ကိုယ်အလေးချိန်လျော့ချဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းများ

ကိုယ်အလေးချိန်လျော့ချခြင်းအလုပ်ဟာ ကျွန်ပ်တို့နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့ ကျန်းမာရေးအတွက်သင့်တော်တဲ့ အစားအသောက်အမျိုးအစားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လမ်းကြောင်းပေါ်ရွေးချယ်ဆက်သွားနိုင်ဖို့ ဒီအချက်လေးတွေ တဖြည်းဖြည်းချင်း လိုက်လုပ်ကြည့်ပါ။

ကျန်းမာသန်စွမ်းခြင်းအတွက် နည်းလမ်းကောင်းများ
အလေးချိန်လျော့ကျမယ့် အတားအဆီးခလုတ်တွေကို ရှောင်လွဲဖို့ သင့်ရဲ့နေစဉ်ပုံမှန်အလုပ်များ ပြောင်းလဲလုပ်ဆောင်ပါ
ကြွက်သားစိုင်တွေဟာ ကယ်လိုရီဓာတ် ပိုမိုလျော့ကျစေတာကြောင့် မိနစ် (၂၀)ခန့်ကြာအောင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းကို တစ်ပတ် (၃)ကြိမ်လုပ်ပေးပါ။
ဗိုက်ချပ်လေ့ကျင့်ခန်းလုပ်ပေးပါ။ မိနစ် ၂၀ အတွင်း ပျှမ်းမျှအားဖြင့်လူတစ်ယောက် ကယ်လိုရီ ၄၀၀ လျော့ချနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အဆီလျော့ချဖို့ တစ်ချက်တစ်ချက် အရှိန်ထည့်ပြေးပေးပါ။
နှလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းကို (၅) မိနစ်ပိုလုပ်ပေးပါ။
အမြန်နှုန်းဖြင့် ခေါက်တုံ့ခေါက်ပြန်လျောက်တဲ့ စိတ်ငြိမ်မှုလေ့ကျင့်ခန်းမျိုး ရွေးချယ်ဆောင်ရွက်ပေးပါ။

Source: whm

အချစ်ရေးမှာ ပျော်ရွှင်တဲ့အကြောင်း ဖေ့စ်ဘွတ်ခ်မှာ အမြဲပို့စ်လုပ်တတ်သူ အများစုဟာ တကယ်တော့ မပျော်ရွှင်ကြပါ



သင့်ရဲ့သူငယ်ချင်းတွေထဲမှာ ဖေ့စ်ဘွတ်ခ်ပေါ် နေ့စဉ်နေ့တိုင်း သူတို့ချစ်သူနှစ်ဦး ဘယ်လောက်ချစ်ကြောင်း၊ ကြည်နူးကြောင်း၊ ဒီလိုချစ်သူမျိုးပိုင်ဆိုင်ရတာ ဘယ်လောက်ကံကောင်းကြောင်း စတေးတပ်စ်တင်တဲ့သူတွေ၊ ပို့စ်လုပ်တဲ့သူတွေ ရှိကြမှာပါ။ လေ့လာတွေ့ရှိချက်တွေအရတော့ ဒီလိုလူမျိုးတွေဟာ သူတို့အချစ်ရေးမှာ တကယ်ပျော်ရွှင်ကြတဲ့သူမျိုးများ မဟုတ်ကြပဲ ကိုယ့်အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်လုံခြုံမှု မရှိတာ၊ ကျေနပ်မှုမရှိတတ်တဲ့သူတွေသာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ တစ်ဦးပေါ်တစ်ဦး ဆက်နွယ်မှုတွေ ပိုမိုရရှိစေဖို့နဲ့ လွှမ်းမိုးမှုပိုစေဖို့ ကြိုးစားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်။

ဒါ့အပြင် အချစ်ရေးမှာ အဆင်မပြေတဲ့သူတွေဟာလည်း သူတို့အချစ်ရေးအကြောင်း ဖေ့စ်ဘွတ်ခ်မှာ ဆက်တိုက်ဆိုသလို ပို့စ်လုပ်တတ်တာ၊ စတေးတပ်စ်တင်တာမျိုးတွေ လုပ်ကြပါတယ်တဲ့။ ဟန်ဆောင်ခြင်းလို့ ဆိုရမလားပါပဲ။ ဒီလို ဟန်ဆောင်မှုတွေကနေ အသိမိတ်ဆွေတွေက အားပေးတာ၊ ချီးကျူးတာ၊ အားကျတာမျိုးတွေ ခံရခြင်းဟာလည်း သူတို့အတွက် ဒီအချစ်ရေးကို ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ တွေးတာကြောင့်ပါပဲ။ အခြေခံအားဖြင့် ဆိုရမယ်ဆိုရင်တော့ သူတို့အချစ်ရေး ပြီးပြည့်စုံတယ်ဆိုတာ ပြသရင်း၊ ဒီလိုဖြစ်ချင်ပါတယ်ဆိုတဲ့ ဆန္ဒကို ဖော်ထုတ်ကြတာပါ။

ခုလိုဆိုလိုက်လို့ သူတို့အချစ်ရေးဟာ သုံးစားမရတော့အောင် ပြသနာတွေ တက်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်နေ့ကို ဆယ်ကြိမ်လောက် သူတို့အချင်းချင်း ဘယ်လောက်ချစ်တယ်ဆိုပြီး ပုံတွေတင်၊ စာတွေရေးတင်တတ်တဲ့ ဒီလိုလူမျိုးတွေဟာ သူတို့စိတ်ထဲ သူတို့အချစ်ရေးနဲ့ပတ်သက်ပြီး ယုံကြည်မှုအားနည်းတာကို ထောက်ပြချင်တာပါ။

Ref:cosmopolitan.com
Trend

နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ တစ်ခဏတာ စိတ်ဓာတ်ကျစရာ အချိန်အခါများ



ဘ၀မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ပျက်စရာအချိန်အခါတွေ ခဏခဏကို ကြုံဖူးပါတယ်။ တစ်ချို့စိတ်ဓာတ်ကျစရာအချိန်တွေက နောက်တစ်နေ့ထိတော့ မကူးတတ်ပါဘူး။ ကြာရှည်စွာ စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းဒီလိုအခြေအနေတွေကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရမှာပါ။ အဲ့ဒါတွေကတော့

၁။ရှုပ်ပွနေတဲ့ ဆံပင်ကို ရှင်းလို့မနိုင်တဲ့အခါ

ဒီနေ့ခေါင်းလျှော်တော့ ပျော့ဆေးထည့်မလျှော်မိလိုက်ဘူး။ အချိန်မရှိတာနဲ့ ဖြောင့်စက်လည်း ဆွဲမလာမိဘူး။ ဒီတော့ ခုလမ်းမှာ ပြသနာတက်တော့တာပေါ့။ လေနည်းနည်းတိုက်တာနဲ့ကို ပွရှုပ်နေတဲ့ဆံပင်ကို ဘယ်လိုသပ်ချသပ်ချ အဆင်မပြေနိုင်ဘူး။ ရုံးမှာလည်း တစ်နေ့လုံးဘယ်လိုများ လုပ်ရပါ့။ ကြည့်ရတာ တစ်နေ့လုံး ဒီလိုပုံစံနဲ့ အဆင်ပြေမယ့်ပုံကို မရှိတော့ပါဘူး။

၂။နေ့လည်စာကို ဘယ်မှာသွားစားရမယ်မှန်း စဉ်းစားလို့ မရတဲ့အခါ

နေ့စဉ်နေ့တိုင်း ရုံးနားက၊ ကုမ္ပဏီနားက ထမင်းဆိုင်တွေမှာ စားရတာ အဆင်မပြေတော့ဘူး။ အပြောင်းအလဲအနေနဲ့ တစ်ခုခု စားချင်ပေမယ့် နေရာကို စဉ်းစားရတာလည်း ဒုက္ခ။

၃။ရွယ်တူသူငယ်ချင်းတွေရဲ့ စေ့စပ်သတင်းတွေ ဖေ့စ်ဘွတ်ခ်မှာ ပလူပျံအောင်တွေ့ရတဲ့အခါ

ခုတစ်လော ငယ်သူငယ်ချင်းတွေ တော်တော်များများ စေ့စပ်တာတွေ၊ လက်ထပ်တာတွေ လုပ်လာကြတယ်။ ကွန်ဂရက်ကျူလေးရှင်းလို့ ဆိုနေရပေမယ့် စိတ်ထဲမှာတော့ ငါကတော့ ဆိုပြီး အမြဲတွေးမိနေတော့တာပဲ။

၎။သူဌေးကကိုယ့်ကိုစိတ်အလိုမကျတာ သိတဲ့အခါ

ဘော့စ်ကအမြဲတမ်း ပွစိပွစိ လုပ်တတ်တာမျိုးမရှိပေမယ့် ဒီနေ့လိုမျိုး စူပုပ်မနေတာတော့ ကြာပေါ့။ ကိုယ့်မှာ ဘာများအပြစ်ရှိလို့ပါလိမ့် ဆိုပြီး စဉ်းစားရတာ ခေါင်းတောင်ပေါက်ထွက်တော့မယ်။

၅။ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မိတဲ့အခါ

မနက်က အိပ်ပျော်သွားလို့ လေ့ကျင့်ခန်းမလုပ်ပဲ ထွက်လာမိတာ စိတ်ထဲ တစ်မျိုးဖြစ်နေတယ်။ ဒီနေ့ လေ့ကျင့်ခန်းမလုပ်လို့များ ဟိုနေ့က ကစားထားတာတွေ အခြေအနေပြောင်းကုန်မှာလား။ စိတ်ရှုပ်လိုက်တာ။

၆။ကားတွေပိတ်၊ ပွိုင့်တွေမိလို့ ကားပေါ်မှာရောက်နေတဲ့အခါ

အလုပ်လာ၊ အလုပ်ပြန်၊ ဒါမှမဟုတ် အလုပ်ကိစ္စကြောင့် အပြင်ထွက်ရရင်ဖြင့် အသွားအပြန်အချိန်နဲ့ နေ့တစ်ဝက်ကိုကျိုးရော။ အဆင်ကိုမပြေပါဘူး။

Ref:womenshealthmag.com
Trend

ဝဋ်နာ ကံနာလေလား အင်ဒိုနီးရှားက မြွေလူသား

အင်ဒိုနီးရှား နိုင်ငံမှ အသက် ၁၆နှစ် အရွယ် ယောက်ျားလေး တစ်ဦးသည် ၎င်း၏ ခြောက်သွေ့ သည့် အရေပြားက မြွေတစ်ကောင် ကဲ့သို့ အကြေးခွံများ ပါရှိနေပြီး ၄၁ ရက်တွင် တစ်ကြိမ်ကျ အရေခွံ လဲတတ် သောကြောင့် “မြွေလူသား” ဟုပင် အခေါ်ခံ နေရသည်။



စာသင်ခန်းအတွင်း သင်ခန်းစာများ လေ့လာနေသည့် ၀ီိဘိုဝို။ ဓာတ်ပုံ - Mirror

ဘန်တန် ပြည်နယ် တန်ဂါရန်တွင် နေထိုင်လျက် ရှိသည့် အရီဝီ ဘိုဝို ဆိုသည့် ဆယ်ကျောက်သက် ကျောင်းသားလေးသည် ၎င်း၏ အကြေးခွံ သဏ္ဍာန် အရေပြား များ ခြောက်သွေ့ ပက်ကြား အက်ကာ ကွာကျ တတ်သဖြင့် ရေမကြာခဏ ဆွတ်ပေး နေရ သလို အရေပြားကို လိမ်းသည့် အလှဆီများ ကိုလည်း သုံးနာရီ တစ်ခါ လူးလူး နေရသည်။

ကျောင်းသား လူငယ်လေး ဝီဘိုဝိုသည် လူနီရောဂါ အဖြစ် ခေါ်ဆိုသည့် အရေပြား ပျက်ဆီးမှု ရောဂါ Erythroderma ကို ခံစား နေရခြင်း ဖြစ်သည်။ ထိုရောဂါ ဆိုးကြောင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရေပြားများမှာ အကြေးခွံများ ကဲ့သို့ ဖြစ်နေပြီး မြွေများ အရေခွံလဲ သကဲ့သို့ ကွာကျခြင်း ဖြစ်သည်။

ဝီဘိုဝိုသည် ထိုရောဂါဆိုး အပြင် စကားသံထွက် ပြောဆို နိုင်စွမ်းတွင်လည်း ပြဿနာ ရှိနေကာ ညာမျက်လုံး တစ်ဖက်လည်း ဆိုးဆိုးဝါးဝါး ပျက်ဆီး နေသည်။ ကျန်မျက် လုံး တစ်ဖက်ကိုလည်း အမြဲတစေ မျက်စဉ်းခတ်ကာ နေရသည်။ ဝီဘိုဝို လေး၏ ရောဂါကို ဆရာဝန် များက လက်မှိုင်ချ ထားရပြီး မိသားစု များမှာလည်း သူ၏ စိတ်မချမ်းမြေ့ ဖွယ်ရာ အနေအထားကြောင့် ပတ်ဝန်းကျင်နှင့် ကင်းကင်း ရှင်းရှင်း နေကာ အထီးကျန် ဖြစ်နေရသည်။

ဝီဘိုဝို၏ မြွေကဲ့သို့ သွင်ပြင်ကြောင့် ရွာသူရွာသား များ၏ စက်ဆုပ်ရွံ့ ရှာစွာ ဆက်ဆံ ခြင်းကို ခံရပြီး ကလေး အချင်းချင်းကလည်း ၎င်းနှင့် ဆော့ကစားရန် ကြောက် ရွံ့ စေသည်။

ဝီဘိုဝိုလေး၏ ဓာတ်ပုံကို အသက် ၃၅ နှစ်ရှိ ဓာတ်ပုံ ဆရာ နော်ချိုလီအန် ဟာရီလူဘီ ဆိုသူက ၎င်း၏ မှတ်တမ်း အတွက် ရိုက်ယူ ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းသော လူသား ကောင်လေး၏ အိမ်တွင် ရှိနေစဉ် ပုံများ၊ ကျောင်းခန်း ထဲမှ ပုံများ၊ သက်ရွယ် တူများနှင့် အတူရှိချိန် ပုံများကို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“တကယ့်ကို စိတ်မချမ်းမြေ့စရာ ကောင်းတယ်။ ကလေးရဲ့ ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးက အရေပြား တွေဟာ မြွေတွေလိုပဲ အကြေးခွံ တွေနဲ့ ။ နောက်ပြီး အရေခွံလည်း လဲတယ်။ တကယ်လို့ ကလေးက ရေမစိမ်ဘဲ နေမယ်၊ အသားထိမ်း အလှဆီတွေ မလိမ်းဘဲ နေခဲ့မယ် ဆိုရင် သူ့ တစ်ကိုယ်လုံးဟာ ခက်ထရော် ကြမ်းတမ်းပြီး သစ်သား ပန်းပုလိုမျိုး ဖြစ်သွား နိုင်တယ်”ဟု ဓာတ်ပုံဆရာ နော်ချိုက ပြောသည်။

Ref: Mirror
Mizzima News

အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် Bill Gates ဖြစ်လာ

Microsoft ကုမ္ပဏီ တည်ထောင်ခဲ့သူ Bill Gates သည် စက်တင်ဘာလ ၂၉ ရက်က Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် နံပါတ် တစ် နေရာ၌ ရပ်တည်ခဲ့သည်ဟု CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



(ဓာတ်ပုံ - news.com)

Forbes မဂ္ဂဇင်းက အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် ၄၀၀ စာရင်း ထုတ်ပြန်ခဲ့ရာတွင် Bill Gates သည် ပိုင်ဆိုင်ငွေ ၈၁ ဘီလီယံဖြင့် နံပါတ် တစ်နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ Bill Gates ၏ ပိုင်ဆိုင်မှုသည် လွန်ခဲ့သော တစ်နှစ်အတွင်း Microsoft ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ မြင့်တာလာသည့်အတွက် ကိုး ဘီလီယံခန့် တိုးပွားလာသည်ဟု Forbes ကဆိုသည်။

ထို့နောက် Forbes မဂ္ဂဇင်းက Bill Gates ၏ လူမှုရေး လုပ်ငန်းများအတွက် မတည်အလှူငွေများစွာ ထည့်ဝင်နေမှုကို ချီးကျူးဖော်ပြခဲ့သည်။ Bill & Melinda Gates ဖောင်ဒေးရှင်းသည် ၂၀၀၀ ပြည့်နှစ်မှ စ၍ ပိုလီယို လျှော့ချရေး၊ အမေရိကန် ပညာရေး စနစ် မြင့်တက်လာရေး တို့အတွက် ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်လှူဒါန်းခဲ့ပြီးဖြစ်သည်။

“အခုအချိန်မှာတော့ သူတို့က ခြင်တွေကို နှိမ်နှင်းဖို့လုပ်နေပါတယ်၊ ငှက်ဖျားရောဂါက ၂၀၀၀ ပြည့်နှစ်က စပြီး ၂၅ ရာခိုင်နှုန်း လျော့ကျသွားပေမယ့် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါဖြစ်ပွားမှုပေါင်း သန်း ၂၀၀ ကျော်လောက် ရှိသေးတယ်”ဟု Forbes မဂ္ဂဇင်းက ဆိုထားသည်။

အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နည်းပညာလောကထဲက Oracle ကုမ္ပဏီတည်ထောင်သူ Larry Ellison သည် ပိုင်ဆိုင်မှု ဒေါ်လာ ၄၈ ဒသမ ၁ ဘီလီယံဖြင့် တတိယ နေရာတွင် ချိတ်ခဲ့ပြီး Facebook ပူးတွဲတည်ထောင်သူ အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် ပိုင်ဆိုင်မှု ၃၄ ဒသမ ၇ ဘီလီယံဖြင့် နံပါတ် ၁၁ နေရာတွင် ချိတ်ထားနိုင်ခဲ့သည်။
 CNET

KIO နှင့် အစိုးရတပ်တို့ ရှမ်းမြောက်တွင် တိုက်ပွဲပြန်ဖြစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ၏ စစ်တပ်နှင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘောကျေးရွာအနီးတွင် စက်တင်ဘာလ ၂၉ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။


ကချင်ပြည်နယ် လိုင်ဇာမြို့အတွင်းလုံခြုံရေးယူထားသည့် ကေအိုင်အေ တပ်သားများအား ဇူလိုင်လ ၂၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

မုန်ဘော် ပြည်သူ့စစ်အခြေစိုက်သည့် နေရာအနီးတွင် အစိုးရ၏ တပ်မ ၈၈ နှင့် KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈တို့ မိနစ် ၃၀ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ တပ်ရင်းမှူး တစ်ဦးက ပြောသည်။

“မနေ့က ညပိုင်း နာရီဝက်လောက်ကြာ မုန်ဘော်ပြည်သူစစ်ရဲ့ကုန်းအနားမှာ တိုက်ပွဲဖြစ်တာ။ ၃၆၊ ၃၈ မုန်ဘော်နယ်မှာ ဖြစ်တာ။ အစိုးရစစ်တပ်က ကျွန်တော်တို့ နယ်မြေထဲ လှုပ်ရှားနေတာကြာပြီ။ သူတို့ ပုံမှန်သွားလာနေတာ မနေ့ကတော့ တိုက်ပွဲဖြစ်တာပါ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော မုန်းဘော်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ နီးကပ်စွာ စောင့်ကြည့်နေသဖြင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု အဆိုပါ တပ်ရင်းမှူးက ဆက်ပြောသည်။

“အစိုးရတပ်မတွေ အရမ်းထိုးလာနေပြီ။ ကျွန်တော်တို့ စောင့်ကြည့်နေကြတာ။ သိပ်နီးကပ်လာပြီ။ တိုက်ပွဲဒီညလား မနက်ဖြန်လား ပြန်ဖြစ်နိုင်တယ်။ အစိုးရ စစ်အင်အားက ၁၀၀၀ ဂဏန်းရှိမယ်။ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုတော့ လုပ်နေတယ်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်” ဟု သူက ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ပြီးခဲ့သည့် ရက်သတ္တပတ် ၃ ပတ်နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း စက်တင်ဘာ ၂၉ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

မန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေကို တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ နှစ်ဖက်တိုက်ပွဲ အခြေအနေကို မသိရှိရသေး၍ ဖြေကြားနိုင်ခြင်း မရှိဟု ပြောကြားခဲ့သည်။
မဇ္ဈိမ

အချစ်ရေးနဲ့ အိမ်ထောင်ရေးအတွက် ဘာမှကြိုပြီးစိတ်ကူးယဉ်မထားဘူးလို့ ဆိုလိုက်တဲ့ နေမင်း


ပရိသတ်ကိုပေးတဲ့ အနုပညာကို အမြဲလတ်ဆတ်အောင်ထားတတ်တဲ့ နေမင်းဟာ သူ့ဖန်တီးတဲ့ အနုပညာရပ်နဲ့ ပတ်သက်ရင် တကယ်ကို ရူးသွပ်သူတစ်ယောက်ပါ။ သူက အနုပညာနဲ့ ပတ်သက်ပြီး “ကျွန်တော်ကိုယ်တိုင်ကိုက အနုပညာကို မရိုးအောင်ထားတယ်။ ကိုယ့်ကိုကိုယ် ဟောင်းသွားပြီ ဆိုရင်လဲ ကိုယ်တိုင်လဲ မလတ်ဆတ်တော့ဘူး။ ပရိသတ်ကို ပေးတဲ့ အနုပညာလဲ မလတ်ဆတ်တော့ဘူး။ စိတ်ပိုင်းဆိုင်ရာပိုင်းနဲ့ပတ်သတ်ပြီး ဒီအလုပ်နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် အသစ်တစ်ယောက်လိုပဲ စိတ်ကို ထားထားတယ်။” လို့ ပြောပါတယ်။

အချစ်ကားတွေထက် ကြမ်းကြမ်းတမ်းတမ်းဇာတ်ရုပ်တွေနဲ့ ပိုတွေ့ရတဲ့ သူက “ခုခေတ်မှာဆို အနုပညာဖန်တီးမှုအရ နိုင်ငံပေါင်းစုံမှာ ဒီကောင်လေးနဲ့ကောင်မလေး ချစ်တာကိုပဲ ပုံစံမျိုးစုံ သုံးပြီးရိုက်တယ်။ သူ့ပတ်ဝန်းကျင်၊ သူ့အနေအထားပေါ်မူတည်ပြီး ပုံစံကွဲသွားကြတာပဲ ရှိတယ်။ ကိုယ်ကိုတိုင်ကတော့ အချစ်ကားလဲ ရိုက်တယ်။ ဒါပေမဲ့ ပရိသတ်တော်တော်များများကတော့ အချစ်အနုအရွကားနဲ့သိပ်မကြိုက်ကြဘူး။ ကြမ်းကြမ်းရမ်းရမ်းနဲ့ အပေအတေ ဇာတ်ရုပ်တွေကိုတော့ ပိုအားပေးကြတယ်”တဲ့။

ဘယ်အရာကိုမဆို စိတ်ကူးမယဉ်တတ်သလို လက်တွေ့သာလုပ်ဆောင်တတ်တဲ့ နေမင်းဟာ သူ့အချစ်ရေးအတွက် ကြိုတွေးထားတာမျိုးတော့ မရှိပါဘူးတဲ့။ “အချစ်ရေးကတော့ အကုန်လုံးက ဒီခေါင်းစဉ်အောက်မှာ ရှိနေတာပါပဲ။ အချစ်အပေါ်မှာ အမျိုးအမည်သတ်မှတ်ပြီး ပြောင်းလဲသွားကြတာမျိုးပဲ ရှိတယ်။ အစ်ကို့တွက်ကတော့ ၁၅၀၀ တွေ ၅၂၈တွေ ခွဲခြားမထားဘူး။ ချစ်တဲ့ပုံစံ မတူဘူးလို့ပဲသတ်မှတ်ထားတယ်။ အစ်ကို ကငယ်ငယ်ကတည်းက ဘယ်ကိစ္စမဆို စိတ်ကူးမယဉ်တတ်ဘူး။ လက်တွေ့ရှိတဲ့ ကာလပစ္စုပ္ပန်ကိုပဲတွေးတယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့်က ကြိုတွေး၊ ကြိုလုပ်တဲ့အရာတွေက လက်ရှိ ပစ္စုပ္ပန်ကို ဆုံးရှုံးစေတယ်။ ဥပမာ ကိုယ်ခုလက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ အချိန်တွေ၊ အတွေးအခေါ်၊ အောင်မြင်မှုအားလုံးကို ဖျောက်ပြီးတော့ နောက်ထပ်တစ်ခုကို တွေးလိုက်တော့ ခုလက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေ အားလုံးကို ပျောက်ဆုံးသွားရော။ ခုလက်ရှိမှာဖြစ်နေတဲ့ ပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးတွေးပါတယ်။ အချစ်နဲ့အိမ်ထောင်ရေးတွေအပေါ် ကြိုမတွေးထားဘူး။ ကြိုလဲစိတ်ကူး မယဉ်ထားဘူး။ သူရောက်သင့်တဲ့ချိန် ရောက်လာမှာပဲ။ တွေးသင့်တဲ့ချိန်လဲ တချိန်မဟုတ် တချိန်ရောက်လာမှာပဲ။ အဲ့ချိန်ကျမှပဲ အဲ့ဒါကို စဉ်းစားချင်ပါတယ်။ ဘယ်အရာကိုမှကြိုပြီးစိတ်ကူးမယဉ်ထားလို့ပါ။” လို့ သူက ဖွင့်ဟခဲ့ပါတယ်။
Trend

ဆေးခြောက်ကြိုက်သူတွေချည်း သီးသန့် ဒိတ်လုပ်နိုင်အောင် ဖွင့်ပေးထားတဲ့ ၀က်ဘ်ဆိုက်အသစ် ပေါ်ထွက်

သင်က ဆေးခြောက်သောက်တဲ့သူဆိုရင်တော့ သင်ဒိတ်လုပ်လိုက်တဲ့သူဟာ ဆေးခြောက်သောက်တတ်တဲ့သူလား၊ လုံးဝမသောက်တတ်ဘူးလားဆိုတာ စိတ်ထဲက သိချင်နေမှာအမှန်ပဲ။ ဒါပေမယ့် စပြီး ဒိတ်လုပ်မယ်ဆိုကတည်းက သူကိုယ်တိုင်လည်း ဆေးခြောက်သောက်တတ်တဲ့သူမှန်းသိထားတယ်ဆိုရင်တော့ စကားပြောရတာ ပိုအဆင်ပြေနေမှာဖြစ်သလို အကြိုက်ချင်းကလည်း တူနေပြီပေါ့။

ဒီလိုစိတ်ကူးရသွားတဲ့ ကယ်လီဖိုးနီးယား၊ မာရင်းလို့ခေါ်တဲ့ နိုင်ငံက အသက်၂၈နှစ်အရွယ် Ryan Moxon ကတော့ ဆေးခြောက်ကြိုက်သူတွေချည်းပဲ ဒိတ်လုပ်နိုင်အောင်လို့ သီးသန့်ဝက်ဘ်ဆိုက်လေးတစ်ခု ပြုလုပ်ထားတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သောက်တဲ့သူမို့ သူ့လိုကောင်လေးတွေ ကိုယ်ဒိတ်မယ့် ကောင်မလေးက pot နဲ့တောင် ဆေးခြောက်သောက်မယ်ဆိုရင် ဘယ်လောက် ပျော်စရာကောင်းမလဲဆိုပြီး စိတ်ကူးယဉ်မိကြမှာပဲဆိုတာ သူသိပါသတဲ့။ ဒီတော့ သူက 420singles.net ဆိုတဲ့ ဆိုက်တစ်ခုကိုဖွင့်ခဲ့ပြီး ဖွင့်ပြီးမကြာတဲ့အချိန်အတွင်းမှာ အဖွဲ့ဝင် ၂၃၀၀၀ကျော်ရသွားတယ်လို့ သူက ဆိုပါတယ်။

ဆိုက်ရဲ့အဖွဲ့ဝင်တော်တော်များများက ၂၀၁၂မှာ စတင်ကာ ဆေးခြောက် မာရီဝါးနားကို တရားဝင်သောက်နိုင်နေပြီဖြစ်တဲ့ နိုင်ငံကလူတွေဖြစ်ပြီး တရားဝင်မဖြစ်သေးတဲ့ တစ်ချို့နိုင်ငံက လူတွေလည်း ပါဝင်ပါသတဲ့။ ဆိုက်က လူတွေဟာ ဆေးခြောက်အကြောင်း ပြောဆိုဆွေးနွေးတာမျိုးတွေလည်း ပြုလုပ်နိုင်တယ်လို့ သိရပြီး အဲ့ဒါကိုတော့ သူက "တစ်ခြားတော့မဟုတ်ပါဘူး၊ ခုလိုပြောဆိုတာ ရေးသားတာဟာ တစ်ဦးနဲ့တစ်ဦးပိုမိုခင်မင်သွားမယ်၊ ပျော်စရာလည်း ကောင်းလို့ပါ"တဲ့။

Ref:cosmopolitan.com

ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီးသွားနေစဉ် အဓ္ဓမပြုကျင့်ခံရ


ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfest ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည် စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။


သူစိမ်းယောက်ျားတဦးက ယင်းဗြိတိန်နိုင်ငံသားထံ ချည်းကပ်လာပြီး ၎င်းနှင့် ကာမဆက်ဆံလိုကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်ဟု ဘာဗေးရီးယန်းရဲများက ပြောသည်။

ကလန်ကဆန်လုပ်သောအခါ ၎င်း၏ ဦးခေါင်းကို အနောက်မှဆွဲ၍ မြေပြင်ပေါ်သို့လှဲချခဲ့ပြီး အခြားယောက်ျားတဦးက ၎င်းအား ဖိထားစဉ် မုဒိန်းကျင့်ခံခဲ့ရခြင်းဖြစ်သည်။

ကိစ္စပြီးသည့်နောက် ကျုးလွန်သူအမျိုးသား ၂ဦး ထွက်ပြေးသွားခဲ့ကြသည်။
မုဒိန်းပြုကျင့်ခံရသူမှာ Leeds မှဖြစ်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြသည်။

ယခုနှစ် Oktoberfest ပွဲတော်၌ မုဒိန်းမှုများ၊ လိင်ပိုင်ဆိုင်ရာ ဘလက်ကာယ ပြုမှုများအတွက် တိုင်ကြားမှုများ ရှိသော်လည်း ယခင်နှစ်ထက်စာလျှင် လျော့ကျသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

စနေနေ့အထိ လာရောက်လည်ပတ်သူ ၃ ဒသမ ၃ သန်းခန့်ရှိုနေပြီး ရာဇ၀တ်ပြစ်မှု ၆၇၀ခန့် တိုင်ကြားထားကြောင်း၊ ယင်းမှာ ယခင်နှစ်ကထက် ၂၀ % လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Ref; The Independent

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဂျာမနီတွင် ပါဆယ်ကော်ပတာ ဒရုန်းဖြင့် ဆေးဝါးများ ပို့ဆောင်ခြင်း စတင်ပြုလုပ်မည်

DHL to Begin Deliveries by Drone in Germany




ဘာလင် ၊ ၃၀-၉-၂၀၁၄

ဂျာမနီနိုင်ငံ ထောက်ပံ့ ပို့ဆောင်ရေး ကုမ္ပဏီ DHL က အရေးပေါ် လိုအပ်ချက် များကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန် အသက်ကယ် ဆေးဝါးနှင့် ပစ္စည်းများကို Parcelcopter ဒရုန်းများ အသုံးပြုကာ မည်မျှပင် ဝေးလံ သီခေါင်သော နေရာသို့ ဖြစ်စေ အချိန်မီ အရောက် ပေးပို့သွားမည် ဖြစ်ကြောင်းကြေညာသည်။

DHL က ပါဆယ် သယ်ဆောင် နိုင်သော ဒရုန်း အသေးစား များကို အသုံးပြုကာ ဆေးဝါးနှင့် အရေးပေါ် ဆေးပစ္စည်း ကိရိယာများကို ဂျာမနီနိုင်ငံ မြောက်ပိုင်း ပင်လယ်ကျွန်း Juist သို့ စတင်ပို့ဆောင် သွားမည် ဖြစ်သည်။ Juist သည် သီးခြား ကျွန်းတစ်ခု ဖြစ်ပြီး ဖယ်ရီ၊ ရထား အစရှိသည့် သယ်ယူ ပို့ဆောင်ရေး ယာဉ်များ အမြဲမရှိဘဲ ဖြစ်နေတတ်ရာ မသေသင့်ဘဲ သေဆုံးရ သူများ ရှိနေသောကြောင့် Parcelcopter ဒရုန်းများဖြင့် လိုအပ်သော ဆေးဝါးများကို အချိန်မီ ပို့ဆောင် ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

DHL ၏ ပါဆယ် ကော်ပတာ များကို မြောက်ပိုင်း ပင်လယ်ပြင် လေပြင်း၊ မိုးပြင်းများကို ခံနိုင်အောင် အဆင့်ဆင့် ပြုပြင်ခဲ့ရသည်။ ယခု Parcelcopter သည် ၂ ဒသမ ဝ အမျိုးအစား ဖြစ်ပြီး ယာဉ်အလေးချိန် ၁၁ ပေါင်၊ ကုန်အလေးချိန် ၂ ဒသမ ၆ ပေါင်ကို သယ်ဆောင်ကာ အမြင့် ၁၆၄ ပေ၊ တစ်နာရီ အမြန်နှုန်း မိုင် ၄ဝ ရှိကာ ၄၅ မိနစ်ခန့် ကြာမြင့်မည့် ခရီးကို မနားတမ်း ပျံသန်းနိုင်သည့် အတွက် အနီးဆုံးမြို့ နှင့် ၇ ဒသမ ၅ မိုင်သာ ကွာဝေးသော Juist ကျွန်းသို့ အရေးပေါ် ဆေးပစ္စည်းများ ပို့ဆောင်ရန် အခက်အခဲမရှိ နိုင်ကြောင်း သိရသည်။

Parcelcopter များတွင် အလိုအလျောက် ပျံသန်းစနစ် Auto Pilot ပါဝင်သောကြောင့် မြေပြင်မှ ပျံတက်ခြင်း၊ သတ်မှတ် နေရာတွင် ဆင်းသက်ခြင်း၊ လမ်းခရီး ပျံသန်းခြင်း တို့အားလုံးကို အလိုအလျောက် လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်။ ဂျာမနီနိုင်ငံ ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်သော Norddeich တွင် မြေပြင် ကွပ်ကဲရေးဌာန ကို ဖွင့်လှစ်ထားမည် ဖြစ်ပြီး ဒရုန်းယာဉ်မှူး များကလည်း လိုအပ်လျှင် ဒရုန်းကို ထိန်းချုပ်နိုင်ရန် အသင့်ရှိ နေမည်ဖြစ်ကြောင်း သိရသည်။

Parcelcopter က Juist သို့ ဆိုက်ရောက်လျှင် ပါဆယ်ထုပ်ကို ဝန်ထမ်းများက ဆက်လက် ပို့ဆောင်ပေးမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် အများသုံး သယ်ယူ ပို့ဆောင်ရေးစနစ် အဆင်မပြေသော အချိန်များ တွင်သာ ဤဒရုန်းများ ကို အသုံးပြု သွားရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာန ကလည်း Parcelcopter ဒရုန်းများ ပျံသန်းမည့် Juist လမ်းကြောင်းကို လေယာဉ် မပျံသန်းရဇုန် အဖြစ် သတ်မှတ်ပေး ထားကြောင်း သိရသည်။

PyiChitThar

ယောကျာ်းကို စိတ်ဆိုး၍ အမျိုးသမီးတစ်ဦး ကိုယ်တုံးလုံးချွတ်ပြီး လမ်းလယ်ခေါင် လျှောက်ပြေး

တရုတ်နိုင်ငံ Henan ပြည်နယ် Shangqiu မြို့မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လမ်းလယ်ကောင်မှာ ကိုယ်တုံးလုံးချွတ်နဲ့ လျှောက်ပြေးခဲ့ပါတယ်။

Dahe News ရဲ့ဖော်ပြချက်အရ အမျိုးသမီးဟာ ယောကျာ်းဖြစ်သူနဲ့ စိတ်ဆိုးပြီး ဒီလိုလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဖြစ်အပျက်ကို စောင့်ကြည့်ဖို့ ကားဒရိုင်ဘာတွေက ကားတွေကို ရပ်ခဲ့ကြတာကြောင့် ယာဉ်ကြောလုံခြုံ့ရေးကိုတောင် ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း လျင်မြန်တဲ့ ရဲအရာရှိတစ်ဦးဟာ ထီးတစ်လက်ကို အသုံးပြုပြီး အဝေးပြေးလမ်းမကနေ သူမကို ခေါ်ထုတ်သွားခဲ့ပါတယ်...

ဖိုးသူတော်

ကမ္ဘာ့အသန်မာဆုံး ဘုန်းကြီး အမည်တပ်ခံရတဲ့ အလေးမ စွမ်းအားရှင်



ကမ္ဘာ့ အသန်မာဆုံး ဘုန်းကြီးအဖြစ် နာမည်ပေးခံခဲ့ပြီးတဲ့ Rev. Dr. Kevin Fast ရဲ့ အလေးမစွမ်းရည်ဟာ ဘုရားသခင်ရဲ့ဆုကျေးဇူးဖြစ်ပါတယ်။ ၁၉ ရာစုရဲ့စွမ်းအားရှင်Louis Cyr ဆီမှ လှုံ့ဆော်မှု ရရှိပြီးတဲ့အချိန်မှစ နှစ်နဲ့ချီ မယုံနိုင်လောက်အောင် အလေးမစွမ်းရည်ကို အသက် ၅၁ နှစ်ရှိ ကနေဒါလူမျိုး Pastor ပြသလာခဲ့တာပါ။

တန်ချိန် ၁၈၉ အလေးချိန်ရှိ အလေးအများဆုံး လေယာဉ်ကို တစ်ယောက်အားဖြင့်ဆွဲတာ၊ အလေးဆုံး ထရပ်(ခ်)ကား လက်တစ်ဖက်တည်းဖြင့် ဆွဲတာ၊ အလေးလံဆုံး စက်ယန္တယားကို ပေတစ်ရာထိ ဒရွတ်တိုက်ဆွဲသွားတာ၊ ပုခုံးနှစ်ဖက်နဲ့ အလေးချိန် ၅၀၀ ကီလိုဂရမ်ကို အချိန်အကြာဆုံး ထမ်းထားနိုင်တာတွေဟာ ကမ္ဘာ့ ဂေးနစ်စ်ချိန်စံတွေကို မှတ်တမ်းစေနိုင်ခဲ့ပါတယ်။

တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေက မီးသတ်ကားကို ပေတစ်ရာဆွဲသွားတာ၊ တန် ၄၀ ရှိအိမ်တစ်လုံးကို လမ်းမကြီးတစ်ခုဆီဆွဲသွားတာ၊ အမျိုးသမီး ၂၂ ယောက်ကို တစ်ချိန်တည်းမှာကျောကုံးပေါ် ထမ်းထားတာ စတာတွေလည်းပါဝင်တယ်။

သူဟာ မြောက်အမေရိက က Highland style games မှာ ကြေးစားအနေနဲ့ ပါဝင်ယှဉ်ပြိုင်ထားသူလည်းဖြစ်တယ်။

Source: Mirror

Trend Myanmar

သင့်နေ့စဉ်အစားအစာနဲ့ကျန်းမာရေး


တန်ဖိုးကြီးအစားအစာတွေကမှ ကျန်းမာရေးအတွက်ကောင်းကျိုးပြုပေးတယ်ဆိုတဲ့အတွေးကို
သင်စွန့်လွှတ်လိုက်ပါ။ သင့်ရေခဲသေတ္တာနဲ့ မီးဖိုချောင်က အစားအစာတွေက သင့်ကို အံ့သြဖွယ် ကောင်းကျိုးပြုနိုင်ပါတယ်။
၁။ မှို(Mushrooms)
ဗီတာမင်ဒီပမာဏမြောက်များစွာပါဝင်ပါတယ်။ ဟင်းချို၊ အသီးအရွက်တွေနဲ့ ရောချက်စားသုံးနိုင်ပါတယ်။


၂။ ခရမ်းချဉ်သီး
အန်တီအောက်စီးဒင့်က ခရမ်းချဉ်သီးရဲ့ အခွံမှာ များစွာပါဝင်ပါတယ်။ လေဖြတ်ခြင်းအတွက် အထူးသင့်တော်ပါတယ်။ ဖရဲသီး၊ ဂရိတ်ဖရုသီးတို့ကိုလည်း စားသုံးနိုင်ပါတယ်။ အော်ဂင်းနစ် အသီးအနှံကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ ဘလူးဘယ်ရီသီး
လေ့ကျင့်ခန်းပြုလုပ်ပြီးချင်း ဘလူးဘယ်ရီသီး စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ပိုမိုအထောက်အကူပြုပါတယ်။

၎။ ဝိုင်အမျိုးမျိုး
နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။ တစ်ပတ်ကို ဝိုင်ပမာဏ ၄ခွက်သောက်သုံးခြင်းက 
စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကိုပါ လျော့နည်းစေပါတယ်။ ယမကာအမျိုးအစားဖြစ်တာကြောင့် ဝိုင်သောက်လေ့သောက်ထမရှိသူတွေ မရွေးချယ်သင့်ပါဘူး။

၅။ ချိစ်(Cheese)
ချိစ်ကြိုက်သူတွေအတွက်တော့ သတင်းကောင်းလေးပါ။ သွေးအားနည်းသူတွေအတွက် သင့်တော်ပါတယ်။ သွားတွေကို ခိုင်မာစေပြီး ကြွေလွှာတွေ ပျက်စီးဆုံးရှုံးမှုကို လျော့ချပေးပါတယ်။

၆။ ပန်းသီး
သွေးတိုးကျစေပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အမြောက်အများပါဝင်ပါတယ်။

၇။ ပြောင်းဖူးပေါက်ပေါက်
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးပွသူတွေစားသုံးသင့်ပါတယ်။

၈။ ဖရုံစေ့
ကောင်းမွန်စွာ အိပ်မပျော်သူတွေအတွက် ဖရုံစေ့၊ ကြိုက်နှစ်သက်ရာအသီးအနည်းငယ်၊ ခရက်ကာမုန့်တို့ကို အိပ်ရာမဝင်မီ စားသုံးသင့်ပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်မှုများလို့ အိပ်ပျော်စေတဲ့ ဟော်မုန်းကို အားပေးပါတယ်။

အချစ်ဆိုတာ ရင်ခုန်ဖို့ပဲ လိုပါတယ်လို့ ဖွင့်ဟလာတဲ့ ရွှေစင်


အနုပညာလောကထဲမှာ သရုပ်ဆောင် မလုပ်ခင်ကတည်းက နာမည်ကြီးကျော်ကြားခဲ့တဲ့ ရွှေစင်က လက်ရှိသူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုများကို အခုလိုပဲ ပြောပြလာပါတယ်။ “ခုလတ်တလော ကိုကြီးသူထူးစံနဲ့ နှုတ်ခမ်းနီလေးနဲ့ကောင်မလေးဆိုတဲ့ကားလေးကို ရိုက်ထားတယ်။ ပြီးတော့ ချောင်းသာကို Samsaung ကြော်ငြာနဲ့ Fresh အဲ့ယားကွန်း ကြော်ငြာလေး သွားရိုက်ထားတယ်။ အဲ့ဒီကပြန်လာပြီးတော့ ရခိုင်မှာ ရန်ပုံငွေဖျော်ဖြေပွဲ လိုက်သွားတယ်။ အဲ့ဒီကပြန်လာပြီး ပြက္ခဒိန်တွေ တောက်လျောက်ရိုက်ဖြစ်တယ်။ ကားရိုက်အနေနဲ့က ကိုကြီးသူထူးစံနဲ့ ကနုတ်ပန်းဆိုတဲ့ ကားလေးရယ်၊ နိုင်တဲ့သူအကုန်ယူကြေးဆိုတဲ့ ကားလေးရယ်ကို မနက်တစ်ကား၊ ညတစ်ကား ၀င်နေပါတယ်။ ခု ၂ကားပြီးပြီးချင်း မန္တလေးသွားမယ်။ အဲ့ဒီမှာ နှစ် ၇၀၀ပြည့် ဗီစီဒီလေးရိုက်ဖို့ရယ်၊ စစ်ကိုင်းနဲ့မန္တလေးမှာပဲ ငွေထည်တွေတစ်ကိုယ်လုံးဆင်ပြီး ငွေထီး သုံးလက်တွက်ရိုက်ပေးရမယ်။ စစ်ကိုင်း နှစ် ၇၀၀ ပြည့်အတွက် စစ်ကိုင်းမှာပဲရိုက်မယ်။ နောက်ပြီး Glamours ရေပူရေအေး ကြော်ငြာလေးကတော့ ရွှေပြည်သာဟိုတယ်မှာရိုက်ပါမယ်”တဲ့။


ကားရိုက်တွေအတွက် ကာရိုက်တာရွေးချယ်မှုနဲ့ပတ်သတ်ပြီးတော့လဲ “ဇင် အနုပညာ လုပ်သက် ၄နှစ်ကျော် အတွင်းမှာ ၃နှစ်နီးပါး က ကြော်ငြာမော်ဒယ်အနေနဲ့ပဲ သီးသန့်ရပ်တည်ခဲ့တာလေ။ ဗီစီဒီလောက်ပဲ ရိုက်ဖြစ်ခဲ့တာဆိုတော့ ခုနောက်ပိုင်းမှ ကားရိုက်က လုပ်ဖြစ်တာဆိုတော့ ခုချိန်မှာ လုပ်ချင်တာတွေက တအားများနေတယ်။ ခုလက်ရှိ ရိုက်နေတဲ့ကာရိုက်တာတွေက နဲနဲလန်းလန်း လေးပေါ့။ ဖန်စီလေးပါပဲ။ ကားရိုက်လက်ခံဖြစ်ခဲ့ရင် တိုက်ဆိုင်မှုပဲလားမသိဘူး။ ဒရာမာ တွေများတယ်။ ခုနှစ်ကားက ဖန်စီပေါ့။

အချစ်ဆိုတာ ကိုယ့်အတွက် ချစ်နေရင်ပြီးရောလို့ သတ်မှတ်ထားတဲ့ သူမက “ငယ်ငယ်တုန်းကတော့ ကိုယ့်ချစ်သူက အသားဖြူရမယ်။ ဆရာဝန်ကြီးဖြစ်ရမယ်။ စဉ်းစားခဲ့ဖူးမှာပဲ။ ဒါပေမဲ့တကယ့် ဖူးစာရှင်တွေ့လာတဲ့ခါ လက်တွေ့ကျချင်မှကျမယ်။ ကျခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။ အချစ်ဆိုတာ ရင်ခုန်ဖို့ပဲလိုပါတယ်။ ခုလောလောဆယ်ကတော့ ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။ ကိုယ်က အရမ်းအချစ်ကြီးတဲ့ထဲမှာပါတယ်။ ခုချိန်မှာအနုပညာနဲ့ အချစ်ရေး ကို မျှပြီး အချိန်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့တွက် ဘာမှမရှိသေးပါဘူး။"လို့ ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
Trend Myanmar

အဘိုး ဖြစ်သူမှ မြေးအား ဘီလူးစီးသည်ဟု ထင်ကာ သတ်မှုဖြစ်ပွား


ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၈၆) ရပ်ကွက်တွင် အဘိုး ဖြစ်သူမှ အသက် နှစ်နှစ်အရွယ် မြေးမလေးအား ထမင်းခွံ့ကျွေးရာမှ လက်ကိုကိုက် သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်၍ နေအိမ်အောက် ရေအောက်ထဲတွင် သတ်ပစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်း ဌာနမှ သိရသည်။

 ယင်းမှုခင်းသည် စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်း ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် (၂၀/၁၄) ဖြင့် ရေးဖွင့်ထားခဲ့ သော်လည်း အသိ သက်သေများကို စစ်ဆေးရာမှ တစ်ဆင့် လူသတ်မှုဟု ယူဆသဖြင့် (၂၈) ရက် နေ့တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် စခန်းမှူးက တရားလိုပြု လုပ်တိုင်တန်း ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြ ထားသည်။

 ကျီစု သုသာန်ဘက်မှာ ဖြစ်တာ။ ကွက်သစ် ဆိုတော့ လူတွေ အသွားအလာ နည်းပြီး အိမ်တွေလည်း နည်းတယ်။ အခု အကုန်လုံး မှတ်တမ်း တွေကို တိုင်းမှုခင်းရုံးအပ်လိုက် ပါပြီ ဟု ဒဂုံ ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦးက The  Messenger Media သို့ ပြောသည်။ သေဆုံးသူ နှစ်နှစ် အရွယ် ကလေးငယ်အား မိဘနှစ်ပါးမှ အဘိုးဖြစ်သူထံ အပ်နှံထားခဲ့ပြီး၊ ခရီးထွက် ခဲ့ကြောင်း ၊ စက်တင်ဘာလ (၂၅) ရက်နေ့  (၁း၀၀)နာရီ အချိန် တွင် ကလေးငယ်၏ ငိုသံကြားရ ပြီးနောက် အငိုသံတိတ် သွား၍ သွားရောက် မေးမြန်းရာ အဘိုး ဖြစ်သူမှ ထမင်းခွံ ကျွေးရာမှ ၎င်း၏ လက်အား ကိုက်သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်၍ နေအိမ်အောက် ရေထဲတွင် သတ်ပစ်ခဲ့ကြောင်း၊ နေအိမ်အောက် ရေထဲတွင်ရှိကြောင်း ပြောပြီး အလောင်းအား ရေထဲမှ ဆယ်ယူ ပြသခဲ့ကြောင်း၊ ၎င်း နောက် အဘိုး ဖြစ်သူမှ အလောင်းအား ရဲကျော်သူရလမ်း ဘေးတွင် ပစ်ထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် အရေးယူ ထားကြောင်း ရဲမှုခင်း တွင် ဖော်ပြထားသည်။ သူ့အဘိုးက အထင်မှား ပြီးသတ်တာလို့ သိရတယ်၊ အခု ဖမ်းထားပါပြီ ဟု ယုဇန ဥယျာဉ်မြို့တော် ရပ်ကွက်ဥက္ကဋ္ဌ ဦးအေးမြင့် က The  Messenger Media သို့ပြောသည်။  ယင်းမှုခင်း လူသတ်မှုအား ဒဂုံဆိပ်ကမ်း မြို့နယ် ရဲစခန်းမှ (ပ)၄၀၈/၁၄၊ ပြစ်မှု ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Messenger

ဗိုက်ခေါက်အဆီကိုလျော့ကျစေမည့် အစားအစာများ



ဝမ်းဗိုက်ပိုင်းအဆီပိုများကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းမှာ ကယ်လိုရီနည်းသော အစားအစာများ ပုံမှန်စားပြီး လေ့ကျင့်ခန်း ပြု လုပ်ခြင်းပင်ဖြစ်သည်။ ဗိုက်ချပ်စေရန် ကူညီပေးမည့် အစားအသောက် များကို လမ်းညွှန်ပေးလိုက်ပါသည်။


ဗာဒံစေ့တွင် အရေပြားကို အားကောင်းစေသော ဗီတာမင်အီးနှင့် ပရိုတင်းဓာတ်တို့သာ ကြွယ်ဝစွာ ပါဝင်သည်မဟုတ်ဘဲ အချိန်အတော်ကြာ ဆာလောင်မှုမဖြစ်စေရန် ကူညီမည့် အမျှင်ဓာတ်လည်း ပါဝင်သည်။ ဗာဒံစေ့များမှာ ကယ်လိုရီပါဝင်မှု အနည်းငယ် မြင့်မားသော်လည်း ဗိုက်ခေါက်မထွက်စေနိုင်ပေ။ ဆာလောင်ခြင်းကို တားဆီးရန် သရေစာအဖြစ် ဗာဒံစေ့လက်တစ်ဆုပ်စာလောက် စားလိုက်ပါ။

ဖရဲသီးများတွင် ရေဓာတ် ၈၂ ရာခိုင်နှုန်းပါဝင်သဖြင့် အချိန်အကြာကြီး ဆာလောင်မှုမရှိစေရန် ကူညီပေးနိုင်သည်။ ခန္ဓာကိုယ်ထဲရှိ ပိုနေသော ဆိုဒီယမ်ဓာတ်များကို ဖယ်ရှားပေးသည်။ ဖရဲသီးတွင် ဗီတာမင်စီလည်း ကြွယ်ဝစွာ ပါဝင်ကာ တစ်ခွက်စာတွင် ကယ်လိုရီ ၁၀၀ မျှသာ ပါဝင်သည်။ ထို့ကြောင့် ဖရဲသီးကို သရေစာအဖြစ် စားပေးသင့်သည်။

ပဲများ ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အဆီများကို ဖယ်ရှားရန် ကူညီနိုင်ပြီး ကြွက်သားများ ဖွံ့ဖြိုးလာကာ အစာခြေဖျက်မှုကို အားကောင်းစေသည့် ပဲများ စားသုံးခြင်းဖြင့် အချိန်အကြာကြီး ဗိုက်မဆာဘဲနေနိုင် မည်ဖြစ်သည်။

အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ အမျိုးမျိုးတွင် ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး အမျှင်ဓာတ်နှင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ပါဝင်သဖြင့် အဆီလျှော့လိုသူများ အထူးစားပေးသင့်သည်။

သခွားသီးများမှာ အလွန်ပင် လန်းဆန်းစေပြီး ကယ်လိုရီနည်းပါး သော အစားအစာဖြစ်သည်။ သခွားသီးတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်းခန့် ပါဝင်သဖြင့် အအေးဓာတ်ပေးသော အစားအစာဖြစ်သည်။ သခွားသီးတစ်လုံးလုံးတွင် ကယ်လိုရီ ၄၅ သာ ပါဝင်သဖြင့် အဆီလျှော့ချလိုသူများ စားပေးသင့်သည်။

ထောပတ်သီးတွင် အရေးပါသော အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး အမျှင်ဓာတ်နှင့်ကျန်းမာစေသော အဆီဓာတ်များ ပါဝင်၍ ဗိုက်သားအဆီကို လွယ်ကူစွာ လောင်ကျွမ်းစေနိုင်သည်။

နံနက်စာတွင် ဂျုံကြမ်းပါဝင်သော အစားအစာများ စားပေးခြင်းဖြင့် ဗိုက်ပြည့်နေမည်ဖြစ်ကာ အလေးချိန်လျှော့ချရန် ကူညီနိုင်သည်။ ဂျုံကြမ်းများတွင် ကယ်လိုရီပါဝင်မှုနည်းသည့်အပြင် ခန္ဓာကိုယ်အတွက်စွမ်းအင်ကို ဖြည်းဖြည်းချင်းဖြစ်ပေါ်စေသည်။ သွေးထဲ ကိုလက်စထရောပါဝင်မှု ကိုလည်း လျော့ကျစေနိုင်သည်။

ခန္ဓာကိုယ်စနစ်ထဲရှိ အရည်ပိုများ၊ အဆိပ်အတောက်များကို ဖယ် ရှားပစ်ရန် ရေလုံလောက်စွာ သောက်ပါ။ သင်၏ ခန္ဓာကိုယ်ကို ရေဓာတ် ကောင်းစွာဖြည့်တင်းထားခြင်းဖြင့် ၀မ်းဗိုက်ပိုင်းတွင် အဆီများ စုဝေးမဖြစ်ပေါ်စေရန် ကူညီနိုင်သည်။

ပန်းသီးများတွင် အမျှင်ဓာတ်ပါဝင်ပြီး အာဟာရဓာတ်များ ပါဝင်သဖြင့် သင့်တင့်သော ပမာဏအတိုင်း စားသုံးပေးသင့်သည်။

ငရုတ်ကောင်းစားပေးခြင်းဖြင့် အစာခြေဖျက်မှုဆိုင်ရာ အင်္ဂါများအတွက် အထူးကောင်းမွန်ပြီး ၀မ်းဗိုက်ပိုင်းအဆီကို ဖယ်ရှားရန်လည်း ကောင်းသည်။ အရေပြားသန့်ရှင်းနေစေရန်လည်း ငရုတ်ကောင်း စားပေးသင့်သည်။

အထက်ပါ အစားအစာများ ပုံမှန်စားပေးခြင်းအပြင် ဗိုက်ခေါက်အဆီလျှော့ချလိုသူများအနေဖြင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ရန် လိုအပ်သည်။

—Ref: TOI

မန်းဝန်ကြီးချုပ်ဖလားပွဲတွင် ကစားသမားများ ဝိုင်းထိုး၍ ကွင်းလယ်ဒိုင် ဆေးရုံရောက်



ကစားသမားများက ကွင်းလယ်ဒိုင်အား ထိုးကြိတ်မှုဖြစ်ပွားပြီးနောက် ဘောလုံးကွင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကစားသမားများနှင့် တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမင်းလွင်)


မန္တလေးတိုင်းဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကွင်းလယ်ဒိုင်လူ ကြီးအား စစ်ကိုင်းတိုင်း ဘောလုံး အသင်းသားများက ဝိုင်းဝန်းထိုး ကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင် ပေးလိုက်ရကြောင်း သတင်းရရှိ သည်။

စက်တင်ဘာ ၂၉ ရက် ည နေက မန္တလာသီရိအားကစား ကွင်းတွင် မန္တလေးတိုင်းဝန်ကြီး ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ယှဉ် ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေ ချိန်တွင် မကွေးတိုင်းအသင်းက ပင်နယ်တီ ရသွားခဲ့သည်။

ပင်နယ်တီ ပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်း ဘော လုံးနည်းပြက ၎င်း၏ ကစားသမားများအားကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့် ပွဲရပ်နားထားရသည်။

ပြိုင်ပွဲတာဝန်ရှိသူများက ပွဲဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်းအသင်းဘက်သို့ မကွေးတိုင်းအသင်း ပြစ်ဒဏ်ဘောရရှိရာမှ စစ်ကိုင်းတိုင်းနည်းပြက ကွင်းလယ်ဒိုင်လူကြီးအား စတင်ထိုးကြိတ်၍ အသင်း၏ အရန်ကစားသမားများ အားလုံးကပါ ဝိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ပွဲစဉ်အဆုံးအဖြတ်ကို မနက်ဖြန်ကျမှ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွားမှာပါ။ ဒိုင်လူကြီးက ဆေးရုံမှာဆိုပေမယ့် အခြေအနေကောင်းပါတယ်’’ ဟု မန္တလေးတိုင်းအားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်က ပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကိုင်တွယ်သော ကွင်းလယ်ဒိုင်လူကြီးမှာ အမှားများပြုလုပ်ခြင်းမရှိကြောင်း ပရိသတ်တစ်ဦးက ပြောကြားသည်။

‘‘ဒိုင်လူကြီးကလည်း ဘက်မလိုက်ပါဘူး။ ဒုတိယပိုင်း အစကတည်းက စစ်ကိုင်းတိုင်းအသင်းနည်းပြက ပြဿနာရှာနေတာ။ မကွေးဘက်ကို ပင်နယ်တီပေးကတည်းက စဖြစ်နေတာ။ စစ်ကိုင်းအသင်းက လူတော်တော်များများ က ဝိုင်းထိုးကြတာပဲ။ တစ်ဖက် တစ်ဂိုးစီနဲ့ ဖြစ်နေတုန်းမှာ ပွဲပြီးသွားတာ။ ပင်နယ်တီပေးတာကလည်း ဂိုးမဝင်ပါဘူး။ ဒါကို ပြဿနာက မပြီးသေးတာပါ’’ ဟု ၎င်းကပြောသည်။

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 



အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော်များများ ဖြေရှင်းပြီးဖြစ်တဲ့အပြင် မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ ခေါင်းစဉ်တခုအနေနဲ့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုသွားခဲ့တာပါ။ 

“မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ မှာ ဆွေးနွေးရမယ့် ခေါင်းစဉ် တခုအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူးဆိုတာ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်”လို့ သူက ဆိုထားတာကို ဗွီအိုအေ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

လတ်တလော ရခိုင်ပြည်နယ်တွင်းက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ ခွဲခြားမှု၊ အတူယှဉ်တွဲ မနေနိုင်ပဲ ရန်သူတွေလို သဘောထားနေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာ စစ်ပွဲတွေနဲ့ အခုထိ လူ့အခွင့် အရေးချိုးဖောက်နေမှုတွေကို ဝေဖန်သူတွေက ထောက်ပြနေကြ ပါပြီ။ 

ဒီအပြင် မြန်မာနိုင်ငံ မြို့ပေါ်နဲ့ နယ်မြို့တွေမှာလည်း တားဆီးမှုတွေ၊ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုတွေနဲ့ မတရား ထောင်သွင်း အကျဉ်းချနေမှုတွေ ဆက်ရှိနေတယ်လို့လည်း ထောက်ပြနေ ကြပါပြီ။

ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကြားမှာလည်း လူ့အခွင့်အရေးဆိုတဲ့ ကိစ္စကို အဓိက ချိတ်ဆက် ထင်ဟတ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုတောင် အခုထိ အစိုးရက ပြင်ဆင်ဖို့ မရှိသေးတဲ့ အပြင် ပြည်သူ ၅ သန်းကျော် လက်မှတ်ရေး ထိုး ဆန္ဒပြုတာတောင်မှ အခုထိ မထူးခြားသေးတဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပြီး တက်ကြွလှုပ်ရှား သူတွေကိုလည်း နည်းမျိုးစုံသုံး ဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်လို့ ထောက်ပြနေကြပါတယ်။ 
ဧရာဝတီ

သင့်ချစ်သူကို မနမ်းခင် ဒါတွေကို မဖြစ်မနေ သိထားပေးပါ


အနမ်း နဲ့ ကျန်းမာရေး

မေး။ လူတယောက်နဲ့ တယောက် mouth to mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။


ဖြေ။ mouth to mouthဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။


လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။ ပေါ့ပေါ့ပါးပါးသဘော။ French Kissing ကို Deep Kissing သတ်မှတ်တယ်။ အထဲထိ နက်တယ်။ French kiss နမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။ Slow passionate တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ Intimate သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖြစ်ရတယ်၊ Erotic or sexual လိင်စိတ်တွေ ဖြစ်ပေါ်လာစေမယ်။


ပြင်သစ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့ နမ်းတယ်လို့ ခေါ်တယ်။ အရင်တုံးက Florentine kiss လို့လဲ ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe (Galoche) လို့ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။


Erotic kiss လိင်စိတ်-အနမ်းသဘော သက်ရောက်တာက အဖ်ါရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ Oral zone ပါးစပ်ဝန်းကျင်ဟာ Principal erogenous zone ကိုယ်ခန္ဓာရဲ့ လိင်စိတ် နှိုးထစေတဲ့ ပင်မနေရာ ဖြစ်ပြီး လျှာက အထွတ်အထိပ်ကျတယ်။


Steps ဘယ်လို နမ်းကြသလဲ -


၁။ Moisten your lips အရင်ဆုံး နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။


၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။


၃။ Close your eyes နမ်းခါနီးတုံးက တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။


၎။ Start with a gentle and soft closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။


၅။ Go Dutch on the decision to French Kissing တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။


၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။


၇။ Go slow စိတ်ရှည် ဖြေးလေး အချိန်ပေးပါ။


၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။


၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။


၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ် လို့ရပါပြီ။


၁၁။ Read your partner's body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့ စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ) ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။


လက်တွေ့ ရှိထားသူတွေကနေ (ရှယ်) ကြတာတွေ ရှိပါတယ်-


- နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။ သူ့ဖါသာ နားလည်လာကြတာပါ။


- Don't saliva too much သွားရည် သိပ်မများအောင် ဂရုစိုက်ပါ။


- Just massage her tongue with yours လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။


- Follow her lead if she wants to မိန်းကလေးကို ရှေ့ကပြေးပါစေ။


- My boyfriend likes it when I move my tounge in a circular motion ကျမရည်းစားက ကျမလျှာကို စက်ဝိုင်းလည်သလို လုပ်ပေးတာကို သိပ်သဘောကျတယ်ရှင့်။


တာဝန်အရ သတိပေးပါရစေ -


• Light kissing ပေါ့ပေါ့ပါးပါး နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာ (ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။


• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။


• Ugly, dripping, oozing, puss-filled sores မြင်သာတဲ့ မန်းရည်လို၊ ပြည်လို အနာရှိနေသူကို သွားမနမ်းပါနဲ့။ အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။


• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ ကူးနိုင်တယ်။


• အဖေါ်အကြောင်း ကောင်းကောင်း မသိရင် အန္ကရာယ်နဲ့ မကစားတာ ကောင်းတယ်။


နောက်တခုလဲ သတိပေးအုံးမယ်။ ငယ်တုံးရွယ်တုံးမှာ French kissing ကို အဖေါ်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရစေဘို့ ပိုပြီးနီး စပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။


By ဒေါက်တာတင့်ဆွေ

အချိန်ခဏလေးအတွင်း ဗိုက်ကျချင်တယ်ဆိုရင်


စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့

အစာတွေစားပြီးပြီးချင်း တခါတည်း အိပ်ခန်းသို့ချီတက် အိပ်စက်အနားယူလိုက်မယ်ဆိုရင် အစာချေဖျက်ပေးဖို့ သင့်တင့်တဲ့အချိန် မယူလိုက်ပဲ၊ နေ့အချိန်က ကိုယ်လက်လုပ်ရှားမှုပြုနေစဉ်အတွင်းက ကယ်လိုရီးတွေကို ဖယ်ထုတ်ပေးဖို့ အခွင့်ရအောင် အချိန်ကောင်းမပေးလိုက်ရာရာက်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန်က ကိုယ့်အပေါ်မှာသာစုပြုံပြီး ဝမ်းဗိုက်ကဘေးဘက်ကို ကားထွက်လာတာ၊ ကြီးရင်းပိုကြီးလာတာ တဖြည်းဖြည်း စတင်သတိပြုမိလာမှာဖြစ်တယ်။


(၂) ထမင်းမစားမီနဲ့ စားပြီးအချိန်မှာ ရေတစ်ဗူးသောက်ပါ

ရေဟာ ကောင်းတဲ့ အချက်ဖြစ်သည်သာမက ဗိုက်ကို တကယ်ပြည့်နေတာထက်ကို ပိုတင်းနေရသလို ခံစားရစေမှာဖြစ်တယ်။ ထမင်းမစားခင် ရေတစ်ဗူးသောက်မယ်ဆိုရင် အစာအလွန် အကျွံစားသုံးချင်စိတ်ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ထမင်းစားပြီး ရေတစ်ဗူးသောက်ခြင်းအားဖြင့်လည်း ဗိုက်ပြည့်ပြီဖြစ်ကြောင်း သေချာမှု ရရှိခံစားလာစေမှာဖြစ်တယ်။ ရေကြောင့်ဖြစ်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မစိုးရိမ်ပါနဲ့။ ခဏကြာလာရင် ချက်ချင်း သိသိသာသာ ပြန်ကျသွားပါလိမ့်မယ်။

(၃) အိပ်ယာမဝင်ခင်နဲ့ နိုးလာတဲ့အချိန် ၂၅ ကြိမ်စီ အံကြိတ်ပေးပါ

ဒါမဖြစ်မနေလုပ်ရမယ့် တာဝန်ပါ။ ဒီအလေ့အကျင့်ကို တစ်ခုချင်းစီ အတိမ်းအစောင်း မခံဘဲ အကုန်လိုက်နာဆောင်ရွက်လို့မှ သင့်ဗိုက်က ထင်သလောက်ပြားချပ်မလားဘူးဆိုပါဆို့။ တစ်နေ့ကို အကြိမ် ၅၀ လောက် ထပ်လုပ်ပေးနိုင်ရင် မဆိုးဘူးပေါ့။ အဲဒီလို လုပ်လို့ အကျင့်ရလာပြီဆိုတာနဲ့ သင့်တစ်နေ့တာလှုပ်ရှားမှုမှာ ထူးခြားမှုရှိလာကြောင်း သိရှိလာပါလိမ့်မယ်။

ကိုယ်လုံးတီး ၀င်ကြည့်ခွင့်ပြုတဲ့ ငါးပြတိုက်



ဝတ်လစ်စားလစ် ပွဲတော် အစိတ် အပိုင်းတစ်ခု အနေဖြင့် အင်္ဂလန်နိုင်ငံရှိ Blue Reef ငါးပြတိုက် အတွင်းသို့ လာ ရောက် သူများအား ဝတ်လစ် စားလစ် ဖြင့် ဝင်ရောက်စေခြင်း သည် လတ်တ လော၌ ဆွဲဆောင်မှု တစ်ခုဖြစ်နေကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ ကွန်ဝေါလ် ဒေသရှိ အဆိုပါ ငါးပြတိုက်သို့ လာရောက် သူများ သည် ခေါင်းအစခြေအဆုံး အဝတ်တစ် ထည်မျှ ဝတ်ဆင်ထားခြင်း မရှိသော် လည်း ကျောပိုး အိတ် များနှင့် ဖိနပ်များ ကို ဝတ်ဆင် ထားသည်။ 

”ဝတ်လစ်စားလစ် ပွဲတော်က သေ ချာစီစဉ် ထားတဲ့ ပွဲတော် တစ်ခု ဖြစ်ပြီး ကြီး ကျယ် ခမ်းနားတဲ့ ပွဲတော် တစ်ခုပါ။ ကွန်ဝေါလ်ကို ထပ်လာရမှာ ဖြစ်လို့ ဝမ်းသာပါတယ်” ဟု ၄င်းဝါဒကို လက်ခံ သူ ဗြိတိန် အမျိုးသား အန်ဒရူးဝေါရှ် က ဆိုသည်။ 

ကွန်ဝေါလ်ဒေသ သည် ရေအောက် သယံဇာတ အလှအပများ ပေါကြွယ်ဝလှ သောဒေသ တစ်ခုဖြစ်ပြီး ပွဲတော်လာ ရောက်သူများ သည် နယူးပါရန် အား လပ်ရက် ဥယျာဉ် အနီးနေထိုင်ရင်း ငါး ဖမ်းခြင်း၊ ရေကူးခြင်းများ ပြုလုပ်နိုင် ကြောင်း သိရသည်။ Blue Reef ငါးပြ တိုက်သည် ဝတ်လစ်စားလစ် ပွဲတော် ကျင်းပရန် အတွက် လာရောက် သူများ အား တစ်နှစ်လျှင် တစ်ကြိမ် ဝတ်လစ်စား လစ်ဖြင့် လာရောက် ခွင့်ပြုသည်။

Popular Myanmar

ဗကသကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေးရန်ကုန်၊ မန္တလေးနှင့် လက်ပံတောင်း၌ ဆန္ဒပြတောင်းဆို



ဗကသကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေးရန်ကုန်၊ မန္တလေးနှင့် 
လက်ပံတောင်း၌ ဆန္ဒပြတောင်းဆို

ဇွန်သီတာ၊ ရန်ကုန်၊ စက်တင်ဘာ- ၂၉

စက်တင်ဘာ ၂၉ ရက်က ဗကသကျောင်းသူမဖြူနှင်းထွေး လွတ်မြောက်ရေး
အတွက် ရန်ကုန်၊ မန္တလေးနှင့် လက်ပံတောင်းတောင်ဒေသတို့၌ ဆန္ဒပြ၀တ်
ပြုတောင်းဆိုမှုများကို တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့၌ မြေနီ
ကုန်းမီးပွိုင့် မှစ၍ ရွှေတိဂုံဘုရားအထိ လမ်းလျှောက်ကာ လက်ပံတောင်း 
တောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းပေးရေး၊မီးလောင်ဗုံးဖြင့်ပစ်ခတ်အကြမ်း
ဖက်ခဲ့သည့် တာဝန်ရှိသူများအား အရေးယူပေးရေးနှင့်မတရားဖမ်းဆီးခံထား
ရသည့် ဗကသကျောင်းသူ မဖြူနှင်းထွေးအားပြန်လွှတ်ပေးရန်တို့ကိုကြွေး
ကြော်တောင်းဆိုခဲ့ကြခြင်းနှင့် ဆူးလေဘုရား၌ ဗကသကျောင်းသူမဖြူနှင်း
ထွေးအားအမြန်ဆုံးလွတ်မြောက်ရေးနှင့် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဝတ်ပြု
ဆုတောင်းခြင်းကို ညနေ ၄ နာရီ တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြသည်။

လက်ပံတောင်းတောင်ဒေသခံများကလည်းဆန္ဒပြတောင်းဆိုမှုများကိုမွန်းလွဲ
ပိုင်းကပြုလုပ်ခဲ့ကြပြီး မန္တလေးမြို့မဟာမြတ်မုနိဘုရားတွင်မူ ဗကသကျောင်း
သူလွှတ်မြောက်ရေးအတွက်ကျောင်းသား၊ကျောင်းသူများက၀တ်ပြုဆုတောင်း
မှုကိုစက်တင်ဘာ ၂၉ ရက် ညနေက ပြုလုပ်ခဲ့ကြသည်။မဖြူနှင်းထွေးကိုယခုနှစ် 
မေ ၁၈ ရက်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဝမ်ပေါင်ကုမ္ပဏီမှတရုတ်
နိုင်ငံသားနှစ်ဦးအားဖမ်းဆီးခေါ်ဆောင်ခဲ့မှုတွင် ပါဝင်သည်ဟုဆိုကာသွေးဆောင်
ဖြားယောင်းမှု ပုဒ်မ ၃၆၄/၃၆၈ ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားခြင်းဖြစ်ပြီးစက်တင်
ဘာ ၂၃ ရက်က ယင်းမာပင်ခရိုင်တရားရုံးတွင်အာမခံလျှောက်တင်ခဲ့ရာပယ်ချ
ခံရပြီး စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ရက်နေ့သို့ ချိန်းဆိုခဲ့ခြင်းဖြစ်
ကြောင်း မဖြူနှင်းထွေး၏ ရှေ့နေ ဖြစ်သူ အထက်မြန်မာပြည်ရှေ့နေများကွန်
ရက်မှ ဦးသိန်းသန်းဦးက စက်တင်ဘာ ၂၇ ရက်တွင် စံတော်ချိန်သို့ပြောဆိုခဲ့
သည်။

"ယင်းမာပင်ခရိုင်တရားရုံးက ပယ်ချတယ်။ ၃၀ ရက်နေ့ကို ပြန်ချိန်းထားတယ်။
အဲ့ဒီနေ့မှာ ပြန်တင်မယ်။ မရဘူးဆိုရင်တော့ တိုင်းတရားလွှတ်တော်ကိုဆက်ပြီး
တင်မှာပါ။တရားရုံးတွေတိုင်းမှာက ပထမဆုံးအကြိမ်မှာတော့ ပယ်ကြတာပါပဲ" 
ဟု ၎င်းကပြောဆိုသည်။သွေးဆောင်ဖြားယောင်းမှု ပုဒ်မ ၃၆၄/၃၆၈သည်ထောင်
ဒဏ်တစ်သက်တစ်ကျွန်းသို့မဟုတ် ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်နိုင်ကြောင်း 
သိရသည်။ မဖြူနှင်းထွေးသည်မန္တလေးအဝေးသင်တက္ကသိုလ်၌ မြန်မာစာအဓိက 
တတိယနှစ်တက်ရောက်နေပြီးမကြာမီ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်းသိရ
သည်။
စံတော်ချိန်

မန္တလေးဖုန်းဈေးကွက်အပြိုင်အဆိုင်ရောင်းဆင်းမ်ကတ်များပြတ် မှောင်ခိုရောင်းသူများဖုန်းဆိုင်များရှေ့အထပ်လိုက်ကိုင်ရောင်းဝယ်




မန္တလေးဖုန်းဈေးကွက်အပြိုင်အဆိုင်ရောင်းဆင်းမ်ကတ်များပြတ်
မှောင်ခိုရောင်းသူများဖုန်းဆိုင်များရှေ့အထပ်လိုက်ကိုင်ရောင်းဝယ်


မန္တလေးမြို့ဖုန်းဈေးကွက်တွင်လူအများစိတ်ဝင်စားဆုံးတယ်လီနောဆင်းမ်ကတ် များအားစက်တင်ဘာလ(၂၇)ရက်နေ့မှစတင်ဖြန့်ချီရောင်းချပေးခဲ့ပြီးစက်တင်ဘာ(၂၈) ညနေပိုင်းတွင်တယ်လီနောသီးသန့်ကုမ္မဏီအရောင်းဆိုင်ကြီးများမှအပကျန်မြို့တွင်း ဖုန်းအရောင်းဆိုင်များတွင်ဆင်းမ်းကတ်ပြတ်သွားသည်ဟုဆိုကာကျပ်၅၀၀၀တန်ငွေ
ဖြည့်ကတ်ဖြင့်တွဲရောင်းချခြင်း၊တန်ဖိုးနည်းကျပ်၁၈၀၀၀တန်၊ကျပ်၅၀၀၀၀တန်
ဟန်းဆက်များနှင့်တွဲဖက်ရောင်းချလာကြသည်။တယ်လီနောကုမ္မဏီအရောင်းဆိုင်
ကြီးများမှတန်းစီတိုးပြီးဝယ်ထားသူများကလည်းအရောင်းဆိုင်များရှေ့တွင်ခြေချင်းလိမ်
ကာဖုန်းကတ်များ အထပ်လိုက်ကိုင်ပြီးငွေဖြည့်ကတ်၃၀၀၀တန်ပါပူးတွဲပြီးကျပ်၁၀၀၀၀
ဖြင့်မှောင်ခိုရောင်း ၀ယ်နေကြသည်။


အလားတူပင်မြန်မာ့ဆက်သွယ်ရေးကိုယ်စားလှယ်အရောင်းဆိုင်များမှရှေ့သို့ လှမ်းချီမြန်မာပြည်စာတမ်းပါထုတ်ပိုးမှုပုံစံသစ်MPTဆင်းမ်ကတ်များကိုလည်းစက်တင် ဘာ၂၈ရက်ကတစ်ဆိုင်လျှင်ဆင်းမ်ကတ်၁၀၀ခန့်လက်သိပ်ထိုးပြီးကျပ်၁၀၀၀၀တန်ငွေ
ဖြည့်ကတ်ဖြင့်တွဲရောင်းချပေးခဲ့ပြီးတန်းစီဝယ်ယူထားသူများက၎င်းတို့ဆိုင်ဝန်းကျင်တွင်
အထပ်လိုက်ကိုင်ကာလမ်းသွားလမ်းလာများအားကျပ်၁၈၀၀၀ဖြင့်မှောင်ခိုဈေးကွက်ဖြစ်
လျက်ရှိသည်။

အော်ရီဒူကုမ္မဏီကလည်းတယ်လီနောကုမ္မဏီနှင့်အပြိုင်မန္တလေးမြို့ရှိအဓိက လမ်းမကြီးများနှင့်ဖုန်းအရောင်းဆိုင်များတွင်မိုဘိုင်းကားများဖြင့်ဆင်းကတ်တစ်ကတ် ကျပ်၁၉၀၀နှင့်မိုးကာအကျီ၊သော့တွဲ၊မန်မိုရီစတစ်၊တီရှပ်တို့ပေး၍အပြိုင်အဆိုင်ရောင်း
ချ ပေးပြီးဖုန်းပြောဆိုခကိုလည်းတစ်စက္ကန့်၄၅ပြားနှုန်းလျော့ခကာဈေးကွက်ပြိုင်ဆိုင်
လျက်ရှိသည်။တယ်လီနော၊အောရီဒူကုမ္မဏီတို့မှာနေရာအခက်အခဲကြောင့်တာဝါတိုင်များ
နိုင်ငံတစ်ဝှမ်းမစိုက်ထူနိုင်သေးကြောင်းသိရသည်။
စံတော်ချိန်

ဟောင်ကောင်ကို ကူညီကြပါ

ဟောင်ကောင် ကူညီကြပါ ဆိုတဲ့ ဒေသခံ အမျိုးသမီးငယ်တဦးရဲ့ တောင်းဆိုသံပါ။ 
တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခုအဖြစ် ၁၉၉၇ ခုနှစ်က ပြန်လည်ဖြစ်တည်လာခဲ့တဲ့ ဟောင်ကောင်ကျွန်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖြူစင်သန့်ရှင်းတဲ့ ရွေးကောက်ပွဲတွေဖြစ်စေရေး ထောင်နဲ့ချီတဲ့ ဟောင်ကောင်
ကျောင်းသားတွေ၊ ဟောင်ကောင်သူ၊ ဟောင်ကောင်သားတွေက ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုနေကြပါတယ်။ 



ဒါပေမယ့် အစိုးရက အခုထိ ဘာဆိုဘာမှ အကြောင်းပြန်ကြားမလာခဲ့သေးပေးမယ့် အစိုးရဟာ ဒိုင်းတွေနဲ့ လက်ကိုင် တုတ်တွေနဲ့ သေနတ်တွေ ကိုင်ထားတဲ့ ရဲတွေကို ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြနေကြတဲ့သူတွေကို ဖြိုခွဲဖို့ စေလွှတ်ခဲ့ပါ တယ်တဲ့။ 

“ပြီးတော့ တရုတ်အစိုးရရဲတွေဟာ ကျမတို့ကို ငရုတ်ရည်တွေနဲ့ ပက်တဲ့အပြင် မျက်ရည်ယိုဗုံးတွေ တသီကြီး ကို အပြစ် မဲ့သူတွေဆီ ပစ်ဖောက်ပါသေးတယ်” လို့ ဟောင်ကောင် အမျိုးသမီးငယ်က ဆိုပါတယ်။ 

အနီးဝန်းကျင် နေရာတိုင်းမှာ မျက်ရည်တွေ ရွှဲရွှဲစိုပြီး အော်သံဟစ်သံတွေ ဘ၀ဂ်ညံနေပါတယ်။ လူတွေလည်း အကာ အကွယ်ရမယ့် နေရာတွေဆီ ပြေးနေကြပါတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

“ကျမတို့လည်း ရှင်တို့လို အပြစ်မဲ့ လူတွေပါဘဲ။ ကျမတို့လည်း အစိုးရအိမ်တော်ထဲက လူတွေကို ကာကွယ်ဖို့ ကြိုးစား နေပါတယ်၊ ဒီကမ္ဘာပေါ်မှာ တချိန်က အလုံခြုံဆုံးဆိုတဲ့ နေရာမှာ ဆီးရီးယား၊ ယူကရိန်းနဲ့ တရုတ်
နိုင်ငံတွေမှာ ဖြစ်သလို အခုလို ၀မ်းနည်းကြေကွဲဖွယ်တွေ မမြင်တွေ့လိုပါဘူး” လို့ ဟောင်ကောင်သူက ပြောပါတယ်။

“သင်တို့အားလုံး ဒီမိုကရေစီနဲ့အတူ မွေးဖွားလာကြတာဖြစ်မှာပါ။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွေနဲ့ မွေးဖွား လာကြတာမို့ သင်တို့မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အရေးဆိုတာ ရှိပါ တယ်” လို့လည်း သူက ပြောပါတယ်။ 

ကျမတို့ကို ကူညီတဲ့ အနေနဲ့ ဒီဗွီဒီယိုကို ဖြန့်ဝေပေးပါလို့ ဟောင်ကောင် အမျိုးသမီးငယ်က တိုက်တွန်းထားပါတယ်။
https://www.youtube.com/watch?v=0vvxlGUki7U

မန္တလေးမြို့လယ်မှာ တကိုယ်တော်ဆန္ဒပြပြီ

မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့၊ မြို့လယ်မှာ တကိုယ်တော် ဆန္ဒပြမှုတခု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ 


ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း/ ဧရာဝတီ

ယနေ့ နံနက် ၁၀ နာရီခွဲက တောင်သူလယ်သမား အလုပ်သမားအရေးဆောင်ရွက်သူများအဖွဲ့ (FNIFL)မှ ကိုမျိုးဝင်းက လက်ရှိ မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင် ပြိုကွဲပျက်စီးနေမှုနှင့် ဖမ်းဆီးခံတောင်သူလယ်သမား ၅၀၀ ကျော် ပြန်လွှတ်ပေးရေး၊ မြေယာမှုများကို တရားမျှတစွာစီရင်ရေးတို့နှင့် ပတ်သက်ပြီး၊ မန္တလေး လမ်း ၃၀နဲ့၆၅ လမ်းထောင့်မှ ၆၄ လမ်းထိလမ်းလျှောက်ဆန္ဒပြခဲ့ပါတယ် ။ 





မင်းထက်ငြိမ်းချမ်း ~
ဧရာဝတီ 

မလေးရှားလေယာဉ် MH 370 ခုနစ်လ အလွန်

The new maps reveal the priority search area in the southern Indian Ocean

more than 106,000 sq km of the search area in the southern Indian Ocean have been surveyed.

The floor of the ocean is dotted with the remains of extinct volcanoes, known as seamounts

There are also depressions on the seabed, some as deep as 1,400 metres


မလေးရှားလေယာဉ် MH 370 ခုနစ်လ အလွန်

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ကို ရှာဖွေနေတဲ့ အဖွဲ့က ပင်လယ် ကြမ်းပြင်ကို အသေးစိတ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသ လိုက်တဲ့အတွက် ပထမဆုံး အကြိမ်အဖြစ် ရေအနက် မီတာ ၁၄ဝဝ အောက်က ပင်လယ် သမုဒ္ဒရာ ကြမ်းပြင် ကြီးဟာ မီးတောင်သေ တွေနဲ့ ပြည့်နှက် နေတာကို မြင်တွေ့ ခွင့် ရခဲ့ပါတယ်။

တကယ်တော့ သမုဒ္ဒရာ ကြမ်းပြင်ကြီး ကို အခုလောက် ကြည်လင် ပြတ်သားအောင် ဓာတ်ပုံရိုက်ကူး ခဲ့တာဟာ ပထမဆုံး အကြိမ်ပါ။ နိုင်ငံတကာ အစိုးရအဖွဲ့ မှာရှိတဲ့ အင်္ဂါဂြိုဟ် ဓာတ်ပုံနဲ့ မြေပုံတွေ ကတောင် သမုဒ္ဒရာ ကြမ်းပြင် ဓာတ်ပုံတွေထက် ပိုပြီး ကြည်လင် ပြတ်သား နေခဲ့ ပါသေးတယ်။

မလေးရှား လေယာဉ် MH 370 ဟာ မတ် ၈ ရက်မှာ လူ ၂၃၉ ဦးကို တင်ဆောင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်နိုင်ငံ ပေကျင်းလေဆိပ် ကို ဦးတည်ပျံသန်း သွားရာကနေ တောင်အိန္ဒိယ သမုဒ္ဒရာ တစ်နေရာမှာ ဘာ သဲလွန်စမှ ချန်မထားဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ ပါတယ်။ ဒီဘိုးအင်း ၇၇၇ လေယာဉ်ကြီးကို နိုင်ငံပေါင်း ၂၆ နိုင်ငံက ဝိုင်းဝန်းကူညီ ရှာဖွေပေး ခဲ့ပေမယ့် အခု အချိန်အထိ အစအန တစ်ခုတောင် မတွေ့ရ သေးပါဘူး။

ပျောက်ဆုံးလေယာဉ် ရှာဖွေရေးကို ဦးစီးဦးရွက် ပြုနေတဲ့ သြစတြေးလျ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဘေးအန္တရာယ် ကင်းရှင်းရေး ဗျူရိုက ဆိုနာ မြေပုံကို အသုံးပြုပြီး ရှာဖွေရမယ့် ဧရိယာကြီး ထဲမှာ ဦးစားပေး ရှာဖွေရမယ့် အကွက်တွေကို သတ်မှတ် နေပါတယ်။ ပြီးရင်တော့ ပင်လယ် ရေနက်ပိုင်း အထိငုပ်နိုင်မယ့် ရေယာဉ်သုံးစီး လောက်ကို သုံးပြီး အဲဒီ ဦးစားပေး အကွက်တွေကို ပိုက်စိပ်တိုက် ရှာဖွေ ပါတော့မယ်။

ဒီ ရှာဖွေရေး အဖွဲ့ကြီးမှာ သဲလွန်စ ဆိုလို့ ဘိုးအင်းဂျက်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတို့ အကြား တိုတောင်းလှတဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေး သင်္ကေတ တွေပဲရှိပါတယ်။ ဦးစားပေး ရှာဖွေရေး ဧရိယာကို ဒီသဲလွန်စ အပေါ်မှာပဲ အခြေခံထား တည်ဆောက် သတ်မှတ် ထားတာပါ။

ဒီလို လေယာဉ်နဲ့ ဂြိုဟ်တုကြားက အီလက်ထရွန်းနစ် ဆက်သွယ်မှု ဆိုတာ စပီကာတွေ ဖွင့်ထားတဲ့ အချိန်မှာ မိုဘိုင်းဖုန်းက မြေပြင် တာဝါတိုင် နဲ့ လှိုင်း အပြန်အလှန် ပို့လွှတ်ရာမှာ စပီကာက တကျစ်ကျစ် မြည်တဲ့အတိုင်း ပါပဲ။ ဖုန်းသုံးလို့ မြည်တာ မဟုတ်ပါဘူး။ ဖုန်းက လှိုင်းပို့ - ဖမ်း လုပ်တဲ့အခါ စပီကာထဲက သံလိုက်တုံးကြီး ကလဲ အလုပ်လုပ်လို့ အဲဒီအသံ မြည်တာပါ။ ဒီလိုပါပဲ အဲဒီ ဘိုးအင်းနဲ့ ဂြိုဟ်တုကြားက ဆက်သွယ်သံ တွေဟာ လေယာဉ်မှူးက စကားပြောဆို နေတာထက် စက်ကိရိယာတွေ အလိုအလျာက အလုပ်လုပ် နေတဲ့အခါ ဖြစ်လာတဲ့ အသံမျှသာ ဖြစ်ပါတယ်။

ဒီတော့ ဒီအသံတွေက တည်နေရာ တစ်ခုကို ဖော်ပြပေး နိုင်မယ့် အသံမျိုး မဟုတ်ပါဘူး။ ဒါကြောင့်လဲ ရှာဖွေရေးအဖွဲ့က ခရိုအေးရှား နိုင်ငံတစ်နိုင်ငံစာ လောက်ကျယ်တဲ့ သမုဒ္ဒရာ ရေပြင် ဧရိယာ စတုရန်း မိုင်ပေါင်း ၂၃၂ဝဝ ကို ရှာဖွေ နေရတာပါ။ အရှုံးထဲက အမြတ်လို့ ပြောရမှာ ကတော့ အခု ထုတ်ပြန်တဲ့ သမုဒ္ဒရာ ရေအောက်ကြမ်းပြင် မြေပုံတွေပါပဲ။ ဒီလိုမြေပုံမျိုး တစ်ခါမှ မရှိခဲ့ဖူး ပါဘူး။ သမုဒ္ဒရာ ရေအောက်မှာ အဖုတွေ၊ အထစ်တွေ၊ တောင်ပူစာတွေ၊ မီးတောင် ဟောင်းတွေ၊ ဘယ်လို ပုံဖော်ရမှန်း မသိတဲ့ မြေမျက်နှာ သွင်ပြင်တွေကို အခုမှ ကမ္ဘာက တွေ့ဖူးတာပါ။

Broken Ridge လို့ခေါ်တဲ့ အလယ်ပွင့် ကျောက်တန်းကြီး တစ်ခုထဲက အရှည် ငါးကီလိုမီတာ ရှိပြီး အမြင့် သုည ဒသမ ၉ မိုင်ရှိပါတယ်။ ဥရောပတိုက်က အဲလ်ပ်စ် တောင်တန်းကြီး ဟာ ဒီကျောက်တန်းရဲ့ အခြေလောက်ပဲ ရှိပါတယ်။ ဒီလို ရေအောက် ကြမ်းပြင်ကြီး ကို ရေငုပ်ယာဉ်တွေ လွှတ်ရမှာ ဖြစ်တဲ့အတွက် တိကျတဲ့ ဆိုနာ မြေပုံတွေ ရှိဖို့ အရေးကြီး ပါတယ်။ ဒီမြေပုံတွေကို ကြည့်ပြီး အဲ့ဒီ ရေငုပ်ရေယာဉ် တွေကို မောင်းနှင်ရပါမယ်။ မြေပုံ တစ်ချက် မှားတာနဲ့ မီးတောင်တွေ၊ ကျောက်တန်းတွေ ကြားမှာ ရေငုပ်ယာဉ်တွေ ပိတ်မိပျက်စီး သွားနိုင် ပါတယ်။

ဆိုနာမြေပုံ ရိုက်ယူဖို့ကိုပဲ အရှည် ၁ဝ ကီလိုမီတာ ရှိတဲ့ သံမဏိကြိုး ကြီးနဲ့ ဆိုနာ ကိရိယာကို ရေအောက် ကြမ်းပြင်မှာ ဆွဲယူ ခဲ့ရတာပါ။ ဒီသံမဏိကြိုး ကိုလဲ သတိကြီးစွာ ထားပြီး ဆွဲခဲ့ရ ပါတယ်။ ကြိုးသာ ယမ်းခါ သွားမယ်၊ ပြတ်သွားမယ် ဆိုရင် မြေပုံမှားယွင်း သွားနိုင်သလို ကြိုးဆွဲပုံ မှားယွင်း သွားပြီဆိုရင်လဲ ဆိုနာ ကိရိယာကို ရေအောက်မှာပဲ ဆုံးရှုံး သွားရမှာပါ။ ရေနက်ငုပ်ယာဉ် တွေမှာ အန္တရာယ်ရှိတဲ့ မြေအနေ အထားကို သိနိုင်မယ့် ဆိုနာကိရိယာ တွေပါ ပါတယ်။ အသင့်တပ်ဆင် ထားတဲ့ ကင်မရာတွေ ကလဲ ရှေ့က အတားအဆီးဟာ မြေလား၊ ကျောက်လား၊ လေယာဉ် အပိုင်း အစလား ဆိုတာကို သိရအောင် ဓာတ်ပုံရော ရုပ်သံပါ ရိုက်ကူး ပေးပို့မှာပါ။ ဒီယာဉ်တွေရဲ့ ရှေ့ပိုင်းမှာ တပ်ထားတဲ့ အီလက်ထရွန်းနစ် နှာခေါင်းကလဲ ရေထဲမှာ စိမ့်ဝင်ပျံ့နှံ့ နေနိုင်မယ့် လေယာဉ်ဆီကို အနံ့ခံပေး နိုင်ပါတယ်။

လေယာဉ်ပျောက် ရှာဖွေရေး သမိုင်းမှာတော့ MH 370 ရှာပုံတော်ဟာ အရှုပ်ထွေးဆုံး ပါပဲ။ သဲလွန်စလေး တစ်ခု ရဖို့တောင် လပေါင်းများစွာ ကြာသွားနိုင်ပြီး ဒီလေယာဉ်ကို ဘယ်တော့မှ ရှာမတွေ့ တော့မှာလဲ ဖြစ်နိုင် ပါတယ်။ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေ ခံစားနေရဆဲ ဖြစ်တဲ့ သောကလဲ မသေးလှ ပါဘူး။ သူတို့ အများစုဟာ တရုတ် လူမျိုးတွေပါ။ နိုင်ငံရပ်ခြားမှာ အလုပ် သွားရှာတဲ့ သူတွေ၊ အလုပ်ကိစ္စနဲ့ ခရီးသွား သူတွေ၊ ညီလာခံ အစည်းအဝေးတွေ တက်မယ့် ပညာရှင်တွေ၊ အားလပ်ရက် အပန်းဖြေခရီး ကနေ တပျော်တပါး အိမ်ပြန်ကြတဲ့ သူတွေ စုံလင်စွာ ပါပါတယ်။ အဲဒီလူတွေ အသက်ရှင်သန် ကျန်ရစ်နေဆဲ ပဲလား ဆိုတာကို ကျန်ရစ်သူ မိသားစုတွေက အသိချင်ဆုံး ပါပဲ။ လေယာဉ်ကို တွေ့ပြီလား ဆိုတဲ့ မေးခွန်းကိုပဲ နေ့စဉ် မမောနိုင် မပန်းနိုင် မေးနေကြတာ အခုဆိုရင် ခုနစ်လ ပြည့်ပါတော့မယ်။ ပူဆွေးသောက ရောက်နေတဲ့ မိသားစု ဆွေမျိုးသားချင်း တွေက အွန်လိုင်းဖိုရမ် တွေ ရေးပြီး ဆွေးနွေးကြ ပါတယ်။ လေကြောင်း ဘလော့တွေမှာ ကျွမ်းကျင်သူ တွေကို မေးခွန်းတွေ မေးကြပါတယ်။ အချင်းချင်း နှစ်သိမ့် ဆွေးနွေး ကြပါတယ်။ သူတို့နဲ့ စကားပြောချင် ရင် Voice 370 ဆိုတဲ့ ဖိုရမ်လေးကို ဝင်ကြည့် နိုင်ပါတယ်။ နိုင်ငံ အမြောက်အမြား ကနေ ဝင်ရောက် ဆွေးနွေးနေတဲ့ လူတွေ အမြဲတမ်း လူဦးရေ ၃ဝဝ လောက် ရှိပါတယ်။


Relatives of the passengers aboard MH370 are still searching for answers


မလေးရှား အစိုးရနဲ့ ရှာဖွေရေး အဖွဲ့တွေက သတင်း အချက်အလက်တွေ ထုတ်ပြန်တဲ့ နေရာမှာ နှေးကွေး လွန်းတယ်လို့ ဒီဖိုရမ်က ဝေဖန် ထားပါတယ်။ မလေးရှား အစိုးရဟာ အမှားတွေ တစ်ခုပြီးတစ်ခု ကျူးလွန် နေတယ်လို့ လဲ သူတို့ထဲက တစ်ဦးက စွပ်စွဲ ထားပါတယ်။ တချို့က မလေးရှားမှာ၊ တချို့ကလဲ တရုတ်မှာ အာဏာပိုင် အဖွဲ့အစည်း တွေကို မေးခွန်းတွေ တိုက်ရိုက် သွားမေးကြ ပါတယ်။ ရက်တွေ ကြာလာလို့ ဟိုတယ်ခ မတတ်နိုင် တော့တဲ့အခါ လမ်းပေါ် ဖြစ်သလို အိပ်နေရတဲ့သူ တို့ကို ရဲက နာရီပေါင်း များစွာ ဖမ်းဆီး ထိန်းသိမ်း ထားတာကိုလဲ သူတို့ မမှုပါဘူး။

တရုတ်အစိုးရ ကလဲ နစ်နာကြေး ငွေတွေပေးပြီး ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် နေနေတဲ့အပေါ် ကျန်ရစ်သူ မိသားစုတွေရဲ့ ဒေါသကလဲ တအုံနွေးနွေး ဖြစ်နေရာကနေ ပေါက်ကွဲစပြု လာပါပြီ။ မိသားစုတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်ရည်တွေ ဝိုင်းလာကြ ပါတယ်။ သူတို့ဘာမှ ပြောစရာ မလိုဘူး။ ဘာပြောချင်လဲ ဆိုတာ သိပြီးသားပါ။

ဒီ မိသားစု အားလုံးက သိချင်နေတဲ့ အဖြေကို ခုနစ်လလုံးလုံး မနားတမ်း ရှာဖွေနေတဲ့ ရှာဖွေရေး အဖွဲ့ကြီး ကလဲ မပေးနိုင် ပါဘူး။ မလေးရှား အစိုးရလဲ ဘာမှ မတတ်နိုင်သလို တရုတ်အစိုးရ လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်နေပါပြီ။ အမေရိကန် ပြည်ထောင်စုက လဲ ISIS ချေမှုန်းရေးနဲ့ အလုပ်ရှုပ် နေလေတော့ လေယာဉ်ပေါ် ပါသွားတဲ့ ၂၃၉ ဦးနဲ့ သူတို့ရဲ့ မိသားစု ဆွေမျိုးသားချင်း ရာပေါင်း များစွာရဲ့ကံကြမ္မာ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ သမုဒ္ဒရာ ရေအောက် ကြမ်းပြင် ဆိုနာမြေပုံ တွေက ဘယ်လောက် အဖြေပေးနိုင်မလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပဲ လို့ လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

PyiChitThar

လိင်ပုံမှန်ဆက်ဆံခြင်းက ကင်ဆာကိုအောင်နိုင်ပြီး နှလုံးကိုကာကွယ်နိုင်ဟုဆို(ကျန်းမာရေးအမြင်နှင့် ဖတ်ပေးပါရန်)


အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ ROYAL EDINBURHG ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ ADRENALINE, DOPAMINE နဲ့ NORADRENALIN တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု DR.DOWID က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် GROWTH ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား CELL နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ RELAX ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း RESPONSE တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်

တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ ANTIBODY ဖြစ်တဲ့ IMMUNOGLOBULIN ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ WIKES တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်

ဒီလို သဘာဝအလျောက်ထွက်လာတဲ့ ANTIBODIES တွေ ပိုရရှိအောင် SEX ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို POSITION မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်

အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ CARCINOGENS စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ GRAHAM GILES က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်

လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ BIOLOGY AND MEDICINE ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး ENDORPHINS တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ PAISLEY တက္ကသိုလ်မှ SEXUAL PSYCHOLOGISL ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

အမျိုးသားတစ်ဦးရေချိုးမယ်ဆိုပြီးအတွင်းခံမပါဘဲထိုင်ခုံပေါ်တက်ထိုင်စဉ် (++) ဥ’’ ညှစ်ကာ အရေးပေါ် (၁၁၉) ခေါ်လိုက်ရ

ထိုင်ဝမ်တွင်အသက်( ၆၅ )နှစ်ဦးလေးကြီး
တစ်ယောက် ရေချိုးမယ်ဆိုပြီး အတွင်းခံ
မပါဘဲ ယခုကဲ့သို့  ဓါတ်ပုံအတိုင်း ပလတ်စတစ်ထိုင်ခုံပေါ်ခဏထိုင်လိုက်၍
(ဥ)ဟိုဒင်းတစ်လုံးက ခုံအပေါက်ထဲဝင်ပြီး
ခံနေလို့ ၁၁၉ ခေါ်ရလိုက်ရကြောင်း 
တရုတ်သတင်းစာမျက်နှာတစ်ခုတွင်ဖော်ပြထားသည်။

ယခုပုံပါဓါတ်ပုံသည်ပလတ်စတစ်ရောင်းစုံကုလားထိုင်ဖြစ်ပြီးတရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်
ပါရှိသောကုလားထိုင်ဖြစ်သည်ဟုဆိုသည်။

အဆိုပါထိုင်ဝမ်အဖိုးကြီးသည် ကုလားထိုင်ပေါ်တွင် ရုတ်တစ်ရက်တက်ထိုင်လိုက်စဉ်
ဥ အပေါက်ကြားသို့  ၀င်သွားခဲ့ပြီး ပြန်နှုတ်ရန်ခက်ခဲ့သဖြင့် ယခုကဲ့သို့  အရေးပေါ်
ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုနောက်အရေးပေါ်ကားရောက်ရှိပြီး အဖိုးကြီးအား အမြန်ဆုံးဆုံးအသက်ကို ကယ်တင်လိုက်ရသည်။ ယခုကဲ့သို့ ဖြစ်စဉ်မှ မကြာခဏဖြစ်ပွား ခဲ့သော်လည်း ’’ဥ’’ ကဲ့သို့ အပေါက်အတွင်းသို့ ဝင်ရောက်ဖို့  သည်အလွန်တရာမှရှားပါးကြောင်းနဲ့ သတိမမူဘဲ ရုတ်တစ်ရက်တက်ထိုင်စဉ် ဥ သည်အထဲသို့  ၀င်ရောက်ပြီး ညှပ်နေတာဖြစ်ကြောင်းအရေးပေါ်ကယ်ဆယ်သူတစ်ဦးမှ မှတ်ချက်ပေးသည်။

ရွှေမြန်မာမီဒီယာ

မူရင်းလင့်
http://www.shwemyanmarmediagroup.org/2014/09/blog-post_244.html#more





အသက် ခန့်မှန်းရခက်တဲ့ ထိုင်း မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးကြီးများ

အစားအသောက် ဆင်ခြင်ပြီး အသားရေ ခန္ဓာကိုယ် ထိမ်းသိမ်း စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အားကစား လိုက်စားမှု တွေကြောင့် သူမတို့ တတွေကို အပြင်မှာ တွေ့ခဲ့မယ် ဆိုရင် အသက် ခန့်မှန်းရ ခက်ပါလိမ့်မယ်။ အဲဒီထဲက နာမည်ကြီး သရုပ်ဆောင် အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

01. Ranya Siyanon (Age: 46)


02. Kochakorn Nimakorn (Age: 43)


03. Aphiradi Phawaphutanon (Age: 49)


04. Penpak Sirikul (Age: 53)


05. Passorn Boonyakiat (Age: 45)


06. Yani Chongwisut (Age: 54)


07. Preeyanuch Panpradub (Age: 51)


08. Piyamas Monyakul (Age: 62)


09. Naowarat Yuktanan (Age: 56)


10. Atcharapan Paibulsuwan (Age: 62)


11. Sinjai Plengpanich (Age: 49)


12. Daraneenuch Photipiti (Age: 46)


13. Mayura Sawetsila (Age: 56)


14. Janjira Jujang (Age: 45)