မိမိတို့၏ အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ ဟု ဂါရတ်ဘေးလ် ကြွေးကြော်


ရီးရဲလ်ကွင်းလယ် တောင်ပံကစားသမား ဂါရတ်ဘေးလ်က ဘေဆယ်အသင်းကို ချန်ပီယံလိဂ် ပွဲစဉ်တွင် ဂိုးပြတ် အနိုင်ရခြင်းမှာ အသင်း၏ အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ရီးရဲလ် အသင်းသည် လာလီဂါ ပြိုင်ပွဲတွင် မြို့ခံ ပြိုင်ဘက် အက်သလက်တီကို ရှုံးနိမ့်ပြီးနောက် ဘေဆယ်ကို အနိုင်ရခဲ့ သဖြင့် ဂါရတ်ဘေးလ်က ယခုကဲ့သို့ ဆိုခဲ့ခြင်း ဖြစ်သည်။ ရီးရဲလ်အသင်းသည် ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ် ဆုဖလားကို (၁၀) ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပြီး ယခုရာသီ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ဂိုးပြတ် အနိုင်ရသဖြင့် ချန်ပီယံဆုကို ကာကွယ်ရန် ယုံကြည်ချက်များ တိုးပွားလာခဲ့ဟု ဂါရတ်ဘေးလ်က ယူဆထားသည်။

ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင် ပြီးတဲ့နောက် ကျွန်တော်တို့ဟာ အကောင်းဆုံး စွမ်းဆောင်ပြဖို့ လိုနေတယ်လို့ သိရှိပြီးသား ဖြစ်ပါတယ်။ ကျွန်တော် တို့ ဖြစ်အောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့လိုတဲ့ အချိန်မှာ ရလဒ်ကောင်းယူ နိုင်ခြင်းဟာ ကျေနပ်စရာ ဖြစ်ပါတယ်။ ဝေဖန်မှုတွေကို ဂရုစိုက်မှာ မဟုတ်ဘဲ ရလဒ်ကောင်းရေး အတွက်ပဲ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ ကွင်းအတွင်း ရလဒ်ကောင်းခဲ့ရင် ပရိသတ်တွေရဲ့ ထောက်ခံမှုကို ရရှိမှာ ဖြစ်ပါတယ် ဟု အသက်(၂၅) နှစ် အရွယ်ရှိ ဂါရတ်ဘေးလ်က ဆိုခဲ့သည်။

အခြားသတင်း တစ်ရပ်အရ ရီးရဲလ် အသင်းနည်းပြ အန်ဆလော့တီသည် ဂိုးသမား ကာဆီးလက်စ်အပေါ် လှောင်ပြောင်မှုများအား ရပ်တန့်ရန် တောင်းဆို လိုက်ကြောင်း သိရသည်။ အန်ဆလော့တီက ကျွန်တော်တို့ အကောင်းမြင် စိတ်ပဲရှိစေချင် ပါတယ်။ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေဟာ ဒိုင်လူကြီးရဲ့ ၀ီစီသံတွေကို မကြားရတော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘေဆယ်နဲ့ ပွဲမတိုင်မီ ကတည်းက ဂိုးသမားအကြောင်း ပြောနေမှာ မဟုတ်လို့ ပြောပြီး သားပါ။ ကာဆီးလက်စ်ရဲ့ စွမ်းဆောင်ရည်ကို ကြိုက်လို့ အသုံးပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့ အမြဲ ကြိုးစားနေပါတယ် ဟု ဆိုခဲ့သည်။

ဖိုးသူတော်(www.phothutaw.com)
Credit : Messenger

0 comments:

Post a Comment