ယနေ့နံနက်မြ၀တီတွင် ပစ်ခတ်မှုဖြစ် DKBA တဦးသေ တဦးဒဏ်ရာပြင်းထန်စွာရရှိ


ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှု ဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး မြ၀တီ ဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦး ကပြောသည်။

ပစ်ခတ်မှုကို အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီး တဦးကပြောပြီး မြန်မာအာဏာပိုင်များ ယခုဖြစ်ရပ်ကို ဖြေရှင်း ပေးရမည်ဟု ဆိုသည်။
ကြံခင်းလမ်းတွင် နေထိုင်သူတဦးက"ဖြစ်တာ ဟုတ်တယ် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ် ပြည်သူ့စစ်ပူးပေါင်း အဖွဲ့လို့ကြားတယ်"ဟုပြောသည်။

မြ၀တီတွင် နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ရှိ ပြီးနောက် အာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု ခရိုင်အဆင့် တာဝန်ရှိသူ တဦးက ယမန်နေ့က မီဒီယာသမားများကို ပြောသည်။

ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ DKBA မှ တပ်မှူးကြီး တဦးဖြစ်သည့် ဗိုလ်မှူးကြီးကျော်သက်က " ငါ့လူတယောက်သေရင် သူတို့လူဆယ်ရောက်သေရမယ်"ဟု ယနေ့နံနက်ပိုင်းက ပြောဆိုခဲ့သည်။

ချိန်ကိုက်မိုင်းများတွေ့ရှိမှုနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် ပြည်သူများ ကျီးလန့်စာစား ဖြစ်နေကြရသည်ဟု မြ၀တီမြီု့ခံများ ကပြောဆိုနေကြသည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)

0 comments:

Post a Comment