အချိုရည်များ မသောက်သုံးဖို့ ကယ်လိုရီ သတိပေးနေ

အချိုရည်သောက်သုံးခြင်းကြောင့်ရလာတဲ့ ကယ်လိုရီတွေကို ဖယ်ထုတ်ဖို့အတွက် တစ်နေ့ဘယ်နှစ်မိုင် အပြေးလေ့ကျင့်ခန်းလုပ်ရမယ်ဆိုပြီး ဆယ်ကျော်သက်တွေကို ပြောပြတာဟာ သူတို့အတွက် အချိုရည်တွေထက် တစ်ခြား ညီညွတ်တဲ့ ရွေးချယ်မှုပြုလုပ်ဖို့သာ ဖြစ်စေပါလိမ့်မယ်လို့ သုတေသန အသစ်တစ်ရပ်က ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ပမာဏနဲ့ ညီမျှတဲ့ အချိုရည်သောက်ခြင်းဟာ သူတို့ကို အရွယ်အစားသေး သို့မဟုတ် ကယ်လိုရီအနည်းငယ်သာပါဝင်တဲ့ အချိုရည်တွေကို ပြောင်းလဲရွေးချယ်စေကြောင်းလဲ တွေ့ရတယ်။

နောက် American Journal of Public Health စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဟုပ်ကင်းစ် တက္ကသိုလ်က လေ့လာချက်မှာ အမှတ်တံဆိပ်ကို ဖြုတ်ထားပြီးတဲ့အချိန်မှာတောင် ဆယ်ကျော်သက်တွေက ကျန်းမာရေးအကျိုး သိပ်မဖြစ်စေတဲ့ ထုတ်ကုန်တွေကို မဝယ်တော့တာကြောင့် ရေရှည်အကျိုးသက်ရောက်မှု တစ်ခုရှိတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်။ ကယ်လိုရီလျော့ကျစေဖို့ ဘယ်နှစ်မိုင်လမ်းလျှောက်ပေးဖို့လိုတယ်စတဲ့ လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်တဲ့ နည်းနဲ့ ရှင်းပြတဲ့အခါ အပြုအမူအနေအထိုင်ပြောင်းလဲမှုဖြစ်အောင် အားပေးနိုင်ပါတယ်။

Source: Express
Trend

ရုံးပတီသီးမှ သင်ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ


ရုံးပတီသီးကို (အင်္ဂလိပ်လို Okra, Gumbo ၊ Lady Lady’s Finger )လို့ သိရပြီး အဓိကအားဖြင့် နွေရာသီအချိန်မှာ ရရှိနိုင်တဲ့ ရာသီပေါ်အသီးအရွက် တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို အာဟာရတွေနဲ့ ဗင်တာမင်မြောက်များစွာပါဝင်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာလို့တောင် ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ကျွန်ုပ်တို့ ရုံးပတီသီးကို ပုံမှန်စားသုံးနေကြပေမဲ့ အများစုက ၎င်းကိုစားသုံးရခြင်းရဲ့အကျိုးကို မသိကြပါဘူး။ ရုံးပတီသီးကနေရရှိတဲ့ ကျန်းများရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ရုံးပတီသီးကို များစွာသော ဗင်တာမင်၊ ဓာတ်ဆားဓာတ်၊ အမျှင်ဓာတ် နဲ့ တခြား အာဟာရဓာတ်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ ရုံးပတီသီးမှာ ဗီတာမင် A၊ B1၊ B3၊ B6၊ C နဲ့ K တို့ပါဝင်တယ်။ folic acid၊ calcium၊ zinc၊ riboflavin၊ magnesium၊ manganeseနဲ့ Beta carotene စသည်တို့ ပါဝင်တဲ့ အမျှင်ဓာတ်များစွာကိုလည်း ရရှိစေတယ်။

ရာသီပေါ် အသီးအရွက်များစွာရှိတဲ့အထဲ ရုံးပတီသီးဟာ အကောင်းဆုံးဖြစ်ပါတယ်။ သူ့ရဲ့နူးညံ့တဲ့ပုံစံက စားချင်စဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ချက်ပြု တ်ပြင်ဆင်တဲ့အခါ စေးကပ်ကပ်၊ ချွဲကျိကျိ နိုင်လွန်းတယ်လို့ ထင်ရနိုင်ပါတယ်။ အဲဒီစေးကပ်တဲ့ အရာကြောင့်ပဲ အထူးကောင်းမွန်တဲ့ ဟင်းချိုဖြစ်စေတာပါ။ အဲဒီလိုနဲ့ မကြိုက်ဘူးဆိုရင်တောင် တခြားသောနည်းဖြင့် ပြင်ဆင်စားသုံးနိုင်ပါသေးတယ်။ အချဉ်ရည်၊ ကြက်သွန်နီ၊ ဆားလေးထည့်ပြီး အမြန်ကြော်၍လည်းကောင်း ပြင်ဆင်ချက်ပြုနိုင်ပါတယ်။

ရုံးပတီသီးကနေရရှိတဲ့ အံ့သြဖွယ်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့… - ကိုယ်ဝန်သည်တွေကို ကျန်းမာသန်စွမ်းစေခြင်း ၊ ကျောက်ကပ် ပိုမိုကျန်းမာစေခြင်း ၊ အူမကြီးသန့်စင်စေခြင်း၊ ပန်းနာရောဂါကွယ်ကာပေးခြင်း ၊ အသားရေတောက်ပစေခြင်း၊ အလေးချိန်လျော့ကျစေခြင်း နဲ့ ဝမ်းချုပ်မှုအတွက်ကောင်းမွန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Source: IHR

အိမ်ထောင်ပြုမယ့် ယနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ

အမျိုးသားအတော်များများက မိန်းမတွေကို လက်ထပ်လိုက်ပြီဆိုရင် သူတို့ပျော်ရွှင်မှုအတွက် အသုံးတော်ခံအဖြစ်သာ ထင်မှတ်ထားတတ်ကြများပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်စေလိုပါတယ်…

သင့်အတွက် သူမအနေနဲ့ ဘာတွေ ပေးဆပ်ခဲ့ရတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ မိန်းမသားအများစု အိမ်ထောင်ပြုတဲ့အခါ ဒါတွေကို အနည်းအများ လုပ်ကြရတာချည်းပါပဲ။ သူမ… သူ့နာမည်ပြောင်းခဲ့ရတယ်

သူအိမ် ပြောင်းနေ ရတယ်

မိသားစုကို ထားခဲ့ရတယ်

သင်နဲ့အတူ အိုးအိမ်တစ်လုံး လက်တွဲထူထောင်ရတယ်

သင့်အတွက် ကိုယ်ဝန်လွယ်ပေးရတယ်

ကိုယ်ဝန်ကြောင့် သူ့ခန္ဓာကိုယ် အချိုးအစားပြောင်းလဲခဲ့ရတယ်

သူမခန္ဓာကိုယ် အဆီတွေတက်လာတယ်

ခံနိုင်ရည်ရှိဖို့မလွယ်ကူတဲ့ ကလေးမွေးဖွားတဲ့ နာကျင်မှုဝေဒနာတွေကြောင့် သားဖွားဆောင်တွင် သူပိုင်ဆိုင်ထားသမျှ အကုန်အစင် စွန့်လွှတ်ခဲ့ရတယ်။ သူမွေးခဲ့တဲ့ ကလေးတွေတောင် သင့်နာမည် မည့်ပေးရတယ်။

သူသေသွားတဲ့အချိန်ထိတိုင် သူလုပ်ခဲ့သမျှ (အချက်အပြုတ်၊ အိမ်သန့်ရှင်းရေးအလုပ်၊ သင့်မိဘကို ပြုစုစောင့်ရှောက်ပေးခြင်း၊ ကလေးတွေကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခြင်း၊ ဝင်ငွေရှာခြင်း၊ သင်သက်သက်သာသာရှိနေနိုင်အောင် ဖန်တီးပေးခြင်၊ မိသားစုတစ်ခုလုံးရဲ့ ဆက်ဆံရေးကို ထိန်းချုပ်ပဲ့ကိုင်ပေးခြင်း၊ သင့်အတွက် အကျိုးဖြစ်ထွန်းစေခဲ့သမျှ အရာတွေ၊ တခါတရံ သူမအသက်၊ ဝါသနာ နဲ့ အလှအပကိုတောင် အရှုံးခံလျက်နဲ့ပေါ့။

ဒီလိုဆိုရင် တကယ် အဖြည့်ခံဘဝနဲ့ သင့်အတွက်ရှိနေပေးတာ ဘယ်သူဖြစ်မလဲ…

မိန်းမတစ်ယောက်ဖြစ်ရတာ မလွယ်ကူတဲ့အတွက် အမျိုးသားတွေ အမျိုးသမီးတွေကို ဘဝမှာ အမြဲတမ်း တန်ဖိုးထားနိုင်ကြပါစေ။

Being a woman is priceless…???

မူရင်းရေးသားသူ - Desmond Elliot
Trend

ရှင်းကျန်း ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အနောက်ဘက် ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဈေးတစ်ခု၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တစ်ခုကြောင့် ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ကက်ရှာ စီရင်စုနယ် တွင် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်ပွားပုံမှာ ဖောက်ခွဲရေး ပစ္စည်းများ၊ ဓားများ နှင့် လက်နက်များကိုင်ဆောင် လာသော အမျိုးသား လေးဦး သည် ရဲအရာရှိများ နှင့် ကုန်သည်များကို တိုက်ခိုက်ရာမှ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ယင်း တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေး သမားများသည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခွဲ ခန့်တွင် မော်တော် ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ၄င်းတို့အနက် နှစ်ဦးက လမ်းမပေါ်တွင် ကင်းလှည့် နေသော ရဲအရာရှိ များကို စတင် တိုက်ခိုက် ခဲ့ကြောင်း ၊ အခြားနှစ်ဦးမှာ ဈေးဆိုင်ပိုင်ရှင် ဟန် မျိုးနွယ်စု များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ ဟာရှင်မ်အယ်လီ က ပြောကြား ခဲ့သည်။

အဆိုပါ တိုက်ခိုက်သူ များသည် ယူဂါ မျိုးနွယ်စု များဖြစ်ပြီး တိုက်ခိုက်ခံ ရသူ အများစုမှာ ဟန်မျိုးနွယ်စုများ ဖြစ်ကြောင်း၊ အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

PyiChitThar

နိုင်ငံအတွင်း သြစတြေးလျတပ်ဖွဲ့ဝင် ၂၀၀ ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို အီရတ် သဘောတူညီ

အီရတ်နိုင်ငံအတွင်း ဖြန့်ကြက်ချထားမည့် သြစတြေးလျနိုင်ငံ တပ်ဖွဲ့ဝင်များ

သြစတြေးလျ အစိုးရသည် အီရတ်နိုင်ငံ အတွင်း ဖြန့်ကြက် ချထားမည့် တပ်ဖွဲ့ဝင် များနှင့် စပ်လျဉ်း၍ အစိုးရ၏ မူဘောင်များကို အဆုံးသတ် ခဲ့ပြီးနောက် အဆိုပါ နိုင်ငံသို့ တပ်ဖွဲ့ဝင် ဦးရေ ၂၀၀ ကို စေလွှတ် သွားမည် ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေး ၀န်ကြီးက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ မူဘောင် ချမှတ်ခြင်းကို သြစတြေးလျ ကာကွယ်ရေး ၀န်ကြီး ဂျူလီယာ ဘစ်ရှော့ က အီရန် အစိုးရ ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အီရတ်နိုင်ငံ အတွင်းသို့ လေတပ် တပ်ဖွဲ့ဝင် ၄၀၀ ကိုလည်း ယခုနှစ် စက်တင်ဘာလ အတွင်းက အာရပ် စော်ဘွားများ ပြည်ထောင်စု တွင် ဖြန့်ကြက် ထားပြီး ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဘစ်ရှော့ က ထပ်လောင်း ပြောကြား ခဲ့သည်။

အီရတ်နိုင်ငံ အတွင်းသို့ စေလွှတ်လိုက်သည့် တပ်ဖွဲ့ဝင် များသည် ယင်းနိုင်ငံ ၏ လုံခြုံရေး ကဏ္ဍများတွင် အီရတ်စစ်ဘက် ကို အကြံဉာဏ်များ ပေးအပ်ခြင်း သာ အဓိက လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံသည် အီရန် အစိုးရက နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှု များကို လျော့ကျ သွားစေရန် အတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

PyiChitThar

အင်ဒိုနီးရှား သမ္မတအဖြစ် ဂျိုကိုဝီဒိုဒို ကျမ်းသစ္စာ ကျိန်ဆို


အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ တွင် အနိုင် ရရှိခဲ့သော ဂျကာတာ မြို့တော် အုပ်ချုပ်ရေးမှူး ဟောင်း ဂျိုကိုဝီဒိုဒို သည် နိုင်ငံ၏ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကို ပါလီမန် လွှတ်တော်တွင် ယမန်နေ့ က ကျင်းပ ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံ၏ ခုနစ်ဦးမြောက် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်မည့် ဂျိုကိုဝီဒိုဒို (ပုံ) ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား သို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တ် နှင့် အခြားနိုင်ငံ များမှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ဝီဒိုဒို သည် နိုင်ငံ၏ သမ္မတ တာဝန်ကို တတ်စွမ်းသလောက် ကျေပွန်အောင် ထမ်းဆောင် သွားမည်ဖြစ်ပြီး တရားမျှတစွာ အုပ်ချုပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သမ္မတ အဖြစ် ငါးနှစ်သက်တမ်း တာဝန် ထမ်းဆောင်မည့် ဝီဒိုဒို သည် နိုင်ငံအတွင်း လျော့ရိလျော့ရဲ ဖြစ်နေသော ဖွံ့ဖြိုး တိုးတက်မှု များကို တိုးမြှင့် လုပ်ဆောင် သွားရေးနှင့် ဘဏ္ဍာရေး အခက်အခဲ များကို ဖြေရှင်းရေး စသည့် ကြီးမားသော စိန်ခေါ်မှုများ နှင့်လည်း ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ လူဦးရေ သန်း ၂၄ဝ ခန့်၏ လူနေမှုဘဝ ကိုလည်း တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ဝီဒိုဒို က ကတိပြု ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ၌ အီဘိုလာ စစ်ဆေးမှု အရှိန်မြှင့်တင်မည်

ထိုင်း - မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကော့သောင်းမြို့ ဆိပ်ကမ်းကို တွေ့ရစဉ်

ထိုင်း - မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သည့် ထီးခီး ၊ မောတောင် နှင့် ကော့သောင်း နယ်စပ်ဂိတ် တို့မှ ပြည်တွင်း ပြည်ပ ခရီးသည် အများအပြား ၀င်ရောက် လာကြမည့် တန်ဆောင်တိုင် ကာလမတိုင်မီ အီဘိုလာရောဂါ တားဆီးရေး အတွက် အရှိန်မြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။


အထူးသဖြင့် ထီးခီး နယ်စပ်ဂိတ်တွင် အီဘိုလာ ရောဂါ စစ်ဆေးရန် ကျန်းမာရေး ၀န်ထမ်း ၅ ဦးပါ အဖွဲ့ကို ထပ်မံ အားဖြည့်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ် နှင့် တည်းခိုခန်း များ၌လည်း အီဘိုလာ ရောဂါ သတိပေး နှိုးဆော်ချက် များ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


လက်ရှိတွင် ထီးခီး ၊ မောတောင် နှင့် ကော့သောင်း နယ်စပ်ဂိတ် သုံးခုစလုံးတွင် အီဘိုလာ ရောဂါ စစ်ဆေးရန် ကျန်းမာရေး ၀န်ထမ်းများ ထားရှိပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။ နယ်စပ်ဂိတ် များ၌ လိုအပ်သည့် ပစ္စည်း ကိရိယာများပါ ရှိပြီး ဖြစ်သော်လည်း လိုအပ်ချက် အချို့ ရှိနေဆဲ ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


အောက်တိုဘာ လဆန်းပိုင်း ခန့်က အီဘိုလာ ရောဂါ သံသယရှိသည့် ဂျပန် အမျိုးသမီး တစ်ဦးသည် ထီးခီး နယ်စပ်ဂိတ် မှ ၀င်ရောက်ကာ ထားဝယ်မှ တစ်ဆင့် မော်လမြိုင် သို့ ရထားဖြင့် ထွက်ခွာခဲ့ပြီး မော်လမြိုင် ၊ မန္တလေး ၊ တမူးမြို့ များမှ တစ်ဆင့် အိန္ဒိယနယ်စပ် ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ မှ ထွက်ခွာ သွားခဲ့သည်။ ထားဝယ်တွင် အဆိုပါ ဂျပန် အမျိုးသမီး စီးနင်းခဲ့သည့် မော်တော်ယာဉ် မှာ ( ထီးခီး - ထားဝယ် ) ယာဉ်မောင်း နှင့် ဆိုင်ကယ် ကယ်ရီသမား တစ်ဦးတို့ကို ကျန်းမာရေး စောင့်ကြည့်မှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ ၏ သတင်းများ အရ အဆိုပါ ဂျပန် အမျိုးသမီး ကို စစ်ဆေးရာတွင် အီဘိုလာ ရောဂါ မရှိဟု သိရသည့် အတွက် စိုးရိမ်ရသည့် အနေအထား မရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သိရသည်။


ယခုနှစ်တွင် ထားဝယ်မြို့ ၌ တန်ဆောင်တိုင် ပွဲတော်အပြင် ထိုင်း - မြန်မာ ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော်ကိုပါ ကျင်းပမည် ဖြစ်ရာ ယင်းကာလ အတွက် ဟိုတယ်များ၌ အခန်းများ ကြိုတင် မှာယူ ထားကြသဖြင့် အခန်းများ ပြည့်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။ (၄၄၇)


Themyawadydaily

အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ



ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။


အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန၏ အဆိုအရ အဆိုပါ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့အတွက် လက်နက်များ အပါအဝင် ထောက်ပံ့ပစ္စည်းများကို စီ-၁၃၀ လေယာဉ်ဖြင့် ကြဲချပေးခဲ့ခြင်း ဖြစ်သည်။

တူရကီနှင့် ဆီးရီးယား နယ်စပ်ဒေသရှိ အဆိုပါမြို့ အနီးတစ်ဝိုက်တွင် ခြေကုပ်ယူ လှုပ်ရှားနေသော IS အုပ်စုများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

“ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ ကြဲချပေးခြင်းသည် ကိုဘာနီမြို့ကို ရယူရန် ကြိုးပမ်းနေသည့် IS အုပ်စုများကို ကာ့ဒ်တပ်ဖွဲ့များ ဆက်လက်ချေမှုန်း သွားနိုင်ရန် ဦးတည်သည်” ဟု အမေရိကန်စစ်ဘက်က ကြေညာချက် ထုတ်ပြန်သည်။

ထောက်ပံ့ပစ္စည်းများ ကြဲချပေးခဲ့သည့် လေယာဉ်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိလာကြသည်ဟု ဆိုသည်။

အခြားသော စစ်ဘက် သတင်းရင်းမြစ်များ အဆိုအရ အမေရိကန်စစ်တပ်သည် ကိုဘာနီမြို့ရှိ အစွန်းရောက်အုပ်စုများကို လေကြောင်းမှ ၁၃၅ ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့ကြသည်။

သို့သော်လည်း IS အုပ်စုများသည် ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ယနေ့အချိန်အထိ အန္တရာယ်ပေး တိုက်ခိုက်လျက် ရှိကြောင်း၊ ကိုဘာနီမြို့သည် ယင်းအုပ်စုများ၏ လက်ဝယ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိကြီးများက ပြောကြားသည်။

ယခုကဲ့သို နယ်စပ်ဒေသရှိ ကာ့ဒ်တပ်ဖွဲ့များကို အထောက်အပံ့များ ပေးပို့မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တူရကီအစိုးရက မကျေမနပ် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

အကြောင်းမှာ တူရကီအစိုးရက ကာ့ဒ်လက်နက်ကိုင်များကို သူပုန်သို့မဟုတ် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

တူရကီသမ္မတ ဆီဆစပ်တေယက် အာဒိုဂန် ကိုယ်တိုင်ကလည်း ကာ့ဒ်တပ်ဖွဲ့များအတွက် အမေရိကန်လက်နက်များ ထောက်ပံ့ပေးမည့် ကိစ္စတွင် ပါဝင်ကူညီမည် မဟုတ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

IS စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသမှ နယ်မြေအတော်များများကို ထိန်းချုပ်ထားပြီး ယခုအခါ စစ်မဟာဗျူဟာအတွက် အချက်အချာကျသော ကိုဘာနီမြို့ကို သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။

၎င်းတို့၏ ထိုးစစ်များကြောင့် ကိုဘာနီမြို့ရှိ အရပ်သားထောင်ပေါင်း များစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
The Voice Weekly

နိုင်ဂျီးရီးယားတွင် အီဘိုလာ ကင်းစင်ပြီ



နိုင်ဂျီးရီးယား နိုင်ငံတွင် ရက်သတ္တပတ် ခြောက်ပတ် တိတိ အီဘိုလာ အသစ် ဖြစ်ပွားမှု မရှိခဲ့သောကြောင့် နိုင်ဂျီးရီးယား နိုင်ငံသည် အီဘိုလာ ကင်းစင်ပြီ ဖြစ်ကြောင်း ကဗ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က အသိအမှတ်ပြု ထုတ်ပြန် ပြောကြားလိုက်သည်။

နိုင်ဂျီးရီးယား၏ အီဘိုလာ အောင်မြင်မှုသည် “ပြောင်မြောက်သော အောင်မြင်မှု”ဟု WHO ကိုယ်စားလှယ် ရူဂါမာ ဗတ်ဇ်က မြို့တော် အဘူဂျာတွင် ထုတ်ပြန် ပြောကြားသည်။ ဇူလိုင်လက လိုင်ဘေးရီးယား သံတမန် တစ်ဦးတွင် ပါလာသော အီဘိုလာကြောင့် နိုင်ဂျီးရီးယားတွင် အီဘိုလာ ကူးစက်ပျံ့ပွား ခဲ့သည့်တိုင် လျင်မြန် ထိရောက်စွာ ကိုင်တွယ် နိုင်ခဲ့သဖြင့် နိုင်ဂျီးရီးယားသည် အီဘိုလာ တိုက်ပွဲတွင် နာမည်ကောင်း ရရှိခဲ့သည်။

လိုင်ဘေးရီးယား၊ ဂီနီနှင့် ဆီရာရာ လီယွန်တို့တွင် အဓိက ဖြစ်ပွားနေသော အီဘိုလာကြောင့် လက်ရှိ အချိန်ထိ လူပေါင်း (၄၅၀၀) ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။ ကူးစက် ခံရသူ (၇၀) ရာခိုင်နှုန်းထိ သေဆုံး နေရသည်။ ဆီနီဂေါ နိုင်ငံသည်လည်း အီဘိုလာ ကင်းစင်ပြီ ဖြစ်ကြောင်း သောကြာနေ့တွင် WHO က ထုတ်ပြန် ကြေညာခဲ့သည်။ 

Source: BBC

အမျိုးသားတစ်ဦး အောင်ဇေယျတံတားပေါ်မှ ခုန်ချသေဆုံး


ရောဂါဝေဒနာခံစားနေရသော အမျိုးသားတစ်ဦး လှိုင်သာယာ မြို့နယ် အောင်ဇေယျ တံတားပေါ်မှ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ခုန်ချခဲ့ သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အောင်ဇေယျ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးခဲ့ကြောင်း သတင်း အရ အောက်တိုဘာ ၁၈ရက် ညနေ ၅ နာရီခွဲက သွားရောက်စစ်ဆေးရာ လှိုင်သာ ယာမြို့နယ်နေ ဦးမောင်မောင်လွင် (၆ဝနှစ်)မှာ တံတားအောက်ရှိ ဆိပ်ကမ်းသာ လမ်းဘေးမြက်ခင်းပြင်တွင် မှောက်လျက်အနေအထားဖြင့် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အစာအိမ်ရောဂါနှင့် လိပ်ခေါင်း ရောဂါများ ခံစားနေရသူဖြစ်ကြောင်း၊ တူမတော်စပ်သူမိသားစုက အင်းစိန် မြို့နယ် ပေါက်တောဝရှိ ဆေးခန်းသို့ပြသပေးရန်အတွက် မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်လာစဉ် တံတား၏ ကမ္ပည်းကျောက်စာတိုင်အနီးအရောက် အပေါ့ သွားမည်ဟုပြောသဖြင့် ယာဉ်ကိုရပ်ပေးခဲ့ကြောင်း၊ ၄င်းမှာ ယာဉ်ပေါ်မှဆင်း သွားပြီး အမြင့်သုံးပေခန့်ရှိ တံတားလက်ရန်းတန်းနှင့် လူသွားစင်္ကြံ လက်ရန်း တို့ကို ကျော်တက်၍ တံတားအောက်သို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

မြန်မာယူ-၁၉အသင်း ကာတာအသင်းကိုရှုံးနိမ်ခဲ့သော် လည်း အသင်း၏ပြိုင်ပွဲဝင်စိတ်
ဓာတ်နှင့်ခြေစွမ်းအပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။

‘‘Thiha Kyaw Zaw’’အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ‘‘ကျေနပ်တယ်ညီလေးတို့’’ မင်းတို့လုပ်ပေးနိုင်တာထက် အများကြီး ပိုပေးဆပ်ခဲ့တာပဲ။ ညီလေးတို့ရဲ့ စိတ်ဓာတ်ကိုလေးစားတယ်။ မြန်မာအသင်းဟာ ဆီမီးကိုထိုက်ထိုက်တန်တန်တက်လာခဲ့တယ် ဆိုတာ အာရှတစ်တိုက်လုံးသိအောင် ညီတို့စွမ်းဆောင်နိုင်ခဲ့တယ်’’ဟု ရေးသားခဲ့သည်။

မြန်မာယူ-၁၉ အသင်းသားများ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်လည်း ပရိသတ်များက ဂုဏ်ပြုစာများရေးသားခဲ့ကြသည်။ မြန် မာအသင်း၏ ဒုတိယဂိုးရှင်ငြိမ်းချမ်းအောင်၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်‘‘Eiphwe Eiphwe’’ အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ‘‘ဆင်းရဲပြီးအမြဲအနှိမ်ခံနေရတဲ့ မြန်မာ U 19 ရေ မင်းတို့ မြန်မာ ပြည်မှာ မွေးဖွားခဲ့ရလို့ စိတ်မကောင်းပေမယ့် မင်းတို့နဲ့အတူ မြန်မာပြည်မှာ လူဖြစ်ခွင့်ရလို့အရမ်းကို ဂုဏ်ယူမိပါတယ်။ အရှုံး ကို ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူသန်းငါးဆယ်ရဲ့ ရင်ထဲမှာမင်းတို့က အမြဲအနိုင်ပါပဲ’’ဟုရေးသားဂုဏ်ပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူးလည်းဖြစ်၊ Hmuu Zaw အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် ဦးဇော်ဌေးကလည်း ‘‘ပွဲကို ကြည့်နေကြတဲ့ တစ်နိုင်ငံလုံးကို ကျေနပ်စိတ်တွေ၊ ဂုဏ်ယူစိတ်တွေ ကြည့်နေရင်း တဖွားဖွားပေါ်ပေါက်လာစေအောင် ကစားပြခဲ့တဲ့ ယူ-၁၉ ညီငယ် အားလုံးအတွက် လေးစားဂုဏ်ယူမိပါကြောင်း အသိပေးလိုပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ မြန်မာယူ-၁၉အသင်းသည် ရီးရဲလ်မက်ဒရစ်ဂန္ထ၀င်ကစားသမားရာအူးလ်ဂွန်ဇာလက် နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်သည့် အာရှအင်အားကြီး ကာတာအသင်းကို နောက်ဆုံးမိနစ်အထိ ခြိမ်းခြောက် ကစားနိုင်ခဲ့သည်။

‘‘ရှုံးပေမယ့် နိုင်ပါတယ်။ ပရိသတ်တွေ။ ဒီနေ့ စည်းကမ်းရှိ တယ်။ ဆက်လက် ချီတက်ဂုဏ်ယူပါတယ်။ ရွှေမြန်မာ’’ဟု အဆို တော် သျှီကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့ သည်။ ထို့အတူ အရှေ့တောင်အာရှတွင် ဗီယက်နမ်ဘာသာဖြင့်လွှင့် တင်ထားသည့်Vietnam Football ဖေ့စ်ဘွတ်ခ်စာမျက်နှာကမြန် မာအသင်း၏ ပွဲရလဒ်ကိုဖော်ပြခဲ့ပြီး ဗီယက်နမ်ပရိသတ်များကလည်း မြန်မာအသင်းအား ချီးကျုးခဲ့သည်။

7Day