စစ်သွေးကြွအဖွဲ့နှင့် ဆက်သွယ်ခဲ့သည့် အမျိုးသမီး ခြောက်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Bernard Cazeneuve, the French interior minister,

Five people have been arrested near Lyon on suspicions of recruiting young women to join Islamist groups fighting in Syria, France 24 said.

ပဲရစ် ၊ ၁၉-၉-၂၀၁၄

ဆီးရီးယားနိုင်ငံ ရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ လူသစ် စုဆောင်းရေး အဖွဲ့နှင့် ဆက်သွယ် ခဲ့သည်ဟုယူဆရသော အမျိုးသမီး ၆ ဦးကို ပြင်သစ်နိုင်ငံ အလယ်ပိုင်းရှိ လိုင်ယွန်မြို့ ၌ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနက်ကာဇင်နူး က ပြောကြား ခဲ့သည်။

ပြင်သစ်နိုင်ငံမှ အမျိုးသားများ နှင့် အမျိုးသမီး များသည် ဆီးရီးယားနိုင်ငံရှိ ဥရောပ ဂျီဟတ် တိုက်ခိုက်ရေး အဖွဲ့ကြီးတွင် ပါဝင်လျက် ရှိကြကြောင်း၊ ၄င်းတို့သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များက သင်ကြား ပေးလိုက်သည့် တိုက်ခိုက်ရေး နည်းဗျူဟာသစ် များကို အသုံးပြုပြီး ဥရောပသမဂ္ဂ အတွင်းရှိ နိုင်ငံများမှ နိုင်ငံကူး လက်မှတ်များ ကိုင်ဆောင်၍ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်မည်ကို ပြင်သစ် အစိုးရက စိုးရိမ် ပူပန်လျက် ရှိကြောင်း လုံခြုံရေး ဆိုင်ရာ တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ ၌ မေလက ဖြစ်ပွားခဲ့သော ဂျူးအမျိုးသား ပြတိုက် တိုက်ခိုက် ခံရမှုတွင် အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့သော အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၌ ပြင်သစ် အမျိုးသား တစ်ဦး ပါဝင်ခဲ့သည်ဟု အစိုးရက ယူဆခဲ့သည်။ ယင်းတိုက်ခိုက်မှု ၌ လူလေးဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသော ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့များတွင် ဥရောပ နိုင်ငံသား ၂ဝဝဝ ခန့် ပါဝင်လျက် ရှိကြောင်း လုံခြုံရေး ဆိုင်ရာ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။
PyiChitThar

0 comments:

Post a Comment