ပြည့်တန်ဆာလုပ်ငန်းလုပ်သည့်အိမ် ရဲဝင်ဖမ်း ၄ ဦးမိ

စက်တင်ဘာ၁၄ရက်ည၁၁နာရီ မိနစ်၅၀ကနေပြည်တော်ပုဗ္ဗသီရိမြို့နယ်အတွင်း
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ကျော်စောနေသောနေအိမ်အားဝင်ရောက်ဖမ်းဆီး
ရှာဖွေရာ ပြည့်တန်ဆာကိစ္စလုပ်ကိုင်ရန် ရောက်ရှိနေသောအမျိုးသမီးလေးဦးနှင့်အတူ
ကြီးကြပ်သူနှင့်မန်နေဂျာအမျိုးသားနှစ်ဦးတို့ကိုဖမ်းဆီးရမိ အရေးယူခဲ့သည်။ 
အဆိုပါနေ့ည ၁၁ နာရီ မိနစ် ၅၀ က နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်အောင်သွင်ဦးနှင့်အဖွဲ့
သည်ပတ္တာနယ်မြေရဲစခန်းမှရဲအုပ်နေ၀င်းထွန်းအဖွဲ့ပူးပေါင်းပါဝင်လျက်သက်သေ
များနှင့်အတူ ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်အိမ်အမှတ် (၁၅/၁၂၅၇) ၂၁ လမ်းရှိ 
ဦးစိန်မောင်(၆၅)နှစ်၏နေအိမ်တွင် ပြည့်တန်ဆာလုပ်ကိုင်နေကြောင်း သတင်းအရ ၀င်ရောက်
ရှာဖွေရာ ဦးစိန်မောင်၏ ကြီးကြပ်မှုဖြင့် ဆိုင်မန်နေဂျာဇော်နိုင်အသက်(၃၀) ပဒဲကျေးရွာ တောင်ငူမြို့နယ်နေသူနှင့်ပြည့်တန်ဆာလုပ်ကိုင်ရန်ရောက်ရှိနေသော
မဌေးဌေး (၃၂)နှစ် ကျောက်တန်းမြို့ ရန်ကုန်တိုင်းဒေသကြီး၊ မကေသွယ် (၂၂)နှစ်
အမှတ် (၂၃)ရွှေညောင်ပင်ရပ် လှိုင်သာယာ၊ ရန်ကုန်မြို့နေသူနှင့် ပြည့်တန်ဆာ
ပျော်ပါးရန် အသွင်ယူရောက်ရှိနေသူ ကိုထွန်းထွန်းဆိုသူတို့ အားကြိုတင်မှတ်သား
ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူလေးရွက်နှင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရာတွင်
အသုံးပြုသောသက်သေခံဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိသိမ်းဆည်းရမိ
ခဲ့သည်။ 
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ မဌေးဌေးပါ လေးဦးတို့အားပတ္တာနယ်မြေရဲစခန်းမှ
(ပ)၆၄/၂၀၁၄၊ပြည့်တန်ဆာအက် ၃(က)ဖြင့် အရေးယူထားပြီး ပြည့်တန်ဆာလုပ်ငန်း
ကြီးကြပ်သူဦးစိန်မောင်နှင့်မန်နေဂျာလုပ်ကိုင်သူဇော်နိုင်တို့အား(ပ)၆၃/၂၀၁၄၊
ပြည့်တန်ဆာအက် ၅(၁)/၈ဖြင့် အရေးယူထားသည်။

စံတော်ချိန်

0 comments:

Post a Comment