ISIS စစ်သွေးကြွများနှင့် ပူးပေါင်းမည့် တက္ကသိုလ် ကျောင်းသားတစ်ဦး အပါအ၀င် အမျိုးသားများကို ဂျပန် ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေး

ဆီးရီးယား နိုင်ငံသို့ သွားရောက်၍ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းမည့် တက္ကသိုလ် ကျောင်းသား တစ်ဦး အပါအဝင် အမျိုးသား များကို ဂျပန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို ဂျပန်နိုင်ငံမှ ပထမဆုံး အကြိမ်ထောက်ခံသည့် ဖြစ်စဉ်ဖြစ်ပြီး စုံစမ်း မေးမြန်းခြင်း ခံနေရ သူများနှင့် စပ်လျဉ်း၍ တိုကျို ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။ သို့ရာတွင် တိုကျို ရဲတပ်ဖွဲ့သည် အသက်၂၆ နှစ်အရွယ် ဟော့ကိုင်းဒိုး တက္ကသိုလ် ကျောင်းသား တစ်ဦး အပါအဝင် ၄င်းနှင့်အတူ နေထိုင်သည့် အခြား ဂျပန်အမျိုးသား များကို ဆီးရီးယား နိုင်ငံသို့ သွားရောက်ရန် ကြံစည်နေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း NHK သတင်းဌာနက ပြောကြား ခဲ့သည်။

အာဏာပိုင် များ၏ ပြောကြားချက် အရ ရဲတပ်ဖွဲ့သည် ၄င်းတို့ အားလုံးကို တရားဝင် ဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ တရားဥပဒေ အရ နိုင်ငံသား တစ်ဦးသည် စစ်ပွဲတွင် ပါဝင်ရန် ကြိုးပမ်း ခဲ့ပါက ထောင်ဒဏ်ငါးနှစ် အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။

PyiChitThar

အမ်အီးစီက ဆင်းကတ် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူး


မြန်မာ့ဆက်သွယ်ရေး၊ အော်ရီဒူးနဲ့ တယ်လီနော်တို့က ဆင်းကတ်တွေကို ဖြန့်ဖြူးရောင်းချနေတဲ့ နည်းတူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကလည်း သူတို့ ထုတ်လုပ်ထားတဲ့ MECTel စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ဆင်းကတ်တွေကို ရန်ကုန် နဲ့ မန္တလေး မြို့တွေမှာ ကိုယ်စားလှယ် အရောင်းဆိုင်တွေကနေ တဆင့် ကျပ် ၁၅၀၀ နှုန်းနဲ့ ဖြန့်ဖြူး ရောင်းချသွားမယ်လို့ ဒီကနေ့ ကြေညာပါတယ်။

ဒါတင်မက အမ်အီးစီက ထုတ်လုပ်ထားတဲ့ ဆင်းကဒ် အသုံးပြုနေသူတွေကို ၀ါကျွတ်လက်ဆောင်အဖြစ် အောက်တိုဘာ ၇ ရက်နေ့ကနေ လကုန်အထိ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ၀ယ်သူတွေကို အပိုလက်ဆောင် ကျပ် ၁၀၀၀ ဖိုး၊ ကျပ် ၁၀၀၀၀ တန် ငွေဖြည့်ကတ် ၀ယ်ယူသူတွေကို အပိုလက်ဆောင် ကျပ် ၃၀၀၀ ပေးမယ်လို့ ကြေညာပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စစ်တပ်ပိုင် အမ်အီးစီ၊ ကာတာပိုင် အော်ရီဒူးနဲ့ နော်ဝေပိုင် တယ်လီနောတို့က ဆင်းကဒ်တွေ ဖြန့်ဖြူးနေကြပြီး ဆက်သွယ်ရေးအော်ပရေတာ လိုင်စင် ရထားပြီးဖြစ်တဲ့ ရတနာပုံ တယ်လီပို့စ်ကတော့ လုပ်ငန်း စတင်နိုင်ခြင်း မရှိသေးပါဘူး။

By ဒီဗွီဘီ

ကွန်ဒုံး၊ ဒီအန်အေ၊ ဟန်းဖုန်း၊ အရပ်အမောင်း၊ ရှပ်အင်္ကျီ၊ ပေါက်ပြား နှင့် လူသတ်တရားခံဟု စွပ်စွဲခံထားရသည့် မြန်မာလူငယ် ၂ ဦး


ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းက ဗြိတိသျှ ကမ္ဘာလှည့်နှစ်ဦး ရက်စက်စွာ အသတ်ခံ ရခြင်းကြောင့် မြန်မာ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခြင်း သည် တရားခံအစစ် မဟုတ်ဘဲ မှားယွင်း ဖမ်းဆီး ထားကြောင်း အပြစ်တင်သံ များပေါ်ထွက်နေပါသည်။ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာပါ သတင်း မှတ်ချက် ပေးမှုများ အရ ထိုင်းလူမျိုးများ အပါအ၀င် ပြည်တွင်း ပြည်ပက လူများက ထိုမြန်မာ အမျိုးသား နှစ်ဦင်္းသည် ထိုင်းရဲများ ပြောသလို မုဒိန်းမှုနှင့် လူသတ်မှူများ ကျူးလွန်ခဲ့သည် ဆိုတာကို ယုံကြည်ခြင်း မရှိကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ က အဆိုပါ တရားမ၀င်နေထိုင်သူ မြန်မာအလုပ်သမားနှစ်ဦး သည် ဗြိတိသျှ ခရီးသည် ဒေးဗစ်မေလာအသက် ၂၄နှစ်နှင့် ဟန်နာ ၀ီသာရစ်ခ်ျ ၂၃နှစ်ကို သတ်ခဲ့ကြောင်း ၀န်ခံ ထားသည်ဟု စွပ်စွဲထား ပါသည်။ မြန်မာ အလုပ်သမား ၂ ဦး သရုပ်ပြခဲ့တဲ့ အတိုင်း ပေါက်ပြားပေါက်ချွန် ဖြင့် ဒေးဗစ်မေလာ အား စတင် တိုက်ခိုက်ခဲ့သည် ဟု သရုပ်ပြ ခဲ့သော်လည်း ဒေးဗစ်မေလာ၏ အလောင်းပေါ်မှ ဒဏ်ရာနှင့် ပုံစံ ကိုက်ညီမှု မရှိကြောင်း ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိပါသည်။ အဲသည်အချက် အပေါ် ထိုင်းရဲ က ပေါက်ပြား၏ အစွန်းပိုင်းနှင့် ထိမိသည့် ဒဏ်ရာများဟု ချေပခဲ့ ပါသည်။

ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်နှစ်ဦး၏ အလောင်းကို လိပ်ကျွန်းတွင် စက်တင်ဘာ လ ၁၅ ရက်နေ့ က တွေ့ ရှိခဲ့သည်။မြန်မာအလုပ်သမားနှစ်ဦး၏ မျိုးရိုးဗီဇ ဒီအန်အေ စစ်ဆေးချက် သည် ဗြိတိသျှအမျိုးသမီး ဟန်နာဝီသာရစ်ချိ၏ ခန္ဒာကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရသည်ဟု ထိုင်းရဲတပ်ဖွဲ့ ကပြောကြားသည်။ ထိုင်းရဲတပ်ဖွဲ့ သည် ကျွန်းပေါ်ရှိ အလုပ်လုပ်နေသော အမျိုးသား၂၀၀ ကျော်၏ ဒီအန်အေများကို စစ်ဆေးခဲ့ ပြီး အများစု မှာ မြန်မာအလုပ်သမားများ ဖြစ် ပါသည်၊ သို့ရာတွင် ဒီအန်အေ စစ်ဆေးမှု သည် ဗြိတိသျှအမျိုးသမီး ကိုယ်ပေါ်က ဒီအန်အေများနှင့် ကိုက်ညီမှု မရှိဟု ရဲများက အစပိုင်း တွင် ပြောကြားခဲ့ပါသည်။

ထို့ နောက် မြန်မာအမျိုးသားနှစ်ဦးက လူသတ်မှူု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး သူတို့ နှစ်ဦင်္း သည် ဗြိတိသျှအမျိုးသမီး ဟန်နာဝီသာရစ်ခ်ျ၏ ခန္ဒာကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရသည်ဟု ရဲတပ်ဖွဲ့ က တဖန်ကြေညာ ခဲ့ ပြန်သည်။

ထို့ အပြင် အစောပိုင်းက ရဲတပ်ဖွဲ့  က ကြေညာရာတွင် အခင်းဖြစ်ပွား သည့်နေရာ တွင် ကွန်ဒုံး တခုကို တွေ့ ရပြီး ဟန်နာဝီသာရစ်ချိ၏ ခန္ဒာကိုယ်မှ ဒီအန်အေကို အဆိုပါ ကွန်ဒုံးအပြင်ဘက် တွင် တွေ့ ရသည်ဟုဆိုသည်။ သို့ ရာတွင်ကွန်ဒုံး၏အတွင်းတွင် မည်သူ့၏ ဒီအန်အေ ကို တွေ့ ရှိသည် ဆိုသည် ကို ထိုင်းရဲက ပြောကြားခြင်း မရှိပါ။

အဆိုပါ အမှုကို စုံစမ်းနေသော ထိုင်းစုံစမ်းရေးအဖွဲ့ က မြန်မာလုပ်သား ကိုဝင်း အသက် ၂၁ နှစ်နှင့် ကိုစိုး အသက် ၂၁နှစ်ကိုတရားခံ အဖြစ် ဖော်ထုတ် ထား ပါသည်။ ထို့ အပြင် ကိုမောငိ အသက် ၂၃နှစ်ကိုလည်း အစိုးရ သက်သေအဖြစ် ထိန်းသိမ်းထားသည်။ ကိုမောင်မှာ ကိုဝင်း၊ ကိုစိုးတို့နှင့် အခင်းဖြစ်ပွားသည့် ညက ဂစ်တာအတူတီးခဲ့ပြီး စောပြန်သွားခဲ့သည်ဟု ထိုင်းရဲက ဆိုသည်။

ထိုင်းရဲက ဟန်နာ၏ လက်ကိုင်ဖုန်းကို အဆိုပါ မြန်မာလုပ်သားများ နေထိုင် ရာ နေရာ နောက်ဖေးမှာတွင် တွေ့ရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သော် လည်း အခင်းဖြစ်ပွားပြီး နောက်တစ်ရက်တွင် ဟန်နာ၏ မိတ်ဆွေများက (ဟန်နာ မေ့ကျန်ခဲ့သည့်) ဖုန်းကို ရဲထံ လူကိုယ်တိုင်သွားရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထောက်ပြချက်များ ထွက်ပေါ်လာပြီးနောက် ဖုန်းမှာ ဒေးဗစ်၏ ဖုန်းကို ရှာတွေ့ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲက ဌာနမှ အတည်ပြုချက်ရယူခြင်း မရှိပဲ ချက်ချင်းပင် ပြင် ဆင်ပြောကြား ခဲ့ကြောင်း ဘန်ကောက် ပို့စ်သတင်း တွင် ဖော်ပြ ခဲ့သည်။ ဟန်နာ၏ ဖုန်းကို စက်တင်ဘာလ ၁၈ ရက်နေ့ကပင် ဟန်နာ၏ မိသားစုထံ ထိုင်းရဲမှ ပြန်လည် အပ်နှံ ခဲ့ပြီး ဖြစ်သည်။

သို့သော် ဝေဖန်သူများကမူ လက်ရှိအချိန်တွင် တန်ဖိုးတစုံတရာ မရှိတော့သည့် ဖုန်း အဟောင်း တစ်လုံးကို ထိုမျှ နိုင်ငံတကာ၏ အာရုံစူးစိုက်မှုရနေသည့် လူသတ်မှုကြီးကို ကျူးလွန်ထား ပါက မိမိတို့ အနီးအနားတွင် သိမ်းထား စွန့်ပစ်ထားမည် မဟုတ်ဟု ပြန်လည်ထောက်ပြကြသည်။ အလွယ်တကူပင် လူသွားနည်းသည့် ကမ်းခြေတစ်နေရာမှ ပင်လယ်ထဲသို့ လွင့်ပစ်လိုက်နိုင် သည် ဟု ထောက်ပြကြ သည်။

ထို့ပြင် ဒေးဗစ်၏ ၆ ပေ ပတ်ဝန်းကျင် အရပ်နှင့် လူသတ်တရားခံအဖြစ် စွပ်စွဲခံ ထားသည့် မြန်မာ ၂ ယောက်၏ အရပ်အမောင်းများကိုလည်း ယှဉ်ပြပြီး CSI LA စာမျက်နှာ မှ မေးခွန်းထုတ်ခဲ့သည်။ ဒေးဗစ် အလောင်းမှ ရဲက ပြသထားသည့် ဒဏ်ရာများ အားလုံးသည့် ဦးခေါင်းနှင့် ပုခုံးပိုင်းတွင် ဖြစ်နေကြောင်း တွေ့ရှိ ရသည်။

ထပ်ဆင့်၍ မြန်မာတရားခံတစ်ဦးမှာ စတိုးဆိုင်တွင် ဆေးလိပ်ဝယ်စဉ် ၀တ်ဆင် ထားသည့် အင်္ကျီကို ကမ်းခြေတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာပင် ၀တ်ဆင် ထားသည်။ တရားခံမှန်ပါက ၄င်းတို့၏ ပြစ်မှုကျူးလွန်စဉ်က ၀တ်ဆင် ခဲ့သည့် အ၀တ်အစားမှန်သမျှကို ရဲက သိမ်းဆည်းပြီး ဟန်နာ၏ သွေးဇီဝ အထောက်အထားများ ကပ်ညှိနေမှု ရှိမရှိ စစ်ဆေးမှုများ အမြန် ပြုလုပ်ရမည်ဟု ထိုင်းရဲမှုးဟောင်းတစ်ဦးက ဘန်ကောက်ပို့စ်သို့ ပြောကြားခဲ့သည်။

"ဒီအန်အေ တွေ့ရှိမှုဟာ အပြန်အလှန်ဖြစ်ရမယ်။ မဟုတ်၇င် သံသယဖြစ်ဖွယ် ရှိပြီး တရား သူကြီးရဲ့ ယုံကြည်မှုကို ရရှိဖို့ ခက်ခဲပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။

ထိုင်း Rights and Liberties Protection Department မှလည်း မြန်မာ တရားခံ ၂ ဦးမှာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်နိုင်ရန် ခက်ခဲနေသေးကြောင်း၊ လိုအပ်ပါက ကျွမ်းကျင်သည် ရှေ့နေများကို ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သည်နေရှင်း သတင်းစာ သို့ ပြောကြားခဲ့သည်။

မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ထိုင်းစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ကမူ ထိုင်းရဲများ၏ တွေ့ရှိချက်ကို အကြွင်း မရှိ ယုံကြည်ကြောင်း၊ ထိုင်းရဲ များတွင် သက်သေအထောက်အထား အတိအကျရှိပြီး ၄င်းတို့၏ အမှုကို မြန်ဆန်စွာ ဖော် ထုတ်နိုင်မှုကို ချီးကျူးကြောင်း သတင်းထောက်များ၏ အမေးကို ဖြေဆိုခဲ့ကြောင်း ထိုင်းသတင်း များတွင် ဖော်ပြခဲ့သည်။ ၀န်ကြီးချုပ် ပရာရွတ်က အဆိုပါ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုဆုများပင် ပေးအပ် မည်ဟု ဆိုသည်။

ထိုင်းရဲက လူသတ်လက်နက်ကို ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းထောက်များကို အသိပေးခဲ့ပြီး အဆိုပါ ချွန်ထက်သည့်လက်နက် မှာ ပေါက်ပြား ပေါက်ချွန် ပေါက်တူး အစရှိ သည်ဖြင့် မည်သည့် (ပေါက်) အမျိုးအစားဖြစ်သည်ကို ဖော်ပြခြင်း မရှိသေးပေ။

ဘာသာပြန် - လင်းလင်း + သည်လေဒီးစ်

Ref - The Nation, AsiaOne, Bangkok Post, CSI LA

The Ladies News Journal

ခါကာဘိုရာဇီ ရေခဲတောင်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ယောက်ကို ယနေ့မှ တွေ့ရှိ






ခါကာဘိုရာဇီ ရေခဲတောင်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ယောက်ကို ရှာရင်း စက်တင်ဘာ ၂၇ ရက်က ပျောက်ဆုံးခဲ့တဲ့ ရဟတ်ယာဉ်ကို ဒီကနေ့ အင်္ဂါနေ့ ညနေပိုင်းမှာ နောင်မွန်းမြို့နယ် ဂါးထု ကျေးရွာ အနီးက လန်ကာ ကျေးရွာမှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။ 

ရဟတ်ယာဉ်ပေါ် ပါသွားတဲ့ ထိုင်းနဲ့ မြန်မာ ရဟတ်ယာဉ်မှူး ၂ယောက်နဲ့ တောင်တက်သမား တစ်ယောက်လည်း ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ်။ 

ပျောက်နေတဲ့ တောင်တက်သမားတွေကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း

BBC Burmese

နနွင်း + နွားနို့ ဖျော်ရည် အကောင်းဆုံးအိပ်ယာဝင် relaxant


အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ် ။ သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့နနွင်းပါပဲ ။

နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။
အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။ အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ ။ ဘိုက်ပြည့်ဘိုက်ကယ်နေတာတွေ အတွက်တော့ နတ်ဆေးတပါးပါပဲ ။

တခါတလေ ဘိုက်ပြည့်ဘိုက်ကယ်တာ 
နေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ် ။ လူကြည့်လိုက်ရင်လဲ ဖြတ်လတ်မှုမရှိပဲ ဘိုက်ကြီးပူပြီး အပင်ပန်းမခံနိုင်ဘူး ။ ဒါဆိုရင် နို့နနွင်းသောက်ပါ ။
အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။

မေ့လျော့ခြင်းများ ကိုလဲ သက်သာလာစေပါတယ် ။
သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝအနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေအတွက်အားဖြည့်ဆေး လဲဖြစ်ပါတယ် ။
ချောင်းဆိုးခြင်းနဲ့ ဆုံဆို့ ကြက်ညှာချောင်းဆိုး တွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။

ကိုလှစောလို့ခေါ်တဲ့ သွေးတွင်းအဆီဓာတ် ကိုလက်စထရော ကိုလဲ ကျစေပါတယ် ။ ခုခေတ်မှာ အသက် ၃၀ ပတ်ဝန်းကျင်တွေက အစ ကိုလက်စထရော များတဲ့ ဒုက္ခကို ကြုံတွေ့ နေရပါတယ် ။ ဆရာဝန်က ပြောလာပြီ ဆိုရင်တော့ ဆေးတွေ သောက်နေမယ့် အစား ဒီနို့နနွင်းလေး ကောက်ဖျော်သောက်လိုက်ရင် အဆင်ပြေမယ်ထင်တယ်နော် ။
အက်ကဇီမား စတဲ့ အရေပြားယောင်ကမ်းယားနာတာတွေအတွက်လဲ အလွန်ကောင်းတဲ့ဆေးပါ ။

ရင်သားကင်ဆာ ၊ ပရိုစတိတ်လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ ၊ အရေပြားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ် ။

အဆီခြေဖျက်နှုန်း ကို ကူညီပေးသလို ခန္ဒာကိုယ် အလေးချိန်ထိန်းခြင်းကိုလဲ အကူညီပေးပါတယ် ။
အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုလဲ ထိန်းချုပ်ပေးပါတယ် ။
ကင်ဆာဝေဒနာသယ်များ အတွက် ကုထုံးဖြစ်တဲ့ Chemotherapy ခမ်မို ဓာတ်ကင်ခြင်းကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများတွေ့ရခြင်းကိုလဲ လျော့နည်းစေပါတယ်နော် ။

ဒီလောက်ကောင်းတဲ့ နနွင်းဟာ သင့်လက်တကမ်းမှာ ရှိနေတာပါ ။ မသိသူကျော်သွား သိသူဖော်စားတဲ့ ။

နနွင်းကို အဝင်ကောင်းအောင် လုပ်နည်း အမျိုးမျိုးတော့ ရှိမှာပါ ။
ကတိသစ္စာတည်သောအခါ နွယ်မြင်သစ်ပင် ဆေးဘက်ဝင်သည်လို့ အဆိုရှိတဲ့ အတွက်ကြောင့် သစ္စာရှိသော ရောင်းတဲ့ အသည်ဆီက နနွင်းမှုန့် အစစ်ကိုတော့ ဝယ်ဘို့လိုပါလိမ့်မယ်နော် ။ နို့မို့ရင် ဆန်မှုန့်ကို အဝတ်ဆိုးဆေး ဆိုးထားတာတွေနဲ့ တွေ့ရင်.... ပျောက်တော့ ပျောက်တယ် အသက်ဖြစ်နေပါဦးမယ် ။

ဒီဆေးနည်းက အိန္ဒိယရိုးရာ ဆေးနည်းဖြစ်ပေမယ့် မြန်မာ့ ရှေးနည်းလဲဖြစ်ပါတယ် ။ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ Golden recipe လေးပါ ။ ရှေးက မီးဖွားပြီးတဲ့ မိခင်တွေ အတွက် အပူအပုတ်တွေ စင်သွားအောင် နနွင်းကို လုံးပြီး ဒီတိုင်းသောက်ခဲ့ရတာပါ ။ နနွင်းရဲ့ အာနိသင်တွေ က အင်တီဘိုက်အိုတစ် အင်တီဆက်ပတစ် ဖြစ်တယ် အယောင်အယမ်းကျတယ် ၊ အပုတ်စင်တယ် သွေးလည်ပတ်မှု ကောင်းတယ် ဆိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ပြန်လည် သုံးစွဲသင့်တဲ့ဆေးပါ ။ အနာလဲ ကျက်တယ် ၊ ဖောယောင်တာတွေလဲကျတယ် ၊ လေနဲ့ ပတ်သတ်တဲ့ရောဂါတွေလဲ နိုင်ပါတယ် ဆိုတော့ ကျမတော့ ခလေးမွေးထားသူ မဟုတ်ပေမယ့် စမ်းသောက်ဘို့ ကြံစည်နေပါပြီ။

ဖျော်နည်းလေးကတော့

နွားနို့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တခွက်ပဲ အရင်ထည့်ပါမယ် ။

ပျားရည်စစ်စစ် တဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့် 
နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့တဝက်
အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ နဲနဲလေး
ဂျင်းမှုန့် စီးတီးမတ်မှာ ရနေပြီ အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့် ကျမကတော့ဂျင်းကြိုက်တယ်
ပြီးရင် ခေါက်မွှေပြီးသောက်လို့ရပါပြီ ။ အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနို့ရယ် ပဲကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။

စမ်းသောက်ကြည့်လို့ အဆင်မပြေရင်တော့ နနွင်းကို ပျားရည်နဲ့တေပြီး အခြောက်လှန်းပြီး အလုံးလေးတွေလုံးပြီးသောက်မယ် ။
တချို့နည်းတွေမှာလဲ အမှုန့် မရသူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုပ်ကောင်းတွေကို နွားနို့ထဲထည့်ုပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ ။ ပွက်ပြီး ခဏလောက်နေမီးဖိုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေးခံထားပါ ။ နောက်အေးသွားပြီဆိုရင် နို့ထဲက အဖတ်တွေ ကိုဆယ်ထုပ်ပြီး ပျားရည်နဲ့ ရောသောက်နိုင်ပါတယ် ။

Posted by Kai

အစိုးရနှင့် SSPP/SSA တပ်တို့ တိုက်ခိုက်မှုများ ထပ်မလုပ်ရန် သဘောတူ


ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၆ ရက်မှ စတင်၍ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲခဲ့ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။

RCSS ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းဒေသတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂ ရက်က ၂၀၁၈ ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် စစ်ရေးပြနေသည့် ရှမ်းစစ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - သိင်္ဂီထွန်း၊ မဇ္ဈိမ)

၎င်းက "သူတို့တပ်တွေ ပြန်ဆုတ်တဲ့အချိန်မှာ ဆွဲမိုင်းဆွဲတာတွေ ချုံခိုတိုက်တာတွေ မလုပ်ဖို့ဆိုပြီး အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်" ဟု ပြောသည်။

ကျေးသီးမြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက "တိုက်ပွဲတွေတော့ ငြိမ်သက်သွားပြီ။ တပ်မတော်ဘက်က ကျဆုံးသွားတဲ့ လူတွေကို လဲချားမြို့နယ် သင်္ချိုင်းကုန်းမှာ မနေ့က သဂြိုလ်ခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။

အစိုးရတပ်မတော် နှင့် (SSPP/SSA) တို့ သည် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် တာဖာဆောင် ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ တပ်မတော်သား ၁၁ ဦး ကျဆုံးခဲ့သည်ဟုလည်း ၎င်းကပြောသည်။

အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်၍ ကျေးသီးမြို့နယ်ရှိ ကျေးရွာများ၌ တည်ငြိမ်လျက်ရှိကြောင်း ကျေးသီးမြို့ခံ စိုင်းစံမိန်းပြောသည်။

ရှမ်းပြည်နယ်အတွင်း ကျေးသီး၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းရယ်၊ နမ့်လန်မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မိုင်းရှုး - မိုင်းရယ်ကားလမ်းကို အစိုးရစစ်တပ်မှ ပိတ်ပင်ထား၍ ကုန်ကားများ သွားလာခွင့်မရကြောင်း SSPPဘက်က ဆိုသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သော ကျေးသီးမြို့နယ်အတွင်းတွင် လက်တလောတိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်ပြီး ကျေးရွာများသို့ ထိခိုက်ခြင်းမရှိ၍ စာသင်ကျောင်းများပိတ်ရခြင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များ အဖြစ် ရှောင်တိမ်းနေရခြင်းတို့ မရှိဟုလည်း ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စိုင်းအွမ်ဆိုင်မိန်းက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် တိုက်ပွဲများဖြစ်ပွားရခြင်းသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် အတားအဆီးဖြစ်စေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ ခေါင်းဆောင် နိုင်ဟံသာက စက်တင်ဘာလ အတွင်း ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားထားသည်။

မဇ္ဈိမ

တယ်လီနော်ဆင်မ်းကတ်ရောင်းမည့်ရက်ရန်ကုန်လူထုစိတ်ဝင်တစားစောင့်နေ


တယ်လီနော်ဆင်မ်းကတ်ရောင်းမည့်ရက်ရန်ကုန်လူထုစိတ်ဝင်တစားစောင့်နေ
တယ်လီနောဆင်းမ်ကတ်ကို မန္တလေး၌ စတင်ချထားပေးပြီး နှစ်ပတ်အကြာတွင် ရန်ကုန်မြို့၌ 
ချထားပေးမည်ဟု တယ်လီနောကထုတ်ပြန်ကြေညာထားခြင်းကြောင့် အောက်တိုဘာလဆန်း
ပိုင်းအတွင်း တယ်လီနောဆင်းမ်ကတ် ရောင်းချမည့်အချိန်အတိအကျသိလိုနေကြပြီး ရောင်းချ
ချိန်၌ ဦးစွာရရှိလို၍ စာရင်းပေးလိုသူ များပြားနေကြောင်း ရန်ကုန်မြို့ရှိ ဖုန်းဆိုင်များက 
အောက်တို ဘာ ၅ရက်၌ တညီတညွတ်တည်း ပြောဆိုကြသည်။

တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ရက်က မန္တလေးမြို့တွင် စတင်ရောင်းချ
ပေးခဲ့ပြီးတစ်ပတ်အကြာ အောက်တိုဘာ ၃ရက်၌နေပြည်တော်တွင် ရောင်းချပေးခဲ့သည်။
ယင်းကြောင့် တယ်လီနောစတင် ရောင်းချပေးမည်ဟု ကြေညာထားသည့် မြို့ကြီး
သုံးမြို့တွင် ရန်ကုန်မြို့သာ ကျန်ရှိနေတော့သောကြောင့် သုံးစွဲသူများက စိတ်ဝင်စားမှု
မြင့် တက်နေခြင်း ဖြစ်ကြောင်း သိရသည်။

'မန္တလေးမှာ ချထားပေးပြီးနှစ်ပတ်အကြာမှာ ရန်ကုန်မှာ ချပေးမယ်
ဆိုပေမယ့် အောက်တိုဘာ ၆ ရက်၊ ၇ ရက်လောက်မှာ ချမယ်ဆိုတဲ့သတင်းတွေ
ကြားလို့ဆိုပြီး တယ်လီနောတံဆိပ် တွေကပ်ထားတဲ့ ကျွန်တော်တို့လိုဆိုင်တွေမှာ
ကြိုစာရင်းပေးချင်တဲ့လူနဲ့၊ ဘယ်နေ့ ထွက်တော့မလဲ လာမေးတဲ့သူတွေ များပါ
တယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်းရန်ကုန်မှာ စတင်ရောင်းချပေးမယ့် ရက်
အတိအကျကို အနားနီးမှ အတိအကျသိရမှာ ဖြစ်ပါတယ်' ဟု ဆူးလေဘုရား
အနီးရှိ မိုဘိုင်းလ်အရောင်းဆိုင်တစ်ဆိုင်မှ ကိုမျိုးမြင့်က ပြောဆိုခဲ့သည်။

ရန်ကုန်မြို့မှ အသက် ၂၃နှစ်အရွယ် ကိုသီဟအောင်ကလည်း 'မိုဘိုင်းလ်
ဆင်းမ်ကတ်တွေစချပေးပြီဆိုရင် ရန်ကုန်ကပဲစတော့ အခုတယ်လီနောက မန္တလေး
ကစပြီးချပေးလိုက်တဲ့အတွက် ရန်ကုန်ကလူတွေက အရမ်းကို သုံးချင်နေကြပြီ။
အထူးသဖြင့် အင်တာနက်လိုင်း အခြေအနေပေါ့။ တချို့ဆို မန္တလေးက
ဆင်းမ်ကတ်တွေ ဒီကိုယူလာပြီး သုံးတာတောင်ရှိတယ်။ ဒါပေမဲ့ ကွန်ရက်မချိတ်
ဆက်ရသေးတော့ သုံးလို့မရပါဘူး။ တယ်လီနောကလည်း ရောင်းမယ့်ရက်ကို
မန္တလေးမှာချထားပေးပြီး နှစ်ပတ်ကြာလို့ပဲ ပြောထားတော့ အခုရက်ပိုင်းများ
ချထားပေးမလားဆိုပြီး ဖုန်းအရောင်းဆိုင်တွေကို သွားပြီးမေးနေကြရတာပါ' ဟု
ပြောဆိုသည်။

တယ်လီနောဆင်းမ်ကတ်များကိုလက်ရှိတွင် မန္တလေးမြို့နှင့်နေပြည်တော်
တို့၌ စတင်သုံးစွဲနေကြပြီး အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ချထားပေးမည့်
သတင်းများ ထွက်ပေါ်နေသော်လည်း တယ်လီနောမြန်မာက မန္တလေး
တွင် ချထားပေးပြီး နှစ်ပတ်အကြာမှသာချထားပေးမည်ဖြစ်ကြောင်း ကြေညာထား
ပြီး ရက်အတိအကျကိုမူ ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
စံတော်ချိန်

ဗြိတိန်စုံတွဲသေဆုံးမှု မြန်မာနိုင်ငံသားနှစ်ဦး တရားခံ ဖြစ်နိုင်ချေမရှိဟု မျက်မြင်သက်သေများကို မေးမြန်းခဲ့သည့်ရှေ့နေပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (Koh Tao)တွင် ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှု၌ စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးမှာ တရားခံ ဖြစ်နိုင်ချေမရှိဟု မျက်မြင်သက်သေများကို သွားရောက်မေးမြန်းခဲ့သည့် ထိုင်းနိုင်ငံရောက်ရှိနေသော မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေးကော်မတီအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။


ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်း(ဘယ်)နှင့် ကိုစော (ညာ)တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အီးပီအေ)

“ဒီမနက်(အောက်တိုဘာ ၇ရက်) ၁၀ နာရီကနေ ရောက်တာ။ မျက်မြင်သက်သေ ကျွန်တော်တို့ လိုချင်တဲ့လူတွေကို လိုက်ရှာပြီး မေးမြန်းနေတာပါ။ ၃ ဦးတော့ စစ်ဆေးပြီးပြီ။ အခုလောလောဆယ် တွေ့ရှိချက်တော့ ကလေးတွေရဲ့ ပြောဆိုချက်က ဒီအမှုက ဖြစ်နိုင်ခြေမရှိဘူးဆိုတဲ့ သုံးသပ်ချက်ကိုပဲ ကျွန်တော်သိနေရပါတယ်”ဟု သူက စစ်ဆေးမှုအပြီး မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၇ရက် နေ့လည်ပိုင်းတွင် လိပ်ကျွန်းသို့ ရောက်ရှိပြီး စွပ်စွဲခံထားရသည့် ဝင်းဇော်ထွန်း၏ အကို ကိုနိုင်အပါအဝင် မြန်မာနိုင်ငံသား မျက်မြင်သက်သေ ၄ဦးကို မေးမြန်းနိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာသံရုံးမှ သံမှူးနှင့်အတူ ရှေ့နေများက အောက်တိုဘာလ ၆ ရက်တွင် လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးကို ထားရှိသော ကော့စမွေ အကျဉ်းထောင်သို့ သွားရောက်၍ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။
Mizzima

ရှေ့ကင်မရာ 13 MP ရှိ HTC ဟန်းဆက် ထွက်လာနိုင်

HTC က နောက်ထပ်ထွက်ရှိမည့် စမတ်ဖုန်း ဟန်းဆက်သစ်သည် ရှေ့ကင်မရာ 13 megapixel ပါဝင်လာ နိုင်သည်ဟု အောက်တိုဘာလ ၆ ရက်က CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



Desire Eye ဟု အမည်ရနိုင်သည့် ယင်း HTC ဟန်းဆက်သစ်၏ သတင်းသည် တွစ်တာ စာမျက်နှာများတွင် စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ မျက်နှာပြင် ၅ ဒသမ ၂ လက်မရှိမည့် HTC Eye တွင် သိုမှီးပမာဏ 32GB ပါဝင် မည်ဖြစ်ပြီး ဖယ်ရှားနိုင်သည့် 2400 mAh ဘက်ထရီကို ထည့်သွင်းထားမည် ဖြစ်သည်။ Processor အားဖြင့် 2.3 GHz quad-core Qualcomm Snapdragon 801 ကို အသုံးပြုထားပြီး RAM 2 GB ရှိမည် ဖြစ်သည်

လက်ရှိအချိန်တွင် HTC ၏ နောက်ဆုံးထွက် One M8 ၏ ကင်မရာ pixel နည်းပါးမှုကြောင့် အသုံးပြုသူများ က ဝေဖန်ထားလျက် ရှိသည့်အတွက် HTC မှ ယခုလို Megapixel မြင့် စမတ်ဖုန်း ပြန်လည် ထုတ်လုပ်ရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်း CNET က ခန့်မှန်းထားသည်။
 CNET 

အမျိုးသားများ ယောင်္ကျားပီသစေရန် စားသင့်သောအရာများ


ယောကျာ်း ပီသတဲ့ ပုံစံမျိုးနဲ့ စမတ်ကျကြည့် ကောင်းစေဖို့ရာ အတွက် လိုးရှင်းတွေ၊ အစိုဓာတ် ထိန်းခရင်မ်တွေ အသင့်အတင့် သုံးဖို့ လိုတာမှန်ပေ မယ့် စားသောက်တဲ့ အစားအသောက်တွေ ကလည်း အရေးပါ နေပါတယ်။ ဒါကြောင့် သင့်ကို အခုထက် ပိုပြီး စမတ်ကျကြည့်ကောင်း နေစေဖို့ အောက်ပါ ရိုးစင်းတဲ့ အစားအသောက် ဆိုင်ရာ စည်းကမ်းကို သတိရလိုက်ပါ။

ထိပ်ပြောင်ခြင်း ကင်းဝေးစေရန် ဥအမျိုးမျိုး စားပါ
ထိပ်ပြောင်တာက မျိုးရိုးလိုက်နိုင်ခြေများပေ မယ့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာတွေကို စားတာနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ အာဟာရဓာတ် ချို့တဲ့တာက ဆံပင်ကျွတ်နှုန်းများတာကြောင့် သင့်ဆံကေသာ ကျန်းမာရေးအတွက် ဥအမျိုးမျိုးကို စားပေးသင့်ပါ တယ်။ ဥအမျိုးမျိုးမှာပါတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ် ဟာ ဆံပင်မကျွတ်အောင် ကာကွယ်ပေးပြီး ဗီတာ မင်ဘီက စိတ်ဖိစီးမှုမဖြစ်အောင် ကူညီပံ့ပိုးပေးနိုင် ပါတယ်။

မျက်စိနီခြင်း သက်သာစေရန် ဟင်းနုနယ်ရွက် စားပါ
တစ်နေ့လုံး ကွန်ပျူတာအသုံးများတာ၊ တီဗီ ကြည့်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်စိမှာ ဒဏ်သက်ရောက်မှုကို လျော့ကျစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက် အထူးသဖြင့် ဟင်းနုနယ်ရွက်ကို စားပေးပါ။ ဟင်းနု နယ်ရွက်မှာ မျက်စိကို အကာအကွယ်ပေးတဲ့ ကာရို တီးနွိုက်၊ လူတင်နဲ့ ဇီဇန်သင်းတို့ ပါဝင်တာကြောင့် မျက်သားကြည်လင်စေပါတယ်။ မျက်စိကျန်းမာစေ ဖို့ရာအတွက် တစ်ပတ်မှာ နည်းဆုံး သုံးကြိမ် စား ပေးပါ။

နှာခေါင်းနီခြင်း သက်သာစေရန် ဘလူးဘယ်ရီးသီး ဖျော်ရည်သောက်ပါ
အရက်အလွန်အမင်းသောက်တာကြောင့် နှာခေါင်းနီမြန်းနေတတ်ပါတယ်။ နှာခေါင်းနီမြန်းမှု သက်သာစေဖို့ ဘလူးဘယ်ရီသီးကို စားပေးပါ။ ဘိုင် အိုဖလေ ဗိုးနွိုက်များစွာ ပါဝင်တဲ့ ဘလူးဘယ်ရီသီး ဖျော်ရည်ကို သောက်တာကြောင့် သွေးကြောကို ကျယ် စေပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ ဘလူး ဘယ်ရီသီးဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။

အရေးအကြောင်း ဖြစ်ခြင်း လျော့ကျစေရန် မာလကာသီးစားပါ
အမျိုးသားတွေမှာ အရေးကြောင်းဖြစ်မှု လျော့ကျစေဖို့ ဗီတာမင်စီများများ စားပေးသင့် ပါတယ်။ ဗီတာမင်စီပါတဲ့ မာလကာသီးကို စားတာ ကြောင့် အရေးကြောင်းကို တွန်းလှန်နိုင်ခြေ ရှိပါ တယ်။ မာလကာသီးဟာ လိမ္မော်သီးထက် ဗီတာ မင်စီပါဝင်မှု ငါးဆရှိပြီး မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်လ်ကို တွန်းလှန်နိုင်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ကာ အရွယ်မတိုင်ခင် အိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မာလကာ သီးကို တစ်ပတ်မှာ သုံးကြိမ်ခန့် စားပေးသင့်ပါတယ်။

လေထုညစ်ညမ်းမှု လျော့ကျစေရန် ထောပတ်သီး စားပါ
လေထုညစ်ညမ်းတဲ့ ဒဏ်ခံရရင် အရေပြားမှာ ဗီတာမင်အီး ကင်းစင်သွားပါတယ်။ ဗီတာမင်အီး ဟာ အသားအရေကို ချောမွေ့နူးညံ့ကာ ပျော့ပျောင်း စေပါတယ်။ ဗီတာမင်အီးပါဝင်မှုများတဲ့ ထော ပတ်သီးကို စားတာကြောင့် အသားအရေ ကျန်းမာ လှပအောင် ပြုပြင်နိုင်စွမ်းရှိပါတယ်။ ထောပတ်သီး မှာ ကောင်းတဲ့ အဆီဓာတ် ပါဝင်မှု မြင့်မားတာ ကြောင့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်စားပေး သင့်ပါတယ်။ 

Credit: Good Health

ဘုန်းကြီးကျောင်းများအား ဖောက်ခွဲမည့်သတင်းကြောင့် မောင်တော၌လုံခြုံရေး တိုးမြှင့်


သီတင်းကျွတ်ကာလပွဲတော်ရက်များအတွင်းဘုန်းတော်ကြီးကျောင်းများအားအဓိက 
ထားဖောက်ခွဲတိုက်ခိုက်မည်ဟူသော ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)၏ 
ခြိမ်းခြောက်မှုသတင်းကြောင့်မောင်တောဒေသ၌အောက်တိုဘာလ ၁ ရက်မှစပြီးလုံ
ခြုံရေးများ တိုးမြှင့်ချထားခဲ့ကြောင်းကြိမ်ချောင်းရဲစခန်းမှသိရသည်။မောင်တောမြောက်
ပိုင်း ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် RSO သင်တန်းဆင်းတပ်ဖွဲ့ဝင်သုံးဦးကို စက်တင်
ဘာ ၂၆ရက်က ဖမ်းဆီးရမိပြီးနောက် ကျေးရွာလုံခြုံရေးကင်းစခန်းများတွင်လုံခြုံရေးဦး
ရေတိုးမြှင့်ချထားခြင်းဖြစ်ကြောင်း တောင်ပြို နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး 
၏ ပြောပြချက်အရ သိရသည်။

"ဗုဒ္ဓဘာသာဝင်တွေ သီတင်းကျွတ်ကာလအတွင်း စိတ်နှလုံးချ တရားဘာဝနာပွားများ
နိုင်အောင်နဲ့ ပွဲတော်တွေ ကျင်းပနိုင်အောင် လုံခြုံရေးတိုးမြှင့်ချထားတာပါ။စစ်တပ်လုံ
ခြုံရေးက ကျွန်တော်တို့ကျေးရွာမှာ အရင်ငါးဦး၊ အခုတော့ ရှစ်ဦးထိတိုးချဲ့ချထားပါတယ်။
RSO ခြိမ်းခြောက်မှုသတင်းကြောင့် ဒေသခံအချို့ကမြို့ကိုတက်သွားနေကြသလိုတချို့
ကလည်း ပင်မလုံခြုံရေးစခန်းတွေရှိတဲ့ ကျေးရွာများမှာခိုလှုံရှောင်တိမ်းနေထိုင်မှုတွေရှိ
နေတယ်"ဟု မင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက ပြောဆိုသည်။
မောင်တောဒေသတွင်း နေထိုင်သူအချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အယ်လ်ခိုင်ဒါ တာလီ
ဘန်အဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံပြု RSO အကြမ်းဖက်အဖွဲ့အစည်းတွင် 
သင်တန်းတက်နေကြောင်း၊ အချို့မှာသင်တန်းဆင်းပြီးဒေသတွင်းတွင်အကြမ်းဖက်လှုပ်ရှား
မှုများပြုလုပ်မည်ဟူသောသတင်းကြောင့်မောင်တောနယ်ခြားစောင့်တပ်ဖွဲ့မှမောင်တော
မြို့နယ်အတွင်းနေထိုင်သူများအား စိစစ်နေကြောင်းသိရသည်။

"လုံခြုံရေးအတွက်တော့ မစိုးရိမ်တော့ပါဘူး။ စခန်းမှာ လုံခြုံရေးငါးဦး ထပ်တိုးချထားလာ
တာကိုတွေ့ရပါတယ်။မကြောက်တော့ဘူး"ဟုမောင်တောမြောက်ပိုင်းမင်းခမောင်းကျေး
ရွာနေ ဦးထွန်းတင်မောင်က ပြောသည်။အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီက အိန္ဒိယ
တိုက်ငယ်တွင် အယ်လ်ခိုင်ဒါအဖွဲ့သစ်ကိုထူထောင်ပြီး အိန္ဒိယအပါအ၀င် မြန်မာ၊ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံများကိုအကြမ်းဖက်တိုက်ခိုက်မည်ဟုစက်တင်ဘာ၃ရက်ကသတင်းထုတ်ပြန်ခဲ့
သည်။
စံတော်ချိန်

ဆေးလိပ်ဖြတ်လိုက်သောအခါ


အမေရိကန် ကင်ဆာကာကွယ်ရေးအသင်းက သုတေသနပြုချက်အရ လူတယောက် ဆေးလိပ်ဖြတ်လိုက်သောအခါ ၄င်း၏ခန္ဓာကိုယ်တွင် အောက်ပါအတိုင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရသည်။
၁။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀-အကြာဝယ်
(က) အနည်းငယ်တိုးနေသော သွေးဖိအားသည် ပုံမှန်သို့ ပြန်ရောက်သွားသည်။
(ခ) သွေးခုန်နှုန်းမှာ ပုံမှန်သို့ ပြန်ရောက်သွားသည်။
(ဂ) သွေးလှည့်မှု နှေးသောကြောင့် မသိမသာအေးနေသော ခြေ၊ လက်တို့၏ အပူချိန်သည် ပုံမှန်သို့ ပြန်ရောက်လာသည်။

၂။ ဆေးလိပ်ဖြတ်ပြီး ၈-နာရီအကြာဝယ်
(က) ဆေးလိပ်ကြောင့် သွေးထဲရောက်နေသော ကာဗွန်မိုနော့ဆိုက်ဓာတ်များ လျော့ကျသွားသည်။
(ခ) သွေးတွင်း၌ လှည့်လည်နေသော အောက်ဆီဂျင်ပမာဏသည် မြင့်တက်လာသည်။

၃။ ဆေးလိပ်ဖြတ်ပြီး ၂၄-နာရီ အကြာဝယ်
(က) နှလုံး ရုတ်တရက် ဖော်ပြန်ခြင်း Heart Attack ဖြစ်နိုင်ခြေ သိသာစွာ ကျဆင်းသွားသည်။

၎။ ဆေးလိပ်ဖြတ်ပြီး ၄၈-နာရီအကြာဝယ်
(က) ဆေးလိပ်မီးခိုးသွားရာလမ်းဖြစ်သော အသက်ရှူလမ်းကြောင်းတလျှောက်၌ရှိသော အာရုံခံနဗ်ကြောများ ပြန်လည်အလုပ်လုပ် ရှင်သန်လာကြသည်။
အနံ့ခံအာရုံ ပိုမိုတိုးတက်လာသည်။
(ခ) လမ်းလျှောက်ရာတွင် ပိုမို၍ သက်လုံကောင်းလာသည်။

၅။ ဆေးလိပ်ဖြတ်ပြီး ၂-ပတ်မှ ၃-ပတ်အကြာဝယ်
(က) ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု တိုးတက်လာသည်။
(ခ) အဆုတ်၏ လုပ်ငန်းသည် အထူးတိုးတက်လာပြီး အသက်ရှူရသည်မှာ အဆင်ပြေ ကောင်းမွန်လာသည်။

၆။ ဆေးလိပ်ဖြတ်ပြီး ၁-လမှ ၉-လအကြာဝယ်
(က) ချောင်းဆိုး သက်သာ ပျောက်ကင်းသည်။
(ခ) အသက်ရှူရခက်ခြင်း၊ နုန်းခြင်းတို့ သက်သာပျောက်ကင်းပါသည်။
(ဂ) နှာခေါင်းတွင် အမှေးပါးများ ကျန်းမာလာ၏။
(ဃ) အသက်ရှူလမ်းကြောင်းနံရံများ တိုးတက်ကျန်းမာလာ၍ ချွဲရှိက ကောင်းစွာ ဟတ်ထုတ်နိုင်ပြီ။
(င) အဆုတ်သည် ရောဂါပိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး ကာကွယ်လာနိုင်သည်။

၇။ ဆေးလိပ်ဖြတ်ပြီး ၁-နှစ်အကြာဝယ်
(က) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေသည် ဆေးလိပ်သောက်သူနှင့် စာသော် ထက်ဝက်သာရှိတော့ကြောင်း သိရသည်။

ရုရှား ချေချင်းညာ ဒေသ မြို့တော်တွင် အသေခံ ဗုံးခွဲမှုကြောင့် ရဲ (၅) ဦး သေဆုံးပြီး အနည်းဆုံး (၁၂) ဦး ဒဏ်ရာရ

ရုရှား ချေချင်းညာက ဒေသ မြို့တော် ဂရော့ဇနီတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးပြီး အနည်းဆုံး လူ (၁၂) ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရုရှား ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ရဲများက လူငယ် တစ်ဦးကို ရှာဖွေ စစ်ဆေးနေစဉ် ထိုလူငယ်က အသေခံ ဗုံးခွဲ လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဂရော့ဇနီ မြို့မှာ ရုရှားနှင့် ချေချင်း ခွဲထွက်ရေး ၀ါဒီများ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကြားခံ ပျက်စီး ခဲ့သည့် မြို့ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ငြိမ်သက်စွာ တည်ရှိ နေခဲ့သည်။ အသေခံ ဗုံးခွဲခဲ့သူ လူငယ်မှာ အသက် (၁၉) နှစ်ခန့် ဖြစ်သည့် အော့ပတီ မူဒါရော့ဗ် ဆိုသူ ဖြစ်ပြီး ထိုဂရော့ဇနီ မြို့ခံပင် ဖြစ်ကြောင်း ရဲက ဆိုသည်။ ရုရှား ပြည်ထဲရေး ၀န်ကြီးဌာန ကလည်း ၎င်းသည် မြို့မှ နှစ်လခန့် ပျောက်သွား ပြီးနောက် မိသားစု နှင့်လည်း အဆက်အသွယ် ပြတ်တောက် နေခဲ့သူ ဖြစ်ကြောင်း ဆိုသည်။

ဗုံးပေါက်ကွဲမှုတွင် ရဲများ သေဆုံးမှုကို ဖော်ပြခဲ့ သော်လည်း အရပ်သားများ မည်မျှ သေဆုံးသည်ကို ဖော်ပြခြင်း မရှိဘဲ ဒဏ်ရာရသူ စာရင်းသာ ဖော်ပြခဲ့သည်။ ရုရှား ပြည်ထဲရေး ၀န်ကြီး ဗလာဒီမီယာ ကိုလိုကော့ဆက်က ၎င်းသည် ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှု များကို တားဆီးနိုင်ရန် အတွက် ရဲတပ်ဖွဲ့ဝင်များကို အထူးတပ်ဖွဲ့ တစ်ခု ဖွဲ့စည်းပေး သွားမည် ဖြစ်ကြောင်း ဆိုသည်။

ချချင်း ခေါင်းဆောင် ရမ်မဇန် ကတ်ဒီ ယော့ကမူ အသေခံ ဗုံးခွဲသူသည် အများပြည်သူ အားလပ်ရက်တွင် ပျော်ရွှင် နေသည်ကို ဖျက်ဆီးရန် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရခဲ့ကြောင်း မှတ်ချက်ပေးသည်။ အာဏာပိုင်များက ထိုပေါက်ကွဲမှုကို စီစဉ်ခဲ့သည့် အကြမ်းဖက် သမားများကို ဖော်ထုတ် ဖမ်းဆီးနိုင်အောင် ကြိုးပမ်းလျက် ရှိသည်။

Source: BBC

နောက်အိမ်ထောင်ပြုမယ့် အသိမိတ်ဆွေတစ်ယောက်ကို မပြောသင့်၊ မမေးသင့်တဲ့ အရာများ

ကိုယ့်အသိ၊ ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က ပထမအိမ်ထောင်နဲ့ကွဲပြီး နောက်အိမ်ထောင်ပြုဖို့ စီစဉ်နေသူလား။ သူနဲ့တွေ့တဲ့အခါ ဘယ်လိုစကားမျိုးတွေက နောက်အိမ်ထောင်ပြုမယ့်သူအတွက် မေးဖို့၊ ပြောဖို့ မသင့်တော်ဘူးလဲဆိုတာ သိထားရမှာပါ။ ဒီလိုမဟုတ်ပဲ သူ့ကို ပြောလိုက်၊ မေးလိုက်မိတယ်ဆိုရင် သူအနေနဲ့ အနေရခက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ ကြုံရမှာ အသေအချာပါ။

၁။နင်ပြောတော့ နောက်ထပ်အိမ်ထောင် မပြုတော့ဘူးဆို

အမှန်ပဲ။ ပြောခဲ့ဖူးတာပေါ့။ အိမ်ထောင်ကွဲကွဲချင်း ခံစားချက်ကို အိမ်ထောင်ကွဲဖူးသူတွေပဲ သိမှာလေ။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ့လာတော့လည်း ဘယ်သူက တင်းခံနိုင်မှာပဲ။ ဘ၀ကို တစ်ယောက်တည်း ဘယ်သူကများ ဖြတ်သန်းချင်မှာလဲနော်။

၂။ဒီတစ်ခါ အရင်နဲ့ မတူဘူးလို့ ခံစားနေရလား

အူကြောင်ကြောင်နိုင်လွန်းတဲ့ မေးခွန်းမျိုးပါ။ ပထမနဲ့ ဒုတိယ ခွဲခြားတာထက် နောက်ထပ်အိမ်ထောင်တစ်ခုက ဘယ်လိုအခြေအနေမျိုးနဲ့သွားမလဲဆိုတာပဲ ပိုစဉ်းစားရမှာ မဟုတ်ဘူးလား။

၃။ဒီမင်္ဂလာဝတ်စုံလေးက ပထမတစ်စုံထက် ပိုလှတယ်

သူများပျော်ရွှင်နေချိန်မှ အရင်အိမ်ထောင်ကွဲဖူးတယ်ဆိုတာမျိုးကို အစဖော်ချင်တာမျိုးလားလို့တောင် တွေ့ရတော့မယ်။

၎။အဲ့ဒါဆို ငါ့ facebook မှာတင်ထားတဲ့ နင့်အရင်မင်္ဂလာဆောင်ပုံတွေကို ဖျက်ပစ်ရတော့မလား

ဖျက်ချင်ရင်ဖျက်၊ မဖျက်ချင်ရင်လည်း အမှတ်တရသိမ်းထားလိုက်တော့။

၅။နင့်အရင်လူကြီးကို မင်္ဂလာပွဲကို ဖိတ်မှာလား

ဒါလည်း စိတ်ပူချင်ယောင်ဆောင်တဲ့ လှည့်ကွက်မေးခွန်းပါပဲ။ သိချင်ရင် အဲ့ဒီရောက်မှသာကြည့်လို့ ပြောပစ်လိုက်ချင်တယ်။

၆။ဒီတစ်ခါကျရင်တော့ နည်းနည်းကျဉ်းတဲ့အခန်းမှာပဲ ပွဲလုပ်မှာမလား

မင်္ဂလာဆောင်တာ ဒုတိယအကြိမ်ဖြစ်လို့ အတွေ့အကြုံရနေပြီးသား အပိုတွေ မလိုတော့ဘူးလို့ ဆိုချင်တာလား။

၇။နင့်ယောက္ခမတွေက အရင်တစ်ယောက်ရဲ့ ယောက္ခမထက်တော့ သာမယ်ထင်တယ်နော်

မလိုအပ်တာတွေ ခုလို လိုက်စိတ်ဝင်စားမယ့်အစား ကိုယ့်အကြောင်း ကိုယ်တွေးနေတာ ပိုကောင်းပါတယ်။

၈။မင်္ဂလာဦးညကျရင်တော့ နင်ပထမဆုံးအခေါက်တုန်းကလို စိတ်လှုပ်ရှားစရာ မလိုတော့ပါဘူး

ဒါလည်း စော်ကားပြောဆိုခြင်း တစ်မျိုးပဲပေါ့။

၉။နင်ကသာ နှစ်ခါလောက် မင်္ဂလာဆောင်ဖြစ်သွားတယ် ငါကတော့ တစ်ယောက်တည်းပဲ

ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလား၊ ကိုယ့်ကိုကိုယ် အားငယ်သွားတာလား ဘာဖြစ်ချင်တာလဲ ဆိုတာ စဉ်းစာစရာစကားပေါ့။

၁၀။နင်ကြောက်နေလား

ကြောက်စရာ ဘာများရှိလို့လဲ။ ဒုတိယအကြိမ် မင်္ဂလာဆောင်မယ့်သူက ဒီတစ်ခါရော ဘယ်လိုများဖြစ်ဦးမှာလဲဆိုပြီး ကြောက်နေရမှာလား။

Ref:womenshealthmag.com

Trend Myanmar

မက္ကဆီကိုတွင် လွှတ်တော် အမတ်ကို သတ်ဖြတ်မှုဖြင့် လူ (၄) ဦးကို ဖမ်းဆီး


အာဏာရ ပါတီ PRI မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဂါဘရီယယ် ဂိုမက်ဇ် မစ်ချယ်အား မကြာမီက သတ်ဖြတ် ခဲ့မှုဖြင့် လူလေးဦးအား မက္ကဆီကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း သိရသည်။

အဆိုပါ သံသယ တရားခံ လေးဦးကို နိုင်ငံ အနောက်ပိုင်း ဂျာလစ်စကို ပြည်နယ်တွင် ဖမ်းဆီး ခဲ့ကြောင်းသာ ရဲက ထုတ်ပြန်ပြီး အသေးစိတ် အချက်များ ထုတ်ပြန်ခြင်း မရှိပေ။ မစ္စတာ ဂိုမက်ဇ် (၄၉) နှစ်နှင့် ၎င်း၏ ဒရိုင်ဘာ ဖြစ်သူတို့မှာ ပြီးခဲ့သည့် စက်တင်ဘာ (၂၂) တွင် ဂျာလစ်စကို လေဆိပ်သို့ သွားရာ လမ်းတွင် နေ့လည်ပိုင်း အချိန်၌ပင် ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။ နောက်တစ်ရက်တွင် မစ္စတာ ဂိုမက်နှင့် ၎င်း၏ ဒရိုင်ဘာတို့၏ အလောင်းကို ကပ်လျက် ပြည်နယ် ဇာကတ်တီ ကတ်စ်တွင် မီးလောင် နေသော ကားထဲ၌ ပြန်တွေ့ ခဲ့ရခြင်း ဖြစ်သည်။

အာဏာပိုင်များက ထို သတ်ဖြတ် ခံရမှု နောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင်သည်ကို မသိရကြောင်း ဆိုသည်။ သို့သော် ဂိုမက်ဇ်၏ ပါတီမှ နိုင်ငံရေး သမားများ က သတ်ဖြတ်မှု နောက်ကွယ်တွင် သံသယ ဖြစ်ဖွယ် ရာဇ၀တ်ဂိုဏ်း တစ်ခုရှိ နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မစ္စတာ ဂိုမက်ဇ်သည် ဂျာလစ်စကို ပြည်နယ် တွင်းရှိ အယ်လ်ဂရူလီယို မြို့ တော်ဝန် အဖြစ် ၂၀၁၀ -၁၂ ကာလတွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးသည်။ ဂျာလစ်စကို ပြည်နယ်မှာ ဂျာလစ်စကို နျူဗာ မျိုးဆက်ဟု ခေါ်သည့် မူးယစ် မှောင်ခိုဂိုဏ်း၏ အခြေစိုက် ဒေသလည်း ဖြစ်သည်။

Source: BBC

သန္ဓေဘယ်လိုစတည်ပါသနည်း







လူသားတွေ အမိဝမ်းထဲမှာ ဘယ်လိုစတင်ကြသလည်းဆိုတဲ့ သန္ဓေတည်ခြင်း အကြောင်းလေး ကို ဗဟုသုတအနေနဲ့ ရုပ်ပုံများနှင့်တကွ တင်ပြလိုက်ပါတယ်။
ပုံ ၉ ပုံ ဖြင့် အဆင့်ဆင့်ဖော်ပြပေးထားပါတယ်။

မျိုးဥမှသည် သန္ဓေသားလောင်ဆီသို့
မယုံကြည်နိုင်လောက်အောင်ထူးခြားတဲ့သန္ဓေသားဖြစ်တည်ခြင်းအ စကတော့ အမျိုးသား၏သုက်ပိုးနှင့် အမျိုးသမီး၏ မျိုးဥစတင်ထိတွေ့ခြင်းမှစတင်ပါတယ်။

မျိုးဥကြွေခြင်း
ပုံမှန်အမျိုးသမီးတယောက်ဟာ လစဉ်ရာသီစတင်လာသည့်ရက်မှရေတွက်လျှင် ပျှမ်းမျှ ၁၄ရက်လောက်တွင် မျိုးဥကြွေလေ့ရှိပါတယ်။ အမျိုးသမီးများ၏ မျိုးဥအိမ် ၂ခုမှ အရွယ်ရောက်သောမျိုးဥ တစ်ခုထုတ်ပေးပါတယ်။ဒီအဆင့်ကိုတော့မျိုးဥ
ကြွေခြင်းလို့ခေါ်ပါတယ်။

သားဥပြွန်အတွင်းသို့ရောက်ရှိသွားခြင်း
မျိုးဥအိမ်မှ ထွက်ရှိလာတဲ့မ မျိုးဥဟာ သားဥပြွန်ထဲကိုရောက်ရှိလာပြီး ထိုနေရာတွင် မျိုးပွားမှုဖြစ်စေမဲ့ အမျိုးသား၏ သုက်ပိုးနှင့် စတင်ထိတွေ့မှာဖြစ်ပါတယ်။

သုက်ပိုးတစ်ကောင်ရဲ့ခရီးရှည်
အမျိုးသားတစ်ယောက်ဟာ သုက်လွှတ်မှုဖြစ်စဉ်အတွင်း သုက်ကောင်ရေ သန်းပေါင်း ၄၀ မှ ၁၅၀ အထိ ထုတ်လွှတ်ကြပါတယ်။ ဒီသုက်ကောင်လေးများစွာဟာ သားအိမ်ဝမှတစ်ဆင့် မျိုးပွားဖို့ အတွက် သားအိမ်ပြွန်အတွင်းသို့ ကူးခတ်ေ
ရာက်ရှိလာကြပါတယ်။ တစ်ချို့အကောင်လေးများကတော့ မျိုးဥစီရောက်ရန် အတွက်မိနစ် ၃၀လောက်သာအချိန်ပေးရပြီး အချို့ကောင်လေးများကတော့ ရက်နဲ့ချီပြီးကြာတတ်ကြပါတယ်။ သုက်ကောင်လေးများဟာ ၄၈နာရီ မှ ၇၂ လောက်
အထိ အသက်ရှင်နိုင်ကြပါတယ်။ ဒီလိုသန်းပေါင်းများစွာထဲကမှ အကောင်ရေ ရာဂဏန်းလောက်သာ မျိုးဥနားရောက်အောင်ကူးခတ်နိုင်ပြီး တစ်ကောင်သာ ပန်းတိုင်ရောက်တာပါ။

မျိုးဥထဲသို့ထိုးဖောက်ဝင်ရောက်ခြင်း
ဒီဖြစ်စဉ်ကတော့ ၂၄ နာရီလောက်အချိန်ယူရပါတယ်။သုက်ပိုးတစ်ကောင်ဟာ မျိုးဥထဲသို့ထိုးဖောက်ဝင်ရောက်လိုက်ပါပြီ။ဒီအချိန်မှာ မျိုးဥရဲ့ မျက်နှာပြင်ဟာပြောင်းလည်းသွားပြီးနောက်ထပ်သုက်ပိုးတစ်ကောင်မ၀င်ရောက်နိုင်အောင်တားစီ
းထားလိုက်ပါပြီ။ မွေးလာမဲ့ကလေးဟာ မိန်းကလေး၊ ယောက်ျားလေးဆိုတာလည်းကွဲပြားစွာဖြစ်ပေါ်သွားပါပြီ။

ဆဲလ်များစတင်ပွားလာခြင်း
ပေါင်းစပ်ပြီးသာမျိုးဥဟာ ဆဲလ် တခုထဲရှိရာမှ ဆဲလ်များစွာ စတင်တိုးပွားလာပါတော့တယ်။ ၁ ခုထဲကနေ ၂ ခု၊ ၄ ခု၊ ၈ ခု၊ ၁၆ ခု စသဖြင့် တိုးပွားလာပါပြီ။ သားအိမ်ပြွန်ထဲမှာ ၃-၄ ရက်လောက်သာနေပြီး သားအိမ်ထဲ သို့ ဆင်းလာပြီ။

mplantation
ဒီအဆင့်ကတော့သားအိမ်ထဲကိုဝင် ရောက်လာသည်နှင့်သားအိမ်၏ အတွင်းဆုံးလွှာတွင် ဝင်ရောက် တွယ်ကပ်တာပါတော့တယ်။ဆဲလ်များဟာလည်း ထပ်မံတိုးပွားလာပြီ။ ထိုဆဲလ်များဟာကလေးတစ်ယောက်ဖြစ်စေဖို့ စတင်ပေးမဲ့ကို
ယ်ခန္ဓာအစိတ်အပိုင်းများရဲ့အစပင်ဖြစ်ပါတယ်။

Pregnancy Hormones
ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေအမျိုးမျိုးအချိန်ကိုက်ထွက်လာမယ်။ သန္ဓေတည်ခြင်းဖြစ်စဉ် ပထမပတ်မှာ hCGလိုခေါ်တဲ့ အချင်းနဲ့ဆိုင်သော ဟော်မုန်းတမျိုးစတင်ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းကို ပထမတစ်ပါတ်အတွင်းမှာတွင်
မိခင်ရဲ့ သွေးနှင့် ဆီးအတွင်းတွေ့ ရနို်င်ပြီး ကိုယ်ဝန်ရှိမရှိကိုစမ်း
သပ်နိုင်ပါတော့မယ်။
ပထမအပတ်ဆိုတာ ဘယ်လိုရက်မျိုးမှာစစစ်တာနဲ့ Positive ပေါ်မှာလဲ
ကလေးဘယ်လောက်မှဆီစစ်တာpositiveပေါ်မှာလဲကျေးဇူးပြုပြီးဖြေပေးပါနော်
ဟုတ်ကဲ့ပါ။ လေ့လာချက်တွေအရကတော့ ပုံမှန်အမျိုးသမီးတွေမှာ လည်း hCG ဟော်မုန်း 5 mIU/ml လည်ပါတ်စီးဆင်းနေပါတယ်။သန္ဓေသားစတင်ဖြစ်ပေါပြီးဆိုသည်နှင် hCG ရဲ့ ထွက်နူံန်းလည်းဆတိုးမြင့်တက်လာပါလိမ့်မယ်။
မျိုးဥကြွေတဲ့ရက်မှ ၇ ရက်ဆိုရင် hCG ဟာ50 mIU/mlသွေးထဲမှာစီးဆင်းနေပြီလိုဆိုပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်ရှိမရှိကိုစမ်းသပ်နိုင်ပြီလို့ဆိုပါတယ်။ ၇ရက်မတိုင်ခင် စမ်းရင်တော့ မရှိဘူးဆိုတာကိုပဲပြမယ်ဆိုလို့ပါတယ်။ သေချ
ာတာကတော့၇ ရက်ကနေ ၁၀ရက်အတွင်းတိုင်းတာနိုင်တယ်လို့ဆိုပါတယ်။ လိင်ဆက်ဆံတဲ့ရက်နှင့်မဟုတ်ပဲ မျိုးဥကြွေသည့်ရက်နှင့်သာတိုင်းတာခြင်းဖြစ်ပါတယ်။ ဒါကိုတော့ အထူးသတိထားရမည်ဖြစ်ပါတယ်။
သန္ဓေသားလောင်းစတင်ခြင်း
ငါးပါတ်လောက်မှာကလေးဟာ နှလုံးစတင်ခုံလာပါပြီ။ ၈ပါတ်လောက်မှာတော့ သန္ဓေသားလောင်းလေးဟာ လက်မ ၀က်လောက်ရှိလာပြီး ဆက်ပြီးကြီးထွားလာပါတော့မယ်။
ကိုးကား : medicinenet.com

ဗိုလ်မှူးကြီး စောဆန်းအောင်အားဖမ်းဝရမ်းထုတ်ထားခြင်းမသိရှိဟုဆို


ဗိုလ်မှူးကြီး စောဆန်းအောင်အားဖမ်းဝရမ်းထုတ်ထားခြင်းမသိရှိဟုဆို


ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)မှဗျူဟာမှူး ဗိုလ်မှူးကြီး
စောဆန်းအောင်ကို တပ်မတော်မှဖမ်းဝရမ်းထုတ်ထားခြင်းကို ဒီကေဘီအေအဖွဲ့
နှင့် ကာယကံရှင်ကိုယ်တိုင်သိရှိခြင်းမရှိသေးကြောင်းအောက်တိုဘာ ၆ ရက်၌ စံ
တော်ချိန်သို့ ဖွင့်ဟပြောကြားသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ကလိုင်ကနိုင်
ကျေးရွာအုပ်စု ကရင်တော အပေါ်ရွာအနီးတွင် စက်တင်ဘာ ၂၆ ရက်က တပ်မ
တော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောယာဉ်တန်းအားတိုက်ခိုက်ပြီး သေနတ်များ
သိမ်းဆည်းသွားကာ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့်ကျိုက်မရောမြို့မရဲစခန်းမှ 
အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။

"ဒီလိုဖမ်းဝရမ်းထုတ်တယ်ဆိုတာ ကျွန်တော်လည်း ဘာမှမသိရဘူး။ ထုတ်ရင်
လည်း ထုတ်မှာပေါ့။ သူတို့က အာဏာရှိတဲ့သူတွေဆိုလေ။ သူတို့အာဏာရှိလို့ 
သူတို့ထုတ်တာ။ ငါတို့အာဏာရှိရင်လည်း ငါတို့ထုတ်လို့ရတယ်။ အချစ်နဲ့စစ်မှာ 
မတရားတာမရှိဘူး။ သူတို့ထုတ် သူတို့မှန်တာပဲ။ ငါတို့ထုတ် ငါတို့မှန်တာပဲ"ဟု 
ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောကြားသည်။

ထိုကဲ့သို့ ကာယကံရှင် ဗိုလ်မှူးကြီးစောဆန်းအောင်က မသိရှိသေးသော်လည်း
၎င်း၏ အဖွဲ့အစည်းဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်
(DKBA )သည်လည်း ထိုအကြောင်းအရာကိုသိရှိခြင်းမရှိသေးကြောင်းသိရသည်။
ထို့ကြောင့် ဖမ်းဝရမ်းထုတ်ထားသည့်ကျိုက်မရောမြို့မရဲစခန်းသို့ဆက်သွယ်ခဲ့ရာ
တာဝန်ကျရဲတပ် ဖွဲ့ဝင်တစ်ဦးက စခန်းမှူးနှင့် တာဝန်မှူးတို့ အစည်းအဝေးတက်
ရောက်နေသောကြောင့် ဖြေဆိုခွင့်မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်တို့ အစိုးရအဖွဲ့ကတော့ မလုပ်ဘူး။အရှေ့တောင်တိုင်းစစ်ဌာနချုပ်က
တော့ ထုတ်မထုတ်တော့ မသိဘူး။ တရားဝင်ထုတ်တယ်ဆိုရင်တော့ ကျွန်တော်
တို့အစိုးရအဖွဲ့ကို အကြောင်းကြားမှာပါ။အခုထိတော့အကြောင်းမကြားသေးဘူး။
အခုနယ်မြေ အခြေအနေကတော့ အေးချမ်းနေပါတယ်}ဟု မွန်ပြည်နယ် အစိုးရ
အဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဌေးမြင့်အောင်ကစံတော်ချိန်
သို့ ပြောကြားခဲ့သည်။

"ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသာ
တပ်မတော်(DKBA ) နှင့် အစိုးရပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအတွက်
အောက်တိုဘာ ၃ ရက်က ဒီကေဘီအေမှ ဒုတိယစစ်ဦးစီးချုပ်ပါဝင်သည့်အဖွဲ့နှင့်
ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း)စစ်ဆင်ရေးအထူးတပ်ဖွဲ့(၄)(ကစထမှူး)ဒုတိယ
ဗိုလ်ချုပ်ကြီးခင်ဇော်ဦးပါဝင်သည့်အဖွဲ့တို့သည်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၂)
၌တွေ့ဆုံဆွေးနွေးခဲ့စဉ် လက်နက်များပြန်လည်ပေးအပ်ရန် သဘောတူညီထား
ကြောင်းသိရသည်။
စံတော်ချိန်

ထောက်လှမ်းရေး အရာရှိဟောင်း ၇ ဦးအပါအ၀င် အကျဉ်းသား ၃၀၇၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ


မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေ ရသော မြန်မာနိုင်ငံသား ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား ၅၈ ဦး၊စုစုပေါင်းအကျဉ်းသား ၃၀၇၃ ဦး ကို ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌါနက သိရသည်။

ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်း သာခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသော အကျဉ်းသားဟောင်းများထဲတွင် ယခင်စစ်အာဏာရှင်ဟောင်းထောက်လှမ်းရေး အရာရှိကြီး ၇ ဦးလည်းပါဝင်ကြောင်း၊မန္တလေး ထောက်လှမ်းရေးကွပ်မှု အဖွဲ့မှုး ဗိုလ်မှုးကြီးမင်းသူ၊ ဗိုလ်မှုးနိုင်ဌေး၊ ဗိုလ်မှုးကြီး အောင်ဇော်စသည်တို့လည်း ပါဝင်ကြောင်း သတင်းရရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ


၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း
၂။ မနက်တွင် ဆီးမသွားခြင်း
၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း
၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။

Ref: healthcare

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦးကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ ဆွေးနွေးမည်


အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရက ဖိအားပေးနေပြီး ထိုင်းရဲတပ်ဖွဲ့၏ အမှုစစ်ဆေးနေမှုများတွင် ဝေဖန်မှုအချို့ ထွက်ပေါ်နေသော ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှု၌ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မြန်မာနှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စ ဖြေရှင်းပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်မှ တစ်ဆင့် ထိုင်းအစိုးရကို ပြောဆိုထားသော်လည်း ထိုင်းအစိုးရက လိုလိုလားလား လက်မခံသဖြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထပ်မံဖိအားပေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအရာရှိက ပြောဆိုသည်။ 

ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲ ဖမ်းဆီးထားသော်လည်း ခန္ဓာကိုယ် အရွယ်အစား၊ သတ်ဖြတ်သွားသည့် ပုံစံ၊ အသုံးပြုသွားသည့် လက်နက် စသည်တို့အပေါ် အခြေခံကာ မြန်မာနှစ်ဦး သတ်ဖြတ်သည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အင်တာနက် လူမှုစာမျက်နှာများတွင် ဝေဖန်ထားကြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုနှင့် မြန်မာနှစ်ဦးက ပြစ်မှုကျူးလွန်သည် ဆိုခြင်းကို အယုံအကြည် မရှိသဖြင့် လွတ်လပ်မျှတစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အွန်လိုင်းတွင် လက်မှတ်ထိုး လှုံ့ဆော်မှုတစ်ရပ်ကို ဂျပန်နိုင်ငံသား Christopher Harkins က လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု ကျူးလွန်သည်ဟု အတင်းအကျပ် ဖိအားပေး ထွက်ဆိုခိုင်းထားသည်ဟု ထင်မြင်ပြီး ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေမှုအပေါ် မယုံကြည်ကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုကို ထိုင်းအစိုးရနှင့် ယူကေအစိုးရ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

ဆူရတ်ဌာနီခရိုင် ရဲချုပ်က အသတ်ခံရသည့် ဗြိတိန်နိုင်ငံသူ Hannah ၏ လက်ကိုင်ဖုန်းကို မြန်မာနိုင်ငံသား၏ အခန်းထဲတွင် တွေ့သည်ဟု ပြောဆိုထားသော်လည်း ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြချက်တွင် Hannah ၏ သူငယ်ချင်း ဖြစ်သူက Hannah သေဆုံးပြီး နောက်နေ့တွင် သူကိုယ်တိုင် ယင်းလက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့ကို အပ်နှံခဲ့သည်ဟု ဖော်ပြထားသဖြင့် ရဲချုပ် ပြောဆိုချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

From:OE

မန်ယူမှ ထွက်ခွာရန် စဉ်းစားခဲ့ဖူးကြောင်း ဒီဂီယာ ၀န်ခံ

မန်ချက်စတာ၊ အောက်တိုဘာ ၇။ မန်ယူအသင်းသို့ ရောက်ရှိသည့်အချိန်က ရင်ဆိုင်ခဲ့ရသော ဝေဖန်မှုများကြောင့် အသင်းပြောင်းရန် စဉ်းစားဖူးခဲ့ကြောင်း လူငယ် ဂိုးသမားဒီဂီ ယာက ၀န်ခံပြောကြား ခဲ့ပြီး ယခုအချိန်တွင်မူ ၎င်း၏ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဟု ယုံကြည်ကြောင်းနှင့် အရာရာကို ဆက်လက် ရင်ဆိုင်သွားရန် အသင့်ဖြစ်နေပြီဟု ဒီဂီယာက ဆိုသည်။



အသက် ၂၃ နှစ်အရွယ် စပိန်ဂိုးသမားဒီဂီယာသည် ၂၀၁၁ ခုနှစ်က မန်ယူအသင်းသို့ ဂိုးသမား တစ်ဦးအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်သည့် ပေါင် ၁၈ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ သို့သော် ရောက်ရှိကာစတွင် လက်စွမ်းပြကစားနိုင်ရန် ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းအချိန် များသည် ၎င်းအတွက် ခက်ခဲသည့် ကာလများ ဖြစ်သည်ဟု ဒီဂီယာက ပြောသည်။ “ကျွန်တော် အဲ ဒီတုန်းက တော်တော်လေး ဝေဖန်ခံခဲ့ ရတာဖြစ်ပြီး အရမ်းခက် ခဲတဲ့ အချိန်တွေပေါ့။ ကျွန်တော့် အတွက်သာမက မိသားစုတွေအတွက်ပါ ခက် ခဲတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်လို အသင်းမျိုးမှာ ကစားနေရ ချိန်မှာ ကောင်းကောင်း မကစားနိုင်ရင်တော့ ဝေဖန်ခံရမယ် ဆိုတာ နားလည်ထား ပါတယ်။ ကျွန်တော်ဟာ အဲဒီအချိန်တွေကို ဖြတ်သန်းနိုင် ခဲ့ပြီလို့ ယုံကြည်ပါ တယ်။ ကျွန်တော် စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အခုတော့ အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု ဒီဂီယာက ဖွင့်ဟခဲ့သည်။

မန်ယူ အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန်ကို အနိုင်ရရှိရန် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး မန်ယူ အသင်း၏ နိုင်ပွဲတွင် ဒီဂီယာမှာ အရေးကြီးသည့် နေ ရာမှ ပါဝင်ခဲ့သည်။ အဲဗာတန် နောက်ခံလူ လေတန်ဘိန်းစ်၏ ပင်နယ်တီကို ကာကွယ် နိုင်ခဲ့သလို အရေးပါသည့် ကာကွယ်မှု များကိုလည်း ပြုလုပ် နိုင်ခဲ့ပြီး ဒီဂီယာမှာ လက်စွမ်းပြ ကစားနိုင် ခဲ့သည်။

Ref: Guardian
Mizzima

ဒညင်းသီးရဲ့ ဆိုးကျိုးများ (ဒညင်းသီးနဲ့ ကျောက်ကပ်)


ကိုနေမင်းထွန်းက ဒညင်းသီးအကြောင်းမေးထားလိုတင်ပေးလိုက်ပါတယ်

ကျနော်တို့ မြန်မာနိုင်ငံသူ/သားများဟာ ဒညင်းသီးကို နှစ်ခြိုက်စွာပဲ စားသုံးကြပါတယ်။
အထက်ပိုင်းဒေသတွေနဲ့ အချို့နယ်များမှာဆို ပိုလို့တောင် စားသုံးကြတာပါ။ ဒညင်းသီး
အကြောင်း ဆောင်းပါးအတိုလေး တပုဒ်ကို ဖတ်မိသဖြင့် ကျနော်လဲ ကျနော် ကြုံခဲ့ဖူးသမျှ
ကို မျှဝေချင် သိစေချင်တာကြောင့် ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်တာပါ။
ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာတော့ ရှိစမြဲပဲလေ။ ဒညင်းသီးဟာဆိုရင် 
ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီး များနေတယ် ဆိုတာကို ကြုံခဲ့ရ ခံခဲ့ရတာတွေက
သက်သေလို ဖြစ်နေပါတယ်။

ကျနော် ဖတ်လိုက်ရတဲ့ ဆောင်းပါးတိုလေးထဲမှာ- တညင်းသီးမှာ ပါတဲ့ အဆိပ်ဟာ ၀.၃ % 
ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ ကျောက်ကပ်၂.ခု စလုံးကို ပျက်စီးစေပြီး အသက်ကို ပါ သေစေနိုင်တဲ့အထိတောင် ဖြစ်ပွားနိုင်ပါတယ်။ ဒညင်းသီးရဲ့အဆိပ်ဟာ ရေထဲမှာတောင်
အနည်းငယ် ပျော်ဝင်စေနိုင်တဲ့ အဆိပ်ဖြစ်ပါတယ်။ ဒါကြောင့် ရေနဲ့ပြုတ်ရင် တကြိမ်တည်းနဲ့
မလုံလောက်ပဲ အနည်းဆုံး ၃.ကြိမ်ကနေ ၅.ကြိမ်အထိ ရေများများနဲ့ ပြုတ်ရပါမယ်။ ပြုတ်ပြီး
တဲ့ ရေကို သွန်ပြီး နောက်ထပ် ရေအသစ်နဲ့ ထပ်ပြုတ်ရပါမယ်။
ရေဆူမှတ် ၁၀၀'C သာ ရှိတာကြောင့် မီးဖုတ်စားရင် အဆိပ်ဓာတ်ကို မပြယ်စေနိုင်ပါဘူး။
၁၀၀%ကတော့ ဒုက္ခပေးပါတယ်။ ဒညင်းသီးစားရင် ဆားရည်မှာ ကြာကြာစိမ်စားရင်တော့
အဆိပ်ကို လျှော့စေနိုင်ပါတယ်။ ကဲ...ဘယ်လိုပဲ ဖြစ်ဖြစ် ဒညင်းသီးကို လျှော့စားတာ
အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လို့ ရေးတဲ့သူက ဆိုထားပါတယ်။

ဒီစာလေးကို ဖတ်မိပြီး ကျနော်လဲ အသိပေး မျှဝေချင်လာတဲ့အတွက် ကျန်းမာရေးဗဟုသုတ
ရှာလိုသူများအတွက် ဆင်ခြင်နိုင်မယ့် အသိလေးတခု ရသွားရင်ပဲ ကျန်းမာရေးကုသိုလ်တမျိုး
ရပြီလို့ ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ ကျနော်ဆိုရင် ငယ်စဉ်ထဲက ဆီးလဲ သိပ်မကောင်းပါဘူး။
ဒါပေမဲ့ ငရုပ်သီးစိမ်းချက်နဲ့ အတို့အမြှုတ် အားလုံးနဲ့ ဒညင်းသီးကိုလည်း အသေကြိုက်တာပါ။
ဘယ်လောက်အထိ ကြိုက်သလိုဆိုရင် ငယ်စဉ်က ဒညင်းသီးအလုံးအသေးဆိုရင် တလုံးကို
ထမင်းတလုပ်ပဲ စားပစ်တာပါ။ နောက်တခါ ဒီလိုစားလို့ အားမရသေးပဲ ဒညင်းသီးကို နူးပြီး
စီးနေအောင်ပြုတ်ပြီး ပါးပါးလှီး၍ ကြက်သွန်နဲ့ အသုတ်လို သုတ်စားတဲ့အထိ စားခဲ့တာ။
နည်းနည်းကြီးလာတော့ မန္တလေးမှာ မြစ်ကြီးနားဘက်က လာတဲ့ ဒညင်းသီး အလုံးလှလှ
အကြီးကြီးများကိုလည်း တခြမ်းကို တလုပ်ပဲစားပစ်တာ။ ခရမ်းချဉ်သီး ငါးပိချက်နဲ့ပေါ့။
ငါးပိချက်ကိုလည်း ငရုပ်သီးက ရဲသလဲနေပြီး ပူစပ်နေအောင် ချက်ထားမှ ကြိုက်တာလေ။
အဲဒီလို ချက်ထားတာတောင် အားမရပဲ တခါတလေ အတောင့်လိုက် ကိုက်စားပစ်သေးတာ။

အဲဒီလို စားလာရင်း မကြာပါဘူး။ ဆီးအောင့်လာပြီး ဆီးသွားရင် သွေးတွေ အတန်းလိုက်ပါ
လာပါရော။ ဆီးဆေးလေးသောက်ရင် သက်သာသလို ရှိပေမယ့် အစားကတော့ မပျက်ခဲ့ဘူး။
ငယ်သေးတော့ ဘာ့ကြောင့်ရယ်လို့ မစဉ်းစားသေးဘူးပေါ့။ ငရုပ်သီး အစားများလို့ ငရုပ်သီး
ကြောင့်တခုပဲ တွေးမိခဲ့တာ။ ငရုပ်သီးကိုတော့ နည်းနည်းလျော့စားခဲ့တယ်။ ဒညင်းသီးကို
အစားမပျက်ခဲ့ဘူး။

တနေ့မှာ လဘက်ရည်သောက်နေရင်း ခါးပိုင်းကနေ မီးပူနဲ့ ထိုးသလို ထိုးအောင့်လာပြီး
ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်လာလို့ ဆေးခန်းကို ပြေးတယ်။ ဆရာဝန်က ဆေးထိုးပေးပေမယ့်
အောင့်တာက မသက်သာဘူး။ လူးလှိမ့် ခံရတာ။ မီးပူနဲ့ထိုးသလိုပါပဲ။ အဲဒါနဲ့ ဆေးခန်းက
ပြန်လာရင်း မခံနိုင်တာနဲ့ လမ်းကပဲ ဆေးရုံကို ဆက်သွားခဲ့ရတယ်။ ဆေးရုံရောက်လို့
နာ့စ်ယောက်ျား (ကိုမောင်မောင်)ဆိုသူက လူးလှိမ့်အော်ဟစ်နေတာကို မြင်တော့ ဗာရာဂျင်
ဆိုတဲ့ ဆေးတလုံး ထိုးပေးလိုက်တော့မှ ၁၅.မိနစ်လောက်အကြာမှာ သက်သာသွားတယ်။
သူကတော့ ပြောပါတယ်။ ဒီဆေးက ခဏခဏထိုးလို့ မကောင်းဘူး။ ပူစပ်တဲ့ အစားအစာနဲ့
ဒညင်းသီး လျော့စားဖို့ပဲ မှာလိုက်တယ်။ ဆီးနဲ့ကျောက်ကပ် ပါရဂူကြီး ပြောတာကတော့
ကျောက်ကပ်ရောင်တာတဲ့လေ။

အဲဒီမှာ အသိတခု ထပ်ရလိုက်တာက ကျောက်ကပ်ရောင်တဲ့အကြောင်းကို အသိဘုန်းကြီး
တပါးက သိသွားတဲ့အခါမှာ "အေး မင်း အဲဒါဆိုရင် နောက်ကို ရေခဲရေ အေးနေတာကို ဘယ်
တော့မှ မသောက်နဲ့ သောက်ရင်တော့ မင်းအသက် ရှည်မှာမဟုတ်ဘူး''လို့ ပြောလိုက်တယ်။
အဲဒါကို သိပ်မယုံလို့ ရေခဲရေ သောက်ကြည့်တယ်။ သိပ်အေးတဲ့ အချိုရည်များကိုလဲ သောက်
ကြည့်တယ်။ သူပြောတာ မှန်တယ်။ အေးတဲ့ရေကို သောက်လိုက်မိတာနဲ့ ခါးက အောင့်လာ
တာပဲ။ အဲဒီထဲက အေးတဲ့ရေကို ထပ်ရှောင်နေလိုက်ရပြန်တယ်။
အဲဒီလို အသိနဲ့ပဲ သြစတေးလျမှာနေတဲ့ အသိ အန်တီကြီးတယောက်ရဲ့သားမှာ ကျောက်ကပ်
ရောဂါဖြစ်နေလို့ ကျောက်ကပ်ဆေးရမယ် ပြောလို့ မဆေးဖို့ အကြောင်းနဲ့ အေးတဲ့ရေများကို
မသောက်ဖို့ အတန်တန် မှာလိုက်လျက်နဲ့ သူ့သားက ဆရာဝန်ဆိုတော့ ဒါတွေကို လက်မခံဘူး လားမသိဘူး။ ရေခဲသေတ္တာထဲက ရေမှ သောက်နေကျလဲ ဖြစ်နေ၊ ကျောက်ကပ်ကိုလဲ ဆေး
လိုက်တဲ့အခါမှာ သိပ်မကြာပါဘူး။ ဆုံးသွားပြီဆိုတာ ကြားလိုက်ရတယ်။

ထိုနည်းတူပဲ တောနယ်ဘက်က အသိဘုန်းကြီးတပါးရဲ့အကို ဦးလေးကြီးတဦး ဆိုရင်လဲ
စာရေးသူကို သူက ဒညင်းသီး အဝယ်ခိုင်းလို့ သုံးပိဿာ ဝယ်ပေးလိုက်တာ။ အဲဒီ ဒညင်းသီး
သုံးပိဿာကို အခြား ညီအကိုမောင်နှမ နှစ်အိမ်ကို ဆယ်လုံးစီလောက်ပဲ ပေးပြီး သူ့မိသားစုပဲ စားပစ်လိုက်တာ လေးငါးရက်နဲ့ ပြောင်သွားတယ်တဲ့။ သူက အများဆုံး စားတဲ့သူမို့ သိပ်
မကြာလိုက်ဘူး။ အဲဒီ သန်သန်မာမာ ကျန်းမာနေတဲ့ ဦးလေးကြီးဟာ တလလောက်အကြာ
မှာ ကျောက်ကပ် ပျက်စီးပြီး ဆုံးသွားတယ်လို့ သိရပြန်တယ်။

အဲဒီ ဦးလေးကြီးရဲ့တူဆိုရင်လည်း ဒညင်းသီး ဆားရည်စိမ်ကို တနေ့ကို ၁၂.လုံးကနေ ၁၅.
လုံးလောက်အထိ စားဖန်များလာတဲ့အခါမှာ ရင်ထဲမှာ ကြပ်လာပြီး ဆို့တစ်တစ်နဲ့ အသက်ရှူ
ကြပ်တာ ခဏခဏဖြစ်လို့ ''ကိုယ့်လူ အသက်ရှည်ချင်ရင်တော့ ဒညင်းသီးကို အဲဒီလို မစားပဲ
လျော့စားတာ ကောင်းလိမ့်မယ်လို့" သတိပေးမှလျာ့စားလိုက်လို့ နောက်ထပ် မဖြစ်တော့ပဲ
ကောင်းသွားခဲ့ပါတယ်။ ဒညင်းသီး ဆားရည်စိမ်ရဲ့အရည်ကို သောက်ရင် ဆီးကျင်တာ
ပျောက်တယ်လို့ ဆိုကြပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆီးကျင်တာ ပူတာအတွက်
လွယ်ကူတဲ့ တခြားနည်းတွေ များစွာပဲရှိပါတယ်။

အဲဒီတော့ ဒညင်းသီးရဲ့ဆိုးကျိုးများဟာ အင်မတန်မှ ကြောက်စရာကောင်းတာ အမှန်ပါပဲ။
တနေ့ကို လေးငါးလုံးမျှ သာမန် စားရုံနဲ့တင် ဆီးသွား ဝမ်းသွားတဲ့အခါမျိုးနဲ့ ချွေးနံ့များပင်
အနံ့က အတော်လေး ဆိုးဝါးလွန်းတယ်ဆိုတာ စားဖူးသူတိုင်း သိကြမည်ထင်ပါသည်။
ဒညင်းသီးနဲ့ ငရုပ်သီးက ထမင်းမြိန်တာကတော့ အမှန်ပင်ဖြစ်သည်။ ကောင်းကျိုးထက် ဆိုး
ကျိုးကို ပေးတာကလည်း အမှန်ပင်ဖြစ်ပါသည်။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး လျော့စား
တာက ကောင်းပါမည်။ အသက်ကို ဉာဏ်စောင့်ဆိုသလိုပေါ့။ စာရေးသူကတော့ ဒညင်း
သီးကို လုံးဝ မစားဖြစ်တော့ပေမယ့် ငရုပ်သီးကိုတော့ အနည်းငယ် စားနေဆဲပင်ဖြစ်သည်။
ဆီးက တမျိုးဖြစ်လာရင်တာ့ မြန်မာဆီးဆေးကို ကြိုသောက်ထားလိုက်ပါသည်။

အဲဒီက စပြီး ရောဂါတွေဖြစ်နေလို့ ဆေးလိုက်ရှာဖွေရင်း ကိုယ်တိုင်ပင် ဆေးဆရာလို ဖြစ်ခဲ့ရ
သည်။ အဘိဓမ္မာတောင်သာ ဆရာကြီး ဦးကြည်ဆီမှာလဲ သင်တန်းတက်ဖြစ်သွားပြီး ဆရာ
ကြီးနဲ့ ကျန်းမာရေးအကြောင်း ဆွေးနွေးဖြစ်ခဲ့လို့ ဆရာကြီးကိုယ်တိုင် သင်တန်းဆင်း
လက်မှတ် ပေးအပ်တာကို ရယူခဲ့သလိုပဲ။ အင်္ဂလိပ်ဆေးများကိုလည်း လေ့လာချင်တဲ့အတွက်
သူနာပြုသင်တန်းများကိုပါ တက်ဖြစ်သွားခဲ့သည်။ အဓိကကတော့ ဆေးအကြောင်းများနဲ့
ဘယ်ရောဂါဖြစ်လာရင် ဘယ်လို ကြိုတင်ကာကွယ်ရမယ်ဆိုတာကို သိထားချင်တဲ့အတွက်ပဲ
ဖြစ်ပါသည်။

စာရှုသူများလည်း ကျန်းမာရေးအသိများ တိုးပွားပြီး ချမ်းသာစွာနဲ့ အသက်ရှည်နိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါသည်။
.

(နွေနှင်းမိုး)

အသိနှင့်ယှဉ် သတိနှင့်ဆင်ခြင် သုံးစေချင်

''ကမ္ဘာကြီးသည် ရွာကြီး တစ်ခုလို'' ဆိုသည့် အတိုင်း သည်စကား လေးကို ကျွန်မ အလွန် သဘောကျ သည်။ ခေတ်မီ တိုးတက်နေသည့် ဒီဘက်ခေတ် တွင် အင်တာနက် ကြောင့် အရာရာ အချိန်နှင့် တစ်ပြေးညီ သိမြင်ကြ ရသည်။ အိုင်တီခေတ်မို့ ဆက်သွယ်ရေး နည်းပညာများ ကောင်းမွန်လှ သဖြင့် ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း အဖုံဖုံနှင့် လူမှု စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး မှစ၍ ဂီတ၊ အနုပညာ ဆိုင်ရာအထိ ကမ္ဘာနှင့် ယှဉ်၍ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားကြ ရသည်။ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာသော နည်းပညာများ နှင့်အတူ တစ်မျိုးပြီး တစ်မျိုး လှပစွာ တီထွင် ဆန်းသစ် လာကြသော လက်ကိုင်ဖုန်း လေးများ မှာလည်း (ဂလက်ဇီဝိုင်၊ အက်စ်ဖိုက်၊ အိုင်ဖုန်း၊ နုတ်သရီး) စသည်ဖြင့် တစ်မျိုးပြီး တစ်မျိုး၊ ဆန်းသထက် ဆန်း၊ လှသထက် လှပစွာ ပေါ်လျက် ရှိသည်။


နိုင်ငံတကာနှင့် အပြိုင် ကျွန်မတို့ နိုင်ငံမှာလည်း လက်ကိုင်ဖုန်း လေးများ (ဟန်းဆက်) ကို တန်ဖိုးကြီး ပေးကာ သူ့ထက်ငါ အပြိုင်အဆိုင် သုံးစွဲ လာကြသည်။ အရွယ်သုံးပါး မရွေး မိမိနိုင်သည့် အတိုင်းအတာ အထိ သုံးနေကြသည့် ခေတ်ဖြစ်သည်။ ပြိုင်ဆိုင်မှု တစ်ရပ် အနေဖြင့် သူ့ထက်ငါ သာအောင် လက်ဝယ် ကိုင်ဆောင် အသုံးပြု ကြသည်။


တန်ဖိုး ကြီးမားလှသည့် ပစ္စည်းကို သုံးစွဲခြင်းသည် အဆင့်မြင့်သည်။ အဆင့်မီသည်။ အရည်အသွေး မှန်ကန်သည် ဆိုသော် ငြားလည်း မနိုင်ဝန်ကို ထမ်းနေသော သူများအဖို့ မဆုံးသော လမ်းကို လေးလံသော ဝန်ထုပ်ဝန်ပိုး ထမ်းကာ လျှောက်လှမ်း နေရသည့် အတွက် စိတ်ဆင်းရဲ မှုသာ များပေ လိမ့်မည်။


နည်းပညာများ အံ့မခန်း တိုးတက် လာသည်နှင့် အမျှ တိုးတက်မှု အပိုင်းမှ ကြည့်လျှင် လွန်စွာ အကျိုးရှိ၍ အသုံးတည့် လှသည်။ သို့သော်လည်း လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်၊ ကလေး ပါမကျန် သတိမထား မိကြသည့် အချက်မှာ ''သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး'' ဆိုသည့် စကားကဲ့သို့ပင် အချိန်တိုင်း ကွန်ပျူတာ၊ အိုင်ပက်၊ လက်ကိုင်ဖုန်း စသည်တို့ကို မျက်နှာနှင့် မခွာဘဲ နေတာမျိုး၊ အချိန်တိုင်း လိုလို နားကြပ်ကို နားမှာတပ်၍ သီချင်း နားထောင် နေတာမျိုး တို့သည် ကြာလာလျှင် ဦးနှောက် နှင့် မျက်စိ၊ နားတို့ကို အန္တရာယ် ပေးလာနိုင် ပေသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်လည်း ''တန်ဆေး လွန်ဘေး'' ဆိုသည့် စကားအတိုင်း ဘယ်အရာကို မဆို လွန်ကဲစွာ ပြုလျှင် ဘေးဖြစ် တတ်သည်။


ကျွန်မ မြင်တွေ့၊ ကြားသိသမျှ ပြောရမည် ဆိုလျှင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေး၊ ရှော့ပင်းမောလ် များ စသည့် နေရာတိုင်းနှင့် ကားမောင်းရင်း၊ ဆိုင်ကယ် မောင်းရင်း မှာပင် ဖုန်းကို လက်ကမချ တစ်ချိန်လုံး ပြောနေ ကြသည်။ အန္တရာယ်ကို လက်ယပ်ခေါ် သည်နှင့် အတူတူပင်။ ကျွန်မ၏ မိတ်ဆွေ လင်မယား နှစ်ယောက် လက်ဖက်ရည်ဆိုင် မှာထိုင်ရင်း တစ်ယောက်နှင့် တစ်ယောက်ကျောပေးကာ ဖုန်းကိုယ်စီ နှိပ်နေကြ၍ ဆိုင်ရှေ့တွင် ရပ်ထားသော မိမိတို့ ဆိုင်ကယ်အလစ်သုတ် ခံလိုက်ရ တာကိုပင် မသိလိုက် ကြပါ။ ဆိုင်ထဲရှိ လူအားလုံး ကလည်း ၁ဝ ယောက်မှာ ကိုးယောက်က ဖုန်းကိုယ်စီနှင့် ဈာန်ဝင် နှိပ်နေကြ၍ မသိလိုက်၊ မမြင်လိုက်ကြ ဟု ဆိုသည်။ ဒီတော့မှ ထိုလင်မယား ပြူးပြူး၊ ပျာပျာ ဖြစ်ကြ တော့သည်။


လူငယ်၊ လူရွယ်များ ပို၍ ဆိုးသည်။ နေပူမရှောင်၊ မိုးရွာမရှောင် မိုး တစ်ခြိမ်းခြိမ်း၊ လျှပ်စီး တစ်ဝင်းဝင်း ကြားမှာတောင် ဖုန်းပြော မရပ်ချင်ကြ၊ လူကြီး မိဘက စိုးရိမ်၍ ပြောလျှင် ''အကြောက်ကြီး ရန်ကော'' ဆိုပြီး ဟားကြ သေးသည်။ တစ်ခါတလေ ဓာတ်ဆီဆိုင်များတွင် အသိဉာဏ် ကင်းမဲ့စွာ ဖုန်းပြော နေသော ကလေးများကို မြင်လျှင် ဆီထည့်နေရင်း မှ ထွက်ပြေး ချင်စိတ်တောင် ပေါက်သည်။ သူတို့ကို သွားပြော လိုက်လျှင်လည်း ''သေမှာ တော်တော် ကြောက်နေလား '' ဟု အငေါ်တူးတူး အပြောခံ ရမှာစိုး၍ သမ္ဗုဒ္ဓေ သာ ဖိရွတ် နေမိ တော့သည်။


ကားမောင်း၊ ဆိုင်ကယ်မောင်း သူများကို ကြည့်လိုက် တိုင်းလည်း တော်တော် များများက ကား၊ ဆိုင်ကယ်က လက်တစ်ဖက် တည်းဖြင့် မောင်း၍ တစ်ဖက်က ဖုန်းပြောမပျက်၊ မျက်လုံးနှင့် လက်တစ်ဖက် ကဖုန်းနှင့် အာရုံများ နေတာက တစ်မျိုး၊ အရှိန်မလျှော့ တာတစ်မျိုး၊ မဆင်မခြင် စည်းမဲ့၊ ကမ်းမဲ့ မောင်းနှင် တာကတစ်မျိုး၊ အမျိုးမျိုးသော ပေါ့ဆမှု များကြောင့် ယာဉ်တိုက်မှုများ၊ ထိခိုက် ဒဏ်ရာရ၊ သေကြေ ပျက်စီးမှု များလည်း တစ်နှစ် ထက်တစ်နှစ် တိုး၍သာ လာပါ တော့သည်။ ယာဉ်များ အဆမတန် ပေါများ လာသည်နှင့် အညီ ထိုထိုသော အကြောင်းအရာ များကြောင့် မကောင်းမှု အကျိုးတရား များကလည်း တိုးပွား၍သာ လာတော့သည်။


ကိုယ့် သားသမီးက အစ ကျောင်းက ပြန်ရောက် တာနှင့် ဖုန်း တတီတီ နှိပ်တော့သည်။ ပြောစရာ သူငယ်ချင်း ကုန်တော့ ဂိမ်းနှိပ်သည်။ ဂိမ်းကစား၍ ပျင်းလာလျှင် နားကြပ် တပ်ကာ သီချင်း နားထောင် တော့သည်။ လူကြီးသူမ များနှင့် ဧည့်ခန်းထဲမှာ ထိုင်နေ တာတောင် သူတို့အာရုံ နှင့် သူတို့ အော်မကြား၊ ခေါ်မကြား နှစ်ခါသုံးခါ ခေါ်လိုက်မှ ကြားကြသည်။ မခက်ပေ ဘူးလား။


ကျွန်မကတော့ သမီး တစ်ယောက်တည်း မို့ တော်ပါ သေးသည်။ သို့သော်လည်း မဖြစ်မနေ စည်းကမ်း ထုတ်ရတော့သည်။ မိဘက မပြောမဆို သရွေ့တော့ တစ်လ တစ်လ ဖုန်းကတ်ဖိုး က သောက်သောက်လဲ ကုန်သည်။ မိဘက မြည်တွန် တောက်တီးမှ မလျှော့ချင် လျှော့ချင် လျှော့ကြသည်။ ဖုန်းကတ်ဖိုး နှင့် ဖုန်းပြောချိန်၊ ကွန်ပျူတာ နှိပ်ချိန် တို့ကို သတ်မှတ်ပေး ရတော့သည်။ ကျောင်းမှ ပြန်လာလျှင် အမော အပန်းဖြေ၊ ရေချိုးသန့်စင်၊ စားသောက် ပြီးလျှင် စာကြည့်ချိန်၊ ဘုရား ရှိခိုးချိန် တို့ကို သတ်မှတ် ပေးရတော့သည်။ ဒါလည်း သူတို့ အခန်းထဲမှာ တံခါးပိတ် အိပ်ချိန် ဘယ်လောက် သုံးနေမလဲ မခန့်မှန်းနိုင်။


ထို အရာဝတ္ထု ပစ္စည်းများဖြင့် ကလေးသူငယ် ကအစ လူငယ်၊ လူရွယ် ကလေးများ ဘာသာရေး အသိတရား ပျောက်မှာ စိုးမိသည်။ အချိန်ပြည့် ကွန်ပျူတာ၊ အင်တာနက်၊ ဖေ့စ်ဘွတ်၊ အွန်လိုင်း စသည်တို့ နှင့်သာ အချိန်ဖြုန်း ကြသည်။ ထို ဖုန်းတစ်လုံးကို အကြောင်းပြု၍ နှီးနွှယ် ဆက်သွယ်ကာ မရိုးသော စီးပွားရှာ စားသောက်လျက် ရှိသော ဆိတ်ကွယ်ရာ၊ လူကွယ်ရာ၊ စိတ်ဆင်ရိုင်းကို ချွန်းမအုပ် နိုင်သည့် နေရာများနှင့် ပတ်သက် လာကာ စာရိတ္တမဏ္ဍိုင် ခြစား၍ အကျင့်ပျက် ဖောက်ပြန်မှုများ ပေါများ လာသကဲ့သို့ နောက်ပိုင်းမှ ဇနီးမယား၊ သားသမီး မိသားစုတို့ ဖရိုဖရဲ သောက ငိုပွဲဆင်နွှဲကြ ရသည်။


ယခင်ခေတ်များ က မရှိဘူးလား၊ စောဒက တက်၍ မေးချင်မေးကြ ပါလိမ့်မည်။ အရင်ခေတ်များက အနှီ ရုပ်ဝတ္ထု ပစ္စည်းများလည်း မပေါ် သကဲ့သို့ ယောက်ျားတို့ (အာရုံငါးပါး) ကို ဆွဲဆောင်သည့် ဖျော်ဖြေမှု များလည်း မရှိသေး၍ ပြောရလျှင် ယခု မျက်မှောက်ခေတ် လောက်တော့ ဆိုးရွားမည် မထင်ပါ။


ကျွန်မတို့ ငယ်ငယ်က အိမ်တိုင်းတွင် ကြိုးဖုန်း မရှိပါ။ ဆက်သွယ်ရေး တွင် တန်းစီကာ စောင့်ကြ ရသည်။ သမီးရည်းစား စကား ပြောနေတာ နှင့် တိုးလျှင်တော့ ကိုယ့်အလှည့် ပြောဖို့ တစ်မေ့ တစ်မြော စောင့်ပေဦးတော့။ တစ်ဖက်က ဆန်းသစ်မှုများ အံ့သြ လောက်အောင် ပြောင်းလဲလာ သော်လည်း တစ်ဖက်မှာ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာ ကြသည်။


သို့ပါသောကြောင့် ပြောရမည် ဆိုပါလျှင် ထို ဆန်းသစ်သော နည်းပညာ တစ်ခုနှင့် အရာဝတ္ထု များကို သုံးစွဲမည်ဆိုပါက အသိတရား၊ သတိတရား များနှင့် ဆင်ခြင် ယှဉ်တွဲ၍ စည်းကမ်းတကျ သုံးစွဲလျှင် အလွန်ပင် တန်ဖိုး ရှိ အကျိုးကျေးဇူး များလှ ပါသည် ဟူ၍ ရေးသား တင်ပြ လိုက်ရပါသည်။

Yadanarpondaily

ငြိမ်းချမ်းရေးယူချင်သောအရာရှိအား တပ်ကြပ်ကြီးဖြစ်သူမှ သေနတ်ဖြင့် ပစ်သတ်မူ ကေအိုင်အေ တွင်ဖြစ်ပွား


ကေအိုင်အေတပ်ရင်း (၂၈) ဘွမ်မရွန်းမှ ဒုတိယဗိုလ်အဆင့်ရှိ ကလောင်းယိန်းဇုံး နှင့် တပ်ကြပ်ကြီးအဆင့်ရှိ 
ရှန်းတိန်းနော်ဆန်း တို့  (၂) ဦးသည် ကေအိုင်အေတပ်ရင်း (၂၈) ရိပ်သာ တွင် အရက်အတူတကွ သောက်စားခဲ့ရာမှစကားများပြီး တပ်ကြပ်ကြီးမှ အထက်အရာရှိအား ပစ္စတိုဖြင့် ပစ်သတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာအရက်သောက်စားရာမှ ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အစိုးရ နှင့် ငြိမ်းချမ်း
ရေး ယူသင့်သည်၊ မယူသင့်သည်ကို အချင်းချင်းပြောဆိုခဲ့ကြပါသည်။ 

ထိုသို့ ပြောဆိုရာမှာ အရာရှိဖြစ်သူမှ " တိုက်ပွဲများဖြစ်ပွားမနေသင့်ဘဲ မိမိသာ လူကြီးနေရာတွင်ရောက်ရှိနေလျှင် ဒီလိုအဓိပ္ပာယ် မရှိတဲ့တိုက်ပွဲတွေ တိုက်မနေဘဲ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသော ငြိမ်းချမ်းရေးသာ ရယူမည်ဖြစ်ကြောင်း"ပြောဆိုခဲ့ပါသည်။


ထိုသို့ ပြောဆိုမူအပေါ် တပ်ကြပ်ကြီးအဆင့်ရှိသူ ရှန်းတိန်းနော်ဆန်း မှ ကျေနပ်လက်ခံခြင်းမရှိဘဲ မိမိ အထက်အရာရှိဖြစ်သူ ကလောင်းယိန်းဇုံး အား "ဘယ်သူသေသေမသေသေ ဂရုစိုက်စရာမလိုဘူး မင်းလိုကောင်တွေရှိနေတာငါတို့ လူမျိုး သိက္ခာကျတယ်" ဟုပြောဆိုပြီး အမ်(၂၀)ပစ္စတိုဖြင့် တလောင်းယိန်းဇုံးအား ပစ္စတိုဖြင့် ပစ်သတ်ခဲ့သည်ဟုသိရှိရသည်။

ကေအိုင်အေတပ်ဖွဲ့ ဝင်များသည် အရာက်သေစာသောက်စားမူးယစ်ပြီး အချင်းချင်းပစ်ခတ်သည့်ဖြစ်စဉ်များ
မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အချင်းချင်းစည်းလုံးညီညွတ်မှု၊အထက်အောက်လေးစားမူ မရှိခြင်းတို့ ကြောင့် ကေအိုင်အေခေါင်းဆောင်ပိုင်းအုပ်ချုပ်မူဖြစ်စဉ်များ အများအပြားဖြေရှင်းနေရသည်။ ထို့ အပြင့် အပြင် အထက်လူကြီးပိုင်းများသာ ကောင်းစားကာ အောက်ခြေရဲဘော်များမှာ ဆင်းရဲငတ်ပြတ်နေပြီးစစ်ပွဲများကို စိတ်ကုန်နေပြီ ငြိမ်ချမ်းရေး ရယူလိုသော တပ်ဖွဲ့ ဝင်များလည်း
အလွန်များပြားလျက်ရှိကြောင်း သိရှိရပါသည်။
ခွန်နောင်း
From: ကချင်သတင်းစဉ်

မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇ သတင်းထောက်ခြောက်ဦးကို သိန်းခြောက်ဆယ်ထောက်ပံ့


မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇထူ ထောင်ထားသည့် ထူးဖောင်ဒေး ရှင်းက သတင်းထောက်တစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီဖြင့် သတင်းထောက်ခြောက်ဦးကို ကျပ်သိန်းခြောက်ဆယ်ပေးခဲ့ကြောင်းသတင်းရရှိသည်။ 
၎င်းပိုင်ဆိုင်သည့်ဘဏ်တွင် သတင်းမီဒီယာသမားများအတွက်အမေရိကန်ဒေါ်လာတစ်သန်းအပ်နှံထားသည့် ငွေပမာဏအနက် သတင်းထောက်တစ်ဦးလျှင် ကျပ်ဆယ်သိန်းစီဖြင့် လွန်ခဲ့သော သုံးလခန့်က ကျပ်သိန်းခြောက် ဆယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ငွေလက်ခံသူအချို့ထံမှ သတင်း ရရှိသည်။ 

‘‘ကျွန်တော်တို့ကို နိုင်ငံခြား ကို သင်တန်းလွှတ်ဖို့ အင်္ဂလိပ်စာ အားနည်းလို့ Edu Links မှာ အင်္ဂ လိပ်စာသင်တန်းတက်ဖို့ပေးတာ ပါ။ အနှောင်အဖွဲ့တွေမရှိလို့လက် ခံလိုက်တာပါ။ အင်္ဂလိပ်စာအခြေ ခံမှာတောင် နှစ်ပိုင်းခွဲပြီးတက်ရပါ တယ်။ အဲဒီမှာ ငွေခြောက်သိန်း လောက်ကုန်ကျတယ်။ နောက် ထပ်တက်ရမယ့် သင်တန်းတွေကို လည်း သူတို့က ပိုက်ဆံထပ်ပေး ပြီးတက်ခိုင်းမယ်လို့ပြောပါတယ်’’ဟု ငွေကြေးလက်ခံထားသည့်သ တင်းထောက်တစ်ဦးကပြောသည်။ 

ယင်းနှင့်ပတ်သက်၍ The Myanmar Post News Journal မှ အယ်ဒီတာကိုသန်းထိုက်သူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လက်ခံကြသူများအား တိုက်ပိုင် အယ်ဒီတာများကို ၀န်ခံပြီးပြန် အပ်ကြရန်တိုက်တွန်းထားသည့်အပြင်ယင်းတိုက်မှ လက်ခံထားသူ သတင်းထောက်တစ်ဦးကိုလည်းအလုပ်မှ မထုတ်လိုဘဲ ထုတ်ပယ်လိုက်ရကြောင်း ရေးသားထားသည်။ 

‘‘ဦးတေဇရဲ့ အနာဂတ်မီဒီ ယာပလန်အတွက် ငွေကြေးပေး ပြီး လူမွေးတဲ့အထဲမှာကျွန်တော် တိုက်က ညီတစ်ယောက်လည်းပါ ၀င်ခဲ့ပါတယ်။သူကိုယ်တိုင်လည်း ငိုလို့ပါပဲ။စိတ်မကောင်းပေမယ့် သူ့ကိုလက်မှတ်ထိုးခိုင်းပြီးအလုပ် က ထွက်ခွာစေခဲ့ရတယ်’’ဟု၎င်း ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင်ရေးသားထားသည်။ 

မီဒီယာလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးခေါင်းစဉ်ဖြင့် ထူးဖောင် ဒေးရှင်းက အမေရိကန်ဒေါ်လာ တစ်သန်းထောက်ပံ့မည်ဟု ဦး တေဇက သတင်းမီဒီယာသမားအချို့ကိုပြောဆိုခဲ့ပြီးနောက် ၎င်းပိုင် ဆိုင်သည့် AGDဘဏ်တွင်အပ်နှံ ထားခဲ့ခြင်းဖြစ်သည်ဟုသတင်းရရှိသည်။ 

‘‘သတင်းမီဒီယာလုပ်ငန်းကို Promoteလုပ်တဲ့သဘောနဲ့ နိုင်ငံ ခြားမှာ သင်တန်းတက်ဖို့ စီစဉ် ထားတာပါ။ ပညာသင်ပေးဖို့လုပ် နေတာပါ။ မီဒီယာကိုထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာတစ်သန်းစီ စဉ်ထားတာပါ’’ဟု ဦးတေဇ၏ အစ်ကိုဖြစ်သူ ထူးကုမ္ပဏီများအုပ် စုမှ ဒုတိယဥက္ကဋ္ဌဦးသီဟကသိန်း ခြောက်ဆယ်ကိစ္စနှင့်ပတ်သက် ပြီး ဖြေကြားခဲ့သည်။ 

‘‘အဓိကကတော့ သတင်း ပေါ်မှာ ဘာမှမရိုက်ခတ်တာအ ကောင်းဆုံးပဲ။ သင်တန်းပေးတာ ပြည်တွင်းအကူအညီရော၊ ပြည်ပ အကူအညီရော အမျိုးမျိုးရှိပေ မယ့် သူတို့က အပ်ပေးတယ်။ စ ကော်လားရှစ်ပေးတယ်၊ သွားတက်လိုက်ဆိုတာကတစ်မျိုး၊ သူတို့ကိုယ်တိုင်အပ်ပေးတာမဟုတ် ဘဲ ပိုက်ဆံပေးလိုက်တယ်။ ငွေကြေးလက်ခံလိုက်တယ်ဆိုတာ ကတော့ တစ်မျိုးဖြစ်နေတယ်။ သတင်းဂျာနယ်တိုက်ရဲ့ ပေါ်လစီက အပြောခံရမှာစိုးလို့ ဦးတေဇနဲ့မပတ်သက်ချင်တာတွေရှိမယ်။ အဲဒီလိုတွေတော့ရှိမှာပေါ့’’ဟု သတင်းသမားအဖြစ် နှစ်ပေါင်း ၃၅ နှစ်ကျော်ရပ်တည်ခဲ့သော Myanmar Timeမှအယ်ဒီတိုရီဒါ ရိုက်တာဦးသီဟစောကပြောသည်။ 

ဦးတေဇပိုင်ဆိုင်သော ထူး ဖောင်ဒေးရှင်းက သတင်းထောက် ခြောက်ဦး ငွေကြေးလက်ခံထားမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လက်ခံထားသူများနှင့် ဦးတေဇတို့ကို ဝေဖန်နေကြသည်။

7Day

ဆိုင်ဘာ တိုက်ခိုက်ခံရမှု များကြောင့် အမေရိကန်နိုင်ငံ ဒေါ်လာ ဘီလီယံပေါင်း များစွာ နစ်နာဆုံးရှုံး


တရုတ် နိုင်ငံသည် အမေရိကန်ကို ဆိုင်ဘာ စစ်ဆင်ရေး အပြင်းအထန် ပြုလုပ်နေခြင်း အကျိုးဆက် အဖြစ် အမေရိကန် လုပ်ငန်း အများအပြားသည် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံး နေရကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းကွန်မေက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ပြောကြားလိုက်သည်။

အမေရိကန် လုပ်ငန်းကြီးများ၏ လျှို့ဝှက်ချက်များကို အွန်လိုင်းမှ တစ်ဆင့် ခိုးယူရန် ကြိုးပမ်းသည့် နိုင်ငံများထဲတွင် တရုတ် နိုင်ငံသည် ထိပ်ဆုံးက ပါဝင်ကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲက စီဘီအက်စ် သတင်းဌာန၏ “မိနစ် ခြောက်ဆယ် ဆွေးနွေးခန်းတွင် ပြောကြား သွားသည်။ အမေရိကန်ရှိ အဓိက လုပ်ငန်းကြီး တိုင်းသည် ဆိုင်ဘာ တိုက်ခိုက်ခြင်းဒဏ်ကို ခံနေကြရကြောင်း မစ္စတာကွန်မေ က ဖြည့်စွက် ပြောကြားသွားသည်။

ဆိုင်ဘာ တိုက်ခိုက်ကာ သတင်း အချက်အလက်များ ခိုးယူခြင်းကြောင့် အမေရိကန် လုပ်ငန်းများ ငွေကြေး ဆုံးရှုံးရမှုကို အတိအကျ တွက်ချက်လို့ မရနိုင်သည့်တိုင် ဒေါ်လာ ဘီလီယံ ချီမည်ကား ကျိန်းသေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အမေရိကန် လုပ်ငန်း များကို မည်သည့် နိုင်ငံများက အများဆုံး ဆိုင်ဘာ တိုက်ခိုက် သနည်းဟု မေးမြန်းသည်တွင် ၎င်းက နိုင်ငံစာရင်း အပြည့်အစုံကို ထုတ်ပြောရန် မဖြစ်နိုင်သော်လည်း ထိပ်ဆုံးတွင် တရုတ်ရှိနေ သည်ကား ကျိန်းသေကြောင်း ပြောကြား သွားသည်ကိုလည်း တွေ့ရသည်။ 

Source: AFP