မြန်မာ ၄- ၁ ပါလက်စတိုင်း (Full Time)


မြန်မာ ၄- ၁ ပါလက်စတိုင်း (Full Time)

သံသယရှိသူ မြန်မာနိုင်ငံသား (၅) ဦးတွင် အီဘိုလာရောဂါပိုး လုံးဝမရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန အတည်ပြု

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူဟု သံသယရှိသူ တစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား (၅) ဦးစလုံးတွင် အီဘိုလာ ရောဂါပိုး လုံးဝမရှိကြောင်း ကျန်မာရေး ၀န်ကြီးဌာနက ယမန်နေ့က အတည်ပြု ထုတ်ပြန် လိုက်သည်။ 

သြဂုတ်လ (၂၉) ရက်နေ့က သံသယရှိသူ ငါးဦးတို့၏ သွေးဓာတ်ခွဲနမူနာကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခဲ့ပြီးနောက် ရောဂါပိုး လုံးဝမရှိကြောင်း အတည်ပြု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

““အဖြေထွက်တော့ ရောဂါပိုး မရှိကြောင်း တွေ့ရပါတယ်။ သူတို့မှာ ဘာရောဂါ ဖြစ်နေလဲတော့ ကျွန်မတို့ မသိပါဘူး။ ဆေးရုံ ဆင်းဖို့ ကိစ္စကတော့ အထူးကု ဆရာဝန်ကြီးတွေနဲ့ ဆိုင်ပါတယ်””ဟု ကျန်းမာရေး ၀န်ကြီးဌာန၊ ဗဟိုကူးစက်နှိမ်နှင်းရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင်က ပြောသည်။ 

အဆိုပါ မြန်မာနိုင်ငံသား ငါးဦးမှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ၊ ဂီနီနှင့် လိုက်ဘေးရီးယား နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ခဲ့ပြီး သြဂုတ်လ (၁၉) ရက်နေ့၊ ည(၈)နာရီအချိန်က လေယာဉ် ခရီးစဉ် အမှတ် (8M-332) ဖြင့် ထိုင်နိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူ များဟု သံသယရှိဖွယ် စစ်ဆေးတွေ့ရှိ ခဲ့ရခြင်းကြောင့် ယင်းမြန်မာနိုင်ငံသား ငါးဦးကို ဝေဘာဂီဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးထားခဲ့ပြီး ၎င်းတို့၏ သွေးအား ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါတွင် ဆေးကုသမှု ခံယူနေသော သံသယရှိခံရသူ အပါအ၀င် မြန်မာနိုင်ငံသား ငါးဦး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်းလည်း ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျန်းမာရေး ၀န်ကြီးဌာနမှ လက်ရှိတွင် အီဘိုလာ ရောဂါပိုး ဖြစ်ပွားနိုင်ခြေရှိသည့် ရောဂါ လက္ခဏာ များကို ပြည်သူလူထုအား အသိပညာပေးမှု ပြုလုပ်ထားပြီး ရောဂါလက္ခဏာ ပြပါက နီးစပ်ရာ ကျန်းမာရေး ဌာနများတွင် ဆေးကုသမှု ခံယူသင့်ကြောင်းလည်း နှိုးဆော်ထားသည်။ 

လက်ရှိတွင် အဆိုပါ အီဘိုလာရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ ယခုအချိန်ထိ ရောဂါပိုး ကူးစက်ခံရသူပေါင်း နှစ်ထောင်ကျော် ရှိပြီး သေဆုံးသူ တစ်ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

Messenger

ပေါင်းတည်မြို့အပိုင် ရန်ကုန် - ပြည်ရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံး



ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ပေါင်တည် ရဲစခန်း အပိုင်တွင် အမျိုးသား တစ်ဦး ရထားကြိတ်သေဆုံး နေကြောင်း 3/9/2014 ရက် နံနက်က ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။

အခင်းဖြစ်ပွားရာ ပေါင်တည် ရဲစခန်းအပိုင် မင်းကွတ်(၃)နယ်မြေ အတွင်းရှိ မိုင်တိုင်အမှတ် 130/131 အကြားသို့ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အမျိုးသား တစ်ဦး ဝဲခြေထောက်ပြတ် ဒဏ်ရာများဖြင့် (အမည်စုံစမ်းဆဲ) အလောင်းအား တွေ့ရှိရသဖြင့် ပေါင်တည်မြို့အပိုင် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်ဖွင့်လှစ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

ဇော်ရှင်း
BY THIT HTOO LWIN

ယောင်္ကျားရှားနေ၍ အိမ်ထောင်ဖက် ရွေးဖို့ခက်နေတဲ့ အမျိုးသမီးများ နေသောမြို့

ဘရာဇီးနိုင်ငံ အရှေ့မြောက်ဖက်ရှိ နွိုင်ဗာဒို ကော်ဒေရိုအမည်ရ မြို့လေးတစ်မြို့သည် ထူးဆန်းစွာ အမျိုးသမီးများသာ မှီတင်းနေထိုင်ကြသော မြို့ကလေးဖြစ်နေကြောင်း ယူပီအိုင်သတင်းဌာနက စက်တင်ဘာလ ၁ ရက်နေ့တွင် ဖော်ပြသည်။ 

ယင်းမြို့ကလေးတွင် အမျိုးသမီးဦးရေ စုစုပေါင်း ၆၀၀ ခန့် ရှိပြီး မြို့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု 
အာဏာအရပ်ရပ်တို့ကို အမျိုးသမီးများ စိတ်တိုင်းကျသာ လုပ်ဆောင်နေလျက်ရှိပြီး
မြို့ခံအမျိုးသားများမှာ အခြားမြို့များသို့ အလုပ်သွားရောက် လုပ်ကိုင်ကြကာ ယင်းတို့အနက် 
အိမ်ထောင်သည် အမျိုးသားများနှင့် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တိုင်းပါ ၀င်ကြောင်း The Mirror သတင်းစာက ရေးသားသည်။ 

အမျိုးသမီးများသာ နေထိုင်သည့်အတွက် အချို့က မနှစ်မြို့ကြပေ။ 

အချိန်တန် အရွယ်ရောက်သူများအဖို့ သူစိမ်းယောက်ျား ရှားပါးပြတ်လပ်မှုကြောင့် ဘ၀လက်တွဲဖော်
ရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ 

"ဒီမှာရှိတဲ့ အမျိုးသားအများစုက အိမ်ထောင်သည်တွေ၊ ဒါမှမဟုတ်ရင်တောင် ကျွန်မတို့နဲ့
ဆွေမျိုးတော်စပ်သူတွေ ဖြစ်ပါတယ်။ ကျွန်မဆိုရင် ရည်းစားမထားဖူးတာတောင် တော်တော်ကြာ
သွားခဲ့ပြီ" ဟု အသက် ၂၃ နှစ်အရွယ်ရှိ နယ်လ်မာဖာနန်ဒက်စ်က ပြောသည်။ 

ယင်းမြို့မှ အမျိုးသမီးများသည် ယခုအခါတွင် ၎င်းတို့၏ မြို့သို့ လူလွတ်အမျိုးသားများ လာရောက်
အခြေချနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြရန် ဆွဲဆောင်နေကြသော်လည်း အမျိုးသားများ သွားရောက် အခြေချနေထိုင်ပါက မြို့ခံအမျိုးသမီးများ၏ အုပ်ချုပ်မှုနှင့် ယင်းတို့၏ အာဏာစက်အောက်တွင် နေထိုင်ရမည် သာဖြစ်သည်။

Myanmar Times

ဆွစ်ဇာလန် လွှတ်တော် ၀န်ထမ်း ကိုယ်လုံးတီပုံများ အွန်လိုင်း တင်မှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရ


ဆွစ်ဇာလန် လွှတ်တော်မှ အတွင်းရေးမှူး အမျိုးသမီး တစ်ဦးသည် ကိုယ်လုံးတီး ဓာတ်ပုံများကို အင်တာနက်တွင် တင်ခဲ့သည့် အတွက် ရာထူးမှ ထုတ်ပယ် ခံခဲ့ရကြောင်း သိရသည်။


အမည် ဖော်ပြထားခြင်း မရှိသည့် ထိုအမျိုးသမီးသည် ကိုယ်ဗလာ ကျင်းပုံ မြောက်မြားစွာကို သူမ၏ ရုံးခန်းတွင် ရိုက်ကူး ထားခဲ့ပြီး နောက် တွစ်တာတွင် တင်ခဲ့သည် ဆိုသည်။ ဆွစ်လွှတ်တော်က ထိုအမျိုးသမီး၏ ရာထူးကို ရပ်ဆိုင်း ခဲ့ခြင်းမှာ နှစ်ဘက် နားလည်မှုဖြင့် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော် ဂုဏ်သိက္ခာ အတွက် ညှိနှိုင်းပြီး နုတ်ထွက် စေခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ အမျိုးသမီး၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပေါ်ထွက်လာစဉ် တစ်စုံ တစ်ဦးက ထိုပုံများမှာ ဘန်းမြို့တော်ရှိ ဖက်ဒရယ် နန်းတော်မှ ရုံးခန်း တစ်ခုတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ ပြီးနောက် တာဝန် ရှိသူများက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီး သည် ပြီးခဲ့သည့် အပတ်က Neue Zuercher Zeitung (NZZ) သတင်းစာတွင် ထိုပုံများမှာ မည်သည့် စည်းမျဉ်း စည်းကမ်းကိုမှ ချိုးဖောက် သည်ဟု မထင်ကြောင်း ဆိုသည်။ သူမက တွစ်တာတွင် ပရိသတ် Follower 11,000 ခန့်ရှိသော် လည်း ယင်းပုံများမှာ ပုဂ္ဂလိက ဘ၀နှင့် သက်ဆိုင်၍ မည်သည့် ပြဿနာမှ မရှိကြောင်း ဆိုခဲ့ဖူးသည်။

Source: BBC
Messenger

တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီး 
ချိန်မှာ မျက်နှာတွင် သိသိသာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။
ငွေကြေး အကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။


အသုံးပြုပုံကတော့

(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။

(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။

(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။

(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် ပါတယ်။ တကယ် အသားဖြူပြီး ထိရောက်တယ် ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ် လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြား အရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့်မယ်နော်။

ကျော်လင်းနိုင် (ရိုးရာလေး)

(၁၁)မြို့နယ်တရားစွဲခံထားရသူ ကိုထင်ကျော် ထောင်ဒဏ်ထပ်မံချမှတ်ခံရ.









လက်ရှိအစိုးရအားအယုံအကြည်မရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့သည့်အတွက် မြို့နယ်(၁၁)မြို့နယ် တွင် တရားစွဲဆိုခြင်းခံရသည့် ကိုထင်ကျော်ကို စက်တင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ ၅၀၅(ခ)နှင့် ပုဒ်မ(၁၈)တို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် လေးလ ထပ်မံချမှတ်ခြင်းခံခဲ့ရသည်။ ယခင်အခြားမြို့နယ်တရားရုံးများမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ထားမှုသည် စုစုပေါင်းထောင်ဒဏ်(၈)နှစ်ချမှတ်ပြီးရာ ယခုထပ်မံချမှတ်သည့် ထောင်ဒဏ်တစ်နှစ်နှင့်လေးလနှင့်ဆိုလျှင်စုစုပေါင်းထောင်ဒဏ်(၉)နှစ်နှင့် လေးလရှိပြီဖြစ်သည်။ ယခုတရားရုံးထုတ်တွင်လည်း ကိုထင်ကျော်သည် အခြေခံဥပဒေပြဌာန်းခဲ့စဉ်က လူဦးရေစာရင်းနှင့် ယခုနှစ်သန်းခေါင်စာရင်းကောက်ယူရရှိမှု လူဦးရေစာရင်းကို နှိုင်းယှဉ်ပြသကာ လက်ရှိအစိုးရကို အယုံအကြည်မရှိကြောင်းကို ဆက်လက်ကြွေးကျော်ခဲ့သည်။ 
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

တောင်းပန်စာရမှသာ သရဖူပြန်အပ်မည်၊ လုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေရန်တောင်းဆိုခံရဟု မေမြတ်နိုး ဆို


တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization က လိုအပ်ပါက စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေရန် တောင်းဆိုခံရခြင်း၊ မိမိအပေါ် အသရေဖျက်မှု၊ လိမ်လည်မှု၊ စွပ်စွဲမှုများ ပြုလုပ်ခြင်းတို့ကြောင့် ယင်း Organization ၏တောင်းပန်စာရမှ သရဖူကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း အလှမယ် မေမြတ်နိုးက ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကမာရွတ်မြို့နယ်ရှိ House Of Memories စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ Miss Asia Pacific World Organi-zation၊ National Director၊ မီဒီယာနှင့် ပရိသတ်များအပေါ် လိမ်လည်မှုနှင့် မလေးမစား ဆက်ဆံခဲ့မှု၊ မိခင်ဖြစ်သူမှာလည်း ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက်များ ပေးထားသော်လည်း သုံးလကြာ နေထိုင်ခွင့်ရရန် တရားမဝင် ဝင်ကြိုးပမ်းခဲ့မှု များကြောင့်ဟုဆိုကာ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း Miss Asia Pacific World Organization က သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ခဲ့သကဲ့သို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင်လည်း မေမြတ်နိုးမှာ အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကို ပြန်မအပ်ဘဲ ထွက်ပြေး တိမ်းရှောင်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization နှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်အရ Mapi Dolls အမည်ရှိ K Pop အဖွဲ့တွင် ပါဝင်ကာ စီးရီးထုတ်လုပ်ရန်အတွက် Organization က မိမိကို သုံးလဗီဇာသက်တမ်း၊ မိခင်ဖြစ်သူကို သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက် ပေးထားသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးတွင် တရားဝင် ဗီဇာဝင်သည့်အခါ မိခင်ဖြစ်သူကို သုံးလဗီဇာ သက်တမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မီဒီယာ စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ မိခင်ဖြစ်သူမှာ သုံးလ ဗီဇာသက်တမ်းဖြင့် နေခွင့်ရရန် တရားမဝင် ကြိုးပမ်းခဲ့ခြင်း မဟုတ်ကြောင်း မေမြတ်နိုးက ဖြေရှင်းသည်။

“ဒီလိုဖြစ်လာတဲ့အပေါ် ကျွန်တော့်သမီးအတွက်၊ တိုင်းပြည်အတွက် အရမ်းခံစားရပါတယ်။ မဟုတ်မဟတ်တာတွေ ရေးထား၊ ပြောထားတဲ့အတွက် စိတ်ထဲမှာ မကောင်းဘူး။ သူ့ကိုနောက်ပိုင်း ပညာရေးပဲ လုပ်စေချင်ပါတယ်။ ပညာသင်ရမယ့် အရွယ်လေးမှာ အခုလိုမျိုး ဖြစ်လာတဲ့အတွက် ကလေးမှာ စိတ်ဒဏ်ရာတွေ ရသွားတဲ့အတွက် ဒီအလုပ်တွေကို ရပ်စေချင်တာပါ” ဟု မြန်မာအလှမယ် မေမြတ်နိုး၏ ဖခင်ဖြစ်သူ ဦးကျော်လွင်က ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့် အခါတွင်လည်း K Pop အဖွဲ့လိုက် စီးရီးထုတ်တော့မည် မဟုတ်ဘဲ ၎င်းတစ်ယောက်တည်းသာ အနုပညာအလုပ်များ ဆက်လုပ်နိုင်ရန် စီစဉ်ပေးမည် ဖြစ်သကဲ့သို့ ပိုမိုလှပလာအောင် ခေါင်းအစ၊ ခြေအဆုံး ခွဲစိတ်ပြုပြင် ပေးမည်ဖြစ်ပြီး ယင်းသို့ ပြုလုပ်မည့်အပေါ် ငြင်းပိုင်ခွင့်မရှိဟု ပြောကြားခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံတွင် ဆက်လက်နေထိုင်ကာ အနုပညာ အလုပ်များ လုပ်ရန်အတွက် ငွေကြေး လိုအပ်မည် ဖြစ်ပြီး ယင်းငွေရရန်အတွက် နည်းလမ်းတစ်ခုရှိပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ လိုအပ်သည့် အချိန်တွင် အဖော်အဖြစ် နေပေးရမည်ဟု ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံးမှ ရယူခဲ့သည့် သုံးလဗီဇာသက်တမ်းမှာ မလုံလောက်သည့်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ကိုရီးယား ဗီဇာသက်တမ်းတိုးရန် ပြောကြားခဲ့ကြောင်း၊ ယင်းသို့ သွားရောက်ရာတွင် မိခင်ဖြစ်သူ လိုက်ပါခွင့်ရမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း မေမြတ်နိုးက ဆိုသည်။

“ကိုရီးယားကို ရောက်ပြီး နှစ်ရက်အကြာမှာ ဘူဆန်မြို့က လူအရောက် အပေါက်နည်းတဲ့ အိမ်ကြီးတစ်လုံးမှာ သမီးတို့ သားအမိကို နေရာချပေးခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဒီအိမ်မှာ သမီးကို လိုအပ်တဲ့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ပေးဖို့ပါ။ ဒါကို သမီးတို့က လက်မခံတဲ့အတွက် သမီးတို့ သားအမိကို ထားသွားပြီး စားစရိတ်ကော၊ စောင့်ရှောက်မှုတွေရော လုံးဝမပေးတော့ပါဘူး။ သူတို့ရဲ့ အကြံကတော့ သမီးက ပိုလှလာရင် စပွန်ဆာ ရှာလို့ရမယ်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အခက်အခဲများ ကြုံလာခဲ့ပြီးနောက် Organization နှင့် လက်တွဲအလုပ်လုပ်ရန် မဖြစ်နိုင်တော့ဟု ယူဆသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ သရဖူကို ခိုးယူ ထွက်ပြေးသွားသည်ဟု Organization မှ မီဒီယာများတွင် ဖြေကြားထားသော်လည်း သရဖူသိမ်းကြောင်း ထုတ်ပြန်ချက်မှာ မိမိ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်ပေါ် တက်ခဲ့သည့် အချိန်အထိ မထုတ်ပြန်ရသေးကြောင်း၊ သရဖူကို ခိုးယူခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ရရှိခဲ့သည့် သရဖူကို အမိနိုင်ငံသို့ ပြန်ယူလာရမည်ဆိုသည့် စိတ်တစ်ခုတည်းနှင့် ပြန်လည် ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း မေမြတ်နိုးက ဖွင့်ဟသည်။

မြန်မာအမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို ရိုက်ချိုးသည့်၊ မြန်မာနိုင်ငံကို စော်ကားသည့် Organization မှ ပေးအပ်သော သရဖူကို မလိုချင်တော့ သကဲ့သို့ ဂုဏ်ယူစရာ တစ်ခုဟုလည်း မထင်တော့ကြောင်း၊ Organization က ယင်းသရဖူကို National Director မှတစ်ဆင့် ပြန်လည် ပေးအပ်ခိုင်းထားသော်လည်း မိမိမကောင်းကြောင်းကို Organization သိစေရန် တစ်ချိန်လုံး ပြောနေသည့် မြန်မာနိုင်ငံတွင် ရှိသည့် အလှမယ်များကို သရဖူများ သိမ်းနေသည့် National Director ထံမှတစ်ဆင့် ပြန်မပေးချင်ကြောင်း၊ နိုင်ငံတကာမှ ဒိုင်များရှေ့တွင် စည်းမျဉ်း စည်းကမ်းနှင့်အညီ ရွေးချယ်ခံကာ ရယူထားသည့် သရဖူကို တောင်ကိုရီးယားနိုင်ငံရှိ Organization သို့သာ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း မေမြတ်နိုးက အတိအလင်း ပြောကြားသည်။

Miss Asia Pacific World Organization မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်တွင် ရောက်နေသည့်အတွက် မေမြတ်နိုးအနေနှင့် သရဖူကို ကိုယ်တိုင် ပြန်လည် အပ်နှံနိုင်ကြောင်း၊ မိမိမှာ Organization ကိုယ်စား National Director တစ်ဦးအနေနှင့် ကိုယ်စား လက်ခံပေးခြင်း ဖြစ်ကြောင်း၊ မိမိမှာ တောင်ကိုရီးယား ခရီးစဉ်သို့ ပါမသွားသည့်အတွက် သရဖူ သိမ်းခံရသည့် အသေးစိတ် ဖြစ်ရပ်များကို မသိကြောင်း၊ အလုပ်တစ်ခု ထွက်သည့်အခါ အလုပ်က ပေးထားသည့် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းရကြောင်း၊ သရဖူကို အလှမယ် တစ်ယောက်၏ ဂုဏ်တစ်ခုအနေနှင့်သာ သိထားပြီး တန်ဖိုးအနည်း အများကို မသိကြောင်း၊ တန်ဖိုးထားမှု အပေါ်တွင်သာ မူတည်ကာ တန်ဖိုး ကွာခြားနိုင်ကြောင်း National Director ဒေါ်လှနုထွန်းက ပြောကြားသည်။

The Voice Weekly

တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများ အား ဧည့်ခံပေးခြင်းနှင့် အဖော်လုပ်ပေးခြင်းတို့ စေခိုင်းမှုများကြောင့် ကိုရီး ယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်းမှ တောင်းပန်ရ မည် ဖြစ်ကြောင်း မူရင်းအသက် ၁၅ နှစ်သာ ရှိသေးသော မေမြတ်နိုး ရှင်းလင်း


တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများကို ဧည့်ခံပေးခြင်းနှင့် အဖော်လုပ်ပေးခြင်းတို့ကို စေခိုင်းမှုများကြောင့် ကိုရီးယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်း မှ တောင်းပန် ရမည်ဖြစ်ကြော င်း မူ ရင်း အသက် ၁၅ နှစ်သာရှိသေးသော မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးနှင့် မြန်မာနိုင်ငံ ကို တောင်းပန်စာတရားဝင်ပေးပို့မှသာ Miss Asia Pacific World Organization ထံသို့ သရဖူကို ပြန်လည်ပေးအပ် သွားမည်ဖြစ်ကာ ယင်းသို့ တောင်းပန်ခြင်းမပြုခဲ့ပါက တရားစွဲဆိုသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာ များ နှင့်တွေ့ဆုံ ပွဲတွင် မေမြတ်နိုးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မီဒီယာများနှင့်တွေ့ဆုံမှုတွင် နိုင်ငံတကာမီဒီယာများနှင့် ပြည်တွင်းမှ မီဒီယာများ တက်ရောက်ခဲ့ကြပြီး မေမြတ်နိုးနှင့် သူ၏ မိခင်တို့က Miss Asia Pacific World ပြိုင်ပွဲစတင်ယှဉ်ပြိုင်စဉ်ကတည်းကပင် ကြုံ တွေ့ခဲ့ရသည့်အခက်အခဲများနှင့် သရဖူရရှိခဲ့ပြီးချိန်တွင်လည်း National Director ၏ခြိမ်းခြောက်မှုများနှင့် အကျပ်ကိုင်မှုများခံရပုံကို ရှင်းလင်းခဲ့သည်။ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားချိန်မှစတင်ကာ Miss Asia Pacific World Organization မှ ပြုမူဆက်ဆံခဲ့ပုံများ၊ အကျပ်ကိုင်စေခိုင်းခဲ့မှုများ၊ တောင်းဆို ခဲ့မှုများကို တစ်ချက်ချင်း ရှင်းလင်းတင်ပြခဲ့သည်။ ယင်း Organization က စပွန်ဆာများအတွက် အဖော်လုပ်ပေးရန် ပြောဆိုခဲ့ခြင်း၊ ခေါင်းအစခြေအဆုံး ပလတ်စတစ်ဆာဂျရီပြုလုပ်ရန် တောင်းဆိုခဲ့ခြင်း၊ မိခင်ဖြစ်သူ အား မြန်မာနိုင်ငံသို့ပြန်စေပြီး မိမိတစ်ဦးတည်းကျန်ရှိကာ စပွန်ဆာများနှင့် တွေ့ဆုံရမည်ဟု ပြောဆိုခဲ့သောကြောင့် မြန်မာနိုင်ငံသို့ပြန်လာ
ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ဒီပြိုင်ပွဲကို စပြီးယှဉ်ပြိုင်ကတည်းက National Director တွေက စိတ်ဓာတ်ကျစရာ စကားတွေပြောတယ်။ ဆုရသွားတဲ့အခါမှာလည်း organization နဲ့အနုပညာအလုပ်လုပ်ဖို့ သုံးနှစ်စာချုပ် ချုပ်ဆိုရမယ်လို့ ပြောခဲ့ပါတယ်။ သမီးက ပညာရေးရှိပါသေးတယ်လို့ ပြောတဲ့အခါ သုံးနှစ်စာချုပ် မချုပ်ရင် သရဖူကို ပြန်သိမ်းသွားလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်မှာပါဝင်တဲ့အချက်အလက်တွေကို ဖတ်ကြည့်ရာမှာလည်း သမီးအနေနဲ့ သူတို့နိုင်ငံမှာအနုပညာအလုပ်တွေ လုပ်ကိုင်ရာမှာ စားစရိတ်၊ နေစရိတ် အစစအရာရာ ပံ့ပိုးကူညီမယ်ဆိုတဲ့အပြင် သမီးရဲ့လုံခြုံရေးကိုပါ အပြည့်အဝပြင်ဆင်ပေးပါ့မယ်ဆိုတာပါ ပါတယ်။ ဒါကြောင့် လက်ခံခဲ့တာပါ။ ဒီပြန်ရောက်လာတဲ့အခါ National Director က မီဒီယာတွေမှာ သမီးရဲ့မကောင်းကြောင်းတွေ ပြောဆိုခဲ့တယ်။ အဲဒီအချိန်မှာ Organization ဘက်က National Director က သမီးရဲ့မကောင်းကြောင်းတွေကို Report တွေ ဆက်တိုက်လုပ်နေကြောင်းနဲ့ သူတို့အနေနဲ့ သမီးကိုပဲယုံကြည်ကြောင်း၊ National Director တွေနဲ့ အဆက်အသွယ်ဖြတ်ပါလို့ ပြောဆိုခဲ့ပါတယ်။ အဲဒါနဲ့ National Director တွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ ကိုရီးယားကိုသွားဖို့ လုပ်ခဲ့တယ်။ သမီးက အသက်မပြည့်သေးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အုပ်ထိန်းသူမိခင် လိုက်ပါဖို့လိုအပ်တာကြောင့် သူတို့ဘက်က သမီးရဲ့မိခင်လိုက်ပါနိုင်ဖို့ ဖိတ်ခေါ်စာပို့ပေးခဲ့ပါတယ်။ ဒီဖိတ်ခေါ်စာတွေနဲ့ ကိုရီးယားသံရုံးမှာ ဗီဇာလျှောက်တဲ့အခါ သုံးလနေထိုင်ခွင့်ဗီဇာ ရခဲ့ပါတယ်။ ဟိုရောက်တဲ့အခါ မူလစာချုပ်နဲ့ ဖိတ်ကြားစာမှာပါတဲ့အတိုင်း ဘာမှစီစဉ်ပေးမထားပါဘူး။ K Pop Girl Bandလည်း မဖွဲ့ဖြစ်တော့ဘူးလို့ ပြောပါတယ်။ လှပအောင်ပဲ အရင်လုပ်ရမယ်။ အဲဒီအတွက် တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ရမယ်။ ပြီးရင် စပွန်ဆာတွေရှာရမယ်။ အဲဒီ စပွန်ဆာတွေကို ဧည့်ခံပေးရမယ်။ အဖော်လုပ်ပေးရမယ်လို့ ပြောပါတယ်။ သမီးအနေနဲ့ စဉ်းစားပါရစေဦးလို့ပဲ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘူဆန်မြို့စွန်က ပလတ်စတစ်ဆာဂျရီလုပ်တဲ့ အိမ်ဟောင်းကြီးတစ်ခုကို ပို့ခဲ့ပါတယ်။ သမီးအနေနဲ့ အသက်မပြည့်သေးတဲ့အတွက် ဒီလိုခွဲစိတ်ဖို့ကို မဖြစ်နိုင်သေးပါဘူး။ အုပ်ထိန်းသူမိခင်ကလည်း လက်ခံနိုင်မှာမဟုတ်ပါဘူးလို့ ပြောတဲ့အခါ ဒါဆိုဘာထောက်ပံ့မှုမှ မပေးတော့ဘူးလို့ပြောပြီး အဲဒီနေရာမှာသမီးတို့ သားအမိနှစ်ယောက်ကို ထားခဲ့ပါတယ်။ သမီးမေမေကိုလည်း ကိုရီးယားမှာဆက်မနေဖို့၊ မြန်မာနိုင်ငံကိုပြန်ဖို့နဲ့ သမီးကို စပွန်ဆာတွေနဲ့တွေ့ဆုံပေးဖို့ အစီအစဉ်တွေ ရှိနေသေးတယ်။ မေမေရှိနေရင် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။ ဂျပန်နိုင်ငံထိပါ စပွန်ဆာရှာဖို့အတွက် ခရီးထွက်ရမယ်။ အဲဒီမှာ ဗီဇာထပ်တိုးရမယ်လို့ပြောပါတယ်။ သူတို့ပြောတဲ့အချက်တွေအားလုံးက သမီးလုံးဝ လက်မခံနိုင်ပါဘူး။ အဲဒါနဲ့ပဲ မြန် မာနိုင်ငံပြန် ဖို့ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ လေယာဉ်ကွင်းရောက်ဖို့ ကိုတောင် ဟိုမှာရောက်နေတဲ့ မြန်မာတစ်ယောက်က ကူညီခဲ့ တာပါ”ဟု ဖြစ်စဉ်အသေးစိတ်အား မေမြတ်နိုးက ရှင်းပြခဲ့သည်။

ဆက်လက်၍ သရဖူသိမ်းယူခဲ့ခြင်းနှင့် ပတ်သက်၍လည်း မေမြတ်နိုးနှင့် မိခင်တို့ လေယာဉ်ပေါ်ရောက်သည့်အချိန်မှသာ သရဖူရုပ်သိမ်းကြောင်း ထုတ်ပြန်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ကြေညာချက်တွင်လည်း မြန်မာနိုင်ငံသို့ မိမိပြန်လည်ရောက်ရှိမှသာ National Director ထံ သရဖူပြန်လည်အပ်နှံရန် ရေးသားထားကြောင်း၊ ယင်းအတွက် ၎င်း Organization မှ စွပ်စွဲပြောဆိုခဲ့သည့် သရဖူအား ခိုးယူသွားသည်ဆိုခြင်းမှာ မိမိနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုစော်ကားခြင်းသာဖြစ်ကြောင်း၊ မြန်မာကိုယ်စားပြုအလှမယ်တစ်ဦး၏ ဂုဏ်သိက္ခာကို ရိုက်ချိုးခဲ့သည့် Organization မှ ပေးအပ်သော သရဖူကိုလည်း မိမိအနေဖြင့်မလိုချင်ပါကြောင်း၊ ချက်ချင်းပင် ပြန်လည်ပေးအပ်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ်သိက္ခာကို စော်ကားခဲ့ခြင်းအတွက် Organization မှ တောင်းပန်စာပေးပို့မှသာလျှင် သက်ဆိုင်ရာတာဝန်ရှိများ၏ရှေ့တွင် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း Miss Asia Pacific World Organization နှင့်ရော National Director နှင့်ပါ ဆက်လက်လက်တွဲမည် မဟုတ်ကြောင်း ပြောကြားသည်။

ထို့အပြင်ယင်း Organization အနေဖြင့် ယခင်ကလည်း အလှမယ်များနှင့်ပြဿနာ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် Winner ရရှိခဲ့သည့် ကိုရီးယားအလှမယ်မှာ ယင်းကဲ့သို့ စပွန်ဆာများနှင့် ချိတ်ဆက်ပေးခြင်းအား လက်မခံနိုင်သည့်အတွက် သရဖူပြန်လည်အပ်နှံခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင်လည်း ပြိုင်ပွဲမှအလှမယ်များ ထွက်ပြေးခဲ့သည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ယင်းကိစ္စရပ်များကို ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ခြင်းမပြုမီ မသိရှိခဲ့ကြောင်း မေမြတ်နိုးက ဆိုသည်။

Miss Asia Pacific World Organization ကစွပ်စွဲပြောကြားခဲ့သည့် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ခွဲစိတ်မှုလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ သူနာပြုထံမှ ပိုက်ဆံချေးယူခဲ့ခြင်းမှာလည်း လုံးဝမဟုတ်မှန်ကြောင်းကို မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ မေမြတ်နိုးတွင် ရင်သားခွဲစိတ်ပြုပြင်မှုပြလုပ်ထားသည့် ပုံသဏ္ဍာန်မျိုး တွေ့မြင်ရခြင်းမရှိကြောင်း ရှင်းလင်းပွဲသို့တက်ရောက်ခဲ့သူအချို့က သုံးသပ်ပြောကြားသည်။

မေမြတ်နိုး၏ မွေးသက္ကရာဇ်အမှန်မှာ ၁၉-၁ဝ-၁၉၉၈ ဖြစ်ကြောင်း၊ ၎င်းအချက်အလက်အမှန်ကို National Director ကို ပြိုင်ပွဲမဝင်ခင်တွင်ပင် ပြသခဲ့ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာများကို National Director ကပင် ဖြည့်ပေးခဲ့ကြောင်း၊ ပြိုင်ပွဲစည်းကမ်းမှာ အသက် ၁၈ နှစ်ဟုဆိုသဖြင့် National Director အား မေးမြန်းခဲ့ရာ စိတ်မပူရန်နှင့် ၎င်းတို့သိက္ခာမကျစေရန် ဆက်လက်ယှဉ်ပြိုင်ပါဟုပြောဆိုခဲ့ကြောင်း၊ ယင်းအတွက် မိမိအနေဖြင့် သက္ကရာဇ်မှားယွင်းနေမှုကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း မေမြတ်နိုးက ရှင်းလင်းခဲ့သည်။

မေမြတ်နိုးက ယခုကိစ္စရပ်တွင် ၎င်းနှင့် မြန်မာနိုင်ငံကိုစော်ကားကာ သိက္ခာချခဲ့ခြင်းဖြစ်သည့်အတွက် အရှုံးပေးရန် မလိုအပ်ကြောင်း၊ ယင်းအတွက်အဆိုပါ Organization က တောင်းပန်စာပေးပို့မှသာ သရဖူပြန်လည်အပ်နှံမည်ဖြစ်ပြီး တောင်းပန်စာပေးပို့ခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

Eleven

ချစ်သူဘဝနားလည်မှုတွေနဲ့ အနာဂတ်ခရီးအတွက် ကြိုးစား လျှောက်လှမ်းနေကြတဲ့ နိုင်းဝမ်းနဲ့ ယွန်းမှီမှီကျော်



ခံစားမှုရသများစွာကို ပရိသတ် အတွက် ပုံဖော်ဖန်တီးပေးစွမ်းနေကြတဲ့ အနုပညာရှင်အဆိုတော်နိုင်းဝမ်းနဲ့ အလှ မယ်ယွန်းမှီမှီကျော်တို့ရဲ့ ချစ်သူနှစ်ဦး ပျော်ရွှင် ကြည်နူးမှုပုံ ရိပ်များနဲ့ အတူချစ် ခြင်းမေတ္တာအပေါ် ခံယူချက်သဘော ထား၊တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်အကျိုးပြုပုံများ၊အနာဂတ်ချစ်ခရီး လမ်းအတွက် မျှော်မှန်း ချက် များ အစရှိတာတွေကိုသိရဖို့နိုင်ဝမ်းရဲ့စကားသံ များကို ပရိသတ်အတွက် ဖော်ပြတင်ဆက်လိုက်ပါတယ်။

ခံယူထားတဲ့အချစ်ရဲ့အဓိပ္ပာယ်

” ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ခွဲလောက်ရှိပါပြီ။ အချစ်ရဲ့ခံယူချက်ကတော့ ထွေထွေထူးထူး၊ သီးသန့်ကြီးကွဲထွက်နေတာမျိုး မရှိပါဘူး သာမန် လူတွေလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်ဆိုတာ လူတိုင်းလည်းချစ်ဖူးကြတာပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင်လည်း အမှား အယွင်းမရှိအောင်ကြိုး စားပြီးနေတယ်။ သူလည်း အဲဒီလိုပဲနေတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

အပြန်အလှန်အမှီသဟဲပြုပုံ

” သူ့ကို ကျွန်တော်သီချင်းဆိုခိုင်းဖို့တော့ အစီအစဉ်ရှိတယ်။ ကျွန်တော့်တစ်ကိုယ်တော်ထဲမှာပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့သူက အစိမ်းသက်သက် ဖြစ်နေ လတော့နည်းနည်း ထရိန်းနေရတာပေါ့။ အခုလောလောဆယ်တော့ ကျွန်တော့်ကို လာအပ်ထားတဲ့ ကြော်ငြာသီချင်းလေးတွေ၊ မိန်းကလေးပါဆိုရမယ့် Duetပုံစံလေးတွေဆို သူနဲ့ဆိုဖြစ် တာ များတယ်။ ဒီလိုနဲ့ပဲတဖြည်းဖြည်းချင်း ထရိန်းပြီးတော့ ကျွန်တော်စိတ်ချရတဲ့အချိန် သူနဲ့ကျွန်တော်နဲ့ သီချင်းတွေလုပ်ပြီး ကျွန်တော်သူ့ကို ခေါ်ဆိုဖို့ ရှိပါတယ်။ သူကလည်း သူ့ကိုအလုပ် တစ်ခုလာအပ်ပြီဆိုတာနဲ့စစဉ်းစားကတည်း ကိုက နှစ်ယောက်တိုင်ပင်ပြီး စဉ်းစားတယ်။ ဘယ်လိုကြော်ငြာမှာ ဘယ်လိုသရုပ်ဆောင်ရမယ်တို့၊ ဓာတ်ပုံ ရှုတင်ဆိုလည်း မိတ်ကပ်ကအစ ဘယ်လိုအဆင်ပြေအောင် လုပ်မလဲဆိုတာ ဘေးကလိုက်ပြီး ပြောပေးတယ်။ သူလည်းအဲဒီလိုပါပဲ။ ကျွန်တော်ရှိုးသွားပြီဆိုရင် အဝတ် အစားကအစ လိုက်ကြည့်ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် စဉ်းစားပေးကြပါတယ်”

အားပေးတဲ့ပရိသတ်အပေါ် ကျေးဇူးတင်စကား

” များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာက အနုပညာဖန်တီးမှုထက် လူပုဂ္ဂိုလ်စွဲနဲ့အားပေးတဲ့ ပရိသတ်တွေက တော်တော်များတယ်။ ကျွန်တော်ကို ရော၊သူ့ ကိုရော အားေ ပးတဲ့ ပရိသတ်တွေထဲမှာ အဲဒီလိုမျိုး ပရိသတ်တွေလည်းရှိတယ်။ ကျွန်တော်တို့နှစ်ယောက် relationship ကို တရားဝင်လူသိရှင်ကြားတွဲတဲ့အချိန်မှာ ကိုယ့် အနားမှာ မရှိတော့တဲ့ ပရိသတ်တွေလည်း ရှိတာပေါ့။ ဒီနေ့၊ ဒီအချိန်ထိ သူ့အနားမှာရော၊ ကျွန်တော့်အနားမှာရော အမြဲ တမ်းရှိနေပြီး ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာ စစ်စစ်ကိုအားပေးတဲ့ အမာခံပရိသတ်တွေကို တကယ်ကျေးဇူးတအားတင်ပါတယ်။ အဲဒီကျေးဇူးတရားနဲ့ ထိုက်တန်အောင်လည်း ကျွန်တော်တို့အမြဲတမ်း ကြိုးစားနေပါ တယ်လို့ ပြောချင်ပါတယ်”

အနာဂတ်ရည်မှန်းချက်

” မနှစ်က Miss People ရတယ်။ ဒီနှစ်မှာလည်း Miss Universe Myanmar 1st Runner ရထားတော့ စာချုပ်ချုပ်ထားတာလေးတွေ ရှိတယ်။ အဲဒီတော့ အိမ်ထောင်ပြုဖို့ အတွက်ကို ကျွန်တော်တို့ အဲဒီလောက်ကြီး စဉ်းစားလို့မရသေးဘူး။ အဓိကကတော့ အိမ်ထောင်ပြုရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်သင့်ဖြစ်နေအောင် ကျွန် တော်တို့ အမြဲတမ်းကြိုးစားနေတယ်။ ငွေရေးကြေးရေးစုဆောင်းတာကအစ အတတ်နိုင်ဆုံးကျွန်တော်တို့ ကြိုးစားနေတယ်”

ပေါ်ပြူလာ

စိတ်ကြွဆေး ရောင်းဝယ်မှုနှင့် တိမ်းရှောင်နေသော စီးပွားရေး လုပ်ငန်းရှင်အား ဖမ်းဆီးရမိ


ရန်ကုန်မြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် အား မြောက်ဦးမြို့တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၃

သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး(အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများရောင်းချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဘက်သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော် သည် သြဂုတ် ၂၉ ရက် ညပိုင်းတွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်။

သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော် သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန်တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိအကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင်ရပ်(၂)လမ်း၊ အမှတ်(တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို တရုတ် လက်မခံ၍ ဟောင်ကောင်သားများ ဆန္ဒပြ


ဟောင်ကောင် Occupy Central Movement ဗဟို သိမ်းပိုက်ရေး လှုပ်ရှားမှု ခေါင်းဆောင်များက စည်တီးပြီး ဆန္ဒပြပွဲကို စတင်လိုက်သည် (ဓာတ်ပုံ – Reuters)

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်၏ အကြီးအကဲဖြစ်လာမည့်သူကို လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့် တောင်းဆိုမှုများကို တရုတ်ပါလီမန်က ပယ်ချလိုက်သဖြင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်၏ စီးပွားရေး အချက်အချာနေရာတခုတွင် ဆန္ဒပြတောင်းဆိုနေကြသည်။

တရုတ် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်းကော်မီတီ က ၂၀၁၇ ခုနှစ် ဟောင်ကောင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂ ဦး သို့မဟုတ် ၃ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်ရန် ချမှတ်ထားသည့် မူဝါဒကို ထောက်ခံ အတည်ပြုပေးခဲ့သည်။ ကိုယ်စားလှယ်လောင်း အားလုံးသည် ပထမဆုံး အနေဖြင့် တရုတ်နိုင်ငံအပေါ် သစ္စာစောင့် သိသူများ ပါဝင်သည့် အမည်စာရင်းတင်သွင်းရေး ကော်မီတီတခု၏ ထောက် ခံမှု အများစု ရရှိရမည်ဖြစ်သည်။

ဟောင်ကောင်၏ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ပေးခဲ့သည့် အဖွဲ့အစည်း ဖြစ်သော NPC ၏ တင်းကျပ်သော ဆုံးဖြတ်ချက်သည် ဒီမိုကရက်တစ် အတိုက်အခံများအတွက် အများ၏ မဲဆန္ဒဖြင့် ရွေးချယ်ခံရန် မဖြစ်နိုင် သလောက် ဖြစ်သွားသည်။

စစ်မှန်ပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရန် တရုတ်အစိုးရကို တောင်းဆိုနေကြသည့် ရာနှင့်ချီသော “Occupy Central Movement (ဗဟို သိမ်းပိုက်ရေး လှုပ်ရှားမှု)” အမည်ရှိ လှုပ်ရှားသူများက သြဂုတ်လ ၃၁ ရက်နေ့ နှောင်းပိုင်းတွင် အာဏာဖီဆန်သည့် လှုပ်ရှားမှု တခုပြုလုပ်ရန် ဆန္ဒပြပွဲငယ်တခု စီစဉ်နေကြပြီး အရှိန်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားပါက ဟောင်ကောင်မြို့၏ အရေးပါသည့် စီးပွားရေး ခရိုင်ကို ၀န်းရံပိတ်ဆို့မိသည် အထိဖြစ်သွားနိုင်ပါသည်။

“ဒီနေ့ဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမှောင်မိုက်ဆုံးနေ့ပါပဲ။ နိုင်ငံတနိုင်ငံ စနစ် ၂ မျိုး ကျင့် သုံးမှုရဲ့အမှောင်ဆုံးနေ့လည်း ဖြစ်ပါတယ်” ဟု Occupy Central ၏အဓိကခေါင်းဆောင်များထဲမှ တဦးဖြစ်သည့် ဥပဒေ ပါမောက္ခ Benny Tai ကပြောသည်။ သူက လူဦးရေ ၇.၂ သန်းခန့်နေထိုင်သည့် အရင်းရှင် ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်တွင် ကွန်မြူနစ် တရုတ်နိုင်ငံက ပြန်လည်အုပ်ချုပ်ခဲ့ပြီးသည့်နောက် ကျင့်သုံးခဲ့သည့် နည်းလမ်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

Occupy movement က “ဆွေးနွေးရေးအတွက် အခွင့်အရေး အားလုံး ကုန်ဆုံး ခဲ့ ပြီ ဖြစ်ပြီး ဗဟိုသိမ်းပိုက်ရေးက အမှန်တကယ်ဖြစ်လာလိမ့်မည်” ဟု ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ လှုပ်ရှားမှုအတွက် အချိန် အကန့်အသတ်မထား ဟုလည်း သိရသည်။

ဟောင်ကောင် စတော့အိပ်ချိန်းကို လုပ်ဆောင်နေသည့် Hong Kong Exchanges and Clearing ၏ ပြောရေးဆိုခွင့် ရှိသူတဦးက ဖြစ်နိုင်ချေရှိသည်များအတွက် အလွန်အလေးအနက်ထား၍ စီစဉ်ထားသည်ဟု ပြောသည်။ “ကျနော်တို့မှာ ကျွမ်းကျင်သူ အဖွဲ့တခု အရင်ထဲက ရှိပြီးတော့ အဲဒီအဖွဲ့က စတော့အိပ်ချိန်းရဲ့ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ဖို့၊ အခက်အခဲဖြစ်လာတဲ့ အခါ ဒါမှမဟုတ် ကျနော်တို့ ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အခါမျိုးမှာ အဖွဲ့လိုက် တုန့်ပြန်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်” ဟု သူကဆိုသည်။

ဟောင်ကောင်၏ လက်ရှိ အမှုဆောင်ချုပ်ဖြစ်သော Leung Chun-ying က တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်သည် ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှု ရှေ့ဆက်ရေးအတွက် အဓိကကျသည့် ခြေလှမ်းတရပ်ဖြစ်သည်ဟု ပြောသည်။

“ဟောင်ကောင်ပြည်သူတွေက လူတယောက်ကို မဲ တမဲနဲ့ အားလုံးပါဝင်နိုင်မယ့် အမှုဆောင်ချုပ် ရွေးကောက်ပွဲ ဟာ ဟောင်ကောင် ရှေ့ကိုဆက်နိုင်ရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတရပ် ဖြစ်ရုံမကပါဘူး ကျနော်တို့ နိုင်ငံရဲ့ သမိုင်းဝင် မှတ်တိုင် တခုလည်းဖြစ်ပါ တယ်” ဟု သူကပြောသည်။ ပြည်သူများအနေဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်ကို
ငြိမ်းချမ်းပြီး ဥပဒေနှင့် လျှော်ညီသော နည်းလမ်းများဖြင့် ထုတ်ဖော်ကြရန်လည်း သူကထပ်ပြောသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသည် လွန်ခဲ့သော ၁၇ နှစ်က ဗြိတိန်နိုင်ငံက ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် ပေးအပ်ခဲ့ သည့် အချိန်ထဲက ဟောင်ကောင်နိုင်ငံ၏ ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုနှင့် တရုတ်ပြည်မကြီးတို့ကြားတွင် ကွဲပြားမှုများဆက်တိုက် ဖြစ်ခဲ့ရသည့် အရင်းအမြစ်ဖြစ်သည်။

နောက်ထပ် အထူးအုပ်ချုပ်ရေးဒေသတခု ဖြစ်သည့် မကာအိုတွင် လက်ရှိခေါင်းဆောင် နှင့် တဦးတည်းကိုယ်စားလှယ် လောင်းလည်း ဖြစ်သော Fernando Chui ကို တရုတ်နိုင်ငံကို သစ္စာစောင့်သိသူ ၄၀၀ ပါဝင်သည့် ရွေးချယ်ရေး အဖွဲ့တခုက သြဂုတ် လ ၃၁ ရက် နေ့တွင် ပြန်လည်ရွေးချယ် တင်မြှောက်လိုက်သည်။ ကျဉ်းမြောင်းသော်လည်း စီးပွားရေး ကောင်း မွန်သည့်မကာအိုသည် ယခင်က ပေါ်တူဂီ၏ ကိုလိုနီဖြစ်ခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့က ဆန္ဒပြသူများ စတင်စုရုံးလာကြပြီးနောက် ဟောင်ကောင်အစိုးရ ရုံးချုပ်၏ အပြင်ဖက်တွင် ရဲကားများနှင့် ရာနှင့် ချီသော ရဲများစောင့်ကြပ်နေကြသည်။ ပြင်းထန်စွာ ရွာသွန်းနေသည့် မိုးရေထဲတွင် အချို့က ကြွေး ကြော်သံများ အော်ဟစ်နေကြသည်။

အရေးပါသည့် အစိုးရ အဆောက်အဦးများ ဖြစ်သည့် အမှုဆောင်ချုပ် ရုံးနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် မတော်၏ စစ်တန်းလျားများ အနီးတွင်လည်း မြင့်မားသည့် စည်းရိုးများ၊ အတားအဆီးများနှင့် ၀ိုင်းရံ ကာကွယ် ထားသည်။

“NPC ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်အတွက် တိုက်ပွဲဝင်ဖို့ ကလွဲပြီး မရှိတော့ ပါ ဘူး။ ကျနော်တို့ရဲ့ လှုပ်ရှားမှုကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာနဲ့ စတင်သွားပါမယ်” ဟု Alliance for True Democracy အဖွဲ့မှ စည်းရုံးရေးတာဝန်ခံတဦး ဖြစ်သည့် Joseph Cheng က ပြောသည်။ အဆိုပါ အဖွဲ့သည် လူတိုင်း၏ မဲဆန္ဒဖြင့် ဆုံးဖြတ်ပေး နိုင်ရေးအတွက် အခြားအဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။ “ကျနော်တို့ အရှုံးမပေးခဲ့ဘူးဆိုတာ ကမ္ဘာကို ပြောပြချင်ပါတယ်။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်” ဟု သူက ဆိုသည်။

အမေရိကန်နိုင်ငံကလည်း သတိကြီးစွာဖြင့် တုန့်ပြန်ခဲ့သည်။ ဆန္ဒပြမှုနှင့် ပတ်သက်၍ အမည်မဖော်လိုသူ အမေရိကန် အရာရှိတဦးက အမေရိကန် အစိုးရသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် အပါအ၀င် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လွတ်လပ်ခွင့်များကို ဟောင်ကောင်၏ အစဉ်အလာနှင့် ဥပဒေအရ ကာကွယ်ခြင်းများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“အမှုဆောင်ချုပ် တရားဝင်ဖြစ်မှုဟာ ရွေးကောက်ပွဲမှာ ဟောင်ကောင်ရဲ့ပြည်သူတွေက သူတို့ ဆန္ဒအရ ရွေးချယ်ပြီး မဲပေးတင် မြှောက်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ရင် အလွန်ကောင်းပါလိမ့်မယ်” ဟု သူကဆိုသည်။

“သြဂုတ်လ ၃၁ ရက်နေ့ ကြေညာချက်ဟာ ဟောင်ကောင်ရဲ့ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံး ဖြတ်ချက်အတွက် ဦးတည်ဆောင်ရွက်နေမှုမှာ ခြေလှမ်းတရပ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု အဆိုပါ အမေရိကန် အရာရှိကပြောသည်။

အပြင်ပန်းအရကြည့်လျှင် NPC ၏ ဆုံးဖြတ်ချက်သည် တရုတ်မြို့ကြီးတမြို့တွင် ၎င်း၏ ခေါင်းဆောင်ကို ပထမဆုံး အနေ ဖြင့် တိုက်ရိုက်မဲပေးနိုင်အောင် မူဝါဒချမှတ်ပေးလိုက် ခြင်းဖြစ်သည်။ တရုတ်အစိုးရကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး၏ မှတ်တိုင်တခု အဖြစ်ကြွေးကြော်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ် ခေါင်းဆောင်ရွေးချယ်ပွဲအတွက် အမည်စာ ရင်းတင်သွင်းမှုတွင် အတားအဆီး အကြပ်အတည်း များ ရှိနေသဖြင့် ဒီမိုကရေစီလိုလားသူများက တရုတ်အစိုးရသည် တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီ အတုဖြစ်စေရန် တွန်း အားပေးနေခြင်းဖြစ်သည်ဟု ဆိုကြသည်။

NPC ၏ ကြေညာချက်က အမည်စာရင်းတင်သွင်းမှုအားလုံးကို ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း များအတိုင်း ဖြစ်ပြီး ကိုယ်စား လှယ်လောင်းတိုင်းသည် အမည်စာရင်းတင်သွင်းရေး ကော်မတီ တခု၏ ထောက်ခံမှု တ၀က်ကျော်ရရှိရမည်ဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ အမည်စာရင်းတင်သွင်းရေး ကော်မတီဆိုသည်မှာ လက်ရှိ ရှိနေသော တရုတ်အစိုးရအပေါ် သစ္စာ စောင့်သိသူ ၁၂၀၀ ပါဝင်သည့် ရွေးချယ်ရေးကော်မတီနှင့် အလားတူပုံစံ ဖွဲ့စည်းလိမ့်မည်ဖြစ်သည်။

အဆိုပြုထားသည့် ရွေးကောက်ပွဲ မူဝါဒကို ဟောင်ကောင်မှ လူ ၇၀ ပါဝင်သော ဥပဒေပြုအဖွဲ့၏ ထောက်ခံမှု ၃ ပုံ ၂ ပုံ ရရှိရန် လိုအပ်နေဆဲဖြစ်သည်။ ဒီမိုကရေစီလိုလားသည့် ဥပဒေပြု အမတ်အရေအတွက်က ၃ ပုံ ၁ ပုံ ကျော်နေသဖြင့် အဆိုပြုချက်သည် ကိုပယ်ချခံရဖွယ်လည်း ရှိနေသည်။

တရုတ် အကြီးတန်း အရာရှိများကမူ ဒီမိုကရေစီ လှုပ်ရှားသူများ၏ တရားမ၀င် ဆန္ဒပြမှုများကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး သူတို့နောက်ဆုတ်မည် မဟုတ်ကြောင်း လည်း သတိပေးထားသည်။

တရုတ်နိုင်ငံကလည်း နိုင်ငံခြားစွက်ဖက်မှုနှင့် ပတ်သက်၍ ထပ်တလဲလဲ သတိပေးနေသည်။ ပြည်မကြီးကို ထိုးနှက်ရန် ဟောင်ကောင်ကို အခြေခံ အဖြစ်အသုံးပြုခြင်းကို သည်းခံမည် မဟုတ်ဟု ဆိုသည်။

Occupy Central movement သည် ဟောင်ကောင် လူလတ်တန်းစားအလွှာ၏ ကျယ်ပြန့်သော ထောက်ခံမှု မရရှိသေး ဘဲ ရှိနေသည်။ ၎င်းတို့က တရုတ်နိုင်ငံက ရန်မူလာမှာနှင့် စီးပွားရေးကို နှောက်ယှက်မည်ကို စိုးရိမ်နေကြသည်။
ဧရာဝတီ

အစိုးရသစ် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ခရီးမတွင်


ပြည်တွင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းတခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ဦးသိန်းစိန် အစိုးရသစ် သက်တမ်း ၃ နှစ်ခွဲကာလသို့ ရောက်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် တို့ကို ပြိုင်တူ ဖော်ဆောင်နေရသည် ဆိုသော အချက်ကို သမ္မတ က မိန့်ခွန်းများတွင် မကြာခဏ ထည့်သွင်း ပြောဆိုလေ့ရှိရင်း သက်တမ်း ၁ နှစ်ခွဲကျော် ကျော်သာ ကျန်တော့သည့် ယခု အချိန်သို့ ရောက်လာခဲ့သည်။

ထိုအခြေအနေ အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အတူ စီးပွားရေး ဘက်တွင် ပိတ်ဆို့အရေးယူမှု ဖြေလျှော့ ပေးသည့် အခြေအနေများ ရရှိခဲ့သည်။

အစိုးရသစ် လက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့မှုများကို ကြည့်မည် ဆိုလျှင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခြင်း၊ အထူး စီးပွားရေးဇုန်များ အကောင်အထည်ဖော်မှုနှင့် အထူးစီးပွားရေးဇုန် ဥပဒေများကို ပေါင်းစည်းခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် မူဝါဒတခု အနေနှင့် ဆောင်ရွက်နေခြင်းတို့ ရှိခဲ့သည်။

ငွေကြေးကဏ္ဍနှင့် ပတ်သက်၍လည်း ငွေလဲနှုန်းကို အမေရိကန် တဒေါ်လာ ၆ ကျပ်နှုန်းမှ ဈေးကွက် အခြေခံ နှုန်းရှင် ပြောင်းလဲခဲ့ခြင်း၊ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း၊ ဗဟိုဘဏ်အား ဝန်ကြီးဌာန လက်အောက်တွင် မထားတော့ပဲ သီးခြား ရပ်တည်စေခဲ့ခြင်းနှင့် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များ ပြည်တွင်းဝင်ရောက် လုပ်ကိုင်ရန် စတင် အကောင်အထည် ဖော်နေခြင်းတို့ ရှိသည်။

ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ ဖော်ဆောင်မှုများ ရှိသကဲ့သို့ အရင်းအနှီးဈေးကွက် ဖော်ဆောင်မှု အတွက် စတော့အိတ်ချိန်း ထူထောင်ရန် လုပ်ဆောင်နေမှုမျိုးလည်း ရှိနေသည်။

ထို့ပြင် ကုန်သွယ်မှုအတွက် တချို့သော အခက်အခဲများ ကို ဝန်ကြီးဌာနဘက်မှ ဖြေလျှော့ပေးမှုများ၊ အခွန် စနစ် ပြောင်းလဲကျင့်သုံးမှုများ ရှိလာသကဲ့သို့ နိုင်ငံတော် ဘတ်ဂျက် ရေးဆွဲမှု ပုံစံကိုလည်း ပြောင်းလဲ ရေး ဆွဲမည့် အခြေအနေရှိသည်။

နိုင်ငံတကာ အကူအညီနှင့် ကြွေးမြီများ ပိုမိုရရှိနိုင်ရေး အတွက် ယခင်အစိုးရ အဆက်ဆက်က တင်ရှိခဲ့သော ကြွေးမြီများကို ညှိနှိုင်းဖြေရှင်းမှုများလည်း လုပ်ဆောင်ခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ကြည့်သည့်နေရာတွင် အဓိကကျသော ပြည်တွင်းအသားတင် စုစုပေါင်း ထုတ် ကုန်တန်ဖိုး (GDP) ရာခိုင်နှုန်းလည်း တက်လာသည့် အခြေအနေဖြစ်ပြီး အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈ ရာနှုန်း မှန်းထားသော်လည်း ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် လုပ်ဆောင်မည်ဟု ဦးသိန်းစိန်က ပြောဆိုထား သည်။

ထိုသို့သော ဖြစ်စဉ်များနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်မှုတွင် နှေးကွေးမှုများ၊ မပီပြင်မှုများနှင့် ထင်ထားသလောက် မဖြစ်ခဲ့မှု များစွာတို့ ရှိနေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI များ ထင်ထားသလောက် ဝင်ရောက်မှု မရှိခြင်း၊ အရေးတကြီး ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေသည့် အသေးစား အလတ်စားလုပ်ငန်းများ (SME) မူဝါဒ ပီပြင်မှု မရှိခြင်း၊ အထူး စီးပွားရေးဇုန် SEZ အကောင်အထည် ဖော်နိုင်မှုများ နှေးကွေးနေခြင်း၊ ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လာခြင်းနှင့် ဘတ် ဂျက် လိုငွေ များလာခြင်း၊ နိုင်ငံ၏ အင်အားဟု ဆိုရနိုင်သော စုဆောင်းငွေပမာဏ မြင့်တက် မလာခြင်း၊ နိုင်ငံ အတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မှုအတွက် ခြစားမှုသည် ယခုအချိန်အထိ အဓိက အဟန့်အတား ဖြစ်နေသေးခြင်း စသော အချက်များစွာတို့က ၃ နှစ်ခွဲသက် တမ်းအစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နိုင်မှု အခြေအနေကို မီးမောင်းထိုးပြ နေကြသည်။

ထင်သလောက်မဝင်တဲ့ FDI

လက်ရှိ မြန်မာနိုင်ငံတွင် ရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၉ ဘီလီယံဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်မှ ယခုအချိန်ထိ စုစုပေါင်းလည်း ဖြစ်သည်။ အစိုးရသစ် လက်ထက် FDI ဝင်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အထိ ၅ ဒသမ ၈၂၄ ဘီလီယံခန့်သာ ရှိပြီး ယခုဘဏ္ဍာနှစ် မေလကုန် အထိ ဝင်ထားသည့် ဒေါ်လာသန်း ၃၀ဝ နှင့် ပေါင်းလျှင်ပင် ၆ ဘီလီယံ ကျော်ကျော်သာ ရှိသည်။

ယင်းပမာဏမှာ စုစုပေါင်း ရှိသည့် ပမာဏ ၄၆ ဒသမ ၉ ဘီလီယံ၏ အစွန်းထွက်မျှသာလည်း ဖြစ်သကဲ့သို့ သုံးနှစ်ခွဲ ကာလအတွင်း နိုင်ငံတကာနှင့် ဆက်ဆံရေး တံခါးဖွင့် တည်ဆောက်ထားသော အခြေအနေနှင့် ခြုံကြည့်မည် ဆိုလျှင် နည်းလွန်းလှသည်။

ထိုသို့ FDI ဝင်ရောက်မှု နည်းခြင်းမှာ စီးပွားရေး ရေခံမြေခံဖြစ်သော အခြေခံအဆောက်အဦ Infrastructure များ ချို့တဲ့မှု၊ လျှပ်စစ်မီး လိုအပ်ချက်၊ မြေဈေးနှုန်းများ ခေါင်ခိုက် ကြီးမြင့်မှု၊ စီးပွားရေး လုပ်ငန်းများ လုပ် ဆောင် ရာတွင် တရားဥပဒေအရ အကာအကွယ်ပေးနိုင်မှု အားနည်းမှု စသောအချက်များနှင့် သက်ဆိုင် နေသ ည် ဟု စီးပွားရေး ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောဆို ကြသည်။

မပီပြင်သေးသည့် SMEs မူဝါဒ

အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြည်တွင်းစီးပွားရေး ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အများဆုံး ပြောဆိုကြသည်မှာ မြန်မာပြည်ရှိ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရှိသော အသေးစားနှင့် အလတ် စား လုပ်ငန်းများ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရမည် ဆိုသော အချက်ဖြစ်သည်။

အစိုးရပိုင်းကလည်း ထိုအခြေအနေနှင့် ပတ်သက်၍ လုပ်ဆောင်မှုအဖြစ် SME Centre ကိုထောင်သည့် အပြင်၊ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်များ ဖွင့်၍၊ SME များကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ချေးငွေ အနည်းငယ် ထုတ်ပေးသည်။

သို့သော် ထိုသို့ အပြောများပြီး၊ အစိုးရပိုင်းကပါ အရေးပေး လုပ်ဆောင်နေသည်ဟုဆိုသော SME အတွက် အဓိက ကျသော ဥပဒေက ယခုအချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပေ၊ ဥပဒေ မထွက်လာသေးသည့် အတွက် SME ဆိုသည့် အဓိပ္ပာယ် သတ်မှတ်ချက်သည်လည်း လက်ရှိ အချိန်တွင် အသေအချာ မပြောနိုင်သေးသည် အခြေအနေပင်ဖြစ်သည်။

၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေအရ သတ်မှတ်ထားသော အသေးစား၊ အလတ်စား လုပ်ငန်း သတ်မှတ် ချက်သာ ရှိသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဆိုသည်နှင့် စက်မှုလုပ်ငန်း တခုတည်းသာ မဟုတ်တော့ဘဲ ဝန်ဆောင်မှု လုပ်ငန်းများမှ အစ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအဆုံး အကုန်ပါဝင် နေရတော့မည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ တွင် ယနေ့အချိန်ထိ ထိုလုပ်ငန်းများ အားလုံးကို သတ်မှတ်ချက်နှင့် စနစ်တကျ မှတ်ပုံ တင် လုပ်ဆောင်ထားနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ယင်းလုပ်ငန်းများ ဖွံ့ဖြိုးမှု အတွက် အဓိက အခြေခံ လိုအပ်ချက်ဖြစ်သော ချေးငွေ ရရှိနိုင်မှု မှာလည်း အစိုးရ အနေဖြင့် အနည်းငယ်သာ လုပ်ပေးနိုင်ပြီး ရေတိုချေးငွေ အဖြစ်သာ ထုတ်ပေးနိုင်သည်ကို တွေ့ရသည်။

ထိုအနေအထားအရ SME များ ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေသည် ဆိုသည့် အပိုင်းမှာ လက်ရှိမူဝါဒပိုင်း အားနည်းလွန်း ပြီး အကောင်အထည်ဖော်မှု အပိုင်းတွင် လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်သကဲသို့ ဥပဒေပင် မထွက်နိုင်သေးဘဲ ရေရေရာရာ မရှိသည်ကို တွေ့မြင်ရသည်။

ငွေဖောင်းပွမှုနှုန်းနဲ့ ဘတ်ဂျက်လိုငွေ

အစိုးရသစ် လက်ထက်တွင် GDP ကို ကြည့်လျှင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း တက်လာသည့် အနေအထားကို တွေ့ရမည် ဖြစ်ပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်လာသည်။

ယခုဘဏ္ဍာနှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း မှန်းထားပြီး၊ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး အားကောင်းလာမှုမှာ ဓာတ်ငွေ့ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှင့် လူသုံးကုန်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှု အားကောင်းလာခြင်း ကြောင့်ဟု ပြောဆိုထားသည်။

သို့သော် တချိန်တည်းမှာပင် ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လျက် ရှိကြောင်း၊ ၂၀၁၃ နှစ်လယ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း အထိ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု နှုန်းကို စားသုံးသူ ဝယ်လိုအား စံနှုန်းဖြင့် တိုင်းတာခြင်း ဖြစ်ပြီး ယင်းသို့ တိုင်းတာရာတွင် စားသောက်ကုန်ပစ္စည်း ၈၃ မျိုးနှင့် အစားအသောက် မဟုတ်သော တခြားပစ္စည်း ၇၅ မျိုး စုစုပေါင်း တိုင်းတာပစ္စည်း ၁၅၈ မျိုးဖြင့် ဆုံးဖြတ် တွက်ချက်ခြင်း ဖြစ်သည်။

ငွေဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းက အခြေခံလူတန်းစား အများဆုံးဖြစ်သော မြန်မာနိုင်ငံ၏ လူထုအတွက် ဝယ်ယူလို နိုင်စွမ်းအား အလိုလိုကျ ဆင်းနေမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် Staff Monitored Programme နှင့် မြန်မာပြည်တွင် တနှစ်တာ လုပ်ဆောင်မှု အပြီး ခန့်မှန်းချက်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ၇၅ ရာနှုန်း ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်း ဖြစ်သည်။

ငွေဖောင်းပွမှုနှုန်းနှင့် ဘတ်ဂျက်လိုငွေသည် ဆက်စပ်နေပြီး၊ ယခင်ခေတ်အခါက ဘတ်ဂျက်လိုငွေပြမှုကို ငွေကြေး ရိုက်ထုတ်သော နည်းဖြင့် ဖြေရှင်းမှုများ ရှိတတ်ခဲ့ခြင်း ကြောင့် ငွေဖောင်းပွမှုနှုန်း ပိုမိုဖြစ်ခဲ့သည်။
အစိုးရသစ် လက်ထက် ဘတ်ဂျက်လိုငွေပြမှုမှာ ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ တွက်ချက်ခန့်မှန်းမှု အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် GDP ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ၅ ရာခိုင်နှုန်းနှင့် ယခုဘဏ္ဍာနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

နိုင်ငံတိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အတူ ဘတ်ဂျက်လိုငွေ ရှိကြသည်မှာ မှန်သော်လည်း ဖြေရှင်းမှု စနစ် မမှန်ကန် ပါက ငွေဖောင်းမှုနှုန်းကို ထိန်းနိုင်မည် မဟုတ်ပေ။

နိုင်ငံတကာ ကြွေးမြီနှင့် စုဆောင်းငွေ

စစ်အစိုးရခေတ် လက်ထက်က ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာသို့ တင်ရှိနေသော ကြွေးမြီ များကို အစိုးရသစ်က အဆင်ပြေသော နည်းဖြင့် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ရသည်။

ထိုအဖွဲ့ အစည်းများနှင့် နိုင်ငံတကာသို့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၄၈ ဘီလီယံ တင်ရှိခဲ့ပြီး တရုတ်နိုင်ငံသို့ ၃ ဒသမ ၃ ဘီလီယံ ဆပ်ရန်ရှိခဲ့သည်။

ထိုကြွေးမြီများ အတွင်းမှ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို ဂျပန်နိုင်ငံမှ ငွေယူ၍ ဆပ်ခဲ့ပြီး၊ ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများသို့ ပေးရန် ရှိသည့် ကြွေးမြီများကို ၆၀ ရာခိုင်နှုန်းကျော် လျှော်ပစ်နိုင်ခဲ့သည်။

ယခု ကျန်ရှိနေသော ကြွေးမြီပမာဏမှာ ဂျပန်ဆီမှ ယူသောငွေ၊ တရုတ်နိုင်ငံ ချေးငွေနှင့် ပါရီကလပ် လက်ကျန်ငွေများ ဖြစ်ပြီး ကြွေးကျန်ပမာဏကို အစိုးရက ပြန်လည်ထုတ်ပြန်ခြင်း မရှိသေးပေ။

အမာခံ အင်အားဟု ခေါ်ရမည့် နိုင်ငံစုငွေနှင့် ပတ်သက်၍လည်း ၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၏ အရန်ငွေ၊ အရန်ရွှေနှင့် ပြည်တွင်းစုဆောင်းငွေ အားလုံးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အထက်တွင်ရှိသော်လည်း လက်ရှိပမာဏ အတိအကျကို မသိရပေ။

သို့သော် ထိုပမာဏမှာ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ၄၇ ဘီလီယံ နီးပါးနှင့် ယှဉ်လျှင် လွန်စွာ နည်းနေပြီး စုငွေတိုးအောင် လုပ်နိုင်လာမှသာ နိုင်ငံ၏ အမှန်တကယ် စီးပွားရေး ဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟု ပညာရှင်များက ပြောဆိုထားသည်။

အချက်လက်များနှင့် လုပ်ဆောင်ခဲ့မှုများကို ကြည့်ကြမည် ဆိုပါက အစိုးရသစ်၏ စီးပွားရေး ပြုပြင်ပြောင်း လဲမှု ဖော်ဆောင်ရေး တွင် လုပ်ဆောင်နေမှုများ ရှိသော်လည်း အကောင်အထည်ဖော်မှု အပိုင်းတွင် နှေးကွေး မှုများ၊ ထင်ထားသည့် အတိုင်း မဖြစ်လာသေးသည်များကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို ဒေသတွင်း နိုင်ငံတော် တော်များများထက် နောက်ကျစွာ လုပ် ဆောင် ရခြင်း ကြောင့် ရှေ့တွင် လုပ်ဆောင်သွားခဲ့ကြသော နိုင်ငံများ၏ အဆိုးအကောင်းများကို သိရှိအတုယူပြီး ပိုမိုစနစ်တကျ လုပ်နိုင်မည် ဟု ပညာရှင်များက ပြောကြသည်။

သို့သော် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ သူများနိုင်ငံများထက် နောက်ကျပြီး ယခုမှ ကုန်းရုန်းထရသည့် အခြေ အနေတွင်ရှိပြီး ၊ အခြားနိုင်ငံများလည်း ရပ်နေကြသည်မဟုတ်ပါ။

ထို့ကြောင့် သူများထက် ပိုပြေးနှုန်းမြန်မြန်နှင့် မူဝါဒများအပေါ် အကောင်အထည်ဖော်နိုင်မှ တော် ကာကြမည်ဖြစ်သည်။
ဧရာဝတီ

Miss Asia Pacific World 2014 မေမြတ်နိုးအမှား မကျူးလွန်၍ သရဖူကို ပြန်လည်သွားရောက် အပ်နှံမည်မဟုတ်ကြောင်း ပြေကြား


ရန်ကုန် စက်တင်ဘာ ၂

တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့ သည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြု သွားရောက်ယှဉ်ပြိုင်သော အလှမယ်သရဖူဆု ရရှိခဲ့သည့် Miss Asia Pacific World 2014 သရဖူဆုရှင် မေမြတ်နိုးက ယနေ့ အချိန်ထိ မိမိအနေဖြင့် အမှားတစ်စုံ တစ်ရာ ကျူးလွန်ခဲ့ခြင်း မရှိသောကြောင့် ရရှိခဲ့သည့်သရဖူကို ပြန်လည် အပ်နှံသွားမည်မဟုတ်ကြောင်းပြော ကြားခဲ့ သည်။

သရဖူရပြီး သုံးလပြည့်သည် အထိ မိမိ အမှားတစ်စုံတစ်ရာ မပြု လုပ်ခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံ Miss Asia Pacific World 2014 အဖွဲ့က မိမိ ကို တစ်ဖက်စောင်းနင်းကြေညာ ခဲ့သည့်အတွက် မိမိနိုင်ငံ၊ မိမိ မိသားစုနှင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်ရောက်၊ ၎င်းအဖွဲ့အနေဖြင့် ဒီကလူကြီးများနှင့်မိမိ မိသားစုကို တရားဝင်တောင်းပန်မှ သရဖူကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဝေဇယန္တာ လမ်းသွယ်၊ အမှတ် (၂၉၀) Rock & Rich Café Paiyo Bar ၌ ပြုလုပ် သည့် မီဒီယာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။ 
Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးကို ကိုရီးယား နိုင်ငံ Miss Asia Pacific World အဖွဲ့က သုံးနှစ်ကြာ ဇာတ်ကားတွဲ ရိုက်ရန်နှင့် အလှမယ်ပြိုင်ပွဲများဝင် ပြိုင်ရန် ဘက်ပေါင်းစုံက ပြုပြင် ပြောင်းလဲမှုများ လုပ်ပေးမည်ဟုပြော ဆိုကာ ပြီးခဲ့သည့် ဩဂုတ် ၁၈ရက်က ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်ခဲ့ ခြင်းဖြစ်သည် ဟုလည်း သိရသည်။

ကိုရီးယားတွင် ဆွေးနွေးညှိနှိုင်းမှုများ အမျိုးမျိုးပြုလုပ်ခဲ့သော်လည်း သရဖူဆုရှင် မေမြတ်နိုး၊ ၎င်း၏ မိခင်နှင့် ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့တို့ သဘောထားချင်း မတိုက်ဆိုင်သဖြင့် ဩဂုတ် ၂၇ ရက်က မြန်မာနိုင်ငံသို့ ပြန်အလာတွင် ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့က မဟုတ်မမှန်လုပ်ကြံသတင်း များ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြခဲ့သည်။ 
“ဟိုရောက်တော့ ကျွန်မကို အနုပညာလုပ်ငန်းတွေလုပ်ဖို့ သူတို့နဲ့ သုံးနှစ်လက်တွဲ စာချုပ်ချုပ်ဆိုပြီး တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာ ဂျရီလုပ်ပေးမယ်၊ ပြီးတော့ ဇာတ်ကား တွေရိုက်ပေးမယ်၊ ပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခိုင်းမယ်။ ဒါပေမဲ့
ညီမအမေကို ပြန်လွှတ်လိုက်၊ ညီမပဲ နေခဲ့လို့ပြောတော့ ကျွန်မလည်း အမေနဲ့တိုင်ပင်ပြီး ဆက်နေလို့မသင့် တော့ဘူးထင်ပြီး ပြန်လာခဲ့တာပါ” ဟု Miss Asia Pacific World 2014 သရဖူဆုရှင် မေမြတ်နိုးက ပြောကြား သည်။
ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့က ဩဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးသည် နေရှင်နယ်ဒါရိုက်တာ၊ မန်နေဂျာနှင့် စာချုပ်ပါအချက် များကို လိုက်နာမှု မရှိဘဲ အမှားများကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ကိုရီးယားနိုင်ငံ Miss Asia Pacific World အဖွဲ့က သူတို့နဲ့ လက်တွဲလုပ်ကိုင်ဖို့ သမီးကို ဟိုမှာ တစ်ယောက်တည်း ထားခဲ့ခိုင်းတယ်။ ကျွန်မက အမေတစ်ယောက် အနေနဲ့ ဘယ်လိုလုပ်ထားခဲ့နိုင်မှာ လဲ။ အဲဒါကြောင့် ကျွန်မတို့လည်းသားအမိနှစ်ဦးတိုင်ပင်ပြီး ပြန်လာခဲ့တာ။ သူတို့က ကျွန်မတို့ ပြန်လာတဲ့ ၂၇ ရက်မှာပဲ အခုလို မဟုတ်ကဟုတ်က သတင်းတွေ ထုတ်ပြန်တော့တာပဲ” ဟု မေမြတ်နိုး၏ မိခင် ဒေါ်စန်းစန်းမြင့်က ဆိုသည်။
Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးသည် အသက် ၁၆ နှစ်သာရှိသေးပြီး အနု ပညာလောကကို တစ်ကြိမ်တစ်ခါမှ ဝင်ရောက်ခဲ့ဖူးခြင်း မရှိကြောင်း၊ ကမ္ဘာကျော် ကိုရီးယားတေးဂီတ Kpop အဖွဲ့နှင့်လည်း ဆက်လက် လုပ်ဆောင်တော့မည်မဟုတ်ဘဲ ယခု ရရှိခဲ့သည့် သရဖူကိုလည်း ဆက်လက်လုပ်ဆောင်တော့ မည်မဟုတ်ဘဲ ယခုရရှိခဲ့သည့် သရဖူကိုလည်း ၎င်းကျေနပ်သည်အထိ တောင်းပန်ပါကပြန်လည်အပ်နှံ သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် ပညာရေးကိုသာ ဦးစားပေးသင်ယူသွားတော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
MOI Webportal Myanmar

Model Aye Chan Myat Moeဧ။်နောက်ဆုံးရသတင်း


Model Aye Chan Myat Moeဧ။်နောက်ဆုံးရသတင်းမှာ သူ့  ကိုသတ်သည်မှာဆယ်တန်းတွင် ဒဂုံ ၁မှ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သောစာတော်သော ဆေးကျောင်းသားဖြစ်ပြီး သူဧ။်ချစ်သူလည်းဖြစ်ခဲ့ဖူးသူဖြစ်သည် ကောင်လေးမှာငွေချမ်းသာသူဖြစ်ပြီးတစ်ဦးတည်းသောသားဖြစ်ကာ
ထိုသို့ မဖြစ်ပွားမီကာလကတည်းကကောင်လေးFacebookပေါ်တွင်ငါနင့်ကိုသတ်မယ်ဆိုသည့် စာသားများပေးပို့ ခဲ့ ကြောင်းအခင်းဖြစ်ပွားသည့်နေ့ တွင် အေးချမ်းမြတ်မိုးမှာအနုပညာပွဲတစ်ခုမှသူငယ်ချင်းများနှင့် 
ညနေ၆နာရီအချိန်တွင်ပြန်ရောက်လာသည့်အချိန်တွင်ကောင်လေးမှကြိုတင်စောင့်ကာအေးချမ်းမြတ်မိုးဧ။်
အိမ်တံခါးကိုအပြင်မှမင်းတုံးချထားရ်ျအေးချမ်းမြတ်မိုးလာသည့် အချိန်တွင်အသင့်ပါလာသည့် ဓားနှင့်ဗိုက်
ကိုထိုးသော်လည်း အေးချမ်းမြတ်မိုးမှာချိတ်ထဘီဝတ်ထား သောကြောင့်တော်တော်နှင့် မပေါက်သဖြင့်လည်ပင်းကို ထိုးကာထွက်ပြေးသွားခြင်းဖြစ်သည် အေးချမ်းမြတ်မိုးမှာအိမ်တံခါးကိုခေါက်ရ်ျအမေရေသမီးကို ကယ်ပါအုံးဟုဆိုကာလဲကျသွားသည် သွေးများမှာလည်းလှေကားတွင် အိုင်ထွန်းနေပြီဖြစ်သည် ထိုသို့ ထိုးသွားပြီးအိမ်သို့ ရောက်သောအခါကောင်လေးဧ။် အဖေမှာသူ့သားဧ။်သွေးများပေကျံစွန်းထင်းနေသောအဝတ်ကိုရဲများမလာမီအချိန်တွင်ဝတ်ကာ မှုခင်းရဲရောက်လာသည့်အခါသူသတ်ပါသည်ဟုထွက်ဆိုသော်လည်းသူ့ သားမှာအဖေသတ်တာ
မဟုတ်ဘဲသူသာအမှန်တက်သတ်သူဖြစ်ကြောင်းဝန်ခံခဲ့သည် သို့ သော်လူသတ်သမားဧ။်အဖေမှာ သူ့ သားတွင်စိတ်ဝေဒနာစွဲကပ် နေသောကြောင့်သာသတ်ရပါသည်ဟုသားအပြစ်လျော့အောင်ခုခံပြော
ဆိုရ်ျတရားရုံးတွင်ရင်ဆိုင်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည် ထိုဖြစ်ရပ်မတိုင်မီက အေးချမ်းမြတ်မိုးဧ။်အစ်ကိုမှာသူ့ ညီမကိုနှောင့်ယှက်သဖြင့်ကောင်လေးအားသွား
တချောင်းကျွတ်အောင်ထိုးခဲ့ဖူးသည်ဟုလည်းသိရသည် အေးချမ်းမြတ်မိုးမှာယခုလအတောအတွင်း
အနုပညာတွင်နေရာရလာပြီး ကားရိုက်ရန်စာချုပ်များလည်းချုပ်ဆိုထားကာအနုပညာနယ်ပယ်တွင်အရည်အချင်းရှိသည့်တက်သစ်စ
တယောက်အဖြစ်ရပ်တည်နေသူဖြစ်သည် ထိုသို့ အောင်မြင်လာစအချိန်တွင် ထိုကောင်လေးအားချစ်သူအဖြစ်မှလမ်းခွဲသော်လည်း ကောင်လေးဘက်မှမဖြတ်နိုင်ဘဲ စိတ်နာကျဉ်းကာfbပေါ်တွင် ငါနင့်ကိုသတ်ချင်တယ်ဆိုစာသားများ ပေးပို့ ခဲ့ ကြောင်းခိုင်လုံသည့်သတင်းကို ကျွန်တော်မောင်အာသာမှလတ်လတ်ဆတ်ဆတ်ရရှိထားကြောင်းတင်ပြအပ်ပါသည်

Source: https://www.facebook.com/photo.php?fbid=1459110407690486&set=a.1390300517904809.1073741840.100007746212720&type=1&theater
Credit to http://www.themeltingpot4u.com/

ဆိုမာလီစစ်သွေးကြွခေါင်းဆောင် သေဆုံးမှု အတည်ပြုဖို့ ကြိုးစားဆဲ


ဆိုမာလီနိုင်ငံထဲမှာ အမေရိကန်တို့ရဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုတခုအတွင်း al-Shabab စစ်သွေးကြွအဖွဲ့ခေါင်းဆောင် Ahmed Abdi Godane သေဆုံးခြင်း ရှိ မရှိ အတိအကျသိရအောင် Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေ ကြိုးစားနေကြပါတယ်။

Lower Shabelle ဒေသမှာလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ al-Shabab အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး တနင်္လာနေ့တုန်းက လူမောင်းနှင်ပျံသန်းတဲ့ လေယာဉ်တွေရော မောင်းသူမဲ့လေယာဉ်တွေပါ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ Pentagon သတင်းစာရှင်းပွဲမှာ ရေတပ်ဗိုလ်ချုပ်ကြီး John Kirby က ပြောကြားခဲ့ပါတယ်။

Ahmed Abdi Aw Muhammad လို့လည်းသိကြတဲ့ Ahmed Godane ကို အထူး ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေရဲ့ ရလဒ်တွေကိုပြောဖို့ သိပ်စောနေသေးပေမဲ့ တကယ်လို့ Godane သေဆုံးခဲ့မယ်ဆိုရင် စစ်သွေးကြွကွန်ယက်နဲ့ အဖွဲ့အစည်းအတွက်အပြင် သူတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်ဖို့မှာ အင်မတန် ကြီးမားတဲ့ ထိခိုက်မှုဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး Kirby က ပြောပါတယ်။

မျက်မြင်တွေရဲ့ အပြောအရ လမ်းမှာသွားနေတဲ့ ယာဉ် ၃ စီးအပေါ် Drone ယာဉ်တွေပေါ်ကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၂ စီးက ဒုံးလက်နက်တခုမက ထိမှန်ခဲ့ပြီး တစီးကတော့ လွတ်သွားနိုင်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ al-Shabab တို့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Barawe မြို့ရဲ့ မြောက်ဘက် မိုင် ၄၀ ကျော်လောက်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ Lower Shabelle ဒေသအုပ်ချုပ်ရေးမှူးက ဗွီအိုအေ ဆိုမာလီဌာနကို ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

သတင်းထောက် Sotloff ခေါင်းဖြတ်သတ်ခံရဗွီဒီယို ISIS အစွန်းရောက်ထုတ်ပြန်



ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် Steven Sotloff ဖြစ်ပုံရသူကို ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုကို Islamic State အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဗွီဒီယိုရဲ့ စစ်မှန်မှုကို စစ်ဆေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောကြားခဲ့ပါတယ်။

တကယ်သာဖြစ်ခဲ့မယ်ဆိုရင် အော်ဂလီဆန်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗွီဒီယိုထဲမှာ မျက်နှာကို အဝတ်အမဲရောင်နဲ့ ဖုံးအုပ်ထားသူက Sotloff ကို သတ်ရတာဟာ အီရတ်မှာရှိနေတဲ့ Islamic State အဖွဲ့ဝင်တွေအပေါ် အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ ဖြစ်တယ်ဆိုပြီး ဗြိတိန်မှာပြောကြတဲ့ အင်္ဂလိပ်အသံထွက်မျိုးနဲ့ သမ္မတ Barack Obama ကို တိုက်ရိုက် ပြောထားပါတယ်။

“ခင်ဗျားရဲ့ Missile လက်နက်တွေနဲ့ ကျုပ်တို့ရဲ့လူတွေအပေါ် ဆက်ပြီး တိုက်နေမယ်ဆိုရင် ကျုပ်တို့ရဲ့ ဓားနဲ့ ခင်ဗျားတို့လူတွေရဲ့ လည်တွေကို ဆက်လှီးသွားမှာ ဖြစ်တယ်” - လို့ အဲဒီစစ်သွေးကြွက ပြောပါတယ်။ သူတို့ဖမ်းဆီးထားတဲ့ ဗြိတိန်လူမျိုး ဓားစာခံ David Cawthorne Haines ကိုလည်း သတ်ပစ်မယ်လို့ ဗွီဒီယိုထဲမှာ ခြိမ်းခြောက်ထားပါတယ်။

သတင်းထောက် Sotloff ကို သတ်ဖြတ်သူတွေဟာ ရွံမုန်းစရာ၊ စက်ဆုပ်စရာ ကောင်းတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကပဲ နောက်ထပ် အမေရိကန် သတင်းထောက် James Foley ကို Islamic State စစ်သွေးကြွတွေက ခေါင်းဖြတ်သတ်ခဲ့ပြီး အဲဒီသတ်ဖြတ်တဲ့ ဗွီဒီယိုကိုလည်း Online မှာ တင်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

PFF Peace Cup ဆီမီးဖိုင်နယ် မြန်မာနှင့်ပါလက်စတိုင်း ဒီနေ့ကစားမည်


ပါလက်စတိုင်းအသင်းနှင့် မြန်မာအသင်းတို့ PFF Peace Cup 2014 ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲအဖြစ် ဒီနေ့ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲ ကစားကြမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ



နေပြည်တော် ပျဉ်းမနားမြို့မဈေး
အရှေ့ဘက်တန်း စက်တင်ဘာ ၃ရက်နေ့ 
မံနက် ၂ နာရီဝန်ကျင်းမီးလောင်နေမှုမြင်ကွင်း
DVB TV News