ဆက်စီပုံစံ မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော်အချွတ် မရိုက်ဘူးလို့ ပြောတဲ့ မင်းသမီး


ပရိသတ်က ဆက်စီပုံစံ မရိုက်ရန် အကြံပြုသော်လည်း ဇာတ်ဆောင်စရိုက် လိုအပ်ချက်အရသာ ဆက်စီပုံစံ ရိုက်ကူးမည်ဖြစ်ပြီး ပရိသတ် အမြင်တွင် အဆင်ပြေစေမည့် ပုံစံမျိုးသာ ရိုက်ကူးမည်ဟု သွန်းဆက် က ပြောသည်။

‘‘ပရိသတ်တွေက ဆက်စီ ပုံစံတွေ မရိုက်ပါနဲ့။ Cute ပုံစံနဲ့ပဲ လိုက်တယ်လို့ ပြောကြတယ်။ ဆက်စီပုံစံကို ကာရိုက်တာ လိုအပ်ချက်အရ မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော် အချွတ်မရိုက်ပါဘူး’’ဟု ၎င်းက ပြောသည်။


ခေါင်းဆောင် မင်းသမီး အနေဖြင့် ဇာတ်ကားများ ရိုက်ကူးလာရသော်လည်း ရုပ်ရှင်ဇာတ်ကားများတွင် စီနီယာအစ်ကို၊ အစ်မများ၏ သရုပ်ဆောင်မှုများကို ကြည့်ရှုသည့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် အများကြီးကြိုးစားရန် လိုအပ်သည် ဟု မြင်ကြောင်း သွန်းဆက် က ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ဇေရဲထက်နှင့် ဟာသကားတစ်ကား ရိုက်ကူးနေပြီး ယင်းဇာတ်ကား ရိုက်ကူးပြီးပါက လူမင်းနှင့် ဆက်လက်ရိုက်ကူး သွားမည်ဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ကားအနေဖြင့် ယခုနှစ်အတွင်း ရိုက်ကူးရန် လက်ခံထားခြင်းမရှိဘဲ ၂၀၁၅ မှသာ ရုပ်ရှင်ရိုက်ကူးမည်ဟု သွန်းဆက် က ပြောသည်။

ဝါလကင်းလွတ် သီတင်းကျွတ်


” ရာသီထူခွင်၊ ရေပြင်လှတင့်၊ ကြာမျိုးပွင့်” ဟူသော ရှေးဟောင်းအဆိုအရ တူရသီဟုခေါ်ကြသော သီတင်းကျွတ်လတွင် မြောက်လေပြန်စ၍ မြစ်ချောင်းရေ ပြင်များ ငြိမ်သက် လှပကြသည်။ ထိုလ ရာသီတွင် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဏရိတ်၊ ကြာပဒုမ္မာ(ပဒုမာ)ဟူ သော ကြာမျိုးငါးပါးသည် ရာသီကြိုက်ဖြစ်၍ ပွင့်ကြဖူးကြသည်။

သန်ထူလ

သီတင်းကျွတ်လကို ပုဂံကျောက်စာတို့၌ သန်တူလ၊ သန္တူလဟူ၍ပြသည်။ အင်းဝခေတ်ကျောက်စာတို့တွင် သီတင်းကျွတ်ကို သတင်းကျွတ်ဟူ၍ ရေးသားသည်။ လှေသင်း အတွင်းဝန်မင်းက “သတင်းကျွတ်လဟုခေါ်ဆိုသည် မှာ ဝါဆိုလပြည့်နေ့မှစ၍ သတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့အထိ သတင်း ဝါလကျွတ်သောကြောင့်” ခေါ် သည် ဟု ရေးသားခဲ့သည်။ သန်တူလဆိုသည်မှာ ကောက်ပင်များထွက်၍ ထောင်မတ်လာသောလဟု အဓိပ္ပာယ်ကောက်ယူမှုလည်း ရှိသည်။

ပဝါရဏာပြုခြင်း

သီတင်းကျွတ်လပြည့်တွင် လမင်း နှင့် အဿဝဏီနက္ခတ်ယှဉ် ပြိုင်ထွန်းပကြသဖြင့် ကျက်သရေ မင်္ဂလာရှိသောလပင်ဖြစ်ပါသည်။ ဝိနည်းအလိုအရ သီတင်းကျွတ် လ ပြ ည့်ပြီဆိုရုံမျှနှင့် ဝါကျွတ်ပြီဟု မယူဆနိုင်ပါ။ ရဟန်းသံဃာတို့အတွက် ပဝါရဏာပြုပြီးမှသာ ဝါကျွတ်သည်ဟု ခေါ်ရသည်။ ပဝါရဏာဆိုသည်မှာ ရဟန်းတော်တို့ အချင်း ချင်း ဖိတ်ကြားခြင်းဖြစ်၏။ တစ်နည်းဆိုသော် ပန်ကြားခြင်းလည်းဖြစ်သည်။

ဒါယကာတောင်သူလယ်သမားကြီးများ၏ ပစ္စယာနဂ္ဂဟဆွမ်းကွမ်း ထောက်ပံ့မှုကြောင့် ဝါတွင်းသုံးလ တိုင်တိုင် ဝါကပ်လျက် ပရိယက်ကို အား ထုတ်တော်မူ ခဲ့ကြေ သာ ထေရ်သာမဏေတို့သည် ဥပုသ်အိမ်သိမ်တို့၌ ပဝါရဏာများကို ပြုလုပ်ကြရသည်။ ပဝါရဏာဆိုသည်မှာ ဆိုအပ်သော အချိန်ကာလအတွင်း မိမိတို့၏ အပြစ်ကြီး ငယ်ရှိ ပါက ခွင့်လွှတ်တော်မူကြပါဟု မေတ္တာရပ်ခံကြခြင်းဖြစ်သည်။ သိကပ္ခဝါရင့်ထေရ်ကြီးများ ကလည်း ထိုနည်းတူစွာ အပြစ်ရှိက ခွင့်လွှတ်ကြ ပါဟု ခွင့်ပန်လေ့ရှိကြ ပါ သည်။ ထို့အတူကို ယူလျက် လူ-ဥပါသကာဒါယကာများကလည်း ထိုလရာသီတွင် သက်ကြီးဝါရင့်တို့ထံ မှောက်သို့သွားရောက်၍ ကန်တော့ ခြင်း အလေ့ အထပြု ခဲ့ကြ ခင်း ဖြစ်သည်။

မြင်းမိုရ်ပွဲ

သီတင်းကျွတ်လ၌ မြို့ရွာတစ်ဝန်း မီးထွန်းပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။ ထိုမီးထွန်းပွဲကို မြင်းမိုရ်ပွဲဟူ၍လည်းကောင်း၊ တာဝတိံသာ ပွဲဟူ၍ လည်းေ ကာင်း ခေါ်ဝေါ်ကြသည်။ မြင်းမိုရ်ပွဲဖြစ်ပေါ်လာခြင်းမှာ မြတ်စွာဘုရားသခင်သည် ဝါတွင်းသုံးလ ပတလုံး တာဝတိံသာနတ်ရွာ၌ သီတင်းသုံး၍ မယ်တော်သန္တုဿီ တ နတ်သားအား အဘိဓမ္မာဒေသနာတော်ကို ဟော ကြေားတော်မူပြီးလျှင် လူ့ပြည်ဖြစ်သော သက်ာဿနဂိုရ် ပြည်သို့ သက်ဆင်း တော်မူခြင်းကို အကြောင်းပြု၍ဖြစ် သည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့် နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခြင်းလည်းဖြစ်သည်။

သီတင်းကျွတ်လပြည့်ကျော် တစ် ရက်နေ့တွင် မြတ်စွာဘုရား လူ့ပြည်သို့ သက်ဆင်းသည်ကို ရည်စူး၍ မင်းရင်ပြင်တွင် မြင့်မိုရ်တောင်ကို ကိုယ်စားပြုသော မြင့် မားသောြ ပဿဒ်ကြီးကို ဆောက်လုပ်၍ လှေကားသုံးသွယ်ဆင်ယင်ပြီးလျှင် ဆီမီးထွန်းပူဇော်ခဲ့ကြသည်။ သီတင်းကျွတ်ပွဲတော်များတွင် ရှေး ခေတ် ကစာဆိုတော် မယ်ခွေ ၏ အံချင်း ပါစကားအရ ” ရွှေဆင်လှူတဲ့မီးပူဇော်ပွဲ” လည်းရှိကြောင်း သိရသည်။ လောကဗျူ ဟာကျမ်းခေါ် အင်ရုံစာတမ်း၌ ယင်းရွှေ ဆင်လှူပွဲ အကြောင်းရေး သား ထားပြီး သာလွန် မင်းတရားကြီးလက်ထက်က စတင်ခဲ့သည်ဟုဆိုထားသည်။ သီတင်းကျွတ်လဆန်း ၈ရက်နေ့မှစ၍ လပြည့် နေ့ နံနက်တိုင်အောင် ရွှေဆင်ရုပ်လေး ရုပ်နှင့် တကွ ဆီမီး တို့ကို ရာဇမဏိ စူဠာ ဘုရားမှာ ထွန်းညှိပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။သီတင်းဝါလကျွတ်သောအခါ၌ လူတို့၏ ဓလေ့အတိုင်း အိမ်ရာ ထောင်ခြင်း ကို ပြုကြသဖြင့် သီတင်းကျွတ်လျှင် မင်္ဂလာပွဲများ ကျင်းပလေ့ရှိသည်။

လိုင်လာခမ်းရဲ့ ပထမဆုံး ဗီလိန်ဇာတ်ရုပ်



ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးထားပြီး သရုပ်ဆောင် ပြေတီဦး၊ မိုးဟေကို တို့နဲ့ အတူ မြန်မာပြည်ဖွား ဘောလီဝုဒ် မင်းသမီး လိုင်လာခမ်းတို့ သရုပ်ဆောင်ထားတဲ့ “တိုက်ဆိုင်မှုရှိလျှင်” ရုပ်ရှင် ဇာတ်ကားကြီးကို သမ္မတ၊ သွင်၊ မင်္ဂလာ အစရှိတဲ့ ရုပ်ရှင်ရုံကြီးတွေမှာ ပြသခဲ့ရာမှာ ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စား အားပေးမှုကို ခံခဲ့ရပါတယ်။

ခါတိုင်း ရုံတင်ပြသနေကျ မြန်မာရုပ်ရှင် ဟာသဇာတ်ကားတွေနဲ့ ပုံစံကွဲပြီးတော့ အိမ်ထောင်ရေး ပညာပေး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သလို မြန်မာပြည်ဖွား ဘောလီဝုဒ်မင်းသမီး လိုင်လာခမ်း ပါဝင်သရုပ်ဆောင်ထား တာကြောင့်လည်း ဒီဇာတ်ကားက ပရိသတ်ရဲ့ အာရုံကို ပိုပြီးဖမ်းစားနိုင်ခဲ့တာလို့ ယူဆရပါတယ်။

လိုင်လာခမ်းဟာ လက်ရှိမှာ ဘောလီဝုဒ် မင်းသမီး အဖြစ် လုပ်ကိုင်လာခဲ့တာ အခုဆိုရင် ၆ နှစ် ကျော် ၇ နှစ် နီးပါး ရှိပါပြီ။ “တိုက်ဆိုင်မှုရှိလျှင်” မြန်မာရုပ်ရှင် ဇာတ်ကားကြီးဟာ လိုင်လာခမ်းရဲ့ အနုပညာနဲ့ ပတ်သက်လို့ မြန်မာ ပရိသတ်တွေ ပထမဆုံး စတင်ခံစားတွေ့မြင်ခဲ့ ရတဲ့ ဇာတ်ကား တကား ဖြစ်သလို အဲဒီရုပ်ရှင်မှာတင် ပရိသတ်ရဲ့ လက်ခံ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ဇာတ်လမ်း အဆုံးထိ ပရိသတ်ရဲ့ အချစ်ကို နည်းနည်းမှ မယူပြခဲ့ ပေမယ့် ဇာတ်ကား တကားလုံးကို အဆုံးထိ ကြည့်ချင်အောင် သဘာဝကျ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသမီး လိုင်လာခမ်း (ခေါ်) စန္ဒာဝင်းကို ဧရာဝတီသတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။ ။ ပထမဆုံး လိုင်လာခမ်း ဘောလီဝုဒ် ကို ရောက်ခဲ့ပုံကို အကျဉ်းချုံး ပြောပြပေးပါ။

ဖြေ။ ။ အကျဉ်းချုံး ပြောရရင်တော့ ပထမဆုံး ကျမ ဒူဘိုင်းမှာရှိတဲ့ ကြော်ငြာအေဂျင်စီ တခုမှာ General Manager အနေနဲ့ အလုပ်လုပ်ခဲ့တယ်။ အဲဒီမှာက ကုလားကားတွေ ရုံတင်လို့ ရှိရင် အိန္ဒိယ ဒါရိုက်တာတွေ ကုလားကားတွေကို ပရိုမိုးရှင်း လုပ်ဖို့၊ မားကက်တင်း လုပ်ဖို့ ဘောလီဝုဒ် တွေ လာငှားတာပေါ့နော်။ သူတို့က ဒူဘိုင်းမှာလည်း လုပ်တယ်၊ တခြား နိုင်ငံတွေ US တို့၊ ဥရောပ တို့မှာလည်း လုပ်တယ်ဆိုတော့ ဒူဘိုင်းက Billboard တွေကို ကျမက တာဝန်ယူ ထားတဲ့ အပေါ်မှာ သူတို့နဲ့ အတူ အစည်းအဝေးတွေ လုပ်ဖြစ်တယ်။ အဲဒီမှာ သူတို့က ကျမကို အရမ်းလှတယ်၊ ကြည့်ကောင်းတယ် ပေါ့နော်။ ဘာဖြစ်လို့ ဘောလီဝုဒ် မှာ မင်းသမီးမလုပ်ဘဲနဲ့ General Manager လိုမျိုး အလုပ်ကို လုပ်နေလဲပေါ့။ အကယ်၍ အဆင်ပြေရင် လာခဲ့ပါ၊ Welcome လုပ်ပါတယ် ဆိုပြီးပြောတယ်။ အဲဒီကနေတဆင့် အိန္ဒိယကို သွားပြီး ကြိုစားလုပ်ပြီးတော့ ဘောလီဝုဒ် ကို ရောက်သွားခဲ့တယ်။

မေး။ ။ ဘောလီဝုဒ် ကို ရောက်သွားခဲ့တာ ဘယ်တုန်းလောက်ကလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပါ။ မင်းသမီးဖြစ်တာ ၆ နှစ်လောက်ရှိပြီ ဆိုတော့လေ။

မေး။ ။ အိန္ဒိယမှာ အနုပညာနဲ့ ပတ်သက်တဲ့ ကျောင်းတွေ ဘာတွေ တက်ခဲ့သေးလား။

ဖြေ။ ။ ဘာကျောင်းမှ မတက်ခဲ့ပါဘူး။ ဒီလို အနုပညာနဲ့ ပတ်သက်တာကို ဘာကျောင်းမှ ဒီနေ့ထက်ထိ မတက်ခဲ့ဘူး။ ဒါပေမယ့် ကိုယ်က အနုပညာကို ရုပ်ရှင်တွေ ကြည့်ပြီးတော့ပဲ လေ့လာတယ်။ ရုပ်ရှင်တွေ ကြည့်ပြီးတော့ပဲ ကိုယ့်ထက် တော်တဲ့ မင်းသား မင်းသမီးတွေ ဆီကနေ သင်ယူတယ်။ ဘယ်သူ့ဆီ ဘယ်ဒါရိုက်တာ ဘယ်လိုကျောင်းမျိုးမှ မတက်ခဲ့ဘူး။ ဒါပေမယ့် ကိုယ်က ယုံကြည်ထားတာ အစကတည်းက တခုရှိတယ်။ အနုပညာ ဆိုတာ သင်တန်းတက် လို့ ဘယ်လိုမှ မတတ်နိုင်ဘူး။ အနုပညာ ဆိုတာ လူတယောက်ရဲ့ မွေးရာပါဗီဇ၊ မွေးရာပါ Talent တခုပေါ့။ အဲဒီတခုက ရှိနေမယ် ဆိုရင် ဘယ်လို မဆို ဘာမှ မသင်ဘဲ နဲ့ အကောင်းဆုံး မင်းသား မင်းသမီး ဖြစ်လာနိုင်တယ်။ အထဲမှာ တကယ့် Talent မရှိဘူး၊ အနုပညာနဲ့ ပတ်သက်တဲ့ အားသာချက် မရှိဘူးဆိုရင် ဘယ်လောက်ကြီးပဲ သင်ယူသင်ယူ အဆင်ပြေမှာ မဟုတ်ဘူး။

မေး။ ။ လိုင်လာခမ်းရဲ့ မိသားစုနဲ့လည်း မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့ပါ၊ ကျမရဲ့ဖေဖေက ဒေါက်တာနိုင်ဝင်းပါ။ ကျမရဲ့မေမေက Housewife အိမ်ထောင်ရှင်မကောင်း တယောက်ပေါ့ နော်။ ပြီးတော့ ကျမ ပေါ့။ ဒါပါပဲ။ မိသားစုက နည်းပါတယ်။

မေး။ ။ လိုင်လာ့မှာ ကိုယ်ပိုင်မိသားစုရော ရှိပြီလား။

ဖြေ။ ။ မရှိဘူး ရှင့်။ (ရယ်လျက်)။ ကျမက အခုထိ Single ပါ။

မေး။ ။ လိုင်လာက အိန္ဒိယနိုင်ငံသား အဖြစ် ခံယူထား တာလား၊ မြန်မာနိုင်ငံသားပဲလား။

ဖြေ။ ။ မွေးကတည်းက မြန်မာနိုင်ငံသားပဲ။ သေလည်း မြန်မာနိုင်ငံသား အဖြစ်နဲ့ပဲ သေမယ် (ရယ်လျက်)။ သူတို့ နိုင်ငံကတော့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် Permanent Resident အဖြစ်ပဲ ခံယူထားတယ်။

မေး။ ။ လိုင်လာ့ကို ဘယ်မှာမွေးဖွားခဲ့တာလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ လိုင်လာ့ကို မွေးခဲ့တာက ရန်ကုန်မှာပါ။ ရန်ကုန် မီးယပ်နဲ့ သားဖွားဆေးရုံမှာ မွေးခဲ့တာ ဆိုတော့ ရန်ကုန်ဇာတိ ပေါ့။ ရန်ကုန်မှာပဲ မွေး၊ ရန်ကုန်မှာပဲ ကြီးခဲ့တာပါ။ ကျောင်းဆိုတာ ကလည်း အထက-၁ ဒဂုံမှာ ကျောင်းတက်ခဲ့တာပါ။

မေး။ ။ လိုင်လာ့ရဲ့ ငယ်ဘဝ အကြောင်းလေးကို ပြောပြပေးပါ။

ဖြေ။ ။ ငယ်ဘဝကတော့ အရမ်းကောင်းတယ်။ အထက-၁ ဒဂုံလိုမျိုး ကျောင်းမှာ တက်ခွင့်ရခဲ့ပြီး ငယ်ငယ် ကတည်းက ဆရာ၊ ဆရာမတွေရဲ့ ချစ်ခင်ကြင်နာမှုကို ရခဲ့တယ်။ ပြီးတော့ အဲဒီကနေ RC-2 မှာ ကျောင်းတက်ခဲ့တယ်။ အဲဒီတုန်းက ကြည့်မြင်တိုင် ကောလိပ်တို့ RC-2 တို့ရှိတယ်လေ။ ကျမတို့ရဲ့ ငယ်စဉ် ဘဝကတော့ အရမ်းကို ပျော်ရွှင်စရာ ကောင်းခဲ့တယ်။

မေး။ ။ ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့ အနာဂတ်အိပ်မက်က ဘာဖြစ်မလဲ။

ဖြေ။ ။ ကိုယ်က ငယ်ငယ်တုန်းက အရမ်း ဖြစ်ချင်ခဲ့တာတော့ စီးပွားရေးသမား တယောက်ပဲ။ ကိုယ်က အမြဲတမ်း စီးပွားရေး သမားတွေကိုပဲ အားကျတယ်။ ပိုက်ဆံရှာရတာကို အားကျတယ်။ မင်းသား မင်းသမီးကိုတော့ ငယ်ငယ် ကတည်းက ကြိုက်တယ်။ မင်းသား မင်းသမီးကို အရမ်းအားကျတယ်။ ဒါပေမယ့် ဘယ်တော့မှ ကိုယ် မင်းသမီး တယောက် ဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့ဘူး။ လုပ်ဖြစ်ဖို့လည်း တခါမှ မရှိခဲ့ဘူး။ မစဉ်းစားမိခဲ့ဘူး။ ဒါကတော့ ကံကြမ္မာက လုပ်ယူသွားတာပါ။

မေး။ ။ ဘောလိဝုဒ်မှာ အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လို ထူးချွန်ဆုတွေ ရရှိထားလဲ။ ဇာတ်ကားတွေ ဘယ်နှစ်ကား ရိုက်ပြီးသွားပြီလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျမ ဘောလိဝုဒ်မှာ ဇာတ်ကား ၇ ကား ရိုက်ပြီးပါပြီ။ ၄ ကားက ထုတ်လုပ်ပြီး ပြီ၊ ၃ ကားကတော့ ကိုယ်ရိုက်လက်စနဲ့ ပြီးသွားပြီ။ ရုံတင်ဖို့ စောင့်နေတာရယ် အဲဒါတွေ ရှိပါတယ်။ ဘောလိဝုဒ်မှာ ပထမဆုံးကားက Light Hearted ဆိုတဲ့ ဟာသကားလေး ဖြစ်ခဲ့တယ်။ အဲဒီ ဇာတ်ကားမှာတော့ လူတွေရဲ့ ချစ်ခင်ကြင်နာမှုကို ငါးဆယ်ရာခိုင်နှုန်း လောက်ရတယ်။ ဘာလို့လဲ ဆိုတော့ ဘောလိဝုဒ်မှာက မင်းသားမင်းသမီးက မြန်မာပြည်လို အကန့်အသတ်နဲ့ မဟုတ်ဘူး။ အရမ်းများတယ်။ ဒါပေမယ့် ဒုတိယကား သရဲကားလေးမှာ ကျမ လူတွေရဲ့ ချစ်ခင်ကြင်နာမှုကို ၁၀ဝ ရာခိုင်နှုန်းလောက်ရ ခဲ့တယ်။ ပြီးတော့ ဆုအနေနဲ့ The Best Fresh Face Award ဆိုတဲ့ အကောင်းဆုံးဆု ပေါ့။ နိုင်ငံခြားကနေ လာပြီးတော့ အိန္ဒိယနိုင်ငံသား မဟုတ်ဘဲ အိန္ဒိယမှာ လာပြီး အောင်မြင်တဲ့သူကို ပေးတဲ့ဆု၊ အဲဒီဆုတခုကို ရရှိခဲ့ပါတယ်။

မေး။ ။ ဇာတ်ကားတွေမှာကော ခေါင်းဆောင်မင်းသမီး အနေနဲ့ သရုပ်ဆောင်တာလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ၊ အမြဲတမ်း ဘယ်ကားမဆို စခဲ့တဲ့ ကားကတည်းကနေ အခုနောက်ဆုံး ရိုက်ထားတဲ့ ကားအထိ ခေါင်းဆောင်မင်းသမီးပဲ လုပ်ခဲ့တယ်။ ခေါင်းဆောင်မင်းသမီးမှာမှ တချို့ကားတွေဆို မင်းသမီး နှစ်လက်တို့၊ တချို့ကားတွေဆို Solo မင်းသမီး အဲဒီလိုမျိုးတွေ လုပ်ခဲ့ပါတယ်။

မေး။ ။ နာမည်ကြီး အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်ကားတွေ ဆိုရင် ပထမ ဆုံးဇာတ်ကားကိုလည်း လူတွေ အရမ်းကြိုက် ခဲ့ပါတယ်။ ဟာသကား ပေမယ့် သူက နည်းနည်းလေး လူငယ်ဆန်ဆန်လေးပေါ့ နော်၊ ဒရာမာ မရှိဘူးပေါ့။ ဒုတိယကားမှာတော့ သူက သရဲကားဖြစ်တယ်၊ အရမ်း Dramatic ဆန်တယ်။ တတိယကားမှာလည်း သူက စုံထောက်ကား ဖြစ်တဲ့အတွက် Dramatic ဆန်တာလေးတွေ ပါတယ်။ နောက် အခုလက်ရှိ ရိုက်နေတဲ့ ကားတွေမှာလည်း အိုက်တင်ပိုင်းနဲ့ အရမ်း ဖိဖိစီးစီး ရိုက်ထားတဲ့ အပေါ်မှာ လူတွေရဲ့ ချစ်ခင်ကြင်နာမှုကိုလည်း အရမ်းရတယ်၊ ကိုယ်ကိုယ်တိုင်လည်း အားရတယ်။

မေး။ ။ ဘောလီဝုဒ် ဇာတ်ကားတွေမှာကော ဗီလိန် အနေနဲ့ကော သရုပ်ဆောင်ခဲ့ဖူး လား။

ဖြေ။ ။ မရှိဘူးရှင့်၊ တခါမှ မရှိပါဘူး။ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားက ကျမရဲ့ ပထမဆုံး ဗီလိန်ပါ။

မေး။ ။ လိုင်လာခမ်းရဲ့ သရုပ်ဆောင်မှုအပေါ် ဘောလီဝုဒ်က ပရိသတ်ရဲ့ တုံ့ပြန်မှုနဲ့ မြန်မာပရိသတ်ရဲ့ တုံ့ပြန်မှု ဘာတွေ ကွာခြားလဲ။

ဖြေ။ ။ ပရိသတ်တွေရဲ့ တုံ့ပြန်မှုမှာက အကယ်၍ တူညီခဲ့ရင်တောင်မှ ကျမရဲ့ စိတ်ထဲမှာ ဖြစ်တဲ့ ကျေနပ်မှုက တခြားစီပဲ။ ဘောလိဝုဒ်မှာက သူများနိုင်ငံ သူများမြေပေါ်မှာ ကိုယ်အောင်မြင်မှု ဘယ်လောက်ပဲရရ ကိုယ့်ရဲ့ အပေါင်းအသင်း ပတ်ဝန်းကျင်မရှိတဲ့ အပေါ်မှာ ဒီလောက် ကျေနပ်မှု မရဘူး။ အခုက ကိုယ့်ရဲ့မြန်မာပြည်မှာ ကိုယ့်ရဲ့ မြန်မာလူမျိုးတွေက ကိုယ့်ကို ဒီလောက်ချစ်တယ်၊ ဒီလောက်လက်ခံတယ်၊ ဒီလောက် အားပေးတယ် ဆိုတာ သိရတော့၊ နောက်ပြီးတော့ ကိုယ်က ဒီလိုအားပေး ချစ်ခင်ကြင်နာမှုကို ကိုယ့်မိသားစုရဲ့ မျက်စိအရှေ့မှာ၊ ပြီးတော့ သူငယ်ချင်း အပေါင်းအသင်း ဆရာဆရာမတွေ၊ သူတို့ရဲ့ လက်ပေါ်မှာ ကိုယ်က ကြီးခဲ့တဲ့ ကိုယ်အမြဲ ရိုသေလေးစား ခဲ့ရတဲ့ အမေ့ရဲ့မိတ်ဆွေတွေ၊ အဒေါ်တွေ အဲဒီလိုလူတွေကြားထဲမှာ အောင်မြင်မှု ရခဲ့တော့ ဒီ Feeling ကို အရမ်း ပိုပြီးတော့ မြတ်နိုးတယ်။ ပိုပြီးတော့ သဘောကျတယ်။ ပြီးတော့ ကိုယ့်မြန်မာတွေ ကိုယ့်ကို ဒီလောက်ထိ အားပေးတာ ကို အရမ်းကျေနပ်တယ်၊ ဆိုတော့ ဒီ Feeling က အများကြီး ပိုသာပါတယ်။

မေး။ ။ ဒီ “တိုက်ဆိုင်မှု ရှိလျှင်” ဇာတ်ကားကို စပြီးရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့ပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ လက်ခံဖြစ်ခဲ့ပုံက ကျမ ဒီမှာ ဘောလီဝုဒ် မင်းသမီး ဖြစ်ပြီးတဲ့နောက်မှာ မီဒီယာကွန်ဖရင့် တခု လုပ်ခဲ့တယ်။ အဲဒီမှာ ကျမက မီဒီယာတွေကို ကျမရဲ့ ဇာတ်ကားနမူနာတွေ ပြခဲ့ပါတယ်။ အဲဒီမှာ အကုန်လာကြတဲ့ အခါမှာ ဒါရိုက်တာ ဦးမျိုးမင်း လည်းလာပြီးတော့ ကျမရဲ့ ဘောလီဝုဒ် ဇာတ်ကားတွေကို ကြည့်ပြီး သဘောကျသွားတယ်။ ဦးမျိုးက အစ ကတည်းက သူ့မှာ အစီအစဉ် ရှိတဲ့ အပေါ်မှာ ကျမကို ကမ်းလှမ်းလာတော့ ကိုယ်က လက်ခံလိုက်တဲ့ အကြောင်းရင်းက ဦးမျိုးရဲ့ Talent ကို အရမ်း ယုံကြည်တယ်၊ ဦးမျိုးတော်တယ် ဆိုတာ သိတာတခုရယ်၊ နောက်တခုက ကိုယ့်မြန်မာပြည် က ပရိသတ်တွေနဲ့ ထိတွေ့မှု ရှိချင်တယ်။ ကိုယ်က နိုင်ငံခြားမှာ ဇာတ်ကားတွေ ဘယ်လောက်ပဲ ရိုက်ရိုက် အဲဒီ ကားတွေက မြန်မာပြည်မှာ ရုံမတင်တဲ့ အပေါ်မှာ ကိုယ့်မြန်မာတွေက ကိုယ့်ကို မသိဘူး။ သိတဲ့သူတွေကလည်း ရှိပါတယ်။ ဒါပေမယ့် ထိတွေ့မှု မဖြစ်ဘူးပေါ့၊ တရင်းတနှီး မဖြစ်ဘူး။ အဲဒါလေးကို တရင်းတနှီး ဖြစ်သွားအောင်၊ ကိုယ့်ရဲ့ Talent ကို ကိုယ့်မြန်မာတွေ သိသွားအောင်၊ ဂုဏ်ယူအောင်၊ ပိုပြီးအားပေးအောင် ဆိုပြီး လက်ခံဖြစ် သွားတာပါ။

မေး။ ။ ဒီဇာတ်ကားထဲမှာ လိုင်လာ့ဇာတ်ရုပ်က အရမ်းကို ဗီလိန်ဆန်တယ် ဆိုတော့ ပရိသတ် မုန်းသွားမှာကို မစိုးရိမ်ဘူးလား။

ဖြေ။ ။ မမုန်းပါဘူး (ရယ်လျက်)။ ပရိသတ်က ပိုတောင် ချစ်သေးတယ်။ ကိုယ်က ဘာဖြစ်လို့လဲ ဆိုတော့ ယုံကြည်တယ် လေ။ ကိုယ့်ပရိသတ်ကို ကိုယ်ယုံကြည်တယ်။ နောက် ကိုယ့်မြန်မာ လူမျိုးတွေက ပညာမရှိ၊ ဦးနှောက်မရှိတဲ့ လူမျိုးတွေမှ မဟုတ်တာ။ ရုပ်ရှင်ဆိုတာ Entertainment ပဲလေ။ Entertainment အတွက် ဒါရိုက်တာ ခိုင်းလို့ လုပ်ရတယ် ဆိုတာ အားလုံးသိတာပဲလေ။

မေး။ ။ ဒီဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု အရှိဆုံး အကြိုက်ဆုံး ဇာတ်ဝင်ခန်းနဲ့ မကြိုက်ဆုံး ဇာတ်ဝင်ခန်း ရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ မကြိုက်ဆုံး ဇာတ်ဝင်ခန်း တခန်းမှမရှိဘူး။ အခန်းတိုင်းကို အရမ်းကြိုက်တယ်၊ တကားလုံးကို အရမ်း ကြိုက်တယ်။ အားလုံးရဲ့အိုက်တင်ကို အရမ်းကြိုက်တယ်၊ ဦးမျိုးရဲ့ Direction ကို အရမ်းကြိုက်တယ်။ ဒါပေမယ့် ကိုယ့်အတွက်က အကောင်းဆုံး အခန်းတခန်းဆိုရင် နည်းနည်းလေး ပိုတာက Park Royal Hotel အခန်းထဲမှာ ကိုယ်က စိတ်ဖောက်တယ်၊ အရမ်းကြောက်ပြီး ကိုပြေတီဦးကို ဖုန်းဆက်ပြီး လာဖို့ခေါ်တယ်။ လာခဲ့ပါ၊ ကျမကို လူတွေသတ်တော့မယ် ဆိုပြီး စိတ်ဖောက်တဲ့ အခန်းပေါ့နော်၊ အဲဒီအခန်းပေါ့။ ပြီးတော့ နောက်ဆုံး အခန်း၊ သော့လုတဲ့ အခန်း အဲဒီအခန်းမှာ ကိုယ်က Split Personality ပေါ့။ အရမ်းပူလောင်နေတယ်၊ ပြီးတော့ ချက်ချင်းကြီး ငြိမ်ကျ သွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စိတ်ဆုံးဖြတ်လိုက်တဲ့ အခါမှာ ရုပ်ကို Expression တွေ ပြောင်းထည့် လိုက်တယ်။ အဲဒီ Scene ကို အရမ်းကြိုက်တယ်။ အဲဒီအခန်းကို ကိုယ့်ကိုယ်ကိုယ် အရမ်းအားရတယ်။

မေး။ ။ ဇာတ်ကား ရိုက်နေစဉ်အတွင်းမှာ ဘာအခက်ခဲတွေ တွေ့ခဲ့လဲ။ မြန်မာ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အတူတွဲပြီး အလုပ် လုပ်ကိုင်ရတာ ဘောလီဝုဒ် မှာနဲ့ ဘယ်လိုကွာခြားလဲ။

ဖြေ။ ။ နည်းစနစ် အပိုင်းတွေ ကတော့ အများကြီး ကွာတယ်။ မီးအားသုံးတာတွေ အရမ်းကွာတယ်။ လူအင်အား သုံးတာတွေ အများကြီးကွာတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာမဆို Artist ဆိုတာ Arist ပဲ။ အက်တင် လုပ်ရတာက အက်တင်လုပ်ရတာပဲ။ ကင်မရာ On လိုက်ရင် အားလုံး Acting လုပ်ရတာပဲ ဆိုတော့ ဒီနိုင်ငံကလူ၊ ဟိုနိုင်ငံက လူမို့လို့ ရယ်လို့ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကိုပြေတီဦးလည်း သရုပ်ဆောင်ကောင်း တယောက်ပါ။ မိုးဟေကိုလည်း ကောင်းပါ တယ်။ ဆိုတော့ Acting အပိုင်းမှာ Directing အပိုင်းမှာ ဘာပြဿနာမှ မရှိပါဘူး။ Technology အပိုင်းမှာ အရင်ကတော့ ကိုယ်က နည်းနည်းစိတ်ပူခဲ့တယ်။ ဘယ်လိုများ ထွက်လာမလဲ၊ ရလဒ်က ဘယ်လိုများ ဖြစ်မလဲ ဆိုတာကို စိတ်ပူခဲ့တဲ့ အပေါ်မှာ ရလဒ်က ထွက်လာတော့ အရမ်းအဆင်ပြေတဲ့ အခါမှာ ကိုယ်ကျေနပ်သွားပါတယ်။

မေး။ ။ ဒီဇာတ်ကားက ရုပ်ရှင်ဇာတ်ကားကြီး ဆိုတော့ အကယ်ဒမီဆု ရရှိမယ်လို့ မှန်းမိလား။

ဖြေ။ ။ အကယ်ဒမီကို လိုချင်လား ဆိုရင် လိုချင်တယ်။ မှန်းလားဆိုရင်တော့ မမှန်းရဲပါဘူး။ မမှန်းရဲဘူးဆိုတာ အကယ်ဒမီက နတ်လည်း ကြီးတယ်။ ပြီးတော့ လူကြီးတွေက ဆုံးဖြတ်တာ ဆိုတော့၊ အကယ်၍ ပရိသတ်တွေက ဆုံးဖြတ်တာ ဆိုရင်တော့ ကိုယ်ရမှာသေချာတယ်။ ပရိသတ်တွေက အစ်မ အကယ်ဒမီရမယ်၊ အကယ်ဒမီရမယ် ဆိုပြီး ပြောတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာက ပရိသတ်ဆုံးဖြတ်တာ မဟုတ်ဘူး၊ ကြည့်ရှု့တဲ့လူတွေရ့ ရွေးချယ်မှု မဟုတ်ဘူး။ လူကြီးတွေ၊ ရုပ်ရှင်ကောင်စီက လူတွေ ဆုံးဖြတ်တာ ဆိုတော့ သူတို့ကို မျှမျှတတနဲ့ ဆုံးဖြတ်စေချင်တယ်၊ ဒါပေမယ့် မမှန်းရဲဘူး။

မေး။ ။ ဒီဇာတ်ကားကို ရုံမတင်ခင်က လိုင်လာခမ်း လုပ်ကြံသတ်ဖြတ်ခံရတယ် ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်လာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒါလေးက အမှန်တကယ်တော့ ၂၀၁၁ တုန်းက အိန္ဒိယမှာ ကောလာဟလ သတင်းပေါ့။ ကျမနဲ့ ပတ်သက် ပြီးတော့ ထွက်ခဲ့တယ်။ အဲဒါကလည်း နည်းနည်းမနာလိုတဲ့ လူတွေက လုပ်လိုက်တဲ့ အနေအထားမှာပေါ့ နော်။ နောက်ပြီးတော့ မှားယွင်းတဲ့ သတင်းတခု ထွက်သွားတဲ့အပေါ်မှာ၊ အဲဒီ သူတို့ ထုတ်လိုက်တဲ့ ZEE TV ဆိုတာ အိန္ဒိယမှာ Main Channel ပေါ့။ အဲဒီ Channel နဲ့လည်း ကျမ နည်းနည်း ပြဿနာလေးတွေ ဖြစ်တယ်၊ ဒါပေမယ့် အဲဒီ Channel က ကျမကို ပြန်တောင်းပန်ပြီး သူတို့ ပြန် အသံလွှင့်ပေးတယ်၊ အဲဒီကိစ္စ မှားသွားပါတယ် ဆိုပြီး။ သူတို့ အယ်ဒီတာ တယောက်က Identical မှားတဲ့ ကိစ္စတခုကို ထည့်မိတဲ့ အတွက် တောင်းပန်ပါတယ် ဆိုပြီးတော့ တောင်းလည်း တောင်းပန်တယ်။ အခု “တိုက်ဆိုင်မှုရှိလျှင်” ဇာတ်ကားထွက်တဲ့ အချိန်မှာ ကျမထင်တာကတော့ မြန်မာပြည်က မီဒီယာတွေက ကျမနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Google မှာ ရှာရင်းနဲ့ သူတို့က အမှားအယွင်း သတင်းကို တွေ့သွားပြီး အဲဒါကို ရေးလိုက်တော့ အဲဒါက ပြန်ပြန့်သွားတယ်။ အဲဒီသဘောပါပဲ။ ဒါပေမယ့် အဲဒီ အယ်ဒီတာတွေနဲ့ ခေါ်ပြီး စကားပြောတဲ့ အခါမှာ သူတို့ကိုယ်တိုင်ကလည်း ဒီလိုယူပြီးတော့ ထည့်ခဲ့တဲ့ အတွက်၊ သေချာစုံစမ်းပြီးတော့ မထည့်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဆိုပြီး သူတို့က ဆိုပါတယ်။

မေး။ ။ နောက်ထပ် မြန်မာပြည်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းလာမယ် ဆိုရင်ကော ရိုက်ဖို့ အစီစဉ် ရှိပါသလား။

ဖြေ။ ။ ကမ်းလည်း ကမ်းလှမ်းပါတယ်။ ရိုက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ အခု ရိုက်ဖို့လည်း လုပ်နေပါပြီ။ ဒါရိုက်တာ ဦးမျိုးမင်းနဲ့ ပါပဲ။ ဦးမျိုးနဲ့ အခု နှစ်ကားလောက်တော့ ပြောထားတယ်။

မေး။ ။ ဒီ မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီအောင် ဘာတွေ လုပ်သင့်တယ်လို့ မြင်မိလဲ။

ဖြေ။ ။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ Technology အပိုင်းကို မြှင့်တင်လိုက်ပြီ၊ ငွေသုံးတာကို တခြား ဘောလိဝုဒ် ကားတွေ ရိုက်သလို သိန်းနဲ့ သန်းနဲ့ချီပြီး ကုဋေနဲ့ ကုဋာနဲ့ ချီပြီး သုံးနိုင်ပြီ ဆိုရင်တော့ Automatically ဒီကားတွေက International Level ဖြစ်သွားမှာပါ။

မေး။ ။ မြန်မာပြည်မှာ ပြန်အခြေချဖို့ အစီအစဉ်ကော ရှိလား။

ဖြေ။ ။ မြန်မာနိုင်ငံက ကိုယ့်နိုင်ငံ ဖြစ်တဲ့ အပေါ်မှာ သင်္ဘောသားတယောက်က နိုင်ငံရပ်ခြားသွားပြီးတော့ သင်္ဘောမှာ အလုပ် လုပ်နေသလို ပုံစံပါပဲ။ ဘယ်နှစ်နှစ်ပဲ နေရနေရ သွားပြီး အလုပ်လုပ်ပြီးရင် ကိုယ့်နိုင်ငံပဲ ကိုယ်ပြန်ရတာပဲလေ။ ကျမလည်း အကယ်၍ နိုင်ငံခြားသားနဲ့ ကိုယ်အိမ်ထောင်ကျ သွားရင်တော့ ကိုယ်ဘယ်နိုင်ငံမှာ နေဖြစ်မလဲဆိုတာ ပြောလို့ မရဘူး။ အကယ်၍ ကိုယ်နိုင်ငံခြားသားနဲ့ အိမ်ထောင် မကျခဲ့ရင်တော့ ကိုယ့်မြန်မာပြည် ကိုယ့်နိုင်ငံမှာပဲ ကိုယ် ပြန် အခြေချရမှာပေါ့။ ။
ဧရာဝတီ

ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ချစ်တဲ့အကြောင်း ဘာ့ကြောင့် နေ့တိုင်းပြောပေးသင့်တယ်ဆိုတာ


YouGov ရဲ့ စစ်တမ်းကောက်ချက်အရ ချစ်သူရည်းစားစုံတွဲ တော်တော်များများဟာ အချိန်နည်းနည်းကြာမြင့်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုတွေ လျော့နည်းလာကြတဲ့အပြင်၊ စိတ်ခံစားချက်တွေပါ ပြောင်းလဲကုန်ကြတာဟာ ချစ်တယ်ဆိုတဲ့ စကားကို နေ့တိုင်းမပြောတော့တာကြောင့်လို့ ဆိုထားပါတယ်။ သူတို့စစ်တမ်းကောက်ထားတဲ့ ဦးရေ ၂၀၇၁ယောက်ရှိပြီး လက်ထပ်ထားတဲ့သူ ၉၅၉ယောက် နဲ့ ရည်းစားအဆင့်သာရှိကြတဲ့ လက်မထပ်ရသေးတဲ့သူ စုစုပေါင်း ၄၉၄ယောက်ကို မေးမြန်းစစ်တမ်းကောက်ခဲ့ကြတာပါ။

အစပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်တယ်ဆိုတာကို ပြောမ၀ကြပါဘူးတဲ့။ မင်းကိုချစ်တယ်လို့ တစ်ယောက်ကပြောလိုက်ရင် ကျန်တဲ့တစ်ယောက်က ကိုယ်ကပိုချစ်တာပါလို့ ပြန်ပြောဖို့ ၀န်မလေးပါဘူး။ စုံတွဲအသစ်လေးတွေဆို ပိုတောင်ဆိုးပါသေးတယ်။ အတွဲတွေထဲမှာ ချစ်သူနဲ့တွဲလာတာ သုံးနှစ်ကနေ ငါးနှစ်အတွင်းရှိတဲ့ ခုနမေးမြန်းထားသူဦးရေ တစ်ဝက်လောက်ကတော့ ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း နေ့တိုင်းပြောဖြစ်တယ်လို့ ဆိုပါတယ်။ ၀မ်းနည်းစရာကောင်းတဲ့နောက်တစ်ချက်က ငါးနှစ်ကနေ ၁၀နှစ်အတွင်း တွဲလာတဲ့သူ၊ လက်ထပ်ထားသူတွေထဲက ၃၃ရာခိုင်နှုန်းသာ မင်းကိုချစ်တယ်၊ ရှင့်ကိုချစ်တယ် ဆိုတာကို နေ့တိုင်းပြောဆိုဖြစ်ကြတော့တာပါပဲ။ နှစ်ငါးဆယ်လောက် တွဲပြီးသွားပြီ၊ အတူနေထိုင်နေသူတွေဆိုရင်တော့ ၁၈ ရာခိုင်နှုန်းသာ ချစ်တဲ့အကြောင်း နေ့တိုင်းပြောဖြစ်ပါသတဲ့။ အမှန်တော့ ချစ်သူစုံတွဲတွေဟာ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာကို ဖွဲ့နွဲ့မပြောဖြစ်ကြရတောင် တစ်ဦးနဲ့တစ်ဦး ရေရှည်မှာ ပိုမိုခိုင်မြဲတဲ့သံယောဇဉ်ကြိုးကို ချည်နှောင်ထားနိုင်ဖို့အတွက် ရှင့်ကိုချစ်တယ်၊ မင်းကိုချစ်တယ် ဆိုတဲ့စကားကို နေ့တိုင်းပြောဆိုပေးဖို့ လိုကိုလိုအပ်တာပါ။ ဒါဟာ ကြားရသူအတွက် ခွန်အားဖြစ်စေသလို၊ ပြောသူအတွက်လည်း ပီတိပျော်ရွှင်မှုကို အနည်းဆုံးခံစားနိုင်တယ် မဟုတ်ပါလား။

Ref:cosmopolitan.com
Trend

ဒူးအရွတ် ဒဏ်ရာကြောင့် အိုဇေးလ် ၂၀၁၄ နှစ်အကုန်အထိ အနား ယူရမည်


အာဆင်နယ်အသင်း၏အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် အိုဇေးလ်သည် ဒူးအရွတ်ဒဏ်ရာကြောင့် သုံးလခန့် အနားယူရတော့ မည်ဖြစ်သည်။ နိုင် ငံတကာပွဲစဉ်များကစားရန် ဂျာမနီအသင်းသို့ သွားရောက်ချိန်တွင် အိုဇေးလ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် ထိုဒဏ်ရာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအာဆင်နယ်အသင်းတွင် ဂီရော့ဒ်၊ ဒီဘူချီ၊ ရမ်ဆေး၊ အာတီတာ စသည့် အဓိက ကစားသမားများ ဒဏ်ရာရရှိနေသည့်အတွက် အိုဇေးလ်၏သတင်းသည် အာဆင်နယ်အသင်းနှင့် အာစင်ဝင်းဂါးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

အိုဇေးလ်၏ ဘယ်ဘက်ဒူးအရွတ်တွင် အနည်းငယ်စုတ်ပြဲနေသည့်အတွက် ယခုလတွင်ကစားမည့် ပိုလန်၊အိုင်ယာလန်တို့နှင့်ပွဲစဉ်များအပြင် နိုဝင်ဘာလတွင်က စားရမည့် ဂျီဘရော်တာ၊ စပိန် တို့နှင့်ပွဲစဉ်များတွင်လည်း ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က အတည်ပြုသည်။

“MRI ဆေးစစ်ချက်တွေအရ အိုလ်ဇေးရဲ့ ဘယ်ဘက်ဒူးအပြင်ဘက်အရွတ်က အနည်းငယ်ပျက်စီးနေပါတယ်။ဒီဒဏ်ရာကို ပြုစုကုသပြီးရင် ခြောက်ပတ်လောက် လှုပ်ရှားလို့ ရမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ အနည်းဆုံး ၁၀ ပတ်နဲ့ ၁၂ ပတ်လောက် အနားယူရပါလိမ့်မယ်” ဟု ဂျာမနီအသင်းက ကြေညာသည်။

အာဆင်နယ်အသင်း၏ကြံ့ခိုင်ရေးနည်းပြ ဖော်ဆိုင်တီသည် ဂျာမနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အသင်းသို့ အိုဇေးလ်ပြန်မရောက်သေး သည့်အတွက် ဒဏ်ရာနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အာဆင်နယ်အသင်းက ကြေညာသည်။

ထိုဒဏ်ရာကြောင့် အိုဇေးလ်သည် အာဆင်နယ်အသင်း၏ ပွဲစဉ် ၁၆ ပွဲခန့်ကို လွဲချော်ရတော့မည်ဖြစ်သည်။ ထိုပွဲစဉ်များတွင်အန်ဒါလက်ခ်ျ၊ ဒေါ့တ်မွန်၊ဂါလာတာ စာရေးတို့နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ် လေးပွဲနှင့် မန်ယူ၊ လီဗာပူးလ်တို့နှင့် ပွဲစဉ်များ ပါဝင်လျက်ရှိသည်။

Mizzima

သင်ဆရာ၊ မြင်ဆရာတွေရဲ့ ကျေးဇူးဂုဏ်အင်ကို ညွှန်းဆိုတဲ့အလှမယ် ခင်ရတနာဟိန်း


Miss Myanmar World 2014 ပြိုင်ပွဲမှာ 1st Runner Up ရရှိခဲ့တဲ့ ခင်ရတနာဟိန်းက အသက် ၁၈ နှစ် ရှိပြီး Bellerbys College (A) Level, Humanities Brighton, UK Excel-lent Arts School မှာ ပညာသင်ကြားနေသူဖြစ် ကြောင်းသိရပါတယ်။ Miss Myanmar World 2014 ပြိုင်ပွဲ မှာ သရဖူဆုနဲ့ လွဲခဲ့ပြီး ၁ျအ 1st Runner Up ဆုရှိသလို Miss Personality ဆုကိုလည်း ရရှိခဲ့ပါတယ်။ အခုလို ဆုရရှိတဲ့အတွက် သူ့ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျေးဇူးတင်ကြောင်းကိုလည်း ခင်ရတနာဟိန်းက အခုလိုပြောကြားခဲ့ပါတယ်။

Miss Myanmar World 2014 ပြိုင်ပွဲဝင်ဖြစ်ပုံ

Miss Myanmar World 2014 ပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ အဓိကအကြောင်းအရင်း သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ မြန်မာပြည်က ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်မှုပုံစံကို ကမ္ဘာကသိသွားပြီး ကမ္ဘာ့အလယ်မှာ မြန်မာဆို တာကို သေချာမှတ်မိ သွားအောင် ပြောပြချင် တာ ပါ။ဒုတိယအချက်ကတော့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင် စင်ကာပူ၊ ယိုးဒယားစတဲ့နိုင်ငံတွေမှာ Camp ဝင်ရမှာဆိုတော့ ဟိန်းအနေနဲ့ကလည်း အဆင်ပြေ မယ် ထင် တယ်။ ဘာလို့လဲဆိုတော့ ဟိန်းကငယ်ငယ်ကတည်းက စင်ကာပူမှာ ကျောင်းတက်လာတယ်။ ယိုးဒယားဘာသာ စကားအနေနဲ့ဆိုရင်လည်းရင်းနှီးတယ်။ အခုလက်ရှိ က လည်း UK မှာ ကျောင်းတက်နေတာဆိုတော့ တကယ်လို့ UK မှာ ပြိုင်ပွဲဝင်ရမယ်ဆိုရင် ဟိန်းအတွက်လည်း အဆင်ပြေမယ်လို့ထင်တယ်လေ။ တတိယအချက် ကတော့ ဒီလိုမျိုး Miss ပြိုင်ပွဲတွေကိုဝင်ပြိုင်ပြီး ဆုတွေရဖို့ကတော့ ဟိန်းအနေနဲ့ အိပ်မက်တောင်မမက်ဖူးပါဘူး။ ဟိန်းရဲ့အစ်မအကြီးဆုံးက ဒီ Miss Myanmar World 2014ပြိုင် ပွဲလေးရှိတယ်ဆိုပြီးပြောတယ်။ ပြီးတော့ ဝင်ပြိုင်ကြည့်ပါလားလို့ပြောတော့ ဟိန်းလည်းစိတ်ဝင်စား ပြီးဝင်ပြိုင်ဖြစ်သွားတာပါ။

ပံ့ပိုးပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ

အခုလိုဆုတွေရရှိအောင် အဓိကပံ့ပိုးကူညီပေးကြတဲ့သူတွေကတော့ မိဘနှစ်ပါးနဲ့ အစ်မတွေပါပဲ။ ပြီးတော့ ဟိန်းက အနုပညာအသိုင်းအဝိုင်းကလည်းမဟုတ်ဘူးလေ။ ဒီ ပြိုင်ပွဲကိုလည်း အစိမ်းသက်သက် ဝင်ရောက်ယှဉ်ပြိုင်ရတာဆိုတော့ လက်ဦးဆရာရယ်လို့တော့ မရှိပါဘူး။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာပဲ ဟိန်းနဲ့အတူပြိုင်ပွဲဝင်ခဲ့တဲ့ အစ်မတွေ၊ ညီမတွေကလည်း ဟိန်းကို သင်ပြပေးတယ်။ Trainer ဖြစ်တဲ့ Mr. Brian ကလည်း သင်ပေးတယ်။ ပြီးတော့ ဟိန်းကငယ်ငယ်တုန်းက ဘဲလေးအက က တယ် လေ။ အဲဒီတော့ Talent Show မှာပြဖို့ ဘဲလေးအကပြန်ကျင့်တုန်းကလည်း ပြန် Train ပေးတဲ့ Trainer Ian ကလည်း လေ့ကျင့်ပေးပါတယ်။ တခြား မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာတွေလည်း ရှိပါတယ်။ ဟိန်းက အဲဒီဆရာတွေ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။

အားပေးတဲ့ပရိသတ်များကို ကျေးဇူးတင်

နောက်ဆုံးပြိုင်ပွဲမှာ ဟိန်းကို Miss ရစေချင်တဲ့ ပရိသတ်တွေ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ အစတုန်းက ဟိန်းထင်တာက ဟိန်းက မျက်နှာသစ် လည်းဖြစ် တဲ့ အတွက် ဟိန်းကိုအားပေးတဲ့ ပရိသတ်မရှိ လောက်ဘူးပဲ ထင်ထားတာပေါ့နော်။ တကယ်တမ်းတော့ တကယ့်ကိုအားပေးတဲ့ ဟိန်းရဲ့ အမာခံပရိသတ်တွေရှိတဲ့အတွက် တ အားလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ပရိသတ်တွေအားလုံးလည်း ကျန်းမာပါစေ၊ လိုအင်ဆန္ဒပြည့်ဝကြပါစေလို့လည်း ဟိန်းကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေး ပါ တယ်ရှင်။

ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမိုမြင့်မားစေဖို့ စမ်းသပ် လုပ်ဆောင်ကြည့်သင့်တဲ့ အရာများ

အခက်အခဲတွေ၊ အတားအဆီးတွေ မကြာခဏကြုံတွေ့ရတဲ့အခါ၊ ကိစ္စရပ်တော်တော်များများကို အရှုံးပေးလိုက်ရတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ လျော့ကျသွားတတ်ပါတယ်။ ငါမလုပ်နိုင်ဘူးဆိုတာတွေ၊ မဖြစ်နိုင်ဘူးဆိုတာတွေကို စိတ်ထဲက ထုတ်ပြီး ကိုယ်လိုချင်တဲ့အရာကို ရအောင်ယူနိုင်ဖို့၊ ကိုယ်ဖြစ်ချင်တာတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် သိထားရမယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ကိုယ်ဘယ်အရာတွေမှာ အားနည်းတယ်၊ မလုပ်နိုင်ဘူးလည်း ဆိုတာကို သတိထားလိုက်ပါ။

အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့သူ၊ ထူးချွန်တဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်ကတော့ ရှိကြတာပါပဲ။ ဒီတော့ သင့်မှာလည်း အားနည်းချက်တွေ၊ မလုပ်နိုင်တဲ့အရာတွေ ရှိနေတယ်ဆိုတာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဘယ်လိုအရာတွေမှာ အားနည်းတယ်ဆိုတာ သိအောင်လုပ်ပြီး ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်ဘာတွေ အားနည်းတယ်ဆိုတာကို သိရအောင် စာအုပ်ထဲမှာ ချရေးထားတာမျိုး၊ မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်ကြည့်ပြီး ရေရွတ်တာမျိုးတွေ လုပ်ပါ။ ပြင်နိုင်သမျှကို ဖြေးဖြေးချင်း ပြင်သွားပါ။

၂။ကိုယ့်ကို ကြောက်စေတဲ့အရာမျိုးတွေထဲက တစ်ခုခုကို ရှောင်ဖယ်မနေပဲ စမ်းလုပ်ကြည့်ပါ။

ကိုယ့်စိတ်ထဲ လုပ်ချင်စိတ်အပြည့်ရှိနေပေမယ့် လုပ်ရမှာကြောက်တဲ့အရာမျိုးတွေ ရှိပါတယ်။ အဲ့ဒီအရာတွေကို မဖြစ်မနေ လုပ်ကြည့်လိုက်ပါ။ ခုလိုလုပ်ခြင်းအားဖြင့် ပထမဆုံးအကြိမ်မှာ သင်အခက်အခဲ ရင်ဆိုင်နိုင်ရဖွယ်ရှိပေမယ့် နောက်ပိုင်းအဆင်ပြေသွားပါလိမ့်မယ်။ ဒါဟာလုံးဝသေချာတာမို့ စမ်းလုပ်ကြည့်ဖို့ မကြောက်ပါနဲ့။

၃။ရှုံးနိမ့်ခြင်းကနေ သင်ယူပါ။

သင်ရှေ့မှာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှု၊ အရှုံးနဲ့ အမှားတွေကနေ သင်ခန်းစာတွေ အများကြီးရလာပါလိမ့်မယ်။ ဒီအရာတွေကနေ ယုံကြည်မှုတည်ဆောက်နိုင်တယ်လို့ ဘယ်သူယုံမှာလဲ။ တကယ်တော့ ပထမတစ်ခါကိုယ်လုပ်လိုက်လို့ အရှုံးတွေ ရင်ဆိုင်လိုက်ရပြီဆိုရင် ဒီလိုပါလား၊ ငါဒီကနေ ဒါတွေသိလိုက်ရတယ်ဆိုတဲ့ အသိကနေ သင်ဟာ ယုံကြည်မှုတွေ ရရှိနိုင်ပါတယ်။ နောက်တစ်ကြိမ်မှာတော့ ဒီယုံကြည်မှုနဲ့ ရှေ့ဆက်လိုက်ပါ။

၎။တစ်ခြားသူတွေကို ကိုယ်ဒုက္ခရောက်နေတဲ့ပုံ၊ ပူထူပျာယာခတ်နေတဲ့ပုံ မမြင်ပါစေနဲ့။

သင်တစ်နေ့တာ လုပ်ရမယ့် အရာတွေကို အိမ်ကမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်သွားပါ။ ၀ီရိယထားပြီး ကြိုးစားပါ။ တတ်နိုင်သမျှ ကိုယ့်ဘက်က ကြိုးစားပြင်ဆင်ထားမယ်ဆိုရင်တော့ လူကြားထဲ ပျာယာခတ်နေစရာ မလိုတော့ဘူးပေါ့။ အေးဆေးဖြစ်နေတဲ့ပုံနဲ့သာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ အရေးကြီးပါတယ်။

၅။ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။

ယုံကြည်မှုရှိစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ သင်တွေးပါလိမ့်မယ်။ တကယ်တော့ ဒါဟာ အမှန်တကယ်ပဲ ဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တဲ့ ဓာတုဗေဒဆိုင်ရာဟော်မုန်းတွေက သင့်ကို ပေါ့ပါးလွတ်လပ်တဲ့ခံစားမှု၊ ပျော်ရွှင်စေတဲ့ ခံစားမှုတွေ ပေးနိုင်တာကြောင့်ပါ။ အရာရာကိုလည်း ငါလုပ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးလည်း သင့်ဆီမှာ ရှိလာပါလိမ့်မယ်။

၆။စမတ်ကျအောင်နေပါ။ ပြင်ပြင်ဆင်ဆင်နေပါ။

ကိုယ့်စိတ်ထဲ ယုံကြည်မှုတွေ မြှင့်တင်နိုင်ဖို့ဆိုရင် သင့်ရဲ့ဖက်ရှင်စတိုင်နဲ့ စမတ်ကျမကျဆိုတာကလည်း သက်ဆိုင်နေပါသေးတယ်။ သင်က တစ်ကိုယ်ရေသန့်ရှင်းမှုရှိသလို ကိုယ့်ကိုကိုယ်ပြင်ပြင်ဆင်ဆင်နေတတ်သူဆိုရင် လူတွေရဲ့အကြည့်၊ အာရုံစိုက်မှုပုံစံတွေကလည်း ပြောင်းလဲသွားမှာပါ။ အဲ့ဒီအပေါ်မှာ သင်ရရှိလိုက်မှာကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲပေါ့။

Ref:womenshealthmag.com
Trend

လျှို့ ဝှက်ထောက်လှမ်းမှုကြောင့် အမေရိကန်အစိုးရကို တွစ်တာတရားစွဲဆို


အမေရိကန်အစိုးရသည် တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းခံရာတွင် ပွင့်လင်း မြင်သာမှု မရှိသည့်အတွက် နောက်နောက် အမျိုးသားလုံခြုံရေးအတွက်ဟု ခေါင်းစဉ်တပ်ကာ အသုံးပြုသူများ၏ သတင်းအချက်အလက်များကို တောင်းခံလာခြင်းမျိုးကို တုန့် ပြန်ဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ လွတ်လပ်
စွာ ပြောဆိုခွင့်ကိုချိုးဖောက်သော အမေရိကန်တရားရေးဌာနနှင့် FBI တို့ ကို ကယ်လီဖိုးနီးယားမြောက်ပိုင်း တရားရုံးတွင် အောက်တိုဘာလ (၇) ရက်နေ့ က တရားစွဲဆိုထားကာ ကြောင်း သိရသည်။ 

အမေရိကန်အစိုးရရဲ့  စုံစမ်းထောက်လှမ်းမှုအကြောင်းကို သက်ဆိုင်ရာကိုဖွင့်ချပြီး တွစ်တာအသုံးပြုသူတွေရဲ့  စိုးရိမ်စိတ်ကို အဖြေတစ်ခုရှာထုတ်ပေးဖို့  ကျွန်တော်တို့ မှာ တာဝန်မကင်းဘူးဆိုတာကို ယုံကြည်ပါတယ်ဟု တွစ်တာကဌားရမ်းထားသောရှေ့ နေ ဘင်လီကပြောပြသည်။ 

တွစ်တာသည် ယခုနှစ် ဧပြီလက အမေရိကန်အစိုးရအဖွဲ့ အနေနှင့် ပြည်သူလူထုနှင့် သက်ဆိုင်သော ကိစ္စရပ်များ တွင် ပွင့်လင်းမြင်သာမှုရှိရှိဖော်ပြပေးရန် တောင်းဆိုခဲ့သော်လည်း တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေအချက် အလက်များကို အဘယ်ကြောင့်တောင်းခံရသည်ကို ရှင်းလင်းချက်အပြည့်အ၀မပေးနိုင်ကြောင်း ပြောဆိုငြင်းဆန် ခဲ့ကြသည်။ 

အမျိုးသားလုံခြုံရေးအတွက် တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းခံလိုလျင် အချက် အလက်မည်မျှကိုလိုအပ်သည်၊ မည်သည့်အကြောင်းအရာများဖြစ်သည်ကို တိကျစွာဖော်ပြပေးစေချင်သော်လည်း ကန်အစိုးရက တွစ်တာအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်နှင့်တွစ်တာစာမျက်နှာပါအကြောင်းအရာများကို အသေးစိပ်မွေနှောက်ကြည့်ရှုလိုကြပြီး တွစ်တာက အမျိုးသားလုံခြုံရေးအဖွဲ့ မှ စောင့်ကြည့်နေသည်ဟု ဖော်ပြခွင့် တောင်းဆိုခြင်းကိုလည်း ငြင်းပယ်ထားကြောင်း သိရသည်။ 

တွစ်တာသည် Google နှင့်နှိုင်းလျင် စောင့်ကြည့်ခံရမှုများစွာပိုနဲသော်လည်း ယခုကဲ့သို့  အစိုးရကိုတရားပြန်စွဲဆို လိုက်ခြင်းသည် အခြားလူမှုကွန်ရက်ကုမ္ပဏီများအတွက်လည်း ရှေ့ ဆောင်လမ်းပြကောင်းဖြစ်သွားသည်။ နည်း ပညာကုမ္ပဏီများ၏ ဈေးကွက်အောင်မြင်မှုသည် လူထု၏ယုံကြည်စိတ်ချမှုအပေါ်မူတည်နေပြီး အစိုးရက ၄င်းတို့  ၏ ကိုယ်ရေးအချက်အလက်ကိုတောင်းတိုင်း ကုမ္ပဏီကပေးသည်ဆိုသည်ကို သိရှိသွားကြပါလျင် ဈေးကွက်တစ်ခုလုံး ပျက်စီးသွားနိုင်သည့်အတွက် အစိုးရကိုအာခံကာ customer အကြိုက် ကိုယ်ရေးအချက်အလက်များကို လျှို့ ဝှက် ထားရန်ကိုသာ ရွေးချယ်သွားမည်ပင်ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ Microsoft, Google, Facebook, Dropbox တို့ ကလည်း အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသော အသုံးပြု သူ ကိုယ်ရေးအချက်အလက်တောင်းခံမှုကို ကန့် ကွက်ထားသည်။ Apple ကမူ မိမိကိုယ်တိုင်ကလည်း ၀င်ရောက် ကြည့်ရှုနိုင်ခြင်းမရှိသော iOS8 ကိုအသုံးပြုလိုက်ခြင်းကြောင့် FBI ဒါရိုက်တာကလည်း ကန့် ကွက်ကြောင်း ထုတ် ဖော်ပြောခဲ့ဖူးသည်။

Lashio News Diary

MPT ဆင်းကတ်သတ်မှတ်နှုန်းထက်ပိုရောင်းသည့် ဆိုင်များကို စုံစမ်းစစ်ဆေးတော့မည်


MPT (မြန်မာ့ဆက်သွယ်ရေး) ဆင်းကတ်များကို သတ်မှတ်နှုန်းထက် ပိုရောင်းသည့် ဆိုင်များကို စုံစမ်းစစ်ဆေးအရေးယူမှု ပြု လုပ်တော့ မည်ဟု မြန် မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။

”သေသေချာချာ စုံစမ်းမယ်။ မှန်တယ်ဆိုရင်တော့ အရေးယူမှာပါ။ ဘယ်လို ယူမလဲဆိုတာတော့ မပြောနိုင်သေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အ ရာရှိတစ်ဦးက ပြောသည်။ အဆိုပါ စုံစမ်းမှုများကို ယခုလ ရောင်းချပေးမည့် ဖုန်းဆင်းကတ်များမှ စတင်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဖုန်းအမှန်တကယ် ဝယ်ယူ ချင် သူများ မနစ်နာရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆင်းကတ် ဖြန့်ဝေမှုရပ်ဆိုင်းခြင်း၊ ဆက်လက်ရောင်းချခွင့် ပိတ်ပင်ခြင်းများလည်း ရှိလာနိုင်မည် ဖြစ်ကြောင်း မိမိကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်တင်ခြင်း နှင့် ဟန်းဆက်များနှင့် တွဲရောင်းခြင်းမျိုးမဖြစ်စေရန်အတွက် ဆိုင်များ၊ ကုမ္ပဏီများကို သတိပေးကြေညာထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

”ဒီလ အရေအတွက် ဘယ်လောက်ရောင်းပေးမလဲ ဆိုတာကတော့ သုံးစွဲသူတွေရဲ့အနေအထား၊ ဖုန်းလိုင်း အနေအထားတွေကို ကြည့်ပြီးမှ ကြေညာပေးမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာလည်း ဖုန်းဆိုင်များတွင် ကြိုတင်တန်းစီစောင့် ဆိုင်းနေသူများ ပိုမိုများပြားလာနိုင်၍ အခြေအနေ ကို စောင့်ကြည့်ေ နခြင်း ဖြစ်ေ ကြာင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့နှင့် ပူးပေါင်းလိုက်ပြီးနောက် ပထမဆုံးအသုတ် ဆင်းကတ် ၇ သိန်း၊ ဒုတိ ယအသုတ် ၂ သိန်း၊ တတိယအသုတ် ၂ သိန်းနှင့် စတုတ္ထအသုတ် ၁ သိန်းခွဲဖြင့် စုစုပေါင်း ၁၁ သိန်းကျော် ရောင်းချပေးထားသော်လည်း ဆိုင်အချို့သာလျှင် သတ် မှတ် ထားသည့် ကျပ် ၁၅ဝဝ နှုန်း ဖြင့်သာရောင်းချပေးပြီး အချို့ဆိုင်များမှာ ဈေးမြှင့်ရောင်းချခြင်း၊ ဟန်းဆက်နှင့် တွဲ၍ရောင်းချခြင်းများ ပြုလုပ်နေကြသည့်အတွက် MPT ဆင်းကတ်များမှာ ဈေးမြင့်လျက်ရှိနေကြောင်း သိရသည်။

အီဘိုလာရောဂါကူးစက်ခံရသော စပိန်သူနာပြု၏ခွေး အသတ်ခံရ

အီဘိုလာရောဂါကူးစက်နေလိမ့်မည်ဟူသော ကြောင့်ကျ ယုံကြည်ချက်ဖြင့် အီဘိုလာရောဂါကူးစက်ခံရသော စပိန်သူနာပြု Teresa Romero Ramos ၏ ခွေးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။


Excalibur ဟု အမည်ရသည့် ထိုခွေးကလေးအား အသက်ချမ်းသာခွင့်ပေးရန် လူသုံးသိန်းက အသနားခံခဲ့ပြီး ဖြစ်ပေမယ့် စပိန်သူနာပြု ထရီဆာရဲ့ ခွေးကလေး အိမ်ထဲမှာ အိပ်ဖို့ထားခဲ့ချိန်၌ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

Excalibur အား သတ်ဖြတ်ရန် စပိန်တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း နှင့် ခွေးကလေး Excalibur အား သုတ်သင်ပြီးဖြစ်ကြောင်းကို စပိန်အစိုးရက အတည်ပြုပြောကြားခဲ့သည်။

ယခုအခါတွင် ပိုးသတ်ထားသော ခွေးကလေး Excalibur ၏ အသက်မဲ့ကိုယ်အား နီးစပ်ရာ သင်္ဂြိုလ်စက်၌ မီးသင်္ဂြိုလ်ဖို့ အဖြူရောင်ဗန်ကားဖြင့် သယ်ဆောင်သွားပြီးဖြစ်ကြောင်း သိရသည်။

ရဲကားများ ခြံရံထားသော ထိုဗန်ကားအား ရပ်တန့်ဖို့ ဆန္ဒပြသူများက လုပ်ဆောင်ခဲ့ကြသဖြင့် ရဲများက ဖယ်ရှားခဲ့ရကြောင်းလည်း သိရသည်။


စပိန်နိုင်ငံအနောက်မြောက်ပိုင်းမှ အသက်(၄၄)နှစ်အရွယ် သူနာပြု Teresa ဟာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရသော စပိန်ဘုန်းတော်ကြီးအား ပြုစုပေးလျက်မှ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Teresa အား ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားခြင်းမရှိသော ဆေးအကူဝန်ထမ်းများက ရိုးရိုးလူနာတင်ကားဖြင့် ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် (၁၂)နာရီအကြာတွင်မှ Teresa ၌ အီဘိုလာရောဂါပိုး ရှိနေခဲ့တာကို သိရှိခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာ(၈)ရက်နေ့ နံနက်တိုင်အောင် Teresa ၏ အမျိုးသား၌ အီဘိုလာရောဂါ ကူးစက်ခံရမှု မရှိသေးကြောင်း သိရပြီး တနင်္လာနေ့ နံနက်က ဖြစ်ပွားခဲ့သော Teresa ၌ အီဘိုလာရောဂါပိုး တွေ့ရှိရမှုအတွက် လူခြောက်ဦးအား ရောဂါမကူးစက်စေရန် အထူးကြပ်မတ်ထားရှိသည့် သီးသန့်ဆောင်၌ ထားရှိသည်ဟု သိရသည်။

အီဘိုလာကူးစက်ခံရသူ စပိန်သူနာပြု Teresa က ၎င်းအား တစ်နာရီခြားတစ်ခါမှ လာရောက်ကြည့်ရှုလေ့ရှိသည့် ဆရာဝန် နှင့် သူနာပြုများ ရုတ်တရက် မပေါ်လာတော့တဲ့အတွက် သူ့ဖုန်းကနေ သတင်းဖတ်ရှုမှ နှစ်ပြန်စစ်ဆေးရာ၌ ၎င်းတွင် အီဘိုလာရောဂါပိုးရှိနေတာကို သိရှိခဲ့ရကြောင်း ၊ မည်သူကမှ သူမတွင် အီဘိုလာရောဂါပိုး ကူးစက်ခံထားရတယ်လို့ မျက်နှာချင်းဆိုင် ပြောဆိုခြင်း မရှိခဲ့ဘူးဟု စပိန် ရုပ်သံသတင်းဌာနတစ်ခုသို့ ပြောဆိုခဲ့သည်။

ယခုအခါတွင် Teresa က ၎င်း အနည်းငယ် သက်သာလာပြီဟု ဆိုခဲ့ကြောင်းလည်း သိရသည်။

Source : Dailymail

မက္ကဆီကို ကျောင်းသား ၄၀ ကျော် ပျောက်ဆုံးမှု ဖော်ထုတ်ပေးရန် ပြည်သူထောင်ချီဆန္ဒပြ


မက္ကဆီကိုနိုင်ငံမှာ ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးနေမှုနဲ့ လူ ၂၈ ယောက် သတ်ဖြတ် မီးရှို့ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံမှုတွေမှာ တာဝန်ရှိသူတွေကို အစိုးရက အမြန်ဆုံး ဖော်ထုတ်အရေးယူပေးဖို့ ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က နိုင်ငံတ၀န်း ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်က ကျောင်းသူတွေ ပျောက်ဆုံးပြီး မကြာခင်မှာပဲ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုတွေ တွေ့ရှိခဲ့ကြပါတယ်။

ရဲတွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ ပေါင်းပြီး ကျောင်းသားတွေကို သတ်ဖြတ်မြှုပ်နှံတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး မက္ကဆီကိုပြည်သူတွေ ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရကတော့ သတ်ဖြတ်ခံရသူတွေဟာ ကျောင်းသားတွေ ဖြစ်တယ်ဆိုတာကို ငြင်းဆန်နေပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အမှုကို အရေးယူဖြေရှင်းမှုဟာလည်း နှေးကွေးတယ်ဆိုပြီး ဆန္ဒပြသူတွေက အစိုးရကို အပြစ်တင်ကြပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ အီဂွာအေလာ (Iguala)မြို့က မြို့ဝန်နဲ့ လုံခြုံရေးအကြီးအကဲကိုလည်း စစ်ဆေးမှုတွေ လုပ်နေကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူ တက်ကွလှုပ်ရှားသူတဦးက “နိုင်ငံတ၀န်း လူမျိုးစုံနဲ့ လူတန်းစားစုံပါဝင်တဲ့ ဆန္ဒပြပွဲကြီး ဖော်ဆောင်ပြီး ကျောင်းသားတွေအတွက် တရားမျှတမှုကို မရမချင်း တောင်းဆိုမှာပါ” လို့ ပြောဆိုပါတယ်။

၂၀၀၇ ခုနှစ်က စပြီး မက္ကဆီကိုနိုင်ငံမှာ ရာဇ၀တ်ဂိုဏ်းအခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ ၁ သိန်းလောက် သေဆုံးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဒီအကြမ်းဖက်မှုတွေကို အပြတ်ရှင်းမယ်ဆိုပြီး တက်လာတဲ့ သမ္မတ Pena Nieto အတွက် ဒီကျောင်းသားတွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စဟာ ခေါင်းခဲစရာ ဖြစ်နေပါတယ်။

သူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေအတိုင်းဖြစ်စေရမယ်ဆိုပြီး ဒီ ၁ ပတ်ထဲမှာပဲ ကတိပေးပြောဆိုထားပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ အီဂွာအေလာပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ရာဇ၀တ်မှု အထူပြောဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။
By ဒီဗွီဘီ

ရည်းစားနဲ့ချိန်းတွေ့ဖို့ လျှပ်စစ်လွှတ်ထားတဲ့ ကျောင်းနံရံကျော်တဲ့ကျောင်းသူ ဓါတ်လိုက်သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသူကလေး Jiao Chin ဟာ ချစ်သူနဲ့ သွားခိုးတွေ့ဖို့ ကျောင်းနံရံကို ကျော်သွားဖို့ ကြိုးစားခဲ့ရာမှ ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။


အသက်(၂၂)နှစ်အရွယ် Jiao Chin ဟာ တီရှပ်နဲ့ အောက်က အတို ဝတ်ဆင်ထားခဲ့ပြီး လျှပ်စီးဓါတ်လွှတ်ထားသော ကျောင်းနံရံကို ခွကျော်တက်ပြီး ကျောင်းပြင်ခိုးထွက်ကာ သူမရည်းစားနဲ့ ချိန်းတွေ့ဖို့ ကြိုးစားခဲ့ပုံရကြောင်း သိရသည်။

ကျောင်းအတွင်း ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားကြသူတွေရန်မှ ကာကွယ်နိုင်ရန် ကျောင်းနံရံအား လျှပ်စီးဓါတ် လွှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Jiao Chin ကျောင်းနံရံ၌ ခိုလျက်တန်းလန်းကြီး သေဆုံးနေခဲ့တာကို နံနက်အစောပိုင်းတွင် အဆိုပါကျောင်းမှ ကျောင်းသူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သူမအခန်းထဲမှ ထွက်ခွါသွားခဲ့တာကို မသိရှိခဲ့ကြောင်း သူမ၏အခန်းဖော် အသက်(၂၃)နှစ်အရွယ် ကျောင်းသူ Qing Wan က ဆိုခဲ့သည်။ Jiao Chin ဟာ သူမအား မပြောမဆိုဘဲ ထွက်သွားခဲ့တာဖြစ်ပြီး တစုံတယောက် (သူမကောင်လေး)နှင့် တွေ့ဆုံဖို့ ထွက်သွားခဲ့တာ ဖြစ်နိုင်ကြောင်း Qing Wan က ဆိုခဲ့သည်။

ကျောင်းသား ၊ ကျောင်းသူ အကုန်လုံးကတော့ ကျောင်းနံရံတွင် လျှပ်စီးဓါတ်လွှတ်ထားတာကို သိရှိကြကြောင်းလည်း သိရသည်။

Source : Dailymail

သားအိမ်အစားထိုးနည်းဖြင့် မွေးဖွားလာခဲ့သော ကမ္ဘာ့ပထမဆုံးကလေး

ဆွီဒင်နိုင်ငံတွင် အသက်(၃၆)နှစ်အရွယ် အမျိုးသမီးမှ သားယောက်ျားကလေးကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့သည်။ သို့ပေမယ့် ထိုအမျိုးသမီးဟာ မွေးကတည်းက သားအိမ်မပါရှိလာခဲ့သည့် အမျိုးသမီးဖြစ်ပေမယ့် အသက်(၆၁)နှစ်အရွယ် အမျိုးသမီးကြီး၏ သားအိမ်ကို သူမခန္ဓာအတွင်း အစားထိုး ကိုယ်ဝန်ဆောင်ပြီး ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် သားယောက်ျားကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။


သားအိမ်အစားထိုးခြင်းဟာ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုးခြင်းလိုမဟုတ်ဘဲ အစားထိုးထားသည့် သားအိမ်အား ထိုသူ၏ကိုယ်ခန္ဓာမှ လက်မခံသော ဖြစ်ရပ်များလည်း ရှိသည်။

၂၀၀၀ ခုနှစ်က ဆော်ဒီအာရေဗျနိုင်ငံတွင် ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် အမျိုးသမီးတစ်ဦးအား ကိုယ်ဝန်ဆောင်စေခဲ့ပေမယ့် ကိုယ်ဝန်လေးလခန့်တွင် သူမ၏ခန္ဓာက သူမ၏အစားထိုးထားသည့် သားအိမ်အား လက်မခံသဖြင့် မအောင်မမြင် ဖြစ်ခဲ့ရသည်။

ယခု ဆွီဒင်နိုင်ငံတွင် သားအိမ်အစားထိုးနည်းဖြင့် အောင်မြင်စွာ မွေးဖွားလာခဲ့သော ယောက်ျားလေးကို ကိုယ်ဝန်ဆောင်ခဲ့သည့် ကျောက်ကပ်တစ်ခုတည်းရှိသော မိခင်ဟာ အသက်အန္တရာယ်စိုးရိမ်ရသည့် pre-eclampsia လက္ခဏာကို ခံစားနေခဲ့ရသဖြင့် မွေးဖွားချိန်မတိုင်မီ နှစ်လစောမွေးခဲ့ရာ ကိုယ်အလေးချိန် လေးပေါင်အောက်ရှိသော ထိုကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်သည်။

သားအိမ်လှူခဲ့သော ကလေးနှစ်ယောက်မိခင် အမျိုးသမီးကြီးနှင့် သားအိမ်အစားထိုး ကိုယ်ဝန်ဆောင်၍ အောင်မြင်စွာ မွေးဖွားခဲ့သော ကလေးမိခင်တို့ဟာ သွေးသားမတော်စပ်ကြကြောင်းလည်း သိရသည်။

လွန်ခဲ့သည့်တစ်လက ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် အောင်မြင်စွာ မွေးဖွားခဲ့သော သားကလေးနှင့် ကလေးမိခင်ဟာ ကျန်းကျန်းမာမာဖြင့် မိခင်နို့ချို တိုက်ကျွေးလျက်ရှိနေကြောင်းကို အောက်တိုဘာ (၆)ရက်နေ့ထုတ်Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။

သို့ပေမယ့် ကလေးမိခင်နှင့် ကလေးနာမည်ကိုမူ ဖော်ပြခြင်းမပြုဘဲလျှို့ဝှက်ထားကြောင်း သိရသည်။

ထိုဆေးပညာရှင်အဖွဲ့က သားအိမ်အစားထိုးခြင်းကို အမျိုးသမီးကိုးယောက်တွင် ယခုနှစ်အစောပိုင်းတွင် အစားထိုးပြုလုပ်ပေးခဲ့ရာ ယခု ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် အောင်မြင်စွာ မွေးဖွားခဲ့သော မိခင်ဟာ ထိုကိုးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်ဟု သိရသည်။ ကျန်သည့် ခြောက်ဦးမှာ ကိုယ်ဝန်ဆောင်တော့မှာဟုလည်း သိရသည်။

သားအိမ်တစ်ခုဟာ မျိုးဆက်နှစ်ခုစာ အလုပ်လုပ်နိုင်ကြောင်းကို သက်သေပြနိုင်ရန် သားအိမ်အစားထိုးခြင်း ပြုလုပ်ခဲ့သော အမျိုးသမီးကိုးယောက်အနက် ငါးယောက်ဟာ ၎င်းတို့မိခင်၏ သားအိမ်များအား အစားထိုးခြင်းက သက်သေပြနေခဲ့သည်။

မည်သို့ပင် သားအိမ်အစားထိုးထားပါစေ သားဥမှာ မိမိ၏ သားဥဖြစ်သဖြင့် မွေးဖွားလာသည့်ကလေးမှာ မိမိသွေးသားပင်ဖြစ်ရာ လူစားထိုး ကိုယ်ဝန်ဆောင်ခိုင်းတာထက်တော့ ပိုမို၍ ဓမဓိဌာန်ကျမည်ဖြစ်သည်။

Source : Dailymail

အမေရိကန်လေတပ်သားသေဆုံးခဲ့ရတဲ့ ဂျပန်မုန်တိုင်း


ဂျပန်နိုင်ငံမှာ ကျရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် အမေရိကန်လေတပ်သားတစ်ဦး သေဆုံးခဲ့ပြီး နှစ်ယောက်ပျောက်ဆုံးနေတယ်လို့ သိရပါ
တယ်။ တနင်္ဂနွေနေ့က ဂျပန်နိုင်ငံကို ၀င်ရောက်ဖြတ်သန်းခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန် အခြေစိုက် ကာဒီနာလေတပ်စခန်းက အမေရိကန်လေတပ်သားသုံးယောက်ပင်လယ်ထဲကျသွားခဲ့တဲ့ တယ်လို့ သိရပါတယ်။

အခုအခါ ဂျပန်ဆိပ်ကမ်းလုံခြုံရေးအဖွဲ့က အဲ့ဒီသုံးယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းကို ဆိပ်ကမ်းကိုပြန်သယ်လာခဲ့တယ်လို့ သိရပါတယ်။ တိုင်ဖုန်းမုန်တိုင်းဟာ ၀င်ရောက်ပြီး ခဏအတွင်း ထွက်ခွာသွားခဲ့ပေမယ့် အိုကီနာဝါမြို့မှာရှိတဲ့ လေတပ်စခန်းက အမေရိကန်တပ် သားသုံးယောက် ပင်လယ်ထဲပြုတ်ကျပျောက်ဆုံးသွားခဲ့တာပါ။နာက်ထပ်ကျန်သေးတဲ့ တပ်သားနှစ်ယောက်ကိုလည်း ကယ်ဖို့ ကြိုးစားနေပေမယ့် ဆိုးဝါးတဲ့ပင်လယ်ရဲ့ အခြေအနေကြောင့် အခက်တွေ့နေတယ်လို့ လေတပ်စခန်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီမတိုင်ခင်ကလည်း ရုတ်တရက်ပေါက်ကွဲခဲ့တဲ့ အွန်တာကဲမီးတောင်ကြောင့် ဂျပန်တောင်တက်သမားတွေ ပျောက်ဆုံးခဲ့ပြီး အခုထိရှာဖွေမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် တောင်တက်သမား ဒါဇင်နဲ့ ချီပြီး သေဆုံးခဲ့ရပြီး တိုင်ဖုန်းမုန်တိုင်းကြောင့် ရှာဖွေမှုတွေ ကိုခဏရပ်ထားခဲ့ ပေမယ့် ရှာဖွေမှုတွေကို ပြန်စတင်သွားမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ Sun Complex အဆောက်အဦတွင် အောက်တိုဘာ ၉ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးသွားကြောင်း ဘနားမားသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကွာလာလမ်ပူမြို့တော်အတွင်းရှိ တွင် အောက်တိုဘာ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားအပြီး တွေ့ရစဉ် (ဓာတ်ပုံ-Mediacorp)

ဒဏ်ရာရသူများတွင် စင်ကာပူနိုင်ငံသားများနှင့် တရုတ်ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင် ကြောင်း သိရသည်။

Berita Harian Malaysia သတင်းဌာနကလည်း ဒဏ်ရာရသူများအနက် စင်ကာပူနိုင်ငံသားများအပြင် တရုတ်ကမ္ဘာလှည့်ခရီးသည်များလည်း ပါ ၀င်ကြောင်း ဖော်ပြထားသည်။

ကနဦး ရဲစုံစမ်းမှုများအရ ဖောက်ခွဲမှုသည် ပြင်းထန်စွာ ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများတွင် အသက် ၂၂ နှစ်မှ ၄၀နှစ်အထိ အရွယ်များပါဝင်ပြီး အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း သိရသည်။


ကွာလာလမ်ပူမြို့တော်အတွင်းရှိ တွင် အောက်တိုဘာ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားအပြီး တွေ့ရစဉ် (ဓာတ်ပုံ-Mediacorp)


ကွာလာလမ်ပူမြို့တော်အတွင်းရှိ တွင် အောက်တိုဘာ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားအပြီး တွေ့ရစဉ် (ဓာတ်ပုံ-Mediacorp)


ကွာလာလမ်ပူမြို့တော်အတွင်းရှိ တွင် အောက်တိုဘာ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားအပြီး တွေ့ရစဉ် (ဓာတ်ပုံ-Mediacorp)

Ref:CNA
Mizzima News

သီတင်းကျွတ်လပြည့်နေ့တွင် ပင်လုံမြို့၌ နေအိမ်တလုံးမီးလောင်


သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်တွင် သီတင်းကျွတ်လပြည့် ဥပုဒ်နေ့၌ နေအိမ်တလုံး မီးလောင်ခဲ့ပါ သည်။

ရပ်ကွက် ၄ တွမ်မို နေ ဒေါ်ပါကြာ၏ နေအိမ်အား မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်အိမ်မှ ငြိမ်းသတ် ပေးမှုကြောင့် အိမ်တလုံးသာပြာကျ ခဲ့ကြောင်း ရပ်ကွက် ၄ တွင်နေထိုင်သူတဦးကပြောသည်။

“ ပါ့ကြာက ဥပုဒ်သွားစောင့်တယ်။ သူ့သမီးနဲ့သားမက်က အိမ်သော့ခတ်ပြီး အပြင်ထွက် သွားတဲ့ အချိန် ပေါ့။ ဖယောင်းတိုင်မီးကနေ လောင်ကျွမ်းတာလေ။ ပေါ့ဆမီးပေါ့ ။ အိမ်ဘေးအိမ်တွေ ဝိုင်းငြိမ်းသတ် ပြီးမှ မီးသတ်ကားရောက်လာတာ” ဟု အဆိုပါ အမျိုးသမီးကပြောသည်။

မီးလောင်မှုကြောင့် အိမ်တွင်းပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရှိသူတော့မရှိခဲ့ကြောင်း ပင်လုံရပ်ကွက် ၄ တွင်နေထိုင်သူ အဆိုပါအမျိုးသမီးကပြောသည်။

ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄၄၀၀ ကျော် တွင်ရှိသော သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် သည် ၁၉၉၃ ခုနှစ်လောက်တွင် ပင်လုံမြို့နယ်ဈေးတဝက်ခန့် အကြီးမားဆုံးဖြစ်ခဲ့သည်ကလွဲ၍ ရာသီ ဥတုချမ်းအေးလှသဖြင့် မီးလောင်ခြင်း ဖြစ်လေ့ဖြစ်ထ မရှိခဲ့ပေ။

ကိုဘိန်းမြို့အနီးရှိ IS စစ်သွေးကြွများကို အမေရိကန် ဦးဆောင်သော မဟာမိတ်များ အပြင်းအထန် ဗုံးကြဲ


တူရကီ-ဆီးရီးယား နယ်ခြားရှိ ကိုဘိန်းမြို့ကို တိုက်ခိုက်လျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွ IS များကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


ကိုဘိန်းမြို့အနီး တိုက်ခိုက်မှု ငါးကြိမ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုသွားသော်လည်း မည်သည့်အချိန်တွင် တိုက်ခိုက်သွားကြောင်း ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။

မကြာသေးမီက လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့ပိုင် လက်နက်တပ်ဆင်ထားသော မော်တော်ယာဉ် လေးစီး၊ တင့်ကားတစ်စီးနှင့် သံချပ်ကာကား တစ်စီးတို့ကို ဖျက်ဆီးလိုက်ကြောင်း အမေရိကန်တပ်မတော်က ပြောကြားသည်။

အမေရိကန် ဦးဆောင်သော လေကြောင်းထိုးစစ်သည် ပြင်းထန်သော်လည်း လက်ရှိအချိန်ထက်စော၍ ပေါ်ပေါက်လာသင့်သည်ဟု ဆီးရီးယားကာ့ခ် တိုက်ခိုက်ရေးသမားများက မှတ်ချက်ပြုထားသည်။

IS တပ်ဖွဲ့များ ချီတက်လာမှု ရပ်တန့်သွားပြီ ဖြစ်သော်လည်း ကိုဘိန်းမြို့အနီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“ကာ့ခ်တပ်ဖွဲ့တွေ PYD တွေက ဆက်လက်တိုက်ခိုက်နေပါတယ်။ သူတို့က အရပ်သားတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေပါတယ်” ဟုဆီးရီးယား ကာ့ခ်ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ ခေါင်းဆောင် ဆလစ်မူလန်က ပြောကြားသည်။

ကိုဘိန်းမြို့အနီး ရက်သတ္တပတ် သုံးပတ်နီးပါးခန့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ၄၀၀ ထက်မနည်း သေဆုံးသွားပြီး ဆီးရီးယား ၁၆၀,၀၀၀ ကျော် တူရကီနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပေးခဲ့ရသည်။

နယ်ခြားဒေသနီးရှိ ကိုဘိန်းမြို့အရေးတွင် တူရကီနိုင်ငံက စစ်ရေးအရ ပါဝင်ပတ်သက်ခြင်း မရှိသည့်အတွက် အမေရိကန် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က စိတ်ပျက်လျက်ရှိပြီး ယခုကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

The Voice

နေပြည်တော် ကောင်စီနယ်မြေ တားမြစ်ဧရိယာ၌ ရွှေတူးသူ ၂၀ အားထောင်ဒဏ် တစ်လ ချမှတ်



“ပုဒ်မ ၁၈၈ နဲ့ အရေးယူတာပါ။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို အမိန့်မနာခံတဲ့အတွက် ဥပဒေအရ အရေးယူတာပါ”


နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းရေအားလျှပ်စစ်ဝင်း၏ မြောက်ဘက်ရှိ တားမြစ်ဧရိယာ သတ်မှတ်ထားသော တောင်စောက်တောင်ထိပ်တွင် ၀င်ရောက် ရွှေတူးဖော်သူ (၂၀)ဦးကိုထောင်ဒဏ်တစ်လချမှတ်လိုက်ကြောင်း သိရသည်။

Shwe Myitmakha Media Group 

မိန်းမအဖြစ် ပြောင်းလဲပြီးမှ ယောက်ျား ပြန်ဖြစ်လိုသူ(ဖြုတ်ဖောက်ချုပ်ကို စိတ်ဝင်စားသူများ အထူးဂရုစိုက် ဖတ်ရူရန်)

ဗြိတိန်နိုင်ငံတွင် ပုရိသယောက်ကျားသားဘဝမှ မိန်းမဘဝသို့လိင်ပြောင်းခဲ့သူတစ်ဦးက မိန်းမအဖြစ် ဆယ်နှစ်ခန့် မျှသာ နေထိုင်ရှင်သန်ပြီးယခု အခါ မှားသွားလေ ခြင်းဟု နောင်တရကာ ယောက်ျားဘသားတစ်ဦးဘဝကို ပြန်လိုချင်လာပြန်သည်။



အဆိုပါ မက်ထရူးအက်တွန်လေးဆိုသူ လိင်ပြောင်းထားသူကို တီဗီချန်နယ်တစ်ခုကတွေ့ ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

အသက် ၃၀ရှိနေပြီဖြစ်သည့် အက်တွန်လေးသည် ယင်းသို့တကျြော့ပန်လိင်ပြောင်းလဲရန် ၂၀၁၂ခုနှစ်အတွင်းကစတင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းတီဗီအမေးအဖြေ တွင် ပြောခဲ့သည်။

"အရာရာဆုံးရှုံးသွားရပြီလို့  ဒွိဟစိတ်တွေ ဝင်လာခဲ့ပါတယ်။ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အမေကို လည်းဒီဒွိဟသံသယတွေအကြောင်းတိုင်တည်ရင်ဖွင့် မိတယ်"ဟု အန်တွန်လေးကပြောသည်။

"မိန်းမအဖြစ် လိင်ပြောင်း လဲတော့ ဟိုမုန်းဆေးတွေ ထိုးသွင်းခံ ရတယ်လေ။ အဲဒါတွေက ပြောင်းလဲစေပြီး တဖြည်းဖြည်းနဲ့  မိန်းမလိုမျိုး ဖြစ်လာကာ ခုမြင်နေရတဲ့ ပုံစံမျိုးဖြစ်လာတာပဲ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အက်တွန်လေးအနေဖြင့် နေ့ စဉ် အမျိုးသမီး တစ်ဦးကဲ့သို့နေထိုင် လှုပ်ရှားနေရသည့် ဘဝကို စိတ်ပျက်လာခဲ့၍ ပေါင် ၁၀၀၀၀ အကုန်ခံမိန်းမဘဝ ပြောင်းလဲခဲ့သည် ကို အဆုံးရှုံး ခံကာ ယောက်ျားအဖြစ် ပြန်လည်ပြောင်းလဲရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"ယောက်ျားတစ်ယောက်ဘဝကနေ မိန်းမဘဝကို ပြောင်းသွားရတာလူမှုအဖွဲ့အစည်းအတွင်းလုံးလုံးကွဲပြားတဲ့ဘဝတစ်ခုကနေနောက်ဘဝတစ်ခုကိုပြောင်းလဲလိုက် ရတာပါ။ ခုကျွန်တော်ယောက်ျား ဖြစ်ပြီဆို မိန်းမဖြစ်ရတဲ့ကသီလင်တနိုင်မှုတွေ မရှိတော့ပဲ လွတ်လပ်ပါပြီ"ဟု ပြန်လည်ဖြေကြားခဲ့သည်။
Mizzima

စစ်သွေးကြွဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် တူရကီအစိုးရက ပြည်နယ်ငါးခုတွင် ညမထွက်ရအမိန့် ထုတ်ပြန်


တူရကီနိုင်ငံတွင် ISIS စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ရာမှ ပြည်သူ ၁၂ ဦး သေဆုံး ခဲ့ပြီးနောက် အစိုးရက နိုင်ငံအတွင်းရှိ ပြည်နယ် ငါးခုတွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန် ခဲ့ကြောင်း ဒိုဂန် သတင်း အေဂျင်စီ က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

တူရကီ အစိုးရသည် ညမထွက်ရ အမိန့်ကို နိုင်ငံ အရှေ့ တောင်ပိုင်း ပြည်နယ်များ ဖြစ်သည့် မာဒင်၊ ဗန်၊ ဆာ့တ်၊ ဘတ်မန်း နှင့် ဒီယာဘာကီယာ ပြည်နယ်များ အတွင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ လုပ်ဆောင်ချက် မှာ ကိုဘာနီမြို့ ကို တိုက်ခိုက်လျက် ရှိသည့် စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှု များကို လူစုခွဲရန် အတွက် ဖြစ်သည်။

ထို့ပြင် ဒီယာဘာကီယာ ပြည်နယ် အတွင်းရှိ စာသင်ကျောင်း များ ကိုလည်း ယမန်နေ့တွင် ပိတ်ပစ် ခဲ့ရကြောင်း သိရသည်။ တူရကီနိုင်ငံတွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဆန္ဒပြသူများ အကြား အောက်တိုဘာ ၇ ရက်မှ စတင်၍ အဓိကရုဏ်း များ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား နိုင်ငံ အတွင်းရှိ ကာ့ဒ် တိုက်ခိုက်ရေး သမားများကို ဆန္ဒပြ သူများက ISIS စစ်သွေးကြွ များ တိုက်ခိုက်ရာတွင် ပါဝင် ကူညီသင့်ကြောင်း တောင်းဆို ခဲ့သည်။ ထို့အတူ ဆန္ဒပြ သူများသည် စစ်သွေးကြွ များက တူရကီနယ်စပ် ရှိ ကိုဘာနီမြို့ ကို တိုက်ခိုက် နေခြင်းအပေါ် တုံ့ပြန်နိုင်ခြင်း မရှိသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ကန့်ကွက် ထားကြောင်း သိရသည်။

အမေရိကန် အစိုးရသည် အဆိုပါ စစ်သွေးကြွ များကို တိုက်ခိုက် ချေမှုန်းနိုင်ရန် အတွက် နယ်စပ် ဖြတ်ကျော်ရေး စစ်ဆင်မှု များကို ပြုလုပ်နေသည့် အမေရိကန် တပ်ဖွဲ့များကို အကူအညီ ပေးအပ်ရန် အမေရိကန် အစိုးရက တူရကီ နိုင်ငံကို တောင်းဆို ထားကြောင်း လည်း သိရှိရသည်။

#PyiChitThar

အာဖဂန်တွင် အသေခံဗုံးခွဲမှုကြောင့် ၅ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ



ဓာတ်ပုံ - အေပီ
အာဖဂန်နစ္စတန် နိုင်ငံမှာ ဟယ်မန့် ပြည်နယ်မှာ မန့က အသေခံ ကားဗုံးခွဲမှုအတွင်း လူအနည်းဆုံး ၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရသွားပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ ကားတစီးဟာ ရဲအရာရှိဟောင်းတဦးရဲ့ အိမ်အပြင်ဘက်မှာ ရပ်ထားချိန်မှာ ဖောက်ခွဲလိုက်တာလို့ ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ပြောပါတယ်။

ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာကိုတော့ မသိရပေမယ့် အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဟာ ရဲအရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖူးခဲ့ပါတယ်။

အခုတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ နိုင်ငံခြားတပ်သား ၁၂၀၀၀ ကို အာဖဂန်နစ္စတန်မှာ ဆက်ထားဖို့ သဘောအရင်တပတ်က သဘောတူခဲ့ပြီး ပေါ်ပေါက်တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ တိုင်းပြည်တည်ငြိမ်းရေးကို အထောက်အကူပြုပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေကို ယုံကြည်စိတ်ချစေလိမ့်မယ်လို့ အာဖဂန်အရာရှိတွေက မျှော်လင့်နေပါတယ်။
By ဒီဗွီဘီ

နေရာသစ်တစ်ခုကိုရောက်သွားတိုင်း ခံစားချက်အသစ်ကို ရရှိနိုင်တာမို့ ခရီးသွားရတာ နှစ်ခြိုက်ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ နွယ်ဒါလီထွန်း



ခရီးသွားရတာ နှစ်ခြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတဲ့ အပြုံး၊ ဟန်ပန်အမူအရာလေးနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့ နွယ်ဒါလီထွန်း ဆိုတဲ့ ကောင်မလေးကလည်း တစ်ယောက်အပါအ၀င်ပေါ့။ မကြာသေးခင်ကပဲ စင်ကာပူကို ခရီးသွားဖြစ်တဲ့အပြင် နောက်ထပ် သူမသွားချင်တဲ့ ခရီးစဉ်တွေအကြောင်း ပြောပြပေးသွားတာက “စင်ကာပူကို ခရီးသွားဖြစ်တာကတော့ မိသားစုနဲ့သွားတွေ့ဖြစ်တာပေါ့။ နောက် အဲ့ဒီမှာ ရှော့ပင်းလုပ်ဖြစ်တယ်။ အဲ့ဒီကပြန်လာတော့ သူငယ်ချင်းနဲ့ဘန်ကောက်ကို ထပ်သွားဖြစ်တယ်။ ရှော့ပင်းပဲပေါ့။ စင်ကာပူကတော့ ဒါလီ တစ်ယောက်တည်းသွားတာ။ ဒီနှစ်ထဲမှာသွားဖြစ်တဲ့ ခရီးဆိုရင် ပြည်တွင်းက မန္တလေးများတယ်။ ပွဲတွေများတယ်။ နောက်စင်ကာပူ ၊ ဘန်ကောက်ပေါ့ ။ ဒီနှစ်ထဲမှာ သွားချင်တဲ့နေရာတွေက ဒါလီ မရောက်ဖူးသေးတဲ့ ချင်းပြည်နယ်တို့၊ ရခိုင်ဖက်တို့ကစ္စပနဒီတို့အရမ်းသွားကြည့်ချင်တယ်။ ပြည်ပဆို အီဂျစ်တို့၊ ကမ္ဘောဒီးယားတို့သွားကြည့်ချင်တယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။

ခရီးသွားတဲ့အခါ များသေားအားဖြင့် ဒီက၀တ်သွားတဲ့ တစ်စုံစာလောက်ပဲ ပြင်ဆင်ထည့်သွားတတ်တဲ့ အကြောင်းကိုလည်း သူမက “ခရီးသွားရင် များသောအားဖြင့် ဒီက၀တ်သွားတဲ့တစ်စုံပဲ ထည့်သွားဖြစ်တယ်။ နောက် ည၀တ်အကျီင်္ယူသွားတယ်။ ဒါပဲ။ ဟိုရောက်ရင် လဲ ထပ်ဝယ်လာတော့ ပြန်သယ်လာရမှာဆိုတော့ အ၀တ်အစားကို သိပ်မထည့်ဖြစ်ဘူး။ နောက်ပြီးတော့ ကိုယ်သုံးနေကျ skin care တော့ ထည့်ဖြစ်တယ်။ အဓိကက ကိုယ်သောက်နေကျ ဆေးမျိုးလေးတွေပဲထည့်သွားဖြစ်တယ်” တဲ့။

ခရီးသွားပြီးပြန်လာချိန်တိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်လို့ ဖွင့်ဟလိုက်တဲ့ သူမရဲ့ ခရီးသွားရတာ စိတ်ကိုကြည်လင်စေပါသတဲ့။ “ခရီးသွားရတာ စိတ်ကိုအရမ်း ကြည်လင်ပြီး လန်းဆန်းသွားစေတယ်။ မဟုတ်ရင် ကိုယ့်အိမ်နဲ့ ရှုတင်ကြီးပဲ နေ့စဉ်နဲ့အမျှ သွားနေရတာဆိုတော့ စိတ်က relax မဖြစ်တာတို့၊ ပုံမှန်လည်ပတ်နေမြဲပဲဖြစ်နေတယ်။ ခရီးသွား လိုက်တဲ့ခါကျမှ အမြင်သစ်လဲမြင်ရမယ်။ ဖက်ရှင်လဲ လေ့လာလို့ရတယ်။ စိတ်ချမ်းသာမှုလဲ ရှိတယ်။ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း ကိုယ့်စိတ်က ခံစားချက်အသစ်ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။

ခင်ဆွေသက်
Trend Myanmar