IS ရဲ့ ရေနံ စက်ရုံတွေကို ကန် ဦးတည် တိုက်ခိုက်လိုက်ပြီ




ပုံစာ (၁) အမေရိကန်ရဲ့ F-18E Super Hornet တိုက်လေယာဉ် အီရတ် မြောက်ပိုင်း ဝေဟင်မှာ ဆီဖြည့်စဉ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တွေက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက်နေရာမှာ တတိယ မြောက်နေ့ တိုက်ခိုက်မှု အဖြစ် ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံချက် စက်ရုံ ၁၂ ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီ ပစ်မှတ်တွေကို အမေရိကန်၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က တိုက်လေယာဉ် တွေနဲ့ တိုက်ခိုက် ခဲ့ကြပြီး IS တိုက်ခိုက်ရေး သမား ၁၄ ဦးနဲ့ ဆီးရီးယား အရှေ့ပိုင်းက အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီ ရေနံချက် စက်ရုံတွေဟာ IS စစ်သွေးကြွတွေ အတွက် တစ်နေ့ကို ဒေါ်လာ ၂ သန်း အထိ ဝင်ငွေ ရှာပေးနေတာ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ဆိုပါတယ်။

အခု တိုက်ခိုက်မှုဟာ IS စစ်သွေးကြွတွေကို သတ်ဖြတ်ဖို့ အဓိက ရည်ရွယ်တာ မဟုတ်ဘဲ IS အဖွဲ့ အတွက် အဓိက ဝင်ငွေ ရှာပေးနေတဲ့ နေရာ ဌာနတွေကိုသာ ဦးတည် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

IS အဖွဲ့ရဲ့ ကွန်ယက်တွေကို အလုံးစုံ ဖြိုဖျက်ပစ်ဖို့ အမေရိကန် သမ္မတ အိုဘားမားက ကတိပေး ထားခဲ့ပါတယ်။


BBC Burmese

ဒေါ်စုကို အသေရေဖျက်မှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား စွဲဆိုသည့်အမှု ပလပ်ခံရ

ရန်ကုန်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ဘာသာခြားနိုင်ငံ ဖြစ်သွားမည်ဟူသော စာဖြန့်ဝေမှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား တရားစွဲဆိုထားခြင်းကို ကာယကံရှင် (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်၍ဟုဆိုကာ မြို့နယ်တရားရုံးက စက်တင်ဘာ ၂၅ ရက်က ပလပ်လိုက်သည်ဟု ပေါက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။



၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးရန် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က နေပြည်တော်၌ စည်းရုံးဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ပေါက်မြို့နယ်၊ မြောက်ဖက်ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးမြင့်ငြိမ်းကို အဆိုပါ ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက အသရေဖျက်မှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ပုတ်ခတ်တာဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားစွဲမှ တရားရုံးက လက်ခံမယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

အမှုကို သြဂုတ် ၁၈ ရက်တွင် ပေါက်မြို့နယ် တရားရုံးကလက်ခံခဲ့ပြီး သုံးကြိမ်မြောက်ရုံးချိန်းတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ တရားရုံး၏ သီးခြား အတည်ပြုချက်ရရန် မဇ္ဈိမက ကြိုးပမ်းသော်လည်းမရပေ။

“အမှန်ဆိုရင် ပထမဆုံး ဦးတိုက်လျှောက်ထားတည်းက ပြောပေါ့ဗျာ” ဟု ဦးရဲထွန်းဝင်းက ဆိုသည်။

တရားစွဲဆိုခံရသည့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ဦးမြင့်ငြိမ်းကမူ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများကို ကန့်ကွက်ထားသည့် စာသားများပါဝင်သော အထုပ်ကို သြဂုတ်လ ၁၀ ရက်က ရွာနှင့် လေးဖာလုံခန့် ဝေးသော ပေါက်မြို့သို့ ဈေးဝယ်သွားရာမှ အပြန်၊ မြို့ပတ်လမ်းပေါ်တွင် တွေ့ရှိခဲ့သည်ဟု ဩဂုတ်လ ၁၉ ရက်က မဇ္ဈိမကို ပြောထားသည်။
Mizzima

မီဒီယာသမားများကို ထောင်ချနိုင်သည့် လျှို့ဝှက်အက်ဥပဒေ ပြင်ဆင်ရန်အဆို လွှတ်တော်၌ ထောက်ခံသူ မရှိ



နေပြည်တော် (မဇ္ဈိမ)။ ။ မီဒီယာသမားများကို ထောင်ချနိုင်သည့် လွန်ခဲ့သည့်နှစ်ပေါင်း ၉၁ နှစ် (၁၉၂၃ ခုနှစ်) အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံအစိုးရလျှိုဝှက်အက်ဥပဒေကို ပြင်ဆင်ရန် အဆိုကို သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်ညွန့်က တင်သွင်းခဲ့သော်လည်း လွှတ်တော်က ပယ်ချလိုက်သည်။



ဇူလိုင်လ ၁၂ ရက်က ရန်ကုန်မြို့မှ သတင်းစာ ဂျာနယ်တိုက်အသီးသီးမှ မီဒီယာသမားများက ရန်ကုန်မြို့ ရွှေလီလမ်းရှိ MPC ရှေ့တွင် အသံတိတ် ကန့်ကွက်ဆန္ဒပြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ယင်းဥပဒေကို ပြင်ဆင်ရန် သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က စက်တင်ဘာ ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းရာတွင် အဆိုတင်သွင်းသူဦးသိန်းညွန့်မှလွဲ၍ ထောက်ခံသူ တစ်ဦးတစ်ယောက်မျှ မရှိသည့်အပြင် လွှတ်တော်ကော်မတီများကလည်း မထောက်ခံခဲ့ပေ။

ဦးသိန်းညွန့်က အဆိုပါဥပဒေပါ ပုဒ်မ ၃၊ အပိုဒ် ၁ အောက်တွင် တစ်ဦးတစ်ယောက်သောသူသည် ပိတ်ပင်တားမြစ်ထားသည့် နေရာတစ်ခုခုဖြစ်ကြောင်း ထိုသူက မသိရှိလျှင် အစိုးရလျှို့ဝှက်ချက်ကို ထိခိုက်စေမည်ဖြစ်သည်ဟု မမည်၊ ပိတ်ပင်တားမြစ်ထားသည့် နေရာဟုတ်၊ မဟုတ်ဆိုသော အချက်မှာ အကြောင်းအချင်းရာ ပြဿနာဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့် အညီအစိုးရရုံးဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခွင့်ရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့သည် နိုင်ငံလုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်မှုမမည် ဟူ၍ ကင်းလွတ်ချက်နှစ်ချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါဥပဒေပုဒ်မ ၅၊ ပုဒ်မ ၃၊ အပိုဒ် ၂ ကို ပယ်ဖျက်ပြီး "နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်စေရန် ရည်ရွယ်ကြောင်း စွပ်စွဲသူက သက်သေမထူနိုင်လျှင် ဤဥပဒေအရ ပြစ်မှုမမြောက်" ဟု ပြင်ဆင်ရန်လည်း ပါဝင်သည်။

ယင်းဥပဒေသည် ၁၉၂၃ ခုနှစ် နယ်ချဲ့ အင်္ဂလိပ်တို့မှ ပြဌာန်းခဲ့မှုကြောင့် ဖိနှိပ်ထားသောအချက်များပါဝင်နေသ ည့် အပြင် လက်ရှိအချိန်တွင် ပြဌာန်းထာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေတို့နှင့် ယှဉ်လျှင် သတင်းရယူခွင့်နှင့် အစိုးရဌာနများသို့ ဝင်ထွက်သွားလာခွင့်ကို ဝိရောဓိဖြစ်နေသည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥပဒေ၏ ပြဌာန်းချက်အရ နိုင်ငံတော်လျို့ဝှက်ချက်၊ လုံခြုံရေးကို ဖောက်ဖျက်ကျူးလွန်ကြောင်း စွပ်စွဲသူက သက်သေမပြနိုင်ပါက ပြစ်မှုမမြောက်သည့်အပြင် ရည်ရွယ်ချက်ရှိသော ရန်သူအနေဖြင့် အခွင့်အရေးရ သွားနိုင်သဖြင့် ပြင်ဆင်ရန်မသင့်ဟု မှတ်ချက်ပြုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေအား ပိုမိုတိကျစေရန် အမိန့်ကြေညာစာ ထုတ်ဖို့လိုရင် ထုတ်ရန်နှင့် အင်္ဂလိပ်လိုရေးသားထားချက်များကို မြန်မာဘာသာပြန်ပြီး အများနားလည်အောင် လုပ်ရန် ပညာရှင်များ၊ တရားရေးမှ ပညာရှင်များနှင့်တိုင်ပင်ကာ နားလည်ရန်ခက်ခဲသည်များကို ပြင်ဆင်ရန်လို၊ မလိုဆောင်ရွက်မည်ဟု ဆိုသည်။
Mizzima

ဆူဒန် ဒုက္ခသည်များ အကြောင်း ရိုက်ကူး ထားသည့် “The Good Lie” အမေရိကန် နိုင်ငံတွင် ရုံတင်မည်



နယူးယော့ခ်၊ စက်တင်ဘာ ၂၅။ အမေရိကန် ဒရာမာ ရုပ်ရှင် “The Good Lie” ကို အောက်တိုဘာလ ၃ ရက်တွင် အမေရိကန် နိုင်ငံ အဝှမ်း၌ ရုံတင်မည် ဖြစ် သည်။



The Good Lie ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်း။

ထိုရုပ်ရှင် ဇာတ်ကားမှာ ဖြစ်ရပ်မှန်များ အပေါ် အခြေခံ ရိုက်ကူး ထားခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်လွန် နှစ်များက ဆူဒန်တွင် စစ်ဖြစ် ခဲ့ရာ မိသားစု များစွာ သေဆုံး ခဲ့ရပြီး ကလေး အများအပြား မှာလည်း ကလေး စစ်သားများ ဖြစ်လာ ခဲ့ကြသည်။ ကံကောင်းသော ကလေးများ မှာမူ အမေရိကန်သို့ ထွက်ပြေး ခိုလှုံ နိုင်ခဲ့ ကြသည်။ သို့ဖြစ်ရာ အမေရိကန် နိုင်ငံသည် ဆူဒန်မှ ကံကောင်းသော ကလေးများ နှင့် လူငယ်များ အတွက် ဘေးကင်း လုံခြုံရာ ရပ်ဝန်းတစ်ခု ဖြစ်လာ ခဲ့သည်။

“The Good Lie” ဇာတ်ကားမှာ အမေရိကန်သို့ ပြောင်းရွှေ့အခြေချခွင့် ရလာခဲ့ကြသော ငယ်ရွယ်သော ဆူဒန် ဒုက္ခသည် များသည် ကန်းဆက်စ် သို့ ရောက်ရှိ လာကြကာ၊ အလုပ်ရှာဖွေရေး အေဂျင်စီ တစ်ခု၏ အတိုင်ပင်ခံ ဝန်ထမ်းနှင့် တွေ့ဆုံပြီး ၄င်းတို့၏ ဘဝများ ပြောင်းလဲ သွားပုံကို ရိုက်ကူး တင်ဆက် ထားသော ဇာတ်ကား ဖြစ်သည်။

ယင်းဇာတ်ကားကို မာဂရက် နက်ဂဲလ် က ဇာတ်ညွှန်း ရေးသား ထားကာ ဒါရိုက်တာ ဖိလစ်ပေ ဖလာဒိုက ရိုက်ကူး ထားသည်။ မင်းသမီး ရိစ်ဝစ်သာစပွန်း နှင့် မင်းသား ကိုရေးစတောလ်တို့ ပါဝင် သရုပ်ဆောင် ထားကြသည်။
by Mizzima News

သံတွဲ ပဋိပက္ခမှ ဖမ်းဆီးထားသူများကို အမြင့်ဆုံး တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ်ချမှတ်လိုက်ပြီ

ရန်ကုန်(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ဆယ်ဦးကို အမြင့်ဆုံးထောင်ဒါဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်လိုက်သည်ဟု သံတွဲခရိုင်တရားရုံးမှ ရှေ့နေတစ်ဦးက စက်တင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။



ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအပြီး ပျက်ဆီးဆုံးရှုံးမှုအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - EPA)

၂၀၁၃ ခုနှစ် စတင်ဘာက ဖြစ်ပွားခဲ့သော သံတွဲမြို့ပဋိပက္ခသည် တစ်နှစ်ကျော်အကြာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ “ဇော်ဇော်ထွန်းလို့ခေါ်တဲ့ ကောင်လေးကို တစ်သက်တစ်ကျွန်း၊ ကျန်တဲ့ ကိုးယောက်ကို ငါးနှစ်စီ ချတယ်” ဟု ခရိုင်တရားရုံးရှေ့နေက ဆိုသည်။

သံတွဲ ပဋိပက္ခနှင့် စပ်လျဉ်း၍ သံတွဲမြို့ပေါ်အပါအဝင်၊ ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများမှ သံသယ ရှိသူ ၅၈ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး နှစ်ဆယ့်သုံးဦးကို စစ်ဆေးတွေ့ရှိချက်အရ အမှုနှင့်သက်ဆိုင်ခြင်းမရှိဟု ဆုံးဖြတ်ကာ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများဖြစ်ပွားပြီး တစ်နှစ်အကြာတွင် သံတွဲမြို့တွင် တစ်ကျော့ပြန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူမျိုးစုနှစ်စုကြား ဒုတိယအကြိမ် ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်အဖွဲ့ဝင် ဦးနေလင်းက “ပဋိပက္ခတွင်းကတော့ ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့ဘူး။ ပြီးတော့မှ တွေ့တဲ့သူကို စွပ်စွဲအရေးလူလိုက်တယ်လို့ယူဆတယ်” ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ အတွင်းက ဖြစ်ပွားခဲ့သော သံတွဲ ပဋိပက္ခတွင် နှစ်ဖက်အဖွဲ့အစည်းမှ လူခုနှစ်ဦးသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံ သုံးလုံး၊ အိမ်ထောင်စုပေါင်း ၁၁၂ ဦးမီးလောင်ခဲ့ကာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။
Mizzima

စံချိန်တင်ဟက်ထရစ်ဂိုးနှင့် ရှေ့တွင်စောင့်ကြိုနေသည့် စိရော်နယ်ဒိုအတွက် မှတ်တိုင်များ


ရီးရဲလ်မက်ဒရစ်သို့ ၂ဝဝ၉ခုနှစ် ဇွန်လတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သည့် စီရော်နယ်ဒိုသည် ဘာနေဗျူးတွင် ကုန်ဆုံးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ကုန်ကျထားသော ငွေကြေး နှင့်တူညီစွာ သူ၏သွင်းဂိုးများဖြင့် ပေးဆပ်နိုင်ခဲ့သူဟုပင် ဆိုရပေမည်။

၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ၏ ပွဲစဉ်လေးပွဲကစားပြီးချိန်တွင် အသင်းအတွက် ကိုးဂိုးသွင်းယူပေး နိုင်ခဲ့သည့် စီရော်နယ်ဒိုသည် တစ်ပတ်အတွင်း ခုနစ်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အယ်လ်ချီ ကို အနိုင်ရသည့်ပွဲတွင် လေးဂိုး၊ ဒီပို့တီဗိုနှင့်ပွဲတွင် သုံးဂိုးသွင်းယူခဲ့ကာ ရီးရဲလ်အတွက် (၂၅) ကြိမ်မြောက် ဟက်ထရစ်ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ဒီပို့တီဗိုဘက်သို့ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် စီရော်နယ်ဒိုသည် (၂၄)ကြိမ် မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ခဲ့ပြီး ဂန္ထဝင်ကစားသမား ပူးစ်ကပ်၏ (၂၃) ကြိမ်ကို ချိုးဖျက်နိုင်ခဲ့သော်လည်း (၂၈)ကြိမ်ဖြင့် စံချိန်တင်ထားသည့် ဒီစတီဖာနို၏စံချိန်ကိုမီရန် သုံးကြိမ်လိုနေသေးသည်ကို တွေ့ရသည်။

လာလီဂါပြိုင်ပွဲများတွင် ဟက် ထရစ် အများဆုံးသွင်းထားသူမှာ ရီးရဲလ်မက်ဒရစ်မှ ဒီစတီဖာနိုနှင့် ဘီလ်ဘာအိုအသင်းမှ ဂန္ထဝင်ကစားသမား တိုက်စစ်မှူး ဇာရာတို့ဖြစ်ကြပြီး (၂၂)ကြိမ်စီရယူထားနိုင်ခဲ့ခြင်း ကြောင့် လာလီဂါဟက်ထရစ် (၂၁)ကြိမ်ရရှိပြီးဖြစ်သည့် စီရော်နယ်ဒိုအနေဖြင့် အဆို ပါစံချိန်များကို ကျော်ဖြတ်ရန်မှာ မခက်ခဲတော့ပေ။ စီရော်နယ်ဒိုနောက်တွင် မက်ဆီမှာ (၁၉)ကြိမ်ဖြင့် ရပ်တည်နေပြီး ပြိုင်ဘက်၏ကျော်ဖြတ်နိုင်မှုကိုပါ သတိပြုရပေမည်။

ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာ သည့် စီရော်နယ်ဒိုသည် စံချိန်ကောင်းများရရှိထားသူဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘောလုံးရာသီတွင် ၁၇ဂိုးသွင်းယူကာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် တွင် ဘေဆယ်လ်ဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် စီရော်နယ်ဒိုမှာ ဥရောပပြိုင်ပွဲ များ၌ ၆၈ဂိုး မြောက်အဖြစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စံချိန်တင်ထားသည့် ရာအူးလ်၏ သွင်းဂိုးထက် သုံးဂိုးသာလျော့နည်းနေမှုကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ရာအူးလ်၏စံချိန်ကို ကျော်ဖြတ်သွားနိုင်ဖွယ်ရှိနေသည်။

ဥရောပစူပါဖလားပြိုင်ပွဲတွင် ဆီဗီလာဘက်သို့ နှစ်ဂိုးနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ဘေဆယ်အသင်းဘက်သို့ တစ်ဂိုးသွင်းယူထားနိုင်ခဲ့ခြင်းတို့ကြောင့် အင်ဇာဂီ၏သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်ကစားသမားဟောင်း ရာအူးလ်သည် ၁၉၉၄ မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ၃၂၃ဂိုးသွင်းယူနိုင်ခဲ့ကာ ဒီစတီဖာနိုက ၃ဝ၈ဂိုး၊ ဆန်တီလာနာက ၂၉ဝဂိုး နောက်တွင် စီရော်နယ်ဒိုက ၂၆၄ဂိုး ဖြင့် ရပ်တည်နိုင်ခဲ့ပြန်သည်။

လက်ရှိ စီရော်နယ်ဒိုပိုင်ဆိုင်ထားသည့် မှတ်တမ်းများမှာ ဂန္ထဝင်ကစားသမားများကို အမီလိုက်ရန် ပွဲများစွာ လိုအပ်နေသေးပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် ပွဲစဉ်ပေါင်း ၅၆ပွဲယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။

သွင်းဂိုးအများဆုံးဖြင့် ထိပ်ဆုံး၌ရပ်တည်နေခဲ့သူ ရာအူးလ်သည် ပွဲပေါင်း ၇၄၁ပွဲ ကစားပြီးချိန်၌ ၃၂၃ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုမှာ ၂၅၄ပွဲ ကစားပြီး ချိန်တွင် ၂၆၄ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိ ဥရောပလိဂ်ပြိုင်ပွဲများ၌ ကစားသည့်ပွဲအရေအတွက်နှင့် သွင်းဂိုးနှုန်းတွင် ထိပ်ဆုံး၌ရပ်တည်နေသူဖြစ်သည်။

ယခုနှစ် ရီးရဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့ပေါ်လစီကြောင့် မန်ယူအ သင်းသို့ ပြန်လည်ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသော စီရော်နယ်ဒိုသည် လာလီဂါသွင်းဂိုး ၁၈၆ဂိုးရယူနိုင်ခဲ့ပြီဖြစ်ကာ လာလီဂါသွင်းဂိုးအများဆုံးကစားသမား ဖြစ်ရန် ကြိုးစားရဦးမည်ဖြစ်သည်။

လက်ရှိတွင် ဇာရာက ၂၅၁ဂိုးဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒီစတီဖာနို(၂၂၇)၊ ရာအူးလ် (၂၂၈)၊ ဟူဂိုဆန်းချက်ဇ်(၂၃၄)၊ မက်ဆီ (၂၄၆)ဂိုးစီဖြင့် အစဉ်လိုက်ရပ်တည်နေခဲ့သောကြောင့် မက်ဆီမှာ ဇာရာ၏ ဂိုးသွင်း အများဆုံးစံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီး ရော်နယ်ဒိုမှာ အရေအတွက် ကွာဟနေဆဲ ပင်ဖြစ်သည်။

၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီတွင် ရီးရဲလ်အသင်းအတွက် တစ်ရာသီတည်း ၄၆ ဂိုးသွင်းယူပေးနိုင်ခဲ့သည့် စီရော်နယ်ဒိုမှာ ဘာစီလိုနာအသင်း၏ တစ်ရာသီအတွင်း ရရှိသည့် သွင်းဂိုး ၅ဝနှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်နေသည် ဟုပင် ဆိုရပေမည်။

စီရ်ာနယ်ဒိုအနေဖြင့် ဒဏ်ရာကင်းစွာဖြင့် ဆက်လက်ခြေစွမ်းပြ ကစားနိုင်မည်ဆိုပါက မကြာမီကာလအတွင်း လာလီဂါသမိုင်းတွင်ရစ်မည့် မှတ်တိုင်များကို စိုက်ထူနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။
Democracytoday‬

ဘာသာရေးအကြောင်းပြ လော်စပီကာများတားပေးပါ

လော်စပီကာတစ်လုံးနှင့် ရပ်ကွက်အတွင်း အလှူခံနေသည့် နိဗ္ဗာန်ဆော်များ (ဓာတ်ပုံ − ကျော်ဇင်သန်း)
အချိန်မတော်ထွက်ပေါ်လာတတ်သည့် ဆွမ်းလောင်းဓမ္မာရုံမှ အသံချဲ့စက်သံကို ဒေါ်မာမာအေးတစ်ယောက် အမြဲစိတ်ညစ်ရသည်။ ဆူညံသံကြောင့် လပတ်စာမေးပွဲဖြေဆိုမည့် သားဖြစ်သူ စာကြည့်လို့မရ၍ဖြစ်သည်။ ဆွမ်းပတ်ရက်များနှင့် ကလေးလပတ်စာမေးပွဲ ရက်မတိုက်ဆိုင်စေရန် ဒေါ်မာမာအေး ဆုတောင်းနေရသည်။
သူမနေအိမ်ရှေ့တည့်တည့် အမြင့် ၁၅ ပေတွင် လော်စပီကာ တပ်ဆင်ထားသောကြောင့် အခြားအိမ်နီးနားချင်းများထက် အသံချဲ့စက်ဒဏ်ကို ပိုခံစားနေရခြင်းဖြစ်သည်။ ဝါတွင်းကာလတွင် ဆွမ်းလောင်းဓမ္မာရုံက တစ်ပတ်လျှင် သုံးရက် အသံချဲ့စက်ဖွင့်သည်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဖွင့်လေ့ရှိပြီး လော်စပီကာစဖွင့်ချိန်မှာ နံနက် ၄ နာရီဖြစ်သည်။ တရားခွေများ၊ ခေတ်ဟောင်းသီချင်းများအပြင် တစ်ခါတစ်ရံ ခေတ်ပေါ်သီချင်း ဒုံးချပ်ချပ်များပင် ပါသေး၏။
အခါကြီး၊ ရက်ကြီးနေ့များအပြင် ဝါတွင်းကာလတွင် ဆွမ်းလောင်းဓမ္မာရုံများမှ တစ်ပတ်တစ်ကြိမ် ထွက်ပေါ်လာသော အသံချဲ့စက်၏ ဆူညံဒဏ်ကို ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် လူတန်းစားပေါင်းစုံနေထိုင်ကြသည့် ရန်ကုန်မြို့၏ လူနေရပ်ကွက်များ၌ ဒေါ်မာမာအေးနည်းတူ အခြားသူများလည်း ကြုံတွေ့နေရသည်။
‘‘ကလေးက တဖြည်းဖြည်း အတန်းကြီးလာပြီ။ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ လော်စပီကာရှိနေတော့ ပိုဆိုးတာပေါ့။ အသံတိုးတိုးဖွင့်ရင်တောင် ကြားနေရတာလေ။ ကလေးက စာကြည့်လို့မရဘူးလို့ ပြောတယ်။ ပထမသွားပြောကြည့်သေးတယ်။ အသံတိုးပေးဖို့၊ သူတို့က မချေမငံ ဘာသာရေးလုပ်နေတာ သိလားပုံစံပြောနေတော့ နောက်ပိုင်းသွားမပြောတော့ဘူး’’ဟု မရမ်းကုန်း (၅)ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မာမာအေးက ပြောသည်။
‘‘ကျွန်မအိမ်မှာ နယ်ကနေ အလုပ်လာလုပ်တဲ့ ရုံးဝန်ထမ်းသုံးယောက်လောက်ရှိတယ်။ နေ့ခင်းဘက်ကျတော့ အလုပ်သွားနေတဲ့သူကများတော့ ရုံးဝန်ထမ်းတွေအတွက် ကိစ္စမရှိဘူး။ ဆွမ်းပတ်နေ့ကျတဲ့ ဗုဒ္ဓဟူးနေ့မနက် ၃ နာရီ ခွဲကျော်က စဖွင့်တော့ ကလေးတွေ အိပ်ရေးမဝကြဘူး’’ဟု လှိုင်မြို့နယ် (၁၆)ရပ်ကွက် ဦးဖိုးမှန်လမ်းတွင်နေထိုင်သူ ဒေါ်ခင်စန်းက ပြောသည်။
အချိန်အခါမရှိ ဘာသာရေးအကြောင်းပြဆူညံသံများက နေ့စဉ်ဘဝရုန်းကန်နေကြရသည့် ရန်ကုန်မြို့ခံများအတွက် အကြီးမားဆုံး စိတ်အနှောင့်အယှက်တစ်ခု ဖြစ်နေသည်။ သတင်းစာဂျာနယ်များ၏ ပေးစာကဏ္ဍများမှတစ်ဆင့် (သို့မဟုတ်) လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အသံချဲ့စက်နှင့်ပတ်သက်၍ ခံစားချက်အသံများကို ထုတ်ဖော်လေ့ရှိသည်။
စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ဖြစ်ပွားသော ဓားထိုးတစ်ခုမှုမှာ အသံချဲ့စက်ပြဿနာကို အခြေခံခဲ့သည်။ အသံချဲ့စက်အသံကို လက်မခံနိုင်၍ အသံတိုးပေးရန် အချေအတင်စကားများရာမှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်တွင် ဓားထိုးမှုဖြစ်ပွားခဲ့သည်။
ဆူညံသံသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသည့် သာမန်လူတစ်ဦးကိုပင် စိတ်ရှုပ်ထွေးပြီး အကြမ်းဖက်စေနိုင်သော စိတ်လှုံ့ဆော်မှုများကို ဖြစ်ပေါ်စေသည်။ လူကောင်းပကတိ သာမန်လူကိုပင် အကြမ်းဖက်စေနိုင်သော စိတ်လှုံ့ဆော်မှုများရှိနေသောကြောင့် သွေးဆူစေသည့် ယမကာမှီဝဲသူများ၊ နာမကျန်းဖြစ်၍ စိတ်အလိုမကျသူများအဖို့ စိတ်ထိန်းချုပ်ရန် ခက်ခဲလှသည်။
‘‘ကျွန်မယောက်ျားက ဒီရပ်ကွက်ထဲမှာ ရန်လည်းမဖြစ်ဖူးဘူး။ ရပ်ကွက်က ဓမ္မာရုံလူကြီးနဲ့ ရန်ငြိုးရန်စလည်းမရှိဘူး။ သူတို့ချင်း စကားတောင် မပြောဖူးကြဘူး။ ဘယ်ကနေ ဘယ်လိုဖြစ်သွားလဲ မသိပါဘူး’’ဟု ဓားကိုင်၍ ပြန်လည်တုံ့ပြန်ခဲ့သူ ကိုသက်ဦး၏ဇနီးဖြစ်သူက ပြောပြသည်။
ဆူညံသံသည် လူ့စိတ်ကို ဖိအားဖြစ်စေပြီး ဒေါသထွက်ခြင်း၊ စိတ်အလိုမကျခြင်းတို့ဖြစ်ပေါ်တတ်ပြီး စိတ်ကြမ်းတမ်းလာကာ မယဉ်ကျေးသော အမူအရာများဖြစ်စေရန် လှုံ့ဆော်ပေးကြောင်း စိတ်ပညာရှင်များက ဆိုသည်။
‘‘မနက် ၃ နာရီလောက်မှာ ဆွမ်းချက်ဖို့ ထဖွင့်တယ်။ လုံးဝအိပ်ရေးမဝဘူး။ အိပ်ရေးမဝတော့ စိတ်မကြည်ဘူး။ အလုပ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချရတာ မကောင်းဘူး။ အမြဲတမ်းစိတ်တိုတာ၊ စိတ်ပျက်တာရှိလာတယ်’’ဟု ပြင်သစ်ဆောက်လုပ်ရေးကုမ္ပဏီတွင် အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေသူ ကိုဇေမျိုးလင်းက နေအိမ်နှင့်နီးကပ်စွာရှိနေသော ဓမ္မာရုံမှ အသံချဲ့စက်သံနှင့်ပတ်သက်၍ ရင်ဖွင့်သည်။
ဆူညံသံကို အိမ်တွင်းနှင့် အိမ်ပြင်မှလာသော အသံဟူ၍ နှစ်မျိုးခွဲခြားထားပြီး လူလက်မခံနိုင်သည့် အိမ်တွင်း၊ အိမ်ပြင် ဆူညံသံနှစ်ခုစလုံးသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည်။ ဆူညံသံကြောင့် ဖြစ်ပွားနိုင်သောရောဂါများမှာ နားအကြားအာရုံထိခိုက်ခြင်း၊ စိတ်ဖိစီးခြင်းတို့ကို ထိခိုက်စေသည်။ ထို့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါအခံရှိသူများကို ပိုထိခိုက်စေသည်။
လူနေအိမ်ခြေနှင့် ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူရှိသည့် နေရာများတွင်ရှိသင့်သည့် ဆူညံသံဟူ၍ ခွဲခြားသတ်မှတ်ထားပြီး ရှိသင့်သည့်အသံကိုလည်း နေရာဒေသအလိုက် ခွဲခြားထားသည်။
ဥပမာ စင်ကာပူနိုင်ငံတွင် လူနေအိမ်ခြေ၌ရှိရမည့် ဆူညံသံကို နံနက် ၆ နာရီမှ ည ၁၁ နာရီအထိသာ လက်ခံထားပြီး အားလပ်ရက်အချိန်များတွင် နေအိမ်ပြုပြင်ခြင်းအပါအဝင် သီချင်းကျယ်လောင်စွာဖွင့်ခွင့်ကိုပင် တားမြစ်ထားသည်။
‘‘စင်ကာပူဆိုရင် အသံချဲ့စက်မပြောနဲ့ ည ၁၁ နာရီကျော်ရင် စကားတောင် အော်ကြီးဟစ်ကျယ်ပြောလို့မရဘူး။ အားလပ်ရက်မှာ သံရိုက်တာ၊ စကူဖောက်တာကအစ လုံးဝလုပ်ခွင့်မပေးဘူး။ ဒဏ်ရိုက်တယ်’’ဟု စင်ကာပူနိုင်ငံတွင် ရှစ်နှစ်ခန့်နေထိုင်ခဲ့သူ ကိုဇေမျိုးလင်းက ပြောသည်။
မြန်မာနိုင်ငံတွင် နေအိမ်ပြင်ပအလုပ်ခွင်များမှ ထွက်ရှိလာသည့် အသံများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်အတွင်း အသံချဲ့စက်ဖွင့်ခြင်းနှင့်ဆိုင်သည့် ခွင့်ပြုချက်ကို ဒေသန္တရဥပဒေအရ ကန့်သတ်ထားပြီး ရပ်ကွက်နှင့် အုပ်ချုပ်ရေးမှူးများကို ဆုံးဖြတ်ပိုင်ခွင့်ပေးထားသည်။
ဆွမ်းလောင်းဓမ္မာရုံနှင့် အခါကြီးရက်ကြီးကာလများတွင် အသံချဲ့စက်ဖွင့်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်ယူရသည်။ ခွင့်ပြုချက်ယူမထားသူများကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အရေးယူရန် ပြဋ္ဌာန်းထားသည်။
‘‘အခုနောက်ပိုင်းတော့ အလှူခံမဏ္ဍပ်တွေရော၊ ဘာသာရေးလုပ်တဲ့ ဆွမ်းလောင်းဓမ္မာရုံတွေရော ခွင့်ပြုချက်ယူတာ ရှားလာပါတယ်။ လူကြီးတွေက နားလည်မှုနဲ့ လွှတ်ပေးလိုက်တာတွေများပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘယ်အချိန်ဖွင့်လို့ပဲ ပြောလို့ရမယ်။ ဘယ်လောက်အတိုင်းအတာအထိ ဖွင့်လို့တော့ မပြောနိုင်လောက်ဘူး။ နောက်ပိုင်း ရန်ကုန်က လူနေတာတွေများလာတော့ ဒီဥပဒေတွေလောက်နဲ့ မလုံလောက်တော့ဘူး’’ဟု ဦးဝင်းမျိုးသူက ပြောသည်။
အသံညစ်ညမ်းဖြစ်ပွားနေသည်ဟု သက်သေပြနိုင်ရန် တိုင်းတာမှ ရမည်ဖြစ်သောကြောင့် ရုတ်တရက်ထွက်ပေါ်သော ဆူညံသံများကို ပတ်ဝန်းကျင်နှောင့်ယှက်မှုဖြင့် တရားစွဲဆိုနိုင်ရန် နိုင်ငံအချို့တွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံတွင် အသံချဲ့စက်ခွင့်ပြုမိန့်ကို ဒေသန္တရဥပဒေနှင့် ထိန်းချုပ်ထားသည့်အပြင် ပတ်ဝန်းကျင်နှောင့်ယှက်မှုဖြင့် တရားစွဲဆိုနိုင်သည့်ဥပဒေရှိသော်လည်း အဆိုပါဥပဒေပြဋ္ဌာန်းပြီး နှစ်ပေါင်းဆယ်စုနှစ်ခုနစ်ခုကျော်မှ ယနေ့အချိန်ထိ ပတ်ဝန်းကျင်ဆူညံမှုကြောင့် တရားစွဲဆိုမှုမရှိခဲ့ချေ။
‘‘ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် တရားစွဲဆိုလို့ရတဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတော့ရှိတယ်။ ဒီဥပဒေက နိုင်ငံရေးသမားတွေကို တရားစွဲဖမ်းဆီးထောင်ချတာမျိုးပဲ ရှိသေးတယ်။ ပတ်ဝန်းကျင်မှာဆူညံလို့ တရားစွဲတဲ့စီရင်ထုံးတွေတော့ အခုထိမရှိသေးဘူး’’ဟု တရားရုံးချုပ်ရှေ့နေ ဦးအုန်းညွန့်က ပြောသည်။
အခါကြီးရက်ကြီးများနှင့် ဝါတွင်းကာလအချိန်များ၌ ဆွမ်းချက်ရန် ဆော်ဩသောဓလေ့က အစဉ်အဆက်ပါလာခဲ့သည့် ဘာသာရေးနှင့်ဆိုင်သော အမူအကျင့်တစ်ခုဖြစ်သည်။
‘‘ကျွန်တော်တို့က ဘာသာရေးလုပ်တာပါ။ ဆဲဆိုတာတွေ ဖွင့်တာမဟုတ်ပါဘူး။ တရားခွေလောက်ပဲဖွင့်တာပါ။ မနက်ပိုင်းကတော့ တခြားဆွမ်းလောင်းတဲ့သူတွေလည်း နိုးထရအောင် ဖွင့်တာပါ’’ဟု မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်မှ ဓမ္မာရုံဥက္ကဋ္ဌ ကိုဝင်းအောင်က ပြောသည်။
တချို့ရပ်ကွက်များတွင်မူ မိုးလင်းမိုးချုပ်အသံချဲ့စက်တစ်လုံးနှင့် မိုက်ကရိုဖုန်းတစ်လုံးကိုင်ကာ ဟောပြောဆော်ဩနေသည့် မိုက်ခဲများလည်းရှိသည်။
‘‘အစ်မတို့ ဓမ္မာရုံမှာ သွားချောင်းကြည့်တယ်။ အိမ်မှာနေလို့မရအောင်ဆူနေလို့ ရေတစ်ခွက်ရှေ့ချပြီး မိုက်နဲ့အော်နေတာ။ ကြည့်ပြီး တော်တော်အကုသိုလ်ရတယ်။ ဘာသာရေးအကြောင်းပြပြီး လူတွေကို နှိပ်စက်နေတာ’’ဟု စမ်းချောင်းမြို့နယ် မြသိန်းတန်ဓမ္မာရုံအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်မြို့ခံများ၊ အထူးသဖြင့် ဓမ္မာရုံ၊ အလှူခံမဏ္ဍပ်နှင့် ဆွမ်းလောင်းရုံများအနီးအနားတွင် နေထိုင်ကြသည့် မြို့ခံများကတော့ အလှူအတန်း ပွဲလမ်းသဘင်ပေါသည့် ဝါကျွတ်ကာလအတွက် တွေးပူနေကြပြီဖြစ်သည်။
From:7day

FHM မဂ္ဂဇင်းက ရွေးလိုက်တဲ့ sexy အဖြစ်ဆုံး ထိုင်းသရုပ်ဆောင် မော်ဒယ် ၁၀ ဦး

1 Praiya Soandokmai (Age: 25)


2 Phitchanat Sakhakon (Age: 33)


3 Bovy Atma Chewanitphan (Age: 29)


4 Sara Malakul Lane (Age: 31)


5 Rhatha Phongam (Age: 31)


6 Noey Chotika (Age: 30)


7 Gavintra Photijak (Age: 28)


8 Ameena Pinij (Age: 28)


9 Luckana Wattanawongsiri (Age: 31)


10 Chanya Tamada 

အမျိုးသမီးငါးဦးလျှင် လေးဦးမှာ အပျိုစင်မဟုတ်ဟုဆိုသည့် အပျိုစင် စစ်တမ်းနှင့် ခေတ်ဆန်းပုစ္ဆာ


မြို့ပြနေ အမျိုးသမီးငါးဦးလျှင် လေးဦးမှာ အပျိုစင်မဟုတ်ဟု စစ်တမ်းတစ်ရပ်ကထုတ်ပြန်လိုက်ပြီးနောက် ထိုသတင်းက မြန်မာအမျိုးသမီးများကြား ပွက်လောရိုက် သွားခဲ့ သည်။ မည်သို့သောအခြေအနေများက ၎င်းစစ်တမ်းထွက်ရှိရန် အထောက်အကူ ပြုခဲ့သနည်း။ မည်သူတို့ကို မေးမြန်းခဲ့သနည်း။ မည်သည့်အတွက်ကြောင့် ယင်း စစ်တမ်း ကို ကောက်ခံခဲ့ကြသနည်းဟူသည့် မေးခွန်းများက အမျိုးသမီးများတွင်သာမက အမျိုးသားများကြားတွင်ပါ ငြင်းခုံတီးတိုးဆိုစရာဖြစ်လာခဲ့သည်။အထူးသဖြင့် မိဘအုပ်ထိန်းမှုဖြင့် ကြီးပြင်းနေရဆဲ၊ လက်မထပ်မီအတူနေခြင်းကိုလက်မခံသော ယဉ်ကျေးမှုစံနှုန်းများနှင့် အပျိုစင်တန်ဖိုးကို အလေးထားနေဆဲ မြန်မာ အ မျိုးသမီးအများစုကမူ ထိုစစ်တမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြသောကြောင့်ပင်။ အသက် ၂၆ နှစ်ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြည် တွင်းဂျာနယ် တစ် ခု၏ မျက်နှာဖုံးပေါ်မှ ထိုစစ်တမ်းသတင်းကို ဖတ်ပြီးပြီးချင်း ”ဒါ စော်ကားတာ ပဲ”ဟု ဒေါသထွက်သွားဟန်ဖြင့် ခပ်တင်းတင်းပြောဆိုလိုက်သည်။

အမျိုးသမီးတို့ အဘယ်ကြောင့်လက်မခံကြသနည်း

အပျိုစင်ဟူသည့် ဝေါဟာရအပေါ်အနှစ်သာရပြည့်စေရန် စောင့်ထိန်းနေကြဆဲဖြစ်သည့်
မန်မာအမျိုးသမီးများအပေါ် ယင်းစစ်တမ်းမှာ ထိုကဲ့သို့စော်ကားရာ ရောက် သည် ဟူသည့်အခြေအနေမျိုးဖြစ် စေသည်ဟု အမျိုးသမီးအချို့က ဝေဖန်ကြသည်။ မြန်မာ့ယဉ်ကျေးမှုအရ အသက်ထက်အရှက်အား ပိုမိုအလေးထားသည့် အမျိုး သမီး များ ရှိနေဆဲဖြစ်သည့်အတွက် မြို့ပြနေအမျိုးသမီးများ အပျိုစင်ဖြစ်ရန် ခက်ခဲလာသည်ဟူသည့်အချက်က အမျိုးသမီးထုအပေါ် ဝါးလုံးရှည်နှင့်သိမ်းရမ်း သကဲ့သို့ ဖြစ်နေ သည် ဟု အသက် ၂၄ နှစ်ရှိ ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည့် မစန်း(အမည်လွှဲ)က ဆိုသည်။

ခေတ်စနစ်အရ ပွင့်လင်းလာသည့် အမျိုးသားနှင့်အမျိုးသမီးတို့ကြားမှ ဆက်ဆံရေးများ ရှိလာသော်လည်း ယင်းကဲ့သို့ လိင်မှုကိစ္စပိုင်းတွင် ပွင့်လင်းလာသည်ကိုမူ အတိုင်း အတာတစ်ခုအထိ လက်မခံနိုင်ဟုလည်း ဆိုပြန်သည်။ စစ်တမ်းအပေါ် လက်သင့်မခံရခြင်းမှာ ၎င်းပတ်ဝန်းကျင်ရှိ အမျိုးသမီးငါးဦးကို စစ်ဆေးမည်ဆိုလျှင် ငါးဦးစလုံး အပျို စင်ဟူသည့် ဝေါဟာရအပေါ် တန်ဖိုးထား စောင့်ရှောက်သူများ ဖြစ်ကြသည်ဟူသည့် အချက်ကြောင့်ဖြစ်သည်ဟုသူက ထောက်ပြသည်။

ပြောင်းလဲလာသည့် ခေတ်ရေစီး ကြောင်းပေါ်တွင် အမျိုးသားများနည်းတူ ရင်ပေါင်တန်း အလုပ်လုပ်နေရသည့်မစန်းအတွက် အမျိုးသမီးတစ်ဦးအဖြစ် ခံယူ ထားသည့် အချက်မှာ ”ဘယ်လောက်ပဲ ပွင့်လင်းတိုးတက်တဲ့ခေတ်ဖြစ်ပါစေ ငါဟာ မြန်မာအမျိုးသမီးတစ်ဦးဆိုတာမမေ့လိုက်သင့်ဘူးလို့ထင်ပါတယ်” ဟူ၍ ဖြစ်သည်။ ထို့အပြင် ရူပဗေဒဖြင့် ဘွဲ့ရထားသည့် မန္တလေးမှ မအိအိ(အမည်လွှဲ)ကမူ အမျိုးသမီးအများစုမှာ မိဘအုပ်ထိန်းမှု အောက်တွင် ရင်အုပ်မကွာရှိနေဆဲဖြစ်ပြီး မိဘနှင့်သား သမီး အကြားတွင် အထက်မှအောက်သို့ အုပ်ချုပ်သည့်ပုံစံမဟုတ်တော့ဘဲ ညှိနှိုင်းတိုင်ပင်ဆုံးမသည့် အနေအထားသို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီဖြစ်ရာ ကိုယ်ပိုင်အ သိနှင့် စဉ်းစားချင့်ချိန်နိုင်သည့် အမျိုးသမီးများမှာလည်း ဒုနှင့်ဒေး ဖြစ်သည်ဟု ဖြေဆိုသည်။

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် မစုစံကမူ အဆိုပါစစ်တမ်းမှာ လူဦးရေမည်မျှအပေါ်အခြေခံကာကောက်ယူထားသည့်စစ်တမ်းဖြစ်သလဲဆိုသည်နှင့် မည် သည့်ရည် ရွယ် ချက်ကြောင့် ယင်းစစ်တမ်းကို ကောက်ခံခဲ့ရသနည်းဟု ပြန်လည်မေးခွန်းထုတ်သည်။ ဘွဲ့ရ အမျိုးသမီးတစ်ဦးဖြစ်သည့် မခင်စန္ဒာကမူ မကြာသေးမီကပင် ထုတ်ပြန်ခဲ့သည့် လူဦးရေစစ်တမ်း၌ အမျိုးသမီးဦးရေမှာ အမျိုးသားထုထက် ပိုမိုများပြားနေသည်ဟု ပါဝင်ခဲ့ပြီး လက်ရှိတွင်လည်း သူမအပါအဝင် ရည်းစားမရှိသေးသည့် အမျိုးသမီး များ ပေါများနေဆဲဖြစ်သည့်အတွက် ယင်းစစ်တမ်းမှာ ယေဘုယျမကျဟု အရွှန်းဖောက်ကာ ဖြေကြားသည်။

ထို့ကြောင့် အမျိုးသမီးအများစုမှာ ယင်းစစ်တမ်းအပေါ် လက်သင့်မခံနိုင်ဟု ထင်နိုင်ဖွယ်ရာရှိသည်။ သို့သော် စစ်တမ်းနှင့်ပတ်သက်၍ လက်မခံခြင်းမှာ ၃ဝ ဦး လျှင် ၁၁ ဦး ခန့်သာရှိနေသည်ကို မေးမြန်းချက်များအရ တွေ့ရှိရသည်။ ဤသို့ဆိုလျှင် အမျိုးသမီးများကိုယ်တိုင်ပင် ယင်းစစ်တမ်းအပေါ် လက်ခံမှုရှိသည်ဟု ဆိုရမည်လော။ မည် သို့သောအချက်ကြောင့် လက်ခံကြသနည်း။ မေးခွန်း မေးနိုင်ဖွယ်ရှိပြန်သည်။

လက်ခံပေးပါသည်။ သို့သော် …

အမျိုးသမီးအတော်များများပင် ယင်းစစ်တမ်းမှာ ဖြစ်နိုင်ခြေရှိပြီး လက်သင့်ခံနိုင်ကြောင်းထောက်ပြမှုများလည်း တစ်ပြိုင်တည်းမှာပင် ရှိလာခဲ့သည်။ ထိုသို့လက်ခံ သည်ဟု ဆိုရခြင်းမှာ လက်ထပ်ခြင်းမပြုမီ အမျိုးသမီးများအနေဖြင့် အမျိုးသားတစ်ဦးနှင့် အတူနေထိုင်ခြင်းမှာ အပြစ်တစ်ခုမဟုတ်ကြောင်း၊ အ ရွယ်ရောက်ပြီးသည့် အမျိုးသမီးများ တွင်လည်း အမျိုးသားများနည်းတူ သွေးသားဆန္ဒရှိနိုင်သည့်အတွက် ပွင့်လင်းလာသည့် ခေတ်နှင့်အညီဖြစ်လေ့ရှိသည့် သဘော တရားများဖြစ်လာနိုင်သည်ဟု အမျိုးသမီး ထုအချင်းချင်း ထောက်ပြလာကြခြင်းဖြစ်သည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်ကာ ဆေးဝါးကျွမ်းကျင်ဖြင့် ဘွဲ့ရထားသည့် မမာမြင့် (အမည်လွှဲ)က ယခင်အချိန်များ၌လည်း အမျိုးသမီးများအိမ်ထောင်မပြုမီ အပျိုစင် ဘဝကိုပေး အပ်ခြင်းများ၊ အတူနေခြင်းကိစ္စများ ရှိနေနိုင်သော်လည်း သတင်းအချက်အလက်အားကောင်းလာသည့် ယခုခေတ်မှသာ ပိုများလာသယောင် မြင်တွေ့ လာရခြင်းဖြစ်နိုင် သည်ဟု ဆိုသည်။ ”ယဉ်ကျေးမှုအရ ဖွင့်မပြောရင်သာရှိမှာပါ၊ သဘာဝတရားက ရှိတော့ သဘာဝဟာ သဘာဝပါပဲ။ မဟုတ်ရင် အိုးချင်းထားအိုးချင်းထိ ဆိုတဲ့စကားက ဘာကြောင့် ပေါ်လာမှာလဲ”ဟု မမာမြင့်က သုံးသပ်သည်။

ထို့သို့ လက်ခံပေးသူများဘက်၌လည်း ခြွင်းချက်ဟူသည့် အခြေအနေများ ရှိနေသည်ကိုတော့ တွေ့မြင်ရသည်။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဟူသည့် စကားပုံနှင့်အညီ အမျိုးသမီးများအနေဖြင့်လည်း မိမိ၏ ဘဝ၊ အိမ်ထောင်ဖက်နှင့် ဆန္ဒသိက္ခာများအပေါ် ကိုယ်တိုင်ပိုင်းခြားဆုံးဖြတ်ခွင့် ရှိသင့်ပြီဖြစ်သည်ဟု ဆိုကြသည်။ သို့ သော် ယင်းအခြေအနေက အမျိုးသမီးတစ်ဦးတည်းအတွက်သာမက မိသားစု၊ ပတ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းပေါ် သက်ရောက်နိုင်သည့် အခြေအနေတစ်ခုမဖြစ် လာေ စရန်တော့ ထိန်းသိမ်းသင့်သည်ဟု အထက်ပါစစ်တမ်းကို လက်ခံပေးကြသည့် အမျိုးသမီးများက ထောက်ပြခြင်းဖြစ်သည်။

အချို့သော အမျိုးသမီးများမှာ ချစ်သူနှင့်အိမ်ထောင်ဖက်ကိုတစ်ဦးတည်းအ ဖြစ်ရည်ရွယ်ကာ မိမိ၏အပျိုစင်ဘဝကို ပေးအပ်တတ်ကြသော်လည်း တကယ်တမ်း ထိုချစ် သူနှင့် ဝေးကွာသွားသည့်အခါ မိမိ၏တန်ဖိုးရှိသည့် အပျိုစင်ဘဝစွန့်လွှတ်ပေးလိုက်ရသည်သာ အဖတ်တင်ကျန်ခဲ့မည်ကိုလည်း သတိပြုသင့်ကြောင်း ထောက် ပြ သည်။ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မစုစံကမူ ”အမျိုးသမီးတွေ သတိထားနေရမယ့်အချက်က မြန်မာယောက်ျားတွေဟာ အပျိုစင်ကိုမှကြိုက်တတ်ကြတယ် ဆိုတာ ပါ” ဟု ဆိုသည်။

ယင်းအချက်မှာလည်း မြန်မာအမျိုးသမီးများ ထည့်သွင်းစဉ်းစားပေးရဦးမည့် ယဉ်ကျေးမှုအခြေအနေတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ မင်္ဂလာဦးညဟူသည့် စကားအဓိပ္ပာယ် အပေါ် အကောင်အထည်ဖော်နေကြဆဲ ချစ်သူမင်္ဂလာစုံတွဲများ ရှိသကဲ့သို့ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးထား သည့်လက်မထပ်မီ အတူနေထိုင်ခြင်းဟူသည့် စကား မှာ လည်း လူငယ်ထုအကြား၊ အမျိုးသားအမျိုးသမီးတို့ကြား အထူးတလည် အဆန်းဖြစ်မနေတော့သည်ကို သတိပြုမိကြရန်လည်း လိုအပ်ပြီဖြစ်သည်။ မူးယစ်ဆေးဝါး၊ လက်တစ်ကမ်းတွင် ဝယ်ယူရရှိနိုင်နေသည့် ၁၈+ ရုပ်ရှင်များ၊ အင်တာနက်လွတ်လပ်စွာသုံးနိုင်ခြင်းနှင့် ဆက်ကျော်သက်အရွယ် လူငယ်များ၏လိင်မှုကိစ္စဆိုင်ရာ စူးစမ်းချင် စိတ်များမှာလည်း စစ်တမ်းပါထွက်ဆိုချက်အပေါ် အထောက်အပံ့ပေးနေသည်ဟုလည်း ဆိုနိုင် မည်ဖြစ်သည်။

လက်မထပ်မီအတူနေသည့် ဖြစ်ရပ်များပြားလာပါက ယင်းအယူဝါဒအပေါ် လက်ခံနိုင်မှုများပြားရန်လည်း လိုအပ်မည်ဖြစ်သည်ဟု ဆိုကြသည်။အမျိုးသမီး သတင်းသမား တစ်ဦးဖြစ်သည့် မစင်သီ(အမည်လွှဲ)ကမူ ”အရင်ခေတ်ကလို သူတို့တော့ လူပျိုမစစ်ဘဲ အပျိုမှ အပျိုလိုချင်တဲ့ ယောက်ျားဝါဒီတွေ နည်းသွားတာပေါ့” ဟု သူမ၏ အမြင်ကို ထုတ်ပြောခြင်းဖြစ်သည်။ သို့သော်လည်း စစ်တမ်းမှာ တိကျမှန်ကန်ရန် လိုအပ်နေဆဲဖြစ်သည်ဟုလည်း ဝေဖန်ကြပြီး စစ်တမ်းတွင်ပါဝင်ထားသည့် မြို့ပြနေအမျိုးသမီး ငါးဦးလျှင် လေးဦးမှာ အပျိုမဟုတ်ဟူသည့်အချက်မှာ ယေဘု ယျဆန်လွန်းသည်ဟုလည်း ပြစ်တင်ပြောဆိုကြသည်။

မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့အစည်း တည်ထောင်ရာတွင်ပါဝင်သူ ဒေါ်ရီရီမြင့်ကမူ စစ်တမ်း၏ ရာခိုင်နှုန်းပြသထားမှုမှာ များပြားလွန်းလှပြီး ကောက် ယူ သည့်နေရာ၊ လူဦးရေနှင့် အမျိုးသမီးအများစုကို လွှမ်းခြုံနိုင်ခြင်းမရှိဟု ဆိုသည်။ မြို့ပြနေအမျိုးသမီးများမှာ ကျေးလက်ဒေသနေအမျိုးသမီးတို့ထက် ပွင့်ပွင့် လင်းလင်းနေ ထိုင်မှုရှိသော်လည်း လက်ရှိတွင် မြန်မာ့ယဉ်ကျေးမှုဟူသည့် အထိန်းအကွပ်ရှိသေးသည့်အတွက် စစ်တမ်း၌ ပြောထားသကဲ့သို့ အများစုဟူသည့်အနေ အထားမျိုးမရှိနိုင် ဟုလည်း ပြောကြားသည်။ ”နောက်ရာစုနှစ်တွေဆိုရင်တော့ တခြားနိုင်ငံတွေလို ဖြစ်လာမလားဆိုတာ မပြောနိုင်တဲ့အခြေအနေတစ်ခုပေါ့။ ဒါပေမဲ့လည်း ဂုဏ်သိက္ခာထိန်း သိမ်းမှုတွေ ဆိုတာတော့ အမျိုးသမီးတွေမှာ ရှိနေကြတုန်းပါပဲ”ဟု ၎င်းက ဆိုသည်။

အမျိုးသမီးနှင့်အပျိုစင်ဘဝ

အထက်ပါစစ်တမ်းအပေါ် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမျိုးသမီးမှန်လျှင် အနည်းနှင့်အများ အပျိုစင်ဘဝအား ထိန်းသိမ်းစောင့်ရှောက်တတ် ကြစမြဲဖြစ် သည်ဟု အမျိုးသမီးများကဆို ကြသည်။ ဗိုင်းကောင်းကျောက်ဖိဟူသည့် စကားနှင့်အညီနေထိုင်ခဲ့ကြသည့် မြန်မာအမျိုးသမီးများ ဘဝမှစတင်ကာ ယခုအ မျိုးသားများနှင့် တန်းတူအလုပ်လုပ်ကိုင်နေနိုင်သည့် ပွင့်လင်းမြင်သာခေတ်၌ပင် အပျိုစင်ဟူသည့် စကားရပ်အပေါ်တန်ဖိုး ထားမှုများရှိဆဲဖြစ်ကြောင်း အမျိုးသမီးအများစု ကို မေးမြန်းခြ င်းဖြင့်သိရသည်။

အမျိုးသမီးအချင်းချင်းကြား၌ပင် ‘နင်အပျိုရောစစ်သေးရဲ့လား’ဟု မေးလိုက်ပါက ‘အင်း’ဟူသည့်အဖြေကို ရဲဝံ့စွာဖြေကြားလိုဆဲဖြစ်သည့် အမျိုးသမီးများရှိဆဲ ဖြစ်ကြောင်း ကို ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည့် မစန်းက သူမ အတွေ့အကြုံအရ ပြောပြသည်။ ”ကိုယ်က အပျိုမဟုတ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုတော့ မရှိ နိုင်တော့ ဘူးလို့ထင်တယ်”ဟု ၎င်းကဆိုသည်။ ထို့အပြင် အမျိုးသမီးများ မိမိ၏အပျိုစင်ဘဝကိုထိန်းသိမ်းခြင်းမှာ အကျိုးကျေးဇူးကြီးကြီးမား မားရရှိသည် ဟူသည့် အနေအထားမှ တန်ဖိုးမဟုတ်သော်လည်း ရိုးရာတစ်ခုကဲ့သို့ဖြစ်နေသည့် ဓလေ့အရ လိုက်နာခြင်းမျိုး ဖြစ်လာသည်ဟုလည်း ဆိုကြသည်။

အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည့် မစင်သီကတော့ ”ဘာရယ်ညာ ရယ်တော့မဟုတ်ပါဘူး။ အနည်းဆုံး ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့အဖြစ်တော့ အေးတာ ပေါ့”ဟူ၍ ရယ်ကျဲကျဲဖြင့်ဆိုသည်။ သို့သော် ထပ်မံစဉ်းစားကြည့်မည်ဆိုလျှင် အမျိုးသမီးများလက်မထပ်မီ အပျိုစင်ဖြစ်ခြင်းမှာ အမျိုးသမီးထုအကြားဂုဏ် ယူဖွယ်ရာကိစ္စရပ် ဆိုခြင်း ထက် အမျိုးသားများအတွက်ဟုဆိုလျှင် လက်ခံနိုင်စရာရှိမည်လော။ သို့တည်းမဟုတ် အငြင်းပွားဖွယ်နိုင်ရာ ရှိမည်လော။

အမျိုးသားများနှင့် ၎င်းတို့လက်တွဲဖော်၏ အပျိုစင်ဘဝ

ရန်ကုန်မြို့လယ်ကောင်ရှိ ဟိုတယ်တစ်ခုတွင် စီမံခန့်ခွဲရေးရာ ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၃ နှစ်အရွယ် မလဲ့ရည်(အမည်လွှဲ)ကမူ သူမဘဝ၌ တက္ကသိုလ်ကျောင်းသူဘဝ၌ မိမိ၏ချစ်သူဖြင့် တစ်ကြိမ်တစ်ခါ ငြိစွန်းဖူးခြင်းရှိခဲ့သည်ဟု ဖွင့်ဟသည်။ သို့သော် အခြေအနေတစ်ခုကြောင့် အဆိုပါအမျိုးသားနှင့် လက် ထပ်ခြင်းမရှိခဲ့ဟုသိရသည်။ ကျောင်းသားဘဝဖြစ်သည့်အပြင် ဘဝနေထိုင်ရေး၊ လူနေမှုအဆင့်အတန်းအရ ကောင်းမွန်စွာလုပ်ဆောင် နိုင်သေးခြင်းမရှိသည့်အတွက် အဆို ပါအမျိုးသားနှင့်လမ်းခွဲခဲ့သည်ဟုလည်း ဆိုသည်။

”ကျွန်မအတွက် ဒီကိစ္စဟာအိပ်မက်ဆိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မသူနဲ့မှားမိလို့သူနဲ့သာ ယူခဲ့ရမယ်ဆိုရင် အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ ဘဝအ ခက်အခဲရှိလာ လိမ့်မယ်။ ဒါကြောင့် အပျိုဆိုတဲ့ဂုဏ်ကို ခဏမေ့ထားပြီး ကျွန်မ ရှင်သန်ခဲ့တယ်။ ခုတော့ အဲ့ဒီအခြေအနေဟာ အိပ်မက်ဆိုးကနေ ကျွန်မကို ဘယ်လို လုပ်ကိုင်သင့် တယ်ဆို တာကို လမ်းညွှန်ပေးနိုင်တဲ့ အကောင်းဆုံးသော သာဓကတစ်ခုလိုပါပဲ”ဟု မလဲ့ရည်က သူမဘဝကို ဖွင့်ဟပြောဆိုသည်။လက်ရှိတွင်တော့ ဝင်ငွေကောင်းကာ သူမအပေါ် ချစ်ခင်စုံမက်သည့် အမျိုးသားတစ်ဦးနှင့် မကြာမီ လက်ထပ်တော့မည်လည်းဖြစ်သည်ဟု သူမကဆိုသည်။

”အချစ်ကိုဦးစားပေးပြီး အခြေအနေအရ သူ့ကိုပဲရွေးချယ်ခဲ့မယ်ဆို ဘဝဟာဒုက္ခရောက်တော့မှာလေ။ အမျိုးသမီးတွေမှာလည်း ရွေးချယ်ခွင့်တော့ ရှိရမယ်။ ယောက်ျားတွေ ဘက်ကတော့ ဒါကိုမျှတစွာနားလည်ပေးဖို့လိုတယ်”ဟု မလဲ့ရည်က ပြောသည်။ သူမအတွက်တော့ ယခုလက်ထပ်မည့် အမျိုးသားနှင့် သူမအကြား နားလည်မှုများစွာရှိပြီး သူမ၏ပကတိဘဝကိုလည်း သိနှင့်ပြီးဖြစ်သည်ဟု သူက ဖွင့်ဟသည်။ အမျိုးသားများဘက်တွင်ရော အမှန်တကယ်ပင် ထိုသို့ကိစ္စများရှိနေသည့် အမျိုးသမီးများအပေါ် လက်ခံမှုပေးနိုင်ဦးမည်လား။ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်ရှိ ကိုကျော်စွာ (အမည်လွှဲ)က ချစ်မိသည့် အမျိုးသမီးမှာ အပျိုစင်မ ဟုတ် မှန်း သိ ခဲ့ရပါက နှမြောမိမည်ဟုဆိုသည်။

အမျိုးသားတစ်ဦးဖြစ်သည့်အတွက် အမျိုးသမီးများနှင့် ဆက်ဆံရာတွင်ပွင့်လင်းသည့် အနေအထားတစ်ခုရှိသော်လည်း လက်မထပ်မီအတူနေခြင်းကိစ္စကိုမူ မနှစ် မြို့ဟု ဝန်ခံသည်။ ကိုယ်တိုင်က လိင်မှုကိစ္စပိုင်းတွင်ပွင့်လင်းလိုသော်လည်း မိမိနှင့် လက်တွဲမည့်အမျိုးသမီးကိုမူ ယင်းကိစ္စများနှင့် ပတ်သက်မှုမရှိဖူးသည့် သူဖြစ်စေလို သည် ဟုလည်း ဆိုပြန်သည်။ အမျိုးသမီးများ အပျိုစင်ဖြစ်မှု၊ မဖြစ်မှုအပေါ် ၎င်းက ”သူများသုံးပြီးသားကို သုံးရတာနဲ့ အသစ်သုံးရတာက မတူဘူးလေ။ ခံစား ချက်ကြောင့်ပေါ့။ သက်မဲ့ဆိုရင်တောင် ခံစားရတာသက်ရှိဖြစ်တော့ ခံစားချက်ပိုပြင်းထန်တာပေါ့”ဟုဆိုသည်။

အမျိုးသားအများစုမှာလည်း ၎င်း၏ ခံစားချက်အတိုင်းပင်ဖြစ်လိမ့်မည်ဟု သူက မှတ်ချက်ပေးသည်။ မန္တလေးတွင်နေထိုင်သည့် မအိအိကမူ အိမ်ထောင်မကျမီ အ တူေ နခြင်းကြောင့် မိမိ၏အိမ်ထောင်ဘက်မှာ အိမ်ထောင်သက်တစ်လျှောက်လုံး ယင်းအချက်ပေါ်တွင် နင်းကာအထင်အမြင်သေးခြင်း မှာ ဖြစ်လာနိုင်ခြေရှိ သည် ဟု လည်း ထောက်ပြသည်။ ထို့အပြင် အမျိုးသမီးအနေဖြင့် စဉ်းစားပါကလည်း မိမိပင်လျှင် အခြားအမျိုးသားတစ်ဦးအား အပျိုစင်ဘဝကိုပေးအပ်ခဲ့ဖူးခြင်းဖြစ်ရာ မိမိ၏ အိမ်ေ ထာင်ဖက် အ မျိုးသားမှာလည်း အခြားသောမိန်းမတစ်ဦး၏ အပျိုစင်ဘဝကို ရယူဖူးလိမ့်မည်ဟူသည့် အတွေးများ ဝင်လာနိုင်ခြေရှိသည်ဟုလည်း ဆိုသည်။ မည်သို့ ပင် ဆိုစေ အဆိုပါအခြေအနေပေါ် အလုံးစုံနားလည်မှုမပေးနိုင်သေးသည့် မြန်မာ့ယဉ်ကျေးမှုအရ အိမ်ထောင်ရေးအဖုအထစ်များသာ ဖြစ်လာနိုင်ခြေရှိမည်ဟု ဆိုသည်။ အ ထက် တန်းပြ ဆရာမတစ်ဦးဖြစ်သည့်အသက် ၂၇ နှစ်အရွယ် မသက် (အမည်လွှဲ)ကမူ ”ချစ်သူဘဝမှာ ဘယ်လိုအခြေအနေပဲ ရှိခဲ့ကြပါစေ အိမ်ထောင်ဘက် ရှိလာ ရင်ေ တာ့ သူ့အပေါ်မှာ သစ္စာရှိသွားမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်” ဟူ၍သာ။

အချုပ်အားဖြင့်ဆိုရလျှင် စစ်တမ်း နှင့်ပတ်သက်၍သာမက အပျိုစင်ဘဝထိန်းသိမ်းမှု၊ ယဉ်ကျေးမှု၊ အုပ်ထိန်းမှု၊ စရိုက်လက္ခဏာများအပေါ်မူတည်သည့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံယူချက်များသည် ထိုအမျိုးသမီးများ၏ တစ်ကိုယ်ရည်ဘဝရပ်တည်မှု နှင့်သာသက်ဆိုင်လာမည်ဖြစ်သည်။ ၂၁ ရာစုနှောင်းပိုင်းတွင် ပွင့် လင်းမှုအားကောင်းလာခြင်း၏ တစ်ဖက်၌ အကောင်းအဆိုး ဒွန်တွဲနေမည်ကို ကမ္ဘာပေါ်ရှိလူသားအားလုံး သိရှိပြီးဖြစ်ပေလိမ့်မည်။ အဖြေမျိုးစုံ ထွက်ရှိနေဆဲဖြစ်သည့် ကျား/မ သဘာဝဆိုင်ရာ မေးခွန်းများ၊ အချက်အ လက်များမှာ ထိခိုက်ရှလွယ်သည့်သဘော တရားများလည်း ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ယင်းစစ်တမ်းမှာ မည်သို့သော ရည်ရွယ်ချက်ဖြင့်ထုတ်ပြန်သည်ဆိုခြင်းက ပို၍ စိတ်ဝင်စားဖွယ်ရာဖြစ်လာပေလိမ့်မည်။ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်ရှိ အမျိုးသမီးဦးရေ စုစုပေါင်း ၄၅ ဦးကို လိုက်လံစစ်တမ်းကောက်ခံရာမှ ရရှိလာခဲ့သည်ဟူသော အဆိုပါစစ်တမ်းက မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ပြနေအမျိုးသမီးမည်မျှကို ကိုယ်စားပြုနိုင်ပါမည်နည်း။ ယင်းအချက်သည် အထက်ပါအဖြေများထက် ပိုမိုအဓိပ္ပာယ်ပြည့်စုံမည်ဖြစ်သည်။ သုတေသနလုပ်ငန်းစဉ်တစ်ခု (သို့မဟုတ်) စစ်တမ်းတစ် ရပ် မှာ အနည်းဆုံးလူဦးရေ ၅ဝဝ ခန့်ပါဝင်ရမည်ဟု Myanmar Survey Research မှသိရသည်။

သို့မှသာ သုတေသနစစ်တမ်းတစ်ခု၏အနှစ်သာရနှင့် ပြည့်စုံပြီး စစ်တမ်းကောက်ခံရာတွင်လည်း အမျိုးသမီးများအားတိကျစွာ အမျိုးအစားခွဲခြားခြင်း (ဥပမာ- လူမှုအခြေ အနေ၊ စီးပွားရေး၊ ပညာရေး)၊ အသက်အပိုင်းအခြား ခွဲခြားခြင်းတို့ကို အနည်းဆုံး ပြုလုပ်သင့်သည်ဟုလည်း သိရသည်။သုတေသနအယ်ဒီတာအဖြစ် လုပ် ကိုင်နေဆဲဖြစ် သည့် ဦးလင်းမာန်အောင်ကမူ စစ်တမ်းထုတ်ပြန်ရာတွင်လည်း ရည်ရွယ်ချက်အား တစ်ပါတည်းထည့်သွင်း ပြောကြားသင့်သည်ဟုထောက်ပြသည်။

”လိင်ပိုင်းဆိုင်ရာ အသိပညာအတွက်လား၊ အတူနေကိစ္စတွေမှာ အသိပညာဘယ်လောက်ရှိသလဲ စသဖြင့် ပြောပြရမယ်။ ဘာကြောင့်ဒီစစ်တမ်းကိုလုပ်ရလဲပေါ့။ လူလေး ငါးဆယ်နဲ့ စစ်တမ်းလုပ်တာဆိုရင်တော့ ဆောရီးပဲ”ဟု ၎င်းကလုပ် သက်အတွေ့အကြုံအရ စစ်တမ်းတစ်ခု၏ စံနှုန်းများကို ပြောပြသည်။ ရာခိုင်နှုန်းတွက်ချက်ရာ တွင် လည်း ဆင်းရဲသား၊ အလယ်အလတ်တန်းစားနှင့် အထက်တန်းစားစသဖြင့် ခွဲခြားပြီး ယင်းအလွှာအလိုက်ရာခိုင်နှုန်းပြန်လည်ခွဲခြား သင့်သည်ဟုသိရသည်။ အဆုံး သတ်မှ သာ အားလုံးစုစုပေါင်း၏ မည်မျှရာခိုင်နှုန်းမှာမူ အပျိုစင်မဟုတ်ဟူသည့်အချက်ကိုထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။”အဲ့ဒီတော့ပြောရရင် ဒီစစ်တမ်းဟာ တစ်နိုင်ငံလုံး ကို ကိုယ်စားမပြုပါဘူး”ဟု ဦးလင်းမာန်အောင်က ပြတ်သားစွာ မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးများ အပျိုစင်စစ်စစ်ဖြစ်ရန် မည်မျှအရေးကြီးနေပြီနည်း။ ထိုအပျိုစင်ဖြစ်မှုမှာ အမျိုးသမီးတို့၏ ဘဝအပေါ်မည်မျှ လွှမ်းမိုးပေးနိုင်မည် နည်း။ ထိုနည်းတူစွာပင် အမျိုးသားများအတွက် အိမ်ထောင်ဖက်အမျိုးသမီးတို့၏ အပျိုစင်ဖြစ်မှုဟူသည်ကား အဘယ်နည်း။ ယင်းမေးခွန်းများကိုမေးမြန်းမိပါက အ ပြစ်ပြော ဖွယ်ရာ၊ ထောက်ပြဖွယ်ရာ၊ အငြင်းပွားဖွယ်ရာ အဖြေမျိုးစုံထွက်ကျလာနိုင်သည်။ မဂ္ဂဇင်းတိုက်တစ်ခုတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေသည့် အသက်သုံးဆယ့် ငါးနှစ် အရွယ် မအေးအေး(အမည်လွှဲ)ကမူ ”မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင်တော့ စစ်တမ်းကပြောထားတဲ့ အချက်ကိုလုံးဝလက်မခံချင်ပါဘူး။ အဲ့ဒီ လိုပြတ် သားဖို့ အတွက်ဆိုတာလည်း ကျွန်မတို့မိန်းမသားတွေကအဓိကပဲ” ဟူ၍သာ ဖြစ်သည်။

သုတလင်း၊ မြတ်စုငြိမ်း
From: Popular

ဓမ္မစေတီခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ဆယ်မဲ့လူ ထပ်ပေါ်လာပြန်ပြီ

ရွှေအုန်းပင်ဦးဝင်းမြင့်က ဓမ္မစေတီခေါင်းလောင်းကြီးကို ၎င်းကိုယ်တိုင် ဆယ်ယူမည်ဟု စက်တင်ဘာ ၂၅ ရက်၊ ပဲခူးမြို့ရှိ ၎င်းပိုင်ဆိုင်သည့် ရွှေအုန်းပင် ထမင်းဆိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုလိုက်သည်။ 

ဦးဝင်းမြင့်က ပထမဆုံးအနေနှင့် ကျပ်သိန်းတစ်ထောင်နှင့် စတင်တူးဖော်မည်ဟု ဆိုပြီး ယခုတစ်ပတ်အတွင်း တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့သို့ စာတင်သွားမည် ဖြစ်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းတူးဖော်သွားမည်ဟု ဆိုသည်။ 

ယခုတစ်ကြိမ်တူးဖော်မှုတွင် မြန်မာ့နည်းမြန်မာ့ဟန်များဖြင့်သာ တူးဖော်မည် မဟုတ်ဘဲ သိပ္ပံနည်းကျ စူးစမ်းလေ့လာ၍ တူးဖော်သွားမည်ဟု ဦးဝင်းမြင့်က ဆိုသည်။ 

ယခင်က ဦးစံလင်းတူးဖော်ရာတွင် ပွင့်လင်းမြင်သာသည့် သတင်း ထုတ်ပြန်မှုမရှိခဲ့ဘဲ ဦးဝင်းမြင့်ကမူ ၎င်းတူးဖော်နေစဉ် နေ့စဉ် သတင်းထုတ်ပြန် သွားမည်ဟုဆိုသည်။ 

ဦးဝင်းမြင့်သည် ဦးစံလင်းခေါင်းဆောင်သည့် ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုတွင် အဓိက အလှူငွေပံ့ပိုးခဲ့သူဖြစ်သည်။

Mizzima

ပုရိသတို့ အသည်းဆွဲ မိတ်ကပ်မထက် လိင် ပြောင်းဖို့နဲ့ အသံပြောင်းဖို့အတွက် တစ်နှစ်လောက် အချိန်ယူနေပါတယ်ဟုဆို

ခုလက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်ကျော်ကြားနေတဲ့ အလှဖန်တီးတွေ မနည်းမနောပါပဲ။ အဲ့ဒီလို မိတ်ကပ်ပညာရှင်တွေထဲမှာ ဒီဇိုင်းဆွဲခြင်း အတတ်ပညာကို ၀ါသနာကြီးခဲ့ပေမဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်မလာပဲ မိတ်ကပ် artist တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားလာသူ၊ she male တစ်ယောက်ဖြစ်ပေမယ့် လှပတဲ့ ဘော်ဒီ၊ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးကြောင့် အမျိုးသမီးတွေ ကတောင် ပြန်အားကျနေရသူ၊ လက်ရှိမှာ ၀ါသနာအရ ဖိုတို ကြော်ငြာ ရိုက်ကူးခြင်းတွေကို တွဲဖက်လုပ်ကိုင်လာတဲ့ မထက် ( pop soul) နဲ့ တွေ့ဆုံဖြစ်တဲ့အခါမှာတော့


ခုနောက်ပိုင်း မဂ္ဂဇင်း တော်တော်များများမှာ မထက်ပုံလေးတွေ တွေ့လာရတယ်။ ကြော်ငြာအချို့မှာ မြင်တွေ့လာရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။


မထက်က နဂိုကတည်းက ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်။ Modelling ကို အရင်ကတည်းက ၀ါသနာပါတယ်။ မဖြစ်နိုင်လို့သာ မလုပ်ခဲ့တာပေါ့။ ဒါပေမဲ့လဲ ဓာတ်ပုံလေးတွေရိုက်ပြီးရင် fb ပေါ်တင်တယ်။ ကိုယ့်ပုံလေးတွေကို သူငယ်ချင်း ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖြစ်တယ်။ အလှဓာတ်ပုံတွေလေးတွေ ဆိုရင် မထက် ရဲ့ သူငယ်ချင်းတွေကြိုက်ကြတယ်။ အားပေးတယ်။ အဲ့ဒီကနေတစ်ဆင့် ဆိုင်ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ အခုကုပ်အင်္ကျီဆိုင် တစ်ခုရိုက်တယ်။ နောက်တစ်ခု ထပ်ရိုက်ဖို့လဲ အစီအစဉ်ရှိတယ်။ နိုင်ငံခြားက အထည်သစ်တွေဝင်ရင်လဲ ထပ်ရိုက်ပေးဖို့ရှိတယ်။ အဓိကက ပရော်ဖက်ရှင်နယ် ဘ၀ရပ်တည်မှုအရတော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်မူရင်းအလုပ်ပဲ လုပ်မှာပါ။ မဂ္ဂဇင်းတွေမှာပါဖြစ်တာကတော့ တခြားမဂ္ဂဇင်းတွေမှာ ပါတဲ့ ပုံလေးတွေကို မြင်ပြီး ထပ်ရိုက်ကြတာပေါ့နော်။ ဖက်ရှင်နဲ့မိတ်ကပ် artist နဲ့ကို တွဲပြီး အင်တာဗျူးလုပ်ရင်း ရိုက်ဖြစ်တာပေါ့နော်။


ခုလိုအနေအထား ရောက်လာပြီဆိုတော့ ကံအကျိုးပေးအရ ကံစပ်မယ်ဆိုရင်ရော ဆက်လုပ်ဖြစ်မလား ၊ ဒီအလုပ်နဲ့ရပ်တည်ဖြစ်မလား။


ဒါကလေ ကြိုပြောလို့တော့မရဘူး။ မြန်မာပြည် အခြေအနေနဲ့ကျတော့ ခက်ခဲတယ်လေ။ နိုင်ငံခြားမှာက လွယ်တယ်။ ယိုးဒယားမှာဆို ရှိတယ်လေ။ ဒီလိုမျိုး မော်ဒယ်လ်ရှိတယ်။ မင်းသမီးရှိတယ်။ မထက်တို့ကျတော့ မပြည့်စုံသေးဘူး။ ပြင်ဆင်မှုတွေ အများကြီးလိုအပ်သေးတယ်။ ပရိသတ်လက်ခံဖို့လဲ အများကြီးလိုအပ်တယ်။ ကိုယ်ကတော့ ဒီလိုလုပ်နေရတာလေးကို ပျော်တာပေါ့နော်။


တခြားမိတ်ကပ် artist တွေနဲ့မတူပဲ မထက်ကို မိန်းမအရမ်းဆန်တယ်လို့သုံးသပ်ကြတဲ့ သုံးသပ်မှုအပေါ် ပြောပြပေးပါဦး။


မထက်က တူပါစေဆိုပြီး စီစဉ်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်က မိန်းကလေးဖြစ်ချင်တာလေ။ အဲ့ဒီတော့မိန်းကလေးတွေ ဘာလုပ်လဲဆိုတာကိုကြည့်တယ်။ မိန်းကလေးတွေရဲ့ နေတာထိုင်တာ သွားတာလာတာကအစ ကြည့်တယ်။ ကိုယ်က အခြောက်ဖြစ်ချင်တာ မဟုတ်ဘူး။ မိန်းမဖြစ်ချင်တာလေ။ အဲ့ဒီမှာ အခြောက်ကို အတုမယူဘူး။ မိန်းမတွေကိုပဲ အတုယူတယ်။ အဲ့မှာ ကွာမယ်ထင်တယ်။ တတ်နိုင်သမျှတော့ မိန်းမလျာဆန်သော အခြောက်ဆန်သော အကြောင်းအရာတွေကို လျော့တယ်။ ငါတို့မိန်းမလျာတွေ ဘာလုပ်လေ့ရှိလဲ။ ဘေးက သူငယ်ချင်း အပေါင်းအသင်း အသိုင်းအ၀ိုင်းနဲ့လဲ ဆိုင်ပါလိမ့်မယ်။ ဟယ်ဘာလို့အဲ့လိုကြီး ပြောနေတာလဲ။ အဲ့ဒါ အခြောက်ကြီးနဲ့တူတယ်လို့ ပြောတဲ့ခါမျိုးတွေကျတော့ ထိန်းလိုက်တာပေါ့နော်။ ထိန်းထိန်းသိမ်းသိမ်းလေး နေတတ်လာတယ်။ မိဘကလဲ မကြိုက်တဲ့ခါကျတော့ ထိန်းထိန်း သိမ်းသိမ်းလေး ပြောတာဆိုတာကအစ ချုပ်တည်းနေလိုက်တဲ့ခါမှာ မိန်းမပိုဆန်လာတယ်။ သွားတာလာတာနေတာထိုင်တာအစ မိန်းမနဲ့ပိုတူလာတယ်။


အရင်က ထင်ပေါ်ကျော်ကြားခဲ့တဲ့ မိတ်ကပ် artist တွေထဲမှာ မထက်လိုမျိုး ကြော်ငြာတွေ ဘာတွေရိုက်ရတာမျိုး မရှိတဲ့အပေါ် မှာရော ဘယ်လိုသုံးသပ်မိလဲ။


အဲ့လို ဖြစ်ပါစေဆိုပြီးလုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ်ကနဂိုကတည်းက စူပါမော်ဒယ်နဲ့သွားတာမျိုး၊ မင်းသမီးနဲ့သွားတာမျိုး ၊နိုင်ငံခြားက ပရော်ဖက်ရှင်နယ်မော်ဒယ်တွေရဲ့ ပုံစံကိုလိုက်ကြည့်တာမျိုး ဒီလိုပဲ သူတို့လုပ်တာကိုင်တာလေး၊ ဓာတ်ပုံဆရာနဲ့ ဘယ်လိုအပေးအယူလုပ်လဲ ဆိုတာလေးကို လိုက်ကြည့်ထားတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ဘယ်တော့မှ မသတ်မှတ်ခဲ့ဘူး။ လေ့လာတဲ့ အခါကျတော့ ကိုယ်တကယ် ကင်မရာရှေ့ရောက်တဲ့ခါမှာ နေတတ်ထိုင်တတ်သွားတယ်။ အကြည့်၊ မျက်လုံး၊ အနေအထားလေးတွေ ကိုယ်သိလာတယ်။ သိသွားတဲ့ခါကျတော့ ကိုယ်ကိုတိုင် ရိုက်တဲ့ခါမှာ အဆင်ပြေသွားတာပေါ့။


မထက်က ခုလိုလမ်းစဖောက်ပြီး ဒီလမ်းကို လျှောက်ခဲ့တဲ့အတွက် နောက်တက်လာမယ့် she male တွေတွက်ရော မထက်ကရှေ့ဆောင်လမ်းပြအနေနဲ့ လမ်းစတစ်ခုဖြစ်လာနိုင်မလား။


မထက်က ဦးဆောင်လမ်းပြအနေနဲ့သွားတာရယ်တော့ မဟုတ်ဘူးပေါ့။ မထက်ဆို မထက်ရဲ့ Role model အနေနဲ့ထားထားတာဆို ခင်စန်းဝင်း။ သူဟာတကယ့်ကို အိနြေ္ဒသိက္ခာရှိစွာနဲ့ သွားလာ လှုပ်ရှားတယ်။ အဲ့ဒါကို မထက်နည်းယူတယ်။ နောက်မိုးကုပ်ပေါက်ပေါက်ဆိုလဲ မထက် အရမ်းသဘောကျတယ်။ သူ့ရဲ့ဖက်ရှင်တွေ၊ သူ့ရဲ့နေပုံထိုင်ပုံတွေ ပြောဆိုမှုတွေ အရမ်းသဘောကျတယ်။ သူတို့နှစ်ယောက်ကို မထက် အမြဲတမ်းနည်းနာယူတယ်။ ငါ့အလှည့်ကျရင်လဲ လူတိုင်း လက်ခံလေးစားတဲ့ မိန်းမလျာတစ်ယောက်ဖြစ်စေရမယ်ဆိုတဲ့ စိတ်ကို အမြဲထည့်ထားတယ်။ သူများရွံ့စရာဖြစ်စေတဲ့ မိန်းမလျာတစ်ယောက်ရဲ့ဘ၀ထက်စာရင် သူများ လေးစားအားကျတဲ့ မိန်းမလျာဘ၀ကို ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ မထက်ကိုယ့်ကိုကိုယ် အမြဲဆင်ခြင်တယ်။ ဆင်ခြင်ရင်းနဲ့သူများလက်ခံလာတယ်။ မော်ဒယ်လ်ဖြစ်ချင်တဲ့ စိတ်လဲမရှိဘူး။ ဓာတ်ပုံကို ၀ါသနာပါလို့ရိုက်ရင်းနဲ့ခုလိုဖြစ်လာတာပေါ့။ ကိုယ့်နောက်က တက်လာမဲ့သူတွေကိုလဲ ကိုယ်ဟာ မိန်းကလေးနဲ့တူချင်တာလား။ အခြောက်ဖြစ်ချင်တာလားဆိုတာ ခွဲခွဲခြားခြား သိအောင်လုပ်ရမယ်။ အပေါင်းအသင်း၊ အပြုအမူ၊ အပြောအဆိုလေးတွေကအစ ဆင်ခြင်သင့်တယ်။


ခုလက်ရှိ အခြောက်လောကအကြောင်းကိုလည်း ပြောပြပေးပါဦး။ သူတို့တွေက မိန်းမဖြစ်ချင်တာလား၊ အခြောက်ပုံစံနဲ့ နေချင်ကြတာလား။


အခြောက်ဖြစ်ချင်ကြတာများမယ်။ ယောက်ယတ်တွေခတ်မယ်။ မထက်တို့လဲ မဖြစ်ချင်ဘူးပေါ့။ သွက်သွက်လက်လက်နဲ့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း နေလိုက်ချင်တာတို့၊ ပြောလိုက်ချင်တာတို့၊ ရှိတယ်။ ဒါပေမဲ့ ဒီမိန်းမလျာဆိုတဲ့ အသိုင်းအ၀ိုင်းကို လူတွေဘာကြောင့် မုန်းတာလဲဆိုပြီး ပြန်လည် တွေးခေါ်ကြည့်လိုက်တဲ့ခါမှာ မိန်းမလျာတွေက လွတ်လပ်မှုကို အရမ်းကိုခုံမင်ခြင်း၊ သွက်လက်ခြင်း ၊ အရှိကို အရှိတိုင်း အမြင်ကို အမြင်တိုင်းပြောလေ့ရှိခြင်း၊ လွတ်လပ်စွာနေထိုင်ခြင်းကြောင့် လူတွေက အရမ်းမုန်းတီးလာကြတယ်။ ဒီအဆင့်အတန်းကို အရမ်းကို ခွဲခြားပစ်လိုက်တယ်။ အဲ့ဒါတွေကို ကိုယ်က တတ်နိုင်သမျှလျော့သွားအောင် ဆင်ခြင်စေချင်တယ်။ အဲ့လိုဆိုရင် လူလူချင်း လူရာသွင်းလာမယ်။ လူလို့မြင်လာလိမ့်မယ်လို့ ထင်ပါတယ်။ အရင်ထက်စာရင် အားပေးလေးစားပြီး လက်ခံလာတဲ့ လူတန်းစားတွေ အရမ်းများလာတဲ့ခါ အရမ်းဝမ်းသာတယ်။ အဲ့ဒီတွက် ကိုယ့်ရဲ့ဆန္ဒနဲ့သိက္ခာတွေကို တတ်နိုင်သမျှပိုပြီး ထိန်းသိမ်းဖြစ်တယ်။ အဲ့ဒီမှာ လူရာဝင်လာတယ်။ အဲ့ဒါကြောင့်နောက်တက်လာမယ့် ကလေးတွေ ဒါ တွေကို နည်းနာယူသင့်တယ်လို့ထင်ပါတယ်။


မထက်က အင်တာဗျူး ဖြေတဲ့ခါ လျှို့ဝှက်ထိန်ချန်ထားခြင်းမရှိဘူးပေါ့နော်။ အဲ့ဒါလေးနဲ့ပတ်သတ်ပြီးတော့လဲပြောပြပေးပါဦး။


မထက်က ဘယ်အကြောင်းအရာမဆို လျှို့ဝှက်စွာမနေဘူး။ လျှို့ဝှက်စွာနေရာတာကို မထက်အရမ်းမုန်းတယ်။ မထက်ယောက်ျားလိုနေခဲ့တဲ့ တစ်လျှောက်လုံးလဲ ကိုယ့်ကိုကိုယ် gay တစ်ယောက်ဆိုပြီး သူများရွံရှာ မုန်းတီးမှာစိုးလို့တတ်နိုင်သမျှကို မထက်ထိန်းထိန်းသိမ်းသိမ်းနေခဲ့တယ်။စည်းနဲ့ဘောင်ထဲမှာတတ်နိုင်သမျှနေခဲ့တယ်။ မထက် ကိုယ့်ကိုကိုယ် gill တစ်ယောက်လို့ခံယူလိုက်တဲ့အချိန်ကစပြီး လွတ်လွတ်လပ်လပ်နေဖြစ်တယ်။ ငါဘယ်တော့မှ လျှို့ဝှက်စွာမနေဘူး။ ကိုယ်ပြောချင်တာကို ထိန်းသိမ်းပီးလေးပင်စွာနေရတာကို မထက်မနေချင်ဘူး။ လျှို့ဝှက်ချက်နည်းစွာနေတယ်။ ကိုယ့်ဖက်ကရိုးသားစွာနေရင်ဘယ်အကြောင်းအရာမှလျှို့ဝှက်ထားစရာမလိုဘူးလို့
မထက်လက်ခံထားတယ်။ မထက်ဘ၀မှာတတ်နိုင်သမျှဘယ်မေးခွန်းလာလာဖြေပေးခဲ့ပါတယ်။


ခု ရင်သားကို စီလီကွန်ထည့်ထားတာနဲ့ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါဦး။


ဟုတ်တယ်။ စီလီကွန်ထည့်တယ်။ ဘာကြောင့်ထည့်လဲ မိန်းမဖြစ်ချင်တဲ့အတွက်ထည့်တယ်။ မထက်နိုင်ငံခြားက အမျိုးသမီးတွေကို အရမ်းသဘောကျတယ်။ သူတို့ဈေးဝယ်ထွက်တဲ့ခါမျိုးတွေမှာ သူတို့လွတ်လပ်စွာ သူတို့ရဲ့ရင်သားတွေကို ဖော်ထားကြတယ်။ ဒါဟာ မိန်းမတစ်ယောက်ရဲ့အလှလို့ မထက် ခံယူထားတယ်။ အဲ့ဒါကြောင့် အလှအပကို ကြိုက်တဲ့ မထက်ကလဲ မိန်းမတစ်ယောက်ရဲ့ အလှအပဖြစ်တဲ့ ဒီရင်သားကို ခွဲစိတ်မှုကို လုပ်မယ်လို့စီစဉ်ခဲ့တယ်။ စီစဉ်ခဲ့တဲ့အလျောက်မှာလဲ အကောင်းဆုံး ဆေးရုံကို ရွေးချယ်ပြီး လေ့လာမှုတွေ လုပ်ခဲ့တယ်။ ခုထည့်ထားတာဆို ၂နှစ်ဝန်းကျင် ရှိနေပါပြီ။


နောက်တစ်ခုက sex ချိန်းဖို့နဲ့အသံပြောင်းမယ်ဆိုတာလေးနဲ့ပတ်သတ်ပြီးတော့လဲ သိချင်ပါတယ်။


ဟုတ်တယ်။ စီစဉ်နေပါတယ်။ sex ချိန်းမယ်ဆိုရင် မထက် အချိန်ပေးရမယ်။ နောက်ပြီး အသံပြောင်းမယ် ဆိုရင် အနည်းဆုံး ၂ ပတ် စကားမပြောရဘူး။ ဘန်ကောက်နဲ့ရန်ကုန်နဲ့ကို ကူးချည်သန်းချည် လုပ်ရမယ်။ sex ချိန်းမယ်ဆိုရင်လဲ နှစ်လ၊သုံးလ ဒီဘန်ကောက်နဲ့ရန်ကုန်ကို အသွားအပြန်လုပ်ရမယ်။ နောက်နာကျင်မှုတွေရှိမယ်။ အလုပ်တွေကို အထိုက်အလျောက် နှောင့်နှေးမှာစိုးလို့မထက် တစ်နှစ်လောက်တော့ အချိန်ယူနေပါတယ်။

လိင်အင်္ဂါပြောင်းထားဖူးတဲ့ အမျိုးသမီးက Kim Kardashian လို တင်ပါးပိုင်ရှင်ဖြစ်ဖို့ ဒေါ်လာ ၉၈,၀၀၀ ကျော် ထပ်မံသုံးစွဲခဲ့



Tatiana Williams ဆိုတဲ့ လိင်ပြောင်းထားတဲ့ အမျိုးသမီးဟာ စုစုပေါင်း ဒေါ်လာ ၉၈,၂၀၀ ကျော်အကုန်ခံပြီး သူမရဲ့တင်ပါးကို ခွဲစိတ်ပြုပြင်ခဲ့သလို မျက်နှာမှာပါ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တာပါ။ တင်ပါးမှာ ထည့်ထားတဲ့ စီလီကွန်ဟာ ၁၆ပေါင် ရှိတယ်လို့ သိရပြီး စီလီကွန်ထည့်ထားတဲ့ တင်းပါးနဲ့ ပတ်သက်လို့ သူမက " ဒီလောက်ကြီးတဲ့ တင်ပါးဆုံ ပိုင်ဆိုင်ထားပေမဲ့ သက်တောင့်သက်သာရှိဖြစ်ဖို့ အနှောက်အယှက်တစ်ခုမှမရှိပါဘူး။ ထိုင်ရတာလဲ ဘာပြသနာမှမရှိဘူး။ ထိုင်လိုက်လို့ရှိရင် သူ့ဖာသာအထဲကို အိဝင်သွားတာပဲ။ သူက တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ ပျော့ပျောင်းနေတယ်။ ကျွန်မခန္ဓာကိုယ်ပုံစံကို သေးသွယ်ပြီး တင်ပါးတော့ကြီးနေပေမဲ့ ဒိထက်ကြီးတဲ့ တင်ပါးဆုံးရှိတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ကျွန်မက အချိန်အဆ မျှတအောင် သေချာပြုလုပ်ထားပါတယ်"တဲ့။


ပုံသဏ္ဍာန်ပေါ်လာတဲ့အခါမှာတော့ Williams မှာ စံနာမူနာ အဖြစ်ထားတဲ့ သူတစ်ယောက်ရှိတယ်။ ကျွန်မ Kim Kardashian ရဲ့ ခန္ဓာကိုယ်အရမ်းသဘောကျ ကြိုက်နှစ်သက်တယ်။ သူ့ခန္ဓာကိုယ်က အရမ်းလှတယ်။ မိန်းကလေး တစ်ဦးပိုင်ဆိုင်သင့်တဲ့အရာ သူ့မမှာ အကုန်ကွက်တိရှိတယ်။

Williams က လိင်အင်္ဂါပြောင်းလဲပြုပြင်ထားသူ တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က ပြောင်းလဲပြုလုပ်တဲ့အချိန်မှာ ခွဲစိတ်ကုသမှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှာတောင်မှ သူမ သာမန်အမျိုးသမီး တစ်ဦးမဖြစ်ချင်ဘူးဆိုတာ သူမသိရှိခဲ့တယ်။ ယခု သူမက မတူညီကွဲပြားတဲ့ ဆရာဝန် ၃ ဦးနဲ့ လုပ်ဆောင်နေပြီး သူတို့ထဲမှာ တစ်ယောက်မှ ဆေးကုသခွင့် လိုင်စင်မရှိကြပါဘူး။

တရားမဝင်နဲ့ ပလစ်စတစ်ခွဲစိတ်ကုသမှုခံယူရတာ အန္တရာယ်များစွာရှိကြောင်း Williams သိရှိသဘောပေါက်ခဲ့ပါတယ်။ အဲဒီ့ကုသကြောင့်ပဲ လေဖြတ်ရောဂါဖြစ်သွားတဲ့ မိတ်ဆွေသူငယ်ချင်းတွေ တွေ့ဖူးခဲ့ပေမဲ့ အန္တရာယ်ရှိရင်လည်း ထိုက်တန်တယ်လို့ သူမက ယုံကြည်ထားပါတယ်။ အခုတော့ သူမရဲ့ပုံစံက အရမ်းလှတယ် သို့ပေမဲ့ ရေရှည်မှာတော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ ခွဲစိတ်ကုမှုနဲ့ပတ်သက်ပြီး စိစစ်မှုတွေပြုလုပ်ပြီးနောက် ဆရာဝန်တွေက ပြောဆိုခဲ့ပါတယ်။

"ကျွန်မလုပ်သလို လူလိုက်တာကို အားမပေးပါဘူး။ ဒါပေမဲ့ ကျွန်မတော့ စွန့်စားလုပ်တတ်သူတစ်ယောက်ဆိုတော့လည်း ဒါအောင်မြင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်မလှပတဲ့ အမျိုးသမီး ဖြစ်နေခြင်းနဲ့ ပတ်သက်ရင်တော့ နောင်တမရပါဘူး" လို့ သူမက ပြောဆိုသွားပါတယ်။

Tatiana Williams

Source: Cosmopolitan

ယခင်အစိုးရက လယ်သမားများဒုက္ခရောက်အောင် မလုပ်ခဲ့ဟု သူရဦးရွှေမန်းပြော



အရင် အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို ဒုက္ခရောက်အောင် မလုပ်တာကို ရဲရဲကြီးတာဝန်ခံရဲတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်း ဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ပြောလိုက်တာပါ။

“နိုင်ငံသားတွေက၊ လယ်သမားတွေ က မြေလွတ်မြေရိုင်းတွေကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တွေ ၀င်လုပ်ပေး။ တချိန်ချိန်ကျလို့ လုပ်နိုင်တဲ့သူတွေရှိရင် လွှဲပေးလိုက်ပါ ဆိုတာက တပ်ရဲ့ မူဝါဒ” လို့ ဦးရွှေမန်းက ပြောပါတယ်။

လူပုဂ္ဂိုလ်တချို့ရဲ့ အားနည်းချက်ကြောင့် မတော်မတရားမှုတွေ ဖြစ်ခဲ့တာလို့ သူက ဆက်ပြော ပါတယ်။

တပ်၊ ဌာန၊ ကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်မြေသိမ်းတာမဟုတ်ပဲ လိုအပ်တဲ့မြေကို မြေသိမ်းရေး အဖွဲ့က သိမ်းဆည်းပေးခဲ့တာဖြစ်ပြီး မြေပြင်မြေပုံနဲ့ ကွဲလွဲနေတာတွေရှိတဲ့အတွက် အခုလို မြေယာသိမ်းဆည်းတဲ့ပြဿနာတွေ ဖြေရှင်းရခက်နေတာလို့လည်း ဦးရွှေမန်းက ပြောပါတယ်။

စစ်တပ်နဲ့ ကုမ္ပဏီတွေက နိုင်ငံတ၀န်းမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄ သိန်း ၇ သောင်းကျော်ထဲက ၁ သိန်းကျော်ကိုသာ စွန့်လွှတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်က တရားဝင် ပြောဆိုထားပါတယ်။
DVB

ဝိတ်ကျလိုသူများအတွက် အကောင်းဆုံးနည်းလမ်း

နွေးသော ရေနွေးလေးနဲ့ သံပုရာရေ ဖျော်လိုက်ပါ။ ထိုသံပုရာရေကို လက်ညိုးလောက် ဆားထည့်ပြီး မွေးလိုက်ပါ။

၎င်းဆားနဲ့ ရောထားတဲ့ သံပုရာရေ နွေးနွေးလေးကို မနက်ခင်းတိုင်း တစ်ခွက် သောက်ပေးခြင်း အားဖြင့် သိသိသာသာ ဝိတ်ကျလာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် အားအင်ကိုလည်း ရရှိစေမှာ မလွဲဖြစ် ပါတယ်။


ကျော်လင်းနိုင်

တယ်လီနောဆင်းကဒ်တွေ မန္တလေးမှာ ဒီလ ၂၇ရက်နေ့ချပေးမည်

မန္တလေးမြို့တွင် စက်တင်ဘာ၂၇ ရက်နေ့၌ တယ်လီနော ဆင်းကတ်များကို ၁၅၀၀ ကျပ်နှုန်းဖြင့် စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မည့်သည့်ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့်လည်းကောင်း မက်စေ့ခ်ျတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Shwe Myitmakha Media Group

၂ နိုင်ငံ အကျိုးအမြတ်အတွက် ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သွားမည်

အောက်တိုဘာလ အစောပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ခရီးစဉ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ နီးနီးကပ်ကပ် လုပ်ဆောင်ဖို့နဲ့ ၂ နိုင်ငံ အကျိုးအမြတ် စီမံကိန်း ကိစ္စတွေကို ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်း သံအမတ်ကြီးရဲ့စကားကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။

ထိုင်းအစိုးရအပေါ် မြန်မာက ပိုမို ယုံကြည်လာဖို့ ခရီးစဉ်က ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်ဖြစ်သလို အာဆီယံဥက္ကဋ္ဌတာဝန်နဲ့ နယ်မြေချင်း ဆက်စပ်နေပြီး ရေရှည်ဆက်ဆံရေးကောင်းတွေ ရှိတဲ့အတွက် အခုလို ရွေးချယ်တာလို့ ထိုင်းသံအမတ်ကြီးက ပြောပါတယ်။

ခရီးစဉ်အတွက် တိကျတဲ့ရက် မသတ်မှတ်ရသေးသလို ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် ရန်ကုန်ရောက် ထိုင်းနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ထိုင်းနိုင်ငံသား ၂၀၀၀ လောက်ရှိနေပြီး အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေသလို ထိုင်းနိုင်ငံက နည်းပညာကုမ္ပဏီ ဌာနခွဲတွေမှာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ

ယောက်ျားလေး Vs မိန်းကလေး

ယောက်ျားလေးတွေက ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး ...
မိန်းကလေးတွေကျတော့ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ...


ယောက်ျားလေးတွေရဲ့ အားနည်းချက်က ကိုယ့်ကိုယ်ကို အထင်ကြီးတာ...
မိန်းကလေးတွေရဲ့ အားနည်းချက်က သူတစ်ပါးကို အထင်ကြီးတာ ...

ယောက်ျားလေးတွေက သူတို့ချစ်တဲ့သူကို ဂရုစိုက်တတ်ကြတယ် ...
မိန်းကလေးတွေကျတော့ သူတို့ကို ဂရုစိုက်တဲ့သူကိုမှ ချစ်တတ်ကြတယ်...

ယောက်ျားလေးတွေက သ၀န်တိုခံရရင် စိတ်ရှုပ်တတ်ကြတယ် ...
မိန်းကလေးတွေကျတော့ သ၀န်တိုခံချင်လို့ တမင်အရွဲ့တိုက် ပြတတ် ကြတယ်..

ယောက်ျားလေးတွေက မကြာခဏ လိမ်ညာတတ်ကြတယ် ...
မိန်းကလေးတွေကျတော့ မကြာခဏ ဟန်ဆောင်တတ် ကြတယ် ....

ယောက်ျားလေးတွေက တစ်ခုခုမကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်ကြတယ် ...
မိန်းကလေးတွေက တစ်ခုခုမကျေနပ်တာရှိရင် စကားမပြောဘဲ တိတ်ဆိတ်နေတတ် ကြတယ် ...

♚TT♚
Heart Canteen

တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်းအနီး ပစ္စတို ကျည်(၁၅၀)တောင့် သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

ယနေ့ စက်တင်ဘာလ(၂၅)ရက် ညနေ(၅း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်းအနီးတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ထိုင်းနိုင်ငံထုတ် ပွိုင့် (၃၈)အမျိုးအစား ပစ္စတိုကျည် အတောင့် (၁၅၀)ကို သယ်ဆောင်လာသူနှင့်အတူ ကျည်များအား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေး စခန်းအနီးတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်၊ ထန်ပါကျုံရပ်ကွက်ဘက်မှ တာချီလိတ်ဘက်သို့ စက်ဘီးစီးနင်းရောက်ရှိလာသူ တင့်ဇော်အား မသင်္ကာ၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ကာကီရောင် ဇစ်တပ်လွယ်အိတ် (ဟောင်း)အတွင်းမှ BULLET MASTER CO,LTD တံဆိပ်ပါ အနက်ရောင် စက္ကူဗူးအတွင်းမှ ထိုင်းနိုင်ငံထုတ် ပွိုင့် (၃၈)အမျိုးအစား ပစ္စတို ကျည်(၅၀)တောင့်စီပါ (၃)ဗူး၊ စုစုပေါင်း(၁၅၀)တောင့်အား ရှာဖွေတွေ့ရှိသဖြင့် အဆိုပါကျည်များကို တရားမ၀င် သယ်ဆောင်လာသူ တင့်ဇော်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၉၈/၂၀၁၄၊ ရှမ်းလက်နက် ၁၂(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

Tachileik Online News

အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ ပစ်မှတ်များကို အမေရိကန်နှင့် မဟာမိတ်များ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်



အမေရိကန်နှင့် မဟာမိတ် များသည် အီရတ်နှင့် ဆီးရီးယားနယ်မြေ အများအပြားကို သိမ်းပိုက် ထားသော အစ္စလာမ် နိုင်ငံတော် အကြမ်းဖက် အဖွဲ့ (IS) ပစ်မှတ်များကို ဗုဒ္ဓဟူးနေ့တွင် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။IS အဖွဲ့၏ ယာဉ်များ၊ လက်နက် သိုလှောင်ရာ များကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဆီးရီးယား-အီရတ် နယ်စပ်ရှိ အဘူ ကာမယ်လ်မြို့တွင် IS စစ်သုံးယာဉ် ရှစ်စီးအား ဖျက်ဆီးနိုင်ခဲ့သလို၊ ဆီးရီးယား အရှေ့ ပိုင်းရှိ ဒါအယ်လ်-ဇိုရာမြို့ တွင်လည်း IS စစ်သုံးယာဉ် နှစ်စီးကို ဖျက်ဆီး နိုင်ခဲ့ကြောင်း အမေရိကန် ဗဟို ညွှန်ကြား ကွပ်ကဲမှု ဌာနက ထုတ်ပြန် ပြောကြားသည်။ အီရတ်နိုင်ငံ တွင်လည်း ဘဂ္ဂဒက်မြို့ အနောက်ဘက်ရှိ IS ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့သလို၊ ကာ့ဒ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အနီးရှိ အာဘေမြို့ အနောက် တောင်ဘက်ရှိ IS ပစ်မှတ်များ ကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တူရကီ နယ်စပ် အနီးရှိ IS ပစ်မှတ်များ ကိုလည်း မနက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

IS လို အကြမ်းဖက် အဖွဲ့ဟာ စေ့စပ် ဆွေးနွေးမှု၊ ညှိနှိုင်းမှုကို နားလည်မှာ မဟုတ်တဲ့ အတွက် သူတို့ နားလည်မယ့် လက်နက် ဘာသာ စကားနဲ့ပဲ ပြောရပါ လိမ့်မယ် ဟု အမေရိကန်သမ္မတ အိုဘားမားက နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြား လိုက်သည်။

IS နှင့် အယ်လ်ခိုင်ဒါ တို့၏ မှားယွင်းသော သဘောထား အမြင်များကို လက်မခံကြရန်လည်း မစ္စတာ အိုဘားမားက ကမ္ဘာတစ်ဝန်း မှ မွတ်ဆလင် များကို တိုက်တွန်း ပြောကြား လိုက်သည်။ IS ကဲ့သို့ သေမန်းတမန် ကွန်ရက်ကို တိုက်ဖျက်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဟုလည်း မစ္စတာအိုဘားမား က ပြောကြားသွားသည်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ အီရတ်နဲ့ ဆီးရီးယားကို တပ်တွေ လွှတ်ပြီး ကျူးကျော်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဒေသခံတပ် တွေကို လက်နက်နဲ့ နည်းစနစ် ထောက်ပံ့ပေးပြီး အမေရိကန်နဲ့ မဟာမိတ်တွေက လေကြောင်း ပစ်ကူပေးမှာ ဖြစ်ပါတယ် ဟု မစ္စတာ အိုဘားမားက ရှင်းလင်း ပြောကြားသည်။

IS အကြမ်းဖက် အဖွဲ့ ဦးဆောင်သော ဆွန်နီ လက်နက်ကိုင်များသည် ဆီးရီးယားနှင့် အီရတ် နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ် နိုင်ငံတော် ထူထောင် ထားသည်။ အနောက်နိုင်ငံ များမှ သတင်းထောက်များနှင့် ပရဟိတ သမားများကို ခေါင်းဖြတ် သတ်ဖြတ်မှုများ ပြုလုပ် ခဲ့သလို၊ ခရစ်ယာန်၊ ယာဇီဒီ၊ ရှီးယား မူဆလင်များ ကိုလည်း ဘာသာမတူသူများ အဖြစ် သတ်မှတ်ကာ ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်ခြင်းများ ပြုလျက် ရှိသည်။ အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုတွင် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဂျော်ဒန်၊ ဘာရိန်း၊ ကာတာတို့က ပူးပေါင်း ကူညီ ထားကြောင်း သိရသည်။

Source: BBC

ဓမ္မစေတီ ခေါင်းလောင်းတွေ့ပြီဟု ဦးစံလင်း ညာပြောခဲ့ခြင်း ဖြစ်ကြောင်း အလှူရှင် ရွှေအုန်းပင် ဦးဝင်းမြင့် ပြောကြားပြီ

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးတွင် အလှူရှင်လည်းဖြစ်၊ ကိုယ်တိုင်ကိုယ်ကျလည်း ပါဝင်ခဲ့သူ ပဲခူးရွှေအုန်းပင် မြန်မာ ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ယနေ့ စက်တင်ဘာ ၂၅ရက်နေ့က ၎င်း၏ဆိုင်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဓမ္မစေတီ ခေါင်းလေင်းကြီး တွေ့ပြီ၊ နဂါးများက မီးပူဇော်နေသည် စသည်ဖြင့် ပြောခဲ့သူမှာ ဦးစံလင်းသာ ဖြစ်ကြောင်း၊ နောက်ဆုံး ခေါင်းလေင်းကြီးအား မတွေ့ရှိတော့မှ ဟိုလူ၊ ဒီလူပြောသည်ဟု လွှဲချနေကြောင်း မီဒီယာများအား ရှင်းလင်း ပြောကြား ခဲ့သည်။

ဆိုခဲ့သော လိမ်ညာမှုများကြောင့် ဦးစံလင်းနှင့် ၎င်းတို့ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း၊ သမိုင်းပညာရှင်များက အထောက်အထားမရှိဘူးပြောပေါစေ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်း၊ ဒေါပုံမြစ်နှင့် ပဲခူးမြစ်ဆုံအနီးတ၀ိုက်တွင် ရှိကိုရှိရမည်ဟု ယုံကြည်ကြောင်း၊ ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ၆၂ရက်ကြာ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရှာဖွေရာတွင် ဦးစံလင်းကဲ့သို့ နတ်၊ နဂါး စသည့် ဂမ္ဘီရလမ်းစဉ်သက်သက်ဖြင့် မဟုတ်ဘဲ ၀ိဇ္ဖာနည်း(ဂမ္ဘီရနည်း) ၅၀%၊ သိပ္ဗံနည်း ၅၀% ပေါင်းစပ်၍ ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

IS အဖွဲ့ကို ချေမှုန်းရန် နှစ်ချီကြာမည်

အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို ချေမှုန်းရန် နှစ်များစွာ အချိန်ယူရမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် တစ်ဦးက ပြောကြားလိုက်သည်ဟု စက်တင်ဘာလာ ၂၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ယင်းအဖွဲ့၏ ကို တိုက်ခိုက်ရာတွင် သဘောတူ ပါဝင်သည့် နိုင်ငံ ၅၀ ကျော်ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောခဲ့ပြီးနောက် ဗိုလ်ချုပ်ဂျွန်ကာဘေးက ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်နယ်မြေ အမြောက်အများကို IS တို့က သိမ်းပိုက်ထားပြီး သြဂုတ်လမှ စ၍ အီရတ်တွင် အမေရိကန်က လေကြောင်း ထိုး စစ် ဆင်ခဲ့သည်မှာ အကြိမ် ၂၀၀ နီးပါး ရှိပြီ ဖြစ်သည်။

IS အဖွဲ့ လှုပ်ရှားမှုများ ချေမှုန်းရေးကို ဆီးရီးယား နယ်စပ်ဒေသများတွင် တနင်္လာနေ့က ပထမဆုံး အဖြစ် မဟာမိတ် အာရပ်နိုင်ငံများနှင့် ပူးပေါင်းကာ တိုးချဲ့ စစ်ဆင်ခဲ့သည်။

လေကြောင်း ထိုးစစ်များအတွင်း IS အဖွဲ့မှ စစ်သွေးကြွ ၇၀ နှင့် အယ်လ်ခိုင်ဒါ ဆက်နွယ်နေသော တိုက်ခိုက်ရေး သမား ၅၀ ကို သုတ်သင်နိုင် ခဲ့သည်။ ဆီးရီးယားလေကြောင်းထိုးစစ်က IS တို့၏ စွမ်းအားကို ကျဆင်းစေကြောင်း ဂျွန်ကာဘေးက ပြောသည်။

“ ရည်ရွယ်ချက်ကို ထိထိမိမိ တိုက်ခိုက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုင်းကန်းဒေသတွင် နေထိုင်လုပ်ကိုင်ခွင့် တစ်ဦးလျှင် ထိုင်းဘတ်(၁၅၀)နှုန်း UWSA “၀” အဖွဲ့ဆက်ကြေးကောက်


“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းကန်းတွင် စာသင်ကျောင်း ဆောက်လုပ်နေသော လုပ်ငန်းတာဝန်ခံအား စက်တင်ဘာ ၂၂ ရက်နေ့၌ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ ဆက်ကြေးငွေ မပေးဆောင်မှုဖြင့် လာရောက်ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။

အဆိုပါအဖွဲ့မှ လုပ်ငန်းတာဝန်ခံ ဦးခင်မောင်တင့်(၂၉)နှစ်၊ ဗမာ/ဗုဒ္ဓ၊ မလှိုင်မြို့နယ်နေသူအား မိုင်းကန်းရုံးသို့ ခေါ်ဆောင် သွားပြီး အချုပ်ခန်းအတွင်း၌ သော့ခတ်ထားကြောင်း အလုပ်သမားတစ်ဦးကပြောသည်။

ယင်းလုပ်ငန်းတာဝန်ခံအား မိုင်းကန်းဒေသတွင် လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်သည့်အတွက် တစ်ဦးလျှင် ထိုင်းဘတ်(၁၅၀)နှုန်း ဆက်ကြေးတောင်းခံထားရာ အလုပ်သမား(၁၃)ဦးအတွက်(၃)လစာ မပေးသဖြင့် ဖမ်းဆီးခြင်းဖြစ် ကြောင်းသိရသည်။

“ဆက်ကြေးငွေဘတ် ၁၀၀၀၀ သွားပေးရပါတယ်၊ စာသင်ကျောင်းဆောက်တာက လုပ်အားခ အကုန်မရသေးပါဘူး၊ ဒါပေ မယ့်ကြိုတင်ငွေယူပြီး သွားပေးလိုက်ပါတယ်၊ စာသင်ကျောင်းပြီးရင် ပြန်ကြမှာပါ၊ အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိဘူး လေ”ဟုဆောက်လုပ်ရေး အလုပ်သမားခေါင်းတစ်ဦးက ဆိုသည်။

UWSA “၀” အဖွဲ့အား ဆက်ကြေးငွေ ဘတ်(၁၀၀၀၀) သွားရောက်ပေးသွင်းမှသာ စက်တင်ဘာ ၂၃ ရက်တွင် လုပ်ငန်းတာ ၀န်ခံအား ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အလားတူ နားယောင်းဈေးတွင်(၂)ထပ်ဈေးသစ် ဆောက်လုပ်နေသော လုပ်ငန်းတာဝန်ခံ ကိုပေါက်စသည်လည်း အလုပ် သမား(၂၅)ဦးအတွက် တစ်လလျှင် ဆက်ကြေးငွေ ဘတ်(၅၀၀၀) ပေးသွင်းရကြောင်းသိရှိရပါသည်။

နေလင်းသန့်
Shan News

ဂျာမနီနိုင်ငံက ဗလီနဲ့ နေအိမ်တချို့ကို ရဲတွေဝင်စီး

ဂျာမနီနိုင်ငံရဲတွေက IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကို ထောက်ခံသူလို့ သံသယရှိသူတွေရဲ့ နေအိမ် ၇ လုံးကို ဝင်ရောက် စီးနှင်းမှု လုပ်ခဲ့သလို ဗလီကျောင်းဆောင်တစ်ခုနဲ့ အစ္စလာမ်မစ် စင်တာတစ်ခုကိုလည်း ဝင်ရောက် စီးနှင်းမှု လုပ်ခဲ့ပါတယ်။

အဲဒီလူတွေဟာ အကြမ်းဖက်မှု လုပ်တော့မယ့်အတွက် လက်ဦးမှု ရယူတဲ့အနေနဲ့ ကြိုတင်တားဆီးမှု လုပ်တာလို့ ရဲတွေက ပြောပါတယ်။

ရဲတွေရရှိတဲ့ သတင်းအရ အရေးပေါ် လူနာတင်ယာဉ် တစ်စီးကို ဝယ်ယူနိုင်ဖို့ ရံပုံငွေ ရှာဖွေပွဲတွေ ပြုလုပ်ခဲ့ကြပြီး အဲဒီယာဉ်ကို ဆီးရီးယားနိုင်ငံဆီ ပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ အဲဒီလူနာတင်ယာဉ်ကို စစ်သွေးကြွအဖွဲ့တွေ တင်ဆောင်ရာမှာ အသုံးပြုမှာဖြစ်ပြီး အဲဒီယာဉ်ထဲ ဆီမီအော်တို သေနတ်တွေ တင်ဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျာမနီနိုင်ငံက ကားအဟောင်းတွေကိုလည်း စစ်ဖြစ်တဲ့ ဒေသကို ပို့ဆောင်ပေးမှုတွေရှိခဲ့ပြီး အဲဒီယာဉ်ကို အသုံးပြုပြီး စစ်သွေးကြွအဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားနိုင်ငံအကြား သွားလာမှု လုပ်နေတာလို့ ပြောပါတယ်။

အခုလို ဝင်ရောက် စီးနှင်းမှုအတွင်း ဖမ်းဆီးအရေးယူမှုတွေ မရှိပေမယ့် ကွန်ပြူတာတွေ၊ hard drives တွေနဲ့ လျှပ်စစ်ဒေတာ တချို့ကိုတော့ သိမ်းယူလိုက်ပါတယ်။

Bavaria က နေအိမ် ၅ လုံးနဲ့ Lower Saxony နဲ့ North Rhine-Westphalia ဒေသက နေအိမ်တွေကို ဝင်စီးခဲ့တာပါ။

ဒါ့အပြင် ဗလီတစ်လုံးနဲ့ အစ္စလာမ်မစ် စင်တာတစ်ခုကိုလည်း စီးနှင်းခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ထောက်လှမ်းရေးတွေရဲ့ အဆိုအရ အီရတ်နဲ့ ဆီးရီးယားနိုင်ငံက စစ်သွေးကြွအဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်နေတဲ့ ဂျာမနီနိုင်ငံသား အယောက်ပေါင်း ၄၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီထဲက ဂျာမနီနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူ အယောက် ၃၀ လောက်ကို တရားစွဲဆိုဖို့ ဂျာမနီအစိုးရက ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဗလီ အခုပေါင်း ၂၀၀၀ က မွတ်စလင်တွေ စုပေါင်းပြီး IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အကြောင်း ပြောဆိုကြသလို လူငယ်တွေ အစွန်းရောက်လုပ်ငန်းမှာ မပါဝင်အောင် ကြိုးစားလုပ်ဆောင်ကြမယ်လို့လည်း ပြောဆိုထားဖူးပါတယ်။

ABC Radio Australia

ဦးစံလင်းရဲ့ နာမည်ကျော် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု နိဋ္ဌိတံပြီ



ဓမ္မစေတီခေါင်းလောင်း ရှာဖွေ မှု အပြီးရပ်ဆိုင်းလိုက်ပြီဟု ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြော ကြားလိုက်ပြီ ဖြစ်သည်။
ကုန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ် သည့် ခေါင်းလောင်းရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက စက်တင် ဘာ ၂၃ ရက်တွင် ထိုသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းကို သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေ ခဲ့ပြီး ပထမသတ်မှတ်မှု ၁၈ ရက်ပြည့် သည့်အချိန်တွင် ခေါင်းလောင်းအား တွေ့ရှိနေ၍ ကြိုး ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ရှာဖွေရက် ၁၇ ရက်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ဆက်လက်ကြိုးပမ်းနေကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ထို အချိန်တွင် ရေငုပ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်အဖွဲ့မှာ နေရပ်ပြန်သွားပြီး ခေါင်း လောင်းမဟုတ်ဘဲ သင်္ဘောပျက်တစ် စင်း အပါအဝင် သံပြားကြီးတစ်ခုသာတွေ့ရှိသည်ဟု ရေငုပ်အဖွဲ့က ပြောခဲ့ သည်။

”၂၆ ရက်အထိ ဦးစံလင်း ကြိုးပမ်း မှုကို လက်ခံတယ်။ အဲဒီနောက်ပိုင်းက လိမ်တဲ့ အပိုင်းရောက်သွားပြီ။ သူရှင်း လင်းပွဲ လုပ်ရင် ပြည်သူကို ရိုးရိုးသား သား ပြန်ဝန်ခံရ မယ်။ ပြည်သူ့အတွက် လည်း ဒါကြီးမားတဲ့ သင်ခန်းစာ တစ်ခု လို့ မှတ်ပါ” ဟု မွန်သမိုင်းသုတေသန အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးနိုင် ရဲဇော်က ဆိုသည်။

ထိုဓမ္မစေတီ ခေါင်းလောင်းမှာ မြစ်သုံးခွဆုံရာ ဖြစ်သည့် ပုဇွန်တောင် ချောင်း၊ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့နှင့် ထိစပ်သော နေရာတွင်ရှိသည် ဟူသော သမိုင်းအထောက် အထားများအရ ပြဆို ထားပြီး ထိုဝန်းကျင်တွင်ပင် အကြိမ် ကြိမ် ရှာဖွေခဲ့ရာ မည်သူမှမတွေ့ရှိခဲ့ ကြပေ။ ထို့ကြောင့် သမိုင်းအထောက် အထားအရ လူတိုင်း တန်ဖိုးထား ကြ သော ဓမ္မစေတီခေါင်းလောင်း၏ တန် ဖိုးမှာ ယုတ်လျော့လာပြီး လှောင်ပြောင် စရာ တစ်ခုဖြစ်နေကာ ငွေကြေးဆုံးရှုံးမှု များသာ အဖတ်တင်ကြောင်း ဦးနိုင်ရဲ ဇော်ကဆက်လက်ပြောသည်။

အလားတူပင် စက်တင်ဘာ ၂၅ ရက်တွင် ခေါင်းလောင်း ရှာဖွေရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းမြင့် က ၄င်းနေထိုင်ရာ ပဲခူးရှိ ရွှေအုန်းပင် ထမင်းဆိုင်တွင် မီဒီယာ များအား ဖိတ် ခေါ်၍ လှူဒါန်းမှု ငွေစာရင်းများ၊ ကုန် ကျစရိတ်များ၊ သင်္ဘောပေါ်တွင် လုပ် ဆောင်ခဲ့ရသည့် အခြေအနေတို့ကို တရားဝင် သတင်းစာ ရှင်းလင်းပွဲ ပြု လုပ် မည်ဖြစ်ကြောင်း ပြန်ကြားရေးတာ ဝန်ခံ ဦးကြည်ဝင်းထံမှ သိရသည်။

”ဒီရှင်းလင်းပွဲကို ဦးစံလင်းလည်း တက်ဖို့ ရှိတယ်။ သူတို့ ဦးစီးလုပ်တဲ့ကိစ္စ ကျွန်တော်တို့လည်း သေချာမသိတော့ သူတို့ကိုယ်တိုင် ရှင်းပြတာ ပိုစိတ်ဝင် စားဖို့ ကောင်းလိမ့်မယ်” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ခေါင်းလောင်း ရှာ ဖွေရာတွင် သုံးသည့် သောင်တူးစက်ကို လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြန်လည် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

အောင်ဇော်ထူး
Popular News

ချစ်သူကို ချစ်လွန်းလို့ အုတ်ဂူက အလောင်းကို အိမ်ပြန်သယ်တဲ့ ကောင်လေး


လက်ရှိ နိုင်ငံတကာ လူမူ ကွန်ရက်မှာ နာမည်ကြီးနေတဲ့ သတင်း ဓာတ်ပုံ တစ်ခု ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ လူငယ် တစ်ဦးဟာ အုတ်ဂူထဲက သူ့ရဲ့ ချစ်သူ အမျိုးသမီး အလောင်းကို ပြန်တူးဖော်လို့ အိမ်ပြန် သယ်တယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။

ပုံထဲက ကာယကံရှင် မဟုတ်ပဲ သူ့သူငယ်ချင်းက ဝဘ်ဆိုဒ်ပေါ် တင်ခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှု သိန်းပေါင်းများစွာ ရှိစေခဲ့ ပါတယ်။ ဓာတ်ပုံရဲ့ caption မှာလည်း သေဆုံး သွားတဲ့ ချစ်သူကို လက်လွတ်မခံပ အုတ်ဂူကနေ လူမသိသူမသိ ပြန်တူးဖော်လို့ အိမ်ပြန်သယ်တယ်လို့ ရေးထားပါတယ်။ ဒီအတွက် စစ်ဆေးမှုများကိ ပြုလုပ်နေ ပါပြီ။ လူအချို့ရဲ့ ခန့ှ်မှန်းချက် အရ ကတော့ ဒါဟာ အစစ် မဟုတ်ပဲ တမင် စနောက်လို့ တင်ထားတဲ့ ပုံ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ အိပ်ပျော်နေတဲ့ အမျိုးသမီးနဲ့ အတူ ရိုက်ထားတဲ့ ပုံသက်သက် ဖြစ်ကြောင်းလည်း အချို့က ဆိုကြ ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အနောက်က အမျိုးသမီးရဲ့ ရုပ်ရည် သွင်ပြင်ဟာ အသေကောင် နဲ့ တူနေတာ ကတော့ အမှန်ပါပဲ။ Metro မှာ ယခင် သတင်းကို ယခုလို ဖော်ပြ ထားပါတယ်။http://metro.co.uk/2014/09/19/did-a-man-actually-steal-the-corpse-of-his-dead-girlfriend-4875377/

အောင်ခမ်း (ရိုးရာလေး)

သွေးသားရောင်းရန် ရှိသည် - (အပိုင်း - ၁ )


နီနီရဲရဲ နှုတ်ခမ်းဆိုးဆေးများ၊ သနပ်ခါးအဖွေးသား နဲ့ အမျိုးသမီးတချို့၊ စကပ်တိုတို၊ ရွှေအိုရောင် ဆံစနဲ့ မိန်းမငယ်လေးတချို့၊ တချို့က နေလောင်အသားနဲ့။ သူတို့အားလုံးဟာ ရန်ကုန်မြို့ရဲ့နေရာ တော် တော်များများမှာ ကျင်လည်ကျက်စားကြပါတယ်။ နေ့ရော၊ ညပါ သူတို့ကို အဖော်ပြုမယ့်သူများအား မျှော်လင့်တကြီး ရှိကြပါတယ်။
ဆင်းရဲမှုကိုအကြောင်းပြု မိသားစုစားဝတ်နေရေးအ တွက် သူတို့ရဲ့ဘဝတွေကို ရင်းခဲ့ရသူများက အများစုဖြစ်တယ် လို့ ၁ဝနှစ်ကျော် ပြည့်တန်ဆာလောကကို ဖြတ်သန်းလာခဲ့ သူ မခရေ(အမည်လွှဲ)က ပြောပါတယ်။ ပညာမတတ်တဲ့ သူတို့ရဲ့ဘဝတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း မည် မည်ရရမရှိတော့ ငွေရလွယ်တဲ့ ပြည့်တန်ဆာလောကကို သူမကိုယ်တိုင် ခြေချမိခဲ့တယ်လို့ဆိုပါတယ်။
တရားဝင်လုပ်ကိုင်ခွင့်မရှိ၊ ဘဝအာမခံချက်မရှိတဲ့ သူ တို့ရဲ့ ပြည့်တန်ဆာလောကကိုစိတ်ကုန်ပြီး ကျောခိုင်းဖို့ကြံ တိုင်း ဆင်းရဲတဲ့၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတို့မိသားစု ဝင်တွေရဲ့မျက်နှာတွေ၊ ပုံရိပ်တွေကြောင့် ရုန်းထွက်ဖို့ ခက်ခဲ ခဲ့တယ်လို့ သူမက ဆိုပါတယ်။
''လွယ်လွယ်နဲ့ ဆုံးဖြတ်လိုက်ကြတာတော့ မဟုတ်ဘူး။ သူတို့ရဲ့မာနတွေ၊ သူတို့ရဲ့သိက္ခာတွေကိုချပြီးတော့ သူတို့ မိသားစုကိစ္စတွေကို လတ်တလောဖြေရှင်းကြရတာ''။

မခရေတို့လို ပြည့်တန်ဆာလောကဟာ စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြုပြီး အခုလိုပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ နဂိုကထက် အပြန့်ကျယ်ပြီး တိုးပွားလာခဲ့ပါ တယ်လို့ မန္တလေးမြို့ခံ လိင်လုပ်ငန်းဦးစီးလုပ်ကိုင်နေသူ တစ်ဦးက ရန်ကုန်တိုင်းမ်ကိုပြောပါတယ်။
''နိုင်ငံပွင့်လင်းလာတာနဲ့အမျှ နိုင်ငံခြားသားတွေ အဝင် များလာတယ်။ နိုင်ငံခြားသားအဝင်များလာတော့ ပြည့်တန် ဆာဈေးကွက်လိုအပ်ချက် ပိုကြီးလာတယ်။ ရှင်းရှင်းလေးပဲ'' လို့ ၄င်းက ဆိုပါတယ်။ အသို့ဆိုသော် မြန်မာနိုင်ငံမှာက ပုံမှန်လိင်လိုက်စားပြီး ပိုက်ဆံဖြုန်းနိုင်တဲ့အရေအတွက်ဟာ အနည်းငယ်သာရှိပြီး စီးပွားရေးလုပ်ဖို့၊ ကုမ္ပဏီထောင်ဖို့၊ အကြံပေးလုပ်ဖို့ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပြည်တွင်းကိုရောက် လာတဲ့ နိုင်ငံခြားသားတွေကပဲ ပြည့်တန်ဆာတွေနဲ့ ချိတ် ဆက်ပြီး တစ်ပတ်တန်သည်၊ ဆယ်ရက်တန်သည် အတွဲခုတ် ကြတယ်လို့ သူက ဆက်ပြောပါတယ်။
''အရင်က နိုင်ငံခြားသားတွေဟာ မိန်းမလိုချင်ရင် ဟို တယ်ကတစ်ဆင့်ပဲ ချိတ်ကြတယ်။ အခုတော့ ပုံစံပြောင်းသွား ပြီး သူတို့ကိုယ်တိုင် ကလပ်သွားတယ်။ွှုဠ သွားတယ်။ အင်္ဂလိပ်စာ တီးမိခေါက်မိ မြန်မာမလေးတွေနဲ့ စကားပြော တယ်။ ချိတ်ကြည့်တယ်။ အဆင်ပြေရင် သူတို့တည်းခိုတဲ့နေ ရာကို မ,သွားကြတယ်''။

နောက်ပိုင်းမှာတော့ အဲဒီကောင်မလေးနဲ့ပဲ အီးမေးလ် တို့၊ ဖုန်းတို့ဖြင့် အပြန်အလှန်ချိတ်ဆက်ပြီး အဲဒီနိုင်ငံခြား သားတွေ မြန်မာပြည်ကိုလာတဲ့အခါတိုင်း အတူနေမိန်းမတွေ အဖြစ် လုပ်ပေးရတယ်လို့ လိင်လုပ်ငန်းဦးစီးလုပ်ကိုင်သူက ဆိုပါတယ်။ ''တချို့ဆိုရင် ကုမ္ပဏီမန်နေဂျာအဆင့်ရှိတဲ့ လစာ မြင့်ကောင်မလေးတွေတောင် ပါတယ်။
အဲဒီကောင်မလေး တွေက ဒီကောင်တွေ မြန်မာပြည်ရောက်လာပြီဆိုရင် သူတို့ ကုမ္ပဏီက ခွင့်တစ်ပတ်၊ ၁ဝရက်ယူပြီး ဒီကောင်နဲ့လိုက်နေ ပေးတာပဲ။ တစ်ပတ်ကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ရတော့ ဒီနည်းနဲ့ ပြည့်တန်ဆာလဲမဟုတ် ကီပင်လဲမဟုတ်တဲ့မိန်းမ တွေ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပေါလာတယ်''။

မခရေတို့၊ လိင်လုပ်ငန်းဦးစီးတို့ရဲ့အဆိုအရတော့ နိုင်ငံ ခြားသားအများစုဟာ သူတို့နဲ့ချိတ်ဆက်တဲ့ ပြည့်တန်ဆာတွေ ကို အသက် ၁၈နှစ် ပြည့်မပြည့် အရင်မေးတတ်တယ်လို့ သိရပါတယ်။ အသက် ၁၄၊ ၁၅နှစ်လိုမျိုး ငယ်ရွယ်နုနယ်တဲ့ မိန်းကလေးများဆိုရင် သိပ်လက်မခံဘူးလို့ဆိုပါတယ်။ အထူး သဖြင့်တော့ အရွယ်မရောက်သေးသူများဖြင့် လိင်မှုဆက်ဆံ မှုပြုလျှင် နိုင်ငံတကာဥပဒေတွေအရ အဖမ်းခံထိမှာကို သူ တို့က အတော်ကြောက်တယ်လို့ လိင်လုပ်ငန်းဦးစီးက ဆိုပါ တယ်။
မြန်မာနိုင်ငံရဲ့ ပြည့်တန်ဆာလောကမှာတော့ အခြေ အနေအရပ်ရပ်ရဲ့ တွန်းပို့မှုကြောင့် အသက် ၁၄၊ ၁၅ အရွယ် ကနေ အသက် ၄ဝကျော်အရွယ် အမျိုးသမီးများအထိ ကျင် လည်ကျက်စားလျက်ရှိတယ်လို့ မခရေက ပြောပါတယ်။ မခရေပြောပုံအရဆိုရင်လည်း ဥပဒေပိုင်းအကာအကွယ်မဲ့ နေတဲ့ သူတို့ရဲ့ဘဝတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ဆိုတာကြီးကို အသုံးပြုပြီး ရဲများရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ အရေး ယူ၊ ထောင်ချနေမှုများကလည်း ပြည့်တန်ဆာလောကကြီး ကို ပိုမိုအပြန့်ကျယ်စေတယ်၊ ပိုမိုကြီးထွားလာစေတယ်လို့ ဆိုပါတယ်။

''တစ်ယောက်ကိုဖမ်းပြီဆိုရင် နောက်ထပ်နှစ်ယောက် လောက်က ဝင်လာတာ။ ဆတိုးပွားတယ်လို့ပြောချင်တာ''လို့ မခရေက ပြောပါတယ်။
ဥပမာ- ကျွန်မက အိမ်မှာ ဦးဆောင်နေတာ။ ဒီအိမ်က တာဝန်ကို အဓိကထမ်းဆောင်နေတာ။ ကျွန်မအဖမ်းခံရရင် ကျွန်မအောက်ကညီမတွေက အိမ်ထောင်ဦးစီးပြန်ဖြစ်သွား တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်း အစ်မကိုမှီခို နေရတာ။ ဖြစ်ခိုင်းတာတော့မဟုတ်ဘူး။ သူ့အလိုလိုဖြစ်သွား တာ။ သူတို့အသိစိတ်ဓာတ်က အိမ်ရဲ့ကိစ္စတွေက ငါ့တာဝန် ဖြစ်သွားပြီဆိုပြီး အစ်မဖြစ်သူရဲ့လမ်းအတိုင်း မဖြစ်မနေ လုပ်ဖြစ်သွားတာ။ ဆိုတော့ ဖမ်းဆီးတာက ပြည့်တန်ဆာတွေ ကို ပိုပွားအောင်လုပ်တာနဲ့တူနေတယ်။ 
ဒါကြောင့် ပြည့်တန်ဆာတွေကိုဖမ်းတယ်၊ ထောင်ချ တယ်ဆိုရင်လည်း အတတ်ပညာတွေ သင်ပေးသင့်တယ်။

အသက်မွေးဝမ်းကျောင်းတစ်ခုခုကိုတတ်ထားရင် အခုလို ငွေမရှိလို့၊ အလုပ်မရှိလို့ ဒီလောကထဲရောက်နေတဲ့သူတွေ က ဆက်လုပ်စားမှာမဟုတ်တော့ဘူးလို့ မခရေက ပြောပါ တယ်။ ဒါက ဆင်းရဲမှုကိုအကြောင်းပြုပြီး ရောက်လာတဲ့သူ တွေအတွက် ပြောတာပါ။
မခရေပြောသလိုပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရန် ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲမှူးကြီးတစ်ဦးကလည်း ပြည့်တန်ဆာလုပ်ကိုင်နေသူများကို တည်ဆဲဥပဒေ အရ ဖမ်းဆီးအရေးယူနေခြင်းအားဖြင့် ပြည့်တန်ဆာများ ပပျောက်သွားနိုင်လိမ့်မယ်မဟုတ်လို့ သတင်းမီဒီယာတချို့ ကို ပြောဆိုခဲ့ပါတယ်။ ပြည်သူလူထုက သတင်းပေးလို့ ဖမ်း ဆီးခဲ့ရတဲ့အမှုတွေက နှစ်နဲ့ချီလို့ မနည်းတော့သည့်တိုင် ပြည့် တန်ဆာလုပ်ကိုင်သူများ လျော့ကျသွားခြင်းမရှိတဲ့အတွက် ပြည့်တန်ဆာပပျောက်ရေး ဥပဒေမျိုးမဟုတ်ဘဲ သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ်ရပ်တော့ ရှိသင့်နေ ပြီလို့ ရဲမှူးကြီးကဆိုပါတယ်။
''ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက အောက် ခြေကပြည်သူတွေဘဝကို သိသင့်တယ်။ ပြည့်တန်ဆာလုပ် တဲ့သူကလဲ ပြည်သူပဲလေ''။

မြန်မာနိုင်ငံမှာတော့ ၁၉၄၉ခုနှစ်ကတည်းက ပြည့်တန် ဆာနှိပ်ကွပ်ရေးဥပဒေ ရှိခဲ့တာပါ။ ဒီဥပဒေအရ လမ်းတွေ ပေါ်မှာ၊ လူထုရဲ့မြင်ကွင်းမှာ ဒီလိုလိင်ကိစ္စကိုလုပ်မှသာ အဖမ်း ခံထိရမှာပါလို့ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဒေါက် တာညိုညိုသင်းက ဆိုပါတယ်။ ပါမစ်ထုတ်ပေးတဲ့ပုံစံမျိုး၊ လုပ်ပိုင်ခွင့်မျိုးကို မဆိုလိုသော်လည်း ဥပဒေအတိုင်းဖြစ်ဖို့ တော့ လိုအပ်တယ်လို့ သူမက ဆိုပါတယ်။
''ဥပဒေအတိုင်းမဟုတ်ဘဲ ထင်ရင်ထင်သလိုဖမ်းပြီး တော့ ဒီပြည့်တန်ဆာဥပဒေနဲ့ ထောင်ချတာဟာ လူတွေကို သက်သက်မဲ့နှိပ်ကွပ်တာ''။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကတော့ ဥပဒေကို အကောင်အထည်ဖော်နေတဲ့ ရဲတွေကို ပညာပေးမှုတွေလုပ် ပေးဖို့လိုတယ်လို့ အကြံပြုပါတယ်။
ပြည့်တန်ဆာနှိပ်ကွပ်ရေးလို့ဆိုတိုင်း ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုကာ ဥပဒေရဲ့ရည်ရွယ်ချက် ကို မှန်းဆကာ ရဲများရဲ့ ကျင့်သုံးလုပ်ဆောင်နေမှုကို သူမက ယခုလို ဝေဖန်လိုက်ပါတယ်။
''လမ်းပေါ်မှာလုပ်မှဆိုရင် တကယ်လမ်းပေါ်မှာ မလုပ် မှပဲ အပြစ်ဖြစ်မယ်။ ဥပဒေအတိုင်း လက်တွေ့အကောင် အထည်ဖော်ဖို့ အရမ်းအရေးကြီးတယ်''။
ဒေါက်တာညိုညိုသင်း ပြောသလိုပါပဲ။ ကိုယ်တိုင်ကြုံ တွေ့ရတဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ မခရေဆိုရင် လည်း အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
''ဒီ ဥပဒေအပေါ်မှာအခြေခံပြီး ရဲတွေက ကြိုက်တဲ့အချိန်ဖမ်း တယ်၊ အမှုလိုတဲ့အချိန်မှာ ဖမ်းတယ်။ ပြည့်တန်ဆာမလေး တွေဟာ သူတို့အမှုလိုရင် ဆွဲယူလို့ရတဲ့သူတွေပဲ''။

သူတို့ရဲ့ ပြည့်တန်ဆာလောကကြီးမှာ တရားဥပဒေအရ အကာအကွယ်ပေးမှုမရှိဘဲ နှိပ်ကွပ်မှုများဖြင့် ထိတွေ့နေရ သည်က အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီလို့ မခရေကဆို ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဖောက်သည်များ၊ စားသုံးသူများ ရဲ့ အနိုင်ကျင့်မှု၊ ခေါင်းပုံဖြတ်မှုတွေဆိုတာလည်း အားလုံး မဟုတ်သည့်တိုင် မကြာခဏဆိုသလို ကြုံတွေ့နေကြရတယ် လို့ ဆိုပါတယ်။
''ငါးသောင်း၊ တစ်သိန်းပေးမယ်ဆိုပြီး ကိစ္စပြီးတော့မှ နင့်ကိုပိုက်ဆံမပေးဘူး ဆိုလဲ ကျွန်မတို့မှာ တိုင်စရာနေရာ မရှိဘူး။ သူတို့သိထားတာက ကြိုက်တဲ့ နေရာမှာတိုင် နင်တို့ ဖာမှုနဲ့တောင် အဖမ်းခံရဦးမယ်ဆိုတာမျိုး။ အနိုင်ကျင့်မှု တွေ ရှိတယ်''။
ဒါကြောင့် သူတို့ပြည့်တန်ဆာလောကအပေါ်မှာ လူ တွေရဲ့ အထင်အမြင်သေး မှုတွေ၊ ဥပဒေပိုင်းက အကာအ ကွယ်ပေးမှုတွေ၊ အစိုးရရဲ့ထိန်းကျောင်းမှုတွေကို အချိန်နှင့် အမျှ မျှော်လင့်နေပါတယ်လို့ မခရေက ဆိုပါတယ်။ ဆင်းရဲ လို့ ပညာကမတတ်၊ ပညာမတတ်လို့ ငွေရလွယ်တဲ့လမ်းကို ရွေးချယ်မိတဲ့ သူတို့လောကသားတွေဟာလည်း ပြည်သူထဲ က ပြည်သူတွေပါပဲလို့ သူမက ခွန်းတုံ့ြေ>ွခပါတယ်။

''အစကတည်းက ပညာကမတတ်၊ ဆင်းရဲတဲ့သူတွေ ဆိုတော့ အတွေးအခေါ်ပိုင်းက ကြောက်တာကိုပဲသိတယ်။ ပြဿနာကိုသွားရှင်းရင် ကိုယ့်ကို အရင်ဆုံး စဖမ်းမှာလေ။ အဲဒါကို အရမ်းကြောက်တာ။ ကိုယ့်ကိုဖမ်းရင် ကိုယ့်မိသားစု က ဒုက္ခရောက်သွားမယ်''။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကတော့ သူမထောင်ကျစဉ်က ထောင် ထဲမှာ တွေ့ဆုံခဲ့ဖူးတဲ့လိင်လုပ်သားတွေ ရဲ့ ဘဝကို တော် တော်စာနာမိနေပါတယ်။ ပညာမတတ်ခြင်း၊ စားဝတ်နေရေးအရမ်းခက် ခဲခြင်း၊ ကိုယ့်အခြေအနေ၊ အဆင့်အတန်းကိုမသိဘဲနဲ့ ဝတ် ချင်စားချင်စိတ် အလွန်တရာများပြားခြင်း စတဲ့အချက်သုံး ချက်ကြောင့် သူတို့တွေ လိင်လုပ်သားတွေဖြစ်သွားရတာလို့ ဒေါ်စန္ဒာမင်းက ကောက်ချက်ချပါတယ်။
''ဒီဘဝကနေ သူတို့ရုန်းထွက်ဖို့ အလွန်တရာခက်ခဲပါ တယ်။ 
ဘာကြောင့်လဲဆိုတေှာ့နထျွှသမုနမလုပ်တော့ ငွေ ရလွယ်တာကို သိလာတယ်။ ငွေရှိတော့ ဝတ် ရစားရတယ်။ ခေါင်းပုံဖြတ် ခံရတာကိုသိပေမယ့် ငွေရလွယ်နေတော့ နောက်အလုပ်တစ်ခု ကိုရှာဖို့ ပျင်းသွားတယ်။ နောက်ဆုံးတော့ပင်ပန်းတဲ့အလုပ်ကိုပြောင်းပြီးမလုပ်ချင်တော့တဲ့စိတ်ဓာတ်တွေလဲပါတယ်''။
YangonMediaGroup

နှင်းကို ရေးသားသည်