၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကို ဒီဇင်ဘာလ ၂၇ ရက်တွင် Myanmar Event Park ၌ ကျင်းပမည်


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ကြီးမှူး ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ် ၊ ရှင်စောပုလမ်း ရှိ Myanmar Event Park ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ 

" အကယ်ဒမီ အတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှု ကလည်း ပြီးသလောက် ဖြစ်နေပါပြီ ၊ နောက်လထဲမှာ အကယ်ဒမီ စင်မြင့် ဆောက်ဖို့ ၊ အကယ်ဒမီ ဗန်းကိုင်ရွေးဖို့ ကိစ္စတွေ စလုပ်တော့မယ် ၊ ဒီဇင်ဘာလ ၂၇ ရက်ကို ရွေးလိုက် တာကလည်း အဲဒီရက်က စနေနေ့လည် ဖြစ်တယ်။ နေ့ကောင်း ရက်သာလည်း ကျတဲ့အတွက် ရွေးလိုက် တာပါ ... " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 


ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ၂ဝ၁၃ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သော ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်၊ ပြုံးပြုံး ပျော်ပျော် ထော်လော် ကန့်လန့်၊ စေတန်ရဲ့ ကချေသည်၊ အလန်းဇယား- ၂၊ နင်စေရင်၊သေးသေးလေး ပဲလား ကြီးကြီးလား၊ ကြယ်စင်မော်ကွန်း၊ ဟတ်ကော့၊ လူရွှင်တော် အိပ်မက်၊ ဆယ့်နှစ်နာရီ သတို့သား၊ စုန်းပြူး၊ ရက်စ်ဘော့စ်၊ အဖြူရောင် ရဲတိုက်၊ အမိုက်စား၊ ကိုယ့်အထာ နှင့်ကိုယ် စသည့် ဇာတ်ကားများ ထဲမှစုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင် ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကား ခြောက်ကားကို နောက်ဆုံး ဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ် ထားကြောင်း သိရသည်။ 


မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့မှ ဇူလိုင်လတွင် ဇာတ်ကားများ ကြည့်ရှု ခဲ့ကြပြီး ဆန်ခါတင် ဇာတ်ကား ခြောက်ကားကို ရွေးချယ် ပေးခဲ့သည်။ ယင်း ဇာတ်ကား ခြောက်ကားကို မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ ဒုတိယအဆင့် စိစစ် ရွေးချယ်ရေး အဖွဲ့မှ သြဂုတ် ၁၈ ရက်က စတင် ကြည့်ရှု အကဲဖြတ် ခဲ့ကြောင်း သိရသည်။ 


မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၅၂ ခုနှစ် မှ စတင်ချီးမြှင့် ခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန်မြို့ မြို့တော်ခန်းမ၊ ဝိဇယ ရုပ်ရှင်ရုံ၊ ရုပ်ရှင် မြှင့်တင်ရေး၊ စက်မှု အထက်တန်းကျောင်း၊ ရုပ်ရှင်ပြဇာတ် အစည်းအရုံး၊ ဂျူဗလီဟောဝင်း၊ မြန်မာ့အသံ မြက်ခင်းပြင်၊ လဟာပြင် ကဇာတ်ရုံ၊ နဝဒေး ရုပ်ရှင်ရုံ၊ အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ တို့တွင် ကျင်းပခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှ စပြီး နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ၂ဝ၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲနှင့် ၂ဝ၁၂ ခုနှစ် အတွက် ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲ များကို သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံတွင် ပြန်လည် ကျင်းပခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ပထမဆုံး အနေဖြင့် Myanmar Event Park ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇) 
Themyawadadaily

အပြာကားထွက်လာမှုကို တရားဥပဒေအရ တုန့်ပြန်တော့မည့် အဆိုတော်မလေး


Iggy Azalea ဟာ သူမရဲ့ အမည်နဲ့ ဓါတ်ပုံကို သုံးထားတဲ့ အပြာရုပ်ရှင်ထွက်ရှိလာမှုအတွက် တရားဥပဒေအရ တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အပျော်တမ်း Porn သရုပ်ဆောင် Azalea ပါဝင်ထားတဲ့ အပြာရုပ်ရှင်မှာ သြဇီ MC Iggy Azalea ဟာ မှားယွင်းစွာ သတ်မှတ်ခံရပြီး ကောလာဟာလ ဖြစ်လာခဲ့တာပါ။ Iggy Azalea ရဲ့ ဥပဒေပိုင်း တာဝန်ရှိသူတွေဟာ ကျော်ကြားတဲ့ Porn ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Vivid Entertainment ကို စာပို့ထားပြီးဖြစ်ပါတယ်။ထို Entertainment ဟာ Iggy Azalea ကို အမှတ်အသားတစ်ခုအဖြစ် အသုံးပြုပြီး ရောင်းအားကောင်းရန် စွပ်စွဲအသုံးပြုထားမှုအတွက် တရားစွဲဆိုမှုနဲ့ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို စာပို့ထားခဲ့တာဖြစ်ပါတယ်။ Iggy Azalea ပါဝင်တယ်လို့ စွပ်စွဲထားတဲ့ ထိုSex Tape မှာပါဝင်တဲ့ Hefe Wine ဆိုသူက ထို ဗီဒီယို ကို ရိုက်ကူးစဉ်က Azalea ဟာအသက်ငယ်သေးပြီး ရိုက်ကူးနေမှန်းကိုလည်း သူမ သိပြီးဖြစ်ကြောင်းနဲ့ ထိုဗီဒီယိုဟာ သူ့ရဲ့ကွန်ပျူတာထဲက ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း အခိုင်အမာဆိုထားပါတယ်။TMZ ရဲ့ဖော်ပြချက်အရ၊Vivid စာပို့သတိပေးခံထားရတဲ့ကြားထဲက ထို Sex Tape ကို ဈေးကွက်အတွင်းရောင်းချနေဆဲ ဖြစ်တယ်လို့သိရပါတယ်။Ref:xxlmag.com
Trend Myanmar

ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှုအတွက် ခေါ်ယူမေးမြန်းခဲ့သည့် မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့ ပြန်လွှတ်ပေးလိုက်ပြီ


ကမ္ဘာလှည့် ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရမှုတွင် မသင်္ကာသဖြင့် ခေါ်ယူ မေးမြန်းခဲ့သည့် မြန်မာ လုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အသက်(၂၄)နှစ်ရှိ ဒေးဗစ်မီလာနှင့် အသက်(၂၃)နှစ်အရွယ် ဟန်နာဝီသာရစ်ခ်ျတို့၏ ရုပ်အလောင်းများကို ခိုဖန်ဂန်းရှိ အပျော်တမ်း ရေငုပ်သည့် နေရာတစ်ခုအနီး ဘန်ဂလို တစ်ခုနှင့် မလှမ်းမကမ်းတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ ဗြိတိန်နိုင်ငံသား စုံတွဲ၏ အလောင်းများသည် ဝတ်လစ်စားလစ် ဖြစ်နေပြီး သေသည်အထိ ရိုက်နှက်နှိပ်စက်ခံထားရကြောင်း ရဲများက ဆိုသည်။ အလောင်းများနှင့် (၃၅)ကိုက်မျှ အကွာတွင် သွေးစွန်းနေသော ပေါက်ပြားတစ်လက်ကိုလည်း သိမ်းယူရမိခဲ့သည်။ စက်တင်ဘာ (၁၆)ရက်နေ့ ညနေပိုင်းတွင် မှုခင်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အလောင်းများကို ဘန်ကောက်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

အစောပိုင်းက မြန်မာအမျိုးသား လုပ်သား(၃)ဦးကို ခေါ်ယူမေးမြန်းခဲ့သော်လည်း အမှုနှင့် မပတ်သက်နိုင်ကြောင်း ဆုံးဖြတ်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်းတောင်ပိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ပန်ယာမာမန်က ပြောကြားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာနဲ့ အဝေးကြီးမှာ သူတို့တွေ ရှိနေတာပါ။ သူတို့နဲ့ ဘာမှ ပတ်သက်ပုံ မရပါဘူး”ဟု ပန်ယာက ဆိုသည်။ သို့သော်လည်း အမျိုးသားများထံမှ DNA မှတ်တမ်းများကို ရယူထားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ မှုခင်းနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ၎င်းက သတင်းထုတ်ပြန်ပေးရန် ငြင်းဆိုခဲ့သည်။

သေဆုံးသူများနှင့်အတူ ခရီးထွက်လာသည့် အခြားဗြိတိန် ကမ္ဘာလှည့် ခရီးသည်များသည်လည်း လူသတ်မှုနှင့် ဆက်နွယ်မှုရှိသည့် အထောက်အထားမျိုး မတွေ့ရဟု ရဲတပ်ဖွဲ့က ဆိုသည်။ စက်တင်ဘာ (၁၆)ရက် နံနက်အစောပိုင်းက မြန်မာလုပ်သားများ နေထိုင်ရာ တဲအိမ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေသည့် သတင်းဗီဒီယိုများကို ထိုင်းရုပ်မြင်သံကြား ဌာနတစ်ခုက ပြသခဲ့သေးသည်။

ရဲတပ်ဖွဲ့က သေဆုံးသူ နှစ်ဦးသည် အခင်းမဖြစ်မီ နာရီပိုင်း အလိုက ဒေသတွင်းရှိ အရက်ဘား တစ်ခုတွင် ပါတီပွဲ တက်ရောက်နေခဲ့ကြောင်း မျက်မြင်များ၏ အဆိုကို ကိုးကား၍ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်အစိုးရ အာဏာသိမ်းယူပြီးနောက် နေဝင်မီးငြိမ်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် သက်ရောက် ထိခိုက်မှုများ ရှိခဲ့သည်။ ကမ္ဘာလှည့် ခရီးသွားများ အဓိက သွားရောက်လည်ပတ်သည့် ဒေသအများအပြားတွင် အဆိုပါ အမိန့်ကို အလျင်အမြန် ပြန်လည် ဖယ်ရှားခဲ့သော်လည်း ထိုင်း၏ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ အရှိန်အဟုန် အတန်ငယ် တုံ့ဆိုင်းနေဆဲဖြစ်သည်။

7 Days

Red Bull အမှတ်တံဆိပ် အချိုရည်ဘူးများကို သတိပြု ၀ယ်ယူသုံးစွဲ ကြရန် လိုအပ်


Red Bull အမှတ်တံဆိပ် ဖြင့်တုပ၍ ထုတ်လုပ် ထားသော အချိုရည် ဘူးများ ဈေးကွက် အတွင်း ဝင်ရောက် နေသဖြင့် ရောင်းချသူများ နှင့် သုံးစွဲသူ ပြည်သူများ မှန်ကန် သော ပစ္စည်း အမျိုးအစားကို ဝယ်ယူ အသုံးပြု နိုင်ကြစေရန်၊ သတိပြုမိ စေရန် အချိုရည်ဘူး များကို တရားဝင် လိုက်လံ ဖြန့်ချိသည့် ကုမ္ပဏီ ဝန်ထမ်းများက ပစ္စည်း ပို့ဆောင်၍ အသိပေး ပြောကြားလျက် ရှိကြောင်း သိရသည်။

အဆိုပါ Red Bull အမှတ်တံဆိပ် ပါ အချိုရည်ဘူး များကို အထက် မြန်မာပြည် ကိုယ်စားလှယ် အဖြစ် (FT) FOOD TECH Co., Ltd အမှတ်(၁၆၅)၊ ၂၉လမ်း၊ ၈၂- ၈၃ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ် မန္တလေးမြို့ မှ ဖြန့်ချိခြင်း ဖြစ်ပြီး ယခုကဲ့သို့ အချိုရည်ဘူး အတုများ တရားမဝင် ဝင်ရောက် လာမှုအပေါ် ကုမ္ပဏီနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များ ပူးပေါင်း၍ ရှာဖွေ သိမ်းဆည်း စစ်ဆေး အရေးယူ မှုများ ပြုလုပ် နေကြပြီ ဖြစ်ကြောင်း သိရသည်။

''ဒီ အချိုရည်ဘူး တွေကို သတိထားပြီး မကြည့်ရင် အတုအစစ် ခွဲခြားဖို့ မလွယ်ပါဘူး။ အတု ထုတ်လုပ် ရောင်းချ သူတွေက အမှတ်တံဆိပ် နဲ့ ဘူး အရွယ်အစားကို တစ်ပုံစံတည်း တူအောင် ပြုလုပ်ထား ကြပါတယ်။ သေသေချာချာ ကြည့်ရင် ကွဲလွဲချက်တွေ ရှိပါတယ်။ ပထမ အချက်က အဖုံးဖွင့်တဲ့ ကလစ်ပုံစံနဲ့ ဒုတိယအချက် က ထုတ်လုပ်တဲ့ ကုမ္ပဏီ အမည်ကို နေရာတူမှာ ထင်ယောင် ထင်မှား ရိုက်နှိပ် ထားတာပါ။ အချိုရည်ဘူး အစစ်ရဲ့ အဖုံးဖွင့် ကလစ်က အနည်းငယ် လေးထောင့် ဆန်ပြီး အချိုရည်ဘူး အတုရဲ့အဖုံး ဖွင့်ကလစ်က (အို) ပုံသဏ္ဌာန် ရှိပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီ အနေနဲ့ အစစ်က T.C PHARMACEUTICAL INDUSTRIES CO., Ltd Thailand ဖြစ်ပြီး ဘူးအတု တွေမှာက GOLDEN TRIANGLE FOOD CO., Ltd MYANMAR လို့ ရေးသားထား ပါတယ်။ ခရီးသွား လာရင်း အလွယ်တကူ ဝယ်ယူ သုံးစွဲကြရင် အဖုံးဖွင့် ကလစ်ကို ကြည့်ပြီး ဝယ်နိုင် ပါတယ်။ အခု Red Bull အချိုရည် စက်ရုံကို ပြည်တွင်းမှာတင် တည်ဆောက် ထုတ်လုပ်ဖို့ ဆောင်ရွက် နေပါတယ် ... '' ဟု ကုမ္ပဏီ ဝန်ထမ်းတစ်ဦး က ပြောပြ၍ သိရသည်။

#Yadanarpondaily

ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေသူ ဇနီးသက်သေထွက်စဉ် ဓားဖြင့်ထိုး


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံးတွင် ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေသူ အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီက တရားခွင်တွင် သက်သေထွက်ဆိုနေသည့် ဇနီးဖြစ်သူကို အသင့်ပါလာသည့် ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ အမျိုးသားသည် အသင့်ယူဆောင်လာသည့် အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးရာ အမျိုးသမီး ဖြစ်သူမှာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ၊ ဝဲလက်ခုံ ပြတ်ရှဒဏ်ရာများ ရရှိသွားကာ ကျောက်ဆည်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိပြီး ဓားဒဏ်ရာမှာ အဆုတ်ကို မထိသော်လည်း အောက်ဆီဂျင်ပေး၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်ဆည် မြို့မရဲတပ်ဖွဲ့စခန်းတွင် အမျိုးသား ဖြစ်သူကို (ပ) ၄၂၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၇ အရ အမှုဖွင့် ဖမ်းဆီး၍ သက်သေခံ ပစ္စည်းများကို သိမ်းဆည်း ထားရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါ အမျိုးသားသည် ဇနီးဖြစ်သူကို သတိမေ့အောင် ရိုက်နှက်ခဲ့သဖြင့် မေလ ၅ ရက်နေ့တွင် ယောက္ခမဖြစ်သူက ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် တရားရုံးတွင် ရာကြီးအမှတ်၊ ၃၅၃၂/၂၀၁၄ ဖြင့် လက်ခံစစ်ဆေးလျက် ရှိစဉ် ယင်းသို့ ဓားထိုးမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့မရဲစခန်းတွင်လည်း သြဂုတ်လ ၃၁ ရက်နေ့က အိမ်ထောင်ကွဲနေသော ဇနီးမောင်နှံနှစ်ဦး တာဝန်ကျ ရဲအရာရှိ အရှေ့တွင် စစ်ဆေးခံနေစဉ် ခင်ပွန်းသည်က အသက် ၁၇ နှစ်အရွယ် ၎င်း၏ဇနီးကို ဓားဖြင့် ထိုးသတ်ခဲ့သည်။

တောင်ငူမြို့နယ် ကေတုမတီမြို့သစ် နတ်သျှောင်နောင်လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ သြဂုတ်လ ၃၁ ရက်နေ့ က ညောင်လေးပင် မြို့နယ်ရှိ ညောင်ကိုင်း တက္ကသိုလ်သို့ လက်တွေ့သင်တန်း တက်ရောက်နေစဉ် ၎င်း၏ခင်ပွန်းက စားသောက်ဆိုင်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် အမျိုးသမီး၏ မိဘများ ရောက်ရှိလာပြီး ရဲစခန်း ခေါ်ဆောင်သွားရာမှ ရဲစခန်းတွင် ယင်းနေ့ ညနေ ၄ နာရီခန့်က အသတ်ခံရကြောင်း သေဆုံးသူ အမျိုးသမီး၏ ဖခင် ဦးဇော်ဝမ်းက ရှင်းပြခဲ့သည်။




The Voice Weekly

ထိုင်းနှင့်မြန်မာအချစ်ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသပြီ


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀ တစိတ်တပိုင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ “ဘယ်လို အချစ်မျိုးလဲ” ဆိုတဲ့ ဇာတ်ကားကို မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ ရုံရှင်ရုံကြီးတွေမှာ ရုံတင်ပြသပါတော့မယ်။

ဒီဇာတ်ကားမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတယောက်နဲ့ ထိုင်းကောင်မလေးတ ယောက် တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Dan အဖြစ်သရုပ်ဆောင်သူကတော့ မြန်မာအလုပ်သမား ကိုအောင်နိုင်စိုးဖြစ်ပြီး မင်းသမီး Kay ဖြစ် ထိုင်းအမျိုးသမီးလေး Kaew တို့က ပါဝင်သရုပ် ဆာင်ထားပြီး မင်းသားရဲ့ သူငယ်ချင်းတွေကလည်း ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဘန်ကောက်မြို့ကို အလုပ်လုပ်ဖို့ ရောက်ရှိနေတဲ့ မြန်မာကောင်လေးက ထိုင်းကောင် မလေးကို ဘတ်စ်ကားပေါ်တွေ့တွေ့ချင်း ချစ်မိပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်း ဖြစ်တည်လာပုံကို ဖော်ကျူး ထားတာပါ။ ဒါ့ပြင် ဒီ ဇာတ်ကားမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို အာဆီယံနိုင်ငံတွေ အားလုံး ပါဝင်တဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်း လေးက တဖက်တလမ်းကနေ အထောက်အကူ ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက ထိုင်းရုပ်သံ အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံမှာတုန်းက လယ်သမားမိသားစုကနေ မွေးဖွားကြီးပြင်းလာပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရင်းကနေ ထိုင်းနိုင်ငံက ရိုက်ကူးတဲ့ “ဘယ်လို အချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ကိုအောင်နိုင်စိုးကို ဇာတ်ကား ရိုက်ကူးမှုများ ပါဝင်ခဲ့ရပုံ၊ ကြုံတွေ့ရတဲ့ ရိုက်ကွင်းအတွေ့အကြုံတွေနဲ့ သူ့ဘ၀ အကြောင်း တစေ့တစောင်းနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
အသံဖိုင်ကို နားဆင်ရန်
https://soundcloud.com/dvbradio/nr-interview-with-aung-nai-loe-17092014

စစ်တွေတွင် အမေရိကန်လုပ် လက်ပစ်ဗုံး ၂ လုံး ဖမ်းမိ



ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညနေက အမေရိကန်လုပ် လက်ပစ်ဗုံး (၂) လုံးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှတဆင့် သိရှိရသည်။

ယင်းလက်ပစ်ဗုံးမှာ အမေရိကန်လုပ် အမျိုးအစားဖြစ်ပြီး စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှူးက ပြောသည်။

“ စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ကသဲရပ်ကွက်၊ ဆတ်ရိုးကျချောင်းဆိပ်ခံတံတား (အမှတ် ၁၉)မှာ ဆိုက်ကပ်ထားတဲ့ စက်လှေတစ်စီးပေါ်က မိတာပါ။ မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၉ နာရီခန့်မှာ သက်ဆိုင်ရာက တွေ့ရှိသိမ်းဆည်းရမိပါတယ်” ဟု သူက ဆိုသည်။

လက်ပစ်ဗုံးများကို စစ်တွေမြို့မှ ဦးဟန်သိန်းပိုင်ဆိုင်သော “မင်းမင်းဝင်း”အမည်ရှိ စက်လှေပေါ် တွင် အမဲရောင်ပလပ်စတိတ်အိတ်ဖြင့် ထည့်လျက်အနေအထားဖြင့်သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလက်ပစ်ဗုံး (၂) လုံးနှင့် ဆက်စပ်ပြီး ယင်းစက်လှေမှ လုပ်သား တစ်ဦး ဖြစ်သူ မောင်ကြီးယေ(၂၃ နှစ်)ကိုလည်း ဖမ်းဆီးထားကြောင်း ယနေ့ နံနက်ပိုင်းက နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ယင်းအမူနှင့် ဆက်စပ်ပြီး ဆင်ကူးလမ်းရပ်ကွက်မှ ဦးကျော်တင်(၄၉ နှစ်)၏ အိမ်သို့ဝင်ရောက်ရှာဖွေရာ နောက်ထပ် ယမ်းတောင့် သုံးခုကိုပါ ဆက်လက်ရှာဖွေသိမ်းဆည်းရမိသည်ဟု စခန်းမှူးက ဆက်ပြောသည်။

“လက်ကိုင်ဗုံးတွေကတော့ အမေရိကန်လုပ်ပေါ့နော်။ စက်လှေပေါ်မှာ မောင်ကြီးယေဆိုတဲ့စက်လှေ လုပ်သားကောင်လေးတစ်ယောက်နဲ့အတူတွေ့တာပါ။ ဆင်ကူးလမ်းရပ်ကွက်က ဦးကျော်တင်က ယူလာတာ ကိုမြင်ပါတယ်လို့ သူကဖြေပါတယ်။ ဆက်ရှာဖွေတော့ နောက်ထပ် ယမ်းတောင့် သုံးခုကိုပါ ဖမ်းမိတယ်။ ခု ဦးကျော်တင်ကိုလည်း ဖမ်းဆီးထားပါတယ်”ဟု ဆိုသည်။

အဆိုပါဗုံးများကို ၂ဝ၁၂ ခုနှစ်အတွင်းက ဘင်္ဂါလီစက်လှေတစ်စီးပေါ်မှ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခြင်း မပြုဘဲ ပင်လယ်ပြင်သို့ထွက်ခွာသည့်အခါ လုံခြုံမှုရှိစေရန် ယခုကဲ့သို့ လှေပေါ်တွင် သိမ်းဆည်းထား ခြင်းဖြစ်ကြောင်း ဦးကျော်တင်အား ကနဦးစစ်ဆေးစဉ် ထုတ်ဖေါ်ပြောဆိုသည်ဟု စခန်းမှူးက ဆိုသည်။

အမှုကို စစ်တွေမြို့မရဲစခန်းက ၁၉/၆ လက်နက်ပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

( နိရဉ္စရာ၊ ၁၇ စက်တင်ဘာ ၂၀၁၄) / ခိုင်ခိုင်ဇံ

ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး လုပ်သား Alan Henning ကို ပြန်လွှတ်ပေးရန် အယ်လ်ကိုင်ဒါ အဖွဲ့က ISIS စစ်သွေးကြွ အဖွဲ့ကို တောင်းဆို



ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်လျက် ရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုကို တုံ့ပြန်သည့် အနေဖြင့် ထပ်မံ ခေါင်းဖြတ် သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း ခံထားရသည့် ဗြိတိန်နိုင်ငံမှ အကူအညီ ပေးရေး လုပ်သား ဖြစ်သူ Alan Henning ကို လူသားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ပြန်လည်လွှတ် ပေးရန် အယ်လ်ကိုင်ဒါ အဖွဲ့က ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ကို တောင်းဆို ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာ တစ်စောင်၏ ဖော်ပြချက် အရ သိရသည်။
အမေရိကန် ပြည်ထောင်စုတွင် အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင် ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံထားရသည့် ဗြိတိန်နိုင်ငံသား Alan Henning ကို ပြန်လည် လွှတ်ပေးရန်နှင့် ၄င်းသည် ဒေသခံပြည်သူများ ဒုက္ခဆင်းရဲ နှင့် ကြုံတွေ့နေရမှု အပေါ် လာရောက် အကူအညီ ပေးအပ်နေသူ တစ်ဦး ဖြစ်သောကြောင့် ၄င်းကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Alan Henning သည် ယခင်က အငှားယာဉ်မောင်း တစ်ဦးဖြစ်ပြီး ဆီးရီးယား နိုင်ငံအတွင်း ရှိ ဒုက္ခသည်များ ကို အကူအညီ ပေးရန်အတွက် ဇနီးဖြစ်သူ နှင့် သား၊ သမီးနှစ်ဦးကို ခေါ်ဆောင်၍ ဆီးရီးယား နိုင်ငံ အတွင်းရှိ အယ်လ်ဒါနာမြို့ သို့ လွန်ခဲ့သည့် နှစ်အတွင်းက ရောက်ရှိ လာခဲ့သူ ဖြစ်ကြောင်း သိရသည်။

၎င်းသည် အစ္စလာမ္မစ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို လွန်ခဲ့သည့် ဒီဇင်ဘာလ အတွင်းက ခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းကို ပြန်လည် လွှတ်ပေးရန် တိုက်တွန်း ပြောကြား ထားသည့် အယ်လ်ကိုင်ဒါ အဖွဲ့၏ တောင်းဆိုချက် သည် အဆိုပါ အစ္စလာမ္မစ် စစ်သွေးကြွ များက အနောက်နိုင်ငံ များမှ ဓားစာခံ သုံးဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်း ၏ ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရပြီး နောက်ပိုင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

PyiChitThar

အိပ်စရာနေရာ ရရန် မိန်းကလေးများနှင့် ညတိုင်းတွဲသည့် အိမ်ယာမဲ့


နယူးယော့ခ် မြို့ တော် မန်ဟတ်တန်ရှိ အိမ်ခြေယာမဲ့တစ်ဦးသည် ညတိုင်းလိုပင် မိန်းကလေးများနှင့် အတူလိုက်အိပ်ကာ အိပ်စရာ အခက်အခဲကို ဖြေရှင်းလျှက် ရှိသည်ဟု Mirror သတင်းဌာနက ဖော်ပြသည်။



အသက် ၂၁ နှစ်ရှိ ရုပ်ဖြောင့်သော ဂျိုးဆိုသည် အိမ်ခြေယာမဲ့က ခြေသလုံးအိမ်တိုင် ဘဝပင် ဖြစ်သော်လည်း ယောက်ျား အများစု အားကျယူရ လောက်အောင် မိန်းများကို ဆွဲဆောင်နိုင်သည်ဟု mirror သတင်းကရေးသားသည်။

ဂျိုးက နေ့ ခင်းချိန်များတွင် အလှဆီများ ခေါင်းလိမ်းဆီများကို နမူနာ အခမဲ့သုံးနိုင်သော ဆိုင်များသို့ သွားရောက်ယူကာ သူ့ ရုပ်ရည်ရူပကာ အတွက် ပြင်ဆင်သည်။ တောင်းရမ်း ရသော ငွေကြေး အချို့ ကိုလည်း အသုံးသည်။

"နယူးယော့ခ် မြို့ တော်ကြီးက အံ့သြစရာ အပြည့်ပါ။ ၈၉ သန်း ရှိတဲ့ လူဦးရေမှာ မိန်းကလေး တွေကို စိတ်တိုင်းကျ တွဲနိုင်တယ်" ဟု ဂျိုးကပြောသည်။

"မိန်းကလေးတွေကို အရောဝင်တယ်။ နောက် အတူသောက်စား ကြပြီး အတူအိပ်ခွင့် ရတော့တာ ပါပဲ"ဟုလည်း ဂျိုးက ဆက်၍ ပြောသည်။

ဂျိုးသည် နေ့ စဉ် အလွန်အကျွံ့  သောက်စားသူ တစ်ဦး ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံထားသည်။ ၎င်းအိမ်ခြေယာမဲ့ ဘဝသို့ ရောက်ရှိခဲ့ သည်မှာလည်း မူးယစ် ဆေးဝါးများ ဖွက်ထားသည်ကို မိခင် ဖြစ်သူက တွေ့ ရှိသွား၍ အိမ်မှ နှင်ချ ခံခဲ့ရခြင်း ဖြစ်သည်။
by Mizzima News

သျှီဝနတ်ဘုရား ဝင်စားသည်ဟု ဆိုသော မျက်လုံးသုံးလုံးနှင့် နွားကလေး တစ်ကောင် အိန္ဒိယတွင် မွေးဖွား

အိန္ဒိယ နိုင်ငံတွင် မျက်လုံးသုံးလုံး ပါရှိပြီး မွေးလာသော နွားပေါက်လေး တစ်ကောင်သည် နိုင်ငံ တစ်လွှား ဟိန္ဒူ ဘာသာဝင် များ၏ နတ်ဘုရား ပြန်ဝင်စားသည်ဟု စွဲမှတ်ကာ အထွဋ်အမြတ် ထားခြင်း ခံရလျက် ရှိသည်။



ဦးခေါင်းရှေ့ မျက်လုံးနှစ်လုံးကြား နှဖူး အလယ်တွင် တတိယ မျက်လုံး ပါရှိလာသော နွားပေါက်လေးသည် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်ကြာက ပေါက်ဖွား ခဲ့ခြင်း ဖြစ်ကာ ဟိန္ဒူ ဘာသာဝင်များက ဆုတောင်းခြင်း၊ ကောင်းချီး ပေးခြင်းများ ပြုလျက် ရှိကြသည်။

နွားပေါက် ပိုင်ရှင် မိဂါလာက တန်ခိုးတော်ရှင် အဖြစ် ဖော်ညွှန်း၍ သျှီဝဟုပင် အမည်ဆင်တူ မှည့်ယူထား သလို ယင်းနွားပေါက်ငယ် လေးကို မျက်လုံးသုံးလုံး ပါရှိသော သျှီဝ နတ်ဘုရား ပြန်ဝင်စားသည်ဟု သက်ဝင်ယုံကြည် ကြသူများလည်း အများအပြား ရှိနေသည်။

နွားပေါက်လေး၏ ဂုဏ်သတင်းက တမီးလ်နာဒူ ပြည်နယ်တွင်း အထူး ပျံ့နှံ့လျက် ရှိပြီး ရာနှင့်ချီသော လူများက နွားပေါက်လေးကို ဖူးမြှော်ခွင့် ရရန်နှင့်၊ ဆုတောင်းခယ ဝပ်တွားရန် တိုးဝှေ့ လျက် ရှိနေသည်။

ဟိန္ဒူ ကလေးငယ်များက နောင်ရေး ကံဇာတာကောင်းများ ဆောင်ကြဉ်းလာ နိုင်သည်ဟု ယုံကြည်မှုဖြင့် နွားလေး၏ ဦးခေါင်းကို ပွတ်သပ်ကြသည်။ ဟိန္ဒူဘာသာ အယူအဆအရ သျှီဝနတ်ဘုရားသည် အဦးဆုံးနတ်ဘုရားများက တစ်ပါးအပါအဝင်ဖြစ်ပြီး ယောဂနှင့် အနုပညာကို စောင့်ရှောက်သည်ဟု ယုံကြည် သက်ဝင်ထား ကြသည်။
by Mizzima News

လိင်ပိုင်းဆိုင်ရာ နှိုးဆွပေးနိုင်တဲ့ အရုပ်တွေကို သဘောကျလွန်းလို့ အဲ့ဒီလိုဖြစ်အောင် ပလတ်စတစ်ဆာဂျရီလုပ်လိုက်တဲ့ ပြင်သစ်မော်ဒယ်လေး



ပြင်သစ်မော်ဒယ် Victoria Wild ဟာ လိင်ပိုင်းဆိုင်ရာနှိုးဆွပေးတဲ့ အရုပ်မတွေရဲ့ ပုံသဏ္ဍာန်အတိုင်း လိုချင်တဲ့အတွက် သူမရဲ့ဆန္ဒပြည့်ဝစေဖို့ ဒေါ်လာ 38823 အကုန်ခံပြီး ပလတ်စတစ်ဆာဂျရီ လုပ်ခဲ့ပါတယ်။ အသက် ၃၀ရှိပြီဖြစ်တဲ့ Victoria Wild ဟာ မော်ဒယ်အလုပ်က ရရှိထားတဲ့ ပိုက်ဆံရယ် သူရည်းစားက ထောက်ပံ့ပေးတဲ့ ပိုက်ဆံနှစ်ခုပေါင်းပြီး ခုလို ခွဲစိတ်ပြုပြင်ခဲ့တာပါ။


"ဘယ်သူကများ အရုပ်မတစ်ယောက်နဲ့ မခင်မင်ချင်ရှိလိမ့်မလဲ။ ကြည့်လိုက်တာနဲ့ ဆက်စီကလည်း ကျတယ်။ လမ်းမဆိုကျွန်မကို လူတွေက ငေးငေးကြည့်သွားကြတာ။ သူတို့အဲ့ဒီလို မတ်တပ်ရပ်ပြီး လည်ပြန်ငေးခံရတာကို ကျွန်မသဘောကျတယ်။"လို့ တင်ပါးရော၊ ရင်သားပါ ခွဲစိတ်ပြုပြင်ထားတဲ့ Wild က ဖွင့်ဟလိုက်ပါတယ်။

ဒါ့အပြင် သူမက "ကျွန်မငယ်ငယ်တုန်းက တောရွာလေးတစ်ရွာမှာ နေထိုင်ရတဲ့ သာမာန်ကလေးတစ်ယောက်ပါပဲ။ ဒီလို ခွဲစိတ်ပြုပြင်တာတွေဘာတွေ မသိခင်ကတည်းက အရုပ်မတွေအတိုင်း တင်တွေ၊ ရင်တွေ၊ ပြီးတော့ နှုတ်ခမ်းထူထူတွေကို အရမ်းသဘောကျခဲ့တာ။ သူတို့က ဆက်စီကျရုံတင်မကဘူး။ ထက်မြက်တဲ့ပုံ၊ ရဲရင့်တဲ့ပုံမျိုးလည်း ဖြစ်တယ်။ ကျွန်မခေါင်းထဲမှာတော့ ဒါဟာ သိပ်မိုက်တယ်လို့ ထင်မိခဲ့တယ်"တဲ့။

သူမ အသက် ၂၅နှစ်လောက်မှာ သူမရဲ့ချစ်သူ အီတလီစီးပွားရေးလုပ်ငန်းရှင် Simon နဲ့ တွေ့ဆုံခဲ့ကြပြီး သူမရဲ့အိပ်မက်တွေကို လက်လွတ်ဆုံးရှုံးမခံဖို့နဲ့ သူ့ချစ်သူက တိုက်တွန်းခဲ့သလို ငွကြေးအထောက်အပံ့တွေကို သူတတ်နိုင်သလောက် ထောက်ပံ့ပေးသွားမယ်လို့လည်း ဆိုခဲ့တာပါ။

"Simon ဟာ စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးပါ။ သူကိုယ်တိုင်ကလည်း ကျွန်မကြိုက်တဲ့ပုံစံမျိုးကို နှစ်သက်တယ်လို့ ကျွန်မကို ပြောတယ်။ အဲ့ဒါကြောင့်လည်း သူငွေကြေးအကုန်အကျခံပြီး ကျွန်မအိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တာ။ ကျွန်မဖြစ်ချင်တာတွေကို ပုံဖော်ခွင့်ရအောင်လည်း သူက စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တာပေါ့။ ခုဆိုရင် မော်ဒယ်နဲ့ပတ်သက်တဲ့ အလုပ်တွေလည်း ပိုလက်ခံလာရတယ်။ ဒါဘာလို့လဲဆိုတော့ ကျွန်မရဲ့ထူးခြားတဲ့အသွင်သဏ္ဍာန်ကြောင့်ပါပဲ။"လို့ Wild က ထပ်မံပြောကြားသွားပါတယ်။

(မခွဲစိတ်ခင်ပုံနဲ့ ခွဲစိတ်ပြီးပုံ)
Ref:cosmopolitan.com
Trend Myanmar

သင့်ဘေးက သူငယ်ချင်းတွေဟာ စစ်မှန်တဲ့ သူငယ်ချင်းဟုတ်မဟုတ် ခွဲခြားနိုင်တဲ့ အချက် (၈) ချက်



သင့်မှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်ဆိုပါစို့။ သူတို့အားလုံးဟာ သင့်ရဲ့ သူငယ်ချင်းအစစ်အမှန်တွေ ဖြစ်ရဲ့လား။ ဟုတ်ရဲ့လား။ သင်ဒုက္ခရောက်တဲ့အချိန်၊ သင်ပြသနာတစ်ခုခု ကြုံရတဲ့အချိန် သင့်ဘေးမှာ သူတို့ရှိနေသေးရဲ့လား။ ဒါမှမဟုတ် စိတ်တူကိုယ်တူဖြစ်ရဲ့လားဆိုတာ ဒီအချက်ကလေးတွေနဲ့ ခွဲခြားကြည့်ရအောင်။

၁။သင်ခေါ်တဲ့အခါ သူတို့ ဘယ်တော့မှ မငြင်းတတ်ဘူး။

ညဘက်အပြင်ထွက်လည်တဲ့အခါ၊ ဒါမှမဟုတ် နေ့ခင်းဘက် ရှော့ပင်သွားတဲ့အခါ ဘယ်အချိန် သူတို့ကို ခေါ်လိုက်ခေါ်လိုက် အကြောင်းပြပြီး ငြင်းလိုက်တာမျိုး မရှိဘူး။ သင့်အတွက် သူတို့အမြဲရှိပေးတယ်။

၂။သူတို့နဲ့ဆို အသံကျယ်ကျယ်နဲ့ကို အော်ဟစ်ရယ်မောဖြစ်တယ်။

သူများတွေနဲ့ ဘယ်လောက်ဟန်ဆောင်ရ ဟန်ဆောင်ရ၊ သူတို့နဲ့ဆို တကယ်ကို ပွင့်ပွင့်လင်းလင်း ရှိလွန်းတယ်။ ပျော်နေရတဲ့အချိန်တွေမှာဆို အသံကုန်အော်ဟစ်ရယ်မောပစ်ဖို့လည်း မရှက်တော့ဘူး။

၃။အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် သူတို့ ကူညီစဉ်းစားပေးတယ်။

အလုပ်အတွက်၊ နှလုံးသားရေးရာ နဲ့ မိသားစု ကိစ္စတွေ အားလုံးကို သူတို့နဲ့တိုင်ပင်လို့ရတယ်။ သင် ဆုံးဖြတ်ချက်ချနိုင်ဖို့ သူတို့က ကူညီပေးတယ်။

၎။သူတို့နဲ့ဆို ဟန်ဆောင်နေစရာ မလိုဘူး။

ကိုယ့်သူငယ်ချင်းအရင်းတွေနဲ့ဆို ဘာမှဟန်ဆောင်ခြယ်သ၊ ပြင်ဆင်နေစရာ မလိုဘူး။ ကိုယ့်ကိုလည်း သူတို့ မကဲ့ရဲ့ဘူး။ စကားပြောဆိုတာကအစ ကိုယ့်စိတ်ထဲရှိသလို ပြောဆိုလို့ရတယ်။

၅။တစ်ဦးနဲ့တစ်ဦး ဝေမျှတတ်ကြတယ်။

အစားအသောက်၊ အ၀တ်အထည် ၊ တစ်ခါတစ်လေ ပိုက်ဆံတောင် ဝေမျှသုံးစွဲတတ်ကြတယ်။ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးဘယ်တော့မှ မရှိဘူး။

၆။ဆင်တူပစ္စည်းလေးတွေ ရှိချင်ကြတယ်။

သူငယ်ချင်းတွေဟာ ငါ့လိုပစ္စည်း သူ့မှာရှိမှာ စိုးထိတ်တာမျိုး လုံးဝမရှိပါဘူး။ အဆင်တူ၊ အသွေးတူ ဒီဇိုင်းမျိုးတွေကိုမှ အတူဆင်မြန်းကြချင်တာမျိုးပါ။

၇။ပေါက်တတ်ကရ လုပ်ဖို့လည်း ၀န်မလေးဘူး။

အသက်ဘယ်လောက်ကြီးကြီး၊ ယူထားတဲ့ တာဝန်၊ အနေအထား ဘယ်လောက်ရှိရှိ သူငယ်ချင်းတွေနဲ့ တွေ့ချိန်တော့ ဘာကိုမှ ဂရုမစိုက်ပဲ လုပ်ချင်တာလုပ်တတ်ကြပါတယ်။

၈။တစ်ယောက်ပိုက်ဆံပြတ်တဲ့အချိန် တစ်ယောက်က ကူညီပေးတတ်တယ်။

ဘယ်အချိန်ဆို ငါ့သူငယ်ချင်း ပိုက်ဆံပြတ်သွားတတ်တယ်ဆိုတာ သူငယ်ချင်းအရင်းတွေသာ အသိဆုံး။ အဲ့ဒီလိုအချိန် အခြားလူတွေက ကိုယ့်ကိုအဖက်မလုပ်ရင်တောင် သူငယ်ချင်းအရင်းတွေကတော့ ကိုယ့်ဘေးမှာရှိပြီး သူတို့ပိုက်ဆံပေးသုံးတတ်တယ်။

Ref:womenshealthmag.com
Trend

ပေါ တာနဲ့ ဟာသဥာဏ်ရှိတာ မတူကြောင်း ဦးလှဆွေ ရှင်းပြီ


လွှတ်တော် မင်းသားလို့ ပြောစမှတ်ရှိလာတဲ့ ကြံ့ခိုင်ရေးပါတီ အမတ် ဦးလှဆွေ၊ အမည်နာမ အမျိုးမျိုး ရယူနိုင်ခဲ့တဲ့ ဦးလှဆွေ၊ အခု သူကို လူတွေက ပေါတယ်လို့ ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ပေါတာနဲ့ ဟာသဥာဏ် မရှိတာ ကွဲပြားပုံကို အခုလို သူက ဖေ့စ်ဘုတ်မှာ ရှင်းပြထားတာကို စာလုံးပေါင်းသတ်ပုံ တချို့ ပြင်ဆင်ပြီး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
"""""""
ကျနော့်ကိုတချို့ fb သမားတွေက ငပေါ ဆိုပြီးပြောပါတယ် ။ ပေါ ကြောင်ကြောင်နိုင်တာနဲ့ ဟာသရှိတာ မတူပါဘူး ။ လူဆိုတာ ဟာသရှိသင့်တယ် ။ အလုပ်ကြီးကြီးလုပ်လေ ဟာသဥဏ် သုံးနိုင်လေ အောင်မြင် တာ ကျရှုံး တာ နောက်ထား အသက်ရှည်မယ်။ စိတ်ချမ်းသာမယ် ။ ပါတ်ဝန်းကျင် သာယာမယ်။
လူငယ်တယောက်က အကောင့် လာအပ်တယ်။ ခင်ဗျား ကိုဆဲခြင်လို့ friend အဖြစ်လက်ခံပေးပါတဲ့ ။ ဆဲစေဗျား ဆိုပြီး friend လက်ခံပေးလိုက်တယ်။
ကျနော်တို့ ၁၉၈၀ မှာ မော်ဖ ဒေသက ၇၁၂၅ ပေ မြင့်တဲ့ ဗကပတွေ သိမ်းထားတဲ့လွယ်ဟိုလာ တောင် ကုန်းကို တက်တိုက်ကြတယ်။ ကျနော်တို့တပ်က အရန် ။ ခမရ ၁၀၇ က အဓိက တိုက်ရတဲ့ တပ်။ ၁၀၇ တပ်ရင်းမှူးက အဲဒီပွဲမှာ သူရ ရသွားတဲ့ သူရဖေအောင်ပါ။
သူဟာ ကျင်းထဲကျပ်ထဲ မှာတောင် ဟာသဥာဏ်ရှိသူပါ။နောက်တန်းကနေ အသံချဲ့စက်ကြီး ထမ်းယူ လာပြီး တောင်ကုန်းပေါ် လှံစွပ် တက်ထိုးတိုက်ပွဲဝင်နေတဲ့ အရာရှိ စစ်သည်တွေ စိတ်ဓါတ်တက်ကြွအောင် သီချင်းတွေဖွင့်ပေးပါတယ် ။ ဘာသီချင်းဖွင့်တယ်ထင်လဲ။
ကမ္ဘာမကြေတို့ ရဲရဲတောက် တို့ မဟုတ်ပါဘူး။ အဲ့အချိန်က ခောတ်စားနေတဲ့ နော်လီဇာ ရဲ့ ဒိုင်းနမိုက် သီချင်းပါ ဒွန်နာဆန်းမားရဲ့ love bug ကို ကော်ပီ လုပ်ထားတာပါ ။
နော်လီဇာ က ( ဒိုင်းနမိုက် ရီးစားလေးထားတဲ့အရသာ ဒိုင်းနမိုက်) လို့ဆိုလိုက်တာ နဲ့ ဗိုလ်မှူးကြီး သူရဖေအောင်က ( ထိုး )ဆိုပြီး အမိန့် ပေးလိုက်တယ်ဆိုရင်ဘဲ ရဲဘော်တွေက( ကျား ) ဆိုပြီး လှံစွပ် တက်ထိုးကြတာပါ ။
တိုက်ပွဲက သိပ်ပြင်းထန်လာပြီး တက်တိုက်နိုင်တဲ့ ဒဏ်ရာ ကင်းလွတ်တဲ့ ရဲဘော် ရှားပါးလာချိန်မှာ ( တက်ပု ဆက်ထု) ဆိုပြီး ကာရံ နဘေ နဲ့ အမိန့်ပေးပြီး သူကိုယ်တိုင် ရှေ့ကတက်တော့တာပါ။
တက်ပု ဆိုတဲ့ ရဲဘော်က မော်တာကိုင်တာပါ ။ ဒါနဲ့ဘဲ လွယ်ဟိုလာ ကိုသွေးသံ ရွှဲရွှဲ နဲ့ သိမ်းလိုက်နိုင်ပေ မယ့် ရဲဘော်တွေဟာ စိတ်မညစ်ကြပါဘူး။ ပင်ပန်းတယ်လို့ မထင်ကြပါဘူး ။ တပ်ရင်းမှူးကြီးက ဟာသရှိလို့ပါ။ ပေါတာမဟုတ်ပါဘူး။
ဒါနဲ့ စခန်းသိမ်းပြီး နောက်တန်းပြန်တော့မိုင်းရှုးက ရှေ့တန်းတပ်မ တပ်မမှူး ဗိုလ်မှူးကြီး ချစ်ဆွေ ဆီ သတင်းပို့ရမှာပါ။
အဲ့မှာ ရပခ တိုင်းမှုးကြီးက ရောက်နေပါတယ်။ စစ်သားတွေ ထုံးစံ အတိုင်းမြို့ရွာရောက်ရင် မသောက်ရ တာကြာပြီဖြစ်တဲ့ အရက်ကို နွားငတ်ရေကျ တဂွတ်ဂွတ်နဲ့ မော့သောက်။
မူးလာရင် သေနတ်ထောင်ဖေါက်။ ကွမ်းယာသည် မဲကျုတ်ကျုတ် ကုလားမကို ပိုက်ဆံ မပေးဘဲ အလကား စား တဲ့ အပြင် အာရာဒါးနား ဇတ်ကား ထဲက မင်းသမီး ရှာမီလာတဂိုး နဲ့ တူတယ်နော် ဘာညာ ပြောပြီး ရစ်နေလို့ လာတိုင်။ ရွာထဲက ဂလုပ်ဂလုပ် ပါဆောင်တို လောင်းကစားဝိုင်း ဝင်လောင်း ။
နိုင်နေရင် အသာလေးပြန်လာ။ ရှုံးရင် မီးခွက်မူတ် ပြီး လုပြေး ။ အစုံလုပ်တတ်ကြပါတယ်။ ဒါမျိုး မဖြစ်အောင် ထိန်း ကြဘို့ အရာရှိတွေကို ခေါ်ပီး သြဝါဒ ပေးပုံက တိုတိုတုပ်တုပ် ဘဲ( မိုင်းရှုးမှာ တိုင်းမှူး 
ရောက်နေတယ် လိုင်းမဂျုစ် သောက် )လို့ကာရန်နဘေနဲ့ မှာပါတယ်။
လိုင်းမဂျုစ့် ဆိုတာက အဲဒီခောတ် က ဘိလပ်ရည် တို့ လိုင်းမဂျုစ့်တို့၊ ပုလင်းနဲ့ လာတဲ့ အချိုရည် တွေ ကို ခေါ် တာပါ။ သံပုရာ ရည်ဘဲ သောက် လို့ ပြောတဲ့ သဘောပေါ့ဗျာ။
မူးလာရင်တိုင်းမှူး ဆူလိမ့်မယ်ပေါ့ဗျာ။ အဲလို နဲ့ အပြန် လွယ်လင်မှာ ဗိုလ်ကြီးမောင်သောင်း ဆိုတဲ့ အရာရှိ စီးလာတဲ့ ကားပေါ်မှာ သနားလို့ လမ်းကြုံ ခေါ်တင်လာတဲ့ ရှမ်းတယောက်က ဘိန်းစိမ်း နည်းနည်း ပါလာ တာ လွယ်လင် ကပ်စတန် က ဖမ်းပါလေရော။
အဲ့မှာ အဲ့ အရာရှိ ပြဿနာ ရှင်းရတော့တာပေါ့။ ဒါကို တပ်ရင်းမှုးက ကာရံ နဘေနဲ့ (ခုဆယ်ရာထောင်
သောင်း သိန်းသန်း ကုဋေ လူ့ပြည်မှာ မောင်သောင်း ဘိန်းစားသေ ) ဆိုပြီး ဗိုလ်ကြီးမောင်သောင်း 
ပြဿနာ တက် ပုံကို အရွှန်းဖေါက် ခဲ့ပါတယ်။ ပေါတာမဟုတ်ပါဘူး ။ ဟိုလူကတော့ ဘီလူး သံပုရာသီး ကိုက်မိ သလို ရှုံ့မဲ့မဲ့ကြီး နဲ့ ပြုံးပြရတော့တာပေါ့။
ကျနော်တို့သမ္မတ ကြီးလဲ ဟာသရှိသူ တယောက် ဖြစ်ပါတယ် ကျနော်နဲ့ ဆုံဘူးတဲ့ ဟာသရှိပုံလေးက ဒီလိုပါ။ နယက ဖလား ဂေါက်ပြိုင်ပွဲ နေပြည်တော် စည်ပင် ဂေါက်ကွင်းမှာ လုပ်တော့ လူကြီးတွေက ပထမ ၉ ကျင်းက စရိုက်ပါတယ်။ ဝန်ကြီးချုပ်ဦးသိန်းစိန်က ဒုတိယ ၉ ကျင်းက စ ရိုက်ပါတယ်။
အဲ့မှာ ဝန်ကြီးချုပ်နဲ့ ၄ ယောက်အတွဲ တဒိုင်းဒိုင်းနဲ့ ရိုက်ကြတော့ အားလုံး ပထမ ရိုက်ချက်များကောင်းပြီး ဖယ်းယားဝေး အလယ်ကို ကောင်းကောင်းမွန်မွန် ရောက်သွားကြပါတယ်။
အားပေးနေတဲ့ လူအုပ်ကြီး ကလည်း လက်ခုတ်တွေ တဖြောင်းဖြောင်းနဲ့ အားပေးကြပါတယ်။ဒီလိုနဲ့ တီခုံပေါ်က ဂုဏ်ယူစွာနဲ့ မြောက်ကြွကြွ လေးတွေ ဆင်း သွားကြပါ တယ် ။
ကျနော် ကလဲ mrtv ရုပ်သံ အဖွဲ့ခေါ်ပြီးဝန်ကြီးချုပ် အတွဲနဲ့အတူ ဆက်လိုက်သွားပါတယ်။ အဲမှာ ဝန်ကြီးချုပ်က အရွှန်းဖေါက်လိုက်တာက(အင်း first drive ကတော့ ကောင်းသွားပြီ second shot က လူမတွေ့တော့ဘူး ) လို့ပြောလိုက်တော့ အားလုံးပွဲကျသွားပါတယ်။
သူဆိုလိုတာက လက်ကသိပ်မမှန်သေးချိန်မှာ ပထမ တီ ခုံ ပေါ်မှာ လူရှေ့သူရှေ့ ရိုက်ရတာဖြစ်တော့ ဖိအားရှိနေတဲ့ အချိန် ရှောရှောရှုရှု ထိသွားလို့ တော်သေးတယ် ဆို တဲ့သဘောပြောတာပါ။
နောက်တကြိမ် ကြုံတာက တပ်မတော် နေ့ ညစာစားပွဲ ပါ။ အဲ့ မှာကျနော်လဲ မြန်မာ့ အသံ ခောတ်ပေါ် 
တေးဂီတအဖွဲ့ နဲ့ အတူ ရန်ကုန်က ခေါ်လာတဲ့ အဆိုတော်တွေ နဲ့ ဖြေဖျော်ကြပါတယ်။
အဲဒီနေ့က တပ်မတော်ဂုဏ်ပြု ရုပ်သံဇာတ်လမ်းတခု ရဲ့ play back ဆိုပေးတဲ့ အဆိုတော် တွေပါ ပါစေ လို့ မှာထားလို့ အဲ့ အဆိုတော် မလေးတွေ လဲ ပါ ပါတယ်။
ခက်တာက အဲ့ play back ဆိုပေးတဲ့ အဆိုတော်အဖွဲ့ဟာ တော်တော် ရုပ်ဆိုးပါတယ်။ ဆံပင်တွေက လည်း ဖြူနီပြာဝါ အာတာပူစီ ဒီဇိုင်း စုတ်ဖွာဖွား တွေလုပ်လာပါတယ်။ (နာမည်တော့ မပြောတော့ပါဘူး )တချို့ ဆိုရင် ရုပ်ရှင်သရုပ်ဆောင် ဟာသမယ် မသန်းရွှေ နဲ့ တူတဲ့ သူလဲပါ ပါတယ်။
ညစာစားပွဲ ပြီးတော့ လူကြီးတွေ ပြန်တော့ အဆိုတော်တွေကို ဆုငွေတွေ ပေး သမီးတို့ဆိုတာ
ကောင်း တယ် ဘာညာ နုတ်ဆက်ကြပါတယ်။
အဲ့မှာ မိုးလေးက ဖွဲဖွဲ လေးကျလာ တော့ အောက်က ခင်းထားတဲ့ ကြွေပြားတွေ က ချောနေပါတယ်။ လမ်းကို သတိထားလျှောက် နေတဲ့ကြားက ဦးအုန်းမြင့် ချော်လဲပါတယ် ။
အဲ့မှာ ဝန်ကြီးချုပ်ကြီးက ဇနီးနဲ့အတူ ရောက်လာပြီး အဆိုတော်တွေကို နုတ်ဆက်ပါတယ်။ (တော်တော် 
ချောတယ်နော်)လို့ ပြောတော့ အဆိုတော်တွေက (ကျေးဇူးပါ အဘ) လို့ ပြန်ပြောပါတယ် ။
ပြီးမှ ဝန်ကြီးချုပ်ကြီးက အောက်ကို လက်ညိုးထိုးပြီး ( ကြွေပြားကြွေပြား ) လို့ ပြောလိုက်တော့ လူတွေက ဝါး ကနည်း ပွဲကျသွားပြီး ဟို မသန်းရွှေနဲ့တူတဲ့ အဆိုတော်အုပ်စု က (ဟာ အဘကြီးကလဲ) ဆိုပြီး ရှက်သွာကြပါတယ်။ ဒါပေါတာ မဟုတ်ပါဘူး။ ဟာသရှိတယ်လို့ ပြောလိုပါကြောင်း။
ဦးလှဆွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ပြန်လည် ကူးယူဖော်ပြသည်။
ဧရာဝတီ

ကျောက်ဆည်မြို့နယ် တရားရုံးတွင် အမှုစစ်ဆေးနေစဉ် တရားခွင်အတွင်း ဓားထိုးမှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ တရားရုံးတွင်စက်တင်ဘာ ၁၅ရက် မွန်းလွဲ ၁နာရီ ၃ဝမိနစ်အချိန် က အမှုစစ်ဆေးနေစဉ် တရားခွင် အတွင်း ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ တရား သူကြီးဒေါ်အေးအေးအောင်စစ် ဆေးနေသော ပြစ်မှုကြီးအမှတ်စဉ်- ၃၅၃၂/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၄၂/၃၂၃ အမှုမှ သက်သေတစ်ဦးဖြစ်သူ မိုး မောက်မြို့၊ ကြေးနန်းရပ်နေ မမေဒဏ္ဍာ ရီ(ခ)ဂျူးဂျူးသည်မြို့နယ် ဥပဒေ အရာရှိ ဒေါ်အေးစန္ဒာမြင့်၊ တရားရုံး အငယ်တန်းစာရေး ဦးဌေးအောင် မိုး၊ လက်နှိပ်စက်စာရေး ဦးသန်း မြင့်အောင်၊ တရားခံအကျိုးဆောင် ရှေ့နေ ဦးစိုင်းမင်းထွန်း၊ အထက်ပါ အမှုဖြင့် စွဲဆိုခံရသူ နောင်နောင်စိုး၊ ရုံးတော်ရှေ့ ခုံတန်းလျားတွင် ထိုင် နေသော ဒေါ်ချောချောတို့ရှေ့တွင် သက်သေ ထွက်ဆိုချက် ပေးနေစဉ် တရားရုံးမှ ခံဝန်ဖြင့်အချုပ်မှလွတ် ကာ ထုချေခွင့် ရရှိနေသော အမှု စွပ်စွဲခံနေရသူ နောင်နောင်စိုး ၂၅ နှစ်၊ အောက်ချိုင်းရပ်၊ ဆူးကုန်းရပ် ကွက်အုပ်စု၊ ကျောက်ဆည်မြို့နေ သူမှ နောက်ကျောတွင် အင်္ကျီဖြင့် ဖုံးပြီး အသင့်ယူဆောင်လာသော အရိုးအသွား ၁၁လက်မခွဲခန့် ကီဝီ ဘရမ် တံဆိပ်ပါ ဓားဦးချွန်ဖြင့် မမေ ဒဏ္ဍာရီ (ခ) ဂျူးဂျူး၏ နောက်ကျော မှ ဓားဖြင့်သုံးချက် ထိုးသွင်းလိုက်ရာ မမေဒဏ္ဍာရီ (ခ)မဂျူးဂျူး ဘယ် ဘက်လက် ခုံပြတ်ရှဒဏ်ရာနှစ်ချက် ရရှိ သွားခဲ့သဖြင့် ကျောက်ဆည် ဆေးရုံ ခွဲစိတ်ကုသဆောင်တွင်အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူနေခဲ့ ရကြောင်း သိရသည်။

နောင်နောင်စိုးအား ကျောက် ဆည်မြိုမရဲစခန်းမှ (ပ)၄၂၈/၂ဝ၁၄၊ ပြစ်မှုပုဒ်မ-၃ဝ၇ (တစ်ပါးသူအား သေစေရန်ကြံရွယ်ချက်) အမှုဖြင့် အရေးယူထားပြီး အမှုစစ် ရဲအုပ် လွင်အောင်မှ ဆက်လက်စစ်ဆေး နေကြောင်းသိရသည်။

လွန်ခဲ့သည့်၁ဝနှစ်ခန့်ကကျောက် ဆည်မြို့နယ်၊ တရားရုံးဝင်းအတွင်း၊ လက်ဖက်ရည်ဆိုင်တွင် အမှုဖြင့်စွပ် စွဲခံရသူ အမျိုးသမီးတစ်ဦးက ရှေ့နေ အမျိုးသားတစ်ဦးကိုဓားဖြင့်ထိုးသတ် ခဲ့မှု ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမှတ်မည်

တရားရုံးမှပြန်ထွက်လာသော မင်းသားရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ − ဇွဲ​ဉာဏ်)
ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မ ဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။ 

သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်က အပြီး သတ်အမိန့်ချရန် ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ စစ်ဆေးရန် ကျန်ရှိနေသော ကြောင့် အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင်ဘာ ၁၈ ရက်၌ ထပ်မံ ချိန်းဆို၍ ထိုနေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်တရားရုံးမှ စုံစမ်းသိရှိရသည်။ သရုပ်ဆောင် ရဲတိုက်သည် စက်တင်ဘာ ၁၆ ရက်က ရုံးထုတ်အပြီးတွင် ဗိုလ်တ ထောင်တရားသူကြီးကို ယုံကြည်ကြောင်း မီဒီယာများအား ပြော ကြားသွားခဲ့သည်။ 

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်က ဆေးခြောက် ဟု ယူဆရသော အရွက်အနည်း ငယ်ကို လက်ဝယ်တွေ့ရှိ၍ ပဲ ခူးတိုင်းဒေသကြီး၊ ကျောက်တံ တား မြို့နယ်တရားရုံးက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အ ရေးယူခဲ့သည်။ ထိုပုဒ်မဖြင့်ပင် ရဲ တိုက်ကို ယခုနှစ်ဧပြီလ ၇ ရက် တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်သောကြောင့် အယူခံဝင် ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး စုစုပေါင်း ငါးနှစ်ချမှတ် ခံခဲ့ရသည်။ 

7Day Daily

ဦးစံလင်း၏ ညွှန်ကြားချက် မရရှိသော်လည်း ခေါင်းလောင်းရှာဖွေရေး နောက်ဆုတ်မည်မဟုတ်


ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေးအတွက် နုန်းများစုပ်ယူခြင်းကို 
ဆက်လက်လုပ်ဆောင်နေသော်လည်း ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် 
ဦးစံလင်းထံမှ မည်သည့် ညွှန်ကြားချက်ကိုမျှမရရှိသေးကြောင်းခေါင်း
လောင်းဆယ်ယူရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးက စက်တင်ဘာ ၁၆ ရက်
တွင် စံတော်ချိန်သို့ ပြောဆိုသည်။ 

"တူးဖော်တာတွေတော့ဆက်လုပ်နေတယ်။အခုတူးဖော်နေတာကလည်း 
အရင်တူးဖော်ခဲ့တဲ့ မီးပြအမှတ်အသား နေရာနားမှာပဲ။ ဦးစံလင်းကလာပြီး 
ညွှန်ကြားတာမျိုးတော့မရှိသေးဘူး။တူးဖော်မှုကိုသူမရပ်မချင်းကျွန်တော်တို့ 
လည်း ရပ်လို့ရမှာမဟုတ်ဘူး"ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့၌ပါဝင်သူ
ကပြောဆိုခဲ့သည်။ 
ခေါင်းလောင်းတူးဖော်မှုဆက်လက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍အ
ထောက်အကူပြုအဖွဲ့မှ ဦးကြည်ဝင်းကို မေးမြန်းရာတွင်ဦးစံလင်းဆီကအ
ကြောင်းကြားမှုမရှိသေးကြောင်းနှင့် စက်တင်ဘာ ၁၈ ရက် သို့မဟုတ် ၁၉ 
ရက် တို့တွင်ခေါင်းလောင်းရှာဖွေမှုနှင့်စပ်လျဉ်း၍ဦးစံလင်းကတစ်စုံတစ်ရာ 
ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 
ခေါင်းလောင်းရှာဖွေမှုကိုသြဂုတ် ၈ ရက်တွင်စတင်ခဲ့ပြီး ၂၆ ရက်၌ ဦးစံလင်း
က ခေါင်းလောင်းတွေ့ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်းစက်
တင်ဘာ၁၄ ရက် သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက်၌ပြုလုပ်
သည့် သတင်းစာရှင်းလင်းပွဲတွင်၎င်းက သတင်းမှားယွင်းထုတ်ပြန်မိသည်
ဟု နတ်စင်တစ်ရာဆရာတော်ထံ ဖုန်းဆက်တောင်းပန်ခဲ့ကြောင်းသိရသည်။

စံတော်ချိန်

MPT ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက် ပပျောက်အောင်လုပ်ပြီ


MPT ဆင်းမ်ကတ်များ မှောင်ခိုဈေးကွက်တွင် ပပျောက်စေရေးအတွက် အစီအစဉ်များ ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

MPT ဆင်းမ်ကတ်များအား ယခင်ခွဲတမ်းစနစ်မှ ဈေးကွက်ဖွင့်၍ ရောင်းချခဲ့ကြောင်း၊ ပါတနာများနှင့် ပူပေါင်းကာ ဆင်းမ်ကတ်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ လက်ကားဆိုင်များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း ပြောကြားသည်။


"ဒီနှစ်ထဲမှာ ဆင်းမ်ကတ် ငါးသန်းကို ရောင်းချသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်ဟာ မှောင်ခို ဈေးကွက်ပျောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုတာ
သချာပါတယ်"ဟု ဦးခင်မောင်ထွန်းကပြောသည်။


အများပြည်သူအားလုံး ဆင်းမ်ကတ်တစ်ကတ်အား ၁,၅၀၀ ကျပ်ဖြင့်ပင် ဝယ်ယူနိုင်အောင် ဆောင်ရွက်မည်ဟုဆိုသည်။ လက်ရှိတွင် MPT ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာ ငါးထောင်ကျပ်မှ တစ်သောင်းခွဲကျပ် ဝန်းကျင် ရှိကြောင်းသိရသည်။

Internet Journal

MOU အလုပ်သမားတစ်ရာကျော် နယ်စပ်သို့ပြန်ပို့ပြီ


ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာတွင် ရှိသော မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန် စလဖန်၊ ဖစ်ဘူရီမြို့နယ်တွင် ရှိသော အလုပ်သမား တင်သွင်းသည့် မြန်မာ အမျိုးသမီး တစ်ဦး ပိုင်SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီ တွင် အချိန်အတန်ကြာ အလုပ်အကိုင်မရပဲ အခက်ကြုံ နေရသည့် မြန်မာ အလုပ်သမား တစ်ရာကျော် တို့အား ယနေ့ တွင်နေရပ်သို့ ပြန်ပို့ လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ စွမ်းတော်ဝင် ကုမ္ပဏီမှ တင်သွင်းထားသည့် အလုပ် သမား၂၀၀ ဦးနှင့် နှင်းပန်းဝါ ကုမ္ပဏီမှ အလုပ်သမား ၂၄ဦးတို့ တစ်လနီးပါးကြာ အလုပ် မလုပ်ကြသေးပဲ အခက်အခဲ ဖြစ်နေခဲ့ရာမှ ပြဿ နာ တက်လာရခြင်း ဖြစ်ပါသည်။

အလုပ်သမားများ အလုပ်ရရှိရန် မသေချာသည့် အပြင် အခန်းကျဉ်းတွင် ပြွတ်သိပ် အိပ်ရသည့် ဒုက္ခ၊ သောက်ရေ ချိုးရေ မသန့်ရှင်း သည့် ကိစ္စနှင့် အစားအစာ မလုံလောက်ခြင်း အပြင် မဇာ၏ မြန်မာ ၀န်ထမ်း တစ်ဦးက အလုပ်သမား တစ်ယောက်အား ရိုက်နှက် ခဲ့ကြောင်း ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အဖွဲ့သို့ ဆက်သွယ် သတင်းပေးပို့ အကူညီ တောင်းခံခဲ့သည်။


စက်တင်ဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံမှ ရောက်ရှိနေသော အေဂျင်စီများအဖွဲ့ချုပ်မှ တာဝန်ရှိသူ၂ ဦးနှင့် ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် တို့သည် အထက်ဖေါ်ပြပါ အေဂျင်စီ နေအိမ်သို့ လာရောက်ခဲ့သည်။ အလုပ်သမားများ၏တင်ပြချက်အား အထက်ဖေါ်ပြပါ ပုဂ္ဂိုလ်များက တင်ပြခွင့် မပြုခြင်း ဖိအားများပေးခြင်းတို့အပြင် SARISA ကုမ္ပဏီပိုင်ရှင် ဖြစ်သူမဇာ၏ ခြိမ်းခြောက်မှုများ ကိုပါ ခံနေရ ကြောင်း MAT အဖွဲ့သို့ သတင်းပို့ခဲ့သည်။

MAT အဖွဲ့ သည် မြန်မာအမျိုးသမီး မဇာ ပိုင်ဆိုင်သည့် SARISA ကုမ္ပဏီ နေအိမ်သို့ လိုက်ပါသွားသည့် အခါ အလုပ်သမားများ ရုပ်ရုပ်သဲသဲ ဖြစ်နေပြီးဖြစ်သည်။ ခြံအပြင်သစ်ပင်အနားတွင် စုဝေးနေကြသည့် အလုပ်သမားများက “မျိုးမချစ်တဲ့ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်.. အလိုမရှိ..အလိုမရှိ” ဟူ၍ လည်းကောင်း “အေဂျင်စီများအဖွဲ့ချုပ် ဦးကျော်ထင်ကျော် အလိုမရှိ…အလိုမရှိ” ဟူ၍ လည်းကောင်း ကြွေးကြော် ဆန္ဒပြကြ သည်။

ခဏအကြာတွင် မဟာချိုင်မှပွဲစားမကြီးဒေါ်မာလီ ထွက်လာ၍ ဖြေရှင်းရန် ပြင်ဆင်သည်ကို MATအဖွဲ့ တာဝန်ခံများက MOEAF နှင့် အလုပ်သမား သံအရာရှိတို့ ထွက်လာ၍ ရှင်းပေးရန် အကြံပြုေ တာင်းဆိုခဲ့ကြ သည်။ ခဏအကြာတွင် SARISA ကုမ္ပဏီမှ ထိုင်းရဲ အရာရှိဟောင်း က MAT အဖွဲ့အား အတွင်းသို့ ၀င်ရောက် စကား ပြောကြဖိတ်ခေါ်သဖြင့် MAT အဖွဲ့က ခြံအတွင်း သို့ ခြေ ၃လှမ်းမျှ ၀င်ရောက်သွား သည့် အခါ၊ မဇာက တရားမ၀င် အဖျက်သမားများအား ရိုက်နှက်၊ ဖမ်းဆီးကြရန် အော်ဟစ်လိုက်ရာ ရဲအရာရှိဟောင်း အပါအ၀င် SARISA ၀န်ထမ်းများကMAT အဖွဲ့ကို ဖမ်းချုပ်ရန်ကြိုး စားခဲ့သည်။



အတင်းရုန်း ကန်နိုင်ခဲ့ကြသဖြင့် MAT အဖွဲ့ ခြံအပြင် ကိုရောက်ရှိ ခဲ့သည်။ MATရုံးတာဝန်ခံ ဦးစိုင်းအေး အား ကုမ္ပဏီမှ ထိုင်းမိန်းမ လျှာ တစ်ဦးက အကြိတ် အနယ် ဖမ်းချုပ်ခဲ့သလို ရဲအရာရှိဟောင်း က MAT အဖွဲ့၏ အမှုလိုက် အရာရှိ ဦးဘခက်၏ လည်ပင်းမှ ကင်မရာကို အတင်းလုယူရန် အကြိမ်ကြိမ်ကြိုး စားခဲ့သည်။ အဆိုပါ အကြမ်းဖက်မှု အနေအထားတို့အား ထိုင်းရဲ တပ်ဖွဲ့ဝင် များ စောင့်ကြည့်မှု အောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ များမကြာမီ ထိုင်းရဲတပ်ဖွဲ့မြို့နယ်မှု၂ဦးနှင့် နယ်မြေခံ စစ်တပ်မှ ရောက်ရှိလာခဲ့ပြီး အခြေအနေကို ထိန်းသိမ်းခဲ့သည်။



အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်သည် လမ်းပေါ်တွင်ရောက် ရှိနေသည့် ရာချီရှိသည့် အလုပ်သမား များအား ဥပက္ခာပြု၍ ထွက်သွားရန် ပြင်ဆင်သည်ကို MATအဖွဲ့  ခေါင်းဆောင်တို့က ဖြေရှင်း ပေးပြီးမှ ပြန်ရန် ခပ်ပြင်းပြင်း တောင်းဆိုခဲ့သဖြင့် ကားပေါ်မှ ဆင်းကာ MOEAF မှ တာဝန်ရှိသူ ၂ဦးတို့အား လွှဲအပ်ခဲ့သည်။ ထို့နောက် အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်အား MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က လက်ချင်း ယှက် ၍ သွေးဆူနေသော အလုပ်သမားအုပ်၏ အပြင်သို့ ရောက်ရှိအောင် ပို့ပေးခဲ့ ပါသည်။

အလုပ်သမားများသည် အလုပ်မလုပ် လိုကြတော့သည့် အပြင် မဇာ၏ SARISA ကုမ္ပဏီ ခြံဝင်းထဲသို့ မ၀င်ရောက်လိုတော့ ပဲ အပြင်တွင် နေရန်ဆုံးဖြတ်ထား ကြသည်။ MOEAF ၏ တာဝန် ယူဖြေ ရှင်းပေးမည်ဆိုသည်ကို လက်ခံ၍ ခြံထဲသို့ ပြန်ဝင်ကြရန် MAT အဖွဲ့က ဖျောင်းဖြပြောဆိုနိုင်ခဲ့သည်။

စွမ်းတော်ဝင်မှ တင်သွင်းထားသည့် အလုပ်သမားများအား SARISA ကုမ္ပဏီ ခြံဝင်းထဲသို့ ပြန်ဝင်ရန် လက်ခံခဲ့သော်လည်း နှင်းပန်းဝါ ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား ၂၂ ဦးအား ပြန်ဝင်ရန် ခွင့်မပြုသဖြင့် MAT အဖွဲ့က စောင့်နေခဲ့ကြရသည်။

ထို့စဉ် MAT တစ်ဖွဲ့လုံးအား မဇာ၏ SARISA ကုမ္ပဏီ အိမ် အတွင်း သို့ စစ်တပ်မှ ခေါ်သဖြင့် သွားရောက် ခဲ့ကြသည်။ MAT အဖွဲ့၏ အခြေအနေများ အား မြန်မာသံရုံး၊ ထိုင်းအစိုးရ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့တို့ထံသို့ ဆက်သွယ် မေးမြန်ခဲ့သည်။ အမျိုးမျိုးသော အပြစ်များကို ရှာခဲ့သည်။

MATအဖွဲ့သားများ၏ ပတ်စပို့များနှင့် ချိပ်ကဒ်တို့အား မိတ္တူများ ကူးယူခဲ့သည်။ ထို့အပြင် MAT အဖွဲ့မှ ဗွီဒီယိုကယ်မရာ ၂လုံးနှင့် ဓါတ်ပုံကယ်မရာ ၃လုံးတို့မှ အချက် အလက်များကို ဒေသခံ ထိုင်း ရဲတပ်ဖွဲ့ က ဖျက်ဆီး ပစ်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်တွင် မဇာ ၏ SARISA ကုမ္ပဏီသို့ အဖွဲ့ ပေါင်းစုံ လာ ရောက်ကြ ရန် သဘောတူညီပြီး လမ်းခွဲခဲ့ကြသည်။


စက်တင်ဘာလ ၁၄ ရက်နေ့တွင် MAT အဖွဲ့သည် အနိုင်ကျင့် ခံရသည်ဟု ယူဆခြင်း၊ လုံခြုံမှုမရှိ သလို ဖြစ်ခြင်း တို့ကြောင့် အဆိုပါ စည်းဝေးသို့ မတက်ရောက် လိုတော့ကြောင်း စစ်အရာရှိထံသို့ သတင်းပေး ပို့ခဲ့ကြသည်။ သို့ရာတွင် နယ်မြေခံ စစ်တပ်အရာရှိ၏ ချိန်းဆိုချက်အရ ယာယီ စစ်စခန်း ချထားရာ ဘုန်းတော်ကြီး ကျောင်း အ၀တွင် စောင့်နေခဲ့ကြသည်။

တစ်နာရီခန့် စောင့်ဆိုင်း ပြီးနောက် စစ်ကား၂စီးနှင့်အတူ ရွာသူ ကြီးတစ်ဦး ယူနီဖေါင်း အပြည့်ဖြင့် ကားတစ် စီးတို့ဖြင့် ရောက်ရှိလာ ခဲ့ကြသည်။ MAT အဖွဲ့အား မဟာချိုင် ပွဲစားမကြီး ဒေါ်မာလီက တိုင်ကြားလိုက်သည့် အမှုတွဲအား ပြသ၍ စစ်ဆေးပါတော့သည်။ အဆိုပါ အမှုဖွင့်စာမှာ “ဌေးဆား ဗစ်ကုမ္ပဏီမှ ဦးဝင်းမြင့် ဆိုသူက လက်မှတ်ရေးထိုး၍ MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်း အား ဘန်ကောက်နေရပ် လိပ်စာနှင့်အတူ၊ ထိုင်း နှင့် မြန်မာအစိုးရတို့၏ MOU လုပ်ငန်းစဉ်အား ပျက်ပြားအောင် ဆောင်ရွက်နေ သူအဖြစ် (နိုင်ငံတော်ပုန်ကန်မှု)” စွပ်စွဲထားသည့်တိုင်စာဖြစ်သည်။ ထိုစာကိုမြင့်သည့်အခါ ဦးကျော်သောင်း သည် အသံထွက်အောင် ဟားတိုက် ၍ ရည်မောခဲ့ပြီးနောက် ဌေးကုမ္ပဏီ မှ မဲဆောက်မြို့ အာရှ လမ်းမကြီး 7/79 တွင်ရှိသော ပတ်စပို့လုပ်ခဲ့သည့် ကုမ္ပဏီ တစ်ခုဖြစ်သော SSG IRIPHLY CONSTRUCTION CO.LTD ဖြင့် အလုပ်သမား ၂,၀၀၀ဦး တင်သွင်းထားသည့် အလုပ်သမားခေါ် စာနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း နခိုစီဌာမရ မှ အလုပ်သမား ၄၀၀ ကျော် အသုတ်၏ ပြဿနာများအား အချက်အလက် အထောက် အထားများဖြင့် မြန်မာသံ အမတ်ကြီး၊ အလုပ်သမား ၀န်ကြီး၊ နိုင်ငံတော်သမ္မတရုံး တို့သို့ တင်ပြထားသည့် အမှုတွဲ မိတ္တူစာ ရွက်များ၊ အလုပ်သမားများထံမှ ဖြတ်တောက်ထားခဲ့သည့် ငွေဖြတ် ပိုင်း မူရင်းစာရွက်များ ဓါတ်ပုံ အထောက်အ ထားများအား ပြသခဲ့ ရာ၊ ရွာသူကြီးမှာ ခေါင်းခါ၍ ကားမောင်းကာ ထွက်ခွာသွားခဲ့သည်။

ထို့နောက် နယ်မြေခံ စစ်တပ်အရာရှိကြီးက ၎င်း၏တပ်စခန်း ရုံးခန်းသို့ ဖိတ်ခေါ်သဖြင့် MAT အဖွဲ့၏ အခြေ အနေများကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းပါသည်။ ထို့ကြောင့် MAT အဖွဲ့သည် SSG မဲဆောက်လိပ်စာဖြင့် အလုပ်သမား ၂,၀၀၀ ဦးရေ တင်သွင်းထား သည့်ကိစ္စ စာရွက်စာတမ်း အထောက်အထားများ၊ သြဂုတ်လ၂၉ ရက်နေ့စွဲဖြင့် နေပြည်တော် အလုပ်သမား ညွန်ကြားရေးမှူး၏ ညွှန် ကြားချက်အရ V&K နာနတ်သီး စက်ရုံသို့ တင်ပို့ထား သည့် အလုပ်သမား ၁၉၄ ဦး အလုပ်သမား ခေါ်စာတို့အား တင်ပြလိုက် ရာ အလျှင်အမြန် စီစစ်ဆောင် ရွက်မည်ဖြစ်ကြောင်း နယ်မြေစစ် အရာရှိက ကတိပေးပြောဆိုပါသည်။

ထို့အခြေအနေများကို ထိုင်းရပ်သတင်း www.thairath.co.th နှင့် အေဂျင်စီများအဖွဲ့ချုပ် အွန်လိုင်းhttps://www.facebook. com/moeaf.member/ posts/14993388236569 45 နှင့် အေ ဂျင် စီ တချို့နှင့် တပည့်တပန်း ပွဲစားများက MAT တဖွဲ့လုံးအား ထိုင်း စစ်တပ်က ဖမ်းဆီး လိုက်ပြီး ဖြစ်ကြောင်း သတင်း ဖြန့်ချိခဲ့ကြသည်။

အဆိုပါနယ်မြေရှိ WAT NONGSON ဘုန်းတော်ကြီး ကျောင်းအနီးတွင် ရှိသော CAL.COMPELECTRONCS (မြန်မာအခေါ်) CD ပြား အလုပ်ရုံသို့ ထိုင်းနိုင်ငံ အတွင်းသို့ ဒီမန်းအတု၊ အလုပ်မရှိပဲသွင်း လာသော ဒီမန်းများဖြင့် အလုပ်သမားများအား မြန်မာနှင့် ထိုင်းအေဂျင်စီများက သွင်းပေးလေ့ရှိသဖြင့် အဆိုပါ အလုပ်ရုံအား MAT အဖွဲ့က MOU သင်္ချိုင်းဟု ရန်ကုန်သတင်းစာ ရှင်းလင်း ပွဲတွင် အမည်ပေးထားခဲ့သည်။ အလုပ်ရုံတွင် အလုပ်သမား ၈,၀၀၀ ခန့်သာ လိုအပ်သော်လည်း ယခု အခါ မြန်မာအလုပ် သမားပေါင်း နှစ်သောင်း ထက်မနည်း ရောက်ရှိ နေကြောင်း အလုပ်သမားများ က ပြောသည်။ အလုပ်သွင်းပေးခ အဖြစ် အလုပ်သမား တစ်ဦးလျှင် ဘတ်ငွေ၁,၅၀၀စီ ထိုင်းပုလိပ်နှင့် အိမ်ထောင်ပြု ထားသည့် မြန်မာပွဲ စားမကြီး အမျိုးသမီး၂ဦးက ကောက်ခံကြောင်း အေဂျင်စီ ဒါရိုက်တာ တစ်ဦးကပြောသည်။



အိမ်ပြန်သွားသည့် အလုပ်သမားများထဲမှ ကိုသန်းလင်းမောင် က“MAT အဖွဲ့ ရောက်လာလို့ ကျနော်တို့ အိမ် ပြန်ဖို့ အစီအစဉ်ဖြစ် သွားတာ။ ကျနော်တို့ အဲဒီကုမ္ပဏီထဲမှာ နေခဲ့ရတာ ငရဲကျသလိုပဲ။ MAT က ကူညီဖို့လာခဲ့ တာကို SARISA ကုမ္ပဏီကရော၊ အလုပ် သမား သံအရာရှိရော၊ အေဂျင်စီများ အဖွဲ့ချုပ်ကပါ ရန်သူအဖြစ် သတ် မှတ်ပြီး အကြမ်းဖက်ကြတာပါ။ ကျနော်တို့အကြမ်းဖက်မှုတစ်ခုခု မလုပ်အောင်နဲ့ ခြံထဲကို ပြန်ဝင် ကြဖို့ ဦးကျော်သောင်း ပဲ ထိန်းပေးခဲ့တာပါ။ MATအဖွဲ့မရောက် လာရင်ကျနော်တို့ စကားတစ်ခွန်းတောင် ပြန်ပြောခွင့် မေးမြန်းခွင့်မရပါ။ ကျနော်တို့ မြန်မာပြည် ပြန်ရောက်တဲ့ အခါ လူတွေကို အခြေအနေမှန် ကို ပြောပြပါမယ်” ဟု ပြောဆိုခဲ့သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းနိုင်ငံသို့ MOU နဲ့ လာတဲ့ အလုပ်သမားတွေ ဒုက္ခရောက်ရင် ကျနော်တို့က တိုက်ရိုက်ကူညီိလို့ မရဘူး။ ဒါကြောင့် သမ္မတရုံးတို့ အလုပ်သမား ၀န်ကြီးဌာနတို့ အေဂျင်စီများ အဖွဲ့ချုပ်တို့ကို ကျနော် တင်ပြပါတယ်။ ဒါပေမယ့်သူတို့ လက်မခံကြဘူး။ မဖြေရှင်းကြဘူး။ ရန်ကုန်မှာ သတင်း လိမ်ရှင်းပွဲ လုပ်ကြတယ်။ အချိန်ကြာလာတော့ အလုပ် သမားသံအရာရှိ၊ အေဂျင်စီများ အဖွဲ့ချုပ်၊ အေဂျင်စီတွေနဲ့ ပွဲစားတွေ က တစ်ဖက်တည်းခံ ပြီးတော့ ကျနော်တို့MATအဖွဲ့ကို ထောင်ကျ အောင်အထိ ကြံစည်းလိုက်ကြပြီ ဖြစ်ပါတယ်။ ထိုင်းပုလိပ်တွေ နဲ့ပေါင်းပြီးတော့ ကျနော်တို့ကို ဖမ်းဆီးနိုင်အောင် ကြိုးပမ်းကြတာ ကို လည်းခံကြရပါ တယ်” ဟုပြောသည်။

ဆက်လက်၍ ……
“ကျနော်တို့MATအဖွဲ့ဟာ ငွေလည်းမရှိ၊ အာဏာလည်းမရှိတာ ကြောင့် သူတို့ကို မပြိုင်နိုင်ပါဘူး။ ကျနော်တို့က ဘယ်သူ့ကိုမှ တိုက်ခိုက်တာ မဟုတ်ဘူး။ အကျိုးစီးပွား ပျက်အောင် လုပ်တာမ ဟုတ်ဘူး။ အလုပ်သမားတွေ ဒုက္ခရောက်နေကြလို့ ကူညီခြင်း သာဖြစ်ပါတယ်။

ကျနော်တို့ကို အလုပ်သမား အာဏာပိုင်နဲ့ ချမ်းသာ တဲ့ အေဂျင်စီတွေ၊ ပွဲစားတွေ ပါဝင် နေတာကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အခြေအနေကို သဘောပေါက် ကြမှာပါ။ ဒါပေမယ့် ဒီအမှန်တရားတွေဟာ မကြာခင်မှာ အဖြေမှန် ပေါ်လာပါလိမ့် မယ်လို့ ယုံကြည်ပါတယ်။


လူကြီးလူ ကောင်း ပီသမှုကို ပြသခဲ့ကြတဲ့ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် နဲ့ လုပ်ဖေါ်ကိုင်ဘက် ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး ရဲတပ်ဖွဲ့ AHTD ,FED ဒါရိုက်တာ ဦးထူးချစ်နဲ့ အကြံပေး ရှေ့နေကြီး ဦးအောင်မျိုးသန့် တို့ကို အထူး ကျေးဇူးတင် ပါတယ်” ဟုပြောသည်။

MAT အဖွဲ့သားများ၏ ကယ်မရာ ၅လုံးထဲမှ ဓါတ်ပုံနှင့် VDO တို့ကို ထိုင်းရဲများက ဖျက်ဆီးခဲ့ပြီး MATအဖွဲ့သားများ၏ အချက်အလက်များ ကိုမူ ဓါတ်ပုံနှင့် မိတ္တူများ ကူယူ ခဲ့ကြပြီး အွန်လိုင်း ဖေးဘွတ် များ တွင် တင် ထားကြသည်ကို အင်တာနက်သုံးကြ သူများ သိရှိကြ မည်ဖြစ်သည်။ ထိုအခြင်းအရာသည် ဒေသခံရဲနှင့် မြန်မာ အေဂျင်စီ ပွဲစားအုပ်စုတို့၏ MAT အပေါ်တဖက်သတ် အနိုင်ကျင့်ခြင်း ဖြစ်သည်။

ခရမ်းသားလေး
Golden Worker

ရဲများရိုက်နှက်၍ စက်ရုံအလုပ်သမ ၃ဦး ဆေးရုံရောက်






အလုပ်သမားများ၏ လစာနှင့် နစ်နာကြေးပေးရန်တောင်းဆိုထားသော 
လှိုင်သာယာ စက်မှုဇုန်(၃)ရှိ ကိုရီးယားလူမျိုးပိုင် မာစတာစပေါ့စက်ရုံတွင် 
စက်တင်ဘာ ၁၆ရက်ညပိုင်းက ရဲများဝင်ရောက်ရိုက်နှက်မှုကြောင့် 
အလုပ်သမား (၇)ဦးထက်မနည်း ဒါဏ်ရာရခဲ့ပြီး အမျိုးသမီးသုံးဦးကို 
လှိုင်သာယာဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အလုပ်သမ မနုနုကြည် 
က ပြောသည်။


စက်ရုံပစ္စည်းများ လေလံတင်ရောင်းချကာ လုပ်အားခပေးမည်ဟု 
အလုပ်သမားဝန်ကြီးဌာနမှ ကတိပေးထားရာမှ ယနေ့တိုင် လုပ်အားလစာ 
မရရှိသေးသောကြောင့် စက်ရုံအလုပ်သမားများနှင့် အလုပ်သမား 
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ညှိနှိုင်းရာမှ ရဲများက အင်အားသုံး 
ဖြုခွင်းခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

"ရဲတွေလာနေပြီ နင်တို့ ဒုက္ခရောက်တော့မယ်လို့ ဦးဝင်းရှိန် က ပြောတယ်၊ 
အဲလိုပြောပြီးတာနဲ့မကြာဘူး မီးတွေမှိတ်၊ သော့တွေခတ်ပြီးတာနဲ့ ရဲတွေက 
သမီးတို့ကို ဝင်ရိုက်ပါတယ်"စက်ရုံအလုပ်သမ မသန်းသန်းဝေ က ပြောသည်။

အင်အားသုံးနှိမ်နင်းသော ရဲများကို အလုပ်သမားများက မီးသတ်ပုံးများဖြင့် 
ပြန်လည် ပစ်ပေါက်ခဲ့ပြီး အပြန်အလှန် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ခဲ့ကြောင်း 
သိရသည်။

"ရဲတွေက ညာသံပေးပြီးတော့ကို ဝင်ရိုက်တာ၊ အထဲမှာ အလုပ်သမားက 
သုံးရာလောက်ရှိတာ"ဟု မသန်းသန်းဝေ က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲစခန်းသို့ သွားရောက် 
မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

ယနေ့မနက်ပိုင်းတွင် ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်မဖြစ်ပွားတော့ 
သော်လည်း စက်ရုံတွင်း၌ ရဲများကနေရာယူထားပြီးအလုပ်သမားများကလည်း 
စက်ရုံအပြင်ဘက်တွင် စုရုံးနေကြဆဲဖြစ်ကြောင်း သိရသည်။
The Myanma Age

IS စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ကန်အမတ်တွေ ဆွေးနွေးတိုင်ပင်ပြီ


အီရတ်နဲ့ဆီးရီးယားမှာ အခြေစိုက်နေတဲ့ အစ္စလာမ် အစွန်းရောက် IS အဖွဲ့ကို တုံ့ပြန်တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကို အမေရိကန် လွှတ်တော်အမတ်တွေ ဒီကနေ့ ချိန်ဆ ဆွေးနွေးကြတော့မှာပါ။ သမ္မတ ဘရက်ခ် အိုဘားမား ကတော့ ဒီ IS အကြမ်းဖက်အဖွဲ့ကို တိုးမြှင့်ချေမှုန်းဖို့ ပြီးခဲ့တဲ့အပတ်က ကြေညာရာမှာ၊ အီရတ်တပ်တွေကို လေကြောင်းက ကူညီပေးမှာနဲ့ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားမှာတို့ကို ထည့်သွင်းခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel အနေနဲ့လည်း ဒီစစ်သွေးကြွအဖွဲ့ရဲ့ ခြိမ်းခြောက်မှု အနေအထားကို အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီမှာ ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Martin Dempsey နဲ့အတူ ဒီကနေ့ ရှင်းပြဖို့ ရှိနေပါတယ်။

သမ္မတ Obama ကတော့ လေကြောင်းတိုက်ခိုက်ရေး လုပ်ဖို့အတွက် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ယူစရာမလိုဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ IS အဖွဲ့နဲ့ ဆီးရီးယားအစိုးရ ၂ ခုလုံးကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသူပုန်တွေကို စစ်သင်တန်းပေးဖို့အတွက်တော့ လွှတ်တော်က ထောက်ခံပေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန် အောက်လွှတ်တော်မှာတော့ ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်သင်တန်းတွေ မပေးခင် ၁၅ ရက်မှာ လွှတ်တော်ကို ကြိုတင် အကြောင်းကြားပေးဖို့နဲ့ နောက်ဆက်တွဲ ပုံမှန် အစီရင်ခံပေးဖို့လိုတဲ့ ဥပဒေကြမ်းကို အစောဆုံးအနေနဲ့ နက်ဖြန်မှာ တင်သွင်းဆွေးနွေးဖို့ ပြင်ထားပါတယ်။ ဒီမူကြမ်းအတွက် အထက်လွှတ်တော်က အတည်ပြုချက်ကိုလည်း ရယူရမှာပါ။

အမေရိကန် စစ်လေယာဉ်တွေအနေနဲ့ မနေ့ကပဲ IS တွေရှိတဲ့ အီရတ်နိုင်ငံမှာ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရာမှာ အီရတ်မြို့တော် ဘဂ္ဂဒက်မြို့ အနောက်တောင်ပိုင်းက ပစ်မှတ်တွေနဲ့ မြောက်ပိုင်းက Sinjar တောင် အနားက ဒေသတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်လေကြောင်းတွေ ဆက်တိုးပြီး မတိုက်ခိုက်ရသေးတဲ့ ဆီးရီးယားနယ်စပ်ဘက်မှာ အခြေစိုက်တဲ့ IS စစ်သွေးကြွတွေက ဆီးရီးယားအစိုးရပိုင် စစ်လေယာဉ်တစင်းကို ပထမဆုံးအနေနဲ့ ဒီနေ့ ပစ်ချလိုက်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပြောဆို တိုက်ခိုက်မှုတွေ များနေပေမယ့် မှာယူမှု ၂ သန်းကျော်ပြီ ဖြစ်တဲ့ iPhone 6 နှင့် 6 Plus


iPhone 6 နဲ့ 6 Plus ကို အော်ဒါ မှာခွင့် ပေးတဲ့ ၂၄ နာရီအတွင်း အော်ဒါ အလုံးရေ ၂ သန်း ပြည့်သွားကြောင်း သိရပါတယ်။ ဒါကြောင့်မို့ Apple ရဲ့ သမိုင်း တစ်လျှောက်မှာ အချိန်တိုအတွင်း iPhone မှာယူမှု အများဆုံး စံချိန်အထိ မှတ်တမ်း တင်ခဲ့ကြ ပါတယ်။

iPhone 6 နဲ့ 6 Plus ထွက်လာပြီးတဲ့ နောက်ပိုင်း iPhone နဲ့ Android စမတ်ဖုန်း များအကြား ယှဉ်ပြိုင်မှုများ ပြင်းထန်လာပါတယ်။ အထူးသဖြင့် လက်ရှိ iPhone 6 ဟာ ၂၀၁၂ နှစ်က ထွက်တဲ့ Google Nexus ဖုန်းနဲ့ specification တူနေလို့ ဖြစ်ပါတယ်။ အားလုံး မဟုတ်ပေမယ့် အများစု တူညီနေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အရည်အသွေးအားဖြင့်ကတော့ ပိုသာကြောင်း iPhone fan များက ပြန်လည် ပြောဆိုပါတယ်။


ဒီလိုနဲ့ ရက်ပိုင်းအတွင်းမှာ Tech blog တွေနဲ့ Social media တွေပေါ်မှာ အပြန်အလှန် ငြင်းခုန်မှုများကို မြင်တွေ့ ရမှာပါ။ အော်ဒါ မှာယူခွင့်ပေးပြီး ကတည်းက iPhone မှာယူမှု ပြည်သွားတာတော့ ငြင်းလို့ မရပါဘူး။ မြန်မာပြည်ကိုလည်း နှစ်မကုန်ခင် ရောက်လာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။
.
Ref: metro
အောင်ခမ်း

အီဘိုလာရောဂါဘေးသင့် အာဖရိကဒေသကို အမေရိကန်တပ်ကူစေလွှတ်


အီဘိုလာရောဂါ ကူးစက်မှုဒဏ် ခံစားနေရတဲ့ အနောက်အာဖရိကကို ထောင်နဲ့ချီတဲ့ အကူညီပေးရေး အမေရိကန် တပ်ဖွဲ့ဝင်တွေ ပို့လွှတ် ချထားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက အင်္ဂါနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ အခုဆိုရင် အနောက်အာဖရိကမှာ အီဘိုလာရောဂါနဲ့ သေဆုံးခဲ့ရသူ အရေအတွက် ၂၅၀၀ နီးပါး ရှိနေပါပြီ။

နိုင်ငံတောင်ပိုင်း Atlanta မှာရှိတဲ့ အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးဗဟိုဌာနရဲ့ ဌာနချုပ်မှာ ကျန်းမာရေး ကျွမ်းကျင်သူပညာရှင်တွေနဲ့ တွေ့ဆုံစကားပြောကြားစဉ် နိုင်ငံတကာအနေနဲ့ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ အမေရိကန်စစ်တပ်ဟာ ထိထိရောက်ရောက် မြန်ဆန် အသွက်လက်ဆုံး ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

Sierra Leone၊ Guinea နဲ့ Liberia နိုင်ငံတွေက ကျန်းမာရေးစနစ်တွေဟာ သုံးမရနိုင်တော့လောက်တဲ့ အခြေအနေမှာ ရောက်နေကြောင်း သမ္မတက ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ အီဘိုလာရောဂါ ခံစားရသူတွေကို တိုက်ရိုက် စောင့်ရှောက်မှုပေးမှာမဟုတ်ဘဲ အဲဒီမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးတာ၊ ဝေဒနာသည်တွေကို ပိုမို ကုသမှုပေးနိုင်အောင် ကျန်းမာရေး အထောက်ကူပြု ပစ္စည်းတွေ တတ်ဆင်ထားတဲ့ ကုတင် ၁၀၀ ဆန့် ဆေးရုံ ၁၇ လုံး တည်ဆောက်ပေးမှာ စတာတွေ ပါဝင်တယ်လို့ ပြောပါတယ်။

ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားအောင်နဲ့ အနောက်အာဖရိကမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်မလာရအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ သမ္မတက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

တရုတ်သမ္မတ ခရီးစဉ် အိန္ဒိယတွင် ခိုလှုံနေသည့် တိဘက်လူမျိုးများ စိုးရိမ်


အိန္ဒိယနိုင်ငံမှာ ခိုလှုံနေထိုင်နေကြတဲ့ ပြည်ပရောက် တိဘက်လူမျိုးတွေက တရုတ်သမ္မတရဲ့ အိန္ဒိယခရီးစဉ်အပေါ် စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။

လက်ရှိ အိန္ဒိယအစိုးရဟာ တရုတ်နဲ့ ဆက်ဆံရေးကို အရင်ထက် ကောင်း မွန်ဖို့ ကြိုးစားနေသလို လက်ရှိ တရုတ်သမ္မတ ရှီကျင့်ပင်ဟာလည်း တရုတ်ပြည်ထဲက လူနည်းစုတွေအပေါ် မှာလည်း ပိုပြိး စာနာမှုရှိတဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းလာရင် တိဘက်အရေးဟာလည်း အခြေအနေကောင်းလာမယ်လို့ မျှော်လင့်တယ်လို့ ပြည်ပရောက် တိဘက်ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

တရုတ်သမ္မတဟာ အိန္ဒိယကို စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လည်ပတ်ဖို့ စီစဉ်ထားပြီး အိန္ဒိယမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ ကတိပြုမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ စီးပွားရေးမျက်နှာစာမှာ ဆက်ဆံရေးကောင်းပေမယ့် အပြန်အလှန် မယုံကြည်မှုတွေလည်း ရှိနေပါတယ်။

နယ်စပ်ပြဿ နာအပြင် အိန္ဒိယက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကိုယ်တော်ကို ထောက်ခံတာကလည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာစေတဲ့ နောက်ထပ် ဆူးငြောင့်ခလုတ် ဖြစ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒါရမ်စာလာ တောင်ပေါ်မြို့မှာ ဒလိုင်းလားမားကိုယ်တော်နဲ့ အတူ တိဘက်လူမျိုး ထောင်ပေါင်းများစွာ နေထိုင်ကြတာပါ။

ပြည်ပရောက် တိဘက်လွှတ်တော်အမတ်တယောက်ကလည်း အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုးဒီက တိဘက်အရေးအတွက် တရုတ်သမ္မတကို ပြောဆိုမယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
By ဒီဗွီဘီ

ကချင်နှင့် ရခိုင်ဒုက္ခသည်စခန်းက ကလေးအနည်းငယ်သာ ပညာသင်ကြားခွင့်ရ


ကချင်နဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ကလေးအယောက် ၁၀၀ မှာ ၈ ယောက်လောက်သာ ပညာသင်ကြားဖို့ အခွင့်အလမ်း ပုံမှန်ရရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာစီမံကိန်း အချက်အလက် တုတ်ပြန်ချက်ချက်မှာ ကချင်နဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည် ကလေးငယ် ၂ သိန်းကျော်ရဲ့ ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ ကလေး ၈ ရာခိုင်နှုန်းခန့်သာ အလယ်တန်းပညာကို သင်ကြားခွင့်ရပြီး မြန်မာနဲ့ သချာင်္ ၂ ဘာသာကိုပဲ တနေ့ ၂ နာရီ သင်ကြားခွင့်ရနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့နဲ့ Save the Childrenတို့ ပူးပေါင်း အကောင်ထည်ဖော် ဆောင်ရွက်နေတဲ့ အရေးပေါ်ပညာရေး ကဏ္ဍ ညှိနှိုင်း ဆောင်ရွက်ရေးမှူး အာလို ကစ်ချာမင်က ပြောပါတယ်။

“လက်ရှိမှာတော့ အသက် ၅ နှစ်နဲ့ ၁၁ နှစ်အောက်ကလေးတွေက တနေ့ ၂ နာရီ သချာင်္နဲ့ မြန်မာ ဘာသာကို သင်ယူခွင့်ရနေပါတယ်။ တခြားလူမှုရေး သင်ခန်းစာတွေကို သင်ပေးဖို့အတွက်တော့ အရင်းအမြစ်မရှိပါဘူး။”

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကလေး ၁ သိန်း ၅ သောင်း ၆ ထောင်လောက်ရှိနေတာပါ။

ကချင်ပြည်နယ် စခန်းတွေမှာ ကလေး ၅ သောင်း ၆ ထောင်လောက်ရှိနေပြီး အစောပိုင်း ကာလ မူကြိုကလေးသူငယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD)၊ မူလတန်းနဲ့ အလယ်တန်းပညာ သင်ကြားဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ကလေးတွေက မူလတန်းပညာကို သင်ကြားခွင့်ရပေမယ့် အလယ်တန်းကို ဆက်လက် သင်ကြားချင်တယ်ဆိုရင်တော့ ပဋိပက္ခတွေကြောင့် အဝေးမှာသွားရောက် ပညာသင်ကြားရသလို တရုတ်-မြန်မာ နယ်စပ်တွေမှာ သွားရောက်သင်ကြားတဲ့ ကလေးတွေအတွက် လူကုန်ကူးခံရနိုင်တဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ အာလိုကစ်ချာမင်က ပြောပါတယ်။

ကလေးတွေက သူတို့ရဲ့ ရပ်ရွာကို မစွန်ခွာချင်ပေမယ့် ပညာသင်ရဖို့ အဝေးကို သွားရသလို ကလေးကာကွယ်ရေးကိစ္စတွေအတွက် ဆရာဆရာမကို သင်တန်းတွေ ပေးရတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက ကျောင်းသားတွေက များပြီး ကျောင်းအဆောက်အဦတွေ မလုံလောက်သလို ကျောင်းသားမိဘတွေဆီကနေ ငွေကြေးကောက်ခံဖို့လည်း အခက်အခဲရှိတယ်လို့ ပြောပါတယ်။

ရခိုင်နဲ့ကချင်ပြည်နယ် ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ ကလေး ၂ သိန်း ၂ ထောင်လောက် ရှိပါတယ်။

အသံဖိုင်နားဆင်ရန်
https://soundcloud.com/dvbradio/kh-children-16092015

အားကစားဖိနပ်စက်ရုံတွင် အလုပ်သမားနှင့် ရဲများ ရုန်းရင်းဆန်ခတ်တွေဖြစ်


လှိုင်သာယာ စက်မှုဇုန် (၃) ထဲက မာစတာစပေါ့ အားကစားဖိနပ်စက်ရုံမှာ စက်တင်ဘာ ၁၆ ရက် ညပိုင်းက အလုပ်သမားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

စက်ရုံထဲကို ရောက်နေတဲ့ အလုပ်သမားတွေကို ရဲတွေက ၀င်ရိုက်တာ လို့ အလုပ်သမား တယောက်က ပြောပါတယ်။ ပိတ်ထားတဲ့ စက်ရုံထဲကို မနက်ပိုင်းကတည်းက အလုပ်သမားချို့ ၀င်ရောက်နေတာဖြစ်ပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ညွှန်မှူးဦးဝင်းရှိန်ကိုလည်း စက်ရုံထဲမှာ ပိတ်ထားလိုက်တယ်လို့ အလုပ်သမားတစ်ယောက်က ပြောပါတယ်။

“သမီးတို့ကို ဒီနေ့ (စက်တင်ဘာ ၁၆) မှာ လစာတွေပေးမယ်လို့ ပြောထားတယ်။ အဲဒါကိုပေးပါလို့ပြောတော့ ၁၀ လပိုင်း ၉ ရက်နေ့မှာမှ စက်ရုံကို လေလံတင်ပြီး ပေးနိုင်မယ်ပြောတယ်။ အဲဒါကြောင့် သမီးတို့လို ခံစားရအောင် ဦးဝင်းရှိန်ကိုလည်း စက်ရုံထဲမှာ ပိတ်ထားလိုက်တာ” လို့ အလုပ်သမားတစ်ယောက်က ပြောပါတယ်။

မာစတာစပေါ့ အားကစားဖိနပ်စက်ရုံဟာ ဇွန်လကတည်းက အလုပ်သမားလစာငွေတွေမရတဲ့အတွက် ကိုရီးယားအလုပ်ရှင်နဲ့ ပြဿနာ ဖြစ်နေပြီး အစိုးရတာဝန်ရှိသူတွေက ကြားဝင်ဖြေရှင်းပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။

“အလုပ်သမားခေါင်းဆောင်ကို ဒီနေ့ အလုပ်သမားရုံးကို ချိန်းထားတယ်။ အဲဒါကို အလုပ်သမားတွေ ထဲမှာ ဒီနေ့ ငွေရမယ်လို့ အသံတွေထွက်နေတယ်” လို့ ကူညီ ဆောင်ရွက်ပေးနေတဲ့ ဦးဌေးက ပြောပါတယ်။

ညပိုင်းမှာတော့ ရဲတွေက စက်ရုံတံခါးကို ဖွင့်ပြီး အလုပ်သမားတွေကို ရိုက်နှက်လို့ လူ ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဦးဝင်းရှိန်က အလုပ်သမားတွေကို ပြုံးပြုံးရွှင်ရွှင်ပဲဆက်ဆံတယ်။ ရဲတွေကတော့ ၀င်ရိုက်တယ်” လို့ ကိုယ်တိုင် အရိုက်ခံခဲ့ရတဲ့ မသန်းသန်းဝေက ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၁၇ မနက်ပိုင်း စုံစမ်းကြည့်ရာမှာတော့ စက်ရုံမှာ ရဲတွေ ရှိနေသေးပြီး အလုပ်သမားတွေကတော့ ပြန်သွားကြပြီလို့ သိရပါတယ်။




DVB TV News

မြန်မာ့ဆေးဖက်ဝင် ဆိပ်ဖလူးပင်


Item Name --------- Coral Jasmine (ဆိပ်ဖလူး)

Category ------------ Raw Material

Botany Term -------- Nyctanthes arbor-tristis Linn

Species Family ----- Oleaceae

မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ပေါက်ရောက်သည်။ ပန်းမန်အဖြစ် အလှစိုက်ပျိုးကြသည်။

အပင်

ပင်ငယ်မျိုးဖြစ်၍ ၁၀-၂၀ ပေထိမြင့်၏ ။ ပင်စည်ခေါင်းပွဖြစ်သည်။ အနံ့မွှေး၏ ။ အခေါက်ကြမ်း၍ အညိုနုရောင်ရှိသည်။ ကိုင်းဖြာသည်။ အကိုင်းရိုးနုစဉ်လေးထောင့် ပုံဖြစ်၍ ရင့်လျှင် လုံးဝိုင်းသွားသည်။ ရိုးတံနှင့် အရွက်ပေါ်တွင် အမွှေးကြမ်းများ ရှိ၏ ။

အရွက်

ရွက်ဆိုင်ထွက်သည်။ ရွက်ရင်းပိုင်းကျယ်၍ ၀ိုင်းပြီး ရွက်ထိပ်သို့ ချွန်သွယ်သွားသည်။ ရွက်နားခွေးသွားစိပ်ကျဲကျဲရှိ၏ ။ ရွက်ကြောထင်ရှား၍ ရွက်ပြားကြမ်းသည်။

အပွင့်

အဖြူရောင်ရှိသည်။ ပွင့်ချပ်အနားပတ်လည်နှင့် ပွင့်ချပ် ပြွန် လိမ္မော်ရောင်ရှိသည်။ အနံ့ အလွန်မွှေးကြိုင်သည်။ ပြာသိုလတွင် ပွင့်သည်။ အပွင့်သည် အပင်တွင် တစ်ညသာပွင့်ပြီး ကြွေကျသွားသည်။

အသီး

သီးတောင့် ဖြစ်သည်။ ၃/၄ လက်မရှည်သည်။

► အသုံးဝင်ပုံ

အရွက် ၊ အပွင့် ၊ အခေါက်၊ ပဉ္စငါးပါး။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ အပင် ပဉ္စငါးပါးသည် အေးသောသတ္တိရှိ၏ ။ ၀ဖြိုးစေ၏။ ကိုယ်ဝန်ကို ကြီးထွားစေ၏ ။ အပူ ၊ မြင်းသရိုက် ၊ မီးယပ်နာ ၊ ဆံပင်ကျွတ်ရောဂါတို့ကို နိုင်၏။ အရွက်သည် ခါးစပ်၏ ။ သလိပ်ကို ကြေစေ၏ ။ အဖျားကို ပျောက်ကင်းစေနိုင်သည်။ အခေါက်သည် ခါး၏ ။ ချဉ်၏ ။မျက်စိရောဂါ ၊ အဆုတ်ပြွန်ရောင်ခြင်းနှင့် အရေပြားရောဂါတို့ကို ပျောက်ကင်းစေသည်။

► အရွက်အသုံးပြုပုံ

၁ ။ အရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။

၂ ။ ယင်းအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။

၃ ။ အရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့် သူငယ်နာရောဂါများ ပျောက်ကင်းစေ၏ ။

၎ ။ အရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။

၅ ။ အရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏ ။

၆ ။ ကလေးငယ်များ ၀မ်းသက် ၊ ၀မ်းသွားပါက ၎င်းအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။

၇ ။ အရွက်ကို မီးအနည်းငယ်ဖြင့်ပြုတ်သောက်ပါက တင်ကြောနာသောရောဂါ ပျောက်ကင်း၏ ။ ငရုတ်ကောင်းနှင့် ရော၍ ကြိတ်စားလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏ ။

၈ ။ အရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။

၉ ။ အရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။

၁၀ ။ အရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။

► အပွင့်

၁ ။ အပွင့်ကို ပြုတ်၍သောက်ပါက အဆစ်အမျက်ရောင်ရောဂါ ပျောက်ကင်း၏။

► အခေါက်


၁ ။ အခေါက်ကို မျက်စိနာရောဂါအတွက် သုံး၏ ။ ၂ ။ အခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။

► ပဉ္စငါးပါးအသုံးပြုပုံ


၁ ။ ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးလရောဂါပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ

ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှု မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့စစ်ဆေးပြီ


ဘန်ကောက်- ထိုင်းနိုင်ငံတောင် ပိုင်း ခိုတောင်းကျွန်းပေါ်တွင် ဗြိ တိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွား နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာအမျိုးသားလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေသည်။


ဒေးဗစ်မီလာ(၂၄)နှစ်နှင့် ဟန်နာဝီသာရစ်ခ်ျ(၂၃)နှစ်တို့ကို ရေငုပ်သင်္ဘောများကြားရေပန်း စားရာကျွန်းပေါ်ရှိ ကမ်းခြေဘန်ဂ လိုတစ်ခုအနီးတွင် ၀တ်လစ်စား လစ်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

လူသတ်မှုဖြစ်ပွားရာနေရာ မှ ၃၅ ကိုက်ခန့်အကွာတွင်သွေး များ ပေကျံနေသော ပေါက်တူး တစ်လက်ကိုတွေ့ရှိခဲ့သည်။

‘‘စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာအမျိုးသားသုံးဦးကို ရဲတပ် ဖွဲ့က ထိန်းသိမ်းထားပါတယ်’’ဟု တောင်ပိုင်းဒေသရဲမှူးကြီးပန်ယ မာမန်ကအေအက်ဖ်ပီ သတင်းဌာနအား ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူမပြောပေ။

ယင်းသတ်ဖြတ်မှုနှင့်ဆက် စပ်၍ သေဆုံးသူမီလာနှင့်အတူ ခ ရီးသွားနေသော ဗြိတိန်နိုင်ငံသား တစ်ဦးကို ရဲတပ်ဖွဲ့ကရှာဖွေနေ ကြောင်း ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ ၏ ယခုပြောကြားချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

မသင်္ကာသူမြန်မာများနေ ထိုင်သော အခန်းများကို ၀င် ရောက်စီးနင်းပြီးနောက် အိုင်ဖုန်း တစ်လုံးနှင့်သွေးစွန်းနေသောဂျင်း ဘောင်းဘီများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်ဟူသော ထိုင်း ရုပ်သံများ၏ပြောကြားမှုကို ရဲမှူး ကြီးပန်ယမာမမ်ကအတည်ပြုမ ပေးနိုင်ကြောင်း အေအက်ဖ်ပီသ တင်းတွင် ဖော်ပြသည်။

အိမ်နီးချင်း မြန်မာနှင့် က မ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများသည် ထိုင်းနိုင်ငံ၌ ပြစ်မှုများကျူးလွန်နေကြသည်ဟု ထိုင်းအာဏာပိုင်များကမကြာခ ဏစွပ်စွဲလေ့ရှိသည်။

အသတ်ခံရသူများ၏ အ လောင်းများကို မှုခင်းဆေးပညာ ရှင်များက စစ်ဆေးရန် ဘန်ကောက်မြို့သို့ အင်္ဂါနေ့ညပိုင်း တွင်ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းစစ်ဘက်အကြီးအကဲ ပရာယွတ်ချန်အိုချာကမူ တိုက် ခိုက်မှုကျူးလွန်ခဲ့သူများ၏လုပ် ရပ်ကိုသာမက သေဆုံးခဲ့သူများ၏ အပြုအမူကိုပါမေးခွန်းထုတ်ခဲ့ပုံ ပေါ်သည်။

‘‘တခြားတစ်ဖက်ရဲ့လုပ်ရပ် ကိုလည်း ကျွန်တော်တို့လေ့လာရ ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအဖြစ်အပျက်မျိုးဟာ ဘယ် သူ့ကိုမှ မဖြစ်စေသင့်ဘူး။ ကျွန် တော်တို့ရဲ့ ပုံရိပ်ကို ထိခိုက်ပါ တယ်’’ဟု ၀န်ကြီးချုပ်ပရာယွတ်က ကမ္ဘာလှည့်ခရီးသွားနှစ်ဦးကို ရည်ညွှန်းရင်းသတင်းထောက်များအားပြောသည်။

ဗြိတိန်စုံတွဲမှာ မသေဆုံးမီ က ဒေသခံဘားတစ်ခု၌ ပါတီ တက်နေခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ က စောစောပိုင်းတွင်ပြောကြား သည်။ ၎င်းတို့နှစ်ဦးမှာ ဘားမှနံနက် ၁ နာရီတွင် ကမ်းခြေသို့သွားရောက်ခဲ့ပြီး ၎င်းတို့၏ အလောင်းများကို နံနက် ၆ နာရီခွဲတွင် တွေ့ရှိခြင်းဖြစ်သည်။

AFP
7Day DAILY