ပဲခူးတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးအား လူကြီး ၅ ဦးမှ အကြိမ်ကြိမ် မုဒိန်းကျင့်


မိုးညိုမြို့နယ်၊ ထိန်တောရွာနေ မ --- အသက် ၁၂နှစ် ရေခပ်သွားစဉ် တစ်ရွာတည်းသား အောင်ဝင်းနိုင် (ခ) ကရင် အသက် ၂၈နှစ်က ပါးစပ်ပိတ်ပြီး ၀ါးတော်အတွင်းဆွဲကာ သားမယား ပြုကျင့်ခဲ့မှု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ရက်က ဖြစ်ပွားပြီး အဒေါ်ဖြစ်သူက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ထိုအမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖော်ထုတ်ခဲ့ရာ အဆိုပါ မိန်းကလေးအား သူမ၏နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်း တစ်ရွာတည်းသား နေလင်းထွန်း (ခ) ငပြူးကျယ် အသက် ၂၄ နှစ်က သားမယားအဖြစ် ၄ ကြိမ်ပြုကျင့်မှု ၊၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း အကယ်ဒမီဆုပေးပွဲ မတိုင်မီ ငါးရက်အလိုခန့်ကလည်း အဆိုပါ မိန်းကလေးငယ် နေအိမ်တွင် တစ်ဦးတည်းရှိစဉ် တစ်ရွာတည်းသား မင်းကျော်ထွန်း အသက် ၃၀နှစ်မှ အဓမ္မပြုကျင့်ပြီး အော်လျှင် သတ်ပစ်မည်ဟု ခြိန်းခြောက်ခဲ့မှု၊ ထိုလအတွင်းပင် တစ်ရွာတည်းသား သက်မင်းခန့် (ခ) ဖိုးသက် အသက် ၂၇နှစ်က သားမယား ပြုကျင့်မှုများ၊ ခုအမှုမဖွင့်မီ သုံးလခန့်ကလည်း မိခင်ကွယ်လွန်သွား သဖြင့် အိမ်တွင်တစ်ဦးတည်းရှိစဉ် တစ်ရွာတည်းသား လှိုင်ကြည်စိုး အသက် ၂၈နှစ်က သားမယား အဖြစ် နှစ်ကြိမ်ပြုကျင့်ပြီး မည်သူမှမပြောရန်နှင့် ပြောကသတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့မှုတို့ပါ ထပ်မံ ပေါ်ထွက်လာခဲ့သည်။

ထိုအမှုနှင့် ပတ်သက်သော တရားခံများအနက် လှိုင်ကြည်စိုးမှာ ထွက်ပြေး တိမ်းရှောင်နေပြီး ကျန်တရာခံများကို ဖမ်းဆီးရမိခဲ့သည်။ ဆေးစစ်ချက်တွင်လည်း အဆိုပါ မိန်းမလေးသည် အသက် ၁၁နှစ် ၉လနှင့် ၁၉ရက်သာ ရှိသေးခြင်း၊ မိန်းမလိင်အင်္ဂါ နှုတ်ခမ်း နှစ်ဘက်တွင်လည်း ညိုမဲဒဏ်ရာများ ရရှိထားခြင်း၊ လတ်တလောထိုးသွင်း ဒဏ်ရာများလည်း တွေ့ရှိရခြင်းတို့ကြောင့် တရားခံများကို ထိန်တောရဲစခန်းမှ (ပ) ၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၀၁ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment