MPT ရဲ့ နောက်ထပ် အစီအစဉ်အသစ်လေး လာပါပြီ


MPT ကြိုတင်ငွေဖြည့်ကတ် ၆၀ရာခိုင်နှုန်းအထိ အပိုပေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ်များအတွက် ကြိုတင်ငွေဖြည့်ကတ် ငါးထောင်ထည့်လျှင် ၄၀ ရာခိုင်နှုန်း ကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။





ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေသည်ကို စက်တင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ အပိုဆုကြေးကို အသုံးပြုနိုင်မည်ဖြစ်သည်။

"ကျွန်မ ဒီညပဲ တစ်သောင်းတန်ဖြည့်လိုက်တာ bonus ခြောက်ထောက် ၀င်လာတယ်" ဟု ကျပ်တစ်သောင်းတန် ငွေဖြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ် ဖြည့်သွင်းရာတွင် အပိုဆုကြေးပေးသည့် အစီအစဉ်ကို ဧပြီလအတွင်းက ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် Promotion ပြုလုပ်ခြင်း ဖြစ်သည်။

လက်ရှိတွင် MPT ၏ GSM ဖုန်းငွေဖြည့်ကတ်မှာ ကျပ်ငါးထောင် ၊ တစ်သောင်းမှ သုံးသောင်းအထိ ရှိနေပြီး ကျပ်ငါးထောင်အောက် လျော့နည်းသော ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောကြားထားသည်။
Mizzima

တရုတ်မှာ ဓားနဲ့ တိုက်ခိုက်သူ ၃ ဦးကို သေဒဏ်ချ


တရုတ်နိုင်ငံမှာ လူပေါင်း ၃၁ ယောက် သေဆုံးခဲ့ရတဲ့ ဓားနဲ့ လိုက်လံ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်သူ ၃ ယောက်ကို ကူမင်းမြို့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

နောက်ထပ် တစ်ယောက်ကိုတော့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ကူမင်းမြို့မှာ ဖြစ်ခဲ့တဲ့ အဲဒီ စီစဉ် တိုက်ခိုက်မှုမှာ လူ ၈ ယောက် ပါဝင် ပတ်သက်ခဲ့ပြီး ၄ ယောက်ကိုတော့ တိုက်ခိုက်မှု ဖြစ်ရာ နေရာမှာပဲ ပစ်သတ်ခဲ့ပါတယ်။

တရုတ် အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်က အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ အပြစ်ပုံချပါတယ်။

အခု ကြားနာ စစ်ဆေးခဲ့တဲ့ ၄ ယောက် အနက် တစ်ယောက်ပဲ သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပြီး ကျန်သူ ၃ ယောက်ကတော့ တိုက်ခိုက်မှု အစီအစဉ် အတွက် ကူညီသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

BBC Burmese

မုဒုံရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးအား ထိုင်းတော်ဝင် မိသားစုပိုင် ကုမ္ပဏီမှ ပြုပြင်မွမ်းမံမည်


မြန်မာနိုင်ငံ မုဒုံမြို့ ဝင်းစိန် တောရကျောင်းရှိ ကမ္ဘာ့ အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးကို ထိုင်းတော်ဝင် မိသားစု ရှယ်ယာပိုင် ကုမ္ပဏီမှ ပြုပြင်ခြင်းနှင့် ထိန်းသိမ်း မွမ်းမံခြင်း လုပ်ငန်းများ လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ထိုင်းတော်ဝင် မိသားစု ရှယ်ယာပိုင် ကုမ္ပဏီ ဖြစ်သော SCG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။


ထိုကဲ့သို့ ဆောင်ရွက် ပေးခြင်းမှာ ကမ္ဘာ့ အကြီးဆုံး လျောင်းတော်မူ ဘုရားကြီး ရှိရာ ဒေသကို အထင်ကရ ဒေသတစ်ခု ဖြစ်လာ စေရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု တိုးတက်ရေး အတွက် ရည်ရွယ်၍ အောက်တိုဘာလ မှစတင်ကာ အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ကုန်ကျငွေ အဖြစ် ဘတ်ငွေနှစ်သန်း ( အမေရိကန် ဒေါ်လာ ခြောက်သောင်း နှစ်ထောင့်ခြောက်ရာ) ငွေသားဝတ္ထု နှင့် အဆောက်အအုံ တည်ဆောက်ရန် လိုအပ်သည့် ဘိလပ်မြေ နှင့် ကြွေပြားများ အထောက်အပံ့ ပေးမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက် မွမ်းမံခြင်းများ လုပ်ဆောင်ရာတွင် တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ပြီး ပြုပြင် မွမ်းမံခြင်းနှင့် ထိန်းသိမ်းခြင်း အစီအစဉ်များ တွင် လျောင်းတော်မူ ဘုရားကြီး ၏ အပြင်ပိုင်း နေရာ အစိတ်အပိုင်း များကို ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ အတွင်းပိုင်း ၌ ပန်းပုရုပ်များ ထုဆစ်ခြင်း၊ ဝင်ပေါက် ပတ်ဝန်းကျင်ကို ပိုမို တင့်တယ်စေရန် ပြုပြင်ခြင်း နှင့် အလည်အပတ် လာရောက် ဖူးမြော်သူ များအား သိသာ မြင်သာမှု ရှိစေရန် လမ်းညွှန်ပြ အမှတ်အသားများ ထားရှိခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ၄င်းဒေသ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းရန် ပညာရှင်များ ကလည်း ပန်းပုရုပ်တု အသစ်များ ထုလုပ်ရာတွင် ပါဝင် ကူညီ သွားမည် ဖြစ်သည်။ လျောင်းတော်မူ ဘုရားကြီးကို ၁၉၉၃ ခုနှစ် မတ်လက လုပ်ငန်း စတင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်က ပြီးစီးခဲ့ကာ အလျားအားဖြင့် ပေ ၉ဝဝ ရှိကြောင်း၊ လျောင်းတော်မူ ဘုရားကြီး ၏ အတွင်းပိုင်း၌ အခန်းပေါင်း များစွာ ပါဝင်ပြီး အချို့ ပန်းချီလက်ရာ များနှင့် ပန်းပုလက်ရာ များမှာ ဗုဒ္ဓဝင် အကြောင်းအရာ များကို ခြယ်မှုန်း ထားခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ အကြီးဆုံး လျောင်းတော်မူ ဘုရားကြီး သည် မြေဧကပေါင်း ၄၉၉ ဒသမ ၆၂ ဧက ရှိသော သာသနာ့ နယ်မြေ၌ တည်ရှိပြီး အနီးတစ်ဝိုက် ၌ စေတီပေါင်း ၆ဝဝ၊ သာသနိက အဆောက်အအုံ ပေါင်း ၃ဝ၊ ရဟန္တာ ရုပ်တု ပေါင်း ၅ဝဝ နှင့် အမြင့်ပေ ၇ဝ ရှိ ရှင်ဥပဂုတ္တ ရုပ်ပွားတော် မြတ်ကြီး အားလည်း တွေ့မြင် နိုင်မည် ဖြစ်သည်။

ထိုင်း တော်ဝင် မိသားစု ရှယ်ယာပိုင် SCG ဘိလပ်မြေ လုပ်ငန်းစု အနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးမှု အစီအစဉ် များကို ဖော်ဆောင် ရာတွင် မြန်မာနိုင်ငံ၌ ၄င်းတို့ ရင်းနှီးမြှုပ်နှံ နေသော ဘိလပ်မြေ စီမံကိန်း ဒေသအနီးရှိ ကမ္ဘာ့ အကြီးဆုံး လျောင်းတော်မူ ဘုရားကြီး အား အဓွန့်ရှည် တည်မြဲ နိုင်စေရန် ပြင်ဆင် မွမ်းမံမှု အစီအစဉ်တွင် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး

Themyawadydaily

သူများတွေထက် တမူထူးခြားပြီး ဆောင်မယ့် မင်္ဂလာစုံတွဲ






တရုတ်နိုင်ငံမှ ၂၆ နှစ်အရွယ် ချစ်သူစုံတွဲကတော့ လာမည့်နှစ်မှာ သူတို့ရဲ့ မင်္ဂလာမဆောင်ခင် အမှတ်တရ ဓါတ်ပုံတမူထူးခြားအောင် ရေကန်အတွင်း ဝင်ရောက်ရိုက်ခဲ့ပါတယ်။


မြန်မာပြည်မှာလည်း သီတင်းကျွတ်တော့မယ်ဖြစ်သောကြောင့် ထူးထူးခြားခြား အမှတ်တရ ဓါတ်ပုံလေးတွေကို ရိုက်ချင်တယ်ဆိုရင်တော့ ရှန်ဟိုင်းမြို့မှာ ရိုက်ကူးနိုင်ပါတယ်။

စိတ်ဝင်းစားဖွယ် ဓါတ်ပုံလေးတွေကို ကြည့်လိုက်နော်။

Chelmo

လက်သည်း အကြောင်း


၀၁. လက်သည်းက Calcium ဓာတ်နဲ့တည်ဆောက်ထားတယ်လို့ ပြောကြပါတယ်။ တကယ်တော့ Protein ဓာတ်နဲ့တည်ဆောက်ထားတာပါ။

၀၂. မြင်နေရသော လက်သည်းက သေသွားသော Cell တွေဖြစ်ပါတယ်။ 
Cell အသစ်တွေက လက်သည်းအရင်းမှာ အသစ်ဖြစ်လာတဲ့အတွက် သေသွား သော Cell တွေကို အပေါ်သို့တွန်းပို့နေတာကြောင့် လက်သည်းက ရှည်လာ တာပါ။

၀၃. လက်သည်းက အသက်မရှုပါ။ လက်သည်းကို ဂရုစိုက်မယ်ဆိုရင်တော့ လက်သည်းဆိုးလိုက်တဲ့အခါ လက်သည်းမှာရှိသော ရေဓာတ်ကနည်းသွား မှာဖြစ်တဲ့အတွက် သတိထားရန် လိုပါတယ်။

၀၄. လက်သည်းညှပ်တဲ့အခါ ရှည်ထွက်နေသောလက်သည်း (ဘဲဥပုံ) နေရာကို ပုံပါအတိုင်း တည့်တည့်ညှပ်ပါ။ ပြီးလျှင် လက်သည်း၏ အရင်းဘေးနှစ်ဖက်တွက် ပိုနေသော လက်သည်းကို ဝိုင်းဝိုင်းလေးဖြစ်အောင် ညှပ်ပါ။

၀၅. လက်သည်းညှပ်တဲ့အခါ ရေချိုးပြီးချိန်တွင် ညှပ်လျှင်အကောင်းဆုံးပါ။ ရေဓာတ်ရှိနေသောအချိန်ဖြစ်သောကြောင့် ညှပ်ရလွယ်ပါလိမ့်မည်။ လက်သည်း ညှပ်ပြီးချိန်မှာတော့ Hand Cream လိမ်းပေးလျှင် ပိုကောင်းပါသည်။

၀၆. လက်သည်းညှပ်တာကတော့ ၂ပတ်တကြိမ်လောက် ညှပ်နိုင်ပါတယ်။ ရာသီဥတုအပေါ်မူတည်ပြီး အနှေးအမြန်ရှိပါသည်။

Chelmo Team
Ref.Naver

ပရိသတ်က ခိုးကူးခွေပဲအားပေးပေး၊ မူရင်းခွေပဲအားပေးပေး အဓိက ပရိသတ်လက်ထဲရောက်ရင် ကျေနပ်ပါတယ်ဆိုတဲ့ ဟန်ထွန်း


ရှိနေမယ်ဆိုတဲ့ တေးစီးရီးနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဟန်ထွန်းဟာ သူ့ရဲ့နောက်ထပ် ထွက်ရှိပြီးသားဖြစ်တဲ့ ခေါင်းနဲ့ပန်း တေးစီးရီးရဲ့ ဗီစီဒီနဲ့ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့

ခေါင်းနဲ့ပန်း ဗီစီဒီကို ဘယ်တော့လောက် ပရိသတ်ရှေ့ချပြမယ်လို့ စဉ်းစားထားပါသလဲ။

ကျွန်တော် နောက်လလောက်မှာ ထွက်ရှိဖို့ကြိုးစားနေပါတယ်။

စင်ကာပူနဲ့ဂျပန်မှာ သွားရောက်ရိုက်ကူးတာကရော ပရိသတ်တွေကိုအမြင်ဆန်းစေချင် တာကြောင့်ပဲလား။

အင်း။ဟုတ်ပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ဒီမြန်မာပြည်မှာက location နေရာတွေက ဒါတွေ ချည်းပဲထပ်နေပြီလေ။ ကြည့်လိုက်ရင်ဒီရှုခင်း၊ ဒီနေရာတွေချည်းပဲ ရိုးနေပြီ။ ပျင်းစရာကောင်းတယ်။ ထူးထူးခြားခြားလေး ဖြစ်အောင် ရိုက်ဖို့နေရာကလည်း မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း ပရိသတ်ကြည့်ရတာ အပြောင်းအလဲလေး ဖြစ်အောင်လို့ ဂျပန်နဲ့စင်ကာပူမှာ ရိုက်ဖြစ်ခဲ့ပါတယ်။

အဲဒီနိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့စဉ်မှာ ကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ကြုံခဲ့ရ ပါသေးသလဲ။

အခက်အခဲကတော့ ဘာမှတော့အထူးအထွေမရှိပါဘူး။ ဟိုမှာရိုက်ကူးရေးအတွက် တစ်လ ကြာခဲ့တယ်။ အဲဒီ့တစ်လအတွင်းမှာ လည်းအစစအရာရာအဆင်ပြေပြေရှိပါတယ်။ ဟိုမှာက အမျိုးအဆွေ၊ အသိမိတ်ဆွေတွေ ရှိတယ်လေ။ သူတို့က ကူညီလုပ်ကိုင်ပေးပါတယ်။ ဂျပန်ကို ကိုယ်ရောက်နေချိန်မှာ နှင်းတွေအရမ်းကျပြီး အရမ်းအေးတော့ ရေခဲလိုအေးစက်နေတာပေါ့လေ။ တအားချမ်းတာတစ်ခုပဲ ရှိပါတယ်။

အောင်မြင်တဲ့အဆိုတော် တစ်ယောက်အနေနဲ့ မြန်မာပြည်ရဲ့ခိုးကူးခွေအနေအထား အပေါ်ကိုရော ဘယ်လိုမြင်မိပါသလဲ။

အင်း။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ခိုးကူးခွေကြောင့်ပဲ နာမည်ရလာတာ ငြင်းလို့မရဘူးပေါ့နော်။ ခိုးကူးခွေကြောင့်ပဲ ပရိသတ်အားပေးမှု ရရှိတဲ့အဆိုတော်တွေအများကြီးပဲ ရှိတာပဲလေ။ ခိုးကူးခွေကဈေးနည်းတော့ လူတန်းစားမရွေး ဝယ်ယူနိုင်တယ်လေ။ မြန်မာပြည်က လူတန်းစေ့ကဆင်းရဲသားများတယ်လေ။ အဲတော့ခိုးကူးခွေတွေပဲ အားကိုးရတာပေါ့။ တစ်ချို့နယ်တွေမှာဆို ခိုးကူးခွေတွေပဲ ရှိတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အခွေကို ခိုးကူးခွေပဲ အားပေးပေး၊ မူရင်းအခွေပဲ အားပေးပေး ၊ အဓိက ပရိသတ်လက်ထဲရောက်ရင် ကျေနပ်ပြီ။

ပရိသတ်ကိုရော အခွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသေးလဲ။

ခေါင်းနဲ့ပန်းဗီစီဒီကို အကောင်းဆုံးကြိုးစားထားပါတယ်။ ပရိသတ်တွေ ကြည့်မိရင်သဘောကျပြီး စိတ်ကျေနပ်မှုရမယ်လို့ ထင်ပါတယ်။ နောက်ထပ်လည်း ပရိသတ်အတွက်ကြိုးစားသွားပါဦးမယ်။

Trend Myanmar

ဖမ်းဆီးထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို ဆီးရီးယားသူပုန်များ ပြန်လွှတ်ပေး



ဆီးရီးယားတွင် အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် ဖီဂျီနိုင်ငံသား ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂ၏ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် သူပုန်တပ်များက ဖမ်းဆီးထားသည့် မိမိတို့၏ တပ်ဖွဲ့ဝင် (၄၅)ဦး ပြန်လည် လွတ်မြောက်လာမှုကို အတည်ပြု ကြေညာသည်။ ဆီးရီးယားက ထိန်းချုပ်ထားသည့် ဂိုလန်ကုန်းပြင်မြင့် အပိုင်းတွင် ထိန်းသိမ်းခံရသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ အားလုံး လွတ်မြောက်လာချိန်တွင် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။


အယ်လ်နူဆာရာ တပ်ဦးခေါ် သူပုန်တပ်ဖွဲ့ တစ်ခုက ဖီဂျီနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့်လက အင်အားသုံး ဝန်းရံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်မဲ့ဇုန် သတ်မှတ်ထားရာ အဆိုပါ ဒေသတွင် ဆီးရီးယားစစ်တပ်နှင့် သူပုန်တပ်များ တိုက်ပွဲပြင်းထန်လာသည့်နောက် ကုလသမဂ္ဂ၏ အမှုထမ်းတပ်ဖွဲ့များ ကြားညပ်သွားခဲ့ခြင်း ဖြစ်သည်။

ဖီဂျီအစိုးရ၏ ကြေညာချက်အရ မိမိတို့နိုင်ငံသားများကို ထိန်းသိမ်းထားချိန်တွင် အယ်လ်နူဆာရာ တပ်ဦးက ၎င်းတို့ကို ကုလသမဂ္ဂ၏ မှတ်တမ်းတွင် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပေးရန်၊ ဆီးရီးယားသို့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့ရန်နှင့် ဂိုလန်ကုန်းမြင့်တွင် ကုလသမဂ္ဂ လက်အောက်ခံ (Undof)တပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ရင်း သူပုန်သုံးဦး သေဆုံးခဲ့သည့် ကိစ္စကို ဖြေရှင်းပေးရန် အစရှိသည့် အချက်များ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ဂိုလန်ကုန်းပြင်မြင့်၏ အစိတ်အပိုင်း အများစုကို အစ္စရေးက ထိန်းချုပ်ထားပြီး ဆီးရီးယားက သေးငယ်သော နယ်မြေအချို့ကို ပိုင်ဆိုင်ထားသည်။ အဆိုပါ နှစ်နိုင်ငံကြားတွင် စစ်မဲ့ဇုန် သတ်မှတ်ပြီး ကုလသမဂ္ဂ တပ်များက ကြားဝင် စောင့်ကြပ်ပေးထားသည်။

_Ref: BBC
7day Daily

ဩစတြေးလျတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေ သတိပေးချက်ကို အဆင့်မြှင့်တင်ထား


ဩစတြေးလျ နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ခြေအတွက် သတိပေး တပ်လှန့်ထားမှုကို အလယ်အလတ်အဆင့်မှ မြင့်မားသည့် အဆင့်သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။

ဝန်ကြီးချုပ် တိုနီအက်ဘော့က စက်တင်ဘာ (၁၂)ရက်တွင် အဆိုပါ တပ်လှန့်မှု အဆင့်သတ်မှတ်ချက် အသစ်ကို ကြေညာခဲ့ပြီး နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ပေါ်ပေါက်နိုင်မှုသည် “ဖြစ်နိုင်သည့် အခြေအနေ”တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဩစတြေးလျသည် သေချာပေါက် အကြမ်းဖက် တိုက်ခိုက်ခံရမည်ဟု တစ်ထစ်ချ မှတ်ယူပြီး စိတ်ပူမနေရန်လည်း ပြည်သူများကို နှစ်သိမ့်ခဲ့သည်။

“တိတိကျကျ စီမံပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုတွေအကြောင်း ဘာထောက်လှမ်းရေး သတင်းမှ မရသေးပါဘူး”ဟု အက်ဘော့က ဆိုသည်။ “ကျွန်တော်တို့ ရထားတဲ့ ထောက်လှမ်းရေး သတင်းတွေက ဩစတြေးလျကို အကြမ်းဖက် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရော၊ လုပ်နိုင်စွမ်းပါ ရှိနေတဲ့ လူတချို့ ရှိနေပြီ ဆိုတာပါပဲ”ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အစိုးရ ဆန့်ကျင်ရေး စစ်ပွဲများ၌ သွားရောက်ပါဝင် တိုက်ခိုက်နေသော ဩစတြေးလျ နိုင်ငံသားအချို့ ပြန်ရောက်လာချိန်တွင် အကြမ်းဖက် မူဝါဒများကို ဆောင်ယူလာမည့် အလားအလာမျိုး ရှိကြောင်းလည်း ဩစတြေးလျ အစိုးရက ဝန်ခံထားသည်။ အက်ဘော့က အကြမ်းဖက်မှု ဖြစ်ပေါ်နိုင်ခြေ တပ်လှန့်မှု အဆင့်ကို မြှင့်တင် သတ်မှတ်လိုက်သည့်တိုင် ဩစတြေးလျ ပြည်သူလူထု၏ နေ့စဉ် လှုပ်ရှားသွားလာမှုကို အပြောင်းအလဲ သက်ရောက်စရာ မလိုကြောင်းလည်း ဆိုသည်။

“ပြည်သူတွေ နားလည်စေချင်တာက ဩစတြေးလျရဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေက အဆင့်မြင့်မြင့် လုပ်ဆောင်နေတယ်။ ပတ်ဝန်းကျင်မှာလည်း အထူးလေ့ကျင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေတယ် ဆိုတာပါ”ဟု အက်ဘောက ပြောကြားခဲ့သည်။ ဩစတြေးလျ ဖက်ဒရယ်လ် ရဲတပ်ဖွဲ့ ကော်မရှင်နာ အန်ဒရူး ကိုလ်ဗင်ကလည်း ပြည်သူ အများအနေဖြင့် အကြမ်းဖက် ခြိမ်းခြောက်မှုအပေါ် အတန်ငယ် နိုးကြားနေရန် တိုက်တွန်းခဲ့သည့်တိုင် အလွန်အမင်း စိတ်ပူနေစရာ မလိုကြောင်း ကြေညာထားသည်။

_Ref: Skynews

အကြောင်းမကြားဘဲပြိုင်ပွဲမှထုတ်ပယ်ခံရသည့်အတွက် နာမည်ထိခိုက်ကြောင်း ပက်ထရစ်ရှာ၏မိခင်ဆို


Miss Myanmar World 2014 ၂ဝ၁၄ ပြိုင်ပွဲ၏ ဆန်ခါတင်အလှမယ် ၂ဝ ထဲမှ သရုပ်ဆောင်ပက်ထရစ်ရှာကို လေ့ကျင့်ပြင်ဆင်ရမည့်ရက်များ၌ လာရောက်လေ့ကျင့်ရန် ပျက်ကွက် မှုများရှိသဖြင့် ပြိုင်ပွဲမှထုတ်ပယ် လိုက်ကြောင်း Miss Myanmar World 2014 အဖွဲ့အစည်းက ယခုလ ၁ဝ ရက်၌ ထုတ်ပြန်ခဲ့ပြီးနောက် ထုတ် ပယ်ခံရခြင်းက သမီးဖြစ်သူ၏ နာမည်ကိုထိခိုက်မှုရှိကြောင်း ပက် ထရစ်ရှာ၏မိခင်ကပြောသွားသည်။
ပက်ထရစ်ရှာ၏မိခင်ဒေါ်ချယ် ရီခိုင်က ''ယခုလ ၉ရက်၊ ၁ဝရက် က နားရက်လို့သူတို့ကပြောတယ်။ အန်တီတို့ ကြိုလဲမေးပါတယ်။ ဒါ ကြောင့် အဲဒီရက်မှာ အမ်တီဗွီရိုက် ရက်ပေးလိုက်တယ်။ ၈ရက်ညအထိ အဆက်အသွယ်လုပ်ပါတယ်။ ဆက်သွယ်လိုရတဲ့ သူပေါ့။ သူ့ နာမည်ကိုတော့ ထည့်မပြောတော့ ဘူး။ ပြိုင်ပွဲဝင်ပြိုင်ဖို့ကိုလဲ သူပဲ ခေါ်တာပါ။ သူ့ကိုလဲ လှမ်းပြော တယ်။ အန်တီတို့ ကိုယ့်သဘောနဲ့ ကိုယ်နားတာ မဟုတ်ပါဘူး။ အခု လို အကြောင်းမကြားဘဲထုတ် လိုက်တဲ့အတွက် သမီးလေးလဲ နာမည်ထိခိုက်တယ်။ သမီးလေး ဖုန်းထဲကိုတော့ Miss Call တစ်ကောဝင်တာတော့တွေ့တယ်။ ဒီပြိုင်ပွဲက အရမ်းကြီးပါတယ်။ အဲဒီအတွက် နေမကောင်းတာကို တောင် အန်တီ လေ့ကျင့်တဲ့ရက်တွေ တိုင်းပုံမှန်လိုက်ပို့ပေးပါတယ်။ အခုက ဒီလိုဖြစ်သွားတော့ ပြိုင်ဖို့အစီအစဉ် မရှိတော့ပါဘူး''ဟု ပြောကြားသည်။


မော်ဒယ်တစ်ဦးဖြစ်သည့်အတွက် ပြိုင်ပွဲအပြင် အခြားအနုပညာနှင့် ပတ်သက်၍ လုပ်ကိုင်နေသည်ကို နားလည်သော်လည်း အဖွဲ့အစည်း နှင့်လုပ်ရသည့်အတွက်အဆင်မပြေ နိုင်ကြောင်း ပြိုင်ပွဲ၏တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုးသူရက ပြောသည်။ ''ယခုလ ၉ ရက်မှာ လေ့ကျင့်ဖို့အတွက် ရောက်မလာ ဘူး။ ၁ဝရက်နေ့နံနက်အထိ ဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့ပေမယ့်ဆက် သွယ်လို့မရခဲ့ဘူး။ ပြိုင်ပွဲ ကျင်းပ ရေးကော်မတီရဲ့သဘောတူညီချက် နဲ့ ပြိုင်ပွဲက ထုတ်ပယ်လိုက်ရ ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။

Miss Myanmar World ပြိုင် ပွဲကို ပြိုင်ပွဲဝင်ဆန်ခါတင် ၁၉ ယောက်ဖြင့်သာ ယခုလ ၂၇ ရက် ည ၇နာရီခွဲတွင် ရန်ကုန်မြို့ စထရင်း ဟိုတယ်၌ကျင်းပသွားမည်ဖြစ်သည်။
ပက်ထရစ်ရှာက သူမ၏ဖေ့စ် ဘွတ် လူမှုကွန်ရက်စာမျက်နှာ ထက်၌ Camp သွင်းသည့် ရက် များတွင် ပျက်ကွက်မှုမရှိကြောင်း၊ Miss Myanmar World ၏ အထက် လူကြီးများက ခွင့်ပြုပြီးမှသာ ရိုက် ကူးရေးများ ပြုလုပ်ခဲ့ကြောင်း၊ အားပေးခဲ့ကြသည့် ပရိသတ်ကို လည်း များစွာအားနာမိကြောင်းကို အကျယ်တဝင့်ရှင်းပြထားသည်။

The Union Daily

တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝ ပြား ဖမ်းဆီးရမိ


စက်တင်ဘာ ၁ဝ ရက်က မူးယစ်တပ်ဖွဲ့စု (၃ဝ) တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် မိုင်းဆတ် ဘက်မှကျလော ဆိုသူမောင်းနှင်ပြီး လုကာ ဆိုသူလိုက်ပါလာသည့် ဆိုင်ကယ် အား ရှာဖွေရာ ကျလော ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝ ပြား သိမ်းဆည်း ရမိသဖြင့် ကျလော (၂၉နှစ်)နှင့် လုကာ (ခ) ကျကာ (၃၂ နှစ်)တို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
MOI

အဆိုတော် ဆူဇီနှင့် ယုန်လေးတို့၏ အချစ်ရေး ကိစ္စကို ကာယကံရှင် များ၏ ကြေညာချက် ကိုသာ ယုံစေချင်ဟု ဆူဇီဆို


အဆိုတော် ဆူဇီနှင့် ယုန်လေးတို့၏ အချစ်ရေး ကိစ္စကို ကာယကံရှင်များ တရားဝင် ကြေညာခြင်း များနှင့် အသိပေးခြင်း များကို သာလျှင် ပရိသတ်များ စဉ်းစားချင့်ချိန် ယုံစေချင်သည်ဟု အဆိုတော် ဆူဇီက မဇ္စျိမကို ပြောသည်။

"သတင်းကတော့ ထွက်မှာ ပေါ့နော်။ ဆူဇီ ကတော့ သိပ်မပြော ချင်ဘူး။ ဟိုသတင်း ဒီသတင်း ထွက်နေတာထက် ကာယကံရှင် တွေက ပရိသတ် တွေကို လိမ်ထားတာ ဘာမှ မရှိပါဘူး။ ဆူဇီ ဘာပဲလုပ်လုပ် ပရိသတ်ကို အမှန်အတိုင်း ဖွင့်ပြောဖို့ ဝန်မလေး ပါဘူး" ဟု ၎င်းက ပြောသည်။လက်ရှိတွင် အဆိုတော် ယုန်လေးနှင့် ဆူဇီတို့၏ အချစ်ရေးကို လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင် စိတ်ဝင်တစား ရေးသားလျက် ရှိပြီး အဆိုတော် ဆူဇီမှ ၎င်းတို့နှစ်ဦး၏ အချစ်ရေးနှင့် ပတ်သတ်ပြီး မဇ္စျိမ၏ မေးမြန်းမှုကို တစ်စုံတစ်ရာ မှတ်ချက် ပေးခြင်း မရှိခဲ့ပေ။

အဆိုတော်ယုန်လေး၏ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာထက်တွင် "၂၀၀၉၊ ၂၀၁၀ မင်းနဲ့တွေ့မှ ရည်စားထားတဲ့ အနှစ်သာရကို သေချာ နားလည်ခဲ့တယ်။ ကြမ်းကြမ်း တမ်းတမ်း ကောင်ကို နူးညံ့စေ ခဲ့တယ်။ ငါအမြဲတမ်း မှားခဲ့တယ်။ ဒါပေမယ့် အခုငါ မမှားဘူး။ ဘာပဲဖြစ်ဖြစ် ငါမင်းကိုတော့ စောက်ရမ်း ချစ်ပါတယ်။ တော်ပါပြီ မှတ်မှတ်ရရ ဒီမွေးနေ့နားမှာ အဆုံးသတ် လိုက်ပြီ။ သေချာတာက ဘယ်သူမှလည်း မချစ်တော့ ပါဘူး။ ဘယ်သူမှလည်း တိုးမှာ မဟုတ်တော့ ပါဘူး။ ငါ့အလုပ် တွေကိုပဲ အရင်ထက် ပိုပြီး ထိထိရောက်ရောက် လုပ်တော့မယ်။ ယုန်လေးလို အောက်တန်းစား တွေနဲ့ ဝေးသထက် ပိုဝေး နိုင်ပါစေ"ဟု ရေးသား ဖော်ပြ ထားသည်။

အဆိုတော် ဆူဇီသည်၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သည့် "တတိယရင်ခုန်သံ" တေးစီးရီးကို အမ်တီဗီ ရိုက်ကူး နေသည်ဟု ၎င်းက ပြောသည်။ " လတ်တလော ကတော့ မနှစ်က ထွက်ထားတဲ့ တတိယ ရင်ခုန်သံ တေးစီးရီးကို ဒီနှစ် ဗီစီဒီ ထွက်နိုင် အောင် ကြိုးစား နေတယ်။ လေးငါးပုဒ်တော့ ပြီးပြီ။ ကျန်တဲ့ အပုဒ်တွေ ရိုက်ဖို့ အခု မိုးတွင်းဆို တော့ ခဏနား ထားတယ်။ ဒီလကုန် လောက်တော့ ပြန်ရိုက်မှာပါ" ဟု ဆူဇီက ပြောသည်။ ၎င်း၏ တတိယ ရင်ခုန်သံ အမ်တီဗီတွင် Snare၊ မြင့်မြတ် တို့နှင့် ရိုက်ကူး ထားပြီး ဆူဇီ ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင် ထားသည်ဟု ပြောသည်။

ဆူဇီသည် ၂၀၀၈ ခုနှစ်တွင်"လေချွန်နေမယ်” တစ်ကိုယ်တော် စီးရီးကို စတင် ထုတ်ဝေခဲ့ပြီး ဒုတိယ စီးရီးဖြစ်သည့် "ရတု အဆက်ဆက်"တွင် ပရိသတ် အားပေးမှု များစွာ ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းနောက် ဂျပန် နိုင်ငံတွင် လေးနှစ်ကျော် ပညာသင်ကြား ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ်တွင် "တတိယရင်ခုန်သံ" အမည်ရ တတိယ စီးရီးကို ထုတ်ဝေခဲ့ သူဖြစ်သည်။

Mizzima

ကမ္ဘာ့ အပါးလွှာဆုံး Dell Venue 8 7000 Series တက်ဘလက်အား မိတ်ဆက်ပြသ



ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Apple၊ Apple၊ Apple ဆိုပြီး လူအများ အာရုံထွေပြား နေခဲ့တဲ့အချိန်မှာ ယခင်ကလောက် နာမည်ကျော်ကြားခြင်း မရှိတော့တဲ့ အမေရိကန် ကုမ္ပဏီကြီး နောက်တစ်ခုဖြစ်တဲ့ Dell က ကမ္ဘာ့အပါးလွှာဆုံးလို့ ဆိုရမယ့် တက်ဘလက် တစ်လုံးကို ထုတ်ဖော်ပြသ သွားခဲ့ပါတယ်။

Dell နဲ့ Intel တို့ ပူးပေါင်းဖန်တီးထားတဲ့ Dell Venue 8 7000 စီးရီးစ်လို့ အမည်ပေးထားတဲ့ ဒီတက်ဘလက်ကို Dell နဲ့ Intel တို့ရဲ့ CEO များဖြစ်တဲ့ Michael Dell နဲ့ Brian Krzanich တို့က ယမန်နေ့မှာ မိတ်ဆက်ပြသ သွားခဲ့ခြင်း ဖြစ်ပါတယ်။


iPad တွေ Galaxy Tab တွေ အပါအဝင် လက်ရှိ ဈေးကွက်ထဲက အကောင်းဆုံးဆိုတဲ့ တက်ဘလက်တွေတောင် ကင်မရာပိုင်းဆိုင်ရာမှာ အားနည်းမှုတွေ တပုံတပင် ရှိနေစဲပါပဲ။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။ ဒီပြဿနာကို Venue 8 တက်ဘလက်က ဖြေရှင်းပေးဖို့ ကြိုးစားထားပါတယ်။ ဒါတင်မကသေးပါဘူး။ Venue 8 ရဲ့ နောက်ဖက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ပေးထားလို့ စစ်မှန်တဲ့ ၃ ဖက်မြင် (3D) ပုံရိပ်များကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒီ တက်ဘလက်ဟာ အထူ ၆ မီလီမီတာ (၀.၂၄ လက်မ) ရှိပြီး Sony ရဲ့ Xperia Z3 ထက်တောင် ၀.၄ မီလီမီတာ ပိုမိုပါးလွှာပါတယ်။ မျက်နှာပြင်အရွယ် ၈.၄ လက်ဖြစ်ပြီး ပုံထွက်နှုန်းကတော့ 2K 2560 x 1600 pixels ရှိပါတယ်။ ဒီ OLED မျက်နှာပြင်ကိုတော့ Samsung က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Dell က ဒီမျက်နှာပြင်ကို အနားကွပ် မပါသလောက် သေးငယ်တဲ့ “Infinity Display” လို့ ရည်ညွှန်းခေါ်ဆို ထားပါတယ်။ ပြောသလောက်တော့ မဟုတ်ပါဘူး။

Venue 8 ဟာ အလွန်ပေါ့ပါးပြီး ကိုင်တွယ်အသုံးပြုရတာ အဆင်ပြေလွယ်ကူတဲ့ တက်ဘလက်ဖြစ်ပါတယ်။ ပုံစံဒီဇိုင်း အပိုင်းမှာတော့ ထက်ဝက်ပြတ်နေတဲ့ အကြီးစား HTC One နဲ့ ဆင်တူနေသယောင် ရှိပါတယ်။ စပီကာယူနစ်နဲ့ Intel ရဲ့ RealSense ကင်မရာ ယူနစ်တွေကို တက်ဘလက်ရဲ့ ဘယ်ဖက်ခြမ်းမှာ တပ်ဆင်ပေးထားပါတယ်။ နောက်ဖက်က ပင်မကင်မရာက 8 MP ပုံထွက်နှုန်း ရှိပြီး ရှေ့ဖက် ကင်မရာအပါအဝင် စုစုပေါင်း ကင်မရာ ၄ လုံး တပ်ဆင်ပေးထားပါတယ်။

RealSense နည်းပညာဟာ 3D ပုံများ ရိုက်ကူးခြင်း၊ ရိုက်ကူးပြီးသာ ဓာတ်ပုံများကို Focus ပြန်လည်ချိန်ဆခြင်း၊ ဓာတ်ပုံပေါ်ရှိ နေရာ ၂ ခု၏ အကွာအဝေးအား တိုင်းတာပေးခြင်း စသည်ဖြင့် ထူးခြားတဲ့ လုပ်ဆောင်ချက်များကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Venue 8 မှာ 1.33 မှ 2.33 GHz အကြား အမြန်နှုန်းရှိတဲ့ Intel Z3500 Quad-core CPU ကို ထည့်သွင်းပေးထားတယ် ဆိုတာကလွဲလို့ အခြား အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြကြားခြင်း မရှိသေးပါဘူး။

ဒီတက်ဘက်လက်မှာ ထပ်ဆောင်း ဝယ်ယူတပ်ဆင်ရတဲ့ adapter ကို အသုံးပြုပြီး Keyboard နဲ့ Mouse တို့ကိုလည်း ချိတ်ဆက်နိုင်ပါသေးတယ်။ Venue 8 ဟာ လက်ရှိအချိန်မှာ နောက်ဆုံးအဆင့် Prototype အဖြစ်သာ ရှိနေသေးတာမို့ ဈေးကွက်ထဲ ရောက်ရှိလာဖို့ လအနည်းငယ် ကြာမြင့်ဖွယ် ရှိပါတယ်။

MCG Staff

မာလာလာကိုလုပ်ကြံသူများအား ဖမ်းမိကြောင်း ပါကစ္စတန်စစ်တပ်ထုတ်ပြန်


မာလာလာယူဆွတ်ဖ်ဇာအိကို လုပ်ကြံခဲ့သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားကြောင်း ပါကစ္စတန်စစ်တပ်က ဆိုသည်။

မာလာလာသည် အမျိုးသမီးများပညာရေးအတွက် လှုပ်ရှားမှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တာလီဘန် သေနတ်သမားများ၏ တိုက်ခိုက်မှုနှင့် ကြုံ ခဲ့ရပြီး ခေါင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့သည်။

ထိုစဉ်က တိုက်ခိုက်မှုကြောင့် အသက်မသေခဲ့သော်လည်း ယင်းဖြစ်ရပ်က ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်စေသော သတင်းဖြစ်ခဲ့ပြီး မာလာလာသည်လည်း နိုင်ငံတကာတွင် တဟုန်ထိုး ထင်ရှားလာခဲ့သည်။

မာလာလာသည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦး အဖြစ် တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရပြီး နိုဗယ်လ်ငြိမ်းချမ်းရေးဆုအတွက်လည်း အဆိုပြုခံခဲ့ရသည်။ ထို့ပြင် သူမသည် I'm Malala အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေထားသူဖြစ်သည်။

မာလာလာအား တိုက်ခိုက်စဉ်က ပါဝင်ခဲ့သည်ဟု ယူဆရသည့် စစ်သွေးကြွ ၁၀ ဦးကို ပါကစ္စတန် စစ်တပ်၊ ရဲနှင့် ထောက်လှမ်းရေးအဖွဲ့များ ပူးပေါင်း၍ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

တာလီဘန်များ၏ တိုက်ခိုက်မှုခံရစဉ်က မာလာလာသည် ၁၅ နှစ်အရွယ်သာ ရှိသေးကြောင်း သိရသည်။

Ref:BBC

စည်သူကျော်စွာ

အမျိုးသမီးတွေ ဓမ္မတာလာချိန် ကြုံရလေ့ရှိတဲ့ အခက်အခဲနဲ့ ဝေဒနာများ


တစ်လတစ်ကြိမ် အမျိုးသမီးတွေ ကြုံရလေ့ရှိတဲ့ အခက်အခဲ၊ ပြသနာတွေထဲမှာ ရာသီလာတာလည်း ပါဝင်နေပါတယ်။ ဒီလိုအချိန်တွေမှာ သာမန်ထက် ပိုခံစားလွယ်၊ နာကျင်ထိရှလွယ်ကြသလို လူအများနဲ့ဆက်ဆံတဲ့အပိုင်းမှာလည်း အခက်အခဲလေးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒါတွေကတော့
၁။အရင်က ဘာမှမဟုတ်တာလို့ ထင်ထားသမျှကို ခံစားပြီး ငိုတတ်လာတယ်။
ဟိုမုန်းအပြောင်းအလဲ၊ သားဥကြွေဆင်းမှုစတာတွေကြောင့် အမျိုးသမီးတွေဟာ ရာသီလာချိန်အတွင်း အကြောင်းမဲ့ ၀မ်းနည်းတတ်ကြပါတယ်။ ငိုတတ်ကြပါတယ်။ အမျိုးသမီး အယောက် ၃၀မှာ ၂၀လောက်က ဒရာမာဇာတ်ကားကြည့်ရင်းနဲ့တောင် မျက်ရည်ကျတတ်ကြတယ်လို့ သိရပါတယ်။
၂။ခေါင်းကိုက်တတ်ကြပါတယ်။
ရာသီလာချိန် ခါးကိုက်တာ၊ ဗိုက်အောင့်တာမျိုး မဟုတ်ပဲ ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ မခံမရပ်နိုင်အောင် ခေါင်းကိုက်ဝေဒနာခံစားလာရပြီဆိုရင်တော့ ဆရာဝန်ပြဖို့ လုပ်ပါ။
၃။ရင်းသားထိပ်တွေ နာကျင်တတ်ကြတယ်။
သာမာန်အချိန်တွေထက် ပိုနူးညံ့လွန်းနေတဲ့ ရင်သားနဲ့ ရင်သားထိပ်တွေဟာ ထိလိုက်တာနဲ့ကို နာကျင်နေတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်တာပါ။
၎။အချိန်တိုင်းနီးပါး အိပ်ချင်နေတတ်ကြတယ်။
သွေးတွေလေးနေတယ်လို့ ပြောပြောနေကြသလိုပါပဲ။ ဒါဟာ သံဓာတ်ဖြစ်တဲ့ သွေးတွေဆုံးရှုံ့းသွားတာကြောင့် ခုလို လေးလံထိုင်းမှိုင်းမှုကို ခံစားရတဲ့သဘောပါ။
၅။ဗိုက်တွေအောင့်တတ်ကြတယ်။
ဆီးစပ်တွေကိုက်တတ်တာ၊ ဗိုက်သားတွေ နာကျင်တတ်ကြတာကတော့ ပုံမှန်ပါပဲ။ ဒါ့ကြောင့် ဗိုက်စအောင့်ပြီဆိုတာနဲ့ အကိုက်အခဲပျောက်ဆေး သောက်ထားဖို့ လိုပါတယ်။
၆။အရင်က အစာအရမ်းစားတတ်သူက ရာသီလာတဲ့အခါ ဘာမှမစားချင်ကြတော့ပေမယ့် အစာသိပ်မစားတဲ့လူတွေကလည်း ရာသီလာတဲ့အခါ စားချင်တာတွေ စွတ်စားတတ်ကြတယ်။
သာမာန်အချိန်တွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ တစ်ချို့အမျိုးသမီးတွေက သာမာန်အချိန်တွေမှာ ရှောင်လေ့ရှိတဲ့ အစားအစာတွေ စားတတ်ကြသလို အစာအရမ်းစားတတ်တဲ့သူတွေကျတော့လည်း ရာသီလာချိန်မှာ ဘာမှမစားချင်တော့သလို ဖြစ်တတ်ပါတယ်။
၇။အလွယ်တကူ စိတ်တို၊ စိတ်ဆိုးတတ်ကြတယ်။
ရာသီလာနေတဲ့ အမျိုးသမီးဟာ သာမာန်အချိန်မှာ စိတ်ဘယ်လောက်ရှည်ရှည်၊ အဲ့ဒီအချိန်မှာတော့ သူတို့ဟာ အထိအရှလွယ်သလို စိတ်တိုလွယ်ကြပါတယ်။
Ref:womenshealthmag.com
Trend Myanmar

ပက်ထရစ်ရှာဆိုတဲ့ နာမည်ကို အသုံးချပြီး လူစိတ်ဝင်စားအောင် လုပ်ဖို့အတွက် ဒီပြိုင်ပွဲကို မပြိုင်ပြိုင်အောင် အတင်းဆွဲခေါ်လို့ ပြိုင်ခဲ့ရတာလို့ ဆိုလိုက်တဲ့ ပက်ထရစ်ရှာ


နှစ်လိုဖွယ်ကောင်းပြီး လှပတဲ့မျက်နှာထားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်ပက်ထရစ်ရှာကို Miss World Myanmar အဖွဲ့အစည်းရဲ့ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းခံရတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့

အခုလိုMiss World Myanmar ပြိုင်ပွဲ ဆက်လက်မပြိုင်ရတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ညီမကတော့ ဘာမှမသိဘူး။ ဒီလိုဖြစ်လာမယ်လို့လည်း မထင်ဘူး။ ညီမက အလုပ်တစ်ခု လုပ်မယ်ဆိုရင် ကိုယ်ကပြိုင်ပွဲတစ်ဘက်နဲ့ အလုပ်လုပ်နေတယ်။ ချက်ချင်းကြီး သူတို့ဘက်ကို အကြောင်းမကြားပဲ မလုပ်ပါဘူး။ ညီမက ဘယ်နေ့ရိုက်လို့အဆင်ပြေမလဲ၊ ညီမမှာရိုက်ဖို့ လက်ခံထားတဲ့ ကြော်ငြာတွေ ရှိတယ်။ သူတို့ပေးတဲ့ ရက်အတိုင်း ရိုက်ကူးခွင့်ပေးတယ်ဆိုလို့ပါ။ နှစ်ရက်နားတယ်လို့ ပြောတယ်လေ။ အဲဒီနှစ်ရက်ကို လက်ခံပြီးကြော်ငြာရိုက်ပါတယ်။ တကယ်တမ်း ရိုက်ကွင်းပေါ် ရောက်နေတဲ့အချိန်မှာ ညီမရဲ့အမေဆီကို ဖုန်းဆက်အကြောင်း ကြားလာပါတယ်။ ဘာလို့ဒီနေ့ မလာရတာလဲ။ ဒီနေ့ကTrainning day ပေါ့နော်။ ပြသနာတွေကို ကိုယ့်အပေါ်ပြန်ပြီး ပုံချတဲ့ ပုံစံမျိုးပြောတယ်။ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ အဲဒါနဲ့ပြိုင်ဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလို့ တွေးလိုက်မိပါတယ်။ သူတို့ပေးတဲ့ ရက်ကိုပဲ ညီမတို့ရိုက်ခဲ့တာပါ။ အဲဒါကို ညီမကို အပြစ်ပုံချပါတယ်။ ညီမက မပြိုင်ဖြစ်တော့ဘူးလို့ အကြောင်းကြားပါတယ်။ ညီမကို စည်းမျဉ်းစည်းကမ်း မလိုက်နာဘူး။ Trainning တွေ မဆင်းဘူးဆိုပြီး စွပ်စွဲပြောဆိုကြတယ်။ တကယ်တော့ ဒီလိုမျိုး သူတို့ဘက်က ပြောဆိုချက်တွေက ညီမရဲ့image ကို ထိခိုက်စေပါတယ်။ ညီမကို အားပေးနေတဲ့ ညီမရဲ့ပရိသတ်တွေ အတွက်လည်း မကောင်းဘူး။ တစ်မျိုး ထင်သွားနိုင်တာပေါ့နော်။ ညီမက စည်းကမ်းမရှိတဲ့သူ တစ်ယောက်ဖြစ်သွားတာပေါ့နော်။

ပက်ထရစ်ရှာက သူတို့ရဲ့Trainning ရက်တွေကို မပျက်ကွက်ဘူးလို့ပြောချင်တာလား။

ဟုတ်ပါတယ်။ ညီမတစ်ရက်မှ မပျက်ကွက်ခဲ့ဘူးပါဘူး။ နေမကောင်းနေတဲ့ အချိန်မှာတောင် votting အတွက် ဓာတ်ပုံရိုက်ရမှာလေ။ ကုတင်ပေါ်မှာ နားလိုက်ပြန်ရိုက်လိုက်နဲ့ ဗီဒီယိုရော၊ ဓာတ်ပုံရော နှစ်ခုလုံးကို သေချာရိုက်ပေးခဲ့ပါတယ်။ မိတ်ကပ်ပြင်လို့ မရတောင်မှ သူများတွေ ပြင်လို့လှနေချိန်မှာ ညီမမျက်နှာမှာဘယ်လိုမှ မိတ်ကပ်ပြင်လို့ မရခဲ့ပါဘူး။ အမှတ်လျော့မှာကြောက်လို့ ကြိုးကြိုးစားစားနဲ့ လုပ်ပေးခဲ့ပါတယ်။ အဲဒီ့ပုံကိုကြည့်ပြီးတော့တောင် ပက်ထရစ်ရှာ တစ်မျိုးကြီး ဖြစ်နေပါလား ဆိုပြီးတော့ ပရိသတ်တွေ ပြောကြသေးတယ်လေ။ ညီမဘက်က တစ်ရက်မှကို ပျက်ကွက်ခဲ့တယ် ဆိုတာမရှိပါဘူး။ သူတို့နားရက်လို့ ပြောလို့ ညီမနားရက်မှာပဲ ရိုက်ကူးရေး လက်ခံရိုက်ခဲ့တာပါ။ အဲဒါကို ညီမကို ပျက်ပါတယ်ဆိုပြီး ဝိုင်းပြောကြတယ်။ သူတို့ညီမအပြစ်တွေချည်းပဲ ပြောတယ်။ ပရိသတ်တွေထဲမှာလည်း အထင်မြင်စောင်းသွားတာတွေလည်း အများကြီးပဲ ရှိသွားတယ်။

ဒါဆို အခုထိMiss Myanmar World အဖွဲ့အစည်းနဲ့ ညှိုနှိုင်းနေတုန်းပဲလား။

ညီမနဲ့ ပတ်သက်ပြီး သူတို့ Status တွေ တင်ထားကျတယ်ပေါ့။ ပရိသတ်တွေ အခုဆို တော်တော် အထင်လွဲနေပြီလေ။ ဒီကိစ္စကိုဖြစ်ရပ်မှန် အမှန်ကို အမှန်အတိုင်းပဲ ရှင်းပြပေးစေချင်တာပါ။ ပြန်တင်ပေးပါလို့ ပြောထားပါတယ်။ အခုချိန်ထိ သူတို့ဘက်က ပြန်တင်မပေးသေးပါဘူး။ သူတို့ကပြောတယ်။ အမှန်ကို အမှန်အတိုင်း တင်ပေးရင် သူတို့ပွဲအတွက် ထိခိုက်နစ်နာပါတယ်။ ပရိသတ်တွေကဝိုင်းပြီးပြောဆိုကြမယ်ပေါ့။ ဒါပေမယ့် ညီမဘက်ကလည်း သူတို့ဘက်က ဒီလိုမှားယွင်းစွာ ပြောဆိုခဲ့တာကြောင့် ညီမသိက္ခာကျခဲ့ ရတယ်ဆိုတော့ အဲဒီ့ အတွက်ကြောင့် ပြန်ပြီး ရှင်းပြပေးစေချင်ပါတယ်။

ညီမလေးကိုMiss World အတွက် အားလုံးက အားပေးနေကြတာဆိုတော့ ဒီလိုမျိုးဖြစ်လာရတာက ရော ဘာကြောင့်လို့ ထင်ပါသလဲ။

ပရိသတ်တွေကတော့ ညီမကိုပြိုင်ပွဲတွေ အရမ်းပြိုင်စေချင်ကြတယ်လေ။ ညီမပြိုင်ပွဲဝင်ပြိုင်တော့ သူတို့ အရမ်းဝမ်းသာကျတယ်။ အကုန်လုံးကလည်း ပိုက်ဆံတွေ အကုန်ခံပြီးတော့ အချိန်တွေ အကုန်ခံပြီးတော့ vote ပေးကြတယ်။ အရမ်းကို ညီမကိုအားရှိခဲ့ရပါတယ်။ ပွဲတောင်လာကြည့်ဖို့ တာဆူထားကြတာရှိတယ်။ ဒီလိုမျိုးဖြစ်သွားတော့ သူတို့ ဘက်က မကျေမနပ်ဖြစ်ကြတာပေါ့။ သူတို့ဘက်က မကျေအေးတော့ဘူးဆိုတာ ရေးထားတာတွေ အများကြီးပဲတွေ့ရတယ်။ ပရိသတ် တော်တော်များများကလည်း သူတို့ရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးပစ်တယ်ပေါ့နော်။

ပြီးတော့ညီမလေးအနေနဲ့ ပြိုင်ပွဲဝင်နေစဉ် ကာလမှာလည်းမပြိုင်တော့ပါဘူးဆိုပြီးလုပ်သေးတယ်လေ။ အဲဒါကရော ဘာကြောင့်လဲ။

အဲဒါက ဘယ်သူမှမသိတဲ့ အသေးအဖွဲလေးတွေကအစ စိတ်အနှောင့်အယှက် အရမ်းဖြစ်ခဲ့ရပါတယ်။ အဲဒီ့တုန်းက မပြိုင်တော့ဘူးဆိုတာက Miss World မယ်အယောက် နှစ်ဆယ်ဓာတ်ပုံကိုတင်တဲ့ ကိစ္စနဲ့ပါ။ ကျန်တဲ့သူတွေရဲ့ပုံ အကုန်လုံးလှပြီး ညီမရဲ့ပုံကို စကားပြောတာတောင်မှ ပုံဆိုးပန်းဆိုချည်း ဖြစ်နေတဲ့ ပုံကို တင်ထားတယ်လေ။ ဘာဖြစ်လို့ ဒီပုံကိုမှ ရွေးတင်ရတာလဲ။ ပုံတွေ အများကြီး ရိုက်ထားတာလေ။ ရုပ်ဆိုးတဲ့ပုံ ဘာလို့ထည့်တာလဲဆိုတော့ မျှမျှတတ ထည့်ပေါ့လို့ ပြောလိုက်တယ်။ အဲဒီ့ပုံကိုကြည့်ပြီး ပရိသတ်တွေက ရုပ်ဆိုးတော့ ဘယ်ပေးချင်ပါတော့မလဲ။ ဝေဖန်ကြတာပေါ့ ရုပ်ဆိုးလိုက်တာဆိုပြီး။ အဲဒီ့ ပရိသတ်တွေရဲ့စကားသံနဲ့ ဝေဖန်သံတွေကြားပြီး စိတ်ပျက်ခဲ့ရလို့ပါ။

ပက်ထရစ်ရှာကို Miss World Myanmar ပြိုင်ပွဲဝင်ပြိုင်ဖို့ကို သူတို့ဘက်က ဝင်ပြိုင်ဖို့ စပြီး ကမ်းလှမ်းခဲ့တာလား၊ ဒါမှမဟုတ် ညီမဘက်ကပြိုင်ဖို့လုပ်ခဲ့တာလား ဆိုတာသိပါရစေ။

ညီမဘက်က ပရိသတ်တွေ အားပေးတယ်ဆိုပေမယ့် ပြိုင်ဖို့ကိုလည်း နည်းနည်းစဉ်းစားဖြစ်ခဲ့ပါတယ်။ ပထမဆုံးပြိုင်ပွဲလည်းဖြစ်တယ်။ ပွဲကလည်း ကြီးတယ်လေ။ ဘယ်လိုများဖြစ်မလဲဆိုပြီးတော့ အရမ်းရင်ခုန်ခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပြိုင်ဖို့ အတင်းကို ဆွဲခေါ်ခဲ့တယ်။ မပြိုင်ပြိုင်အောင် အတင်းဆွဲခေါ်ကြတယ်။ အဲဒီလိုမျိုး ပရိသတ်တွေကို ပိုသိစေချင်တယ်။ ကျွန်မပြိုင်ချင်လွန်းလို့ ကျွန်မကို ခေါ်ပါလုပ်ခဲ့တာ မဟုတ်ပါဘူး။ ညီမနာမည်ကို အသုံးချပြီးတော့ လူတွေစိတ်ဝင်စားအောင် လုပ်ခဲ့တာလို့ပဲ မြင်ပါတယ်။

Gmail username နဲ့ password အတွဲပေါင်း ငါးသန်း ပေါက်ကြား



သင့် Gmail password ပြောင်းလဲဖို့ အချိန် ရောက်လာပြန်ပြီ။ 

အင်္ဂါနေ့က Russia Internet forum တစ်ခုမှာ Gmail usernames နဲ့ password အတွဲပေါင်း ငါးသန်းဝန်းကျင် ပေါက်ကြားသွားပါတယ်။

ကျေးဇူးတင်ရမယ့်အချက်က အစစ်အမှန်၊ လတ်တလော username နဲ့ password အတွဲတွေရဲ့ ၂% ရာခိုင်နှုန်းထက်နည်း (သို့) တစ်သိန်းခန့်ကို ထုတ်ပြန်ခဲ့တယ်လို့ Google ရဲ့ Spam နဲ့ Abuse Team က Blog တစ်ခုမှာ ရေးသားခဲ့ပါတယ်။ အများစုမှာတော့ အဟောင်းတွေဖြစ်ပြီး နောက်အများစုနဲ့တော့ ကိုက်ညီမှုမရှိကြဘူး။ ဆိုလိုချင်တာက username က Gmail အတွက်ဖြစ်နေပြီး password ကျတော့ Facebook password ဖြစ်နေတာမျိုးပါ။

တကယ်လို့ သင့် Gmail password နဲ့ username ကို အပေးအယူ လုပ်ပေးလိုက်မယ်ဆိုရင် Gmail က သင့်ကို ချက်ချင်းပဲ အသိပေးပါလိမ့်မယ်။

ဒီလိုကိစ္စမျိုးနဲ့ တခြားကိစ္စရပ်တွေမှာ usernames နဲ့ passwords တွေပေါက်ကြားမှုဟာ Google စက်စနစ်တွေ ချို့ယွင်းမှုကြောင့်တော့ မဟုတ်ပါဘူးလို့ Google မှ ဖော်ပြရေးသားခဲ့တယ်။ မကြာခဏဆိုသလို ဒီအချက်အလက် အထောက်အထားတွေကို တခြားသော သတင်းရင်းမြစ်အစုဖွဲ့ တစ်ခုခုမှတဆင့် ရရှိတာဖြစ်တယ်။

အဲဒီ username တွေနဲ့ password တွေကို တခြားဆိုက်တွေကနေတဆင့် ရယူထားတာလည်း ဖြစ်နိုင်တယ်။ Gmail username နဲ့ password ကိုပဲ Hack လုပ်ခံရတဲ့ တခြားသတင်းဝက်ဘ်ဆိုက်တစ်ခု အသုံးပြုခဲ့တယ်ဆိုရင် သင့် Gmail လည်း အဆင်မပြေမှုတွေ ဖြစ်လာနိုင်တယ်။ အရင်ကလည်းပြောခဲ့ပြီးပါပြီ။ အခုလည်း ထပ်ပြောပါဦးမယ်- “password တစ်ခုတည်းကို ပြန်ပြန်မသုံးပါနဲ့လို့။”

သင့် Gmail hack လုပ်ခံရ၊ မခံရ ကြည့်ရှုစစ်ဆေးနိုင်တဲ့ IsLeaked.com ခေါ် Link တစ်ခုတော့ရှိတယ်။ အဲဒါနဲ့တော့ သွားမလုပ်လိုက်နဲ့ဦး!!!

အဲဒီ ဝက်ဘ်ဆိုက်ကို ဒီ hack လုပ်ခံရမှုမတိုင်ခင် ပြုလုပ်ထားတာဖြစ်ပြီး Email address တွေများများရအောင် လုပ်ထားတဲ့ ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့ အချို့က ထောက်ပြပြောဆိုခဲ့ကြပါတယ်။

သံသယရှိနေရင်တော့ Password သာ ပြောင်းလိုက်ပါ။

Source:HuffingtonPost
Trend

ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးအား ရှာဖွေမည့် ရဟတ်ယာဉ်ရာသီဥတုဆိုးရွား သော်လည်း ပူတာအိုမှ ပန်နန်းဒင်သို့ရောက်ရှိ


ခါကာဘိုရာဇီတောင်တက်သမား နှစ်ဦးအားရှာဖွေရန် ပန်နန်းဒင်သို့ ထွက် ခွာမည့်ရဟတ်
ယာဉ်မှာဆိုးရွားသည့် ရာသီဥတုအခြေအနေကြောင့် စက်တင် ဘာ ၁၁ ရက်နံနက်ပိုင်းတွင် ပူတာအိုမှ မထွက်ဖြစ်ဘဲမွန်းလွဲပိုင်းမှထွက်ခွာခဲ့ရာ ပန်နန်းဒင်သို့ ညနေ ၃ နာရီကျော်တွင်ရောက်ရှိပြီဖြစ်ကြောင်းထူးဖောင်ဒေးရှင်း ထောက်ပံ့ကူညီရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။


စက်တင်ဘာ ၁၂ ရက် (ယနေ့) တွင် တောင်တက် ရာမှပြန်လည်ရောက်ရှိလာသည့်အဖွဲ့ဝင်ခြောက်ဦးနှင့်င၀ါရွာ ၌ပူးပေါင်း၍ ကယ်ဆယ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ "လမ်းလျှောက်ပြီး ရှာဖို့ကျတော့ ပန်နန်းဒင်ကနေဆိုရင် ငါးရက်ကြာမယ်။ ဒါကြောင့် ရာသီဥတု နည်းနည်းကောင်းတာနဲ့ရဟတ်ယာဉ်နဲ့ ရှာဖွေနိုင်ဖို့ လိုအပ် တဲ့ပစ္စည်းတွေ တင်နေပါတယ်"ဟု ထူးဖောင်ဒေးရှင်း၏ထောက်ပံရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုခဲ့သည်။

ပျောက်ဆုံးနေသည့် တောင်တက် အဖွဲ့ဝင်နှစ်ဦး၏ မိသားစုဝင်များကို အဲပုဂံလေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပူတာအို သို့စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံမြောက်ဖျားစွန်းကချင်ပြည်နယ်ရှိအမြင့်ပေ(၁၉၂၉၆)ပေမြင့်မားသည့်အရှေ့တောင်အာရှ၏အမြင့်ဆုံးရေခဲတောင်ဖြစ်သည့် ခါကာဘိုရာဇီသို့ တက်ရောက်ပြီး တောင်ထိပ်၌မြန်မာနိုင်ငံအလံအား အောင်မြင်စွာစိုက်ထူခဲ့သည့် တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း ( သဘာဝခေါ်သံဖောင်ဒေးရှင်း) မှ တောင်တက်အဖွဲ့ဝင်ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့နှစ်ဦးသည် တောင်တက်မှပြန်အဆင်းသြဂုတ်၃၁ရက်နောက်ပိုင်းတွင်အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ကူညီကယ်ဆယ်ရေးအတွက်သဘာဝခေါ်သံဖောင်ဒေးရှင်းမှဥက္ကဋ္ဌဦးမျိုးသန့်နှင့်ထူးဖောင်ဒေးရှင်းမှ နာယကဦးတေဇဦးဆောင်၍ ကယ်ဆယ်ရေးရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ်အချက်ပြဆက်သွယ်ရေး ကိရိယာများ၊ တောင်တက်ပစ္စည်းကိရိယာများ၊ စားနပ်ရိက္ခာများ၊အသက်ကယ် ဆေးဝါးပစ္စည်းကိရိယာများ၊ဆရာဝန်များ၊အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက်ကယ်ဆယ်ရေးကျွမ်းကျင်သည့်တောင်တက်သမားများ၊ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သော ထူးဖောင်ဒေးရှင်းမှ နမားဂျွန်ဆင်၊ ဒေသခံတိုင်းရင်းသားများနှင့် ထူးဖောင်ဒေးရှင်းဝန် ထမ်းများကတဟွန်ဒမ်းရွာနှင့် တောင်ခြေစခန်းတို့တွင် 
အသက်ကယ် ရှာဖွေရေးကိစ္စများ၊ကူညီကယ်ဆယ်ရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စံတော်ချိန်သတင်းစာ

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အခမ်းအနား ကျင်းပမည်


သံဃာတော်များ ဦးဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးပဏ္ဍဝက မိန့်ကြားသည်။


အဆိုပါ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကျင်းပမည် ဖြစ်ပြီး သံဃာတော်ပေါင်း ၁၅၀ ခန့်နှင့် နိုင်ငံရေး အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများမှ လူဦးရေ ၄၀၀ ခန့်ကို ဖိတ်ကြားသွားမည်ဟု ၎င်းကဆိုသည်။

ယင်းအခမ်းအနားတွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အားလုံး စုပေါင်းပြီး အကောင်အထည် ဖော်ဆောင်နိုင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးနှင့် မဟနအဖွဲ့ကို သံဃာတော်များက ပြန်လည်ရွေးချယ်ပေးရန် စသည့် ကိစ္စရပ်များ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း မိန့်ကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ခြင်း မဟုတ်ဘဲ ရန်ကုန်မြို့တော်ရှိ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့သည့် သံဃာတော်များ စုပေါင်းပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အခြားမြို့များမှ သံဃာတော်များ အနေနှင့် ၎င်းတို့မြို့များတွင် တော်လှန်ရေး စတင်လုပ်ဆောင်ခဲ့သော နေ့များ၌ အထိမ်းအမှတ် အခမ်းအနားပွဲများ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့တော်တွင်းမှ သံဃာတော်များ ဦးဆောင်ကာ ရွှေတိဂုံဘုရားမှ ဆူးလေဘုရားအထိ လမ်းလျှောက်၍ မေတ္တသုတ် ရွတ်ဆိုကာ စတင် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ၈ ရက်မြောက်နေ့တွင် တပ်မတော်အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

မိုင်းဟောင်းတစ်လုံး နင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာ ရရှိ


ပဲခူးတိုင်း ဒေသကြီး မုန်းမြို့နယ် (၁)ရပ်ကွက်နေ ကိုသန်းဝင်းနိုင် ၃၅ နှစ် (ဘ) ဦးတင်ငွေသည် စက်တင်ဘာ ၆ ရက်နံနက် ၄ နာရီခွဲခန့်က မြောင်ဦးကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာသို့ နှီးဝါးခုတ်ရန် သွားရောက်စဉ် မိုင်းဟောင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့ပြီး ဘယ်ဒူးအောက်ပြတ်၊ ညာခြေဖဝါး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာအား မုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

ကျောင်းသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမေရိကန်လူငယ် ထောင်ဖောက်ထွက်ပြေး




အမေရိကန်နိုင်ငံ ကလိဗ်လန်းအထက်တန်းကျောင်းထဲမှာ ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ ဆယ်ကျော်သက် လူငယ်ဟာ တခြားထောင်သားတယောက်နဲ့အတူ အိုဟိုင်းယိုပြည်နယ် အနောက်မြောက်ပိုင်း ထောင်ကနေ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ရဲတွေက ပြောပြီး သူတို့ ၂ ယောက်ကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။

အော်လန်အုတ်ခ်ဝုဒ် အကျင့်စာရိတ္တပြုပြင်ရေး ကျောင်းဝန်ထမ်းတွေက ခြံစည်းရိုးပြဲနေတာ တွေ့ခဲ့တယ်လို့ ပြည်နယ်ရဲ ဂျင်းန်စမစ်က သတင်းထောက်တွေကို ပြောပါတယ်။


အသက် ၁၉ နှစ်အရွယ် တီဂျေ လိန်းဟာ အသက် ၄၅ နှစ်အရွယ် ကလစ်ဖော့ဒ် အော့ပါရဒ်နဲ့အတူ ထောင်ဝတ်စုံ ဝတ်ထားလျက်နဲ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၀ မိနစ်လောက်မှာ လွတ်သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။

လိန်းဟာ ကျောင်းစားသောက်ဆောင်ထဲက ကျောင်းသားတွေကို ပွိုင့်တူးတူး ကာလီဘာ ပစ္စတိုသေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ခဲ့အပြီး ဖမ်းဆီးခံခဲ့ရတာပါ။

လူသတ်မှုအတွက် တသက်တကျွန်း ပြစ်ဒဏ် ၃ ခါပြန်နဲ့ ကျောင်းသားတွေကို ဒဏ်ရာရစေမှုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၇ နှစ် ကျခံဖို့ စီရင်ခံခဲ့ရပါတယ်။

သူရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်ကျောင်းသား ၃ ယောက် သေဆုံးခဲ့ပြီး တခြား ၃ ယောက် အကြောသေပြီး မလှုပ်ရှားနိုင် ဖြစ်ခဲ့ပါတယ်။

dvb

AFF Championship U19 တတိယနေရာ လုပွဲနှင့် ဗိုလ်လုပွဲ


AFF Championship U19 ရဲ့ တတိယနေ့ရာ လုပွဲနဲ့ ဗိုလ်လုပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ သွားမှာ ဖြစ်ပါတယ်။ AFF Championship U19 တတိယနေ ရာ လုပွဲကို ၁၃-၉-၂၀၁၄ ရက်နေ့ ညနေ ၄ နာရီတွင် မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ တို့ကလည်းကောင်း၊ ညနေ ၆ နာရီ ၃၀ တွင် အိမ်ရှင် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ဂျပန် ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ကြောင်း သတင်းရရှိသည်။
MOI

အူရီးဒူးဆင်းမ်ကတ် ရန်ကုန်တိုင်း မြို့နယ် နှစ်ဆယ်ခန့်တွင်သာ သုံးစွဲနိုင်


အူရီးဒူး၏ လက်ရှိချဲ့ထွင်ထားသည့် မိုဘိုင်းကွန်ရက်အ ရ ၎င်းတို့၏ ဆင်းမ်ကတ် များကို ရန်ကုန်တိုင်း ဧရိယာအတွင်းရှိ မြို့နယ်နှစ်ဆယ်ကျော်တွင်သာ အသုံးပြု နိုင်သေးကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် လက်ရှိအခြေ အနေအရ မြို့နယ်အားလုံး၏ ထက်ဝက်ခန့်တွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ် သည်။


‘‘အူရီးဒူး အနေနဲ့ ဈေးကွက်စတင် မိတ်ဆက်ပြီး လေးပတ်အတွင်းမှာ ရန်ကုန်မြို့ ရဲ့ ကွန်ရက် ကောင်းမွန်လာအောင်လို့ တာဝါတိုင် အများစုကို တည်ဆောက်နေ ပါတယ်။ လက်ရှိမှာ ရန်ကုန်က မြို့နယ်အားလုံးရဲ့ တစ်ဝက်ကျော်လောက်မှာ သုံးလို့ရနေပါပြီ’’ဟု အူရီးဒူး မြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညို က ပြောသည်။

အူရီးဒူး၏ မိုဘိုင်းကွန်ရက်သည် ဈေးကွက်စတင် မိတ်ဆက်သည့်အချိန်မှ လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ နေရာအများစုတွင် လိုင်းမမိသည့် ပြဿနာ များနှင့် ကြုံတွေ့နေရ၍ အသုံးပြုသူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် မိုဘိုင်းကွန်ရက် မမိသည့်နေရာများကို လေ့လာမှုများပြုလုပ်ပြီး ကွန်ရက်ချဲ့ထွင်မှုများ ဆောင်ရွက်လျက် ရှိသည်ဟုဆိုသည်။

‘‘လေးပတ်အတွင်း ရန်ကုန်မှာ တာဝါတိုင် တစ်ရာလောက် ထပ်ဆောက်ပြီးသွား ပါပြီ။ ကမ္ဘာအေးဘုရားလမ်းနဲ့ အင်းလျားကန် တစ်ဝိုက်မှာ လိုင်းမမိတြဲ့ ပဿနာ ကိုလည်းဖြေရှင်းသွားဖို့ လုပ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ ကွန်ရက်ကို မကြာခင် လပိုင်းအတွင်းမှာ လွှမ်းခြုံဖို့အတွက်လည်း လုပ်နေပါတယ်’’ဟု ဒေါ်သီရိကြာညို က ပြောသည်။

အူရီးဒူးအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဈေးကွက်စတင် မိတ်ဆက်သည့် အချိန်မှ လက်ရှိအချိန်ထိ ဆင်းမ်ကတ်ပေါင်း တစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

7Day Daily

မောင်တောရှိ အရေးကြီး အဆောက်အအုံများ ဗုံးခွဲမည့်သတင်း ရထားကြောင်း အစိုးရဌာနများကို သတိပေး


အယ်လ်ကေဒါအဖွဲ့က မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အရေးကြီး အဆောက်အအုံများကို ဗုံးဖောက်ခွဲမည်ဟု သတင်းများ ရရှိထားသဖြင့် လုံခြုံရေး သတိထားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့သည့် သတိပေးစာအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြု လှုပ်ရှားနေသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့သည် အကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါနှင့် ပူးပေါင်းကာ ယင်းသို့ လုပ်ဆောင်ရန် သတင်းရထားသည်ဟု ဆိုကာ စက်တင်ဘာလ ၅ ရက်နေ့က အစိုးရဌာနများကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့သည့် သတိပေးစာတွင် ဖော်ပြသည်။
RSO များသည် ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်က အရေးကြီးသော အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးရန်၊ လတ်တလော တိုက်ခိုက်မှုများ ပြုလုပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးရန် လုပ်ဆောင်မည်ဟု သတင်းများ ရရှိထားကြောင်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။
အယ်လ်ကေဒါက မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ပြောဆိုပြီးနောက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“အရေးကြီးတဲ့ နေရာတွေကို အားဖြည့်ရွှေ့ပြောင်း လှုပ်ရှားကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တွေရဲ့ လုပ်ထုံးလုပ်နည်း အရပေါ့” ဟု ၎င်းကဆိုသည်။
အယ်လ်ကေဒါအဖွဲ့က အကြမ်းဖက်မည်ဆိုသည့် သတင်းများ မထွက်ပေါ်ခင်ကပင် လုံခြုံရေး အစီအမံများကို လုပ်ဆောင်ထားပြီး အရေးကြီး အဆောက်အအုံများ ဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးရေးရုံး အုပ်ချုပ်ရေးမှူး ရုံးတို့တွင် လုံခြုံရေး ချထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောဆိုသည်။
“အုပ်ချုပ်ရေးမှူးရုံးတို့၊ EPC ရုံးတို့ကို လုံခြုံရေး ယူထားပါတယ်။ ရုံးတိုင်း လုံခြုံရေးယူဖို့က မလွယ်ဘူး။ လှည့်ကင်း လှည့်ပေးနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ကျောင်းဆရာ ကျောင်းဆရာမများ အတွက်လည်း လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း၊ လတ်တလောတွင် အယ်လ်ကေဒါ၊ RSO အဖွဲ့များ လှုပ်ရှားမှု မရှိသေးကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ဆက်လက် ပြောကြားသည်။
(LC၊ ခင်မောင်အေး)
The Voice Weekly

မိန်းမသားဆိုတာ..


အမျိုးသမီးတစ်ဦး ဆေးရုံပေါ်မှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ရောက်နေပါတယ်။ ကူမရ ကယ်မရနိုင်လို့ အိမ်ကိုပြန်ခေါ်လာပြီး နာရီအနည်းငယ်အတွင်း သူ့ယောက်ျားနဲ့သားလေးလက်ထဲမှာပဲ အသက်ဆုံးရှုံးသွားပါတယ်။
သားငယ်လေးလည်း လူးလှိမ့်ငိုကြွေးနေသလို ခင်ပွန်းသည်မှာ လည်း ဖြည်ဆည် မရနိုင်အောင် ပူပင်သောကရောက်နေခဲ့တယ်။ ဒီလိုနဲ့ညရောက်လာတော့ အဆက်မပြတ် ငိုကြွေးနေတဲ့သားလေးက ဖျားတော့တာပဲ။ ဒါကြောင့် ပူပင်သောကရောက်နေတဲ့ခ င်ပွန်းသည်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အိပ်ခန်းထဲကိုဝင်လာပြီး ဘာကိုရှာဖွေနေမှန်းမသိ ရှာနေပါတော့တယ်။ ဒီလိုနဲ့ သူ့ဇနီး မှန်တင်ခုံကို သတိရပြီး အဲ့ဒီကို သွားရှာတော့ ဆေးလေးတွေနဲ့အတူ စာရွက်လေးတစ်ရွက်ကို အံ့သြကြီးစွာတွေ့ရပါတယ်။ စာထဲမှာရေးထား တာကတော့
ယောက်ျားရေ....
သားလေး နေမကောင်းဖြစ်နေရောပေါ့ သူကတစ်အားငိုရင် ဖျားတတ်တဲ့အကျင့် ရှိတယ်လေ။ ရှင်လည်း အကျင့်တွေပါပြီး ကျွန်မ ဘာများထပ်လုပ်ပေးနိုင် မလဲဆိုပြီး မျှော်လင့်ချက်နဲ့ ရှာနေရတာ ခေါင်းတွေပူပြီး ကိုက်နေပြီဆို တာသိပါတယ်။ ဒါကြောင့် သားလေး ဖျား ရင်သောက်နေကြ ဆေး ကို တစ်ပုံ ယောက်ျားခေါင်းနောက်ရင် သောက်နေကျ တစ်ပုံကို ထားပေးခဲ့ တယ်နော်။ သားလေးအတွက်ဆေးက အိတ်ကလေးနဲ့ ရှင့်အတွက်တော့ ဒီအတိုင်းပုံ ထားတယ်။ ကျွန်မတတ်နိုင်သလောက် တစ်လ စာ ကြော်ခြမ်းပေးပြီးဗူးလေးတွေနဲ့ ထည့်ထားခဲ့တယ်။ သားလေးကို ဂရုစိုက်ပါ။ အိမ်စောစောပြန်လာပြီး သားလေးနဲ့အချိန်များများကုန်ဆုံးပေးပါ။ သားရော ရှင်ပါ စိတ်ထားကောင်းတဲ့ မိန်းကလေး ကိုယ်စီနဲ့ ဘဝ ခရီးဆက်လျောက်ပေးသွားပါ။ ကျွန်မကို ဇနီးမယားအဖြစ် စောင့်ရှောက်ကြင်နာပေးခဲ့လို့ လူ့လောကကြီးထဲ ကျွန်မနေပျော်ခဲ့ပါတယ်။
ဒီစာကိုဖတ်ပြီး ယောက်ျားဖြစ်သူက သားနဲ့အပြိုင် မျက်ရည်ဖြိုင်ခဲ့ရပါတော့တယ်။
အိမ်ထောင်ရှင် မိန်းမသားတွေဆိုတာ......
-ကိုယ့်ကိုယ်နဲ့ မိသားစုအားလုံးရဲ့စိတ် ဖြစ်နေကြရတဲ့သူတွေပါ
-သူ့ကိုမွေးပေးတဲ့ မိဘအပြင် ကိုယ့်ယောက်ျားကိုမွေးပေးတဲ့ မိဘတွေကိုပါ ဂရုတစ်စိုက်ပြုစုပေးနေရတဲ့သူတွေပါ
-သင့်ရဲ့ရင်သွေးလေးကို လွယ်ထားစဉ်ကလည်း သူပဲနာကျင်လေးပင်ခံစားရပြီး အသက်နဲ့ရင်းပြီး မွေးပေးခဲ့ရသူပါ
-သင့်ရင်သွေးလေး ကျန်းမာပျော်ရွင်ထက်မြက်စွာကြီးပြင်းလာအောင်လည်း အမုန်းခံ အချစ်ခံ အနာခံနဲ့ ဘဝတစ်လျောက်လုံးစောင့်လျောက်ပေးခဲ့သူပါ
-ဒါကြောင့်မို့ သင့်မိသားစု သင့်မိဘ ညီအစ်ကို မောင်နှမ သင့်အသိုင်းအဝိုင်း သူ့မိဘ သူ့ညီအစ်ကို မောင်နှမ သူ့အသိုင်းအဝိုင်းကြား သင့်ကိုကြည့်ရင်း သူတို့ကိုကြည့်ရင်း အကောင်းဆုံးနေထိုင်နေရသူတွေဖြစ်လို့ သူတို့ရဲ့ပျော်ရွှင်မှုတစ်ခုတည်းဖြစ်တဲ့ သင်နဲ့သားသမီးလေးတွေ အပြုံးကိုယ်စီနဲ့ စည်းလုံးသိုက်ဝန်းနေခြင်းကိုတော့ သင်ကပဲ အကောင်းဆုံးပါရမီဖြည့်သွားပေးပါ။ အကြောင်းပြချက် မဲ့စွာဖြင့် ချွင်းချက်မရှိ ဇနီးသည်နဲ့ သားငယ် သမီး ငယ်လေးတွေ ကို မြတ်နိုး ကြင်နာ ချစ်ခင်ပေးသွားပါ။
ကလောင်ရှင် - မမဖူးဖူး
articles_yyl
ရိုးရာလေး

ဗီယက်နမ်ကို မြန်မာ ဂိုးပြတ်ရှုံးနိမ့်

၂၀၁၄အာဆီယံယူ- ၁၉ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအ ကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာယူ- ၁၉အသင်းသည် အိမ်ရှင်ဗီယက် နမ်ယူ-၁၉အသင်းကို ၄-၁ဂိုး ဖြင့်​ဂိုးပြတ်ရှုံးနိမ့်ခဲ့ သည်။ 

စက်တင်ဘာ ၁၁ရက်က ဗီ ယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မိုင်း ဒင်းအားကစားကွင်း၌ ကျင်းပခဲ့ သည့် ယင်းပွဲတွင် အိမ်ရှင် ဗီ ယက်နမ်အသင်းက ပရိသတ်လေး သောင်းကျော်ရှေ့၌ ခြေစွမ်းပြ ပြီး မြန်မာအသင်းကို ဂိုးပြတ်အ နိုင်ယူကာဗိုလ်လုပွဲသို့ တက် ရောက်သွားပြီဖြစ်သည်။ 

ဗီယက်နမ်ယူ-၁၉အသင်း သည် လွန်ခဲ့သော ရက်ပေါင်း ၂၀ သြဂုတ် ၂၃ရက် ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲတွင် မြန်မာယူ-၁၉အသင်းအား ရှုံးနိမ့်ခဲ့သောရှုံးကြွေးကို အိမ်ကွင်း၌ ပြန်ဆပ်သွားခဲ့ခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် လျင် မြန်မှုပိုင်းတွင်အိမ်ရှင်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခြင်းမ ရှိဘဲ အ ဆုံးသတ်ပိုင်း အားနည်းခဲ့သလို ပွဲစဉ်တစ်ခုလုံး အမှားများခဲ့သည်။ 

ပထမပိုင်းတွင် ဗီယက် နမ်အသင်းက နှစ်ဂိုးသွင်းယူသွား ပြီး မြန်မာအသင်း အတွက်ရရှိခဲ့ သည့် အကောင်းဆုံးအခွင့်အရေး နှစ်ကြိမ်ကိုမောင်မောင်စိုးကဖြုန်း တီးခဲ့သည်။ 

ဒုတိယပိုင်းတွင် အိမ်ရှင်အ အသင်းကသာပိုမိုဖိအားပေးနိုင်ခဲ့ ပြီး အနိုင်ဂိုးနှစ်ဂိုးထပ်မံသွင်းယူခဲ့ သည်။ မြန်မာယူ-၁၉အသင်းအ တွက် တစ်လုံး တည်းသောနှစ်သိမ့် ချေပဂိုးကို ပွဲချိန် ၅၅မိနစ်တွင် အောင်သူကသွင်းယူပေးခဲ့သည်။ 

အခြားအကြိုဗိုလ်လုပွဲစဉ်တွင် ဂျပန်ယူ-၁၉အသင်းကထိုင်း ယူ-၁၉အသင်းကို ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် တတိယလုပွဲအဖြစ် မြန်မာနှင့်ထိုင်း၊ ဗိုလ်လုပွဲအဖြစ် ဂျပန်နှင့် အိမ်ရှင်ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

7Day Daily

သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို


လူမှုကွန်ရက် စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူကို သီတဂူ ဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။ 

“လတ်တလောမှာ သီတဂူဆရာတော်ကြီးက ဘုန်းဘုန်းကို ဘာမှ မမိန့်ထားပါဘူး။ ဖေ့ဘုတ်မှာ ဖော်ပြတာ လုံးဝ မှားပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ့်လမ်းကြောင်းကို ကိုယ်သွားနေတာပါ။ ခရီးမတွင်မှာ စိုးတဲ့အတွက် ဖော်ပြတဲ့ မီဒီယာကိုလည်း ဘာမှမတုံ့ပြန်ပါဘူး။ ဘက်ပေါင်းစုံကနေ ဘုန်းကြီးကို ထိုးနှက်နေကြတာပါ။ ဘုန်းကြီးမှာ ဘာအားနည်းချက်မှ မရှိပါဘူး” ဟု ၎င်းက ဆက်လက်မိန့်ဆိုသည်။ 

လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သည့် Myanmar News Update တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်ဉာဏိဿရက မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားလိုက်ကြောင်း ဖော်ပြထားသည်။ မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင် ဆောင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီးနောက် သီတဂူဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။ 
The Voice Weekly

" ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ " ဖြစ်ရပ်မှန်ဇာတ်ကား



၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော သမိုင်းဖြစ်စဉ် တစ်ခု ဖြစ်သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ အကြောင်းကို ပရိသတ် ကြိုက်မည့် စစ်ကား ပုံစံဖြင့် ရိုက်ကူးရန် ရှိကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုး က ပြောကြားသည်။ 
အဆိုပါ ဖြစ်ရပ်မှန် ရုပ်ရှင်တွင် သမိုင်းဖြစ်စဉ် တိုက်ပွဲပေါင်း ၂၀ ခန့် ပါဝင်မည် ဖြစ်ပြီး ယင်း အချိန်က တပ်မတော် အင်အား အနည်းငယ်ဖြင့် အင်အားများသည့် ဗကပ ( ဗမာပြည် ကွန်မြူနစ် ပါတီ ) ကို ကျားကုတ် ကျားခဲ တိုက်ခိုက် ခဲ့ရသော တိုက်ပွဲများ အကြောင်းကို ပရိသတ် အကြိုက် စစ်ကားကြီး အဖြစ် ပုံဖော် ရိုက်ကူးမည် ဖြစ်ကြောင်း ၊ နာမည်ကျော် သရုပ်ဆောင် များစွာအပြင် သရုပ်ဆောင် အသစ် များလည်း ပါဝင်မည် ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီ စိုးမိုး က ပြောကြားသည်။ 
ယင်း ဇာတ်ကားကို ယခုလတွင် စတင် ရိုက်ကူးရန် ရည်မှန်း ထားကြောင်း ၊ ဖြစ်စဉ် အမှန်တကယ် ဖြစ်ပွား ခဲ့သည့် ကြိုးတံတား သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး တိုက်ပွဲ ၂၀ စလုံးကို ထည့်သွင်း ရိုက်ကူး သွားမည် ဖြစ်ကြောင်း လည်း သိရသည်။ 
" ဇာတ်လမ်း making ကတော့ လုပ်မှာပါ ၊ ဒါပေမဲ့ တကယ် ပါခဲ့တဲ့ အထင်ကရ ဇာတ်ကောင် တွေကိုတော့ ဇာတ်လမ်း လုပ်လို့ မရဘူး ၊ သူတို့ ဇာတ်လမ်း တွေကိုတော့ အမှန်အတိုင်း ပဲ ရိုက်ရမယ် ၊ ဒီအထဲက ရဲဘော်လေး တစ်ယောက် ဒါမှမဟုတ် တပ်ကြပ် တစ်ယောက် အကြောင်းကို ဇာတ်လမ်း ဆင်ပြီး ရိုက်မယ် ... " ဟု ပန်းချီ စိုးမိုး က ပြောသည်။ 
မြန်မာ့ တပ်မတော် ၏ သမိုင်းကြောင်း ကို ရိုက်ကူး ပုံဖော်ထားသော ကြယ်စင်မော်ကွန်း ဇာတ်ကားသည် ဒါရိုက်တာ ပန်းချီ စိုးမိုး ရိုက်ကူး ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု ပထမ အဆင့် ရွေးချယ်ရေး အဖွဲ့က ဆန်ခါတင် ရွေးချယ် ခဲ့ကာ ရုပ်ရှင် ၆ ကားတွင်လည်း ပါဝင်လျက် ရှိကြောင်း သိရှိရသည်။ 
ဇာညီသစ္စာ
TheMyawadyDaily

တယ်လီနောဆင်းမ်ကတ်များ ယခုရက်ပိုင်းအတွင်း ရောင်းချတော့မည်


ကျပ် ၁၅ဝဝတန် တယ်လီနောဆင်းမ်ကတ် များ အများပြည်သူဝယ်ယူနိုင်ရန် ရက်ပိုင်းအတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း အော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနော(မြန်မာ)မှ သိရသည်။

ကနဦးအနေဖြင့် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အစရှိသည့်မြို့ ကြီးများတွင် ဆင်းမ်ကတ်စတင်ဖြန့် ဖြူးရောင်းချမည်ဖြစ်ပြီး 2G, 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ် သည်ဟု သိရသည်။

တယ်လီနော(မြန်မာ)မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ''ရောင်းပေး မယ့်ရက်အတိအကျကို တယ်လီနော ဘက်က မပြောလိုသေးပါဘူး။ ဒါပေ မဲ့ ရက်ပိုင်းအတွင်းပဲ ကတ်တွေရောင်း တော့မှာပါ။ ကတ်ဝယ်ပြီးတာနဲ့ အ သုံးပြုလို့ရအောင် ပြင်ဆင်ဆောင် ရွက်နေပါတယ်'' ဟု ပြောသည်။

တယ်လီနော(မြန်မာ)မှ 2G, 3G ကွန်ရက်ဖြင့် မည်သည့် ဟန်း ဆက်အမျိုးအစားဖြင့်မဆို အသုံးပြု နိုင်မည်ဖြစ်ပြီး ဆမ်ဆောင်းနှင့် ပူး ပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ် ပါ ပူးတွဲရောင်းချရန် ပြင်ဆင်ထား သည်ဟုဆိုသည်။

ဆင်းမ်ကတ်များရောင်းချချိန် တွင် အရောင်းဆိုင်များမှ ဈေးနှုန်း မြှင့်၍ရောင်းချခြင်း မပြုနိုင်ရန် တယ် လီနောအနေဖြင့် စည်းမျဉ်းများထုတ် သွားမည်ဖြစ်ကာ ဈေးနှုန်းပိုမိုရောင်း ချပါက ဆင်းမ်ကတ်ဖြန့်ဖြူးခြင်းရပ် ဆိုင်းသည်အထိ အရေးယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆင်းမ်ကတ်အပါ အဝင် ဆက်သွယ်ရေးဆက်စပ်ပစ္စည်း များကို တယ်လီနော(မြန်မာ)နှင့် ချိတ်ဆက်ထားသည့် အရောင်းဆိုင် ပေါင်း ၂၅ဝဝဝ ခန့် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားပြီး မြို့ကြီးနှင့် ဒေသ အသီးသီးတွင် တယ်လီနောအမှတ် တံဆိပ်ဖြင့် ဆိုင်ပေါင်း ၂ဝဝနီးပါး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''နောက်ပိုင်း ကွန်ရက်များများ ဖြန့်ကြက်နိုင်တဲ့အချိန်ကျရင် ဖုန်း ဆိုင်တွေမှာသာမက Point of Sale (POS) အရောင်းဆိုင်လိုနေရာတွေ မှာပါ ကတ်ရောင်းနိုင်ဖို့စီစဉ်ထားပါ တယ်''ဟု အဆိုပါပြောရေးဆိုခွင့်ရှိ သူက ထပ်မံပြောသည်။

ယင်းအော်ပရေတာမှရောင်းချ မည့် ဆင်းမ်ကတ်တွင် အင်တာနက် လိုင်း၊ ဗွီဒီယိုကောလ် အစရှိသည် တို့ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းအသုံးပြုမည့်သူ ဒေါ်သင်းညွန့်က ''အော်ရီဒူးတုန်းက လဲ ဝယ်သုံးဖြစ်တယ်။ ကတ်ဝယ်ပြီး ပြောလို့ဆိုလို့ မရတော့အဆင်မပြေ ဘူး။ ပြည်သူတွေကလိုအပ်တာ လိုင်း ကောင်းကောင်းသုံးဖို့ပါပဲ'' ဟု ပြော သည်။

တယ်လီနောမှ မြန်မာနိုင်ငံ တွင် အော်ပရေတာလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော် ဝါရီ ၅ရက်က ရရှိခဲ့ခြင်းဖြစ်ပြီး လိုင် စင်ရပြီး ရှစ်လအကြာတွင် ဆင်းမ် ကတ်များ ဖြန့်ဖြူးနိုင်ရန် ဆောင် ရွက်ခဲ့သည်ဟု သိရသည်။

PPT
Democracytoday

ယူကရိန်းထဲ ရုရှားစစ်သည် တထောင်ရှိနေဆဲဟု NATO ပြောဆို

ယူကရိန်းနိုင်ငံထဲမှာ ရုရှားတပ်ဖွဲ့ဝင် ၁၀၀၀ လောက် ရှိနေကြောင်း နေတိုး ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေကို ကူညီပေးနေတဲ့ ရုရှားတပ်ဖွဲ့ဝင် အတော်များများ ရုရှားကို ပြန်သွားကြပြီလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောဆိုအပြီး နောက်တနေ့မှာ နေတိုးက အခုလို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ယူကရိန်းအတွင်းမှာ ရှိနေခဲ့တဲ့ ရုရှားတပ်ဖွဲ့ဝင် ၇၀ ရာခိုင်နှုန်းလောက် ရုရှားထဲကို ပြန်ဝင်သွားကြပြီလို့ မစ္စတာ ပိုရိုရှန်းကိုးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက် တည်မြဲနေမလားဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။

အပစ်အခတ်ရပ်စဲရေး ရေရှည် ခံမခံဆိုတဲ့တာကိုတော့ သူတို့အနေနဲ့ အတိအကျ မပြောနိုင်ကြောင်း နေတိုးအဖွဲ့ အရာရှိက ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင် ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အဲဒီ အရာရှိက ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွင်းမှာ များပြားတဲ့ ရုရှားစစ်လက်နက်တွေ ရှိနေသေးပြီး တပ်ဖွဲ့အင်အား ၂ သောင်းလောက်ဟာလည်း ရုရှားဘက်အခြမ်း နပ်စပ်မှာ ရှိနေကြကြောင်း အဲဒီ အရာရှိကပဲ ပြောပါတယ်။

ယူကရိန်းကို တပ်ဖွဲ့ အင်အားတွေနဲ့ စစ်လက်နက် ပစ္စည်းတွေပို့ပေးခဲ့ခြင်းမရှိကြောင်း ရုရှားအစိုးရက ငြင်းဆိုထားပေမယ့် ခွဲထွက်ရေး သူပုန်ခေါင်းဆောင်တွေကတော့ ရုရှားတပ်ဖွဲ့တွေဟာ သူတို့အားလပ်ရက်အတွင်း သူတို့နဲ့အတူ ယူကရိန်းတပ်ဖွဲ့တွေကို ကူညီ တိုက်ခိုက်ပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရုရှားထောက်ခံတဲ့ ယူကရိန်းသူပုန်တပ်တွေနဲ့ ရုရှားတပ်သားများ ယူကရိန်း- ရုရှ နယ်စပ် လုံခြုံရေးယူ။


အစ္စလာမ်မစ် လူသစ်စုဆောင်းသူကို ဖမ်းဆီး

ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် လက်နက်ကိုင်တွေ ထဲ ပါဝင်ဖို့ လူသစ် စုဆောင်း နေသူ လို့ သံသယ ရှိခံရသူ တစ်ဦး ကို၊ ပြင်သစ် အာဏာပိုင်တွေ က ပါရီမြို့တော် လေဆိပ်မှာ၊ ဖမ်းဆီး လိုက် ပါတယ်။

အခု ဖမ်းဆီးခံလိုက်ရတဲ့ Mourad Fares ဆိုသူဟာ၊ အလွန် အန္တရာယ် ကြီးမားသူ တစ်ဦး ဖြစ်တယ် လို့ ပြင်သစ် ပြည်ထဲရေး ဌာနက ပြောပါတယ်။

ပြင်သစ် အာဏာပိုင်တွေ ရဲ ခန့်မှန်းချက် အရ၊ ပြင်သစ် နိုင်ငံသား ၉၀ဝ လောက်၊ ဆီးရီးယားနဲ့ ပတ်ဝန်းကျင် ဒေသတွေရဲ့ ပြည်တွင်းစစ်တွေ ထဲ ပါဝင် နေကြတယ် လို့ သိရပါတယ်။

အနောက် ဥရောပ နိုင်ငံတွေထဲ မှာ၊ ပြင်သစ် ဟာ မွတ်ဆလင်ဦးရေ အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆီးရီးယားထဲက အစ္စလာမ် နိုင်ငံ အစွန်းရောက် အဖွဲ့


ကြိုတင်ခွင့်ပြုချက်မယူပဲ စစ်ဆင်ရေးလုပ်ရင် တုန့်ပြန်မယ်လို့ ဆီးရီးယားပြော

ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ တဆင့် ​နှိမ်နင်းမယ်လို့ ​အမေရိကန် ​သမ္မတက ​ကြေညာ ပြီးတဲ့နောက် ​ဆီးရီးယား ​အစိုးရက ​သူ့ရဲ့ ​ခွင့်ပြုချက်အရင်မယူပဲ ​ဆီးရီးယားနယ်အတွင်း ​စစ်ဆင်ရေး လုပ်မယ်ဆိုရင် ​ပြင်းထန်စွာ ​တုန့်ပြန်မယ်လို့ ​ပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ ​ဆီးရီးယား ​ပြည်တွင်းက ​အကြမ်းဖက် ​စစ်သွေးကြွတွေကို ​နှိမ်နင်းလိုပြီး ​ပူးပေါင်းမှုတွေ ​လုပ်လိုပေမယ့် ​ဆီးရီးယားရဲ့ ​ခွင့်ပြုချက် ​မယူပဲ ​စစ်သွေးကြွတွေကို ​ဝင်တိုက်မယ်ဆိုရင် ​တုန့်ပြန်မှု ​လုပ်မယ်လို့ ​ပြောခဲ့တာပါ။

အမေရိကန်ကတော့ ​ဆီးရီးယား ​အစိုးရနဲ့ ​ပူးပေါင်းဖို့ ​ဆန္ဒမရှိပဲ ​ဆီးရီးယား ​သမ္မတကို ​ဆန့်ကျင်နေတဲ့ ​တခြား ​သူပုန်အဖွဲ့ကိုသာ ​စစ်လက်နက် ​တပ်ဆင်ပေးပြီး ​IS ​စစ်သွေးကြွအဖွဲ့ကို ​ချေမှုန်းဖို့ ​လုပ်ဆောင်နေပါတယ်။

အဲဒီလို ​သူပုန်တပ်ဖွဲ့တွေကို ​သင်တန်းတွေ ​ပေးနိုင်ရေးအတွက် ​ဒေါ်လာ ​သန်း ​၅၀၀ ​ချမှတ်ပေးဖို့လည်း ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ကွန်ဂရက်လွှတ်တော်ကို ​တောင်းဆိုထားပါတယ်။

ဒါ့အပြင် ​အီရတ်နိုင်ငံက ​​စစ်သွေးကြွတွေကို ​​ဝေဟင်ကနေ ​​တိုးချဲ့ ​​တိုက်ခိုက်မှု ​​လုပ်သွားမယ်လို့လည်း ​ပြောပါတယ်။

စစ်သွေးကြွအဖွဲ့ကို ​​တိုက်ဖို့ ​​စစ်သားစေလွတ်မှာမဟုတ်ပဲ ​​နိုင်ငံတကာနဲ့ ​​ပူးပေါင်းပြီး ​​ဝေဟင်ကနေသာ ​​တိုက်ခိုက်မှု ​​လုပ်မယ်လို့ ​​ပြောပါတယ်။

အမေရိကန်နိုင်ငံကို ​​ခြိမ်းခြောက်မှု ​​လုပ်တဲ့ ​​ဘယ် ​​အကြမ်းဖက်သမားကိုမဆို ​​မြေလှန်ရှာဖွေပြီး ​​ခြေမှုန်းသွားမယ်ဆိုတာကို ​​အတိအလင်းပြောလိုကြောင်းလည်း ​​အိုဘားမားက ​​ဆိုပါတယ်။

အမေရိကန်သမ္မတရဲ့ ​​အဓိက ​​မူအတိုင်းပဲ ​​အမေရိကန်ကို ​​ခြိမ်းခြောက်ရင် ​​နေစရာနေရာ ​​ရှိမှာ ​​မဟုတ်ဘူးဆိုတာကို ​​ပြောချင်တယ်လို့ ​​သမ္မတ ​​အိုဘားမားက ​​ပြောပါတယ်။

အမေရိကန် ​​သမ္မတ ​​ချပြတဲ့ ​​မဟာဗျူဟာအရ ​​ဝေဟင်ကနေ ​​စနစ်တကျ ​​တိုက်ခိုက်မှုတွေ ​​လုပ်မယ့်အကြောင်း၊ ​​IS ​​အဖွဲ့ကို ​​တိုက်ခိုက်နေတဲ့ ​​တခြားအဖွဲ့တွေကို ​​စစ်သင်တန်း၊ ​​ထောက်လှမ်းရေးအချက်အလက်နဲ့ ​​စစ်သုံးပစ္စည်းတွေ ​​ပိုမိုပေးဆောင်မယ့်အကြောင်း၊ ​​IS ​​ရဲ့ ​​အကြမ်းဖက်မှုကို ​​ကြိုတင်ကာကွယ်တဲ့အနေနဲ့ ​​IS ​​အဖွဲ့ရရှိနိုင်တဲ့ ​​ဝင်ငွေတွေ ​​ဖြတ်တောက်ပြီး ​​အရှေ့အလယ်ပိုင်းက ​​ပြည်သူတွေ ​​အကြမ်းဖက်အဖွဲ့နဲ့ ​​မပူးပေါင်းအောင် ​​အတွေးအခေါ် ​​ပြောင်းလဲတာမျိုးတွေ ​​လုပ်ဆောင်မယ့်အကြောင်းနဲ့ ​​ပြည်သူတွေကို ​​လူသားခြင်း ​​စာနာရေးအထောက်အပံ့တွေ ​​ဆက်လက်ပေးသွားမယ့်အကြောင်းတွေ ​​ပါဝင်ပါတယ်။

ABC Radio Australia

ISIS စစ်သွေးကြွအလံ နှင့် အဖွဲ့ဝင်တချို့ (Credit: Reuters) 


ဆီးရီးယားသူပုန် ဖမ်းဆီးတဲ့ ငြိမ်းချမ်းရေး စစ်သားတွေ ပြန်လွတ်လာ

ဆီးရီးယား ​သူပုန်တွေရဲ့ ​ဖမ်းဆီးထိန်းသိမ်းမှု ​ခံခဲ့ရတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​စစ်သား ​၄၅ ​ယောက်စလုံး ​လွတ်မြောက်လာပြီလို့ ​သိရပါတယ်။

သူပုန်တွေရဲ့ ​ထိန်းသိမ်းမှုကို ​ခံခဲ့ရတဲ့ ​ကုလသမဂ္ဂ ​ငြိမ်းချမ်းရေး ​စစ်သားတွေဟာ ​ဖီဂျီနိုင်ငံက ​စစ်သားတွေ ​ဖြစ်ပြီး ​အစ္စရေးနိုင်ငံ ​နယ်စပ် ​Golan ​Heights ​ဒေသမှာ ​Al ​Nusra ​Front ​လို့ ​ခေါ်တဲ့ ​ဆီးရီးယား ​သူပုန်တွေရဲ့ ​ဖမ်းဆီးမှုကို ​နှစ်ပတ်ကြာ ​ခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေ ​အားလုံး ​လွတ်မြောက်လာပြီး ​သူတို့ ​အခြေစိုက်ရာ ​စ ​ခန်း ​ဆီ ​ကို ​ပြန် ​သွား ​နေကြတယ်လို့ ​အေဘီစီ ​သတင်းထောက်က ​ပြောပါတယ်။

အဲဒီလူတွေဟာ ​အသင့်စောင့်နေတဲ့ ​ကင်မရာရိုက်ကူးသူတွေကို ​ကားပေါ်ကနေ ​လက်ဝေ့ယမ်းပြ ​နှုတ်ဆက်နေတဲ့ ​ပုံကို ​တွေ့ခဲ့ရပြီး ​ဖမ်းဆီးခံရသူ ​အားလုံးရဲ့ ​အခြေအနေက ​ကောင်းမွန်ကြောင်း ​ကုလသမဂ္ဂက ​ပြောပါတယ်။

ဆီးရီးယားအစိုးရတပ်နဲ့ ​ဆီးရီးယားသူပုန်တွေအကြား ​ဖြစ်ပွားတဲ့ ​တိုက်ပွဲအတွင်း ​ပိတ်မိနေတဲ့ ​ဖီဂျီငြိမ်းချမ်းရေး ​စစ်သားတွေကို ​ဆီးရီးယား ​သူပုန်တွေက ​ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​ဂျေရုဆလင် ​မြို့ကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia


Nusra Front သူပုန် တပ်ဖွဲ့ လွတ်ပေးလိုက်တဲ့ ဖီဂျီနိုင်ငံက ငြိမ်းချမ်းရေးစစ်သားများ (Credit: Reuters)

အိုဇုန်းလွှာ ပြန်ကောင်းလာသော လက္ခဏာများ တွေ့ရကြောင်း ကုလသမဂ္ဂ သုတေသန ဆို

ကင်ဆာဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များဒဏ်မှ ကမ္ဘာကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာသည် နှစ်ပေါင်းများစွာ ပါးလွှာသွား ခဲ့ပြီးနောက် ပြန်လည်ထူထဲလာသည့် ကနဦးလက္ခဏာများကို ပြသနေကြောင်း ကုလသမဂ္ဂ လေ့လာမှု တစ်ခုက ဆိုသည်ဟု စက်တင်ဘာ ၁၁ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။



အန္တာတိက အပေါ်တွင် နှစ်စဉ်ပေါ်လာလေ့ရှိသည့် အိုဇုန်းလွှာအပေါက်မှာလည်း ယခင်က နှစ်စဉ် ကြီးလာခဲ့ရာမှ ယခုအခါ ထပ်ကြီးလာခြင်း မရှိတော့ပေ။

အိုဇုန်းလွှာအပေါက် စတင်သေးငယ်လာမည့် အချိန်ရောက်ရန်မှာမူ နောက်ထပ် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူရလိမ့်ဦးမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အိုဇုန်းလွှာကို ပျက်စီးစေသော လူလုပ်ဓာတ်ငွေ့ဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် CFC ဓာတ်ငွေ့များ တဖြည်းဖြည်းလျှော့ချရေး နိုင်ငံရေး သန္နိဋ္ဌာန် များကြောင့် အိုဇုန်းလွှာ ပြန်ကောင်းလာခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။

ထိုသုတေသန စာတမ်းအား ကမ္ဘာ့ မိုးလေဝသ အဖွဲ့ WMOနှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP မှ သုတေသီများက ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

“အိုဇုန်းလွှာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လုပ်ဆောင်ချက်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အောင်မြင် မှု ဖြစ်စဉ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဥတုရာသီ ပြောင်းလဲလာမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုမိုကြီးမားတဲ့ စိန်ခေါ်ချက်တွေနဲ့ပတ်သက်ပြီး အလားတူ အရေးတကြီးနဲ့ စည်းစည်းလုံးလုံး ကိုင်တွယ်ဆောင်ရွက်မှုမျိုး ပြသဖို့ ဒီအောင်မြင်မှုကနေ ကျွန်တော်တို့ စေ့ဆော်မှုတွေ ရယူသင့်ပါတယ်” ဟု WMO ညွှန်ကြားရေးမှူးချုပ် မိုက်ကယ်ဂျရတ်ဂ်က ဆိုသည်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ မှ ဒေါက်တာ ကန်ဂျက်စ် က “စက်မှုတော်လှန်ရေး မစခင်အချိန်က ရှိခဲ့တဲ့ ကမ္ဘာ့လေထု အခြေအနေမျိုး ပြန်ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့အတွက် လူသားတွေဟာ မှန်ကန်တဲ့အရာကို စပြီး လုပ်နေကြပါတယ်” ဟု ပြောပြခဲ့သည်။
Ref:BBC
by Mizzima News

၂၀၁၃ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်၂၀၀ ကျော် ပိတ်ခဲ့ရ

၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ရာနာပလာဇာပြိုကျပြီး လူ ၁၁၃၈ ဦး သေဆုံးခဲ့သည့် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပိတ်ပစ်ခဲ့ရသည့် အထည်ချုပ်စက်ရုံ ၂၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပြိုကျမှုဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်စည်းကမ်းပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလည်းမှု အများအပြား လုပ်ဆောင်ခဲ့သည်။



အထည်ချုပ်စက်ရုံများ ပိတ်ပစ်ရမှုကြောင့် လူပေါင်းသောင်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး နိုင်ငံ၏ ပို့ကုန်လုပ်ငန်းများ ကျဆင်းသွားသောကြောင့် အမေရိကန်ဒေါ် လာ ၂၄ ဒသမ ၅ ဘီလျံခန့် ရင်းနှီးမြှုပ်နှံ မှုရှိသည့် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

လူဦးရေ ၁၅၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အ၀တ်အထည်ထုတ်လုပ်တင်ပို့သူ လုပ်ငန်းရှင်များ အသင်း (BGMEA) တွင် အထည်ချုပ်စက်ရုံပေါင်း ၄၅၀၀ ခန့် ပါဝင်သည်။

BGMEA ၏ ဒုတိယဥက္ကဌ ရှာဟီဒူလာအာဇင်က “ကျွန်တော်တို့ ကောက်ယူထားတဲ့ စာရင်းတွေအရ ရာနာပလာဇာပြိုကျပြီးနောက်ပိုင်း အထည်ချုပ်စက်ရုံ ၂၁၈ ရုံပိတ်ပစ်ခဲ့ရပါတယ်။ အများစုဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်ပြီး တစ်ရုံကို ၀န်ထမ်း ၃၀၀ ကနေ ၈၀၀ အထိ ရှိပါ တယ်။ ပိတ်ပစ်ခဲ့တဲ့ စက်ရုံတွေ ထဲက ၂၁ ရုံဟာ အနောက်နိုင်ငံက လက်လီအရောင်းအုပ်စုကြီးနှစ်ခုက တောင်းဆိုလာလို့ ပိတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ စက်ရုံတွေကတော့ သူတို့ဘာသာသူတို့ ပိတ်ပစ်ခဲ့ရတာ ပါ” ဟု ပြောကြားသည်။
Ref:AFP
Mizzima

ဘတ်စ်ကားယာဉ်မောင်းများ အလုပ်ထုတ်ခံရသည့် အတွက် လက်ဝါးကပ်တိုင်တွင် လက်များကိုသံဖြင့် ရိုက်ကာ ဆန္ဒပြ

ပါရာဂွေးလူမျိုး ဘတ်စ်ကားယာဉ်မောင်း သုံးဦးသည်အလုပ်ထုတ်ခံရသည့် အတွက်ကြောင့် လက်ဝါးကပ်တိုင်တွင် လက်များကိုသံဖြင့် ရိုက်ကာ ဆန္ဒပြခဲ့ကြသည်ဟု စက်တင်ဘာလ ၁၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



၎င်းတို့အနက်မှ တစ်ဦးသည် ပါးစပ်ကိုလည်း ၀ါယာများဖြင့်ချုပ်ထားခဲ့ပြီး အလုပ်ပြန်လည်ရရှိရန် တောင်းဆိုခဲ့သည်။

ကုမ္ပဏီမှ ဘတ်စ်ကားလမ်းကြောင်းများကို ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းတို့ သုံးဦးကို အလုပ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘတ်စ်ကား vလမ်းကြောင်းကို အခြားကုမ္ပဏီများနှင့် ပြန်လည်ချိတ်ဆက်ပေးရန် ၎င်းတို့က အစိုးရကို တောင်းဆိုခဲ့သည်။

လွန်ခဲ့သည့်နှစ်ကလည်း ယာဉ်မောင်းများသည် အလားတူဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လက်ဝါးကပ်တိုင်တွင် လက်များကို သံဖြင့်စွဲရိုက်ခဲ့ကာ ဆန္ဒပြခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် အလုပ်အကိုင်များ ပြန်လည်ရရှိခဲ့သည်။

ယာဉ်မောင်းတစ်ဦးဖြစ်သူ အယ်လ်ဗီယို ကရစ်တယ်လ်ဒိုသည် လွန်ခဲ့သော ကိုးရက်ကစတင်၍ လက်ဝါးကပ်တိုင်တွင် လက်များကိုသံဖြင့်စွဲကာ ဆန္ဒပြခဲ့သည်။

"ကျွန်တော်ဝေဒနာကို ကြိတ်မှတ်ခံစားနေပေမယ့်လည်း၊ အရမ်းနာကျင်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်သူ အီလီဂျီယို မာတီနက်ဇ်နှင့် ကလယ်လ်မန်တေး လိုဗီယာတို့က နောက်ပိုင်းတွင် ၎င်းနှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြခဲ့သည်။
Ref:BBC
Mizzima

Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်း




Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်းထားပါတယ်။

ပရိသတ်တွေအထင်လွဲမှာဆိုးလို့ ရှင်းပြပါ ရစေရှင်....Patricia ဘက်က camp သွင်းထားတဲ့ နေ့ ရက်တွေမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်..ပရိသတ်တွေ Voting လုပ်ဖို့ photo shoot ရိုက်ကူးတဲ့နေ့ မှာ တောင်အဖျား တွေအရမ်းတက်ပြီး ဘယ်လိုမှ နေလို့ မရတော့တဲ့ အခြေအနေမှာတောင်အားမွေးပြီးသေသေချာချာဓာတ် ပုံရော၊ဗွီဒီယိုပါရိုက်ကူးပေးခဲ့ပါတယ်...

အခု Miss Myanmar World page ကတင်ထားတဲ့ status က Patricia ကိုပြိုင်ပွဲတစ်လျှောက် အားပေးနေတဲ့ပ ရိသတ်တွေနဲ့ Patricia ကြားမှာအထင်လွဲစေပါတယ်...Patricia ဟာဒီပြိုင်ပွဲကိုမပြိုင်ခင် ကတည်းကပရိသတ်ရဲ့ အားပေးမှုနဲ့ အနုပညာလုပ်ငန်း တွေကိုကျောင်းတစ်ဖက်နဲ့ ကြိုးစားလုပ် ဆောင်နေသူပါ...

အခုလည်းပဲပြိုင်ပွဲတစ်ဖက် နဲ့ ကြေငြာတွေ music video တွေနဲ့ တခြား မဂ္ဂဇင်းတွေလည်းမပျက်ကွက်ရိုက် ကူးနေရပါ တယ်.နားရက်ပေးရင်လည်းတခြားပြိုင်ပွဲဝင် အမတွေအနားယူနေရတဲ့အချိန်မှာ Patricia ကအ လုပ်တွေဆက်တိုက်လုပ်ရပါတယ်.. Camp ကနေပြန်တဲ့အချိန်ဟာဘယ်လောက် ပဲမိုးချုပ်နေပါစေ..Patricia မှာအိမ်ကို တည့်တည့်မတ်မတ်မပြန်ရပဲ Shooting တွေနေ့ တိုင်းရိုက်ရပါတယ်...

အခုဆိုရင် ကျောင်းလည်းဆက်မတက်ရပဲပြိုင်ပွဲနဲ့  အနုပညာလုပ်ငန်းတွေကိုလုပ်နေရပါတယ်... Patricia ကိုယ်တိုင်အထက်ကလူကြီးကိုတင် ပြပြီးဘယ်နေ့ဘယ်ရက်မှာကြေငြာရိုက်ဖို့ ခွင့် ရက်ရမလဲဆိုတာသေချာ ခွင့်တောင်းပြီးမှသာ လျှင်ကြေငြာတွေကိုလက်ခံရိုက်ကူးရတာပါ ရှင်.အထက်ကလူကြီးက(၉)ရက်နဲ့ (၁၀)ရက် ၂ရက်ခွင့်ပေးပါတယ်..အထက်ကခွင့်ပြုတဲ့ ရက်ကိုသာ Patricia တို့ ကအလုပ်လုပ်ခွင့် ရှိတာပါရှင်.. Miss Myanmar World အထက်ကလူကြီးကခွင့်မပေးပဲ Patricia ဘက်ကကြေငြာတွေလက်ခံလို့ မရပါ..

ဘယ်အလုပ်မဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်နေ့ ရက်မျိုးကိုကြိုတင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်ရတာပါ. Patricia မနေ့ က training ဆင်းတဲ့နေ့ မှာပျက်ကွက်တာ မဟုတ်ပါ.Miss Myanmar World ကဒိုင်လူကြီးတစ် ဦးရဲ့ခွင့်ပေးတဲ့ရက် မှသာကြေငြာရိုက်တာပါ.. ပြီးကျတော့ Patricia ကြေငြာရိုက်နေတဲ့အချိန်မှာ Patricia ကို "ဒီနေ့ ဘာကြောင့်မလာတာလဲ" ဆိုပြီး ဂယက်တွေရိုက်ပါတယ်. Patricia မနေ့ က ရိုက်ကူးနေတဲ့ကြေငြာ မှာလည်း professional တွေ အားလုံးနဲ့ အလုပ်လုပ် နေရတာပါ..Patricia စိတ်တွေအရမ်းညစ် လာပြီးအာရုံ
နောက်လို့ ဆက်မပြိုင်ဖြစ်တော့ကြောင်းအသိပေးခဲ့တာပါ..

Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့စကားကို လုံးဝလက်မခံနိုင်ပါ..ဒီပြိုင်ပွဲဆိုတာလည်း Patricia ရဲ့ ပရိသတ်တွေရဲ့ အားပေးတိုက် တွန်းမှုကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာပါ..ပြိုင်ပွဲ တစ်လျှောက် Patricia ကိုအားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးလည်းတင် တယ်..အခုလိုတွေဖြစ်ရတော့အားလည်း အရမ်းနာတယ်....Patricia နဲ့ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ပြိုင်ပွဲကိုမပြိုင်ဖြစ် တော့ပေမယ့်အားပေးနေ တဲ့ပရိသတ်တွေအတွက် Patricia ဝါသနာပါတဲ့အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင် သွား ပြီးကြိုးစားသွားမှာပါရှင်....