ကမ္ဘာ့ ထိပ်သီး Programmer ၁၀ ယောက် အကြောင်း

1. Dennis MacAlistair Ritchie (C)
2. Bjarne Stroustrup (C++)
3. James Arthur Gosling (Java)
4. Linus Benedict Torvalds (Linux)
5. Anders Hejlsberg (C#)
6. Sir Timothy John Tim Berners-Lee (WWW)
7. Brain Wilson Kernighan (Unix)
8. Kenneth Thompson (Go Programming Language)
9. Guido van Rossum (Python, Google, Dropbox)
10. Donald Kuth (TeX) 

1. Dennis MacAlistair Ritchie (C Programming) သည် အမေရိကန် လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက် ဖြစ်ပြီး စက်မှု ခေတ်ကြီးကို ပုံဖော်ဖို့ အတွက် ကူညီ ထောက်ပံ့ခဲသူ တစ်ဦးလည်းဖြစ်သည်။ သူသည် C Programming Language ကို တည်ထွင်ခဲ့ပြီး သူရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ Ken Thompson နှင့် အတူ Unix Operation System ကိုလည်း တီထွင် ခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၈၃ ခုနှစ်မှာ ACM မှ ချီးမြှင့်သော Turing Award ကိုလည်းကောင်း၊ ၁၉၉၀ မှာ အမေရိကန် သမ္မတ Clinton ချီးမြှင့်သော Clinton National Metal of Technology ကို လက်ခံရရှိခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်မှာ အလုပ်မှ အနားယူပြီးနောက် Lucent Technologies System Software Research Department ကို ဦးဆောင်ခဲ့သည်။ 

2. Bjarne Stroustrup (C++ Programming) သည် ဒိန်းမတ်လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး C++ Programming Language တီထွင် ခဲ့ပြီး ပိုမိုကောင်းမွန်အောင် တွင်တွင်ကျယ်ကျယ် ပြုလုပ် သူအဖြစ် လူသိများ ခဲ့ဖြစ်သည်။ သူသည် သုတေသန စာတမ်းများကို ခွဲခြမ်းစိတ်ဖြာသူ ပါမောက္ခ တစ်ဦး ဖြစ် ပြီး အမေရိကန် Texas ပြည်နယ် A&M University ရှိ ကွန်ပျူတာ သိပ္ပံ ဌာနတွင် အင်ဂျင်နီယာ အမှူဆောင် အဖြစ်လည်းကောင်း၊ Columbia University တွင် ပါမောက္ခ အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်နေပြီး Morgan Stanley မှာ အလုပ် လုပ် နေပါသည်။ 

3. James Arthur Gosling (Java Programming) သည် ကနေဒါ လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Java Programming Language ၏ ဖခင် ဟု လူသိများ သူဖြစ်သည်။ သူသည် NeWS နှင့် Gosling Emacs ကဲ့သို့သော software system များအတွက် အဓိက အထောက်အပံ့ ပေးခဲ့သည်။ သူရဲ့ အောင်မြင်ကျော်ကြားမှုများကြောင့် သူသည် အမေရိကန် ပြည်ထောင်စု အမျိုးသား အင်ဂျင်နီယာ အကယ်ဒမီ ရဲ့ ပြင်ပ တွဲဖက် အဖွဲ့ဝင် အဖြစ် ရွေးချယ်တင်မှု ခဲ့ရသည်။ 

4. Linus Benedict Torvalds (Linux kernel) သည် ဖင်လန်-အမေရိကန် Software အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး Linux kernel ကို တည်ဆောက်ဖို့အတွက် အဓိက တွန်းအား ပေးခဲ့သူဖြစ်သည်။ နောက်ပိုင်းမှာ Linux kernel ရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်လာပြီး အခုလက်ရှိမှာ Project Coordinator အဖြစ် လုပ်ကိုင်နေပါသည်။ သူသည် Programmer များ coding ရေးရာမှာ အဆင့်လိုက် ထိန်းချုပ် သိမ်းဆည်း ထားနိုင်သော စနစ် Git နှင့် ဒိုင်ဗင် သမားများ မှတ်တမ်း သိမ်းဆည်းရာမှာ အသုံးများသော Subsurface ကို တီထွင်ခဲ့သည်။ Linux kernel အား ကွန်ပျူတာ များတွင် တွင်ကျယ် စွာ အသုံးပြုရန်အတွက် သူရဲ့ Open Source Operating System အသစ် တီထွင်မှု ကို အသိမှတ် ပြုသည့်အနေဖြင့် ဖင်လန် နည်းပညာ အကယ်ဒမီ မှာ ပေးအပ်သော Millennium Technology Prize ကို ၂၀၁၂ ခုနှစ်မှာ Shinya Yamanaka နှင့် အတူ ပေးအပ်ခြင်းခံခဲ့ရသည်။ 

5. Anders Hejlsberg (C#) သည် ထင်ရှားသော ဒိန်းမတ် လူမျိုး Software အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး နာမည်ကြီး လူသိများသော Programming Language များနှင့် Developing Tools များ ဒီဇိုင်း ပြုလုပ်ရာမှာ ပူးတွဲ လုပ်ကိုင် ခဲ့သည်။ C# Programming Language ကို တီထွင် ခဲ့သူလည်းဖြစ်သည်။ သူသည် Turbo Pascal ကို မူလ ရေးသားသူဖြစ်ပြီး Delphi Programming Language ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်သည်။ လက်ရှိမှာ သူသည် Microsoft မှာ C# နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင် တစ်ဦးအဖြစ် လုပ်ကိုင်နေပြီး TypeScript ကို အဓိက ရေးသားနေသူလည်း ဖြစ်ပါသည်။ 

6. Sir Timothy John Tim Berners-Lee (WWW) သည် အင်္ဂလိပ်လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ဦး ဖြစ်ပြီး လူသိများ ထင်ရှားသော World Wide Web (WWW) ကို တီထွင်သူ ဖြစ်ပါသည်။ သူသည် သတင်းအချက်များ စီမံခန့်ခွဲ မှု စနစ် (Information Management System) မူကြမ်းကို ၁၉၈၉ ခုနှစ် မတ်လမှာ ရေးဆွဲခဲ့ပြီး အင်တာနက် ကိုအသုံးပြုပြီ Hypertext Transfer Protocol (HTTP) Clients နှင့် Server ချိတ်ဆက် အသုံးပြုပုံကို ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် Web နည်းပညာ ကို ဆက်လက်တိုးတက်အောင် လုပ်ကိုင်နေသော World Wide Web Consortium (W3C) ရဲ့ စီစဉ်ညွန်ကြားသူ တစ်ဦးဖြစ်ပါသည်။ 

7. Brain Wilson Kernighan (Unix) သည် ကနေဒါ လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ဦး ဖြစ်ပြီး Bell Labs မှာ Unix တီထွင်သူ Ken Thompson နှင့် Dennis Ritchie တွဲပြီး Unix တိုးတက်ရေးတွက် ကူညီထောက်ပံ့ပေးခဲ့သည်။ သူသည် AWK နှင့် AMPL Programming Language များကို တွဲဖက် ရေးသားသူတစ်ဦးလည်း ဖြစ်သည်။ သူသည် Dennis Ritchie နှင့် အတူ ရေးသားခဲ့သော ပထမဆုံးသော C Programming Language စာအုပ် ကြောင့် လူသိများ ထင်ရှား ခဲ့သူဖြစ်သည်။ 

8. Kenneth Thompson (Go Programming Language) သည် အမေရိကန် နိုင်ငံရဲ့ ကွန်ပျူတာ သိပ္ပံ ကို ရှေဆောင် လုပ်ကိုင် ခဲ့သူဖြစ်သည်။ Bell Labs မှာ အများဆုံး အလုပ်လုပ်ခဲ့ ပြီး Unix Operating System ကို ထပ်မံပြည့်စွက် ရေးသားခဲ့သူလည်း ဖြစ်သည်။ သူသည် C Programming Language မတိုင်မီ ထွက်ပေါ်ခဲ့သော ယနေ့ခေတ် လူသိနည်းသော B Programming Language တီထွင် ခဲ့သူ ဖြစ်ပါသည်။ Plan 9 Operating System ကို အစောဆုံးတီထွင်သူများထဲက တစ်ယောက်လည်း ဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ်ကတည်းက Goolge မှာ အလုပ်ကိုင်ခဲ့ပြီး ယနေခေတ် Google မှ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Go Programming Language မှာကိုလည်း ပူးတွဲ တီထွင် ခဲ့သူဖြစ်သည်။ 

9. Guido van Rossum (Python, Google, Dropbox) သည် နယ်သာလန် လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Python Programming Language ကို ရေးသားသူအဖြစ် လူသိများခဲ့သည်။ Python အဖွဲ့အစည်းမှာ Python Programming Language တိုးတက်ကောင်းမွန်လာအောင် အများဆုံး ကြီးစားအားထုတ်ပြီး အဓိက လိုအပ်သော လုပ်ဆောင်ချက်များအတွက် ဆုံးဖြတ်ပေးကြောင့် သူကို “Benevolent Dictator For Life”(BDFL) ဟု ခေါ်ကြသည်။ သူသည် 2005 ခုနှစ်မှ စပြီး ဒီဇင်ဘာ ၇ ရက် ၂၀၁၂ ထိ ကို Google မှာ သူ ရဲ့ အချိန် တစ်ဝက်လောက်ကို Python Programming Language အတွက် အသုံးချခဲ့လေသည်။ ဇန်နဝါရီလ ၂၀၁၃ မှာတော့ သူသည် Dropbox အတွက် အလုပ်စတင် လုပ်ခဲ့သည်။ 

10. Donald Kuth (TeX) သည် အမေရိကန် လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Standford တက္ကသိုလ် မှဆက်လက်တာဝန်ထမ်းဆောင်နေသော အငြိမ်းစားပါမောက္ခ တစ်ဦးဖြစ်ပါသည်။ သူသည် The Art of Computer Programming စာအုပ် များကိုရေးသားသူ လည်း ဖြစ်သည်။ သူအား algorithms များ ခွဲခြမ်း စိတ်ဖြာရာ ၌“ဖခင်” ဟု ခေါ်တွင် ခဲ့သည်။ သူသည် algorithms ရှုပ်ထွေး မှုများကို အချက်အလက်ကျကျ ခွဲခြမ်းစိတ်ဖြာ မှုအပိုင်း တိုးတက်ကောင်းမွန်အောင် ရေးနှင့် လိုအပ်သော သင်္ချာ တွက်ချက်မှုများကို စနစ်တကျ ဖြစ်ပေါ်လာအောင် ကူညီ ထောက်ပံ့ပေးခဲ့သည်။ သူရဲ့ asymptotic notation များကြောင့် လူသိများ ထင်ရှားခဲ့သည်။ သူသည် TeX ကွန်ပျူတာ စာလုံး အရေးအသား စနစ် ကို တီထွင်ခဲ့သူဖြစ်သည်။ 

Wine Chit
ရိုးရာလေး

iPhone 6 Plus နှင့် Apple ရဲ့ တရားဝင်ထုတ်ပြန်ချက်


Apple ဟာ သူ့ရဲ့စက်ရုံတွေ ၊ စမ်းသပ်ခန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်များကိုထုတ်ဖော်ပြောဆိုမှုပြုလုပ်တာ အလွန်ရှားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ နာမည်ကြီးသတင်းမီဒီယာတစ်ချို့ကို Apple ရဲ့ iPhone ထုတ်ကုန်များကို စမ်းသပ်မှုများပြုလုပ်တဲ့ စမ်းသပ်ခန်းများကို တရားဝင်လိုက်လံပြသခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ယခုရက်ပိုင်းမှာအလွန်သတင်းပျံ့သွားတဲ့ iPhone 6,6 Plus ကိုယ်ထည်တွေကွေးညွတ်တယ်ဆိုတဲ့သတင်းများကိုဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ iPhone များကိုပြင်ပသို့ရောင်းချမှုမပြုလုပ်ခင် Cupertino မှာရှိတဲ့ Apple Campus က iPhone ကိုယ်ထည်အစိတ်အပိုင်းများစမ်းသပ်ခန်းမှုအခန်းကဏ္ဍများကိုလိုက်လံပြသခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်ခန်းများမှာ iPhone များကိုအများပြည်သူသုံးအဖြစ် ဖြန့်ဖြူးရောင်းချမှုမပြုလုပ်ခင် ပြင်ပလက်တွေ့ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ ဖုန်းကိုလွတ်ကျမှုတွေ ၊ ဖုန်းကိုတက်ဖိမိတာတွေ ၊ ဖုန်းကိုဘေးတိုက်လိမ်ချိုးပြီးစမ်းသပ်တာမျိုးတွေ စတဲ့ပုံမှန်အခြေအနေအားဖြင့်အကြမ်းခံမှုရှိမရှိကိုစမ်းသပ်မှုများပြုလုပ်တာဖြစ်ပါတယ်။

” iPhone များကိုသေသပ်လှပမှု ၊ အကြမ်းခံမှုရှိအောင် Apple ရဲ့ Designer များ ၊ အင်ဂျင်နီယာများနဲ့ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ကြံ့ခိုင်မှုအပိုင်းမှာလည်း တကယ့်လက်တွေ့သုံးမှာ ဒီဖုန်းအပေါ်သာမန်သုံးအနေနဲ့ ဘယ်လောက်ထိခိုက်နိုင်မယ် ၊ Pressure သက်ရောက်မှုဘယ်လောက်ရှိနိုင်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Apple အနေနဲ့သူ့ရဲ့ Facility တွေကိုပုံမှန်အားဖြင့် ပြင်ပလူတွေကိုထုတ်ဖော်ပြောဆိုပြသလေ့မရှိပါဘူး ။ ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေရတာကတော့ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 6 မော်ဒယ်တစ်ချို့ ကွေးညွတ်တယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ iPhone 6 မော်ဒယ်များကိုထုတ်လုပ်ရောင်းချမှုမပြုလုပ်ခင် ယခုစမ်းသပ်ခန်းများမှာ iPhone 6,6 Plus အလုံးရေပေါင်း သုံးသောင်းခန့်ကိုအမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ စမ်းသပ်ကာလမှ ရလဒ်များကိုအခြေခံပြီး ဖုန်းရဲ့ပုံမှန်သုံးအားဖြင့် ဖိအားအများဆုံးခံရမယ့်နေရာများမှာ steel / titanium သတ္တုများနဲ့ Apple မှကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ anodized aluminum ၊ အလွန်အကြမ်းခံတဲ့ ion-strengthened glass တို့ ကိုအသုံးပြု ထားတာပါ။ သုံးစွဲသူတို့ရဲ့လက်ထဲသို့မပို့ခင် စမ်းသပ်မှု ရာပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ပုံမှန်သုံးအခြေအနေမျိုးနဲ့သုံးစွဲနေသူတွေအတွက် ဖုန်းကကွေးညွတ်သွားဖို့ဆိုတာလုံးဝရှားပါးတဲ့အခြေအနေမျိုးပါ” လို့ Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller ကပြောပါတယ်။

“iPhone 6 Plus များကိုလက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာ အဆင့်သုံးဆင့်ဖြင့်အဓိကစမ်းသပ်စစ်ဆေးပါတယ်။ ယင်းအဆင့်တွေထဲမှာ Sit Test လို့ခေါ်တဲ့စမ်းသပ်မှုလည်းပါဝင်ပါတယ်။ ဖုန်းကို skinny jeans ထဲထည့်ပြီး ထိုင်နေတဲ့နေရာမျက်နှာပြင် အပျော့ ၊ အမာ စတာတွေကို အခြေခံပြီးအကုန်စမ်းသပ်စစ်ဆေးထားပါတယ်။ ဖုန်းကိုတည်ဆောက်ထားတဲ့နေရာမှာ အကြမ်းခံ ၊ ရေရှည်ခံနိုင်ဖို့အတွက် အရေအသွေးအမြင့်ဆုံးဆိုတဲ့ပစ္စည်းအစိတ်အပိုင်းများကိုသာအသုံးပြုထားပါတယ်။ သာမန်အခြေအနေလောက်နဲ့ဖုန်းကကွေးညွတ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။ ဖုန်းကိုတမင်ကွေးညွတ်အောင်ချိုးမယ်ဆိုရင်တော့ iPhone မှမဟုတ်ဘူး ၊ မည်သည့်ဖုန်းမဆိုပုံပျက်ပန်းပျက်ဖြစ်သွားမှာပါပဲ” လို့ Apple မှ Hardware Engineer တစ်ဦးဖြစ်တဲ့ Dan Riccio ကပြောပါတယ်။

Apple မှထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချပြီးတဲ့အထဲကဖုန်းကွေးညွတ်သွားတယ်လို့ဆက်သွယ်ပြောဆိုလာသူ Customer အရေအတွက်ဟာ ကိုးယောက် ဖြစ်တယ်လို့ဆိုပါတယ်။

Credit to: myanmarmobileapp

ဗန်းမောက်ရှိ ရွှေတွင်းကုမ္ပဏီ မှ ပေါက်ကွဲမှုဖြစ်ပွား၍ တရုတ်နိုင်ငံသား နေရာတွင်သေဆုံး



စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ ဝီတိုတာယာဉ် တစ်စီး တို့ ပျက်စီးခဲ့ ရသည်။ 

ထို့ပြင် အဆိုပါ ကုမ္ပဏီရှိ တရုတ် နိုင်ငံသား တစ်ဦးမှာ ယင်း ပေါက်ကွဲမှုကြောင့် အသက် သေဆုံး ခဲ့ရသည်။ သေဆုံးသူ တရုတ် နိုင်ငံသားမှာ Tangyinbo ဆိုသူဖြစ်သည်။ ၄င်း၏ နေရပ်လိပ်စာမှာ Shaanxi ( China ) ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမောက် မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား သည့်အခါ မိုးကြိုး ထိမှန်၍ ကုမ္ပဏီ အဆောက်အအုံ များနှင့် လုပ်ငန်းသုံး ယာဉ်များ ပျက်စီးကာ လူတစ်ဦး သေဆုံးခဲ့ ရသည်ဟု အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးမှ အတည်ပြု ပြောကြားသည်။ 

ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ စခန်းမှူး ဒုတိယရဲမှူး ခင်မောင်ဝင်း၊ တုံပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း တို့နှင့် အဖွဲ့က သွားရောက် စစ်ဆေးသည့် အခါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကို စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)

#PyiChitThar

မြိုင်မြို့နယ်၌ မိုးရွာထဲ ဖုန်းပြောနေသူတစ်ဦး ဖုန်းပေါက်ကွဲကာသေဆုံး


မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသားတစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုးပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လက်ယက်မကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် ကျေးရွာအထက်တန်းကျောင်း၏ မြောက်ဘက်လမ်းမပေါ်တွင် လမ်းလျှောက် ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ်ရာ၊ ဝဲနားရွက် ညိုမည်းဒဏ်ရာများဖြင့် လဲကျသေဆုံးခဲ့ကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရဲအုပ်မင်းယုနိုင်က တိုင်တန်းခဲ့သဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း မှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

The Mirror Daily

ကျားကြောက်၍ ရှင်ကြီးကိုးခဲ့သော်လည်း ရှင်ကြီးကြောင့် ဒုက္ခထပ်ရောက် ရသည့် အမျိုးသမီး

အမေရိကန် နိုင်ငံ နယူးယော့ခ်တွင် အမျိုးသား တစ်ဦး၏ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး တစ်ဦးမှာ အခြား အမျိုးသား တစ်ဦးကို အကူအညီ တောင်း ခဲ့သော် လည်း အကူအညီ မရဘဲ ထပ်ဆင့် အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည်။



အဓမ္မမှု၏ ပထမ တရားခံအဖြစ် စွပ်စွဲ ခံနေရသူ နီကိုလပ် အီဆက်စ်။ ဓာတ်ပုံ - Mirror

သြဂုတ် ၃၁ရက် နံနက်ခင်း ၅ နာရီခန့် အချိန်က One Last Shag ဆိုသည့် ဘားဆိုင်မှ အိမ်သို့ ပြန်လာသည့် အသက် ၃၁နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မျက်နှာစိမ်း အမျိုးသား တစ်ယောက်က အတင်းပွေ့ ဖက် နမ်းရှုပ်ကာ မြေပေါ် တွန်းလှဲ၍ သေနတ်ဖြင့် ပစ်သတ် မည်ဟု ခြိမ်းခြောက်ကာ အဓမ္မ ပြုကျင့်သည်။ ယင်းအမျိုးသားမှာ ထိုသို့ အတင်း ဗလ္လက္ကာယ ပြုကျင့်ပြီး ပိုက်ဆံအိတ်ကို ယူပြီး ထွက်ပြေး သွားကြောင်း ဘရွတ်ကလင်း တရားရုံးတွင် အဆိုပါ အမျိုးသမီးက ထွက်ဆိုသည်။

နိုင်ထက်စီးနင်း ဗလ္လက္ကာယ ပြုကျင့်ခြင်း ခံခဲ့ရ၍ အမျိုးသမီးသည် အားအင် ကုန်ခမ်း နွမ်းလျစွာဖြင့် ဒယိမ်းဒယိုင် လျောက်လာ ခဲ့ရာ ပေ ၅၀၀ ခန့်  လျှောက်လှမ်း မိချိန်၌ လမ်းတွင် တွေ့ ရသည့် ဖြတ်သွား ဖြတ်လာ အခြားအမျိုးသား တစ်ဦးကို အကူအညီ တောင်းရာတွင် ထပ်ဆင့် သားမယား ပြုကျင့်ခံရခြင်း ဖြစ်ကြောင်း နယူးယောက်ပို့စ် သတင်းက ဖော်ပြ ထားသည်။

ဘားမှ အိမ်သို့ ပြန်လာစဉ် ပထမဆုံး သားမယား ပြုကျင့်သူသည် အသက် ၁၇ နှစ်သာ ရှိသေးသည့် နီကိုလပ် အီဆက်စ် ဆိုသူ ဖြစ်ပြီး ပြုကျင့် ခံရပြီး နောက်ပိုင်း အိမ်အရောက် ကြိုးစားပြန်စဉ် အသက် ၂၀အရွယ် ဒါကန် ဂျက်ဆင်ဆိုသူကို တွေ့ ရှိ အကူအညီတောင်း မိရာမှ “ကျားကြောက်လို့  ရှင်ကြီးကိုး ရှင်ကြီး ကျားထက် ဆိုး” အဖြစ်နှင့် ကြုံခဲ့ရကာ တစ်နာရီ အတွင်း နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်ခံလိုက် ရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ရှေ့နေ ရှေ့ရပ် များဖြင့် အမှုစွဲဆို စစ်ဆေး ကြားနာ နေပြီ ဖြစ်သည်။

အခင်း ဖြစ်ရပ်တွင် ရာဇဝတ်သား နှစ်ဦးစလုံးက အမျိုးသမီး ဖြစ်သူကို လမ်းပေါ် တွန်းလှဲခဲ့ ကြကြောင်း၊ ၎င်းတို့ အလို မလိုက်လျှင် ပစ်သတ် မည်ဟု ခြိမ်းခြောက် အကြပ်ကိုင် ခဲ့ကြကြောင်း၊ သို့သော်လည်း သေနတ်ကို မြင်တွေ့  ခဲ့ရခြင်း မရှိကြောင်း တရားရုံး ကြားနာမှု အရ သိရသည်။ ၎င်းတို့ နှစ်ဦးသည် အတူအကွ ပူးပေါင်း ကြံစည်ခဲ့ကြဖွယ် ရှိနေကြောင်းလည်း ကောက်ချက်ချ ထားသည်။

ယခုတွင် အီဆက်စ်နှင့် ဂျက်ဆင်တို့ နှစ်ဦးကို ဓားမြမှု၊ ပြစ်မှုမြောက် လိင်အကြမ်းဖက်မှု၊ မတရား ချုပ်နှောင်မှု၊ ကိုယ်ထိ လက်ရောက် ကျုးလွန်မှုနှင့် ရာဇဝတ်မှု ကျုးလွန်ခြင်း စသည့် ပုဒ်မများဖြင့် အမှုစစ်ဆေးလျက် ရှိသည်။

ဂျက်ဆင်၏ တရားခံ ရှေ့နေကမှု အမှုမှာ လုံးလုံး မှားယွင်း စွဲဆိုခံရသည့် အမှုဖြစ်ပြီး အမှုသွား အမှုလာ အရ တစ်နာရီ အတွင်း နှစ်ကြိမ် တိုင်အောင် သားမယား ပြုကျင့် ခံရသည် ဆိုသော အဖြစ်အပျက်က စိတ်ကူးယဉ် ဖန်တီးထားသည့် ဇာတ်လမ်း ဇာတ်ကွက်သာ ဖြစ်ကြောင်း ထုချေ ထားသည်။

Ref: Mirror
 Mizzima News

အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူ ၃၀၀၀ကျော်ရှိပြီ


အာဖရိကတိုက်အနောက်ပိုင်း၌ ဖြစ်ပွားသည့်
အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း
၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့
(ဒဗလျူအိတ်ခ်ျအို)ကကြေညာသည်။

ထိုဒေသတွင်ရောဂါကူးစက်ဖြစ်ပွားသူ ၆၅၀၀
ကျော်ရှိကြောင်း နောက်ဆုံးရ စာရင်းများအရသိရသည်။

ဒေသတွင်း၌ လိုင်ဘေးရီးယားနိုင်ငံမှာ အဆိုးရွား
ဆုံးရောဂါကူးစက်သေဆုံးရသည့် နိုင်ငံဖြစ်ပြီး လိုင်ဘေးရီး
ယားပြည်သူ ၁၈၃၀ တို့ရောဂါကြောင့်အသက်ဆုံးရှုံးခဲ့ရ
ပြီဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ကမ္ဘာ
ပေါ်၌ သေဆုံးနှုန်းအမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး
အတွက်ပင် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာကြောင်း အမေ
ရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသူ
ဦးရေမှာ နိုဝင်ဘာလဆန်းတွင် ၂၀၀၀၀ ကျော်အထိ
များပြားလာနိုင်ကြောင်း အချို့သော လေ့လာဆန်းစစ်
ချက်များက သတိပေးထားသည်။

ကျန်းမာရေးလုပ်သား ၃၇၅ ဦး ရောဂါကူးစက်
ခံရသည့်အထဲတွင် ၂၁၁ ဦး ဤရောဂါကြောင့်သေဆုံး
ရသည်။ 

အင်တာနက်

ဗောက်ထခြင်းကို အကောင်းဆုံးတုန့်ပြန်ခြင်း



ယနေ့ခေတ်လူကြီးလူငယ်မရွေးအထူးသဖြင့်မိန်းကလေးများမှာ ဗောက်ထခြင်းကြောင့်မိမိရဲ့ခေါင်းတစ်ခုလုံးယားယံပြီးဗောက်ဖတ်လေးများဦးခေါင်းအနှံ့ပျံ့နှံ့တတ်သည့် ဗောက်ထသည့်မှိုရောဂါတစ်မျိုးကိုရင်ဆိုင်ကြရလျက်ရှိပါတယ်။ ဗောက်ထခြင်းဟာမိန်းကလေးများသာမကအမျိုးသားများတွင်ဖြစ်ပွားတတ်ပြီး ဗောက်ထခြင်းကို အကောင်းမွန်ဆုံး တုန့်ပြန်ကာကွယ်ခြင်းမရှိပါက အခြားသော မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့အပြင်ယနေ့ခေတ်မှာလှပပြီးဆွဲဆောင်မှုရှိတဲိ့န်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ဦးခေါင်းမှာဗောက်တွေထနေလို့မဖြစ်ပါဘူး။ ထို့အတူပဲ ဆွဲဆောင်မှုရှိသော ယောကျာ်းလေးတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ဦးခေါင်းမှာ အဖြူရောင်ဗောက်ဖတ်တွေထပြီးအချိန်ပြည့်ဦးခေါင်းကိုကုတ်နေလို့လဲ မဖြစ်ပါဘူး။ ဒါကြောင့် ယခုတစ်ပတ် NewsWatch Journal ရဲ့ကျန်းမာရေးနှင့်အလှအပ ကဏ္ဍကနေ ပျိုပျိုအိုအို ယောကျာ်းလေး၊ မိန်းကလေးများဆွဲဆောင်မှုအပြည့်ရှိပြီး ဗောက်ရှင်းတဲ့ဦးခေါင်းပိုင်ရှင်များဖြစ်ဖို့ ဗောက်ထခြင်းကိုအကောင်းဆုံးတွန်းလှန်နိုင်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ဗိုက်တာမင်ဓါတ်များကြွယ်ဝပါစေ

လူတစ်ယောက်ရဲ့ ဦးရည်ပြားကျန်းမာရေးဟာ ထိုလူရဲ့ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓါတ်ဘယ်လောက်ကြွယ်ဝသလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေတာကြောင့် ဗိုက်တာမင် အေ၊ ဘီ နှင့် စီ ဓါတ်များပေါကြွယ်ဝတဲ့ အစားအစာများကို စားသောက်သင့်ပါတယ်။ ၎င်းအဟာရဓါတ်တွေဟာခန္ဓာကိုယ်ရဲ့ သွေားလှည့်ပတ်မှုစနစ် (Circulatory System) အတွက်မရှိမဖြစ်လိုအပ်သလို ဆဲလ်ကြီးထွားရေးကဏ္ဍမှာလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ၎င်းဓါတ်များဟာ သွေးအတွင်းရှိဆဲလ်များ၏ခုခံစွမ်းအား (immune system) ကိုအထောက်အကူဖြစ်စေတာကြောင့် ဦးရည်ပြားမှာဗောက်ထခြင်းကို အကောင်းဆုံး ကာကွယ်နိုင်ကြပါတယ်။၎င်းဗိုက်တာမင်ဓါတ်တွေပြည့်ဝစွာပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် စတော်ဘယ်ရီသီးစတဲ့အသီးတွေကို စားသုံးသင့်ပါတယ်။

၂။ သင့်ရဲ့ ဘီး နှင့် မိတ်ကပ်လိမ်းချယ်သည့်စုတ်တံများကို ဆေးကြောပါ

မျက်နှာမှာ မိတ်ကပ်လိမ်းချယ်သည့်အခါ အသုံးပြုတဲ့ စုတ်တံများကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးကြောကြပါသလို ဦးခေါင်းရဲ့ ဦးရည်ပြားရောဂါများအထူးသဖြင့် ဗောက်ထခြင်းရောဂါကိုကုသကာကွယ်ရန်အတွက်မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ ဘီးများကိုအခါအားလျော်စွာ ဆေးကြောသင့်ပါတယ်။ ဘီးမှာကပ်နေတဲ့ ဆံပင်များကို ဖယ်ထုတ်ပြီး ပန်ကန်ဆေးဆပ်ပြာနှင့်ဆေးကြောပါ၊ ပြီးနောက် ရေနွေးနှင့် အဖြူရောင် ရှာလကာရည် တို့ရောစပ်ထားသောအရည်ထဲတွင် နာရီဝက်ဝက်ခန့် စိမ်ကာ ဆေးကြောပေးခြင်းကို နှစ်ပတ်တစ်ကြိမ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းအားဖြင့်လည်း ဗောက်ထခြင်းရောဂါကိုကာကွယ်ပါ။

၃။ ဆေးပါဝင်သော ခေါင်းလျှော်ရည်ကိုအသုံးပြုပါ
ဇင့်ဓါတ်ဟာ ဗောက်ထခြင်းရောဂါကိုအကောင်းမွန်ဆုံးတွန်းလှန်နိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့် ဓါတ်ဟာ ဗက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်စွမ်းရှိသလို ခန္ဓာကိုယ်မှ ဆဲလ်များပြောင်းလဲမှုများကိုလည်းနှေးကွေးအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်။ မိမိတို့ကြိုက်နှစ်သက်ပြီး အစွမ်းထက်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ကြပြီး ဦးရည်ပြားကို Moisturize (အစိုဓါတ်ရရှိအောင်) ပြုလုပ်ပေးနိုင်သော ခေါင်းလျှော်ရည်မျိုးက ဗောက်ထခြင်းကိုကာကွယ်ရာမှာပိုမိုအစွမ်းထက်ပါတယ်။

၎။ အလှပြင်ဆိုင်တွင် ကုသမှုပြုလုပ်ခြင်း

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က စပြီး ဗောက်ထခြင်းနှင့်ပတ်သက်ပြီး လူတွေနားလည်ခဲ့တာကပုခုံးပေါ်မှာရှိနေတဲ့အဖြူရောင်ဗောက်ဖတ်လေးတွေဟာ ဦးခေါင်းရဲ့ဦးရည်ပြားပေါ်ကနေကျလာတာဟု ဖြစ်သည်။ ဒါကြောင့်
ဗောက်ထခြင်းကို အလှပြင်ဆိုင်သွားပြီးကုသလိုသူများအတွက် ဦးရည်ပြားအသစ်ပြုပြင်ခင်း (Scalp Renew) လို့လူသိများတဲ့ ကုသခြင်းမျိုးပြုလုပ်ရပါမယ်။ ဦးရည်ပြားအသစ်ပြုပြင်ခြင်း (Scalp Renew) ဆိုတာ ဦးရည်ပြားမှာရှိတဲ့ အဆီးပိုများကိုဖယ်ရှားခြင်းဖြစ်ပြီး ၎င်းကုသမှုကို ရက် ၃၀ မှ ၄၅ ရက်လျှင် တစ်ကြိမ်စီပြုလုပ်သင့်ပါတယ်။ ကျန်းမာသန်စွမ်းသော ဦးရည်ပြားပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက်လည်း ဦးရည်ပြား အသစ်ပြုပြင်ခြင်း ( Scalp Renew) ကုသမှုကိုမိမိတို့နှင့်နီးစပ်ရာ အလှပြင်ဆိုင်များတွင် ကုသမှုခံယူလိုက်ပါ။

၅။ မိမိမှာ ဘာကြောင့် ဗောက်ထသလဲ သိအောင်လုပ်ပါ။

လူတစ်ယောက်နှင့်တစ်ယောက် ဗောက်ထခြင်းပမာဏဟာ မတူညီပါဘူး။ ဒါ့အပြင် ကုသရေးနည်းလမ်းကိုလည်းလူအားလုံးအတွက်တစ်မျိုးတည်းအသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နှင့် တစ်ယောက်ဗောက်ထရောဂါဖြစ်ပွားမှု ရဲ့အရင်းအမြစ်အကြောင်းရင်းက တူညီမှုမရှိလို့ပါပဲ။ အဓိက ဗောက်ထခြင်းနည်းလမ်းအားဖြင့် pityiaris capitis simplex နှင့် pityriasis steatoides ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ pityiaris capitis simplex ဟာ စိတ်ဖိအားများပြားခြင်း၊ အစားအသောက်မမှန်ခြင်းနှင့် ရေဓါတ်ခမ်းခြောက်ခြင်းများကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပွားပါက ဦးရည်ပြားဟာ ခြောက်သွေ့လာပြီးဦးရည်ပြားယားယံခြင်းများဖြစ်ပေါ်စေသည်။ထိုကဲ့သို့ဖြစ်ပေါ်ပါကအစွမ်းထက် ခေါင်းလျှော်ရည်များကိုအသုံးပြုကာကုသနိုင်ပါတယ်။ ဒုတိယတစ်မျိုးဖြစ်တဲ့ pityriasis steatoides ကတော့ အဆီဓါတ်များပြားသော ဦးရည်ပြားများတွင်ဖြစ်ပေါ်တတ်ပြီး ထိုကဲ့သို့ဖြစ်ပေါ်နေသူတစ်ဦးကတော့ သက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံဆွေးနွေးသင့်သည်ဟု သိရသည်။

အောင်ဟိန်းခိုင်

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း ဂျပန်ဟင်းချက်လမ်းညွှန်စာအုပ်ထွက်ရှိ

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း လမ်းညွှန် စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပြီလို့ UPI သတင်းဌာနမှာ ဖော်ပြ ပေးထားပါတယ်။ 

ယင်းကွန်ဒုံးအသုံးပြုဟင်းချက်နည်းစာ အုပ်ကိုတော့ Condom Dishes I Want to make for you လို့ အမည်ပေးထားပါတယ်။

အဆိုပါဟင်းချက်နည်းစာအုပ်ထဲမှာ ကွန်ဒုံးထဲ တွင် အစာသွပ်ကာ ဟင်းချက်နည်းမျိုးပေါင်း ၁၁မျိုးပါဝင် တယ်လို့ သိရပါတယ်။ အဆိုပါဟင်း ချက်နည်း စာအုပ်ကို တော့ Japanamazon.com မှာ ဒေါ်လာ ၂ ဒသမ ၃ဝ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ 

ယင်းစာအုပ်ထဲမှာ ကွန်ဒုံးအစာသွပ်ဟင်းချက် နည်းမျိုးပေါင်း ၁၁မျိုးပါဝင်ပြီး ထောပတ်အစာသွပ်ပြုလုပ် နည်း၊ ဟင်းချက်ပြုတ်နည်း၊ ကွတ်ကီးပြုလုပ်နည်းနဲ့ သစ်သီး ဟင်းလျာပြုလုပ်နည်းတို့ ပါဝင်ပါတယ်။ 

အဆိုပါ ကွန်ဒုံးအသုံးပြုဟင်းချက်နည်းစာအုပ် ကို ဂျပန်အမေဇုန်မှဝယ်ယူသူ အများအပြားရှိပြီး စာအုပ် မှာ ရောင်းအကောင်းဆုံးအဆင့် ၁ဝဝတွင် ထိပ်ဆုံးက ရပ်တည်နေတယ်လို့ သိရပါတယ်။

Ref: UPI 

Flower News Journal ၊ အတွဲ(၁၀) အမှတ်(၃၈)
=======================================

ခါကာဘိုရာဇီအနီး ပျောက်ဆုံးခဲ့သည့် B4 ရဟတ်ယာဉ်ကို တပ်မတော်သားများဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေ


ပျောက်ဆုံး တောင်တက်သမားနှစ်ဦးအား ရှာဖွေနေသည့် ကယ်ဆယ်ရေးအဖွဲ့ထံရိက္ခာနှင့် အထောက်အကူပြု ပစ္စည်းများ ပို့ဆောင်စဉ် ပျောက်ဆုံးခဲ့သည့် ထိုင်းနိုင်ငံ Advance Aviation ကုမ္ပဏီမှ B4 ရဟတ်ယာဉ်အား ၎င်းတို့ ဖြတ်သန်းခဲ့သည့် ပန်းနန်းတင်နှင့် နောင်မွန်းမြို့တို့၏ အနီးပတ်ဝန်းကျင်၌ တပ်မတော်သား(၅၀)၀န်း ကျင်က စတင်ရှာဖွေနေပြီဟု သိရှိရသည်။

အဆိုပါ B4 ရဟတ်ယာဉ်သည် စက်တင်ဘာ(၂၇)ရက် နေ့လည်(၂း၂၀)နာရီတွင်တဟွန်ဒန်းရွာသို့ ရိက္ခာများ၊ အထောက်အကူပြုပစ္စည်းများ ပို့ဆောင်စဉ် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းကြောင့် အဆိုပါ မြို့(၂)မြို့သို့ ဖြတ်သန်းခဲ့သည်ဟု ယူဆရပြီး ရှာဖွေကြမည်ဖြစ်သည်။

Shwe Myitmakha Media Group

မှိုစားမိ၍ မိသားစု တစ်စုတည်းမှ ကလေးနှစ်ဦးသေဆုံး ခဲ့ရသည့် ရင်နင့်ဖွယ်ဖြစ်ရပ်


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် စက်တင်ဘာ ၂၆ ရက်က ဖခင်ဖြစ်သူ ယူလာ ချက်ကျွေးသော မှိုနှစ်မျိုးကို စားမိရာမှ ကလေးငယ် နှစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ မှာလည်း အစာ အဆိပ်သင့် မှုကြောင့် လားရှိုး ပြည်သူ့ဆေးရုံ သို့ တင်ပို့ထား ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၁)နယ်မြေ (၉) နားမခေါ်ရွာ တွင် နေထိုင်သူ ဦးဂျိုးဇက် သည် စက်တင်ဘာ၂၅ ရက်က လားရှိုးမြို့ ကုံးမုံရွာတွင် အလုပ်လုပ်ပြီး အိမ်အပြန်တွင် မှိုနှစ်မျိုးကို ခူးလာပြီး ညစာဟင်း ချက်ကာ သားဖြစ်သူ မောင်အာပေလှ နှင့် သမီးဖြစ်သူ မရို့မေရီ တို့နှင့်အတူ စားသောက်ပြီး အိပ်ရာဝင် ခဲ့ကြသည်။

မကြာမီ ရို့မေရီ ကဗိုက်နာ ကြောင်း အော်ဟစ် ညဉ်းညူ နေသဖြင့် ဦးဂျိုးဇက် က သမီးဖြစ်သူကို ပြုစုရန် အလို့ ငှာ ထရန် ကြိုးစား သောအခါ မလှုပ်ရှား နိုင်တော့ဘဲ အော်ဟစ်ရန် ကြိုးစားသော အခါလည်း အသံမထွက် နိုင်တော့ သဖြင့် မိမိ အစာအဆိပ်သင့် နေပြီဆိုသည် ကိုသတိထား မိပြီး သမီးဖြစ်သူ သည်လည်း အစာ အဆိပ်သင့် နေပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်ပြီး သားကြီး ဖြစ်သူ မောင်အာပေလှ သည်လည်း အလားတူ ခံစား နေရသည်ကို ဝမ်းနည်းဖွယ် တွေ့ လိုက် ရသည်။

သို့ သော် သားနှင့် သမီး နှစ်ဦးလုံး ဝေဒနာ ခံစား နေရသည်ကို မကယ်နိုင် ဖြစ်ရုံမှအပ မည်သို့မျှ မတတ်နိုင် ဖြစ်နေပြီး ည ၁၂ နာရီ ခန့်တွင် သမီးဖြစ်သူ ရို့မေရီ မှာ သေဆုံး သွားခဲ့ပြီး စက်တင်ဘာ ၂၆ ရက် နံနက် ၄ နာရီ ခန့်တွင် သား ဖြစ်သူ မောင်အာပေလှ လည်း သေဆုံးသွား ခဲ့ရသည်။

ထို့ကြောင့် နားမခေါ် ရပ်ကွက် လူငယ်အဖွဲ့က ဦးဂျိုးဇက် ကိုလားရှိုး ပြည်သူ့ဆေးရုံ သို့ တင်ပို့ ပေးခဲ့ပြီး အခင်း ဖြစ်ပွားမှုကို ၄င်းနယ်မြေမှူး ဦးဇော်လွင် က သက်ဆိုင်ရာ နယ်မြေ ရဲကင်းအမှတ် (၄) ထံ သတင်းပေးပို့ ခဲ့ရာ ရဲကင်းမှူး ဒုတိယ ရဲအုပ်ဝင်းနိုင် နှင့် အဖွဲ့က မောင်အာပေလှ နှင့် မရို့မေရီ သေဆုံးရမှု ကို ဆေးရုံသို့ သေမှုသေခင်း နှင့်အတူ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

တောင်ကြီးမြို့လယ်ရှိ ပလက်ဖောင်းပေါ်တွင် လူငယ်များ အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွား


တောင်ကြီးမြို့လယ်ခေါင်ရှိ ကံရှေ့ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ခ) မိန်း လမ်းရှိ ပလက်ဖောင်းပေါ်တွင် အသက် ၁၈ နှစ်အရွယ်ရှိလူငယ်အုပ်စု နှစ် ဖွဲ့မှ တုတ်အရှည်များကိုင်၍ ခိုက်ရန်ဖြစ်ပွားမှု တစ်ခု စက်တင်ဘာ ၂၇ ရက် ည ၉နာရီခန့်က ဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့က ပလက်ဖောင်းမှာ ဂစ်တာလာတီးနေတာ ၊ ခဏကြာတော့ မပြေးနဲ့ မပြေးနဲ့ဆိုပြီးတော့ အုပ်စုလိုက်ကြီး နှစ်ဖက် တုတ်ရှည်တွေနဲ့ ရိုက်နေ၊ ချနေကြတာ မြင်ရတယ်၊ တစ်ဖက်က လက်ကျိုးသွားတယ်ကြားတယ်” ဟု ပလက်ဖောင်းတွင် ဂစ်တာတီးနေသည့် အသက် ၂၀အရွယ်လူငယ်တစ်ဦးကမဇ္ဈိမ ကို ပြောသည်။

အဆိုပါ လူငယ်အုပ်စုနှစ် ဖွဲ့မှ သုံးပေခန့် အရှည်ရှိ တုတ်များကိုင်ဆောင်ကာ ရန်ဖြစ်တိုက်ခိုက်ခဲ့ကြပြီး ၁၅ မိနစ် ခန့်အကြာတွင် လူစုခွဲ၍ ဈေးအနောက်ဘက် ရှိ ကုန်သည်လမ်းအတွင်းသို့ ပြေးဝင်သွားကြသည်။

နောက်ထပ်ဆယ် မိနစ်အကြာတွင်မူ အခင်းဖြစ်နေရာသို့ စလွန်းကား တစ်စီးရောက် ရှိလာကာ၊ နံပါတ်တုတ် အရှည်များ ကိုင်ဆောင် ထားသည့် ရဲတပ်သား ငါးဦးခန့် ပြေးဆင်းလာပြီး “မဆိုင်သူတွေ အိမ်ပြန်၊ အကုန်အရိုက် ခံရမယ်” ဟု ဆိုကာ အခြားလူငယ် များကိုပါ မောင်းထုတ်နေ သည်ကို မဇ္ဈိမက မြင်တွေ့ရ သည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အခင်းဖြစ်ပွား ရာနေရာ တွင်တွေ့ရသည့် ဒုရဲအုပ်အား မဇ္ဈိမက မေးမြန်းရာ “ငါ့နာ မည်လား၊ ပိုင်ဇေရဲထွန်းလို့မှတ်ထားလိုက်။ မင်းတို့ပါ ပါသွားမယ်” ဟု ဆိုသည်။

ယခုကဲ့သို့ တောင်ကြီးမြို့လယ်ခေါင်ရှိ ပလက်ဖောင်းတွင် တစ်ပတ်လျှင် အနည်းဆုံး နှစ်ရက်ခန့် လူငယ်များ ရန်ဖြစ်နေပြီး ပလက်ဖောင်းပေါ်တွင် ည၉နာရီ မှ မနက် ၂နာရီကျော်ထိ အုပ်စုဖွဲ့သီချင်းဆိုခြင်း၊ အရက်ဝိုင်းဖွဲ့သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းတို့ပါ ပြုလုပ်တတ်ကြသည်ဟုအနီးပတ်ဝန်ကျင်တွင် နေ ထိုင်သည့် အိမ်ရှင်အချို့က မဇ္ဈိမကို ပြောသည်။

“တော်တော်ဆိုးတယ်။ နေမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ လည်းရှိတယ်။ မနက်၂နာရီကျော် ထိအောင် မူးပြီး၊ ဆေးကွဲပြီး သံပြိုင်အော်နေကြတယ်” ဟု အိမ်ရှင်တစ်ဦးက ဆိုသည်။

ယခုဖြစ်စဉ်အပေါ် ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာ ၂၈ ရက် နေ့လည်ပိုင်းက သွားရောက် မေးမြန်းရာ ရုံးစာရေးဆိုသူမှ အုပ်ချုပ်ရေး မှူး မရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။
 မဇ္ဈိမသတင်းဌာန

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင် နှင့် တွေ့ဆုံခြင်း


စည်ပင်က ပါမစ်တစ်စောင်ကိုလေးလလောက်အထိ ဂရန်ထွက်ဖို့ကြာနေတာ ဘာကြောင့်ကြာတာလဲ

ဖြူသစ်လွင် တွေ့ဆုံမေးမြန်းသည်။

မြန်မာနိုင်ငံ၌ စလစ်မြေများကို အခွန်ကောက်ခံတော့မည်ဟု သတင်းများ ထွက်ပေါ် လာသောကြောင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း အတွင်း ရေးမှူး ဒေါ်မို့မို့အောင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါ သည်။

မေး - စလစ်မြေတွေကို အခွန်ကောက်ခံတော့မယ်လို့ သတင်း တွေထွက်ပေါ်လာပြီး ဒီမြေတွေအပေါ်မှာ အရောင်းအဝယ် အကျိုးသက်ရောက်မှု ဘယ်လိုရှိလာသလဲ။

စလစ်မြေတွေက သန်လျင်အောင်ချမ်းသာရပ် ကွက်ဘက်မှာ ရှိတယ်။ တချို့ မဝတကနေပြီးတော့ ဟို တုန်းက ပြန်ချပေးထားတာတွေလည်း ရှိတယ်။ အဲဒီ စလစ်မြေတွေရဲ့ မူလပိုင်ရှင်တွေကို ချပေးကတည်းကဂရန်လျှောက်ရ 
မ ယ်ဆိုတာ မသိတော့ ဂရန်မလျှောက်ထား တဲ့သူတွေ အများကြီးရှိတယ်။ ၁ဝဝ မှာ ၉၅ ဦးလောက် က ဂရန်မလျှောက်တဲ့လူတွေ။ အဲဒီအပေါ်မှာ အခွန်ဌာန က ဘယ်လိုမျိုးဖြတ်မလဲဆိုတာလည်းရှိတယ်။ အရင်တုန်း ကတော့ သူက ပါမစ်နဲ့စလစ်ကို အခွန်ကင်းလွတ်ခွင့် ပေးထားတာ။ ကင်းလွတ်ခွင့်ပေးထားပြီးမှ အခုကောက် မယ်ဆိုရင် ဘယ်လိုအခွန်နှုန်းထားကောက်မှာလဲ၊ အန်တီ တို့ အခွန်ဌာနကို အကြံÓဏ်ပေးထားတာတော့ ဘယ် နေ့၊ ဘယ်ရက်အထိတော့ စလစ်တွေ၊ ပါမစ်တွေကို ဂရန်လာလျှောက်ပါ။ ဂရန်လျှောက်ပြီး အဲနေ့မှာလျှောက် လို့ရှိရင် နောက်ပိုင်းတွေမှ ဒါတွေကို အခွန်ကောက်မယ် ဆိုပြီး ပြည်သူတွေကို ပြောလို့ရလိမ့်မယ်။ အရင်က ကင်း လွတ်ခွင့်ပေးထားတာကို အခုမှ ကောက်မယ်ဆိုတော့ တော်တော်လေး ပြဿနာတွေများပြီး ရှုပ်ထွေးနိုင်တယ်။

မေး - အရင်တုန်းက ဒီမြေတွေကို အခွန်မကောက်ဘူးလို့ပြော ထားပြီး အခုကောက်မယ်ဆိုတော့ အဓိကက ဘယ်လို အကြောင်းအချက်ကြောင့် ဖြစ်နိုင်ပါသလဲ။

ပြဿနာတွေက များတယ်လေ။ ပါမစ်တွေဆို ရင်လဲ ပျောက်သွားတယ်လို့၊ စလစ်တွေဆိုရင်လဲ မူလ ပိုင်ရှင်တွေ အရင်ရောင်းခဲ့တုန်းကတော့ သိန်း ၃ဝ၊ အခု ကျတော့ သိန်း ၃ဝဝ ဖြစ်သွားတဲ့အခါမှာ အဆပေါင်း များစွာသာတဲ့အခါကျတော့ တချို့လည်း ပျောက်သွား တာ မှန်ကန်တာရှိသလို တချို့လဲ မမှန်ကန်တဲ့နည်းလမ်း တွေ အများကြီးရှိလာတယ်။ 

အဲဒီအတွက်ကြောင့်မို့လို့ တရားရုံးမှာလဲ အမှုတွေ အများကြီးရင်ဆိုင်နေရ တာတွေ ရှိတယ်။ အဲဒီပြဿနာတွေ အေးသွားမယ်။ အရှုပ်အရှင်း တွေလည်းကင်းရှင်းတော့ ဘေးရှင်းသွားမယ်။ အားလုံး ဂရန်တွေ ဖြစ်သွားနိုင်တာပေါ့နော်။ 

မေး - ဒီစလစ်နဲ့ ပါမစ်ကို အခွန်ကင်းလွတ်ခွင့်ပေးထားတာ တော်တော်ကြာပြီ လား။ နောက်ပြီး မြန်မာနိုင်ငံက ဒီ စနစ်ကိုကျင့်သုံးတာ ကြာပြီလား။ ဘာကြောင့်မို့လို့ လူ တိုင်းက ဂရန်အဖြစ်ကို မပြောင်းလဲနိုင်တာလဲ။ 

သူတို့က ဒီပါမစ်တွေပေးတယ်ဆိုတာ မြို့သစ် တွေ ဖော်တဲ့အခါမှာ ပေးတာပေါ့နော်။ အဲဒီအချိန်က တည်းက မူလပိုင်ရှင်ကနေပြီးတော့ ဒီစလစ်၊ ပါမစ်ကို အိမ်ဆောက်ရမယ်ဆိုတာပါပြီးသား။ သူက ဘာမှမလို ရင် ဂရန်ကို ချက်ချင်းလျှောက်ရတာပါ။ တချို့ကျတော့ လဲ ဘာပြဿနာမှမရှိဘူး။ 

နိုင်ငံတော်ကလည်း ဘာမှ မပြောဘူးဆိုတော့ ဂရန်တွေမလျှောက်ဘဲနဲ့ ထားတာ ပေါ့။ မလျှောက်ဘဲနဲ့ထားတဲ့အခါမှာ နှစ်သက်တမ်းတွေ ကြာလာတော့ များသောအားဖြင့် စလစ်ပိုဆိုးတယ်။ ပါမစ်ဆိုရင် ဂရန်လျှောက်ကြသေးတယ်။ စလစ်တွေ က မလျှောက်ဘဲနဲ့ထားကြတာ။ အခုဆို ၁ဝဝ မှာ ၉၅ ရာခိုင်နှုန်းလောက်က စလစ်တွေ မလျှောက်ကြဘူး။ အခုနောက်ပိုင်းမှာမှ အိမ်ရာဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ အိမ်ဈေးတွေ တက်လာတာနဲ့အမျှ ဂျာနယ်၊ အသံ လွှင့်ဌာနတွေကတစ်ဆင့် ရှင်းပြ၊ ပြောပြမှ တချို့တွေက လည်း ကိုယ့်ပိုင်ဆိုင်မှုမြောက်အောင်ဆိုပြီး ပြောင်းလာကြ တာပါ။ အစောကြီးကတည်းက ဂဃနဏ မသိခဲ့လို့ပေါ့။

မေး - စလစ်ကို ဘာကြောင့် ဂရန်မပြောင်းကြတာလဲ။

မပြောင်းဘူးဆိုတဲ့ အဓိပ္ပာယ်က ဘာပြဿနာ မှ မရှိဘူး။ နိုင်ငံတော်က အခွန်ဆောင်ရမယ်တို့၊ မပြောင်း မနေရတို့ မထုတ်ဘူးဆိုရင်တော့ သူတို့က မပြောင်းဘဲ နေတာပေါ့။ အခုအန်တီတို့ အခွန်ကို အကြံပေးထားတာ တော့ ဒီလိုကောက်တယ်ဆိုရင် မူလပိုင်ရှင်ကလည်း ဆောင် နိုင်မှာ မဟုတ်ဘူး။ သူရထားတုန်းက ၅ဝဝဝဝ၊ ၁ဝဝဝဝဝ တည်းနဲ့ရထားတာ။ ဒီပေ ၄ဝ x ပေ ၆ဝ တစ်ကွက်ကို ၅ဝဝဝဝ၊ ၁ဝဝဝဝဝ နဲ့ ရထားတဲ့သူတွေက အခုနှုန်းထားနဲ့ ဆိုရင်တော့ ဆောင်နိုင်မှာမဟုတ်ဘူး။ အဲတော့ ပြည်သူလူ ထုကို အခွန်ဌာနက နဂိုကတည်းက မပြောထား၊ ရှင်းမပြ ထားခဲ့တဲ့အတွက်ကြောင့် ခုချိန်မှာတော့ အချိန်အကန့် အသတ်တစ်ခုတော့ ပေးရမှာပေါ့။ တစ်နှစ်အတွင်း ခြောက် လအတွင်းမှာ ပါမစ်တွေ၊ စလစ်တွေအားလုံးကို ဂရန်အဖြစ် ပြောင်းလဲပါ။ 

မပြောင်းလဲတဲ့လူကို အဲဒီနောက်ပိုင်းမှာ အခွန်ကောက်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်။ ဒီတိုင်းဆိုရင်တော့ ပြေလည်မှာမဟုတ်ဘူး။ နောက်ပြီး တော့ စည်ပင်က အရမ်းကိုကြာတယ်။ ပါမစ်တစ်စောင် ကို လေးလလောက်အထိ ဂရန်ထွက်ဖို့ကြာတယ်ဆိုတာ ဘာကြောင့်ကြာတာလဲ။ သူတို့အခုပြောနေတာ အွန်လိုင်း စနစ်နဲ့တောင် လုပ်ပေးမယ်လို့ပြော နေတဲ့ဟာက လေးလ လောက်ကြာနေတယ်။ အလွန်ဆုံးတစ်လအတွင်းမှာ ဂရန် ထုတ်ပေးနိုင်ရင် ဒီထက်ပြဿနာတွေ အများကြီးအေး သွားမှာပါ။

မေး - အခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့ အခု ၂ဝ၁၄မှာ ထဲထဲ ဝင်ဝင် အရမ်းကိုပြော လာကြပြီ။ ပြည်သူတွေရဲ့ Income Tax တွေမှာဆိုလဲ အခွန်ကိစ္စတွေပါတယ်။ အိမ်ရာမြေ မှာဆိုလဲ အခွန်ကိစ္စကိုပြောတယ်ဆိုတော့ ဒီအခွန်ကိစ္စ ကို မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက်က ဖိဖိစီးစီး ဆောင်ရွက်ခဲ့တာလဲ။

၂ဝ၁၂ နောက်ပိုင်းမှ ဖိဖိစီးစီးလေးလုပ်လာ တာပါ။ ၃၇ ရာခိုင်နှုန်း ဆောင်နိုင်ရင် ဝင်ငွေခွန်မပြနိုင် လည်း နိုင်ငံတော်က ဘာမှစစ်ဆေး မေးမြန်းမရှိဘူးလို့ ပြောထားခဲ့တယ်။ နောက် ၁၅ ရာခိုင်နှုန်းကို ငါးနှစ်တာ ကာလအထိ ပေးခဲ့တယ်။ အဲတော့ မေးစရာတစ်ခုရှိ တယ်။ ရာခိုင်နှုန်း ၃ဝ အစက လုပ်ခဲ့တယ်။ ဘာကြောင့် ၁၅ ရာခိုင်နှုန်းကို ချပေးတာလဲ။

ပြည်သူတွေကို ဆောင် စေချင်လို့လား။ အခုကျမှ အိမ်ခြံမြေဈေးတွေကလဲ ပို ကောင်းလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံတဲ့သူတွေကလဲ များ ပြားလာတာနဲ့အမျှ ဒီအခွန်စနစ်ကို ကျင့်သုံးတာ၊ ဒီ အခွန်စနစ် တစ်ခုတည်းနဲ့တော့ အိမ်ခြံမြေဈေး မကျနိုင် ဘူး။ ဈေးကျချင်ရင် ၁ဝဝ ရောင်းဖို့ရှိလို့ ဝယ်သူက ၉ဝ ပဲ ရှိတယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကျမှာပေါ့။ အဲတော့ နိုင်ငံတော်အနေနဲ့ မြို့သစ်တွေ အများကြီးတည်မယ်။ အငှားချတဲ့နေရာတွေ အများကြီးချဲ့ မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကျသွားနိုင်တယ်။

မေး - ငွေကြေးခဝါချမှုတွေက အိမ်ခြံမြေရောင်းဝယ်မှုနဲ့ နှီး နွယ်မှုရှိနေနိုင်တော့ အခွန်ဆောင်လိုက်မယ်ဆိုရင် ဒီ ပြဿနာ ပျောက်သွားနိုင်သလား။

အစတုန်းက ၃၇ ရာခိုင်နှုန်းသာ အခွန်ဆောင် ရင် ဝင်ငွေခွန် မဖော်ပြနိုင်လည်း သူတို့က ဘယ်ကလဲ ဆိုတာမမေးဘူး။ ဝယ်လို့ရတယ်လို့ ပြောထားတယ်။ 

အခုသိန်း ၁ဝဝဝ အထက်ဆိုရင် သူတို့ကို အကြောင်း ကြားရမယ်ဆိုတဲ့ အချက်ကို သူတို့ပြောလာခဲ့ပြီ။ ဘယ် ကရလဲပေါ့။ မေးချင်တာကတော့ ဘယ်ဥပဒေကအမှန် လဲပေါ့။ ဒါပဲမေးလို့ရမယ်။ အန်တီတို့အနေနဲ့ အိမ်ခြံမြေ ထဲမှာ ရင်းနှီးမြှုပ်နှံကြတဲ့သူတွေ ဝင်လာတယ်ဆိုတာ မှန် ပေမယ့် အခြားနေရာတွေမှာလည်း အများကြီးဝင်လာ တာတွေ ရှိတယ်။ အခုအချိန်မှာ အန်တီတို့နိုင်ငံက ပြု ပြင်ပြောင်းလဲတဲ့ ကာလဖြစ်တယ်။ နိုင်ငံတကာက စိတ် ဝင်စားနေတဲ့ နေရာလည်းဖြစ်တယ်။ နိုင်ငံတစ်ခုဖွံ့ဖြိုးဖို့ မြေကစကြတယ်။ 

မြေမှာ တိုက်ခန်းတွေ၊ ကွန်ဒိုတွေ၊ အိမ် ရာတွေ ဆောက်မယ်။ နိုင်ငံတကာက လာပြီးတော့ ရင်း နှီးမြှုပ်နှံကြတယ်။ နိုင်ငံတကာမှာ ဘဏ်တိုးတွေက မြန် မာပြည်မှာရှိတဲ့ ဘဏ်တိုးတွေလောက် မများဘူး။ အဲတော့ ဘဏ်မှာမထားဘဲ အပြင်မှာ စီးပွားရေးတွေ လုပ်ကိုင်မယ် ပေါ့နော်။ မြန်မာပြည်က လူတွေအားလုံးက ဘဏ်မှာထား ကြတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာကြတော့ အခုနောက်ပိုင်း အိမ်ခြံမြေဈေးက ၉၅ ခုနှစ်နောက်ပိုင်းမှာ တဖြည်းဖြည်း တက်လာတယ်။ ဒါပေမဲ့ နိုင်ငံတကာက လာပြီးရင်းနှီး မြှုပ်နှံတဲ့သူက ပေ ၄ဝ x ပေ ၆ဝ မြေကွက်လောက်နဲ့တော့ စီးပွားရေးလာလုပ်မှာ မဟုတ်ဘူး။ အဲဒါကို ပြည်သူ တွေသိဖို့လိုတယ်။ ပြည်သူတွေက အခုငါးပွက်ရာ ငါး စာလိုက်ချတဲ့ စီးပွားရေးသမားတွေကြောင့် ဟိုနားမှာ Project ရှိတယ်ဆို တက်သွားတယ်။ ဒီနားမှာ Project ရှိတယ်ဆို တက်သွားတယ်ဆိုတာမျိုးတွေနဲ့ လိုက်ပြီးတော့ လုပ်နေကြတယ်။ 

အဲဒါနိုင်ငံတကာက လာနေတာမဟုတ် ဘူး။ ကိုယ့်လူတွေပဲ အချင်းချင်းဖြစ် နေတာ။ အဲဒါလေး သတိထားဖို့လိုတယ်။ အခုဆို ပဲခူးမှာ ဟံသာဝတီလေ ဆိပ်ဆိုရင် ဈေးတွေတက်တယ်။ နိုင်ငံတကာမှာ ကြည့် လိုက် လေဆိပ်နဲ့နီးတဲ့ အိမ်တွေအားလုံးက ဈေးသက်သာ တဲ့ အိမ်တွေချည်းပဲ။ လေယာဉ်အတက်၊ အဆင်းတွေအမြဲ တမ်းရှိတယ်။ မြန်မာပြည်ကျမှ ထူးထူးဆန်းဆန်း လေ ယာဉ်ကွင်းနဲ့နီးလို့ ဈေးတက်တယ်ဆိုတော့ နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံဖို့ လာကြတာမဟုတ်ဘူး။ မြန်မာပြည်ထဲ ကလူတွေပဲ လှည့်ပတ်ပြီးတော့လုပ်လို့ ကိုယ့်ပြည်သူတွေ ပဲ ပိုနစ်နာနေကြတာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

YangonMediaGroup

ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကြိုးဆွဲချပြီး ပျံလွန်တော်မူ


ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာဘုန်းတော်
ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကြိုးဆွဲချပြီး စက်တင်ဘာ ၂၆ ရက် နံနက်
၆ နာရီတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။ ဆွာနယ်မြေရဲစခန်းမှ စခန်းမှူး
ရဲအုပ်သောင်းစံ ဦးစီးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားသည့်နေရာကို သွားရောက်
စစ် ဆေးခဲ့ရာ ကျွန်းတောစုကျေးရွာ ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပညော
ဘာသ သက်တော် (၇၈)၊ ၀ါတော် (၁၀)၀ါသည် ကျေးရွာတောင်ဘက် ငါးဖာလုံခန့်အကွာ
လယ်တဲအနီးရှိ ထိန်ပင်တွင် တောင်ဘက်ကို ဦးခေါင်းလှည့်ကာ ကြိုးဆွဲချပျံလွန်တော်မူ
နေကြောင်းတွေ့ရသည့်အတွက် ဆွာနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်
၎/၂၀၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
စံတော်ချိန်

အသားစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ ချနိုင်

ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု အသစ်များ အရ အမဲသား စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်ကြောင်း သိရသည်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြသည်။

သို့သော် ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားသည့် ''ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင်မူ အသားသာ စားသုံးခဲ့ကြ ရသည့် ကျောက်ခေတ် လူသား အမျိုးသမီးများ မဝကြပေဟု ဖော်ပြထားသည်။ အဆီမပါသည့် လတ်ဆတ်သော အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းရှိ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမည် ဖြစ်ကြောင်း The Today Show အမည်ရှိ အင်တာဗျူး တစ်ခုတွင် အက်စတာဘမ်းက ရှင်းလင်း ပြောကြား ခဲ့သည်။


လတ်ဆတ်သော သစ်သီးဝလံ များ၊ ဟင်းသီး ဟင်းရွက်များ၊ ငါးနှင့် အဆီကင်းသည့် အသားများတွင် လိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပေ။ ယင်းအစားအစာ များသည် ဖန်တီးပြုလုပ် ထားသည့် အစားအစာများ ထက် ကယ်လိုရီ ပိုမို နည်းပါးကြောင်း ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင် ထည့်သွင်း ရေးသား ထားသည်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။ အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝကျပြီး အာဟာရဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက် ပြောကြား ခဲ့သည်။ ။

မြဝတီ

ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရရန် ဦးဝင်းမြင့်က သမ္မတထံ ခွင့်ပြုမိန့်တင်မည်


ဓမ္မစေတီခေါင်း လောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံ နှစ်လအတွင်း ခွင့်ပြုမိန့် တင်သွားမည်ဟု ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်က ပဲခူးမြို့ ရွှေအုန်းပင်ထမင်းဆိုင်၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

''ဓမ္မစေတီခေါင်းလောင်း ရန်ကုန်မြစ် ဆုံမှာရှိနေတယ်ဆိုတာ မွန်တစ်မျိုးသားလုံး ယုံ ကြည်တယ်။ ဒီယုံကြည်ချက်ကြောင့် နောက် တစ်ခါ ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး သိပ္ပံ ပညာရော ဝိဇ္ဇာပညာရောပေါင်းပြီး ရှာဖွေမယ်။ ရှာဖွေခွင့်ရဖို့လဲ နိုင်ငံတော်သမ္မတထံ နှစ်လ အတွင်း ခွင့်ပြုမိန့်တင်သွားမယ်''ဟု ပြောသည်။

အဆိုပါဓမ္မစေတီခေါင်းလောင်း ထပ်မံ ရှာရာတွင် နိုင်ငံခြားမှနည်းပညာရှင်များ ကို ခေါ် ယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရွှေမော် ဓောဘုရား ဂေါပကအဖွဲ့ဝင်ဦးစိုးသိန်း (တရား သူကြီး ငြိမ်း)က ''ကျွန်တော်တို့ကတော့ ဓမ္မစေတီ ခေါင်းလောင်းဆိုတာ မွန်တစ်မျိုးသားလုံးရဲ့အမွေ အနှစ်ဖြစ်သလို မြန်မာလူထုရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ပါ။ နောက်တစ်ကြိမ် ဆက်လက်ရှာ ဖွေခွင့်ရဖို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွား မယ်''ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကို ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကိုယ်တိုင် ၁၉၉၇ ခုနှစ် စက်တင်ဘာလအတွင်းက ခေါင်းလောင်း ရှာဖွေဆယ်ယူနိုင်ရေး ကြိုးပမ်းခဲ့သည်။ ထို့နောက် ခေါင်းလောင်းရှာဖွေရေးကို ခြောက်ကြိမ်ထက် မနည်း နိုင်ငံတော်အစိုးရနှင့်နီးစပ်သူများက ရှာ ဖွေခဲ့ကြသည်။ အလားတူ ဦးစံလင်းဦးဆောင်၍ သြဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၏ ခွင့်ပြုမိန့်ဖြင့် ထပ်မံရှာဖွေခဲ့ကြသည်။

Flower News Journal

Miss Myanmar World 2014 သရဖူနဲ့ ၀ိုင်လေး...








Miss World 2014 သို့ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခွင့် သိန်း၂၀၀တန်သရဖူနဲ့ အတူ ငွေသားဆုသိန်း၁၀၀ ဆွတ်ခူးရှိတဲ့ 
အလှမယ် ဝိုင်းလေး အတွက်ဂုဏ်ယူပါတယ်
photo credit- Nan Eian Khamဖေ့ဘုတ်မှ

မောင်တောနယ်စပ်၌တိုက်ပွဲဖြစ်ပွားမှုမရှိဟုဆို


မောင်တောနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့
နှင့်အာရ်အက်စ်အိုတို့ တိုက်ပွဲဖြစ်ပွားကြသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲစက်
တင်ဘာ ၂၇ ရက် အထိ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း မောင်တောစခန်းမှူး 
ဒုရဲမှူး တင်ဝင်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

မောင်တောနယ်စပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသည့် သောင်းကျန်း
သူများဟု ယူဆရသူများနှင့် ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့ စက်တင်ဘာ 
၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းကို ၎င်းကပြန်
လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိပါဘူး။ ဒီလအတွင်းမှာကို တိုက်ခိုက်မှုတစ်ခါမှ မဖြစ်
ပါဘူး။ကျွန်တော်တို့ကတော့ မြို့ပေါ်မှာပေါ့။ဒါပေမဲ့နယ်ခြားစောင့်တပ်နဲ့အဆက်
အသွယ်ရှိပါတယ်။ ဘာမှမရှိပါဘူး။ မြို့ပေါ်မှာလည်း အေးဆေးပါပဲ"ဟု ဒုရဲမှူးက 
ပြောဆိုသည်။
စံတော်ချိန်

မောင်တောနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဆိုသောသတင်းသည်မှန်ကန်
မှုမရှိဘဲ ကောလာဟလသာဖြစ်ကြောင်း ၎င်းင်းကငြင်းဆန်ခဲ့သည်။နယ်စပ်ကိစ္စ
ရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်
လုံခြုံရေးအရာရှိများ တပ်ရင်းမှူးအဆင့်အစည်းအဝေးကို စက်တင်ဘာ၂၄ ရက်
က နှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတားအနီး မောင်တောနယ်စပ်ဒေသ တောင်ပြို
လက်ဝဲရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ခေါင်းတုံးဒေသ၌ ကျင်းပခဲ့သည်။

ချန်ပီယံခြေစွမ်း ဆက်လက်ပြသနေတဲ့ ချယ်လ်ဆီး


ချယ်လ်ဆီး ၃-၀ ဗီလာ

အော်စကာ (၇)

ကော်စတာ (၅၉)

ဝီလျံ (၇၉)


ပြီးခဲ့တဲ့ အပတ်က မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ ချယ်လ်ဆီးတို့ဟာ သူတို့ရဲ့အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဗီလာအသင်းကို ဧည့်ခံခဲ့ရာမှာတော့ အမှား အယွင်းမရှိ နိုင်ပွဲရ ယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးတို့ဟာ ဗီလာအသင်းကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပြတ် သွင်းယူကာ သူတို့ရဲ့ ချန်ပီယံခြေစွမ်းကို ဆက်လက်ပြသသွားခဲ့ပါတယ်။

ဒီပွဲပြီးရင် ချန်ပီယံလိဂ်ပွဲကျပ်ရှိနေပေမယ့် ချယ်လ်ဆီးတို့ဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။တိုက်စစ်ကိုဒီယေဂိုကော်စတာကပဲ ဦးဆောင်ခဲ့ပြီးအလယ် တန်းမှာ ဟက်ဇက်၊ အော်စကာ၊ မာတစ်၊ ဖာဘရီဂက်စ်နဲ့ ၀ီလျံတို့ကို အသုံးပြုခဲ့ပါတယ်။ နောက်တန်းနဲ့ ဂိုးသမားနေရာတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါ ဘူး။

ဧည့်သည် ဗီလာအသင်းကလည်း သူတို့ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အဘွန်လဟော၊ ရစ်ချတ်ဆန်၊ ဒီလက်၊ ၀ှီးမန်း၊ ၀က်စ်ဝုဗ်၊ ကလီဗာလေး၊ ဆန်းဒ ရို့စ်၊ ဘတ်ကာ၊ ဆစ်ဆိုခိုတို့ အားလုံးကို အသုံးပြုခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့အလယ်တန်း အင်အားဟာ လူငယ်တွေနဲ့ သွက်လက်လွန်းပြီး ဗီလာအသင်းကို ကောင်းကောင်းဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲ ပွဲစ ပြီးသိပ်မကြာခင် ပွဲချိန် ရှစ်မိနစ်မှာပဲ ချယ်လ်ဆီးတို့ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။ဝီလျံညာတောင်ပံဧရိယာစည်းအတွင်းကနေအပြင်းကန်ရာမှာဗီလာ ဂိုးသမားဂူဇန်ပုတ်ထုတ်လို့ပြန်ထွက်လာတာကို သူပဲပြန်ရသွားပြီး နောက်ပြန်ခင်းပေးထာကနေတစ်ဆင့် အော်စကာက ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးရပြီးတဲ့ နောက်မှာလည်း ချယ်လ်ဆီးတို့ပဲ ဆက်လက်ဖိကစားခဲ့ပါတယ်။ ဗီလာတို့ကတော့ ခံစစ်ကိုဦးစားပေးကစားရင်း တန်ပြန်တိုက်စစ်နဲ့ပဲဂိုးရဖို့ကြိုးစား ခဲ့ပါတယ်။ ပွဲချိန် ၁၉ မိနစ်မှာ ဆစ်ဆိုခိုကန်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့်လည်း ဂိုးပေါက်တောင်မတည့်ပဲ လွဲချော်ခဲ့ရပါတယ်။ ချယ်လ်ဆီးတို့ဟာ ဖိကစားထားပြီး ဂိုးကန်သွင်းခွင့်တွေ ခေါင်းတိုက်ခွင့်တွေ အများအပြားရရှိခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးတဲ့အထိ ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းပြန်အစမှာ ချယ်လ်ဆီးတို့ဟာ ဂိုးထပ်ရဖို့ ပိုမိုအားစိုက်ပြီးကစားလာခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာတော့ ဒုတိယဂိုးကို ရရှိခဲ့ပါတယ်။ဟက်ဇက်၊၀ီလျံ နဲ့အက်စ်ပီလီကျူတာတို့ရဲ့တွဲလုံးကနေအက်စ်ပီလီကျူတာဘယ်တောင်ပံက ဖြတ်တင်ပေးလိုက်တာကိုဒီယေဂိုကော်စတာက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါ တယ်။ ဒီဂိုးဟာ ကော်စတာအတွက် ပရီးမီယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ၈ ဂိုးမြောက်သွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

အနိုင်ဂိုးနှစ်ဂိုးရထားပေမယ့် ချယ်လ်ဆီးတို့ဟာ သူတို့ရဲ့တိုက်စစ်အရှိန်ကို မချဘဲ ဆက်လက် တိုက်စစ်ဖွင့်ခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ အော်စကာဂိုးသမား နဲ့တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရခဲ့ပြီး ညာဘက်ထောင့်ထဲအသာအယာကန်သွင်းခဲ့ရာမှာဂိုးဝင်လုနီးပါးဖြစ်ခဲ့ပေမယ့်ဗီလာနောက်ခံလူဆစ်ဆိုခိုဂိုးစည်းပေါ် ကနေဖျက်ထုတ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးတို့ရဲ့ ဖိအားပေးကစားပုံက အလွန်ကောင်းမွန်ခဲ့ပြီး ဗီလာတစ်သင်းလုံး ဘာမှလုပ်လို့ မရခဲ့ပါဘူး။တိုက် စစ်မှူး အဘွန်လဟော တစ်ဦးတည်းနဲ့ အလုပ်မဖြစ်တာကြောင့် ဗီလာနည်းပြ ပေါလ်လမ်းဘတ်ဟာ ဒါရင်းဘန့်ကို ထည့်သွင်းပြီး ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပါတယ် ။ ချယ်လ်ဆီးတို့ကလည်း အော်စကာအစား မီခေးလ်၊ ဟက်ဇက်အစား ရှရယ်တို့ကို ထည့်သွင်းခဲ့ပါတယ်။

ဗီလာတို့က တိုက်စစ် အားကို မြှင့်လိုက်ပြီး ချယ်လ်ဆီးက ခံစစ်အား သန်ကစား သမားတစ်ဦးနဲ့ အပြောင်း အလဲလုပ်ခဲ့ ပေမယ့် ပွဲရဲ့ပုံစံက ပြောင်းလဲမှုမရှိဘဲ ချယ်လ်ဆီးတို့ဘဲဆက်လက် ဖိကစားခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်အရောက်မှာတော့ ချယ်လ်ဆီးတို့ တတိယအနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီယေဂိုကော်စတာ ခြေစွမ်းပြပြီး ဗီလာနောက်ခံလူတွေကို ကျော်ဖြတ် ကာ ဧရိယာစည်းထိပ်က အပြင်းကန် သွင်းတာကို ဗီလာဂိုးသမားဂူဇန် ပုတ်ထုတ်ကာကွယ် နိုင်ခဲ့ပေမယ့် ပြန်ထွက် လာတဲ့ ဘောလုံးကို ၀ီလျံက အနီးကပ်အ ပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ၀ီလျံနဲ့ ရှရယ်တို့ အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ကြပါသေးပေမယ့် ဂိုးထပ်မရခဲ့ဘဲ ၃-၀ ဂိုး နဲ့သာ ပွဲပြီးဆုံးသွားခဲ့ရပါတယ်။

ချယ်လ်ဆီး ဗီလာ

၁၇ ဂိုးပေါက်ကန်သွင်းမှု ၇

၈ ဂိုးပေါက်တည့်မှု ၁

၁၁ ပြစ်ဒဏ်ဘော ၉

၉ ထောင့်ကန်ဘော ၂

၅ လူကျွံဘော ဝ

၆၃% ဘောလုံးပိုင်ဆိုင်မှု ၃၇%

၂ အ၀ါကတ် ၂

ဝ အနီကတ် ဝ

၁ ဂိုးကာကွယ်မှု ၅
Mizzima News

အချစ်အတွက်......အသက်ကိုတောင်စွန့်လိုက်တဲ့ ရန်ဂျီဆန်(တောသူမလေးရဲ့ချစ်ပုံပြင်)


မြို့ပြမုဆိုး၊လျှို့ဝှက်အချစ်ဇာတ်လမ်းတွဲများတွင်ဇာတ်ပို့နေရာတွင်သရုပ်ဆောင်
ခဲ့သောရန်ဂျီဆန်သည်F.T Island ဂီတအဖွဲ့ဝင်လီဟုန်ကီး နဲ့တွဲဖက်သရုပ်ဆောင်ခဲ့သော“တောသူမလေးချစ်ပုံပြင်ဇာတ်လမ်းတွဲ”ဖြင့်
လူကြိုက်များသောသရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပါသည်။ဒီတစ် ပတ်တော့“တောသူမလေးရဲ့ချစ်ပုံပြင်”ဇာတ်လမ်းတွဲကိုနှစ်သက်သော
ပရိတ်သတ်တွေအတွက်သူမရဲ့အင်တာဗျူးတစ်ချို့ကိုဖော်ပြလိုက်ပါတယ်။
မေး။ရှင်ဒီဇာတ်လမ်းထဲမှာနှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာနဲ့ပတ်သတ်
လို့ဘယ်လိုခံစားရသလဲ။
ဖြေ။အစမှာတော့နှစ်ကိုယ်ခွဲကိုသရုပ်ဆောင်ရတာအဓိပ္ပာယ်ရှိလိုက်တာ
လို့ခံစားမိတယ်။ကျွန်မရီယောင်းနေရာမှာသရုပ်ဆောင်တော့ ဘယ်သူကမှကျွန်မကိုစကားပြောခွင့်မပြုခဲ့ဘူး။ဇာတ်ကောင်ပေါ်မှာ
သိပ်ဈာန်ဝင်သွားလို့တဲ့။စကားတွေမပြောပေမဲ့လည်းဇာတ်လမ်းထဲက ဇာတ်ကောင်အတိုင်းပြောင်းလဲသွားနိုင်တာပဲလေ။
မေး။နာဒိုရင်ဇာတ်ကောင်ကသိပ်ကိုခံနိုင်ရည်ရှိလွန်နေတယ်နော်။
ဇာတ်ကောင်တစ်ခုရဲ့ပုံရိပ်ကိုထိုးဖောက်နိုင်ဖို့အတွက်ဖိအားတွေ
ကတော့ရှိ နေမှာပဲ။
ဖြေ။ ဇာတ်လမ်းတွဲစပြတဲ့အပိုင်း(၁)(၂)တွေကိုကျွန်မကြည့်တောင် မကြည့်ရဲခဲ့ဘူး။ကျွန်မနာဒိုရင်ကိုသရုပ်ဆောင်တုန်းကလည်းလီဟုန်ကီး ကဘေးကနေရယ်နေတာပါးစပ်တောင်မပိတ်နိုင်ဘူးလေ။မျက်နှာကိုလည်း
မလှမပဖြစ်အောင်ပြင်ရသေးတယ်။ဘောင်းဘီပွပွကိုဝတ်ထားရတယ်။
ကျွန်မဇာတ်ကောင်ကပိုက်ဆံသိပ်ရှာနိုင်တယ်လေ။အက်ရှင်ခန်းက
လည်းပါသေးတယ်။ရိုက်ကွင်းနေရာတွေကလည်းများတယ်။ ဒါပေမဲ့သရုပ်ဆောင်ရတာပျော်စရာကောင်းပါတယ်။မနက်ဖြန်ဆို
တာတွေကိုတကယ့်ကိုပဲမစဉ်းစားခဲ့ဘူး။ရိုက်ကွင်းမှာသရုပ်ဆောင်
တဲ့အချိန်တိုင်း ငါ့တကယ့်ကိုသရုပ်ဆောင်နေတာပါလားလို့ခံစားမိတယ်။
မေး။လီဟုန်ကီးနဲ့ဒီဇာတ်လမ်းမှာသရုပ်မဆောင်ခင်၊သူ့အပေါ်မှာဘယ်
လိုအမြင်တွေရှိခဲ့သလဲ။
ဖြေ။သူကကလေးသရုပ်ဆောင်ဘ၀ကတည်းကတော်တဲ့သူတစ်ဦးလေ။
သူကိုသိတုန်းကအဆိုတော်တစ်ဦးအနေတောင်နဲ့မဟုတ်ဘူး။ သရုပ်ဆောင်အလုပ်ကိုစိတ်ပါဝင်စားလုပ်တတ်တဲ့လူတစ်ဦးပါလား
ဆိုတဲ့အတွေးတွေပါရှိခဲ့တယ်။ကျွန်မအနေနဲ့ဆိုရင်တောင်သရုပ်ဆောင် တာနဲ့ပတ်သတ်ပြီးလိုအပ်ချက်တွေရှိသေးတယ်။တစ်ခါတစ်ခါလီဟုန်ကီး
ကတောင်ကူညီရသေးတယ်။အဲဒီအတွက်သူ့ကိုတောင်ကျေးဇူးတင်ရ
တယ်။နောက်ပြီးရိုက်ကွင်းမှာလီဟုန်ကီးကရယ်စရာတွေအင်မတန်ပြော
တတ်သေးတယ်။
မေး။“တောသူမလေးချစ်ပုံပြင်”ဇာတ်လမ်းတွဲကိုနှစ်သက်တဲ့ပရိတ်သတ် တွေအတွက်စကားလေးတစ်ခွန်းလောက်ပြောပေးပါအုံး။
ဖြေ။ကျွန်မတို့တွေဒီဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တာ၃လလောက်ကြာခဲ့
ပါတယ်။ရိုက်ကွင်းမှာကျွန်မတို့တွေအားလုံးကြိုးကြိုးစားစားအလုပ် လုပ်ခဲ့ကြပါတယ်။ပရိတ်သတ်တွေအားလုံးအားပေးကြပါလို့ပြောပါရစေ။
သက်(ref:psr project)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သောဓာတ်ပုံများကြောင့် မန္တလေးနန်းတော်တွင်း မဖွယ်မရာပြုလုပ်ပါက အရေးယူမည်

မြနန်းစံကျော်ရွှေနန်း တော်အတွင်း စီစီတီဗီကင်မရာ များတပ်ဆင်ပြီး မဖွယ်မရာပြု လုပ်ပါက အရေးယူသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။ 

နန်းတော်အတွင်း မဖွယ် မရာပြုလုပ်ခြင်းများကိုအရေးယူ မည်ဟု စက်တင်ဘာ ၂၇ရက် ထုတ်မန္တလေးနေ့စဉ်သတင်းစာ တွင် ကြေညာခဲ့ပြီး ၂၈ရက်မှ စတင် အရေးယူသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦး စီးဌာနမှ သတင်းရရှိသည်။ 

လူမှုကွန်ရက်များတွင် နန်း တွင်း၌ ပြသထားသော မင်းတုန်း မင်းကြီး၏ ရုပ်တုနှင့်တွဲဖက်ကာ ယဉ်ကျေးမှုနှင့်မအပ်စပ်သောအ မူအရာနှင့် ဓာတ်ပုံရိုက်ကူးထား သောအမျိုးသမီးများ၏ ဓာတ်ပုံ များ ပျံ့နှံ့လာပြီးနောက် ထိုသို့ ကြေညာချက်ထုတ်ပြန်တားမြစ် လိုက်ခြင်းဖြစ်သည်။ 

‘‘သတင်းစာထဲပါလာပြီဆို ကတည်းက သတိပေးလိုက်တာ ပဲ။ နောက်တစ်နေ့ကစပြီးအကျုံး ၀င်ပြီးအရေးယူတာတွေလုပ်သွား မှာ’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ 

အင်တာနက်စာမျက်နှာများ ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ထိုမဖွယ်မ ရာပုံများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး နိုင်ငံ ၏ ယဉ်ကျေးမှုပြယုဂ်များကို အ ထင်သေးစေခြင်း၊ အကြည်ညို ပျက်စေခြင်းအစရှိသည့် ပြစ်မှုပုဒ် မများဖြင့်အရေးယူသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးရှေး ဟောင်းသုတေသန၊အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန မှ စုံစမ်းသိရသည်။ 

ယင်းဓာတ်ပုံများမှာ လွန်ခဲ့ သည့် သုံးနှစ်ကတည်းကရိုက်ကူး ထားသည့်ပုံများဖြစ်ပြီး လူမှုကွန် ရက်တွင် တစ်ကျော့ပြန်လည် ပေါ်လာခြင်းဖြစ်သည်။ ယင်းပုံများ ကို ဌာနမှ လူကြီးများတွေ့ရှိကာ အရေးယူမှုပြုလုပ်ရန်ညွှန်ကြား လာခြင်းဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။ 

မြနန်းစံကျော်ရွှေနန်းတော် နည်းတူ မန္တလေးမြို့ရှိ အထင်က ရနေရာများတွင်လည်း မြန်မာ့ ယဉ်ကျေးမှုနှင့်မကိုက်ညီသည့်မ ဖွယ်မရာအပြုအမူများဖြင့် ဓာတ် ပုံရိုက်ကူးသူများကို စိစစ်အရေး ယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ 

7Day Daily

အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်


အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အိုင်အိုဒင်းဆားကို ပုံမှန် စားသုံးပေးပါက ဉာဏ်ရည် ကောင်းမွန်ခြင်း၊ ဦးနှောက် ဖွံ့ဖြိုးခြင်းနှင့်ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ကြောင်း သိရသည်။

''ယခင်က မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့လူနာများကို မကြာခဏ တွေ့ရှိရကြောင်း၊ အထူးသဖြင့် မကွေးတိုင်းဒေသကြီး မြစ်ဝ ကျွန်းပေါ် ဒေသတချို့နှင့် ချင်းဒေသ များတွင် အများအပြား တွေ့ရှိခဲ့ရပြီး အိုင်အိုဒင်း ချို့တဲ့ရောဂါ၏ သိသာထင်ရှားသော လက္ခဏာမှာ လည်ပင်းကြီးခြင်း ဖြစ်ကြောင်း'' ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''အိုင်အိုဒင်းဓာတ် လွန်ကဲတဲ့ဖြစ်စဉ်က ကြုံခေါင့်ကြုံခဲ ပြဿနာပါ။အိုင်အိုဒင်းက ကိုယ်စားလိုက်တဲ့ အစားအစာက တစ်ဆင့် ဆီးထဲကနေ ပြန်ထွက် တာကြောင့် အိုင်အိုဒင်းဓာတ် လွန်ကဲမှာကို ကြောက်ဖို့ မလိုပါဘူး'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးငယ်များတွင် စာသင်ယူနိုင်မှု စွမ်းရည် လျော့နည်းတတ်ကြောင်း၊ ကြိုးစားပြီး သင်ယူသော်လည်း ဥာဏ်မလိုက် နိုင်ခြင်းများ ဖြစ်တတ်ကြောင်းနှင့် ပိုမိုဆိုးရွားပါက မူလတန်းအထိသာ စာသင်ကြားနိုင်ပြီး နောက်ဆုံး အဆိုးရွားဆုံး အခြေအနေ အဖြစ် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ နားမကြားခြင်းနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ခံစားရတတ်ကြောင်း သိရသည်။

အိုင်အိုဒင်းဆားများကို အရည်အသွေး ပြည့်မီအောင် မြန်မာ့ဆား လုပ်ငန်းမှ စီစစ်လျက် ရှိပြီး အိုင်အိုဒင်းဓာတ် အပြည့်အဝ ရရှိစေရန် အိုင်အိုဒင်းဆား များကို အစိုမပြန်စေဘဲ ခြောက်သွေ့သော နေရာများတွင် စနစ်တကျ ထားရှိသင့်ကြောင်း သိရသည်။

မြ၀တီ

ပေါင်မြို့တွင် ဇလီဖားတုံးတင် ရထားနှင့်ထော်လာဂျီ ပွတ်တိုက် လူကိုးဦး ဒဏ်ရာရ


“ရထားလမ်းဖြတ်တဲ့ နေရာက ရပ်ကွက်ထဲမှာဖြစ်နေတော့ တံခါးတော့မရှိဘူး။ အိမ်တွေနဲ့ လည်းကွယ်နေတော့ မမြင်လိုက်တာလည်း ဖြစ်နိုင်တယ်။ လူကိုးယောက်မှာ နှစ်ယောက်က စိုးရိမ် ရတယ်”

ပေါင်မြို့တွင် မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရထားတစ်စီးနှင့် ရထားလမ်း ဖြတ်ကူး မောင်းနှင်လာသည့် ထော်လာဂျီတို့ စက်တင်ဘာ (၂၆) ရက်နေ့ နေ့လည်(၃)နာရီ ခွဲ ခန့်အချိန်တွင် တိုက်မိခဲ့ပြီး လူကိုးဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

Shwe Myitmakha Media Group

အပစ်ရပ်စဲရေးအချက်အလက်များ ညှိနှိုင်းပြေလည်မှုမရသေး


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
(ယူပီဒဗလျူစီ)နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (အင်န်
စီစီတီ)တို့ ငါးကြိမ်မြောက် အပစ်ရပ်စဲရေးဆွေးနွေးပွဲ ပြီးဆုံးသွားသော်
လည်း အချက်အလက်အများစု မှာသဘောတူညီ၍မရသေးကြောင်း
အင်န်စီစီတီအဖွဲ့ ခေါင်းဆောင်နိုင်ဟံသာက မီဒီယာများသို့ ပြောဆို
သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးပွဲကို ငါးရက်ကြာ ကျင်းပခဲ့
သော်လည်း ယခင်သဘောတူညီမှုမရရှိသေးသော အချက်အလက်များ
အပြင် သဘောတူညီပြီးသော အချက်အလက်များပါ ပြန်လည်ညှိနှိုင်းခဲ့ရ
ကြောင်း ၎င်းက ပြောဆိုသည်။

'ကျန်တဲ့ဟာတွေကတော့ဆက်ကျန်နေတုန်းပဲ။ တပ်ဘက် က
ကိုယ်စားလှယ်အသစ်တွေရောက်နေတော့ သူတို့လည်း အဆုံးအဖြတ်
မပေးရဲဘူး။ အတွေ့အကြုံနဲ့ မဆက်စပ်သေးလို့ပါ။ နိုင်ငံရေးဆွေးနွေးပွဲ
ကိစ္စကလည်း မပြတ်သေးဘူး'ဟု၎င်းကဆက်လက်ပြောဆို သည်။

မပြေလည်သေးသော အချက်များတွင် တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်
သော ကြားကာလတွင် တပ်အင်အားမတိုးချဲ့ရေးနှင့် တပ်သားသစ် မစု
ဆောင်းရေးကိစ္စအပြင် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကိစ္စတို့သည်
ပြေလည်မှုမရရှိသေးကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရာတွင် သုံးပွင့်
ဆိုင်ဆွေးနွေးရေးနှင့် ခုနစ်ပွင့်ဆိုင်ဆွေးနွေးရေးစသည်ဖြင့် နှစ်ဖက်
သဘောတူညီမှုမရရှိသေးကြောင်း၎င်းက ပြောဆိုသည်။

'အားမရတဲ့ အပိုင်းတွေရှိတယ်။ အရင်က ကျွန်တော်တို့ သဘော
တူပြီးသား အချက်တွေကို နှစ်ဖက်စလုံးက ပြန်တင် ပြီးတော့ သဘော
မတူနိုင်သေးဘဲ နောက်ဆုတ်သွားတဲ့အပိုင်းတွေလည်းရှိတယ်။ အဲဒီအပိုင်း
ကိုတော့ ကျွန်တော်တို့ အားမရဘူး။ပြီးခဲ့တဲ့ပွဲတွေမှာ သဘောတူပြီးသား
အားလုံးကို အတည်ပြုနိုင်တယ်ဆိုရင်သိပ်ကောင်းမှာပေါ့။ သဘောမတူ
နိုင်သေးတဲ့ အချက်တွေများပေမယ့်နားလည် မှုတွေရှိလာတယ်'ဟု အင်န်
စီစီတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြော
ဆိုခဲ့သည်။

ကျန်ရှိနေသော ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးသွားရန်အတွက်
အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကာ
ယခု ငါးကြိမ်မြောက်ဆွေးနွေးပွဲတွင်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူစာချုပ် (စတုတ္ထမူကြမ်း)ကို အတည်ပြုနိုင်ခဲ့ ကြောင်း
နှစ်ဖက်ကိုယ်စားလှယ်များက ထုတ်ပြန်ခဲ့သည်။
စံတော်ချိန်

အုန်းဆီ၏အသုံးဝင်ပုံများ


အုန်းဆီကို ကုန်စုံဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
အုန်းဆီကို အရေပြားနူးညံ့စိုပြေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။ အသားထဲစိမ့်ဝင်အောင် လိမ်းပေးခြင်းဖြင့် အရေပြားကို နူးညံ့စိုပြေစေပါတယ်။

ကလေးငယ်တွေကို ငယ်ရွယ်စဉ်ကနေ အုန်းဆီကို လိမ်းပေးသင့်ပါတယ်။
ဆံပင်ခြောက်သွေ့သူတွေအတွက် အုန်းဆီကို ဆံပင်ပျော့ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ကြမ်းတမ်းခြောက်သွေ့တဲ့ ဆံပင်တွေအတွက် အုန်းဆီက အလွန်အသုံးဝင် စေပါတယ်။ဒါ့အပြင် အုန်းဆီက ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာပြောက်ကင်းစေနိုင်ပါတယ်။ အုန်းဆီကို ထိခိုက်ရှနာတွေမှာလိမ်းပေးခြင်းဖြင့် အနာကို လျင်မြန်စွာကျတ်စေပါတယ်။

နောက်တစ်နည်းအနေနဲ့ အုန်းဆီကို မိတ်ကပ်တွေဖျက်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် မျက်လုံးတဝှိုက်က လိုင်နာနဲ့ မိတ်ကပ်တွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။

အုန်းဆီကို မိတ်ကပ်မလိမ်းခင်မှာ မိတ်ကပ်ကို တစ်နေကုန်စွဲမြဲစေရန် မျက်နှာပေါ်မှာလိမ်းပေးနိုင်ပါတယ်။

ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားရာမှာလည်း အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီအနည်းငယ်ကို ဦးရေပြားပေါ်တွင် နှိပ်နယ်လိမ်းပေးပြီး ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးခြင်းဖြင့် သက်သာပြောက်ကင်းစေပါတယ်။ အုန်းဆီကို လိမ်းပေးခြင်းဖြင့် ဗောက်တွေကိုဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ခြောက်သွေ့သော ဆံပင်ပိုင်ရှင်တွေအတွက် ပိုမိုသင့်တော်ပါတယ်။

အုန်းဆီကို အညိုရောင်သကြားနှင့်ရောစပ်ပြီး Body Scrub အဖြစ်အသုံးပြုနိုင်ပြီး ကိုယ်ခန္ဓာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါတယ်။

ကျန်းမာရေးနှင့် အစားအသောက်

လှချင်လွန်းလို့ နှာခေါင်းသွားပြင်ခဲ့ရာမျိုးသမီးအားမေ့ ဆေးပေးပြီးမုဒိန်းကျင့်ခံရ


သင်မြင်တွေ့နေရတဲ့ပုံဟာ အမျိုးသမီးတစ်
ဦးနှာခေါင်းလှချင်လို့နာခေါင်းသွားပြင်ခဲ့တဲ့
ပုံပါဖြစ်ပါတယ်။နှာခေါင်းမပြင်ခင် အရင်ဦးဆုံး
နာကျဉ်မှုဝေဒနာမခံစားရအောင်ဆိုပြီးထို
အမျိုးသမီးအားမေ့ဆေးပေးဖို့ လူနာနဲ့
နှာခေါင်းပြင်ပေးမဲ့ဆရာ သဘောတူလိုက်ကြပါတယ်။
မေ့ဆေးလည်းပေးပြီးရော လူနာမှာလည်း လင်ငုတ်တုတ်ဘယ်ချိန်ကရလိုက်မှန်းမသိရသွားခဲ့တဲ့အဖြစ်ကို လှို့ဝှက် cctv မှrecord မိထားတဲ့ပုံပဲဖြစ်ပါတယ်။
လှချင်လွန်းတဲ့သင်သည်လည်း ထိုနည်းအတိုင်းဖြစ်ကောင်းဖြစ်သွားနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ အနေထားနဲ့ ခွဲစိပ်ပြုပြင်မဲ့ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်နဲ့သာရွေးချယ်ပြီးပြုပြင်ပါလို့ သတိပေးပါရစေ။


Phayathonezu City Image

by shwemyanmarmediagroup

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်းသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေကာ လူကိုပါ ပိုကျန်းမာစေနိုင်

တစ်ဦးကို တစ်ဦး ပွေ့ဖက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းများ သည်စိတ်အား ကိုဖြစ်စေကာ အကျိုး ဆက်အဖြစ် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများ လျော့နည်းပြီး ကိုယ် ခံစွမ်းအား ပိုကောင်းလာ၍ ကူးစက် ရောဂါများမှအစ နာတာရှည် ရောဂါ များဖြစ်သော နှလုံးရောဂါ၊ ကင်ဆာ ရောဂါများအထိ အကာအကွယ် ပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရသည်။

တစ်နေ့ကို ဆယ်စက္ကန့်လောက် ဖြစ်စေ ပွေ့ဖက်ရုံဖြင့် သွေးဖိအားကို ကျဆင်းစေပြီး၊ ထိုသို့ ပွေ့ဖက်ပြီး နောက်တွင် လူကို သက်သောင့်သက် သာကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများဦး နှောက်မှ ထွက်ရှိနှုန်းများ လာပြီး လူက ကိုယ်စိတ် ပေါ့ပါးချမ်းမြနေမည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင်လူ ကိုစိတ်ဖိစီး မှုဖြစ်စေသော ကော်တီ ဇုန်းဓာတ်များကား သွေးထဲတွင် နည်းပါး သွားမည်ဖြစ်သည်။


တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်း ဟာလူရဲ့ဇီဝဓာတု လုပ်ငန်းတွေ ပိုအားကောင်းလာ အောင်အားပေးနိုင် စွမ်းရှိတာကို လေ့လာတွေ့ရှိရပါ တယ်” ဟု လေ့လာမှု စစ်တမ်းကို ဦးဆောင် ပြုလုပ်ခဲ့သော ဒေါက်တာ ဂျန်အက် စတွန် ကပြောသည်။ လေ့လာ မှုစစ်တမ်းကို Comprehensive Psychology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

လူ၏ခန္ဓာကိုယ် အရေပြား တွင်ထိတွေ့မှုကို အာရုံခံသော ပါဆီနီယန် ကော်ပါဆယ်လ် ဟုခေါ်သည့် အလွန် သေးငယ်သော ဥပုံသဏ္ဍာန် ဖောင်းကြွ အိတ်လေး များပါဝင်သည်။ ထိုအိတ်လေး များသည် အာရုံကြော စနစ်မှတစ်ဆင့် ဦးနှောက်နှင့်ချိတ် ဆက်ထားသည်။ ဦးနှောက် အတွင်း အောက်စီ တိုစင် ဟော်မုန်း ထုတ်ပေးရာ နေရာနှင့်လည်း ဗေးဂတ်စ်နာ့ဗ် ကြောများမှတစ်ဆင့် ထိုဖောင်းကြွ အိတ်လေးများသည် ဆက်သွယ်မှု ရှိနေကြောင်း တွေ့ထားသည်။ ထိုဖောင်း ကြွအိတ် လေးများသည် ကျောရိုး ဗဟိုအာရုံကြောမမှ တစ်ဆင့်လည်း နှလုံးနှင့် ဆက်သွယ်မှု ရှိ နေပြန်ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လိုက်သည့်အခါ အရေပြားရှိ ပါဆီနီယန် ကော်ပါဆယ်လ် ဖောင်းကြွ အိတ်လေးများက အထိအတွေ့ကို အာရုံခံမိပြီး လှုပ်ရှား တက်ကြွ လာကာ ဦးနှောက်အတွင်းရှိ အောက် စီတိုစင် ဟော်မုန်းထုတ်ပေးရာ နေရာကို လှုံ့ဆော်မှုပြုသည်။ ထိုအခါ လူကို ကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများ ပိုမို ထွက်လာပြီး လူက သက်သောင့် သက်သာ ဖြစ်လာသလို၊ နှလုံးနှင့် လည်း ဆက်သွယ်မှု ရှိသဖြင့် နှလုံး ကိုလည်းအား ဖြစ်စေမည်ဖြစ်သည်။ စိတ်ချမ်းမြေ့လာခြင်း အကျိုးဆက် အဖြစ် လူသည် ကိုယ်ခံအားပို ကောင်းလာကာ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင် လာမည်ဖြစ်သည်။

မြဝတီ

မြောက်ကိုရီးယားနျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်ရန် တရုတ် တောင်းဆို

ကိုရီးယားကျွန်းဆွယ်တွင် တည်ငြိမ်မှုရှိစေရန်နှင့် မြောက်ကိုရီးယားနျူကလီးယားအစီအစဉ်နှင့် ပတ်သက် သည့် ဆွေးနွေးပွဲ အား ပြန်လည်စတင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိက စက်တင်ဘာ ၂၇ ရက် ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။



ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့်ဒုံးကျည်စမ်းသပ်မှုသည် အာကာသအတွင်းသို့ ဂြိုဟ်တု ပစ်လွှတ်ရန် ပြင်ဆင်မှုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားထားသည် (ဓာတ်ပုံ-ရိုက်တာ)

နျူကလီးယားဆွေးနွေးပွဲများကို ပြန်လည်စတင်ရေးအတွက် သဘောတူညီ ရန် မြောက်ကိုရီးယားက အမေရိကန်အစိုးရက ပြီးခဲ့သည့်လများ အတွင်းက တိုက်တွန်းခဲ့သော်လည်း အမေရိကန်နှင့် တောင်ကို ရီးယားအစိုးရများ က မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စွန့်လွှတ်ရေးအတွက် ခိုင်မာသော ကတိက၀တ်များကို အရင်ဆုံးလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ပြန်လည်ပြောကြားထားသည်။

ဝမ်ယိက “ကိုရီးယားကျွန်းဆွယ်က နျူကလီးယားပြဿနာ ပြေလည်စေဖို့ ခြောက်နိုင်ငံဆွေးနွေးပွဲက တစ်ခုတည်းသော ထိရောက်တဲ့ နည်းလမ်းဖြစ် ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲကို ဖြစ်နိုင်သမျှအမြန် ဆုံးပြန်စဖို့ လိုအပ်နေပါတယ်” ဟု ပြောကြားသည်။

တောင်နှင့်မြောက်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့ ပါဝင်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ၂၀၀၉ ခုနှစ်မှ စတင်ရပ် ဆိုင်း ထားခဲ့ခြင်းဖြစ်သည်။
Ref:AFP
7 Day

နိုင်ငံရေးပါတီတစ်ခုမှ ဒုဥက္ကဋ္ဌအမျိုးသမီးကို ရတနာပုံဘောလုံးအသင်းမှ ကစားသမားများ မဖွယ်မရာပြုလုပ်ပြဟုဆိုကာ ရဲစခန်းတွင်အမှုဖွင့်

ရန်ကုန်၊ စက်တင်ဘာ ၂၆- အမျိုးသားဒီမိုကရေစီ ပါတီသစ် ဒုဥက္ကဋ္ဌအား ရတနာပုံဘောလုံးအသင်း သားတစ်ဦးမှ မဖွယ်မရာပြုလုပ်သည်ဟုဆိုကာ ယင်း အမျိုးသမီးမှ စက်တင်ဘာ ၂၆ရက်တွင် တာမွေရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်အောင်မြင့်သည် စက်တင်ဘာ ၂၃ရက် ည ၈နာရီတွင် ¤င်း၏သူငယ်ချင်းတစ်ဦး လက်ကွဲရှဒဏ်ရာ ရရှိခဲ့သဖြင့် သျှင်ပါကူဆေးခန်း သို့ သွားရောက်ပြသခဲ့ရာတွင် ကားရပ်ရန်နေရာမရ၍ ဖိုးစိန်လမ်းအတွင်း၌ ကားသွားရောက်ရပ်နားရာ အဆောက်အအုံအတွင်းမှ လူငယ်အမျိုးသားများ က ကားရပ်နားခွင့်မရှိဟုပြောကြောင်း၊ ¤င်းမှ ခဏ ရပ်မည်ဖြစ်ပြီး လူနာသွေးထွက်များနေ၍ ဆေးခန်း ပြသရန် အရေးကြီးသဖြင့် သွားမည်ပြုစဉ် ယင်း အမျိုးသားများမှ ဆဲဆို၍ မဖွယ်မရာပြုလုပ်ခြင်း၊ ကားပြန်လာယူပါက ရိုက်မည်၊ ကားကိုလည်းမီးရှို့ မည်ဟုပြောကြောင်း၊ ထိုအချိန်တွင် လှည့်ကင်းရဲ နှစ်ဦးလာသဖြင့် ဝင်ရောက်ဖြန်ဖြေရာတွင်လည်း အဆိုပါရဲများအား ပြဿနာရှာသောကြောင့် ရဲသား များထွက်ခွာသွားရကြောင်း ဒေါ်အောင်အောင်မြင့် က ပြောသည်။

ယင်းကြောင့် တာမွေရဲစခန်း၌သွားရောက် တိုင်ကြားရာတွင် ယင်းအမျိုးသားများအား ဖမ်းဆီး ကာ ရဲစခန်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။ ထို့နောက် ရတနာပုံအသင်းအုပ်ချုပ်သူ ဦးအောင် ထွန်းဦးမှ လာရောက်တောင်းပန်သဖြင့် ဒေါ်အောင် အောင်မြင့်က လက်ခံကာ ပြန်မည်ပြုစဉ် ထိုကစား သမားများက မချေမငံထပ်မံပြုလုပ်နေသဖြင့် အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း ဒေါ်အောင်အောင်မြင့်က ပြောသည်။

ထို့အပြင် ယင်းဖြစ်စဉ်အား ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာရုံးတွင်လည်း တိုင်ကြား ထားကြောင်း ဒေါ်အောင်အောင်မြင့်ကပြောသည်။
ယင်းနှင့်ပတ်သက်၍ ရတနာပုံအသင်း အုပ်ချုပ်သူ ဦးအောင်အောင်ထွန်းက ''ရတနာပုံ အသင်းအနေနဲ့ ဘာမှအရေးယူဖို့မရှိပါဘူး။ ဒါက ကစားသမားတချို့ အပြင်မှာဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။ ရတနာပုံအသင်းနဲ့လဲမဆိုင်ပါဘူး''ဟု ပြောသည်။
ယင်းဖြစ်စဉ်အား တာမွေရဲစခန်းမှ ပ/ ၅၆၈/၂ဝ၁၄၊ ပုဒ်မ ၂၉၄၊ ၅ဝ၉၊ ၅ဝ၆ တို့ဖြင့် အမှု ဖွင့်ထားကြောင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြော သည်။ ယင်းပုဒ်မများမှာ ပြစ်မှုထင်ရှားပါက အများ ဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

''ပုဒ်မ ၂၉၄ကတော့ အများပြည်သူသွား လာတဲ့နေရာမှာ ညစ်ညမ်းစွာပြောဆိုတဲ့ ပုဒ်မပါ။ ထောင်ဒဏ်သုံးလနဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ပုဒ်မပါ။ ၅ဝ၆ကတော့ ခြိမ်းခြောက်မှုပါ။ အမြင့်ဆုံးအနေနဲ့ ထောင်ဒဏ်ခုနစ်နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်တယ်။ ၅ဝ၉ က မိန်းမကာယိနြေ္ဒပျက်စေမှုဖြစ်ပြီး ထောင် ဒဏ်တစ်နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်''ပြောသည်။
အမှုဖွင့်ခံထားရသည့် ကစားသမားများ မှာ ပြည့်လျှံအောင်၊ ဇော်ရဲထွန်းနှင့် မြန်မာ့လက် ရွေးစင်ကစားသမားဟောင်း သက်နိုင်တို့ဖြစ်ကြောင်း ဦးအောင်ထွန်းဦးကပြောသည်။ 

ရတနာပုံကစားသမားသုံးဦး အမှုဖွင့်ခံ ရခြင်းနှင့်ပတ်သက်၍ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ''ကားပါကင်လုရင်း စကားများကြ တာလို့တော့ ကိုအောင်ထွန်းဦးပြောတာ ကြားရပါ တယ်။ အမှန်တကယ် မဖွယ်မရာပြုမူတယ်ဆိုရင် တော့ ကျွန်တော်လဲမကြိုက်ပါဘူး။ ဖြစ်ခဲ့တာကို သေ ချာတော့ မသိသေးပါဘူး။ ကျွန်တော် သေချာစုံစမ်း ပြီးမှ ဘယ်လိုအရေးယူရမလဲဆိုတာ ပြောပါ့မယ်''ဟု ဖလားဝါးနယူးစ်သို့ ပြောကြားသည်။
Yangon Media Group

အသင်းတည်ဆောက်ရာတွင် ဗန်ဂါးလ် အထူးကျွမ်းကျင်ဟု ဒါလီဘလိုင်းပြော



မန်ချက်စတာ− အောင်မြင်သော အသင်းများ တည်ဆောက်ရာတွင် နည်းပြလူးဝစ်ဗန်ဂါးလ်မှာ အထူး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု မန်ယူကွင်းလယ်လူ ဒါလီဘလိုင်း က ပြောကြားသည်။


မန်ယူအသင်းမှာ နည်းပြ သစ် ရောက်ရှိလာပြီးနောက်ပိုင်း ခြေမှန်ရန် အသည်းအသန် ကြိုး ပမ်းနေရသည်။ ယခုနှစ် ရာသီအ တွင်း ငါးမှတ်သာ ရယူထားနိုင်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားနံပါတ်(၁၂) နေရာတွင်သာ ရှိနေသည်။

သို့သော် အိုးထရက်ဖို့ဒ်ကွင်း သို့ အသင်း၏ပုံစံ တိုးတက်လာ အောင် နည်းပြဗန်ဂါးလ်က ဆောင် ကြဉ်းပေးသည်ဟု ဘလိုင်းက ယုံ ကြည်ထားသည်။ အေဂျက်ဇ်အ သင်းမှ မန်ယူအသင်းသို့ ပြောင်း ရွှေ့လာသည့် ဘလိုင်းက အေ ဂျက်ဇ်တွင် ဆက်နေရမည်ဆိုပါ က ဝမ်းသာမိမည်ဖြစ်သော်လည်း မန်ယူသို့ ပြောင်းရွှေ့ခွင့်ကို ပစ် ပယ်ရန် ခက်ခဲခဲ့သည်ဟု ပြော သည်။

အေဂျက်ဇ်အသင်းကလည်း မိမိကို အသင်းကြီးတစ်သင်းက ကမ်းလှမ်းလာမှသာ ထွက်ခွာခွင့် ပြုမည်ဟု ပြောထားကြောင်း ဘလိုင်း(၂၄)နှစ်က ပြောကြား သည်။ —Ref: Goal

မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်


အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ်
မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ယုံမှားသံသယတွေ စိတ်ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေခဲ့လို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာပဲဖြစ် ပါတယ်။ အဆိုပါလူသတ်မှုဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံရှိ ချာလ် လီဗီလီမြို့မှာနေထိုင်တဲ့ အိုဒရီစကိုးလ်တို့ လင်မယားနှစ်ဦးဟာ ဂျိုနသန် လို့အမည်ပေးထားတဲ့ ကလေးငယ်တစ်ဦးကိုမွေးစားခဲ့ပြီး သိပ်မကြာခင် မှာပဲ အမြွှာပူးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ သူတို့မွေးဖွားလာခဲ့တဲ့ အမြွှာ ပူးလေးနှစ်ဦးကိုတော့ သောမတ်နဲ့ ပါထရီအိုဒရီစကိုးလ်လို့ အမည်ပေး ထားခဲ့ပါတယ်။ ယင်းအမြွှာပူးနှစ်ဦးကို ချစ်စနိုးနဲ့ တွန်တွန်နဲ့ ပါဒီလို့ လည်း ခေါ်ကြပါသေးတယ်။ 

သူတို့မိသားစုဟာ စုစုပေါင်းငါးယောက်ဖြစ်ပြီး မွေးစားသား 
ဂျိုနသန်ကတော့
အသက်အရွယ်ကြီးသော်လည်း မိသားစုထဲမှာ ညီငယ်တစ်ယောက်လို သိမ်ငယ်စွာနဲ့ နေရရှာပါတယ်။ ဂျိုနသန်ဟာ အိုဒရီစကိုးလ်မိသားစုမှာ သားအရင်းမဟုတ်တဲ့ မွေးစားသားဆိုတဲ့အသိစိတ်ဟာ သူ့ရဲ့စိတ်ထဲ အမြစ်တွယ်ကိန်းအောင်းနေခဲ့တာ ယခုဆို သူ့ရဲ့အသက် ၂၁နှစ်အရွယ် အထိပါဘဲ။ 

ကြေကွဲဆို့နင့်ဖွယ်ရာတွေနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နေ့တစ်နေ့ ရောက်လို့လာခဲ့ပါတယ်။ အဲဒီနေ့မှာတော့ စကိုးလ်တို့ဇနီး မောင်နှံနှစ်ဦးဟာ ဈေးဝယ်ထွက်သွားတဲ့အချိန်မှာ ဂျိုနသန်ဟာ ညီငယ် အမြွှာပူးတွန်တွန်နဲ့ ပါဒီတို့နဲ့ ခြံထဲကကစားကွင်းမှာကစားရင်း သတ် ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
ဂျိုနသန်ဟာ ညီငယ်အမြွှာပူးကိုသတ်ဖြတ်ခဲ့ပြီး
မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ဂျိုနသန်
ရဲ့အလောင်းကိုတော့ အိမ်နားမှာရှိတဲ့တောစပ်မှာ တွေ့ရှိခဲ့တာပဲဖြစ် ပါတယ်။ မိခင် အိုဒရီစကိုးလ်နဲ့ သူမယောက်ျား သောမတ်တို့ဟာ ဈေး ဝယ်ပြီးပြန်လာချိန်မှာတော့ သေဆုံးနေတဲ့ သားငယ်အမြွှာနှစ်ယောက် ရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ မသေ ခင် ၁၅မိနစ်လောက်မှာ မိခင်အိုဒရီစကိုးလ်ဆီဖုန်းဆက်ပြီး သားမှာ လိုက်တဲ့ ကစားစရာတွေဝယ်လာလားဆိုပြီးတောင် မေးမြန်းခဲ့ပါသေး တယ်လို့ သိရပါတယ်။

ယင်းအမှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ အိုဒရီစကိုးလ်က''ကျွန်မ ရဲ့သားကြီး ဂျိုနသန်ကို မမုန်းပါဘူး။ ကျွန်မ သူ့ကို အကြိမ်တစ်ရာမကပြော ခဲ့တယ်။ မင်းဟာ အမေ့သားလို့ ပြောခဲ့ပါတယ်''။
မွေးစားသားဆိုပြီး မိသားစုဝင်တွေထဲမှာ သိမ်ငယ်စိတ်တွေ ဝင်ခဲ့တဲ့ ဂျိုနသန်ဟာ မိုက်မဲတဲ့လုပ်ရပ်ကိုလုပ်ခဲ့သော်လည်း မိခင်ဖြစ်သူ က သူ့ကိုမမုန်းခဲ့ပါဘူးလို့ ပြောဆိုတာဖြစ်ပါတယ်။
''အခုလိုဖြစ်ရတဲ့အတွက် အရမ်းကိုဝမ်းနည်းကြေကွဲနေခဲ့ရ ပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ပြီ''လို့လည်း မိခင်အိုဒရီစကိုးလ်က ထပ်မံပြောဆိုခဲ့ပါတယ်။

Yangon Media Group