Telenor က ဆင်းမ်ကတ်ရောင်းချမည့် ရက်အတိအကျမသိရသေး


Telenor Myanmar အနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ယခုရက်ပိုင်းအတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချမည့်ရက် အတိအကျမသိရသေးကြောင်း ယနေ့ကျင်းပသော Myanmar Connect 2014 အခမ်းအနားမှ သိရသည်။

"ဘယ်တော့ရောင်းမလဲ ပြောရရင်တော့ မကြာခင်မှာပဲ ရောင်းချမယ်လို့ပြောပါရစေ" ဟု တယ်လီနောမြန်မာ၏ CEO Peter Furberg ကပြောသည်။ စက်တင်ဘာလ ၁၆ ရက်မှ စတင်ကာ တယ်လီနောဆင်းမ်ကတ် များရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

"တာဝါတိုင်တွေ ဆောက်နေတာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါပဲ။ ဆင်းမ်ကတ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရောင်းချသွားမှာပါ" ဟု Mr.Peter Furberg ကပြောသည်။
internet journal

KIA အဖွဲ့ ပယင်းမှော်ဒေသတွင် မှော်လုပ်သားများအား ထပ်မံဖမ်းဆီး


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ လဘူခရွှေမှော်တွင် မှော်လုပ်သားအဖြစ် လုပ်ကိုင်နေသော လူငယ်များအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

အဆိုပါဒေသတွင် ပယင်းမှော်အပါအ၀င် ညောင်ပင်ကုန်းမှော်၊ ပိန်းနှဲကုန်းမှော်၊ ချမ်းသာကုန်းမှော်၊ နဂါးအိုင်မှော်၊ ဇီးဖြူကုန်းမှော်၊ လဘူခမှော်စသဖြင့် ပယင်းနှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့၏ လူသစ်စု ဆောင်းရာ စားကျက်မြေသဘောမျိုးဖြစ်နေပေသည်။

``ဆက်ကြေးလည်းပေးရတယ်၊ မှော်ထဲမှာ နေထိုင်ခွင့်လက်မှတ်လည်း ၀ယ်ရတယ်၊ ဧည့်စာရင်းလက်မှတ် လည်း ၀ယ်ရတယ်၊ ဒါပေမယ့် KIA အဖွဲ့က အဲဒီလို သူတို့စိတ်တိုင်းကျ ပေးနေတာတောင် လူတွေကို လာလာပြီး ဖမ်းနေတယ်´´ ဟု မှော်လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ မှော်လုပ်သားများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ရက်ခြားဆိုသလို လာရောက် ဖမ်းဆီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

``ဟိုတစ်နေ့က မှော်ထဲလာပြီး လူငယ်တွေကိုပဲ ရွေးဖမ်းသွားတာ၊ အသက် ၂၀ နဲ့ ၃၅ ကြား လူငယ်သုံးဆယ် လောက်ပါသွားတယ်၊ KIA အဖွဲ့အတွက် လူသစ်စုနေတယ်ဆိုတာသိပေမယ့် ဘာတတ်နိုင်မှာလဲ၊ သူတို့ လုပ်သမျှ ခံနေရတာပါပဲ´´ ဟု လဘူခရွှေမှော်မှ ကျင်းလုပ်သား ကိုစန်းဝင်းက ပြောကြားသည်။

KIA အဖွဲ့ခေါင်းဆောင်ပိုင်းသည် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး NCCT အဖွဲ့တွင် ပါဝင်သော်လည်း ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ယနေ့အချိန်ထိ မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

Kachin Daily News

ဓမ္မစေတီခေါင်းလောင်း ရှာမတွေ့ပါကအလှူငွေများ ပြန်ပေးမည်


ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေ၊ ဆယ်ယူခြင်းအတွက် ပြည်တွင်း 
အလှူရှင်များလှူဒါန်းထားသည့် ငွေကျပ် ၁၃၄သိန်းအား ရိုးမဘဏ်
တွင်အပ်နှံထားပြီးခေါင်းလောင်းကြီး ရှာဖွေမတွေ့ရှိပါက အလှူရှင်
များကို ပြန်လည်ပေးအပ်သွားမည်ဟု ခေါင်းလောင်းရှာဖွေရေး ပြန်
ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောကြားခဲ့သည်။ 
အလှူငွေများ ပြန်လည်ပေးအပ်ရာ၌ အလှူရှင်များ ပြန်လည်ရယူခြင်း
မရှိပါက အလှူရှင်များ၏ဆန္ဒအတိုင်းဘုရားတစ်ဆူဆူသို့လှူဒါန်းသွား
မည်ဟုလည်း ၎င်းက ပြောဆိုသည်။ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁
နာရီတွင် သန်လျင်မြို့နယ် နတ်စင်တစ်ရာ ဘုန်းကြီးကျောင်းတွင်နတ်
စင်တစ်ရာဆရာတော်ဦးဆောင်ပြီး ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်
သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
"ခေါင်းလောင်းကြီးရှာဖွေနေတာကိုလာရောက်ကြည့်ရှုတဲ့ခုနစ်ရက်သား
သမီးတွေလာလှူထားတဲ့အလှူငွေက၁၃၄သိန်းရှိတယ်။ဒါကိုဦးစံလင်းက 
တစ်ကျပ် မှ ထုတ်ယူသုံးစွဲခြင်းမရှိသေးပါဘူး။သူသုံးစွဲနေတာကတခြားအ
လှူရှင်တွေလှူတဲ့ သိန်း ၁၅၀၀ထဲကသိန်း ၇၀၀လောက်ကိုသုံးစွဲနေတာ
ပါ။ ကုန်းပေါ်ကလာလှူတဲ့ အလှူငွေတွေက ဘဏ်မှာအပ်ထားပါတယ်။အ
လှူရှင်တွေရဲ့စာရင်းတွေပါ ရှိပါတယ်။ခေါင်းလောင်းကြီးမတွေ့လည်းပြန်
ပေးမယ်။ အလှူရှင်တွေဆန္ဒအတိုင်း လုပ်ပေးသွားမှာပါ" ဟုဦးကြည်ဝင်း
က ပြောဆိုသည်။ရက် ၄၀ ကျော်ဓမ္မစေတီခေါင်းလောင်းကြီးကိုဦးစံလင်း
က ဦးဆောင်ကာ ၂၀၁၄ ခုနှစ်သြဂုတ် ၈ ရက်တွင် စတင်ရှာဖွေခဲ့ခြင်း
ဖြစ်ပြီး စက်တင်ဘာ၁၅ရက် အရောက်တွင် ရှာဖွေနေခြင်းမှာ ရက်ပေါင်း 
၄၀ကျော်ခဲ့သည်။
စံတော်ချိန်

အငိုလွန်သည့်ကလေး ဖခင်ဖြစ်သူကစောင်ဖြင့်အုပ်ထား၍သေဆုံး


ဝါးခယ်မမြို့နယ်ကျုံစိန်ကျေးရွာအုပ်စုညောင်ချောင်းကျေးရွာနေဦးစိန်လှဝင်း
သည်စက်တင်ဘာ၁၃ရက်မွန်းလွဲ၁ နာရီခွဲက နေအိမ်၌ရှိစဉ် အိမ်နီးချင်းနေ ကျောင်းသူ
လေးနှစ်ဦးဖြစ်ကြသောမဟေမာန်ဦး(၆)နှစ်နှင့်မအေးချမ်းမေ(၈)နှစ်တို့ကဦးစိန်လှ
ဝင်းအားပြောပြသည်မှာဝါးခယ်မမြို့ ဆေးရုံ ရပ်ကွက်နေ ဇော်ရှင်း (ခ) ဟာကင်း (၃၁)
နှစ်သည် ၎င်း၏သမီးငိုလွန်းသဖြင့် ခြုံစောင်ဖြင့်ကလေးမျက်နှာကိုဖိအုပ်လိုက်ရာ
သေဆုံးသွားသည်ဟု ပြောပြ၍ သိရသည်။ 
ထို့ကြောင့်ဦးစိန်လှဝင်းက၀ါးခယ်မမြို့မရဲစခန်းသို့ သွားရောက်သတင်းပို့ရာ
ဒုရဲမှုးဋ္ဌေးအောင်နှင့်အဖွဲ့ကမချစ်မွှေးငုံ၏နှာခေါင်းမှအမြှုပ်များထွက်ပြီးနှုတ်ခမ်း
ပြာနေကာဒဏ်ရာမရှိဘဲမွန်းကျပ်သေဆုံးခြင်းလက္ခဏာစစ်ဆေးတွေ့ရသည်။ 
ညနေ၆နာရီခွဲတွင် ဒုရဲမှူး ဌေးအောင်၏တိုင်တန်းချက်အရ၀ါးခယ်မမြို့မရဲစခန်းမှ
(ပ) ၁၃၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၄ ဖြင့်တရားခံဇော်ရှင်း(ခ)ဟာကင်းအား 
ဖမ်းဆီးအရေးယူထားသည်။

စံတော်ချိန်

တရားခွင်အတွင်းဓားထိုးမှုဖြစ်ပွား


မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်၊ မြို့နယ်တရားရုံး၊ တရားခွင်အတွင်း နာကျင်စေမှုတစ်ခု အားစစ်ဆေးစဉ် တရားခံမှ တရားလိုပြ သက်သေ အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့သည်။

တရားခွင် အတွင်း ဓားဖြင့် ထိုးခံရသော တရားလိုပြ သက်သေ အမျိုးသမီးသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး ဓားထိုးခံရ သောဒဏ်ရာကြောင့် ကျောက်ဆည် ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျှက်ရှိပြီး အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။

“တရားခံကို တရားရုံးကနေပြီး နာကျင်စေမှုအပါအ၀င် ပုဒ်မ ၃၄၂-၃၂၃ နဲ့တရားဆွဲပြီး ဒီအမှုနဲ့ပဲ အာမခံပေးထားတယ်၊ ဒီနေ့ရုံးချိန်းမှာ လိုပြသက်သေကောင်မလေးက ပိုပြီးထွက်ဆိုတယ်ဆိုပြီး ဓားနဲ့ထိုးတယ်လို့သိရပါတယ်” ဟု ကျောက်ဆည်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

တရားခွင်အတွင်း ဓားထိုးမှုကို ကျူးလွန်ခဲ့သော တရားခံအား ယခင်ပြစ်မှုအပြင် ထပ်တိုးကာ အရေးယူထားပြီး ကျောက်ဆည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။

“လူသက်ရန်ကြံစည်မှုအပါအ၀င် ပ/၄၂၈ ၊ ၃၀၇ နဲ့ အမှု့ဖွင့်အရေးယူထားပါတယ်။ တရားရုံးကတရားခွင်ထဲကို ဓားဘယ်လိုယူဆောင်လာတယ်၊ ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာ စစ်ဆေးဆဲပဲရှိပါသေးတယ်။ ရဲလုပ်ထုံးလုပ်နည်း အရ စစ်ဆေးပြီးရင် ထပ်ပြီးတော့တရားဆွဲမှာပါ” ဟုလည်း ယင်းအမှုကို စစ်ဆေးနေသော အမှုစစ် ရဲအရာရှိတစ်ဦးကပြောသည်။
တရားခွင်အတွင်း သေစေသော လက်နက်ယူဆောင်လာကာ လူသတ်ရန်ကြံစည်မှုဖြစ်စဉ် သည် ကျောက်ဆည်မြို့နယ် တရားရုံးအတွင်း ပထမဆုံးဖြစ်ကြောင်း သိရသည်။

ဘုန်းလျှံမင်း
The Union Daily

ချစ်သူမိန်းကလေးအား သတ်ဖြတ်ပြီး ကိုယ်တွင်းကလီစာများကို စားခဲ့သည့် အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရ


အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဂျက်ဖာဆန်ဗေးမြို့မှ ဂျိုးဇက်အိုဘာဟန်ဆလေဆိုသူသည် ၎င်း၏ချစ်သူ တမ်မီဂျိုဘလန်တန်၏ နေအိမ်အတွင်း ၀င်ရောက်ပြီး အမျိုးသမီးအား သတ်ဖြတ်ကာ နှလုံး၊ အဆုပ်နှင့် ဦးနှောက်တို့ကို ထုတ်စားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အသက် ၄၆ နှစ်အရွယ် ဘလန်တန်၏ အလောင်းအား သူမ၏ နေအိမ်ရေချိုးခန်းအတွင်း မိုးကာဖျင်စဖြင့် အုပ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲများက တရားရုံးတွင် ထွက်ဆိုခဲ့သည်။


ထို့ပြင် အရိုးများ၊ သွေးများဖြင့် ပြည့်နေသည့် ပန်းကန်တစ်ချပ်နှင့်အတူ ဟင်းချက်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ရသည်။

အသက် ၃၃ နှစ်အရွယ် အိုဘာဟန်ဆလေက သူ့ချစ်သူ၏ ဦးနှောက်ကို ချက်စားခဲ့ကြောင်း ၀န်ခံခဲ့သဖြင့် လူသတ်မှု၊ အလောင်းဖျက်စီးမှု၊ အိမ်ကျော်နင်းမှုဖြင့် ၎င်း ကို တရားစွဲဆိုထားသည်။

အိုဘာဟန်ဆလေသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း လူတစ်ဦးကို လည်ပင်းညှစ်ပြီး ထွက်ပြေးသွားခဲ့ရာ ရဲများက အခြားပြည်နယ်အထိ လိုက်လံဖမ်း ဆီးခဲ့ရပြီး အာမခံဖြင့် လွှတ်ပေးထား သူတစ်ဦးဖြစ်သည်။

ထိုစဉ်က အာမခံကြေး ဒေါ်လာ ၂၅၀၀၀ ကို အစိုးရရှေ့နေများက တောင်းခဲ့သော်လည်း ညှိနှိုင်းပြီးနောက် ဒေါ်လာ ၅၀၀ အာမခံဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုဘာဟန်ဆလေသည် ၁၉၉၈ ခုနှစ်အတွင်းက ဆယ်ကျော်သက်အရွယ် ၎င်း၏ မိန်းကလေးတစ်ဦး အား အမှတ်မထင်သေစေခဲ့မှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်။ အဆိုပါ မိန်းကလေးနှင့် သားတစ်ဦးရခဲ့သည်။
Ref:Daily Mail

Miss International Queen 2014 ပြိုင်ပွဲဝင်မယ့် မျိုးကိုကိုစန်းကို ကူညီသင်ကြားပေးနေ တဲ့ ဂုဏ်ရည်အေးကျော်


ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မယ့်Miss International Queen 2014 ပြိုင်ပွဲဝင်မယ့် မျိုးကိုကိုစန်းကို ဂုဏ်ရည်အေးကျော်က ကူညီသင်ကြားပေးနေ ပါတယ်။ “ဂုဏ်ရည်နဲ့ သူနဲ့က ဖေ့စ်ဘုတ်မှာပဲ ခင်သွားတာပါ။ ဂုဏ်ရည်ကို သူက ကွန့်မန့်တွေလာပေးတယ်။သူ့ရဲ့ ပရိုဖိုင်းကိုဝင်ကြည့် တော့ Crown ဆောင်းထားတာကိုတွေ့တော့ သူ Miss သွားပြိုင်မယ်ဆိုတာကို သိသွားတယ်။ အဲဒါနဲ့ သူ့ကို ဂုဏ်ရည်တတ်နိုင်တာလေးတွေ ကူညီပေးဖြစ် တာပါ။ ဂုဏ်ရည်တုန်းကလည်း Crown ရသွား တော့ Camp သွင်း တဲ့အချိန်မှာ မန္တလေးမှာ ပြန်နေချင်တယ်။ ရန်ကုန်မှာနေမှပဲ ပိုအဆင်ပြေမှာလေ။ သူကျတော့ကျောင်းလည်းတက်နေ တယ်။သူ့မိသားစု စီးပွားရေးကလည်းရှိတော့ရန်ကုန် မှာလည်း လာမနေနိုင်ဘူး။ အဲဒါနဲ့ ဂုဏ်ရည် နဲ့ရင်းနှီးတဲ့ မန္တလေးမှာရှိတဲ့ အင်္ဂလိပ်စာသင်တန်း တွေ Gym ကစားဖို့အတွက်တွေ တခြားလိုအပ်တာတွေကို ဂုဏ်ရည် အကူအညီ တောင်းကြည့်တယ်။ စပွန်ဆာတွေ တောင်းကြည့်ပေးတော့ သူတို့ကလည်း ကူညီပေး ကြတယ်။ အဲဒါနဲ့ ဂုဏ်ရည်တတ် နိုင်သလောက်လေး ကူညီ ပေးဖြစ် လိုက်တဲ့သဘောပါ” လို့ ပြောပါတယ်။

ဂုဏ်ရည်အေးကျော်က Miss International Queen 2014 အတွက် သွားရောက်ယှဉ်ပြိုင်မယ့် မျိုးကိုကိုစန်းကိုလည်း ပြိုင်ပွဲဝင်ပြိုင်တဲ့အခါမှာ အစစ အရာရာ အဆင်ပြေစေချင်တယ်လို့ အကြံပြုစကားပြောပါတယ်။ “ကူညီဖြစ်တာ ကလည်း ဂုဏ်ရည်တို့ဆိုရင် စီနီယာMiss တစ်ယောက်လို့ ပြောလို့ရမှာပေါ့လေ။ အဲဒီတော့ ဂျူနီယာတစ်ယောက်ကို လက်တွဲခေါ်တဲ့ သဘောပါပဲ။ ဂုဏ်ရည် ကျတော့ သူတို့အားပေးပါတယ်။ ဆုလည်းရစေချင်ပါ တယ်။ စင်ပေါ်မှာလည်း အမှားအယွင်းမရှိ မေးခွန်းေ တွကို ဖြေတာကအစ အကုန်လုံးကို အဆင်ပြေစေချင်တယ်။ Camp တစ်ခု လုံးကိုလည်း အဆင်ပြေ ချောချောမွေ့မွေ့နဲ့ ပြီးသွားစေချင်တယ်။ သူကြိုးစားရင်တော့ အများ ကြီး ရမှာပါ။ ဘယ်လောက်ပဲ ပံ့ပိုးမှုတွေ ကောင်းနေပါစေ သူကိုယ်တိုင်ကြိုးစားမှ၊သူကိုယ်တိုင်ကံကောင်းနေမှ ကောင်းမှာလေ။ သူလည်း ကြိုးစားနေတယ်ဆို တော့ ဒီပြိုင်ပွဲမှာ ကံကောင်းဖို့ပဲလိုတော့တယ်။ အဲဒီတော့ သူလည်းဘုရား တရား များများ လုပ်ဖို့လိုတယ်။ ဂုဏ်ရည်တို့ကတော့ အားပေးနေမှာပါ။ သူ့ကိုလည်း အကောင်း ဆုံးဖြစ်အောင်ကြိုးစားခဲ့ပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
Mizzima

၂၀၁၅ခုနှစ် အတွင်း တစ်ကိုယ်တော် အယ်ဘမ် ထွက်ရန် စီစဉ်နေသည့် Cobra

ရန်ကုန်၊ စက်တင်ဘာ၊ ၁၆။ ''ဆွေးမြေ့အသည်း''သီချင်းနှင့် ဂီတလောကကို စတင် ၀င်ရောက်လာသည့် အဆိုတော် Cobra သည် ၎င်း၏ တစ်ကိုယ်တော် အယ်ဘမ်ကို ၂၀၁၅ ခုနှစ် အတွင်း၌ ထွက်ရှိ နိုင်ရန် စီစဉ်လျက် ရှိသည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။



"ထွက်မယ့် အယ်ဘမ်ရဲ့ ခေါင်းစဉ်တော့ မပေးရ သေးပါဘူး။ အချိန်မရတဲ့ ကြားကနေပြီး သီချင်းတွေကို ဖန်တီးနေ ရတာပါ။အကောင်းဆုံး ဖြစ်ရအောင်တော့ ကြိုးစား နေပါတယ်။ တစ်ယောက်တည်း ရေးနေရတာ ဆိုတော့ ကြာနေ တာပါ။အနုပညာရှင် တွေက စိတ်နုတော့ အသဲကွဲချိန် သီချင်းရေးရင် လတ်ဆတ်တယ်။ အဲဒီအချိန်က သီချင်းတစ်ပုဒ် ကောင်းကောင်း လုပ်နိုင် တာပေါ့။ ကျွန်တော် ကိုယ်တိုင်လည်း အသဲကွဲဖူးတာပေါ့"ဟု Cobra ကပြောသည်။

၎င်း၏ တစ်ကိုယ်တော် အယ်ဘမ်တွင် ကိုယ်တိုင် ရေးစပ် ထားသည့် သီချင်း (၁၀)ပုဒ် ပါဝင်ပြီး Featuring အနေဖြင့် ဖြူဖြူကျော်သိန်းက ပါဝင် သီဆိုမည် ဖြစ်ကာ စလိုးရော့ခ်၊ မော်ဒန်ရော့ခ်များ ပါဝင်မည်ဟု ၎င်းက ပြောသည်။ အဆိုတော် Cobra သည် အိမ်ထောင်သည် ဘ၀နှင့် လူပျိုဘ၀ တို့တွင် သီချင်း ရေးစပ် ခြင်းသည် အမြင်မတူပဲ ကွဲပြား လာသည်ဟု ပွင့်လင်းစွာ ပြောသည်။ ၎င်းသည် တေးရေး ဆရာများတွင် တေးရေး ကေအေတီကို အကြိုက်ဆုံးဟု ပြောခဲ့ပြီး ယောက်ျားလေး တစ်ယောက် အသဲတစ်ခါ ကွဲပါက ကုန်ကြမ်း အနေဖြင့် သီချင်းတစ်ပုဒ် ရသည်ဟု Cobra က ထပ်မံ ပြောခဲ့သည်။ ၎င်းသည် One Man Show လုပ်ရန် အစီအစဉ် မရှိသေးကြောင်း ဆိုသည်။
Mizzima

သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၈ ရက် စီရင်ချက်ချမည်

ပဲခူးတိုင်း တောင်ငူထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက်ကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၆ ရက် နေ့လည်က ရုံးချိန်း ချိန်းဆိုခဲ့သည်။


သရုပ်ဆောင် ရဲတိုက်အား ယနေ့ အပြီးသတ် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း စက်တင်ဘာ ၁၈ ရက်မှသာ စီရင်ချက်ချမည်ဟု ပြန်လည် ချိန်းဆိုလိုက်သည်ဟု သူ၏ရှေ့နေက ပြောသည်။


၂၀၁၃ခုနှစ် မေလက ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းအတွင်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကြောင့် ထိန်းသိမ်းခံရသည့် သရုပ်ဆောင် ရဲတိုက်အား တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မေလက ၂၈ရက်က ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းအတွင်း ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာ ဝင်ခွင့်မပြု၍ တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ဗိုလ်တစ်ထောင်မြို့နယ်ရဲစခန်းတွင် အရေးယူခံထားရခြင်းဖြစ်သည်။

ယင်းအပြင် သရုပ်ဆောင်ရဲတိုက်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ကျောက်တံခါးမြို့နယ် ရဲစခန်းတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက ထိန်းသိမ်းခံခဲ့ရပြီး စက်တင်ဘာလအတွင်းက တောင်ငူထောင်သို့
ပြောင်းရွှေ့ခဲ့သည်။
Mizzima

ဘန်ကောက်မြို့ တွင် အမျိုးသမီးတစ်ဦး မိကျောင်းကန်တွင်း ခုန်ချအဆုံးစီရင်

ဘန်ကောက်၊ စက်တင်ဘာ ၁၅။ ထိုင်းနိုင်ငံ မြို့ တော် ဘန်ကောက်ရှိ ဆာမတ်ပါရာခန်း မိကျောင်း မွေးမြူရေး စခန်း တစ်ခုတွင် မိကျောင်း ကောင်ရေပေါင်း ၁၀၀၀ကျော်ထက် မနည်း ရှိနေသည့် ကန်အတွင်းသို့  စိတ်ကျ ဝေဒနာ ခံစားနေရသော အမျိုးသမီး တစ်ဦး ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြသည်။



ဝန်ပန် အင်ရန်းဆိုသူ အသက် ၆၅နှစ်ရှိ စိတ်ကျ ဝေဒနာသည် အမျိုးသမီးကြီးသည် သောကြာနေ့ အစောပိုင်းက ဘန်ကောက်မြို့ ရှိ ၎င်း၏ နေအိမ်မှ ထွက်ခွာလာ ခဲ့ပြီး ယခုကဲ့သို့  မိကျောင်းကန် အတွင်းသို့ ခုန်ဆင်းကာ ကိုယ်ကိုကို သေကြောင်းကြံ သွားခဲ့ခြင်း ဖြစ်သည်။

ကန်အတွင်းသို့  ၎င်းဘာသာ ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောပြီး ၎င်းက ကန်အနီးသို့ လျှောက်လာကာ ဝတ်ထားသည့် ဖိနပ်များ ချွတ်ကာ မိကျောင်းကန်တွင်း ခုန်ချသွားသည်ကို လုံခြုံရေး ကင်မရာများတွင်လည်း မြင်တွေ့ ရသည်။ အခင်းဖြစ်ပွား ရာသို့ ရောက်သွားသည့် အခါ ခြံပိုင်ရှင်နှင့် ဝန်ထမ်းများက အမျိုးသမီးကြီး၏ ခန္ဓာကိုယ်အား ကိုက်ဖဲ့လျက် ရှိကြသည့် မိကျောင်း ဒါဇင်များစွာကို တုတ်ရှည် များဖြင့် ခြောက်လှန့် မောင်းထုတ်လျက် ရှိသည်ကို တွေ့ ရသည်ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

ဝန်ပန်၏ ညီမဖြစ်သူက သူ၏အစ်မမှာ စိတ်ကျဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်ပြီး ၎င်း အိမ်မှ ပျောက်မသွားမီ ရက်များစွာ ကပင် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ စကားပြောဆိုခြင်း မရှိကြောင်း ဘန်ကောက်ပို့ စ်သို့ ပြောခဲ့သည်။ ၎င်း အိမ်မှ ထွက်သွားသည့် နေ့ က မိသားစုဝင် များသည် ရဲစခန်းကို လူပျောက် တိုင်ကြားခဲ့ သော်လည်း ဥပဒေအရ ၂၄ နာရီ ပြည့်မှသာ တိုင်ကြား နိုင်သဖြင့် အမှုမဖွင့် နိုင်ခဲ့ပေ။

အွန်လိုင်းတွင်လည်း ကန်ထဲ ခုန်ချသွားသည့် ဝန်ပန်၏ အနီး မိကျောင်း တစ်ကောင် တွားသွား ချဉ်းကပ်လာ နေသည့် ဓာတ်ပုံ တစ်ပုံလည်း ပျံ့ နှံ့သွား ခဲ့သည်။ ဆာမတ်ပရာခန်း မိကျောင်းခြံသည် ကမ္ဘာအကြီးဆုံး မိကျောင်းခြံ ဖြစ်ပြီး ၁၉၅၀ပြည့်နှစ်က စတင်ဖွင့်လှစ် ခဲ့သည်ဟု ယင်းမွေးမြူရေးခြံ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဧက ၃၀၀ ကျယ်ဝန်းသည့် ခြံအတွင်း မိကျောင်းကောင်ရေ တစ်သိန်း မွေးမြူထားပြီး အခြား တောရိုင်း တိရစ္ဆာန် များလည်း ရှိသည်။
by Mizzima News

တောင်ဒဂုံ ၁ဝ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြည်သူ၅ဝကျော် ဆန္ဒပြ




တောင်ဒဂုံ မြို့နယ်၊ ၁၀၄ ရက်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို 
ရပ်ကွက်နေပြည်သူ ၅ဝကျော်က ယနေ့မနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။


တောင်ဒဂုံမြီုနယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် အနေဖြင့် ရပ်ကွက်သူ 
ရပ်ကွက်သားများအား ကိုယ်ထိလက်ရောက် စော်ကားမှုများရှိပြီး 
လာဘ်စားမှုများလည်းရှိသည့်အတွက် အရေးယူပေးရန် ဆန္ဒပြပြည်သူများက 
လိုလားနေကြသည်။

ခွင့်ပြုမိန့်ရရှိသည့် အဆိုပါ ဆန္ဒပြပွဲတွင် ပြည်သူများအားခြိမ်းခြောက် 
ညှင်းပန်းနှိပ်စက်နည်းလမ်းမကျသော ထောင်ထွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ 
၂၀၁၅တွင်အလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။
 The Myanma Age ေ

ပရိသတ်တွေမျှော်လင့်နေကြတဲ့ ချန်ပီယံလိဂ်ဘောလုံးပွဲကြီး ယနေ့ည စတင်ပါပြီ


ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ

ယနေ့ညမှာ ချန်ပီယံလိဂ် ပွဲစဉ်များ စတင်ကစားကြတော့မည်ဖြစ်ပါတယ်။
ပြည်တွင်းကတော့ ပုံမှန် နံနံက် ၁း၁၅ အချိန်တွင်ကြည့်ရှု အားပေးရတော့မှာပါ။


အုပ်စု (A)
ဂျူဗင်တပ် Vs မယ်မို FF
အိုလံပီယာကော့ vs အက်တလက်တီကို မက်ဒရစ်

အုပ်စု (B) 
လီဗာပူး vs PFC လူဒိုဂိုရက် 
ရီးရဲလ် vs ဘေဆယ်

အုပ်စု (C)
ဘင်ဖီကာ vs ဇင်းနစ်
မိုနာကို vs ဘိုင်ယန် လေဗာကုဆင်

အုပ်စု (D)
ဒေါ့မွန် Vs အာဆင်နယ် 
ဂါလာတာစရေး Vs အန်ဒါလန့်ခ်ျ

အားလုံးတချိန်တည်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်..။
ချန်ပီယံလိဂ် ပွဲကောင်းတွေ မျှော်နေတဲ့ ကဖေးပရိတ်သတ်များအတွက်..

လွှတ်တော်မင်းသား

မိခင်ဝမ်းမှ ထွက်သည်မှစ၍ ငယ်နာမည် ဆိုသည် သူ့တွင်မရှိ။ စစ်ဗိုလ်လောင်း ဘဝမှ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ယနေ့အချိန်အထိ လှဆွေဟူသော အမည်တစ်ခုသာရှိ၏။ 
သို့သော် ထိုသူတွင် အများပြည်သူ စိတ်ဝင်စားသော အမည်ပြောင်များ အသက်ကြီးမှ ပေါ်ထွက်ခဲ့ချေပြီ။

ဒုတိယဗိုလ်မှူးကြီးလှဆွေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လှဆွေ
ဘူးလက်လှဆွေ
ဖင်တစ်ခြမ်းလှဆွေ
ငံပြာရည်လှဆွေ
မိုးကျရွှေကိုယ် လှဆွေ။
ထို့အပြင်…. အောင်ခြင်းရှစ်ပါး လှဆွေနှင့်
ဂုဏ်တော်ကိုးပါးလှဆွေဟု အမည်တပ်ရ လေတော့မည်ကို သူကိုယ်တိုင် သိလေသည်။

၁၉၆၀ ခုနှစ်တွင် မောင်လှဆွေကို ခြောက်မြို့နယ် ခမရ (၁၀၉) ကျားခေါင်းတံဆိပ် တပ်ရင်းဝင်းအတွင်း မွေးဖွားခဲ့သည်။ ဖခင်က ဗိုလ်ကြီး။ ထို့ကြောင့် စစ်သွေး.. စစ်ရည်များဖြင့် ကြီးပြင်းခဲ့ရသည်ဟု ၎င်းက ငယ်ဘဝ၏ ပုံရိပ်ကို ပြန်ဖော်ပြောဆိုသည်။
“အဖေတာဝန်ကျတဲ့ နေရာကို လိုက်ပြီးပညာ သင်ခဲ့ရတာ၊ ကျွန်တော် တပ်ရင်းမှူးဖြစ်တဲ့ အချိန်ထိ တစ်ခါမှ မချောင်ဘူး” ဟု ထိုစဉ်က ဘဝအတွေ့အကြုံ ကြမ်းခဲ့ပုံကို ပြောပြသည်။

အလုပ်သင်ဗိုလ် လှဆွေ


၁၉၇၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောက်ဆည် (အထက) တွင် အောင်မြင်ခဲ့လေပြီ။ ဂုဏ်ထူး သုံးဘာသာရသည်။ သို့သော် ဓာတုဗေဒ ဘာသာရပ် ကျရှုံး၍ (ခ) ဖြင့်အောင်သည်ဟု ဦးလှဆွေက ပြောသည်။ ထိုစဉ်က မည်သူမှ တိုက်တွန်းစရာ မလိုပေ။ အလုပ်သင် ဗိုလ်လောင်း အမှတ်စဉ် (၈) သို့ တန်းဝင်သည်။သေနတ်ကိုင်ရန် ရည်ရွယ်ခဲ့သည်က သူ၏ မျှော်လင့်ချက်..။

“ဗိုလ်လောင်း ဘဝမှာတည်းက စစ်ပွဲမှာ ဒဏ်ရာ အပြင်းအထန်နဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကို ရောက်ခဲ့ရတယ်ဗျ” ဟု ၎င်းက ပြောသည်။ ထိုအချိန်က သူ၏ အသက်မှာ ၁၉ နှစ်၊ ခါးသီးသော တွေ့ကြုံမှုက ‘ဝ’ ဒေသဘက်မှ မော်ဖတိုက်ပွဲဟု ဆိုသည်။“တပ်ခွဲတစ်ခွဲလုံး ပြုတ်ခဲ့တာ၊ သေတဲ့အလောင်းတွေကို ညဘက်မှ မြှုပ်ရတယ်၊ နေ့ဘက်ဆိုပစ်လို့” ဟု ထိုစဉ်က စစ်ပွဲအတွေ့အကြုံကို ပြန်ပြောပြသည်။
သို့သော် သူ၏မျက်နှာက ဝမ်းနည်းဟန်တော့မပြ၊ ဖြစ်သမျှ၊ တွေ့ကြုံသမျှကို ပေါ့ပါးစွာ ဖြတ်သန်းမည်ဟု ယူဆထားပုံရသည်။

တစ်ခါတစ်ခါ စကားပြောနေသည့်ဟန်က ပြုံးစပ်စပ်။ အရပ်သုံး စကားဖြင့်ဆိုလျှင် မချိုမချဉ်ဟု သမုတ်ရမည်ထင်၏။

သူကရယ်မော၍လည်း ဆိုတတ်၏။ တစ်ခါတစ်ရံ လွှတ်တော် အစည်းအဝေးတွင်းပင်လျှင် ရယ်စရာ ဖြစ်လောက်သော စကားလုံးကို ရုပ်တည်ဖြင့် ပြောဆို ဆွေးနွေးတတ်သည့် ဟန်ကရှိသေးသည်။ ထို့ကြောင့် လွှတ်တော်တွင် လူရွှင်တော် တစ်ဦးကဲ့သို့ ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုကြသည်။
နကာမျက်မှန် တပ်လိုက်လျှင် ရုပ်ရှင်မင်းသားကြီး နေအောင်နှင့် တူသည်ဟု အများက မြှောက်ပင့် ပြောခြင်းကို သူကဝန်ခံသည့်သဘော။ ထိုသို့ ဆိုကြလျှင် မေးဖျားကို ဆတ်ပြသည့် ဟန်ကို ပြုမူတတ်သည်။

သူသည် စစ်ဗိုလ်ဘဝဖြင့် ၁၉၈၇ ခုနှစ်အထိ မင်းရန်အောင် စစ်ဆင်ရေး၊ ရဲမင်းအောင် စစ်ဆင်ရေး၊ ပဲခူးရိုးမရှိ အောင်တံခွန် စစ်ဆင်ရေး တို့ကိုအပြင် ဗကပနှင့် တိုက်ပွဲများတွင် စစ်၏အရသာကို ခါးသက်စွာကြုံတွေ့ ခဲ့ရသည်။ ကရင်၊ ကယား၊ ကချင်၊ ရှမ်းပြည် နယ်စပ်များတွင် ကျင်လည်ခဲ့ရသည်ဟု သူကဆိုသည်။“တိုင်းရင်းသား စကားတွေ ပြောတတ်တယ်ဗျ။ မပြောတတ်ရင် အဲဒီအချိန်ထဲက သေမှာ’ ဟု ဦးလှဆွေက ပြောသည်။

အပါးစေ လှဆွေ


၁၉၈၁ .. ဗိုလ်လောင်းလှဆွေ၏ ပခုံးနှစ်ဘက်တွင် ကြယ်ပွင့်တစ်ပွင့်စီ ခုန်တက်လာပြီး ၂၀၀၃ ခုနှစ်တွင် စပါးနှံ ဝိုင်းထားသော ကြယ်ပွင့်ကြီးကြီးကို ပိုင်ဆိုင်ခဲ့ရသည်။ 
ရခိုင်ပြည်နယ်တွင် တပ်ရင်းမှူးဘဝကို ဖြတ်သန်းရသည်။ ထိုအချိန်က တိုင်းရင်းမှူးအဖြစ် အဆင့်ဆင့် တာဝန်လာယူသော ဦးမြသင်း၊ ဦးအောင်ထွေး၊ ဦးဝင်းမြင့်တို့၏ လက်တို လက်တောင်းကို လုပ်ပေးရသည်။ 
တပ်မတော်၏ အာဏာနှင့် ဂုဏ်သိက္ခာက သူ့အတွက် ရမှတ်ကောင်းဖြင့် ဖြတ်သန်းစေခဲ့သည်ဟု ၎င်းကဆိုသည်။
“တစ်ယောက်ပြီး တစ်ယောက် တိုင်းမှူး သုံးဆက်ကို လက်မလွှတ်တမ်း လုပ်ပေးခဲ့ပါတယ်၊ ဒါကြောင့် လှဆွေဆို ခိုင်းကောင်းတဲ့သူပဲလို့ မြင်ကြတာ” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဖြစ်ဖို့ လွယ်သည်


တပ်ရင်းမှူး (ဒုတိယဗိုလ်မှူကြီး) တာဝန်ဖြင့်ပင် တပ်မတော်၏ သဘောကို သိလာသည်။ တပ်ရင်းမှူးများက ခိုင်းကောင်းသော သူ့ကိုကြည်ဖြူသည်။ 
ယနေ့ အချိန်ထိလည်း ဖြစ်ကောင်း ဖြစ်နိုင်ဦးမည်ဟု သူကဆိုသည်။
“လူကြီးတွေက မရှိတော့လို့၊ မဟုတ်ရင် ကျွန်တော်လည်း ဗိုလ်ချုပ်ရာထူး လောက်တော့ အသာလေးပဲ” ဟု သူက ဖွင့်ဆိုသည်။ ယင်းစကား အဆုံးတွင် သူ၏ မျက်နှာက ရယ်ကျဲကျဲ။ 
ထိုစဉ်က တပ်မတော်တွင် အထက်အရာရှိနှင့် အဆင်ပြေပါက ရာထူးကြီးကြီး ရနိုင်သည်ဟု သုံးသပ်လိုက်ခြင်း ဖြစ်သည်။
ရာထူးပြုတ်ခြင်း (၁)


၂၀၀၃ ခုနှစ် တပ်ရင်းမှူး ဖြစ်ပြီးနောက် နိုင်ငံတော်၏ ချီးကျူး ဂုဏ်ပြမှတ်တမ်း နှစ်ကြိမ်ရသည်။ စစ်ဦးစီး တက္ကသိုလ်တွင် စာမေးပွဲ စစ်ခြင်းကို ခံယူသည်။ 
စာမေးပွဲခန်း၏ အတွေ့အကြုံက ရှင်းလွန်းသည်။ စာခိုးချကြသည်။ သို့သော် သူ့ထံမှ အခြားသူက ခိုးချသည်ဟု ဦးလှဆွေက ဆိုသည်။ အချိန်ပြည့်လေပြီ။ 
သူ၏ အဖြေလွှာတစ်ရွက် ပျောက်သွား၏။
“စာရွက်တစ်ရွက်တောင် မထိန်းနိုင်တော့ လှဆွေ အရပ်ဘက်ပြောင်းပေါ့” ဟု သူက ပြောသည်။
ထို့ကြောင့် မကွေးတိုင်း ဂန့်ဂေါခရိုင် ဥက္ကဋ္ဌဘဝကို ကျားကွက်ရွှေ့သလို ရောက်ရှိသွားသည်။ တောပြောင်းသည့် ကျားမဟုတ်။ 
အရွှေ့ခံလိုက်ရသည့် ကျားဖြစ်သည်။
“ဒီထက်ခေါင်တဲ့ မြို့နယ်၊ ခရိုင်ရှိရင် ဒီထက်ဆိုးတဲ့ နေရာရောက်မှာဗျ” ဟု ၎င်းက ညည်းတွားသံဖြင့် ပြောသည်။

ခရက ဥက္ကဋ္ဌ တာဝန်ကို သုံးနှစ်တာ ထမ်းဆောင် လိုက်ရသည်။
ပန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင် လုပ်ငန်းတွင် ဒုတိယညွန်ကြားရေးမှူး တာဝန်ကို ရရှိပြန်သည်။ တောပြောင်းသည့်ကျား နေပြည်တော် ရောက်ပြန်ပြီ။
ဘုရားစာ သီချင်းမစပ်နိုင်၍ ဒုတိယမ္ပိ ရာထူးမှပြုတ်ခြင်း


၂၀၀၆ ခုနှစ်ဖြစ်သည်။ ထိုအချိန်က ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ကြီးမှာ မည်သူ ဖြစ်သည်ကို အများသူငါ မေ့လိမ့်မည်မဟုတ်
။ လူ့ဘဝ၊ လူ့သက်တမ်း ရှင်သန်ရသည့် ကာလတွင် ဂုဏ်သိက္ခာကို ငဲ့ကွက်၍ ထိုဝန်ကြီး၏ အမည်ကို ၎င်းက ထည့်မသုံးစေလို။
“ရုပ်ရှင်လုပ်ငန်းက ဟုတ်တာလည်း မဟုတ်ဘူး။ ဒစ်ဂျစ်တယ်စနစ် ပြောင်းရင်လည်းပြောင်း၊ မဟုတ် ပြန်ဘူး” ဟု ၎င်းက တာဝန်ယူ လုပ်ဆောင်ရသည့် အချိန်က ဖြစ်စဉ်ကို ပြောသည်။

အလုပ်မှ အနားယူရသည့် ပြဿနာက ရှင်းသည်။ ၁၅ မိနစ်နောက်ကျ၍ အင်္ဂလိပ်ဘာသာဖြင့် သတင်းကြေညာသည့် မိန်းကလေးကို ပါဝါအရ ဟောက်မိသည်က ဦးလှဆွေ ဖြစ်သည်။ 
နောက်နောင် မဖြစ်စေရန် လက်မှတ် ထိုးခိုင်းမိသည်က ၎င်း၏ အမှားပင်တည်း။ ထိုကိစ္စကို ဝန်ကြီး သိလေပြီ။

“တစ်ပတ် အချိန်ပေးတယ်၊ အောင်ခြင်းရှစ်ပါးနဲ့ ဂုဏ်တော်ကိုးပါးကို သီချင်းစပ်ပေးပါတဲ့။ မရရင် ရာထူး တစ်ဆင့်နှိမ့်မယ်လို့ ဆိုတယ်” ဟု သူ၏နဖူးကို လက်ဖြင့်ရိုက်ရင်း ဆိုသည်။ 
အဆိုပါ ညွန်ကြားချက်ကို ယနေ့ သာသနာရေးဝန်ကြီး တာဝန်ယူထားသည့် ဦးစိုးဝင်းက ချမှတ်သည်ဟု ဦးလှဆွေက ဆိုသည်။

ဦးလှဆွေ ခေါင်းမူးလေပြီ။ ဘိုကလေးတင့်အောင် အစရှိသော ဆရာကြီးများကို ရှာပုံတော် ဖွင့်လေပြီ။ သို့သော်မရ။ မဖြစ်နိုင်သည့် ကံတရားက သူ့ထံ တည်တံ့နေသည့် အချိန်ဟု ဆိုသည်။
“ဂုဏ်သိက္ခာရှိရှိ ထွက်မလား၊ ရာထူးတစ်ဆင့် နိမ့်ခံမလားဆိုတော့၊ ရာထူးချတဲ့ စာကိုမယူတော့ဘူး။ ကျွန်တော် ထွက်ခဲ့လိုက်တယ်”

ထိုအချိန်က ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း စဲလေပြီ။ နာဂစ်ဒုက္ခသည် စာပေးစာလွှာ ကဏ္ဍကို သူလုပ်ခဲ့သည်။ အထက်လူကြီးနှင့် အတိုက်အခံ ပြုလုပ်ခဲ့သေးသည်ဟု သူက ပြောပြသည်။ 
ယင်းဌာနတွင် အလုပ်လုပ်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိသည်။ ‘ဆိုကြမယ် ပျော်ကြမယ်’ ကဏ္ဍကို သူကိုယ်တိုင် လုပ်ခဲ့ခြင်းပင်။
လယ်သမားဆီဘူး ဝန်ကြီးမယူ


တိုင်းပြည် တာဝန်များကို ခဝါချ၍ တပ်ခေါက်လေသူ ဦးလှဆွေ..။ စစ်ဗိုလ်ဘဝမှ လယ်စိုက်သော တောင်သူဘဝသို့ ရောက်လေပြီ။၂၀၀၉ ခုနှစ်အတွက် စပါး၊ ပဲ၊
နှ
မ်းအစရှိသည့် သီးနှံများဖြင့် မကွေးတွင် ပျော်ရလေသည်။ ထိုအချိန်တွင် ပြန်ကြားရေးဝန်ကြီးက ယင်းနယ်၏ ကြံ့ခိုင်ရေးပါတီ ကြီးကြပ်သည့် တာဝန် ဖြစ်လာပြန်သည်ဟု ၎င်းက ပြောသည်။

“ဘာပဲပြောပြော ဝန်ကြီးက ဆရာလေ၊ ကျွန်တော် နှမ်းဆီဘူးလေးနဲ့ သွားကန်တော့တယ်။ မယူဘူး။ မင်းဆီကို သွန်ပစ်လိုက်လို့ ပြောတယ်ဗျာ” ဟု ဦးလှဆွေက ဆိုသည်။ 
သို့သော် သူက ရင်ထဲ မကောင်းသော ဟန်ကို မပြပေ။ ဇရာကြောင့် ဖြူစင်မှု အားနည်းနေသည့် သွားများကို ပေါ်အောင်ရယ် (ရီ) ကာ ဆိုလိုက်ခြင်း ဖြစ်သည်။
လှဆွေကို လွှတ်တော်တွင် သုံးမည်


လယ်သမားကြီးလှဆွေ ဆီဘူးပိုက်၍ အိမ်သို့ပြန်ရလေသည်။ သိပ်မကြာချေ။ ညနေ မိုးချုပ်သည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ ရဲများရောက်လာသည်။ ဝန်ကြီး ခေါ်ခိုင်းသည်ဟု ဆိုကြောင်း ဦးလှဆွေက ပြောသည်။ 
နောက်နေ့နံနက် မိုးသောက်ချိန်တွင် ဆီဘူးမယူသည့် ဝန်ကြီးနှင့် ပြန်ဆုံရသည်။ လွှတ်တော် အမတ်လောင်း ရွေးချယ်ရန် ညွန်ကြားခဲ့သည်ဟု ၎င်းကဆိုသည်။

“သူ့ထက်ကြီးတဲ့ သူက ပြောလိုက်တာလို့ သိရတယ်။ လှဆွေကို လွှတ်တော်မှာ သုံးမယ်တဲ့” ဟု ၎င်းက ထပ်လောင်း ပြောပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် သူအနိုင်ရခဲ့လေပြီ။ 
လယ်သမား လှဆွေသည် ခရက ဥက္ကဋ္ဌ တာဝန်ယူသော ထိုအရပ်၌ အမျိုးသား လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီ။
လွှတ်တော်တွင် နာမည်ကြီးလာသူ ဦးလှဆွေ


၂၀၁၁ ခုနှစ် ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးမှ ယနေ့ကျင်းပနေသော ၁၁ ကြိမ်မြောက် အစည်းအဝေး
မတိုင်မီအထိ အစည်းအဝေး တစ်ပတ်လျှင် မေးခွန်း ၁၀ ခုခန့်နှင့် အဆိုတစ်ခုစီကို ဦးလှဆွေက ပုံမှန်မေးမြန်း တင်ပြသည်။
“အဆိုတိုင်း အောင်ပါတယ်” ဟု ၎င်းကဆိုသည်။

သမီးကလေး ကျေးရွာရှိ ဒေသခံများကို KNU မှ လာခေါ်သည့် ကိစ္စကို အစိုးရအနေနှင့် တာဝန်ယူပေးရန် မေးခွန်းနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် 
ပတ်သက်သော အဆိုတို့က ထိုသူအတွက် အထင်ကရ ရှိလှသော ကိစ္စများဖြစ်သည်။ 
လွှတ်တော်တွင်း ပြောဆိုနေမှုကို ကြံ့ခိုင်ရေး ပါတီအနေနှင့် ထိန်းချုပ်ခြင်း ကန့်သတ်ခြင်း မရှိဟု ၎င်းက ပြောသည်။ 
စတုတ္ထအကြိမ် အစည်းအဝေးတွင် ဦးလှဆွေအတွက် နာမည်ကြီးစေသော အကြောင်းဖန်လာသည်။

“ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်တုန်းလာ ဘူးလက် (Bullet) လွှတ်တာမလိုချင်နဲ့ ဆိုတဲ့စကားလုံးကို ဥပမာ ပေးခဲ့တာကြောင့် ဘူးလက်လို့ ခေါ်ကြတာ” ဟု ဦးလှဆွေက ဆိုသည်။ 
ယင်းကဲ့သို့ ဖြစ်ရခြင်းသည် ဂျာနယ်များ၏ ပုံဖော်မှုသာ ဖြစ်သည်ဟု ၎င်းက ဆက်စပ်ပြောဆိုသည်။

နောက်ထပ် အမည်တစ်ခုက ဖင်တစ်ခြမ်းလှဆွေ ဖြစ်သည်။
ဒသမအကြိမ် အစည်းအဝေးကာလ။
NDF ပါတီမှ ဦးဖုန်းမြင့်အောင် ဆွေးနွေးသော တပ်မတော်သားများအတွက် နစ်နာကြေး နည်းလွန်းသည့် ကိစ္စဖြစ်သည်။ 
ထိုကိစ္စကို ဦးလှဆွေက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှ မင်းသမီး၊ အဆိုတော် ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ၏ အာမခံထားသည့် တင်ပါးတန်ကြေးဖြင့် ခိုင်းနှိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တင်ပါးတစ်ခြမ်းကို ၂၇ သန်းလောက်ရတယ်။ အာမခံ အများကြီးထားမှ အများကြီး ရမှာလေ၊ အဲဒါကို ပြောတာပါ” ဟု ၎င်းကဆိုသည်။ 
တပ်မတော်သားများ၏ တာဝန် ထမ်းဆောင်ချိန်တွင် လစာမှ ငွေသားအချို့ကို ဖြတ်တောက်၍ အာမခံ ထားခဲ့ခြင်းကြောင့် အနည်းငယ်သာ ရရှိခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကာလအတွင်း ယူနတီဂျာနယ်မှ သတင်းသမားအချို့ကို ဓာတုလက်နက် စက်ရုံဟု ရေးသား ဖော်ပြမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်ချလိုက်သည့် ကိစ္စဖြစ်လာသည်။
မီဒီယာများ ဆန္ဒပြကြသည်။ လက်မခံနိုင်သည့် သတင်းစကားများ ပျံ့နှံ့ထွက်လာသည်။ ထိုသို့သော တပ်မတော်မှ လက်နက်စက်ရုံကို မြင်ပါက ငံပြာရည်စက်ရုံဟု ရေးရန် 
ဦးလှဆွေက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ပြန်သည်။ ထို့ကြောင့် ငံပြာရည်လှဆွေဟု နာမည်ထွက်သွား ပြန်သည်။ သို့သော် မိမိတို့၏ 
တိုင်းပြည်တွင် စစ်လက်နက်များ တိုးတက်မှုကို ဖော်ထုတ် ရေးသားခြင်းထက် ဝမ်းသာ ဂုဏ်ယူခြင်းကိုသာ လိုလားကြောင်း ၎င်းကဆိုသည်။

မိုးကျရွှေကိုယ် လှဆွေ


အထက်ပါ အမည်ပြောင်များအပြင် ၎င်းတွင် အမည်တစ်ခု ရှိသေးကြောင်း ဆိုလာသည်။ မိုးကျရွှေကိုယ် လှဆွေပင် ဖြစ်သည်။ ထိုနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အချို့ပြောသော အမည်ဟု ၎င်းကဆိုသည်။“ကျွန်တော်က မိုးကျရွှေကိုယ်ဆိုရင် သူတို့ (NLD) က ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နားမှာ မြေလျှိုးပြီး ရောက်လာတာလို့ ပြောချင်တယ်” ဟု ဦးလှဆွေက ပြောသည်။

မည်သို့ပင်ဆိုစေ ထိုသူသည် မိမိယုံကြည်ရာ၊ စိတ်ထင်ရာကို ပွင့်လင်းစွာ ဖွင့်ချတတ်သည့် မူသဘောကို ဆောင်ထားသည့် ဟန်ရှိသည်။ မှားယွင်း သွားပါသည်ဟု ပြန်ပြောသည့် စကားလုံးကို လွှတ်တော်တွင် ယနေ့တိုင် ပြောဆိုခြင်း မရှိသေးပေ။ နာမည်ကြီးနိုင်သည့် အရွှန်းအဖောက် စကားလုံးများကို အပြောနိုင်ဆုံးသူ ဖြစ်ပေသည်။ မင်းသားဟု ဆိုစေ…လူရွှင်တော်ဟုဆိုစေ…ထိုသူက ဂရုမစိုက်ပေ။ထို့ကြောင့် ဦးသိန်းစိန်အစိုးရ သက်တမ်းငါးနှစ် ပြည့်လျှင် ဦးလှဆွေ၏ နောက်ဆက်တွဲ နာမည်များ ထွက်လာနိုင်ပါသေးသည်။
From:The Voice

ကေအဲန်ယူနှင့် အစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့


ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း အခြေစိုက်သော အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ(၅)၊ မူတတြော်(ဖာပွန်)ခရိုင် အခြေစိုက် တပ်အချို့ စက်တင်ဘာ လ ၉ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဖာပွန်မြို့နယ်ရှိ အူးသူးထာ့စခန်း အမှတ်(၁) အခြေချစစ်ဗျူဟာ (ဖာပွန်) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၁၉)မှ အစိုးရ တပ်ဖွဲ့ဝင်အချို့သည် ကေအဲန်ယူ သတ်မှတ်နယ်မြေအတွင်း ဖြတ်ကျော်ဝင်ရောက်လာမှုကြောင့် ၎င်းဒေသရှိ လှုပ်ရှားနေသော ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၁) တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင် ၁၀ဦးကျော်နှင့် ငါးမိနစ်ကြာ ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး ဗိုလ်မှူးစောဂလယ်ဒို့က “ပစ်ခတ်မှုဖြစ်တာ နေ့လည် ၁၂နာရီမှာ ပါ။ ပစ်ခတ်မှုဖြစ်ပွားတာက အစိုးရစစ်တပ်ရဲ့ အူးသူးထာ့စခန်းနဲ့ ကိုက်တစ်ထောင်ကျော်အကွာ အူးသူးထာ့ချောင်းမှာပါ။ သူတို့က သတ်မှတ်နယ်မြေထက် နယ်ကျော်ဝင်လာပြီး အကြောင်းကြားမှုလည်း မရှိလို့ ဒီက တပ်တွေနဲ့ ပစ်ခတ်မှုဖြစ်တာ”ဟု ကေအိုင်စီ သို့ အတည်ပြု ပြောကြားသည်။

ကေအဲန်ယူ တပ်မဟာ(၅)၌ လုံခြုံရေးအရ ကိုက် ၂၀၀ကျော်သည့်နေရာများတွင် အစိုးရတပ်အနေဖြင့် သွားလာပါက အပြန်အ လှန် သတင်းပို့ ဆက်သွယ်မှုအကြောင်းကြားရန် သတ်မှတ်ထားကြောင်း၊ ထိုသို့ သတ်မှတ်ရခြင်းမှာ ကန့်သတ်နယ်မြေများတွင် မြေမြှုပ်မိုင်း မရှင်းရသေးကြောင်းလည်း ဗိုလ်မှူးစောဂလယ်ဒို့က ဆက်ပြောသည်။

၎င်းပစ်ခတ်မှုတွင် KNDO ဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် အစိုးရစစ်တပ်ဘက်မှ ထိခိုက်မှုရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၅)အနေဖြင့် ဗဟိုဌာနချုပ်နှင့် သက်ဆိုင်ရာ အစိုးရတပ်များထံ ဆက်သွယ်အ ကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅)တွင် အစိုးရစစ်တပ်များ၏ နယ်မြေဖြတ်ကျော် ၀င်ရောက်လာမှုကြောင့် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားပြီး ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့ကလည်း နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၁ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့သည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News

ကိုလံဘီယာ အမျိုးသမီး အသင်း ၀တ်စုံကို နိုင်ငံတကာ စက်ဘီး အဖွဲ့ချုပ် ကန့်ကွက်

ကိုလံဘီယာအမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ် မ၀တ်ထားတဲ့ ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။

အီတလီမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာအမျိုးသမီး စက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင် ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ် ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့ အတွက် စက်ဘီးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဘိုင်ယံကွတ်ဆင်က အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

ဘယ်လူမှုရေး ကျင့်ဝတ်စံ နှုန်းတွေနဲ့ပဲ ကြည့်ကြည့် ဒါဟာ လက်မခံနိုင်သလို ကိုလံဘီယာ စက်ဘီးအဖွဲ့ချုပ်ကိုလည်း ဒီဝတ်စုံနဲ့ ပတ်သက်ပြီး အသင်းရဲ့ တာဝန်ရှိမှုကို သတိပေး သွားမယ်လို့လည်း ဆိုပါတယ်။

ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသီတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ကိုလံဘီယာအသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းက စက်ဘီးသမားတဦးက ဖန်တီးခဲ့တာ ဖြစ်ပြီး အသင်းဖော်တွေက အတည်ပြုခဲ့သလို လပေါင်းအတော်ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

By ဒီဗွီဘီ

နာမည်ထွက်မှာ ကြောက်နေတဲ့ ၀တ်မှုန်ရွှေရည်


၂၀၀၄၊ ၂၀၀၅ မှာ ဓာတ်ပုံတွေစရိုက်ပြီး၂၀၀၈ နှစ် ကုန်ခါနီးမှာ ဇာတ်ကားတွေ စရိုက်ဖြစ်ကာ အနုပညာသက်တမ်း ၆ နှစ်အတွင်းမှာ ၂၀၁၃အကယ်ဒမီတွက် ပရိသတ်တွေရော၊ အနုပညာအသိုင်းအ၀ိုင်းကပါ ထင်ကြေးပေး နာမည်ထွက်နေသူကတော့ နင်စေရင်ကားမှာ ခပ်ဟော့ဟော့နဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ ၀တ်မှုန်ရွှေရည်ပါပဲ။ သူမရဲ့ အနုအရွ ခပ်ကြမ်းကြမ်းနဲ့ခပ်ရမ်းရမ်း သရုပ်ဆောင်ဟန်တွေဟာဖြင့် ကြည့်ရှုသူ ပရိသတ်ကို အပြည့်အ၀ ဖမ်းစားနိုင်တဲ့အပြင် အကယ်ဒမီ၁ ကြိုပြေးနေခဲ့တဲ့ ၀တ်မှုန်ရွေရည်နဲ့ ရှုတင်မှာတွေ့ဆုံခိုက် အကယ်ဒမီရင်ခုန်သံအကြောင်း မေးမြန်းကြည့်တော့ “အကယ်ဒမီကတော့ အမှန်အတိုင်းပြောရင် ကစ်လဲ မမျှော်လင့်ထားပါဘူး။ မျှော်လဲ မမျှော်လင့်ရဲဘူး။ ရရင်တော့ လိုချင်တယ်။ အတိုင်းထက် အလွန်ပေါ့။ အဓိက က ကစ်ရဲ့ပရိသတ်တွေက ရစေချင်ကြတဲ့အတွက် အတိုင်းမသိပါပဲ။ အဲ့ဒါလေးကတော့ ပျော်ဖို့ကောင်းပါတယ်။ ခုကတည်းက ရင်ခုန်နေကြတော့လေ။ ကိုယ်ကလဲ အရမ်းကြီး မမျှော်လင့်ရဲဘူး။ မျှော်လင့်ပြီး ဖြစ်မလာရင် အရမ်းကြီး ခံစားရမှာစိုးလို့လေ။ တခြားဇာတ်ကားတွေလဲ ရှိပါသေးတယ်။ ကစ်က နာမည်အရမ်းထွက်ရင် ကြောက်တယ်။ အဲ့လိုဆို ကိုယ်ကပိုပြီး မမျှော်လင့်ရဲဘူး။ အကယ်ဒမီဆိုတာတော့ ကြိုးစားမှုရဲ့ရလာဒ်ပေါ့။ အနုပညာသမားတိုင်း လိုလိုလိုချင်မှာပဲ။ ကိုယ်တိုင်ဘယ်လောက်ထိကြိုးစားခဲ့ရလဲ ။ ကိုယ်တိုင် ဒီဇာတ်လမ်းအပေါ်မှာ ဘယ်လောက်ထိ စိတ်နှစ်ခဲ့ရလဲ။ ကြိုးစားမှုရဲ့ရလာဒ်တော့ လိုချင်တာပေါ့နော်။ ဒါကလဲ ဆုတံဆိပ်တစ်ခုပဲလေ။ အနုပညာသမားတိုင်းတွက် အထွဋ်အမြတ်တစ်ခုပဲပေါ့။”လို့ သူမက ပြောပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ ခုလက်ရှိ အနီရောင်ပုံရိပ်ဆိုတဲ့ ဇာတ်ကားမှာ မင်းသား အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး ဒါရိုက်တာကတော့ နေပိုင်ပါတဲ့။

Trend Myanmar

အပြာကားရိုက်ဖို့ ယောင်္ကျားသရုပ်ဆောင်များစွာ လိုအပ်နေ


ရှီမီကန်ဟာ ဂျပန်လူကြီးဇာတ်ကားလောကတွင် ဘုရင်တပါးလို့ လူသိများသူဖြစ်တယ်။ သူဟာ ယနေ့အချိန်အထိ ၁၆နှစ်တာကာလအတွင်း အပြာကားပေါင်း ၇၀၀၀ ကျော်မှာ သရုပ်ဆောင်စွမ်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ ကြားသိတဲ့သူအနေနဲ့ သူ့ကို အလုပ် လုပ်လွန်းသူတယောက်လို့ ထင်မိမယ်။ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့ သူတို့အလုပ်လောကမှာ ယောင်္ကျားရှားပါမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့်လို့ သူက ပြောပါတယ်။

“လူကြီးဇတ်ကားလောကမှာ ယောင်္ကျာသရုပ်ဆောင်အရေအတွက် အားလုံးပေါင်းမှ အယောက် ၇၀ ကျော်လောက်ပဲ ရှိတယ်၊ အဲဒီအရေအတွက်က ဘန်ဂေါကျားအရေအတွက်ထက် နဲပါတယ်” လို့ ရှီမီကန်က သူ့ Twitter ပေါ်မှာ ရေးတယ်။

“အဲဒီအထဲမှာမှ ပုံမှန်သရုပ်ဆောင်နေတဲ့ ယောင်္ကျားအရေအတွက်ဆို အရမ်းနဲပါတယ်၊ အမျိုးသမီးတွေကျတော့ တစ်သောင်းလောက်ရှိတယ်၊ တလကို ကားပေါင်း လေးထောင်လောက်ထွက်နေတယ်၊ ယောင်္ကျားလုံးဝမလောက်ဘူးဗျာ” …

အဆိုပါကိန်းဂဏန်းများရဲ့ တိကျမှုကို အာမ မခံနိုင်ပေမယ့် ၂၀၁၂ခုနှစ်တုန်းက Livedoor News သတင်းဖော်ပြချက်အရ ဂျပန်နိုင်ငံရဲ့ အပြာကားလောကမှာ နှစ်စဉ် အမျိုးသမီးသရုပ်ဆောင်သစ် ၆၀၀၀ ရှိတယ်လို့ သိရတယ်။ အဲဒီသတင်းအချက်အလက်တွေကိုလည်း မျက်စိစုံမှိတ် ယုံကြည်၍လို့မရနိုင်သော်ငြား ဂျပန်နိုင်ငံမှာတော့ ယောင်္ကျားရှားပါမှုပြဿနာက တော်တော်ကြီးပါတယ်။ ဒီသရုပ်ဆာင်တွေပဲ ကားပေါင်းများစွာမှာ ပါဝင်ဖျော်ဖြေနေရတာပါ။ အခြားအပြားကား လောကထွန်းကားတဲ့ နိုင်ငံတွေမှာလဲ ဒီပြဿနာမျိုး ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ရှီမီကန်က အမျိုးသားတွေကို သူတို့လောကထဲ ၀င်လာဖို့ twitter ကတဆင့် တိုက်တွန်းရတာ ဖြစ်တယ်။

သူ့ရဲ့ (တွိ)ပို့စ်ကို လက်ဆင့်ကမ်းလိုက်ကြတာ အကြိမ် ၃၀၀၀ ကျော်ရှိပြီး ဂျပန်နိုင်ငံရဲ့ အကြီးဆုံးသော အွန်လိုင်းဖိုရမ် 2ch ပေါ်မှာလည်း အင်တာနက်အသုံးပြုသူတွေ ၀င်ရောက်ဆွေးနွေးကြတယ်။

“လုပ်ခကတော့ ကားရိုက်သွားတဲ့ လမ်းစရိတ်လောက်ပဲရမှာပါ”

“ရှီမီကန်လို ကြွက်သားထောင်းထောင်းနေတဲ့သူထက် အသက်ကြီးကြီး ခပ်ဖိုင့်ဖိုင့်မျိုးကို ကြိုက်တာ”

“အမလေး၊ ဒီအလုပ်မျိုးက ငယ်ပါ အတော်နာမယ့်ပုံပဲ”

“ကင်မရာအဖွဲ့ ပတ်လည်ဝိုင်းနေတဲ့ကြားထဲက သရုပ်ဆောင်နိုင်တာ တော်လိုက်တာ”

“လူကြီးရုပ်ရှင်လောကမှာ မင်းသမီးတွေက ဘုရင်မ၊ အမျိုးသားတွေဟာ အရံလောက်ပါဗျာ” 

“ယောင်္ကျားသရုပ်ဆောင်တွေဘ၀က တော်တော်ခက်ခဲမှာပဲ၊ သူတို့ကို လေးစားရမယ်”
….. စသဖြင့် ဆွေးနွေးခန်း ဖွင့်ကြလေတယ်။

Brian Ashcraft ရဲ့ Japanese Porn Needs More Male Porn Star ကို ပြန်ဆိုသည်။

စောင့်ကြည့်သတင်းဂျာနယ်

မန္တလေးဆူပူမှုတွင် အဓိကပါဝင်ခဲ့သူ ရဲထွဋ်နှင့် နုနုမြတ်တို့အား ပျဉ်းမနားတရားရုံးမှ (လဝက)ဥပဒေဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်


မန္တလေးဆူပူမှုတွင် အဓိကပါဝင်ခဲ့သူ ရဲထွဋ်နှင့် နုနုမြတ် တို့အား နေပြည် တော်ကောင်စီနယ်မြေ ပျဉ်းမနား တရားရုံးမှ (လဝက)ဥပဒေဖြင့် အ လုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ချ မှတ်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၅ရက် (၁၈)ကြိမ်မြောက်ရုံးချိန်းတွင် မန္တလေး ဆူပူမှုတွင် အဓိက ပါဝင်ပတ်သက် သည်ဟု ရဲထွဋ်နှင့် နုနုမြတ်အား အရေးပေါ်စီမံချက်ဥပဒေ-၅(ဃ)(င)(ည)နှင့် လိမ်ညာမှု(၂၁၁)တို့ဖြင့် စုံစမ်းစစ်ဆေး မှုကို ခံယူရမည်ဖြစ်ပြီး၊ ယင်းအမှုတွင် ကတုံးမ(ခ)ဖြူဖြူမင်း၊ ဟာဂျီထွန်းထွန်းနှင့် ဒေါ်မာမာနီတို့ ပါဝင်ကြောင်း သိရသည်။

''မနုနုမြတ်က နိုင်ငံသားကတ် နှစ်ခုကိုင်ဆောင်မှု၊ မနုနုမြတ် နိုင်ငံ သားကတ်နှစ်ခု ကိုင်ဆောင်ထားတာ ကို ကိုရဲထွဋ်က သိလျက်နဲ့ အားပေး အားမြှောက်လုပ်တယ်ဆိုပြီး ဒီအမှု ကို စီအိုင်ဒီရုံးက တင်ခဲ့တယ်။ အခု ဒီအမှုနဲ့ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချလိုက်ပါတယ်''ဟု ကိုရဲထွဋ်၏ရှေ့နေက ပြောကြား ခဲ့သည်။

ယနေ့ပြုလုပ်သော (၁၈)ကြိမ် မြောက်ရုံးချိန်းတွင် အရေးပေါ်စီမံ ချက်ဥပဒေနှင့် ပုဒ်မ-၂၁၁မှ တရား လိုပြသက်သေ လေးဦးစစ်ဆေးခဲ့ပြီး၊ စီအိုင်ဒီမှ မန္တလေးဆူပူမှုတွင် အဓိ က ပါဝင်သည်ဟု နောက်တိုးတရား ခံတစ်ဦး တင်ပြရာတွင် တရားရုံးမှ ပယ်ချခဲ့ကြောင်း သိရသည်။

MP
Democracytoday

အကောင်းဆုံးဘဏ်အဖြစ် ကမ္ဘောဇဘဏ် ရရှိ


မြန်မာနိုင်ငံတွင် အ ကောင်းဆုံးဘဏ်အဖြစ် ကမ္ဘောဇဘဏ်ကို နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာမဂ္ဂဇင်း Euromoneyကရွေးချယ်လိုက်သည်။ 

Euromoneyသည် မြန်မာ နိုင်ငံတွင်ရှိသော ဘဏ်အားလုံးကို ဘဏ်နှင့်ပတ်သက်သောဝန် ဆောင်မှုများ၊ ပြည်သူများကြား တွင် လုပ်ဆောင်နိုင်မှုများနှင့် ဘဏ်၏အခြေခံအချက်အလက် များပေါ်မူတည်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

ထို့အပြင် မြန်မာနိုင်ငံတွင်ရှိ သော ဘဏ်လုပ်ငန်းနှင့်စီးပွားရေး လုပ်ငန်းများတွင်လည်းအခွန်အ များဆုံးပေးဆောင်သည့်အဖွဲ့အ စည်းဖြစ်ခြင်းကြောင့်လည်းဖြစ် သည်ဟု Euromoneyကဆို သည်။ 

ကမ္ဘောဇဘဏ်၏ မတည် ရင်းနှီးငွေသည်ကျပ်ဘီလီယံ၁၃၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ဘဏ်များ တွင် အများဆုံးရင်းနှီးမြှုပ်နှံထား သောဘဏ်ဖြစ်သည်။ နိုင်ငံတော်မှချေးသော ချေးငွေပမာဏများ တွင်လည်း ကမ္ဘောဇဘဏ်များက ချေးငွေအများဆုံးထုတ်ပေးသော ဘဏ်ဖြစ်သည်ဟုဆိုသည်။ 

‘‘ကမ္ဘောဇဘဏ်ကအခုလို အရေးပါတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာကိုလည်းဂုဏ်ယူ ပါတယ်။ စီးပွားရေးပိတ်ဆို့ခဲ့တုန်း က ကန့်သတ်ချက်များစွာနဲ့အင်မ တန်အခက်အခဲတွေရှိခဲ့ပါတယ်’’ ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြော သည်။ 

Euromoneyသည် ၁၉၇၆ခု နှစ်တွင် စတင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအ သီးသီးမှ ထုတ်ကုန်တစ်ရာကို စိ စစ်ရွေးချယ်ပေးပြီး ဒေသအသီး သီးမှ ဘဏ်များကိုလေ့လာကာ နှစ်စဉ်ရွေးချယ်ပေးလေ့ရှိသည်။ 

7Day Daily

ဗိုလ်မှူးတစ်ဦးကို ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသဖြင့် အရေးယူသည်ဆိုသည့် သတင်းအမှန်


လက် ရှိ အုပ်ချုပ် နေတဲ့ ဗိုလ် ချုပ် တွေ ကို တော့အသုံး မကျဘူး တစာစာ ပြော နေ ပြီး ဗိုလ် ပြုတ် တွေ ကို ရှေ့ တန်း တင် ပြ နေတာ မသိ စိတ် မှာ စစ် ဗိုလ် တွေ ကို ကြိတ်ပြီး အထင်ကြီး စိတ် ဝင် နေ လို့ ပါ။ ဗိုလ်မှူး ကျော်စွာဝင်း ရဲ့ ဖြစ်စဉ် အမှန်က ဒီလို တဲ့ဗျ။

ကျွန်တော် ဒီကိစ္စ လေးကို မတင်ချင်ပါဘူး။ မတင်ရင်မဖြစ်တော့လို့တင်တာပါ။ ဒီ photo က အကြောင်းအရာတွေဟာ အပြစ်ရှိ ဗိုလ်မှူး တစ်ဦး ရဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဝါဒဖြန့်တာပါ။

ယခု photo ပါ ဗိုလ်မှူး ကျော်စွာဝင်း ဟာ အမ်းတပ်နယ်ကပါ။ ၇၅၇ တပ်မှူးပါ။ ၂၀၁၃ ခုနှစ်မှာ သူ့တပ်က ရဲဘော်(မောင်ဖြူ ဟုမှတ်ပါ) တစ်ဦးထွက်ပြေးပါတယ်။ ဒါကို အထက်ကို အစီရင်မခံပဲ သတင်းထိန်ချန်ထားပြီး ခွင့်မဲ့ လစာတွေ ထုတ်စားပါတယ်။ နောက် အဲ့ဒီ ရဲဘော် မောင်ဖြူကို ပြန်ရှာပြီး တပ်က ဗဟိုကင်းမှာ ပြန်ခေါ်ထားပါတယ်။ ဒါတွေက ဘယ်အထက်လူကြီးကိုမှ သတင်းမပို့ပဲ သူ့တပ်အတွင်းမှာပဲ ဖုံးကွယ်ထားတာပါ။ အဲ့ဒီ ရဲဘော် မောင်ဖြူက တော်တော် ဆိုးပါတယ်။ အမြဲမူးရူးပြီး ဆိုးသွမ်းနေတာပါ။ တစ်နေ့မှာ အဲ့ဒီရဲဘော် မူးနေတာကို ဒုအရခဗ က ဆူပြီး ဆုံးမပါတယ်။ ပြန်ခံပြောလို့ ရိုက်လိုက်ပါတယ်။ အဲ့ ဒါကိုမကျေနပ်လို့ ရဲဘော် မောင်ဖြူက ဒုအရခဗ ကို အိပ်နေတုန်း အခန်းတံခါးမှန်ကို ခွဲပြီး ဓတ်ဆီ ပုလင်းပစ် မီးရှို့ပါတယ်။ ပြီးနောက် ရဲဘော် မောင်ဖြူ တပ်ကနေ ထွက်ပြေးသွားပါတယ်။ ဒုအရခဗ ဆရာကြီးက မီးလောင်ဒဏ်ရာနဲ့ ဆုံးသွားပါတယ်။ ဒါကို တပ်မှူး ဖြစ်သူ ဗိုလ်မှူးကျော်စွာဝင်းက ဖြစ်စဉ်မှန်ကို တိုင်းစစ်ဌာနချုပ်ကို မတင်ပြပဲ ဘက်ထရီအိုး ပေါက်ကွဲလို့ အက်စစ်လောင်သေတာပါလို့ ဖြစ်စဉ် လိမ်ပါတယ်။ နောက် ၁ ပတ် ခန့်အကြာ မှာ ရဲဘော် မောင်ဖြူက သူ့ ကို အရေးမယူရင် ပြန်လာမယ်လို့ ဗိုလ်မှူးကျော်စွာဝင်းဆီ ဆက်သွယ်တော့ ဗိုလ်မှူးကျော်စွာဝင်းက အရေးမယူဘူး သူတာဝန်ယူတယ် ဆိုပြီး ပြန်လာဖို့ ခေါ်ပြီး ဗဟိုကင်းမှာ ကင်းသားတာဝန်ပြန်ပေးထားပါတယ်။ အဲ့ဒီမှာ အသက်ဆုံးသွားတဲ့ ဒုအရခဗ ဆရာကြီးရဲ့ သားက မခံရပ်နိုင်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ကို တိုင်လို့ ဒီဖြစ်စဉ်တွေကို သိရပြီး ဗိုလ်မှူး ကျော်စွာဝင်းကို ဖြစ်စဉ်လိမ်လည်မှု သတင်းထိန်ချန်မှုတွေအတွက် စုံ/ခုံ ဖွဲ့ပြီး စစ်ဆေး အရေးယူတာပါ။ သူ့ကို ချုပ်နှောင်ခြင်းမပြုသေးပါဘူး။ ခြေချုပ်သဘောမျိုးနဲ့လွှတ်ပေးထားတာပါ။ ဒီအမှုမှာ သူ အခြေအနေမကောင်းတော့ဘူး ထောင်ကျတော့မယ်ဆိုတာကို သိလို့ NLD နဲ့ပေါင်း လူမှုကွန်ယက် ဖေ့ဘွတ်အားကိုးနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်သွားထိုးပြီး ဓတ်ပုံအရိုက်ခံကာ ဝါဒဖြန့်တာပါ။ NLD ကလဲ တပ်မတော်ဗိုလ်မှူး က ထောက်ခံ တယ်ဆိုပြီး ဝါဒဖြန့် ကာ တပ်သား ရဲဘော်တွေကို စည်းရုံးချင်လို့ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်စေချင်လို့ ဝါဒဖြန့်တာကို လုပ်တာပါ။ သူ့ကို ဖမ်းထားတာ သတင်းထိန်ချန်မှု ဖြစ်စဉ် လိမ်လည်မှုပါ။ သူ့ရဲ့ တပ်မှူး မပီသမှုကြောင့် ဒုအရခဗ ဆရာကြီး အသက်ဆုံးရှူံး ခဲ့ပြီးပါပြီ။

ဒါ့ကြောင့် ဗိုလ်မှူးကျော်စွာဝင်းတို့ရဲ့ လိမ်လည် ဝါဒဖြန့် အမြတ်ထုတ်မှု ဖြစ်စဉ် အမှန်ကို ပြည်သူအများသိအောင် များများ share လုပ်ပေးကြပါ။

ဝါဒဖြန့် နိုင်ငံရေးအမြတ်ထုတ်မှုတွေကို မလိုလားတဲ့

မိုးကျရွှေကိုယ်

အဖေအမေကို တရားစွဲတဲ့ လုအခွင့်အရေး ဒီမိုကရေစီ ရဲ့ သမီးပျို




အမေရိကန် နယူးဂျာစီပြည်နယ်က အသက် ၁၈နှစ်အရွယ် သမီးဖြစ်သူက မိဘတွေကိုပြန်ပြီး တရားစွဲ လိုက်ပါတယ်။ ရေချယ်ဆိုတဲ့ မိန်းကလေးက မိဘတွေ သူ့ ကို အိမ်ပေါ်က မောင်းချ လိုက်တယ် လို့စွပ်စွဲပြီး ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်တွေ အတွက် မိဘများကို တရား စွဲခဲ့တာ ဖြစ်ပါတယ်။

မိဘတွေကသူ့ အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ လွဲမှားစွာ ဆက်ဆံ ခံခဲ့ကြပြီး ဒါတွေ အဆုံး သတ်ဖို့ အတွက်အိမ်က ဆင်းခဲ့ခြင်းဖြစ် တယ်လို့ ရေချယ်ကပြောပါတယ်။ သူ့ မိဘတွေဟာ တစ်နှစ်ကို ၀င်ငွေ ဒေါ်လာသုံး သိန်းကျော် ရှိကြောင်း၊ အခု ကျောင်း နှစ်တစ်ဝက်မှာ သူ့ ကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ကျောင်းစရိတ်ကို မပေးတော့ကြောင်း သူ့အမေ က သူ့ဖက်တီး၊ ၀က်ပုပ်စ သဖြင့်ခေါ်ပြီး အဖေကိုသူ့ ကိုရိုက်မယ်လို့ ခြိမ်းခြောက်တယ်၊ ရည်းစားနဲ့တွေ့ ခွင့်ကိုတားမြစ်တယ်၊ စကောလားရှစ် ရဖို့ ဖိအားပေးတယ်၊ နောက် မင်္ဂလာဆောင် မှာ သူအရက်မူးတဲ့ ကိစ္စ စတာတွေ ကို ပြောပါတယ်။


သူ့ မိဘတွေက ရေချယ်ကို အိမ်က မောင်းချတာ မဟုတ်ကြောင်း၊ အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်ကိုင် ဖို့နဲ့ အိမ်ပြန်ဖို့ အချိန် သတ်မှတ်ချက် စတာတွေကို မလိုက်နာ နိုင်တာကြောင့် သူ့ သဘောနဲ့ သူ အိမ်ပေါ် ကဆင်း သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖခင်ရှောင်က "ကျနော်တို့ဟာ ကိုယ်သမီးက ကိုယ့်ကို တရားပြန်စွဲတာ ခံရတယ်။ ဘာမှ မပြောနိုင်အောင် ဆွံ့အသွားတယ်ဗျာ။ သူ့အမေလည်း ဒီလိုပဲ။ ကျန်တဲ့ သမီးတွေလည်း ဒီလိုပဲ ခံစား ကြရတယ်။ အိမ်မှာ နေတာ အိမ်အလုပ် လုပ်ရတယ် ဆိုတာလည်း အသေးအဖွဲ လေးတွေ လုပ်ခိုင်း တာပါဗျာ။ ညဖက်ကို အိမ်ပြန်ချိန် ကာ ဖျူးသတ်မှတ် တယ်ဆို တာလည်း ည ၁၁ နာရီနောက်ပိုင်းထက် ကျော်ပြီး အိမ်အပြင် မှာမနေဖို့ ပြော တာပါ" လို့ ဆိုပါတယ်။

" ကျနော်အိမ်မှာ နေပြီး ကျနော့် စည်းမျဉ်းကို လိုက်နာလို့သူ ဘာအခွင့်ထူး တွေရမလဲ။ ပုဂ္ဂလိ ကျောင်းမှာ တက်ရမယ်၊ ကား အသစ် စီးရမယ်။ ကောလိပ် ကျောင်းတက်ခွင့် ရမယ်ဗျာ။ ဒါပေမယ့် အိမ်ရဲ့ စည်းမျဉ်းတွေ ကိုတော့လိုက်နာရမယ်။နည်းနည်းတော့တင်းကျပ်တာပေါ့ဗျာ" လို့ ပြောပါတယ်။

အဖေနဲ့ သမီးက တရား ရင်ဆိုင် နေတုန်း နားတဲ့ အချိန်မှာ စကားပြောဖြစ် ခဲ့ပေမယ့် မိခင်ဖြစ်သူ အဲလိဇဘက် ကတော့ ငိုပါတယ်။

နယူးယော့ အခြေစိုက် ကလေး၊ ဆယ်ကျော်သက်နဲ့ မိသားစု ဆိုင်ရာ စိတ်ပညာရှင် ဂျင်နီဖာက "ဆယ်ကျော် သက်ကလေးတွေကို ပြုစုပျိုးထောင် ရတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး၊ တချိန်ထဲ မှာပဲ ကလေးတွေ အတွက်လည်း ဆယ်ကျော်သက် ဘ၀ဆိုတာ ပန်းခြံထဲမှာ လမ်းလျှောက် နေရတာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

the melting pot 4 U

ရဲကားတွေရော၊ သေနတ်တွေရော ပါတဲ့ နန်းဆုရတီစိုးရဲ့ Superman သီချင်း


နန်းဆုရတီစိုးက သူ့ရဲ့ ‘Forward’ အခွေထဲက ‘Super man’ သီချင်းကို စက်တင် ဘာ ၁၂ ရက်နေ့ က အမ်တီဗီ ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ အောင်မြတ်ရဲ့ ပုံဖော်ဖန်တီးမှု တွေနဲ့အတူ Superman သီချင်းအတွက် ပြင်ဆင်မှုအပိုင်းများနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုး က ပြောပြပါတယ်။

“ဒါရိုက်တာ အောင်မြတ်ရဲ့ အိုင်ဒီယာလေးပါ။ သူလုပ်ထားတဲ့ အိုင်ဒီယာကို နန်းဆု တအားကြိုက်တယ်။ ဒီ Superman သီချင်းလေးကိုဆိုရင် GTR Club၊ ဒီမှာပြီးရင် ယုဇနပလာဇာ ပြီးရင် သာကေတမှာ ခန်းမတစ်ခု ငှားထားပြီးတော့ Setting တွေကို အသစ်ပြန်ဆောက်ထားတယ်။ စိန်တိုက်၊ Setting တွေ လုပ်ရ တယ်။ စိန်တိုက်က မှန်တွေကို ခွဲမှာဆိုတော့ မှန်အစစ်တွေနဲ့ရှာပြီး သေချာပြင် ဆင်ပြီးလုပ်ထားတယ်။ သီချင်းဆိုတဲ့ ကတ်တွေမှာတောင် နောက်ခံမှာ မီးရှို့တာ တွေ၊ ကျည်ပေါက်တဲ့ Background တွေကိုပါ ထည့်မှာဆိုတော့ အဲဒီ Setting တွေကအစ အသေးစိတ် သေချာပြင်ဆင်ထားတယ်။ နန်းဆု ဘာတွေသုံးထား လဲဆိုရင် အမေရိကက SWAT တွေ ဝတ်စုံတွေနဲ့ ရဲတွေရော၊ ရဲကားတွေရော အဲဒီလို စီစဉ်ထားတယ်။ သေချာအသေးစိတ်ကို ပြင်ဆင်ထားတယ်။


ဒါရိုက်တာ လိုချင်တဲ့ ပုံစံလည်းဖြစ်အောင် ကိုယ်ဖြစ်ချင်တာရောပေါ့။ လုပ်မယ့် လုပ်တော့ အမိုက်စားပဲ ဖြစ်ချင်တော့ ကြိုးစားပြီး ပြင်ဆင်ထားတယ်။ ဒီတစ်ပုဒ် တည်းကိုပဲ Setting တွေအများကြီး၊ နေရာတွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူး ထားတယ်။ တစ်ပုဒ်တစ်ပုဒ်ကို တော်တော်ကြီးကို အချိန်ပေးပြီး လုပ်ထားတယ်။ သီချင်းမှာဆို ရဲကားတွေရော၊ သေနတ်တွေရော သုံးထားတာဖြစ်တဲ့အတွက် ခွင့်ပြုချက်တွေလည်း အများကြီး ယူခဲ့ရတယ်။ နန်းဆုရဲ့ သီချင်းတိုင်းကို သေချာ အားစိုက်ပြီး အသေးစိတ် ပြင်ဆင်ထားတယ်” လို့ ပြောပြပါတယ်။

နန်းဆုရတီစိုး က Forward အမ်တီဗီ အခွေကို ဒီနှစ်မကုန်ခင်နဲ့ နောက်နှစ်ဆန်း ပိုင်းလောက်ထွက်နိုင်အောင် ကြိုးစားပြင်ဆင် နေတဲ့အတွက် ကားရိုက်တွေကို တော့သေချာညှိနှိုင်း ပြီးမှပဲလုပ်ဖြစ်နေပြီး အခွေအတွက်ပဲ အချိန်ပေးပြီး ဦးစားပေး လုပ်ဖြစ်နေကြောင်း ပြောပြပါတယ်။

ရုရှားရဲ့ စီးပွားရေးပိတ်ဆို့မှုကို ခရမ်းချဉ်သီးနဲ့ အချင်းချင်းတိုက်ခိုက် ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ Dutch လူငယ်များ


အမှည့်လွန်တဲ့ ခရမ်းချဉ်သီးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ညာတာမှုကင်းမဲ့စွာ ပစ်ပေါက်ခဲ့ကြတဲ့အခါမှာ ရာနဲ့ချီ Dutch လူငယ်တွေက Amsterdam ရဲ့ central Dam ရင်ပြင်ကို တနင်္ဂနွေနေ့မှာ အနီရောင် နှင်းမုန်းတိုင်း အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ကြတယ်။

သဘောက ဥရောပရဲ့လတ်ဆတ်တဲ့ အသီးအနှံထုတ်ကုန် တင်သွင်းမှု ပိတ်ဆို့တဲ့ ရရှား Sanctions စီးပွားရေးပိတ်ဆို့မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဒီအဖြစ်အပျက်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်။ လက်တွေ့မှာတော့ ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်သူ အများစုမှာတော့ သူတို့ချစ်ရတဲ့သူ တစ်ယောက်ယောက် (သို့) သူစိမ်းတစ်ယောက်ယောက်ကို ပျော့အိအိ ခရမ်းချဉ်သီးတွေနဲ့ အနီးကပ် ပစ်ရိုက်တဲ့ ပျော်ရွှင်မှုကို ခံစားရရှိဖို့အတွက် လုပ်ဆောင်ကြတာပါပဲ။


အဲဒီအကြံအစည်ကို စပိန်နိုင်ငံရဲ့ ကျော်ကြားတဲ့ နှစ်စဉ်ကျင်းပနေကျ La Tomatina ပွဲတော်မှ ဆင်းသက်လာတာဖြစ်တယ်။

အဲ့နေရာမှာ နေရတာမလွယ်ဘူး။ အရမ်းညစ်ပစ်တယ်။ ဒါပေမဲ့လို့ ပျော်ဖို့တော့ကောင်းတယ်လို့ ညီမလေး Sil နဲ့အတူ ဒီပွဲကိုလာရောက်ခဲ့တဲ့ Lois Bloedjes က ပြောဆိုခဲ့တယ်။ အားလုံးက ညစ်ပတ်ပေရေနေကြတယ်။ ကြမ်းပြင်ပေါ် လူးလိမ့်နေတဲ့သူတွေလည်း ရှိသေးတယ်။

Sil က အဲဒီအနံ့အသက်က ဆိုးဆိုးဝါးဝါးနံဟောင်နေပြီး ဘီယာအနံ့လို အနံ့မျိုးပါ။ ဒါပေမဲ့ သူမပါးစပ်ထဲဝင်သွားတဲ့ ခရမ်းချဉ်သီးတွေရဲ့ အရသာကတော့ မဆိုးပါဘူးလို့ ပြောဆိုဖော်ပြသွားခဲ့ပါတယ်။

တစ်နာရီ ဆော့ကစားဖို့ လက်မှတ်တစ်စောင်ကို 15 euros ($18) ကျပြီး လက်မှတ်အစောင် ၁၀၀၀ ဝန်းကျင်လောက် ရောင်းရတယ်။

အကျိုးအမြတ်ရရှိငွေဟာ အဲဒီ (Sanctions) စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နစ်နာမှုရရှိတဲ့ ခရမ်းချဉ်သီး စိုက်ပျိုးသူတွေဆီ ရောက်သွားမှာပါလို့ အစီအစဉ်ဦးဆောင်သူ Joep Verbunt က ပြောဆိုခဲ့တယ်။

နယ်သာလန်နိုင်ငံဟာ မက်ဆီကိုနိုင်ငံနဲ့ အတူ ကမ္ဘာ့အကြီးမားဆုံး ခရမ်းချဉ်သီး တင်ပို့တဲ့နိုင်ငံအဖြစ် အပြိုင်အဆိုင်ဆောင်ရွက်နေကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် နိုင်ငံခြားကို $100 million ဖိုး တင်ပို့ခဲ့ပါတယ်။ Dutch လယ်သမားတွေကို အသီးအနှံတွေ ပိုမိုစိုက်ပျိုးဖို့ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

Verbunt က အဲဒီပွဲအတွက် လူတွေစားသုံးဖို့ မသင့်တော်တော့တဲ့ ခရမ်းချဉ်သီး ၁၂၀,၀၀၀ ဝယ်ယူခဲ့ပါတယ်။

စင်မြင့်တစ်နေရာကနေ ထွက်လာတဲ့ ဂီတသီချင်းသံနဲ့အတူ ကစားမှုမစတင်မီ အကျီဖြူရောင်ဝတ်ဆင်နေကြတဲ့ ပွဲသို့လာရောက်သူအားလုံးက ၁၀ - ၀ ထိ countdown ရေတွက်ခဲ့ကြပါတယ်။ အဲဒီနောက် ခရမ်းချဉ်သီး အပြည့်နဲ့ ကွန်တိန်နား တစ်စီးလုံး ဝန်းထဲမှာတင် ပြောင်သွားတော့တာပါပဲ။

ထွက်ပြေးတိမ်းရှောင်နေသူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ အဲဒီနေရာကို ခြံစည်းရိုးခတ်ထားပေမဲ့ အများစုကတော့ အထဲက အခြေအနေကိုကြည့်ရှုဖို့ ခြံစည်းရိုးကို ကျော်တက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ကျန်ရှိတဲ့ ခရမ်းချဉ်သီး အစအနတွေကို Biogas ထုတ်လုပ်တဲ့စက်ရုံကို ပို့ မှာဖြစ်တယ်။

Source: yahoo

မြန်မာနိုင်ငံသားများ လုံခြုံရေးကိစ္စအား အလေးအနက်ထားပြီး ဆောင်ရွက်ပေး သွား မည်ဟု ဆိုသော်လည်း မလေးရှားရောက်မြန်မာနှစ်ဦး ထပ်မံအသတ်ခံရ


မြန်မာ လူမျိုးများကိုရွေးချယ်ပြီး အကြမ်း ဖက်သတ်ဖြတ်မှုများအား တားဆီး ရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံ ရေးကိစ္စကို အလေးအနက်ထား ဆောင်ရွက်ပေးသွားမည်ဟု မလေး ရှားအစိုးရက ပြောကြားခဲ့သော် လည်း၊ အလားတူ စက်တင်ဘာ ၁၅ ရက်က ကျင်းပသော အမျိုးသား လွှတ်တော်တွင် ပြည်ထဲရေးဒုတိယ ဝန်ကြီးက မလေးရှားနိုင်ငံမှ တာ ဝန်ရှိသူများအား သွားရောက်တွေ့ ဆုံပြီး မလေးရှားနိုင်ငံ၌ မြန်မာနိုင် ငံသားများအား ထပ်မံအကြမ်းဖက် တိုက်ခိုက်မှုမရှိစေရေးအတွက် ကာ ကွယ်စောင့်ရှောက်ပေးရန် တောင်း ဆိုခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော် လည်း စက်တင်ဘာ ၁၅ရက်တွင် ပင် မလေးရှားရောက် မြန်မာနှစ်ဦး အသတ် ခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
မလေးရှားနိုင်ငံ ပါမာတန်တီ ဂီ၊ ဂျာလန်ကမ်ပန်မန်ဂီစ်ရှိ ဆီအုန်း စိုက်ခင်းတစ်ခင်းတွင် ဓားထိုးဒဏ် ရာဖြင့် အသတ်ခံရသည့် မြန်မာလူ မျိုးနှစ်ဦး အလောင်းတွေ့ရှိရကြောင်း၊ Thestar အွန်လိုင်းမီဒီယာဖော်ပြ ချက်အရ သိရသည်။
သေဆုံးသူနှစ်ဦးစလုံးမှာ အ သက် ၃ဝဝန်းကျင်ဖြစ်ပြီး ခန္ဓာကိုယ် တွင် ဓားထိုးဒဏ်ရာများစွာတွေ့ရ ပြီး မျက်နှာများတွင်လည်း ကုတ်ခြစ် ရာများတွေ့ရကြောင်း၊ တစ်နေရာရာ တွင် သတ်ပြီးလာပစ်ထားခြင်းဖြစ်နိုင်ကြောင်း မှုခင်းထောက်လှမ်းရေး အဖွဲ့ဝါရင့် လက်ထောက်တပ်မှူးမာ့ဇ် လန်ကေးဆာက ပြောကြားခဲ့သည်။
အသတ်ခံရသူနှစ်ဦးအနက် တစ်ဦးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိ ကြောင်း အဆိုပါသတင်းဌာနကဖော် ပြထားသည်။
ယင်းနေ့တွင်ပင် မလေးရှားနိုင်ငံ ၌ မြန်မာလူမျိုးများကိုရွေးချယ်ပြီး အကြမ်းဖက် သတ်ဖြတ်မှုများအား တားဆီးရန် လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၅ရက် နေ့က အမျိုးသားလွှတ်တော် ကိုယ် စားလှယ်တစ်ဦးမှ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ပြီး မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ထပ်မံအ ကြမ်းဖက်တိုက်ခိုက်မှုမရှိစေရေးအ တွက် ကာကွယ်စောင့်ရှောက်ပေးရန် နှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအ ပေါ်တွင် ကျူးလွန်ခဲ့သည့် တရားခံ များအား အမြန်ဆုံးဖော်ထုတ်ပေး ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာ နထံတောင်းဆိုခဲ့ရာ မြန်မာနိုင်ငံသား များလုံခြုံရေးနှင့်ကိစ္စအား အလေးအနက်ထား ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒု တိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နိုင်ငံဖြတ် ကျော်မှုခင်းဌာနအနေဖြင့်လည်း မ လေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာရဲ အဖွဲ့၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူး ရုံး၊ မလေးရှားနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ဆက်သွယ်ပူးပေါင်းပြီးကူညီဆောင် ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီးကပြောကြားခဲ့ သည်။


Democracytoday

မြောက်ဒဂုံမြို့နယ်တွင် မျက်နှာဖုံးစွပ်လူသတ်ပြီး ကျပ်သိန်း ၈၀ ဖောက်ထွင်းခိုးယူသော ဆယ်ကျော်သက်လူငယ်နှစ်ဦးနှင့် အပေါင်းပါခြောက်ဦးအား ဖမ်းဆီးစစ်ဆေးနေ


ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် တစ်ရှူးစက်ရုံတစ်ရုံ၌ မျက်နှာဖုံးစွပ်လူသတ်ပြီး ကျပ်သိန်း ၈ဝ ခိုးယူ ထွက်ပြေးသွားသည့် ဖြစ်စဉ်မှ ဦးဆောင်သူ ဆယ်ကျော်သက်လူငယ်နှစ်ဦးနှင့် အပေါင်းပါခြောက်ဦးအား ယင်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တွင် အသီးသီးဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် စုံစမ်းသိရှိရသည်။

“ဖြစ်စဉ်ကျူးလွန်တဲ့သူတွေကိုတော့ အခင်းဖြစ်ပွားပြီး ခြောက်နာရီအကြာမှာပဲ တိုင်း၊ ခရိုင် အထူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဖမ်းဆီးရမိပါတယ်။ ကျူးလွန်သူတွေက အသက်အားဖြင့် ၂ဝ နှစ်တောင် မပြည့်သေးတဲ့ သူတွေချည်းပဲ။ အသက် ၂ဝ ကျော်တာ တစ်ယောက်ပဲ ပါတယ်။ အခုလို ကျူးလွန်ရတာက ပိုက်ဆံတွေကို များများစားစား သုံးချင်၊ ဝတ်ချင်၊ စားချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ထွက်ဆိုထားတယ်။ ဆယ်ကျော်သက်လူငယ်တွေ အခုလို လမ်းမှားကို မရောက်သင့်ဘူး။ အခုလိုဖြစ်တာဟာ လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုနဲ့ ဆိုဆုံးမမှုတွေ လိုအပ်လို့ပါ။ ဆယ်ကျော်သက်တွေအနေနဲ့ ဒီလိုလမ်းမှားရောက်မယ့်အစား အားကစား၊ ပညာရေး၊ အသိပညာဗဟုသုတတွေကို လိုက်စားသင့်တယ်။ အခုလို ဆယ်ကျော်သက်တွေ ရာဇဝတ်မှုကျူးလွန်တာဟာ အပေါင်းအသင်းမှားမှုကြောင့်ပါတဲ့အတွက် မိဘတွေအနေနဲ့ သားသမီးတွေကို စနစ်တကျ ထိန်းကွပ်သင့်တယ်” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၄) ရပ်ကွက် ဦးဝိစာရလမ်းမ /B-1, B-2 ရှိ Red Rose တစ်ရှူးစက်ရုံသို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ဦးအောင်ကျော်စိုး (Red Rose) စက်ရုံမှူးဆိုသူသည် စက်ရုံသို့ စက်တင်ဘာ ၁၂ ရက် နံနက် ၆ နာရီခန့်တွင် သွားရောက်ခဲ့ရာ စက်ရုံဝင်းအတွင်း ညစောင့်ဝန်ထမ်းဖြစ်သူ ဦးမြင့်အောင် (၅၅) နှစ် တောင်ဥက္ကလာပမြို့နယ်နေသူအား မတွေ့၍ လိုက်လံရှာဖွေစဉ် စက်ရုံဝင်းအတွင်း ဝင်/ ထွက်ပေါက်ဂိတ်အနီး ကွန်ကရစ်ဖြင့် ဖုံးအုပ်ထားသော နှစ်ပေခွဲပတ်လည်အပေါက်ရှိ စက်ရုံရေလှောင်ကန်အတွင်း၌ သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေဆုံးသူ၏ လည်ပင်း၌လည်း အဝါရောင်နိုင်လွန်ကြိုး နှစ်ပင်လိမ်ကြိုးချည်လျက် သေဆုံးနေသည်ကို တွေ့ရသည်။

ထို့နောက် စက်ရုံအတွင်း ထပ်မံလိုက်လံရှာဖွေရာ စက်ရုံ သုံးလွှာရှိ စက်ရုံပိုင်ရှင် ရုံးခန်းအတွင်းရှိ စားပွဲအောက်တွင်ထားရှိသော သံသေတ္တာမျောက်လက်ပျက်စီးနေပြီး ငွေစက္ကူ ကျပ် သိန်း ၈ဝ ခန့် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ရဲတာဝန်ရှိသူများ စစ်ဆေးရာ ကျူးလွန်သူများမှာ အသက် ၁၄ နှစ်အရွယ်မှ အသက် ၁၈ နှစ်အရွယ်ကြား လူငယ်ခုနစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် တစ်ဦးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအထဲမှ အဓိကကျူးလွန်သူများမှာ ဆယ်ကျော်သက်လူငယ်နှစ်ဦးမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နေ အောင်ကိုဟိန်း (၁၈) နှစ်နှင့် သန်လျင်မြို့နယ်နေ ပြည့်ဖြိုးဇော် (၁၇) နှစ်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့မှဦးဆောင်ကာ စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်တွင် စက်ရုံ ညစောင့်ဝန်ထမ်းအား လုံးထွေးချုပ်နှောင်ပြီး စက်ရုံမြေအောက် သောက်သုံးရေကန်အတွင်း ပစ်ချကျူးလွန်ခဲ့ကာ စက်ရုံရှိ သုံးလွှာရုံးခန်း မှ ငွေကျပ်သိန်း ၈ဝ အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို စက်ရုံ၌ အလုပ်လုပ်ဖူးသည့် ဆယ်ကျော်သက်လူငယ်များနှင့် ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကာ ငွေများကိုလည်း အသီးသီးခွဲယူခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါအမှုကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲစခန်းမှ (ပ) ၄၈၄/၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၈ဝ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဆက်လက်စစ်ဆေးနေပြီး တရားစွဲဆို တင်ပို့နိုင်ရန်အတွက် အမှုအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။

by eleven

IS နှိမ်နင်းရေးမှာ နိုင်ငံပေါင်း ၄၀ ရဲ့ နိုင်ငံရေးပူးပေါင်းမှုရရှိ


ပြင်သစ်နိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​ညီလာခံအတွင်း ​ISIL ​အကြမ်းဖက်အဖွဲ့ကို ​တိုက်ခိုက်ချေမှုန်းဖို့ ​နိုင်ငံပေါင်း ​၃၀ ​က ​သဘောတူညီခဲ့ကြပါတယ်။

အနောက်တိုင်းနိုင်ငံနဲ့ ​အာရပ်နိုင်ငံတွေက ​ပူးပေါင်းပြီး ​အီရတ်နိုင်ငံအတွင်းက ​ISIL ​တပ်ဖွဲ့ဝင်တွေကို ​ချေမှုန်းသွားမယ်လို့ ​ပူးတွဲကြေညာချက်တစ်စောင် ​ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီမတိုင်ခင် ​အာရပ်ဒေသက ​နိုင်ငံ ​ဆယ် ​နိုင်ငံကလည်း ​သဘောတူညီပြီးသား ​ဖြစ်ပါတယ်။

အစ္စလာမ်မစ်နိုင်ငံတည်ထောင်သူတွေကို ​ဘယ်လို ​နှိမ်နင်းသွားမလဲ ​ဆိုတဲ့ ​အစီအစဉ်အပေါ် ​နိုင်ငံ့ခေါင်းဆောင်တွေက ​သဘောတူညီမှု ​လက်မှတ်ရေးထိုးဖို့ ​ပဲရစ်မြို့မှာ ​စုဝေးကြတာ ​ဖြစ်ပါတယ်။ ​စစ်ရေးအရ ​ဘယ်လို ​လုပ်ဆောင်မလဲ၊ ​ဘယ်လို ​အကူအညီတွေပေးသွားမလဲဆိုတဲ့ ​အသေးစိတ် ​အချက်အလက်တွေ ​မပါဝင်ပေမယ့် ​သြစတြေးလျနိုင်ငံအပါအဝင် ​နိုင်ငံပေါင်း ​၄၀ ​ပါဝင်တဲ့ ​နိုင်ငံရေး ​ပူးပေါင်းမှုတော့ ​ရရှိခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ​သမ္မတ ​Francois ​Hollande ​က ​IS ​အဖွဲ့အပေါ် ​တကမ္ဘာလုံးက ​တုန့်ပြန်မှု ​လုပ်ဖို့လိုတယ်လို့ ​ပြောခဲ့ပါတယ်။

ဒီညီလာအပြီး ​နောက်တဆင့်မှာတော့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံမှာ ​တင်ပြနိုင်မယ့် ​အစီအစဉ်တွေကို ​ရေးဆွဲကြမှာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​ပြင်သစ်အစိုးရကတော့ ​အီရတ်နိုင်ငံမှာ ​သတင်းအချက်အလက်တွေ ​ရရှိဖို့ ​ထောက်လှမ်းရေးအဖွဲ့ကို ​စေလွှတ်မယ်လို့ ​ပြောဆိုထားတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Phillip ​Williams ​က ​သတင်းပေးပို့ထားပါတယ်။

IS ​အဖွဲ့ ​နှိမ်နင်းရေးမှာ ​အမေရိကန်က ​အီရန်ကို ​ဘေးချိတ်ထားဆဲ

IS ​အဖွဲ့ကို ​နှိမ်နင်းရေးမှာ ​ပါဝင်ဖို့ ​အမေရိကန်က ​အာရပ်နိုင်ငံအတော်များများကို ​စည်းရုံးထားပေမယ့် ​အီရန်နိုင်ငံကိုတော့ ​ဘေးချိတ်ထားပါတယ်။

အီရန်နဲ့ ​ဆွေးနွေးမှုလုပ်ဖို့အတွက် ​တံခါးဖွင့်ထားပေမယ့် ​IS ​စစ်သွေးကြွတွေကို ​နှိမ်နင်းရာမှာတော့ ​အီရန်နိုင်ငံနဲ့ ​စစ်ရေးအရ ​ပူးပေါင်းမှု ​မလုပ်နိုင်ဘူးလို့ ​အမေရိကန် ​အိမ်ဖြူတော်ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​Josh ​Earnest ​က ​ပြောပါတယ်။

အီရန်အနေနဲ့ ​ISIL ​အဖွဲ့ကို ​ဘယ်လို ​နှိမ်နင်းမလဲဆိုတဲ့အကြောင်း ​ပြောဆိုနေမယ်ဆိုတာကို ​နားလည်ပေးနိုင်ပေမယ့် ​အီရန်အဖွဲ့ရဲ့ ​နှိမ်နင်းမှုက ​အမေရိကန်က ​ဦးဆောင်နေတဲ့ ​စစ်ရေးနှိမ်နင်းမှုနဲ့ ​သက်ဆိုင်မှာ ​မဟုတ်တဲ့အကြောင်း ​အကြောင်းရင်းကတော့ ​အမေရိကန်က ​အီရန်နိုင်ငံနဲ့ ​ထောက်လှမ်းရေးအချက်အလက်တွေ၊ ​စစ်ရေးပူးပေါင်းမှုတွေ ​လုပ်ထားတာ ​မရှိတဲ့အတွက် ​ဖြစ်တယ်လို့ ​ပြောပါတယ်။

အမေရိကန်ရဲ့ ​ပြောဆိုမှုကို ​အီရန်နိုင်ငံမှာ ​အရှိန်အဝါ ​ကြီးမားတဲ့ ​ခေါင်းဆောင်ကလည်း ​ရီချင်စရာ ​ကောင်းတယ်လို့ ​ခနဲ့တဲ့တဲ့နဲ့ ​တုန့်ပြန်ထားပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံ အပန်းဖြေစခန်းတစ်ခုတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရ


ထိုင်းနိုင်ငံရှိ အပန်းဖြေစခန်း တစ်ခု ဖြစ်သည့် ခိုတောင်းကျွန်း ၌ ယမန်နေ့တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံ ရကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

အသတ်ခံ ရသည့် ဗြိတိန်နိုင်ငံသား များမှာ အသက် ၂၃ နှစ်ရှိ အမျိုးသမီး တစ်ဦးနှင့် ၂၄ နှစ်ရှိ အမျိုးသား တစ်ဦး တို့ဖြစ်ပြီး ၄င်းတို့ ၏ ရုပ်အလောင်း များကို အဆိုပါ ကျွန်းပေါ်ရှိ ဆိုင်းရီး ကမ်းခြေပေါ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ အသတ်မခံ ရမီက အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရဖွယ် ရှိကြောင်းနှင့် သူမ၏ ရုပ်အလောင်းမှ လေးမီတာခန့် အကွာတွင် အမျိုးသား၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားသည်။

၎င်းတို့ နှစ်ဦးသည် ဒေသ စံတော်ချိန် နံနက် ၄ နာရီနှင့် ၅ နာရီ အကြားတွင် အသတ်ခံ ခဲ့ရခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။ အခင်း မဖြစ်ပွားမီ စက်တင်ဘာ ၁၄ ရက် ညပိုင်းက အဆိုပါနေရာ အနီးတွင် နိုင်ငံခြားသား ဧည့်သည် ၅ဝ ဦးခန့်သည် ကမ်းခြေ ပါတီပွဲ တစ်ခုကို ယမန်နေ့ အစောပိုင်း အချိန်အထိ ကျင်းပခဲ့ ကြကြောင်း ဒေသခံများက ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။

ထို့ပြင် ရုပ်အလောင်း များမှမီတာ ၅ဝ ခန့် အကွာတွင် လူသတ်ရာ၌ အသုံးပြုခဲ့သည့် လက်နက်ကို အာဏာပိုင် များက ရှာဖွေတွေ့ ရှိခဲ့ပြီး ယခုအခါ လူသတ်သမား များကို ရဲတပ်ဖွဲ့ နှင့် ဒေသခံများကဝိုင်းဝန်း ရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar

MPT ဆင်းကဒ်တွေ ဘယ်ရောက်ကုန်ပြီလဲ


အခုချပေးလိုက်တဲ့ဆင်းကဒ်(7)သိန်းအတွက်ဂျပန်ပညာရှင်တွေကိုယ်တိုင်မျက်
လုံးပြူသွားရသော MPT ရဲ့မျက်လှည့်ပြကွက်။


မြန်မာ - ဂျပန် သဘောတူညီမှုနဲ့ ဆင်းမ်ကတ် ၇ သိန်းကို ၈ ရက်အတွင်း ဈေးကွက်ထဲကို ထည့်လိုက်ပါတယ်။ ဆင်းမ်ကတ် ၇ သိန်းလည်း ဈေးကွက်ထဲရောက်ရော Activate
( လက်တွေ့အသုံးပြုသူ ) ဖြစ်တဲ့ အရေအတွက်ကို စစ်လိုက်တဲ့အခါ ၃.၈ သိန်းပဲရှိတော့တယ်။
ကျန်တဲ့၃.၂သိန်းကဘယ်သူတွေမျက်လှည့်ပြလိုက်လဲမသိဘူး ပျောက်သွားပါလေရော့။
မြန်မာတွေ ပြလိုက်တဲ့ မျက်လှည့်ကြောင့် ဂျပန်တွေ အံ့သြပြီ သေတော့မလိုဖြစ်နေပါတယ်။ သူတို့တွေဖင်ပိတ်ပြီး အော်နေတာကတော့ဒီဇင်ဘာမတိုင်ခင်ဆင်းမ်ကတ်၅သန်းရောင်းမယ်
ဆိုတာပါပဲ။
စက်နဲ့ပြန်စစ်လိုက်တဲ့အခါမှာတော့အခုချပေးလိုက်တဲ့ဆင်းကဒ်(၇)သိန်းအနက်တကယ်အ
သုံးပြုနေတာက(၃.၈)သိန်းပဲ့ရှိတယ်တဲ့............။
ဒါနဲ့ကျန်နေတဲ့(၃.၂)သိန်းကတော့ ဘယ်ရောက်ကုန်ပြီလည်းလို့ဂျပန်ပညာရှင်တွေစဉ်းစား
လို့ကိုမရဘူးဆိုပဲ့။
ကဲကဲ...မစဉ်းစားနေနဲ့ဂျပန်ကြီးတို့ရေ..........
ကျန်တဲ့စင်းကဒ်တွေကတော့.......
-ငွေဖြည့်ကဒ်သုံးကဒ်နဲ့တွဲရောင်းမဲ့သူတွေလက်ထဲ
-ဆင်းကဒ်နဲ့ဖုံးနဲ့တွဲရောင်းမဲ့သူတွေလက်ထဲ
-ဆင်းကဒ်ကိုဈေးတင်ရောင်းမဲ့မှောင်ခိုလက်ထဲ
ကို..MPT ကတရားဝင်ထည့်ပေးလိုက်တာပါပဲ့နော်။(ဒါကြောင့်တရားဝင်အသုံးပြုနေတာ
ကိုစက်ထဲမပေါ်သေးတာပါ)ဗျာ...ခိုးတဲ့နေရာမှာအလွန်တော်တဲ့ MPT ပါဂျပန်ကြီးတို့ရာ။

facebook.com/internatnews

အသားစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ ချနိုင်

ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု အသစ်များ အရ အမဲသား စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်ကြောင်း သိရသည်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြသည်။

သို့သော် ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားသည့် ''ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင်မူ အသားသာ စားသုံးခဲ့ကြ ရသည့် ကျောက်ခေတ် လူသား အမျိုးသမီးများ မဝကြပေဟု ဖော်ပြထားသည်။ အဆီမပါသည့် လတ်ဆတ်သော အသား စားသုံးခြင်းဖြင့် ဦးနှောက် အတွင်းရှိ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ် စေမည် ဖြစ်ကြောင်း The Today Show အမည်ရှိ အင်တာဗျူး တစ်ခုတွင် အက်စတာဘမ်းက ရှင်းလင်း ပြောကြား ခဲ့သည်။

လတ်ဆတ်သော သစ်သီးဝလံ များ၊ ဟင်းသီး ဟင်းရွက်များ၊ ငါးနှင့် အဆီကင်းသည့် အသားများတွင် လိုအပ်သည့် ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပေ။ ယင်းအစားအစာ များသည် ဖန်တီးပြုလုပ် ထားသည့် အစားအစာများ ထက် ကယ်လိုရီ ပိုမို နည်းပါးကြောင်း ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်တွင် ထည့်သွင်း ရေးသား ထားသည်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။ အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝကျပြီး အာဟာရဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက် ပြောကြား ခဲ့သည်။ ။

Written by မိုးဦး
မြ၀တီ