စက်တင်ဘာလတွင် ကြေညာမည့် iPhone 6 နှင့် ပတ်သက်ပြီး အသေးစိတ်တည်ပြုချက်များ China Telecom ဆီမှ ထွက်ပေါ်လာ



Apple ရဲ့ iPhone 6 ဟာ လာမယ့် ရက်သတ္တပတ်အတွင်း ထွက်ရှိလာတော့မယ်ဆိုတာကတော့ အားလုံး သိပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ တကယ်တမ်း ဘယ်လိုဒီဇိုင်းမျိုးဆိုတာကတော့ တိတိကျကျ ထွက်ရှိလာခြင်း မရှိသေးပါဘူး။ ယခုအချိန်မှာတော့ China Telecom ကနေပြီး စက်တင်ဘာလမှ ကြေညာတော့မယ့် iPhone 6 နဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အချက်အလက်တွေဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော်လူုမှုကွန်ယက်တစ်ခုဖြစ်သည့် Weibo ဆီကနေ ရရှိလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

နည်းပညာဘလော့ဂ်တစ်ခုဖြစ်သည့် BER ရဲ့ အဆိုအရတော့ china Telecom ရဲ့ သတင်းဟာ Weibo ကနေ ရရှိလာတဲ့ အချက်အလက်တွေကို ရယူပြီး မကြာမီ ကြေညာတော့မယ့် မျိုးဆက်သစ် iPhone ရဲ့ အချက်အလက်တွေ ဖြစ်လိမ့်မယ်လိှု့ဆိုပါတယ်။ အဆိုပါ ဖုန်းအတွင်းမှာ အမျိုးအစားစုံလင်တဲ့ မိုဘိုင်းနက်ဝက်ဘ် တွေအတွက် ပါဝင်ပြီး TDD-LTE, FDD-LTE, WCDMA, CDMA2000, GSM နှင့် CDMA1X တို့အားလုံးအတွက် ပါဝင်ပါတယ်။ အဆိုပါဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ နက်ဝက်ဘ်အားလုံးအတွက် unlock အနေနဲ့ မိုဘိုင်းကယ်ရီယာအမြောက်အများကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

iPhone 6 ဟာ အားလုံးမျှော်လင့်ထားတဲ့ ပုံစံအတိုင်း ဒီဇိုင်းအသစ်နဲ့ ပွဲထွက်လာဖွယ်ရှိပြီး မျက်နှာပြင်အကျယ် 4.7 လက်မရှိနိုင်ပါတယ်။ China Telecom ကနေ ထွက်လာတဲ့ ဓာတ်ပုံတွေအရတော့ အဆိုပါဖုန်းကို အရောင် သုံးမျိုး နဲ့ ရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ ၀ယ်လို့ရနိုင်မယ်လို့ ဆိုပါတယ်။

Ref : Pocket-Lint

လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ


လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်းအေးခဲသွားမှာဖြစ်ပါတယ်။


ကော်ရည်ပျော်နှုန်း ချိန်ညှိဖို့အတွက် ရေးဆွဲမှုနှုန်း (၃)မျိုး ထည့်သွင်းပေးထားပြီး အမည်း၊ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာဆိုတဲ့ ကော်ချောင်းအရောင် (၅)မျိုး အသုံးပြုနိုင်ပါတယ်။ နာမည်ကျော် အဆောက်အဦးတွေကို ပုံစံငယ် ဖန်တီးချင်တဲ့ ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း အဲဒီအဆောက်အဦးပုံကို အရွယ်အစားချုံ ကူးယူပြီး 3D penနဲ့ ကိုယ်တိုင် ပြန်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လျပ်စစ် ဓာတ်အားသုံး 3D pen အရွယ်အစားဟာ အရှည် ၇.၅လက်မ၊ လုံးပတ် (၁.၅)လက်မ ရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၁၀၀)ပါ။
ရိုးရာလေး

တောင်ငူတွင် မိုဘိုင်းဖုန်းဆိုင်ဝန်ထမ်းတစ်ဦးမှ ငွေဖြည့်ကတ်ကျပ်သိန်း ၂ဝ ကျော်ဖိုးခိုးယူ


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုဘိုင်းဖုန်း လက်လီလက်ကား အရောင်းဆိုင်ရှိ ကြိုတင်ငွေဖြည့်ကတ် အရောင်းတာဝန်ခံ ဝန်ထမ်းတစ်ဦးမှ ဆိုင်ရှိဖုန်းငွေဖြည့်ကတ် ၂၅ဝ၊ တန် ကြေးကျပ် သိန်း ၂ဝဖိုးခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်က တောင်ငူမြို့ အမှတ် (၁၇)ရပ်ကွက် ကုန်သည်ကြီးလမ်းပေါ်ရှိ ဝင်းကမ္ဘာမိုဘိုင်းဖုန်း လက်လီလက်ကားအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူသည် ညီတစ်ဝမ်းကွဲ တော်စပ်သူ GSM ၁ဝဝဝဝ ကျပ်တန် ငွေဖြည့်ကတ်နှင့် ၅ဝဝဝ ကျပ်တန် ငွေဖြည့်ကတ်များ ကုမ္ပဏီပေါက်ဈေးထက်သက်သာ၍ ဝယ်ထားကြောင်း ပြောသဖြင့် ၎င်းငွေဖြည့်ကတ်များအား တောင်းယူကြည့်ရှုရာ ၎င်းဆိုင်မှ ပျောက်ဆုံးနေသော elite company မှ ဝယ်ယူထားသည့် ငွေဖြည့်ကတ် Serial-No နံပါတ်များဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ ၍ တောင်ငူမြို့မရဲစခန်းမှ ကတ် ၈ဝ တန်ဖိုးကျပ် ခုနစ်သိန်းအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယင်းမိုဘိုင်းဆိုင်မှ ငွေဖြည့်ကတ်အရောင်းဝန်ထမ်း မခိုင်ယုမွန် (၃၃)နှစ် တစ်ဆင့်ပြန်ရောင်းချပေးသူ မမီးမီး(ခ)မစုစုလှိုင် (၃၅)နှစ်တို့အား ခေါ်ယူစစ်ဆေးရာ ဝန်ခံထွက်ဆိုထားပြီး ဆက်စပ်တရားခံ နှစ်ဦးအား ရမန် ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကြေးမုံသတင်းစာ

ရှီဟိုက်ပြည်သူ့စစ်များ ဗလီအတွင်းရှိ အီရတ်ဆွန်နီဒါဇင်ပေါင်းများစွာကို သတ်ဖြတ်


အီရတ်ရှိဟိုက်ပြည်သူ့ စစ်များသည် ဒီယာလာပြည်နယ်၏ ကျေးရွာ ဗလီတစ်ခု အတွင်းရှိနေသော ဆွန်နီ မွတ်စလင်များကို သောကြာနေ့က စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ၆၈ ဦးသေဆုံးသွားကြောင်း ပြည်နယ် ရင်ခွဲရုံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref : Reuters

Credit To :Yangon Media Group

လေကြောင်းလိုင်းအခက်အခဲကြောင့် အီဘိုလာသွေးအဖြေစစ်ဆေးရန် အိန္ဒိယဓာတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ခြင်းမရှိသေးဟုဆို


အီဘိုလာရော ဂါသံသယလူနာ၏ သွေးအဖြေအား အိန္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ပေးပို့ နိုင်ရန်မှာ လေကြောင်းလိုင်းအခက် အခဲရှိနေခြင်းကြောင့် သြဂုတ် ၂၂ရက် အထိ မပေးပို့နိုင်သေးကြောင်း ကျန်း မာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရော ဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောသည်။
''သွေးအဖြေပို့ဖို့အတွက်ကို ဒီ နေ့မနက် (သြဂုတ် ၂၂ရက်)အထိ အကြီးအကျယ်ညှိနှိုင်းဆောင်ရွက် နေရဆဲဖြစ်ပါတယ်။ ခရီးသည်တင် လေကြောင်းလိုင်းတွေက ဒီလိုပစ္စည်း တွေကိုမတင်ရဘူးလို့ အပြည်ပြည် ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တှဲု့ဗွှဗ က သတ်မှတ်ညွှန်ကြားထားတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလဲ ကြားထဲက နေပြီးတော့ ဝင်ညှိပေးနေပါတယ်။ ဘယ်လိုပုံစံနဲ့ သယ်ဆောင်သင့်တယ် ဆိုတာကှိုဗွှဗ က ဆုံးဖြတ်လိမ့် မယ်''ဟု ဒေါက်တာထွန်းတင်က ထပ်မံပြောသည်။
အဆိုပါ သွေးအဖြေအား ယူ ဆောင်ထားပြီး မည်သည့်လေယာဉ် ပေါ်သို့ တင်ဆောင်ရမည်ကို စောင့် ဆိုင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအ စိုးရအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းမှလည်း စစ်ဆေးခွင့်စသည့် ခွင့်ပြုစာများ လည်း တောင်းထားပြီးဖြစ်ကြောင်း သိရသည်။
''ဒီပစ္စည်းကို လေယာဉ်ပေါ် တင်ဖို့တစ်ခုတည်းပဲ အခက်အခဲ ဖြစ်နေတာ။ တချို့မီဒီယာတွေမှာ ဘယ်နေ့သွေးအဖြေထွက်မယ်ဆို တာတွေက ပို့လိုက်ပြီထင်ပြီး ရက် တွက်ပြီးတော့ ပြောကြတာပါ''ဟု ဆိုသည်။
လေကြောင်းဖြင့် ပို့ဆောင်ခွင့် ရရှိရန်အတွက် IAFA ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဗဟိုရုံးချုပ်မှ စာ ထုတ်၍ ညှိနှိုင်းနေကြောင်း မြန်မာနိုင် ငံတစ်ခုတည်းသာမက မည်သည့်နိုင် ငံတွင်မဆို ယင်းပစ္စည်းအား ခရီး သည်တင်လေယာဉ်များမှ တင် ဆောင်ခွင့်မရှိကြောင်း သိရသည်။
အီဘိုလာ သံသယလူနာ၏ လက်ရှိကိုယ်အပူချိန်မှာ ပုံမှန်အခြေ အနေရှိနေပြီး ကျန်းမာရေးတိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်းသိရ သည်။
''တကယ်တမ်း အီဘိုလာရော ဂါဆိုရင်တော့လဲ သူ့ရဲ့ရောဂါဖြစ်ပွား တဲ့အနေအထားတွေ ရောဂါလက္ခ ဏာတွေက ပိုပိုပြီးတော့ ဆိုးလာမှာ ပေါ့။ ကုသမှုအောင်မြင်တယ်ဆိုရင် တော့လဲ တစ်မျိုးပေါ့။ အဲဒါဆိုရင် ရောဂါလက္ခဏာတွေ သက်သာလာ မယ်။ ကုသမှုမအောင်မြင်သေးဘူး ဆိုရင်လဲ ရောဂါလက္ခဏာ ပိုဆိုးလာ မယ်ပေါ့''ဟု ယင်းကဆက်လက်ပြော သည်။
ယင်းလူနာသက်သာပျောက် ကင်းသွားမည်ဆိုပါက သွေးအဖြေ လွှာယူ၍ လူနာသည် အီဘိုလာ ရောဂါဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုသည် ကို ဆုံးဖြတ်ပေးနိုင်ရန် လိုအပ်သေး ကြောင်း သိရသည်။
''သွေးအဖြေပို့ဖို့အတွက်ကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက် နေပါတယ်။ အဲဒီပစ္စည်းကို လေ ကြောင်းလိုင်းပေါ်တင်လို့ရပြီဆို တာနဲ့ ဘယ်တော့အဖြေရမယ်ဆို တဲ့ရက်ကို တွက်လို့ရပြီ၊ ဟိုဘက်မှာ ကအဆင်သင့်ပဲ၊ စာတွေလဲ ပို့ပြီး သွားပြီ၊ ဓာတ်ခွဲခန်းကိုလဲ ဆက်သွယ် ပြီးပြီ'' ဟုဒေါက်တာထွန်းတင်က ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူး စက်ဖြစ်ပွားနေသောနိုင်ငံများ၊ အ ထူးသဖြင့်(အနောက်အာဖရိကနိုင် ငံများ)သို့ သွားရောက်ခဲ့သူများ (သို့မ ဟုတ်) နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန်အီဘိုလာရောဂါလူနာ အား တိုက်ရိုက်ပြုစုကုသထိတွေ့ ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်းတိရစ္ဆာန်များအား ထိတွေ့ ကိုင်တွယ်သူများတွင် ဖျားခြင်း၊ အား အင်ချည့်နဲ့ခြင်း၊ ကြွက်သားများ နာ ကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အ ရည်ဝမ်းသွားခြင်း စသည်တို့ဖြစ် တတ်ကြောင်း သိရသည်။
''ဒီလူနာက အဓိကကတော့ ငှက်ဖျားရောဂါဖြစ်နေတယ်။ အဲဒီ တော့ အီဘိုလာမဖြစ်ဖို့တော့များ တယ်။ အခုငှက်ဖျားရောဂါကုသလို့ လဲ သက်သာနေပြီးဆိုတော့ ကျွန် တော့်အထင် သိပ်ပြဿ နာမရှိလောက် ပါဘူး'' ဟု မြန်မာနိုင်ငံ ဆရာဝန်အ သင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး သည် အသည်းနှင့်ကျောက်ကပ်များ၊ ပျက်စီးနိုင်သဖြင့် ခန္ဓာကိုယ်အတွင်း နှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်နိုင်ကြောင်း၊ ရောဂါပိုးရှိသောသူ (သို့မဟုတ်)တိ ရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ဓာကိုယ်မှ ထွက်သော အရည်တို့နှင့် တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်း၊ အဆိုပါသွေး နှင့်ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ ထားသော အရာဝတ္ထုများနှင့် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင် ကြောင်း သိရသည်။
MTZ

ကြက်သွန်နီကို များများစားပါ


ကြက်သွန်အနီနှင့် အဖြူဆိုပြီး နှစ်မျိုးရှိရာ ကြက်သွန်နီ အကြောင်း အနည်းငယ် ပြောပြပါရစေ။
ကြက်သွန်နီဟာ လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိပါတယ်။ အဲဒါတွေ ကတော့ လူတွေ ဝမ်းဗိုက် အတွင်းထဲမှာ
ဖြစ်စေတဲ့ ကင်ဆာရောဂါ တွေကို ကာကွယ်ပေးနိုင် ပါတယ်။ဒါ့အပြင် ကိုလက်စရော ဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိလို့ အဝလွန်
သူများ စားသင့်ပါတယ်။ တုပ်ကွေးရောဂါများ ဖြစ်ပါတယ် ကြက်သွန်နီကို မှီဝဲပေးပါက သက်သားစေနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ သွေးတွေ အတွက် ကောင်းမွန်စေ ပါတယ်။
အသားအရေ အတွက် ကောင်းမွန်စေ တာကြောင့် အမျိုးတွေ စားသင့်ပါတယ်။
ဒီလို အချက်တွေကြောင့် ကြက်သွန်နီကို ဟင်းချက်ရာတွင် မပါမဖြစ် ထည့်ချက်သင့်ပါတယ်။

ခင်ပွန်းဟောင်းမှ မကျေနပ်၍ မြို့ လည်ခေါင် ဓားဖြင့် ထိုး


ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူ အမျိုးသမီးအား သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် တိုင်းရင်းသား သုသာန်သို့ မီးသဂျိုခဲ့ကြောင်း လိုက်လံ ပို့ဆောင်ပေးခဲ့သူ မမီးမီးက ပြောဆိုသည်။

ဓားဖြင့် ထိုးသူ ခင်ပွန်းဟောင်း နှင့် သေဆုံးသူ အမျိုးသမီးတို့ တွင် ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဓါးဖြင့် ထိုးသတ်ခဲ့သူ မှ ၄င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး တောင်ကြီးမြို့ ၊ အမှတ် ၁ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည် ။

တောင်ကြီးဂျာနယ်

ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း ဝါယာရှော့ ဖြစ်ကာ မီးလောင်မှုဖြစ်


၂၁.၈.၂၀၁၄ရက်နေ့ ၁၆၃၅အချိန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဦးဖိုးလတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အား ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်နေ ကိုဇော်မျိုးသန့်မှ ငှားရမ်းနေထိုင်ပြီး ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ ၎င်းလုပ်ငန်းခွင်တွင် အသုံးပြုသော လျှပ်စစ်မီးပူ ဝါယာကြိုး အပူရှိန်လွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၁၁)စီးရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၇၀၀အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ဇာထိုးပန်းထိုးစက် (၂)လုံး၊ အဝတ်အထည်များနှင့် မျက်နှာကျက် အထပ်သားများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။

ယင်းသို့ လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုသူ ကိုဇော်မျိုးသန့်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း(ပ) ၄၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လီဗာပူးလ်သို့ မပြောင်းရွှေ့မီ မီလန်အသင်းဖော်များကို ဘာလော့တယ်လီ နှုတ်ဆက်


လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်နေချိန်၌ မာရီယို ဘာလော့တယ်လီက အေစီမီလန် အသင်းကို နှုတ်ဆက်စကား ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အီတလီ စီးရီးအေ ကလပ်အသင်းသည် အသက်(၂၄)နှစ်ရှိ တိုက်စစ်မှူးအတွက် လီဗာပူးလ်က ယူရို (၂၈)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုကို ကနဦးအဆင့် လက်ခံထားပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။ အီတလီ လက်ရွေးစင် တိုက်စစ်မှူးကလည်း ယင်းအခြေအနေတွင် မီလန်အသင်းဖော်များကို လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ဘာလော့တယ်လီ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်တွင် ကစားလိုခြင်းကြောင့် လီဗာပူးလ်၏ ကမ်းလှမ်းမှုအပေါ် လိုလိုလားလား ရှိနေကြောင်း သတင်းများက ဆိုသည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ဘာလော့တယ်လီ၏ ယခင် အမူအကျင့်ဆိုးများကို ဆင်ခြင်ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဘာလော့တယ်လီသည် ကြာသပတေးနေ့ထိ မီလန်နှင့်အတူ လေ့ကျင့်ခန်း ဆင်းနေဆဲ ဖြစ်သော်လည်း ၎င်း၏အေးဂျင့် မိုင်နို ရိုင်အိုလာသည် အင်္ဂလန်သို့ ရောက်ရှိနေကာ အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်လက် ဆွေးနွေးလျှက် ရှိသည်။ မီလန်အသင်းက “ဘာလော့တယ်လီဟာ မီလန်အားကစား စင်တာကနေ ညနေပိုင်းက ထွက်ခွာသွားတဲ့နောက် အသင်းဖော်တွေကို နှုတ်ဆက်သွားပါတယ်။ အဲဒီအပြင် မီလန်အသင်းရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ အဖွဲ့ကိုလည်း နှုတ်ဆက်စကား ပြောသွားခဲ့ပါတယ်”ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
soccer myanmar

အီဘိုလာရောဂါကို ZMapp ဆေးနှင့် စမ်းသပ်ကုသမှု ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ပြု



သြဂုတ် လဆန်းပိုင်းက အီဘိုလာရောဂါကူးစက်ခံရပြီး ZMapp စမ်းသပ်ဆေးနဲ့ ပထမဆုံးစမ်းသပ်ကုသမှု ခံယူခဲ့တဲ့ အမေရိကန် ၂ ဦးလုံးကို ရောဂါသက်သာလာလို့ သြဂုတ်လ ၂၁ ရက်နေ့က ဆေးရုံက ပြန်ဆင်းခွင့်ပေးလိုက်ပါတယ်။

ဒေါက်တာ ခန်ဘရန်လီ နဲ့ ခရစ်ယာန်သာသနာပြုဆရာမ နန်စီရိုက်ဘိုး တို့ဟာ လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို ဆေးကုသပေး သူတို့ကိုပါ ရောဂါကူးစက်ခဲ့ပါတယ်။ ဒါကြောင့် လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာစမ်းသပ်ဆေး ZMapp ကို အရေးပေါ်ထိုးသွင်းပေးခဲ့ပြီး ရောဂါကုသမှုခံယူဖို့ အမေရိကန်နိုင်ငံကို ပြန်ခေါ်ဆောင်လာ ခဲ့ပါတယ်။

သူတို့နှစ်ယောက်လုံးကို အက်တလန်တာမြို့ အီမိုရီဆေးရုံမှာ ကူးစက်ရောဂါ အထူးကု ဆရာဝန်တွေနဲ့ ကုသခဲ့ပါတယ်။ အခုနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ ၁၃၅၀ ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေလည်း ဆက်လက်တိုးတက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) သြဂုတ်လ ၂၀ ရက်နေ့က ပြောဆိုပါတယ်။
DVB