ကျောက်ဖြူ ဆိပ်ကမ်းတွင် မီးလောင်မှု ဖြစ်ပွား ဆိုင်ခန်း (၁၂) ခန်းဆုံးရှုံး


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ၊ ဂျပန်မ ဆိပ်ကမ်းတွင် ယမန်နေ့ နံနက် (၂) နာရီခွဲ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး ဆိုင်ခန်း (၁၅)ခန်း မီးထဲပါ သွားကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုမှာ ကျောက်ဖြူမြို့၊ မြစ်နားတန်း ရပ်ကွက် ဂျပန်မ ဆိပ်ကမ်းနေ ဒေါ်ရီရီဝင်း၏ ကုန်ခြောက်ဆိုင်တွင် ၀ါယာရှော့ ဖြစ်ရာမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းမှ တစ်ဆင့် အနီးရှိ ကုန်ခြောက်ဆိုင်ခန်း (၁၀) ခန်းကျော်ကို ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။ မီးလောင်တဲ့ အချိန်က ရေတက်ချိန် ဖြစ်နေတာရယ်၊ လမ်းကလည်း ကြမ်းတော့ မီးသတ်ကားဝင်ဖို့ အခက် အခဲ ဖြစ်တယ်။ ဒါကြောင့် (၂) နာရီလောက် အချိန်ကြာပြီးမှ ငြှိမ်းသတ်နိုင်ခဲ့တယ်။ တန်ဖိုးအားဖြင့်ကျပ် (၁၅) သိန်းလောက်တော့ ဆုံးရှုံးသွားမယ် ဟု ၎င်း က ပြောသည်။

မီးလောင်သည့် အချိန်တွင် ဆိပ်ကမ်း၌ ရှိသော ဆိုင်ကြီး ကိုးဆိုင် အပါအ၀င် အနီးအနားမှရှိသော ကုန်ခြောက်ဆိုင် အချို့လည်း မီးထဲပါ သွားကြောင်း၊ မြစ်ရေတက်ချိန်ဖြစ် သဖြင့် လေတိုက်နှုန်းအားကောင်း သောကြောင့် တစ်ဆိုင်မှ တစ်ဆိုင် မီးကူးစက်မှု မြန်ဆန်ပြီး မီးလောင်ရာသို့ မီးသတ်ကားနှစ်စီးဖြင့် လာရောက် ငြိမ်းသတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မြို့၏ ဒေသခံတစ်ဦး ဖြစ်သူ ကိုထွန်းထွန်းနိုင် ကပြောသည်။ ယခုလက်ရှိတွင် စတင် မီးလောင်ကျွမ်းခဲ့သော ဆိုင်ပိုင်ရှင် ဒေါ်ရီရီဝင်းကို ကျောက်ဖြူ မြို့မ ရဲစခန်းမှ (ပ)၂၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Messenger

0 comments:

Post a Comment