ပြစ်ဒဏ်ကိုရုတ်သိမ်းလိုက်ကြောင်း အက်ဖ်အေက အင်္ဂါနေ့တွင် ကြေညာခဲ့ သည်။ ဂါဘရီရယ်သည် အနီကတ်ပြခံရစဉ် ကွင်းလယ်ဒိုင် မိုက်ဒိန်းကိုတုန့်ပြန်ခဲ့သည့် မလျော်ကန်သောအပြုအမူအတွက် သီးခြားစွဲချက် တင်ခံထားရဆဲဖြစ်သည်။

Ref; Daily Mail
Mizzima

လာလီဂါ အကောင်းဆုံး ကစားသမားဆု အပါအ၀င် ဆု ၃ ခု စီရိုနယ်ဒို ရရှိ


ပြီးခဲ့တဲ့ ရာသီ လာလီဂါ အကောင်းဆုံး ကစားသမားဆု အပါအ၀င် ဆု ၃ ဆုကို ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုက ရရှိသွားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါပွဲ ၃၀ ကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူ ပေးခဲ့သူဖြစ်ပါတယ်။ အခု LFP ဆုကို ၂၀၀၈-၀၉ ခုနှစ်ကကစပြီး ချီးမြှင့်ခဲ့တာပါ။

အရင်က မက်ဆီကပဲ တောက်လျှောက်ရခဲ့ပြီး အခုနှစ်မှာမှ စီရိုနယ်ဒိုက ရရှိသွားပြီး အကောင်းဆုံး တိုက်စစ်မှူး အဖြစ်လည်း အရွေးခံခဲ့ရပါတယ်။

ဒါ့အပြင် ဗလင်စီယာနဲ့ ပွဲမှာ သူသွင်းခဲ့တဲ့ ဂိုးကိုလည်း အကောင်းဆုံးဂိုးအဖြစ် ရေးချယ်ခဲ့ပါတယ်။

အခြားဆုတွေကတော့ အကောင်းဆုံး နည်းပြဆုကို အက်သလက်တီကိုက ဆီမြွန်းနီ၊ အကောင်းဆုံး ဂိုးသမားဆုကို အခုရီးရဲလ်ကို ပြောင်သွားပြီဖြစ်တဲ့ လီဗန်တေးက နာဗက်စ်။ အကောင်းဆုံး ခံစစ်မှူးဆုကို ရီးရဲလ်က ရာမို့စ်၊ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားဆုကို ရီးရဲလ်က မိုဒရစ်၊ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားဆုကို ဘာစီလိုနာက အင်နစ္စတာ၊ အကောင်းဆုံး အာဖရိက ကစားသမားဆုကို ဂရာနာဒါက ဘရာဟီမီ၊ အကောင်းဆုံး တောင်အမေရိကသားဆုကို ဆီဗီလာက ဘက်ကာ တို့က ရရှိခဲ့ပါတယ်။

By ဒီဗွီဘီ

၂၀၁၃-၁၄ လာလီဂါအကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံး တိုက်စစ်မှူး ဆုနှင့် အကောင်းဆုံး သွင်းဂိုး ဆုများကို စီရော်နယ်ဒို သိမ်းပိုက်


၂၀၁၃-၁၄ လာလီဂါအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ရာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဆုအများအပြားကို သိမ်းပိုက်သွားခဲ့သည်။

ပြီးခဲ့သည့်ရာသီက လာလီဂါတွင် ပွဲ ၃၀ ကစားပြီး ၃၁ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့သည့် စီရော်နယ်ဒိုသည် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး တိုက်စစ်မှူးဆုနှင့် အကောင်းဆုံးသွင်းဂိုး ဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လာလီဂါချန်ပီယံဆုကို ရယူနိုင်ခြင်းမ ရှိသော်လည်း အသင်းအတွက် အကောင်ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ်ဆုဖလားနှင့် ကိုပါဒယ်ရေး ဆုဖလားများကို ရယူပေးနိုင်ခဲ့သည့်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

လာလီဂါအကောင်းဆုံးဆုများကို စတင်ပေးအပ်ခဲ့သည့် ၂၀၀၉-၁၀ ခုနှစ်မှ စတင်ပြီး မက်ဆီသာ တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုကို ဆက်တိုက်သိမ်းပိုက် ထားခဲ့ရာ ရော်နယ်ဒိုက ယခုနှစ်တွင် ချိုးဖျက် ရယူနိုင်ခြင်းဖြစ်သည်။

လာလီဂါပွဲစဉ် ၃၆ တွင် ရီးယဲလ်အသင်းက ဗလင်စီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းယူခဲ့သော ဂိုးဖြင့် အကောင်းဆုံးဂိုးဆုကို စီရော်နယ်ဒိုကပင် သိမ်းပိုက်ခဲ့သည်။ ဘယ်တောင်ပံက ဒီမာရီယာဖြတ်တင်ပေး သည့် ဘောလုံး ကို ရော်နယ်ဒိုက လေထဲတွင် ခြေဖနောင့်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကို အသင်းကို လာလီဂါချန်ပီယံ ဆုဖလားရ ရှိအောင်ဦးဆောင်ပေးခဲ့သည့်နည်းပြ ဆီမြွန်နီမှာအကောင်း ဆုံး နည်းပြဆုကို ရရှိခဲ့သည်။ ၁၉၉၅-၉၆ ခုနှစ်နောက်ပိုင်း အက်သလက်တီကိုအသင်းကို လာလီဂါ ချန်ပီယံ ဆုဖလားရ ရှိ စေရန် ဆီမြွန်နီက ဦးဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးဂိုးသမားဆုကို လီဗန်တေးဂိုးသမား ကေလာနာဗက်စ်က ရရှိခဲ့ပြီး အကောင်းဆုံး နောက်ခံကစားသမားဆုကို ရီးယဲလ်နောက်ခံလူ ရာမို့စ်က လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုကို ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်က လည်းကောင်း၊ အကောင်းဆုံးကွင်းလယ်တိုက်စစ် ကစားသမား ဆုကို ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာက လည်းကောင်းအသီးသီး ရရှိခဲ့ကြသည်။

အတိုးတက်ဆုံးလူငယ်ကစားသမားဆုကိုမူ ဆယ်လ်တာဗီဂိုအသင်းမှ ရာဖင်ဟာအယ်လ်ကန်တာရာက ရရှိခဲ့သည်။ ရာဖင်ဟာအယ်လ်ကန်တာရာသည်ဆယ်လ် တာဗီဂိုအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘာစီလိုနာမှ ဆယ်လ်တာဗီဂိုသို့ အငှားသွားရောက်ကစားခဲ့သော ရာဖင်ဟာသည် ယခုနှစ်တွင် နည်းပြ အင်းနရစ်နှင့်အတူ ဘာစီလိုနာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

လာလီဂါအကောင်းဆုံးဆုပေးပွဲတွင် ထည့်သွင်းပေးအပ်လေ့ရှိသည့် အာဖရိကအကောင်းဆုံးကစားသမားဆုကို ဂရန်နာဒါကွင်းလယ်တိုက်စစ်ကစားသမားယာ စီနီဘရာဟီမီက ရရှိခဲ့ပြီး အကောင်းဆုံး တောင်အမေရိက ကစားသမားဆုကိုမူ ဆီဗီလာ တိုက်စစ်မှူး ဘက်ကာက ရရှိသွားခဲ့သည်။

အသန့်ရှင်းဆုံးအသင်းဆုကို အီဘာအသင်းက ရရှိခဲ့ပြီး အသန့်ရှင်းဆုံးကစားသမားဆုကို ဆီဗီလာအသင်းခေါင်းဆောင် ရာကီတစ်က ရရှိခဲ့သည်။

၂၀၁၃-၁၄ လာလီဂါတစ်နှစ်တာအကောင်းဆုံးဆု ရရှိသူများ

တစ်နှစ်တာအကောင်းဆုံးကစားသမားဆု စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆု စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆု စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးအလယ်တန်းဆု မိုဒရစ်(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးကွင်းလယ်တိုက်စစ်ဆု အင်နီယေစတာ(ဘာစီလိုနာ)

တစ်နှစ်တာအကောင်းဆုံးနောက်တန်းဆု ရာမို့စ်(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု ကေလာနာဗက်စ်(လီဗန်တေး)

တစ်နှစ်တာအကောင်းဆုံးအာဖရိက ကစားသမားဆု ဘရာဟီမီ(ဂရန်နာဒါ)

တစ်နှစ်တာအကောင်းဆုံးတောင်အမေရိက ကစားသမားဆု ဘက်ကာ(ဆီဗီလာ)

အတိုးတက်ဆုံးလူငယ်ကစားသမားဆု ရာဖင်ဟာအယ်လ်ကန်တာရာ(ဆယ်လ်တာဗီဂို)

ရည်ညွှန်း အယ်လ်အက်ဖ်ပီ
Mizzima

မော်ရင်ဟို၏ ဝေဖန်မှုကြောင့် ခြေစွမ်း ပိုကောင်းလာဟု အီဒင်ဟားဇက်ကပြော



နည်းပြဟိုဆေးမော်ရင် ဟို၏ ဝေဖန်ပြောဆိုမှုများမှာ မိမိ ကို ပိုကောင်းသော ကစားသမား ဖြစ်လာရန် အထောက်အကူဖြစ်စေသည်ဟု ချယ်လ်ဆီးတိုက်စစ် မှူး အီဒင်ဟားဇက်ကပြောသည်။

ဘယ်လ်ဂျီယမ်လက်ရွေး စင်ဟားဇက်သည် ပြီးခဲ့သည့် ရာ သီက ပေါ်တူဂီနည်းပြ၏ လက်အောက်တွင် တောက်ပခဲ့သူဖြစ် သည်။

ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ရွေးချယ်ဝေ ဖန်ခံခဲ့ရသော်လည်း မော်ရင်ဟို အပေါ် လေးစားမှုကြီးမားဆဲဖြစ် ကြောင်း ဟားဇက်က ဆိုသည်။ မော်ရင်ဟို၏ အချစ်ကြမ်းသော ပုံစံမှာ မိမိ၏ အလားအလာကို ဖွင့်ထုတ်ပေးနိုင်သည်ဟု ယုံကြည်ကြောင်းဘယ်လ်ဂျီယမ်လက်ရွေး စင်က ပြောသည်။

‘‘လေးစားမှုတွေ အများကြီး ရှိပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြပါ။ ကျွန် တော့်ကို ယုံကြည်မှုအများကြီးရ စေပါတယ်’’ဟု ဟားဇက်က ပြောကြားပြီး မော်ရင်ဟိုနှင့် ကစားသမားများကြား အပြင်းထန်ဆုံး ပေါက်ကွဲမှုများမှာ အ၀တ်လဲခန်းအတွင်း၌သာပြီးဆုံးသွားသည်ဟု ၎င်းကဆက်လက်ပြောသည်။

ReF:Goal

အမ်အာရ်ဂျေ အမျိုးအစားလေယာဉ် မစ်ဆူဘီရှီ စတင်ထုတ်လုပ်တော့မည်


ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် ဒီဇိုင်းပုံစံထုတ် တည်ဆောက်သည့် အမ်အာရ်ဂျေအမျိုးအစား ခရီးသည်တင် ဂျက်လေယာဉ် စတင်ထုတ်လုပ်မှု အခမ်းအနားကို နိုင်ငံအလယ်ပိုင်းနာဂိုယာမြို့ရှိ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းစက်ရုံ၌ အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက သတင်းထုတ်ပြန်သည်။

အမ်အာရ်ဂျေ အမျိုးအစား ဂျက်လေယာဉ်သည် တာတိုနှင့်တာလတ်ပျံသန်းနိုင်သည့် လေယာဉ်ဖြစ်ပြီး တာဘိုဖန်အင်ဂျင် အသုံးပြုကာ မစ်ဆူဘီရှီဒေသသုံး ဂျက်လေယာဉ်(အမ်အာရ်ဂျေ)ဟု အမည်ပေးထားသည်။ အမ်အာရ်ဂျေလေယာဉ်သည် လောင်စာဆီစား သက်သာပြီး အလေးချိန်အရ ပေါ့ပါးသည့် ကာဘွန်-ဖိုင်ဘာကွန်ပိုစစ်ကို အသုံးပြုကာ တည်ဆောက်ထားသည်။

မစ်ဆူဘီရှီ ကုမ္ပဏီ၏ အမ်အာရ်ဂျေ-၉ဝ အမျိုးအစား ဂျက်လေယာဉ်သည် ထိုင်ခုံ ၈၈ လုံး၊ အမ်အာရ်ဂျေ-၇ဝ အမျိုးအစား ဂျက်လေယာဉ် ထိုင်ခုံ ၇၆ လုံး၊ အမ်အာရ်ဂျေ-၁ဝဝ အမျိုးအစား ဂျက်လေယာဉ်သည် ထိုင်ခုံ ၁ဝဝ ပါဝင်မည်ဖြစ်ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။

လာမည့်နှစ် ဒုတိယနှစ်ဝက်တာ ကာလအတွင်း ပထမဆုံးအကြိမ် ခရီးစဉ် ပျံသန်းနိုင်မည်ဟု မျှော်လင့်ရသည်။ နာရီပေါင်း ၂၅ဝဝ ကြာမျှ စမ်းသပ်ပျံသန်းမှု ပြုလုပ်သွားရန် ကုမ္ပဏီက စီစဉ်ထားသည်။ ကျိုဒို။

The Mirror Daily

လီဗာပူးကို ချန်ပီယံလိဂ်ဝင်အောင် ကူညီပေးခဲ့ဟု ဆွာရက်ဇ်ဝင့်ကြွား


ဘာစီလိုနာ− ဥရုဂွေးတိုက်စစ်မှူး လီဗာပူးကစားသမားဟောင်း ဆွာရက်ဇ်က ၎င်းသည် ချန်ပီယံလိဂ်သို့ လီဗာပူး ပြန်ရောက်အောင် ကူညီပေးခဲ့သည့် အဓိကမောင်းနှင်အားဖြစ်ကြောင်း ဂုဏ်ယူစွာပြောဆို လိုက်သည်။


ယခုရာသီအစတွင် ဘာစီလိုနာသို့ ယူရို ၉၄ သန်းဖြင့် ရောက်ရှိခဲ့သည့် ဆွာရက်ဇ်သည် လီဗာပူး၌ နောက်ဆုံးကစားခဲ့သည့် ပြီးခဲ့သည့်ရာသီတွင် (၃၃)ပွဲ ကစားပြီး ၃၁ ဂိုး သွင်းပေးခဲ့သည်။ ထို့အပြင် အသင်းသည် ပရီးမီးယားလိဂ်တွင် မန်စီးတီးနောက်၌ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့မှုကြောင့် ချန်ပီယံလိဂ်နှင့် ငါးနှစ်တာဝေးနေခြင်း အဆုံးသတ်နိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲသို့ပြန်ဝင်ရောက်နိုင်ခဲ့သည်။

‘‘ပုဂ္ဂိုလ်ရေးအောင်မြင်မှုတွေဟာ အမြဲပဲပျော်ရွှင်ရစေပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကောင်းကို အသိအမှတ်ပြုခံရလို့ပါ။ ကျွန်တော် လီဗာပူးကို ထိပ်တန်းရောက်အောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်ဖို့အထိတောင် နီးကပ်ခဲ့ပါတယ်။ အသင်းကလုပ်ခဲ့တာတွေ အားလုံးကိုလည်း ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ခြောက်ပွဲလွဲခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းခဲ့တဲ့ဂိုးတွေ အားလုံးကလည်း ပင်နယ်တီကနေ မဟုတ်ခဲ့ပါဘူး’’ဟု ၎င်းကဆိုသည်။

ဆွာရက်ဇ်သည် လာမည့် သီတင်းပတ်တွင် ပွဲပယ်ပြစ်ဒဏ် ကုန်ဆုံးပြီဖြစ်၍ အယ်လ်ဂလက်စီကိုဒါဘီခေါ် ရီးရဲလ်နှင့် ဘာစီလိုနာထိပ်တိုက်တွေ့မည့်ပွဲတွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။
7 Day

စီရော်နယ်ဒို၊ အွန်နရီ၊ ပီယာလိုနှင့် ရွန်နီတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ရွှေခြေထောက်ဆုကို အင်နီယေစတာ ရရှိ

မိုနာကို၊ အောက်တိုဘာ ၁၄။ ။ပြီးခဲ့သည့် တနင်္လာနေ့က မိုနာကိုမြို့တွင် ၂၀၁၄ ခုနှစ်၏ ရွှေခြေထောက်ဆုပိုင်ရှင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဘာစီလိုနာနှင့် စပိန်ကွင်းလယ်ကစားသမား အင်နီယေစတာက ဆွတ်ခူးရရှိသွားခဲ့သည်။
အသက် ၂၈ နှစ်အထက် ကစားသမားများကိုသာ ရွေးချယ်ချီးမြှင့်သော ထိုဆုအတွက် အင်နီယေစတာသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် စီရော် နယ်ဒို၊ အင်္ဂလန်တိုက်စစ်မှူးရွန်နီ၊ ပီယာလို၊ အွန်နရီ၊ နျူအာ၊ သီယာဂိုဆေးလ်ဗား၊ ရီဘာရီတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ဆုရရှိခဲ့ခြင်းဖြစ်သည်။

အင်နီယေစတာသည် ရွှေခြေထောက်ဆုကို ရရှိသည့် ပထမဆုံး ဘာစီလိုနာကစားသမားနှင့် စပိန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

အင်နီယေစတာသည် မိုနာကိုတွင်ကျင်းပခဲ့သည့် ဆုပေးပွဲအခမ်းအနားသို့ ဇနီးသည် အန်နာအော့ တစ်နှင့်အတူတက် ရောက်ခဲ့ပြီး ခြေထောက် တံဆိပ်ခတ်နှိပ် ကာ ဆုလက်ခံရယူခဲ့သည်။ “၂၀၁၄ ရွှေခြေထောက်ဆုကို ရရှိခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အင်နီယေစတာက ဆုပေးပွဲ အခမ်းအနား တွင် ပြောကြားခဲ့သည်။

ရွှေခြေထောက် ဆုအတွက် ကစားသမား များရွေးချယ် ရာတွင် အွန်လိုင်းမှ မဲပေးသည့် စနစ်ကို အဓိက အသုံးပြုခြင်း ဖြစ်ပြီး နောက်ဆုံးတွင်ကမ္ဘာ့ အားကစား ကလောင်ရှင်များက ကစားသမား၏ ကွင်းအတွင်းအောင်မြင်မှုနှင့် ကွင်းပြင်ပ နေထိုင်မှုပုံစံကို ကြည့်၍ ရွေးချယ်ခြင်းဖြစ်သည်။

၁၉၉၆ ခုနှစ်ကတည်းက ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့်အင်နီယေစတာသည်ဘာစီလိုနာအသင်းနှင့်စပိန်လက်ရွေးစင်အသင်းတို့အတွက် အောင်မြင်မှုများစွာ ယူဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ရွှေခြေထောက်ဆုကို ၂၀၀၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး အီတလီတိုက်စစ်မှူး ရော်ဘတ်တိုဘက်ဂီယိုက ပထမဆုံး ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ နှစ်က ထိုဆုကို ချယ်လ်ဆီးတိုက်စစ်မှူးဒရော့ဂ်ဘာက ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ပီအက်စ်ဂျီနှင့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ရရှိခဲ့သည်။


၂၀၁၄ ရွှေခြေထောက်ဆုအတွက် ဆန်ခါတင် စာရင်း

စီရော်နယ်ဒို၊ ရွန်နီ၊ နျူအာ၊ ပီယာလို၊ အင်နီယေစတာ၊ သီယာဂိုဆေးလ်ဗား၊ ရီဘာရီ၊ ယာယာတိုရေး၊ အွန်နရီ၊ မာတာ

ယခင် ရွှေခြေထောက်ဆု ပိုင်ရှင်များ

၂၀၀၃ ရော်ဘတ်တိုဘက်ဂီယို ဘရက်ရှား၊ အီတလီ

၂၀၀၄ နက်ဗက် ဂျူဗင်တပ်စ်၊ ချက်

၂၀၀၅ ရှက်ဗ်ချင်ကို အေစီမီလန်၊ ယူကရိန်း

၂၀၀၆ ရိုနယ်ဒို ရီးယဲလ်၊ ဘရာဇီး

၂၀၀၇ ဒယ်လ်ပီယာရို ဂျူဗင်တပ်စ်၊ အီတလီ

၂၀၀၈ ရော်ဘတ်တိုကားလို့စ် ဖီနာဘာချီ၊ ဘရာဇီး

၂၀၀၉ ရော်နယ်ဒင်ဟို အေစီမီလန်၊ ဘရာဇီး

၂၀၁၀ တော့တီ ရိုးမား၊ အီတလီ

၂၀၁၁ ရွိုင်ယန်ဂစ် မန်ယူ၊ ဝေးလ်

၂၀၁၂ အီဗရာဟီမိုဗစ်ခ်ျ ပီအက်စ်ဂျီ၊ ဆွီဒင်

၂၀၁၃ ဒရော့ဂ်ဘာ ဂါလာတာစာရေး၊ အိုင်ဗရီကို့စ်

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima

ဒူးအရွတ် ဒဏ်ရာကြောင့် အိုဇေးလ် ၂၀၁၄ နှစ်အကုန်အထိ အနား ယူရမည်


အာဆင်နယ်အသင်း၏အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် အိုဇေးလ်သည် ဒူးအရွတ်ဒဏ်ရာကြောင့် သုံးလခန့် အနားယူရတော့ မည်ဖြစ်သည်။ နိုင် ငံတကာပွဲစဉ်များကစားရန် ဂျာမနီအသင်းသို့ သွားရောက်ချိန်တွင် အိုဇေးလ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် ထိုဒဏ်ရာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအာဆင်နယ်အသင်းတွင် ဂီရော့ဒ်၊ ဒီဘူချီ၊ ရမ်ဆေး၊ အာတီတာ စသည့် အဓိက ကစားသမားများ ဒဏ်ရာရရှိနေသည့်အတွက် အိုဇေးလ်၏သတင်းသည် အာဆင်နယ်အသင်းနှင့် အာစင်ဝင်းဂါးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

အိုဇေးလ်၏ ဘယ်ဘက်ဒူးအရွတ်တွင် အနည်းငယ်စုတ်ပြဲနေသည့်အတွက် ယခုလတွင်ကစားမည့် ပိုလန်၊အိုင်ယာလန်တို့နှင့်ပွဲစဉ်များအပြင် နိုဝင်ဘာလတွင်က စားရမည့် ဂျီဘရော်တာ၊ စပိန် တို့နှင့်ပွဲစဉ်များတွင်လည်း ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က အတည်ပြုသည်။

“MRI ဆေးစစ်ချက်တွေအရ အိုလ်ဇေးရဲ့ ဘယ်ဘက်ဒူးအပြင်ဘက်အရွတ်က အနည်းငယ်ပျက်စီးနေပါတယ်။ဒီဒဏ်ရာကို ပြုစုကုသပြီးရင် ခြောက်ပတ်လောက် လှုပ်ရှားလို့ ရမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အနည်းဆုံး ၁၀ ပတ်နဲ့ ၁၂ ပတ်လောက် အနားယူရပါလိမ့်မယ်” ဟု ဂျာမနီအသင်းက ကြေညာသည်။

အာဆင်နယ်အသင်း၏ကြံ့ခိုင်ရေးနည်းပြ ဖော်ဆိုင်တီသည် ဂျာမနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အသင်းသို့ အိုဇေးလ်ပြန်မရောက်သေး သည့်အတွက် ဒဏ်ရာနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အာဆင်နယ်အသင်းက ကြေညာသည်။

ထိုဒဏ်ရာကြောင့် အိုဇေးလ်သည် အာဆင်နယ်အသင်း၏ ပွဲစဉ် ၁၆ ပွဲခန့်ကို လွဲချော်ရတော့မည်ဖြစ်သည်။ ထိုပွဲစဉ်များတွင်အန်ဒါလက်ခ်ျ၊ ဒေါ့တ်မွန်၊ဂါလာတာ စာရေးတို့နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ် လေးပွဲနှင့် မန်ယူ၊ လီဗာပူးလ်တို့နှင့် ပွဲစဉ်များ ပါဝင်လျက်ရှိသည်။

Mizzima

ဝေးလ်စ်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဂါရတ်ဘေးလ် လေးကြိမ်မြောက် စံချိန်တင်ရရှိ



ရီးရဲလ်မက်ဒရစ်၏ တောင်ပံကစားသမား ဝေးလ်စ် လက်ရွေးစင် ဂါရတ်ဘေးလ်သည် ကစားသမားဘဝတွင် လေးကြိမ် မြောက်အဖြစ် ဝေးလ်စ်တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကို ဆွတ်ခူးခဲ့သလို ပရိ သတ်များ ရွေးချယ်သည့် တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကိုလည်း ရရှိခဲ့သည်။

ဘေးလ် (၂၅) နှစ်သည် ရီးရဲလ်အတွက် ခြေစွမ်းပြရင်း ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ၂၀၁၄ တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းဖြစ် သည်။ ၎င်းသည် ထိုဆုကို ငါးနှစ်အတွင်းလေးကြိမ်မြောက်ရခဲ့ကာ ယခင်က ထိုဆုကို သုံးကြိမ်စီရခဲ့ ဖူးသည့် မက်ဟယူးဇ်နှင့် ဂျွန်ဟတ် ဆန်တို့ကို ကျော်လွန်ကာ စံချိန် သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘေးလ်သည် ယမန်နှစ်က ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်း ရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ရောက်ခဲ့ပြီးနောက် အသင်းနှင့် လာလီဂါ ၂၇ ပွဲကစားကာ ၁၅ ဂိုးသွင်းခဲ့ပြီး ချန်ပီယံလိဂ်၊ ယူအီး အက်ဖ်အေ စူပါဖလားနှင့် ကိုပါ ဒယ်ရေးဖလားသုံးလုံး ဆွတ်ခူးနိုင် ခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ်ကတော့ ထူးခြား တဲ့နှစ် ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်ကို ကျွန်တော်ရောက်လာခဲ့ပြီး ဆုဖလားတွေရခဲ့တယ်။ ကံကောင်း ခဲ့ပါတယ်’’ ဟု ပြောသည်။

ဝးလ်ပရိသတ်များပေး သည့် တစ်နှစ်တာကောင်းဆုံးဆု ရထားသော ဘေးလ်သည် မကြာမီ ကစားမည့် ယူရို ၂၀၁၆ ခြေစစ် ပွဲ များတွင်လည်း ဘော့စနီးယား-ဟာဇီဂိုးဗီးနားနှင့် ဆိုက်ပရပ်စ်တို့ နှင့် ပွဲများ၌ ဝေးလ်စ်လက်ရွေးစင် အသင်းတွင် ပါဝင်ကစားမည်ဖြစ် သည်။ 
 —Ref: Goal

မန်ယူမှ ထွက်ခွာရန် စဉ်းစားခဲ့ဖူးကြောင်း ဒီဂီယာ ၀န်ခံ

မန်ချက်စတာ၊ အောက်တိုဘာ ၇။ မန်ယူအသင်းသို့ ရောက်ရှိသည့်အချိန်က ရင်ဆိုင်ခဲ့ရသော ဝေဖန်မှုများကြောင့် အသင်းပြောင်းရန် စဉ်းစားဖူးခဲ့ကြောင်း လူငယ် ဂိုးသမားဒီဂီ ယာက ၀န်ခံပြောကြား ခဲ့ပြီး ယခုအချိန်တွင်မူ ၎င်း၏ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဟု ယုံကြည်ကြောင်းနှင့် အရာရာကို ဆက်လက် ရင်ဆိုင်သွားရန် အသင့်ဖြစ်နေပြီဟု ဒီဂီယာက ဆိုသည်။



အသက် ၂၃ နှစ်အရွယ် စပိန်ဂိုးသမားဒီဂီယာသည် ၂၀၁၁ ခုနှစ်က မန်ယူအသင်းသို့ ဂိုးသမား တစ်ဦးအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်သည့် ပေါင် ၁၈ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ သို့သော် ရောက်ရှိကာစတွင် လက်စွမ်းပြကစားနိုင်ရန် ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းအချိန် များသည် ၎င်းအတွက် ခက်ခဲသည့် ကာလများ ဖြစ်သည်ဟု ဒီဂီယာက ပြောသည်။ “ကျွန်တော် အဲ ဒီတုန်းက တော်တော်လေး ဝေဖန်ခံခဲ့ ရတာဖြစ်ပြီး အရမ်းခက် ခဲတဲ့ အချိန်တွေပေါ့။ ကျွန်တော့် အတွက်သာမက မိသားစုတွေအတွက်ပါ ခက် ခဲတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်လို အသင်းမျိုးမှာ ကစားနေရ ချိန်မှာ ကောင်းကောင်း မကစားနိုင်ရင်တော့ ဝေဖန်ခံရမယ် ဆိုတာ နားလည်ထား ပါတယ်။ ကျွန်တော်ဟာ အဲဒီအချိန်တွေကို ဖြတ်သန်းနိုင် ခဲ့ပြီလို့ ယုံကြည်ပါ တယ်။ ကျွန်တော် စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အခုတော့ အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု ဒီဂီယာက ဖွင့်ဟခဲ့သည်။

မန်ယူ အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန်ကို အနိုင်ရရှိရန် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး မန်ယူ အသင်း၏ နိုင်ပွဲတွင် ဒီဂီယာမှာ အရေးကြီးသည့် နေ ရာမှ ပါဝင်ခဲ့သည်။ အဲဗာတန် နောက်ခံလူ လေတန်ဘိန်းစ်၏ ပင်နယ်တီကို ကာကွယ် နိုင်ခဲ့သလို အရေးပါသည့် ကာကွယ်မှု များကိုလည်း ပြုလုပ် နိုင်ခဲ့ပြီး ဒီဂီယာမှာ လက်စွမ်းပြ ကစားနိုင် ခဲ့သည်။

Ref: Guardian
Mizzima

စီရော်နယ်ဒို ရွှေဘောလုံးဆုထပ်ရရန်သေချာဟု အန်စလော့တီပြော


လာလီဂါနောက်ဆုံးလေးပွဲတွင် ဟက်ထရစ် သုံးကြိမ်ရထားသော စီရော်နယ်ဒိုအနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ထပ်မံ ထိန်းသိမ်းနိုင်မည်ဟု ရီးယဲ လ်မက်ဒရစ်နည်းပြ အန်စလော့တီက ယုံကြည်နေသည်။
တနင်္ဂနွေက ဘီလ်ဘာအိုကို ၅-၀ ဂိုးဖြင့်အနိုင်ရသောပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သောကြောင့် စီရော်နယ်ဒို၏ လက်ရှိရာသီ လာလီဂါသွင်းဂိုးမှာ ၁၃ ဂိုးအထိရှိ သွားခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ် အောင်မြင်မှု ရယူနိုင် ခဲ့ရာတွင် အသင်းအတွက် အဓိက ကစားသမား အဖြစ်ခြေ စွမ်းပြခဲ့သော ကြောင့်လည်း ယခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုကို အသက် ၂၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုပင် ဆက်လက် ရယူသွားနိုင်ဦးမည်ဟု အန်စလော့တီက မျှော်လင့်နေသည်။

"ဒီနှစ်မှာလည်း စီရော်နယ်ဒိုပဲ ရွှေဘောလုံးဆုရသွားဦးမယ်ဆိုတာ သံသယရှိ စရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘီလ်ဘာအိုနဲ့ပွဲမှာသွင်းယူတဲ့ကျွန်တော်တို့ တိုက်စစ်မှူးရဲ့ ဂိုးသုံးဂိုးလုံးက အံ့မခန်းပါပဲ။ စီရော်နယ်ဒို နဲ့ ဘင်ဇီမာတို့ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးပေးခဲ့တဲ့ဂါရတ်ဘေးလ်ကလည်း အတော်လေးကြိုးစားခဲ့ပါတယ်။

အသင်းလိုက်ကစားဖို့က မရှိမဖြစ် အရေးကြီးဆုံးပါပဲ။ ကွင်းလယ်ကလည်း ကစားပုံကောင်းခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့ရဲ့အကောင်းဆုံးပွဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထက် အမှတ် တွေလည်းပိုရထားပါတယ်။ ကျွန်တော်တို့အခုလိုအပ်တာက ဒီပုံစံအတိုင်းခရီးဆက်ဖို့ပါပဲ။ တည်ကန်ဘောတွေကိုပိုအာရုံစိုက်ပြီး ဂိုးမပေးရ အောင် လုပ်ဖို့ပါပဲ။ အားလုံးကောင်းသွားပါလိမ့်မယ်"ဟု အန်စလော့တီက အေအက်စ်သတင်းစာသို့ပြောသည်။

ဘာနေဗျူးတွင်ကစားခဲ့သော ပွဲချိန်ပထမပိုင်းတွင် ဒဏ်ရာကြောင့်လူစားလဲလိုက်ရသောရာမို့စ်အနေဖြင့် နိုင်ငံတကာပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်းအန်စလော့ တီက ၀န်ခံခဲ့သည်။ နောက်ခံလူ ရာမို့စ်သည် ညာဘက်ခြေသလုံးတွင်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း၊ သက်သာပုံမရဘဲ ပြင်းထန်မှုမရှိရန်သာ မျှော်လင့်ရ မည်ဖြစ် ကြောင်း၊ စစ်ဆေးမှုများပြုလုပ်ပြီးမှ နိုင်ငံတကာပွဲအတွက် စဉ်းစားရမည်ဖြစ် ကြောင်း အန်စလော့တီက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

အခွန်တိမ်းရှောင်မှုဖြင့် မက်ဆီ အမှုဆိုင်ရမည်


အခွန်တိမ်းရှောင်ခဲ့သည် ဆိုခြင်းအတွက် ဘာစီလိုနာနှင့် အာဂျင်တီးနားကြယ်ပွင့်လီယွန်နယ်မက်ဆီ အမှုရင်ဆိုင်ရမည်ဟု စပိန်တရားသူကြီးတစ်ဦးက ဆုံးဖြတ်ခဲ့သည်။


၎င်း၏ ဘဏ္ဍာရေးကိစ္စများတွင် ဖခင်ဖြစ်သူက တာဝန်ယူထားသည်ဆိုသော အကြောင်းပြချက်ဖြင့် တရားစွဲဆိုမှု ရုပ်သိမ်းရေးအဆိုကို တရားသူကြီးက ပယ်ချခဲ့သည်။


မက်ဆီနှင့် ဖခင်ဂျော့ခ်ျတို့သည် အခွန်အာဏာပိုင်များကို ယူရိုငွေလေးသန်းကျော် လိမ်လည်ခဲ့သည်ဟုစွပ်စွဲခံရပြီး ၎င်းတို့နှစ်ဦးက ယင်းစွဲချက်ကို ငြင်းဆိုထား သည်။


တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ရန် နှစ်ရက်အချိန်ရမည်ဖြစ်သည်။ မက်ဆီနှင့် ဖခင်ဂျော့ခ်ျတို့သည် ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ဝင်ငွေများ ထိမ်ချန်ခဲ့သည်ဟု အမှုတွဲတွင် ဆိုထားသည်။ မက်ဆီ၏ဓာတ်ပုံများ အသုံးပြုခွင့် များကို ဥရုဂွေးနှင့် အခြားနိုင်ငံတစ်နိုင်ငံမှ ကုမ္ပဏီများအား အသုံးပြု၍ စပိန်နိုင်ငံတွင် အခွန်တိမ်းရှောင်ခဲ့သည်ဟု မက်ဆီနှင့် ၎င်း၏ဖခင်အပေါ် သံသယ ရှိ နေသည်။
7 Day

ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ စပိန်အသင်းတွင် ရွေးချယ်ခံရ


ချယ်လ်ဆီးအသင်းတွင် ခြေ စွမ်းပြ ဂိုးသွင်းယူနေသော ဘရာ ဇီးဖွား စပိန်နိုင်ငံသား တိုက်စစ် မှူး ဒီယေဂိုကော်စတာမှာ ဆလိုဗက်ကီးယား၊ လူဇင်ဘတ်တို့နှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲကစားမည့် စပိန်အသင်း လူစာရင်းတွင် ရွေး ချယ်ခံခဲ့ရသည်။


ကော်စတာမှာ တံကောက် ကျောဒဏ်ရာရရှိနေပြီး အကောင်း ဆုံးခြေစွမ်းရရှိနိုင်ရန် ရုန်းကန်နေ ရကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုထားကာ နိုင်ငံ အသင်းအတွက် ရွေးချယ်စေလို ခြင်းမရှိကြောင်း သိရသည်။ သို့ သော် မော်ရင်ဟိုက စပို့တင်းလစ္စဘွန်းနှင့်ပွဲတွင် ကော်စတာအား ပွဲချိန်ပြည့် ထည့်သွင်းအသုံးပြုခဲ့ သည်။ ယင်းတို့ထံသို့ အသုံးပြု ခြင်းမှာ တစ်လတာအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။


ကော်စတာကို ရွေးချယ်မှုနှင့်ပတ်သက်၍ စပိန်နည်းပြ ဒဲလ် ဘော့စကေးက ပြောကြားရာတွင် ‘‘ဒီယေဂိုကော်စတာကို ရွေးချယ် ရတာ ပြဿနာမရှိပါဘူး။ ဘာ ကြောင့်လဲဆိုတော့ သူက ပွဲတိုင်း ကစားနေတာပါ’’ဟု ပြောသည်။


—Ref: Goal

ချန်ပီယံလိဂ်ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့တဲ့ "ဇာဗီ"


ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား "ဇာဗီ"ဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်
ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့ ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် (၃၄) နှစ်အရွယ် ကွင်းလယ်ကစားသမား "ဇာဗီ"ဟာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား "ရာကီတစ်" အစားဝင်ရောက် ကစားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်း တစ် လျှောက်ပွဲအများဆုံးကစားသမားအဖြစ်ယခင်က "ဇာဗီ"နဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား "ဖီဂို"တို့က အတူရပ်တည်နေတာဖြစ်ပြီး၊လက်ရှိအချိန်မှာတော့ "ဇာဗီ"က တစ်ပွဲအသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့အောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း "ရိုင်ယန်ဂစ်"က ပွဲပေါင်း (၁၄၁) ပွဲ၊ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ ဂိုးသမား "ကာဆီးလက်စ်"က ပွဲပေါင်း (၁၄၁) ပွဲနဲ့ အေစီမီလန်အသင်းရဲ့ကွင်းလယ် ကစားသမားဟောင်း "ဆီးဒေါ့ဖ်"က ပွဲပေါင်း (၁၂၅) ပွဲနဲ့ အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အဆိုပါကစားသမားများဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲကစားထားတဲ့ ပွဲစဉ်များပါဝင်ခြင်းမရှိဘဲ ရပ်တည်နေတာဖြစ်ပြီး၊ခြေစစ်ပွဲများ ပါဝင်ပါက "ရိုင်ယန်ဂစ်"က ပွဲပေါင်း (၁၅၁) ပွဲကစားထားပြီး၊ ထိပ်ဆုံးကရပ်တည်သွားမှာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်း ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် (၂) ပွဲကစားထားပြီး၊ ရမှတ် (၃) မှတ်နဲ့ အဆင့် (၂)နေရာမှာ ရပ်တည်နေတာ ဖြစ်တယ်လို့သိရပါတယ်။

တွေ့ဖူးသမျှ ကစားသမားတွေထဲ စီရော်နယ်ဒိုက အကောင်းဆုံးဟု အန်စလော့တီပြော


စပိန် ရီးရဲလ်မက်ဒရစ် နည်းပြ အန်စလော့တီက နည်းပြသက်တမ်းအတွင်း တွေ့ဖူးတဲ့ ကစားသမားတွေထဲမှာ ခရစ်စတီယာနို ရော်နယ်ဒိုက အကောင်းဆုံး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ညမှာ ယှဉ်ပြိုင်မယ့် ဘူဂေးရီးယားကလပ် ဘူဒိုနဲ့ ပွဲစဉ်အကြို ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုတာ ဖြစ်ပါတယ်။


“ရော်နယ်ဒိုက ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး နံပါတ်တစ် ဖြစ်တယ်ဆိုတာကို သံသယ ရှိစရာ မလိုဘူး။ သူက စကားအများကြီး မပြောပေမယ့် အသင်းကို ဦးဆောင်နိုင်တယ်” လို့ အသက် ၅၅ နှစ်အရွယ် နည်းပြ အန်စလော့တီက ပြောပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရာသီမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးသွင်း အများဆုံး စံချိန်တင်ထားပါတယ်။

စီးရီးအေတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသည့် ဟီဂူအင်ကို ဘင်နီတက်ဇ် ကာကွယ်ပြောကြား



စီးရီးအေ၌ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသည့် ဂွန်ဇာလို ဟီဂူအင်အပေါ် လတ်တလော ဝေဖန်မှုများနှင့် ပတ်သက်၍ နာပိုလီ နည်းပြ ရာဖာဘင်နီတက်ဇ်က ကာကွယ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

ရီးယဲမက်ဒရစ် တိုက်စစ်မှူးဟောင်း ဟီဂူအင်သည် ယခုနှစ် ဘောလုံးရာသီတွင် စီးရီးအေ၌ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသော်လည်း အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်ကြောင်း ဆိုခဲ့သည်။ “ဟီဂူအင်က စီးရီးအေမှာ ဂိုးမသွင်းနိုင်သေးပါဘူး။ ဒါပေမဲ့သူက ဂိုးဖန်တီးမှုတွေနဲ့ မတူကွဲပြားတာတွေကို လုပ်နိုင်ခဲ့ပါတယ်။ အသင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေ အများကြီးပါ” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

ယခုနှစ် ဘောလုံးရာသီတွင် အခက်အခဲများနှင့် ရုန်းကန်နေရသည့် နာပိုလီသည် တနင်္ဂနွေနေ့က ဆက်ဆူလိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အဆိုပါ နိုင်ပွဲသည် အသင်း၏ ကြိုးပမ်းအားထုတ်မှု၏ ဆုလဒ်ဖြစ်ကြောင်း ဘင်နီတက်ဇ်က ဆိုသည်။

“ဒါဟာ အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ဆုလဒ်တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ နောက်ဆုံး ၁၀ မိနစ်အထိ ကြိုးပမ်းခဲ့ရတာပါ။ နိုင်ပွဲတိုင်းဟာ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို အထောက်အကူပြုပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ နိုင်ပွဲတွေ ဒီထက်ပိုရနိုင်တာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကစားပြီး အရေးပါတဲ့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့သလို ဆက်ဆူလိုကလည်း အမြင့်ဘောတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက် ပိုကောင်းဖို့ လိုပါသေးတယ်။ ဒါပေမဲ့ ဒီနိုင်ပွဲအတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့က ဒီနှစ်မှာ နိုင်ပွဲတွေပိုမိုရနိုင်တဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက သိထားပါတယ်” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
soccer

ချယ်လ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူရန် ဆုံးဖြတ်ထားကြောင်း ကော့တွိုက်စ်ဆို

ပြီးခဲ့သည့်ရာသီကအက်သလက်တီကိုအသင်းနှင့်အတူချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ကျဆုံးခဲ့ရသည်ကိုချယ်လ်ဆီးအသင်းနှင့်ဖလားပြန်လည်ရယူပြီး ချေဖျက်ရန် ရည်မှန်းထားကြောင်း ဂိုးသမားကော့တွိုက်စ်က ပြောသည်။



အသက် ၂၂ နှစ်အရွယ်ရှိ ကော့တွိုက်စ်သည်အက်သလက်အသင်းတွင်သုံးနှစ်ကြာအငှားသွားရောက်ကစားခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ပြီးနောက်ချယ်လ်ဆီး အသင်းသို့ ပြန်လည်ရောက်ရှိလာကာ ကာလရှည်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်သည်။

“ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်ကို ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် ချယ်လ်ဆီးနဲ့ အောင်မြင်မှုပြန်လည် ရရှိခဲ့မယ်ဆိုရင် ဒါဟာ တကယ်ကိုကောင်းတဲ့ခံ စားချက်မျိုး ဖြစ်လာမှာပါ။ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးနဲ့အတူ အောင်မြင်မှု ရယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီအချိန်မှာချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ် ဖလားရနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ကော့တွိုက်စ်က ပြောသည်။

ကော့တွိုက်စ်သည် အက်သလက်တီကို အသင်းတွင် လာလီဂါဖလား၊ ယူရိုပါလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားများ ကိုရရှိ ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းအတွက် လက်စွမ်းပြခဲ့သူဖြစ်သည်။

ရည်ညွှန်း ဒေးလီးအိတ်စ်ပရက်
Mizzima

ချန်ပီယံခြေစွမ်း ဆက်လက်ပြသနေတဲ့ ချယ်လ်ဆီး


ချယ်လ်ဆီး ၃-၀ ဗီလာ

အော်စကာ (၇)

ကော်စတာ (၅၉)

ဝီလျံ (၇၉)


ပြီးခဲ့တဲ့ အပတ်က မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ ချယ်လ်ဆီးတို့ဟာ သူတို့ရဲ့အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဗီလာအသင်းကို ဧည့်ခံခဲ့ရာမှာတော့ အမှား အယွင်းမရှိ နိုင်ပွဲရ ယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးတို့ဟာ ဗီလာအသင်းကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပြတ် သွင်းယူကာ သူတို့ရဲ့ ချန်ပီယံခြေစွမ်းကို ဆက်လက်ပြသသွားခဲ့ပါတယ်။

ဒီပွဲပြီးရင် ချန်ပီယံလိဂ်ပွဲကျပ်ရှိနေပေမယ့် ချယ်လ်ဆီးတို့ဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။တိုက်စစ်ကိုဒီယေဂိုကော်စတာကပဲ ဦးဆောင်ခဲ့ပြီးအလယ် တန်းမှာ ဟက်ဇက်၊ အော်စကာ၊ မာတစ်၊ ဖာဘရီဂက်စ်နဲ့ ၀ီလျံတို့ကို အသုံးပြုခဲ့ပါတယ်။ နောက်တန်းနဲ့ ဂိုးသမားနေရာတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါ ဘူး။

ဧည့်သည် ဗီလာအသင်းကလည်း သူတို့ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အဘွန်လဟော၊ ရစ်ချတ်ဆန်၊ ဒီလက်၊ ၀ှီးမန်း၊ ၀က်စ်ဝုဗ်၊ ကလီဗာလေး၊ ဆန်းဒ ရို့စ်၊ ဘတ်ကာ၊ ဆစ်ဆိုခိုတို့ အားလုံးကို အသုံးပြုခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့အလယ်တန်း အင်အားဟာ လူငယ်တွေနဲ့ သွက်လက်လွန်းပြီး ဗီလာအသင်းကို ကောင်းကောင်းဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲ ပွဲစ ပြီးသိပ်မကြာခင် ပွဲချိန် ရှစ်မိနစ်မှာပဲ ချယ်လ်ဆီးတို့ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။ဝီလျံညာတောင်ပံဧရိယာစည်းအတွင်းကနေအပြင်းကန်ရာမှာဗီလာ ဂိုးသမားဂူဇန်ပုတ်ထုတ်လို့ပြန်ထွက်လာတာကို သူပဲပြန်ရသွားပြီး နောက်ပြန်ခင်းပေးထာကနေတစ်ဆင့် အော်စကာက ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးရပြီးတဲ့ နောက်မှာလည်း ချယ်လ်ဆီးတို့ပဲ ဆက်လက်ဖိကစားခဲ့ပါတယ်။ ဗီလာတို့ကတော့ ခံစစ်ကိုဦးစားပေးကစားရင်း တန်ပြန်တိုက်စစ်နဲ့ပဲဂိုးရဖို့ကြိုးစား ခဲ့ပါတယ်။ ပွဲချိန် ၁၉ မိနစ်မှာ ဆစ်ဆိုခိုကန်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့်လည်း ဂိုးပေါက်တောင်မတည့်ပဲ လွဲချော်ခဲ့ရပါတယ်။ ချယ်လ်ဆီးတို့ဟာ ဖိကစားထားပြီး ဂိုးကန်သွင်းခွင့်တွေ ခေါင်းတိုက်ခွင့်တွေ အများအပြားရရှိခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးတဲ့အထိ ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းပြန်အစမှာ ချယ်လ်ဆီးတို့ဟာ ဂိုးထပ်ရဖို့ ပိုမိုအားစိုက်ပြီးကစားလာခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာတော့ ဒုတိယဂိုးကို ရရှိခဲ့ပါတယ်။ဟက်ဇက်၊၀ီလျံ နဲ့အက်စ်ပီလီကျူတာတို့ရဲ့တွဲလုံးကနေအက်စ်ပီလီကျူတာဘယ်တောင်ပံက ဖြတ်တင်ပေးလိုက်တာကိုဒီယေဂိုကော်စတာက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါ တယ်။ ဒီဂိုးဟာ ကော်စတာအတွက် ပရီးမီယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ၈ ဂိုးမြောက်သွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

အနိုင်ဂိုးနှစ်ဂိုးရထားပေမယ့် ချယ်လ်ဆီးတို့ဟာ သူတို့ရဲ့တိုက်စစ်အရှိန်ကို မချဘဲ ဆက်လက် တိုက်စစ်ဖွင့်ခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ အော်စကာဂိုးသမား နဲ့တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရခဲ့ပြီး ညာဘက်ထောင့်ထဲအသာအယာကန်သွင်းခဲ့ရာမှာဂိုးဝင်လုနီးပါးဖြစ်ခဲ့ပေမယ့်ဗီလာနောက်ခံလူဆစ်ဆိုခိုဂိုးစည်းပေါ် ကနေဖျက်ထုတ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးတို့ရဲ့ ဖိအားပေးကစားပုံက အလွန်ကောင်းမွန်ခဲ့ပြီး ဗီလာတစ်သင်းလုံး ဘာမှလုပ်လို့ မရခဲ့ပါဘူး။တိုက် စစ်မှူး အဘွန်လဟော တစ်ဦးတည်းနဲ့ အလုပ်မဖြစ်တာကြောင့် ဗီလာနည်းပြ ပေါလ်လမ်းဘတ်ဟာ ဒါရင်းဘန့်ကို ထည့်သွင်းပြီး ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပါတယ် ။ ချယ်လ်ဆီးတို့ကလည်း အော်စကာအစား မီခေးလ်၊ ဟက်ဇက်အစား ရှရယ်တို့ကို ထည့်သွင်းခဲ့ပါတယ်။

ဗီလာတို့က တိုက်စစ် အားကို မြှင့်လိုက်ပြီး ချယ်လ်ဆီးက ခံစစ်အား သန်ကစား သမားတစ်ဦးနဲ့ အပြောင်း အလဲလုပ်ခဲ့ ပေမယ့် ပွဲရဲ့ပုံစံက ပြောင်းလဲမှုမရှိဘဲ ချယ်လ်ဆီးတို့ဘဲဆက်လက် ဖိကစားခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်အရောက်မှာတော့ ချယ်လ်ဆီးတို့ တတိယအနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီယေဂိုကော်စတာ ခြေစွမ်းပြပြီး ဗီလာနောက်ခံလူတွေကို ကျော်ဖြတ် ကာ ဧရိယာစည်းထိပ်က အပြင်းကန် သွင်းတာကို ဗီလာဂိုးသမားဂူဇန် ပုတ်ထုတ်ကာကွယ် နိုင်ခဲ့ပေမယ့် ပြန်ထွက် လာတဲ့ ဘောလုံးကို ၀ီလျံက အနီးကပ်အ ပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ၀ီလျံနဲ့ ရှရယ်တို့ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ကြပါသေးပေမယ့် ဂိုးထပ်မရခဲ့ဘဲ ၃-၀ ဂိုး နဲ့သာ ပွဲပြီးဆုံးသွားခဲ့ရပါတယ်။

ချယ်လ်ဆီး ဗီလာ

၁၇ ဂိုးပေါက်ကန်သွင်းမှု ၇

၈ ဂိုးပေါက်တည့်မှု ၁

၁၁ ပြစ်ဒဏ်ဘော ၉

၉ ထောင့်ကန်ဘော ၂

၅ လူကျွံဘော ဝ

၆၃% ဘောလုံးပိုင်ဆိုင်မှု ၃၇%

၂ အ၀ါကတ် ၂

ဝ အနီကတ် ဝ

၁ ဂိုးကာကွယ်မှု ၅
Mizzima News

အသင်းတည်ဆောက်ရာတွင် ဗန်ဂါးလ် အထူးကျွမ်းကျင်ဟု ဒါလီဘလိုင်းပြော



မန်ချက်စတာ− အောင်မြင်သော အသင်းများ တည်ဆောက်ရာတွင် နည်းပြလူးဝစ်ဗန်ဂါးလ်မှာ အထူး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု မန်ယူကွင်းလယ်လူ ဒါလီဘလိုင်း က ပြောကြားသည်။


မန်ယူအသင်းမှာ နည်းပြ သစ် ရောက်ရှိလာပြီးနောက်ပိုင်း ခြေမှန်ရန် အသည်းအသန် ကြိုး ပမ်းနေရသည်။ ယခုနှစ် ရာသီအ တွင်း ငါးမှတ်သာ ရယူထားနိုင်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားနံပါတ်(၁၂) နေရာတွင်သာ ရှိနေသည်။

သို့သော် အိုးထရက်ဖို့ဒ်ကွင်း သို့ အသင်း၏ပုံစံ တိုးတက်လာ အောင် နည်းပြဗန်ဂါးလ်က ဆောင် ကြဉ်းပေးသည်ဟု ဘလိုင်းက ယုံ ကြည်ထားသည်။ အေဂျက်ဇ်အ သင်းမှ မန်ယူအသင်းသို့ ပြောင်း ရွှေ့လာသည့် ဘလိုင်းက အေ ဂျက်ဇ်တွင် ဆက်နေရမည်ဆိုပါ က ဝမ်းသာမိမည်ဖြစ်သော်လည်း မန်ယူသို့ ပြောင်းရွှေ့ခွင့်ကို ပစ် ပယ်ရန် ခက်ခဲခဲ့သည်ဟု ပြော သည်။

အေဂျက်ဇ်အသင်းကလည်း မိမိကို အသင်းကြီးတစ်သင်းက ကမ်းလှမ်းလာမှသာ ထွက်ခွာခွင့် ပြုမည်ဟု ပြောထားကြောင်း ဘလိုင်း(၂၄)နှစ်က ပြောကြား သည်။ —Ref: Goal

လီဗာပူး သရေကျ၊ မန်ယူနိုင်ပွဲပြန်ရပြီး မန်စီးတီး၊ ချယ်လ်ဆီး ဂိုးပြတ်နိုင်



စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲများတွင် လီဗာပူး-အဲဗာတန် မာဆေးဆိုက်ဒါဘီမှာ ၁-၁ ဂိုးစီ သရေဖြင့်ပြီးခဲ့ပြီး မန်ယူ-ဝက်စ်ဟမ်းပွဲမှာ ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဟူးလ်စီးတီးကို အဝေးကွင်းတွင် သွားရောက်ကစားခဲ့သည့် မန်စီးတီးမှာ ၄-၂ ဂိုးဖြင့်လည်းကောင်း၊ ချယ်လ်ဆီးမှာ ဒဏ်ရာသက်သာလာသော ကော်စတာ ဂိုးသွင်းနိုင်ခဲ့ပြီး ဗီလာကို ၃-၀ ဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။

လီဗာပူးမှာ အိမ်ကွင်းတွင် အဲဗာတန်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးမရခဲ့ဘဲ အပြန်အလှန် ကစားကာ ဂျရတ်၏ အလွတ်တည်ကန်ဘော တစ်ဂိုးဖြင့် အနိုင်ရမည်မှန်းခဲ့ပြီးမှ ပွဲပြီးခါနီး နောက်ဆုံးမိနစ် တွင် ဂျက်ဂီယယ်ကာ၏ သွင်းဂိုး ကြောင့် သရေတစ်မှတ်စီခွဲယူခဲ့ရခြင်းဖြစ်သည်။ လီဗာပူးမှာ စတာရစ်ခ်ျ ပါဝင်နိုင်ခြင်းမရှိသေးဘဲ ဘာလော့တယ်လီကို အထောင်ထားကာ စတာလင်း၊ လာလမ်နာ၊ မာကိုဗစ်၊ ဂျရတ်၊ ဟန်ဒါဆန်တို့ဖြင့် ပွဲထွက်ခဲ့ကာ အဲဗာတန်မှာလည်း လူကာကူ၊ နိုင်းစမစ်၊ မိုင်ရဲလတ်စ်၊ ဘယ်ရီတို့ဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းလုံး ပထမပိုင်းတွင် ဂိုးမရခဲ့ဘဲ လီဗာပူးအတွက် ဂိုးကို ၆၅ မိနစ်တွင်ရသော အလွတ်တည်ကန်ဘောမှ တစ် ဆင့် ဂျရတ်က သွင်းခဲ့ခြင်းဖြစ်ကာ အဲဗာတန်အတွက် အဖိုးတန် ချေပဂိုးကို ဂျက်ဂီယယ်ကာက ပွဲပြီးခါနီးဖိကစားရင်း ပင်နယ်တီဧရိယာထိပ်မှ ချေပဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

လိဂ်ငါးပွဲတွင် တစ်ပွဲသာ အနိုင်ရသေးသော မန်ယူမှာလည်း အိမ်ကွင်းတွင် ဝက်စ်ဟမ်းကို ဖိကစားနိုင်ခဲ့ပြီး လူစုံပွဲထုတ်ခဲ့ကာ ဗန်ပါစီ၊ ရွန်းနေ၊ ဖယ်လ်ကာအို၊ ဒီမာရီယာ၊ ဟာရီရာ စသည်ဖြင့် လူစုံပါဝင်ခဲ့ကာ နောက်တန်းတွင် ရိုဂျိုနှင့်တွဲရန် (၁၇)နှစ်သာရှိသေးသည့် လူငယ်ကစားသမားသစ် မက်နိုင်းရာကို ထည့်ကစားခဲ့သည်။

မန်ယူတို့ ပထမပိုင်း ပွဲအစမှာပင် တိုက်စစ်ဖိကစားပြီး ရာဖေးလ် ပေးပို့မှုမှ ရွန်းနေက ၆ မိနစ်တွင် ပထမဂိုးရခဲ့သည်။ ထို့နောက် ကစားကွက် မငြိမ်သော်လည်း ဆက်လက်ဖိကစားကာ ဖယ်လ်ကာအို ဖန်တီးမှုမှတစ်ဆင့် ဗန်ပါစီက ၂၂ မိနစ်တွင် ဒုတိယဂိုးရခဲ့သည်။ သို့သော် ဝက်စ်ဟမ်း တန်ပြန်တိုက်စစ် တစ်ချက်တစ်ချက် ထိုးဖောက်မှုများရှိခဲ့ရာ ၃၄ မိနစ်တွင် မန်ယူဂိုးရှေ့၌ အဆင့်ဆင့် ခေါင်းတိုက်ရင်း ဆက်ခိုက အပိုင်တိုက်ကာ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ကစားရာတွင် မန်ယူမှ ရွန်းနေ ဝက်စ်ဟမ်းနောက်ခံလူကို ချိတ်လှဲမှုဖြင့် ၅၉ မိနစ်၌ အနီကတ်ပြ အထုတ်ခံခဲ့ရသည်။ ထို့နောက် ဝက်စ်ဟမ်းတိုက်စစ် အ နည်းငယ်မြှင့်ရန် ကြိုးပမ်းသော် လည်း ပွဲရလဒ်မှာ ၂-၁ ဂိုးဖြင့် မပြောင်းလဲဘဲ မန်ယူတို့ နိုင်ပွဲရခဲ့သည်။

မန်စီးတီးမှာ အဝေးကွင်း တွင် ဟူးလ်စီးတီးကို အဂူရို၊ ဒီဇီကိုတို့၏ ဂိုးများဖြင့် စောစီးစွာ ဦးဆောင်ခဲ့ပြီးနောက် မန်ဂါလာ၏ကိုယ့်ဂိုးကိုယ်သွင်းမှု (၂၁ မိနစ်)နှင့် ဟာနန်ဒက်ဇ်က ပင်နယ်တီ(၃၂ မိနစ်)တွင် ရခဲ့သောကြောင့် ပထမပိုင်းအပြီး နှစ်ဂိုးစီသရေကျနေခဲ့သည်။ သို့သော် ဒီဇီကို၏ ၆၈ မိနစ်တွင်သွင်းသော တတိယဂိုးနှင့် ပွဲပြီးခါနီး ၈၇ မိနစ်တွင် လမ်းပတ်၏ စတုတ္ထဂိုးများဖြင့် ၄-၂ ဂိုး အနိုင်ရခဲ့ခြင်းဖြစ်သည်။ လိဂ်အဖွင့်ပွဲမှစ၍ ဆက်တိုက်ခြေတက်နေသော ချယ်လ်ဆီးမှာလည်း အိမ်ကွင်းတွင် အော်စကာ၊ ကော်စတာ၊ ဝီလီယမ်တို့၏ သွင်းဂိုးများဖြင့် အသာစီးကစားကာ ၃-၀ ဂိုးပြတ် အနိုင်ရခဲ့သည်။

—Ref: Goal/BBC