စစ်သွေးကြွများကြောင့် အီရတ်ပြည်သူ ၁.၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ


အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကြောင့် ဇန်နဝါရီလကနေ ခုထိ အီရတ်ပြည်သူ ၁.၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အကူအညီ ပေးရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဗလာရေအားမော့စ်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ပြောပါတယ်။

အစွန်းရောက် ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုဖြစ်တဲ့ အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားနိုင်ငံတွင်းမှာ အစက အခြေစိုက်ပြီး အီရတ်နိုင်ငံ မိုဆူးလ်နဲ့ တီကရစ်မြို့တွေကို ဇွန်လက သိမ်းပိုက်ခဲ့ပြီးနောက် ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

ဆွန်နီ၊ ရှီးယားမွတ်စလင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ယာဇီဒီနဲ့ ကာ့ဒ်စ် လူမျိုးတွေကို သတ်ခဲ့မှုကြောင့် သူတို့ကို ကမ္ဘာ့တလွှား ထိတ်လန့်ချောက်ချားခဲ့ကြပါတယ်။

ခုတော့ အီရတ်ဟာ လူသားချင်းစာနာမှု အကျပ်အတည်းကို အသည်းအသန် ရင်ဆိုင်နေရတယ်လို့ လူသားချင်းစာနာမှုနဲ့ အရေးပေါ်သက်သာချောင်ချိရေး ညှိနှိုင်း ဆောင်ရွက်ရေးမှူးနဲ့ ကုလသမဂ္ဂဒုအတွင်းရေးမှူးချုပ် ဗလာရေ အားမော့စ်က ပြောပါတယ်။

“ခုလို လူတွေ အစုလိုက်အပြုံလိုက်ကျလာတာဟာ နေစရာအကြီးအကျယ် အကျပ်ရိုက်တယ်။ မိသားစုတဝက်ကျော်က ဥယျာဉ်တွေနဲ့ တခြားအမိုးအကာမဲ့ နေရာတွေမှာ၊ လမ်းဘေးတွေမှာ၊ ဆောက်လုပ်ဆဲ အဆောက်အဦတွေမှာ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ကျောင်းတွေမှာ နေရတယ်။ ဒိုဟပ်ခရိုင်တွင်း ကျောင်းပေါင်း ၆၅၀ မှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေကို လက်ခံထားရတယ်။ ထောင်နဲ့ချီတဲ့ ကာဒစ်ရှ် ကျောင်းသားတွေလည်း ဒီနှစ် စာသင်ချိန်မှာ ကျောင်းမနေနိုင်ကြဘူး။”

အီရတ်နိုင်ငံတွင်းက စစ်ရေးနဲ့ လူသားချင်း စာနာမှုအရေးတွေအပေါ် ဆောင်ရွက်စရာ စီမံကိန်းတွေ ရေးဆွဲဖို့ စက်တင်ဘာ ၁၅ ရက် ဒီနေ့မှာ အီရတ်အာဏာပိုင်တွေနဲ့ နိုင်ငံ၂၀ က ကိုယ်စားလှယ်တွေက ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ ညီလာခံ ကျင်းပနေပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဝန်ကြီးဌာနအဆင့် အစည်းအဝေးနဲ့ ဒီလကုန်ပိုင်းမှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း နိုင်ငံ ခေါင်းဆောင်များအဆင့် အစည်းအဝေးတွေကို ကျင်းပဖို့ ရှိနေပါတယ်။
By ဒီဗွီဘီ

Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း

Contraceptive pills ကိုယ်ဝန်တား စားဆေး၊ Rings ကွင်း၊ နဲ့ Patches ကပ်ခွါတွေကနေ သုံးစွဲတဲ့ အမျိုးသမီးတွေ Risk of blood clot သွေးခဲစေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်တယ်လို့ ၂၇-၁ဝ-၂ဝ၁၁ နေ့က အမေရိကန် FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

Food and Drug Administration ကနေ အမျိုးသမီးပေါင်း ၈ သိန်းကျော်ကို ၂ဝဝ၁ ကနေ ၂ဝဝ၇ အတွင်းမှာ လေ့လာခဲ့တာပါ။ ဒီ အမျိုးသမီးတွေဟာ Yaz pill သုံးသူတွေ၊ Ortho Evra trans-dermal patch အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်းတွေ နဲ့ NuvaRing (ဗဂျိုင်းနား) ထဲထည့်ထားရတဲ့ ကွင်းတွေ သုံးနေကြသူတွေ ဖြစ်ပါတယ်။ ဒီ နည်း ၃ မျိုးလုံးဟာ Deep venous thrombosis ကိုယ်အတွင်းထဲမှာ ရှိတဲ့ သွေးပြန်ကြောထဲ သွေးခဲတဲ့ရောဂါနဲ့ ဆက်စပ်နေပါတယ်။

Drospirenone ဆေးပါတဲ့ဟာ Progestin ပါတဲ့ Levonorgestrel လိုဆေးနဲ့ မတူတဲ့သဘော ဖြစ်ပါတယ်။ ဒီအန္တရာယ် ရှိနိုင်တဲ့ ဆေးနာမည်တွေကတော့ Yaz, Yasmin, Beyaz, Ocella, Loryna, Gianvi, Safyral, Syeda နဲ့ Zarah တွေ ဖြစ်ကြတယ်။

- Yaz ဆေးဟာ ဂျာမန်ကုမ္ပဏီ Bayer ကနေထုတ်လုပ်ပြီး တကမ္ဘာလုံးမှာ ၁့၅၆ ဘီလီယမ် ဘိုး ရောင်ချနေရတဲ့ ကိုယ်ဝန်တား စားဆေး ဖြစ်တယ်။
- NuvaRing ဆိုတာ အမျိုးသမီးရဲ့ ဗဂျိုင်းနားထဲမှာ တလထားနိုင်တဲ့ ဆေးပါတဲ့ကွင်း ဖြစ်တယ်။ Merck pharmaceuticals ကနေ ထုတ်တယ်။

- Ortho Evra patch ကတော့ Janssen Pharmaceuticals ကနေထုတ်ပြီး တပါတ်တခါ အသစ်လဲရတာမျိုး ဖြစ်တယ်။

အခု တွေ့ရှိချက်ဟာ အသစ်ဖြစ်ပြီး လာမဲ့ ဒီဇင်္ဘာလထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဘို့ရှိပါတယ်။ အခုလို တာရှည်ခံ တားနည်းတွေကနေရတဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်းကြောင့် ဒီလိုဖြစ်ရလို့ ယူဆစရာရှိပါတယ်။

European Medicines Agency ကလဲဘဲ ၂၇-၅-၂ဝ၁၁ ကတည်းက ဒီလို သတိပေးချက် ထွက်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးခဲစေနိုင်တဲ့ ဖြစ်နှုန်းက သိပ်မများတာကြောင့် အမျိုးသမီးတွေ Drospirenone pills မသုံးကြနဲ့တော့လို့ မပြောသေးပါ။

ရှားပါတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတယောက် Yaz သုံးရာကနေ သွေးခဲပြီး သေဆုံးရတယ်လို့ စွပ်စွဲမှုနဲ့ တရားစွဲဘူးတယ်။ Michelle Pfleger ခေါ်တဲ့ ၁၈ နှစ်သမီး အမေရိကန်မလေးလဲ ဝက်ခြံ ပျောက်အောင်ဆိုပြီး တားဆေး Yaz သောက်လို့ နှလုံးရပ်ပြီး သေဆုံးသေးတယ်။

- ဒီနှစ်ထဲမှာ British Medical Journal ရဲ့ရေးသားချက် ၂ ခု အရလဲ Yaz နဲ့ Yasmin ဆေးတွေကနေ သွေးခဲမှာကို ၃ ဆ ရှိတယ်၊
- သုံးနေကြ တားဆေးတွေက ၂ ဆသာ ဖြစ်စေတယ်လို့ ပါရှိတယ်။ တားဆေး မသောက်သူထက် ပိုဖြစ်နိုင်တာကို ဆိုလိုတာဖြစ်တယ်။
- Yaz ရဲ့ တရားဝင် Website (ဝက်ဘ်ဆိုက်) မှာလဲ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ Blood clots သွေးခဲတာ၊ Stroke (စထုပ်ခ်) ရတာ နဲ့ Heart attack နှလုံး (အတက်ခ်) ရတာတွေ ဖြစ်စေနိုင်တယ်လို့ ပါထားတယ်။

- NuvaRing ဆေးကွင်း နဲ့ Ortho Evra ဆေးချောင်းတွေနဲ့ ဆက်စပ်မှုကတော့ အသစ်တွေ့ရှိချက် ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေအတွက် စိုးရိမ်စရာရှိနိုင်တယ်။

Dr. တင့်ဆွေ

မြ၀တီမှာ ချိန်ကိုက်မိုင်းတွေ့ရှိ












ဒီနေ့မနက် ၆ နာရီခွဲအချိန်က မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးမှာ အဝေးထိန်းစနစ်မပါတဲ့ ချိန်ကိုက်မိုင်းတလုံးကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။

ဒီမိုင်းကို စစ်မြေပြင်အင်ဂျင်နီယာတပ်စိတ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့က အဲဒီချိန်ကိုက်မိုင်းကို ဖြတ်တောက်ပြီး အသက်မဲ့မှုပြုလုပ်ခဲ့ကြပါတယ်။


အဲဒီမိုင်းကို နာရီဒိုင်ခွက်အသုံးပြု ပြီး AA ဓာတ်ခဲတွေ အသုံးပြု လို့ ထောင်ထားတာဖြစ်ပြီး - လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲနိုင်ဘို့အတွက် အချိန်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။


အာဏာပိုင်များရဲ့ သုံးသပ်မှုတွေအရ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ချက်ဆီးဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထောင်ထားတာမဟုတ်ဘဲ ပြည်တွင်းပြည်ပက အဖျက်အမှောက် လုပ်ရပ်တွေကို ဆောင်ရွက်လိုတဲ့အဖွဲ့တွေက နိုင်ငံရေးသိက္ခာ ကျဆင်းဘို့အတွက် ချစ်ကြည်ရေးတံတားနဲ့နယ်စပ်ဝင်ပေါက်အနီးမှာ ထောင်ထားတာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။


အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာဆိုပြီး စွပ်စွဲပြောဆိုမှုတွေ မရှိသေးပါဘူး။


အာဏာပိုင်တွေဘက်ကတော့ ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးဇုန်အပါအ၀င် မြို့တွင်း အရေးကြီးနေရာတွေကို မိုင်းရှာဖွေရှင်းလင်းခြင်း အသေးစိပ်လုပ်ဆောင်နေပါတယ်။


ဒီချိန်ကိုင်မိုင်းကို ဒီနေ့မနက် ၆ နာရီခွဲမှာ စည်ပင်သန့်ရှင်းရေး အလုပ်သမတဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။


မနေ့တနေ့တုံးကလဲ ကရင်င်ြမ်းချမ်းရေးအဖွဲ့တခုကနေ မြ၀တီကုန်သွယ်ရေးဇုန်ကို ပစ္စည်းလာပို့တဲ့ ကုန်တင်ကားကြီး အစီ ၃၀ ကို ပိတ်ဆို့မှုတခုလုပ်ခဲ့ပါသေးတယ်။


အဲနောက်ပိုင်း ဒီကနေ့မှာ မြ၀တီမြို့ ထဲမှာ ချိန်ကိုက်မိုင်းတွေ့ရှိတဲ့အတွက် မြို့ ခံတွေကတော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ ခံအချို့ က ပြောဆိုကြပါတယ်။


ပုံစာ - ဒီနေ့တွေ့ရှိတဲ့ ချိန်ကိုက်မိုင်းကို စစ်ပြေပြင်အင်ဂျင်နီယာတပ်စိပ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့ ရှင်းလင်းဖယ်ရှားနေတာပါ။


ကရင်အမျိုးသား- မီဒီယာ

IS အဖွဲ့အား အမေရိကန် အစိုးရ အရေးယူ တိုက်ခိုက်မှု အာရပ်ကမ္ဘာ ထောက်ခံ


IS အဖွဲ့ အပေါ် အမေရိကန် အစိုးရ၏ အရေးယူ တိုက်ခိုက်မှု များအား အာရပ်ကမ္ဘာ ထောက်ခံကြောင်း သတင်းများက ဆိုထားကြသည်။ လက်ရှိ အချိန်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် IS အဖွဲ့ အပေါ် အရေးယူ တိုက်ခိုက်မှုများအား အရှိန်မြှင့် ဆောင်ရွက်လျက် ရှိနေ သည်။ ထိုနည်းတူ ပြင်သစ်သမ္မတ ဖရန်ဆွာသြော်လွန်သည် သောကြာနေ့က အီရတ်မြို့တော်သို့ သွားရောက်ခဲ့ပြီး အီရတ် အစိုးရအား ထောက်ပံ့မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြသသည့် အနေဖြင့် အီရတ်သမ္မတနှင့် တွေ့ဆုံမည် ဖြစ်သည်။ ပြင်သစ် အစိုးရက လိုအပ်ပါက အီရတ်ရှိ စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှုတွင် ပြင်သစ် ပါဝင်မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားထားပြီး စက်တင်ဘာလ (၁၅) ရက်နေ့တွင် နိုင်ငံတကာ ကွန်းဖရင့် တစ်ခုကို အီရတ်တွင် ဦးဆောင်ပြု လုပ်မည် ဖြစ်သည်။ 

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေးအပြီး ထွက်ပေါ်လာသည့် သတင်းထုတ်ပြန် ကြေညာချက်၌ ဆော်ဒီအာရေဗျ အပါအ၀င် အာရပ်(၁၀) နိုင်ငံတို့သည် IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်ရာ တွင် ယင်းတို့၏ အခန်းကဏ္ဍများမှ ပါဝင်ရန် သဘောတူထားကြောင်း ဖော်ပြထားသည်။ 

IS အဖွဲ့သည် လက်ရှိ အချိန်တွင် အီရတ်နှင့် ဆီးရီးယားတို့တွင် မြေပြင် တိုက်ခိုက်ရေး တပ်သား (၂၀၀၀၀) မှ (၃၁၅၀၀) အထိ ရှိနေကြောင်း စီအိုင်အေက ဆိုထားပြီး ယခင်က ခန့်မှန်းထားခဲ့သည့် (၁၀၀၀၀) ထက် ပိုမို များပြားသည် ဟုလည်း ပြောကြားထား သေးသည်။ စီအိုင်အေ ပြောခွင့်ရှိသူ ရိုင်ယန်ထရာပနီက ဇွန်လနောက်ပိုင်း အောင်ပွဲရမှုများနှင့် အခြားအကြောင်းအရာ များကြောင့် IS အဖွဲ့ တပ်သားဦးရေ ပိုမိုများပြားလာ ခဲ့ကြောင်း ဆိုထားသည်။ အီရတ် အစိုးရ အသစ်အဖွဲ့နှင့် ဆီးရီးယား အတိုက်အခံများ ကလည်း IS အဖွဲ့ အပေါ် အရေးယူမည့် အမေရိကန်သမ္မတ အိုဘားမား၏ အစီအစဉ်ကို ကြိုဆို ထောက်ခံခဲ့ကြောင်း သိရသည်။ 

Source:AFP
From: The Messenger

Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး

• လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
၁။ Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

၂။ Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

၃။ အရေးပေါ်တားဆေး Ecee-2 ကို ဖေ့စ်ဘွတ်မှာမတင်ပါ။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နည်းစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်း မပါဘူး။ ဒါ့ကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

Dr. တင့်ဆွေ

လမ်းမကြီးဘေးက အိမ်ဆောက်ပစ္စည်းများကြောင့် ကားကြိတ်သေဆုံးမှုဖြစ်





သျှမ်းပြည်မြောက်ပိုင်း ၊နမ့်ခမ်းမြို့ ဟိုကတ်ရပ်ကွက်တွင် ပြည်ထောင်စုကား လမ်းမဘေး၌ အိမ်ဆောက်ပစ္စည်း များ စည်းကမ်းမဲ့ချထားမှုကြောင့် ယမန်နေ့ညနေက လူတစ်ဦးကားကြိတ်ခံရ သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။

စက်တင်ဘာလ ၁၄ ရက်ညနေက မော်တော်ဆိုင်ကယ်စီးလာသော အမျိုးသမီးငယ်နှစ်ဦး၏ ဆိုင်ကယ်ဘီးထဲသို့ အိမ်ဆောက်ရန် လမ်းဘေး၌ချထားသော သံချောင်းချိတ်မိပြီး လဲကျရာမှ ကားနင်းမိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်တွင်းနေထိုင်သူတဦးကပြောသည်။

“ ဆိုင်ကယ်ဘီးထဲကို သံချောင်းဝင်သွားလို့ ဆိုင်ကယ်လည်သွားပြီးလဲကျတယ်။ နောက်ကစီးတဲ့တယောက် လမ်းပေါ်ကျသွားတယ်။ အဲဒီအချိန်မှာဆိုင်ကယ်နောက်က ကပ်ပါလာတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကား တက်ကြိတ်သွားတယ်။ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကိုချက်ချင်းသယ်သွားတယ်။ ဒါပေမယ့် ညနေ ၅ နာရီခွဲလောက်မှာ ကားကြိတ်ခံရတဲ့ကောင်မလေးသေဆုံးသွားတယ်။ အဲတာ လမ်းဘေးမှာ စည်းမဲ့ကမ်းမဲ့ ချထားတဲ့ အိမ်ဆောက်ပစ္စည်းတွေကြောင့်ပေါ့။” ဟု အဆိုပါ ရပ်ကွက်သားက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးပြီးချင်း လမ်းမဘေး၌ စည်းကမ်းမဲ့ ချထားသော အိမ်ဆောက်ပစ္စည်းများကို ချက်ချင်းရွှေ့ ပြောင်းထားသည်ကိုတွေ့ရကြောင်း၊ နမ့်ခမ်းမြို့စည်ပင်ဌာနမှ တည်ဆောက်နေဆဲ အိမ်ကိုများကို ကွင်းဆင်း စစ်ဆေးမှုမပြုလုပ်သောကြောင့် ဤသို့ မဖြစ်သင့်သည်များလည်း ဖြစ်လာရကြောင်း မြို့ခံ စိုင်းဆန်အိုက် ကဆိုသည်။

“ကျနော်တို့မြို့မှာ အိမ်ဆောက်မယ်ဆိုရင် စည်ပင်ဌာနက ပိုက်ဆံတော့ လာကောက်တတ်တယ် ၊ ဒါပေမယ့် ကွင်းဆင်းစစ်ဆေးမှုမရှိဘူး ၊ ခုလည်း လမ်းမကြီး တစ်လျှောက် ဆောက်လုပ်ဆဲ အိမ်တွေ အိမ်ဆောက် ပစ္စည်း တွေ စည်းကမ်းမဲ့ချထားတာ အများကြီးရှိနေသေးတယ် ”ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

တရုတ်နံပါတ်ပြားတပ်ကားကိုမောင်းနှင်လာသော ယာဉ်မောင်းမှာ နမ့်ခမ်းမြို့ မန့်ဟောင်းကျေးရွာနေ စိုင်းယီမွန် ဖြစ်ပြီး သေဆုံးသူမှာ ပန်းဆေးရွာနေ အသက် ၂၀ ခန့် (အမည်မသိ) အမျိုးသမီးငယ်တစ်ဦးဖြစ်ပါသည်။ ၄င်း ယာဉ် မောင်း ကို အာဏာပိုင်များက နမ့်ခမ်းမြို့ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရပါသည်။
သျှမ်း (သံတော်ဆင့်)

ဓမ္မစေတီ ခေါင်းလောင်း ရက်ကန့်သတ်ချက်မရှိ ဆက်ရှာမည်ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကြီး ကိုရက်အကန့်သတ်မရှိ ရှာဖွေ မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက ပြည် ထောင်စု နေ့စဉ်သို့ ပြောသည်။
ယနေ့ ရန်ကုန်မြို့ သန်လျင် မြို့နယ်ရှိ နတ်စင်တစ်ရာ ကျောင်းတိုက်၌ နတ်စင်တစ်ရာ ဆရာတော်နှင့် ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့တို့ ပူးတွဲပြု လုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထောင်စု နေ့စဉ်သို့ သီးခြား အတည်ပြု ပြောကြား ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်း ပွဲ၌ နတ်စင်တစ်ရာ ဆရာတော် က''ဘုန်းကြီးအနေနဲ့ ဒီနေ့ရှင်း လင်းမိန့်ကြားရတာက မီဒီယာ တွေမှာ နတ်စင်တစ်ရာ ဆရာ တော်ကဦးစံလင်းနဲ့စသည်ဖြင့် ရေးသားချက်တွေနဲ့ပတ်သက်ပြီး မိန့်ကြားမှာ ဖြစ်ပါတယ်။ ဆရာတော့်အနေနဲ့ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့၊မွန်အထောက် အကူပြုအဖွဲ့တွေနဲ့ရင်းနှီးခဲ့တာ ကတော့နှစ်ပေါင်း၂ဝကျော်ကြာ ပြီ။ အဲဒီ့အတွက်ခေါင်းလောင်း ဆယ်ယူတဲ့ နေရာမှာအန္တရာယ်ကင်းအောင်ပရိတ် ရွတ်ပေးတယ်။ ပြီးတော့ဦးစံလင်း ခေါင်းလောင်းတွေ့ပြီလို့ကြေညာ တဲ့အချိန် ဘုန်းကြီးပြည်ပမှာ ဆေး သွားကုနေတာပါ။ မွန်အဖွဲ့တွေ ဘုန်းကြီးဆီကို ခေါင်းလောင်းတွေ့ပြီ လို့ လာလျှောက်တုန်းကလဲ ခေါင်း လောင်းကိုကြိုးချည်ပြီးမှပြန်လာပြော ပါ၊ အဲဒီအခါလိုအပ်တာကူညီမယ် လို့ဘုန်းကြီးမိန့်ခဲ့တယ်။ အခုလဲ အများပြည်သူကို မိန့်ချင်တာက ကြိုးချည်ပြီးမှယုံကြပါ။ ပြီးတော့ ဦးစံလင်းအနေနဲ့စေတနာသုံးတန် နဲ့ ဒီလုပ်ငန်းကိုဆောင်ရွက်နေတာ ပါ''ဟု မိန့်ကြားသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်းက ခေါင်းလောင်းတွေ့ရှိခြင်းမတွေ့ခြင်း ကိုအတည်မပြုနိုင်ကြောင်း၊ ဦးစံလင်း အနေဖြင့် မီဒီယာများတွင်ဖော်ပြ သကဲ့သို့တိမ်းရှောင်သွားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။

ဦးကြည်ဝင်းက''ကျွန်တော်တို့ ကနဂိုကတည်းကဓမ္မမိတ်ဆွေတွေ မို့လို့ သူ့ကိုယုံကြည်တယ်။ ခေါင်း လောင်းတွေ့ပြီလို့  သြဂုတ်လ ၂၆ ရက်ကထုတ်ပြန်တာကလဲဦးစံလင်း ကသဘောင်္ပေါ်ကနေဒီလိုထုတ်ပြန် ပါဆိုလို့ထုတ်ပြန်တယ်။ကျွန်တော် တို့ကိုယ်တိုင်ဘာမှမသိဘူး။အတည် ပြုနိုင်တာကတော့ဦးစံလင်းမထွက် ပြေးပါဘူး။ ခုထိဆက်ရှာနေတယ်။ ရက်အကန့်အသတ်မရှိဘူး။ ဆက် လုပ်မယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလဲ ခွင့်ပြုပေးထားတယ်။ ဦးစံလင်းကိုယ်တိုင်ကလဲ အရမ်း ဇွဲကြီးပါတယ်''ဟုပြောသည်။

ထို့ပြင်ဦးစံလင်းအနေဖြင့်ခေါင်း လောင်းဆယ်ယူရေးလုပ်ငန်း၌အလှူ ရှင်များ၏လှူဒါန်းငွေကို အသုံးပြု ခြင်းမရှိကြောင်း ¤င်းကဆိုသည်။
''ဘုန်းကြီးသိရသလောက်ဒီငွေ တွေကိုသူမထိဘူး။မနေ့ကတောင် အလှူရှင်တစ်ဦးကငွေကျပ်သိန်း၁ဝဝ လာလှူတယ်။ သူလက်မခံဘူး။ ဒါပေမယ့်ဆရာတော်က လိုအပ် လာနိုင်လို့ လက်ခံထားခိုင်းလိုက် တယ်။ သူ့ကိုယ်ပိုင်ငွေတတ်နိုင် တဲ့အထိသူဆက်လုပ်ပါလိမ့်မယ်'' ဟုဆရာတော်ကမိန့်သည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ အနေဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဟု သြဂုတ် ၂၅ ရက်တွင်တရားဝင်ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၂၆ရက်အပြီးဆယ်ယူမည် ဟု မူလကထုတ်ပြန်ကြေညာခဲ့ သည်။
သြဂုတ်၉ရက်တွင်ခေါင်းလောင်း စတင်ဆယ်ယူခဲ့ရာ ယနေ့အထိ ၄၂ ရက်ရှိသွားပြီဖြစ်သည်။

The Union Daily

Muscle twitch ကြွက်သားလှုပ်ခြင်း


1. ဆရာရှင့် ကျမအသက် ၃၁ ပါ။ အိမ်ထောင်မရှိ။ အခုတလော မျက်နှာကြွက်သားတွေ အဆက်မပြတ်လှုပ်နေလို့။ တခါတလေ ခေါင်းတခြမ်းကိုက်တယ်။ နှလုံးခုန်မြန်ပြီး ဒူးတွေတုန်တယ်။ အဲ့တာလေဖြတ်တဲ့လက္ခဏာလားဆရာ။ဘယ်လိုလုပ်ရမလည်းရှင့်။
2. ကျွန်တော့အမျိုးသမီး အသက်၄၁နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ ဆရာပြောပြတဲ့ အထက်ကအဆင့်ထိတော့ မဖြစ်သေးပါ။ အမျိုးသမီးက ပေါင် ၁၄ဝ၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့ Reju Nuron ဆိုတဲ့ Methylcobalamin and Alpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။ အကြာကြီးသောက်ဖို့ ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်း မပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ။

စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကို ဆေးစာနဲ့ Fasciculation ခေါ်တယ်။ အပေါ်ယံအရေပြားမှာဖြစ်တာ (မြင်ရတယ်) နဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်။ Motor tics ကြွက်သား ဆတ်ကနဲ လှုပ်တာလိုဘဲ Vocal tics အသံမှာဖြစ်တာလဲရှိတယ်။ ကလေး ၂၅% မှာ အနည်းနဲ့အများဖြစ်ကြတယ်။ စိတ်ဖိအားများတာ၊ အိပ်ရေးပျက်တာကနေဖြစ်ကြရှားတယ်။ ကြွက်သားလှုတ်တာ ဆက်တိုက်ဆက်တိုက် စိတ်ကနေမခိုင်ဘဲလှုပ်တာမျိုးဖြစ်တယ်။

ကြွက်သားလှုတ်တာ ဖြစ်စေတဲ့အကြောင်းတွေက များတယ်။ အများစုဟာ စိုးရိမ်စရာမရှိတာတွေ ဖြစ်တယ်။
• Poliomyelitis ပိုလီယိုရောဂါ၊ Neuromyotonia နဲ့ Spinal muscular atrophies (SMA) ရောဂါတွေကနေ ဖြစ်တယ်။
• Acetylcholinesterase inhibitors ပါတဲ့ Myasthenia gravis ခေါ်တဲ့ ကြွက်သားရောဂါအတွက်ပေးတဲ့ ဆေးကနေလဲ ဖြစ်နိုင်တယ်။
• Organophosphate poisoning အင်းဆက်သတ်ဆေး အဆိပ်သင့်ရင်လဲဖြစ်နိုင်တယ်။
• Valium ဗေလီယမ်လို စိတ်ငြိမ်ဆေးဖြစ်ရာကနေလဲ ဖြစ်နိုင်တယ်။
• Magnesium deficiency (မက်ဂနီဆီယမ်) ဓါတ်နည်းလို့လဲဖြစ်နိုင်တယ်။
• Rabies ခွေးရုးပြန်ရောဂါကနေလဲဖြစ်တယ်။
• Anticholinergic drugs ဗိုက်နာသက်သာဆေးတွေ၊
• Diphenhydramine (Benadryl, Dimedrol, Daedalon and Nytol) အင်တီဟစ်တမင်းဆေးတွေ၊
• Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan) ကားမူး၊ အအန်ပျောက်ဆေးတွေ၊
• Caffeine, Pseudoephedrine (Sudafed), Amphetamines လို စိတ်နိုးကြားစေတာတွေ၊
• Salbutamol (Proventil, Combivent, Ventolin) ပန်းနာဆေးတွေ၊

ကုသတာမှာ ဖြစ်စေတာကိုသိရင် ကုပေးရမယ်။ ဥပမာ Magnesium နည်းသူကို မက်ဂနီဆီယမ်ပေးရတယ်။ မက်မုန်သီ၊ ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။ Magnesium supplements ဆေးလဲသောက်နိုင်တယ်။ များရင်လဲ မကောင်းပါ။ ဝမ်းလျှောမယ်။ Milk of Magnesia ဝမ်းပျော့ဆေးသောက်ရသူတွေ သတိထားရမယ်။ လိပ်ခေါင်းအတွက် ပေးတယ်။

Benign fasciculation syndrome (BFS) ခေါ်တဲ့ ကြွက်သားလှုပ်ရောဂါလဲရှိတယ်။
• အများအားဖြင့် မျက်ခွံ၊ လက်နဲ့ ခြေထောက်မှာဖြစ်တယ်။ လျှာမှာလဲဖြစ်တတ်သေးတယ်။
• နားနေရင်းလဲဖြစ်တယ်။ ပင်ပန်းလို့၊ စိုးရိမ်စိတ်များလို့၊ ကြွက်သားတွေနာလို့ကနေလဲဖြစ်တယ်။
• Electromyography (EMG) နည်းနဲ့ရောဂါရှာတယ်။
• စိုးရိမ်စိတ်များသူတွေကို beta-blockers နဲ့ anti-seizure drugs ဆေးတွေပေးနိုင်တယ်။
• ပဌမမေးခွန်းမေးသူအတွက် beta-blockers (Propranolol 20-40 mg) သင့်မယ်။ ဒါပေမဲ့ ဆေးစစ်ချက်တွေကိုပါ ကြည့်ရအုံးမယ်။

ဒေါက်တာတင့်ဆွေ

ယူနိုက်တက်နှင့် မည်သည့်အခါကမျှ နီးစပ်မှု မရှိခဲ့ဟု မူလာပြောကြား


မန်ချက်စတာ ယူနိုက်တက်နှင့် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည့်တိုင် လက်တွေ့အားဖြင့် အဆိုပါ ကိစ္စသည် လုံးဝ မနီးစပ်ခဲ့ဖူးကြောင်း သောမတ်စ် မူလာက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၅)နှစ်ရှိ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးသည် ကမ္ဘာ့ဖလားတွင် အထူးတလည် ခြေစွမ်းပြခဲ့ပြီးနောက် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ဗန်ဂါးလ်သည် ဘိုင်ယန်ကို နည်းပြအဖြစ် တာဝန်ယူစဉ်က မူလာကို လူငယ် စီမံ ကိန်းမှ မြှင့်တင် မြေတောင် မြှောက်ပေး ခဲ့သူလည်း ဖြစ်သည်။ မူလာကမူ မိမိနှင့် ယူနိုက်တက် တို့ကြား နီးစပ်ရန် အခြေအနေသည် မည်သည့် အခါကမျှ ဖြစ်နိုင်ခြေ မရှိခဲ့ဟု ဆိုသည်။

“စိတ်ဝင်စားမှုတော့ ရှိကောင်းရှိမှာပေါ့။ နွေရာသီမှာ ယူနိုက်တက်က ကစားသမား အများကြီးကို စောင့်ကြည့်ခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်က ဘယ်တုန်းကမှ တခြားအသင်း တစ်ခုခုကို ကူးပြောင်းသွားဖို့ စိတ်ကူးခဲ့တာ မရှိပါဘူး။ အသင်းက ကျွန်တော့်ကို (၂၀၁၉)ထိ သက်တမ်းတိုး စာချုပ်ထားတယ်။ ဘိုင်ယန်က ကျွန်တော့် အနာဂတ်ကို ဒီမှာပဲ ဖြတ်သန်းစေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြပြီးသားပါ။ ဒီတော့ ကျွန်တော့်အတွက် ဆုံးဖြတ်ရမယ့် ကိစ္စက အရမ်းလွယ်ကူသွားတယ်” ဟု မူလာက ပြောကြားသွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Soccer Myanmar

တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု ပြောဆို၍ သွေးဆောင်ခေါ် ယူလာသူများအား အရေးယူထား


၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၁၁၅) မိုင် ယာဉ်ရပ်နားဝန်းအတွင်း ဖြူးအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ လုံခြုံရေး တာဝန် ဆောင်ရွက်နေစဉ် “ပိုင်အိုးနီးယား” စားသောက်ဆိုင်တွင် ရပ်နားထားသည့် 3G/---- “ရာဇာထွန်း”ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ အမျိုးသမီး (၂) ဦး ဆင်းပြေးလာသဖြင့် တပ်ဖွဲ့ဝင်များက အမြန်လမ်း ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီးနေ မ---- (၃၂) နှစ်နှင့် မ---- (၃၂) နှစ်တို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကဇင်ကျေးရွာနေ မအေးသဉ္ဇာအောင် (၂၇) နှစ်နှင့် အမည်မသိ အမျိုးသားတစ်ဦးတို့က တရုတ်နိုင်ငံတွင် အလုပ်ရမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များ ကျခံ ကာ ခေါ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆို သဖြင့် ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြး ကားဂိတ်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရာနေရာသို့ အရောက်တွင် ၎င်းတို့မှ “ဘယ်သူ့ကိုမှ စကားမပြောနဲ့၊ ဘာမှလည်း မစားနဲ့၊ မူဆယ်ရောက်မှ နင်တို့ကို လာခေါ်မယ့်သူရှိတယ်” ဟုပြော၍ တရုတ်မယား အဖြစ် ရောင်းစားခံရမည်ကို စိုးရိမ်သော ကြောင့် ကားပေါ်မှ ဆင်းပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ စစ်မေးနေစဉ် “ရာဇာထွန်း” ခရီးသည်တင် ယာဉ်မှာ ဆက်လက်ထွက်ခွာသွားသဖြင့် အမြန်လမ်းရဲစခန်းများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပဲခူး) တို့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ဖြူးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက နောက်မှလိုက်သွားခဲ့သည်။ အဆိုပါယာဉ်အား သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ ခုံအမှတ် (၁၀) တွင် လိုက်ပါလာသည့် မအေးသဉ္ဇာအောင်အား တွေ့ရှိ ထိန်းသိမ်းနိုင်ခဲ့ပြီး အမည်မသိအမျိုးသားမှာ မိုင်တိုင်အမှတ် (၁၃၇/၀) တွင် ယာဉ်ပေါ်မှ ဆင်းသွားခဲ့ကြောင်း သိရှိရသဖြင့် မအေးသဉ္ဇာအောင်နှင့် အမည်မသိအမျိုးသားတို့ ၂ ဦးအား ဖြူးအမြန်လမ်းရဲစခန်း (ပ)၇/၂၀၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

မအေးသဉ္ဇာအောင်အား စစ်မေးချက်အရ ၎င်းနှင့်အတူ အမျိုးသမီး ၂ ဦးအား ခေါ်ဆောင်လာသူမှာ အကြီးကောင် (ခ) ကျော်လင်းဦးဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ရာ ၇-၉-၂၀၁၄ ရက်နေ့တွင် အကြီးကောင် (ခ) ကျော်လင်းဦးအား ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၅) ရပ်ကွက်၊ ချောင်ပတ်လမ်းရှိနေအိမ်မှ ဖမ်းဆီးရမိခဲ့သောကြောင့် အမှုဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI 

"ဦးရွှေရိုးနှင့် ဒေါ်မိုးအက" ဘယ်ကစ


ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင် အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။ မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ လှည့်လည်ကပြရ သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။

ထိုအက ဘယ်ကစ မြန်မာ့ယဉ်ကျေးမှုအနုပညာကို မြတ်နိုးတန်ဖိုးထားသူများ သိချင်ကြပေလိမ့်မည်။ ထိုအက ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၉၀)ကျော်ခဲ့ပြီ။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက် ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေဖလင် (နောင်သော် ဗ-၁ ဖလင်)မှ ဒါရိုက်တာ ဦးညီပု (မောင်ဘဌေး) ရိုက်ကူး ခဲ့သော တောမြိုင်စွန်က လွမ်းအောင်ဖန် အသံတိတ်ရုပ်ရှင် ဇာတ်ကားတွင် ဦးညီပု၏ ယောက်ဖတော်စပ်သူ ထိုစဉ်က ကာတွန်းအကျော်အမော် ဦးဘကလေးက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသူနှင့် တွဲဖက်ကပြခဲ့သည်။ ထိုဇာတ်ကားတွင် မင်းသားဦးညီပု၊ မင်းသမီးမခင်သစ်၊ ဦးဘကလေးက ဇာတ်ပို့၊ ဇာတ်လမ်းမှာ သတ္တုရှာဖွေရေး သမား လူငယ်တစ်ဦးနှင့် ဥစ္စာစောင့်မလေးတို့၏ ဒဏ္ဍာရီ ဆန်ဆန်အချစ်ဇာတ်လမ်း၊ ရုပ်ပြောင်းရုပ်လွှဲမိတ်ကပ် ပညာများ၊ ကင်မရာလှည့်စား (Camera Trick)များ၊ အထူးပြုလုပ်ချက် (Special Effect) များ ပေါင်းစပ်ပြီး အချစ်၊ အလွမ်းနှင့် ဟာသဇာတ်ကွက်များ ပုံဖော်ရိုက်ကူး ခဲ့ရာ ထိုကာလက အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။ မင်းသားဦးညီပုမှာ သတ္တုရှာဖွေရေး သမား မောင်ဘဌေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပီပြင်သည့် အတွက် ဦးညီပုသည် မောင်ဘဌေးအဖြစ် လည်းကောင်း၊ ဦးဘလေးသည် ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ် အကြိုက်တွေ့ခဲ့ သည့်အတွက် ဦးဘလေးသည် ဦးရွှေရိုးအဖြစ် လည်းကောင်း အမည်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မင်းသမီး၏ အထိန်းတော် ဒေါ်မိုးကို ဦးရွှေရိုးက နောက်ပိုးသောအခန်းမှာ ပရိသတ်များကား တဝါးဝါး၊ တဟားဟား၊ ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွန်တိုနှင့် ရေလိုက်ပက်သည့်အခန်းတွင် နန်းတော်ရှေ့ဆရာတင်၏ တေး သီချင်းက ရုပ်ရှင်ပိတ်ကားရှေ့တီးဝိုင်းမှ အားဖြည့်ပံ့ပိုး ပြန်သည့်အတွက် ဦးရွှေရိုးနှင့် ဒေါ်မိုးဇာတ်ဝင်ခန်းမှာ မြူးကြွ သွက်လက်ပြီး ပရိသတ်များ စွဲမက်မဆုံး တပြုံးပြုံး၊ ရုပ်ရှင်ကား ပြီးသွားသော်လည်း ပရိသတ် ပါးစပ်ဖျား တွင် မပြီး၊ အပ်ကြောင်းထပ်မျှ ပြောကြဆိုကြ။ ခေါင်းပေါင်း တလူလူ၊ မျက်ခုံးမွှေးတထူထူ၊ နှုတ်ခမ်း မွှေးတကားကား၊ မာဖလာလည်စည်းပဝါ တဖားဖား၊ တောင်ရှည်ပုဆိုးကွက်ကြားနှင့် ပုသိမ်ထီးဆောင်း ထားပြီး ထီးကို နောက်ကျွမ်းပစ်သကဲ့သို့ ပတ်လည်လှည့်ကာ ဝေ့ကာ ဝိုက်ကာ နှုတ်ခမ်းမွှေးက တလှုပ်လှုပ်တရွရွ၊ ခန္ဓာကိုယ်ကိုယိမ်းလိုက် နွဲ့လိုက်၊ ရှေ့တိုးနောက်ဆုတ်၊ အဖိုးကြီးတစ်ဦး ကဲ့သို့ ကွတကွတ ထီးကလေး တမမဖြင့် ကပြသွားပုံများမှာ ကကွက်တစ်မျိုးနှင့်တစ်မျိုး မရိုး၊ အိုးစည်ဒိုးပတ်များနှင့် အညီ စည်းဝါးတကျ ကခုန်သွားကြသည်မှာ ပညာသားပါလှ၏။ တွဲဖက်ကပြသူ ဒေါ်မိုးကလည်း ဦးရွှေရိုးနှင့် အပြိုင် အပေးအယူ အချိတ်အဆက် အတိုင်အဖောက် ညီလှ၏။

အပြောင်/အပြက်ဟုဆိုသော်လည်း ကြုံသလို လှုပ်ခါရမ်းပြီးမရ၊ စည်းဝါးတကျ ဟန်ပန်အမူအယာ ကကြိုးကကွက် ပီပြင်စွာ ရုပ်လုံးကပြရသည်။ သာမန်ကတတ်သူတို့ ထိုအကကို ရုတ်တရက်မကရဲ။ ရဲတင်းဖို့လိုသည်။ လက်ချင်းချိတ်ပြီး ဆွဲမွှေ့ဆွဲပစ်လိုက်သောအခန်း တင်ချင်း ပေါက်ကပြရသော အခန်းတို့မှာ ရဲရဲဝံ့ဝံ့ပီပြင်စွာကပြပါက အလွန်ကြည့်ကောင်းပြီး အနုပညာရသ မြောက်သော ယဉ်ကျေးမှုကကွက်ဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက "တောမြိုင်စွန်က လွမ်းအောင် ဖန်" ဇာတ်ကားမှ စသည်ဟု ဆိုပါရစေ။

တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)

MOI Webportal Myanmar

ချစ်သူဟောင်း၏ခွေးကို ဟင်းချက်ပြီး ချစ်သူကို ပြန်ကျွေးသူ

ကယ်လီဖိုးနီးယား ပြည်နယ်သားတစ်ဦးဟာ ရည်းစားဟောင်းရဲ့ခွေးကို ဟင်းချက်ပြီး သူမကို သွားကျွေးခဲ့တာမို့ ရဲက ဖမ်းဆီး အရေးယူထားခဲ့တယ်လို့ UPI သတင်းတစ်ပုဒ်က ဖော်ပြထားပါတယ်။

အသက် ၃၄ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ မစ္စတာ ရိုင်ယန်ဝါတန်ပေါ့က ရည်းစားဟောင်းကို လှည့်ဖျားပြီး ကျွေးခဲ့တဲ့ ဟင်းလျာက သူမရဲ့ခွေးကလေး ဖြစ်နေပါတယ်။

မစ္စတာ ဝါတန်ပေါ့ဟာ တိရစ္ဆာန် ညှဉ်းပန်းမှု အပါအဝင် အခြားပြစ်မှုတွေနဲ့ အဖမ်းခံထားရပါတယ်။ သူက ရည်းစားဟောင်းကို လက်စားချေတဲ့ သဘောနဲ့ ခွေးသား ကျွေးခဲ့တာပါ။

ရည်းစား ကွဲသွားပြီးတဲ့နောက်မှာ အမျိုးသားက လာရောက်ခဲ့ပြီး ဝက်သားလို့ ပြောတဲ့ဟင်းကို အတူစားကြပြီး ဒီလူက နောက်နေ့မှ တယ်လီဖုန်း မက်ဆေ့ဂ်ျကနေ ခွေးသား ဘယ်လိုနေလဲဟု မေးကာ လှမ်းရိခဲ့တယ်လို့ ရဲက ပြောကြားပါတယ်။

ရိုင်ယန်ဝါတန်ပေါ့က ခွေးကိုသတ်ပြီး မချက်ခဲ့ဘူးလို့ ငြင်းနေပေမယ့် သူ့ဆီမှာလည်း ခွေးရဲ့အစိတ်အပိုင်းတွေ တွေရှိရတယ်လို့လည်း ရဲက ဆိုထားပါတယ်။

The Voice Weekly

သရဖူကိစ္စ မလှနုထွန်း တောင်းပန်ပြီ


မေမြတ်နိုး စက်တင်ဘာ ၂ရက် နေ့မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ် ပြီးနောက် သူ့ရဲ့ စွပ်စွဲပြောကြားချက် တွေနဲ့ ပတ်သက်ပြီး မလှနုထွန်း အား မေးမြန်းရာ “အသက်က စပြီး ကျွန်မ ဆီလာ ကတည်းက ၁၈နှစ် ပဲလေ။ အားလုံး ကလည်း မြန်မာပြည်တစ် ခုလုံးက သူ့ကို သိထားတာ အိပ်မက် ဆုံရာ မေမြတ်နိုး၊ ရန်ကင်းသူ ဆိုပြီးသိ ထား တာပါ။ မှတ်ပုံတင်က လုပ်ထား ဆဲဆိုတော့ ကျွန်မ တို့ကျောင်းက တပည့် လည်းဖြစ်နေတော့ ကိုယ့် တပည့်ပဲ ဆိုပြီး email နဲ့ လျှောက် ကြည့်လိုက်တယ်။ အိပ်မက်ဆုံရာ မှာ ဆိုဖူးတယ် ဆိုတော့ ချက်ချင်း လက်မခံ သေးဘူး။ ဘယ်လောက်ထိ မေမြတ် နိုးက နာမည်ကြီးလို့ လက်ခံ ခိုင်းတာ လဲဆိုပြီး သက်သေ ပြခိုင်းတယ်။ outsider studio မှာ အသံသွား သွင်းရတယ်။ ကျွန်မ အမျိုးသားနဲ့ ကျွန်မ ပဲညကြီး မင်းကြီး ကြိုပို့ပြီး အကုန် လိုက် လုပ်ပေးရတာ။ ကိုရီးယားကို သွားမယ့် အချိန်ကျတော့ ဗီဇာလျှောက် ရပြီ ၁၈နှစ်တော့ လုပ်လို့မရဘူး။ ၁၆ နှစ်ဖြစ်နေတော့ ပြောကြည့်မယ် ဆိုပြီး ပြောကြည့်လိုက်တာ။ ဟိုဘက်က ငါ တို့က ၁၈နှစ် ဆိုရင် ကောင်းမယ် ဆိုပြီး ရေးထားတာ။ လက်ခံရင်လည်း လက်ခံလို့ ရတယ်တဲ့။ သူ့ကို မဖယ်ဖို့ လည်း ကျွန်မပြောတယ်။ ကလေး အတွက် training လည်း လိုပါတယ်။ သူ့မှာ talent လည်း ရှိပါတယ်။ training ပေးပေးပါ ဆိုပြီးပြော လိုက်တာ။ ကိုရီးယားက ၁၆နှစ် နဲ့ပဲ လက်ခံခဲ့တာပါ။ ဟိုဘက်က သူ့ရဲ့ ရင်ဘတ်က သေးတယ်တဲ့ တကယ်လို့ ဆုရခဲ့ လို့ရှိရင် ရင်ဘတ်ခွဲစိပ်တာ တွေ free လုပ်ခွင့်ပေးမယ်တဲ့။ လုပ် ချင်လား ဆိုတော့ လုပ်ချင်တယ်တဲ့။ သူ့ရဲ့အုပ်ထိန်းသူ အမေကို မေးပေး ဆို လို့ မေးတော့ သူ့သမီး ၁၆နှစ် က နိုင်ငံတကာ ပတ်နေတာ။ စင်ကာပူမှာ လည်း ၈နှစ်လုံးလုံး နေလာတာ။ သူ့ အမေကိစ္စရှိလို့ ရန်ကုန်ပြန်လာတဲ့ အချိန်မှာသူ့ သမီး တခြား လူတွေ နဲ့ အေးအေးဆေးဆေး နေခဲ့တယ်တဲ့ အဲဒီတော့ အဆင်ပြေတယ်လေ။ ကိုယ့်တပည့်၊ ကိုယ့်သမီးလေးတစ် ယောက်လို ပဲဆက်ဆံခဲ့ တာပါ” လို့ ပြောပါတယ်။ ဆက်လက် ပြီး မလှနုထွန်းက ကိုရီးယား Organization နဲ့ မေမြတ်နိုးတို့ ကနားလည်မှု လွဲကြတာလို့ မြင်ကြောင်း ကိုလည်း “သူတို့ ဘာသာ သူတို့ ကိုရီးယား ထပ်သွား ကြတာပါ။ အခု ကိုရီးယားကပို့ ပေးထားတဲ့ သက်သေ အထောက် အထားတွေ ကျွန်မဆီမှာ အကုန်ရှိပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ဘက်က မရပ်တည်ပေးဘူး ဆိုပြီး Organization
ဘက်က အထင်လွဲနေတယ်။ အခုချိန် မှာ ကျွန်မက ငိုလည်း ငိုချင်သလို၊ ရယ်လည်း ရယ်ချင်သလို ဖြစ်နေတယ်။ အခု မေမြတ်နိုး လုပ်နေတာ လေးတွေ ကရယ် စ ရာတွေဖြစ်နေ တယ်။ ကျွန်မတို့က pageant ဆိုရင် pageant နဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ သိတယ် ။မေမြတ်နိုး မေမေ က သမီးကို ချစ်တဲ့ စိတ်နဲ့ ကာကွယ်ပေး ဖို့လိုက်နေတာပဲ။ ဒါပေမဲ့ သူတို့ နဲ့ မရင်းနှီးတဲ့ အတွက် တစ်မျိုး ထင်တယ်လို့ မြင်တယ်” လို့ပြောပါတယ်။ 

သရဖူ ကိုပြန်အပ် ဖို့ တောင်းပန် ပါတယ် လို့ ဆိုတဲ့ မလှနုထွန်းက “တစ်ယောက် နဲ့တစ်ယောက် သူတောင်းပန် မှရမယ်။ ငါတောင်းပန် မှ ရမယ် ဆိုရင် လှနု အလယ် ကနေတောင်းပန် ပေးပါတယ်။ သရဖူ ကိုပြန်ပေးပေးပါ။ ဒီသရဖူ တစ်ခုအတွက်နဲ့ ကျွန်မတို့ မြန်မာလူမျိုး တွေအ ပြောမခံနိုင်လို့ပါ။ ရုံးအလုပ်တွေ အရ ဆိုရင်လည်း သူတို့ အလုပ်ကိုမ လုပ်တော့ဘူး ဆိုရင် သူတို့ပေးထားတဲ့ ပစ္စည်းကို လည်းပြန်အပ်ခဲ့ရတယ်လေ။ သရဖူအတွက် တောင်းပန်တာပါ။ ကျွန်မ မှားလို့ တောင်းပန်တာ မဟုတ်ပါ ဘူး။ မပေးဘဲနေရင် ပိုဆိုးသွား မှာစိုး လို့ပါ”လို့ပြောပါ တယ်။ 

ခိုင်ဝေလွင်
Popular Myanmar News

စစ်တက္ကသိုလ်မှာ စာသင်ဖူးတဲ့ အငြိမ်းစားဆရာမတစ်ဦးရဲ့ ရင်ဖွင့်စာ

Photo: စစ်တက္ကသိုလ်မှ ဆရာမ တစ်ဦး 

မင်္ဂလာပါရှင်….

ကျွန်မနာမည်ကတော့ ဒေါက်တာမြမြသန်း (ငြိမ်း) ဖြစ်ပါတယ်။ ဘ၀တစ်လျှောက်လုံး ကျောင်းဆရာမဘ၀နဲ့  အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ကျွန်မဟာ ဒီနေ့ဒီအချိန်မှာတော့ အသက် ၆၀ ပြည့်မြောက်ခဲ့ပြီးဖြစ်တဲ့အတွက် အငြိမ်းစားကျောင်းဆရာမ တစ်ယောက်သာဖြစ်ပါတော့တယ်။ အခုတော့ကျွန်မရဲ့မွေးရပ်ဌာနေဖြစ်တဲ့ လက်ပံတန်း မြို့မှာပဲသားသမီးမြေးမြစ်တွေနဲ့တူတူနေထိုင်လျှက်ရှိပါတယ်။ ကျွန်မရဲ့သမီးများတောင် ယခုဆိုရင် တက္ကသိုလ်ဆရာမတွေဖြစ်နေကြပါပြီ။ မနေ့ကအင်တာနက်ပေါ်က သတင်းတစ်ခုကြောင့်ကျွန်မဘ၀မှာ ၀မ်းအနည်းဆုံးနဲ့ စိတ်အထိခိုက်ဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်မမြေးမလေးက သတင်းတစ်ခုကျွန်မကိုလာပြခဲ့တယ်။ စစ်တက္ကသိုလ်မှ ကျောင်းဆရာ/မအငြိမ်းစားတွေကို ကျန်းမာရေးထောက်ပံ့မည့် အဖွဲ့စည်းလေးတစ်ခုလုပ်မယ် ဆိုတဲ့သတင်းပါ သတင်းဖတ်ဖတ်မိခြင်းမှာ ကျမအရမ်းဝမ်းသာခဲ့ရပါတယ်။ ကျမဟာ စစ်တက္ကသိုလ်မှာ (၄) နှစ် တိတိတာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ ဆရာမတစ်ယောက်ပါ။ ယခုလိုကိုယ့်တပည့်သားသမီးလေးတွေဟာ ကျမတို့တွေအပေါ် သိတတ်မှု၊ လေးစားမှုရှိလေခြင်းဆိုပြီးကျမပျော်ခဲ့ရတာပါ။ ဒါပေမယ့်ရှင် ကျမဆက်ဖတ် မိလိုက်တဲ့ သတင်းလေးတစ်ခုကတော့ ကျမရင်ဘတ်တစ်ခုလုံးနာကျင်ခဲ့ရပါတော့တယ်။ စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်က ကျမတို့ဆရာမတွေအနေနဲ့ ဗိုလ်လောင်းတွေကို ရေခဲထုပ် ရောင်းပြီး စာသင်ခဲ့ရကြောင်းနှင့် ဗိုလ်လောင်းများကကျမတို့ဆီက ရေခဲထုပ်တွေဝယ်ပြီး ဆရာတပည့်ဖြစ်ခဲ့ရ ကြောင်းရေးသားထားတာပါ။ ကျမစာကိုဖတ်ပြီးပြီးခြင်း ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရပါတယ်။ စစ်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဟာ ကျမတို့ဆရာ/မတွေအပေါ် အဲဒီလောက်တောင်စော်ကားရက်လေခြင်း ဆိုတဲ့အသိစိတ်ဟာ ကျမအတွက်ဖြေမဆည်နိုင်အောင်ပင်ဖြစ်ခဲ့ရပါတယ်။

အမှန်တိုင်းပြောရရင် ကျမစစ်တက္ကသိုလ်မှာ စတင်တာဝန်ထမ်းဆောင်ဖို့အမိန့်ကျလာခဲ့ချိန်မှာ အရမ်းတုန်လှုပ် ခဲ့ရပါတယ်။ ကိုယ်နဲ့မသိတဲ့အသိုင်းအ၀ိုင်းပတ်ဝန်းကျင်တစ်ခုကိုခြေချရတော့မည့်အတွက် စိတ်ပူခဲ့ပါတယ်။ နောက်ပြီး ဒါဟာစစ်တပ်တစ်ခု၊ အမိန့်တွေအာဏာတွေနဲ့ အုပ်ချုပ်တဲ့နေရာမှာ ကျမနေသားကျပါ့မလားလို့လဲ ပူပန်ခဲ့ရတာပါ။ ကျမအထင်နဲ့မြင်တွေလွဲခဲ့ကြောင်း စစ်တက္ကသိုလ်ကိုရောက်ရောက်ချင်း နေ့မှာပဲစတင်သိရှိခဲ့ ရပါတော့တယ်။ အားလုံးကနွေးထွေးစွာကြိုဆိုကြတယ် ဖော်ဖော်ရွေရွေရှိတယ်၊ ကျမအတွက်နေထိုင်ဖို့ အခန်းတစ်ခန်းစီစဉ်ပြီးသား ဆိုတာလဲကျမ၀မ်းသာစွာသိခဲ့ရတယ်။ နောက်မှသိခဲ့ရတာက ကျမအတွက် စီစဉ်ထားတဲ့အခန်းဟာ သူတို့တက္ကသိုလ်ကအရာရှိအိမ်ထောင်သည်တွေနေတဲ့အခန်းဆိုတာကိုပါ။ ရေမီး မိလ္လာ ကအစလိုလေသေးမရှိကြို တင်စီမံပေးထား တာကိုလဲတွေ့ရပါတယ်။ စာပေ(၂)လို့သူတို့ခေါ်တဲ့ နေရာမှာ စာသွားသင်ဖို့အတွက်လည်း ကျမတို့ဆရာ/မတွေနေထိုင်ရာနေရာတွေမှာ နံနက်မိုးလင်းတာနဲ့ ဖယ်ရီကားတွေ လာကြိုခဲ့ပါတယ်။ ကျမတာဝန်ထမ်းဆောင်ဘူးတဲ့ ဘယ်တက္ကသိုလ်မှာမှ ဒါမျိုးမလုပ်ပေးဘူးခဲ့ ပါဘူး။ 

ကျမဗိုလ်လောင်းလေးတွေကိုစာစသင်ခဲ့တဲ့နေ့ကတော့ကျမဘ၀ရဲ့အမှတ်တရပါပဲ။ အမိန့်တွေ စည်းကမ်းတွေ တင်းကြပ်နေတဲ့သူတို့ရဲ့သွင်ပြင်ဟာမာကျောခက်ထန်တယ်ထင်ရပေမယ့် သူတို့ဟာလည်းလူသားတွေပဲဆိုတာ ကျမသိခဲ့ရတယ်။ ဘာလုပ်လုပ်အမိန့်နဲ့လုပ်ကြတယ်၊ ဘာလုပ်လုပ် စည်းကမ်းနဲ့လုပ်ကြတယ်။ ကျမသူတို့ကို လေးစားသလို သနားလဲသနားတယ်။ မိုးလင်းမိုးချုပ် လေ့ကျင့်ခန်း တွေနဲ့ပြည့်နှက်နေတဲ့သူတို့ဟာ စာသင်ခန်းမှာ တစ်ခါတစ်လေ အိပ်ငိုက်ကြတယ်။ အိပ်ငိုက်လို့ကျမဆူငေါက်ပြီးအပြစ်ပေးရင်လဲ ကျေကျေနပ်နပ် ခံယူကြတယ်။ တစ်ခါတစ်လေမှာကျမ သူတို့ကိုသနားလို့အိမ်ကနေမုန့်တွေလုပ်လာတယ် အားလပ်ချိန်တွေမှာ သူတို့ကိုမုန့်ကျွေးရင် အားရ၀မ်းသာစားကြတယ်။ အဲဒါကျမတို့ဆရာတပည့်ကြားထဲက သံယောစဉ်နဲ့မေတ္တာ တရားပါ။ ဗိုလ်ကြီးနေမျိုးဇင်ပြောသလို ကျမတို့ဆရာ/မတွေဟာတစ်ခါမှ သူတို့ကိုရေခဲထုပ်မရောင်းဖူးပါဘူး။ သူတို့ကိုမှ မဟုတ်ပါဘူး ကျမတာဝန်ထမ်းဆောင်ခဲ့တဲ့ဘယ်တက္ကသိုလ်မှာမှ တပည့်တွေကိုရေခဲထုပ်ရောင်းပြီး ကျမ စာမသင်ခဲ့ပါဘူး။ နောက်တစ်ခုကျမမေးချင်ပါသေးတယ် စစ်တက္ကသိုလ်လိုနေရာမျိုးမှာ ဆရာ/မတွေ ဗိုလ်လောင်းတွေကို မုန့်ရောင်းလို့ရပါသလားဆိုတာ ဗိုလ်ကြီးနေမျိုးဇင်တို့လို စစ်တက္ကသိုလ် ကျောင်းဆင်းတွေ အားလုံးသိမှာပါ။ စစ်တက္ကသိုလ်ကလဲ ကျမတို့ကို မျက်နှာလွှဲခဲပစ်မလုပ်ခဲ့ပါဘူး။ အခက်ခဲမှန်သမျှဖြည့်ဆည်း ပေးခဲ့သလို အကူညီလိုတိုင်းလည်း အားတက်သရောဆောင်ရွက်ပေးခဲ့ကြတာပါ။ ကျမတို့အတွက်သူတို့ရဲ့ တပ်မွေးနေ့တိုင်းမှာ လက်ဆောင်တစ်ခုခုပေးပါတယ်။ ၀တ်စရာဝတ်စုံကအစဖြည့်ဆည်းပေးကြတယ် အင်မတန် ရင်းနှီးနွေးထွေးခဲ့တဲ့တက္ကသိုလ်ပါ။ အခုချိန်ထိကျမတပည့်တွေဟာ ကျမကိုအလေးပြုပြီးနှုတ်ဆက် တုန်းပါပဲ။ သူတို့နှုတ်ဆက်တိုင်းလဲ ကျမဦးညွတ်ပြီးပြန်နှုတ်ဆက်တုန်းပါ။ ဒါဟာဘယ်တက္ကသိုလ်မှာမှမရှိတဲ့ကျမတို့ရဲ့ ဆရာတပည့်ရင်းနှီးမှုပါပဲ။ အဲဒါကိုကျမ ခုချိန်ထိဂုဏ်ယူတယ်။ ကျမတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလမှာလည်း ကျမအတွက်ဂါဒီယံလို့ခေါ်တဲ့ ဗိုလ်လောင်းလေးတွေရရှိခဲ့ပါတယ်။ သူတို့တပ်ပြင်ထွက်တိုင်း ကျမအိမ်မှာထမင်း ခေါ်ကျွေးခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းသူတို့က ကျမကိုကန်တော့ကြတယ်။ ဘယ်အချိန်ထိ ကန်တော့ကြလဲဆိုရင် ဒီနေ့အထိပါပဲရှင်။ ကျမတို့ရဲ့ဆရာတပည့်ရင်းနှီးမှုဟာ ဗိုလ်ကြီးနေမျိုးဇင်ပြောသလို အသပြာတွေမပါပါဘူး။ မရိုးသားမှုတွေမပါပါဘူး။ စေတနာ မေတ္တာနဲ့ သူများတွေနဲ့မတူတဲ့ နောက်တစ်ချက်ကတော့သစ္စာတရား ပါပါရှိခဲ့တာပါ။ နောက်ပြီးကျမတို့ကိုစစ်တက္ကသိုလ်ကလဲ ပစ်ထားခဲ့တာမဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်မအာမ ခံပြီးပြောပြရဲပါတယ်။

ယခုလိုဗိုလ်ကြီးနေမျိုးဇင်အနေနဲ့ ကျမတို့လိုစစ်တက္ကသိုလ်က ကျောင်းဆရာ/မ အငြိမ်းစားတွေကို ကူညီထောက်ပံ့မည့် အဖွဲ့စည်းလုပ်မည်ဆိုတာကို ကျမ၀မ်းသာပီတိဖြစ်မိပေမယ့် ဒီအလှူဒါနကိုအကြောင်းပြုပြီး ကျမတို့ကိုဓားစာခံပြုလုပ်ကာ စစ်တက္ကသိုလ်ကိုအပုပ်ချတာကတော့ မလုပ်သင့်မလုပ်အပ်တာပါပဲ။ ကျမ နောက်ဆုံး ပြောချင်တာကတော့ စစ်တက္ကသိုလ်ကဆရာ/မတွေဟာ ဘယ်တုန်းကမှ ဗိုလ်လောင်းတွေကို မုန့်ရောင်းပြီး စာမသင်ခဲ့ဘူးပါဘူး။ စစ်တက္ကသိုလ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကျမတို့လို ဆရာ/မတွေ အတွက် လည်း စစ်တက္ကသိုလ်ဟာ ကောင်းသော အမှတ်တရတွေသာ ကျမတို့ရင်ထဲမှာကျန်နေလိမ့်မယ်ဆိုတာ ဗိုလ်ကြီး နေမျိုးဇင် ကြားသိနိုင်ပါစေရှင်။

ဒေါက်တာမြမြသန်း၊ကထိက(ငြိမ်း)
လက်ပံတန်းမြို့။

စစ်သွေးကြွအဖွဲ့ ဆက်နွှယ်မှု သံသယရှိ ၇ ဦးကို အင်ဒိုနီးရှားရဲ ဖမ်းဆီး


အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ သံသယရှိ အမျိုးသား ၇ ယောက်ကို ဖမ်းမိတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

နိုင်ငံအနောက်ပိုင်း ဆူလာဝေစီ ပြည်နယ် ထဲမှာ ဖမ်းမိတဲ့အကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။

သံသယဖြစ်ဖွယ် ကားတစီးဟာ ရဲစစ်ဆေးရေးဂိတ်နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ရုတ်တရတ် ရပ်ပြီး နောက်ပြန်လှည့်သွားလို့ ရဲက နောက်ကနေ လိုက်ပြီး ဖမ်းဆီးခဲ့တာလို့ ရဲအဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။

ပါရီဂီ မောင်တောင်မြို့ကနေ အကြမ်းဖက်သမားတွေ ခိုအောင်းရာ ဒေသအဖြစ် သတ်မှတ်ထားတဲ့ တောတောင်ထူထပ်တဲ့ ပိုဆိုမြို့ဆီကို သွားတဲ့ လမ်းမှာ သူတို့ကို ဖမ်းတယ်လို့ သတင်းတွေက ဆိုပါတယ်။

အိုင်အက်စ် စစ်သွေးကြွအဖွဲ့က သုံးတဲ့ အမှတ်အသားတွေ၊ စာရွက်စာတမ်းတွေကိုလည်း ဖမ်းမိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းထားသူ ၇ ယောက်စလုံးကို အနောက်ဂျားဗားမှာ ရှိတဲ့ ရဲအထူးတပ်ဖွဲ့ဌာနချုပ်တွေဆီကို ပို့ထားပြီး မေးမြန်းနေတယ်လို့ ရဲအဖွဲ့ကပြောပါတယ်။

ဒေသသတင်းတွေအရ အင်ဒိုနီးရှား နိုင်ငံသား ၆၀ ဟာ အီရတ်နဲ့ ဆီရီးယားမြေပေါ်မှာ အိုင်အက်စ် အဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အင်ဒိုနီးရှား အစိုးရဟာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံတာ ပိတ်ပင်ထားပြီး အရှေ့အလယ်ပိုင်းဒေသကို သွားပြီး အိုင်အက်စ်အဖွဲ့နဲ့ မပူးပေါင်းကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။
By ဒီဗွီဘီ

Marvelon (မာဗယ်လွန်) တားဆေး

1. ကျနော်တို့ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျနော့် အမျိုးသမီးက ၂၄ နှစ်ပါ။ ကလေးက ၁ဝ လကျော်ပါပြီ။ ကလေးကဒီတယောက်ပဲရှိပါတယ်။ နောက်လေးနှစ်လောက်မှ ကလေးထပ်။ ယူချင်ပါတယ်။ အမျိုးသမီးက ပေါင် ၁၇ဝ ရှိတယ်။ ကလေးနို့မဖြတ်သေးပါ။ အခု marvelon28 သောက်နေပါတယ်။ လေးနှစ်သောက်ရင် အန္တရာယ်ရှိပါသလား။ ကောင်းကျိုးဆိုးကျိုးကို သိချင်ပါတယ်။ ကလေးနို့တိုက်လို့ကောရပါသလား။ ဒီဆေးသောက်ရင် ပိုဝနိုင်ပါသလား။ ဒါမှမဟုတ် တခြားတားဆေး ဘာသောက်သင့်ပါသလဲ။ ပိန်အောင်ဘာတွေ လုပ်သင့်ပါသလဲ။
2. ဆရာ အသက်က ၂၂ ပါ။ ဆရာဆီ marvelon အကြောင်းတစ်ခါမေးဖူးပါတယ်။ ၁၉ ရက်တည်းက (ရာသီမလာခင်) marvelon ကို စသောက်ပါတယ်။ ၂၁ ရက်နေ့မှာရာသီလာပါတယ်။ ဆရာ့စာထဲမှာ ခုမှစသောက်မဲ့သူဆို ရာသီလာတဲ့နေ့က စသောက်ပါဆိုလို့။ ခုထိ ရက်မပျက်သောက်ခဲ့ပါတယ်။ ဆေးကုန်တာနဲ့ ရာသီလာမှာလားဆရာ။ ရာသီလာတုန်း ဆေးကိုရက်ထားပြီး လာပြီးမှ ကဒ်အသစ်ပြန်စသောက်ရမှာလား ဆရာ။
3. ဆရာ ကျမ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ (၈) လ ရှိပါပြီ။ ခုထိ ကလေးမရသေးလို့ပါ။ ဆရာရဲ့ "ကလေးမရနိုင်သေးခြင်း" အကြောင်းအရာတွေကိုလဲ ဖတ်ပြီးပါပြီ။ အိမ်ထောင်ကျခါစက Marvelon-28 ကို (၂) ကဒ် တော့သောက်ခဲ့ဖူးပါတယ်ဆရာ။ ဒီဆေးကြောင့်ပဲ ကလေးမရသေးတာလားဆိုတာကို သိချင်ပါတယ်ဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ အိန္ဒိယမှာ လူအများသုံး Mala-D (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) နဲ့တူတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကိုဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။
• တားဆေးကိုပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
WebMD Health News ၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

ဒေါက်တာတင့်ဆွေ

လုပ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး ၂ဝ၁၅မှာ ပရိသတ်ကို အသိပေးသွားမယ့် မိုးဟေကို


မိုးဟေကိုက ဇာတ်ကားရိုက်ကူးရင်းနဲ့ တစ်ဖက်မှာလည်း ကျွန်မချစ် သောစာအုပ်ကိုလည်း ၂ဝ၁၅မှာ ထွက်ဖို့စီစဉ်နေရင်း ထုတ်လုပ်ရေး တစ်ခုကို လည်း စီးပွားရေးအနေနဲ့ စတင်ခြေလှမ်းနေပြီဖြစ်ပါတယ်။ “မိုးကုမ္ပဏီကထုတ်တဲ့ ရုံးပတေ သီးလေးများ ရုပ်ရှင်ဇာတ်ကားကို ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ နေဒွေးပြီးတော့ မိုးရယ် ရိုက်ကူးဖို့ ရှိတယ်။ အဓိက ဒီဇာတ်လမ်းက မင်းသားဇာတ်လေးပါပဲ။ အဓိကကတော့ လူတွေကိုပျော်ရွှင်မှုပေးစေတဲ့ ဇာတ်လမ်းပါပဲ ဒါရိုက်တာ က ကိုဇော် (အရုဏ်ဦး)ပါ။
မိုးတို့ကုမ္ပဏီက ပထမဦးဆုံး ထုတ်မယ့် ဇာတ်ကားလေးပါ။ ဒီအနုပညာအလုပ်ကို လည်း ကိုယ်ကချစ်တယ်။ ပြီးတော့ ဝါသနာလည်း ပါတယ်။ စီးပွားရေးအရလည်း ပါပါ တယ်။ ဘာဖြစ် လို့လဲဆိုတော့မိုးက အပြင်စီးပွားရေးတွေလည်း လုပ် နေတော့ဒါကလည်း ကိုယ့်အနုပညာနဲ့ဆက်စပ်နေတဲ့ အလုပ်ဖြစ်နေတော့ ဒီထုတ်လုပ်ရေးကို လုပ်ဖြစ် တာပါ။ဇာတ်ကားက တော့အောက်တိုဘာလ လောက်မှ စပြီးရိုက်ဖြစ်မယ်။ ဒီအစီအစဉ် တွေကလည်း ကျွန်မချစ်သောစာအုပ်ပြီးရင် တစ်ခုပြီးတစ်ခုလုပ်သွားမယ့် အစီ အစဉ် လေးတွေပါပဲအဓိကကတော့ ကျွန်မချစ် သောစာအုပ်ကို စတင် အကောင်အထည် ဖော်မယ့်အဆုံးသတ်ခါနီးမှ ဒီရုပ်ရှင်ထုတ် လုပ်ရေးကလည်းအစကတည်းက ကုမ္ပဏီ လျောက်ထားတာဖြစ်တဲ့အတွက် အဲဒီ ဘက်ကိုလည်းနည်းနည်းပိုပြီး အာရုံစိုက် ချင်လာတယ်။အဲဒါကြောင့် လုပ်ဖြစ် တာပါ။ တခြားအပြင်စီးပွားရေးတွေ လည်း လုပ်ထား တာလေးတွေရှိတော့ ကားရိုက်တွေကို အချိန်ပေးလုပ်နေရ တယ်။ မိုးကဒီအနုပညာနယ်ပယ် ထဲမှာရှိနေတဲ့သူတစ်ယောက် အနေ နဲ့လည်း ဒီအနုပညာလောက ကို လည်းချစ်တယ်။ ခင်တွယ်တယ်ဆိုတော့ဒီထုတ်လုပ်ရေးကို တိုးချဲ့ အလုပ်တစ်ခုအနေနဲ့ လုပ်ဖြစ် သွားတာပါ။ တခြား စီးပွားရေး လုပ်ငန်းတွေကိုလည်း မိုး ဘာ တွေ လုပ်နေတယ်ဆိုတာကို ၂ဝ၁၅မှာအစီအစဉ်တကျ အသိ ပေးသွားမှာပါ” လို့ပြောပါတယ်။

ပလတ်စတစ်ဆာဂျီရီနဲ့ကိုးရီးယားသရုပ်ဆောင်များ

My lover from Starရုပ်သံစီးရီးဖြင့် အောင်မြင်လာသော မင်းသား ကင်ဆိုဟွမ်သည်မျက်နှာပြင်ကို ခွဲစိပ်ပြုပြင်ထား တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာ ခဲ့ပါသည်။

တရုတ်နိုင်ငံတွင်“My lover from Star” ရုပ်သံစီးရီးကိုအလွန် လူကြိုက်များခဲ့ကြပါသည်။ မင်းသားကင်ဆို ဟွမ်သည်ဇာတ်လမ်းတွဲကြောင့်လူ အများရဲ့စိတ်ဝင်စားခြင်းတွေကို ခံခဲ့ရပါသည်။ 

စိတ်ဝင်စားခံရခြင်းတွေနဲ့အတူကောလဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။သူရဲ့ကောလဟာအချို့ သည် ဆွဲဆောင်မှုရှိတဲ့ သူရုပ်ရည်နဲ့ပတ်သတ်နေခဲ့ပါတယ်။ သူရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာသွင်ပြင်သည်ခွဲစိပ်ခြင်းကြောင့်ရရှိလာခဲ့တာလို့ကောလဟာတွေ ထွက်ပေါ် လာခဲ့ပါတယ်။သူနဲ့ပတ်သတ်သော ကနေဦးပိုင်းထွက်ပေါ်လာ ခဲ့သော ကောလဟလသတင်းအချို့သည်နောက်ပိုင်း မှာတော့မီဒီယာတွေရဲ့ စာမျက်နှာပေါ်ရောက်ရှိလာခဲ့ ပါတယ်။တရုတ်နိုင်ငံမှမီဒီယာတွေ သည်တောင်ကိုးရီးယားစတားကိုမေးမြန်းခဲ့တာကတော့ခင်ဗျားမျက်နှာကိုဓားသွားအောက်မှာထားခဲ့သလားဆိုတာပါပဲ။”ကိုးရီးယားသရုပ်ဆောင်တွေကိုခွဲစိတ်ပြုပြင်တာတွေနဲ့ပတ်သတ်လို့မေးမြန်းကြရတဲ့အကြောင်းရင်းကတော့“တောင်ကိုးရီးယားနိုင်ငံတွင်ခွဲစိတ်ပြုပြင်ကြတာအလွန်ကို ပဲရေပန်းစားနေကြလို့ပါပဲ။”

My Girl ၊ဟိုတယ်ကင်းစီးရီးတွေနဲ့အောင်မြင်မှုတွေရခဲ့သော မင်းသမီးလီဒါဟဲသည်ခွဲ စိတ်ခြင်းတွေနဲ့ပတ်သတ်လို့ဝန်ခံသွားခဲ့ပါတယ်။“ကျွန်မမျက်နှာပြင်ကိုပြန်လည်ပြုပြင်ခဲ့ပါတယ်။နှာခေါင်းနဲ့မျက်ရစ်တွေအတွက်ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ကျွန်မခန္ဓာကိုယ်အလေးချိန်တွေ အလွန်အမင်းကျဆင်းသွားတုန်းကလည်း ပြုပြင် မှုတွေ လုပ်ခဲ့ပါတယ်။
“Sping day ၊ The Queen `s classroom ”ဇာတ်လမ်းတွဲတွေနဲ့အောင်မြင် လာသောမင်းသမီးဂိုဟွမ်ဂျွန်သည်အသက် လေးဆယ်ကျော်သွားပေမဲ့ လည်း လှပနေဆဲပါပဲ။သူမကတော့သူမျက်နှာနဲ့ပတ်သတ်လို့ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းတော့ပြင် ထားပါတယ်လို့ပြောပြခဲ့ပါတယ်။
ကင်ဆိုဟွမ်ကို ခွဲစိတ်ပြုပြင်ထားသလားဆိုတဲ့မေးခွန်းနဲ့ပတ်သတ် လို့တောင် ကိုးရီးယားစတားရဲ့အဖြေကတော့“ကျွန်တော်ခွဲစိတ်ဖို့မလို အပ်သေးပါဘူး။ကျွန်တော့်အသက်ငယ်ပါသေးတယ်။”

အခုချိန်မှာတော့တောင်ကိုးရီးယားသရုပ်ဆောင်အဆိုတော်တွေသည်ခွဲစိတ်ပြုပြင်ခြင်းတွေနဲ့ပတ်သတ်လို့အရင်တုန်းကထက်ပိုပြီး တော့ပွင့်လင်းမှုတွေရှိလာပါပြီ။Golden Cross စီးရီးတွင်ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသမီးလီဆီယွန်၏မျက်နှာလေးသည် ဆယ်စုနှစ်တွေကျော် လွန်လာခဲ့ လည်းပြောင်းလဲသွားခြင်းတွေမရှိခဲ့ပါဘူး။“Flower Boys Next Door” စီးရီးတွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသမီးကင်ရုံးဟေသည် သူမ၏မျက်နှာဗွီရှိတ်လေးဖြစ်ဖို့အတွက် သူမရဲ့မေးရိုးတွေကိုပြုပြင်ခဲ့ပါသည်။

တောင်ကိုးရီးယားနိုင်ငံမှာတော့ ခွဲစိတ်ပြုပြင်ခြင်းတွေသည်ထူးဆန်း လှတဲ့ကိစ္စတစ်ရပ်တော့မဟုတ်တော့ပါဘူး။အထူးသဖြင့်နှာခေါင်းနှင့် မျက်ရစ်တွေပေါ်လွင်အောင်ပြုပြင်တဲ့ခွဲစိတ်ခြင်းတွေသည်သမားရိုးကျကိစ္စရပ်တွေဖြစ်သွားပါပြီ။အနုပညာသရုပ်ဆောင်တွေ အတွက် ကတော့ ခွဲစိတ်ပြုပြင်ခြင်းတွေသည်သူတို့လုပ်ငန်းတွေအတွက်ရင်းနှီးမြှုပ်နှံခြင်း တစ်မျိုးပါပဲ။

သက်(ref: kdramastars)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အီဘိုလာ ကူးစက်ခံနေရသည့် ဆီရီယာလီယွန်တွင် ကျန်းမာရေးလုပ်သား မလုံလောက်


ဆီရီယာလီယွန်နိုင်ငံအတွင်း အီဘိုလာအကျပ်အတည်းကို ရင်ဆိုင်နေချိန်မှာ ကျန်းမာရေးလုပ်သားတွေ မလောက်မငဖြစ်နေလို့ ဒေသခံ ဆေးကျောင်းသားတွေက လုပ်အားပေးအဖြစ် ပါဝင်ကူညီနေပါတယ်။

မြို့တော် ဖရီးတောင်းက ကွန်နောက်ဆေးရုံဟာ အီဘိုလာသံသယ လူနာတွေကို ကုသနေ တဲ့ ဆေးရုံ ဖြစ်ပြီး အီဘိုလာ ရောဂါ သည်တွေကို ကုသပေးနေ တဲ့ နိုင်ငံတကာ လုပ်အားပေးဝန် ထမ်းတွေ ဟာ ရောဂါကန့် သတ်ဇုန်ထဲမှာ အလုပ်လုပ်နေတာပါ။

တကယ်လို့ လူနာမှာ အီဘိုလာဗိုင်းရပ်စ်ရှိတယ်ဆိုရင် နိုင်ငံအရှေ့ပိုင်းကိုပို့ပြီး ကုသပေးပြီး ဒေသခံဝန်ထမ်းတွေကလည်း လုပ် အားပေးနေ ပါတယ်။

ပညာရှင်တွေဆီကလေ့လာသင်ယူချင်ပြီး နိုင်ငံကိုလည်း ကူညီချင်တဲ့ ဒေသခံဆေး ကျောင်းသားတယောက်ကတော့ သူ့လူမျိုးတွေကို ကယ်ရေးက ထိပ်တန်း ဦးစားပေးဖြစ်ကြောင်း၊ အီဘိုလာ လူနာတွေနဲ့ အလုပ်လုပ်ရတာ အများကြီး သိမြင်လာတယ်လို့ ပြောပါတယ်။

အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုက်ဘေးရီးယား၊ ဆီရီယာလီယွန်၊ ဂီနီနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ အီဘိုလာ ကူးစက်မှု ၄၂၀၀ ကျော်ခဲ့ပြီး လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
By ဒီဗွီဘီ

အ၀လွန်ခြင်း

ေ ဒေါက်တာလွင်သန့် (ဆေး-၂)

နာတာရှည် ရောဂါများ ထဲတွင် အဝလွန်ခြင်း ရောဂါဟာ ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အဖြစ် အများဆုံး တွေ့ရတယ်။ တစ်ကမ္ဘာလုံးမှာ အဝလွန်သူ ဦးရေပေါင်း ၅၇ သန်း သေဆုံး ခဲ့ရာမှ ၃၂ သန်းမှာ နာတာရှည် ရောဂါများကြောင့် သေဆုံးရ ကြောင်း ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အစီရင်ခံစာ အရ သိရပါတယ်။

အဝလွန်ခြင်း ဆိုတာဟာ ကိုယ်အလေးချိန် အချိုးအစားထက် ပိုနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကို ဘီအမ်အိုင် နဲ့ တိုင်းတာ ရပါတယ်။ ဘီအမ်အိုင် ဆိုတာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်း နဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့ အလေးချိန် များရင် ဘီအမ်အိုင် တက်ကာ အဝလွန်ခြင်း ဖြစ်စေတယ်။ ၂ဝဝ၈ ခုနှစ် မှတ်တမ်းအရ ကမ္ဘာ့လူဦးရေ အမျိုးသား သန်း ၂ဝဝ နဲ့ အမျိုးသမီး သန်း ၃ဝဝ တို့ဟာ အဝလွန် ကြတယ်လို့ ဆိုပါတယ်။

BMI ညွှန်းကိန်း (၁၈ ဒသမ ၅) မှ (၂၄)အတွင်း ပုံမှန် အနေအထား၊ (၂၅ ) မှ (၂၇ ဒသမ ၅) အတွင်း ပုံမှန်ထက်များ၊ ညွှန်းကိန်း (၂၈) နှင့်အထက် ဆိုပါက အဝလွန်ခြင်း ဖြစ်ပြီး BMI ညွှန်းကိန်း (၂၇) ထက် ကျော်လွန်ပါက သွေးချို၊ ဆီးချိုရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါတို့ ဖြစ်နိုင်ခြေ ပိုများတယ်။



ခါးပတ်လည် အတိုင်းအတာ အရ အမျိုးသား ၉ဝ စင်တီမီတာ အောက်၊ အမျိုးသမီး ၈ဝ စင်တီမီတာ အောက်ရရှိမှာ ဖြစ်ပြီး ခါးပတ်လည်မှာ ဗိုက်သားအဆီ စုခြင်းရှိ၊ မရှိ ကြည့်ခြင်း အားဖြင့် တွေ့ရှိပါက သွေးကြော အတွင်းနံရံများမှာ အဆီစုပုံပြီး နှလုံးနဲ့ သွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေ ပိုများ ပါတယ်။



အဝ လွန်ခြင်းဟာ အသက်အရွယ် မရွေး အမျိုးသား၊ အမျိုးသမီး မရွေး ဖြစ်နိုင်တယ်။ ရောဂါကြောင့်၊ ပတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် အချို့သူများ ပိုဝ လာနိုင်တယ်။ အလွန်ဝ ရတဲ့ အကြောင်းအရင်း ကတော့ ပုံမှန် လေ့ကျင့်ခန်း မလုပ်ခြင်း၊ အဆီအစိမ့်၊ အချိုများတဲ့ အစားအစာ စားခြင်း၊ ခန္ဓာကိုယ်က သကြားဓာတ် အသုံးနည်းပြီး ပိုတဲ့ သကြားကို အဆီအဖြစ်သို့ ပြောင်းသွား စေလို့ ခန္ဓာကိုယ် အလေးချိန် တက်ကာ အဝလွန်ခြင်း ဖြစ်စေတယ်။

အဝလွန်ခြင်းရဲ့ ဆိုးကျိုးများ ကတော့ ဆီးချို၊ သွေးတိုးရောဂါ၊ သွေးအတွင်း အဆီဓာတ် များခြင်း ရောဂါများကို တစ်ခုချင်း ဖြစ်စေ၊ သုံးမျိုးလုံး ဖြစ်စေ တွေ့နိုင်တယ်။ နှလုံး သွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ သည်းခြေ ကျောက်တည်ခြင်း၊ အဝလွန် ခြင်းကြောင့် မောပန်းလွယ်ခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ အရိုးကျီးပေါင်း ရောဂါ၊ ဆီးမထိန်း နိုင်ခြင်း၊ ကင်ဆာ ရောဂါများ ဥပမာ- ရင်သား ကင်ဆာ၊ သားအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ၊ အမျိုးသမီးများ သားမြုံခြင်း၊ မိမိ ကိုယ်ကိုယ် ယုံကြည်မှု အားနည်းခြင်း၊ စိတ်ကျရောဂါ၊ အရေပြား ရောဂါတို့ အဖြစ်များတယ်။

ဒါကြောင့် ကိုယ်အလေးချိန် ပုံမှန် ရှိစေဖို့ နေ့စဉ် နာရီဝက် အပြေး လမ်းလျှောက်၊ စက်ဘီးစီး စတဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်တယ်။ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစာများ စားပေး ရမယ်။ ချိုလွန်း၊ ဆိမ့်လွန်း တဲ့ စားသောက်ခြင်း ကို ဆင်ခြင် ရမယ်။ ။ 
Themyawadydaily

အစိုးရနှင့် NCCT ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့ရေးနှင့် ပူးတွဲကော်မတီ ဖွဲ့စည်းပုံကို စက်တင်ဘာတွင် ဆွေးနွေးနိုင်ရန် NCCT ပြင်ဆင်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနှင့် ပတ်သက်၍ အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်ရှိနေသည့် နှစ်ဖက်ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးအပါအဝင် ကော်မတီဖွဲ့စည်းပုံ များကို စက်တင်ဘာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တွေ့ဆုံဆွေးနွေးရန် ကိစ္စများကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဆွေးနွေးခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေးတွင် ပါဝင်မည့်သူများ၊ ကော်မတီ ဖွဲ့စည်းပုံကို အစိုးရနှင့် ဆွေးနွေးရေး အပါအဝင် ကြားကာလ အစီအစဉ်များ ကိုလည်း NCCT က ဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးပြီးနောက် စာချုပ်တွင် ပါဝင်သော အချက်များကို ဦးဆောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန်အတွက် အဆိုပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန်အတွက် အရေးကြီးခြင်းဖြစ်သည်ဟု သူက ပြောသည်။

“တကယ်ပဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ရရှိလာတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ရယ်ဆိုတော့ စာချုပ်မှာလဲ နှစ်ဖက်ကအတူတူ ချုပ်တယ်ဆိုတော့ ဒီစာချုပ်ပါ အချက်တွေကိုလည်း နှစ်ဖက်အတူ ဦးဆောင်ဖို့လိုတယ်။ ဆိုတော့ သိပ်အရေးကြီးပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန် အစိုးရနှင့် ပြေလည်အောင် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း “အဓိက အစိုးရရဲ့ ဖွဲ့စည်းပုံကြောင့် ဖြစ်ပါလိမ့်မယ်။ အစိုးရမှာက ဦးဆောင်မယ့် ကော်မတီအဆင့်ဆင့်တွေ ရှိတယ်။ ဥပမာ သမ္မတရုံးတို့၊ UPCC၊ UPWC စသည်ဖြင့် အဆင့်လိုက်ရှိတဲ့အခါမှာ ဒီဆက်သွယ်မှု စနစ်တွေအပေါ်မှာ သူတို့ စီစစ်နေတာ ဖြစ်မယ်လို့ ထင်ပါတယ်” ဟု သူက သုံးသပ်ပြောဆိုသည်။

အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်နေသော အချက်များမှာ စောင့်ကြည့်ကော်မတီဖွဲ့စည်းခြင်း၊ အပစ်အခတ် ရပ်စဲပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ မချမှတ်မီ ကြားကာလတွင် တပ်နေရာချထားရေး အစီအစဉ်နှင့် ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်းများနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီမှုတွင် ပါဝင်မှုသူများ သတ်မှတ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးတို့ ဖြစ်သည်။

ထို့ပြင် ကြားကာလအစီအစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား စိုးရိမ်မှုများရှိသဖြင့် နှစ်ဖက် နားလည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဆက်ပြောသည်။

“တစ်ဖက်နဲ့တစ်ဖက် ဘာကို စိုးရိမ်တာလဲ။ အပြန်အလှန်ဘယ်လို ကတိပြုမလဲဆိုတဲ့ အပေါ်မှာ အဓိကတော့ ယုံကြည်မှု အပေါ်မှာ တည်ဆောက်ဖို့ လိုပါတယ်။

အချက်အလက်အပေါ်မှာ ရေးသားထားတာ ဖြစ်သော်လည်းဘဲ အချက်အလက်ဆိုတာက တဖက်ဖက်က ချိုးဖောက်လို့ရှိရင် ပျက်ဆီးသွားတဲ့ကိစ္စမျိုးပေါ့နော်။ အဲတော့ ဒီအပေါ်မှာ တဖက်နဲ့ တဖက် မပျက်ဆီးအောင် ဘယ်လိုလုပ်မလဲ၊ အပြန်အလှန်ဘယ်လို လေးစားမလဲဆိုတဲ့ နားလည်မှုကို သိပ်အရေးကြီးပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရန် NCCT ဘက်မှ တင်ပြခဲ့မှုကို အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာကော်မတီ ဟူ၍ ယာယီသဘောတူညီမှု ရရှိထားသည်။

သို့သော် NCCT ဘက်မှ တစ်နိုင်ငံလုံး အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ကော်မတီတစ်ခု မရှိဘဲ လုပ်ငန်းကော်မတီ အဆင့်ဖြင့်သာ လုပ်ဆောင်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလျှင် ဖြေရှင်းပေးနိုင်မည့် ပူးတွဲ ဦးဆောင်ကော်မတီ လိုအပ်သည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းက ယမန်နေ့က ပြောဆိုခဲ့သည်။

NCCT ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တတိယမူကြမ်းအပေါ် သုံးသပ်ခဲ့သော အကြို ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ နယ်စပ်မြို့ တစ်ခုတွင် ကျင်းပခဲ့ရာ ယနေ့တွင် အစည်းအဝေး အသုံးသပ်လိုက်ပြီ ဖြစ်သည်။

NCCT အစည်းအဝေးတွင် တပ်ပိုင်း ဆိုင်ရာကိစ္စနှင့် နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း နှင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဆွေးနွေးရန်အတွက် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သည်။

ကျင့်ဝတ်စည်းမျဉ်း၏ ဦးဆောင်ကော်မတီအဖြစ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့ကို တာဝန်ပေးအပ်လိုက်ကာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဦးဆောင် ကော်မတီအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် စောတာဒိုမူးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးအတွက် NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် CNF မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်တို့ကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု သူက ဆိုသည်။

UWPC ဘက်မှ တစ်နိုင်ငံလုံးအပစ်ရပ် တတိယမူကြမ်းကို ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုသည့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ ရက်များ အပါအဝင် ငါးရက်တွေ့ဆုံရန် NCCT ဘက်က ဆုံးဖြတ်ထားသည်။

Mizzima

ဂျူးမုန်းတီးရေးဝါဒ အပြင်းအထန် တိုက်ဖျက်မည်ဟု ဂျာမနီဝန်ကြီးချုပ်ပြော


ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ဂါဇာကမ်းမြှောင်က ပဋိပက္ခတွေအတွင်း အစ္စရေး ဆန့်ကျင်ရေး ခံစားချက်တွေ ထွက်ပေါ်နေတုန်းမှာ ဂျာမနီဟာ ဂျူးလူမျိုးတွေကို ဆန့်ကျင်တဲ့ အလွဲသုံးစားလုပ်မှုတွေနဲ့ ဂျူးမုန်းတီးရေးဝါဒတွေကို အပြင်းအထန် တိုက်ဖျက်သွားမယ်လို့ စက်တင်ဘာ ၁၄ ရက်နေ့ မြို့တော်ဘာလင် စီတန်းလှည့်လည်ပွဲ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

အာဏာပိုင်တွေနဲ့ ဂျူးခေါင်းဆောင်တွေဟာ မွတ်စလင် အစွန်းရောက်တွေနဲ့ လူငယ် ရွှေ့ပြောင်းနေ ထိုင်သူတွေအပေါ် အဓိက အပြစ်တင်ခဲ့ပြီး ဂျူးတွေကို တိုက်ခိုက်သူ ဘယ်သူမဆို ဒါဟာ ဂျာမန်တွေ အားလုံးကို တိုက်ခိုက်နေတာပဲလို့ ဆိုပါတယ်။


ဒီ စီတန်းလှည့်လည်မှုကို ဂျာမနီနိုင်ငံတွင်းက ဂျူးဗဟိုကောင်စီက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဂါဇာပဋိပက္ခကနေ ဂျူးဆန့်ကျင်ရေးဝါဒ ထွက်လာလို့ သူတို့ကို ခြိမ်းခြောက်သလို ခံစားရတယ်လို့ ဂျူးလူမျိုးခေါင်းဆောင်တွေက ပြောပါတယ်။

ကမ္ဘာ့ဂျူးလူမျိုးများ ကွန်ဂရက်ဥက္ကဋ္ဌ ရိုနယ် အဲ့စ် လောင်ဒါက ဂျူးဆန့်ကျင်ရေးဝါဒကို တိုက်ဖျက်တဲ့ ဂျာမနီဟာ ကမ္ဘာပေါ်မှာ တာဝန်ခံမှုအရှိဆုံး နိုင်ငံတွေထဲက တခုလို့လည်း ပြောပါတယ်။

ဂျူးမုန်းတီးရေးနဲ့ ပတ်သက်တဲ့ မတော်တဆမှု ဇွန်လမှာ ၅၃ မှုနဲ့ ဇူလိုင်လမှာတော့ ၁၃၁ မှု ရှိခဲ့တယ်လို့ ဂျာမနီအစိုးရက အစီရင်ခံထားပါတယ်။

မာကယ်လ်ကတော့ ဂျူးဆန့်ကျင်ရေးဝါဒကို တိုက်ဖျက်ဖို့ ဂျာမန်အစိုးရနဲ့ တရားစီရင်ရေးအာဏာပိုင်တွေက နည်းလမ်းအားလုံး လက်ထဲမှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

DVB

ဦးအောင်မင်းနှင့် သူ၏ ချီးမွမ်းခန်း

အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့မှာ ပါဝင်သူတွေဟာ ကမ္ဘာနဲ့ချီပြီး အတွေ့ အကြုံ ရှိတဲ့ ပညာရှင်တွေ ဖြစ်တယ်လို့ ၀န်ကြီး ဦးအောင်မင်း ပြောထားတာကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။



“အခု ကျနော်တို့ဆီမှာ ရှိတဲ့ ပညာရှင်တွေကိုပြန်ကြည့်ရင် ကမ္ဘာနဲ့ချီပြီး အတွေ့အကြုံရှိတဲ့ သူတွေ ပါဝင်ဆောင်ရွက်နေတာပါ။ ဥပမာ အားဖြင့် ဒေါက်တာမင်းဇော်ဦး ဆိုရင် conflict ဘာသာရပ်၊ Security ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရတယ်။ ဦးကျော်ရင်လိုင်တို့ ဆိုရင်လဲ political science နဲ့ ဒေါက်တာဘွဲ့ ရထားတာ” လို့ ပြည်တောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်မင်းက ချီးမွမ်းခန်း ဖွင့်ထားပါတယ်။ 

ဒါကြောင့် အခု ငြိမ်းချမ်းရေး ဖော်ဆောင်မူ လုပ်ငန်းဟာ စနစ်တကျနဲ့ အကွက်ချပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တာမှာ လူတိုင်းမှာ တာဝန်ရှိသလို လူငယ်တွေ ဟာ အရေးကြီးတယ်လို့လည်း ဦးအောင်မင်းက ပြောထားပါတယ်။ 

ဒါပေမယ့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပါအ၀င် နိုင်ငံတည်ဆောက်ရေးတွေ၊ မြန်မာနိုင်ငံရဲ့ တကယ် လုပ်ပိုင်ခွင့်နဲ့ နေရာ တော် တော် များများ မှာတော့ လူငယ်ဆို တာတွေကို မတွေ့ရပါဘူး။ 

သက်ကြီးပိုင်းတွေသာ နေရာယူ လုပ်ဆောင်နေကြ တာပဲတွေ့ရတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုသလို တနေ့ လူကြီးဖြစ်လာမယ့် လူငယ်ကျောင်းသားတွေကိုတောင် နိုင်ငံရေးကင်း ရှင်း ရမယ်လို့ ကန့်သတ်နေတာဟာ စဉ်းစားစရာပါ။

ဝန်ကြီး ဦးအောင်မင်း တကယ်ပဲ လူငယ်တွေကို ဦးစားပေးလုပ်ဆောင်စေချင်ရင်တော့ အပြောနဲ့ လက်တွေ့ ကိုက်ညီ အောင် အကောင်အထည်ဖော်ဆောင်သင့်ပါတယ်။

ဝန်ကြီးရဲ့ ချီးကျူးချက်က အခုမှ ပေါ်လာတာပါ။

ဝန်ကြီးရဲ့ ပညာရှင်တွေထဲက တချို့ကတော့ ဝန်ကြီး ဘယ်လောက် ကြိုးစားကြောင်း၊ မနက် ၇ နာရီ ဆိုရင် ရုံးတက်နေပြီဖြစ်ကြောင်း ချီးကျူးနေကြတာ ကာလ အတော် ကြာပါပြီ။

အပြန်အလှန် ချီးကျူးသံတွေကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အတော်လေး ဟန်ကျနေပြီလို့ ဆိုရမယ် ထင်ပါတယ်။

အိမ့်သံစဉ် ~ 

ဧရာဝတီ 

အင်္ဂလန်နိုင်ငံ Camden မှာ Amy Winehouse ရဲ့ ရုပ်ထုဖွင့်လစ်



ကွန်လွန်သွားပြီဖြစ်တဲ့ British အဆိုတော် Amy Winehouse ရဲ့ ရုပ်ထုကို လန်ဒန်မြို့ Camden Stables Market မှာ သူမရဲ့ (၃၁) နှစ်မြောက်မွေးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီအဆိုတော်မလေးရဲ့ မိဘ Mitch နဲ့ Janis တို့နှစ်ဦးစလုံးကလည်း မိတ်ဆွေ Barbara Windor နဲ့ အတူ အဲဒီအခမ်းအနားကို တက်ရောက်လာခဲ့ကြပြီး Barbara Windsor အနေနဲ့ သူမရဲ့ကွယ်လွန်သွားတဲ့ မိတ်ဆွေအတွက် အထူးရည်ရွယ်ချက်နဲ့ ဒီရုပ်တုကို ပြုလုပ်ပေးခဲ့တာဟာ အကြီးမားဆုံး ဂုဏ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။


ဒီလုပ်ငန်းမှာ လုပ်ကိုင်နေတာ အခု နှစ်ပေါင်း ၆၆ နှစ်ရှိခဲ့ပြီ။ ကျွန်မဘဝတစ်လျှောက် ဂုဏ်ပြုမှုများစွာကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဂုဏ်ပြုမှုဟာ အကြီးကျယ်ဆုံးဖြစ်တယ်လို့ Windsor ကပြောဆိုခဲ့ကြောင်း Guardian သတင်းစာအရ သိရှိရပါတယ်။ "ကုန်ဆုံးသွားတဲ့ နှစ်အနည်းငယ်က တိုတောင်းလှတဲ့ သူမဘဝအသက်ရှင်တဲ့အချိန်လေးမှာ Amy နဲ့ သိခွင့်ရခဲ့တာ ကျွန်မအတွက် ကံကောင်းမှုကြီးတစ်ခုပါ။ ဒီနိုင်ငံက မွေးထုတ်ပေးခဲ့တဲ့ အကြီးမြတ်ဆုံး အနုပညာပါရမီရှင်တွေထဲက တစ်ဦး ဖြစ်သည်သာမက သူမဟာ နွေးဆွေးမှုရှိ၊ ကြင်နာသနားတတ်ပြီး ပျော်ရွှင်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။"လို့လည်း ထပ်လောင်းပြောသွားပါသေးတယ်။

ကျွန်မတို့အသိုင်းအဝိုင်းက ခေါ်ဆိုတဲ့ ဒိတ်ဒိတ်ကြဲ ဆိုတာ သူမပါပဲ။ Camden ကို Amy အရူးအမူးချစ်ပြီး Camden က လည်းသူ့မကို ချစ်တာကြောင့်မို့ ဒီနေရာမှာ သူမရဲ့ ရုပ်တုကျန်ရစ်ရှိနေတာ ဖြစ်သင့်တဲ့ အမှန်တရားပါ။ ကမ္ဘာတစ်ဝန်းရှိအားပေးတတ်တဲ့ ပရိတ်သတ်တွေကလည်း လန်ဒန်အခြေစိုက် ပန်းချီပညာရှင် Scott Eaton တုထွင်းထားတဲ့ အဲဒီကြေးရုပ်တုကို တွေ့မြင်ဖို့ အခမ်းအနားကို သူ့တို့နည်း သူတို့ဟန်နဲ့ ကျင်းပကြပါတယ်။

ဆေးအလွန်အကျွံသုံးစွဲမှုကိစ္စရပ်တွေရှိခဲ့တဲ့ Winehouse ဟာ မတော်တဆ အဆိပ်သင့်ဖြစ်ပွားမှုကြောင့် သူမရဲ့ Camden နေရပ်အိမ်မှာ ၂၀၁၁ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Amy Winehouse statue
Source: starpulse
Trend Myanmar