ရုံတင်နေပြီ ဖြစ်တဲ့ Myanmar in Love in Bangkok (รักภาษาอะไร) “ဘယ်လိုအချစ်မျိုးလဲ”

ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာ အလုပ်သမားလေး “ဒန်” နဲ့ ခေတ်ဆန်ဆန် မိုက်ကန်းကန်း စတိုင်လ်နဲ့ ထိုင်းလူမျိုး တက်တူးဆရာမလေး “ကေ” တို့ရဲ့ မတူညီတဲ့ ဘဝ၊ မတူညီတဲ့ အသိုင်းအဝိုင်းနဲ့ မတူညီတဲ့ ဘာသာစကား အခက်အခဲတွေ ကြားထဲက လူငယ်သဘာဝ သံယောဇဉ် ချည်နှောင်မိတဲ့ အကြောင်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အတွက် ရင်ထဲမှာ တခုခု စွဲကျန်ရစ်နေမယ့် (Myanmar in Love in Bangkok) ရုပ်ရှင်ကို စက်တင်ဘာလ (၁၈) ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့နယ်ထဲက မဟာချိုင် / စင်ထရမ် ဖလန် ၂ / စင်ထရမ် ဖလန် ၃ / မေဂျာ စံမရို / မေဂျာ ရန်စစ် / အက်စ်ဖလာနတ် ရချဒါ တို့မှာ ရုံတင်နေပြီ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ထိုင်းတနိုင်ငံလုံးကိုတော့ မကြာမီ ရုံတင်ပြသမည် ထင်ပါကြောင်း ... ခေတ်ဆန်ဆန် မိုက်ကန်းကန်း စတိုင်လ်နဲ့ ထိုင်းလူမျိုး တက်တူးဆရာမလေး Kay (ကေ) အဖြစ် Kaew (ကယောက်)၊ ရိုးသားတဲ့ မြန်မာ အလုပ်သမားလေး Dan (ဒန်) အဖြစ် အောင်နိုင်စိုး၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

(အဉ္ဖလီ)
ဧရာဝတီ

0 comments:

Post a Comment