ငြိမ်းချမ်းရေးလိုလားပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းစေချင်တဲ့ ကချင်တိုင်းရင်းသူလေးအလှမယ် အမ်ဂျာဆိုင်း

ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Grand Myanmar ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မယ့် ကချင်တိုင်းရင်းသူလေး အလှမယ် အမ်ဂျာ ဆိုင်း ရဲ့National Costume Theme အတွက် Stop the War in Myanmar ငြိမ်းချမ်းရေးကို ဖော်ဆောင်ထားတဲ့ ဝတ်စုံဒီဇိုင်းကို ဒီဇိုင်နာ မပုံ့က တီထွင် ဖန် တီးပေးခဲ့ပါတယ်။ ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ creation လုပ်ပြီး ဖန်တီးထားတဲ့ National Costume ဝတ်စုံဖန်တီးဖြစ်ခဲ့ပုံနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမ်ဂျာဆိုင်းရဲ့ စကားသံများကို ဖော်ပြပေးလိုက်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲ

ညီမရဲ့ပြိုင်ပွဲက Talent ပြိုင်ရမှာမပါဘူး။ Talent မပါတော့ National Costume က အဓိကဖြစ်တဲ့အတွက် သေချာပြင်ဆင်ထားပါတယ်။ Talent မပါတော့ မြန်မာ ကို ကမ္ဘာကသိအောင် ဆွဲဆောင်မယ့်အချက်က နည်းသွားပြီ။ ဒါကြောင့် ဆရာတွေကလည်း ဒီဇိုင်နာမပုံ့နဲ့ တိုင်ပင်ပြီးတော့ မြန်မာမှာဒါမျိုးရိုးရာ ယဉ်ကျေးမှုတွေ ထွန်းကား တယ်ဆိုတာသိသွားအောင်ဆိုပြီး မြန်မာနိုင်ငံရွှေနိုင်ငံဖြစ်တဲ့အတွက် ရွှေချည်လေးတွေ၊ diamond နဲ့ Silver လေးတွေနဲ့ လုပ်ထားတယ်။ ညီမသွားပြိုင်ရမယ့်ပွဲကလည်း Stop the War in Myanmar ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်ဆိုတော့ ဒီဇိုင်နာ မပုံ့တို့နဲ့တိုင်ပင်ပြီး ပြည်တွင်းစစ်ကို ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိက ရည်ရွယ်ချက်လေးနဲ့ creation လုပ်ပြီးတော့ National Costume ဝတ်စုံကိုပြင်ဆင်ထားပါတယ်။

ငြိမ်းချမ်းရေးကို လိုလားတယ်

ငြိမ်းချမ်းရေးဆိုတာက မြန်မာနိုင်ငံတင်မှမဟုတ်ပါဘူး။ ဘယ်နိုင်ငံအတွက်မဆို တအားလိုအပ်ပါတယ်။ ငြိမ်းချမ်းမှသာနိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးအကုန်လုံးက လည်း တိုးတက်အောင်မြင်လာမှာပါ။ မငြိမ်မသက်မှုတွေ ခဏခဏဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံပဲ နစ်နာတာပေါ့။ ဒါကြောင့် ပြည်တွင်းစစ်ကိုလည်း ချုပ်ငြိမ်းစေချင်တယ်။ ပြီးတော့ တစ် ကမ္ဘာလုံးကလည်း သာယာပျော်ရွှင်ငြိမ်းချမ်းမယ်ဆိုရင် ပိုပြီးပြည့်စုံတဲ့ဘဝတွေကို ပိုင်ဆိုင်ကြရမယ်လို့ ထင်ပါတယ်။ ညီမကတော့ ငြိမ်းချမ်းခြင်းကို လိုလားတယ်။ ညီမယှဉ် ပြိုင်ရမယ့် ပြိုင်ပွဲက ငြိမ်းချမ်းခြင်းကို ဖော်ဆောင်ခြင်းဆိုတာကလည်း ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လုပ်ရမယ့်လုပ်ငန်းတွေပါ။ လာပြိုင်ကြမယ့် အလှမယ် အေ ယာက် ၁ဝဝကျော်တိုင်းက ပြိုင်ပွဲပြီးလို့ ကိုယ့်နိုင်ငံပြန်ရောက်သွားတဲ့ အချိန်မှာ ငြိမ်းချမ်းခြင်းဆိုတဲ့အလုပ်ကို လုပ်ရမှာ။ ညီမလည်း ပြိုင်ပွဲပြီးလို့ ဒီကိုပြန်ရောက်ရင်ညီမရဲ့ Organization နဲ့အတူ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်သွားမှာပါ။ ညီမပြိုင်ပွဲပြီးလို့ ပြန်လာရင်လည်း စစ်ပွဲတွေဖြစ်တဲ့နေရာမှာ ရပ်တန့်ပါတော့လို့ သွားပြီးပြောလို့မရဘူး။ မရတဲ့အတွက် ဒီကချင်မှာဆိုလည်း စစ်ပွဲတွေဖြစ်နေတဲ့အတွက် ညီမဘာလုပ်နိုင်မလဲပေါ့။ အဓိက ညီမလုပ်နိုင်တာကတော့ ပညာပေးဟောပြောပွဲတွေလုပ်သွားမယ်။ ပြီးတော့ ပရဟိတကို အဓိကလုပ်သွားမယ်။ ပရဟိတလုပ်တဲ့အချိန်မှာ မငြိမ်မသက်ဖြစ်ပြီးတော့ စစ်ဘေးဖြစ်နေတဲ့ နေရာတွေကို အဓိကသွားပြီးလုပ်သွားမှာပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်သွားဖို့တွေကိုတော့ ညီမပြန်ရောက်ရင်တော့ လက်တွေ့အကောင် အထည်ဖော်မယ်။ လုပ်နိုင် မယ့်နေရာကနေ အကောင်းဆုံးကြိုးစားပြီးလုပ်သွားမယ်။
Popular

အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခိုက်

ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်အတွင်းရှိ စက်တင်ဘာလ ၂၇ရက်နေ့က မြန်မာ အစိုးရတပ် ၀င်ရောက်V ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(KNDO) တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

"အစိုးရဘက်က စစ်ကြောင်းပုံစံ ၀င်လာတာကို စခန်းနားရောက်မှ သိရတယ်။ အဲဒီမှာ ပစ်ခတ် ခံရပြီး KNDO က တယောက်သေတယ်။ တယောက်က ဒဏ်ရာရသွားတယ်"ဟု ဒေသခံ ဆေး တပ်သားတဦးက အတည်ပြု ပြောဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှာ မူသယ်ကျေးရွာအနီးရှိ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၏ KNDO ရှေ့တန်း တပ်ခွဲစခန်း(ပလယ်ကော်ပလောစခန်း)တွင်ဖြစ်ပြီး အစိုးရတပ်မှ ကြိုတင် အကြောင်းကြားမှုမရှိဘဲ ခန့်မှန်းခြေ အင်အား ၃၀ခန့်က စစ်ကြောင်းပုံစံ ၀င်ရောက် လာခြင်းဖြစ်ကြောင်း နယ်မြေခံ တပ်မဟာ(၃)ဘက်က ပြောသည်။

ထိုဒေသမှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့၏ ဟဲဒဲနယ်မြေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကို ၎င်းဆေးဝန်ထမ်းများမှတဆင့် ကေအဲန်ယူ တပ်မဟာ(၃) ဌာနချုပ်သို့ ယမန်နေ့ညနေက ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ကေအိုင်စီ - ကရင်သတင်းဌာန

ဟောင်ကောင်တွင် ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဆက်လက်တိုက်ခိုက်

ဟောင်ကောင်မြို့တော် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရုတ်အစိုးရက လွတ်လပ်အခွင့် အပြည့်အဝပေးရန် တောင်းဆိုနေသည့် ဆန္ဒပြသူများကို ရဲများက မျက်ရည်ယို ဓာတ်ငွေ့များဖြင့် နှိမ်နှင်းလျက်ရှိသော်လည်း စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဆန္ဒပြသူအရေ အတွက် ထပ်မံ များပြားလာကြောင်း သိရသည်။


ရဲများက ရာဘာကျည်ဆံများဖြင့် ပစ်ခတ်လာပါက မိမိတို့အသက်အန္တရာယ်မရှိစေရေးအတွက် နောက် ဆုတ်ပေးကြရန် ဆန္ဒပြခေါင်းဆောင်များက သတိပေးမှုများ ပြုလုပ်ထားသည်။

ဟောင်ကောင်တွင် ဆန္ဒပြသူများအား မျက်ရည်ယိုဓာတ်ငွေ့သုံး တိုက်ခိုက်ခြင်းကို ၂၀၀၅ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ်တွင် ကျင်းပရန် တရုတ်အစိုး ရက သြဂုတ်လအတွင်းက ခွင့်ပြုခဲ့သော်လည်း ၎င်းတို့အမည်သွင်းထားသူများကိုသာ မဲပေးရွေးချယ်ခွင့်ရှိ ကြောင်း ထုတ်ပြန်ခဲ့ရာ အဆိုပါ လုပ်ရပ်သည် ဒီမိုကရေစီအတုအယောင်ဖြစ်သည်ဟု ဟောင်ကောင် ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဂျိတ်ဝေါင်က “ယုံနိုင်စရာမရှိဘူးဗျာ။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့အပေါ်မှာ ရဲတွေက အကြမ်းဖက်တိုက်ခိုက်တယ်။ သူတို့လုပ်နေတဲ့ ပုံစံက တရုတ်ပြည်မက ရဲတွေလုပ်နေသလိုပဲ ဒါမျိုး ဒီမှာ တစ်ခါမှ မဖြစ်ဖူးဘူး” ဟု ပြောကြားသည်။

Ref:AFP
Mizzima


ပီအာရ်အရေး အမတ်မင်းကို လူထုဆော်ပြီ

ရန်ကုန် (မဇ္ဈိမ)။ ။ အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်) ကို လာမည့်ရွေးကောက်ပွဲများတွင် ကျင့်သုံးသွားရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်း၊ လွှတ်တော်သက်တမ်း သုံးနှစ်ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့ ခြင်းဟူသည့် အကြောင်းပြချက်များဖြင့် ပုဇွန်တောင်မြို့နယ် လွှတ်တော်အမတ်ကို မဲဆန္ဒရှင်တို့က စက်တင် ဘာ ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။



ပီအာရ် စနစ်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်ပြည်သူများမှ ကန့်ကွက်နေသည်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

လွှတ်တော်အမတ်တစ်ဦးကို မဲဆန္ဒရှင်တို့က ပထမဆုံး ကန့်ကွက်ဆန္ဒပြသည်ကို ပုဇွန်တောင်မြို့နယ်မှ မဲဆန္ဒရှင် ၃၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ပုဇွန်တောင်မြို့နယ် ပန်းခြံအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲများနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် မြန်မာပြည်သူလူထုသည် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကို လတ်တလောတွင် နားလည်နိုင်မှု နည်းပါးနေရာ မသင့်လျော်သေးသည့် ရွေးကောက် ပွဲစနစ် ကိုကျင့်သုံးရန် အဆိုတင်သွင်းခဲ့ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင်ပါဝင် ဦးခင်မောင်ဝင်းက ပြောသည်။

သို့သော် ပီအာရစနစ်သည် အများကို ကိုယ်စားပြုသည့် စနစ်တစ်ခုဖြစ်ခြင်ကြောင့် မျှတသည့်စနစ်တစ်ခုဟု ဆန္ဒပြခံရသူ ဦးအောင်ဇင်က တုံ့ပြန်ပြောဆို သည်။ “ဒီမိုကရေစီဆိုတာ အများကိုယ် စားပြုလေ။

ဒီပီအာရ်စနစ်ဆိုတာလည်း အများကိုကိုယ်စားပြုတဲ့ စနစ်တစ်ခုပဲ ဖြစ်တယ်။ အဲဒီတော့ ဒီမိုကရေစီလို့ပြော ပြီး ဆန္ဒပြနေတဲ့လူတွေကို ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးကြည့်ချင်တယ်” ဟု ဦးအောင်ဇင်က ပြော သည်။

အလားတူပင် မြန်မာနိုင်ငံနှင့် ကိုက်ညီ သည့် ရွေးကောက်ပွဲစနစ် ပီအာရ်ကို လွှတ်တော်သို့တင်သွင်းရန် အစီရင်ခံစာပြုစုေ သည်ဟုလည်း မြန်မာနိုင်ငံနှင့်လိုက်လျော ညီထွေမှုရှိသည့် ရွေးကောက်ပွဲစနစ် ပေါ် ပေါက်လာရေး လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးအောင်ဇင် က ဆိုသည်။

လွှတ်တော်အမတ် ဦးအောင်ဇင်သည် ယင်း၏ မဲဆန္ဒနယ်ဖြစ်သော ပုဇွန်တောင် မြို့နယ်ရှိ မဲဆန္ဒရှင်တို့နှင့် ထိတွေ့ဆက်စပ်မှုနည်းပြီး သူ၏အမတ်သက်တမ်း သုံးနှစ် ကျော်အတွင်း ပြည်သူတို့အကျိုးမဆောင် ရွက်ခဲ့ ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဦးကျော်က စွပ်စွဲပြောဆိုသည်။

အငြင်းပွားဖွယ် ကိစ္စအတွက် ဦးအောင်ဇင်က ငြင်းဆိုလိုက်ပြီး “ပုဇွန်တောင်မြို့ နယ်မှာ လိုအပ်နေတဲ့ ကိစ္စရပ်တွေကို ကျွန်တော် အတတ်နိုင်ဆုံး ဖြေရှင်းပေးခဲ့ပါ တယ်။ ဈေးသည်တွေနဲ့ ပတ်သက်တဲ့ကိစ္စ တွေ ကို လည်း စည်ပင်နဲ့ပူးပေါင်းပြီး ကျွန်တော်လုပ်ပေးခဲ့တယ်။ ပုဇွန်တောင်မြို့ နယ် မှာလည်း ရေကျော်ဈေး ကြီးကို ပြုပြင်ပေးခဲ့တယ်” ဟု တုံ့ပြန်ခဲ့သည်။

“ပီအာရ်စနစ် အဆိုတင်သွင်းသူ ဦးအောင်ဇင်ကို အလိုမရှိ” ဟု လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်က ဆန္ဒပြသူ ၃၀၀ ခန့်က ကန့်ကွက်ခဲ့ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကန့်ကွက်ဖြုတ်ချ လိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ လူဦးရေ (၁)ရာခိုင်နှုန်းက အနည်းဆုံး ကန့်ကွက်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယင်းကဲ့သို့ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ခက်ခဲနိုင်သည်ဟု ရှေ့နေ တစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။ “တိုက်ရိုက်ဖြုတ်ချနိုင်ဖို့ ပြဋ္ဌာန်းထားတာ တော့ ရှိတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့်တော့ အကောင်အထည်ဖော်ဖို့က အခက်အခဲတွေရှိတယ်။ အခက်အခဲ ဆိုတာကတော့ အစိုးရနဲ့နီးလွန်းတဲ့ လွှတ်တော် ကိုယ်စားလှယ်ကိစ္စ္စတွေဆိုရင် အောင်မြင်မှာမဟုတ်ဘူး” ဟု ပြောသည်။

သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒပြမှု မဟုတ်သည့် ဆန္ဒပြမှုမျိုးကိုမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီပါတီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြုံ ရဖူးသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်က ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းစဉ် ဒေသခံများက သူ့ကို အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။

လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကိုကျင့်သုံးရန် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင်များဖြစ်သည့် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်တွင် ဇူလိုင်လ ၂၄ ရက်က အဆိုတင် သွင်းခဲ့ရာ အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဆိုကို ကန့်ကွက်သူ ၄၂ ဦး ရှိခဲ့သည်။ သို့သော် လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်များနှင့် အမျိုး သားလွှတ်တော်၌ ပီအာရ်ကျင့်သုံးရေးကို ကန့်ကွက်မှုများရှိခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ်များကလည်း မကန့်ကွက် ခဲခြင်းကြောင့် ဦးအောင်ဇင် တင်သွင်းသည့် အဆိုသည် ထောက်ခံသူ ၃၁၄ ဦးဖြင့် အဆိုမှာ အပြတ်အသတ် အနိုင်ရခဲ့သည်။

လွှတ်တော်အမတ်နှစ်ဦး၏ အဆိုတင်သွင်းမှုအပြီး မြန်မာနိုင်ငံနှင့် လိုက်လျောညီ ထွေမှုရှိသည့် ရွေးကောက်ပွဲစနစ်
ပေါ်ပေါက်လာရေး လေ့လာသုံးသပ်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၃၂ ဦးဖြင့် အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားသည်။

အခြားတစ်ဖက်တွင်လည်း ပီအာရ်စနစ်ကို အလိုမရှိသူများရှိနေရာ ဇူလိုင်လ အတွင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အလားတူပင် သြဂုတ်လ ၃ ရက်ကလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပီအာရ်ဆန့်ကျင်ရေး ဟောပြောပွဲကို တက်ကြွလှုပ်ရှား သူများ လုပ်ခဲ့ကြသေး သည်။ သြဂုတ်လ ၂၈ ရက်တွင်မူ ပီအာရ် စနစ်အလိုမရှိကြောင်း လက်မှတ်ရေးထိုး မှုကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် တွင်စတင်ခဲ့ပြီး ကောက်ခံရရှိသည့် ပီအာရ် အလိုမရှိ လက်မှတ်များကို လွှတ်တော်သို့ ပေးပို့ခဲ့ကြသည်။

ပီအာရ်စနစ်သုံးမျိုး

(၁) ပါတီအလိုက် အမည်စာရင်းကိုမူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (List Proportional Representation System)

ပါတီများသည် မဲဆန္ဒနယ်မြေ တစ်ခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းစရာမလိုဘဲ ကိုယ်စားလှယ်အဖြစ် လျာထားသူများကိုသာ အမည်စာရင်း ထုတ်ပြန်ပေးရသည်။ မဲဆန္ဒရှင်များက မဲပေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးခြင်းမဟုတ်ဘဲ ပါတီ၏ မူဝါဒနှင့် ပါတီကလျာထားသည့် ကိုယ်စားလှယ်စာရင်းကို ကြည့်၍ ပါတီကိုသာ မဲပေးရခြင်း ဖြစ်သည်။



ရွေးကောက်ပွဲပြီးမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီအလိုက်ရရှိသော လူထုထောက်ခံမှု မဲအရေအတွက်ပေါ် မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးရခြင်း ဖြစ်သည်။

(၂) ပေါင်းစပ်ထားသော အချိုးကျ ရွေးချယ်သည့်စနစ်

(Mix Member Pro-portional System)

မဲအများဆုံး ရသူ အနိုင်ရသည့်စနစ် (First Past the Post, FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Repre-sentation, PR System) တို့မှ ကောင်းကျိုးများအားလုံးကိုရရှိနိုင်အောင် ဖန်တီး ထားသောစနစ်ဟု ဆိုသည်။ လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ တစ်စိတ်တစ်ပိုင်းကို FPTP စနစ်ဖြင့် ရွေးကောက်ပြီး ကျန်သည့် အစိတ်အပိုင်းကို ပါတီစာရင်းအရ အချိုးကျစနစ် PR ဖြင့် ရွေးကောက်တင် မြှောက်ခြင်းဖြစ်သည်။

(၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲ စနစ်

(Single Transferable Vote System)

ပါတီများက မဲဆန္ဒနယ်မြေတစ်ခုအတွက် အနိုင်ရနိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို နာ မည် စာရင်းတင်သွင်းရသည်။ မဲဆန္ဒနယ်မြေ တစ်ခုတွင် ကိုယ်စားလှယ် အမြောက်အ မြား ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ရရှိသည့် မဲများကို တစ်ဦးချင်း အဆင့်ဆင့်ပြောင်းလဲရသော နည်းဖြစ်သည်။ ဥပမာ-ကိုယ် စားလှယ်လောင်း ခုနစ်ယောက်ရှိလျှင် မဲပေးရမည့်အကွက်များမှာ မိမိကြိုက်နှစ် သက်သူ တစ်ဦးထက်မက ဘဲ နှစ်သက်ရာ အစဉ်လိုက် မဲပေးရွေးချယ်ခွင့်ရှိသည်။ မဲ အများဆုံးရသော ကိုယ်စားလှယ်လောင်း က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် သေချာနိုင်သော မဲအရေအတွက်ကိုချန်ပြီး ပိုသောမဲများကို ဒုတိယမဲ အများဆုံးရသူ၏ မဲစာရင်းတွင် ထည့်ပေါင်းပေးရသည်။

မဲအရေအတွက် အနည်းဆုံးရသောသူကို ဖယ်ထုတ်ပစ်ပြီး ၎င်းတို့ရရှိသောမဲများ အားလုံးကို ဒုတိယ၊ တတိယ မဲအများဆုံး ရသူများ၏ မဲစာရင်းတွင် ထည့်ပေါင်းရေတွက်စေကာ ရွေးချယ်ရသောစနစ်ဖြစ်သည်။
Mizzima

ဘွဲ့ဝတ်စုံ သမိုင်း



ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။

၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။ ၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ရုံရှည် ဝတ်ဆင်မှုအား ကန့်သတ် တားမြစ်ခဲ့ကြောင်းလည်း တွေ့ရသည်။

အင်္ဂလန်မင်းဆက် အဋ္ဌမမြောက် ဟင်နရီ လက်ထက်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များတွင် ဘွဲ့ဝတ်စုံကို စံတစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်အရ သေးကွေးလွန်းသည့် ဘွဲ့ဝတ်စုံများ ဝတ်ဆင်ခြင်းကို လက်မခံခဲ့ပေ။

၁၈၀၀ ပြည့်နှစ်လောက်တွင်မှ မိမိသင်ယူခဲ့သည့် ဘာသာရပ်အလိုက် အရောင်များကို ခွဲခြားရန် သတ်မှတ်ခဲ့သည်။ သို့သော် ထိုသို့ အရောင်ခွဲခြားမှုကို အမေရိကန် ပြည်ထောင်စုလောက်သာ ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ဥရောပ အဖွဲ့အစည်းများတွင် ဘွဲ့ဝတ်စုံနှင့် ပတ်သက်ပြီး အမျိုးမျိုး သတ်မှတ်သုံးစွဲကြကြောင်း တွေ့ရသည်။

ရှေးခေတ်က ဘွဲ့ဝတ်စုံကဲ့သို့သော ဝတ်ရုံများကို ခရစ်ယာန် ဘုန်းတော်ကြီးများသည် ကျောင်းတော်များတွင် ဝတ်ဆင်လေ့ ရှိသည်။ နောက်ပိုင်းတွင် ပညာရှင်များအနေနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူသူရော သင်ကြားသူပါ ဝတ်ဆင်ကြသည်။ ယခင်က နေ့စဉ် ဝတ်ဆင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပညာသင်နှစ် တစ်နှစ် ကုန်ဆုံးသည့် အထိမ်းအမှတ် အခမ်းအနားများတွင်သာ ဝတ်ဆင်ကြတော့သည်။ နောက်ပိုင်းကျမှ ပညာသင်နှစ် အားလုံးပြီးဆုံးချိန် ဘွဲ့လက်မှတ်ယူချိန်၌ ဝတ်ဆင်ရန် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံ ပထမဆုံးဘွဲ့

မြန်မာနိုင်ငံ၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီဟော (ယခု တပ်မတော်ပြခန်းနေရာ) တွင် ကျင်းပခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမကို ဆောက်လုပ်ခြင်း မပြုရသေးသောကြောင့် ထိုစဉ်က မင်းပွဲစိုးပွဲ အခမ်းအနားကြီးများ ကျင်းပရာ ဂျူဗလီဟောတွင် လာရောက်ကျင်းပခဲ့ရခြင်း ဖြစ်သည်။

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ထိုစဉ်က တက္ကသိုလ် အဓိပတိဖြစ်သူ၊ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရက် ဂျီနယ်ကရက်ဒေါက် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ အဓိပတိ ဆာရက်ဂျီနယ် ကရက်ဒေါက်နှင့်အတူ တက္ကသိုလ် ဆီးနိတ်အဖွဲ့ဝင် အားလုံးသည် သတ်မှတ်ထားသည့် အရောင်အသွေးမျိုးစုံဖြင့် ချုပ်လုပ်ထားသော ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ဘွဲ့ယူမည့် ပုဂ္ဂိုလ်များကလည်း နိုင်ငံတကာစံအတိုင်း သတ်မှတ်ထားသည့် ဘွဲ့ဝတ်စုံများ၊ အရောင်လည်ပင်း စွပ် (Hood) များကို ဝတ်ဆင်ပြီး ခမ်းနားစွာ နေရာယူခဲ့ကြသည်။ ဝိဇ္ဇာဘွဲ့ယူမည့် သူများသည် ပန်းနုရောင် ပန်းဖွားများ ပါသည့် Hood များနှင့် သိပ္ပံဘွဲ့ယူမည့် သူများသည် အစိမ်းနုရောင် Hood များကို ဘွဲ့ဝတ်စုံ အနက်ရောင်ပေါ်တွင် လွှမ်းခြုံကာ ဝတ်ဆင်ထားကြသည်။

အမျိုးသားများသည် ပန်းရောင် ခေါင်းပေါင်းများကို ဘွဲ့ဒေါက်ချာ ခေါင်းဆောင်းများအစား ဝတ်ဆင်သူ ရှိသကဲ့သို့ အနက်ရောင်ဒေါက်ချာ ခေါင်းဆောင်းနှင့် နိုင်ငံခြားဝတ်စုံ ဝတ်ကာ တက်ရောက်သူများလည်း ရှိကြသည်။
အခမ်းအနားတွင် ဘွဲ့ရပုဂ္ဂိုလ် အားလုံးကို အဓိပတိကြီးက “ဘွဲ့ရပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်တရား နှင့်အညီ နေ့စဉ် ကျင့်ကြံနေထိုင်မည်လော” ဟု မေးခွန်းကို အားလုံးက ရိုသေကျိုးနွံစွာဖြင့် နေထိုင်မည် ဖြစ်ကြောင်း ဖြေကြားပြီးမှ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့က ပေးအပ်သည့် ဘွဲ့များကို လက်ခံယူကြရသည်။

ဘွဲ့ဝတ်စုံ

သမိုင်းအထောက်အထားများအရ ဘွဲ့ဝတ်စုံများကို အလယ်ခေတ် တက္ကသိုလ်များတွင် ဝတ်ဆင်ခဲ့ကြောင်း တွေ့ရသည်။ ခရစ်ယာန်ဂိုဏ်း ထိပ်တန်း တာဝန်ယူထားသော ပုဂ္ဂိုလ်များသည် မိမိတို့ အဆင့်အတန်းအလိုက် ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားများ သို့မဟုတ် အစည်းအဝေးများသို့ တက်ရောက်ကြရသည်။ တရားသူကြီးများသည် ခြေကျင်းဝတ်အထိ ရှည်သော ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ တက်ရောက်လေ့ ရှိသည်။ ယခင် အလယ်ခေတ် အခမ်းအနား၊ အစည်းအဝေးများ၊ တရားစီရင်ရေးများ ကျင်းပသည့် ခန်းမနေရာသည် များသောအားဖြင့် အေးစက်ပြီး လေတိုက်သည့် နေရာများ ဖြစ်သောကြောင့် ဝတ်ရုံကြီးများ ဝတ်ဆင်ခဲ့ရာမှ အစဉ်အလာအဖြစ် ဝတ်ရုံများကို ဝတ်ဆင်ခဲ့ကြဟန် တူပါသည်။

ဘွဲ့ဦးထုပ်

ဘွဲ့ဦးထုပ်ကို ၁၅ ရာစုနှစ် လောက်ကတည်းက ပညာတတ် အထိမ်းအမှတ်အနေနှင့် ဆောင်းခဲ့ကြခြင်း ဖြစ်သည်။ သမိုင်းအထောက်အထားများအရ ဘွဲ့ဦးထုပ်ကို ပါမောက္ခများသာ ဆောင်းရန် သတ်မှတ်ခဲ့ကြောင်းလည်း တွေ့ရသည်။ နောက်ပိုင်းတွင်မှ ပန်းဖွားများ၊ အရောင်များပြောင်းကာ ခမ်းနားစေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

ဘွဲ့ဦးထုပ်၏ မူလအဓိပ္ပာယ်မှာ

“ဒေါက်တာ” ဘွဲ့အတွက် ရည်စူးကာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်သမိုင်းပညာရှင် ဂျက်ကက်လီဂေါ့ဖ်က ဒေါက်တာဘွဲ့ စာမေးပွဲအတွက် အသေးစိတ် ပြင်ဆင်ထားပုံကို သူ၏ “Intellectuals in Medieval Times” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

“စာမေးပွဲ အောင်မြင်သည့် ကျောင်းသားတစ်ဦးသည် လက်မှတ်ရ ပညာတတ်တစ်ဦး ဖြစ်သွားသည်။ သူသည် ဒေါက်တာ သို့မဟုတ် ပါရဂူဘွဲ့ကို သူသင်ကြားခဲ့သည့် ဘာသာရပ်အတွက် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း မာစတာဆိုသည့် အမှန်တကယ် ကျွမ်းကျင်မှု ရှိမရှိကို ပြည်သူ့ထံဆင်းကာ အစစ်ဆေးခံရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ့ကို ခမ်းနားထည်ဝါသည့် ဘုရားကျောင်းကြီး တစ်ကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရမည်။

ထိုကျောင်းတွင် သူသည် မိန့်ခွန်းများ ပြောကြားရမည်။ သူပြောကြားမည့် အကြောင်းအရာများသည် သူတတ်ကျွမ်း လေ့လာထားသည့် ပညာရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။ ထိုအချိန်တွင် နားထောင်နေသည့် ပရိသတ်ထဲက ကျောင်းသားများသည် သူ့ကို သိလိုသမျှ ထမေးမည်။ ဆွေးနွေးမှုများ ပြုလုပ်မည်။ သူက ထိုသူတို့၏ အမေးများကို ချက်ကျလက်ကျ ပြန်လည်ဖြေဆို ရှင်းလင်းပြရန် လိုသည်။ ထိုသို့ အောင်မြင်စွာ ဖြေဆိုရှင်းလင်းနိုင်ပြီ ဆိုလျှင် တက္ကသိုလ်က သူ့ကို မာစတာဘွဲ့ နှင်းအပ်မည် ဖြစ်သည်။ ဘွဲ့အပ်နှင်းရာတွင် သူ့ကို ပါမောက္ခ ထိုင်သည့် ကုလားထိုင်တွင် ထိုင်စေပြီး ရွှေလက်စွပ်တစ်ကွင်း၊ စာအုပ်တစ်အုပ်နှင့် ခေါင်းဆောင်းရန် ဒေါက်ချာ ဦးထုပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်” ဆိုသည်မှာ ရှေးခေတ် မာစတာဘွဲ့ယူသည့် သူတစ်ဦး၏ အခမ်းအနား ဖြစ်သည်။

၁၉၅၉ ခုနှစ်က အမေရိကန်ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုနှင့် အခမ်းအနားကျင်းပရေး ကော်မတီက ဘွဲ့ယူစဉ် ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။

ဘွဲ့အခမ်းအနား ကျင်းပစဉ်နှင့် ဘွဲ့လက်မှတ် ပေးအပ်စဉ်တွင် ဘွဲ့ဦးထုပ်ကို တောက်လျှောက် ဝတ်ဆင်ထားရမည်။ ဘွဲ့ယူသူများသည် ဆုတောင်းသည့်အခါ သို့မဟုတ် နိုင်ငံတော်သီချင်း တီးမှုတ်နေစဉ် အခါတွင်သာ ဦးထုပ်ကို ချွတ်ခွင့်ရှိသည်။ နိုင်ငံတော်သီချင်း သို့မဟုတ် ဆုတောင်းမှု ပြီးဆုံးလျှင် ဦးထုပ်ကို ပြန်ဆောင်းရမည်။ ပန်းဖွားကို မည်သည့်ဘက်သို့ ချမည်ဟု သတ်မှတ်ထားခြင်း မရှိ။ ကိုယ့်ကျောင်းနှင့် ကိုယ့်ပုံစံအတိုင်းသာ ဖြစ်သည်။ ဘယ်ထားသည် ဖြစ်စေ၊ ညာထားသည် ဖြစ်စေ သတ်မှတ်ထားသည့် အတိုင်းသာ ဖြစ်သည်။
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဘွဲ့ဝတ်စုံများကို အမြတ်တနိုး သတ်မှတ်ဝတ်ဆင်ကြောင်း ထင်ရှားလှသည်။

ဘွဲ့အပ်နှင်းခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်သာ ရရှိသော ဘွဲ့များကို အပ်နှင်းချီးမြှင့်လေ့ ရှိသည်။ ဘွဲ့ယူမည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသည့် ပညာရပ်များကို သင်ယူပြီးမြောက်ကြောင်း အစစ်ဆေးခံယူပြီး ဖြစ်ရမည်။ ဘွဲ့မယူမီ ဘွဲ့ယူမည့် သူသည် သတ်မှတ်ထားသည့် အတန်း သို့မဟုတ် စာသင်နှစ်ကို အောင်မြင်ပြီးသူ ဖြစ်ရသည်။ ထိုသို့ သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသူများကို ဘွဲ့များ အပ်နှင်းချီးမြှင့်သောပွဲကို ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ (Graduation Day) အဖြစ် သတ်မှတ်ကာ အပ်နှင်းချီးမြှင့်လေ့ ရှိသည်။

ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကို တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ တက္ကသိုလ် အဓိပတိ သို့မဟုတ် ကျောင်းအကြီးအကဲများက ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ဘွဲ့လက်မှတ် မှတ်ပေးရာတွင် အဓိပတိသည် တစ်ဦးချင်းအား ပေးသကဲ့သို့ အုပ်စုလိုက်၊ အဖွဲ့လိုက် ပေးအပ်ချီးမြှင့်ခြင်းများလည်း ရှိတတ်သည်။ အုပ်စုလိုက် ချီးမြှင့်သည့် ဘွဲ့လက်မှတ်များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းများရောက်မှ ကျောင်းအုပ်ကြီးများက သီးခြားပြန်ပေး အပ်ခြင်းများလည်း ရှိတတ်သည်။ နိုင်ငံတကာတွင် မိမိတို့ကျောင်းအလိုက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပပြီးချိန်တွင် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။

TheVoice

တယ်လီနော၊ အူရီဒူးနဲ့ MPT ဈေးကွက် ဘယ်လိုယှဉ်ပြိုင်ကြမလဲ


အူရီဒူးဆင်းမ်ကတ်များကို ဇူလိုင် ၃ဝ ရက်က ကနဦး စတင်ရောင်းချခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင် ဝန်ဆောင်မှုများကို တရားဝင်စတင်လိုက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ကျပ် ၁၅ဝဝ ဆင်းမ်ကတ်များကို ပြင်ပအရောင်းဆိုင်များတွင် စတင်ရောင်းချပေးခဲ့သည်။ တယ်လီနောကလည်း စက်တင်ဘာ ၂၇ ရက်တွင် မန္တလေး၌ ဆင်းမ်ကတ်များကို စတင်ရောင်းချပေးကာ ဝန်ဆောင်မှုများကို စတင်လိုက်ကြောင်း သိရသည်။

အော်ပရေတာလေးခုအနက် အော်ပရေတာသုံးခုက ဝန်ဆောင်မှုများကို စတင်လိုက်ပြီးနောက် ယင်းကုမ္ပဏီသုံးခု အနေဖြင့် သုံးစွဲသူများကို မည်သို့စွဲဆောင်မည်၊ ဈေးကွက် မည်သို့ယှဉ်ပြိုင်ကြမည်ဆိုခြင်းမှာ စိတ်ဝင်တစား စောင့်ကြည့်ချင်စရာဖြစ်လာကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အခြားအော်ပရေတာများထက် ခြေတစ်လှမ်း၊ နှာတစ်ဖျားမက သာခဲ့ပြီး ဆယ်စုနှစ်နှစ်ခုနီးပါး ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့ကြောင်း သိရသည်။ တစ်ခုတည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသော အခြေအနေမျိုးတွင် ဝန်ဆောင်မှု အရည်အသွေး လျော့ကျခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းကို သုံးစွဲသူများ ကြုံတွေ့ခဲ့ရပြီး အော်ပရေတာ ကုမ္ပဏီအသစ်များကို ကြိုဆိုခဲ့ကြသည်။

MPT မှာ ကွန်ရက်လွှမ်းခြုံထားနိုင်မှုအရ အော်ပရေတာအသစ်များထက် သာလွန်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အသုံးပြုနိုင်သောကြောင့် အော်ပရေတာအသစ်များ၏ ဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲသည့်တိုင်အောင် MPT ကတ်များကိုလည်း တွဲဖက်သုံးစွဲနေရသေးကြောင်း သိရသည်။

MPT မှာလည်း ပြိုင်ဘက်များရှိလာသောကြောင့် ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီတို့နှင့် ပူးပေါင်းခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

MPT နှင့် KDDI, Sumitomo ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းသည့် စာချုပ်ကို ၂ဝ၁၄၊ ဇူလိုင်လတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး အကျိုးတူပူးပေါင်းမှုကို စက်တင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လုပ်ငန်းအဆင့်တိုင်း၌ နှစ်ဖက်ကုမ္ပဏီတို့မှ တာဝန်ရှိ ဝန်ထမ်းတစ်ဦးစီ ပါဝင်သော ပူးတွဲဦးဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် စတင်ဆောင်ရွက်နေကြောင်း သိရသည်။

“ပြုပြင်ပြောင်းလဲမှုတွေ၊ ဖြေလျှော့မှုတွေ လုပ်သွားမှာဖြစ်ပေမယ့် အသုံးပြုသူပမာဏ ကြီးမားတာကြောင့် ကျွန်တော်တို့အနေနဲ့ အရမ်းလုပ်ဆောင်လို့ မရပါဘူး။ Evolution ပုံစံနဲ့ သွားရမှာဖြစ်ပြီး တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးစောထူးသာက ပြောကြားသည်။

ကျပ် ၁၅ဝဝ ဖုန်းများ ပေါ်ပေါက်သည်မှာ တစ်နှစ်ကျော်ကြာ ရှိလာပြီးဖြစ်သော်လည်း ယခင်ချပေးခဲ့သည့် ဆက်သွယ်ရေးဖုန်းကတ်များမှာ ဈေးကွက်အတွင်း ကျပ်သောင်းဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ ရှိနေသေးကြောင်း သိရသည်။

“ဒီမှာက ဆင်းမ်ကတ်တွေကို မစို့မပို့ ရောင်းပေးလို့မရဘူး။ တစ်သက်လုံး ထမင်းငတ်လာတဲ့သူကို မဝတဝ သွားကျွေးသလို ဖြစ်မှာပေါ့။ ဒီမှာက တစ်သက်လုံး ဆင်းမ်ကတ်ငတ်လာခဲ့တာ” ဟု အိုင်တီပညာရှင် ကိုဝေဟင်မျိုးက ဆိုသည်။

လက်ရှိရောင်းချပေးနေသည့် ကျပ် ၁၅ဝဝ WCDMA ဖုန်းများမှာ ယခင်ကကဲ့သို့ စာချုပ်ပေးခြင်း မရှိတော့ဘဲ ပျောက်ဆုံးခဲ့ပါက အသစ်ပြန်လည်ထုတ်ပေးမည့် ဝန်ဆောင်မှုမျိုး မရရှိခြင်းကြောင့် သုံးစွဲသူများက ဝေဖန်ခဲ့ကြကြောင်း သိရသည်။ တရားဝင်ဈေးနှုန်းအရ ကျပ် ၁၅ဝဝ ဟု ဆိုသော်လည်း ကျပ်သောင်းချီအထိပေးကာ ဝယ်ယူရမှုများ ရှိနေသည်။

“ဆင်းမ်ကတ်ပျောက်၊ ပျက်ကိစ္စတွေက အရင်အတိုင်းပဲ ဆောင်ရွက်ပေးနေတုန်းပါ။ ဆင်းမ်ကတ်ပျက်ရင် ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာရှိနေတဲ့ ဆက်သွယ်ရေးရုံးတွေကနေ အခမဲ့ ပြန်လဲပေးပါတယ်။ ပျောက်ရင်တော့ စာချုပ်လိုပြီး ကျပ်နှစ်သောင်း သွင်းရပါမယ်။ အဲဒါက အခု ၁၅ဝဝ ဖုန်းတွေမှာတော့ မရပါဘူး။ နောက်ထပ် ဆင်းမ်ကတ်အသစ် ဝယ်သုံးရပါမယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။

MPT အနေဖြင့် ဈေးကွက်အသာစီး ရထားသော်လည်း ပြုပြင်ပြောင်းလဲမှုများ နှေးကွေးပြီး ယခင်အမူအကျင့်ဟောင်းများကို အချိန်မီ ပြုပြင်နိုင်ခြင်း မရှိပါက အော်ပရေတာအသစ်များ၏ ကျော်တက်ခြင်းကို ကြုံတွေ့ရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ လက်ရှိ အချိန်အထိလည်း MPT ၏ ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုအသစ်များကို မြင်တွေ့ရခြင်း မရှိသေးပေ။

“မြန်မာ့ဆက်သွယ်ရေးက နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပေါင်းလာပြီဆိုတော့ နောက်ပိုင်းမှာ ဆက်သွယ်ရေးတွေ ပိုကောင်းလာမယ် ထင်တယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှမထူးခြားသေးဘူး” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ ကိုသူရိန်ထက်က ပြောကြားသည်။

တယ်လီနောနှင့် အူရီဒူးတို့က ဖုန်းပြောခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ ၃၅ ကျပ် သတ်မှတ်ကောက်ခံချိန်တွင် MPT က ဖုန်းပြောခကို တစ်မိနစ်လျှင် ၅ဝ ကျပ်သာ ဆက်လက်ကောက်ခံနေခြင်းမှာလည်း သုံးစွဲသူများအကြား ဝေဖန်စရာဖြစ်ခဲ့ကြောင်း သိရသည်။

တယ်လီနော၏ ဝန်ဆောင်ခနှုန်းထားများမှာ သင့်တင့်ကြောင်း သုံးစွဲသူအများစုက သုံးသပ်ခဲ့ကြပြီး နှစ်ပေါင်းများစွာ အမြတ်ငွေ ရရှိနေခဲ့သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်ခနှုန်းထားများ လျော့ကျခြင်းမရှိသေးသည်မှာ စိတ်ပျက်စရာကောင်းကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အူရီဒူးက ဈေးကွက်လက်ဦးမှုရယူကာ အစောဆုံးရောင်းချခဲ့ပြီး ကနဦးတွင် ဆင်းမ်ကတ်ရောင်းချရမှု များပြားခဲ့သော်လည်း ဝန်ဆောင်မှုအရည်အသွေးနှင့် နှုန်းထားများကြောင့် နောက်ပိုင်းတွင် သုံးစွဲမှုလျော့ကျခဲ့ကြောင်း သိရသည်။

“နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ရဲ့ ကွန်ရက်ကို ပိုမိုကောင်းမွန်အောင်၊ ကျယ်ပြန့်လာအောင် ဆောင်ရွက်နေကြပါတယ်။ သီတင်းတစ်ပတ်မှာ လူဦးရေ ငါးသိန်းအထိ တိုးချဲ့အသုံးပြုလာနိုင်အောင် ကွန်ရက်ဖြန့်ကြက်နေပါတယ်။ ကျွန်တော်တို့ နားစွင့်ထားပြီး သုံးစွဲသူတွေရဲ့ အကြံပြုချက်တွေကို တုံ့ပြန်နေပါတယ်။ ဆက်လက်တိုးတက်အောင်လည်း ဆောင်ရွက်နေပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ဆိုသည်။

လတ်တလောတွင် အူရီဒူးရော တယ်လီနောပါ အခြေခံအဆောက်အအုံပိုင်းနှင့် ကွန်ရက်ဖြန့်ကြက် လွှမ်းခြုံနိုင်မှု အပိုင်းများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ယှဉ်ပြိုင်နိုင်ရန် အခက်အခဲ ရှိနေသေးပြီး ရာခိုင်နှုန်း ၉ဝ ကျော်ခန့် လွှမ်းခြုံနိုင်ရန် ငါးနှစ်ခန့် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ကြောင်း တယ်လီနောနှင့် အူရီဒူးက ဆိုထားသည်။

တယ်လီနောက မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ဝန်ဆောင်မှုစတင်ပြီးနောက် ဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

တယ်လီနော၏ ဝန်ဆောင်မှုများ စတင်မိတ်ဆက်ချိန်တွင် အူရီဒူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့၏ နှုန်းထားများထက် ပိုမိုသက်သာခဲ့ပြီး ဝန်ဆောင်မှုအရည်အသွေးကိုသာ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

“မန္တလေးမှာ စရောင်းတဲ့အခါ 2G ကတော့ အရမ်းကောင်းပါတယ်။ 3G ကတော့ Downtown တွေမှာရမယ်။ ပြောရရင် 2G က သုံးစွဲမှု ဘယ်လောက်များများ ကျုံ့မသွားဘူး။ 3G ကတော့ သုံးစွဲမှုအရမ်းများရင် ကွန်ရက်က သေးသွားတယ်။ ကွန်ရက်တွေ တိုးချဲ့တိုင်းမှာ ဝန်ဆောင်မှုရနိုင်မယ့် မြို့တွေကို ကြိုတင်ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။

တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ ရက်က မန္တလေးတွင် စတင်ရောင်းချရာ ဝယ်ယူသူ များပြားခဲ့ကြောင်း သိရသည်။ မကြာမီကာလတွင် နေပြည်တော်နှင့် ရန်ကုန်တို့၌လည်း ဆက်လက်ရောင်းချမည်ဖြစ်ရာ လူဦးရေများပြားသော ရန်ကုန်တွင် လုံလောက်သောကွန်ရက် ရရှိရေးအတွက် တည်ဆောက်ဆဲတာဝါတိုင်များ အလျင်အမြန်ပြီးစီးရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း သိရသည်။

အူရီဒူးမှာလည်း ကွန်ရက်ပိုမို ဖြန့်ကျက်နိုင်ရန်အတွက် တာဝါတိုင်များ ထပ်မံတည်ဆောက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာလည်း ဆင်းမ်ကတ်များကို တိုးမြှင့်ရောင်းချနိုင်ရန် တာဝါတိုင်အသစ်များ စိုက်ထူခြင်း၊ ရှိပြီးသားတာဝါတိုင်များကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးကျန်ရှိသည့် ရတနာပုံတယ်လီပို့မှာ ပူးပေါင်းမည့် ကုမ္ပဏီကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးဘဲ လိုင်စင်တင်ခြင်းများကိုလည်း မဆောင်ရွက်နိုင်သေးသောကြောင့် လာမည့် ၂ဝ၁၅ ခုနှစ် အတွင်း၌သာ ဆင်းမ်ကတ်များကို စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်မှု ရှိလာသောကြောင့် သက်သာသောဈေးနှုန်းနှင့် ကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးတို့ကို သုံးစွဲသူများ မျှော်လင့်လာနိုင်ပြီဖြစ်ကာ လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍမှာ သိသာထင်ရှားသော အပြောင်းအလဲများကို ပိုမိုမြင်တွေ့လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

တယ်လီနော ဆင်းမ်ကတ်များကို ၀ယ်ယူရန် စောင့်ဆိုင်းနေသော မန္တလေးမြို့ ဒေသခံများအား တွေ့ရစဉ်
Eleven Media Group

အသက် ၉ နှစ် အရွယ်ရှိ ကမ္ဘာ့ အသန် မာဆုံး ကလေးငယ် ကာယ ဗလ လေ့ကျင့်မှု ပြသ

ရိုမေးနီးယားနိုင်ငံမှ ကမ္ဘာ့အသန်မာဆုံး ကလေးငယ်ဟု တင်စား ခေါ်ဝေါ်ခံရသည့် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် နွေရာသီ အားလပ်ရက်အတွင်း အလေးမခြင်းနှင့်ကာယဗလ လေ့ကျင့်ခြင်းတို့ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အား ၎င်း၏ Youtube ဝက်ဘ်ဆိုက် စာမျက်နှာတွင် ပြသခဲ့ကြောင်း သိရသည်။ ဂူလီယာနိုစတိုး အမည်ရှိ ယင်းကလေးငယ် သည် အသက် ခုနစ်နှစ်အရွယ်ရှိ ညီဖြစ်သူနှင့်အတူ ယင်းဗီဒီယိုဖိုင်၌ ၎င်း၏ ပြောင်မြောက်သော ကာယပညာ စွမ်းရည်ကို ပြသ ခဲ့သည်။

ဂူလီယာနိုစတိုးတို့ ညီအစ်ကိုနှစ်ဦးသည် ယင်းဗီဒီယိုဖိုင်တွင် ၉ဝ ဒီဂရီ လက်ထောက်မှောက် လေ့ကျင့်ခြင်းကို ကြည့်ရှုသူများ အံ့အားသင့်ဖွယ်ဖြစ်အောင် လေ့ကျင့် ပြ သနိုင်ခဲ့သည်။ ဂူလီယာနိုစတိုးသည် ရိုမေးနီးယားနိုင်ငံတောင်ပိုင်း အိုင်ကိုအာနာမြို့မှဖြစ်ပြီး ရက်သတ္တပတ်လုံးတွင် တစ်နေ့လျှင် နှစ်နာရီကြာ အလေးမလေ့ကျင့်ခြင်း နှင့် ကာယဗလလေ့ကျင့်ခြင်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်လေ့ရှိကြောင်း၊ နွေရာသီ အားလပ်ရက်တွင် အခြားကလေးငယ်များကဲ့သို့ မဟုတ်ဘဲ ကမ္ဘာ့ကိုယ်ခန္ဓာ အသန်မာဆုံးနှင့် အကြံ့ခိုင်ဆုံး ကာယဗလမောင် ဖြစ်လိုသော ၎င်း၏ ရည်မှန်းချက်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားလျက်ရှိကြောင်း အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ပြော ကြားခဲ့သည်။

ထို့ပြင် ဂူလီယာနိုစတိုးတို့ ညီအစ်ကို နှစ်ဦးသည် ကာယဗလအလှကို ထိန်းသိမ်းလိုစိတ် ပြင်းထန်သည့် ဖခင်ဖြစ်သူ အီယူလီယန်နှင့် မိခင် အိုင်လီယာနာတို့ကို ကျေးဇူး တင်ရှိကြောင်း ပြောကြားထားသည်။ သားကြီးဖြစ်သူ ဂူလီယာနိုစတိုး သည် အလွန်ထက်မြက်သူ တစ်ဦးဖြစ်ပြီး ၎င်းအနှစ်သက်ဆုံး လေ့ကျင့်မှုမှာ ကာယပညာလေ့ကျင့် မှု ဖြစ်ကြောင်း ဖခင်ဖြစ်သည့် အီယူလီယန်က ပြောကြားခဲ့သည်။

ဗုံးသီးဟောင်းများ တွေ့ရှိ သိမ်းဆည်း ရမိ

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ မောင်နိုင်နိုင်ဦး ၁၅ နှစ် (ဘ) ဦးညွန့်တင်သည် စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က ရေအေးတွင်းချောင်း၌ နွားကျောင်းနေစဉ် အရှည် ၃၈ လက်မ၊ ထိပ်ဖူး လုံးပတ် ၃၁ လက်မနှင့် ကိုယ်ထည်လုံးပတ် ၄ဝ လက်မရှိ သံချေး တက်နေသော စစ်ကျန် လေယာဉ် ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိသဖြင့် ကျေးရွာရှိ ရဲကင်းသို့ သတင်းပို့ပြီး ၎င်း ရဲတပ်ရင်းမှ တစ်ဆင့် နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်သို့ စနစ်တကျ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ

ဂျပန်မီးတောင်ပေါက်ကွဲပြီးတစ်ရက်အကြာ အလောင်း ၃၁ လောင်း တွေ့ရှိ


ဂျပန်နိုင်ငံအလယ်ပိုင်းရှိ အွန်တာကီမီးတောင် ရုတ်တရတ် ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် တစ်ရက်အကြာတွင် ခြေလျင်တောင်တက်သူ ၃၁ ဦး၏ အလောင်း များကို ကယ်ဆယ်ရေးအဖွဲ့ဝင်များ တွေ့ရှိခဲ့ကြသည်။


မီးတောင်သည် မီးတောင်ပေါက်ကွဲမှုဆိုင်ရာ ရှေ့ပြေးလက္ခဏာတစ်စုံတရာ မပြဘဲ စနေနေ့က ရုတ်တရက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လှပသည့် နေရာတစ်ခုအဖြစ်ထင်ရှားသော မီးတောင်ဆင်ခြေလျှောတွင် လူပေါင်း ၂၅၀ ခန့် ပိတ်မိနေခဲ့သော်လည်း နောက်ပိုင်းတွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် တောင်အောက်ဘေးကင်းရာသို့ ဆင်းနိုင်ခဲ့ကြသည်။

ဂျပန်နိုင်ငံသည် ငလျင်အလှုပ်ရှားဆုံး နိုင်ငံဖြစ်သော်လည်း ၁၉၉၁ ခုနှစ်အတွင်း နိုင်ငံ၏ အနောက်တောင်ဒေသရှိ အွန်ဇံမီးတောင်ပေါက်ကွဲ၍ လူ ၄၃ ဦး သေဆုံးပြီးနောက်ပိုင်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရသူ မရှိခဲ့ပေ။

မီးတောင်မှ ပြာမှုန်များနှင့် ကျောက်တုံး ကျောက်ခဲများ ပန်းမှုတ်ခဲ့ရာ မီးတောင် ၀န်းကျင်မြေပြင်တွင် ပြာထု ၈ လက်မအထိ ရှိနေသည်ဟု သိရသည်။

တနင်္ဂနွေနေ့တစ်နေ့လုံး ကြိုးပမ်းရှာဖွေခဲ့ကြပြီးနောက်တွင် မီးတောင်မှထွက် ပေါ်လာသည့် အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များ ကြောင့် ရှာဖွေမှုကို ရပ်ဆိုင်းထားလိုက်ပြီး တနင်္လာနေ့တွင် ပြန်လည် ရှာဖွေကြမည်ဟု ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အွန်တာကာမီးတောင်သည် ပေပေါင်း ၁၀၁၂၀ ရှိပြီး ယာယီတည်းခိုနိုင်သည့် သစ်သားအိမ်ငယ်များနှင့် တဲများရှိခြင်း၊ ထင်ရှားသည့် တောင်တက်လမ်းကြောင်းများရှိခြင်းတို့ ကြောင့် ခြေလျင်တောင် တက်သူများအကြား ရေပန်းစားသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

တပ်မတော် လက်နက်ကြီး ကျည်မှန်ကာ တပ်ကြပ်ကြီး တစ်ဦးသေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် ၁၆ မိုင်အကွာရှိ အမှတ် ၁၃ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းမှ လက်နက်ကြီး ပစ်ခတ်လေ့ကျင်ရာတွင် ကျည်မှန်ကာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး နှစ်ဦးမှာ လက်ချောင်း ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သည်။


“လက်နက်ကြီး ကျည်ထည့်နေတဲ့အချိန်မှာ ပေါက်ကွဲသွားလို့ လက်ချောင်းတွေ ပြတ်ကုန်တယ်။ တစ်ယောက် က တံတောင်ဆစ်က ပြတ်တယ်။ စခန်းကို ပြန်ရောက်တဲ့ အချိန်မှာသေသွားတယ်" ဟု သင်တန်းကျောင်းနှင့် သုံးမိုင်အကွာရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ တွင်းငယ်ရပ်နေ ဦးမင်းမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ယခုဖြစ်စဉ်သည် စက်တင်ဘာလ ၂၆ တွင် ဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၄ မှ အောက်တိုဘာ၅ အထိ လေ့ကျင့်ကြ မည်ဖြစ်၍ လေ့ကျင်ရေးကွင်း၏ တစ်မိုင်ပတ်လည်သို့ မည်သူမှမလာရောက်ရန် အသိပေးထားသည်ဟု ကျောက်ဖျာ အုပ်ချုပ်ရေးမှုး ဦးဇော်နိုင်က ဆိုသည်။

လေ့ကျင်ရေးကျောင်းမှ ကျည်များ ရွာသားများ၊ နွားများကို ထိမှန်နေမှုအတွက် လွှတ်တော်ကိုယ်စားလှယ်ထံ အကြောင်းကြားကာအကူအညီတောင်းခံလိုသော်လည်း ကိုယ်စားလှယ်များကိုပင် သိရှိမှု မရှိဟု ဦးမင်းမင်းထွန်း ကဆိုသည်။

သြဂုတ် ၂၃ လေ့ကျင့်မှုတွင်လည်း မွေးရာပါ မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး၏ ဦးခေါင်းကို ကျည်ဆန်ထိ မှန်ခဲ့ဖူးပြီး၊ ခုနစ်မိုင် လေ့ကျင့်ရေး သင်တန်းအမှတ် (၂)၊ ကုတင် ၁၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။

ကြိုတင်အကြောင်းမကြားဘဲ ပစ်ခတ်ခဲ့သည့် စက်တင်ဘာ၁၇ လေ့ကျင်မှုများတွင်လည်း စားကျက် လွတ်ထား သည့် နွား ၇ ကောင်ကိုထိမှန်ခဲ့ပြီး နှစ်ကောင် သေဆုံးခဲ့သည်။

Credit to mizzima

အိုးအိမ်မှ ဂရန်ချထားပေးသည့်မြေ၌ ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းကို ရပ်ကွက်နေပြည်သူများက ရပ်ကွက်ပိုင်မြေအဖြစ် သတ်မှတ်ပေးရန် ကန့်ကွက်ဆန္ဒပြ



အိုးအိမ်မှ ဂရန်ချထားပေးသည့်မြေ၌ ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းကို ရပ်ကွက်နေပြည်သူများက ကန့်ကွက်ဆန္ဒပြစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)


အိုးအိမ်မှ ဂရန်ချထားပေးသည့်မြေ၌ ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို ရပ်ကွက်နေပြည်သူများက ကန့်ကွက်ပြီး ရပ်ကွက်ပိုင်မြေအဖြစ် သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၄ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဝေဋ္ဌုဝန်မြောက်ပိုင်းရပ်ကွက်၌ ပြုလုပ်ခဲ့သည်။

ရပ်ကွက်နေပြည်သူအင်အား ၂၀ ခန့်က ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ရှေ့တွင် “ရပ်ကွက်နေ အများပြည်သူပိုင် ဖွံ့ဖြိုးရေးစိုက်ပျိုးမြေကွက်အား အလွဲသုံးစားပြု၊ မတရားပြုသူတို့အား အရေးယူပေးရန်”၊ “စမ်းချောင်းမြို့နယ်ရှိ ပြည်သူကို ဥပေက္ခာပြု၍ ခရိုနီကိုကိုယ်စားပြုသော တာဝန်ရှိပုဂ္ဂိုလ်များအား ဖယ်ရှားပေးရေး”၊ ပြည်သူပိုင်မြေကွက်အား အထူးဂရန်နှင့် ဆောက်လုပ်ခွင့်ပေးခြင်းအပေါ် တာဝန်ရှိဌာနဆိုင်ရာ ပုဂ္ဂိုလ်များမှ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးပါရန်”၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၃၉၀ အခန်း(၈) နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းကို ဝေဋ္ဌုဝန် (မြောက်) ပြည်သူများ လိုက်နာကြပါသည်”၊ “ကျူးကျော်အဆောက်အအုံဖြစ်စဉ်တွင် အဘက်ဘက်မှ ပါဝင်ပတ်သက်သူများကို လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မတီမှ စစ်ဆေးအရေးယူပေးပါရန်” စသည့်ဗီနိုင်းစာသားများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“၂၀၁၁ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲကာလမှာ အိုးအိမ်လူနဲ့ပေါင်း၊ ဂရန်ဖော်ထုတ်ပြီး ဒီအဆောက်အအုံကို ဆောက်တယ်။ ဒါကို ပြည်သူတွေက ကန့်ကွက်ပြီး တိုင်စာပို့တယ်။ အများပြည်သူပိုင်မြေအဖြစ် အစိုးရကိုတိုင်ထားတာ ရှစ်ကြိမ်လောက်ရှိပါပြီ။ ဌာနဆိုင်ရာကလူတွေနဲ့ ခရိုနီတွေပူးပေါင်းပြီး လုပ်စားတယ်လို့ပဲ မြင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် ယင်းရပ်ကွက်တွင် အစဉ်အဆက် နေထိုင်လာသူ ဦးလှဝင်းကဆိုသည်။

၎င်းမြေသည် ယခင်က မြေကွက်လွတ်အဖြစ်တည်ရှိပြီး ရပ်ကွက်စိုက်ပျိုးရေးပြုလုပ်သော နေရာအဖြစ် အသုံးပြုခဲ့ကြောင်း ရပ်ကွက်နေပြည်သူများမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြထားသည့်စာတွင် ဖော်ပြထားသည်။

“အထောက်အထား အပြည့်အစုံနဲ့ ခိုင်ခိုင်မာမာလုပ်နေတော့ ဘာမှပြောဖို့ အခွင့်အလမ်းက သိပ်မရှိဘူး။ ပြည်သူတွေကတော့ ရပ်ကွက်ဖွံ့ဖြိုးရေးပိုင်မြေဆိုပြီး ဆန္ဒဖော်ထုတ်ကြတာပါ” ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်းက ပြောကြားသည်။

“ကျွန်တော်တို့က တရားဥပဒေနဲ့အညီ ဂရန်လျှောက်ပြီး ရရှိထားတာပါ။ ရပ်ကွက်ကလူတွေလည်း လျှောက်ကြတယ်။ မရလို့ ဒီလိုကန့်ကွက် ဆန္ဒပြတယ် ထင်ပါတယ်” ဟု မြေပိုင်ရှင်၏သားဖြစ်သူ ကိုမျိုးမြင့်အောင်က ပြောကြားသည်။
Eleven

လာပြန်ပါပြီ မှောင်ခိုဈေးကွက် ...တယ်လီနောဆင်းမ်ကတ် ပြင်ပဈေးကွက်တွင် ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်

ဈေးကွက်အတွင်း မရောက်ရှိခင် ကတည်းက
လူအများစု စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့သော
တယ်လီနော ဆင်းမ်ကတ်များ မန္တလေးမြို့တော်
တွင် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ရောင်း
ချပြီး နာရီပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဆင်းမ်
ကတ် တစ်ကတ်လျှင် ကျပ် ၁ သောင်းဝန်းကျင်


အထိ ရောက်ရှိသွားကြောင်း တယ်လီနော ဆင်းမ်ကတ်ကို သွားရောက် ဝယ်ယူခဲ့သူများက ပြောကြားသည်။


“ပြောတော့ ဆိုင်တိုင်း နံနက် ၁၁ နာရီအချိန်မှာ ရောင်းချပေးမယ် ပြောပြီးတော့၊ နေ့လယ် ၁ နာရီလောက်ထိ ဆိုင်တိုင်း မရောင်းချပေးသေးဘူး။ တချို့ ရောင်းတဲ့ဆိုင်တွေက ဝယ်ခဲ့ပြီးတော့ ဒီမှာ ၇၈ လမ်း Any Call ဆိုင်ရှေ့မှာပဲ တစ်ကတ်ကို ၉၅၀၀ ၊ ၁၀၀၀၀ နဲ့ ရောင်းချနေကြတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ တယ်လီနော ဆင်းမ်ကတ်များကို မန္တလေးမြို့ရှိ မိုဘိုင်းလ်ဆိုင်များနှင့် စတိုးဆိုင် အများအပြားတွင် ငွေဖြည့်ကတ် ကျပ် ၃၀၀၀ တန်ဖြင့် တွဲဖက်၍ တစ်ကတ်လျှင် ကျပ် ၄၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။


မှောင်ခိုဈေးကွက်တွင် အော်ရီဒူး ဆင်းမ်ကတ် ပေါက်ဈေးမှာ နံပါတ်ပေါ် မူတည်၍ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ရှိပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPTဆင်းမ်ကတ် များမှာလည်း မှောင်ခို ဈေးကွက်အတွင်းတွင် အမြင့်ဆုံးဈေး ဖြစ်သည့် ကျပ်နှစ်သောင်းကျော်အထိ ဈေးပေါက်နေကာ ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖြန့်ဖြူး ရောင်းချပေးနေသော တယ်လီနော ဆင်းမ်ကတ် ပြင်ပပေါက်ဈေးမှာမူ ကျပ်တစ်သောင်း နီးပါးအထိ ပေါက်ဈေး ရှိကြောင်း မန္တလေးမြို့မှ ဖုန်းဟန်းဆက်နှင့် ဆင်းကဒ်များ ဝယ်ရောင်း လုပ်ဆောင်နေသည့် အရောင်းအဝယ်သမားများထံမှ သိရသည်။


ယနေ့ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသော တယ်လီနော ဆင်းမ်ကတ်များမှာ ငွေဖြည့်သွင်းရ ခက်ခဲပြီး အင်တာနက် အသုံးပြုရသည်မှာလည်း အဆင်မပြေသေးကြောင်း၊ ၎င်းတို့ သတ်မှတ်ထားသော 1 MB လျှင် ၆ ကျပ်နှုန်းနှင့် ၁၀ ကျပ်နှုန်း နှစ်မျိုးစလုံးဖြင့် အင်တာနက် စမ်းသပ် အသုံးပြုကြည့်သော်လည်း အင်တာနက်လိုင်း သိပ်မကောင်းသေးကြောင်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့တွင် နေထိုင်သူ ကျောက်ကုန်သည် ဦးမျိုးညွှန့်က ပြောဆိုသည်။


“ဆင်းမ်ကတ် ထည့်သွင်းပြီးပြီ ဆိုတာနဲ့ ကြိုက်တဲ့ ဖုန်းနံပါတ်ကို ခေါ်ရပါမယ် ဒါဆို activate ဖြစ်သွားပြီးတော့ ဖုန်းငွေ ဖြည့်သွင်းလို့ ရသွားပါပြီ။ အင်တာနက် အတွက်ကတော့ တစ်လတိတိ Facebook အခမဲ့ အကန့်အသတ်မဲ့ အသုံးပြုခွင့်ရပါမယ်။ ဖုန်းနံပါတ်တစ်ခုခု ခေါ်ပြီးတာနဲ့ internet လည်း စတင်အသုံးပြုနိုင်ပါပြီ။ တခြား site တွေအသုံးပြုရင်တော့ ငွေဖြတ်တောက် သွားမှာပါ” ဟု တယ်လီနော ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

ပစ်သတ်ခံရသည့် ဂျပန်သတင်းထောက်အမှု ဖော်ထုတ်ပေးရန် ညီမဖြစ်သူ တောင်းဆို

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်သတ်
ခံခဲ့ရတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက် နဂအိ
ခန်းဂျီစံအတွက် အမှုမှန် ဖော်ထုတ်ပေးဖို့
ညီမဖြစ်သူ နိုရီကို အိုဂ၀စံက စက်တင်လာ
၂၇ ရက်က ပြုလုပ်တဲ့ ရွှေဝါရောင် ၇ နှစ်မြောက်

အောက်မေ့ဖွယ်ဆုတောင်းပွဲမှာ တောင်းဆိုခဲ့ ပါတယ်။

deadphotoဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက တဆင့် တောင်းဆိုနေတာ ၇ နှစ်ရှိ ပြီဖြစ်ပြီး ဂျပန်အစိုးရ တာဝန်ရှိသူတွေကလည်း အမှုမှန်ဖော် ထုတ်ပေး ဖို့ မြန်မာအစိုးရကို အမြဲတောင်း ဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲမှုတွေ ရှိလာနေပါပြီဆိုတဲ့ အကြောင်းပြန်ချက်ကို စိတ်ပျက်လာပြီလို့ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာစစ်ပွဲတွေကို လိုက်လံသတင်းယူတဲ့ အတွေ့အကြုံရှိသူ ဂျပန်အခြေစိုက် အေပီအက်ဖ်သတင်းထောက် နဂအိခန်းဂျီစံ ၅၀ နှစ် ဟာ ၂၀၀ရ စက်တာဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းယူရင်း မြန်မာလုံခြုံရေးစစ်သားတွေရဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။

သတင်းရိုက်ယူနေစဉ် ကိုင်ထားတဲ့ တိတ်ခွေ အပါအ၀င် ကင်မရာကို ဂျပန်အစိုးရကတဆင့် မိသားစုနဲ့ အေပီအက်ဖ်သတင်းဌာနက အစဉ်တဆက်တောင်းဆိုနေခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရကို တွေ့ဆုံတိုင်း ကင်မရာပြန်ပေးရေးနဲ့ အမှု မှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြာရေးဝန်ကြီးဌာန အင်တာနက်သတင်း စာမျက်နာမှာ အမြဲဖော်ပြလေ့ရှိပါတယ်။

DVB (မြန်မာပိုင်း)

PR စနစ်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း မဲဆန္ဒရှင်ပြည်သူ ၄၀၀ ကျော်က ပုဇွန်တောင်မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒပြ



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း ဆန္ဒပြနေသည့် မဲဆန္ဒရှင် ပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြို့နယ်မဲဆန္ဒရှင်ပြည်သူ ၄ဝဝ ကျော်ခန့်က စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် ပုဇွန်တောင်မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါ ဆန္ဒပြသူများသည် ပုဇွန်တောင်မြို့နယ် ပန်းခြံရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး “ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ PR စနစ် အလိုမရှိ”၊ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး နှောင့်နှေးစေမည့် PR စနစ် ဖယ်ထုတ်ပစ်”၊ “ပြည်သူ့ဆန္ဒမပါဘဲ PR စနစ် အဆိုတင်သွင်းသူ ဦးအောင်ဇင် အလိုမရှိ”၊ “ပြည်သူ့ဆန္ဒဆန့်ကျင်သူ ဒို့ရန်သူ”၊ “သင့်ကြောင့် ပုဇွန်တောင်သမိုင်း မရိုင်းစေနဲ့” စသည့်တို့ကိုကြွေးကြော်ကာ ပုဇွန်တောင်မြို့နယ်အတွင်း၌ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ပုဇွန်တောင်မြို့နယ်နေ မဲဆန္ဒရှင် တစ်ဦးဖြစ်သည့် ဦးကျော်က “ဒီ PR စနစ်ကို တစ်ပြည်လုံးနဲ့အတူ ကျွန်တော်တို့ ပုဇွန်တောင်မဲဆန္ဒရှင်တွေကလည်း မလိုလားဘူး။ ဒီစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့မဲပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်နေတယ်။ နောက်ပြီး ဦးအောင်ဇင်ဟာ ပုဇွန်တောင်သား မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ဘာလို့မဲပေးခဲ့တာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေတဲ့ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံရင်ပြီးရောဆိုပြီး ဦးအောင်ဇင်တို့ NDF ပါတီကို မဲပေးခဲ့ကြတာ။ ကိုယ်စားလှယ်စဖြစ်တဲ့ အချိန်ကနေစပြီး မြို့နယ်အတွင်းက လိုအပ်ချက်တွေကိုလည်း ဘာတစ်ခုမှ အကျိုးမဆောင်ရွက်ပေးဘူး။ မြို့နယ်အတွင်းမှာ ရုံးခန်းတောင်မရှိဘူး။ အခုဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ထို့အပြင် ဦးအောင်ဇင်ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြမှု ပြုလုပ်မည့်အကြောင်းကိုလည်း မြို့နယ်မဲဆန္ဒရှင် ပြည်သူများက စက်တင်ဘာ ၂၆ ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၆၉(ခ)တွင် “သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်” ဟု ပြဌာန်းပါရှိသည်။
Eleven

Miss Asia Pacific World အဖွဲ့က မေမြတ်နိုး၏မိခင်ကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ကြေညာချက်ထုတ်ပြန်



MBC TV Korea ရုပ်သံဌာနက မေမြတ်နိုးနှင့် မိခင်ဖြစ်သူအား လာရောက်တွေ့ဆုံမေးမြန်းစဉ်


Miss Asia Pacific World ၏ ကော်မတီအဖွဲ့ဝင် အင်ဒရေဂျန်က မေမြတ်နိုး၏မိခင်ကို ရာဇဝတ်မှု စွဲချက်များဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

အဖွဲ့၏ တာဝန်ခံကော်မရှင်နာဖြစ်သူ အင်ဒရေဂျန်က မေမြတ်နိုးသည် ကမ္ဘာတစ်ဝန်းမှ သတင်းထောက် ၁ဝဝ ခန့်ပါဝင်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့က သူမကို ခေါင်းအစခြေအဆုံး ခွဲစိတ်ပြုပြင်ရန် ဖိအားပေးခဲ့ကြောင်းနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုမှားယွင်းသော ပြောဆိုမှုသည် ကော်မတီ၏ ဂုဏ်သတင်း၊ ပံ့ပိုးသူများနှင့် တောင်ကိုရီးယားနိုင်ငံ၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အဖွဲ့၏ဥက္ကဋ္ဌသည် စက်တင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ ၃၇ ယောက်မြောက် ရှေ့နေချုပ် ဂျွန်ဂျူကင်နှင့် တိုင်ပင်ခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် မစ္စတာကင်က မြန်မာနိုင်ငံရှိ နိုင်ငံတကာရှေ့နေတစ်ဦးနှင့် မိတ်ဆက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်အားလုံးက မေမြတ်နိုးနှင့် သူ၏မိခင်ကို အရေးယူအပြစ်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့နောက် ထပ်မံစုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားသည်။

မေမြတ်နိုးသည် Miss Asia Pacific World အဖွဲ့၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ပြီး သရဖူ ပြန်လည်အပ်နှင်းမှုနှင့် သူမသေဆုံးသည့်တိုင် ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်များက သတ်မှတ်ခဲ့ကြသည်။

ထို့ပြင် မေမြတ်နိုးသည် မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပျက်စီးစေခဲ့ကြောင်း၊ မေမြတ်နိုးပြဿနာကြောင့် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ထိခိုက်စေခဲ့ကြောင်း၊ ထို့ပြင် အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ကျဆင်းမှုအတွက် မေမြတ်နိုးက အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

မေမြတ်နိုးသည် ဖိအားပေး ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ကိုရီးယားဘာသာဖြင့် ကျွမ်းကျင်စွာ လိမ်လည်ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင်မူ သူမက “ကျွန်မဘယ်တုန်းကမှ ခွဲစိတ်မှု မခံယူခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ MBC TV Korea ၏ Real Story Eye အစီအစဉ် အင်တာဗျူးတွင် သူမက “ကျွန်မအမေနှင့် ကျွန်မခွဲစိတ်ကုသမှုအတွက် သဘောတူညီချက်ကို လက်မှတ်ထိုးတုန်းက အဲဒါဟာ ကျန်းမာရေးဆေးစစ်တာလို့ ထင်ခဲ့ပါတယ်။ အကြောင်းအရာပါ အဓိပ္ပာယ်ကို ကျွန်မမသိခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ သူမသည် တောင်ကိုရီးယားနိုင်ငံအား ကမ္ဘာတွင် အရှက်ရစေခဲ့ပြီး တစ်ကမ္ဘာလုံးကို လိမ်လည်ခဲ့ကြောင်း ကြေညာချက်က ရေးသားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေမြတ်နိုး၏ မိခင်ဖြစ်သူက “ကျွန်မတို့ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားဖို့ စီစဉ်ထားပါတယ်။ သမီးကတော့ အသက်ကလည်း ငယ်ရွယ်သေးတယ်။ သူအခုဆိုရင် ကျောင်းလည်းပြန်တက်နေပြီ။ သူရင်ဆိုင်ခဲ့ရတာတွေ အားလုံးမေ့ဖျောက်ပြီး သူ့ဘာသာ အကောင်းဆုံး ကြိုးစားနေတာပါ။ ကိုရီးယား အဖွဲ့အစည်းဘက်က တာဝန်ရှိသူတွေ လာယူမယ်ဆိုရင် သရဖူကို ပြန်ပေးမယ်လို့ ပြောထားပြီးပါပြီ။ ဒါကိုမှ သူတို့ဘက်က ဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် ကျွန်မအနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်လည်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်”ဟု ဆိုပါသည်။

MBC TV Korea ၏ Real Story အစီအစဉ်အတွက် မီဒီယာဝေဖန်ရေး ဆောင်ရွက်သူ ဂျယ်အွန်ဟာက လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခံခဲ့ရသည်ဟု နိုင်ငံရပ်ခြား အမျိုးသမီးတစ်ဦး၏ စွပ်စွဲပြောဆိုမှုများကြောင့် တောင်ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ မှားယွင်းသော စွပ်စွဲပြောဆိုမှုများကြောင့် ကိုရီးယားဖျော်ဖြေရေးလုပ်ငန်း ပြိုလဲမှုကို ကာကွယ်ရန်သည် တရားစွဲဆိုမှုများအတွက် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ကြောင်း Miss Asia Pacific World အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ဝ၁၁ ခုနှစ်က ဝေလမယ် ပါဝင်ပတ်သက်ခဲ့သော အငြင်းပွားမှုသည် သတင်းမှားဖြစ်ကြောင်း ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လည်း ကိုရီးယားမီဒီယာအချို့က ၎င်းတို့၏ ပြိုင်ပွဲအကြောင်းကို လှုပ်လှုပ်ရွရွဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့၏ပြိုင်ပွဲသည် တောင်ကိုရီးယားနိုင်ငံကို အထင်မှားစေခဲ့သည်ဟု ရေးသားခဲ့ကြကြောင်း Miss Asia Pacific World အဖွဲ့က ပြောကြားသည်။ ထို့ကြောင့် အဖွဲ့သည် သတင်းစာများ၊ ရုပ်သံများကို ဂရုတစိုက် စောင့်ကြည့်နေကြောင်း၊ ၎င်းတို့၏ မှားယွင်းသောသတင်းများကြောင့် အလှမယ်ပြိုင်ပွဲ ပျက်စီးမှုမှ အဖွဲ့ဝင်များက ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

“လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)မှာရှိတဲ့ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းပိုင် မာစတာစပေါ့ ဖိနပ်စက်ရုံက စက်ရုံအလုပ်သမားတွေကို ဇွန်လပိုင်း လုပ်ခလစာနှင့် စက်ရုံပိတ်သိမ်း နစ်နာကြေးမပေးဘဲ စက်ရုံကို ဇူလိုင်လဆန်းပိုင်းမှ စတင်ပိတ်သိမ်းခဲ့တယ်။ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု၊ တရားစွဲမှု ဘာမှမလုပ်နိုင်ဘူး။ ဟိုဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ကူညီတာ မရှိဘူး။ အခု Miss Asia Pacific World ရဲ့ ကော်မတီအဖွဲ့ဝင်က မေမြတ်နိုးရဲ့မိခင်ကို ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်။ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်က လက်ရှိမြန်မာနိုင်ငံမှာ။ သူတို့နိုင်ငံဘက်ကနေ တရားစွဲလည်း သူတို့နိုင်ငံဥပဒေနဲ့ပဲ တရားစွဲလို့ရမယ်။ သူတို့နိုင်ငံ ဥပဒေနဲ့ တရားစွဲရင် ဒီကိုလာဖမ်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ပုဂ္ဂိုလ်ရေးကိစ္စ။ သူတို့က နိုင်ငံတကာနဲ့ဆိုင်တဲ့ အကြမ်းဖက်တဲ့ပြစ်မှုမျိုး ကျူးလွန်ထားတဲ့ ရာဇဝတ်တရားခံတွေလည်း မဟုတ်လို့ ဒီကိုလွယ်လွယ်နဲ့ လာဖမ်းလို့ မရနိုင်ဘူး။ မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု တရားစွဲမှု ဘာမှမလုပ်နိုင်သလို မြန်မာနိုင်ငံမှာရှိနေတဲ့ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်ကိုလည်း ကိုရီးယားနိုင်ငံကနေ ကိုရီးယားဥပဒေတွေနဲ့ ဒီမှာဘာမှလာလုပ်လို့ မရဘူး” ဟု ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
EMG

စွမ်းဆောင်ရည်မြင့် Huawei ရဲ့ နည်းပညာသစ် Huawei Ascend Mate 7





အာရှပစိဖိတ် ဒေသမှာ စမတ်ဖုန်းဈေးကွက်ဝေစု အများဆုံး သိမ်းပိုက်ထားနိုင်တဲ့ Huawei ဟာ ပြီးခဲ့တဲ့ IFA ပွဲမှာ ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး ကြေညာပြသခဲ့ပါတယ်။ အဲဒီဖုန်းကတော့ Ascend Mate 7 ပါ။ Huawei ဟာ ဒီဖုန်းနဲ့အတူ ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ ဆိုတဲ့ နာမည်ကနေ၊ ထိပ်တန်း နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုဆိုတာ ပြသနိုင်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်းနဲ့အတူ Huawei ရဲ့ တီထွင်ဆန်းသစ်မှုတွေကို တွေ့မြင်ကြရမှာဖြစ်သလို လက်ရှိ ထိပ်တန်းစမတ်ဖုန်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်။
ပထမဆုံး ဖုန်းရဲ့ ဒီဇိုင်းပုံစံကနေ စပြီးကြည့်မယ်ဆိုရင် Mate 7 မှာ အလွန်ပါးလျပြီး ကျစ်လျစ်သပ်ရပ်တဲ့ တည်ဆောက်မှုမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Huawei အတွက် ပထမဆုံး သတ္တုကိုယ်ထည် စမတ်ဖုန်းဖြစ်သလို မျက်နှာပြင်ကြီးမားပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဖုန်းတစ်လုံးအဖြစ်လည်း မှတ်တမ်းသစ် တင်နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်နဲ့ အနားသတ်ဘောင်ကြားက အကွာဝေးဟာ 2.9mm သာရှိတဲ့ အတွက် စမတ်ဖုန်းတွေထဲမှာ ဘေးဘောင်ကြီးမားတဲ့ဒီဇိုင်းပုံစံတွေကနေ ခွဲထွက်ထားပါတယ်။ ဖုန်းရဲ့အရွယ်အစားထက် မျက်နှာပြင်ဧရိယာကြီးမားမှုကို အသားပေးတည်ဆောက်ထားတဲ့အတွက် ပုံမှန်မြင်တွေ့နေကျ Huawei စမတ်ဖုန်းပုံစံတွေနဲ့ ကွဲပြားနေပါလိမ့်မယ်။ မျက်နှာပြင်အရွယ်အစားက ထောင့်ဖြတ်အလျား 6” ရှိပြီး ဖုန်းရဲ့ အရွယ်အစား(အမြင့်)က 6.18” သာရှိတဲ့အတွက် အပေါ်အောက်ဘောင် လည်း ကျဉ်းမြောင်းလှပါတယ်။ ကိုယ်ထည်ရဲ့အထူကလည်း 7.9 mm သာရှိပြီး အလေးချိန်ကလည်း 185 g သာရှိတဲ့အတွက် ဒီလို အရွယ်အစားကြီးမားတဲ့ သတ္တုကိုယ်ထည်စမတ်ဖုန်းမျိုးကို တည်ဆောက်နိုင်တဲ့ Huawei ကို အံ့သြရပါတယ်။ မျက်နှာပြင်အရည်အသွေးကလည်း 1080x1920p (368 ppi)အရည်အသွေးနဲ့ Gorilla Glass 3 ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင်နည်းပညာကတော့ IPS LCD touchscreen အမျိုးအစားဖြစ်ပါတယ်။
စွမ်းဆောင်ရည်မြင့်မားဖို့အတွက် Huawei ရဲ့ Kirin 925 Soc Chipset ကို ပွဲထုတ် အသုံပြုထားတာ တွေ့ရပါတယ်။ Kirin 925 ဟာ Huawei ရဲ့ ပထမဆုံး 8-core CPU ဖြစ်ပြီး Quad-core 1.8 GHz နဲ့ Quad-core 1.3 GHz နှစ်မျိုးကို စနစ်တကျ ထိန်းချုပ်မောင်းနှင်နိုင်စေဖို့ သီးသန့် core တစ်ခု ထပ်မံထည့်သွင်း ပေးထားပါတယ်။ အသုံးပြုတဲ့ အနေအထားပေါ်မူတည်ပြီး လိုအပ်တဲ့ core အရေအတွက်ကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်စေတာကြောင့် Huawei က CPU တည်ဆောက်မှု စနစ်ကို intelligent 8+1 core Architecture လို့ ခေါ်ဆိုထားပါတယ်။ ဒါ့အပြင် LTE Cat-6 စနစ်ဖြစ်တာကြောင့် ချိတ်ဆက်အသုံးမှုအပိုင်း ကိုလည်း မြန်ဆန်စေပါလိမ့်မယ်။ ဘက်ထရီစနစ်ကို အဓိက ချွေတာပေးနိုင်မယ့် Sensor စနစ်လည်း ပါဝင်ပြီး စွမ်းဆောင်ရည်ပိုင်းရော နည်းပညာပိုင်းပါ မြင့်မားတဲ့ ထိပ်တန်းဖုန်းလုံးဖြစ်ပါတယ်။ အသုံးပြုထားတဲ့ RAM ပမာဏကလည်း 3 GB ဖြစ်ပြီး Mali-T628 GPU ပါဝင်တဲ့အတွက် HD ဂိမ်းတွေ Video တွေအတွက်အလုံအလောက် အသုံးပြုနိုင်စေပါတယ်။ 
Huawei Mate7 မှာ နောက်ထပ်ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ ထင်မှတ်မထားလောက်အောင် ကောင်းမွန်လွန်းလှတဲ့ finger print စနစ်ပါ။ လက်ရှိ ပြိုင်ဘက်စမတ်ဖုန်းတွေမှာလည်း finger print စနစ်ပါဝင်ပြီးသားလို့ ဆိုနိုင်ပေမယ့် Mate 7 ရဲ့ finger print စနစ်က ထူးခြားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာအောက်နားမှာ ပါဝင်တဲ့ အနည်းငယ်ချိုင့်နေတဲ့ လေးထောင့်ကွက်ကလေးပေါ်ကို သတ်မှတ်ထားတဲ့ လက်ချောင်းနဲ့ တို့ထိ၊ ဖြတ်သန်းလိုက်တာနဲ့ သင်ဟာ ဒီဖုန်းရဲ့ ပိုင်ရှင် ဟုတ်လား မဟုတ်ဘူးလားဆိုတာ ချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိ finger-print စနစ်တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး 360ံ ပတ်လည် ဘယ်လိုအနေအထားမျိုးမှာမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သီးခြားသတ်မှတ်ထားတဲ့ လက်ဗွေရာ(လက်ချောင်းတွေ)ရဲ့ ပုံရိပ်ကို CPU ပေါ်က Security Engine ပေါ်မှာ သိမ်းဆည်းပေးထားပြီး ပြန်လည်အသုံးပြုတဲ့အခါ သတ်မှတ်ထားတဲ့ လက်ဗွေရာ ရတာနဲ့တစ်ပြိုင်နက် လျင်မြန်စွာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းထဲမှာပါဝင်တဲ့ Apps တွေနဲ့ တခြားအချက်အလက်တွေကိုလည်း Finger-print စနစ်နဲ့ တစ်ခုချင်းစီ lock ပြုလုပ်ထားနိုင်တဲ့အတွက် လုံခြုံရေးစနစ်မြင့်မားတဲ့ ဖုန်းတစ်လုံးအဖြစ် အသုံးပြုနိုင်ပါလိမ့်မယ်။
Huawei ရဲ့ အကောင်းမွန်ဆုံးဖုန်းတစ်လုံးအဖြစ် မှတ်တမ်းတင်နိုင်မယ့် Mate 7 မှာ နောက်ထပ် ထူးခြားချက်တစ်ရပ် ရှိနေပါသေးတယ်။ စမတ်ဖုန်းနဲ့အတူ ပါဝင်လာမယ့် နားကြပ်(earphones)ဟာ ဆူညံသံတွေလျော့ချနိုင်ပြီး ကြည်လင်ပြတ်သားတဲ့အသံစနစ်ကိုအသုံးပြုထားပါတယ်။ လက်မအရွယ်ရှိ နားကြပ်ရဲ့ အသံထိန်းချုပ်ရာနေရာလေးဟာ မြင်ကတည်းက ထူးခြားမှုတစ်ခုလို့ ထင်မိပါလိမ့်မယ်။ ဒီနေရာဟာ Mate7 အတွက် ၂ နာရီစာ ဖုန်းပြောလို့ရတဲ့ batter စွမ်းအားကို သိုလှောင်ထားပြီး ဖုန်းကို တိုက်ရိုက်အားဖြည့်နိုင် အသုံးပြုနိုင် ပါလိမ့်မယ်။ သီချင်းနားထောင်ရင်း စမတ်ဖုန်းအတွက် လိုအပ်တဲ့အားသွင်းပြီးသား ဖြစ်စေတဲ့ ဒီလုပ်ဆောင်ချက်ဟာ စမတ်ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးဖြစ်သလို အလွန် နှစ်သက်ဖွယ်ကောင်းလှပါတယ်။

ချယ်လ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူရန် ဆုံးဖြတ်ထားကြောင်း ကော့တွိုက်စ်ဆို

ပြီးခဲ့သည့်ရာသီကအက်သလက်တီကိုအသင်းနှင့်အတူချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ကျဆုံးခဲ့ရသည်ကိုချယ်လ်ဆီးအသင်းနှင့်ဖလားပြန်လည်ရယူပြီး ချေဖျက်ရန် ရည်မှန်းထားကြောင်း ဂိုးသမားကော့တွိုက်စ်က ပြောသည်။



အသက် ၂၂ နှစ်အရွယ်ရှိ ကော့တွိုက်စ်သည်အက်သလက်အသင်းတွင်သုံးနှစ်ကြာအငှားသွားရောက်ကစားခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ပြီးနောက်ချယ်လ်ဆီး အသင်းသို့ ပြန်လည်ရောက်ရှိလာကာ ကာလရှည်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်သည်။

“ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်ကို ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် ချယ်လ်ဆီးနဲ့ အောင်မြင်မှုပြန်လည် ရရှိခဲ့မယ်ဆိုရင် ဒါဟာ တကယ်ကိုကောင်းတဲ့ခံ စားချက်မျိုး ဖြစ်လာမှာပါ။ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးနဲ့အတူ အောင်မြင်မှု ရယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီအချိန်မှာချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ် ဖလားရနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ကော့တွိုက်စ်က ပြောသည်။

ကော့တွိုက်စ်သည် အက်သလက်တီကို အသင်းတွင် လာလီဂါဖလား၊ ယူရိုပါလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားများ ကိုရရှိ ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းအတွက် လက်စွမ်းပြခဲ့သူဖြစ်သည်။

ရည်ညွှန်း ဒေးလီးအိတ်စ်ပရက်
Mizzima

IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူးကို မိဘများက စွန့်လွှတ်

အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူး၏ မိဘများက ၎င်းကို မိသားစုမှ စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ဒေးလီးမေးလ် သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။



ယူအေအီးနိုင်ငံအတွက် F-16 တိုက်လေယာဉ်ဖြင့် IS အဖွဲ့အား လေကြောင်းမှ ဗုံးကြဲ စစ်ဆင်ရေး ဆင်နွဲနေသူ မာရီယမ် အယ်လ် မန်ဆူရီ၏ စစ်ဆင်ရေးများသည် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ၎င်း၏ မိဘများထံမှ ဟု ယူဆရ သည့် ကြေညာ ချက်စာတမ်းတွင် ဆီးရီးယားရှိ ရက်စက်သော ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ပါဝင်ခဲ့သည့် အတွက် ၎င်းအား မိသားစုမှ စွန့်လွှတ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ယင်းကြေညာစာတမ်းတွင် ၎င်း၏ မိသားစုသည် IS အဖွဲ့ကို ထောက်ခံကြောင်း ရေးသားထားသည်။ "အီရတ်မှာ ရှိတဲ့ ဆွန်နီ သူရဲကောင်းတွေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ရေးသားထားခဲ့သည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ဆီးရီးယား တော်လှန်ရေးကိုလည်း ထောက်ခံကြောင်း ရေးသားခဲ့သည်ဟု ပါလက်စတိုင်း ၀ါသန် သတင်းက ဖော်ပြထားသည်။

မာရီယမ်အား မိသားစုမှ စွန့်လွှတ်သည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့က "ယူအေအီးမှာရှိတဲ့ ကျွန်တော်တို့ မန်ဆူရီ မိသားစု ကနေ မာရီယမ် အယ်လ်မန်ဆူရီကို စွန့်လွှတ်ကြောင်း ကြေညာအပ်ပါတယ်"ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆော်ဒီ အာရေးဗျ၊ ဂျော်ဒန်၊ ဘာရိန်း၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့သည် အမေရိကန်နှင့်အတူ ဆီးရီးယားရှိ IS အဖွဲ့အား တိုက်ခိုက်လျက်ရှိသည်။
Mizzima News