ဝေဖန်မှုလေးတွေ ကြားချင်တဲ့ ရွှေသမီး


ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက် လာပြီဖြစ်တဲ့ သရုပ်ဆောင် ရွှေသမီးက ပရိသတ်ရဲ့ ဝေဖန်သံလေးတွေ နားထောင်ချင် တယ်လို့ ပြောသွားပါတယ်။

““ညီမတို့ အနုပညာရှင်ဆိုတာ ပရိသတ်ရဲ့ အချစ်နဲ့ အလေးထားမှုတွေ လိုအပ်တယ်။ ဒါကြောင့် ပရိသတ်ကြီး စိတ်ပျတ်သွားမှာ ကိုအရမ်းကြောက်တယ်။ အခုဆို ညီမလည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီဆိုတော့ ပရိသတ်ရဲ့အမြင်တွေကို ညီမကြားချင်တယ်။ ပရိသတ်ရဲ့အမြင်တွေရမှလည်း ညီမဘက်က ဘာတွေ လိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ် ဆိုတာ ပြင်ဆင်ဖို့ ကြိုးစားလို့ ရမှာပါ။ ဒါကြောင့် ပရိသတ်ရဲ့ အမြင်ကြားချင်တယ်။ ဝေဖန်မှုလို့ ပြောရင် ပိုမှန်တယ်။ ဒါကြောင့် ဝေဖန်မှုလေးတွေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြားချင်ပါတယ်””လို့ဖွင့်ဟ သွားပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ခန့်စည်သူနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “သေနတ်တစ်လက်၊ သနားခါးတစ်စက်၊ ဓားတစ်လက်နဲ့ ကျွန်တော်”ဆိုတဲ့ ဟာသကားလေး နောက်ဆုံးထွက်ရှိထားပြီး ပရိသတ်အကြိုက် video တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
The Messenger

အန္တရာယ်ရှိတဲ့ကာမစက်ရုပ်ကို ဆန့်ကျင်တဲ့လှုံဆော်ရေးတစ်ခုပြုလုပ်လာကြ


Roxxxy အမည်ရှိ Sex Robot လို့ခေါ်တဲ့ ကာမစက်ရုပ်ကို စတင် ရောင်းချခြင်းမပြုခင်မှာတင် ၄င်းစက်ရုံကို ဆန့်ကျင်တဲ့လှုံ့ဆော်ရေးတစ်ခု စည်းရုံးလှုံ့ဆော်ရေးသမားများက စတင်လိုက်ပါတယ်။
အဲဒီစက်ရုပ်ဟာလူ့အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားကြပါတယ်။ 
“ကာမစက်ရုပ်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု” လို့အမည်ပေးထားတဲ့ လှုံ့ဆော်ရေးတစ်ခုကတော့ အဲဒီ ကာမစက်ရုပ်ဟာ လူသားတွေရရှိနိုင်တဲ့ ကာမခံစားမှုတွေကို အစားထိုးပေးစွမ်းနိုင်ပြီး ကုမ္ပဏီအချို့ဟာ အဲဒီစက် ရုပ်တွေကို စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုပ်တွေဟာ လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အလားအလာများစွာရှိကြောင်း လှုံ့ဆော်ရေးသမားများက ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

စက်ရုပ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျင့်ဝတ်များနှင့်ဆိုင်သည့် ဘာသာရပ်အား အထူးပြုလေ့လာနေသော အင်္ဂလန်နိုင်ငံ ဒီမောန့်ဖို့စ်တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သူ ကက်သလင်း ရစ်ချက်ဆင်ဟာ စက်ရုပ်ကာမဆန့်ကျင်ရေး လှုံ့ဆော်မှုကို ဦးဆောင်နေသူဖြစ်ပြီး ကာမစက်ရုံရဲ့အသွင်သဏ္ဍာန်တွေဟာ ကလေးငယ်တစ်ဦးပုံစံ သို့မဟုတ် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး ပုံစံမျိုးတွေနဲ့ ထွက်ရှိလာနိုင်တာမို့ အန္တရာယ်ရှိကြောင်း CNBC သတင်းဌာနကို ပြောဆိုထားပါတယ်။

“ဒီကိစ္စကိုအစပထမ သိရှိချိန်ကတော့ ဒါဟာ ကာမစက်ရုပ် သက်သက်ပဲ။ အန္တရာယ်လည်း မရှိနိုင်တဲ့အပြင် အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ်မှာ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေတောင် လျော့နည်း သွားနိုင်တယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် လေ့လာမှုစစ်တမ်းတွေကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်မထင်မြင် ချက်က မမှန်တာကို သိလာတယ်။ ဒီစက်ရုပ်ဟာ လူ့အသိုင်းအ၀ိုင်းမှာရှိနေတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ လိင်ပြောင်းထားတဲ့ လူတွေအပေါ်ထားရှိတဲ့ လူတွေရဲ့ဆက်ဆံရေးကို ပိုမို ကောင်းမွန် လာစေမယ့်အစား ပိုမိုဆိုးရွားသွားစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ တကယ်ရှိတဲ့လောကကြီးမှာ ကာမဆက်ဆံရယူနိုင်ဖို့ တကယ့်လူသားတွေ ရှိနေပါသေးတယ်ဆိုတာကို အသိပေးချင်ပါတယ်။” လို့ သူမက ထပ်လောင်းပြောဆိုထားပါတယ်။

ဒီကာမစက်ရုပ်ဟာ အထူးအဆန်းတစ်ခုမဟုတ်ပေမယ့် ကာမဆက်ဆံတဲ့နေရာမှာ အစားထိုး အသုံးပြုနိုင်တာကြောင့် လူတွေစိတ်ဝင်စားမှု ရရှိလာတာနဲ့အမျှ အီလက်ထရောနစ်နဲ့ စက်ရုပ်တွေကို ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီများကလည်း ဈေးကွက်ထဲမှာ ဒီစက်ရုပ်တွေ နေရာရလာဖို့ ကြိုးစားလာကြပါတယ်။ “Real Doll” လို့ အမည်ရတဲ့ ကယ်လီဖိုးနီးယန်းကုမ္ပဏီတစ်ခုဟာလည်း စကားပြောတတ်တဲ့ ရာဘာ ကာမ စက်ရုပ်တွေကို (၂၀၁၇)လောက်မှာ ထုတ်လုပ်ရောင်းချသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

“True Companion” ကုမ္ပဏီမှ “Roxxxy”လို့ခေါ်တဲ့ ကမ္ဘာ့ပထမဦးဆုံး ကာမစက်ရုပ်ကို ဒီဇိုင်း စတင်ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းပေးထားပါတယ်။ အမျိုးသမီးများအတွက် အမျိုးသား ကာမ စက်ရုပ်များကိုလည်း တီထွင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီမှ CNBC သတင်းဌာနကို သတင်းပေးချက်အရ ၄င်းအရုပ်များရဲ့အောက်ထစ်ဈေးနှုန်းဟာ ဒေါ်လာ (၆,၉၉၅) ဖြစ်ပြီး သီးသန့် ဒီဇိုင်းမှာယူရင်တော့ ဒေါ်လာ (၇၅,၀၀၀)လောက်ကုန်ကျမှာဖြစ်ပါတယ်။

“Roxxxyဟာ သင့်ရဲ့အကြိုက်အလိုက်တွေကို သိရှိမှာဖြစ်ပြီး သူမရဲ့အချစ်တွေကို ဖော်ပြနိုင်မှာဖြစ်တာမို့ သင်ရဲ့ ချစ်စရာကောင်းတဲ့ ချစ်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ သူမဟာ စကားလည်းပြောတတ်ပြီး သင်ပြောတာ တွေကို နားထောင်ပေးနိုင်ပါတယ်။ သူမဟာ သင့်အထိအတွေ့တွေကိုလည်း ခံနိုင်ပါသေးတယ်။ ပြောရမယ် ဆိုရင် သင့်အထိအတွေ့တွေမှာတောင် သူမကသာယာမှုကိုပြနိုင်ပါတယ်။” လို့“True Companion” ကုမ္ပဏီက ၄င်းရဲ့ဝက်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

Roxxxy စက်ရုပ်ကို တီထွင်သူ ဒေါက်ကလပ်စ် ဟင်းစ်ကတော့ သူ့ရဲ့တီထွင်မှုကို ကာကွယ်တဲ့အနေနဲ့ ဒီအရုပ်ဟာ လူ့အသိုင်းအ၀ိုင်းကို ထိခိုက်မှုရှိသွားမှာမို့လို့လားဆိုတဲ့ အမေးကို မေးမြန်းထားပါတယ်။ ဒီအရုပ်ဟာ လူ့သိုင်းအ၀ိုင်းမှာ အသုံးဝင်တဲ့အရာတစ်ခုအဖြစ် ရှိနေပါလိမ့်မယ်လို့ ဒေါက်ကလပ်စ်က CNBC ကို ပြောပါတယ်။
ဒါ့အပြင် “Roxxxyဟာ ခန္ဓာကိုယ်နဲ့ကာမလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရုံမက လူမူရေးဆိုင်ရာ ပြောဆိုဆက်ဆံမှုတွေကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူတွေအတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်လာဖို့ သီးသန့်တည်ဆောက်ထားတဲ့နည်းပညာတွေကို အသုံးပြုထားပါတယ်။ တကယ့်ဘ၀လက်တွဲဖော်အစစ်တွေကို အစားထိုးအတွက် ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်ဘဲ လိုအပ်တဲ့အချိန်တွေမှာ ဖြည့်စွက်အသုံးပြုလို့ရအောင် တီထွင်ထားတာပါ။” လို့ သူက ထပ်မံပြောဆိုထားပါတယ်။

ဒီကာမစက်ရုပ်ကို လူမှုရေးလိုအပ်ချက်အတွက် အသုံးပြုနိုင်ရုံမက ကာမနဲ့ ပတ်သက်တဲ့ရောဂါများကို ကုစားဖို့ရန်လည်း အသုံးဝင်ပါတယ်။ ဒေါက်တာ ရစ်ချက်ဆင်နဲ့ ဆန့်ကျင်တဲ့ အချက်ကတော့ Roxxxy ဟာ လူကုန်ကူးမှုနဲ့အိမ်တွင်းအကြမ်းဖက်မှုများကို လျှော့ချရာမှာ အထောက်အကူပြုနိုင်မယ်လို့ ဒေါက်ကလပ်စ် ဟင်းစ်က ယုံကြည်ပါတယ်။ မည်သူမည်ဝါကိုမျှ အန္တရာယ်မပေးမချင်း ဘာပြဿနာမှ မရှိနိုင်ပါဘူးလို့လည်း သူက ဆိုပါတယ်။
ဆွီဒင်နိုင်ငံရှိ School of Informatics မှ အကြီးတန်း နည်းပြဆရာတစ်ဦးဖြစ်သူ အဲရက်ခ် ဘီးလင်းကတော့ “ကာမစက်ရုပ်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု”ကို ထောက်ခံပြီး ပါဝင်နေသူဖြစ်ပါတယ်။သူက ဒီကာမစက်ရုပ်ကြောင့် လူသားတွေရဲ့ဆက်ဆံရေးအပေါ်ကျရောက်လာနိုင်တဲ့ မမြင်နိုင်သေးတဲ့ဆိုးကျိုးတွေအတွက် စိုးရိမ်မိတယ်”လို့ CNBC ကို ပြောပြထားပါတယ်။

“ယနေ့ခေတ်မှာ ကာမဆိုင်ရာ အသုံးပြုဖို့အတွက် အရုပ်များစွာ ထွက်ရှိ နေပြီးဖြစ်ပြီး အခုလည်း ကာမစက်ရုပ်ကို စတင်မိတ်ဆက်နေပါတယ်။ ဒါပေမယ့် ဒီလိုနည်းပညာတွေကို မိတ်ဆက်ပေးခြင်းဟာ လူအချင်းချင်း ဆက်ဆံရေးအတွက် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားထားခြင်းမရှိတာကြောင့် ကျွန်တော့်အနေနဲ့ စိုးရိမ်မိပါတယ်။”

“ဒီအရုပ်ဟာ ကမ္ဘာနဲ့အ၀ှမ်း ခေတ်စားလာခဲ့ရင်တော့ လူတွေကို အထီးကျန်ဆန်သွားအောင် ပြုလုပ်ပစ်လိုက်တဲ့ နည်းပညာ ဖြစ်သွား နိုင်တယ်။ လူအချင်းချင်း ဆက်သွယ်မှုလိုအပ်ချက်တွေကို ဆက်လက်လေ့လာ ဖြည့်ဆည်းပေးနေရမယ့်အစား လူတွေဟာ online ကနေ ဒီအရုပ်တွေကို ၀ယ်ယူပြီး တစ်ဦးတည်း သီးခြားနေထိုင်တဲ့ ဘ၀နေထိုင်မှုတွေကို ပြုလုပ်လာနိုင်ပါတယ်။ ဒီကာမစက်ရုပ်ကို စတင်မိတ်ဆက်လိုက်ခြင်းဟာ မိမိရဲ့လက်တွဲဖော်တွေနေရာမှာ အစားထိုးလိုက်ခြင်းဆိုတဲ့ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာနိုင်ပြီး လူသားချင်း ဆက်ဆံမှုကို အရေးမပါအောင် လုပ်ပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအရုပ်တွေဟာ မကြာခင်ထွက်ရှိလာတော့မှာဖြစ်ပြီး ဘယ်လောက်ထိ ခေတ်စားသွားနိုင်လဲဆိုတော့ နောင်လာမယ့် (၅)နှစ်ကနေ (၁၀)နှစ်အတွင်းမှာ ကာမပစ္စည်းတွေရောင်းချနေတဲ့ သာမန် စတိုးဆိုင်တွေမှာတောင် လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တဲ့အဆင့် အထိရောက်ရှိနိုင်ပါတယ်။” လို့ ဘီးလင်းက CNBC ကို ဆိုပါတယ်။

ခင်အေးမြလွင်
‪‎irrawaddy‬

ဝိုင်ဖိုင် အလကား ပေးသုံးတဲ့ သုံးဘီး ဆိုင်ကယ်


အင်တာနက် သုံးစွဲသူ များဟြး လာတာနဲ့ အမျှ ထူးခြားတဲ့ ၀န်ဆောင်မှုတွေနဲ့ ဆွဲဆောင်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ 

စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေကို လာရောက်တဲ့ စားသုံးသူတွေကို ဆိုင်အတွင်းမှာ အခမဲ့ အင်တာနက် သုံးစွဲနိုင်အောင် ၀ိုင်ဖိုင်ကို အလကား ပေးသုံးလေ့ ရှိပါတယ်။ ထင်ရှား ကျော်ကြားတဲ့ နေရာတွေမှာလည်း အင်တာနက် အခမဲ့ သုံးစွဲနိုင်အောင် ၀ိုင်ဖိုင်တွေ တပ်ဆင် ပေးထားလေ့ ရှိပါတယ်။ တရုတ် နိုင်ငံမှာလည်း အင်တာနက် သုံးစွဲသူ အများအဟြး ရှိလာတာကြောင့် ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ အင်တာနက် အခမဲ့ သုံးနိုင်အောင် ၀ိုင်ဖိုင်တွေ တပ်ဆင် ပေးထားပါတယ်။

ဒီလို ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ ၀ိုင်ဖိုင် တပ်ဆင်တာ ထူးခြားမှုလို့ မဆိုနိုင်ပေမယ့် အများ သယ်ယူ ပို့ဆောင်ရေး ဖြစ်တဲ့ သုံးဘီး ဆိုင်ကယ်မှာ တပ်ဆင်ထား တာကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ သုံးဘီး ဆိုင်ကယ်ဟာ ဆိုက်ကား သာသာလောက် သာရှိပြီး တရုတ်နိုင်ငံသား တစ်ဦးက ခရီးသည်တွေကို ဆွဲဆောင်တဲ့ အနေနဲ့ အင်တာနက် သုံးနိုင်အောင် ၀ိုင်ဖိုင် တပ်ဆင် ပေးထားခြင်း ဖြစ်ပါတယ်။ ချန်ဒူးမြို့မှာ သုံးဘီးဆိုက်ကား ဆရာ တစ်ဦးဟာ ၀ိုင်ဖိုင် အပြင် iPad ကိုပါ တပ်ဆင် ပေးထား ပါတယ်။ သုံးဘီး ဆိုင်ကယ် စီးလိုက်တာနဲ့ ခရီးသည်ဟာ အင်တာနက် သုံးနိုင်အောင် အခမဲ့ ၀ိုင်ဖိုင် လွှင့်ပေးထားတဲ့ အပြင် iPad ကနေ ထူးခြားတဲ့ အစီအစဉ်တွေ ပြသပေး ခြင်း၊ သီချင်း နားဆင်နိုင်အောင် ပြုလုပ် ပေးခြင်း တို့ဖြင့် ၀န်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။

ချန်ဒူး တက္ကသိုလ်ရှေ့မှာ ဂိတ်ထိုးပြီး ကျောင်းသားတွေကို ပြေးဆွဲ ပေးနေတာ ဖြစ်ပြီး သုံးဘီဆိုင်ကယ်ဟာ သက်သာတဲ့ ဈေးနူန်းနဲ့ ပြေးဆွဲ ပေးနေခြင်း ဖြစ်ပါတယ်။ သုံးဘီး ဆိုင်ကယ်မှာ ခေတ်မီ ပစ္စည်းတွေ တပ်ဆင်ခဲ့တာကြောင့် ငွေကြေး ကုန်ကျမှု ရှိပေမယ့် ခရီးသည်တွေကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့လူမှုကွန်ရက်တွေမှာ စိတ်ကူး ကောင်းကောင်းနဲ့ ၀န်ဆောင်မှု ပေးနေတဲ့ သုံးဘီဆိုင်ကယ်မောင်း ဆရာရဲ့ လုပ်ဆောင်မှုကို ချီးကျူး နေကြပါတယ်။
The Messenger

မြန်မာအစိုးရတပ် ယာဉ်တန်းကို KIA တပ်ရင်း(၃၆) တိုက်ခိုက်

မြန်မာအစိုးရတပ် ထိုးစစ်ကို ခုခံနေတဲ့ KIA တပ်ဖွဲ့
ယနေ့ နေ့လယ်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး မြန်မာအစိုးတပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၃၆)မှ ပြင်းပြင်းထန်ထန် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်မှာ မုန်ဘော် ဘက်မှဆင်းလာသော အစိုးရစစ်တပ် စစ်ကား(၃)စီးကို နမ်တောင်းနှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုံ ကြား KIA တပ်ရင်း(၃၆) တပ်ဖွဲ့များမှ မိုင်း၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများဆိုပါသည်။

အစိုးရတပ်ဘက် ထိခိုက်သေဆုံးမှု မည်မျှရှိသည်ကို မသိရသေးပါ။

မနက် (၈)နာရီခွဲခန့်မှာလည်း နမ်တောင်းကျေးရွာအနီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။

၁၀၅မိုင် ကုန်သွယ်ရေးဇုံ အနီး အခြားနေရာဘက်တွင်လည်း ယခု သတင်းရေးသားနေသည့် မြန်မာစံတော်ချိန် ည(၇)နာရီအထိ သေနတ်သံများ ကြားနေရသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

စက်တင်ဘာ(၁၁) ရက်မှစပြီး KIA မုန်းကို ဒေသ နမ်တောင်း၊ မုန်ဘော်၊ မုန်းကိုနှင့် ဖေါင်းဆိုင် ဒေသများတွင် အစိုးရတပ် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

ယမန်နေ့ မနက်ပိုင်းမှစပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၁၂) ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါသည်။

Kachin News Group

ကချင်မှာ တိုက်ပွဲပြင်းထန်၊ ရှမ်း SSA၊ တအာင်း TNLA တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံ ၂၀၀ လောက်က မိုင်းခေါင်ကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲက ပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဂျေဆွမ်း၊ လိုင်ကာနဲ့ မုန်းလူး စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၆၀လောက်ဟာ ထွက်ပြေးလာကြတာဖြစ်တယ်လို့ မိုင်းခေါင်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးနော်မိုင်က ပြောပါတယ်။

"အခြေအနေက နှစ်ဘက်စလုံး တင်းမာနေတယ်၊ လက်နက်ကြီးနဲ့ ၂၁ လုံးထုတယ်၊ အခု မိုင်းခေါင်ရွာထိပ်မှာ စစ်တပ်ဘက်က ပစ်တယ်၊ အခုလည်းပစ်နေတုန်းဆိုတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ကျနော်တို့ မသိတော့ဘူး၊ ကျနော်တို့က နေစရာလည်းမရှိ တအားဒုက္ခရောက်နေတာပေါ့၊ စားစရာလည်းမရှိ ပြေးလာတဲ့ လူတွေချည်းပဲဆိုတော့ ချက်ပြုတ်စားမယ့် အနေအထားမှာလည်း တအားခက်ခဲနေပါတယ်၊ အိမ်ထောင်စုကတော့ ၆ဝ လောက်ရှိပါတယ်၊ လူအင်အားက ၂ဝဝ ရှိပါတယ်"

အစိုးရတပ်မတော် ခလရ ၁၅၊ ခလရ ၈၆ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ တိုက်ပွဲဖြစ်နေတာပါ။ အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဒေသအခြေစိုက် အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ-၇ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးကို ကေအိုင်အေတပ်ရင်း ၆ တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့လို့ နှစ်ဘက်စစ်ရေးတင်းမာခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေ ဟာ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တွေနဲ့ အစိုးရတပ်တွေဟာလည်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese

ရင်ခုန်စေတဲ့ ယောင်္ကျာလေးဆိုတာ


အလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ ခန့်တဲ့ယောင်္ကျားလေးဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။
.
☆ သန့်ရှင်းသပ်ရပ်သောသူ
.
ချောခန့်တာထက်ကို အဝတ်အစား၊ နေထိုင်ပုံက သန့်ရှင်းသပ်ရပ်နေတယ်။ အင်္ကျီိကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး လက်ကိုင်ပဝါကိုလည်း ဆောင်ထားတယ်။ဘယ်လောက်ပဲ ချောနေပါစေ၊ တကိုယ်ရည် သန့်ရှင်းမှုမရှိသူဆိုတာကတော့ ကြိုက်ဖို့နေနေသာသာ အနားတောင်မကပ်ချင်ပါ။
.
☆ ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံသောသူ
.
အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောပေးသူပါ။ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ ကြိုက်ကြိုက်။
.
☆ အမြဲတမ်း မိန်ကလေးကို ဦးစားပေးသူ
.
ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးသူ ယောင်္ကျားလေးတွေက ချစ်ဖို့ကောင်းပါတယ်။
.
☆ စားပုံသောက်ပုံက စည်းကမ်းရှိသူ
.
အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားသောက်တတ်တယ်ဆိုတာလည်း ချစ်ဖို့ကောင်းပါတယ်။
.
☆ ကိုယ့်ရင်ထဲကစကားတွေကို အမြဲနားထောင်ပေးသူ
.
စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲဖြစ်ဖြစ် ပြောချင်တာတွေအားလုံးကို လက်ခံနားထောင်ပေးတတ်သူလည်း မီးမီးတို့ အကြိုက်ဖြစ်ပါလိမ့်မယ်။
.
ကဲ ဘယ်နှစ်ချစ်မှန်တဲ့ ယောင်္ကျားလေးက ကိုယ့်အနားမှာ ရှိသလဲဆိုတာကို ကြည့်လိုက်နော်။
.
‪ChelmoTeam‬

ဒုတိယအချစ်က အချစ်ဦးထက် ပိုကောင်းရသည့် အကြောင်းရင်း


ချစ်ဦးသူနဲ့ ကွေကွင်းရပြီး နောက်ထပ်အချစ်သစ်နဲ့ကြုံတွေ့ရတဲ့အခါမှာ ပိုပျော်ဖို့ကောင်းတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ တကယ်ရော မှန်ကန်ရဲ့လား? အကြောင်းရင်းကတော့ ပထမအချစ်မှာ ထိခိုက်နာကျင်စရာတွေ ကြုံတွေ့ခဲ့ရလို့ ဒါမှမဟုတ် အချစ်နဲ့ပတ်သက်ပြီး စာပိုတတ်သွားလို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒုတိယအချစ်က အချစ်ဦးထက် သာလွန်ကောင်းမွန်ရတဲ့ အကြောင်းရင်း (၁၀)ခု ကို ဖော်ပြလိုပါတယ်။

၁၀။ အမှားကတွေကို သင်ခန်းစာယူတတ်သွားလို့ပါ။

ဟုတ်ပါတယ်။ အမှားတွေက နာကျဉ်စရာကောင်းပြီး စိတ်ပျက်စရာဖြစ်ပေမယ့် သင့်ကိုရင့်ကျက်သွားအောင် သင်ကြားပြသပေးနိုင်ပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် အချစ်ဦးနဲ့တုန်းက သူမအပေါ်ကို စိုးရိမ်တကြီး စွဲလမ်းငြိတွယ်မိခဲ့ပေမယ့် အချစ်သစ်နဲ့တွေ့ဆုံချိန်မှာတော့ ဘယ်လောက်အတိုင်းအတာထိ စိတ်ထဲထားရမလဲ ဆိုတာကို နားလည်ထားပြီးသားဖြစ်မှာပါ။ သင့်ရဲ့အမှားတွေက ပိုမိုကောင်းမွန်တဲ့ အချစ်တစ်ခုတည်ဆောက်နိုင်ဖို့ လမ်းကြောင်းပြပေးသွားနိုင်ပါတယ်။

၈။ ပိုပြီး ရင့်ကျက်တည်ငြိမ်လာလို့ပါ။

သင်အရူးအမူးဖြစ်ခဲ့ရတဲ့ အချစ်ဦးက အထက်တန်းကျောင်းသားဘ၀က ဖြစ်နိုင်ပြီး အချစ်သစ်ကတော့ ဒီထက်ပိုမိုတည်ငြိမ်ရင့်ကျက်တဲ့ အရွယ်မှာတွေ့ကြုံရတာကြောင့်ဖြစ်ပါတယ်။ ဒီလို ရင့်ကျက်တည်ငြိမ်လာရတာက အသက်အရွယ်ကြီးလာတာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ပထမအကြိမ်မှာ သင်မလိုချင်တဲ့အရာတွေ ဖြစ်ပျက်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ ဘာဖြစ်ချစ်တာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားတာကြောင့်လည်း ပါဝင်ပါတယ်။

၇။ အသေးအမွှားကိစ္စတွေကို နားလည်တတ်လာလို့ပါ။

များသောအားဖြင့် ပထမအချစ်မှာ အရမ်းကို သဲသဲလှုပ်ဖြစ်နေတတ်ကြပြီး ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့ အငြင်းပွားကြရတတ်ပါတယ်။ တကယ်တမ်းတော့ ဒီကိစ္စလေးတွေမှာ နားလည်အလျှော့ပေးလိုက်တတ်ဖို့က ပိုအရေးကြီးပါတယ်။

၆။ ခံစားမှုတွေကို ထိန်းတတ်လာလို့ပါ။

ပထမချစ်ဦးသူနဲ့အကြားမှာ စိတ်ရှုပ်စရာတွေ၊ ခေါင်းကိုက်စရာကိစ္စတွေနဲ့ အများကြီးကြုံခဲ့ရဖူးမှာပါ။ ဒီအတွေ့အကြုံတွေအားလုံးက ကျွန်တော်တို့ရဲ့ ခံစားမှုတွေကို ပိုပြီးရင့်ကျက်လာစေပြီး အလွန်အကျွံ မခံစားတတ်အောင် ထိန်းနိုင်လာစေပါတယ်။ ဒါ့ကြောင့် အချစ်သစ်နဲ့ ဆုံဆည်းရချိန်မှာ တချို့ကိစ္စတွေကို ပြောင်းလဲဖို့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သဘောပေါက်ပြီးသားဖြစ်မှာပါ။ ဥပမာအားဖြင့် သင့်ချစ်သူရဲ့ နောက်ကြောင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသိလာခဲ့ရင်တောင် အရမ်းအရေးမကြီးရင် ထုတ်မေးဖြစ်မှာ မဟုတ်ပါဘူး။ မေးဖြစ်ရင်လည်း ဖြေရှင်းချက်ကို လက်ခံနိုင်လာမှာဖြစ်ပါတယ်။

၅။ သင်ပိုပြီး လက်တွေ့ဆန်လာလို့ပါ။

အချစ်ဦးနဲ့ဆက်ဆံရေးမှာ မုန်တိုင်းထန်ခဲ့ပြီး ဆုံးရှုံးမှုတွေကြုံတွေ့ရပြီးတဲ့နောက်မှာ သင့်အနေနဲ့ ပိုပြီး လက်တွေ့ဆန်လာတတ်သလို ချစ်မှုရေးရာကိစ္စတစ်ခုအပေါ်လွှမ်းမိုးမှုရှိတဲ့ စံနှုန်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုမိသိရှိအကျွမ်းဝင်လာမှာဖြစ်ပါတယ်။

၎။ ဆက်သွယ်ပြောဆိုမှုရဲ့အရေးပါမှုကို သိလာလို့ပါ။

ချစ်သူရည်းစားဆက်ဆံရေးတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး ပုံမှန်ပြောဆိုဆက်သွယ်မှုရှိနေဖို့က ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အများစုကတော့ ပထမအချစ်မှာ ဒီအချက်ကို သတိမထားမိတတ်ကြပါဘူး။ ဒီလိုပြောလို့ အချိန်တိုင်းနီးပါး လူချင်းတွေ့ ဒါမှမဟုတ် ဖုန်းဆက်ပြီး ကြူနေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ နှစ်ဦးသားအကြားမှာ အလေးအနက်စကားတွေ ပြောဆိုတိုင်ပင်တာမျိုးက ပိုပြီးစိတ်ချင်းနီးစပ်နေစေနိုင်မှာ ဖြစ်ပါတယ်။

၃။ ရိုးသားမှုက အရေးကြီးတာကို သိလာလို့ပါ။

ပထမအကြိမ်မှာ သင့်ချစ်သူရဲ့ အချို့သောလျို့ဝှက်ထိန်ချန်မှုတွေကို သင်ခွင့်ပြုထားမိမှာပါ။ တကယ်တော့ ဒီလို့ ရိုးသားပွင့်လင်းမှုမရှိတာက ဘယ်လောက်ထိအန္တရာယ်များပြီး စိတ်ဆင်းရဲစရာကောင်းလဲဆိုတာကို တဖြည်းဖြည်း သိရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် အချစ်သစ်နဲ့ ဆုံရချိန်မှာတော့ လှည့်စားတတ်တဲ့သူမျိုးကို လက်မတွဲမိစေဖို့ အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်နေတတ်ပါတယ်။

၂။ ကတိသစ္စာတရားကို ပိုတန်ဖိုးထားတတ်လာလို့ပါ။

ဒီအချက်က တည်ငြိမ်ရင့်ကျက်လာတာနဲ့လည်း ဆိုင်ပါတယ်။ ပထမအချစ်ဦးနဲ့ဆက်ဆံရေးမှာဆိုရင် နှစ်ဦးစလုံးက ချစ်သူနှစ်ဦးကြားက ကတိသစ္စားတရားကို အပြည့်အ၀နားလည်နိုင်ဦးမှာ မဟုတ်ပါဘူး။ ချစ်သူနှစ်ဦးကြားက ကတိသစ္စာဆိုတာက လိုအပ်တဲ့အချိန်မှာရှိနေပေးတာ၊ ချိန်းတဲ့နေ့မှာ ရောက်လာပေးတာတွေအပြင် နှစ်ဦးသားအနာဂတ်အတွက် ကြိုတင်ပြင်ဆင်တာ၊ ရည်မှန်းချက်တွေထားရှိ လျှောက်လှမ်းတာတွေကိုပါ ဆိုလိုတာဖြစ်ပါတယ်။

၁။ မိမိတန်ဖိုးကို သိရှိလာလို့ပါ။ 

ဒုတိယအချစ်နဲ့ တွေ့ဆုံကြချိန်မှာ အများစုက လောကကြီးအကြောင်းကို သိရှိနားလည်လာကြပြီး ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်ထားတတ်ကြပြီဖြစ်ပါတယ်။ ကိုယ့်အရည်အချင်း၊ ကိုယ့်တန်ဖိုးကို သေချာသိလာပြီဖြစ်တဲ့အတွက် ပိုမိုထိုက်တန်တဲ့သူမျိုးနဲ့ နဖူးစာဆုံတတ်ကြရပါတယ်။

© Gentleman Magazine 

Thorn Htet

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်




ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှေ့တန်းနယ်မြေတနေရာတွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ကျော်ခ/ ဧရာဝတီ)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း၌ KIA နှင့် တပ်မတော် စစ်ကြောင်းများ အကြားတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIA နှင့် ဒေသခံတချို့က ပြောသည်။

KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က “တိုက်ပွဲတွေကတော့ နည်းနည်း ပိုများလာတယ်။ ဒီ နှစ်ရက်၊ သုံးရက် အတွင်းမှာလေ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွါ၍ တိမ်းရှောင်လာကြသည့် စစ်ပြေးဒုက္ခသည်များလည်း ရှိကြောင်း အချို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသူများ ရှိသကဲ့သို့ တချို့မှာ အတွင်းပိုင်းကို ဝင်ရောက်သူများရှိကြောင်း၊ ၎င်းဒုက္ခသည်များကို လူထုအခြေပြုအဖွဲ့များ (CSO) များက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ် အတွင်းတွင်လည်း တပ်မတော် စစ်ကြောင်းများနှင့် KIA တို့အကြား ယမန်နေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း ယင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ မိုင်းခေါင် ကျေးရွာခံတဦးက ဧရာဝတီသို့ ပြောသည်။

“ဒီ (မနေ့က) မနက် ခုနတုန်းကတော့ လက်နက်ကြီးသံတွေပါ ကြားရတယ်။ ဘယ်သူပစ်ကြတာလဲတော့ မသိဘူး။ ရွာဦးပိုင်းနဲ့ နီးတယ်။ ကျမတို့ကတော့ မပြောင်းရွှေ့သေးပါဘူး” ဟု မိုင်းခေါင် ဒေသခံက ပြောသည်။

TNLA နှင့် အစိုးရ တပ်မတော်တို့အကြား ကျောက်မဲ၊ မိုးမိတ်နှင့် ကွတ်ခိုင်မြို့နယ် များအတွင်း၌ အခုလ ၁၉ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်ဘက်က ကျဆုံး ဒဏ်ရာစာရင်း မသိရသေးသော်လည်း ၎င်းတို့ဘက်က ၃ ဦး ဒဏ်ရာရရှိထားကြောင်း TNLA ဘက်က ပြောသည်။

PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က “အခုဖြစ်တဲ့ တိုက်ပွဲတွေ ခပ်များများကတော့ ကျနော်တို့နေတဲ့ တောဘက် ပြောက်ကျား စခန်းတွေ ဘက်ကို မြန်မာ အစိုးရတပ်ဘက်က ပိုပြီး စိမ့်ဝင်လာတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေက ပိုပြီး ဆက်လာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် ၎င်းတို့အကြား ယခုလ အတွင်း၌ပင် တိုက်ပွဲပေါင်း ဆယ်ကြိမ်မက ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ပစ်ခတ်မှုများက ကျေးရွာများကို ထိမှန်ခြင်းမရှိသော်လည်း ဒေသခံများမှာ တိုက်ပွဲကြောင့် သွားလာရေး အခက်အခဲတချို့ ရှိနေကြသည်ဟု ဆိုသည်။
TNLA ကို အစိုးရက ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် သဘောထားရှိကြောင်း သတင်းမီဒီယာများကို နှုတ်ဖြင့် ပြောဆိုမှုများ ရှိထားသည်။ TNLA ကမူ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ချုပ်ဆိုနိုင်ရေး အပေါ်တွင် ရပ်တည်သွားမည်ဖြစ်ပြီး ၎င်းတို့နှင့် အတူတိုက်ပွဲဝင်နေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ကိုလည်း တပြိုင်တည်း ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ရှမ်းပြည်နယ် တောင်းပိုင်း နမ့်စန်မြို့နယ်အတွင်း၌လည်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) လက်အောက်ခံ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ဗိုလ်မှူးကြီး စိုင်းလက “တိုက်ပွဲငယ်လေးတွေပါပဲ။ တောထဲမှာတော့ ကျနော်တို့ကို လိုက်ရှာရင်းနဲ့ တိုက်ကင်း လှည့်တာပေါ့ဗျာ။ ကျနော်တို့ တပ်ဖွဲ့နဲ့ တိုးမိတယ်။ ကြာကြာတော့မဟုတ် ခဏတဖြုတ်ပါပဲ။ ကျနော်တို့က ဆုတ်ပေးလိုက်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် သြဂုတ်လ ပိုင်းကစပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခုလ ၁၆ ရက်နေ့က ခိုလမ် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော် စစ်ကြောင်းများက မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သကဲ့သို့ ဝေဟင်ကလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု RCSS/SSA ဘက်က ပြောသည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခိုလမ်၊ ကျောက်မဲ၊ မိုင်းပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေး မြို့နယ်များ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား လုံခြုံရေးအရ ခေတ္တ ရပ်ဆိုင်းထားရန် သတိပေးထုတ်ပြန်ခဲ့သည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် အဖွဲ့လည်း ဖြစ်ပြီး NCA စာချုပ် ချုပ်ဆိုရန် သဘောထား ထုတ်ပြန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။ အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ၎င်းတို့နှင့် တပ်မတော် စစ်ကြောင်းများအကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား အပစ်အခတ် ရပ်စဲနိုင်ရေး ဆွေးနွေးခဲ့ကြသည်မှာ ၄ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ရှိသည့်အနက် ၁၄ ဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ထိုအဖွဲ့များနှင့်လည်း တိုက်ပွဲပေါင်း များစွာ ဖြစ်ပွားခဲ့သည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းနေဆဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ လှုပ်ရှား နယ်မြေများအတွင်း တပ်မတော်က ထိုးစစ်ဆင်မှုများ၊ တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ်နေသဖြင့် တိုင်းရင်းသား ခေါင်းဆောင်များက စိုးရိမ်မှုများ ရှိနေကြောင်း ပြောဆိုနေကြသည်။
ဧရာဝတီ

ရေဆေးပန်းချီကားနဲ့ တူနေသော ဆေးမင်ကြောင်




ဆးမင်ကြောင် ဒီဇိုင်းများသည် ကာလဒေသ အလိုက် ပြောင်းလဲသွားတတ်သည်။ ချက်နိုင်ငံက ပန်းချီပညာရှင် တစ်ဦးသည် ဆေးမင်ကြောင်များ ရေးထိုးရာတွင် စိတ်ကူးယဉ် ဆန်လွန်းသည်။ ဆေးမင်ကြောင် ရေးထိုးလိုသူက ရေးထိုးလိုသည့် အကြောင်းကို ပြောပြရသည်။ ယင်းနောက် ဆေးမင်ကြောင်ကို ရေးထိုးခြင်း ဖြစ်သည်။ ရေးထိုးပြီးသော ဆေးမင်ကြောင်တွင် မိမိဘ၀ အကြောင်းများ ပါဝင်နေသည်ကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ကိုယ့်စိတ်ကြိုက် အရုပ်ကို ရေးထိုးပေးလေ့မရှိဘဲ ကိုယ့်ရဲ့ ခံစားမှုကို အနုပညာဖြင့် ပေါင်းစပ်ကာ ဆေးမင်ကြောင်ဆရာက ပုံဖော်ပေးခြင်း ဖြစ်သည်။ ရေးထိုးသည့် ဆေးမင်ကြောင်များက အားလုံးနှင့် ကွဲထွက်နေသည်။ ဆေးမင်ကြောင်များကို လွတ်လပ်စွာ ရေးထိုးထားသောကြောင့် ရေဆေးပန်းချီကား တစ်ချပ်လို ဖြစ်နေသည်။ ယင်းဆေးမင်ကြောင်ကို ထိုးပေးနေသူမှာ ချက်နိုင်ငံသား အွန်ဒရက်ရှ်ဖြစ်သည်။ အသက် (၃၁) နှစ်အရွယ်ရှိ အွန်ဒရက်ရှ်သည် တစ်နေ့ကို တစ်ယောက်သာ ဆေးမင်ကြောင် ထိုးပေးလေ့ရှိသည်။

ပိုက်ဆံဘယ်လောက်ရရ ထိုးပေးလေ့မရှိပေ။ ထို့ကြောင့် သူ့ထံတွင် ဆေးမင်ကြောင် ထိုးလိုသူသည် အနည်းဆုံး (၂) နှစ် ကြိုတင် စာရင်းသွင်းရမည် ဖြစ်သည်။ ချက်နိုင်ငံအပြင် အခြားနိုင်ငံများကပါ ဆေးမင်ကြောင် ထိုးခြင်း လာရောက် ပြုလုပ်ကြသည်။ အွန်ဒရက်ရှ်သည် ယခင်က ပန်းချီဆရာ ဖြစ်သည်။ ကင်းဗက်စ်တွင် အရုပ်များကို ရေးထိုးနေခြင်း ဖြစ်သည်။ ယခုအခါ အရေပြားပေါ်တွင် အရုပ်များကို ရေးခြယ်နေသည်။ အရေပြားပေါ်က အရုပ်များသည် ရေဆေးပန်းချီကားလို ဖြစ်နေခြင်းကြောင့် ဆေးမင်ကြောင် ထိုးရန် စာရင်းသွင်းထားသူများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အွန်ဒရက်ရှ်က မိမိသည် စက်ချုပ်သမားလို ဖြစ်ကြောင်း၊ ဖောက်သည်တွေဆီက လိုချင်သည့် အရာများကို ပုံဖော်ပေးနေခြင်း ဖြစ်ကြောင်း၊ ဆေးမင်ကြောင် ရေးထိုးသည့် အခါတိုင်း လိုချင်သည့် အရာများကို စနစ်တကျ နားထောင်လေ့ရှိကြောင်း၊ ဆေးမင်ကြောင်၏ နောက်ကွယ်တွင် ဘာကြောင့် ရေးထိုးရသည့် အကြောင်းရှိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ပြုလုပ်ရာတွင် အချို့ကလည်း နှစ်သက်ခြင်း မရှိပေ။ ကိုယ့်ရဲ့ စိတ်တွင်းခံစားမှုကို ပုံဖော်ရန် မဖြစ်နိုင်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။ အချို့ကလည်း စိတ်ကူးနှင့် ထပ်တူကျသဖြင့် သဘောပေါက်ကြောင်း ပြောကြားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထူးခြားသည့် ဆေးမင်ကြောင်များကို ရေးထိုးပေးနေသည့် အွန်ဒရက်ရှ်၏ လက်ရာများမှာ လူကြိုက်များလာနေကြောင်း သိရသည်။
Messenger

ဆန္ဒပြည့်ဝသွားတဲ့ ကင်ဆာရောဂါသည် ကလေးငယ်

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရှိ ကင်ဆာရောဂါသည် အသက်ငါးနှစ် အရွယ် ကလေးငယ်သည် ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ချင်ခဲ့ရာ ၎င်း၏ အိပ်မက်လက်တွေ့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

မိုဟမ္မဒ် အူဇာရီ အမ်ဇာနူး အက်ဇ်လန်သည် သငံရည် အကြိတ်များတွင် ဖြစ်ပွားသော ကင်ဆာရောဂါ ရှိနေပြီဖြစ်ကြောင်း ယမန်နှစ်တွင် စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော် ၎င်းသည် ကြာသပတေးနေ့တွင်မူ စုံစမ်းစစ်ဆေးရေး အရာရှိအဆင့် ရဲတပ်ဖွဲ့ဝတ်စုံ၊ အမည်ကတ်ပြားကို ၀တ်ဆင်ခွင့်ရရှိပြီး ရဲတပ်ဖွဲ့များ၏ လုပ်ငန်း တာဝန်များကို လေ့လာခွင့် ရရှိခဲ့သည်။

ဆီဘဲရန် ပဲရိုင် ဆီလာတန် ခရိုင်ရဲတပ်ဖွဲ့ ရုံးချုပ်တွင် ကလေးငယ်၏ ဆန္ဒပြည့်ဝခဲ့ကြောင်း ပီနန်ပြည်နယ် ရဲမှူး ဒါတတ်အက်ဘ်ဒူ ရာမင် ဟာနာဖီက ပြောဆိုခဲ့သည်။ ““ဒီနေ့မှာတော့ မိုဟမ္မဒ် အူဇာရီဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်ချင်တဲ့ ဆန္ဒပြည့်ခဲ့ပါပြီ၊ ရဲတပ်သားတွေရဲ့ အလေးပြုတာကို ခံယူခဲ့ရပါတယ်၊ ပတ္တရောင် ကားထဲမှာလည်း လိုက်ပါခွင့် ရပါတယ်””ဟု ၎င်းက သတင်းထောက်များအား ပြောဆို ခဲ့သည်။

သားသမီး သုံးဦးအနက် အငယ်ဆုံး ဖြစ်သော မိုဟမ္မဒ်အူဇာရီသည် ကလေးငယ် ဘ၀ကတည်းက ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်ခဲ့ပြီး မလေးလိုဂီရက်ခါစ်( အထူးရဲတပ်ဖွဲ့) အမည်ရှိ ဇာတ်လမ်းကို အမြဲလိုလို ကြည့်ရှုလေ့ ရှိကြောင်း ဖခင်ဖြစ်သူ အသက် (၄၆) နှစ်အရွယ် မိုဒ်နူးအက်ဇ်လန် အာမတ်က ပြောဆိုခဲ့သည်။

သားဖြစ်သူသည် ကွာလာလမ်ပူ ဆေးရုံကြီးတွင် တစ်လလျှင် တစ်ကြိမ် ကုသမှု ခံယူနေကြောင်း ၎င်းက ပြောသည်။ မိုဟမ္မဒ် အူဇာရီက ရဲတပ်ဖွဲ့ဝင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး တစ်ရက်သာ ရဲတပ်ဖွဲ့ဝင် ဖြစ်ခွင့် ရရှိခဲ့သော်လည်း တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ 

Source:Bernama
The Messenger

လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ခြင်းအတွက် နောင်တ မရသင့်ဘူးဆိုတာ ဒီအချက်တွေက သင့်ကို ပြောပြပေးနေ


လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့ လူတစ်ယောက်အတွက် ပျော်ရွှင်မှုဆိုတာ ဘယ်လိုမှ ရှာဖွေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ခုလို ဘယ်လိုမှအဆင်မပြေတော့တဲ့ အချစ်ရေးကို အဆုံးသတ်ပစ်နိုင်တဲ့ သင့်ရဲ့စိတ်ဓာတ်ခိုင်မာမှုကိုတော့ ချီးကျူးစရာလို့ ဆိုရမှာပါ။ စုံတွဲတွေဟာ တစ်ဦးပေါ်တစ်ဦး ထားရှိထားတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ မရှိတော့သည့်တိုင်အောင် ထားခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့် ရေရှည်ဆက်သွားနေကြ ပါတယ်။ မျက်စိစုံမှိတ် တွဲနေရတဲ့ သူတို့ရဲ့ အချစ်ရေးဟာ အချိန်ကြာလေ စိတ်ပျက်စရာကောင်းလေ ဖြစ်လာပါလိမ့်မယ်။ ဒါကို တစ်ယောက်က နားလည်ပြီး ရှေ့ဆက်ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာနဲ့ အဆုံးသတ်နိုင်မယ် ဆိုရင် နာကျင်မှုဝေဒနာက အချိန်အတိုင်းအတာတစ်ခုလောက်သာ ခံစားရမှာပါ။ မဟုတ်ရင်တာ့ တစ်သက်လုံး ဒီဒုက္ခကြီးကို ထမ်းပိုးပြီး ဘ၀ခရီးလမ်းကို လျှောက်လှမ်းသွားရပါလိမ့်မယ်။ ဒီတော့ လူတစ်ယောက်ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သင့် ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ ပြောပြပေးနိုင်တဲ့ အရာတွေကတော့

၁။ သင်ဟာ သူ့ကိုယ့်ကို ပစ်ထားခဲ့မလားဆိုပြီး အမြဲစိုးရိမ်ပူပန်နေရတယ်။

၂။သင်နဲ့ သင့်ချစ်သူထက်စာရင် အခြားအတွဲလေးတွေက ပျော်စရာ၊ ကြည်နူးစရာကောင်းလို့ အဲ့ဒီလိုဘ၀လေးမျိုးရအောင် အမြဲဆုတောင်းနေရတယ်။

၃။သင့်အချစ်ရေးကို ပြန်တွေးလိုက်ရင် ဆိုးရွားတဲ့အမှတ်တရတွေ အရင် ခေါင်းထဲပေါ်လာတာပဲ။

၎။ သ၀န်တိုရတဲ့ ကိစ္စက နှစ်ဦးသားကြားထဲမှာ ကြီးမားတဲ့ ပြသနာတစ်ခု။

၅။သင်စိတ်ဝင်စားတဲ့ အရာတွေနဲ့ပတ်သက်ပြီး သင့်ကို စိတ်ဒုက္ခရောက်အောင် ပြောဆိုပြုမူတယ်။

၆။သင့်အောင်မြင်အောင်ကြိုးစားမယ့် ပန်းတိုင်အတွက် သင့်ကို ဘာမှအကူအညီပေးတာ၊ အားပေးတာမရှိဘူး။

၇။ ဒီအချစ်ရေးကြောင့် သူငယ်ချင်းတွေ ဆုံးရှုံးလိုက်ရပြီ။

၈။သူကျတော့ ဒါလုပ်ပြီး ကိုယ်ကျတော့ ဒါမလုပ်ဘူးဆိုတဲ့ စကားနာထိုးတာမျိုးတွေ နေ့တိုင်းကြုံရတယ်။

၉။သူ့မိသားစု နဲ့ဆုံတဲ့အခါ ကိုယ့်အတွက် ဘယ်တော့မှ သက်တောင့်သက်သာ မဖြစ်ဘူး။ သူလည်း ဒီလိုပဲ ခံစားရတယ်လို့ ပြောတယ်။

၁၀။တစ်ခုခုဆို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခွင့် မရှိဘူး။ သူ့ကိုအရင်ဆုံး တင်ပြရတယ်။

၁၁။ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေက ပြသနာအကြီးကြီးတွေ ဖြစ်သွားတတ်တယ်။

၁၂။နှစ်ယောက်မှာ တစ်ယောက်က အမြဲတမ်း ဒီအချစ်ရေးကို အဆုံးသတ်မယ်ချည်း ပြောနေတတ်တယ်။

၁၃။သင့်မိသားစု၊ သူငယ်ချင်းတွေကပါ သင်တို့နှစ်ဦး လမ်းခွဲလိုက်တာ ပိုကောင်းတယ်လို့ ပြောဆိုလာကြပြီ။

၁၄။သူနဲ့ ဘယ်အရာမှ အကြိုက်မတူလို့ ငြင်းခုံရတာလည်း အမြဲ၊ အလျှော့ပေးလိုက်ရတာလည်း အမြဲပဲ။

၁၅။ သူများတွေလို ငါတို့နှစ်ယောက် အသက်ကြီးလာရင် ဆိုတာကြီး တွေးရတာနဲ့တင် ပျော်ဖို့ထက် စိတ်ရှုပ်သွားရတယ်။


Ref:popsugar
Trend Myanmar

ချစ်သူဖြစ်သူ ကလေးတစ်ဦး မိခင်က လိင်အင်္ဂါကို ကတ်ကြေးဖြင့်ဖြတ်သွား၍ ဆေးရုံပြေးရတဲ့ အမျိုးသား

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ဇူးမြို့မှာ အမျိုးသားတစ်ဦးဟာ ဟိုတယ်တစ်ခုကနေ အပြင်ကိုထွက်လာရာမှာ အောက်ခံ ဘောင်းဘီသာ ပါဝင်ပြီး သွေးတွေနဲ့ မြင်မကောင်းအောင် ဖြစ်နေတာကြောင့် ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ အမျိုးသား အနေနဲ့ လိင်အင်္ဂါကို ကတ်ကြေးဖြင့် ဖြတ်တောက်ခံရတာကြောင့် အပြင်ကို ကြောက်လန့်တကြား ပြေးထွက်ခဲ့ခြင်း ဖြစ်ကြောင်း ချိုင်းနားဒေးလီး သတင်းတစ်ရပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အမျိုးသားဖြစ်သူဟာ ချစ်သူဖြစ်သူ အမျိုးသမီးနဲ့ ဟိုတယ်မှာ တည်းခိုနေစဉ် ဒီလိုအဖြစ်မျိုး ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမျိုးသား ဖြစ်သူဟာ ဆေးကုသမူ ခံယူနေပြီး သက်သာ ပျောက်ကင်းနေပေမယ့် တရားခံလို့ ယူဆထားတဲ့ အမျိုးသမီးကိုတော့ ဖမ်းနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ စက်တင်ဘာလ (၁၃)ရက် နေ့လယ်ပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ Liu အမည်ရ အမျိုးသားဟာ ချစ်သူဖြစ်သူ Zhang နဲ့ ဟိုတယ်မှာ အိပ်နေရင်း အဖြစ်ဆိုး ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ Liu ဟာ အသက် (၅၀)နှစ် အရွယ်လောက်ရှိနေပြီး Zhang နှင့် ကာလရှည် ချစ်သူတွေအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Zhang မှာ ခင်ပွန်းရှိနေပြီး ကလေးတစ်ဦးလည်း ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဟိုတယ်မှာ ဖောက်ပြန်ရင်း Zhang က မနာလိုစိတ်တွေဝင်ပြီး Liu ရဲ့ လိင်အင်္ဂါကို ကတ်ကြေးနဲ့ ဖြတ်လိုက်တာ ဖြစ်ပါတယ်။

Liu ဟာ ဟိုတယ်မှာ အိပ်နေရင်း ပင်ပန်းနေတာကြောင့် ဆေးတောင်း သောက်ခဲ့ပါတယ်။ Zhang ပေးလိုက်တဲ့ ဆေးဟာ အိပ်ဆေး ဖြစ်နေပါတယ်။ အိပ်ပျော်နေစဉ် အတွင်း Zhang ဟာ လိင်အင်္ဂါကို ကတ်ကြေးနဲ့ ဖြတ်တောက်ပြီး အပြင်ကို အေးဆေး ပြန်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ Liu ဟာ အိပ်ရာက နိုးလာတဲ့အခါ လိင်အင်္ဂါမှာ သွေးတွေ ထွက်ခဲ့တာကြောင့် ဟိုတယ်အပြင်ကို ပြေးသွားခဲ့ပြီး ပြန်ဝင်လာခဲ့ပါတယ်။ ဒီနောက် ဖြတ်တောက်ခံရတဲ့ လိင်အင်္ဂါကို ပြန်ယူပြီး ဆေးရုံကို အမြန်သွားခဲ့ပါတယ်။ ဟိုတယ်မန်နေဂျာရဲ့ အဆိုအရ Liu ကို ကတ်ကြေးနဲ့ ဖြတ်တောက်သွားတဲ့ အမျိုးသမီးဟာ ဆံပင်တိုတိုနဲ့ ဖြစ်ကြောင်း လုံခြုံရေး ကင်မရာကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။ Liu က မိမိသည် ဆေးသောက်ပြီးနောက် လူသေတစ်ကောင်လို အိပ်ပျော်သွားခဲ့ကြောင်း ဟြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းနေပေမယ့် ထူးခြားတဲ့ အချက်အလက်တွေ မရသေးကြောင်း သိရပါတယ်။

The Messenger

ဝေဖန်ခံနေရတဲ့ ရှိုးပွဲဖက်ရှင်နဲ့ ပတ်သက်လို့ အဆိုတော် အမွန်း ရှင်းပြီ


၂၀၁၀ ခုနှစ်လောက်ကစလို့ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် အမွန်း(Ah moon) ဟာ အခုလတ် တလော သူ့ရဲ့ ရှိုးပွဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်တွေနဲ့ပတ်သက်လို့ လူပြောသူပြောများနေပါတယ်။ သူရဲ့ဝတ်ဆင်မှု ဖက်ရှင်တွေဟာ အနောက်နိုင်ငံက အဆိုတော်မမတွေရဲ့ ရှိုးပွဲဖက်ရှင်တွေနီးပါး ပေါ်ပေါ်တင်တင် ဖြစ်လာ လေတော့ မြန်မာပြည်ပရိတ်သတ်ရဲ့ ပါးစပ်ဖျား နည်းနည်း လှုပ်ခတ်လာခဲ့တာပါ။ အခုနောက်ဆုံး သိပ်မကြာ သေးခင်က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားတဲ့ Miss Myanmar International 2015 မယ်ပြိုင်ပွဲကြီးရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ သူဝတ်ဆင်သွားခဲ့တဲ့ ဖက်ရှင်တခုကြောင့် ဝေဖန်ပြောဆိုမှုများရှိ လာခဲ့ပါတယ်။ ဒါ့ကြောင့် အဲ့ဒီမယ်ပြိုင်ပွဲရဲ့ ကျင်းပရေးကော်မတီက သူတို့အလှမယ်ရွေးချယ်ပွဲမှ ဖျော်ဖြေရေး အစီအစဉ်တချို့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေ ပါဝင်ခဲ့တဲ့အတွက် အမြင် မသင့်တော်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရခြင်းနဲ့ ပတ်သက်လို့ တရားဝင် ပြန်လည်တောင်းပန်ခြင်း တွေ ပြုလုပ်ခဲ့ရတဲ့အထိပါပဲ။ အဲ့ဒီလိုဖြစ်ပျက်ခဲ့ရတာနဲ့ပတ်သက်လို့ရော သူလက်ရှိ လုပ်ကိုင်ဖြစ်နေတဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လို့ရော အဆိုတော် အမွန်းကို ဧရာဝတီက ဆက် သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး အမွန်းရဲ့ ဖျော်ဖြေရေးဖက်ရှင်နဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့အပေါ် ဘာပြောချင်ပါလဲ။ ဘယ်လိုသုံးသပ်ချင်ပါလဲ။
ဖြေ ပထမဆုံးအနေနဲ့ Miss Myanmar International Organizer တွေဘက်က သူတို့တွေအနေနဲ့ တောင်းပန်စာ ထုတ်ပြန်ရတယ်ဆိုတာကို ကြားသိရတဲ့အတွက်ကြောင့် စိတ်မကောင်းဘူး။ ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ရဲ့ performance ကြောင့်ဆိုပြီး ဦးတည်ပြီးတော့ သူတို့ဘက်ကနေပြီး တောင်းပန်စာ ထုတ်ပြန်ရ တယ်ဆိုတဲ့အတွက်ကြောင့်မို့လည်း စိတ်မကောင်းတာပါ။ နောက်တချက်က ကျမအမြင်ကတော့ ကျမ အမြဲတမ်းပြောပါတယ်။ လူတွေအားလုံးရဲ့ မတူညီတဲ့ အမြင်တွေကို လေးစားပါတယ်။ ဘာကြောင့်လည်းဆို တော့ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေရှိတာပဲလေ။ ပြီးတော့ ကျမနိုင်ငံကို ကျမချစ်တယ်။ ကျမရိုးရာ ယဉ်ကျေးမှုကိုလည်း ကျမချစ်တယ်။ ကျမရဲ့ ကချင်ရိုးရာ မြန်မာရိုးရာ တိုင်းရင်းသားဝတ်စုံအားလုံးကို ကျမချစ်တယ်။ တနင်္ဂနွေဘုရားကျောင်းတက်တဲ့ အချိန်၊ ရွှေတိဂုံဘုရားသွားရင် ဒါမှမဟုတ် အလှူမင်္ဂလာ ပွဲတွေသွားရင် ကျမရဲ့ပုံစံက လုံချည်နဲ့ရင်ဖုံးပါပဲ။ ဒါပေမယ့် အခုဟာက ကျမက အနုပညာရှင်တယောက်လေ။ နောက် ဒါက ကျမရဲ့ အနုပညာ တင်ဆက်မှုတခုပါ။ စတိတ်ပေါ်မှာ ကျမရဲ့ပေါ့ပ်မြူးဇစ်နဲ့ ပေါ့ပ်ဂီတနဲ့ အကနဲ့ ဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ပုံစံသည် တခြားစီဖြစ်နေပါလိမ့်မယ်။ အဲ့လိုဖျော်ဖြေနေတဲ့အချိန်မှာ ကျမကို ယဉ်ကျေးမှုကို မမြတ်နိုးပါဘူးတို့၊ ယဉ်ကျေးမှုကို ဖျက်ဆီးနေပါတယ်တို့ပြောလိုက်ရင် ဒါနှစ်ခုဟာ လုံးဝမတူတဲ့ နေရာနှစ်ခုပေါ့နော်။ အဲ့လိုကျမ မြင်ပါတယ်။ အဲ့တော့ အဲ့နှစ်ခုကို ဆွဲစိပြီးတော့ ဘယ်လိုမှပြောလို့မရပါဘူး။ ကျမအမြင်ကိုပြောတာပါ။ ကျမ ကတယ်၊ ဆိုတယ်၊ တင်ဆက်တယ်။ ကျမပရိတ်သတ်တွေက ကျမကို ချစ်တယ်။ ကျမလုပ်တဲ့အနုပညာကို နှစ်သက်အားပေးကြတယ်။ ကျမလုပ်နေတဲ့အနုပညာက သူတို့အတွက် လုပ်တာပေါ့နော်။ ကျမ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်း ဂုဏ်ယူနေသူတယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း “မြန်မာ” ဆိုတဲ့သီချင်းကို ကျမကိုယ်တိုင် ရေးထားတယ်။ အမေရိကား LA က Paramounp Studio မှာ အဲ့တုန်းကလည်း မြန်မာ ၀တ်စုံ အပြည့်နဲ့ကျမရိုက်တယ်။ ဆိုတော့ ကျမတို့နိုင်ငံတွင်းမှာလည်း အရည်အချင်းရှိတဲ့သူတွေအများကြီးရှိတယ်။ ကမ္ဘာကိုထွက်ပြမယ်ဆိုရင် ထွက်ပြရဲတဲ့ သတ္တိရှိဖို့ရယ်၊ ယှဉ်ပြိုင် နိုင်စွမ်းရှိဖို့လိုပါတယ်။ သူများနိုင်ငံက အနုပညာတွေ သူများနိုင်ငံက အဆိုအကတွေ အနုပညာပိုင်းဆိုင်ရာ အရာရာမှာ အရမ်းအဆင့်မြင့်ပြီး သာလွန်နေတယ်။ ကျမတို့နိုင်ငံက ပရိတ်သတ်တွေအားလုံးကလည်း နိုင်ငံတာက မြူးဇစ်ဗီဒီယိုတွေကိုရော အကဖျော်ဖြေတင်ဆက်ပုံတွေကိုရော တကယ့်နိုင်ငံတကာက K-pop ပဲဖြစ်ဖြစ်ပေါ့ သူတို့ရဲ့ ဖျော်ဖြေမှုဆိုရင် လက်မှတ်တွေ ဈေးကြီးပေးဝယ်ပြီး တခဲနက် သွား ကြည့်ကြတယ်။ နိုင်ငံခြားမှာ သွားမကြည့်နိုင်ရင်တောင်မှ ဒီနိုင်ငံမှာ လာဖျော်ဖြေဖို့အတွက် မျှော်လင့်ကြတယ်။ တကယ်လို့များ ဘီယွန်ဆေးတို့ ဘရစ်နီစပီးယားတို့ တေလာဆွစ်တို့ မြန်မာနိုင်ငံမှာ လာဆိုလို့ကတော့ လူတွေ သိန်းနဲ့ချီ သွားအားပေးကြမှာပဲ။ သူတို့ကိုလည်း ဘာဝတ်ပါတို့ ညာဝတ်ပါတို့ ပြီးရင် ဘာမ၀တ်နဲ့တို့ ဘာမပြောနဲ့တို့ ဘယ်သူကမှ ပြောကြမှာမဟုတ်ဘူး။ ကျမကမြန်မာနိုင်ငံက မိန်းကလေး တယောက်ဖြစ်လို့ပါဆိုပြီးတော့မှ ကျမဖျော်ဖြေတဲ့ ပေါ့ပ်နဲ့ အကမှာကျတော့ ယဉ်ကျေးမှု အကျီကြီးနဲ့ကျတော့ အဆင်မပြေဘူးပေါ့နော်။ ကျမဆိုတာ ကတာအတွက်ကို ကျမ၀တ်တဲ့အချိန်မှာ ပြောတာကို Miss Myanmar အဖွဲ့အစည်းအနေနဲ့ ပြန်ပြီးတောင်းပန်ရတယ်ဆိုတော့ ကျမအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ကျမ အဓိက ပြောချင် တာက ကျမတို့ မြန်မာနိုင်ငံက အနုပညာက ကမ္ဘာမှာ ဘယ်လိုယှဉ်မလဲ။ အနုပညာဆိုတာက ယဉ်ကျေးမှု ဘက်က သွားတာမဟုတ်ဘဲ ကမ္ဘာနဲ့ ယှဉ်တဲ့ အနုပညာက ဘယ်လိုယှဉ်မလဲပေါ့။ US နဲ့ Europe ကို ခဏ မေ့ထားလိုက်ပါဦး။ K-pop ကိုတောင် ဘယ်လိုယှဉ်မလဲ။ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံ ထိုင်းကိုတောင် ကျမတို့ယှဉ်ဖို့တော်တော်ခက်နေပါသေးတယ်။ ကျမတို့ဆီမှာ အရည်အချင်းရှိတဲ့ တေးဂီတပညာရှင်တွေ တေးရေးဆရာတွေ တေးဆိုတွေအများကြီးရှိပါတယ်။ အားလုံးကို ကမ္ဘာ့အလယ်မှာ ထွက်ပေါ်လာစေချင်တာက ကျမရဲ့ စိတ်ဓာတ်အရင်းခံပါပဲ။ ကျမမျှော်လည်းမျှော်လင့်တယ်။ အဲ့ဒီအတွက် ကျမကြိုးစားနေတယ်။ ကျမရဲ့ ဂီတ တင်ဆက်မှုတွေ ဖက်ရှင်တွေကို မကြိုက်တဲ့ သူတွေအပေါ်မှာ ဘယ်လိုမှ ကျမ သဘောမထားပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိပါတယ်လို့ ကျမထင်တယ်။ ကျမ စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်မှာ ကျမရဲ့ ပေါ့ပ်ဂီတနဲ့ အက အစီအစဉ်ပါ။ ကျမရဲ့ဖျော်ဖြေမှုကို ကြည့်ဖူးတဲ့သူတွေလည်း သိပါတယ်။ ကျမက စင်ပေါ်မှာ ဒီလိုမျိုး ပရမ်းပတာ ၀တ်ပြီးတော့မှ တက်ပြီး ဖျော်ဖြေနေတာမဟုတ်ပါဘူး။ တကယ်ဆို တကယ်ကပြီးတော့မှ ကျမရဲ့အက၊ အဆို တွေကို သေချာစီစဉ်ပြီးတော့မှ ဖျော်ဖြေလေ့ရှိပါတယ်။ အဲ့ဒါ ကျမရဲ့ အနုပညာရှင်တယောက်အနေနဲ့ ခံယူတဲ့ ခံယူချက်ပါပဲ။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့ ထိခိုက် စေချင်တဲ့စိတ်အလျဉ်းမရှိပါဘူး။ အဲ့တော့ ကျမကို ဖျော်ဖြေခွင့်ပေးခဲ့တဲ့ Miss Myanmar အဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်။
မေး ဒီမတိုင်ခင်က မျှော်စင်ကျွန်းက Grand Royal Pre New Year ပါတီပွဲတုန်းက အမွန်းရဲ့ အ၀တ်အစားတချို့ကြောင့် ဝေဖန်ခံခဲ့ရဖူးသေးတယ်နော်။ ဆိုတော့ အမွန်းရဲ့ဖက်ရှင်နဲ့ပတ်သက်လို့ အခုနောက် ပိုင်းမှာ ပရိတ်သတ်က ပိုသတိထားမိလားပြီး အမွန်းရယ်လို့ သိလာတယ်လို့ မြင်မိလား။
ဖြေ ကျမအနေနဲ့ ပြောရမယ်ဆိုရင် အဲ့ဒီ ဖက်ရှင်တခုတည်းကြောင့်နဲ့ နေရာတနေရာကို ရောက်လာဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာအလုပ်က ဒီ့ထက် ပိုကျယ်ပြန့်နက်နဲပါတယ်။ အဓိကက ကျမရေးတဲ့ သီချင်းလေး တွေနဲ့ ကျမတင်ဆက်ပုံတွေနဲ့ ကျမရဲ့ဆိုရှယ်မီဒီယာ ယူကျုမှာတင်ထားတဲ့ Music Video လေးတွေနဲ့ပေါ့။ ကျမ ဒီအနုပညာကို သဘောကျတဲ့ ပရိတ်သတ်တွေရှိလာတဲ့အတွက်ကြောင့်မို့သာ ဆက်ပြီးတော့ ဒီလို ရပ်တည်နိုင် တာပါ။ အဲ့ဒီဖက်ရှင်ကြောင့် လူသိတယ်ဆိုတာက တစိတ်တဒေသမှန်တော့မှန်ပါတယ်။ ဖက်ရှင်ကိုကြည့်ပြီး အော် သူဒီလို ၀တ်ထားတာပါလားဆိုပြီး သူတို့စိတ်ဝင်စားတာတော့ရှိတယ်။ အဲ့ဒီရဲ့နောက်ကွယ်မှာ သူတို့တွေ တကယ်တမ်းကြည့်လာတဲ့အချိန်မှာ ကျမရဲ့ သီချင်းလေးတွေ ကျမတကယ် ရေးထားဆိုထားတဲ့ သီချင်လေး တွေ ကျမတင်ဆက်ပုံလေးတွေကို သူတို့ မြင်လာတဲ့အချိန်မှာ အဲ့ဒါဟာ ကျမကိုပိုပြီး အရှေ့ကို ဆက်လှမ်းနိုင် ဖို့အတွက် သွားဖို့အတွက် ရပ်တည်ဖို့အတွက် အားပေးတဲ့ ပရိတ်သတ်ရှိမှသာလို့ ကျမထင်ပါတယ်။ ကျမအနေ နဲ့ အဲ့ဒီဖက်ရှင်ကြီးကိုပဲ သိပ်ပြီးတော့ ခေါင်းထဲထားမနေဘူး။ လူတိုင်းနဲ့ မတူတဲ့ အမြင်တွေရှိတဲ့ထဲမှာ လူတိုင်း ပြောကြဆိုကြတာကို ကျမတယောက်တည်းမှ မဟုတ်ပါဘူး။ ဘယ်သူ့ကို ဖြစ်ဖြစ်ပေါ့နော်။ လမ်းသွားနေတဲ့သူ တယောက်ကိုလည်း လူတွေက ထိုင်ပြောရင်လည်း ပြောနေကြတာပဲ။ အဲ့တယောက်ကတော့ ပုံတုန်းကြီး၊ အဲ့တယောက်ကတော့ တအားလန်းလွန်းတယ်၊ လွန်လွန်းတယ်။ အဲ့တယောက်ကတော့ ရိုင်းတယ်။ မိုက်တယ် ပေါ့နော်။လူတွေက လမ်းပေါ်လျှောက်သွားနေတဲ့လူတွေကိုတောင် ပြောချင်ပြောနေကြတာ။ အဲ့တော့ ကျမအ နေနဲ့ ဖက်ရှင်ပိုင်းကို ပြောနေကြတာကို အရမ်းကြီးထွေထွေထူးထူး အာရုံထားပြီး အဲ့ဒါကို တွေးမနေပါဘူး။ အဓိက ကျမလုပ်စရာရှိတဲ့ နိစ္စဓူဝ သီချင်းရေးတယ်၊ ဆိုတယ်၊ ပရိတ်သတ်ကို သီချင်းတွေ ချပြဖို့အတွက် အဲ့ဒါကိုပဲ အဓိက ကျမအာရုံထားပါတယ်။
မေး အမွန်းရဲ့ တကိုယ်ရည်အမြင်တခုအနေနဲ့ အနုပညာတခုကို ဖန်တီးတဲ့အခါမှာ ဖက်ရှင်က ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လဲလို့ သုံးသပ်မိလဲ။
ဖြေ ဖက်ရှင်ကတော့ တော်တော်ကို အရေးပါပါတယ်။ အဆိုရယ်၊ အကရယ်၊ သီချင်းရေးတာရယ် ပြီးရင်ဖက်ရှင် ကတော့ တွဲကို တွဲရတယ်။ ဘာလို့လည်းဆိုတော့ ဘယ်လောက်ပဲ အရည်အချင်းရှိပြီးတော့ တော်နေပါစေ။ အမြင်မှာ မျက်စိပသာဒ သိပ်မကျရင်လည်း ပရိတ်သတ်က ထင်သလောက် အားပေးမှုက မရှိကြဘူးပေါ့။ သီချင်းလေးတွေတော့ ကြိုက်တယ်ပေါ့။ အဲ့လိုဖြစ်တတ်တယ်။ လူကိုယ်တိုင်လည်း ဖက်ရှင်မှာ အားထုတ်ဖို့ လိုတော့ လိုပါသေးတယ်။ အဲ့တော့ ကျမကတော့ အဓိကက ကိုယ်ကိုယုံကြည်မှုပေးနိုင်မယ့် အ၀တ်အစား တွေကို ကျမ၀တ်တယ်။ ဘာလို့လည်းဆိုတော့ လူငယ်တယောက်အနေနဲ့ လူငယ်ပရိတ်သတ်တွေရဲ့ ရေစီး ကြောင်းကိုလည်း ကျမ လူငယ်တယောက်အနေနဲ့ သိပါတယ်။ အဲ့တော့ ဒီ လူငယ်တွေ သဘောကျ လူငယ်တွေ လက်ခံနိုင်တဲ့ အနေအထားနဲ့ မျက်စိအမြင်မှာ လူငယ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တခုကိုတော့ ကျမ ၀တ်လေ့ရှိပါတယ်။ အဓိကက ကျမ မြူးဇစ်နဲ့လိုက်တဲ့ ဖက်ရှင်ကို ကျမ စဉ်းစားပြီးတော့မှ ဖျော်ဖြေရေးနေရာ တွေမှာ ကျမ၀တ်ပါတယ်။ ဖက်ရှင်ပံ့ပိုးမှုအပိုင်းကတော့ ရာခိုင်နှုန်းတော်တော်မျာများ အရေးပါပါတယ်။
မေး အမွန်းရဲ့ ဒုတိယအယ်လ်ဘမ်ကို စီစဉ်နေပြီလို့လည်းသိရတယ်။ အမွန်းရဲ့ ပရိတ်သတ်တွေကို အဲ့ဒီသတင်းလေး ပေးပါဦး။
ဖြေ အောက်တိုဘာ တတိယပတ်မှာ ထွက်နိုင်အောင် ကြိုးစားနေတယ်။ Title ကိုတော့ အပီးသတ်ရွေးနေပါပြီ။ မကြာခင်တော့ ပရိတ်သတ်သိရတော့မှာပါ။ ပြီးရင် သီချင်း ဆယ်ပုဒ်ပါပါမယ်။ အဲ့ဒီထဲမှာ ကျမကိုယ်တိုင်ရေး ထားတဲ့ သီချင်း ၇ ပုဒ်ပါပါတယ်။ ကျမ ပရိတ်သတ်တွေကို ကျမ သီချင်း အသစ်တွေပေးချင်နေတာ ကြာပါပြီ။ မနှစ်က အောက်တိုဘာမှာ “မင်းပေးတဲ့အချစ်” ဒီဗီဒီ ထွက်ထားပါတယ်။ အဲ့တော့ တနှစ်ပြည့်တဲ့အချိန်မှာ ကျမ နောက်ထပ် အယ်လ်ဘမ်အသစ်ကို အော်ဒီယိုအနေနဲ့ ပရိတ်သတ်လက်ထဲကို ပေးမှာပါ။
ဧရာဝတီ

ကိုယ့်သား အရင်းကို ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်ခဲ့တဲ့ အဖေ

မန္တလေးတိုင်းစဉ့်ကူးမြို့နယ် လျောက်ပင်ရိုးအုပ်စု
ကန်ဘောင်ကျေးရွာက အဖေအရင်းက မိမိရင်သွေး
ငယ်အားဒေါသအလျောက်လူသတ်မှု့ဖြစ်စဉ်
----


ယောက်င်္ကျားလုပ်သူက သူရှာလို့ရတဲ့ပိုက်ဆံတစ်ချို့
ကိုမိန်းမဆီပေးထားတယ်။၂၀ ရက်နေ့မှာ ကလေးအ
တွက်ပုခက်ဝယ်မယ်ပြောထားပါတယ်။ ၂၀ရက်နေ့
ရောက်တော့ ကလေး အတွက်ပုခက်ဝယ်မလို့ဆိုပြီး
မိန်းမဖြစ်သူဆီက အပ်ထားတဲ့ပိုက်ဆံတောင်းတဲ့အခါ
မိန်းမဖြစ်သူက လက်ထဲမှာပိုက်ဆံမရှိသေးဘူးပြောပါ
တယ်။သူပေးထားတဲ့ငွေဘယ်ရောက်သွားလဲမေးတဲ့
အခါ အမေတို့ငွေအရေးတကြီးလိုလို့ ငွေချေးထား
တယ် ၂ ရက် ၃ ရက်နေမှပြန်ရမယ်။ပြန်ရမှသွားဝယ်ရ
အောင်ပြောပါတယ်။ဒီလို ပြောရင်း ဆိုရင်းလင်မယား
စကားများကြတော့တာပါပဲ။စကားများရင်းကနေဒီမိန်းမအသုံးမကျဘူးဆိုပြီး ဓါး နဲ့ထိုးမယ်အလုပ် မိန်းမက
ထွက်ပြေးသွားတယ်။ဘယ်သူမှလုပ်စရာမရှိတော့
အိပ်နေတဲ့ကလေးကို ဓါး နဲ့ သုံးချက်ထိုးပြီး ထွက်ပြေး
သွားတယ်။ဒေသကရဲတွေ ရပ်မိ ရပ်ဖ တွေရဲ့ကြိုးစား
မှု့ကြောင့် လူသတ်တရားခံကို ၂၁.၉.၂၀၁၅ မှာဖမ်းဆီးရမိခဲ့ပါတယ်။
Bagan News - ပုဂံ သတင်းစုံ

ရှူးဖိနပ်နဲ့ ကျန်းမာရေးအန္တရာယ်များ


ဒေါက်မြင့်ဖိနပ်တွေက သင့်ခြေထောက်တွေကို အန္တရာယ်ပေးတယ်ဆိုရင် ရိုးရိုးရှူးဖိနပ်အပါးတွေကလည်း အန္တရာယ်ဖြစ်နိုင်တယ်လို့ ထပ်ပြောရပါလိမ့်မယ်။ အဲ့ဒီလှပသေသပ်တဲ့ ရှူးဖိနပ်တွေကရော ကျန်းမာရေးအတွက် ဘယ်လောက် အန္တရာယ်များသလဲ ကြည့်ကြရအောင်။

ခြေဖဝါးနာအထူးကု ဆရာဝန်တစ်ဦးနဲ့ Bronx-Lebanon Hospital က Foot Surgery and Associate Chairman of Orthopedics ရဲ့ အကြီးအကဲလည်းဖြစ်သူ Jacqueline Sutera က ကျွန်ုပ်တို့ အသည်းစွဲဖြစ်တဲ့ ရှူးဖိနပ်တွေရဲ့ အန္တရာယ်တွေကို ခုလိုမျှဝေခဲ့ပါတယ်။


အပြေးလေ့ကျင့်ရာမှာသုံးတဲ့ sneaker ဖိနစ်

ဖနှောင့်အခု များလွန်းတာ သိပ်တော့မကောင်းပါဘူး။ အခု အရမ်းမြင့်လွန်းနေရင် မြေပြင်ကို ထိတွေ့တဲ့ အာရုံခံစားမှုဖြစ်စေတဲ့ တုံ့ပြန်မှုကို မရတော့ပါဘူး။ အဲ့ဒီဖိနပ်တွေကို ပြေးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ ဖြည်းဖြည်းပြေးခြင်း (တောင်တက်ခြင်း၊ အက၊ စက်ဘီးစီးခြင်း မပါ) စတဲ့ လှုပ်ရှားမှုအတွက်သာ စီးတာ ကောင်းပါတယ်။ ဒီရှူးဖိနပ်တွေစီးတာ အထူးသဖြင့် ခြေဖနှောင့်ကို တော်ရုံတန်ရုံ မပျောက်စေတဲ့ အနာတရမျိုး ဒဏ်ဖြစ်စေနိုင်ပါတယ်။

ညှပ်ဖိနပ်

ညှပ်ဖိနပ် အများစုက အရမ်းပြားချပ်၊ ပါးလွှာပြီး အရမ်း လွတ်လပ်ပါတယ်။ ခြေကို ပထဝီဓာတ်နဲ့ ထိတွေ့မှုရစေပါတယ်။ ရှူးဖိနပ်မှ သားရေကြိုးတွေကလည်း ခြေချောင်းတွေ အရမ်းချုပ်ထားရင် အန္တရာယ်ရှိပါသေးတယ်။ ဒီရှူးဖိနပ်တွေစီးတာ ခြေထောက်ယောင်ကိုင်းခြင်း၊ ခြေဖနောင့် နာကျင်ခြင်းနဲ့ ကျိုးအက်ခြင်းတွေ ဖြစ်စေနိုင်တယ်။

ဒေါက်မြင့်ဖိနပ်များ

ဒေါက်မြင့်ဖိနပ် ကြာကြာစီးတာ ကိုယ်အလေးချိန်ကို ခြေဖမိုးကို ထမ်းထားစေပါတယ်။ မိုးထိအောင်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်များက ခြေချင်းဝတ်အဆစ် လွဲခြင်း၊ ခြေဖဝါး ခလယ် ကျိုးအက်ခြင်းတွေ ဖြစ်စေနိုင်တယ်။

Ref: Indiatimes
Trend Myanmar

သူငယ်ချင်းလေးကို အကြင်နာ ပိုမိပြီဆိုရင် သင့်အနေနဲ့ စဉ်းစားရမယ့် အချက်များ


အချစ်သီချင်းတွေထဲမှာ သူငယ်ချင်းစည်းကို ကျော်မိတာမှာမို့ ဘာလုပ်ရမလဲ၊ ရှေ့ဆက်တိုးရမလား၊ နောက်ပြန်ဆုတ်ရမလားဆိုတဲ့ မေးခွန်းလေးတွေ အမြဲပါနေတတ်ပါတယ်။ ဟုတ်ပါတယ် သင်ဟာ အခင်မင်ဆုံး သူငယ်ချင်းကို ချစ်မိသွားတဲ့အခါ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတတ်ပါတယ်။ တစ်ဖက်ကရော အခြေအနေ ဘယ်လိုရှိသလဲဆိုတာ မသေချာရင် ပိုစဉ်းစားရခက်နေပါလိမ့်မယ်။ ဒီတော့ တစ်ဖက်လူ မသိခင် သင့်အနေနဲ့ အရင်ဆုံး ကြိုတင် တွေးထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူကလည်း သင့်လိုပဲ ခံစားနေရပါလိမ့်မယ်။

ဒါကတော့ ဖြစ်နိုင်ခြေကိုပဲ ပြောတာပါ။ အခင်မင်ဆုံး သူငယ်ချင်းတွေ ဆိုမှာတော့ သင်ခံစားရသလို သူလည်း ခံစားနေရနိုင်တာပေါ့။ ဒီလိုသေချာရင်တော့ သင့်ဘက်က စအသိပေးလိုက်လည်း ကိစ္စမရှိပါဘူး။ နှစ်ဦးစလုံး အဆင်ပြေပြီး တစ်ဆင့်တက်နိုင်လေလေ သင်တို့နှစ်ဦးစလုံးအတွက် ပျော်စရာဘ၀သစ်လေးတစ်ခု ဖန်တီးနိုင်လေလေပေါ့။

၂။သူက သင့်လို မခံစားမိဘူး။

ကံမကောင်းစွာနဲ့ သူက သင့်ကို အခင်ဆုံး အချစ်ဆုံး သူငယ်ချင်းထက် မပိုဘူးဆိုရင်ရော။ ဒီအချက်ကိုလည်း သင်တွေးထားရပါလိမ့်မယ်။ သူ့အနေနဲ့ သင့်ကို အချစ်ရဆုံး သူငယ်ချင်းထက် ပိုသလား မပိုဘူးလားဆိုတာ သင့်ဘက်က သေချာအောင် အရင်လုပ်ဖို့ လိုပါတယ်။ အဆိုးဆုံးက သူက သင့်ကို သူငယ်ချင်းထက် မပိုတဲ့အပြင် သူ့မှာ တိတ်တခိုး စိတ်ဝင်စားနေတဲ့သူ ရှိမရှိဆိုတာပါပဲ။

၃။သင်တို့ရဲ့ ဆက်ဆံရေးဟာ အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။

တစ်ဖက်လူက သင်သူ့ကို ချစ်နေတာကို သိသွားတယ်ဆိုတာနဲ့တင် သူသင့်ကို ပြန်ချစ်ချစ် မချစ်ချစ် အရင်လို ဆက်ဆံရေးမျိုးတော့ မရနိုငတော့ပါဘူး။ အထူးသဖြင့် သင့်က တရားဝင် ချစ်တယ်လို့ ပြောလိုက်ရင် ပိုဆိုးတာပေါ့။ အရိပ်အမြွက်လောက်ဆိုရင်တော့ သူလည်း ရိပ်မိရုံလောက်နဲ့ တစ်မျိုးဖြစ်သွားနိုင်ပေမယ့် ဖွင့်ပြောလိုက်ရင်တော့ သူ့ဘက်က နောက်ပိုင်းမှာ ပွင့်လင်းမှုရှိနိုင်ပါတော့မလားဆိုတာ စဉ်းစားရပါလိမ့်မယ်။

၎။ ခုလက်ရှိအခြေအနေကို ထည့်စဉ်းစားပါ။

သင်တို့နှစ်ယောက်စလုံးမှာ သက်ဆိုင်သူတွေ ရှိနေတယ်ဆိုရင် ဒီဇာတ်လမ်းကို အသစ်စဖို့ ချက်ချင်းလုပ်ဆောင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့ သင့်သူငယ်ချင်းမှာ သက်ဆိုင်သူရှိနေတယ်ဆိုရင် သင့်ဖက်က ဇွတ်တိုးဖို့ ဘယ်လိုမှ မကြိုးစားသင့်ပါဘူး။ ဒါပေမယ့် သူ့ဘက်ကလည်း သင့်ကိုပဲ စိတ်ရောက်နေတယ်ဆိုတာ သေချာရင်၊ သူနဲ့ လက်ရှိတွဲနေတဲ့သူကို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာရင် အဲ့ဒီတစ်ယောက်ကို သူ လမ်းခွဲစကားပြောပြီး ဖြတ်လိုက်တဲ့အချိန်ထိ သင်စိတ်ရှည်သင့်ပါတယ်။ သင်ဝင်ဖျက်လို့ ပြတ်တဲ့ သဘောမျိုး မဖြစ်အောင် ဂရုစိုက်ရပါလိမ့်မယ်။

၅။သင်နဲ့သူ့ကြားက သူငယ်ချင်းကို အကူအညီတောင်းသင့်တောင်းပါ။

သူ့စိတ်ထဲ သင်နဲ့ပတ်သက်ပြီး ဘယ်လိုရှိနေတယ်ဆိုတာ မခန့်မှန်းနိုင်ဘူးဆိုရင် သင်တို့နှစ်ယောက်စလုံးနဲ့ ခင်မင်နေတဲ့ သူငယ်ချင်းကို အကူအညီတောင်းကြည့်ပါ။ သူက ပါးစပ်ဖွာ ဟိုစကားဒီပို့ ဒီစကားဟိုပို့ မလုပ်တတ်တဲ့သူ ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

Ref:yourtango
Trend Myanmar

စက်တင်ဘာ ၂၈ စူပါမွန်းဖြစ်မည်၊ လကြတ်မည်
















လာမယ့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက် (တနင်္လာနေ့)၊ တော်သလင်းလပြည့်နေ့မှာတော့ စူပါမွန်းဖြစ်စဉ် နှင့်အတူ လကြတ်ခြင်း (လငပုပ်ဖမ်းခြင်း) ဖြစ်စဉ် ဖြစ်ပေါ်မှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လကြတ်ခြင်းကို မြင်တွေ့ရမှာ မဟုတ်ပါ။

လကြတ်ခြင်းဟာ လပြည့်နေ့များမှာ ဖြစ်တတ်ပြီး နေကြတ်ခြင်းကတော့ လကွယ်နေ့များမှာ ဖြစ်တတ်ပါတယ်။ နေ၊ ကမ္ဘာ၊ လ တို့ တစ်တန်းတည်း အနေအထား ကျရောက်ချိန်မှာ ဖြစ်ပါတယ်။


ယခုဖြစ်ပေါ်တဲ့ စူပါမွန်းဟာ ၂၀၁၅ ခုနှစ်အတွက် ဒုတိယအကြိမ် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဝါခေါင်လပြည့်နေ့က စူပါမွန်းဖြစ်ခဲ့သလို.. နောက်ထပ် လာမယ့် သီတင်းကျွတ်လပြည့်နေ့မှာလည်း စူပါမွန်း ထပ်ဖြစ်ဦးမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် စူပါမွန်းဟာ သုံးလ ဆက်တိုက်ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီရေ အတက်၊ အကျ နဲ့ ရေကြီး ရေလျှံခြင်းများ ကမ္ဘာတဝှမ်းမှာ ဖြစ်လာနိုင်ပါတယ်..။

လငပုပ်ဖမ်းခြင်းကတော့ လ ဟာ ကမ္ဘာရဲ့ အရိပ်တည့်တည့် ကျရောက်တဲ့ Umbra ဆိုတဲ့ နေရာကို ဖြတ်တဲ့အခါမှာ နေရဲ့ အလင်းရောင်ကို ကွယ်သွားတဲ့အတွက် လ ဟာ ပထမဆုံး မှောင်သွားပါတယ်။ အဲ့ဒီ့နောက်မှာ ကမ္ဘာစက်ဝန်းရဲ့ ပတ်လည်မှာ ရှိနေတဲ့ အနီရောင် နေရောင်ခြည် ကျရောက်မှုကြောင့် လဟာ သွေးနီရောင် သန်းသွားပါတယ်။ ဒါကို လ အပြည့်ကြတ်ခြင်း (သို့) လ ငပုပ်ဖမ်းခြင်း လို့ ခေါ်ပါတယ်။

ဒီတစ်ခေါက် လကြတ်ခြင်းဖြစ်စဉ်ကို မြင်တွေ့ရမယ့် နိုင်ငံများကတော့ အမေရိက တိုက် (တောင်၊ မြောက်)၊ ဥရောပ၊ အာဖရိက နဲ့ အာရှတိုက် အနောက်ပိုင်း ဒေသများပဲ ဖြစ်ပါတော့တယ်..။ (ပုံ)

လငပုပ်ဖမ်းခြင်းဟာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်များနဲ့လည်း တိုက်ဆိုင်တတ်ပါတယ်..။

အနာဂတ် လူငယ်များအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

မြန်မာပြည်ရဲ့ အသက်အကြီးဆုံး အဖွားအိုး


ကျုံမငေးရှိ အသက် (၁၂၀) ပြည့်ခါနီး အဘွားအိုကို ဂင်းနစ်စံချိန်ဝင်နိုင်ရန် အစိုးရထံ အကူအညီတောင်းခံမည်


အဘွားဒေါ်တက်ပုံကို သူမ၏နေအိမ်၌ တွေ့ရစဉ် (ဓာတ်ပုံ − Khine Gyee fb)
ဧရာဝတီတိုင်း ကျုံမငေးမြို့နယ် ပန်းကူးကျေးရွာရှိ အသက်(၁၂၀) ပြည့်တော့မည့် အဘွားဒေါ်တက်ပုံကို ဂင်းနစ်စံချိန်ဝင်နိုင် ရန် အစိုးရထံ အကူအညီတောင်း ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


‘‘အသက် (၁၂၀) တကယ်ဖြစ်နေပြီ။ မှတ်တမ်းဝင်စေချင်တယ်။ အစိုးရအကူအညီလိုတာပေါ့။ နိုင်ငံတော်အကြီးအကဲဆီ စာပို့ဖို့လုပ်နေပြီ’’ဟု ကူညီပေးနေသူ ကျုံမငေးသား ဦးစိုးကြည်က ပြောသည်။

အဘွားဒေါ်တက်ပုံသည် ကရင်လူမျိုးဖြစ်ပြီး ဖခင် ဦးမန်းသာပွတ်နှင့် မိခင်ဒေါ်ကျင်ဝင်းတို့က ဧရာဝတီတိုင်း၊ ပိတ္တာလေး ကျေးရွာတွင် ၁၈၉၅ နိုဝင်ဘာ ၈ ရက်၌ မွေးဖွားခဲ့သည်။

မွေးချင်းမောင်နှမ ရှစ်ဦးရှိသည့်အနက် ဒုတိယမြောက်သမီးဖြစ်သည်။ မွေးချင်းအားလုံး ကွယ်လွန်ချိန်ထိ အပျိုကြီးဘ၀ဖြင့်နေထိုင်လာခဲ့ပြီး မကြာမီနှစ်များကပင် တူမဖြစ်သူက သူမနေထိုင်ရာ ပန်းကူးကျေးရွာသို့ ခေါ်ယူ စောင့် ရှောက်ထားခြင်း ဖြစ်သည်။

အဘွားဒေါ်တက်ပုံသည် အပေါ်သွား ငါးချောင်းနှင့် အောက်အံဖုံးကိုအသုံးချပြီး ကွမ်းသီးစိတ် လိုမာကျောသော အစားအစာကို ၀ါးနိုင်သေးသည့်အပြင် မျက်စိနှစ် လုံးနှင့် ခြေလက်များကအစ အ ကောင်း ပကတိ ကျန်းမာနေ ကြောင်း သတင်းရရှိသည်။

သက်ကြီးရွယ်အို စောင့် ရှောက်ရေးနှင့် ထောက်ပံ့ရေးပရ ဟိတအသင်း (Save The Aged) အသင်းဝင်များကလည်း အဘွား ဒေါ်တက်ပုံထံသို့ စက်တင်ဘာ ၂၀ ရက်က သွားရောက်တွေ့ဆုံ၍ ငွေ လှူဒါန်းခဲ့သည်။

‘‘အစ်မတို့ Save The Aged အသင်းရဲ့ ရိပ်သာမှာ စောင့် ရှောက်ချင်လို့ အသင်းသားတွေ အဘွားဆီသွားကြတာ၊ အဘွားကသူ့နေရပ်မှာပဲ ပျော်တယ်ဆိုလို့ အသင်းသားတွေ လှူတဲ့ငွေကိုပေးခဲ့တယ်’’ဟု အသင်းသူတစ်ဦးက ပြောသည်။

အသက် (၁၂၀) နှစ်မကြာမီ ပြည့်တော့မည့် အဘွား ဒေါ်တက် ပုံကိုကျုံမငေးမြို့နယ် အုပ်ချုပ် ရေးမှူးဆီမှတစ်ဆင့် နိုင်ငံတော် သမ္မတအစီအစဉ်ဖြစ်သည့် သက် ရွယ်ကြီးသူ ဘိုးဘွားများ နှစ်စဉ် ထောက်ပံ့သည့် အလှူငွေကြေးရ ရှိအောင် တင်ပြခဲ့သော်လည်း မြို့ နယ်အုပ်ချုပ်ရေးမှူး၏ ပေါ့လျော့ မှုကြောင့် မရခဲ့ဟု သိရသည်။

ဂျပန်နိုင်ငံမှ အသက် (၁၁၄) နှစ်ရှိ အဘွားအိုတစ်ဦးသည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးအမျိုး သမီးအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။ ကမ္ဘာပေါ်တွင် အ သက်အကြီးဆုံး အမျိုးသားရော၊ အမျိုးသမီးပါ ဂျပန်နိုင်ငံမှပင် ဆက်တိုက်စံချိန်ထူထားသည်။ မြန်မာနိုင်ငံမှ အဘွားဒေါ်တက်ပုံ သာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် စံချိန်ချိုးနိုင်ပါ က မြန်မာနိုင်ငံမှ ကမ္ဘာ့အသက် အကြီးဆုံး အဘွားအိုအဖြစ် ပထမ ဆုံးဖြစ်လာနိုင်သည်။

ပါလက်စတိုင်း ကလေးငယ် ၁၁ ဦးကို အစ္စရေး တပ်ဖွဲ့က အဓမ္မ ခေါ်ဆောင်





ဂျေရုဆလင် စက်တင်ဘာ ၂၂

အစ္စရေး တပ်ဖွဲ့ဝင်များ သည် အစ္စရေး နိုင်ငံက ပိုင်ဆိုင်သော အယ်လ်ကဒ် မြို့ဟောင်း (ဂျေရုဆလင်မြို့)အနီး ဝန်းကျင်၌ စီးနင်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်စဉ် ပါလက်စတိုင်း ကလေးငယ် ၁၁ ဦး ကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။ ကလေးငယ် ရှစ်ဦးသည် ဂျေရုဆလင်မြို့ အရှေ့ဘက် ရက်စ်အယ်လ်အမဒ် အရပ်မှ ဖြစ်ပြီး ကျန်သုံးဦး သည် အယ်လ်အီဆာဝီယာအရပ်မှ ဖြစ်ကြောင်းနှင့် ၄င်းတို့ကို အစ္စရေး တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ပါလက်စတိုင်း ဝါဒီ ဟေလ်ဝီ သတင်း ထုတ်ပြန်ရေး ဌာနက ပြောကြားသည်။ 
အစ္စရေး တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သည့် လများ ကလည်း အနောက်ဘက် ကမ်းခြေ ဒေသတွင် စီးနင်း ဝင်ရောက် မှုများ လုပ်ဆောင် ပြီး ပါလက်စတိုင်း လူမျိုးပေါင်း များစွာကို ဖမ်းဆီးကာ ပြစ်မှု ဖော်ပြခြင်း မရှိဘဲ အကျဉ်း ထောင်များ အတွင်း ထိန်းသိမ်း ထားကြောင်းသိရသည်။
ပြည်ချစ်သား

ဗုံးပေါက်ကွဲမှုကြားက မွေးလာတဲ့ ကလေးငယ်




ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ Aleppo မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပွား ပါတယ်။ ယင်းဗုံးပေါက်ကွဲမှုမှာ မွေးရန် နေ့စေ့လစေ့ ခါနီး အမျိုးသမီး ပါဝင်ပါတယ်။ ကလေးငယ်ကို မမွေးထုတ်ရင် သေနိုင်ဖွယ်ရှိတာကြောင့် Aleppo မြို့က ဆေးရုံ တစ်ရုံမှာပဲ ကြိုးစားမွေးရ ပါတယ်။


ကလေးငယ်ဟာ ပုံမှာ မြင်တွေ့ရသလိုပဲ ခေါင်းနဲ့ ကိုယ်ပေါ် အချို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ပါဝင်နေပါတယ်။ မိခင်ကိုယ်တိုင်ဟာလည်း အသက်သေလုနီးနီးအခြေအနေမှာ ရှိနေပေမယ့် ဆရာဝန်များရဲ့ ကြိုးစား ကုသမှုကြောင့် အသက်ပြန်ရှင်ခဲ့ပါတယ်။ မိခင်နဲ့အတူ ကလေးငယ် ၂ ဦးလည်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ပါဝင်တာကြောင့် ဒဏ်ရာများ ရရှိထားပါတယ်။ သူတို့ကိုလည်း ဆေးရုံပေါ် တင်ထားရ ပါတယ်။ ဆီးရီးယားမှာ လက်ရှိ ပြည်တွင်းစစ် ဖြစ်နေပြီး အစိုးရတပ်နဲ့ အစိုးရဆန့်ကျင့်ဘက် တပ်များ တိုက်ခိုက်လျက် ရှိရာ ဒုက္ခသည်များ ဥရောပဘက် ပြေးကြသလို အချို့ကျတော့ တိုက်ပွဲတွေကြားမှာပဲ အောင့်အီးနေထိုင်ကြ ပါတယ်။

မွေးဖွားစဉ်မှာ လူတိုင်းဟာ ပြန်မမှတ်မိနိုင်တဲ့ နာကျင်မှု ဝေဒနာ တစ်မျိုးကို ခံစားရလေ့ ရှိပြီး ပုံမှာ မြင်တွေ့ရတဲ့ ကလေးငယ်ကတော့ မွေးဖွားစဉ် နာကျင်မှုအပြင် ဗုံးပေါက်ကွဲမှုဒဏ်ရဲ့ နာကျင်မှုဒဏ်ကိုပါ ရောနှော ခံစားခဲ့ရ ပါတယ်။ အနည်းဆုံး သူကလေး အသက်ရှင်လာမှုကတော့ ဘဝပေး ကုသိုလ်ကံကောင်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။
.
Ref: CCTVnews
အောင်ခမ်း (ရိုးရာလေး)

ကြံကြံဖန်ဖန် စပါတန်များဖြင့် ပရိုးမိုးရှင်းဆိုပဲ


စပါတန် (Spartan) များမှာ ရှေးခေတ် ဂရိသူရဲကောင်းများ ဖြစ်ကြသည်။ ခွန်အားဗလနှင့် ပြည့်စုံသူများ ဖြစ်ပြီး တိုက်ခိုက်ရည် အလွန်ကောင်းသည်။ စပါတန်များကို အတုယူ ၀တ်စားဆင်ယင်ကာ ပရိုမိုးရှင်းတစ်ခု ပြုလုပ်ခဲ့ခြင်းအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယနေ့လို ခေတ်ကြီးမျိုးတွင် စပါတန်များကဲ့သို့ ၀တ်စားဆင်ယင်ခဲ့ခြင်း အတွက် ချီးကျူးရမည် ဖြစ်သည်။ အ၀တ်ဗလာ၊ ဘောင်းဘီတိုဖြင့် လူမြင်ကွင်းသို့ ထွက်ရသောကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံ၊ Jiangsu အရပ်ဒေသမှာ စပါတန်လို ၀တ်စားဆင်ထားသူ (၁၈) ဦးသည် ရှောပင်းမောအတွင်း ၀င်ရောက် လာသောကြောင့် အထိတ်တလန့် ဖြစ်ခဲ့သည်။ ၀တ်ရုံတွေကို ခြုံပြီး ဘောာင်းဘီတိုနှင့် နေကာမျက်မှန်တို့ကို ၀တ်ဆင်ခဲ့သောကြောင့် အမျိုးသမီးများအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ကြောင်း သိရသည်။ စပါတန်များသည် တောင့်တင်းခိုင်မာသူများ ဖြစ်သောကြောင့် ရှောပင်းမောအတွင်း အမျိုးသမီးများက ဓာတ်ပုံ ၀ိုင်းရိုက်ကြသည်။ စပါတန်များသည် ပုံစံမျိုးစံဖြင့် သရုပ်ဆောင်ခဲ့သည်။ စက်လှေကားပေါ်တွင်လည်း ဓာတ်ပုံများ ရိုက်ခံကြသည်။ တရုတ်နိုင်ငံတွင် စပါတန်များဖြင့် ပရိုမိုးရှင်းများ မကြာခဏ ပြုလုပ်တတ်ကြသည်။ ပြီးခဲ့သည့် လများအတွင်း အစားအသောက် ရောင်းချသည့် ကုမ္ပဏီတစ်ခုက ဘေဂျင်းမြို့တွင် စပါတန်များဖြင့် ပရိုမိုးရှင်း လုပ်ခဲ့ရာ လူအုပ်ကို မထိန်းနိုင်သဖြင့် ရဲတပ်ဖွဲ့နှင့် အချင်းများခဲ့ကြောင်း သိရသည်။
Messenger

မဲစာရင်း မှားယွင်းမှုမှတစ်ဆင့် ရွေးကောက်ပွဲ ဆူပူမှုဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းလောဟု NLD မေးခွန်းထုတ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးအကြိမ် ထုတ်ပြန်သော တစ်နိုင်ငံလုံး မဲစာရင်းများတွင် အမှားအယွင်း များပြားနေခြင်းမှ တစ်ဆင့် ရွေးကောက်ပွဲ ကျင်းပသောနေ့ရက်တွင် ဆူပူမှုဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းလောဟု မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်း သုံးကြိမ်တိုင် ထုတ်ပြန်ခဲ့ပြီး ပထမအကြိမ်ထက် ဒုတိယအကြိမ်သည် အမှားအယွင်း နည်းပါးလာရမည် ဖြစ်သော်လည်း ယခု နောက်ဆုံးအကြိမ် တစ်နိုင်ငံလုံး မဲစာရင်းတွင် အမှားအယွင်း များပြားနေကြောင်း ၎င်းက ဆိုသည်။

“မဲပေးတဲ့နေ့မှာ ကိုယ့်နာမည် မပါရင် လူတွေက ဒေါသဖြစ်လာမယ်။ ဒါဟာ ဆူပူမှုအထိ ဖြစ်စေနိုင်တယ်။ ဆူပူမှုဖြစ်အောင်များ ကြိုတင်ရည်ရွယ်ပြီး လုပ်သလားလို့ ကျွန်တော်တို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် NLD ပါတီ ဗဟိုအောင်နိုင်ရေးရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ထို့အပြင် မဲစာရင်းမှန်ကန်ရေးကို ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောဆိုမှုသည် တာဝန်မဲ့ရာရောက်ပြီး မဲစာရင်း မှားယွင်းမှုများကြောင့် NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “ကျွန်တော်တို့ဘက်ကတော့ ဘာမှတုံ့ပြန်ပြောနေစရာ မရှိပါဘူး။ မဲစာရင်းမှန်ဖို့က ကော်မရှင်တစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ နိုင်ငံသားအားလုံး၊ ပါတီတွေအားလုံး၊ CSO တွေ အားလုံးညီမှ ရပါမယ်။ ကျွန်တော်တို့က ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်တယ်။ ပြောမယ်ဆိုလည်း ဥပဒေကြောင်းအရပဲ ပြောပါမယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အခြေခံမဲဆန္ဒရှင်များ စာရင်းကို နှစ်ကြိမ်တိုင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာလျက်ရှိသည်။

သို့သော်လည်း ယခုတစ်ကြိမ် ထုတ်ပြန်သော မဲစာရင်းသည် မူလထုတ်ပြန်သော မဲစာရင်းများနှင့်မတူဘဲ ကွန်ပျူတာ နည်းပညာအသစ် အသုံးပြုသောကြောင့် မဲစာရင်း အမည်များကို အက္ခရာစဉ်လိုက်၊ အိမ်၊ လမ်း၊ ရပ်ကွက်နံပါတ်များကို ငယ်စဉ်ကြီးလိုက် ထုတ်ပြန်သောကြောင့် မဲစာရင်းကြည့်ရှုရန် အခက်အခဲရှိကြောင်း မဲဆန္ဒရှင်များက ပြောဆိုသည်။

The Voice Weekly

ကော်ဖီ သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်း ကို နှေးကွေးသွားစေနိုင်


အိပ်ယာ ၀င်ချိန် မတိုင်ခင်မှာ ကော်ဖီ တစ်ခွက် လောက်သောက်ခြင်းဟာ သင့်ကို အိပ်မပျော်တော့ပဲ နိုးကြားနေစေတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း ကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ အခုတော့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါပြီ။
သုတေသန တစ်ခုက ပြသခဲ့တာကတော့ ညနေပိုင်းမှာ ကော်ဖီကောင်းကောင်း တစ်ခွက်ကို သောက်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်းတွေကို တစ်နာရီ ခန့် နောက်ပြန်ဆုတ်ပေးလိုက် သလို ဖြစ်သွားစေတယ် ဆိုတာကို သုတေသီ တွေက တွေ့ရှိခဲ့ကြပါတယ်။ ကဖိန်း ၂၀၀ မီလီဂရမ်ခန့် မှီဝဲ ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်း ကို တစ်နာရီ စာလောက် နှေးကွေးသွားစေနိုင်ပါတယ်။
အဲဒါကြောင့် ကော်ဖီ သောက်ခြင်းဟာ တော်တော်နဲ့ အိပ်ပျော်ဖို့ ခက်သွားစေသလိုပဲ အိပ်ပျော်သွားရင်လည်း မနက်မှာ တော်တော် နဲ့ မထနိုင်တော့ပါဘူး။
ဗြိတိန် နဲ့ အမေရိက မှာရှိတဲ့ သုတေသီတွေက ညနေပိုင်းမှာ ကဖိန်း ဓါတ်မှီဝဲ ခြင်းကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ရုံတင်မကပါဘူး။ ဦးနှောက်ထဲ ပုံမှန် လုပ်ဆောင်မှု အချိန်စက်ဝိုင်းတွေကိုလည်း နှေးကွေးသွားစေနိုင်ပါတယ်။
ဒီ ဖြစ်စဉ်ကို လေ့လာဖို့အတွက် သုတေသီတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့စေပြီး ပြတင်းပေါက်မရှိ ၊ နာရီ မရှိတဲ့ စမ်းသပ်ခန်းထဲမှာ ၇ ပတ်ခန့် နေထိုင်စေခဲ့ပါတယ်။ တစ်ချို့ညတွေမှာတော့ သူတို့ကို ကဖိန်း ဓါတ်ပါဝင်တဲ့ ဆေးလုံးတွေကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးစေခဲ့ပါတယ်။ တစ်ခြားညတွေမှာတော့ သူတို့ဟာ အခြား ဆေးဝါးတွေကို သောက်ရပါတယ်။
ထို ကဖိန်းပါတဲ့ ဆေးလုံးတွေမှာ ကဖိန်းဓါတ် ၂၀၀ မီလီဂရမ် ပါဝင်ပါတယ်။ သာမန် ကော်ဖီတစ်ခွက်မှာဆိုရင် ကဖိန်း ၁၀၀ မီလီဂရမ် ပါဝင်ပြီး လက်ဖက်ရည်တစ်ခွက်မှာဆိုရင်တော့ ၅၀ မီလီဂရမ်သာ ပါဝင်ပါတယ်။ espresso ကော်ဖီ တစ်ခွက်မှာဆိုရင်တော့ ကဖိန်း ဓါတ် ၈၀ မီလီဂရမ် ပါဝင်ပါတယ်။
ထို အစစ်ဆေးခံတဲ့ လူတွေကို အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ melatonin ဆိုတဲ့ ဟော်မုန်း ပမာဏ စစ်ဆေးလိုက်တဲ့အခါမှာ ကဖိန်းပါတဲ့ ဆေးလုံး သောက်သုံးထားသူတွေဟာ ထို ဟော်မုန်းကို ဖြစ်ပေါ်စေဖို့ ၂ နာရီစာ ခန့် နောက်ကျနေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
Mario - သစ်ထူးလွင်
Ref : Dailymail

အောင်လံမြို့နယ်၌ အမျိုးသားတစ်ဦး ယာခင်းမှအပြန် လှည်းလမ်းကြောင်းတွင် အသတ်ခံရ


အောင်လံ စက်တင်ဘာ ၂၂

အောင်လံမြို့နယ် လက်ပတုန်းကျေးရွာသား တစ်ဦးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လက်ပတုန်းကျေးရွာအနီးတွင် အသတ်ခံရမှုဖြစ်ပွား ခဲ့ကြောင်း အောင်လံမြို့နယ် ရွှေပန်းတော နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဦးသန်းဇော်ဝင်း (၃၅ နှစ်) လက်ပတုန်းကျေးရွာနေသူသည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏ညီဖြစ်သူ မြင့်ဇော်ဌေး၏ဇနီးဖြစ်သူ မထက်ထက်ခိုင်ရောက်ရှိလာပြီး မြင့်ဇော်ဌေးသည် စက်တင်ဘာ ၁၈ ရက် နံနက် ၆ နာရီက ရွာ၏အရှေ့တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ ယာခင်းသို့ ယာထွန်ရန်အတွက် နွားလှည်းဖြင့် ညအိပ်သွားခဲ့ရာမှ နွားလှည်းသာရောက်ရှိလာပြီး လူမပါလာကြောင်း လာရောက်ပြောကြားခဲ့သဖြင့် ဦးသန်းဇော်ဝင်းသည် အစ်ကိုဖြစ်သူများနှင့် လိုက်လံရှာဖွေခဲ့ရာ မြင့်ဇော်ဌေးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းကအမှုဖွင့်ထားကြောင်း သိရသည်။

ကျာ်ဇေယျ

Myanmaalinn

ရွေးကောက်ပွဲ အတွေ့အကြုံမရှိသည့်အပြင် စည်းရုံးရေးကာလ တိုတောင်းမှုကြောင့် CLD ပါတီ အခက်တွေ့နေ


စစ်တွေ၊ စက်တင်ဘာ ၂၁ ။ ။ ၂၀၁၄ ခုနှစ်မှ စတင်ဖွဲ့စည်းလိုက်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CLD) သည် ရွေးကောက်ပွဲ အတွေ့အကြုံမရှိသည့်အပြင် စည်းရုံးရေးကာလ တိုတောင်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အဆင်မပြေမှုများရှိနေကြောင်း ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ဒေါ်မိုင်စုစုလှိုင်က ပြောသည်။

"တိုင်းရင်းသားနယ်မြေတွေက ကျလို့ရှိရင် အရမ်းဝေးတော့ တနယ်နဲ့တနယ်သွားလာရတာ ခက်ခဲတယ်။ အဲဒီအခါကျတော့ ကျမတို့က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အချိန်ကလည်း တိုတောင်းတယ်။ တိုတောင်းတဲ့အတွက် အချိန်လုရတာကအစ ကျမတို့အတွက် သိပ်အဆင်မပြေဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တော့လည်း ပါတီအသစ်အနေနဲ့ သိပ်အဆင်မပြေဘူးပေါ့နော်။" ဟု ဒေါ်စုစုလှိုင်က ပြောသည်။


CLD ပါတီမှ ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)က ဦးမောင်ချစ်ဦး၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) ဦးဝင်းနိုင်၊ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ဦးအောင်ကျော်ဝင်း၊ မင်းပြားမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံလှကျော်၊ ချင်းတိုင်းရင်းသားရေး ကိုယ်စားလှယ် ဒေါ်မိုင်စုစုလှိုင်တို့ အသီးသီး ဝင်ပြိုင်ကြမည်ဖြစ်သည်။

CLDပါတီမှ ကိုယ်စားလှယ်လောင်းများသည် စက်တင်ဘာလ ၈ ရက်မှ စတင်ကာ စည်းရုံးရေးစဆင်းနေပြီ ဖြစ်သော်လည်း ဒေါ်မိုင်စုစုလှိုင်မှာ လာမည့် ၂၃ ရက်နေ့မှသာ အမ်းမြို့နယ်ကို ပထမဦးဆုံး စတင်စည်းရုံးမည်ဖြစ်ကာ အချိန်ကာလ ၅ ရက်သတ်မှတ်ထားသည်ဟုဆိုသည်။

"တိုင်းရင်းသားနယ်မြေတွေမှာက လမ်းပန်းဆက်သွယ် မကောင်းတော့ စည်းရုံးရေးသွားရတာ သိပ်အဆင်မပြေကြဘူး။ ငွေရေးကြေးရေးပိုင်းမှာ ဆိုရင်လည်း ကျမတို့ တိုင်းရင်းသားပါတီတွေက ကိုယ်ထူကိုယ်ထ သွားနေရတော့ အများကြီးအဆင်မပြေပါဘူး။ နောက်ပြီးတော့ လူအင်အား တအားနည်းတာကလည်း အရမ်းကြီးကို အခက်အခဲတွေရှိပါတယ်။" ဟု ပြောသည်။

CLD ပါတီသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသများတွင် လွှတ်တော် ၃ ရပ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးအပါအ၀င် မဲဆန္ဒနယ် ၂၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CLD) ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ချင်းပြည်နယ် ပြင်ပတွင် နေထိုင်သည့် ချင်းလူမျိုးများ၏ ရပိုင်ခွင့်ကိုပါ ကြိုးပမ်းဆောင်ရွက်မည့် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုသည့် ပါတီအဖြစ် ကြိုးပန်းမည်ဟူသည့် မူဝါဒဖြင့် ရပ်တည်နေခြင်းဖြစ်သည်။

CLD ပါတီ အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးနှင့်ပတ်သက်ပြီး " ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ချင်းအဖွဲ့ချုပ်ကို မဲပေးကြစို့ " ကြွေးကြော်သံဖြင့် မဲဆွယ်စည်းရုံးသွားကြမည် ဖြစ်သည်။
Mizzima

နမ်းခြင်းဖြင့်ယားရံသည့် ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း လေ့လာတွေ့  ရှိခဲ့သည့် ဆရာဝန် ဆုရရှိ


၈ျပန် နိုင်ငံမှ ဆရာဝန် Hajime Kimata ဟာဂျီမီ ကီမတ သည် အနမ်းဖြင့် တစ်စုံတစ်ရာနှင့် (ဓာတ်) မတည့်၍ ယားရံမှုဖြစ်နေသည့် ဝေဒနာရှင်များအား ကုသပျောက်ကင်းနိုင်ကြောင်း စမ်းသတ်တွေ့ ရှိခဲ့သဖြင့် ၂၀၁၅ ခုနှစ် Ig Nobel Prize သာမန်မဟုတ်သည့် လေ့လာတွေမှု့  ဆိုင်ရာဆုရရှိခဲ့ပါသည်။

မဖြစ်န်ုင်သည့် အရာဟု အများထင်နေကြတဲ့ အရာကို ဟာဂျီမီ က
သူ့ ဆေးခန်းမှာ ဓါတ်မတည့်လို့  ယားရံ တတ်သည့် allergic ရောဂါဝဒနာခံစားနေရသူ ၃၀ ကို အခန်းတခုအတွင် သာယာတဲ့ တေးသံဖွင့်၍ မိနစ်သုံးဆယ်ကြာ မနားတမ်း နမ်းခိုင်းခဲ့ရာမှာ ယားရံ ရောဂါရှင်အများစုမှာ ဝေဒနာ တဖြေးဖြေး လျှော့ပါးလာခဲ့ကြောင်း 
ရှာဖွေတွေ့ ရှိခဲ့သည် ၊


"လူတွေက ဒီလို ရှာတွေ့ တာကို ရီစရာလို့  ထင်ကောင်းထင်မှာပေါ့ 
တဦးနဲ့ တဦး နမ်းကြတာဟာ နှလုံးခုံနုံးတွေနဲ့  သွေးလည်ပါတ်ခြင်းကို သိသိသာပြောင်းလဲစေနိုင်မယ် ပြီးရင် ဖြစ်နေတဲ့ ရောဂါတွေသက်သာလာစေတာ လက်တွေ့ ပါ"
ဆုရရှိသူ ဟာဂျီမီက ပြောကြားခဲ့ခြင်းပါ။

Kyodo news agency.
SAW

“မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗုဒ္ဓဘာသာရဟန်းသံဃာများ အဓိကအခန်းကဏ္ဍက ပါဝင်ဟု ဦးကိုကိုကြီးပြော”


မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဗုဒ္ဓဘာသာရဟန်းသံဃာများ အဓိကအခန်းကဏ္ဍကပါဝင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဓမ္မပီယတရားရိပ်သာ၌ ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်း အနားတွင် ပြောကြားလိုက်သည်။
“ဆရာတော်ဦးဥတ္တမတို့ ကစလို့ တစ်လျှောက်လုံးမှာ ဆရာတော်တွေရဲ့ အခန်းကဏ္ဍအင်မတန်ကြီးမားခဲ့တယ်၊ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းဖြစ်တိုင်း မတရားမှုကိုဆန့်ကျင်တဲ့ အခါ ဆရာတော်များရဲ့အခန်းကဏ္ဍက ထိပ်ဆုံးကပါခဲ့တယ်” ဟု ပြောာကားခဲ့သည်။
အဆိုပါအခမ်းအနားကို တစ်နိုငင်ငံလုံးရှိ ရွှေဝါရောင်သံဃာတော်များ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ အင်အားစုဝင်များ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။ “ရဟန်းသံဃာတွေအနေနဲ့ မြန်မာနိုင်ငံရေးအရွေ့ကိုစောင့်ကြည့်နေတဲ့ အချိန်မှာ မလျော်ကန်တဲ့ အမိန့်တွေကို ဖီဆန်ကြတဲ့ခေါင်းစဉ်အောက်မှ ဦးပဉ္စင်းတို့လည်းပါတယ်၊ ၂၀၀၇ ထဲရောက်တဲ့အခါ ပခုက္ကူမှာ သံဃာတစ်ပါးကို ရိုက်နှက်တာကြုံတွေ့ရပါတယ်၊ ဒါကိုပြန်လည်တောင်းပန်ပေးဖို့ပြောတဲ့အခါမှာ အာဏာရှင်အဖွဲ့ အစည်းတွေက ဥပေက္ခာပြုထားကြတယ်၊ အဲလိုနဲ့ပဲ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာတာဖြစ်ပါတယ်” ဟု အခမ်းအနားတွင် ရွှေဝါရောင်သံဃာကွန်ရက်မှ ဆရာတော်ဦးပြည်ကျော်က မိန့်ကြားခဲ့သည်။
အခမ်းအနားကို တက်ရောက်ခဲ့သော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ရွှေဝါရောင်သံဃာ များ၏ကျေးဇူးကြောင့် တိုင်းပြည်အခြေအနေမှာလက်ရှိအခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သံဃာများ၏ စွမ်းဆောင်မှုကိုအသိအမှတ်ပြုရမည်ဖြစ်ကြောင်း ပြောသည်။
စက်တင်ဘာလ ၁၈ ရက်ရောက်တိုင်းတွင် ရွှေဝါရောင်တော်လှန်ရေးနေ့နှစ်ပတ်လည်အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ရှစ်ကြိမ်မြောက်နှစ်ပတ်လည်ပြည့်ပြီဖြစ်သည့်အတွက် ယင်းအထိမ်းအမှတ်အဖြစ် ဒီမိုကရေစီတိုက်ပွဲနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့သည့် ရဟန်းရှင်လူကျောင်းသားပြည်သူများအတွက် ရွှေတိဂုံစေတီတော်အောင်မြေတွင် မေတ္တာပို့ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မျိုးကျော်စိုး(သတင်း၊ ဓာတ်ပုံ)

ပြင်ဦးလွင် ၂၁ မိုင်အဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်




ပြင်ဦးလွင်မှ ဘားအံ၊ မော်လမြိုင်သို့ ထွက်ခွာလာသည့် မန်းရွှေမြို့တော် Express မော်တော် ယာဉ်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက် ညနေ ၃ နာရီတွင် လူနှင့် ကုန်ပစ္စည်းများ တင်ဆောင်ကာ ပြင်ဦးလွင်မှ စတင်ထွက်ခွာခဲ့ရာ ညနေ ၆ နာရီတွင် ၂၁ မိုင် အဆင်း မိုင်တိုင် အမှတ် ၁၉/၅ အရောက်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်ကြည်ကြည်ညွန့် (၄၂)နှစ် နေရာတွင် ပင် သေဆုံး ပြီး ဒေါ်မြမြငြိမ်းမှာ ယာလက်ပြတ်သွားခဲ့သည်။ ယာဉ်တိမ်းမှောက် မှုကြောင့် ဒဏ်ရာရသူ (၁၁)ဦးရှိရာ ဒဏ်ရာရသူများအား မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး (၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာသို့ ပြင်စာရဲစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပြင်စာလူမှု ကူညီရေး အသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - Wai Nwe Lwin Facebook

MOi

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တရားမျှတမှုမရှိပါက ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေဦးမည်ဟု ဦးမင်းကိုနိုင်ပြော


အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ချီတက်ပွဲတွင် ဦးမင်းကိုနိုင် စကားပြောနေစဉ် (ဓာတ်ပုံ−နစ်ကီ)
လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများမှာ တရား မျှတမှုကင်းမဲ့၍ဖြစ်ပေါ်လာရခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် တရားမျှတမှုမရှိပါကငြိမ်း ချမ်းရေးရရှိရန် အလှမ်းဝေးနေဦး မည်ဖြစ်ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ခေါင်းဆောင်ဦးမင်းကို နိုင်ကပြောကြားသည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်ဦးမင်းကိုနိုင်သည် စက်တင်ဘာ ၂၁ရက်က ရန်ကုန် တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ချီတက် လမ်းလျှောက်ပွဲအား လာရောက် အားပေးစဉ်အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။


‘‘တရားမျှတမှုမရှိဘဲနဲ့တော့ ငြိမ်းချမ်းရေးရဖို့တော်တော်အ လှမ်းဝေးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တော်လှန် ရေးတွေဆိုတာက တရားမျှတမှု ကင်းမဲ့လို့ဖြစ်လာတာပဲ။ တစ်ခုပဲ ရှိတယ်။ အသွင်းကူးပြောင်းရေး ကာလတွေ ကြိုးစားနေတဲ့ကာလ တွေဆိုရင် စိတ်ရှည်သည်းခံရတာ ရှိတယ်။ အဲဒီနှစ်ခုက တစ်ထပ် တည်းမကျဘူး။ ဒါပေမဲ့ တစ်နေ့ ကျလို့ရှိရင် သူ့အကန့်အသတ်နဲ့ သူသွားလိမ့်မယ်။ စိတ်ရှည်သည်းခံပြီးတော့မှ ရလဒ်ကောင်းထွက် တယ်ဆိုရင် တရားမျှတမှုနဲ့အတူ ငြိမ်းချမ်းရေးရမယ်ပေါ့။ ပြီးတော့မှ ရုပ်လုံးတွေပေါ်လာမယ်။ နဂိုမူလအတိုင်းတရားမျှတမှုကိုတော့ မပေးနိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ပြန်ပျက်ဦးမှာပဲ’’ဟု ဦးမင်းကိုနိုင်က ပြောသည်။ ငြိမ်းချမ်းရေးလမ်းလျှောက်လှုပ်ရှားမှုမှာ လူငယ်များ၏ လေးနက်သောလှုပ်ရှားမှုဖြစ်သောကြောင့် လာရောက်အားပေးရခြင်းဖြစ် ကြောင်း ဦးမင်းကိုနိုင်က ဆက် လက်ပြောသည်။

‘‘ဒီနေ့ကတော့ လူငယ်တွေ များတယ်။ သူတို့နားလည်တဲ့ ငြိမ်း ချမ်းရေးလှုပ်ရှားမှုပေါ့။ ကျွန်တော် တို့ကတော့ အရင်မျိုးဆက်အနေနဲ့ သူတို့ကို အားပေးရမှာပဲ။ ကျွန် တော်တို့ ခေတ်နဲ့ လုပ်ပုံကိုင်နည်း တွေတူတာလည်း ရှိတယ်။ မတူ တာလည်းရှိတယ်ပေါ့။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ပန်းတိုင်တူတဲ့အ တွက် ရသလောက်အတူလက်တွဲ ပြီး လုပ်တယ်။ မျိုးဆက်ရဲ့လေး နက်တဲ့ လှုပ်ရှားမှုမှန်သမျှကို ကျွန် တော်တို့က အမြဲအားပေးနေတယ် ဆိုတာပြတာပါ’’ဟု ဦးမင်းကိုနိုင် ကပြောသည်။

ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်၊ကျောင်းသားနှင့်ပြည်သူ တစ်ရာကျော်တို့၏ လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်မြို့ မြေနီကုန်း မှ အင်းလျားကန်ပေါင်အထိ ချီတက် လမ်းလျှောက်ခဲ့ကြသည်။ အင်းလျားကန်ပေါင်အရောက်တွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ခေါင်းဆောင်များဖြစ်သော ဦး မင်းကိုနိုင်နှင့် ဦးမြအေးတို့ကလာ ရောက်အားပေးပြီး ငြိမ်းချမ်းရေး စကားများဟောပြောခဲ့ကြသည်။

‘‘ငြိမ်းချမ်းရေးအတွက်လုပ် တယ်ဆိုတာ မငြိမ်းချမ်းလို့။ တစ် နည်းအားဖြင့် တိုင်းပြည်မှာ စစ် မက်မီးလျှံတွေရှိနေလို့။ တစ်နည်း အားဖြင့် ပြည်သူလူထုမျက်ရည် ကျနေလို့။ တစ်နည်းအားဖြင့် အကျဉ်းထောင်သံတိုင်တွေရဲ့ နောက်မှာ ကျွန်တော်တို့ ညီအစ် ကိုမောင်နှမနိုင်ငံရေးသမားတွေ ရှိနေလို့။ ဆိုလိုချင်တာက ငြိမ်း ချမ်းတဲ့ကာလတစ်ခုကိုမရောက် သေးတဲ့အတွက် ငြိမ်းချမ်းရေးချီ တက်လမ်းလျှောက်ပွဲကို လုပ် တယ်လို့ နားလည်ပါတယ်’’ဟုဦး မြအေးကပြောသည်။

အစိုးရက အောက်တိုဘာပထမပတ်တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးရန် ကမ်းလှမ်း ထားပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်ကမူ အဆိုပါ ရက်သတ်မှတ်ချက်အပေါ် အ ကြောင်းပြန်ခြင်းမရှိသေးပေ။

7Day