ထိုင်းဆီတင် သင်္ဘော မလေးရှားကမ်းလွန်တွင် ပြန်ပေးဆွဲခံရပြီး ဆီများကဲ့ယူခံရ


လက်နက်ကိုင် ပင်လယ်ဓါးပြများသည် မလေးရှား၏ အရှေ့ဘက်ကမ်းရိုးတန်းအ လွန်တွင် ထိုင်းဆီတင် သင်္ဘော တစ်စင်းကို ပြန်ပေးဆွဲသွားပြီး ၄င်း ဆီသင်္ဘောမှ ဆီများကို တစ်ခြားသင်္ဘောတစ်စင်းသို့ စုပ်ထုတ် ကဲ့ယူခံခဲ့ရကြောင်း ပင်လယ်ရေကြောင်း စောင့်ကြည်းရေးအဖွဲ့တစ်ခုက သြဂုတ် ၂၉ ရက်က ပြောကြားခဲ့သည်။
သြဂုတ်၂၈ ရက်က တောင်တရုတ်ပင်လယ်ရှိမလေးရှားအပမ်းဖြေကျွန်း တိအုမန်အနီး ဆီတင်သင်္ဘောက စင်ကာပူမှ ထိုင်းသို့ သွားနေစဉ် အခင်းဖြစ်ပွားခဲ့ခ်ြငးဖြစ်သည် ဟု နိုင်ငံတကာ ပင်လယ်ရေကြောင်း ဗျူရို၏ Piracy Reporting Centre က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Ref : CNA
Yangon Media Group

အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့


အီဘိုလာသံသယရှိ လူနာရဲ့ ဓာတ်ခွဲနမူနာကို ရောဂါအတည်ပြုစစ်ဆေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ဇီဝလုံခြုံမှုသတ်မှတ်ချက်နဲ့အညီ ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။
အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာနေပြီး အစာစား လမ်းလျှောက်နေနိုင်ပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်အရ အီဘိုလာရောဂါနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးတာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။
DVB

ရန်ကုန်ဆေးရုံ လူနာစောင့်မေ့ကျန်ငွေ ၆သိန်းကျပ် ပြန်ပေးလိုက်သော သန့်ရှင်းရေးဝန်ထမ်းအား ရိုးသားမှုအတွက် ဂုဏ်ပြု



ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေး လုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ (လူနာရှင်အမျိုးသမီး) ကို လိုက်ရှာပြီးပေး တာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ် …
---- --- ---- ---
ယခုလ ၁၇ရက်နေ့က ရန်ကုန်ဆေးရုံသစ်ကြီး၊ အဆုတ်နှင့် ရင်ခေါင်းဌာနမှ လူနာစောင့်မိသားစု မေ့ကျန်ခဲ့သော ငွေကျပ်ခြောက်သိန်းကို ယင်းဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်းဖြစ်သည့် ဦးတင်ဝင်းက ရိုးသားစွာ လိုက်ပေးခဲ့သည်။

အဆုတ်ရောဂါကြောင့် အောက်ဆီဂျင်ခန်းတွင် ကုသနေရသော လူနာမှာ သုံးရက်ပြည့်၍ အခန်းပြောင်းစဉ် ကုတင်အံဆွဲအတွင်း ငွေကျပ်ခြောက်သိန်းထည့်ထားသော ပိုက်ဆံအိတ်ကျန်ခဲ့ခြင်းဖြစ်ပြီး လူနာစောင့်မှာ ပိုက်ဆံအိတ်ကျန်ရစ်ခဲ့မှန်း မသိဘဲ သန့်ရှင်းရေးလုပ်သည့် ဦးတင်ဝင်း က တွေ့ရှိ၍ လိုက်လံပေးရာမှ ပိုက်ဆံ အိတ်ကျန်ရစ်ခဲ့မှန်း သိရခြင်းဖြစ်သည်ဟု သိရသည်။

““ပစ္စည်းတွေ တပွေ့တပိုက်နဲ့ အခန်းရွှေ့နေရတော့ ပိုက်ဆံအိတ်ကျန်ခဲ့မှန်း မသိဘူး။ ဦးတင်ဝင်းက လိုက်ပြောမှ သိရတာ။ သူက ရိုးသာစွာလိုက်ပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ရိုးသားမှုကိုလည်း ဂုဏ်ယူတယ်။ ဒီဆေးရုံမှာ ဒီလိုဝန်ထမ်းကောင်းတွေရှိတဲ့အတွက် အရမ်းဝမ်းသာတယ်””ဟု ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် လူနာဦးစောမိုးစော၏ ဇနီးဖြစ်သူ ဒေါ်ထီးရှီးက ပြောသည်။

အဆိုပါဆေးရုံသစ်ကြီးမှာ ဖွင့်လှစ်ထားသည့်ကာလ မကြာသေးသော်လည်း ၀န်ထမ်းများ၏ အကျင့်စာရိတ္တကောင်းမွန်သည်ဆိုသော သာဓကအဖြစ် ပြသနိုင်ခဲ့၍ ဂုဏ်ယူကြောင်း၊ အခြားဝန်ထမ်းများလည်း အလားတူစိတ်ဓာတ်မျိုးထားနိုင်ရန် မွေးမြူသွားရမည်ဖြစ်ကြောင်း ယင်းဆေးရုံမှ ရင် ခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်အေး က ပြောသည်။

ရိုးသားသောစိတ်ဖြင့် မေ့ကျန်ငွေသားကို လိုက်လံပေးသော ဦးတင်ဝင်းအား လူနာရှင်နှင့် ဆေးရုံတာဝန်ရှိသူများက ယနေ့(သြဂုတ်လ ၂၉ ရက်) အဆုတ်နှင့်ရင် ခေါင်းကုသဆောင်အစည်းအဝေးခန်းမတွင် ဂုဏ်ပြုအခမ်းအနားပြုလုပ်၍ ဂုဏ်ပြုလက် ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပေးအပ်ခဲ့သည်။

ဦးတင်ဝင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်သက် ၃၂ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ် ပြီး ဆေးရုံသစ်ကြီးသို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခြင်းမှာ ၆လ မျှသာရှိသေးကြောင်း ၎င်းသည် လူနာများအား စေတနာထား ဆက်ဆံကူညီပေးလေ့ရှိသကဲ့သို့ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင် သူဖြစ်ကြောင်း ယင်းဆေးရုံဝန်ထမ်းများက ပြောသည်။

““ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ(လူနာရှင်အမျိုးသမီး)ကို လိုက်ရှာပြီး ပေးတာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ်။ အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ ဆေးရုံက လူကြီးတွေကို ကျေးဇူးတင်တယ်””ဟု ဂုဏ်ပြုခံ ဦးတင်ဝင်း က ပြောသည်။
New Watch

မေမြတ်နိုး ဒေါ်လာ ၁ သိန်းတန် ရတနာသရဖူ၊ ဒေါ်လာ ၁ သောင်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေဟုဆို


Miss Asia Pacific World အဖြစ်မှ ဖြုတ်ချခံရသူ မြန်မာအလှမယ် မေမြတ်နိုးသည် ဒေါ်လာ ၁၀၀,၀၀၀ တန် ရတနာသရဖူအပြင် ပြိုင်ပွဲစပွန်ဆာများက ရင်သားခွဲစိပ်ပြုပြင်ရန်ပေးသော ဒေါ်လာ ၁ သောင်းတို့နှင့်အတူ တိမ်းရှောင်နေသည်ဟု အဆိုပါအလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုတ်တာ ဒေးဗစ်ကင် က ယခုလ ၂၈ရက်နေ့က ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲများသို့ ပြန်လည်ခြေလှမ်းချခဲ့သော မြန်မာနိုင်ငံသည် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားခြေစိုက် Miss Asia Pacific World ပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့အလှမယ်ဖြစ်သည်။ ယင်းမှာ မြန်မာမယ်တဦးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မေမြတ်နိုးသည် ရိုင်းပြခြင်း၊ မရိုးသားခြင်းတို့အပြင် ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းက သူမ၏မိခင်အတွက် ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်နေ့အထိသာ နေထိုင်ခွင့်လျောက်ထားနိုင်သည့် ဖိတ်ကြားစာ ပေးပို့ခဲ့သော်လည်း ယင်းဖိတ်ကြားစာဖြင့် ၃ လဗီဇာ တရားမ၀င်ရယူရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များ
ကြောင့် Miss Asia Pacific World 2014 မယ်အဖြစ်မှ ဖြုတ်ချခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအင်တာနက်စာမျက်နှာတွင် သရဖူရှင်ဓါတ်ပုံနေရာကို ဖျက်ထားပြီး “မေမြတ်နိုး(ဖြုတ်ချခံ)” ဟု ရေးသားပြုလုပ်ထားသည်။ ထို့အပြင် Miss Asia Pacific World Organization က သရဖူကို မြန်မာနိုင်ငံဒါရိုတ်တာ မလှနုထွန်းထံသို့ မီဒီယာများ ရှေ့မှောက်၌ ပြန်လည်အပ်နှံရန် မေမြတ်နိုးအား တောင်းဆိုထားကြောင်းလည်း သိရသည်။

Ref ; seatlepi

စိတ်ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ပေးမယ့် သဘာဝကျကျ နည်းလမ်းကောင်းများ

စိတ်ပင်ပန်းမှုဟာ လူတစ်ဦးတစ်ယောက်ခြင်းစီမှာ ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ် ပင်ပန်းမှုထက်ကို စိတ်ပင်ပန်းမှုက ပိုမိုဆိုးရွားပါတယ်။ သင်စိတ်ဖိစီး ပင်ပန်းနေတာနဲ့ တပြိုင်နက် မိသားစုအရေးတွေ လစ်ဟင်းလာတတ်သလို ကောင်းမွန်စွာအိပ်စက်မပျော်ခြင်း လုပ်ငန်းတာဝန်တွေထိခိုက်ခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေ ဖြစ်စေပါမယ်။

စိတ်ပင်ပန်းမှုကို ဘယ်လိုတိုက်ခိုက်မလဲ???

သင့်စိတ်ကို ဖြေလျော့စေပြီး စိတ်စွမ်းအင်တွေကို မြှင့်တင်ရပါမယ်။ သင်အမှန်တကယ် စိတ်ပင်ပန်းနွမ်းနယ်နေပါက သင့်စိတ်အနားယူသင့်သော ပုံစံများကို ဖော်ပြပေးလိုက်ပါတယ်။

* သင့်အတွက်အချိန်ယူပါ *
အတန်ငယ်မှောင်သော အခန်းတစ်ခုမှာ ထိုင်ပေးပါ။ ပြီးနောက် သင်ယုံကြည်သက်ဝင်သော တရား၊ အယူဝါဒတစ်ခုခုကို တွေးတောပါ။ ဥပမာ တရားထိုင်ခြင်း၊ ဆုတောင်းခြင်း၊ စိတ်ထဲရှိသော ပြုချင်သော ဆန္ဒတို့ကို ရေးမှတ်ခြင်း များပြုလုပ်ပေးပါ။ လေ့လာတွေ့ရှိချက်အရ လူအတော်များများရဲ့ စိတ်ဖြေလျော့မှုကတော့ အလင်းရောင်မရှိသော အခန်းတစ်ခုမှာ မျက်လုံးအစုံမှိတ်ပြီး ထိုင်နေခြင်းပါပဲ။

* ကောင်းမွန်စွာအိပ်စက်ပါ *
ပြည့်ဝစွာအိပ်စက်ပါလျှက် စိတ်ပင်ပန်းမှု ဖြစ်ပေါ်နေဆဲပဲလို့ သင်တွေးကောင်းတွေးနေလိမ့်မယ်။ မည်သို့ပင်ဖြစ်စေ တစ်ည ၈နာရီကြာအောင် လုံလောက်တဲ့ အိပ်စက်မှုကို ရယူပေးပါ။ နေ့စဉ်ရက်ဆက် အိပ်စက်မှု ပြည့်ဝမှန်ကန်လာပါက သင့်ခန္ဓာကိုယ် အားအင်ပြည့်ဖြိုးလာပြီး စိတ်ဓာတ်လန်းဆန်းလာမှာ အမှန်ပါပဲ။

* နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာအသေးအဖွဲများကို မေ့ထားပါ *
စာအုပ်ဖတ်ပါ၊ မိသားစု သူငယ်ချင်းများနှင့် အားလပ်ရက်များမှာ အပျော်ခရီးထွက်ပေးပါ။ တခါတရံ သင့်ဘေးပတ်ဝန်းကျင်ကို အသစ်အဆန်းဖြစ်အောင် ပြောင်းလဲခြင်းက သင်ကြုံတွေ့ရတဲ့ နေ့စဉ်စိတ်ဖိစီးမှု ပြဿနာများကို လျော့ပါးစေပါတယ်။

* အခြေခံ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ *
သင်ကိုယ်လက်လှုပ်ရှားမှုပြုတာနဲ့ တပြိုင်နက် သင့်ဦးနှောက်က Endorphin ဓာတ်ကို အလိုအလျောက် ထုတ်ပေးပါတယ်။ Endorphin ဓာတ်က သင့်စိတ်ကို ပျော်ရွှင်စေအောင် လှုံ့ဆော်ပေးပါတယ်။ ဒီအတွက် သင့်အနေနှင့် မာရသွန်လို အားသွန်ခွန်စိုက်ပြေးဖို့ မလိုအပ်ပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးရုံနှင့် လုံလောက်ပါတယ်။

* သင်ကိုယ်တိုင် အတွက်သင်သာလျှင် အဓိကပါ*
တခါတရံ တစ်စုံတစ်ခုကို သင့်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် များနှင့်တွဲဖက်လုပ်ဆောင်ရတဲ့အခါမှာ အလိုလိုက် အလျော့ပေးခြင်းဖြင့် စိတ်ဖိစီးမှုများစုဝေး ဖြစ်တည်လာတတ်ပါတယ်။ ဥပမာ တခါတရံ သင်က ပြတိုက်တစ်ခုကို သွားချင်လျှက် သင်၏ချစ်သူ၊ မိတ်ဆွေ တစ်စုံတစ်ဦးက အတူသွားဖို့ ငြင်းဆန်နေရင် သင့်စိတ်ဆန္ဒအလျှောက် သင်သွားဖြစ်အောင် သွားလိုက်ပါ။ ကိုယ်ပြုလုပ်ချင်သော အကြောင်းအရာ အခြေအနေတစ်ခုဟာ သူတစ်ပါးအတွက် ငြင်းဆန်စရာ ဖြစ်လာပါက ကိုယ်တိုင်မှာ စိတ်ပင်ပန်းမှု ဖြစ်ရပါတယ်။ ဒါ့ကြောင့် သင့်အတွေ့အကြုံအရ သင်နှစ်သက်သော အကြောင်းအရာနှင့် အကြိုက်အတော်များများတွင် သင်သာလျှင် အဓိကဖြစ်ပါစေ။
ဒီအခြေခံ အချက်အလက်လေးတွေ လိုက်နာပေးနိုင်ရင် သင့်ရဲ့စိတ်ပင်ပန်းမှုတွေကို တဖြည်းဖြည်း တွန်းလှန်နိုင်ပါလိမ့်မယ်။

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ

၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း
၂။ မနက်တွင် ဆီးမသွားခြင်း
၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း
၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။

Ref: healthcare

အောင်ပန်းဘူတာတွင် ဘိန်းစိမ်း ၁၆ ဒဿမ ဝဝ၃၅ ကီလို ဖမ်းဆီးရမိ


သြဂုတ် ၂၇ ရက်က ရထားရဲတပ်ဖွဲ့၊ အမှတ်(၇)တပ်ခွဲ၊ အောင်ပန်းရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်ပန်းဘူတာတွင် လွိုင်ကော်-ပျဉ်းမနား အမှတ်(၁၄၈)အစုန်ရထား အား ရှာဖွေရာ ရိုးရိုးတန်းတွဲ(၁)၊ ခုံအမှတ်(၂၉)တွင် လိုက်ပါလာသူ မခင်ဌေးဝင်း ဆိုသူနှင့် ခုံအမှတ် (၃ဝ) တွင် လိုက်ပါလာသူ ကျော်ကျော် ဆိုသူတို့ ၂ ဦး ထိုင်သည့် ထိုင်ခုံအောက်ရှိ ဆွဲခြင်းများ အတွင်းမှ ဘိန်းစိမ်း ၁၆ ဒဿမ ဝဝ၃၅ ကီလို သိမ်းဆည်းရမိသဖြင့် မခင်ဌေးဝင်း(၅ဝ နှစ်) နှင့် ကျော်ကျော်(၃၃ နှစ်) တို့ ၂ ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဆီးရီးယားလေတပ်စခန်းကို သိမ်းပိုက်စဉ်က ဖမ်းဆီးထားသူ ၂၅၀ ကို IS အဖွဲ့က သတ်ပစ်လိုက်ကြောင်း ထုတ်ပြန်သည့် ဗီဒီယိုထွက်ပေါ်




ဆီးရီယားအစိုးရ၏ တက်ကာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်တွင် သိမ်းပိုက်ခံစဉ်က ဖမ်းဆီးခဲ့သူ ၂၅၀ ကို သတ်ပစ် လိုက်ကြောင်း ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းကို IS အဖွဲ့က ထုတ်ဖော်ပြသလိုက်သည်။

အပိုင်းလိုက် ရိုက်ကူးထားသည့် အဆိုပါ ဗီဒီယိုတွင် အပေါ်ပိုင်းဗလာကျင်းထားသည့် ဓားစာခံများအား IS စစ်သွေးကြွများက သဲကန္တာရတစ်ခု အတွင်း တန်းစီခေါ်ဆောင်သွားပြီး မြေပြင်တွင် ဒူးထောက် ခိုင်းကာ နောက်မှ သေနတ်များဖြင့် ပစ်ခဲ့ခဲ့ပုံများကို ဖော်ပြထားသည်။


ယင်းလုပ်ရပ်သည့် IS စစ်သွေးကြွအဖွဲ့အနေဖြင့် စစ်ရာဇ၀တ်မှုတစ်ခုကို ထပ်မံကျူးလွန်ခြင်းဖြစ် ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အသတ်ခံရသူအရေအတွက် အတိအကျကို မသိရသော်လည်း ၂၅၀ ဦးထက်လျော့နည်းနိုင်ကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြထားသည်။ ဗီဒီယိုမှတ်တမ်းတွင် သေဆုံးသူ ၁၅၀ ထက်မနည်းကို တွေ့ရှိရသည်။

လေတပ်စခန်းအား တိုက်ခိုက်မှုတွင် စစ်သွေးကြွများက စစ်လေယာဉ်များ၊ တင့်ကားများ၊ အမြှောက် များနှင့် လက်နက်ခဲယမ်းများကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွများအနေဖြင့် ယခုနောက်ပိုင်းကာလများတွင် အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုအပါအ၀င် ထိခိုက်ဆုံးရှုံးမှုများ ရှိနေသော်လည်း လေတပ်စခန်းသိမ်းပိုက်ခံရမှုကြောင့် စစ်သွေးကြွများအနေဖြင့် ခေတ်မီစစ်လက်နက် နည်းပညာများ ရရှိသွားကြောင်း သိရသည်။

Ref: Daily Mail 
Mizzima

ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်


အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။


MAG က ပထမဆုံးအဖြစ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မြေမြှုပ် မိုင်းစစ်တမ်းများ စနစ်တကျ ကောက်ယူရမည့် ပုံစံများနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ ခြောက်ဖွဲ့ကို အောက်တိုဘာလအတွင်း သင်တန်းများပေးသွားမည်ဖြစ်သည်။

“ဒေသခံတွေကို မိုင်းအသိပညာပေးတဲ့ အစီအစဉ်တွေမှာ သူတို့ဘက်က တောင်းဆိုရင် ပေးနိုင်သမျှ အကူအညီပေးမယ်”ဟု သြဂတ်စတင်းက ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရန်၊ မြေမြှုပ်မိုင်းဒဏ်ခံရသူများကို ကူညီရန်နှင့် မြေမြှုပ်မိုင်းများရှိ မရှိ စစ်တမ်းများ ကောက်ယူရန် အမေရိကန်အစိုးရက ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ခြောက်ခုကို ၂၀၁၄ ခုနှစ်၊ မတ်လက အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ ကူညီထောက်ပံ့ခဲ့သည်။

အဆိုပါငွေကြေးအကူအညီကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၊ ကရင်နီလူငယ်များသမဂ္ဂ၊ ပေးဆပ်အလင်းတန်း၊ ကယားဖူးအဖွဲ့၊ Youth Light Formation Center နှင့် Community Youth Cente ဆိုသော အဖွဲ့များက ရရှိထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ သက်ဆိုင်ရာနယ်မြေများအလိုက် မြေမြှုပ်မိုင်းထိခံရသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မိုင်းအန္တရာယ်အသိပေးခြင်း၊ အသက်မွေးမှု အထောက်အပံ့များ၊ ခေါင်းဆောင်မှု သင်တန်းများနှင့် မိုင်းထိခံရသူများ၏ သားသမီးများကို ပညာသင်စရိတ်ကိုလည်း ထောက်ပံ့ပေးနေသည်။

ကယားပြည်နယ်အတွင်း ၂၀၀၆ မှ ၂၀၁၃ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ ၁၁၂ ဦး၊ ခြေထောက်ပြတ်သူ ၁၀၁ ဦးနှင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ စစ်တမ်းများတွင် ဖော်ပြသည်။ မြန်မာသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု တတိယအများဆုံးနိုင်ငံအဖြစ် Landmine and Cluster Munition Monitor အစီရင်ခံစာက ဖော်ပြထားသည်။

ရှမ်းပြည်နယ်မှ ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြရ


တောတွင်းတနေရာတွင် ပြေးရှောင်နေသာ ရှမ်းဒုက္ခသည်များကို တွေ့ရစဉ်။ ဓာတ်ပုံ - SHRF

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာလျှင် ဒုက္ခသည်များအတွက် ရိက္ခာ လုံလောက်မှုရှိမည်မဟုတ်ဟု ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ(ယာယီ) ပြန်ကြားရေး တာဝန်ခံ ဦးစိုင်းလိုင်ခမ်းက မဇ္ဈိမကို ပြောသည်။


“ခုရှိတဲ့ လူအတွက်ဆိုရင် ရိက္ခာက နောက်လအထိ စားလို့ ရနိုင်ပေမယ့် တိုက်ပွဲတွေ သိပ်ပြီးစိပ်လာလို့ ထွက်ပြေးလာတဲ့ လူတွေ တိုးလာမယ်ဆိုရင် ရိက္ခာကပြတ်သွားမှာပဲ” ဟု ၎င်းက ပြောသည်။

ကျေးသီးမြို့နယ်၊ တာဖာဆောင်ရွာ တံတားအနီးတွင် အခြေချသော SSPP/ SSA တပ်စခန်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စကခ (၂) မှ ခလရ ၂၄၇ တို့ ယခုနှစ် ဇွန်လ ၂၆ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လအတွင်း တိုက်ပွဲအကြိမ်အရေအတွက် ပိုများလာသည်ဟု ဦးစိုင်းလိုင်ခမ်းက ပြောသည်။

တိုက်ပွဲကြောင့် တာဖာဆောင်ရွာမှ ဒေသခံများသည် ၀မ့်ဝပ်ရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခဲ့ကြသည်။ ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ ခုမှ လူပေါင်း ၂၉၁ ဦး မှာ ယခုအချိန်ထိ နှစ်လကျော်ကြာ နေထိုင်နေကြရသည်။

စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ကျေးသီးမြို့နယ်မှ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပံ့ပေးနေသည်။ သြဂုတ်လ ၂၄ နှင့် ၂၅ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ၀မ့်ဝပ်ရွာသို့ လာရောက်ကာ ဒုက္ခသည်အရေအတွက်စာရင်း လာကောက်သွားသော်လည်း အကူအညီများ မရောက်သေးပေ။

ဦးစိုင်းလိုင်ခမ်းက “အစိုးရတပ်တွေက အခြေစိုက်စခန်းလုပ်ထားတဲ့အပြင်ကို ၂၆ ရက်ကစပြီး ရွာအ၀င်လမ်းကို ခြံစည်းရိုးခတ်လိုက်တယ်။ SSPP/SSA ကလည်း ဒီနားမှာပဲ တပ်စွဲထားတော့ ဒုက္ခသည်တွေ အိမ်လဲ ပြန်မရ စိုက်ခင်းတွေလဲ လုပ်မရ အရမ်းဒုက္ခဖြစ်တယ်”ဟု ဆိုသည်။

ထို့ကြောင့် တာဖာဆောင်ရွာမှ အစိုးရစစ်တပ်များ ပြန်လည်ဆုတ်ခွာပေးရန်နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပျက်စီးဆုံးရှုံးသွားရသော နေအိမ်ခြံဝင်းများ၊ လူသုံးပစ္စည်များ၊ လယ်ယာသီးနှံများ၊ လယ်ယာသုံး တိရစ္ဆာန်များအတွက် လျော်ကြေးပေးရန် လက်မှတ်ထိုးတောင်းဆိုထားသော ဒေသခံတို့၏ တိုင်ကြားစာကို သြဂုတ်လ ၂၆ ရက်က နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ ပေးပို့ခဲ့သည်။

အစိုးရတပ်များက တာဖာဆောင်ရွာအတွင်း ကတုတ်ကျင်းများ တူးခြင်း၊ ရွာလမ်းမများပေါ်တွင် ခြံစည်းရိုးခတ်၍ လမ်းများပိတ်ကာ ဒေသခံများကို တင်းကျပ်စွာ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေသဖြင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရန် အခက်ခဲဖြစ်နေရကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

ထို့အပြင် လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ သဘောထားတင်းမာနေခြင်းကြောင့် စိုက်ပျိုးချိန်လွန်သွားခြင်းကြောင့် လယ်စိုက်ခင်းဧကပေါင်း ၄၂၂ ဒသမ ၅ ဧက ဆုံးရှုံးသွားခဲ့ရသည့်အပြင် တိရစ္ဆာန်များကို အစိုးရတပ်များက ပစ်ခတ်စားသုံးခြင်းနှင့် ခြံစည်းရိုးများပျက်စီးခြင်းစသည့် အခက်အခဲများလဲ ကြုံတွေ့နေရသည်။

ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်


လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို

ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြုလိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။


အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်အတွက် သမ္မတက မှတ်ချက်ပြုနိုင်ရန် ပေးပို့ခဲ့ရာ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြု၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်က အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ထုတ်ပါက ငွေဒဏ် ကျပ်ငါးသိန်းချမှတ်ရမည့်အပြင် ထောင်ဒဏ်ထည့်သွင်းမှသာ အရေးယူဆောင်ရွက်ရေး ထိရောက်မှုရှိမည်” ဟု သမ္မတက မှတ်ချက်ပြုထားသည်ဟု ၎င်းက ဆိုသည်။

“ပြည်သူ့ဆန္ဒအတိုင်း သမ္မတကြီးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို အခန်း(၉)မှာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဥပဒေအရအရေးယူနိုင်ဖို့ ငွေဒဏ်ကော၊ ထောင်ဒဏ်ကော နှစ်ရပ်စလုံးချမှတ်ဖို့ မှတ်ချက်ပြုထားတယ်”ဟု ပြောသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ထည့်သွင်းထားသော်လည်း ပြည်သူ့လွှတ်တော်က ငွေဒဏ်သာထည့်သွင်းထားခဲ့ပြီး သမ္မတက ထောင်ဒဏ်ပါ ချမှတ်အရေးယူမှသာ ထိရောက်မှုရှိမည်ဟု မှတ်ချက်ပြုထားခြင်းဖြစ်သည်။ လာမည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုပါမှတ်ချက်ပြုထားသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းရေး ဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်းပါဝင်ပြီး အခန်း ၁ မှ ၅ အထိ အလုပ်သမား၊ အလုပ်ရှင်ဆိုင်ရာ အဖွဲ့အစည်းများ အကြောင်းအရာ၊ ပြင်ဆင်ခြင်း၊ အခန်း(၆)မှ အခန်း(၉)အထိ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ပြန်လည်ပြင်ဆင်ထည့်သွင်းထားသည်ဟု ၎င်းက ဆိုသည်။

ထိုမူလဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းနေရာတွင် ငွေဒဏ်ကျပ် ငါးသိန်းဟူ၍ လည်းကောင်း၊ ငွေဒဏ်တိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ အရေးယူရန် ဖြည့်စွက်ပြင်ဆင်ထားပြီးလာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်သည်။

အလုပ်သမားရေးရာခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က “အလုပ်ရှင်က အလုပ်သမား ဘယ်လောက် အလုပ်ဖြုတ်ဖြုတ် ဒဏ်ကြေးက ငါးသိန်းပဲဆောင်ရမှာ။ အဲဒီအတွက် သမ္မတရဲ့ မှတ်ချက်ကလည်း ထောင်ဒဏ်ထည့်သွင်းမှသာ တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။ တကယ်လည်း ထောင်ဒဏ်ထည့်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

မူလ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေတွင် အလုပ်ရှင်များက ဥပဒေချိုးဖောက်ပါက ငွေဒဏ်သာ ကျခံစေပြီး ထောင်ဒဏ်ထည့်သွင်းထားခြင်း မရှိပေ။ အလုပ်သမားများက ဆန္ဒပြရာတွင် သက်ဆိုင်ရာက ခွင့်ပြုမှသာ ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း၊ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်ထိ အရေးယူရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။
mizzima

လူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူကို ရွှေမှော်အတွင်းက ပြန်လည်ဖမ်းဆီး

ဟုမ္မလင်း၊ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ဝေဖလာရွှေမှော်တွင် သြဂုတ်(၂၇)ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ကလူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရာမှ ထွက်ပြေးလွတ်မြောက် လာသည့် ရဲဘက်ပြေး အကျဉ်းသားတစ်ဦးကို ပြန်လည်ဖမ်းဆီးလိုက်ကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင်နှင့် အဖွဲ့ထံမှ သိရသည်။

“ ရွှေမှော်ထဲမှာက စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေးနဲ့ တရာခံပြေးတွေများသောအားဖြင့်ရှိတတ်ပါတယ်..” ဟု မိုင်းကိုင်းနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရသူ စိုင်းနယ်ထွေး(ခ)မောင်ထွေးဆိုသူသည် တောင်ငူအကျဉ်းထောင်၊ ဘဲလင်းကျောက်ထု ရဲဘက်စခန်းမှထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ထိုသူသည် ၂၀၀၈ ခုနှစ်ကကလေးမြို့နယ်၊ ကျွန်းတောရေရှင်ကျေးရွာနေ ၎င်း၏ယောက္ခဖြစ်သူ ဦးတင် လှိုင်ဆိုသူနှင့် ယောက္ဖဖြစ်သူ အောင်မျိုးဝင် ဆိုသူတို့နှစ်အားသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းက(ပ) ၂၃၁/ ၂၀၀၈ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ အမှုမှ ၃၀၂/ ၁၁၄ သို့ပြောင်းလဲရေးဖွင့်ဆောင်ရွက်ခဲ့ရသော အမှုမှဖြစ်သည်။

၎င်းအမှုအား ၁၄.၇.၂၀၀၈ ရက်နေ့ ကကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ရဲစွဲချက်အမှတ် ၂၇၃ / ၂၀၀၈ အရ
ကလေးခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံးကပြစ်မှုကြီးအမှတ် ၁၉/ ၂၀၀၈ အရ လက်ခံကြားနာစစ်ဆေးခဲ့ပြီး ၂၅.၃.၂၀၀၉ ရက်နေ့တွင် အဆိုပါ တရားရုံးက ထိုသူအား အလုပ်ကြမ်းနှင့်
ထောင်ဒဏ်အနှစ်(၂၀)ကျခံစေရန် စီရင်ချက်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

လူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရသူ စိုင်းနယ်ထွေး(ခ)မောင်ထွေးဆိုသူသည် က လေးမြို့ အကျဉ်ထောင်၏ ထောင်ဝင်ကိုယ်ပိုင်အမှတ် ကလ၀၈/ ၀၀၆၈၈/(က)အရ ပြစ်ဒဏ်များကျခံနေရ ပြီး ကလေးအကျဉ်းထောင်မှတဆင့်တောင်ငူအကျဉ်းထောင် ဘဲလင်းကျောက်ထုရဲဘက်စခန်းသို့ ဆက် လက်ပို့ဆောင်ခဲ့ရာအဆိုပါ ရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။


ထောင်ဒဏ်ကျခံနေရသူများသည် သတ်မှတ်ပြစ်ဒဏ်များ မကုန်ဆုံးမီထွက်ပြေးလွတ်မြောက်လာခြင်းမှာ ထပ်မံ၍ပြစ်မှုများကျူးလွန်နိုင်ဖွယ်ရာရှိသည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးအား ထိခိုက်နစ်နာစေနိုင်သည်ဟု ဒေသခံပြည်သူများကပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

ပီအာရ်စနစ် ကန့်ကွက်လက်မှတ်ရေးထိုးမှု စပြီ

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲနေသည့် အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်) ကို ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို သြဂုတ် ၂၈ ရက်ကရန်ကုန်မြို့တွင် စတင်လိုက်ပြီဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျခန်းမ၌ ပီအာရ်စနစ် ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို အရပ်ဘက်အဖွဲ့အစည်း ၂၀ ခန့် ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က စတင်လိုက်ခြင်းဖြစ်ကာ မွန်းလွဲ ၂ နာရီ ကျော်အချိန်ထိ ပြည်သူ ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့သည်။

ရရှိလာသည့်လက်မှတ်များကို လာမည့်စက်တင်ဘာတွင် စတင်မည့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည်ဖြစ်သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပီအာရ်စနစ်ကို ကန့်ကွက်သည့် တိုင်းရင်းသားပါတီများထံသို့ ပေးပို့မည်ဟုလည်း ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ တွဲဖက်တာဝန်ခံ ကိုမြတ်ကျော်က ပြောသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာသည့် စာရေးဆရာမနှင်းပန်းအိမ်က “စစ်အာဏာရှင်လက်ထက်ကနေ ပြည်သူကို ဒီနေ့အထိ အငြင်းပွားစရာတွေ ချပေးနေတယ်။ ၁၉၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးအတွက် ကျောင်းသားတွေ ပေးဆပ်ခဲ့တယ်။ ဒီနေ့ဒီမိုကရေစီခေတ် တကယ်ရောက်ပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ ကန့်ကွက်လက်မှတ်များကို စက်တင်ဘာ ၁၀ ရက်အထိ ကောက်ခံမည်ဖြစ်ပြီး ပီအာရ်နှင့်ပတ်သက်သည့် ဟောပြောပွဲများပြုလုပ်၍ လက်မှတ်များ လှည့်လည်ကောက်ခံခြင်းဖြစ်သည်။ ကောက်ခံမည့် မြို့နယ်များမှာ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့နယ် လေးမြို့နယ်တို့ဖြစ်သည်။

လက်မှတ်ကောက်ခံပွဲသို့ တက်ရောက်လာသည့် ၁၉၇၄-၇၅ တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးကိုကိုလေးကလည်း “ပထမဦးဆုံးက ရခိုင်အရေးအခင်း၊ လက်ပံတောင်း၊ မြစ်ဆုံ၊ ၅၉(စ)၊ ၄၃၆ နောက် ပီအာရ်၊ အခုခေါင်းလောင်းဆယ်တဲ့ အလှည့်ရောက်နေတယ်။ ဒီလိုနည်းနဲ့မျိုးစုံ လွှဲချနေတယ်”ဟု ဆိုသည်။

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေးအတွက် ဥပဒေကြမ်းရေးဆွဲနေသည့် ကော်မရှင်၏ လုပ်ငန်းများ အပြီးသတ်တော့မည်ဖြစ်ကာ အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်ဟု အမျိုးသားလွှတ်တော်ပီအာရ် အကောင်အထည်ဖော်မှုကော်မရှင်၊ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့ဝင် ဦးအုန်းတင်က သြဂုတ် ၂၄ ရက်တွင် မဇ္ဈိမကို ပြောထားသေးသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် မဲအများဆုံးရသူ အမတ်ဖြစ်ခွင့်ရှိသည့်စနစ်မှ ပီအာရ်သို့ ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်က ဇွန်လအတွင်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ပီအာရ်စနစ်ကျင့်သုံးရန် ထောက်ခံသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း မြန်မာနိုင်ငံအခြေအနေသည် နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်နေသည့် ကာလဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည်ဟု ဆိုသည်။

“အဓိကကတော့ ငြိမ်းချမ်းရေးရဖို့ပါ။ အဲလိုဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းစွာ နေထိုင်ခွင့်၊ နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ရင် ရရှိလာမယ့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးတွေကို ထိန်းသိမ်းသွားနိုင်အောင် လူမျိုးစုံပါဝင်တဲ့ လွှတ်တော်ရရှိဖို့ လိုပါတယ်”ဟု ပြောသည်။

အနာဂတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်း ရေးဆွဲနေသော်လည်း အချိန်ယူရဦးမည်ဖြစ်သောကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ် မရှိဟု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပီအာရ်စနစ်ကို မထောက်ခံကြောင်း ဇူလိုင်လ ၃၁ ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။ ကန့်ကွက်ဆန္ဒပြပွဲများလည်း ပြုလုပ်ခဲ့သည်။

လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်အနိုင်ရသည့်စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့သည့် ဇွန်လတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များက ထောက်ခံကာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲသာရှိသဖြင့် အတည်ဖြစ်ခဲ့သည်။

Mizzima News Daily

ယူကရိန်းဝန်ကြီးချုပ်ဟောင်းက နိုင်ငံတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် တောင်းဆို

ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကို
ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကိုက နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ဖို့ သြဂုတ်လ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ စစ်ရေး အကူအညီကို နိုင်ငံတကာ လူ့အဖွဲ့အစည်းဆီက တောင်းသင့်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကိုရုရှဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက သူပုန်တွေကို လက်နက်တွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲခဲ့ဖူးတဲ့ ယူကရိန်းအစိုးရက ခုတော့ ရုရှတပ်တွေနိုင်ငံထဲ ဝင်လာပြီလို့ ပြောပါတယ်။

“ရုရှတပ်တွေ ယူကရိန်းပိုင်နက်ထဲ ဝင်လာလို့ ရုရှက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသမားတွေက နိုင်ငံအရှေ့ပိုင်းက အဓိက မြို့ကို သိမ်းခဲ့လို့ စစ်ရေးပဋိပက္ခတွေ ပိုဆိုးလာနေတယ်”လို့ ယူကရိန်းသမ္မတပေထရို ပိုရိုရှန်ကိုက သြဂုတ်လ ၂၈ ရက်နေ့က ပြောပါတယ်။

“ကာကွယ်ရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တူရကီနိုင်ငံကိုသွားမယ့် ခရီးစဉ်ကိုလည်း ဖျက်သိမ်း လိုက်ပါတယ်။ နေတိုး စစ်ဘက်အရာရှိ တယောက်ကတော့ ရုရှစစ်သည် အယောက် ၁ ထောင်ကျော်ဟာ ယူကရိန်းနိုင်ငံထဲမှာ စစ်ဆင်ရေးလုပ်နေတယ်လို့ ကျနော်တို့ သိထားတယ် သူတို့ဟာ ခွဲထွက်ရေးသမားတွေနဲ့ အတူတိုက်ရင်း ထောက်ပံ့ပေးနေတယ်”လို့ ပြောပါတယ်။

ရုရှကတော့ ရုရှလိုလားတဲ့ သူပုန်တွေနဲ့ ယူကရိန်းစစ်တပ်ကြား ပဋိပက္ခမှာ ပါဝင်စွက်ဖက်မှု မရှိဘူးလို့ ပြောပါတယ်။ ယူကရိန်းပဋိပက္ခအတွင်း လူအယောက် ၂၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
DVB

သင်၏မျက်လုံး အားပြန်ကောင်းပြီး ” မျက်မှန်လွတ်တဲ့နည်း “


ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။
အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။
သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” ။ ။ ။
ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။
အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။
ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။
” ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် ” ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။
ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ ” မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ” ။
ဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။
နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။
ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

myetshin

ဖမ်းမိထားသော ဆီးရီးယား စစ်သား ၃၀၀ ကို ကွပ်မျက်ပြီးနောက် ISIS က အမေရိကန်ကို သတိပေး

ISIS စစ်သွေးကြွတို့က ခေါင်းဖြတ်ပြသည့်ဗီဒီယိုသစ် တစ်ခုကို သြဂုတ် ၂၉ အစောပိုင်းက ထုတ်ပြန်ကာ အမေရိကန်ကို ဒုတိယအကြိမ်မြောက် ခြိန်းခြောက်လိုက်သကဲ့သို့ ကာ့ဒ်လူမျိုးများကိုလည်း ISIS ကို ဆန့်ကျင်နေသည့် အနောက်နိုင်ငံများနှင့် မဟာမိတ်မဖွဲ့ရန် တိုက်တွန်းလိုက်သည်။

ဖမ်းမိထားသော ဆီးရီးယားစစ်သား ၃၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြသည့် ပုံကို ထုတ်လွှင့်ပြီးနောက် နာရီပိုင်းအကြာ ISIS က အမေရိကန်ကို ဒုတိယအကြိမ် သတိပေးခြင်းဖြစ်သည်။

ISIS တို့က ကာ့ဒ် စစ်သားတစ်ဦးကို ခေါင်းဖြတ်ပြသည့် ဗီဒီယိုတွင် အမေရိကန်သို့ ဒုတိယမြောက်သတင်း ပေးပို့ချက်ဟု ပါရှိသည်။

မိုဆူးလ်မြို့၏ ဗလီကြီး၏ရှေ့တွင် ကာ့ဒ်တစ်ဦးကို ခေါင်းမဖြတ်မီ ISIS တိုအား တိုက်ခိုက်ရာတွင် ကာ့ဒ်တို့အား ဆက်လက်ပံ့ပိုးနေပါက ကျန် အကျည်းသားအားလုံးကို ခေါင်းဖြတ်မည်စု ISIS တို့က သတိပေးခဲ့သည်

Ref : Mail Online

Yangon Media Group

အိုင်အက်စ်အဖွဲ့က ဒါဇင်နှင့်ချီသည့် ဆီးရီးယားစစ်သားများကို ဖမ်းဆီးသတ်ဖြတ်


အစ္စလာမ်မစ် ပြည်ထောင်စုလို့ ခေါ်တဲ့ အိုင်အက်စ်စစ်သွေးကြွတွေဟာ နိုင်ငံအရှေ့ မြောက်ဘက်က လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်အပြီး ဖမ်းဆီးရမိတဲ့ ဒါဇင်နဲ့ချီတဲ့ ဆီးရီးယားစစ်သားတွေကို သတ်ပစ်လိုက်တယ်လို့ အကြမ်းဖက်မှုစောင့်ကြည့်ရေးအုပ်စုက ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က ပြောပါတယ်။

အယ်လ်ကေဒါ အမာခံဂိုဏ်းကွဲ အိုင်အက်စ်စစ်သွေးကြွတွေဟာ သြဂုတ် ၂၄ ရက်နေ့ ကတည်းက တဘ်ကာလေတပ်စခန်းကို စီးနင်းမွှေနှောက်ခဲ့တာပါ။

နှစ်ဖက်စလုံးကြား ကြောက်စရာ အကောင်းဆုံးတိုက်ပွဲတွေထဲက တခုအတွင်း စစ်သားတွေနဲ့ အရာရှိတွေကို ဖမ်းဆီး သတ်ဖြတ်လိုက်တယ်လို့ သူတို့က ပြောပါတယ်။

ဒေသတွင်း ဆီးရီးယားစစ်တပ်ရဲ့ နောက်ဆုံးခြေကုပ်ဖြစ်တဲ့ တဘ်ကာစခန်းကို သိမ်းပိုက်မှုနဲ့ စစ်သည်အများအပြားကို သတ်ဖြတ်မှုဟာ အိုင်အက်စ်တွေရဲ့ နိုင်ငံမြောက်ပိုင်း ခြေကုပ်ကို ပြသမှုလည်း ဖြစ်ပါတယ်။

တကယ့်မြေပြင်ပေါ်က အချက်အလက်တွေကို သုံးပြီး ပဋိပက္ခကို စောင့်ကြည့်နေတဲ့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ စစ်သားတွေဟာ အိုင်အက်စ်စစ်သွေးကြွတွေ ဖမ်းတာခံရပြီးတဲ့နောက် လေဆိပ်ကနေ ထွက်ပြေးဖို့ ကြိုး စားခဲ့ကြသေးတယ်လို့ ပြောပါတယ်။

ဆီးရီးယားအစိုးရမီဒီယာကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတာကို အတည်ပြုပေမယ့် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေကို အစီရင်ခံမှု မလုပ်ပါဘူး။

အိုင်အက်စ်စစ်သွေးကြွတွေ တိုက်ပွဲအတွင်း အကြီးအကျယ် ဆုံးရှုံးတယ်လို့လည်း ပြောခဲ့ ပါတယ်။
DVB

ယောင်္ကျားတိုင်းသိချင်ကြသည့် မိမိယူမဲ့ မိန်းကလေးအပျိုစစ်မစစ်


အမေး – ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက်၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။

အဖြေ – “Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။

1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတခုကို ထက်ခြမ်း ခြမ်းထားလိုရှိတယ်။ နို့သီးထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ်အရောင်ရင့် အဝိုင်း အရောင်က အသားဖြူသူတွေမှာ ပန်းရောင်၊ အသားရောင် သိပ်မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက်ရင် မဲနေမယ်။

2. Labia majora မ-အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်းရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝကို လုံးဝ ဖုံးထားနေမယ်။

3. Labia minora မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင်ရင် အာရုံခံအသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)

4. Clitoris မ-အစိဟာ သေးငယ်ပြီး ပန်းရောင်ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံးအုပ်နေမယ်။ (အရောင်က တသမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူရှိသလို သေးငယ်သူလဲ ရှိတယ်။ တယောက်တည်းမှာ ဆက်ဆံမှုအကြိမ် များရင်များသလို၊ အသက်ရရင်ရသလို ပိုကြီးလာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျားအင်္ဂါလို ဖြစ်နေမယ်။)

5. Vaginal opening ဗဂျိုင်းနား အပေါက်ဝအကျယ်ဟာ ၁ဝ နှစ်သမီးအရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လက်တချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေး ဆင်းတဲ့ အလုပ်ကိုသာ တာဝန်ထမ်းရဘူးသေးတယ်။

6. Vagina ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝနဲ့ သားအိမ်အဝကြား အကွာအဝေးက တိုတိုလေးဘဲ ရှိမယ်။ ကြွက်သားနဲ့ အရွတ်တွေနဲ့ တည်ဆောက် ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ ဒါပေမဲ့ ဒီလို တခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင်အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။)

7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်နေရာက ပိုပါးတယ်။ ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြ ဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနားမညီမညာ ရှိမယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။ (တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာ ကြီးတာ၊ ထိုးသွင်းမှု အရှိန်-အကြိမ်တွေ အပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ် ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့သာ ကြုံဘူးထားရာကနေ ပိုကြီးတာ၊ ပိုများတာနဲ့တွေ့ရင် နဲနဲသာနာမယ်၊ နဲနာသာ သွေးထွက်မယ်၊ သွေးမထွက် တာလဲ ဖြစ်နိုင်တယ်။)

8. Fourchette commissure မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲမသွားသေးဘဲ မိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်းကနေ ကလေး မမွေးဘူးသူတိုင်း တင်းတင်းရင်းရင်း ရှိနေတယ်။)
အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ “အသုံးပြုနိုင်တယ်” လို့ ပြောတာဟာ ဒါနဲ့ မကိုက်ရင်တော့ မဟုတ်ပါဘူးလို့ ဘယ်သူက အဆုံးအဖြတ်ကို ပေးမှာလဲ။ မြန်မာပြည် တရားခွင်မှာ ဆရာဝန်တွေက (သိရ သလောက်တော့) ထွက်ချက် မပေးရပါ။ ခင်ပွန်းလောင်းက ထည့်စဉ်းစားနိုင်ပေမဲ့ ကံသေကမ္မ ပြောမရလို့ ချွင်းချက် ထားသင့်တယ်။ ဒီလို အဆုံးအဖြတ်မျိုးဟာ မိန်းကလေးတယောက်ရဲ့ တကယ့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အစစ်ဖြစ်တယ်။ ကံဆိုးသူတွေမှာ ဒီဝိသေသဟာ (မေးတဲ့သူလို) တကယ့်ပြဿနာ ဖြစ်စေနိုင်တယ်။

Definitions of virginity loss အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ
“Virginity (ဗာဂျင်နတီ) အပျိုစစ်” ဆိုတာ Sexual intercourse လိင်ဆက်ဆံမှု တခါမှမရှိသေးတာကို ခေါ်တယ်။ လိင်ဆက်ဆံမှုဆိုတာ အစဉ်အလာ လက်ခံထားတဲ့ အချက်ကတော့ Vaginal penetration with penis (ဗဂျိုင်းနား) ထဲကို ကျား-လိင်အဂ်ါ ထိုးသွင်းနည်းနဲ့ ဆက်ဆံတာကို အလိုတူဖြစ်ဖြစ်၊ အလိုမတူဖြစ်ဖြစ် အနည်းဆုံးတကြိမ် ရှိဘူးတာကို ခေါ်တယ်။ “Vagina-virginity (ဗဂျိုင်းနား) က (ဗားဂျင်း) ဖြစ်တယ်” လို့ အတိအကျခေါ်တယ်။
မေးဘို့ လိုသေးတာက ပါးစပ် သုံးနည်း တခုထဲသာ ရှိဘူးတာလား၊ စအိုနည်းတခုတည်းဆိုလဲ ထည့်ရမှာဘဲ။ ယောက်ျားနဲ့ဖြစ်ဖြစ် Lesbians မိန်းကလေးချင်း ဖြစ်ဖြစ် (မာစတာဘေးရှင်း) လုပ်ဘူးတာလား။ ဒီအမျိုး အစားတွေသာ ရှိတာကို “Physiological virginity ဇီဝကမ္မ-အပျိုစစ်” လို့ ခေါ်တယ်။
(မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။ ဥပမာ Dildo ခေါ်တဲ့ ကျား-လိင်အင်္ဂါအတုကို ထည့်သွင်းဘူးတာ၊ ကိုယ်တိုင် လက်နဲ့သာ (မာစတာဘေးရှင်း) လုပ်တာလား။ ၂ မျိုးလုံးကိုလဲ အပျိုရည်ပျက်စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။
အမေရိကားမှာ ၁၉၉ဝ နောက်ပိုင်း “Technically virgin နည်းလမ်းအရ ပြောရရင် အပျိုပါဘဲ” ဆိုတဲ့ ဖွင့်ဆိုချက်က ခေတ်စားလာတယ်။ သမားရိုးကျ လိင်ဆက်ဆံမှုတော့ မပြုဘူး၊ တခြားနည်းနဲ့သာ သာယာမှု ရှာတာပါလို့ လျှောက်လဲချက်ဖြစ်တယ်။ အဲဒါလောက်သာ လုပ်တာမို့ ကျမလဲ အပျိုစာရင်း ဝင်ပါတယ်လို့ ပြောတာကို Virginity pledges ခေါ်တယ်။ (ယေးလ်) တက္ကသိုလ်က ပညာရှင် Peter Bearman နဲ့ Hannah Brueckner တို့က အဲလို အပျိုစာရင်း ဝင်ပါတယ်လို့ ပြောထားသူတွေကို နောက် ၅ နှစ်နေတော့ ဆန်းစစ်တဲ့အခါ (STDs) လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်နှုန်းက အဲလို မပြောသူတွေနဲ့ အတူတူဘဲ ရှိကြတာ တွေ့ရ တယ်။
လိင်ဆက်ဆံမှု မရှိဘဲလဲ အထက်ကရေးခဲ့တဲ့ အချက်တချို့ ပျက်ယွင်း နေနိုင်တယ်။ ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထံထံ လုပ်တာ၊ ဂျွမ်းဘားကစားတာတွေ ပါတယ်။ ဒီလိုကြောင့် အပျိုမှေး ပေါက်ပြဲမယ်ဆိုရင် မိန်းကလေး ကိုယ်တိုင်တောင်မှ စုပ်ပြဲသွားခဲ့တာကို သိချင်မှသိမယ်။ ဒီမိန်းကလေးမျိုးဟာ တကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံးအကြိမ်မှာ သွေးထွက်ချင်မှ ထွက်မယ်။ ဒါမျိုးကို အပျိုရည်ပျက်ယွင်းတယ်လို့ သတ်မှတ်တာ တရားပါသလား။
ထင်မြင်ချက်တခုက မိန်းကလေး မွေးကတည်းက အပျိုမှေး ပါမလာကော မဖြစ်နိုင်ဘူးလား။ ဒီထောက်ပြချက်ဟာ မမှန်ပါ၊ မိန်းကလေးတိုင်းမှာ မွေးကတည်းက အပျိုမှေးဟာ လုံလောက်အောင် ရှိနေနိုင်တဲ့ အကျန် အကြွင်းတခု ဖြစ်ပါတယ်။ Imperforate hymen အပျိုမှေး ပေါက်မနေတာသာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေသူတိုင်းကိုတော့ Hymenotomy လုပ်ပေးရမယ်။ တချို့ အမျိုးသမီးတွေက ဘယ်နည်းနဲ့ ပေါက် သွားသွား Hymenorrhaphy or Hymenoplasty ခွဲစိတ်နည်းနဲ့ ပြုပြင်ကြပြီးသကာလ “Born again virginity ပြန်လည်ရှင်လာသော အပျိုဖြစ်ခြင်း” လို့ ခေါ်ကြတယ်။

မိန်းကလေးတယောက်မှာ ယောက်ျားနဲ့ ပထမဆုံး လိင်ဆက်ဆံမှုရှိသွားပြီဆိုတဲ့ အချက်ကို ယဉ်ကျေးမှု အများစုမှာ “ပုဂ္ဂိုလ်ရေး သမိုင်းမှတ်တိုင်တရပ်” လို့ အလေးအနက် သဘောထားကြတယ်။ ဘာအဓိပ္ပါယ် ဆောင်ပါ သလဲ။ Saving oneself ကိုယ့်အပျိုရည်ကို ထိန်းထားနိုင်စွမ်းရှိသူ။ Losing one’s virginity ကိုယ့်အပျိုဘဝကို ပေးအပ်လိုက်သူ။ Taking someone’s virginity အပျိုရည်ဘဝတခုကို ရယူလိုက်သူ။ Deflowering ပန်းကောင်း အညွန့်ချိုးခြင်း စသဖြင့် သုံးစွဲကြတယ်။ ဒီလိုဖြစ်သွားသူတယောက်ဟာ “ဖြူစင်မှု၊ တည်ကြည်မှု၊ သန့်စဉ်မှု ကုန်ဆုံးသွားပြီ” လို့ တချို့က ဆိုကြတယ်။ ဘာသာရေးတချို့ကလဲ အဲလိုယူတာဘဲ။
တချို့အသိုင်းအဝိုင်းတွေမှာ အပျိုစစ်ဖြစ်ခြင်းကို “ဂုဏ်တရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့လဲပြီး ထိန်းသိမ်းကာကွယ်ရမဲ့ ကိုယ်ပိုင်တန်ဘိုးတရပ်” လို့ ယူဆကြတယ်။ မိန်းမအင်္ဂါထဲကို Tampon, Menstrual cup လို ရာသီ လာတဲ့အခါ သုံးတဲ့ပစ္စည်း ထည့်သွင်းတာအပြင် Medical examinations မျိုးပွါးလမ်းကြောင်းထဲ လက်-ကရိယာ ထည့်ပြီး ဆေးစစ်တာကိုပါ တချို့က လက်သင့်မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။

၂ နှစ်အတွင်း မွေးကာစ မိန်းကလေး ၂ ယောက်ထက်မနည်း မွေးကတည်းက (ဗဂျိုင်းနား) ပိတ်နေတာကို မိဘတွေကသိလို့ လာပြတယ်။ ထုံဆေးလေးနဲ့ အပေါက်ငယ်လေး လုပ်ပေးလိုက်တယ်။ ဒီမိန်းကလေးတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ ဆရာဝန်က သူများမပြောပါ။ မိဘတွေကလဲ သူတို့သမီးလေးတွေ ဒီလို လုပ်ထားတယ်လို့ ပြောမယ် မထင်ပါ။ ဒီတော့ မိန်းကလေးတွေ ကိုယ်တိုင်လဲ သိနိုင်ကြမယ် မဟုတ်ပါ။ တခြားမှာလဲ ဒီလို လုပ်ထားသူတွေ ရှိပါမယ်။ ဖေါက်ပေးလိုက်တာက လိုတာထက် ကျယ်သွားရင် ဒီမိန်းကလေးမျိုး မင်္ဂလာဦးမှာ နာတာ၊ သွေးထွက်တာ မဖြစ်နိုင်ပါ။ အချိန်တန်ပေမဲ့ ရာသီမလာနိုင်လို့ အပျိုမှေး အပေါက်ပိတ်တာကို ခွဲစိတ်ပေးရင်လဲ ဒီလိုဘဲရှိမယ်။

အပျိုဖြစ်ခြင်းရဲ့ တန်ဘိုးကို ငွေကြေးနဲ့ဖြတ်တာဟာ ကိုယ်ခန္ဓာကိုရင်းပြီး စီးပွါးရှာတဲ့နေရာမှာ သိသာတယ်။
အပျိုမဟုတ်သူ တယောက်ရဲ့ တညတာ သတ်မှတ်ချက်ထက် အပျိုတယောက်ကို အနည်းဆုံး (၁ဝ) ဆ ထားလေ့ရှိတယ်။ တကယ်တော့ တညဟာ တဘဝတာ ပြီးဆုံးခြင်းသာ ဖြစ်ပါတယ်။ ဂျပန်မှာ (ဂေးရှား) မယ်လေးတွေရဲ့ အပျိုဘဝကို Mizuage ခေါ်တဲ့ ပွဲလမ်းသဘင်မှာ (လော့ဒ်) တွေက ရယူခွင့်ရှိတယ်။ ပိုက်ဆံပေးရင်တော့ ချမ်းသာခွင့် ပေးတာလဲရှိသတဲ့။ ပုဂံခေတ်ဦး အရည်းကြီးတွေလဲ ဒီသဘော လုပ်ခဲ့ကြ တယ်။ စေတနာနဲ့ ပညာပေးတာလို့ ဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘုရင်အနော်ရထာ ကျေးဇူးနဲ့ ပန်းဦးလွှတ်တဲ့ အကျင့်ပျောက်ကွယ်စေခဲ့တယ်။

Proof of virginity အပျိုစစ် သက်သေခံချက်
တချို့အသိုင်းအဝိုင်းတွေမှာ သတို့သမီးဘက်က အပျိုစစ်ပါတယ်ဆိုတာ သက်သေပြနိုင်ဘို့ လိုတယ်။ Intact hymen အပျိုမှေးရှိနေတယ်ဆိုတဲ့ Certificate of virginity ဆရာဝန် ထောက်ခံချက် လိုတယ်။ ဒါမှမဟုတ် အပျိုမှေးပေါက်သွားလို့ ထွက်တဲ့သွေး Nuptial blood-spotted bed sheet အိပ်ယာခင်းမှာ သွေးစွန်းတာ ပြရတယ်။

Virginity test ဆိုတာလဲ ရှိပါတယ်။ အပျိုမှေးကို စစ်ဆေးတာပါဘဲ။ မတိကျဘူးလို့ အငြင်းပွါးကြပါတယ်။
၂၃-၁၁-၂ဝ၁၁ နေ့က AI လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လူ့အခွင့်အရေး ချိုးဖေါက်တာလို့ ထောက်ပြဘူးတယ်။ ၂ဝ၁၁ အီဂျစ်တော်လှန်ရေးကာလမှာ စစ်တပ်ကနေ အဓမ္မပြုကျင့်ခံရတယ်လို့ဆိုသူ အမျိုးသမီးတွေ ကို ထိန်းသိမ်း ထားတုံးမှာ Virginity test လုပ်ခဲ့တာကို ဝန်ခံပြီး ၂၇-၁၂၂ဝ၁၁ မှာ ဒီလိုလုပ်တာကို အစိုးရက တားမြစ်လိုက်ပါတယ်။ ဗြိတိန်မှာလဲ လုပ်ဘူးသေးတယ်။ Fiancee visa သတို့သမီးလောင်း (ဗီဇာ) လို့ ခေါ်တယ်။ ၁၉၇၉ ဇန္နဝါရီလထဲမှာ မင်္ဂလာဆောင်ဘို့ ဝင်လာသူ အမျိုးသမီးတယောက်ကို Virginity test လုပ်စေခဲ့တယ်။ နောက်တော့ ပြင်လိုက်ပါတယ်။ အိန္ဒိယမှာလဲ အဓမ္မ ကျင့်ခံရပါတယ်လို့ ပြောသူတိုင်းကို ဒီလိုဆေးစစ်တာမျိုး ၂၉-၁-၂ဝ၁၂ နေ့အထိ လုပ်ခဲ့တယ်။

အပျိုမှေးစစ်တာအပြင် Laxity of vaginal muscles ဗဂျိုင်းနား ကြွက်သားတွေ တင်းမာမှုအခြေအနေကို လက် ၂ ချောင်းစမ်းသပ်နည်းနဲ့ လုပ်တယ်။ ရုပ်ရှင်တကားမှာ ပါတယ်။ဒီနည်းက တိကျမှု မရှိတာ ကိုလဲ ငြင်းကြပါတယ်။ အာဖရိက နိုင်ငံတချို့မှာ ငယ်ငယ်ကလေးကတည်းက မ-အင်္ဂါ နှုတ်ခမ်းသား အကြီးနှစ်ခုကို ဆွဲချုပ်ပေးတာကို Infibulation ခေါ်တယ်။ မင်္ဂလာမဆောင်ခင် ချုပ်ကြိုး အစစ်ခံကြရတယ်။ ဒီအလေ့အကျင့်မျိုးတွေကို ခေတ်မီသူတွေက ရှုတ်ချကြတယ်။ ဒါပေမဲ့ ၂ဝဝ၄ မှာ (ဇင်ဘာဘွေ) ခေါင်းဆောင်တဦးက ဒီလိုလုပ်တာကြောင့် HIV ကူးစက်တာကို သက်သာစေတယ်လို့ ပြောတော့ မငြင်းနိုင်ကြဘူး။

အမျိုးသမီး အများစုဟာ ယောက်ျားနဲ့ ပထမဆုံး လိင်ဆက်ဆံရင်
- အပျိုမှေးပေါက်သွားလို့ သွေးထွက်မယ်၊ ၁-၃ ရက်အထိ နည်းနည်းထွက်မယ်။
- မ-အင်္ဂါ ဖူးရောင်နေမယ်၊ ၁-၃ ရက်ကြာ နာနေမယ်။
- ၃ ရက်ထက် ပိုကြာနေရင်၊ သွေးဆင်းတာလဲ များမယ်ဆိုရင် ဆရာဝန်ပြပါ။
“Romantic love စိတ်လှုတ်ရှားမှုက ရတဲ့အချစ် နဲ့ Sexual jealousy လိင်ပိုင်းဆိုင်ရာ သဝန်တိုမှုဟာ Universal features of human relationships နေရာတကာမှာ မှန်ကန်တဲ့ လူမှုဆက်ဆံရေး ဖြစ်တယ်” လို့ ဆိုရှယ်-စိတ္တဗေဒ ပညာရှင်တွေက ဆိုကြပါတယ်။

Credit:ဒေါက်တာတင့်ဆွေ

မိုးရာသီနဲ့ ဒူးရင်းသီး ( စားခြင်း အကျိုးကျေးဇူး )

အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး ကပါလို့ မကြိုက်သူ
အများရဲ့ နှာခေါင်းရူပ်တာတွေ ခံနေရတဲ့ စားကောင်း အာဟာရ ဖြစ်လှတဲ့ အသီးပါ။ ယခု မိုးကာလ ရာသီချိန် ဖြစ်တာနဲ့အညီ ပေါပေါနဲ့ စားနိင်လာတဲ့ နှစ်သက်သူများ အတွက် ဒူးရင်းသီးပါ။ အင်္ဂလိပ် နာမည်မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည်ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီးမျိုး ၃၀လောက် အမျိုးစားကွဲများ ရှိပြီး ထိုထဲမှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။ နိင်ငံတကာ ဈေးကွက်တွေမှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုးသာ ရရှိပြီး ကျန်တဲ့ အမျိုးအစားတွေကိုတော့ ဒေသတွင်းမှာ သာရောင်းချလျက်ရှိပါတယ်။


ဒူးရင်းသီးဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လိုပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေမှာ ကြွယ်ဝပါတယ်။ ဒူးရင်းသီး တစ်လုံးကို ၆၀၂ ဂရမ်လောက်ရှိပြီး ကယ်လိုရီက ၈၈၅ နှုန်းရှိပါတယ်။ ထိုထဲမှာမှ အသားဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံးနဲ့ ဗီတာမင် B6 တို့ အများဆုံးပါဝင်ပါတယ်။ ထိုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံမူအားကို မြင့်တက်ပေးပြီး ရောဂါတွေကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံလှပြီး အစားခြေလွယ်အောင်ကူညီပေးတဲ့ Fructose ကဲ့သို့ သကြားဓာတ်တွေပါဝင်တဲ့အတွက် အစားခြေမူကို လွယ်ကူစေပြီး ခွန်အားကို ဖြည့်တင်းပေးတဲ့နေရာမှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများကိုလည်း ၀စေနိင်တဲ့ အာဟာရတွေပါဝင်ပြီး ပြည့်ဝလွယ်တဲ့ မကောင်းတဲ့ ကိုယ်လက်စထောတွေမပါဝင်တဲ့ အတွက် စားသင့်တဲ့ အသီးတစ်သီး ဖြစ်ပါတယ်။

Yoyarlay

တရုတ်နိုင်ငံတွင် အွန်လိုင်းမှ အိမ်စာရေးပေးသော လုပ်ငန်းကြောင့် ဆရာနှင့်မိဘများ စိုးရိမ်နေ

အခက်အခဲတစ်ခုခုကြောင့် အိမ်စာမရေးနိုင်တဲ့ ကျောင်းသားတွေအတွက် အွန်လိုင်းကနေ အိမ်စာရေးပေးတဲ့ လုပ်ငန်းဟာ လူကြိုက်များလာနေပြီလို့ တရုတ်နိုင်ငံရဲ့ Chongqing Morning Post က ဖော်ပြခဲ့ပါတယ်။


တရုတ်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဈေးဖြစ်တဲ့ Taobao.com မှာ အိမ်စာ အစားထိုးရေးပေးတဲ့လုပ်ငန်းတွေ ဟာ ရာပေါင်းများစွာ ရှိနေပြီလို့ဆိုပါတယ်။

ဈေးနှုန်းများကတော့ သင်ရိုးစာအုပ် တစ်မျက်နှာကို တရုတ်ယွန်ငွေ ၂ ယွန်(၀.၃ဒေါ်လာ)ဖြစ်ပြီး အက်ဆေး တစ်ပုဒ်ကို ယွန် ၁၀ ဖြစ်ပါတယ်။

မိဘများနဲ့ဆရာများကတော့ Ghostwritten homework လို့ခေါ်တဲ့ ဒီလုပ်ငန်းအပေါ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Phothutaw

ယူနတီအမှု တိုင်းတရားလွှတ်တော်တွင် လျှောက်လဲ

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)

အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိနဲ့ သတင်းထောက်တွေအတွက် သူတို့ရဲ့ ရှေ့နေတွေက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ အပြီးသတ်လျှောက်လဲကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ – Robert San Aung’s)တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းရှေ့မှောက်မှာ သတင်းသမား ၄ ဦးအတွက် ရှေ့နေ ဦးရောဘတ်စန်းအောင်က လျှောက်လဲပြီး သူ့အမှုသည် တရားခံတွေကို လုံးဝလွှတ်ပေးဖို့ လျှောက်လဲခဲ့သလို ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းရဲ့ ရှေ့နေ ဦးကျော်လင်းက သူ့အမှုသည်ကို ပြစ်ဒဏ်တ၀က်လျှော့ပေါ့ပေးဖို့ လျှောက်လဲခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဦးရောဘတ်စန်းအောင်က “ကျနော်တင်ပြတာကတော့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) ရယ်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကုလအထွေထွေညီလာခံက ၉ ရက် ၁၂ လ ၉၈ နေ့က ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် အပိုဒ် (၃) အရ လွတ်လပ်စွာ ရေးသားခွင့်ရှိတဲ့အတွက် အပြစ်မရှိဘူးလို့ ကျနော်တို့က တင်ပါတယ်။ သတင်းသမားဆိုတာ အစိုးရအကြိုက်ရေးရမယ်ဆိုတာက ဟစ်တလာရဲ့ ဆောင်ပုဒ်ပါ။ ကျနော်တို့ တိုးတက်လာတဲ့ အဖွဲ့အစည်းမှာ ဒါမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

“နောက်တချက်က ဒီနေရာ ဒီမြေဟာ နိုင်ငံတော်သမ္မတကြီးက တားမြစ်ကန့်သတ်ထားတဲ့ နေရာလို့ တရားဝင်အမိန့်ပြန်တမ်း မထုတ်ထားပါဘူး။ သာမန်သဘောနဲ့ အိမ်ရှေ့ကားမရပ်ရ သဘောနဲ့ စက်ရုံကလုပ်ထားတာပါ။ နောက် ဒီနေရာက လယ်သမားတွေဆီကနေ လျော်ကြေးမပေးဘဲ လယ်ဧက သုံးသောင်း ခုနှစ်ထောင်ပေါ်မှာ ပြဿ နာဖြစ်တာပါ။ အဲဒီတော့ အပြစ်မရှိဘူး ကျနော်တို့လူတွေဟာ။ မူလရုံးက ချမှတ်တဲ့ပြစ်ဒဏ်က မှားနေတဲ့အတွက် အပြစ်ကနေ လွှတ်ပေးပါလို့ တင်ပြခဲ့တယ်။”

ဒီနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တွေ့ဆုံခဲ့စဉ်က သတင်းသမားတွေကို အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုတဲ့ စကားပြောခဲ့တာကြောင့် သူ့အမှုသည် သတင်းထောက်တွေဖြစ်ကြတဲ့ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်နှင့် ဦးစည်သူစိုးနဲ့ ဦးလူမော်နိုင်တို့ ပြန်လည်လွတ်မြောက်ရေးကို မျှော်လင့်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေရဲ့ အစဉ်အလာအရ ဆုံးဖြတ်ချက်ကို တလအတွင်း ထုတ်ပြန်လေ့ရှိပါတယ်။
ယူနတီဂျာနယ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ကတည်းက ထုတ်ဝေမှု ရပ်ဆိုင်းထားပါတယ်။
ဒီဗွီဘီ

အန်အယ်လ်ဒီက မီဒီယာဥပဒေနှင့်ပတ်သက်ပြီး အကြံတောင်း

ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုလွှတ်တော်ရေးရာကော်မတီက သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုချက်တောင်းတဲ့ ဆွေးနွေးပွဲတခုကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

အန်အယ်လ်ဒီက သတင်းမီဒီယာလွတ်လပ်ခွင့် ဥပဒေနဲ့အညီ ရရှိသုံးစွဲဖို့ ပြည်သူ့လွှတ်တော်ကို တင်သွင်းဖို့ရှိနေပြီး မီဒီယာသမားတွေဆီကနေ အကြံပြုချက်တောင်းခံခဲ့တာပါ။

ဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ – ထွန်းထွန်းသိန်း)

ဦးဖြိုးမင်းသိန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ – ထွန်းထွန်းသိန်း)

အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကတော့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ မီဒီယာဥပဒေကို တိုက်တွန်းကြောင်း အဆိုတင်ဖို့ စာရင်းသွင်းထားပြီး မီဒီယာသမားတွေရဲ့ အကြံပြုချက်တွေနဲ့ လာမယ့်လွှတ်တော်မှာ အဆိုတင်သွင်း သွားမယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် သတင်းစာဆရာ ဦးကိုကိုကတော့ သတင်းမီဒီယာ သမားတွေ သတင်းရယူဖို့အတွက် လွတ်လပ်စွာ သတင်းအချက် အလက်ရယူခွင့် ဥပဒေရဖို့ လိုအပ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း ဆွေးနွေးပွဲမှာ အကြံပြုခဲ့ပါတယ်။

အန်အယ်လ်ဒီ ဗဟိုလွှတ်တော်ရေးရာကော်မတီရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးပွဲကို သတင်းမီဒီယာသမား ၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က စာပေလောကသားတွေနဲ့ တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းလောက၊ စာပေလောကသားတွေ ဥပဒေနဲငြိစွန်းပါက ၁၉၉၅ ခုနှစ်ကတည်းက ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူအဖွဲ့က ကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

အငြင်းပွားမှုတွေဖြစ်ပြီးနောက် စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က ၂၀၁၃ နိုဝင်ဘာလမှာ အတည်ပြုခဲ့ပါတယ်။

ကျန်ရှိနေတဲ့ နည်းဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဇွန်လကုန်လောက်က ပြန်တင်ပြထားတာဖြစ်ပါတယ်။
DVB

Bi မွန်းတည့်နေအမှု သက်သေ ၃ ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ရုံးထုတ်စဉ်က

နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ Bi မွန်းတည့်နေ ဂျာနယ်သတင်းထောက်တွေရဲ့ အမှုကို ဒီနေ့ ပန်းဘဲတန်း တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သက်သေ ၃ ဦးကို စစ်ဆေးပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ရုံးထုတ်စဉ်ကဒီတခေါက်ရုံးချိန်း မှာတော့ သက်သေ ၃ ဦး ဖြစ်တဲ့ Bi မွန်းတည့်နေက ဒီဇိုင်နာ ကိုဇွဲ၊ ကိုနန္ဒ နဲ့ ကိုဇော်မင်းဦးတို့ကို စစ်ဆေးခဲ့ပြီး အမှုအခြေ အနေေ ကာင်းကြောင်း ရှေ့နေ ဦးကျော် ၀င်းက ပြောပါတယ်။

ယူနတီ သတင်းထောက်တွေ အမှုတုန်းက သတင်းမီဒီယာဥပဒေ မထွက်သေးတဲ့အတွက် ဒီဥပဒေကို ကိုင်လို့မရခဲ့ကြောင်း၊ ခု Bi မွန်းတည့်နေအမှုမှာတော့ မီဒီယာဥပဒေကို အဓိက အသုံးချပြီး တရားရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အမှုအခြေအနေက အားရစရာကောင်းကြောင်းနဲ့ ဒီအမှုဟာ စွဲချက်တင်ထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သတင်းမီဒီယာဥပဒေတို့ လွန်ဆွဲနေကြတာဖြစ်ကြောင်း ရှေ့နေ ဦးကျော်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူတွေက တင်မြောက်ကြောင်း သတင်းထုတ်ပြန်တာကြောင့် ဘိုင်မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၂ ဦး၊ သတင်းထောက် ၁ ဦးနဲ့၊ ထုတ်ဝေသူ ၂ ဦး စုစုပေါင်း ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူကို အထိတ်တလန့်ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (ည) နဲ့ တရားစွဲထားရာကနေ သြဂုတ် ၄ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲပြီး အမှုဖွင့်လိုက်တာပါ။
DVB

မြန်မာအလှမယ်မေမြတ်နိုး သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမည်


မြန်မာအလှမယ် မေမြတ်နိုးသည် သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ကိုရီးယားနိုင်ငံသို့ လေ့ကျင့်မှုများသွားရောက်ပြုလုပ်လျက်ရှိသည့် မြန်မာအလှမယ် မေမြတ်နိုးအား ဩဂုတ် ၂၇ ရက်တွင် Miss Asia Pacific World Organization မှ သရဖူရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၂၈ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို မီဒီယာများရှေ့တွင်ရှင်းလင်းသွားမည်ဖြစ်ကာ မေးမြန်းလိုသည်များကိုလည်း ယင်းနေ့တွင်သာ မေးမြန်းရန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုရီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေ ပတ်သက်လို့ မီဒီယာတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းသွားပါမယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ပြုလုပ်သွားမှာပါ။ မေးချင်တာတွေကိုလည်း အဲဒီနေ့ကျမှပဲ မေးမြန်းစေချင်ပါတယ်။လောလောဆယ်တော့ ဘာမှဖြေကြားလို့ မရသေးပါဘူး”ဟု မြန်မာအလှမယ် မေမြတ်နိုးထံ ဆက်သွယ်မေးမြန်းရာဖြေကြားခဲ့သည်။

အလှမယ်မေမြတ်နိုးနှင့် ပတ်သက်၍ Miss Asia Pacific World Organization ၏ National Director မှ မလှနုထွန်းက“လှနုကို Organization ဘက်က အကြောင်းကြားထားပါတယ်။ မီဒီယာတွေရှေ့မှာ Crown ကို ပြန်လည်လက်ခံဖို့ပါ။ ကိုရီးယားမှာ သူတို့ဖြစ်ခဲ့တာတွေကို လှနု အားလုံးသိပြီးပေမယ့် ဘာမှမပြောချင်တော့ပါဘူး။ အဓိက ကတော့ လှနုကို အမြန်ဆုံး Crown ပြန်အပ်စေချင်ပါတယ်။ Organization ကလည်း အဲဒီလိုပဲပြောထားတယ်။ အဲဒီလိုမှ မဟုတ်ရင် အခုထက်ပိုပြီး ပြဿနာတွေရှုပ်ထွေးလာမှာစိုးလို့ပါ။ လှနု အခုချိန်မှာပြောချင်တာကတော့ မြန်မာကိုယ်စားပြု Miss တစ်ယောက်အနေနဲ့ပြုမူခဲ့တာတွေအတွက် သူနဲ့ သူ့အမေတို့ကိုယ်စား တောင်းပန်ပါတယ်။ လှနုတို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ကြတုန်းက Teamwork ရှိရှိနဲ့ကြိုးစားခဲ့ကြတာပါ။ သရဖူရဖို့ကိုလည်း အရမ်းကိုကြိုးစား အားထုတ်ခဲ့ကြတယ်။ သရဖူရပြီးမှ ပြောင်းလဲသွားတဲ့စိတ်အတွက်ကိုတော့ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီလိုပဲပြောချင်ပါတယ်” ဟု ဆိုပါသည်။

Miss Asia Pacific World Organi-zation အနေဖြင့် National Director မလှနုထွန်းထံ ဆက်သွယ်ကာ သရဖူကိုပြန်လည်သိမ်းယူရန် အကြောင်းကြားထားခြင်းဖြစ်ပြီး မေမြတ်နိုးအား သရဖူရုပ်သိမ်းကြောင်းကြေညာချက်တွင် Winner ဆုနှင့် အရည်အချင်း ထိုက်တန်သူတစ်ဦးကို ရွေးချယ်သွားရန် စီစဉ်ထားကြောင်း ရေးသားထားသည်။

Eleven

ဩစတြေးလျ နိုင်ငံမှ အရုပ်ကလေးများအတွက် ဆေးရုံ


ဩစတြေးလျနိုင်ငံတွင် ဆေးရုံလေး တစ်ခုရှိသည်။ ဆေးရုံတွင် သူနာပြုနှင့် ဆရာဝန် တစ်ဦးမျှ မရှိကြချေ။ အဆိုပါ ဆေးရုံမှ လူနာများသည်လည်း လူသားများ မဟုတ်ကြ။ ထို့အတူ သက်ရှိများလည်း မဟုတ်ကြပေ။ (၁၉၁၃)ခုနှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့သော အရုပ်ဆေးရုံသည် ပျက်စီးယိုယွင်းနေသည့် ကော်ပတ်ရုပ်ကလေးများ၊ ကြွေရုပ်ကလေးများနှင့် တက်ဒီဝက်ဝံ အရုပ်ကလေးများကို ပြုပြင်မွမ်းမံပေးနေသည့် နေရာလေး ဖြစ်သည်။


ဆစ်ဒနီမြို့ရှိ အရုပ်ဆေးရုံ၏ လက်ရှိ အကြီးအကဲမှာ အသက်(၆၇)နှစ်အရွယ် ဂျော့ဖ်ချပ်မန်းဖြစ်သည်။ ၎င်း၏ အဖိုးဖြစ်သူက (၁၉၁၃)ခုနှစ်တွင် အရုပ်ဆေးရုံကို စတင်ထူထောင်သည်။ ထိုအချိန်မှစကာ နှစ်ပေါင်း(၁၀၀)ကျော်အတွင်း ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့မှ အရုပ်အဟောင်းအနွမ်း အကျိုးအပျက် (၃)သန်းကျော်ကို အကောင်းပကတိ ပြန်ဖြစ်အောင် ဆေးရုံက ပြင်ဆင်ပေးခဲ့သည်။

အရုပ်ဆေးရုံကို (၁၉၁၃)ခုနှစ်က စတင်ထူထောင်သော်လည်း ဒုတိယ ကမ္ဘာစစ် နှောင်းပိုင်းတွင် အထူး လူသိများလာခဲ့သည်။ အရုပ်ဆေးရုံတွင် အရုပ်အကျိုးအပျက်လေးများကို လာရောက် အပ်နှံသူများမှာ အရွယ်ရောက်ပြီးသူ အများစု ဖြစ်ကြသည်။ ၎င်းတို့ ငယ်စဉ်ကလေးဘဝက အထူးမြတ်နိုးတန်ဖိုးထားခဲ့သည့် အရုပ်ကလေးများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးလိုသည့်အတွက် အရုပ်ဆေးရုံတွင် လာရောက် အပ်နှံကြခြင်း ဖြစ်သည်။ “သူတို့ရဲ့ အရုပ်ဟောင်း၊ အရုပ်အပျက်ကလေးတွေ အသစ်အတိုင်း ဖြစ်နေတာကို လက်ခံရရှိချိန်မှာ မျက်ရည်ဝဲလောက်အောင် ကြည်နူးသွားတဲ့သူတွေ အများကြီး ကျွန်တော် တွေ့ခဲ့ဖူးတယ်”ဟု ချပ်မန်းက ဆိုသည်။

အမှန်တကယ်အားဖြင့် အရုပ်ဟောင်း ပြုပြင်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့်တိုင် ချပ်မန်းက မိမိ၏ မိသားစု လုပ်ငန်းကို အရုပ်ဆေးရုံဟုသာ သုံးနှုန်း ခေါ်ဝေါ်လေ့ရှိသည်။ အရုပ်ဟောင်းများကို ပြင်ဆင်ရသည့် လုပ်ငန်းစဉ် အတွင်းပိုင်းတွင်မူ အရုပ်ကလေးများကို ခေါင်းတခြား၊ ခြေလက်တခြားဖြင့် သီးခြားစီ ချိတ်ဆွဲထားသောကြောင့် ခြောက်ခြားစရာ မြင်ကွင်းမျိုး ဖြစ်နေသည်။ ချပ်မန်းနှင့် အခြားသော ဝန်ထမ်းများက ကျိုးပဲ့ပျက်စီးနေသော အရုပ်လေးများကို စနစ်တကျ ပြန်ဆက်ပေးလေ့ ရှိသလို ဆေးရောင်ပြယ်လွင့်နေသည့် အရုပ်ကလေးများကိုလည်း အရောင်ပြန်တင်ပေးကြသည်။ အပြီးသတ် ရလဒ်အနေဖြင့်မူ အကောင်းပကတိ သစ်လွင်နေသည့် အရုပ်ကလေးများကို ပိုင်ရှင်များလက်သို့ ဂုဏ်ယူစွာ ပြန်လည် အပ်နှံလာနိုင်ခြင်း ဖြစ်သည်။

အရုပ်ဆေးရုံကို ဟာရိုးလ်ချပ်မန်း စီနီယာက စတင်ထူထောင်ခဲ့သည်။ ၎င်းသည် ဂျပန်မှ ဝယ်ယူလာသည့် အရုပ်တစ်ရုပ် ရော်ဘာကွင်း ပြတ်တောက်သွားသည့် အခြေအနေကြောင့် အရုပ်ကို ပြန်ပြင်ရန် ကြိုးစားရင်း အရုပ်ဆေးရုံကို ထူထောင်ရန် စိတ်ကူးရလာခြင်း ဖြစ်သည်။ ထိုအချိန်မှ စတင်ကာ အရုပ်ဆေးရုံသည် ချပ်မန်းမိသားစု၏ အစဉ်အဆက် စီးပွားရေးလုပ်ငန်း ဖြစ်လာသည်။ ယခုအခါ အရုပ်ဆေးရုံတွင် လုပ်ငန်းဆောင်ရွက်ပုံ မတူညီသည့် အခန်း(၆)ခု ခွဲခြားထားပြီး ဝန်ထမ်း(၇၀)ဖြင့် လည်ပတ်နေကြောင်း သိရသည်။

ချပ်မန်းက “ကျွန်တော့်လုပ်ငန်းရဲ့ ဖောက်သည် (၈၀)ရာခိုင်နှုန်းက ကလေးကြီးတွေလို့ ပြောရမယ် ထင်တယ်”ဟု ရယ်ရယ်မောမော ဆိုသည်။ ၎င်းက “ကလေးကြီး ဆိုတာက ငယ်ငယ်တုန်းက အရုပ်အများကြီး မပိုင်ခဲ့ဘဲ ကိုယ့်အရုပ်လေးတွေကို စွဲလမ်းတန်ဖိုးထားတဲ့ လူကြီးပိုင်းကို ဆိုလိုတာပါ။ အရင်ခေတ်တုန်းက စူပါမားကက်ကို သွားပြီး အရုပ်တစ်ရုပ်ကို လွယ်လွယ်ကူကူ ရွေးဝယ်လို့ မရခဲ့ဘူးလေ။ ဒီတော့ ရှိတဲ့ အရုပ်လေးကိုပဲ တန်ဖိုးထားပြီး ကစားရတယ်။ ဒီအရုပ်လေးတွေကို လူကြီးဘဝမှာ အကောင်းပကတိနဲ့ ပြန်မြင်လိုက်ရရင် သူတို့အတွက် အင်မတန် စိတ်လှုပ်ရှားစရာ ဖြစ်သွားတတ်တယ်။ ဒါက အမျိုးသားရော၊ အမျိုးသမီးရော အတူတူပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေက သူတို့အရုပ်လေးတွေကို လာပြင်ပြီး သားသမီးတွေကို လက်ဆောင်ပေးတတ်တယ်။ တက်ဒီဝက်ဝံလေးတွေကို အမျိုးသမီး အများစုက သိမ်းထားတတ်တယ်။ တချို့အမျိုးသားတွေလည်း တက်ဒီဝက်ဝံလေးတွေ ယူလာတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။

အရုပ်ဆေးရုံတွင် (၂၅)နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ကယ်ရီစတူးဝပ်က သူမ၏ အလုပ်သည် ခွဲစိတ်ဆရာဝန် တစ်ဦးကဲ့သို့ အနုစိတ်ကြောင်း ဂုဏ်ယူစွာဖြင့် ဆိုသည်။ “ကျွန်မတို့ သုံးရတဲ့ ပစ္စည်းအများစုက ခွဲစိတ်ဆရာဝန်တွေ သုံးနေတဲ့ ပစ္စည်းတွေနဲ့ ဆင်တယ်လေ။ အရုပ်တွေကို ပြင်ရတဲ့အခါ မျက်လုံးတွေက အခက်ဆုံးပဲ။ အရုပ်လေးတွေရဲ့ မျက်လုံးတွေကို နေရာမှန်ဖြစ်အောင် ချိန်ညှိရတာ တော်တော်ခက်တဲ့ အလုပ်ပါ။ တစ်ခါတစ်လေ အရုပ် တစ်ရုပ်တည်းကို သုံးခါလောက် ပြန်ပြင်မှ စိတ်ကြိုက်အခြေအနေ ရသွားတတ်တယ်”ဟု စတူးဝပ်က ပြောကြားခဲ့သည်။

အရုပ်ဆေးရုံတွင် အလုပ်လုပ်ရခြင်းသည် အနုပညာ ဖန်တီးမှုဆန်ပြီး အဆိုပါ အလုပ်အတွက် အမှန်တကယ် စိတ်လိုလက်ရ ဝါသနာပါသူများကို စုစည်းနိုင်ရန် အလွန်အရေးကြီးကြောင်း စတူးဝပ်က ဆိုသည်။ အရုပ်ဆေးရုံ၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် “ကျွန်တော့်ဝက်ဝံလေးမှာ မျက်လုံးရယ်၊ နှာခေါင်းရယ်၊ ပါးစပ်ပေါက်ရယ် မရှိတော့ဘူး။ တခြား ဖြည့်စရာလေးတွေလည်း ကျန်သေးတယ်။ အဲဒါကို ပြန်ပြင်ပေးနိုင်မလား။ အချိန်ရော ဘယ်လောက်လောက် ကြာမလဲ”ဆိုသော မေးခွန်းမျိုး ကြုံရလေ့ ရှိသည်။

ထိုအခါ ချပ်မန်း၏ အရုပ်ဆေးရုံ ဝန်ထမ်းများက “ရပါတယ်။ ခင်ဗျားအနေနဲ့ ဝက်ဝံရုပ်လေးရဲ့ ကိုယ်လုံးထဲကို အဆာဖြည့်ပြီး သူ့ကို ပြန်ပြီး ဝဝဖြိုးဖြိုး ဖြစ်လာအောင် လုပ်နိုင်တယ်။ ကျွန်တော်တို့က ဝက်ဝံလေးကို ဖန်မျက်လုံးလေးတွေ တပ်ပေးလို့ ရတယ်လေ။ ဒါဆို သူက အရင်လို ပြန်ပြီး မျက်စိမြင်လာမှာပေါ့။ ပြီးတော့ သူ့အတွက် နှာခေါင်းအသစ်လေးရယ်၊ ပါးစပ်အသစ်လေးရယ် တပ်ပေးလိုက်မယ်။ ဒါဆိုရင် သူက အနံ့ခံနိုင်သလို အရသာလည်း ခံလို့ရသွားမှာပါ။ ပြီးရင်တော့ သူ့လည်ပင်းမှာ ဖဲကြိုးလှလှလေးချည်ပြီး တောက်တောက်ကြွားကြွားလေးနဲ့ အိမ်ပြန်လို့ ရသွားမှာပေါ့”ဟု အကြောင်းပြန်မည် ဖြစ်သည်။

_Ref: Dailymail

7 Day Daily

လှတာမက်လို့ ညစာခက်ရပြီ


တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။
မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။

ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။

ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။
အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။

ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။
တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။ စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။
ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။

အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။
ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက မယ်တွေကိုကျော်ဖြတ်ပြီး ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။
ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။
အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။
နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေးထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။ သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။

ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာအားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်းရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။
အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။

ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများဆန်းတော့မလဲ။

(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)

လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နေပြီး ပြည်နယ်နှင့်တိုင်းခြောက်ခု တွင် နေရာ ကွက်မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းများကို ထိုင်းဂြိုဟ်တုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ −sattmet.tmd.go.th)
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း ထပ် မံဖြစ်ပေါ်နေပြီး မုတ်သုံလေအား ပြန်ကောင်းနေကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ခြောက်ခု တွင် နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိကြောင်း မိုး/ဇလ ဌာနက သတင်းထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးနှင့် ဩဂုတ်လဆန်း က ရေဘေးသင့်ခဲ့သည့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

ယခုရက်အတွင်း တောင် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရှမ်းပြည်နယ်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးသည်။

‘‘မုတ်သုံလေကလည်း အား ပြန်ကောင်းလာတာရယ်၊ တောင် တရုတ် ပင်လယ် ဘက်က မုန် တိုင်းကလည်း ရှိနေတာကြောင့် မိုးကြီးမယ့် သတိပေးချက်ထုတ် ထားတာ။ နဂိုကမှ ရေးကြီးနေတဲ့ ဒေသတွေ ပိုသတိထားဖို့ လိုပါ တယ်’’ဟု ဦးကျော်လွင်ဦးက ပြောသည်။ ထို့အပြင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေတိုက် နှုန်း တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်းများ ကျရောက် နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။

7Day DAILY


နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေး မည်


နိုင်ငံတော်သမ္မတက ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီ ယံမြန်မာယူ-၁၉ အသင်း အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ (ဩဂုတ် ၂၉ ရက်)တွင် နေပြည် တော်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။


နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ကိုယ်တိုင် လာရောက်ချီးမြှင့် မည့် အဆိုပါဂုဏ်ပြုပွဲ အခမ်းအ နားကို နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ဩဂုတ် ၂၉ ရက် ညနေ ၆ နာရီ ၌ ပြုလုပ်မည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတော်သမ္မတက မြန်မာယူ-၁၉ အသင်းကို ဂုဏ်ပြုပွဲအ ခမ်းအနားမှာ အလှူရှင်တွေက ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၂၃ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၄ ဘရူနိုင်းဘုရင့် ဖလား ဗိုလ်လုပွဲ၌ မြန်မာယူ-၁၉ အသင်းသည် ဗီယက်နမ် လူငယ်အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ပထမဆုံးချန်ပီယံ ဖြစ် သည့် မြန်မာအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာယူ-၁၉ အသင်းအနေဖြင့် ယခုပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့သည်။

မြန်မာယူ-၁၉ အသင်းသည် ယခုနှစ် ဘရူနိုင်းဘုရင့်ဖလားပြိုင် ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲ စဉ်အထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေဘရူနိုင်း ဒေါ်လာနှစ် သောင်းရရှိခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မြန်မာယူ-၁၉ အသင်း ရန်ကုန်သို့ ပြန် လည်ရောက်ရှိ သည့် ဩဂုတ် ၂၄ ရက်ညတွင်ပင် သုဝဏ္ဏအားကစားကွင်း၌ ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ သည်။

လက်ရှိအချိန်ထိ အောင်ပွဲ ရ မြန်မာယူ-၁၉ အသင်းသည် အလှူရှင်များမှ ချီးမြှင့်ငွေကျပ် သိန်းနှစ်ထောင်ကျော်နှင့် ကန် ဒေါ်လာ ၄,၃၀၀ ရရှိထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY

ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သော ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲချန်ပီယံ ယူ-၁၉ အသင်း ရန်ကုန်မြို့သို့ပြန်ရောက်လာစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)

မိန်းကလေးများ မုဒိန်းကျင့်ခံ ရနိုင်တဲ့ဆေးကို လက်သည်းဆိုးဆေးနဲ့ သိနိုင်ပြီ

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများအကြောင်းကို အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ရှိတုံးက တင်ထားပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာတော့ ‘ဖေ့စ်ဘွတ်’ မှာ တင်ခဲ့ပါသေးတယ်။ ‘ဖေ့စ်ဘွတ်’ ပရိတ်သတ်မှာ လူတမျိုးတွေပါတယ်။ ‘အဲလိုဆေးတွေအကြောင်း တင်တာဟာ သူခိုးလမ်းပြ၊ ဓါးပြအားပေးသလိုလုပ်ရာကျမယ်’ ဆိုတဲ့သဘောနဲ့ မှတ်ချက်ရေးတာခံရတယ်။ ကျွန်တော်လဲ ‘အနုမြူအကြောင်း ကျောင်းစာထဲမှာ မသင်ဘဲနေခိုင်းသလိုဖြစ်မနေဘူးလား’ လို့ ပြန်ရေးမိပါသေးတယ်။


• ချိန်းတွေ့ကျင့်ကြံဘို့သုံးနိုင်တဲ့ တရားမဝင်ဆေးတွေကို Date Rape Drugs လို့ခေါ်တယ်။ အများဆုံး သုံးနေကြတာတွေက Rohypnol, Xanax နဲ့ Gamma-Hydroxybutyric acid (GHB) ဆေးတွေဖြစ်တယ်။ တခြားလဲ ရှိပါသေးတယ်။

• ပါတီပွဲတွေ၊ ကလပ်တွေမှာ ယောက်ျားလေး၊ မိန်းကလေးတွေ ကျက်စားကြတယ်။ သောက်စားကြတယ်။ သောက်စရာတမျိုးမျိုးထဲကို ဒီလိုဆေးတမျိုးမျိုး မသိအောင်ထည့်ထားတာကို သောက်မိရင် သောက်တဲ့သူဟာ မေ့ဆေးပေးခံရသလို ဘာဆိုဘာမှ မသိတော့ပါ။ အဲဒီအချိန်မှာ လုပ်ချင်တာလုပ်လို့ရတယ်။ ပစ္စည်းယူမလား၊ လူယူမလား။ အများဆုံးက မုဒိန်းကျင့်တာခံရမယ်။

• ဆေးတွေက အရောင်အဆင်း၊ အနံ့၊ အရသာ မသိသာလို့ ဆေးခပ်ထားမှန်းမသိနိုင်ပါ။

• ကနေ့ထွက်တဲ့ ဆေးပညာသတင်းက ဒီလိုဆေးထည့်ထားမှန်း သိအောင်လုပ်နည်းဖြစ်တယ်။ နည်းကလွယ်တယ်။ လက်သည်းပြောင်လက်ဆေးလိုသုံးတယ်။ အသစ်ပေါ်ဆေး လိမ်းထားတဲ့လက်ချောင်းနဲ့ ကိုယ်သောက်မဲ့ အရည်-အရက်ကို မွှေပေးရတယ်။ အရောင်ပြာင်းသွားရင် မဟုတ်တရုတ်ဆေး ထည့်ထားတာသေချာပြီ။

• အမျိုးသမီးဘက်ကနေလိုက်ရေးလေ့ရှိတဲ့ နာမည်ကြီး Feministing ‘ဘလော့ခ်’ ကတော့ မိန်းကလေးတွေကို လိင်မှုပြုဘို့ Date Rape Drugs ဆေးတွေကိုသုံးတာ နည်းပါတယ်။ အရက်တိုက်ပြီး အဲလိုလုပ်ကြတာများတယ်လို့ ဆိုပါတယ်။ ဒီ ‘ဆိုဒ်’ ကနေဆက်ရေးတာကတော့ အခုလို စပါယ်ရှယ်လက်သည်းဖျက်ဆေးဟာ မိန်းကလေးတွေ ကိုယ်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် အမြဲဆောင်ထားရမဲ့ နောက်တိုးပစ္စည်းတခု အမှန်ပါဘဲတဲ့။ Anti-rape underwear အဓမ္မကျင့်တာမခံရစေမဲ့ အတွင်းခံအဝတ်နဲ့ Pepper spray cameras ‘ငရုတ်သီး စပရေး ကင်မရာ’ လိုဘဲ ဒီဆေးကိုပါဆောင်ထားပါလို့ အကြံပေးထားပါတယ်။

• ဒီတီထွင်မှုကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်က ကျောင်းသား ၄ ယောက်ကတွေ့တာ ဖြစ်တယ်။ သူတို့က လက်သည်းပြောင်လက်ဆေးလိုသုံးရတဲ့ဆေးအသစ်ကို Undercover Colors ‘ဖုံးကွယ်ထားသောအရောင်များ’ လို့ နာမည်ပေးထားပါတယ်။

Dr. Tint Swe