မေမြတ်နိုး Miss Asia Pacific World သရဖူပြန်သိမ်းခံရ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

သရဖူဆုရှင်အဖြစ် ထိုက်တန်ခြင်းမရှိသောကြောင့် အလှမယ် မေမြတ်နိုးကို Miss Asia Pacific World 2014 ဆုရှင်အဖြစ်မှ ရပ်စဲကာ သရဖူသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization က သြဂုတ် ၂၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ယနေ့မှစပြီး မသီရိထက်အောင် (ခေါ်) မေမြတ်နိုးသည် Miss Asia Pacific World 2014 မဟုတ်တော့ကြောင်း အသိပေးအပ်ပါသည်။ ဆုရှင်တစ်ယောက်အဖြစ် ရွေးချယ်ရန်မှာ ကိုယ်ရည်ကိုယ်သွေးနှင့် အဖွဲ့အစည်းကို သစ္စာစောင့်သိမှု၊ နှစ်လိုဖွယ်ကောင်းသော အကျင့်စရိုက်တို့က အလွန်အရေးကြီးပါသည်။ သို့သော်လည်း မေမြတ်နိုး၏ သဘောထားများသည် Miss Asia Pacific World မယ်ဆုရှင်အဖြစ် မည်သည့်အခါမှ ထိုက်တန်ခဲ့ခြင်းမရှိပါဟု ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

‘‘လှနု တကယ်စိတ်မကောင်းဘူး။ ပထမဆုံးရခဲ့တဲ့ သရဖူလေ။ မြန်မာလူမျိုးတွေ တက်ညီလက်ညီ အကုန်လုံးလုပ်ခဲ့ကြတာလေ’’ဟု Miss Asia Pacific World Myanmar Organization မှ မလှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မြန်မာနိုင်ငံရှိ Main Organization တာဝန်ရှိသူများ၊ မီဒီယာနှင့် ပရိသတ်များကို မလေးမစားပြုလုပ် လိမ်လည်မှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမဝင် သုံးလဗီဇာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မေမြတ်နိုးသည် အနုပညာအလုပ်များ လုပ်ကိုင်ရန် တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၈ ရက်က သွားရောက်ခဲ့ပြီး သုံးလကြာနေထိုင်မည်ဟု တောင်ကိုရီးယားသို့ မသွားမီက ပြောကြားခဲ့သည်။

မေမြတ်နိုးကို ယခုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း ပြည်ပရောက်နေခြင်းကြောင့် ဆက်သွယ်မရခဲ့ပေ။
7 day

မော်ဒယ်တွေ ROLE မြင့်လာပြီတဲ့


အနုပညာလောကတွင် မော်ဒယ်အလုပ် တစ်ခုတည်း သီးသန့် လုပ်ကိုင်သည့် ခင်နန်းထိုက်က ယနေ့ခေတ်တွင် မော်ဒယ်များ၏ အခန်းကဏ္ဍ သည် Role တစ်ခု ကဲ့သို့ မြင့်လာပြီဖြစ်ကြောင်း ပြောသည်။
မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေပြီး၊ အောင်မြင်ဖို့ အတွက် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ခင်နန်းတို့ နိုင်ငံအခြေအနေ ကလည်း မော်ဒယ်သီးသန့် အဖြစ် ရပ်တည်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အရင်က ထက်စာရင် မော်ဒယ်တွေ အတွက် Role တစ်ခု မြင့်လာ တယ်ပေါ့နော်။ တိုင်းပြည် တိုးတက်လာရင် တဖြည်းဖြည်းလည်း ဖြစ်လာမှာပါ။ ဒါက မြန်မာနိုင်ငံ အနုပညာလောက အခြေအနေ အရ ဖြစ်နေတာပေါ့။ မော်ဒယ်လည်း မော်ဒယ်ပေါ့။ မင်းသမီးလည်း မင်းသမီး နေရာပေါ့။ သူ့နေရာနဲ့သူ နောက်ထပ် ခြေလှမ်းလှမ်း သွားမယ် ဆိုရင်တော့ တဖြည်းဖြည်း ဖြစ် လာမယ်လို့ မျှော်လင့်ပါတယ်။ ခင်နန်းက ရှေ့လျှောက်မှာလည်း အနုပညာအလုပ်ကို မော်ဒယ်အဖြစ်ပဲ လုပ်မယ်။ သရုပ်ဆောင် အလုပ်ကိုတော့ လုပ်ဖို့ မရှိပါဘူး။ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် အနေနဲ့ပဲ ခင်နန်း ရပ်တည် သွားမှာပါ။ အခု လက်ရှိ အနေအထားကို ခင်နန်း အနေနဲ့ ကျေနပ်တယ် ဆိုပေမယ့် အများကြီး လိုပါသေးတယ် ဟု ခင်နန်းထိုက်က ပြောသည်။ ခင်နန်းထိုက်သည် မော်ဒယ်အဖြစ်သာ လုပ်ကိုင် သွားမည် ဖြစ်ကြောင်းနှင့် ယနေ့ ခေတ်တွင် မော်ဒယ်များ အတွက် အခွင့်အလမ်းကောင်းများလည်း ရှိလာနေပြီ ဖြစ်ကြောင်း ပြောသည်။

မေမြတ်နိုး Crown အသိမ်းခံလိုက်ရပါပြီ။


မေမြတ်နိုး Crown အသိမ်းခံလိုက်ရပါပြီ။
credit : we love miss myanmar

အင်္ဂလန် လက်ရွေးစင် ကစားသမားအဖြစ်မှ ဖရန့်ခ်လမ်းပတ် အနားယူ


အင်္ဂလန် ကွင်းလယ် ကစားသမား ဖရန့်ခ်လမ်းပတ်က နိုင်ငံအသင်း ကစားသမားအဖြစ်မှ အနားယူပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။


ဇူလိုင်လက ချယ်ဆီးမှ ထွက်ခွာပြီး မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးသို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကစားသမားသည် ခရိုအေးရှားနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်တွင် အင်္ဂလန်အသင်း ခေါင်းဆောင်ဖြင့် ကစားခဲ့သူ ဖြစ်သည်။

လမ်းပတ်သည် အင်္ဂလန်အသင်း၌ ၁၉၉၉ ခုနှစ်တွင် ဒေးဗစ်ပလတ် တာဝန်ယူချိန်မှ စတင်ကစားခဲ့ပြီး နိုင်ငံအသင်း အတွက် ၁၀၆ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူထားသူ ဖြစ်သည်။

“နိုင်ငံအသင်းကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က အင်္ဂလန်အသင်း အတွက် ကိုယ်စားပြုပြီး ကစားရတာကို အမြဲတမ်း ဂုဏ်ယူခဲ့သူပါ။ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ခဲ့ရတဲ့ အချိန်အတိုင်း အမြဲဂုဏ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော့် မိသားစုကို ဦးစားပေး စဉ်းစားရမယ့်အချိန် ရောက်လာပါပြီ။ နောက်ပြီး ကျွန်တော့်အနေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ကလပ်အသင်း အတွက်ပဲ အာရုံစိုက်ချင်ပါတယ်။ လက်ရှိမှာ နိုင်ငံအသင်းကို တာဝန်ယူနေတဲ့ ရွိုင်းဟော့ဂ်ဆန် အပေါ်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ လူငယ် ကစားသမားတွေနဲ့အတူ အောင်မြင်မှု ရရှိပါလိမ့်မယ်” ဟု လမ်းပတ်က ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

ကျောင်းသူ ကျောင်းသားများအတွက် အထူးသတိထားရမည့် အင်တာနက်က လိင်ကိစ္စ

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို စိတ်ဝင်စားသွားနိုင်ပါတယ်။ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့ စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။ မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထားဖို့ လိုပါတယ်။

ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့ နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့ ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။

နောက်ပြီး သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။ ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။

ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။

From: Mizzima

မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံ၍ သေဆုံး


ရန်ကုန်၊ မဇ္ဈိမ။ ။ အသက် (၁၉)နှစ်အရွယ် တက်သစ်စမော်ဒယ် မအေးချမ်းမြတ်မိုးကို ၎င်း၏ရည်းစားဟုဆိုသူက သြဂုတ် ၂၆ရက် ည ၇နာရီက ဓါးဖြင့်ထိုး၍ သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သည့် မအေးချမ်းမြတ်မိုးသည် နေအိမ်တံခါးကိုခေါက်၍ "အမေရေ ကယ်ပါဦး" ဟုအော်ကာ လည်ပင်းတွင် သွေးထွက်ဒဏ်ရာဖြင့် လဲကျသွားခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက ဆိုသည်။

ယင်းနောက် ၎င်း၏မိသားစုဝင်များက ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ပေးရာ လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို ရဲမှတ်တမ်းတွင်မူ ၎င်း၏ရည်းစားဖြစ်သူ မောင်အံ့ဖြိုးပိုင်နှင့် စကားများရန်ဖြစ်ရာမှ လည်ပင်းကို ဓါးဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူ၏ အစ်မဖြစ်သူ ပြောဆိုချက်အရ မောင်အံ့ဖြိုးပိုင်နှင့် ယခင်က မိတ်ဆွေအဖြစ် ပတ်သက်ဖူးသည်ဟု ဆိုပြီး နောက်ပိုင်းတွင် မိဘများက အဆက်အသွယ်ဖြတ်ရန် ပြောထားခဲ့သည်ဟု ဆိုသည်။

"ညီမလေးက သူ့သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ။ ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး သူဘယ်သွားသွား အမေက အမြဲလိုက်တယ်။ အခု မလိုက်ဖြစ်တဲ့ တစ်ခေါက်မှာဖြစ်သွားတာ"ဟု သေဆုံးသူ၏အစ်မ မအေးချမ်းမြတ်ဖြိုးက မဇ္ဈိမကိုပြောသည်။

ဓါးဖြင့်ထိုးခဲ့သူမှာ တစ်ရပ်ကွက်တည်းနေထိုင်သူ ဖြစ်ပြီး သေဆုံးသူ၏ ဝဲဘက်လည်ပင်းကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူမှာ ဒဂုံတက္ကသိုလ်၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)၊ အဝေးသင်တက်ရောက်နေသူ ဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တွင် မျက်နှာဖုံးမော်ဒယ်အဖြစ် ဖော်ပြခံရဖူးသည်ဟု အစ်မဖြစ်သူကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး သေဆုံးသည်အထိ ဓါးဖြင့်ထိုးခဲ့သူ အံ့ဖြိုးပိုင်အပေါ်အရေးယူပေးပါရန် အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက တရားလိုပြု တိုင်တန်းချက်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
မဇ္ဈိမ

ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ ပြားနှင့် ဘိန်းစိမ်း ၃ ဂရမ် ဖမ်းဆီးရမိ


သြဂုတ် ၂၃ ရက်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ ပန်ကိုင်ကျေးရွာအုပ်စု၊ လွယ်ကုန်ကျေးရွာနေ မအေးလှ ဆိုသူ၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ ပြား နှင့် ဘိန်းစိမ်း ၃ ဂရမ်တို့အား သိမ်းဆည်းရမိသဖြင့် မအေးလှ (ခ) မအေးလာ (၂၇ နှစ်)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Credit to : ရဲဇာနည်

ပန်းသီးနှင့် တင်းနစ်စ်ဘောလုံး မှားမြိုချမိတဲ့ ရေမြင်းသေဆုံး


ဂျာမနီနိုင်ငံရှိ တရိစ္ဆာန်ရုံအတွင်းသို့ လာရောက်လည်ပတ်သူတစ်ဦး ပစ်ချခဲ့သော တင်းနစ်စ်ဘောလုံးအား ပန်းသီးဟု ထင်မှတ်မှားကာမြိုချမိသော အသက်(၃၉)နှစ်အရွယ် ရေမြင်း Maikel ဟာ နာကျင်စွာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Maikel ဟာ ထိုဝေဒနာကို လေးရက်ကြာ နာကျင်ခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Tennis Ball in Maikel
သို့ပေမယ့် သူဘာကြောင့် ဘယ်လို ခံစားနေရတယ်ဆိုတာကို ဘယ်သူကမှ မသိရှိခဲ့ကြဘဲ ၎င်းသေဆုံးသွားပြီးမှ ထိုတင်းနစ်စ်ဘောလုံးအား ခွဲစိတ် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
Maikel ဟာ ပြီးခဲ့သည့်နှစ်က ထိုတရိစ္ဆာန်ရုံတွင် အနှစ်သက်ဆုံးသော တရစ္ဆာန်အဖြစ် လာရောက်လည်ပတ်သူများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခံခဲ့ရသော အလွန်လိမ္မာပြီး ကျန်းမာသည့် ရေမြင်းတစ်ကောင် ဖြစ်ကြောင်း သိရသည်။
ကီလိုဂရမ် နှစ်ထောင်အလေးချိန်ရှိတဲ့ ထိုရေမြင်း Maikel ဟာ ဘာကိုဘယ်လို ခံစားနေခဲ့ရတယ်ဆိုတာကို တတ်ကျွမ်းသူများက နားလည်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြကြောင်း ၊ ထိုကဲ့သို့ တင်းနစ်စ်ဘောလုံး မြိုချခဲ့ခြင်းကို ၎င်းတို့ဘယ်လိုမှ သိမြင်နိုင်ခြင်း မရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရေထဲပြုတ်ကျ သေဆုံးနေခဲ့သော Maikel အပေါ်သို့ သူနဲ့ တသက်လုံး အဖော်အဖြစ်နေလာခဲ့သည့် ရေမြင်း Petra က ၎င်းကိုယ်ပေါ်က အဖန်ဖန်အခါခါ ကျော်လွှားရေကူးရင်း Maikel ပြန်ရပ်လာဖို့ ကြိုးစားခဲ့ကြောင်း သိရသည်။
တရိစ္ဆာန်ရုံရှိ တာဝန်ရှိသူများက အခြား ကျန်ရှိသောရေမြင်းများ၏ ကျန်းမာရေးအတွက် Maikel အား ရင်ခွဲစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြရင်းမှ Maikel ဘာကြောင့် နာကျင်စွာ ခံစားသေဆုံးသွားသည်ဆိုတာ နားလည်ခဲ့ရကြောင်း သိရသည်။
Source : Dailymail

အရက်မူးပြီး ဆည်ထဲရေဆင်းချိုးသူ ရေနစ်သေဆုံး


မလှိုင်မြို့နယ်၊ နောကန်ရဲစခန်း အရှေ့ တောင်ဘက် (၁၆) မိုင်အကွာ၊ ညောင်ပင်သာ ကျေးရွာအနီး၊ ချောင်းဆုံ ရေလှောင်တမံအတွင်းတွင် သြဂုတ်လ (၂၃) ရက်နေ့ ညနေက အမျိုး သားတစ်ဦးရေနစ်သေဆုံးနေကြောင်း မလှိုင် မြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငြိမ်းမှ နောကန် ရဲစခန်းသို့ ဖုန်းဖြင့် သတင်းပေး ပို့ချက်အရ နောကန် ရဲစခန်းမှူး ရဲအုပ် ကျော်ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများက သွားရောက်ဆယ်ယူ စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ညောင်ပင်သာကျေးရွာ နေ ဦးပေါ်ဦး (၃၅) နှစ်ဖြစ်ပြီး အရက်မူးပြီး ချောင်းဆုံ ရေလှောင်တမံ အတွင်း ရေဆင်းချိုးရာမှ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဦးပေါ်ဦး သေဆုံးမှုကို နောကန်ရဲ စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၄ ဖြင့် ရေးဖွင့်ထားသည်။
Messenger 

Date Rape Drugs protection ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးတွေအကြောင်းအပြင် ဆေးရန်ဘေးရန်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာရေးပြမှသာ ဆေးကြော်ညာမဖြစ်မှာပါ။

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ Rape drugs အဓမ္မကျင့်ဘို့ သုံးကြတဲ့ ဆေးတွေကိုလဲ ဖတ်ပါ။ Nail polish to detect date-rape drugs ပါတီသွားရင်းအဓမ္မကျင့်ခံရနိုင်တဲ့ဆေးကို လက်သည်းဖျက်ဆေးနဲ့သိနိုင်မည်သတင်းက ဒီကနေ့ဘဲထွက်လာပါတယ်။

ဒေါက်တာတင့်ဆွေ

မိခင်ဗိုက်ထဲ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားအရိုးစု ကို ခွဲစိတ်ဖယ်ရှား


အိန္ဒိယအမျိုးသမီးတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ ၃၆နှစ်ကြာ ရှိနေခဲ့တဲ့ သန္ဓေသားရဲ့ အရိုးစုကို ဆရာဝန်တွေက ဖယ်ထုတ်ခဲ့ရပြီး ဒါဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး သားအိမ်ပြင်ပသန္ဓေတည်ခြင်းဖြစ်လာနိုင်ကြောင်း ဆရာဝန်တစ်ဦးကပြောပါတယ်။
အခုချိန်မှာအသက် ၆၀ရှိနေပြီဖြစ်တဲ့ အမျိုးသမီးဟာ သူ့အသက် ၂၄နှစ်မှာ ကိုယ်ဝန်ဆောင်ခဲ့ပေမယ့် သန္ဓေသားဟာ သားအိမ် အပြင်ဘက်မှာ တည်ပြီး ကြီးထွားလာတာကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ဝေဒနာခံစားခဲ့ရပါတယ်။
နိုင်ငံအလယ်ပိုင်းဆင်းရဲနွမ်းပါးတဲ့ ကျေး လက်ဒေသမှာနေထိုင်တဲ့ ယင်းအမျိုးသမီးဟာ သန္ဓေသားရဲ့အကြွင်းအကျန်တွေကိုဖယ်ရှားဖို့လိုအပ်ချိန်မှာ ခွဲစိတ်မှုလုပ်ရမှာကို ကြောက် ရွံ့နေခဲ့တဲ့အတွက် နာကျင်မှုသက်သာစေဖို့ သာမန်ဆေးခန်းတစ်ခုမှာပဲ ဆေးဝါးကုသမှုခံယူခဲ့ပါတယ်။
နာကျင်မှုတဖြည်းဖြည်းလျော့ပါးလာခဲ့ပေမယ့် နှစ်အတော်ကြီးကြာတဲ့အခါ ဝေဒနာပြန်ပေါ်လာပြီး မခံမရပ်နိုင်ဖြစ်မှ အမျိုးသမီးက အိန္ဒိယအနောက်ပိုင်း ကဆေးရုံတစ်ရုံမှာ သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ဝမ်းဗိုက်ညာဘက်အောက်နားမှာ အလုံးတစ်လုံး စမ်းသပ်တွေ့ရှိခဲ့ပြီး ကင်ဆာဖြစ်နိုင်ကြောင်း စိုးရိမ်ခဲ့ကြပေမယ့် ထပ်မံစမ်းသပ်မှုတွေနဲ့ ဓာတ်မှန်တွေအရ မာကျောတဲ့အရာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
`ဓာတ်မှန်တွေကိုကြည့်ပြီးတာနဲ့ တွေ့ရတာက မာကျောနေတဲ့ အမြှေးအိတ်ငယ်တစ်ခုထဲမှာ လုံလုံခြုံခြုံရှိနေတဲ့ ကိုယ်လက်အင်္ဂါ ပြည်စုံပြီးသား အရိုးစုတစ်ခုဖြစ်နေတယ်။ ဒီလိုမျိုးအသက်၆၀ အရွယ်အမျိုးသမီးတစ်ဦးက ၃၆နှစ်ကြာအောင် ဗိုက်ထဲမှာ သန္ဓေသားရှိနေ နိုင်တာဟာ ဆေးလောကရဲ့အံ့ဖွယ်ဘနန်း ဖြစ်ရပ်တစ်ခုပါပဲ။ တစ်ခါမှမကြားခဲ့ဖူးဘူး ´ လို့ ခွဲစိတ်ဆရာဝန်ကြီး မာတာဇာအက်ခတာ က ပြောပါတယ်။
အခုအခါ အမျိုးသမီးရဲ့ သားအိမ်၊ အူ နဲ့ ဆီးအိမ်တို့ကြားမှာရှိနေတဲ့ ယင်းအရိုးတွေကို ဆရာဝန်တွေက အောင်မြင်စွာခွဲစိတ် ဖယ်ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။
အရင်က ဘယ်လ်ဂျီယံအမျိုးသမီးတစ်ဦးဟာ အလားတူ သန္ဓေသားအကြွင်းအကျန်တွေနဲ့ ၁၈နှစ်ကြာနေထိုင်ခဲ့ကြောင်း တွေ့ခဲ့ရ ပြီး သက်တမ်းအကြာဆုံးဖြစ်စဉ်အဖြစ်မှတ်တမ်းရှိခဲ့ဖူးပါတယ်။

ဘာသာပြန်…….. ယွန်းစန္ဒီနန်းမွန်
Ref:AFP
Kumudra

Nail polish to detect date-rape drugs ပါတီသွားရင်းအဓမ္မကျင့်ခံရနိုင်တဲ့ဆေးကို လက်သည်းဆိုးဆေးနဲ့သိနိုင်မည်

• Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများအကြောင်းကို အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ရှိတုံးက တင်ထားပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာတော့ ‘ဖေ့စ်ဘွတ်’ မှာ တင်ခဲ့ပါသေးတယ်။ ‘ဖေ့စ်ဘွတ်’ ပရိတ်သတ်မှာ လူတမျိုးတွေပါတယ်။ ‘အဲလိုဆေးတွေအကြောင်း တင်တာဟာ သူခိုးလမ်းပြ၊ ဓါးပြအားပေးသလိုလုပ်ရာကျမယ်’ ဆိုတဲ့သဘောနဲ့ မှတ်ချက်ရေးတာခံရတယ်။ ကျွန်တော်လဲ ‘အနုမြူအကြောင်း ကျောင်းစာထဲမှာ မသင်ဘဲနေခိုင်းသလိုဖြစ်မနေဘူးလား’ လို့ ပြန်ရေးမိပါသေးတယ်။
• ချိန်းတွေ့ကျင့်ကြံဘို့သုံးနိုင်တဲ့ တရားမဝင်ဆေးတွေကို Date Rape Drugs လို့ခေါ်တယ်။ အများဆုံး သုံးနေကြတာတွေက Rohypnol, Xanax နဲ့ Gamma-Hydroxybutyric acid (GHB) ဆေးတွေဖြစ်တယ်။ တခြားလဲ ရှိပါသေးတယ်။
• ပါတီပွဲတွေ၊ ကလပ်တွေမှာ ယောက်ျားလေး၊ မိန်းကလေးတွေ ကျက်စားကြတယ်။ သောက်စားကြတယ်။ သောက်စရာတမျိုးမျိုးထဲကို ဒီလိုဆေးတမျိုးမျိုး မသိအောင်ထည့်ထားတာကို သောက်မိရင် သောက်တဲ့သူဟာ မေ့ဆေးပေးခံရသလို ဘာဆိုဘာမှ မသိတော့ပါ။ အဲဒီအချိန်မှာ လုပ်ချင်တာလုပ်လို့ရတယ်။ ပစ္စည်းယူမလား၊ လူယူမလား။ အများဆုံးက မုဒိန်းကျင့်တာခံရမယ်။
• ဆေးတွေက အရောင်အဆင်း၊ အနံ့၊ အရသာ မသိသာလို့ ဆေးခပ်ထားမှန်းမသိနိုင်ပါ။
• ကနေ့ထွက်တဲ့ ဆေးပညာသတင်းက ဒီလိုဆေးထည့်ထားမှန်း သိအောင်လုပ်နည်းဖြစ်တယ်။ နည်းကလွယ်တယ်။ လက်သည်းပြောင်လက်ဆေးလိုသုံးတယ်။ အသစ်ပေါ်ဆေး လိမ်းထားတဲ့လက်ချောင်းနဲ့ ကိုယ်သောက်မဲ့ အရည်-အရက်ကို မွှေပေးရတယ်။ အရောင်ပြာင်းသွားရင် မဟုတ်တရုတ်ဆေး ထည့်ထားတာသေချာပြီ။
• အမျိုးသမီးဘက်ကနေလိုက်ရေးလေ့ရှိတဲ့ နာမည်ကြီး Feministing ‘ဘလော့ခ်’ ကတော့ မိန်းကလေးတွေကို လိင်မှုပြုဘို့ Date Rape Drugs ဆေးတွေကိုသုံးတာ နည်းပါတယ်။ အရက်တိုက်ပြီး အဲလိုလုပ်ကြတာများတယ်လို့ ဆိုပါတယ်။ ဒီ ‘ဆိုဒ်’ ကနေဆက်ရေးတာကတော့ အခုလို စပါယ်ရှယ်လက်သည်းဖျက်ဆေးဟာ မိန်းကလေးတွေ ကိုယ်ကိုယ်ကို ခုခံကာကွယ်ရေးအတွက် အမြဲဆောင်ထားရမဲ့ နောက်တိုးပစ္စည်းတခု အမှန်ပါဘဲတဲ့။ Anti-rape underwear အဓမ္မကျင့်တာမခံရစေမဲ့ အတွင်းခံအဝတ်နဲ့ Pepper spray cameras ‘ငရုတ်သီး စပရေး ကင်မရာ’ လိုဘဲ ဒီဆေးကိုပါဆောင်ထားပါလို့ အကြံပေးထားပါတယ်။
• ဒီတီထွင်မှုကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်က ကျောင်းသား ၄ ယောက်ကတွေ့တာ ဖြစ်တယ်။ သူတို့က လက်သည်းပြောင်လက်ဆေးလိုသုံးရတဲ့ဆေးအသစ်ကို Undercover Colors ‘ဖုံးကွယ်ထားသောအရောင်များ’ လို့ နာမည်ပေးထားပါတယ်။

ဒေါက်တာတင့်ဆွေ

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းနှောကျေးရွာအနီးတွင် ယမန်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံအမျိုးသမီးတစ်ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ဒွန်ဘုံကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ကုန်းနှောရွာနေ ဖခင်ဖြစ်သူ မကျန်းမာ၍ သွားရောက် ကြည့်ရှု့ပြီး ပြန်လာစဉ် မိုင်းနင်းမိသေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

“ မိုင်းကွဲသံကြားလို့ သွားကြည့်တော့ နေရာမှာပဲ ပွဲချင်းပြီး သေနေတာတွေ့တယ်၊ ဒီရွာကမဟုတ်ဘူး၊ နောက်မှ ဒွန်ဘုံရွာက အမျိုးသမီးဆိုတာ သိရတာ ” ဟု ကုန်းနှောရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီးမှာ ဒေါ်ဖော်ယုတောင် (၄၈)နှစ်၊(ဘ) ဦးဖော်ယုဝမ်၊ ကချင်/ခရစ်ယာန်၊ ဒွန်ဘုံကျေးရွာ၊ မိုးမောက်မြို့နယ်နေသူ ဖြစ်ကြောင်း သိရပါသည်။

၎င်းမိုင်းပေါက်ကွဲဖြစ်စဉ် ဖြစ်ပွားခဲ့သော နမ့်ဆန်ချောင်း(ခ) ဆမားချောင်းသည် ဒွန်ဘုံကျေးရွာနှင့် ကုန်းနှော ကျေးရွာကြားတွင်ရှိပြီး KIA တပ်ရင်း(၂၇)နယ်မြေဖြစ်ကြောင်းနှင့် KIA တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလျက် ရှိကြောင်း ဒွန်ဘုံရွာသားတစ်ဦးက ဆိုသည်။

“ မိုင်းနင်းမိလို့ လူသေတာကို KIA အဖွဲ့က ဂရုတောင် မစိုက်ပါဘူး၊ သူတို့ ထောင်ထားတဲ့ မိုင်းကို အပြစ် မရှိတဲ့ ဒေသခံတစ်ဦးက နင်းမိပြီး သေရတာပါ၊ အဲဒီအတွက် ကျန်ရစ်သူ မိသားစုကို တောင်းပန်တာမျိုး၊ ထောက်ပံ့ငွေ ပေးအပ်တာမျိုး တစ်ခုခုလုပ်ပေးသင့်တာပေါ့၊ ဒါပေမယ့် သူတို့ ထောင်တဲ့ မိုင်းကို နင်းမိတာတောင် နင်းမိသူက ပြန်လျော်ကြေးပေးရမယ်လို့ ပြောနေတယ်၊ ဒေသခံတွေရဲ့ ဘ၀ကတော့ KIA လက်အောက်မှာ ဖိနှိပ်အနိုင်ကျင့် သမျှ ခံနေကြရတာပါဘဲ ” ဟု မိုးမောက်မြို့ခံ သင်းအုပ်ဆရာတစ်ဦးက ပြောကြားသွားခဲ့သည်။
OE

မလေးရှားလေယာဉ် အမှုထမ်းအကြီးအကဲက သြစတြေးလျအမျိုးသမီးခရီးသည်ကို မဖွယ်မရာပြုလုပ်ကြောင်း တိုင်ကြားခံရ

မလေးရှားလေကြောင်းလိုင်း၏ MH 20 လေယာဉ်ခရီးစဉ်မှ လေယာဉ်အမှုထမ်းအကြီးအကဲက သြစတြေး လျအမျိုးသမီးခရီးသည်တစ်ဦးကို လေယာဉ်ပေါ်တွင် မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း တိုင်ကြား ခံခဲ့ရသည်။ 


အသက် ၂၆ နှစ်အရွယ် လော်ရာဘူရှ်နီသည် သြဂုတ် ၄ ရက်က မလေးရှားနိုင်ငံ ကွာလမ်လမ်ပူ မှ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ၎င်း၏ ချစ်သူထံ အသွား လေယာဉ်ပျံသန်းပြီး ၃ နာရီအကြာတွင် အသက် ၅၄ နှစ် အရွယ် အမျိုးသားလေယာဉ်အမှုထမ်းအကြီးအကဲ မိုဟာမက် ရိုစလီဘင်ကာရင်က ဈေးသက် သာသောအတန်းရှိ သူမထိုင်ခုံနံ ဘေး နေရာအလွတ်တွင် လာရောက်ထိုင်က မဖွယ်မရာပြုကျင့်ခဲ့ ကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ရိုစလီက လေယာဉ်စီးရသည်ကို ထိတ်လန့်နေသည့် သူမ၏ပေါင်အား လာကိုင်ပြီးနောက် ၎င်း၏ လက်များကို သူမ၏ စကတ်အောက်သို့ ထည့်ခဲ့ပြီး သူမအကြောက်ပြေစေရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ထို့နောက် အောက်ခံဘောင်းဘီအတွင်းသို့ လက်များ ရောက်လာပြီး မဖွယ်မရာ ဆက် လုပ် ခဲ့ကြောင်း ဘူရှ်နီက ထုတ်ဖော်ပြောကြားခဲ့သည်။ 

ယင်းကဲ့သို့ ပြုလုပ်သည်ဟု စွပ်စွဲထားသော အသံဖိုင်နှင့် ဗီဒီယိုဖိုင်တို့ကို ဘူရှ်နီက ထုတ်ပြန်ခဲ့သည်။ 

ထိုကဲ့သို့ လုပ်ဆောင်နေစဉ် ဘူရှ်နီက ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း ရိုစလီက ရဲများထံ ထွက်ဆိုခဲ့သည်။ 

ရိုစလီက ယင်းကဲ့သို့ နှစ်ကြိမ်လာလုပ်ခဲ့သော်လည်း သူမအနေဖြင့် အလွန်ထိတ်လန့်နေသောကြောင့် မအော်နိုင်ခဲ့ကြောင်း ဘူရှ်နီက တိုင်ကြားခဲ့သည်။ 

“သူက ကျွန်မလက်ကို ဆွဲပြီး ကျွန်မကို လှဲပြီး နားနေဖို့ ပြောပါတယ်။ တစ်ခုခုသောက်ဖို့လည်း ကျွန်မကို ပြောပါတယ်။ ခဏနေတော့ နောက်တစ်ခေါက် ပြန်ရောက်လာပြီး ကျွန်မခြေထောက်ကို သူ့ပေါင်ကြားထဲ ထည့်လိုက်တော့ ကျွန်မလန့်သွားပြီး ဘာပြောရမှန်းမသိတဲ့ အချိန်မှာ ကျွန်မ ခြောက်ထောက်တွေကို လာပွတ်တော့တာပါပဲ” ဟု ဘူရှ်နီက ပြောကြားသည်။ 

ရိုစလီ ထသွားသည့်အချိန်တွင် ဘူရှ်နီက ရှေ့ခုံတွင် ထိုင်နေသည့် ကနေဒါခရီးသည် မိန်းကလေးကို အကူအညီတောင်းခံခဲ့သည်။အဆိုပါ မိန်းကလေးက ယခုဖြစ်စဉ်ကို ရဲသို့ တိုင်ကြားရန် တိုက်တွန်းခဲ့သည်။ 

Sunday Night သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုကဲ့သို့ လုပ်ခြင်းသည် မုဒိမ်းမှုတစ်ခုလို့ သတ်မှတ်ပါသလားဟု မေးမြန်းမှုအပေါ် ယင်းကဲ့သို့ သတ်မှတ်ကြောင်း ဖြေဆိုခဲ့သော် လည်း ရိုစလီအား ဟန့်တားရန် ကြိုးပမ်းခဲ့ပါသလားဟု မေးမြန်းရာတွင် မဟန့်တားခဲ့ကြောင်း ဖြေဆိုခဲ့သည်။ 

“အဲဒီလို လုပ်ပြီး မကြာပါဘူး သူထသွားပါတယ်။ သူဘာလုပ်လိုက်တယ်ဆိုတာ သူကိုယ်တိုင်သိသွား သလိုပါပဲ။ အဖြစ်အပျက်က အရမ်းမြန်တော့ ကျွန်မလည်း ကြောက်လန့်ပြီး မအော်နိုင်ခဲ့ပါဘူး” ဘူရှ်နီက ပြောကြားသည်။ 

ယင်းကဲ့သို့ ပြုလုပ်ခဲ့ရမှုအပေါ် ဘူရှ်နီက လေယာဉ်အမှုထမ်းများထံ စာဖြင့် ရေးသားတိုင်ကြားခဲ့ရာ သူမအား အထူးတန်း သို့ ရွှေ့ပေးခဲ့ပြီး လေယာဉ်မှူးကလာရောက် စကားပြောခဲ့သော်လည်း လေယာဉ် အမှုထမ်းများက ရိုစလီကို ဟန့်တားခြင်းမရှိခဲ့ကြောင်း ဘူရှ်နီက ပြောကြားသည်။ 


ရိုစလီက မိမိအားခွင့်လွှတ်ရန်နှင့် နောက်နောင်ကို ယခုကဲ့သို့ မဖြစ်စေရန် တောင်းပန်နေပုံလည်း ဘူရှ်နီ ရိုက်ယူခဲ့သည့် ဖုန်းကင်မရာ မှတ်တမ်းတွင် ပါရှိခဲ့သည်။ 

ပါရီမြို့လေဆိပ်သို့ ရောက်ရှိသည့်အချိန်တွင် ရိုစလီအား မေးမြန်းရန် ရဲများက လာရောက်ခေါ်သွားပြီး ဘူရှ်နီ၏ ခန္ဓာကိုယ်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

ဘူရှ်နီအနေဖြင့် လိမ်လည်တိုင်ကြားမှုဖြစ်ပါက သူမအနေဖြင့် ပြဿနာကြီးမားနိုင်ကြောင်း လေကြောင်းလိုင်းအရာရှိတစ်ဦးက သတိပေးခဲ့သော်လည်း ဘူရှ်နီက ပြင်သစ်ရဲများထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

ရိုစလီက သူမအား မုဒိမ်းမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ဘူရှ်နီက စွပ်စွဲခဲ့သော်လည်း ရိုစလီက ယင်းသို့ ပြုလုပ်ရန် မရည် ရွယ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ 

ယခုကဲ့သို့ တိုင်ကြားမှုပေါ်ပေါက်ခဲ့ကြောင်းကိုလည်း မလေးရှားလေကြောင်း လိုင်းက အတည်ပြုချက် ထုတ်ပြန်ခဲ့သော်လည်း ဘူရှ်နီ အား တောင်းပန်မှု၊ဆွေးနွေး နှစ်သိမ့်မှုနှင့် လျော်ကြေးပေးခြင်းတို့ ပြုလုပ်ရန် ကမ်းလှမ်းခြင်းမရှိခဲ့ကြောင်း သိရသည်။ 

ရိုစလီအနေဖြင့် ပြင်သစ်တွင် ၆ လမှ ၇ လအထိ အမှုရင်ဆိုင်ရဖွယ်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။ 

မလေးရှားလေကြောင်းလိုင်းအနေဖြင့် ယခုနှစ်အတွင် ပြဿနာများ မကြာခဏကြုံတွေ့ခဲ့ရာတွင် ခရီးသည်များ တင်ဆောင်လာသည့် MH370 ခရီး စဉ်လေယာဉ် ပျောက်ဆုံးနေမှု၊ ယူကရိန်းနယ်စပ်တွင် MH17 ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုတို့လည်း ဖြစ်ပွားခဲ့သည်။ 
Ref:Daily Mail
မဇ​ၥ ်ိမ

အားသွင်းထားသည့် IPHONE နှင့် အိပ်ပျော်နေစဉ် အမျိုးသမီးတစ်ဦး ရင်သားအပူလောင်ခံရ

အင်္ဂလန်နိုင်ငံ အက်ဆစ်ခ်ကောင်တီ ပါးဖလိမြို့တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အိပ်ယာပေါ်တွင် အားသွင်းထားသည့် iPhone နှင့် အိပ်ပျော်သွားစဉ် ကပ်မိပြီး ဘယ်ဘက်ရင်သားတွင် အပူလောင်သွားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဒိုနီဘက်ဇတာ၏ အဆိုပါ မီးလောင်ဒဏ်ရာသည် ငါးလက်မခန့်ရှိပြီး အနာရင်းသွား ခဲ့သောကြောင့် နောက်တစ်ကြိမ်ကလေးမွေးပါက နို့မတိုက်နိုင်မည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

ကုန်လှောင်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဘက်ဇတာက “အဲဒီညက ကျွန်မအကျီင်္မ၀တ်ဘဲ အိပ်ခဲ့ပါတယ်။ အိပ်ရာထဲမှာ အားသွင်းထားတဲ့ ဖုန်းက ပူလာပြီး ကပ်မိသွားရာကနေ အခုလို ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်” ဟု The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

ဆေးရုံမှ ဆရာဝန်များက သူမ၏ ဒဏ်ရာအား ပိုးသတ်ဆေးပါသည့် လိမ်းဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများဖြင့် ကုသပေးလိုက်သည်။

“တော်တော်ကို ကြောက်စရာကောင်းပါတယ်။ တကယ်လို့ ကျွန်မသမီးလေးသာ ဖုန်းထားတဲ့ဘက်မှာ အိပ်နေမယ်ဆိုရင် သူ့မျက်နှာကို လောင်သွားမှာပါ” ဟု ဘက်ဇတာက ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Apple ကုမ္ပဏီက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးကြောင်း သိရသည်။

သြဂုတ်လအစောပိုင်းကလည်း အသက် ၁၈ အရွယ် ဂျိတ်ပါကာသည် သူ၏ iPhone 5 မှ အပူလောင် မှုကြောင့် လက်မောင်းတွင် ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း မိန်းပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တစ်ဦးသည် ကျောပိုးအိတ် အတွင်းထည့်ထားသည့် iPhone မီးလောင်ပြီး ခါးနှင့် ပေါင်တို့တွင် ဒဏ်ရာရခဲ့သည်။
Ref:Daily Mail
Mizzima

MPT က (၁၅၀၀) တန် ဆင်းကတ်များကို လမ်းဘေးဆိုင်များတွင် လစဉ် ကတ် (၁)သန်းရောင်းချမည်


မြန်မာ့ဆက်သွယ်ရေး MPT မှ ကျပ် (၁၅၀၀) တန် ဆင်းကတ်များကို လမ်းဘေးတွင် လစဉ် ကတ်တစ်သန်း ရောင်းချမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အကြံပေး ဒေါက်တာသိန်းဝင်းက ပြောသည်။ 

MPT က အခုအချိန်မှာ မဲဖောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းအလိုက်၊ ပြည်နယ်တွေ တိုင်းတွေထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် အုပ်ချုပ်ရေး channelကနေ မဲဖောက်ပြီးတော့ ရောင်းတယ်။ လူတိုင်းဝယ်ချင်လို့ မရဘူး။ ဒါပေမယ့် ရှေ့လမှာ အလွန်ဆုံး အောက်တိုဘာလမှာ MPT က ဆင်းကတ် တစ်လတစ်သန်း ရောင်းဖို့ရှိတယ်။ အုပ်ချုပ်ရေး channel က ရောင်းမှာ မဟုတ်ဘူး။ လမ်းဘေးဆိုင်က နေရောင်းမှာ ဟု ၎င်းက ပြောသည်။ 

ထိုကဲ့သို့ အစီအစဉ်ရှိ သော်လည်း ချက်ချင်း မရောင်းချနိုင်ခြင်းမှာ MPT သည် အစိုးရပိုင်ဖြစ်နေ သောကြောင့် အစိုးရထံမှ ခွင့်ပြုချက်ယူနေရ သဖြင့် လုပ်ထုံးလုပ်နည်းအရ ကြာမြင့်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း၌ MPT အပြင် ပြည်ပ ဆက် သွယ်ရေး ကုမ္ပဏီများ ဖြစ်သော ကာတာ အခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ကို ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းလိုင်စင်များ ချထားပေးပြီး ဖြစ်ကာ Ooredoo ကုမ္ပဏီသည် ဇူလိုင်လကုန်မှ စတင်ကာ ဆင်းကတ်များ ရောင်းချပေးနေပြီ ဖြစ်သည်။ Telenor ကုမ္ပဏီသည်လည်း စက်တင်ဘာလတွင် စတင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ 

Ooredoo ကုမ္ပဏီက ဆင်းကတ်များ ကို (၁၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ သော်လည်း မူလ ဈေးထက် တိုးမြှင့် ရောင်းချမှုများ ရှိနေခြင်း၊ အင်တာနက် သုံးစွဲခများ သတ်မှတ်ရာတွင် အင်တာနက် သုံးစွဲခများ နေခြင်းနှင့်၊ ဆင်းကတ်ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်ခြင်း မရှိသည့် အခြေ အနေ များနှင့် ကြုံတွေ့နေရသည်။ 
From: The Messenger

ထိုင်းငါးဖမ်းစက်လှေတွင် ရောင်းချခံခဲ့ရသော ရခိုင်လူမျိုး ၁၄ဦးကို ကယ်တင်နိုင်ခဲ့ပြီး နေရပ်သို့ပြန်ပို့


ထိုင်းနိုင်ငံ မဟာချိုင်ရှိငါးဖမ်း စက်လှေတွင် ရောင်းစားခြင်းခံရပြီး အင်ဒိုနီးရှားနိုင်ငံ အွန်ဘွန်ဆိပ်ကမ်း အရောက်တွင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့မှ ကယ်တင် နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြေပုံ မြို့နယ် သရက်တောင်ကျေးရွာမှ ကိုးဦးနှင့်ကမ်းထောင်းကြီးကျေးရွာ မှ ငါးဦးတို့ကို ယခုလ ၂၃ရက်တွင် ၄င်းတို့နေထိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

ယခုကဲ့သို့ လူကုန်ကူးခံရသူ များကို အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တစ် ဆင့် တခြားဌာနဆိုင်ရာများနှင့် အဆင့်ဆင့်ချိတ်ဆက်ကာ ကယ် ဆယ်နိုင်ခဲ့ကြောင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(၅) စစ်တွေ မြို့မှ တာဝန်ခံဒုရဲမှူး ကျော်ညွန့်က ပြောသည်။

လူကုန်ကူးခံရသူများ သည် ထိုင်းနိုင်ငံရှိငါးဖမ်းသင်္ဘော ပေါ်တွင်အလုပ်လုပ်ရသည်မှာလေး လခန့်ရှိပြီး လုပ်ခလစာမရရှိသည့် အပြင် တစ်ရက်ကို ၁၆ နာရီခန့် အလုပ်ကြမ်းများလုပ်ကိုင်ရကြောင်း သိရသည်။

ထို့ကြောင့်လူကုန်ကူးခံရသူ များသည်မိသားစုနှင့်ဆက်သွယ်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ လူကုန်ကူးမှု ကျူးလွန်ခဲ့သူများကို သက်သေ များမရှိသည့်အတွက်ပြည်ပအလုပ် အကိုင်ဆိုင်ရာဥပဒေပုဒ်မ(၂၆) အရ အမှုဖွင့်အရေးယူထားခဲ့သော်လည်း ယခုအခါ နစ်နာသူများကိုယ်တိုင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပုဒ်မ(၂၅)အရ ဆက် လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးသူများနှင့် လူကုန်ကူးမှု များကို ပြည်သူများသိရှိပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၅) စစ်တွေ ဖုန်း-ဝ၄၃-၂၂၉ဝ၉နှင့် ဝ၉-၄၇ဝ၁၆ဝ၃၃တို့ သို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်းသိရသည်။

နုနုနွေ(ဓညဝတီ)
The Union Daily

ယာဉ်တိုက်မှုဖြစ်ပွါး တစ်ဦးသေဆုံး


ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန် မြောက်ပိုင်း ခရိုင် မင်္ဂလာဒုံ မြို့နယ် ပြည်လမ်းမကြီး ၀ါယာလက်စ် ကားမှတ်တိုင် အနီးတွင် ယနေ့နံနက် (၉း၃၀) အချိန်ခန့်တွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့် ကားတစ်စီးတို့ မတော်တဆ တိုက်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ကယ် စီးနှင်းသူ အသက် (၃၀) ခန့်အမျိုးသား တစ်ဦး နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။

MOI

Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)


သွေးမဆုံးခင်ဖြစ်တာတွေဟာ လူ့သဘာဝမှာ ဖြစ်ကိုဖြစ်ရတဲ့ ပြောင်းလဲဖြစ်စဉ် ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ ဒါ့ကြောင့် ဆေးကုဘို့ လူတိုင်းတော့ မလိုတတ်ပါ။ လိုသူတွေမှာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ လိုအပ်ကြတယ်။ တကယ်သွေးမဆုံးခင် ရာသီ ဖေါက်ပြန်တယ်။ လမမှန်၊ ရက်မမှန် ဖြစ်တာ များတယ်။ အမျိုးသမီးတယောက် ဘယ်တော့ သွေးဆုံးမလဲကို အကြမ်းပြောရရင် မိခင်နဲ့ အတော်တူတာများပါတယ်။


Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။


• ကိုယ်ဝန်တား Oral pills စားဆေး၊ Patch ကပ်ခွါဆေး၊ Spray ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က Irregular vaginal bleeding ရာသီ မမှန်တာအတွက် ဖြစ်တယ်။
• Transdermal hormone အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသဲကို မထိခိုက်လို့ ပြောတာ ဖြစ်တယ်။
• ဆရာဝန်ကနေ စမ်းသပ်စစ်ဆေးပြီး တခြား သွေးဆင်းစေတဲ့အကြောင်း မရှိတာ သေခြာပြီးမှ ဒီဆေးပေးရတယ်။
• (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ဆေးတွေ၊ Vaginal estrogen ring ကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြားတွေ အမျိုးမျိုးရှိတယ်။
• Vaginal moisturizing agents ဆိုတာတွေက ဟော်မုန်း မဟုတ်ဘဲ ဗဂျိုင်းနားကို စိုစွပ်မှုရစေအောင် သုံးနိုင်တယ်။ K-Y Silk-E Vaginal Moisturizer or KY Liquibeads တွေ ဖြစ်တယ်။ ခင်ပွန်းနဲ့ အတူနေဘို့ အတွက် အသုံးဝင်တယ်။ အပျိုကြီးတွေအတွက်လဲ အကျိုးရှိတာပါဘဲ။ ဒီနေရာမှာ ခြောက်သွေ့နေရင် မကောင်းဘူး။
• Selective serotonin reuptake inhibitors (SSRIs) အုပ်စုဝင် Antidepressant စိတ်မကျဆေး သုံးနိုင်တယ်။ ဥပမာ Venlafaxine (Effexor), Fluoxetine (Prozac), Sertraline (Zoloft), Paroxetine (Paxil), Citalopram (Celexa) တွေ ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးရှိမယ်။ Decreased libido လိင်စိတ်နည်းမယ်၊ Sexual dysfunction လိင်ဆက်ဆံတာမှာ အခက်အခဲ ရှိနိုင်တယ်။
• တခြားဆေးတွေလဲ အသုံးကျနိုင်တယ်။ ဥပမာ Gabapentin (Neurontin) အတက်သက်သာဆေး၊ Clonidine (Catapres) သွေးကျဆေး။
• တချို့က Bioidentical hormone ကိုသုံးတာကို စိတ်ဝင်စားမှု ပိုလာနေတယ်။ ဓါတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ ဟော်မုန်း အတုဖြစ်တယ်။ တရားဝင် အသိအမှတ် မပြုသေးပါ။


Alternative medical therapies ကျွန်တော်တို့လို သမားရိုးကျ ဆရာဝန်တွေသုံးနည်း မဟုတ်တာတွေလဲ သုံးကြတယ်။
• Phytoestrogens, Isoflavones အပင်တွေကနေရတဲ့ Plant estrogens တွေပါတာမျိုး သုံးနိုင်တယ်။ Isoflavones ဓါတ်ပေါင်းဟာ Soy ပဲပုပ်မှာ ပါတယ်။ အဆတော့ အင်မတန်နည်းတယ် Estradiol တကယ့် အီစထိုဂျင်ရဲ့ တထောင်ပုံ တပုံ၊ တသိန်းပုံတပုံသာ ပါတယ်။ Chick peas ကုလားပဲ နဲ့ Lentils ပဲနီလေးတွေမှာလဲ ပါတယ်။
• Vitamin E ဗီတာမင် အီး ကိုလဲ သုံးနိုင်တယ်။
• Himalaya ကနေထုတ်တဲ့ Menosan ဆေးမှာ Herbal ingredients (ဟာဗယ်) ဆေးတွေ ပါတယ်။
• ပေါ်ပြူလာဖြစ်နေတဲ့ နောက်တမျိုးကတော့ Mexican yam ကနေထုတ်တဲ့ Tibolone လို့ ခေါ်တယ်။


Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု
၁။ Benificial အကျိုးများစေမဲ့ဆေး
(က) Oestrogens (အီစထိုဂျင်) မ-ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုမှာ Oestrogens ဆေးပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ စနစ်တကျလေ့လာမှု ၂ ခုမှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလဲ နည်းစေတယ်။ Urogenital symptoms ဆီးလမ်း-မွေးလမ်း လက္ခဏာတွေကို ပိုမိုကောင်းမွန်စေတယ်။ စနစ်တကျလေ့လာမှု ၁ ခုမှာ စိတ်ဓါတ်ကျတာကို သက်သာစေတယ်။ ကွက်ကျား-လေ့လာမှု ၄ ခုမှာ Quality of life လူနေမှုတန်ဘိုး ရေတို ကောင်းမွန်စေတယ်။
(ခ) Progestogens (ပရိုဂျက်စတိုဂျင်) ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုနဲ့ ကွက်ကျား-လေ့လာမှု ၆ ခုမှာ Progestogens ပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သက်သာစေတယ်။ တခြားပိုကောင်းတာ မတွေ့ရဘူး။
(ဂ) Tibolone (တီဘိုလုံး) ဟော်မုန်း၊
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Vasomotor symptoms လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vasomotor symptoms လက္ခဏာတွေကို သက်သာစေတာမှာ Oestrogen/Progestogen ပေးတာထက် မညံ့ဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vaginal dryness မွေးလမ်းကြောင်း ခြောက်သွေ့တာကို သက်သာစေရာမှာလဲ သိသာတဲ့ ကွာခြားချက် ၄၈ ပတ်အကြာမှာ မတွေ့ရဘူး။ လေ့လာမှုတခုမှာ Sexual satisfaction လိင်ကိစ္စ ကျေနပ်မှုမှာ Oestradiol + Noresthisterone ပေးတာထက် ပိုကောင်းတယ်လို့ မတွေ့ရဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Sexual fantasies and arousability လိင်ပိုင်းဆိုင်ရာ ဆန်းပြားမှုနဲ့ နိုးထမှုတွေမှာ ဆေးမပေးသူတွေထက် ၃ လ အကြာမှာ ပိုကောင်းတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Conjugated Oestrogen ပေးတာထက် Sexual desire လိင်စိတ်ဖြစ်ပေါ်တာ နဲ့ Coital frequency လိင်ဆက်ဆံမှု အကြိမ် ပိုသာတာ တွေ့ရတယ်။


၂။ Likely to be beneficial အကျိုးရှိမယ်လို့ထင်ရတာ
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Phyto-Oestrogens ပါတဲ့ Soy protein ပေးတာဟာ မပေးသူတွေထက် လက္ခဏာ ခံစားရတာ သက်သာတယ်။ ဒါပေမဲ့ ၆ ပတ်အကြာမှာ လက္ခဏာပေါ်တဲ့ အကြိမ်ရေ အနည်းဘူး။


Phyto-Oestrogens ဆိုတာ လူတွေစားတဲ့ အစားအစာထဲမှာ ပါနေတဲ့ မ-ဟော်မုန်း (အီစထိုဂျင်) ကိုခေါ်တယ်။ ကနေဒါ သုတေသန တခုအဆိုအရ Nuts အစေ့အဆံတွေ၊ Oilseeds အစေ့အဆံတွေကရတဲ့ဆီ၊ Soy products ပဲပုပ်၊ Cereals ပြောင်း-ပြောင်းနှံ၊ Breads ပေါင်မုံ့၊ Legumes ပဲတောင့်ရှည် နဲ့ Meat အသားတွေမှာ ပါတယ်။ Flax seed ဗီသွာ (နှမ်းကြတ်) နဲ့ Oilseeds စေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ Soybeans ပဲပုပ် နဲ့ Tofu တို့ဟူးတို့က ဒုတိယ လိုက်တယ်။


၃။ Unknown effectiveness ဘာလို့ ထိရောက်မှုရှိတယ်ဆိုတာ ပြောမရတာ
- Antidepressants စိတ်မကျဆေးတွေ
- Clonidine သွေးတိုးဆေး၊
- Testosterone ကျား-ဟော်မုန်း၊


Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) ကိုလဲဖတ်နိုင်ပါတယ်။


Dr. တင့်ဆွေ

မြန်မာအမျိုးသမီး ယူ ၁၉ အသင်း တတိယရရှိ


ထိုင်းနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအမျိုးသမီးအသင်းက စင်ကာပူ အမျိုးသမီး ယူ၁၉ အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အုပ်စုပွဲတွေအပြီး အိမ်ရှင် ထိုင်းက ရမှတ် ၁၂ မှတ် နဲ့ ပထမ၊ ဗီယက်နမ်က မြန်မာနဲ့ ၇ မှတ် တူပေမယ့် ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရရှိပြီး ထိုင်းနှင့် ဗိုလ်လုပွဲ ကစား ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ ပင်နယ်တီအထိ ကန်ခဲ့ရပြီး ထိုင်းအသင်းက ဗီယက်နမ် ကို ၅ – ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ရရှိခဲ့ပါတယ်။

By ဒီဗွီဘီ

ကျောက်မဲမြို့နယ်တွင် ဘိန်းဖြူ ၁ ဒဿမ ၂ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၆ ပြား ဖမ်းဆီးရမိ

သြဂုတ် ၂၄ ရက်က ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်ပေါင်းရွာရှိ အောင်သန်း ဆိုသူ၏ နေအိမ်အား ရှာဖွေရာ ၎င်းနှင့် အတူ ဇနီးဖြစ်သူ မအေးဦး အား တွေ့ရှိရပြီး ဘိန်းဖြူ ၁ ဒဿမ ၂ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၆ ပြား ဖမ်းဆီးရမိသဖြင့် အောင်သန်း (၃၃ နှစ်) နှင့် မအေးဦး ( ၃ဝ နှစ်) တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည်

မာရာဒိုနာ၏ ယောက္ခထီးဟောင်းသေနတ်ဖြင့်ပစ်ခတ် ဓားပြတိုက်ခံရ


မာရာဒိုနာအတွက် အငယ်ဆုံးရင်သွေး ဖြစ်သော သားငယ်ဖာနန်ဒိုဂီဒိုင်
တိုကို မွေးဖွားပေးခဲ့သည့် ဇနီးဟောင်းဗာရိုနီကာအိုဂျီဒါ၏ ဖခင်ကားလို့စ် အိုဂျီ
ဒါမှာ သြဂုတ် ၂၃ရက်က အာဂျင်တီးနားနိုင်ငံ ဘရူနိုအေးရီးစ်မြို့တော်တောင်ပိုင်း
ရှိ ပူအန်တီလာနိုရီယာအရပ်၌ ကားမောင်းလာစဉ် အခြားကားတစ်စီးမှ ပိတ်
ဆို့ရပ်တန့်ပြီး အကြမ်းဖက် ဓားပြတိုက်ခြင်း ခံခဲ့ရသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သောကားလို့စ်မှာ ဓားပြသုံးဦးကို ပြန်လည်ခုခံ
ရာတွင် ဓားပြတစ်ဦးက ပါလာသောသေနတ် ဖြင့် ခြေထောက်အား နှစ်ချက်
ပစ်ခတ်၍ ဆေးရုံသို့ တက်ခဲ့ရကာပေါင်တွင်းမှ ကျည်ဆန်များကို ခွဲထုတ်
ကုသခဲ့ရသည်။ အဆိုပါဓားပြများကကားလို့စ်၏ သမီး ဗာရိုနီကာနှင့် သားငယ်
ဖာနန်ဒိုဒီဂိုင်တိုတို့ကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ကြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

တက္ကသိုလ်ကျောင်းသူ သမီးရည်းစား စကားများ ရန်ဖြစ်ရာမှ လည်ပင်းကို ဓါးနဲ့ ထိုးတဲ့ လူသတ်မှုဖြစ်ပွား


သြဂုတ်လ (၂၆)ရက်နေ့ ည(၇)နာရီခန့် က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာမှာ သမီးရည်စား နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ သတင်းရရှိုပါတယ်။

ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာဝင်း တိုက်(၃၂)၊ အခန်း(၁၀)၊ (၃)လွှာမှာ အပြင်မှ တံခါးခေါက်ကာ "အမေရေကယ်ပါဦး" ဟု ခေါ်သံကြားတာကြောင့် ကိုအာကာဝဏ္ဏ နှင့် အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးတို့ တံခါးသွားဖွင့်ရာမှာ ညီမဖြစ်သူ မအေးချမ်းမြတ်မိုး (အသက်(၁၉)နှစ် ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ အဝေးသင် တက္ကသိုလ် - ဒဂုံ) ရဲ့ လည်ပင်းဝဲဘက်ခြမ်းမှာ သွေးထွက်ဒဏ်ရာနဲ့ လဲကျသွားပါတယ်။

ဒဏ်ရာနဲ့ မအေးချမ်းမြတ်မိုးကို မိသားစုမှ ကားငှားကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ပို့ ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဓါးနဲ့ ထိုးသူကို စုံစမ်းရာမှာ ကိုအံဖြိုးပိုင် ၊ အသက်(၂၂)၊ တိုက်(၂)၊ အခန်း(၆)၊ ဦးဝိစာရ အိမ်ရာ၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံမြို့ နယ် နေသူဖြစ်ကြောင်း သိရပါတယ်။

သြဂုတ်လ (၂၆)ရက်နေ့ ည (၇)နာရီခန့် က မအေးချမ်းမြတ်မိုးနှင့် ရည်းစားဖြစ်သူ ကိုအံ့ဖြိုးပိုင် တို့ စကားများ ရန်ဖြစ်ရာမှ ကိုအံ့ဖြိုးပိုင်မှ ဓါးနှင့်ထိုး၍ မအေးချမ်းမြတ်မိုး လည်းပင်းမှာ ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိပြီး သေဆုံးသွားသောကြောင့် ကိုအံ့ဖြိုးပိုင် အပေါ် အရေးယူပေးပါရန် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏမှ တရားလို ပြုလုပ်တိုင်တန်း အမှုထားပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပါတ်သတ်ပြီး ဒဂုမမစ (ပ) ၁၈၄/ ၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်ဇာနည်ထွဋ်မှ တရားခံအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ စုံစမ်း သိရှိရပါတယ်။

BY THIT HTOO LWIN

တပ်မတော်သည် ဖွဲ့စည်းပုံဥပဒေအရ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ဟု ကာချုပ် ပြော

တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တာဝန်ထမ်း ဆောင်နေခြင်း ဖြစ်ကြောင်း ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၅ ရက်ညနေပိုင်းတွင် နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ UWSA ”ဝ” အဖွဲ့မှ ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦး ကျောက်ကော်အမ်း ဦးဆောင်သော အဖွဲ့နှင့် NDAA (မိုင်းလား) အဖွဲ့ ဒု တိယဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သော အဖွဲ့တို့အား လက်ခံတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
UWSA ”ဝ” အဖွဲ့မှ ငြိမ်းချမ်း ရေး မူ ၆ ချက်နှင့် ပတ်သက်၍ မေး မြန်း ဆွေးနွေး ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပထမအချက်ဖြစ်သည့် တစ် ဦးနှင့် တစ်ဦး ယုံကြည်မှုရှိရန်၊ ငြိမ်းချမ်းရေး ကို အမှန်တကယ် လိုချင်စိတ် ရှိရန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ် ဦး ယုံကြည်မှု မရှိပါက တွေ့ဆုံ ဆွေး နွေးမှု များ အောင်မြင်မှု အကျိုးရှိ နိုင်မည် မဟုတ်ကြောင်း၊ တစ်စုံ တစ်ခု သော အကျိုးကို ရည်ရွယ်၍ အပေါ် ယံငြိမ်းချမ်းရေး လုပ်ဆောင်မှုဆိုပါက ခိုင်မာမှု မရှိနိုင်ကြောင်း၊ ဒုတိယအ
ချက်ဖြစ်သည့် ကတိကဝတ်များနှင့် ပတ်သက်၍ ကတိတည်ရန်လိုကြောင်း၊ နှစ်ဖက်ညှိနှိုင်းထားသည့် တိုက်တွန်း ချက်၊ တားမြစ်ချက်များနှင့် ပတ်သက် ၍လည်း လိုက်နာရန် လိုအပ်ပါ ကြောင်း၊ တတိယအချက် ဖြစ်သည့် ငြိမ်းချမ်းရေး ရယူမှုအပေါ် အမြတ်မထုတ်ရန်မှာလည်း အဖွဲ့အချို့၏ အင်အားစုခြင်း၊ ဆက်ကြေးကောက် ခြင်း၊ လက်နက် တပ်ဆင်ခြင်း၊ တပ် နေရာတိုးချဲ့ခြင်း စသည်များကို မကြာ ခဏ တွေ့ဆုံနေရ၍ ထည့်သွင်းထား ခြင်း ဖြစ်ကြောင်း၊ စတုတ္ထ အချက်မှာ ပြည်သူလူထုအပေါ် ဝန်ထုပ် ဝန်ပိုး
မဖြစ်စေရန်၊ ဖိအားမပေးရန် ဖြစ် ကြောင်း၊ ပြည်သူလူထုသည် မည်သည့် လက်နက်မျှ ကိုင်ဆောင်ထားခြင်း မရှိ ၍ လက်နက်ဖြင့် ဖိအားပေးခြင်းသည် ပြည်သူလူထု အတွက် နစ်နာဆုံးရှုံးမှု များစွာ ဖြစ်စေခြင်းကြောင့် ဝန်ထုပ်ဝန် ပိုး မဖြစ်စေရန်တားမြစ်ခြင်းသာ ဖြစ် ကြောင်း၊ ပဉ္စမအချက် ဖြစ်သည့် ထုတ် ပြန်ထားသည့်ဥပဒေများအား လိုက်နာ ခြင်း မပြုပါက အရေးယူရမည်သာ ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လူသတ် မှု၊ အဓမ္မမှု၊ မူးယစ်ဆေးဝါးမှုများ ဖြစ်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ် ကြောင်း၊ အလားတူ နိုင်ငံတကာမှကျင့်သုံးနေသော ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များ ကိုလည်း လိုက်နာ စောင့်ထိန်းရမည် ဖြစ်ကြောင်း၊ ဥပမာ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု စသည့် ကိစ္စရပ်များကို မည်သူမျှ ချိုးဖောက်၍ မရကြောင်း၊ တည်ဆဲဥပဒေများကို အားလုံးလိုက်နာ ရန်လိုအပ်ပါကြောင်း၊ ဆဋ္ဌမအချက် ဖြစ်သည့် ဒီမိုကရေစီ ကျင့်စဉ်များကို လိုက်နာကျင့်သုံးရန် လိုအပ်သကဲ့သို့ လက်ရှိ ကျင့်သုံးနေသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရသည် လွှတ်တော်မှ တစ်ဆင့် ပေါ်ပေါက်လာရသကဲ့သို့ လွှတ်တော် ပေါ်ပေါက်လာခြင်းသည်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ကိုယ်စား လှယ်များ ရွေးကောက် တင်မြှောက်ခဲ့ ၍ဖြစ်ကြောင်း၊ တပ်မတော်သည် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ထမ်းဆောင်နေခြင်း ဖြစ် ကြောင်း၊ သို့ဖြစ်၍ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဒီမိုကရေစီ အနှစ်သာရကို လိုက်ပါရန်လိုကြောင်း၊ ငြိမ်းချမ်းရေးမူ ၆ ချက်သည် အကျိုး သင့်အကြောင်းသင့် လိုက်နာသင့်သော အချက်များဖြစ်၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြား သည်။
NDAA (မိုင်းလား) အဖွဲ့က လည်း အပစ်အခတ်ရပ်စဲခဲ့မှု၊ ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဆောင် ရွက်မှု၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာများ တင်ပြဆွေး နွေးရာ တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်က အဓိကမှာ နိုင်ငံတော် အကျိုး၊ နိုင်ငံတော်တိုးတက်ရေးကို ရှေးရှု ဆောင်ရွက်ရန်နှင့် နိုင်ငံတော် အကျိုးစီးပွား ထိခိုက်စေမည့်၊ နိုင်ငံ တော် မျက်နှာပျက်စေမည့်၊ ဒို့တာဝန် အရေးသုံးပါး ထိခိုက်စေမည့် ကိစ္စ ရပ်များကို ရှောင်ရှားရမည် ဖြစ် ကြောင်း၊ အဖွဲ့အစည်း အားလုံးအပါ အဝင်
မိမိတပ်မတော်သားများလည်း လိုက်နာရမည် ဖြစ်ကြောင်းဖြင့် ပြန် လည် ဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီး UWSA ”ဝ” အဖွဲ့မှ ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦး ကျောက်ကော်အမ်းနှင့် တာဝန်ရှိသူ များ၊ NDAA (မိုင်းလား)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစံပေ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 Credit To; http://www.popularmyanmar.com/

တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့


တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက် မအချင်းရှိ သံခေါင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

ဟိုအား နီးစပ်ရာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာဝန်များက သံချောင်းဖြတ်ရာတွင် ကျွမ်းကျင်သည့် မီးသတ်သမားများအား ခေါ်ယူကာ အစိတ်အပိုင်း အများ အပြားအား ဖြတ်တောက်စေခဲ့ပြီး ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ ဦးခေါင်းအတွင်း ကျန်ရှိနေသည့် သံချောင်းကို ဆက်လက်ထုတ်ခဲ့ကြသည်။

Metal bar 2

သံချောင်းသည် လမ်းကြောင်းအနည်းငယ်စောင်းပြီး ၀င်ရောက်ခဲ့ပါက ဟိုအနေဖြင့် ဦးနှောက်သို့မဟုတ် မျက်လုံးအိမ်ကို ထိခိုက်သွားနိုင်ပြီး အသက်သေစေနိုင်သည် အထိ ဒဏ်ရာပြင်းထန်နိုင်ကြောင်း ဆရာဝန်များ က ပြောကြားသည်။

Aye han Mon Credit To; http://mizzimaburmese.com/

မွေးနေ့ကျရင် ချောင်းသာမှာရှိနေရမှာဖြစ်ပေမယ့် We Love Nay Toe အဖွဲ့နဲ့အတူ အလှူအတန်းတွေတော့ လုပ်သွားမှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး

ကိုယ်လုပ်သမျှအရာရာတိုင်းဟာ အနုပညာအတွက် ဖြစ်နေရမယ်လို့ သတ်မှတ်ပြီး ကြိုးစားနေသူတွေထဲမှာ နေတိုးလည်း တစ်ဦးအပါအ၀င်ပါ။ သူကျရာဇာတ်ရုပ်မှာသာမက၊အငြိမ့်ဆိုလည်း အငြိမ့်၊ အဆိုဘက်မှာလည်းမလစ်ဟာရအောင် သူ့ဝါသနာကို အရင်းတည်ပြီး သူချစ်တဲ့ ပရိသတ်ကို ချပြပေးနေကျ။ ဒါ့ကြောင့်လည်း သူ့ကိုချစ်တဲ့ပရိသတ်တွေ ဖွဲ့ထားတဲ့ We Love Nay Toe လို အဖွဲ့မျိုးတွေအထိတောင် ပေါ်ပေါက်လာတာသာ ကြည့်ပါတော့။

ခုလည်း စက်တင်ဘာ၉ရက်နေ့မှာ ကျရောက်မယ့် သူ့မွေးနေ့အတွက် သူအနေနဲ့ရော We Love Nay Toe အဖွဲ့လေးကပါ ဘာတွေစီစဉ်ထားတယ်ဆိုတဲ့အကြောင်း နေတိုးက “မွေးနေ့က ကျွန်တော်ချောင်းသားမှာ ရှိနေမယ်ဆိုတော့ အနီးအနားမှာရှိတဲ့ သူတွေနဲ့ပဲ မွေးနေ့ပွဲ ကျင်းပဖြစ်မှာပါ။

းနေ့အလှူက အွန်လိုင်းမှာရှိတဲ့ we love nay toe ဆိုတဲ့ အုပ်စုက လွန်ခဲ့တဲ့နှစ်ကလဲ အလှူငွေတွေနဲ့ ရန်ကုန်မှာရှိတဲ့ တချို့သော လိုအပ်နေတဲ့ နေရာမျိုးစုံ နေရာစုံကို သွားလှူကြတယ်။

မြးေ

ဒီနှစ်ကတော့ အရင်နှစ်ထက်ပိုပြီး အလှူငွေတွေ ပိုရထားတာတွေ့ရတယ်။ ကျွန်တော့်အနေနဲ့လဲ အလှူငွေကို ထပ်တိုးပြီး မန္တလေးနဲ့ရန်ကုန်ကို သိန်း၂၀စီလှူထားတယ်။ အဲ့ဒါကို ကျွန်တော့်မွေးနေ့မှာ သွားလှူဖို့ စီစဉ်ထားတယ်။ အဲ့လိုမျိုး ပရိသတ်တွေနဲ့ရောလှူတာမျိုးပဲ ရှိပါတယ်။

ဆင်တူ စတေကာအင်္ကျံလေးတွေ ၀တ်ပြီး we love nay toe အဖွဲ့က သွားလှူကြပါလိမ့်မယ်။ ချောင်းသာမှာ မွေးနေ့ပွဲကို အထိမ်းအမှတ်တစ်ခုအနေနဲ့ပဲ လုပ်မှာပါ။ နှစ်တိုင်းက မွေးနေ့ကို သိပ်အကြီးကြီး မလုပ်ဖြစ်ဘူး ဆိုတော့ ဒီလိုပဲ ရှုတင်မှာဖြတ်သန်းရင်းနဲ့ပဲ ကုန်ဆုံးမှာပါ။” လို့ ဆိုပါတယ်။

ရှေ့ဆက်ရမယ့် အနုပညာလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ရော ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖြစ်တဲ့ အချက်လေးတွေအကြောင်းပါ မေးကြည့်လိုက်တော့ သူက “အသက်ကြီးလာတာနဲ့အမျှ ကျွန်တော့်အနေနဲ့ကတော့ ရှေ့ဆက်ရမဲ့လမ်းမှာ အလုပ်တွေ ပိုများလာတယ်။ အသက်အရွယ် ကြီးလာတဲ့အပေါ် သိပ်ပြီး serious မရှိပါဘူး။

ကျွန်တော်ရသမျှသော အနုပညာကြေးတွေကို ရာခိုင်နှုန်း တော်တော်များများ ၉၀ ရာခိုင်နှုန်းလောက်ကို အနုပညာထဲမှာပဲ မြှုပ်နှံဖို့ကို စိတ်ကူးထားတယ်။ ကျွန်တော်သည် အနုပညာရှင်တစ်ယောက်ဆိုတာထက် အနုပညာရှိလို့ ရှင်သန်နေရတဲ့ သူတစ်ယောက်လို့ကိုယ့်ကိုယ်ကို ခံယူထားတယ်။

ဒီအနုပညာကို ဒီ့ထက်မက ရှင်သန်နိုင်ဖို့အတွက် ဒီပရိသတ် အားပေးမှုကြောင့် ရလာတဲ့ အကျိုးအမြတ်တွေ အားလုံးကို ပရိသတ်တွက်ပဲ ပြန်အသုံးချသွားမှာပါ။ အချစ်ရေးကတော့ အလုပ်ထဲမှာ ညှပ်နေပါတယ်”တဲ့။

Treand Myanmar

လေးယောက်မြောက် ယောင်္ကျားယူအုံးမည့် နာမည်ကျော်အဆိုတော်


မကြာမီက ဂျေလိုသည် အသက် ၂၇ နှစ်အရွယ်Casper Smart နှင့် တွဲနေမှုကို ရည်ညွှန်း၍" ရှင် ကောင်ငယ်ငယ်လေးတွေကို သဘောကျလား" ဟု မေးလိုက်သည် ။
တီဗွီရုပ်သံ အစီအစဉ်မှူး Chelsea Handlerချဲလ်ဆီးဟန်ဒလာ နှင့် တွေ့ဆုံမေးမြန်းခန်း 

တစ်ခုတွင် အဆိုတော် ဂျနီဖာလိုပက်ဇ်က -
"ကျွန်မ နောက်ထပ် အိမ်ထောင်ပြုအုံး၊ ကျွန်မ ဆက်ဆံပေါင်းသင်းရတာကို ကြိုက်တယ်၊ အပျက်မလို လျှောက် မနေချင်ပါဘူး။ အဲဒါမျိုး မလုပ်ဘူး၊ ကျွန်မ ဒီလို အစားထဲက မဟုတ်ဘူး"ဟု သုံးကြိမ်တိုင်တိုင် လက်ထပ်ဖူးသူ အသက် ၄၅ နှစ်အရွယ် ဂျေလိုက ပြောသည်။

ယခုအခါတွင် တတိမြောက် ယောက်ျားနှင့် ကွာရှင်း ထားသူ၊ ကလေးနှစ်ယောက် မိခင် ဂျနီဖာလိုပက်ဇ်က" ဟုတ်တယ်။ ကျွန်မ လူငယ်လေး တစ်ယောက်နဲ့ တွဲနေတယ်။ ကျွန်မ နောက်ဆုံး ချစ်သူပေါ့"ဟု ၎င်းကပြောသည်။ ၎င်းက ပြောပြရာတွင် အရင်က လက်ထပ်ခဲ့သည့် နာမည်ကျော် ယောက်ျားများနှင့် ရည်းစား ချစ်သူ အများစုမှာ ၎င်းထက် အသက်ပိုကြီးသူ သို့မဟုတ် သက်တူ ရွယ်တူများသာ ဖြစ်ကြောင်း ၎င်းသည်အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိသူကိုသာ စိတ်ဝင်စားကြောင်း ပြောသည်။

ယခင်က Ben Affleck, Sean Diddy Combs တို့နှင့် တွဲခဲ့ဖူးပြီး Marc Anthony နှင့် ၁ဝ နှစ် တိုင် လက်ထပ်ခဲ့ဖူးသူ ဂျနီဖာက "ကျွန်မ ကကြိုတင်စီမံကိန်းတွေ ဆွဲမထားပါဘူး။ သူ့အလိုအလျောက် ဖြစ်ဖြစ် လာကြတာပါ။ ကျွန်မ စီမံကိန်း ကောင်းကောင်း ဆွဲဖို့တော့ လိုနေပြီ ထင်တယ"်ဟု အဆိုတော် ဂျနီပါလိုပက်ဇ်က ပြောသည်။

Mizzima News Daily

ခရမ်းချဉ်သီးကို ဒီလို သုံးလို့ ရပါတယ်


သဘာဝကပေးတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ အထူးသဖြင့်
ကတော့ အမျိုးသမီးများ အတွက် ဖြစ်ပါတယ်။ အမျိုးသမီးများ မျက်နှာ အသားအရေ ကြည်လင် တောက်ပြောင် ချင်တယ်ဆိုရင် ခရမ်းချဉ်သီးကို မှီဝဲသင့် ပါတယ်။
အသုံးပြုပုံကတော့ ခရမ်းချဉ်သီးကို ပါးပါးလေး လှီးကာ မျက်နှံပေါ်သို့
မီးနစ် ၂၀ (သို့) ၃၀ လောက် တင်ပေးပါက မျက်နှာပေါ်မှာ ရှိတဲ့
အဆီများကို စုပ်ယူနိုင်တဲ့အပြင် အသားအရေကိုလည်း လှပစေပါတယ်။
ဒါ့အပြင် ဟင်းအဖြစ် ချက်ပြုတ်စားသောက် ပါကလည်း လှပသော
အသားအရေကို ပိုင်ဆိုင်စေနိုင် မှာပါ။ မျက်နှာ အသားအရေနှင့်
ခန္ဓာကိုယ် အသားအရေကို ဂရိုစိုက်သော အမျိုးသမီးများ အနေနဲ့ မျှဝေရေးသား ပေးလိုက်ရပါတယ်။
နားပြည်ယိုခြင်းကို ကြက်သွန်နီဖြင့် ကုမယ်
********************************
နားကိုက်ခြင်း ဖြစ်ပေါ်တဲ့အခါမှာ တကယ်ထိရောက်ပြီး အသုံးဝင်မယ့်
နည်းလမ်းလေး ဖြစ်တာမို့ မျှဝေပေးလိုက် ရပါတယ်။
ကုသနည်း
ကြက်သွန်နီကို အရည်ညစ်လိုက်ပါ။ ထိုအရည်များကို နားအတွင်းသို့
တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် ထည့်ပေးခြင်း အားဖြင့် နားပြည်
ယိုခြင်းကို သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။
သို့သော် ကြက်သွန်နီ အရည်ကို ဂရုတစိုက် နားပြည်ယိုခြင်း မပျောက်မခြင်း ခတ်ပေးဖို့ လိုပါတယ်။
ကျော်လင်းနိုင်

စစ်တပ်က ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားဟု သမ္မတ ပြော


တပ်မတော်က ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနဲ့ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
“၀” အထူး ဒေသ ၂ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ မြောက်ပိုင်း ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်တဲ့အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် သမ္မတက ပြောကြားလိုက်တာပါ။


ဒီတွေ့ဆုံပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်လက်မှတ်ရေး ထိုးနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။
ခုလိုတွေ့ဆုံရာမှာ သမ္မတက ပြဿ နာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်တာနဲ့ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး စတဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ကလည်း ပြည်ထောင်စုအစိုးရ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းမည်ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကိုသာ ကျင့်သုံးဖို့ ကတိပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။သမ္မတနဲ့ တွေ့ဆုံအပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံရာမှာတော့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက် ကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စနဲ့ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မူဝါဒ ၆ ရပ် ချမှတ်လုပ်ဆောင်နေကြောင်း၊ တဦးနှင့်တဦး ယုံကြည်မှုရှိပြီ ကတိကဝတ်များနှင့်အညီ ဆောင်ရွက်ပါက ငြိမ်းချမ်းရေးမရစရာ မရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်မှာတော့ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်တွေကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီမှုတွေကို အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်နဲ့ ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုက်နာရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဝ၊ မိုင်းလားနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့က ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီကနေ့ နေပြည်တော်မှာ လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။

DVB

RCSS/SSA ဖမ်းဆီးခံ သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့တည့်မှုကြောင့် မိသားစုဝင်လူငယ်များအား လူသစ်အဖြစ် လဲလှယ်


မ်းပြည်နယ်တောင်ပိုင်း ၊ လင်းခေးမြို့နယ်၊ ၀မ်ကျိုကျီကျေးရွာအနီးတွင် သြဂုတ်လ ပထမပတ်က ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့မှ ဖမ်းဆီးသွားသော သက်ကြီးရွယ်အိုများအစား မိသားစုဝင် လူငယ်များ လူသစ်အဖြစ် အစားထိုးလဲလှယ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။


အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူသစ်မလုပ်လို၍ တိမ်းရှောင်နေသော ဒေသခံလူငယ်များအစား မိသားစုဝင် သက်ကြီး ရွယ်အို အမျိုးသမီးများကို RCSS/SSA အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“ တောထဲမှာဆိုတော့ ကျန်းမာရေးက မကောင်းဘူး၊ နောက်ဆုံးတော့ ကလေးတွေ ပြန်ဆက်သွယ်ပြီး အစားထိုးလဲလှယ် ခိုင်းရတာပါ၊ အဲဒီလို လုပ်ရတဲ့အတွက် ကလေးတွေလည်း စိတ်ထိခိုက်သွားကြတယ်၊ ဒါပေမယ့် ကိုယ့်အမေ၊ အဘွားတွေ အတွက် အနစ်နာခံရတာဆိုတော့ ကုသိုလ်ရပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးထားသော သက်ကြီးရွယ်အို ရှမ်းတိုင်းရင်းသူများမှာ နောင်လုံကျေးရွာမှ (၇) ဦးနှင့် ပန်ကျင် ကျေးရွာမှ (၄) ဦး စုစုပေါင်း (၁၁) ဦးခန့်ရှိကြောင်း သိရသည်။

“ အစားထိုးလဲလှယ်တဲ့ လူငယ်တွေအပါအ၀င် လူသစ်စုဆောင်းခဲ့ရတဲ့ ဦးရေဟာ (၆၀) လောက်တော့ ရှိမယ်၊ ဟိုတစ်နေ့ ကတော့ လွယ်ဆပ်တောင်ဘက်ကို ခေါ်သွားတာတွေ့တယ်၊ အဲဒီမှာ စစ်သင်တန်း ဖွင့်မယ်လို့လည်း ကြားတယ် ´´ ဟု အသက်ခုနှစ်ဆယ်အရွယ် အဘိုး စိုင်းလုံစံက ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် စုဆောင်းရရှိသော လူသစ်များအား အဆိုပါတောင်တွင် စစ်သင်တန်းဖွင့်လှစ်သင်ကြားပါက ဆန်၊ဆီနှင့် ငွေကြေးများကို အနီးဝန်းကျင်ကျေးရွာများသို့ လာရောက်ကောက်ခံမည်ဖြစ်၍ ဒေသခံများလည်း စိတ်ပျက်နေ ကြကြောင်း ၀မ်ကျိုကျီ ရွာသားတစ်ဦးက ပြောကြားသွားသည်။
Shan News

တောင်ကိုရီးယား၌ မိုးသည်းထန်မှု ငါးဦးသေဆုံး ဘူဆန်မြို့ မီးရထားပြေးဆွဲမှု အနှောင့်အယှက်ဖြစ်


တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း အရာရှိ များကပြောသည်။ တောင်ပိုင်းရှိ ချန်ဝမ်မြို့အနီး၌ ရေကြီးမှုကြောင့် ဘတ်စ်ကားတစ်စီးရေထဲ မျောပါသွားခဲ့ရာ လေးဦးပျောက်ဆုံးနေပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ယွန်ဟတ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၎င်းရေကြီးမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘူဆန်၌ လေးဦးသေဆုံးခဲ့သည်။ နှစ်ဦးမှာရေမြုပ်နေသော မြို့တွင်းမြေအောက် လမ်းပေါ်ကားမောင်းနှင်သွားစဉ် ရေနောက်မျောကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ အင်ဂျင်နီယာတစ်ဦးမှာ ရေမြုပ်နေသော အဆောက်အအုံအတွင်း မြေအောက်လျှပ်စစ်ဓာတ်အားလိုင်းများကို စစ်ဆေးမှုပြုလုပ်နေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟုယူဆရသည်။

၎င်းမိုးရွာသွန်းမှုကြောင့် ဘူဆန်ရှိ မီးရထားပြေးဆွဲမှုများကို အနှောင့်အယှက်ဖြစ်ရုံသာမက နျူကလီးယားစက်ရုံ တစ်ရုံလည်း လုပ်ငန်းများရပ်ဆိုင်းခဲ့ရသည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနအနေဖြင့် မိုးဆက်လက်ပိုလာနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။

(ဘီဘီစီ)

အောင်မြင်မှု ရေရှည် တည်တံ့နေဖို့ အရည်အချင်း ဆိုတဲ့ ဒေါက်တစ်ခုလည်း လိုတယ်ဆိုတဲ့ အိမ့်ချစ်


လတ်တလောတွင် နယ်ရှိုးပွဲများ ဆက်တိုက် သီဆိုနေရပြီး မကြာသေးမီက ထွက်ရှိထားသည့် ''အချစ်ရေး'' တေးသီချင်းအတွက် ဗီစီဒီ ရိုက်ကူးနေမှုများ ပြုလုပ်နေသည့် အဆိုတော် အိမ့်ချစ်က အောင်မြင်နေမှု ရေရှည် တည်တံ့နေရန် အတွက် အရည်အချင်းဆိုသည့် ဒေါက် တစ်ခု ရှိရန်လို အပ်ကြောင်း ယခုလို ပြောပြခဲ့သည်။

''ပေါ်ထွက်လာတဲ့ အနုပညာရှင် အသစ်တွေက သေချာ လေ့လာ သင်ယူပြီးမှ ထွက်ပေါ် လာတဲ့ အဆိုတော်တွေ များပါတယ်။ ဖြစ်ချင်ရုံ တစ်ခုတည်းနဲ့၊ အသံလေးကောင်းရုံနဲ့ ထဆိုရင်တော့ မ ဖြစ်နိုင်ဘူးပေါ့။ ကံအရမ်းပါလာရင်တော့ ဖြစ်သွားလိမ့်မယ်။ အရည်အချင်း ရှိဖို့လည်း လိုပါတယ်။ အဲဒီတော့ ကိုယ့်ဘာသာ ဖြစ်နိုင်ခြေ ရှိလားဆိုတာ အရင် စဉ်းစား ရမယ်။ ဖြစ်နိုင်ခြေ ရှိပြီဆိုရင် ကိုယ့်ယုံကြည်ချက်အတိုင်း ဖြစ်နိုင်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာက ကြိုးစားရင် လွယ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုကို ထိန်းထား နိုင်ဖို့ ဆိုတာ အရမ်းခက် ခဲပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို မကျအောင် ကြိုးစား ရမယ်။ အမြဲတမ်း တီထွင်ဆန်းသစ် နိုင်ရမယ်။ ပြီးတော့ကိုယ့်ရဲ့ ကံတို့၊ ဆန်းတို့ ကျမသွားဖို့ ဆိုတာ ကလည်း ဘာသာတရားနဲ့ ထိန်းထား နိုင်ရမယ်။ အများကြီး အဘက်ဘက် ကနေ ဒေါက်တွေ ထောက်ထား နိုင်ရမယ်။ အဲဒါမှ နေရာတစ်နေရာမှာ အောင်မြင်စွာ ရပ်တည် နိုင်မှာပါ''ဟု သူမက ပြောပြခဲ့သည်။


သူမ၏ ''အချစ်ရေး'' အခွေ ထွက်ရှိပြီးသည့် နောက်ပိုင်းတွင် ပရိသတ်များ စိတ်ဝင်စား လျက်ရှိ နေသေးသည့် အိမ့်ချစ်၏ အချစ်ရေး အကြောင်းကိုလည်း ''အိမ့်ချစ်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကတော့ ရှိတာပေါ့နော်။ အိမ်ထောင်ပြုဖို့ ကိုတော့ အခုချိန်မှာ မစဉ်းစား သေးပါဘူး။ ညီမကကိုယ့် ဘာသာ လွတ်လွတ်လပ်လပ် နေရ တာကို ကြိုက်တယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့နောက်မှာ ကိုယ့်ကို အမှီပြု နေရတဲ့ မိသားစုလည်း ရှိသေးတဲ့အတွက် အိမ်ထောင်ပြု ပြီးတော့ ရုန်းထွက်သွားတယ်ဆိုတဲ့ တစ်ကိုယ်ကောင်း ဆန်တာမျိုး ကိုတော့ အခုချိန်မှာ မလုပ်ချင်သေးပါဘူး'' ဟု ဆက်လက် ပြောပြခဲ့သည်။

မလေးရှားရှိ စက်ရုံလုပ်သားများ ဆူပူအုံကြွမှုတွင် မြန်မာလုပ်သားများပါဝင်


ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာ စက်ရုံအတွင်းမှ အလုပ်သမားများ (ဓာတ်ပုံ − The Star)
မလေးရှားနိုင်ငံ၊ ကူလိုင်းဂျာရာမြို့ရှိ HDD အီလက်ထရွန်နစ်စက်ရုံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ အပါအ၀င် အလုပ်သမား ၈၀၀ ကျော်သည် အလုပ်ရှင်၏ ဖိနှိပ်မှု များကြောင့် ဆူပူများဖြစ်ပွားရာ စက်ရုံကို ဖျက်ဆီးကာ ကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြထား သည်။


သြဂုတ်လ ၂၆ ရက် နံနက် တွင် HDD စက်ရုံ၌ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ လုပ်သား ၈၀၀ ခန့်သည် အလုပ် ရှင်၏ ဖိနှိပ်မှုများကြောင့် စက်ရုံကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အလုပ်ရှင်၏ ကားကို မီးရှို့ခဲ့သောကြောင့် သက်ဆိုင်ရာ သံရုံးများက လာရောက်၍ ဖြေ ရှင်းမှုများပြုလုပ်ပေးနေကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြ သည်။

အလုပ်ရှင်၏ ရင့်သီးစွာ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်းခြင်းတို့ကြောင့် နီပေါနိုင်ငံသားဖြစ်သူ Kishor Rai က ဦးဆောင်၍ ဆူပူ မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း The Star သတင်းဌာနက ဖော်ပြ သည်။

‘‘သံရုံးကို အကြောင်းကြား လို့ သံရုံးက အခင်းဖြစ်ပွားတဲ့နေ ရာကို သွားပြီးဖြေရှင်းပေးနေပါ တယ်။ ဖျက်ဆီးမှုမှာ မြန်မာလုပ် သားတွေ ဘယ်လိုကစဖြစ်တယ် ဆိုတာတော့ မသိသေးပါဘူး’’ ဟု မလေးရှားနိုင်ငံ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကားမီးရှို့ဖျက်ဆီးတာကို မြန်မာလုပ်သားတွေက လုပ်တယ် လို့ မလေးရှားသတင်းစာတွေက ရေးထားကြတယ်။ အဲဒီစက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြဿနာဖြစ်နေတာ ကြာနေပြီ’’ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်နေထိုင်သော ကိုမျိုးမင်းက ပြောသည်။

ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်


ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်(ဓာတ်ပုံ − ခန့်ထက်)
7Day Daily
ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ်တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) မှ ကူညီထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဖော်ထုတ်ရေးကိရိယာ ExplosiveTrace Deteation System (ETDS) များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ်တို့တွင် စတင်အသုံးပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ JICA မှ သြဂုတ် ၂၆ ရက်၌ စ တင်လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခင်က မြန်မာနိုင်ငံ၏ လေဆိပ်များတွင် ဓားကဲ့သို့သော သံ နှင့် သတ္တုပစ္စည်းများစစ်ဆေး သော Walk Through များအ ထုပ်အပိုးများ၏ အတွင်းပိုင်းကိုစစ်ဆေးနိုင် X-Ray စက်များကို သာတပ်ဆင်ထားသည်။

‘‘အခုတပ်ဆင်တဲ့စက်က တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို စစ်ဖို့အတွက်ပါ။ အဓိကတော့ ယမ်းလိုဟာမျိုးတွေ ပါလာမှုရှိ၊မရှိကို စစ်ဆေးဖို့အ တွက်ပါ’’ဟု လေကြောင်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းကပြောသည်။

ယင်းစက်များသည် မြန်မာ နိုင်ငံ၏ လေဆိပ်များတွင် ပထမ ဆုံးတပ်ဆင်အသုံးပြုသည့်စက် များဖြစ်သည်ဟု ဦးဝင်းဆွေထွန်း ကဆိုသည်။

X-Ray စက်ကို ဖြတ်သန်း ပြီးသော အထုပ်အပိုးများတွင် မ သင်္ကာဖွယ်ရာတွေ့ရှိပါက ယင်း စက်နှင့် စစ်ဆေးမည်ဖြစ်ပြီး ယင်း စက်မှ ပေါက်ကွဲစေတတ်သော ပစ္စည်းများပါဝင်မှု ရှိ၊ မရှိ တိုက် ရိုက်စစ်ဆေးနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘စက်နဲ့ စစ်တဲ့အခါမှာ လွန် ခဲ့တဲ့ ခြောက်လလောက်က အဲဒီ အိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုထည့်ပြီး အသုံးပြု ထားတယ်ဆိုရင်တောင်မှ ဒီစက် က သိနိုင်တယ်’’ဟု ရန်ကုန်လေ ဆိပ်တွင် စစ်ဆေးရေးတာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ဂျပန်နိုင်ငံ JICA မှာ မြန်မာ လေကြောင်းကဏ္ဍတွင် ကူညီ ထောက်ပံ့ရန်၂၀၁၂ ခုနှစ်က Grant Agreement ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အ ရ စီမံကိန်းတစ်ခုဖြင့် ယခုတပ် ဆင်ထားသော ETDS စက်အပြင် လေကြောင်းလမ်းညွှန်စက်များ ဖြစ်သည့် VOR/DME စက်များ လေဆိပ်သုံးမီးသတ်ကားများ၊ လေယာဉ်ပြေးလမ်းမီးများ၊ အလို အလျှောက်ရာသီဥတုတိုင်းတာ သည့် စက်များ၊ လေယာဉ်ပြေး လမ်းမျက်နှာပြင် ကြမ်းတမ်းမှု တိုင်းတာသည့် စက်များစသည့် တို့ကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


မက္ကဆီကိုမှာ ထူးဆန်းတဲ့ မြေအက်ကွဲကြောင်းကြီး ဖြစ်ပေါ်


မက္ကဆီကို နိုင်ငံ မြောက်ပိုင်းမှာ ထူးဆန်းပြီး အလွန်ကြီးမား ရှည်လျားတဲ့ မြေအက်ကွဲမှုကြီး တခု သြဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
မြေအက်ကွဲကြောင်းကြီးရဲ့ တချို့နေရာဟာ အနက် ၁၅ ပေလောက်ရှိပြီး မြေအက်ကွဲကြောင်းကြီးက အရှည် ၁ ကီလို မီ တာ ကျော် ရှိတယ်လို့ သိရပါတယ်။
မြေအက်ကွက်ကြောင်းကြီးတလျှောက် ကောင်းကင်ပျံသန်း ဗွီဒီယိုရိုက်ကူးပြထားပါတယ်။
ဗွီဒီယို အောက်က တချို့မှတ်ချက်တွေထဲမှာ ကမ္ဘာ မြေပြင်မှာ ဇစ်နဲ့ ဆွဲဖွင့်လိုက်သလို ဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။
အခုလို မြေအက်ကွဲမှုကြီးမျိုးဟာ ရှားပါး ဖြစ်စဉ်လို့ ပြောလို့ရပြီး ဒါဟာ မြေငလျင် ဒါမှ မဟုတ် မြေအောက် လှုပ်ရှားမှု၊ ရွေ့ လျားမှုတခုခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြေအက်ကွဲလမ်းကြောင်းရှိနေတဲ့ လမ်းပိုင်းတဖက်တချက်မှာလည်း ရဲကားတွေက စောင့်နေပြီး ကားတွေ ရှေ့ဆက်သွားလို့ မရတာကို သတိပေးဖို့ ဖြစ်နိုင်ပါတယ်။
ဧရာဝတီ

အစ္စရေး နဲ့ ပါလက်စတိုင်း ရေရှည် အပစ်ရပ်ရေး


အစ္စရေး နဲ့ ပါလက်စတိုင်း တို့ အကြား သီတင်း ၇ ပတ်ကြာ တိုက်ခိုက် နေမှု ဟာ အီဂျစ်ရဲ့ ကြားဝင် စေ့စပ်ပေးမှု ကြောင့် ရေရှည်ခံမဲ့ အပစ် ရပ်ရေး သဘောတူ ကြပြီ ဆိုတဲ့ ကြေညာချက် ထွက်လာ လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ကြိုဆို လိုက်ပါတယ်။

ဒါပေမဲ့ ဒီတကြိမ် ကရော ရေရှည်ခံ ပါ့မလား။ ဂျရူစလာမ် မှ ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နဲလ်လီ သုံးသပ်တာကတော့ ဒီသဘောတူညီချက် ဟာ ဟားမားစ်တွေ ဘက် က အောင်ပွဲ လို့ မှတ်ယူ ပေမဲ့ တကယ်ပဲ သူတို့တောင်းဆို ထားတာတွေ ရပြီလား၊ သူတို့လိုချင်တဲ့ ဆိပ်ကမ်း၊ လေဆိပ် ဖွင့်ခွင့် တွေ ရပါ့မလား လို့ မှန်းကြည့်ပါတယ်။ တကယ်တော့ ဒီကိစ္စ တွေ ကို နောက်တလ ကြာမှ နှစ်ဖက် ဆွေးနွေးဘွယ်ရှိပါတယ်။

အခု ရေရှည် သဘောတူကြတဲ့ အပစ်အခတ် ရပ်ဆိုင်းမှု ကို အောင်ပွဲ လို့ မှတ်ယူတဲ့ ဟားမားစ် ပြောခွင့်ရ ပုဂ္ဂိုလ် ဆာမိ အဘူ ဇူရီ က၊ ဂါဇာရဲ့ အောင်ပွဲ ကို ကြေညာနိုင်ပါပြီ။ အခုဆိုရင် အစ္စရေး တွေ ရဲ့ သြဇာ အရှိန်အဝါ ကို အလဲဖြိုနိုင်ပါပြီ။ ဒါဟာ ဘုရားသခင် ရဲ့ ကျေးဇူးတော် နဲ့ ပါလက်စတိုင်း လူမျိုးတွေ ရဲ့ ကြန့်ကြန့် ခိုင်နိုင်မှု ကို အလေးထားရမှာပါ လို့ ပြောတာပါ။

အစ္စရေး အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် မာခ်ရေဂျက်ဖ် ကတော့ ဂါဇာဒေသ ပြန်လည်ထူထောင်ရေး ကို သူတို့ အကူအညီပေးမှာ ဖြစ်ပေမဲ့၊ ဟားမားစ် အနေနဲ့ လက်နက်ပြန်လည် စုဆောင်းမှု မပြုပါဘူး ဆိုတဲ့ အာမခံချက် လိုတဲ့ အကြောင်းပြောပါတယ်။

သူတို့ အနေနဲ့ အနည်းဆုံးဂါဇာ ကမ်းမြောင် ဘက် လုံခြုံရေး အခြေအနေ စိတ်ချ ရပြီလား ဆိုတာ ကို ရေတို၊ ရေရှည် စောင့် ကြည့်ရဉီးမှာပါ။ ဟားမားစ်တွေ ဘက်က ဒုံးကျည်တွေ၊ ရောကက်တွေ၊ မြေအောက် လှိုင်ခေါင်းတွေ ပြန်ဆောက် ပြီး အစ္စရေး ကို ခြိမ်းခြောက်မှု ပြုတာ ကို တော့ လက်မခံနိုင်ဘူး လို့ ပြောသွားပါတယ်။

ဒါကြောင့်မို့ အီဂျစ်ကြားဝင်ဆောင်ရွက် ပေးတဲ့ ရေရှည် အပစ်ရပ် ငြိမ်းချမ်းရေး ဟာ စောင့်ကြည့်ရဘွယ်ရှိသေးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နယ်လီ က သုံးသပ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)