မွေးဖွားပြီး (၃၁) နာရီ၊ (၄၆) မိနစ် အကြာမှာ ကလေးငယ်ကို ရေကူးကန် ထဲမှာ ရေချိုးမှု ပြုလုပ်



အင်္ဂလန်နိုင်ငံသား၊ ဖီးနစ်ချာလီဟာ သူ့ရဲ့သားငယ်ကို မွေးဖွားပြီး မကြာမီမှာပဲ ထူးခြားတဲ့ အပြုအမူ တစ်ခုကို ပြုလုပ် သွားခဲ့ပါတယ်။ ဖီးနစ် ချာလီဟာ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ရေကူး သင်တန်းကျောင်းတွေမှာ နည်းပြဆရာ အဖြစ် လုပ်ကိုင်နေ သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သားငယ်ကို မွေးခါစမှာ ရေကူးကန်ထဲမှာ ရေချိုးစေဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါကြောင့် သားငယ် ဖြစ်သူ မွေးဖွားပြီး (၃၁) နာရီ၊ (၄၆) မိနစ် အကြာမှာ ရေကူးကန် ထဲမှာ သူနဲ့အတူ ရေဆင်းချိုးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အသက်ငယ်ဆုံး ရေကူးကန်ထဲမှာ ရေချိုးခဲ့တဲ့ ကလေးငယ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဖီးနစ်ချာလီရဲ့ကလေးငယ် ဖြစ်သူဟာ (၈) ပေါင်နဲ့ (၅) အောင်စရှိပါတယ်။ ဒီကလေးငယ်ကို ပလိုင်းမောက်မြို့ရှိ ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဖီးနစ်ချာလီဟာ မွေးဖွားစ ကလေးငယ်ကို ရေကူးကန်ထဲ ခေါ်ဆောင်သွားခဲ့လို့ အချို့သူတွေက ဝေဖန်ခဲ့ကြပါတယ်။ မွေးကင်းစ ကလေးငယ် တစ်ဦးကို ရေကူးကန် ထဲကို မခေါ်သွား သင့်ကြောင်း၊ ရေကူးကန်ထဲမှာ ပိုးမွှားတွေကို သေစေဖို့ ဓာတု ပစ္စည်းတွေ ထည့်သွင်းထားသဖြင့် အန္တရာယ် များကြောင်း ထောက်ပြ ပြောဆိုခဲ့ကြ ပါတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်မှာ ရက်သတ္တပတ် တစ်ပတ်လျှင် ကလေးငယ်ပေါင်း (၄၁၀၀၀) ကျော်ဟာ ရေကူး သင်တန်းတွေမှာ တက်ရောက်လျက် ရှိပါတယ်။ ကလေးငယ်တွေကို ရေချိုးပေးခြင်း၊ ရေကူးစေခြင်း စတဲ့ အပြုအမူတွေကို ပြုလုပ်စေခြင်းဟာ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ သိရှိရပါတယ်။ ဖီးနစ်ချာလီဟာ သူ့ရဲ့ပထမဆုံး ကလေးငယ်ဖြစ်တဲ့ သမီးလေးကိုလည်း မွေးပြီး (၁၉) လအရွယ်မှာ ရေကူးကန်ထဲမှာ ရေကူးမှု ပြုလုပ်စေခဲ့ပါတယ်။ ကလေးငယ်တွေဟာ ရေကူးခြင်းကြောင့် ထူးခြားတဲ့ အတွေ့အကြုံ တွေကို ခံစားရ ရှိစေပြီး ကျန်းမာရေး အရများစွာ အထောက်အကူ ဖြစ်စေကြောင်း ဖီးနစ်ချာလီက ယူဆခဲ့တာမို့ အခုလိုမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Messenger

လည်စည်းဝတ်ဆင်မှုပြဿနာ ဂျပန်လွှတ်တော်အမတ်များ အငြင်းပွား


အနီရောင်လည်စည်းပ၀ါဝတ်ဆင်၍လွှတ်တော်
အစည်းအဝေးတက်ရောက်လာသည့် အမျိုးသမီးဝန်ကြီး
တစ်ဦးကြောင့် ဂျပန်အထက်လွှတ်တော်၌ ၀တ်စားဆင်
ယင်မှုဆိုင်ရာစည်းမျဉ်းများနှင့်ပတ်သက်၍ အချေအတင်
ငြင်းခုံမှုများ ပေါ်ပေါက်ခဲ့ရကြောင်း အောက်တိုဘာ
၃ ရက်သတင်းများတွင် ဖော်ပြထားသည်။

ဂျပန်တရားရေးဝန်ကြီး မီဒိုရီမတ်စုရှီမားသည်
အောက်တိုဘာ ၁ ရက်တွင်ကျင်းပသော အထက်လွှတ်
တော်အစည်းအဝေးသို့ အနီရောင်လည်စည်း ပ၀ါဝတ်
ဆင်၍ တက်ရောက်ခဲ့ရာအတိုက်အခံလွှတ်တော်အမတ်
များ၏ ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဂျပန်အထက်လွှတ်တော်၌ ဆယ်စုနှစ်ပေါင်းများ
စွာ ကျင့်သုံးခဲ့သော ၀တ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်း
များအရ အစည်းအဝေးခန်းမဆောင်များ၊ ကော်မတီ
ရုံးခန်းများတွင် ဦးထုပ်၊ ကုတ်အင်္ကျီနှင့် ပ၀ါခြုံထည်များ
ဝတ်ဆင်ခွင့်မရှိပေ။

သို့ရာတွင် မိမိအနေဖြင့် လွှတ်တော်စည်းမျဉ်း
များကို ချိုးဖောက်မှုမရှိခဲ့ကြောင်း၊ လည်စည်းပ၀ါ
ဟူသည်မှာ သာမန်အမျိုးသမီးတစ်ဦးအတွက် သာမန်
ဖက်ရှင်မျိုးသာဖြစ်ကြောင်း ဂျပန်တရားရေးဝန်ကြီး
မတ်စုရှီမားက သတင်းထောက်များအား ပြောကြားခဲ့
သည်။

လည်စည်းပ၀ါဝတ်ဆင်မှုနှင့်ပတ်သက်၍ အချေ
အတင်ငြင်းခုံမှုများ ပြင်းထန်ခဲ့ခြင်းကြောင့် ဂျပန်အထက်
လွှတ်တော်အမတ်များသည် အောက်တိုဘာ ၂ ရက်
တွင် မိနစ် ၂၀မျှ အချိန်ယူ၍ လည်စည်းပ၀ါဟူသော
ဝေါဟာရ၏အဓိပ္ပာယ်ကို ဆွေးနွေးခဲ့ကြောင်း သတင်းများ
တွင် ဖော်ပြသည်။ 

အေအက်ဖ်ပီ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူးသည့်နွားအား အရှိန်မထိန်းနိုင်သည့်ယာဉ်မှ ၀င်ရောက်တိုက်မိ၍ သေဆုံး၊ ဒဏ်ရာရ


၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၉/၇)တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မဟာအောင်မြေမြို့နယ်၊ မျက်ပါးရပ်နေ ထွန်းမင်းလွင်(၄၀)နှစ် မောင်းနှင်လာသည့် ၆ဃ/xxxx ဟိုင်းလပ်ဆပ်ခဲရောင်ယာဉ်မှာ အရှေ့မှ အနောက်သို့ ယာတောသွားရန် ပျော်ဘွယ်မြို့နယ်၊ စည်းခုံကျေးရွာနေ ၀င်းဦး(၄၈)နှစ်ထိန်းကျောင်း မောင်းနှင်ပြီး လမ်းဖြတ်ကူးသွားနေသောနွားအုပ်မှ ကျန်နေသည့်နွား(၁)ကောင်ကို အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိ၍ လမ်းလယ်ကျွန်းအားကျော်ကာ တစ်ဖက်ယာဉ်ကြောတွင် လမ်းပြောင်းပြန်ရပ်တန့် သွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မြို့နယ်၊ သဲအင်းဂူ၊ အောင်ပန်းရွာတောရကျောင်းနေ ဦးဥုက္ခရ(၆၀)နှစ်၊ ၀ါတော်(၇)၀ါ၊ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်နေ ဒေါ်မြမြ(၈၃)နှစ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မလိခ အိမ်ယာနေ ဒေါ်ဖွားစိန်(၈၁)နှစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်နေ ဦးလှထွန်းအောင်(၅၄)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တောညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ဆရာတော် ဦးဥုက္ခရမှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံ၌ပျံလွန်တော်မူသွားခဲ့ကြောင်းနှင့် ယာဉ်မောင်း ထွန်းမင်းလွင်အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့်လည်းကောင်း၊ ၀င်းဦးအား ပေပင်လေးအမြန်လမ်းရဲစခန်း၊ ရဲအရေးမပိုင်မှုအမှတ်စဉ် (၁၆၀/၂၀၁၄)၊ လမ်းမကြီးများဥပဒေပုဒ်မ ၉(ခ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

IS အဖွဲ့က ဗြိတိန် ဓားစာခံကို ခေါင်းဖြတ်သတ်ခဲ့ခြင်းမှာ သတင်းမှန်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အတည်ပြုလိုက်ပြီ

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသား ဓားစာခံ တစ်ဦးကို ခေါင်းဖြတ် သတ်လိုက်ခြင်းမှာ အစစ်အမှန်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အတည်ပြုခဲ့သည်။

အလွန်ရက်စက် ကြမ်းကြုတ်သည့် သတ်ဖြတ်မှုကို IS အဖွဲ့က ကျူးလွန်ခဲ့ခြင်းမှာ သတင်းမှန်ဖြစ်ကြောင်း ကင်မရွန်းက ဆိုသည်။ “အလန်ဟန်းနင်းကို ISIL အဖွဲ့က သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ ဒီအကြမ်းဖက်သမားတွေ ဘယ်လောက် ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်”ဟု ကင်မရွန်းက ပြောကြားခဲ့သည်။ ကင်မရွန်းသည် IS ဆိုသော အမည်အစား အဖွဲ့၏ ယခင်အမည်ဟောင်း ISILကိုသာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်း ညွှန်းဆိုသွားသည်။

အောက်တိုဘာ (၃)ရက်တွင် IS စစ်သွေးကြွ အဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် ဗြိတိန်နိုင်ငံသား ဟန်းနင်းကို ခေါင်းဖြတ်နေသည့် ဗီဒီယိုကို လွှင့်တင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် သဲကန္တာရ နောက်ခံတစ်နေရာတွင် ရိုက်ကူးထားပြီး မျက်နှာဖုံး စွပ်ထားသည့် IS အဖွဲ့သား တစ်ဦးက ဒူးထောက်လျက်သား ရှိနေသည့် ဟန်းနင်း၏ နံဘေးတွင် ဓားတယမ်းယမ်းနှင့် စကားပြောဆိုနေပြီးမှ ၎င်းကို ခေါင်းဖြတ် ကွပ်မျက်သည်ကို မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။

အသက်(၄၇)နှစ်ရှိ ဟန်းနင်းသည် မန်ချက်စတာမြို့မှဖြစ်ပြီး ဆီးရီးယားရှိ မွတ်ဆလင် ထောက်ပံ့ရေး အသင်းအဖွဲ့ တစ်ခုဖြစ်သည့် Aid4Syria အတွက် စေတနာ့ဝန်ထမ်းအဖြစ် ကားမောင်းပေးနေသူ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် (၁၀)လခန့်က ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။ IS ၏ ရက်စက်သော လူသတ်မှုကို ဗြိတိန်၏ အကြီးမားဆုံး အစ္စလာမ်မစ် အဖွဲ့အစည်းဖြစ်သည့် ဗြိတိန်မွတ်ဆလင် ကောင်စီကလည်း ရှုတ်ချကြောင်း ကြေညာသည်။

ကောင်စီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ရှူဂျာရှာဖီက “ဟန်းနင်းဟာ မွတ်ဆလင်တွေရဲ့ မိတ်ဆွေ တစ်ယောက်ပါ။ သူသေဆုံးခြင်းဟာ မွတ်ဆလင်တွေအတွက် ဝမ်းနည်း ကြေကွဲစရာ ဖြစ်ပါလိမ့်မယ်။ သူ့ကို သတ်ဖြတ်သူတွေဟာ အစ္စလာမ် ဘာသာရေးရဲ့ အနှစ်သာရကို လုံးဝဥဿုံ ဆန့်ကျင်သူတွေသာ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။
_Ref: Channelnewsasia
7 Day

လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား



အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com
Trend Myanmar

CES 2015 ပြပွဲတွင် ပြသနိုင်ရန်အတွက် ASUS မှ မျက်နှာပြင် ၅.၅ လက်မ ရှိသည့် Zenfone စမက်ဖုန်းကို ထုတ်လုပ်ဖွယ်ရှိ


DigiTimes ရဲ့ အဆိုအရ Asus ဟာ CES 2015 ပြပွဲအမီ ပြသနိုင်ရန်အတွက် မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိသည့် Zenfone လို့အမည်ပေးထားသည့် စမက်ဖုန်းသစ်ကို ထုတ်လုပ်သွားဖွယ် ရှိနေပါတယ်။ 

ယခုနှစ်အတွင်းမှာပဲ Zenfone 4, Zenfone 5 နှင့် Zenfone 6 တို့ကို ဆက်တိုက် ဆိုသလို ထုတ်လုပ်ခဲ့ပြီး အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ တဲ့ အတွက် 
တဲ့ အတွက် ယခု ၅.၅ လက်မမျက်နှာပြင်ကို ဆက်လက်ထုတ် လုပ်ခြင်း ဖြစ်နိုင်ပါတယ်။ လက်ခံနိုင်လောက်တဲ့ အနေအထားအရ Zenfone အမျိုးအစား ၃ မျိုးကို ဆက်တိုက်ထုတ်လုပ်ခဲ့ပြီး ယခုနှစ်အတွင်း Zenfone စမက်ဖုန်းပေါင်း ၇ သန်း နှင့် ၈ သန်းကြား ထုတ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ 

ထိုင်ဝမ်နိုင်ငံအခြေစိုက် Asus ကုမ္ပဏီဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို LTE အခြေပြုစနစ်တွေအဖြစ် ထုတ်လုပ်မှာဖြစ်ပြီး အဆိုပါစမက်ဖုန်းတွေကို အမေရိက နှင့် တရုတ်နိုင်ငံလို ဈေးကွက်မျိုးကို တင်သွင်းမှာဖြစ်ပါတယ်။ Asus ကုမ္ပဏီ အနေနဲ့ကတော့ လာမည့် ၂၀၁၅ ခုနှစ်အတွက် စမက်ဖုန်းအလုံးရေ ၁၆ သန်းကျော် ထုတ်လုပ်ဖို့အတွက် လျာထားတယ်လို့ ဆိုပါတယ်။

Ref : GSMARENA
YangonMediaGroup

တောင်တက်သမားနှစ်ဦးရှာဖွေမှု ခေတ္တရပ်ဆိုင်းပျောက်ဆုံးရဟတ်ယာဉ် ရှာဖွေမှု ထူးခြားမှုမရှိသေးဟုဆို


တောင်တက်သမားနှစ်ဦးရှာဖွေမှု ခေတ္တရပ်ဆိုင်းပျောက်ဆုံးရဟတ်ယာဉ်
ရှာဖွေမှု ထူးခြားမှုမရှိသေး

ဆီးနှင်းကျဆင်းမှုများလာသည့်အတွက် ပျောက်ဆုံးတောင်တက်သမားနှစ်ဦး
အားရှာဖွေမှုကိုခေတ္တရပ်ဆိုင်းထားကြောင်းနှင့်ပျောက်ဆုံးရဟတ်ယာဉ်ရှာဖွေ
မှုမှာလည်းထူးခြားမှုတစ်စုံတစ်ရာမရှိသေးကြောင်းထူးဖောင်ဒေးရှင်းထောက်
ပံ့ရေးအဖွဲ့၏ ရန်ကုန်တာဝန်ခံကိုဖြိုးကိုကိုသက်က အောက်တိုဘာ ၃ ရက်၌ 
အတည်ပြု ပြောဆိုသည်။

"အပြီးရပ်ဆိုင်းတာတော့မဟုတ်သေးပါဘူး။ဆီးနှင်းတွေစတင်ကျနေပြီဖြစ်လို့ 
ရှာဖွေရခက်ခဲလာတယ်။ ဒါကြောင့် လိုအပ်တဲ့ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ
ကို ပို့ဆောင်ပေးနေပါတယ်"ဟု၎င်းကပြောဆိုခဲ့သည်။ရဟတ်ယာဉ်ရှာဖွေမှုတွင် 
တပ်မတော်(လေ)နှင့် ထူးဖောင်ဒေးရှင်း၏ ကိုယ်ပိုင်ရဟတ်ယာဉ်နှစ်စင်းဖြင့်ရှာ
ဖွေလျက်ရှိသော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိသေးကြောင်းသိရသည်။

ကယ်ဆယ်ရေးအတွက် လိုအပ်ပါက ယခုလက်ရှိ ကယ်ဆယ်နေသည့်အဖွဲ့များ
အပြင် အခြားနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များကိုလည်းဆက်သွယ်ထားသည်
ဟုဆက်လက်ပြောဆိုခဲ့သည်။လက်ရှိတွင်ဂျပန်နိုင်ငံမှခါကာဘိုရာဇီတောင်တက်
ရန် ရောက်ရှိနေသည့်တောင်တက်အဖွဲ့မှာတဟွမ်ဒမ်းကျေးရွာသို့အောက်တိုဘာ 
၎ ရက် (ယနေ့) တွင်ရောက်ရှိမည်ဖြစ်သည်။ ယင်းအဖွဲ့သည် မြေပြင်ကယ်ဆယ်
ရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။
စံတော်ချိန်

ကမ္ဘာ့ အကြီးဆုံး မော်တော်ဆိုင်ကယ်ကြီး

မော်တော်ဆိုင်ကယ် တစ်စီးဟာ ကားတစ်စီးလောက် ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒီမော်တော် ဆိုင်ကယ်ရဲ့အရှည်က (၁၇) ပေ၊ (၄) လက်မ အထိ ရှိပြီး အမြင့် ကတော့ (၇)ပေ၊ (၆) လက်မ အထိ ရှိပါတယ်။ ဒီမော်တော်ဆိုင်ကယ်ကို ဂျာမနီနိုင်ငံ၊ ဇီလီမြို့မှာ နေထိုင်တဲ့ တယ်လိုနဲ့ ၀င်းဖရေး တို့က ဖန်တီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး မော်တော်ဆိုင်ကယ်ကို တည်ဆောက်ရာမှာ တစ်နှစ်နီးပါး အချိန်ယူခဲ့ရ ပါတယ်။

မော်တော်ဆိုင်ကယ် တည်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အချိန်ယူ ရှာဖွေ ခဲ့ရပါတယ်။ မော်တော်ဆိုင်ကယ်မှာ ရုရှားတင့်ကား အင်ဂျင် ကို တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ကိုယ်ထည် ကိုလည်း ကျည်မတိုးနိုင်တဲ့ တင့်ကားဘော်ဒီနဲ့ တည်ဆောက်ထားတာမို့ မော်တော် ဆိုင်ကယ်ရဲ့ အလေးချိန် ဟာ (၁ ဒသမ ၈) တန် အထိ ရှိတယ်လို့ သိရပါတယ်။ မော်တော်ဆိုင်ကယ် ဖန်တီးရှင် တယ်လိုက မိမိတို့ မော်တော်ဆိုင်ကယ်မှာ တပ်ဆင် ထားတဲ့ သတ္တုပစ္စည်း တွေထက် ပိုမိုလေးတဲ့အရာ မရှိတော့ကြောင်း ပြောကြားသွားခဲ့ ပါတယ်။ ဒါပေမဲ့ မော်တော်ဆိုင်ကယ် သွားလာနိုင်တဲ့ အမြန်နှုန်းကို ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိလို့ ဝေဖန် ထောက်ပြစရာ ဖြစ်နေပါတယ်။ မော်တော်ဆိုင်ကယ် တည်ဆောက်ထားပုံ ကလည်း အန္တရာယ်များစေနိုင်တယ်လို့ သုံးသပ် ထားပါတယ်။

Messenger

မြဝတီ၌ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မြဝတီ မြို့နယ်၊ နယ်မြေအေးချမ်းရေးအ တွက် အောက်တိုဘာ ၂ရက်နေ့က နယ်မြေခံတပ်ရင်းမှူး ဦးစီးသည့် အ ဖွဲ့၊ အမှတ်(၁ဝ၁၇) နယ်ခြား စောင့်တပ် တပ်ရင်းမှူးဦးစီးသည့် အဖွဲ့၊ စရဖ၊ မူးယစ်အဖွဲ့မှ ဒုရဲမှူး ဝင်းနိုင်၊ မြဝတီမူးယစ်အဖွဲ့မှ ရဲမှူး အောင်စည်ဦးစီးအဖွဲ့၊ မြဝတီရဲမှ နယ် ထိန်းခေါင်းဆောင် ဒုရဲအုပ် မြတ်စိုး လင်းနှင့်အဖွဲ့၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောအယ်ဝါးအဖွဲ့ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြေနီ ကုန်းတိုးချဲ့ရပ်ကွက်ရှိ မသင်္ကာဖွယ်ရာ နေအိမ်များ ဝင်ရောက်ရှာဖွေရာ မွန်း လွဲ ၁နာရီ မိနစ်၃ဝခန့်တွင် မျိုးမင်း နေအိမ်အား ဝင်ရောက်ရှာဖွေရာ လူ၊ ပန်းသီးတံဆိပ် မူးယစ်ဆေးဝါးအပြား ၁၈၇၇ပြားနှင့် လက်နက်ခဲယမ်းများ၊ ကွန်မန်ဒိုနှင့် DKBA အမှတ်တံဆိပ်ပါ လေးထောင့် လက်မောင်းတံဆိပ်များ၊ ရခိုင်တပ်မတော်အမှတ်တံဆိပ်ပါ ဒိုင်းပုံလက်မောင်းတံဆိပ်များ၊ Arakan Army အမှတ်တံဆိပ်ပါ လေးထောင့် လက်မောင်းတံဆိပ်များ၊ Federal Union Army(FUA) အမှတ်တံဆိပ် ပါ လေးထောင့်လက်မောင်းတံဆိပ် နှင့် ရင်ဘတ်တံဆိပ်များသိမ်းဆည်း ခဲ့ပြီး ပူးပေါင်းအဖွဲ့သည် မြေနီကုန်း တိုးချဲ့ရပ်မှ မြဝတီမြို့တွင်းသို့ ပြန်လည် ထွက်ခွာလာရာ အာရှလမ်းဆုံအနီး မသင်္ကာသည့် ဟာရီယာအဖြူရောင် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၉မမပစ္စတိုပြောင်းရှည်တစ်လက်၊ ¤င်းကျည်နှစ်တောင့်၊ ¤င်းကျည် ကက်တစ်ခု ဖမ်းဆီးရမိသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့ သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီးဘုန်းကြီး ကျောင်း အနီး ဝင်းဇော်လင်း နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ၄င်း ထံမှ လက်ပစ်ဗုံးခြောက်လုံး တွေ့ရှိ သိမ်းဆည်းရခဲ့ပြီး ¤င်းနှင့်ပတ်သက် ၍ ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Yangon Media Group

ယူကရိန်း အရှေ့ပိုင်း ဒိုးနက်စ်ခ် လေဆိပ်ကို သိမ်းယူနိုင်ရေးအတွက် စစ်တပ်နှင့် သူပုန်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေ

ဒိုနတ်မြို့ရှိ လေဆိပ်အနီးတွင် တွေ့ရသော ယူကရိန်းတပ်ဖွဲ့ဝင်များ


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဒိုးနက်စ်ခ် နိုင်ငံတကာ လေဆိပ်ကို သိမ်းယူရေး ကြိုးပမ်းနေသည့် သူပုန်တပ်များနှင့် ယူကရိန်း အစိုးရ တပ်ဖွဲ့များကြား တိုက်ပွဲများ အရှိန်မြင့်လာနေကြောင်း သိရသည်။

ရုရှား လိုလားသည့် သူပုန်တပ်ဖွဲ့များက မဟာဗျူဟာအရ အလွန်အချက်အခြာကျသည့် လေဆိပ်ကို သိမ်းပိုက်နိုင်ရန် အားထုတ်လာပြီး စစ်တပ်ကလည်း အပြင်းအထန် တုံ့ပြန်သောကြောင့် လေဆိပ် အနီးတဝိုက်တွင် အမြောက်သံ၊ သေနတ်သံများ ဆူညံနေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ လေဆိပ်၏ အစိတ်အပိုင်း အတော်များများသည်လည်း နှစ်ဖက် တိုက်ခိုက်မှုများကြား ပျက်စီးယိုယွင်းလျက် ရှိသည်။

အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သူပုန်တပ်ဖွဲ့များသည် လေဆိပ်၏ ဥမင်တစ်ခုထဲထိ ထိုးဖောက် ဝင်ရောက်လာနိုင်သော်လည်း နောက်ပိုင်းတွင် စစ်တပ်က ပြန်လည် တွန်းလှန်နိုင်ခဲ့ကြောင်း ဆိုသည်။ ထိုအချိန်တွင် သူပုန်တပ်များက လေဆိပ်ကို မိမိတို့ စီးနင်း သိမ်းပိုက်ထားကြောင်း ကြေညာလျက် ရှိသည်။

ယူကရိန်း အစိုးရနှင့် သူပုန်တို့ကြား စက်တင်ဘာ (၅)ရက် ချုပ်ဆိုထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသည် ယခုအခါ လုံးဝနီးပါး ပျက်ပြယ်သွားသည့် သဘောလည်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကို ဖုန်းဖြင့်ဆက်သွယ်ကာ ယူကရိန်း အရှေ့ပိုင်းရှိ ပဋိပက္ခများတွင် ရုရှား၏ ပါဝင်ဆက်နွယ်မှု အခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားအနေနဲ့ သူပုန်တပ်တွေအပေါ် ဩဇာလွှမ်းမိုးမှုကို အသုံးချပြီး လက်ရှိ တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်အောင် ဆောင်ရွက်သင့်ပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ယန်ဆာကီက ဆိုသည်။ လတ်တလောတွင် ဒိုးနက်စ်ခ် လေဆိပ်၏ အခြေအနေကို အတိအကျ သိရှိရန် ခက်ခဲနေသော်လည်း ဒိုးနက်စ်ခ် ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် ကြေညာထားသည့် သူပုန်တပ်များက မိမိတို့သည် လေဆိပ် တစ်ခုလုံးကို သိမ်းယူထားပြီဟု ကြေညာထားသည်။

အစောပိုင်းကမူ လေဆိပ်အနီးရှိ မျက်မြင်များ၏ အဆိုကို ကိုးကားပြီး တိုက်ပွဲများ ဖြစ်ပွားရာ၌ သူပုန်တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ မျက်မြင် တစ်ဦးကမူ လေဆိပ်ဥမင် တစ်ခုသို့ မောင်းနှင်သွားသည့် သူပုန်တင့်ကား (၃)စီးကို တွေ့မြင်ကြောင်းနှင့် စနိုက်ပါ သေနတ်ဖြင့် ပစ်ခတ်သံများကိုလည်း ကြိုကြားကြိုကြား ကြားနေရကြောင်း ပြောကြားခဲ့သည်။

_Ref: BBC

ဧရာဝတီကို ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်နေမှု CPJ အပြင်းအထန်ရှုံချ

မြန်မာသတင်းတွေနဲ့ သတင်း သုံးသပ်ချက်တွေ အစဉ်တင်ပြနေတဲ့ လွတ်လပ်တဲ့ မီဒီယာအုပ်စုတခု 
ဖြစ်သော ဧရာဝတီ ( The Irrawaddy ) အား ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများ လုပ်နေတဲ့ အပေါ် နိုင်ငံ တကာ သတင်းသမားများ ကာကွယ်ပေးရေး ကော်မတီ The Committee of Protect Journalists –CPJ က အပြင်းအထန် ရှုံချတဲ့ ကြေညာချက် အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်ပါ တယ်။ 



ကြာသပတေးနေ့က "Blink Hacker Group" လို့ သူတို့ကိုယ် သူတို့ ခေါ်တဲ့ ဟက်ကာတွေဟာ ဧရာဝတီ သတင်းဌာနက ဂျီဟတ်နဲ့ အစွန်းရောက် မွတ်စလင်တွေကို အားပေးတယ်ဆိုပြီး စွပ်စွဲကာ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာကို တိုက်ခိုက်ခဲ့တာပါ။ 

CPJ ရဲ့ သတင်းထုတ်ပြန်မှု အပြည့်အစုံကို ပြန်လည်း ဖော်ပြပေးလိုက်ပါတယ်။ 

The Committee to Protect Journalists strongly condemns recent threats and cyberattacks against The Irrawaddy, an independent media group dedicated to Burma news and analysis. 

On Thursday, hackers referring to themselves as the "Blink Hacker Group" replaced the home page of The Irrawaddy's English-language website with a message accusing it of supporting "jihad & radical Muslims", according to local and international news reports. The message also criticized The Irrawaddy's "so called freedom of speech" and justified their actions by "so called freedom of Internet hacking." 

The cyberattack disabled the website for approximately four hours, according to an Irrawaddy technical staff member who communicated with CPJ by email. 

On Friday, The Irrawaddy's website was shut down for over an hour by a separate denial of service (DOS) attack, according to Win Thu, an Irrawaddy staff member. 

Journalists and news outlets in Burma, particularly those that have reported on conflict, have come under frequent cyberattack in the past couple of years, and some editors suspect military involvement, according to CPJ research. 

The government has consistently denied responsibility for the attacks. 

"There are strong suspicions that military authorities may be behind the threats and attacks on The Irrawaddy," said Shawn Crispin, CPJ's Southeast Asia representative. 

"President Thein Sein should oversee a truly independent probe to ascertain whether that is the case and punish under applicable law any officials found to be complicit.

" Editor-in-Chief Aung Zaw told CPJ the first cyberattack was likely motivated by The Irrawaddy's coverage of Burmese Buddhist monk U Wirathu's recent trip to Sri Lanka, where the controversial ascetic entered an agreement with a radical Buddhist organization based there to "protect and defend threatened Buddhists the world over facing a serious threat today from jihadist groups.

" Burma's Muslim minority groups, including the persecuted Rohingya group, have in recent years been targeted by extremist groups led by fringe elements of the Buddhist clergy. 

In recent opinion and analysis stories, The Irrawaddy has raised questions about whether the extremist groups, including U Wirathu's 969 movement, receive tacit support from the military. 

On September 29, an anonymous caller threatened to "burn down and bomb" The Irrawaddy's Rangoon-based bureau over their news coverage of the U Wirathu visit, according to Win Thu and news reports. 

The story's reporter, Thalun Zaung Htet, also received a number of pseudonymous death threats on The Irrawaddy's Facebook page, Win Thu told CPJ. 

The first cyberattack came one day after the announcement that Aung Zaw is among this year's four recipients of CPJ's International Press Freedom Award. 

The announcement noted that The Irrawaddy's website has frequently come under cyberattack during critical news junctures, including during the previous military government's lethal suppression of the 2007 Buddhist monk-led Saffron Revolution. 

ဧရာဝတီ

Apple ကုမ္ပဏီမှ ထုတ်ကုန်အသစ်ဖြစ်သည့် iPad များကို အောက်တိုဘာ ၂၁ ရက်နေ့တွင် မိတ်ဆက်ပြသမည်


Apple ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့်လက iPhone 6 နှင့် iPhone 6 Plus တို့ကို မိတ်ဆက်ပြသခဲ့ပြီးနောက် ယခုတစ်ခါ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကုမ္ပဏီ၏ ထုတ်ကုန်အသစ်များဖြစ်သည့် iPad အသစ် နှင့် Mac ကွန်ပျူတာများ အတွက် OS အသစ်ဖြစ်လာမည့် OS X Yasemite ကို မိတ်ဆက်ပြသဖွယ် ရှိနေပါတယ်။ 

အထူးသဖြင့် Apple ဟာ မျိုးဆက် ခြောက်ခုမြောက်ဖြစ်လာမည့် iPad အသစ်ကို မိတ်ဆက်ဖွယ်ရှိနေပြီး တတိယမြောက် iPad Mini ကိုလည်း မိတ်ဆက်ဖွယ်ရှိ ပါတယ်။ လတ်တလောထွက်နေတဲ့ သတင်းများအရ iPad အသစ်တွင် A8 Processor ၊ အလင်းမပြန်နိုင်သည့် မျက်နှာပြင် ၊ Touch ID Fingerprint sensor တို့ ပါဝင်လာမှာဖြစ်ပါတယ်။ 

Ref : pocket-lint
YangonMediaGroup

သက်ငယ် အဓမ္မပြုကျင့်ခံရမှု ကာကွယ်ရေးဥပဒေ အရေးပေါ် လိုအပ်နေပြီဟုဆို


ရန်ကုန် (မဇ္ဈိမ)။ ။ အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မပြုခြင်းမှ ကာကွယ်နိုင်ရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် အရေးတကြီးလိုအပ်နေပြီဟု ရန်ကုန်တိုင်းလွှတ်တော်၊ ဗဟန်းမြို့နယ်အမတ်၊ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက မဇ္ဈိမ အမျိုးသမီးကဏ္ဍနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။


"အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်မှာ အရက်စက်ဆုံး အကြမ်းဖက်မှုပုံစံဖြစ်တဲ့ မုဒိမ်းမှု ကျူးလွန်လို့ရှိရင် ကျူးလွန်တဲ့သူတွေကို သေဒဏ်အထိ ချမှတ်ဖို့ အထူးဥပဒေတွေ အရေးတကြီး လိုအပ်နေတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၃ ခုနှစ် နှစ်ဝက်အထိ မှုခင်းမှတ်တမ်းများအရ ရန်ကုန်တိုင်းတွင် သုံးရက်လျှင်တစ်ကြိမ်နှုန်း အဓမ္မပြုကျင့်မှု ဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။ ယင်းတို့အနက် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ကလေးများ အဓမ္မပြုကျင့်မှု အများဆုံးဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောဖူးသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဥပဒေတွင် ၁၄ နှစ်အောက် ကလေးသူငယ် အဓမ္မမှုကို ထောင်ဒဏ်ဆယ်နှစ်ထိ ပြစ်ဒဏ်ပေးရန် ပြဋ္ဌာန်းထားသော်လည်း ပိုမိုထိရောက်သော ပြစ်ဒဏ်ချမှတ်ရန်
ဥပဒေလိုအပ်နေသည်ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကမူ ယင်းသို့ ကျူးလွန်သူများကို တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ချမှတ်သင့်သည်ဟု ပြောသည်။ "အခုအနေအထားက ကလေးတွေကို စောင့်ကြည့်ကာကွယ်တဲ့ ရပ်ရွာအခြေပြုအဖွဲ့တွေ လိုအပ်နေပါတယ်" ဟု ၎င်းက ပြောသည်။

ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုများကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ဥပဒေတစ်ရပ် သီးသန့်ပေါ်ထွက်ရန် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြီးခဲ့သည့်နှစ်အတွင်းက လွှတ်တော်တွင် အရေးဆိုဖူးသော်လည်း အောင်မြင်မှုမရခဲ့ပေ။

ရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ရန်ကုန်တိုင်းအတွင်း ယခုနှစ် ဇန်နဝါရီလတွင် သက်ငယ်မုဒိမ်းမှု ၁၀ မှု၊ သက်ငယ်မုဒိမ်း ကြံစည်မှု ငါးမှု၊ ဖေဖော်ဝါရီလတွင် သက်ငယ် မုဒိမ်း ရှစ်မှုနှင့် သယ်ငယ်မုဒိမ်း ကြံစည်မှု လေးမှုတို့ ဖြစ်ပွားသည်ဟု ဖော်ပြထားသည်။
မဇ္ဈိမ

ညအိပ်ခါနီး သီချင်း နားထောင်ပါ


ကျနော်ပြောတာ မဟုတ်ဘူနော်။ အနောက်တိုင်း ဆေးပညာ ရှင်တွေ ပြောထားတာပါ။

ညအိပ်ရာဝင်ခါနီး သီချင်း နားထောင်ခြင်းက မှတ်ဥာဏ် ကောင်းစေပြီး စိတ်ရှုပ်ထွေး နေမှုကို လျော့ချ ပေးတယ်လို့ ဆိုပါတယ်။


အချို့ ဆို နားကြပ်နားမှာ တပ်ရင်းနဲ့တောင် အိပ်ပျော် ပါတယ်။ အဲဒါမျိုးကျ မကောင်းပါဘူး။ တပ်ထားတဲ့ နားကြပ်ကြောင့် နားနဲ့ ဦးနှောက်တစ်ဝိုက် ကျန်းမာရေးကိုတောင် ထိခိုက် စေနိုင် ပါသေးတယ်။ အလွယ်ကူဆုံး ကတော့ ဖုန်းစပီကာကနေပဲ ဖြစ်ဖြစ် timer ပေးပြီး သီချင်း နားထောင်လို့ အိပ်တာမျိုးပေါ့။ MP4 ရှိရင်လည်း အဆင်ပြေ ပါတယ်။

ဖွင့်ရမယ့် သီချင်းက ဆူညံနေလို့ မရပါဘူး။ acoustic အမျိုးအစားကို ပိုဦးစားပေးပြီး ဆူညံ ပွက်လောရိုက် နေမယ့် သီချင်းတွေ ကိုတော့ ရှောင်ဖို့ လိုပါမယ်။ ညအိပ်ခါနီး သီချင်းရဲ့  သံစဉ်လှိုင်း ရိုက်ခက်မှုကြောင့် ဦးနှောက်အတွင်းက ဆဲလ်တို့ရဲ့  လုပ်ဆောင်ချက်ကို ပိုမို ကောင်းမွန် စေတယ်လို့ ဆိုပါတယ်။ အခြားအချိန်မှာ နားထောင်တာနဲ့ ညတိတ်ဆိတ်လို့ အနားယူခါနီး အချိန် နားထောင် ရတာနဲ့ အကျိုးသက်ရောက်ပုံ မတူဘူးပါဘူး။

ဒါကြောင့် အိပ်ရာဝင်ခါနီး သီချင်း နားထောင်ခြင်းက ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း သိရပါတယ်။

Ref: medic-facts

Aung Kham (TSJ team)

အိန္ဒိယ ဘာသာရေး ပွဲတော်တစ်ခုတွင် လူနင်းခံရမှုကြောင့် (၃၂)ဦးထက်မနည်း သေဆုံး

ပွဲတော်အတွင်း လူနင်းခံရမှုကြောင့် ဒဏ်ရာရသွားသော အမျိုးသမီးတစ်ဦး

အိန္ဒိယ နိုင်ငံတွင် ဘာသာရေး ပွဲတော်တစ်ခု၌ လူအများ စုပြုံတိုးဝှေ့ ပြေးလွှားရင်း လူနင်းခံရမှုများကြောင့် လူ(၃၂)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ (၄)ရက် နံနက်အစောပိုင်းက ပတ္တနားဒေသ၏ မြို့တော် ဂန်ဒီမိုင်ဒန်တွင် ဒက်ဆာရာ ဘာသာရေးပွဲတော် အခမ်းအနားတစ်ရပ် ကျင်းပနေစဉ် လူအုပ်ပြိုကျမှု ဖြစ်ပွားခြင်းဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ သေဆုံးသူ အများစုသည် အမျိုးသမီးများနှင့် ကလေးများဟု ဆိုသည်။

နိုင်ငံမြောက်ပိုင်းတွင် ယင်းကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အာဏာပိုင်များ၏ အဆိုအရ လူပေါင်း(၂၄)ဦးကိုလည်း ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ကျဉ်းမြောင်းသော လမ်းတစ်ခုထဲတွင် လူအများ စုပြုံတိုးဝှေ့ရာမှ အရှုပ်အထွေးများ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း ကနဦး ကောက်ချက်ချထားသည်။ မျက်မြင်အချို့က လူအများ စုရုံးနေချိန်တွင် အနီး၌ ဓာတ်ကြိုးပြတ်ကျမှု ဖြစ်ပွားကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့သဖြင့် အလုအယက် တိုးဝှေ့ ပြေးလွှားရင်း ယခုလို ဖြစ်ရပ်ဆိုး ပေါ်ပေါက်လာခြင်းဟု ပြောကြားထားသည်။

အိန္ဒိယ နိုင်ငံရှိ ဟိန္ဒူဘာသာရေးပွဲတော်များတွင် ယခင်ကလည်း လူအများ စုပြုံတိုးဝှေ့ရာမှ လူနင်းခံရပြီး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ဖူးသည်။ ဩဂုတ် (၁၀)ရက်က ဆွမ်ဗာတီ အေမာဗက်ဆရာရှိ ဘုရားကျောင်း တစ်ခုတွင် ဘာသာရေး ပွဲတော် ကျင်းပနေစဉ် လူနင်းခံရပြီး လူ(၁၀)ဦး သေဆုံးခဲ့သည်။ (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလကလည်း အလားတူ အခြေအနေမျိုးကြောင့် မက်ဒရာ ပရာဒက်ရှ် ပြည်နယ်ရှိ ရာတန်ဂါ ဘုရားကျောင်းတွင် လူ(၉၁)ဦး အသက်ဆုံးရှုံးခဲ့ဖူးကြောင်း သိရှိရသည်။

_Ref: BBC

Sony Xperia စမတ်ဖုန်း မော်ဒယ်သစ်များ မိတ်ဆက်


Sony ၏ နောက်ဆုံးထွက် Xperia Z3 ၊ Xperia Z3 Compact မော်ဒယ်သစ် စမတ်ဖုန်းနှစ်မျိုးနှင့် ၈ လက်မ အရွယ်အစား Xperia Z3 Compact Tablet မိတ်ဆက်ပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ပြီး Xperia Z3 စီးရီး စမတ်ဖုန်းနှင့် Tablet တွင် အဆက်မပြတ် အသုံးပြုခြင်းအတွက် နှစ်ရက်တာအထိ ထောက်ပံ့နိုင်မည့် Power Saving နည်းပညာသစ်၊ ကမ္ဘာ့ပထမဆုံး ISO 12800 အထိ တုံ့ပြန်နိုင်သည့် 1/2.3 Exmor RS ကင်မရာစနစ်၊ အသံအရည်အသွေးနိမ့် သီချင်းများ၏ အသံကို အမြင့်မားဆုံးအထိ မြှင့်တင်ပေးသည့် DSEE HX နည်းပညာသစ်၊ ရေအောက်တွင် ရိုက်ကူးနိုင်သည့် ရေစိုခံနိုင်မှုစွမ်းရည်၊ ပြင်ပဆူညံသံကို ထိရောက်စွာ ဖယ်ရှားပေးသည့် Noise Canceling စနစ်၊ မိမိတို့၏ လှုပ်ရှားမှုကို တွက်ချက်ဖော်ပြပေးမည့် ကျန်းမာရေးဆိုင်ရာ Application များနှင့် ကင်မရာစနစ် အထောက်အကူပြု Multi-camera ၊ Sound Photo ၊ Movie Creator ၊ AR Fun စသည့် စနစ်များပါဝင်လာကြောင်း သိရသည်။

Z3 စီးရီး စမတ်ဖုန်းများသည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G နှင့် LTE ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အလူမီနီယံ ဘေးဘောင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Xperia Z3 မော်ဒယ်သစ် စမတ်ဖုန်းနှင့် Tablet များသည် ရေစိုခံအမျိုးအစားများဖြစ်ပြီး 3GB RAM၊ ROM 16GB ၊ အမြန်နှုန်း 2.5GHz ရှိသည့် Qualcomm Snapdragon အမျိုးအစား Quad-core CPU ကို အသုံးပြု ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Xperia Z3 စမတ်ဖုန်းသည် အထူ ၇.၃ မီလီမီတာ၊ မြင်ကွင်းအကျယ် ၅.၂ လက်မ၊ 20.7 MP နောက်ကင်မရာနှင့် အလေးချိန် ၁၅၂ ဂရမ် ရှိမည်ဖြစ်ပြီး Xperia Z3 Compact စမတ်ဖုန်းသည် အထူ ၈.၆ မီလီမီတာ၊ မြင်ကွင်းအကျယ် ၄.၆ လက်မ၊ 20.7 MP နောက်ကင်မရာနှင့် အလေးချိန် ၁၂၉ ဂရမ် ရှိမည်ဖြစ်သည်။ Xperia Z3 Compact Tablet သည် အထူ ၆.၄ မီလီမီတာ၊ မြင်ကွင်းအကျယ် ၈ လက်မ၊ 8.1 MP နောက်ကင်မရာနှင့် အလေးချိန် ၂၈၀ ဂရမ် ရှိမည်ဖြစ်သည်။

တန်ဖိုးအားဖြင့် Xperia Z3 စမတ်ဖုန်းသည် ကန်ဒေါ်လာ ၆၆၅ ၀န်းကျင်နှင့် Xperia Z3 Compact သည် ကန်ဒေါ်လာ ၅၅၉ ၀န်းကျင်ရှိမည်ဖြစ်ပြီး Xperia Z3 Compact Tablet ၏ တန်ဖိုးအား ဈေးကွက်သို့ စတင်ရောင်းချသည့်အချိန်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Internet Journal

အခွန်တိမ်းရှောင်မှုဖြင့် မက်ဆီ အမှုဆိုင်ရမည်


အခွန်တိမ်းရှောင်ခဲ့သည် ဆိုခြင်းအတွက် ဘာစီလိုနာနှင့် အာဂျင်တီးနားကြယ်ပွင့်လီယွန်နယ်မက်ဆီ အမှုရင်ဆိုင်ရမည်ဟု စပိန်တရားသူကြီးတစ်ဦးက ဆုံးဖြတ်ခဲ့သည်။


၎င်း၏ ဘဏ္ဍာရေးကိစ္စများတွင် ဖခင်ဖြစ်သူက တာဝန်ယူထားသည်ဆိုသော အကြောင်းပြချက်ဖြင့် တရားစွဲဆိုမှု ရုပ်သိမ်းရေးအဆိုကို တရားသူကြီးက ပယ်ချခဲ့သည်။


မက်ဆီနှင့် ဖခင်ဂျော့ခ်ျတို့သည် အခွန်အာဏာပိုင်များကို ယူရိုငွေလေးသန်းကျော် လိမ်လည်ခဲ့သည်ဟုစွပ်စွဲခံရပြီး ၎င်းတို့နှစ်ဦးက ယင်းစွဲချက်ကို ငြင်းဆိုထား သည်။


တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ရန် နှစ်ရက်အချိန်ရမည်ဖြစ်သည်။ မက်ဆီနှင့် ဖခင်ဂျော့ခ်ျတို့သည် ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ဝင်ငွေများ ထိမ်ချန်ခဲ့သည်ဟု အမှုတွဲတွင် ဆိုထားသည်။ မက်ဆီ၏ဓာတ်ပုံများ အသုံးပြုခွင့် များကို ဥရုဂွေးနှင့် အခြားနိုင်ငံတစ်နိုင်ငံမှ ကုမ္ပဏီများအား အသုံးပြု၍ စပိန်နိုင်ငံတွင် အခွန်တိမ်းရှောင်ခဲ့သည်ဟု မက်ဆီနှင့် ၎င်း၏ဖခင်အပေါ် သံသယ ရှိ နေသည်။
7 Day

အမျိုးသမီး အနုပညာရှင်များ၏ ကိုယ်လုံးတီး ဓါတ်ပုံ ထောင်ပေါင်းများစွာကို Google ဖြုတ်ချလိုက်ပြီ


နာမည်ကျော် အမျိုးသမိး အနုပညာရှင်များ၏ ကိုယ်လုံးတီးဓါတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းသို့ ရောက်ရှိခဲ့ရာ ယင်းဓါတ်ပုံ ထောင်ပေါင်းများစွာကို မေတ္တာရပ်ခံချက်အရ ဖြုတ်ချပြီး အကောင့်ရာပေါင်းများစွာကိုလည်း ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း Google ၏ ကြေညာချက် တစ်စောင်တွင် ဖော်ပြခဲ့သည်။
ကိုယ်ရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည့် အတွက် Google ကို တရားစွဲမည်ဟု ဟောလိဝုဒ် ရှေ့နေမာတင်ဆင်းငါး က ခြိမ်းခြောက်သည့် သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ဖြုတ်ချပေးခြင်းဖြစ်သည်။
Ref: NEWSBEAT

Yangon Media Group

မြွေအရေခွံ ဖုံးအုပ်ထားသည့် နီလာဖန်မျက်နှာပြင်နှင့် ဖုန်းဟန်းဆက်ကို ဒေါ်လာ ၉၁၀၀ (ကျပ်ငွေ ၉၁ သိန်းဝန်းကျင်) ဖြင့်မှာယူနိုင်ပြီး



နည်းပညာမြင့်မားပြီး ဈေးနှုန်းကြီးမြင့်သော
ဖုန်းဟန်းဆက်များကို ကမ္ပဏီများအပြိုင်
အဆိုင် ထုတ်လုပ်နေသည့် ယနေ့ခေတ်တွင်
တန်ဘိုးကြီး ဇိမ်ခံဖုန်းဟန်းဆက် များ
ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် 
Vertu မှ အမေရိကန်ဒေါ်လာ ၆၉၀၀ တန်ကြေးရှိသည့် Aster ဟုအမည်ရသော ဖုန်းဆက်တစ်မျိုးကို ဈေးကွက်အတွင်းမိတ်ဆက်လိုက်ပြီဖြစ်သည်။

Andriod OS ထောက်ပံ့မှုဖြင့် လုပ်ဆောင်ချက်များလည်ပတ်သည့် Aster ဖုန်းဟန်းဆက်တွင် တန်ဘိုးကြီး နီလာဖန်မျက်နှာပြင်၊ Dolby Stero စပီကာနှစ်လုံးနှင့် ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့် ဈေးနှုန်းမှာလည်း အခြေခံလူတန်းစားများလက်လှမ်းမမှီနိုင်သည့် အမေရိကန်ဒေါ်လာ ၆၉၀၀ အထိ တန်ဘိုးကြီးမြင့်နေခြင်းဖြစ်သည်။

ဒါ့အပြင် ယခုလက်ရှိ ကမ္ဘာ့ဈေးကွက်တွင်ထိပ်တန်းနေရာများရရှိနေကြသည့် Andriod OS အသုံးပြုဖုန်းဟန်းဆက်များဖြစ်ကြသော Samsung ၏ Galaxy S5 နှင့် LG ၏ G-3 ဖုန်းဟန်းဆက်များကိုယှဉ်ပြိုင်နိုင်မည့် cutting-edge နည်းပညာများနှင့် အရည်သွေးမြင့်နည်းပညာကိုလည်း အသုံပြုထားသည်။

Aster ဖုန်းဟန်းဆက်၏ အခြားသော ထူးခြားချက်များအနေဖြင့် တိုင်တေနီယမ်ကိုယ်ထည်၊ ၁၁၇ ကာရက် အရည်သွေးရှိပြီး ရုပ်ထွက်အရည်သွေး 1080p ဖော်ပြပေးနိုင်မည့် ၄့၇ လက်မအရွယ် နီလာဖန်မျက်နှာပြင် နှင့် 13-megapixel နောက်ကင်မရာ၊ ကင်မရာမီးအလင်းအားအတွက် LED မီး ၂ လုံးနှင့် 2.1-megapixel အရည်သွေးရှိရှေ့ကင်မရာတို့လည်းပါဝင်လာခဲ့သည်။

အခြားသောဖုန်းဟန်းဆက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် NFC နည်းပညာပါဝင်သလို နည်းပညာမြင့် ဖုန်းအားသွင်းစနစ်ဖြစ်သည့် Qi wireless charging ကို 2250mAh သိုလှောင်အားရှိသည့် ဘတ္ထရီဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

Aster ကို Vertu မှ အမေရိကန်ဒေါ်လာ ၆၉၀၀ ဖြင့် ရောင်းချသော်လည်း စမတ်ကျကျအသုံးပြုလိုသော သုံးစွဲသူများအတွက် ဖုန်း၏နောက်ကျောကို မြွေ သားရည် ဖုံးအုပ်သုံးစွဲလိုသူများအတွက် Aster ကို အမေရိကန်ဒေါ်လာ ၉၁၀၀ နှင့် ကြက်ဆင်သားရည် ဖုံးအုပ်လိုသူများအတွက် အမေရိကန်ဒေါ်လာ ၉၇၀၀ တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ၀ယ်ယူလိုသူများအတွက် Vertu ၏ အွန်လိုင်းစတိုးတွင် မှာယူဝယ်ယူနိုင်ပြီဖြစ်သည်။

အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အဖော်အချွတ်ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး Google ကို ဒေါ်လာ သန်းတစ်ရာ လျော်ကြေးတောင်း အမှုဖွင့် မယ်လို့ ခြိမ်းခြောက်ထား



အားလုံးသိထားကြတဲ့အတိုင်းပဲ အရင်ရက်တွေတုန်းက အခိုးခံရပြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင် မင်းသမီးတွေ၊ မော်ဒယ်တွေ ၊ အားကစားသမ တွေ ရဲ့ အဖော်အချွတ်ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ ရှေ့နေတွေက Google ကို ဒေါ်လာ သန်းတစ်ရာ လျော်ကြေးတောင်း အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

Jennifer Lawrence ရဲ့ ဟောလီးဝုဒ်ရှေ့နေတစ်ယောက်ဖြစ်တဲ့ Marty Singer က Googe ရဲ့ အရာရှိတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin အပါအ၀င် အခြားလူတွေကို အမျိုးသမီးတွေကို အသုံးချပြီး သန်းပေါင်းများစွာ အကျိုးအမြတ်ရအောင် ပြုလုပ်တယ်လို့ စွပ်စွဲပြီး စာတစ်စောင်ပို့ခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ ထို ဓါတ်ပုံတွေကို Youtube နဲ့ Blogspot အပါအ၀င် Google အခြေစိုက် ၀က်ဘ်ဆိုက်တွေကနေ မဖယ်ရှားပေးပါက ထိခိုက်နစ်နာမှု တွေအတွက် ဒေါ်လာ သန်းတစ်ရာထက် ပိုနိုင်တဲ့ လျော်ကြေး ရရှိစေရန် တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။

ထိုဓါတ်ပုံတွေဟာ ဓါတ်ပုံပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ကောက်ကျစ်တဲ့သူတွေ က တရားမ၀င် ရယူထားပြီး တရားလိုတွေရဲ့ သီးခြားအခွင့်အရေးနဲ့ အခြေခံလူ့ ယဉ်ကျေးမှု ကို အကြမ်းဖက်ဖို့ ခိုးယူခံထားရတာ တွေဖြစ်တယ်ဆိုတာ Google ကသိပါတယ်။ ဒါပေမယ့် Google ဟာ ထို အကြမ်းဖက်မှုတွေကို တားမြစ်ဖို့နဲ့ Goolge Search Results တွေမှာ ဓါတ်ပုံတွေကို ကန့်သတ်ဖို့ မလုပ်ဆောင်သေးဘူး လို့ Singer ကဆိုပါတယ်။

ထို ပျံ့နှံ့နေတဲ့ ဓါတ်ပုံတွေထဲမှာ Jennifer Lawrence၊ Kate Upton ၊Emily Browning၊ Amber Heard နဲ့ အခြား သရုပ်ဆောင်တွေပါဝင်နေပါတယ်။

Ref:starpulse.com

တောင်းဆိုချက်တွေ မလိုက်လျောရင် ဂျာမန်တဦးကို သတ်မည်ဟု ဖိလစ်ပိုင်စစ်သွေးကြွအဖွဲ့ ခြိမ်းခြောက်

အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ဖိလစ်ပိုင် အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က သူတို့ တောင်းဆိုချက် မရရင် အောက်တိုဘာလ ၁၇ ရက်နေ့ ကျရင် သူတို့ ဖမ်းထားတဲ့ ဂျာမန်နှစ်ယောက်ထဲက တယောက်ကို သတ်ပစ်မယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ နိုင်ငံအနောက်ပိုင်း ပါလ၀န် ကျွန်းကနေ မလေးရှား အရှေ့ပိုင်း ဆာဘာပြည်နယ်ဆီကို ရွက်လွှင့်နေတုန်း ဧပြီလက ပြန်ပေးဆွဲခံခဲ့ရတာပါ။

စစ်သွေးကြွအဖွဲ့က ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း တောင်းထားသလို၊ ဆီရီးယားမှာ အမေရိကန်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ကို တိုက်ခိုက်နေတာကို ဂျာမနီ က အကူအညီ မပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အဘူဆာရစ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဘူ ရာမီ ဆိုသူက အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး သူတို့ တောင်းဆိုထားတာကို မလိုက်လျှောရင် ပြန်ပေးဆွဲထားတဲ့ နှစ်ယောက်ထဲက တယောက်ကို ခေါင်းဖြတ် သတ်ပစ်မယ်လို့ နိုင်ငံ တောင်ပိုင်းက ဇမ်ဘိုယန်မြို့ အခြေစိုက် သတင်းထောက်တွေကို တယ်လီဖုန်းကနေ ပြောပါတယ်။

ဂျာမန်အစိုးရဘက်ကလည်း ဘာမှ အဆက်အသွယ်မလုပ်တဲ့အတွက် အစော်ကားခံရသလို ခံစားရတယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင် လုံခြုံရေးအရာရှိတွေကတော့ ဂျာမန်နှစ်ယောက်ဟာ တောင်ပိုင်းက ဂျိုလိုကျွန်း တောနက်ထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ အရင်ကလည်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ ဗုံးခွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိသလို တခြား နိုင်ငံခြားသား တွေကို ပြန်ပေးဆွဲထားသေးတယ်လို့လည်း ဆိုကြပါတယ်။

By ဒီဗွီဘီ

ဟောင်ကောင် ဆန္ဒထုတ်ဖော်မှုအတွက်ထောက်ခံအားပေး စကားပြောခဲ့တဲ့ မင်းသား


ကမ္ဘာကျော် တရုတ် မင်းသားတစ်ဦးဖြစ်တဲ့ Chow Yun-Fat ဟာ လက်ရှိဖြစ်ပွားနေတဲ့တရုတ်နိုင်ငံ ၊ဟောင်ကောင်မြို့တော်က ဆန္ဒပြမှုတွေ နဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ အားပေးစကားတွေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Chow Yun-Fat ဟာဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတဲ့ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ ရဲရင့်ကြကြောင်း နဲ့ သူတို့ဟာ သူတို့လိုချင်တာကို တောင်းဆိုတဲ့ အခါမှာ မာကျော ကြကြောင်း ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုတွေအတွက် အစိုးရဟာ ထိုက်တန်တဲ့အဖြေ တစ်ခုကိုထုတ်ပေးရလိမ့်မယ်လို့လည်းဆိုပါတယ်။

တနင်္ဂနွေနဲ့ က ဆန္ဒထုတ်ဖော်နေသူတွေကို မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲ နှိမ်နင်းခဲ့မှုအပေါ်မှာလည်း ရှုံ့ချခဲ့ပါတယ်။ ထို ဆန္ဒထုတ်ဖော်မှု ဟာ ငြိမ်းချမ်းတဲ့ ဆန္ဒထုတ်ဖော်မှု ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ ၊မျက်ရည်ယိုဗုံးတွေမသုံးသင့်ကြောင်းနဲ့ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုင်နာကျင်မှု မရှိစေချင်ကြောင်းကို Chow Yun-Fat က ဆိုပါတယ်။

Ref:hollywoodreporter.com
Trend

ပညာရေး နဲ့ စီးပွားရေးကြောင့် အနုပညာကို ဒုတိယ နေရာ ထားလိုက်တဲ့ မင်းသား

ပညာရေးနှင့် စီးပွားရေးကြောင့် အနုပညာက ဒုတိယ ဦးစားပေး အနေနှင့် လုပ်ဖြစ်ဦးမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဥက္ကာမင်းမောင် က ပြောသည်။

”မိဘဆန္ဒ၊ ကျွန်တော့် ဆန္ဒနဲ့ ရှေ့ရေးကို ဦးစားပေးပြီး အမေရိ ကန်နိုင်ငံ New York မြို့မှာ ပညာ သင်ကြားဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် အနုပညာလောက နဲ့ ခု နစ်နှစ်လောက် ကင်းကွာသွားခဲ့ တယ်” ဟု ဥက္ကာမင်းမောင် က ပြောသည်။

သရုပ်ဆောင် အပြင် ဂီတကို ဝါသနာပါသူ ဥက္ကာမင်းမောင်က တစ်ကိုယ်တော်ခွေ တစ်ခွေ စီစဉ်နေကြောင်း သိရသည်။

”ကျွန်တော့် တစ်ကိုယ်တော်ခွေ ထဲမှာ ပြန်ဆုံမယ် သီချင်းတစ်ပုဒ် ပါမယ်။ အဓိပ္ပာယ် ကတော့ ပြန်ဆုံခြင်း အဓိပ္ပာယ်ပါ။ MTV ကို လည်း သေချာ ရိုက်မယ်။ New York မှာ ရိုက်မယ်။ Idea တွေက တော့ရှိတယ်” ဟု ၄င်းက ဆိုသည်။

ဥက္ကာမင်းမောင် က လတ်တလော VCD ကာရာအိုကေ၊ မဂ္ဂဇင်း တွေ တောက်လျှောက် ရိုက်ကူး လာသလို တစ်ကိုယ်တော်ခွေ အတွက် သီချင်း ရှာပြီး အသံသွင်း ထား မှာဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဖခင် ကျန်းမာရေးကြောင့် ခဏပြန်လာချိန်တွင် သူငယ်ချင်း များ၏ ကူညီတောင်းဆို မှုကြောင့်သာ ရိုက်ကူးရေးများ ပြုလုပ်ပြီး မကြာခင်မှာ New York ကို ပြန်သွား မှာဖြစ်ပြီး စီးပွားရေး တစ်ခု လုပ်ပြီး မြန်မာပြည်ကို နောက်ထပ် နှစ်နှစ်နေလောက်မှ ပြန်လာမည် ဖြစ်သည်ဟု ၄င်းထံမှသိရသည်။
Popular

ဌာနဆိုင်ရာယာဉ်များ စည်းကမ်းဖောက်ဖျက်မှုကိုလည်း အွန်လိုင်းက တိုင်ကြားနိုင်ပြီ


ရန်ကုန်၊ 

ဌာနဆိုင်ရာယာဉ်များ စည်း ကမ်းဖောက်ပါက ယာဉ်ထိန်းရဲတပ် ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲ မှူးမျိုးအောင်မြင့်က ပြောသည်။

ယခုအချိန်၌ စည်းကမ်းဖောက် သည့်ယာဉ်များအား အွန်လိုင်းစာ မျက်နှာများမှ တိုင်ကြား၍ရသော ကြောင့် ယင်းကဲ့သို့စည်းကမ်းဖောက် သည့် ဌာနဆိုင်ရာယာဉ်များအား လည်း အွန်လိုင်းမှ တိုင်ကြား၍ရနိုင် ကြောင်း သိရသည်။

''စည်းကမ်းဖောက်တဲ့ သာမန် ယာဉ်တွေကို အွန်လိုင်းကနေ တိုင် ကြားလို့ရသလို ဌာနဆိုင်ရာ ယာဉ် တွေ စည်းကမ်းဖောက်ရင်လဲ တိုင်ကြား လို့ရပါတယ်။ အရေးလဲ ယူပါတယ်''ဟု ဒုရဲမှူးမျိုးအောင်မြင့်က ပြောသည်။

မကြာခင်အချိန်၌ စည်းကမ်း ဖောက်ဖျက်သည့် ဌာနဆိုင်ရာယာဉ် အား အရေးယူထားကြောင်းလည်း ထပ်မံပြောကြားသည်။

''ကျွန်တော်တို့ မကြာခင်က မှ ယာဉ်ထိန်းရဲတစ်ယောက်ကို လမ်း ပြောင်းပြန်မောင်းလို့ အရေးယူထား ပြီးပါပြီ။ ဘယ်လိုယာဉ်ပဲဖြစ်ဖြစ် စည်း ကမ်းဖောက်ရင် အရေးယူပါတယ်'' ဟု ယင်းကပြောသည်။

စည်းကမ်းဖောက်မှုများအား အွန်လိုင်းမှ တိုင်ကြားရာ၌ ကားနံ ပါတ်နှင့် ကားပုံသဏ္ဌာန် ထင်ရှားရန် မှာ အရေးကြီးကြောင်းလည်း သိရ သည်။

''အွန်လိုင်းကနေ တိုင်တဲ့နေရာ မှာကားနံပါတ်နဲ့ ကားပုံသဏ္ဌာန်က အရေးကြီးပါတယ်။ ပြီးတော့ ပုံက လဲ ပြစ်မှုထင်ရှားဖို့လိုပါတယ်။ တိုင် ကြားလာတာတွေကို ကျွန်တော်တို့ ကားနံပါတ်နဲ့ ကားအမျိုးအစားကို တိုက်ကြည့်ပါတယ်။ ပြီးတော့ ပြစ်မှု ထင်ရှားတဲ့ပုံဖြစ်မှ အရေးယူလို့ရတာ ပါ။ ပြီးတော့မှ ဒီကားပိုင်ရှင်ကရုံးမှာ လိုင်စင်သက်တမ်းလာတိုးမှ အရေး ယူတာပါ'' ဟု ဒုရဲမှူးမျိုးအောင်မြင့် ကပြောသည်။

ယင်းကဲ့သို့ စည်းကမ်းဖောက် မှုအား တိုင်ကြားရာ၌ လမ်းပြောင်း ပြန်မောင်းမှုမှာ အများဆုံးဖြစ်ကြောင်း လည်း ထပ်မံသိရှိရသည်။

''တိုင်ကြားတဲ့နေရာမှာ လမ်း ပြောင်းပြန်မောင်းမှုက အများဆုံး ပါပဲ။ ဒီလိုစည်းကမ်းဖောက်မှုကို ဓာတ်ပုံရိုက်ပြီး တိုင်ကြားမယ်ဆိုရင် Facebook-Yangon Traffic Police နဲ့ Gmail- whitep2014@gmail.com ကို တိုင်ကြားနိုင်ပါတယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ စည်းကမ်းဖောက် မှုအား အွန်လိုင်းမှတိုင်ကြားရာတွင် ဇွန်လတွင် ၄၅မှု၊ ဇူလိုင်လတွင် ၆၆ မှုနှင့် သြဂုတ်လတွင် ၁၃၃မှုရှိကြောင်း လည်း သိရသည်။

TheYangonTimes

လိပ်ကျွန်း လူသတ်မှု တရားခံ အစစ်ဟာ ဘယ်သူတွေလဲ



ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ ကော့တောင် ( Koh Tao) ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရပြီး သံသယဖြစ်ခံ ထား ရလို့ ဖမ်းဆီးခံထားရသူ မြန်မာ ၃ ဦးအနက် ၂ ဦးက သူတို့ လူသတ်မှု ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာ ထိုင်းရဲတွေက သရုပ်ပြခိုင်းပြီး သူတို့ ဟာ လူသတ်တရားခံအဖြစ် ဝန်ခံထား သူတွေ ဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။ 


ဓာတ်ပုံ- ထိုင်းမီဒီယာ

အောက်တိုဘာလ ၃ ရက်နေ့မှာ မြန်မာအလုပ်သမား မောင်ဝင်းနဲ့ မောင်ဇော် တို့ ၂ ဦးကို ဦးခေါင်းကာ ဦးထုပ်တွေ၊ အကာ အကွယ် အိင်္ကျီတွေ ဝတ်ဆင်ထားပြီး ကော့တောင်ကျွန်းကို ရဲတွေက လုံခြုံရေးအပြည့် နဲ့ ခေါ်လာကာ သရုပ်ပြခိုင်းခဲ့တာပါ။ 

“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ”လို့ ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က ဆိုပါတယ်။ 

အဖမ်းခံ မြန်မာ ၂ ဦး သရုပ်ပြနေပုံ

အခုလို ဝန်ခံပါတယ်ဆိုတဲ့ မြန်မာ ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ညတုန်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာ တီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦးက ချစ်တင်းနှောနေတာကို မြင်ပြီး စိတ်မထိန်းနိုင်လို့ ပြစ်မှု ကျူးလွန်ခဲ့တာလို့ ထွက်ဆိုထားတယ်ဆိုပြီး ထိုင်းရဲက ပြောထားပါတယ်။ 

အဲဒီ ၂ ဦးရဲ့ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက ရတဲ့ DNA နဲ့ ကိုက်ညီတယ် လို့ ရဲက ပြော ထားတယ်။ နောက်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရတဲ့ L&M စီးကရက်က ဒီအန်အေနဲ့ လည်း ကိုက်ညီတယ်လို့ ဆိုပြန်တယ်။ 

ဒီကိစ္စကို မြန်မာတွေက မယုံကြည်ပါဘူး။ အဲဒီ ထိုင်းရဲလက်ထဲက မြန်မာ ၂ ဦးဟာ အပြစ်ရှိတယ်လို့ မယုံ ကြည်ပဲ မြန်မာ သံရုံးအနေနဲ့ သူတို့နဲ့ သေချာတွေ့မေးပြီး လွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ တောင်းဆိုတဲ့ အကြောင်း၊ ထိုင်းရဲတွေ ပြောတဲ့ ဒီအန်အေ သက်သေတွေကိုလည်း လွတ်လပ်စွာ ပြန်လည်စစ်ဆေးဖို့ လိုတယ်လို့ မြန်မာတွေက တောင်းဆိုထားတဲ့ အကြောင်း andrew-drummond.com သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကော့တောင်ကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကလည်း စိုးရိမ်မှုတွေ နဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းကိုလည်း ဤနေရာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

ထိုင်း ပညာတတ်အသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသတင်းဌာနတွေကလည်း ကော့တောင်ကျွန်း လူသတ်မှု တရားခံ ဟာ မြန်မာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့အကြောင်းတွေ သတင်းတွေမှာ တွေ့နေရပါတယ်။ 

သည်စထရိတ်တိုင်းမ်ကလည်း ထိုင်းရဲတွေ မြန်မာ ၂ ဦးကို လူသတ်သမားအဖြစ် ခေါ်ထုတ်ပြလာတာကို ဆိတ် ဖမ်းလာတယ် လို့ ထိုင်းမီဒီယာတချို့က သရော်သလို သူတို့လည်း သရော်ကြပါတယ်။ 

မြန်မာသံအရာရှိကလည်း ဖမ်းဆီးခံထားရသူ မြန်မာ တွေနဲ့ သွားတွေ့ဖို့ရှိတယ်လို့ သတင်းတွေ တွေ့ရပေ မယ့် သံအရာရှိတွေကိုယ်တိုင် ဘာမှ ထုတ်ပြောတာမရှိသေးတဲ့အပေါ် ထိုင်းရောက် မြန်မာတွေအပေါ် ဘန်ကောက်မြန်မာသံရုံးရဲ့ အကာအကွယ်ပေးရေး ကိစ္စတွေအပေါ် အားမရလို့ ဝေဖန်တဲ့ အသံတွေလည်း ဆူညံနေပါတယ်။ 

ဘန်ကောက်ပို့စ်က အရင် ရေးခဲ့တဲ့ သတင်းကို နိုင်ငံခြား သတင်းတွေက ပြန်ကိုးကားပြီး ထောက်ပြနေ တာက ပထမ သံသယ ဖြစ်ခံရသူ ဗြိတိန်ကို သုဝဏ္ဏ ဘုမ္မိလေဆိပ်မှာ ဖမ်းမိတဲ့ကိစ္စ၊ သူ့ဆံပင်အရောင်နဲ့ 
သေဆုံး သူရဲ့ လက်ထဲက ဆံပင် တူတယ်စတဲ့ အချက်တွေပါတယ်။ 

ဒီအပြင် ပြင်သစ်တယောက်က လူသတ်သမားကျိန်းသေဖြစ်တယ်လို့ ပြောဆိုထားတဲ့ ကော့တောင် ကျွန်း
ပေါ်က မာဖီးယား ၂ ယောက် ဓာတ်ပုံကို သူကိုယ်တိုင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ တယ်။ သူတို့တွေဟာ ထိုင်းရဲကို DNA မပေးပဲ ငြင်း ဆိုခဲ့တာ ကလည်း စိတ်ဝင်စားစရာဖြစ်နေဆဲ လို့ ဆိုကြတယ်။ 

ပြင်သစ်တဦး ဖုန်းနဲ့ရိုက်ထားတဲ့ ကော့တောင်းကျွန်းပေါ်က လူသတ်မှု သံသယဖြစ်ဖွယ် လူ ၂ ဦးဓာတ်ပုံ

အခင်းဖြစ်ညက စီစီတီဗွီမှတ်တမ်းထဲက ဓာတ်ပုံတခုနဲ့ ထိုင်း ၁ ဦးဟာ ကိုက်ညီတယ်လို့ ရဲက ပြောခဲ့တယ်။ အမည်မဖော်ပြထားတဲ့ ဗြိတိန် ၁ ဦးက သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးကို ထိုင်း ၂ ဦးက လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့ လုပ်နေ တာကို မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ထိုင်းရဲကို ပြောခဲ့တယ်။ အဲဒီသတင်းကိုလည်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပြီး အခုအဲဒီကိစ္စက ပျောက်ကွယ်နေတယ် လို့ ထောက်
ပြနေကြပါတယ်။ 

ထိုင်းအခြေစိုက် Cross Cultural Foundation ဆိုတဲ့ NGO တခုကထုတ်ပြန်တာမှာ အခု ကော့တောင် ကျွန်း လူသတ်မှုနဲ့ မြန်မာ အလုပ်သမား ၂ ဦးကိုဖမ်းဆီးတဲ့ ကိစ္စဟာ ပွင့်လင်းမြင်သာမှုမရှိသလို မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ 

CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ပြောတာမှာ သူ့ဆီကို ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရ တဲ့ မြန်မာ ၂ ဦး နဲ့ပတ်သက်တဲ့ တုံ့ပြန် စာတွေတပုံကြီးရတယ်လို့ ပြောတာကို ထိုင်း PBS သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ 

သူက ပြန်ပြောပြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးဟာ “Takraw” ကစားနေတုန်း ထိုင်း ရဲတွေ ရောက် လာပြီး သူတို့ကို ဝိုင်းတဲ့ အချိန်မှာ မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိလို့ သူတို့သူငယ်ချင်းတွေက ထွက်ပြေးဖို့ အကြံပေးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့။ 

အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာ ၃ ဦးနောက်ကို ထိုင်းရဲတွေက လိုက်ပြီး စောင့်ကြည့်မှု လုပ်တာ ခံခဲ့ရကာ နောက် ပိုင်း အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ မစ္စ ပွန်ပန်က ပြောပါတယ်။ 

အဲဒီလို အဖမ်းခံလိုက်ရပြီး ဒီ ၃ ဦးကို ဗြိတိန် ၂ ဦးသတ်တဲ့ လူသတ်တရားခံအဖြစ် ပြောင်းသွားခဲ့တာပါ ဘဲတဲ့။ 

ကော့တောင် ကျွန်းမှာ လူသတ်မှုကြောင့် ဒီအန်အေ စစ်ဆေးမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အကြားစိုးရိမ်မှုတွေ များနေပြီး ဖိအားပေးမှုတွေလည်း ရှိနေတာကြောင့် ကြောက်ကြောက်နဲ့ ကျွန်းပေါ် မှာ နေထိုင်ကြရတယ်လို့ သူက ဆက်ရှင်းပြထားတယ်။ 

ဒါကြောင် CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က မေးခွန်းထုတ်တာမှာ ဖိအားပေးပြီး ရယူ ထားခဲ့တဲ့ DNA စစ်ဆေးမှု ရလာဒ်ဟာ အရမ်း တိုတောင်တဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား လို့ မေးခွန်းထုတ်ထားပါတယ်။ 

ဒါဟာ ခွဲခြားမှုတခုဖြစ်တယ်လို့လည်းမေးခွန်းထုတ်ထားပြီး ထိုင်းအာဏာပိုင်တွေဟာ မျှတတဲ့ တရားစီရင်
ရေး ထက် နိုင်ငံ ခြားသားကမ္ဘာလှည့်ခရီးသွားတွေ အလာကျဆင်းသွားမှာကို ပိုပြီး စိုရိမ်ပူပန်နေတယ်လို့ သူက ဆက်ပြောပြီး သံသယဖြစ် သူ တွေအပေါ် ခွဲခြားမှု မရှိပဲ လုပ်ဆောင်သင့်တယ်လို့ CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ဆိုပါတယ်။ 

ဗြိတိန်သံရုံးကလည်း ဒီအမှုကို သေချာကိုင်တွယ်ဖို့ ဖိအားပေးသလို ရှေ့နေတွေရဲ့ လုပ်ဆောင်ချက်တွေ ကလည်း ထိုင်းရဲ တွေအပေါ် ဖိအားတွေ ဖြစ်စေပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်ကို သက်ရောက် သွားနိုင်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။



အိမ့်သံစဉ် ~ 

ဧရာဝတီ

သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


(၁) သွေးဖိအားကို ကျဆင်းစေပါတယ်။

(၂) သွေးစီးဆင်းမူ အတွက် ကောင်းမွန်စေပါတယ်။


(၃) မျက်လုံးကျန်းမာရေးနှင့် အကျိုးကျန်းမာရေး အတွက် ထိန်းသိမ်းပေး ပါတယ်။

(၄) သွေးဖိအားကို ထိန်းညှိပေးတဲ့ အပြင် သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်စေ ပါတယ်။

(၅) ဆီချိုရောဂါသည်များအတွက် သကြားဓာတ် များကို လျော့ချပေးနိုင်သည့် အတွက် စားသင့်ပါတယ်။

(၆) ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင် ပါတယ်။

(၇) နှလုံး ၊ အဆုပ် နှင့် ခန္ဓာကိုယ် အတွင်း သွေးကြောများ အတွက် ကောင်းမွန်စေ ပါတယ်။

(၈) ကိုယ်တွင်း၌ အစာခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဓာတုဖြစ်စဉ် အစုစုတို့၏ ကျန်းမာရေး အတွက် ကောင်းမွန်စေ ပါတယ်။

ဆန္ဒပြသူများနှင့်ဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း အရေးကြီးသောအကြောင်းအရာများတွင် လိုက်လျော ရန်မရှိဟု တရုတ်အစိုးရ ထုတ်ပြန်

ဟောင်ကောင်တွင် တင်းမာမှုများလျော့ကျစေရေးအတွက် အုပ်ချုပ်ရေးမှူး လျောင်ချွန်ရင်က ဆန္ဒပြသူများနှင့် ဆွေးနွေးရန် တရုတ်အစိုးရက လိုလားကြောင်း အောက်တိုဘာ ၂ ရက်က ပြောကြားခဲ့သော်လည်း တရုတ်အစိုးအနေဖြင့် အရေးကြီးသော အကြောင်းအရာများတွင် လိုက်လျောသဘောတူညီရန် အကြောင်းမရှိဟု အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။




ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ်၌ ကျင်းပမည့် မြို့တော်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရုတ်အစိုးရက ၀င်ရောက်ချုပ်ကိုင်မှုများအား ကန့်ကွက်ဆန္ဒပြမှုသည် အောက်တိုဘာ ၃ ရက်တွင် ၆ ရက်မြောက်သို့ ရောက်ရှိသွားပြီဖြစ်ကာ ဆန္ဒပြသူများနှင့် အုပ်ချုပ်ရေးအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးရန် သဘောတူထားသော်လည်း တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြသူများက အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် အစိုးရ ရုံးအ ဆောက်အဦများရှေ့၌ ရဲများနှင့် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ခဲ့ကြသည်။ ညလုံးပေါက်ဆန္ဒပြသူ များက နံနက်မိုးမလင်းမီ အိမ်ပြန်သွားခဲ့ကြသော်လည်း ဆက်လက်ကျန်ရှိနေသူ ၁၀၀ ခန့်ရှိနေကြောင်း သိရသည်။
ရဲများက လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များ အသုံးပြုခဲ့ပြီးနောက် ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လျောင်ချွန်ရင်က ဆန္ဒပြသူများနှင့် ဆွေးနွေးသွားရန် တရုတ်အစိုးရက လိုလားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လျောင်၏ ရုံးခန်းအ၀င်အား ဆန္ဒပြသူများက စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။
ရဲကားများကို တားမြစ်ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူများကို ဟောင်ကောင်အစိုးရက ပြစ်တင်ရှုတ်ချခဲ့သည်။
ယခုဆန္ဒပြပွဲတွင် အသက် ၁၇ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် ဂျိုရှုအွန်းကို လူသိများ လာပြီး ၎င်းသည် ၂၀၁၂ ခုနှစ်အတွင်းက တရုတ်အစိုးရ၏ အမျိုးသားပညာရေးအစီအစဉ်ရေးဆွဲမည်အစီအစဉ် အပေါ် ဦးဆောင်ကန့်ကွက်ခဲ့သည့် Scholarism အဖွဲ့အား ပူးတွဲထူထောင်သူတစ်ဦးဖြစ်သည်။ အဆိုပါ ဥပဒေသည် လူငယ်တို့၏ အတွေးအခေါ်များကို ပိတ်ဆို့ဖုံးလွှမ်းမည့် ပညာရေးအစီအစဉ်ဖြစ်ကြောင်း ကန့်ကွက်သူများက ပြောကြားခဲ့သည်။

၁၉၉၇


ဗြိတိန်လက်အောက်တွင် နှစ်ပေါင်း ၁၅၀ ကျော်ရှိနေရာမှ ၁၉၉၇ ခုနှစ်တွင် တရုတ်လက်အောက် သို့ ပြန် လည် ရောက်ရှိခဲ့သည်။

၁၉၉၈
ပထမဆုံး ရွေးကောက်ပွဲ ကျင်းပခဲ့သည်။

၂၀၀၁
ဒုပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဆန် ချမ်းသည် တရုတ်ပြည်မမှ ဖိအားများကို မခံနိုင်၍ ရာထူးမှ နုတ်ထွက်ခဲ့သည်။

၂၀၀၂
ဖာလွန်ဂေါင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ၁၆ ဦးကို ပေကျင်း အစိုးရရုံး နယ်နမိတ်ပြင်ပတွင် ဆန္ဒပြနေစဉ်အတွင်း ဖမ်းဆီးခဲ့သည်။ ဖာလွန်ဂေါင်ကို ဟောင်ကောင်တွင် တရားဝင်ခွင့်ပြုထားသော်လည်း ၁၉၉၉ ခုနှစ်တွင် ပြည်မကြီး၌ တားဆီး ပိတ်ပင်ထားသည်။

၂၀၀၃
ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် ဆားစ်ရောဂါ ပျံ့နှံ့ဖြစ်ပွားခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ၀န်ကျားပေါင် ဟောင်ကောင်သို့ လာရောက်စဉ် ဥပဒေ အခန်း ၂၃ အား လူပေါင်း ငါးသိန်း ဆန္ဒပြခဲ့ကြပြီး ဟောင်ကောင် အစိုးရ အဖွဲ့ဝင် နှစ်ဦး နုတ်ထွက်ခဲ့သည်။

၂၀၀၄
တရုတ်နိုင်ငံလက်အောက်သို့ ပြန်လည်ရောက်ရှိလာသည့် ခုနစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် လူပေါင်း နှစ် သိန်း ကျော် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့သည် ဟောင်ကောင်တွင် ခန့်ထားသည့် ပြည်နယ် အုပ်ချုပ်ရေးအား ပေကျင်း အုပ်ချုပ်ရေး မှ ရွေးချယ်ခြင်းကို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဟောင်ကောင် ရွေးကောက်ပွဲ ဥပဒေများပြောင်းလဲခြင်းအတွက် တရုတ်မှ အတည်ပြုမှသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားပြီး ဒီမိုကရေစီလှုပ်ရှားမှုများအတွက် ဗီတိုအာဏာ အသုံးပြုနိုင်ကြောင်း ကြေညာခဲ့သည်။

၂၀၀၅
ဟောင်ကောင်တရားရုံးချုပ်မှ ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးခံထားရသော ဖာလွန်ဂေါင် အဖွဲ့ဝင် ရှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။
တီရန်မန် ရင်ပြင် ဒီမိုကရေစီ လှုပ်ရှားမှု ခြောက်နှစ်မြောက်အထိမ်းအမှတ်အဖြစ် လူပေါင်း ထောင်းသောင်းမက စုဝေးခဲ့ကြသည်။

၂၀၀၆
ဒီမိုကရေစီ အပြည့်အ၀ရရှိရန် လူပေါင်းထောင်သောင်းမက ဆန္ဒပြခဲ့ကြသည်။

၂၀၀၇
တရုတ်နိုင်ငံသို့ လွှဲပြောင်းခြင်း ၁၀ နှစ်မြောက်အထိမ်းအမှတ်ပြုလုပ်ခဲ့ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ဒီမိုကရေစီ အပြည့်အ၀ရရှိရေး စီမံကိန်းကို ထုတ်ဖော်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကိုယ်ပိုင် ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကိုယ်ပိုင် ဥပဒေပြုလွှတ်တော်အမတ်များ ရွေးချယ်ခွင့်ရှိမည်ဟု ပေကျင်းက ကြေညာခဲ့သည်။

၂၀၀၈
ဟောင်ကောင် ဒီမိုကရေစီလိုလားသောအဖွဲ့မှ ဥပဒေပြုလွှတ်တော်အမတ် ရွေးချယ်မှုတွင် သုံးပုံတစ်ပုံခန့် အနိုင်ရရှိခဲ့ သည့်အတွက် အနာဂတ် ဥပဒေများအတွက် ဗီတိုအသုံးပြုခွင့် ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

၂၀၀၉
တီရန်မန် ရင်ပြင် နှစ်နှစ်ဆယ်မြောက်အထိမ်းအမှတ်အဖြစ် လူပေါင်း ထောင်သောင်းမက စုဝေးခဲ့ကြသည်။
ပိုမိုကောင်းမွန်သော ဒီမိုကရေစီရရှိရန် တွန်းအားပေးမှုတစ်ရပ်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်ဟု ဟောင်ကောင် အာဏာပိုင်များက ပြောကြားခဲ့သည်။
၂၀၁၂
ဒီမိုကရေစီ လိုလားသောပါတီမှ ဥပဒေပြုလွှတ်တော်ကောင်စီ ရွေးကောက်ပွဲအတွင်း ဥပဒေသစ်များ ပြဋ္ဌာန်းရန် ဗီတိုကို ဆက်လက်ထိန်းထားနိုင်ခဲ့သော်လည်း ထင်မှတ်ထားသည့်အတိုင်း မလုပ်ဆောင်နိုင်ခဲ့ချေ။

၂၀၁၃
ဟောင်ကောင်သို့ ရောက်ရှိလာသည့် အမေရိကန် အမျိုးသားလုံခြုံရေး အေးဂျင့်ဟောင့် အက်ဒ၀ပ် စနိုးဒန်အား ထောက်ခံရန်
Mizzima News

ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ စပိန်အသင်းတွင် ရွေးချယ်ခံရ


ချယ်လ်ဆီးအသင်းတွင် ခြေ စွမ်းပြ ဂိုးသွင်းယူနေသော ဘရာ ဇီးဖွား စပိန်နိုင်ငံသား တိုက်စစ် မှူး ဒီယေဂိုကော်စတာမှာ ဆလိုဗက်ကီးယား၊ လူဇင်ဘတ်တို့နှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲကစားမည့် စပိန်အသင်း လူစာရင်းတွင် ရွေး ချယ်ခံခဲ့ရသည်။


ကော်စတာမှာ တံကောက် ကျောဒဏ်ရာရရှိနေပြီး အကောင်း ဆုံးခြေစွမ်းရရှိနိုင်ရန် ရုန်းကန်နေ ရကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုထားကာ နိုင်ငံ အသင်းအတွက် ရွေးချယ်စေလို ခြင်းမရှိကြောင်း သိရသည်။ သို့ သော် မော်ရင်ဟိုက စပို့တင်းလစ္စဘွန်းနှင့်ပွဲတွင် ကော်စတာအား ပွဲချိန်ပြည့် ထည့်သွင်းအသုံးပြုခဲ့ သည်။ ယင်းတို့ထံသို့ အသုံးပြု ခြင်းမှာ တစ်လတာအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။


ကော်စတာကို ရွေးချယ်မှုနှင့်ပတ်သက်၍ စပိန်နည်းပြ ဒဲလ် ဘော့စကေးက ပြောကြားရာတွင် ‘‘ဒီယေဂိုကော်စတာကို ရွေးချယ် ရတာ ပြဿနာမရှိပါဘူး။ ဘာ ကြောင့်လဲဆိုတော့ သူက ပွဲတိုင်း ကစားနေတာပါ’’ဟု ပြောသည်။


—Ref: Goal

ဆက်ကြေးငွေအလွဲသုံးစားလုပ်သော RCSS/SSA အဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံထံ သို့ ထွက်ပြေးတိမ်းရှောင်


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျိုင်းတောင်းမြို့နယ်အတွင်း သစ်စက် များ၊ သစ်လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိသော ဆက်ကြေးငွေများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/ SSA) အဖွဲ့တစ်ဖွဲ့မှ အလွဲသုံးစားလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းဒေသခံများထံမှ သတင်း ရရှိသည်။

“ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး ဒီမြို့နားပတ်ဝန်းကျင်ရွာတွေမှာ ရွက်ဆစ်အဖွဲ့က စစ်သားတွေ ခြေရှုပ်နေကြ တယ်၊ ကောက်ခိုင်းတဲ့ ဆက်ကြေးငွေတွေ လာမပေးလို့လိုက်ရှာနေတာလို့သိရတယ်၊ သူတို့ အချင်းချင်းကြားမှာလဲ ဖြတ်စားလတ်စားတွေရှိမှာပေါ့ ” ဟု ကျိုင်းတောင်းမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါအဖွဲ့မှ ကျိုင်းတောင်းခွင်အတွင်း ကောက်ခံရရှိသွားသော ဆက်ကြေးငွေ ပမာဏမှာ သိန်း(၅၀၀) အထက်တွင် ရှိနေကြောင်း သစ်လုပ်ငန်းရှင်တစ်ဦးကဆို သည်။

“ ဆက်ကြေးကောက်တဲ့ ခေါင်းဆောင်ရဲ့ မိန်းမကဒီကွန်ဟိန်းမြို့နယ်ထဲကလို့ သိရတယ်၊ သူ့မိန်းမ ဆီပြန်သွားပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွား တယ်လို့သတင်းထွက်နေတာပဲ” ဟု ကွန်ဟိန်းမြို့ခံ တစ်ဦးက ပြောသည်။

ယင်းဆက်ကြေးငွေများအား အလွဲသုံးစားလုပ်နေသော RCSS/SSA အဖွဲ့မှ စိတ်မှူးအဆင့်ရှိ စောနန္တိသည် ဇနီးဖြစ်သူ မနန်းဖြစ် ရှမ်း/ဗုဒ္ဓ၊ ဆိုက်ခေါင်ကျေးရွာ၊ ကွန်ဟိန်းမြို့နယ်နေသူအား လာရောက်ခေါ်ဆောင်သွား ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် အင်အား(၁၀)ဦးခန့်ပါရှိပြီး ကောက်ခံရရှိသော ဆက်ကြေးငွေ များအား ယူဆောင်ကာ လက်နက်ကိုယ်စီဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း သိရှိရပါသည်။

စိုင်းဇေယျာ(ကွန်ဟိန်း)
Shan News

ဗြိတိန် အကူအညီပေးရေး ဝန်ထမ်း အလန်ဟန်းနင်းကို IS တို့ ခေါင်းဖြတ်

IS စစ်သွေးကြွတို့၏ ဖမ်းဆီးခြင်း ခံထားရသည့် ဗြိတိန်လူမျိုး အကူအညီပေးရေး ဝန်ထမ်း အလန်ဟန်းနင်းကို ခေါင်းဖြတ်သတ်လိုက်သည့် ဗီဒီယိုကို IS တို့က ယမန်နေ့က လွှင့်တင်ခဲ့သည်။ ဟန်းနင်းကို ခေါင်းဖြတ် ဗီဒီယိုများကြောင့် ကျော်ကြားလာသည့် သားသတ်သမား ဂျီဟတ်ဒီဂျွန်ကပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။



အလန်ဟန်းနင်းကို မသတ်ဖြတ်မီ ခြိမ်းခြောက်မှု ပြုလုပ်နေသည့် ဂျီဟတ်ဒီဂျွန်။ (ဓာတ်ပုံ - Daily Mail)

သတ်ဖြတ်ခြင်း မခံရမီတွင် အရိုးပေါ် အရေတင်ကာ ပင်ပန်းနေဟန် ပေါက်နေသည့် မစ္စတာ ဟန်းနင်းက အီရတ်ရှိ IS တို့အပေါ် တိုက်ခိုက်ရန် ဆုံးဖြတ်သည့် ဗြိတိန် ပါလီမန်အပေါ် အပြစ်တင်သည့် ပြောကြားမှု အချို့ကို ဂျီဟတ်ဒီ ဂျွန်၏ ဖိအားပေးမှုကြောင့် ပြုလုပ်ခဲ့ရ သေးသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ကလေးနှစ်ဦး၏ ဖခင် အလန်ဟန်းနင်းသည် ဒုက္ခသည်များကို စာနာထောက်ထားမှုဖြင့် အကူအညီပေးရေး အဖွဲ့အစည်း တစ်ခု၏ ၀န်ထမ်းတစ်ဦး ဖြစ်ပြီး ယင်းကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ ရက်က ဆီးရီးယားရှိ ဒုက္ခသည်များကို အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန် အလာမှာပင် လေဆိပ် အရောက်၌ ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်း မခံရမီတွ် မစ္စတာ ဟန်းနင်းက "ကျုပ်က အလန်ဟန်းနင်းပါ။ ခင်ဗျားတို့ ဗြိတိန် ပါလီမန်ရဲ့ IS အဖွဲ့ကို တိုက်ခိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သား တစ်ယောက်ဖြစ်တဲ့ ကျုပ်က ဒီတန်ဖိုးကို ပေးရတော့မယ်"ဟု ပြောကြားခဲ့သည်။ ထို့အတူ သားသတ်သမား ဂျီဟတ်ဒီဂျွန် ကလည်း "ဒေးဗစ်ဟိန်း (ဗြိတိန် နိုင်ငံသားများ ထဲမှ ပထမဆုံး ခေါင်းဖြတ် ခံရသူ) ရဲ့ သွေးတွေဟာ ခင်ဗျားလက်မှာ ပေနေတယ် ကင်မရွန်း (ဗြိတိန် ၀န်ကြီးချုပ်)၊ ခုတော့ အလန်ဟန်းနင်းလည်း ပါလာပြီ။ အလန်ရဲ့ သွေးတွေက ဗြိတိန်ပါလီမန်မှာ စွန်းထင်းပြီ"ဟု ပြောကြားခဲ့သည်။

ယခုဗီဒီယိုတွင်လည်း ယခင် ဗီဒီယိုများ နည်းတူ ခေါင်းဖြတ်ခြင်းကို ပြသခဲ့ခြင်း မရှိသော်လည်း ခေါင်းဖြတ်ရန် အတွက် ဂျီဟတ်ဒီဂျွန်က အနားကပ်သွား ပုံနှင့် မြေပေါ်တွင် လဲကျနေသည့် ဟန်းနင်း၏ သက်မဲ့ ခန္ဓာတို့ ပါဝင်သည်။

Ref: Daily Mail
Mizzima

ဗိုလ်မှူးကြီးစောအယ်ကော်ထူး(တိုက်ဂါး) ဘက်မပြောင်းဟုဆို


ဗိုလ်မှူးကြီးစောအယ်ကော်ထူး(တိုက်ဂါး) ဘက်မပြောင်းဟုဆို
ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောအယ်ကော်ထူး 
(တိုက်ဂါး)မှာအခြားကရင်လက်နက်ကိုင်အဖွဲ့တစ်ခုသို့ နောက်ပါတပ်ဖွဲ့
ဝင်များ နှင့်အတူ ကူးပြောင်းသွားခြင်းမရှိဟု သိရသည်။မည်သည့်အဖွဲ့
အစည်းကိုမှ ကူးပြောင်းခြင်းမရှိဘဲလက်ရှိအနေအထား အရ တပ်ဖွဲ့ဝင်
များနှင့်အတူသင့်တော်သည့်နေရာတစ်ခုတွင်လှုပ်ရှားနေခြင်းဖြစ်ကြောင်း 
ဗိုလ်မှူးကြီးစောအယ်ကော်ထူး(တိုက်ဂါး)ကဆက်သွယ်မေးမြန်းမှုကိုတို
တိုတုတ်တုတ်ပြောဆိုခဲ့သည်။

လက်ရှိအနေအထားအရ၎င်းကိုမိခင်အဖွဲ့အစည်းမှတရားဝင်ထုတ်ပယ်
ထားခြင်းမရှိသေးသလိုကာယကံရှင်နှင့်နောက်ပါစစ်သည်များမှာလည်း 
ကရင်ငြိမ်းချမ်းရေးကောင်စီ -PC တပ်ဖွဲ့ဝင်များအနေဖြင့်သာ ရပ်တည် 
နေကြောင်း သိရသည်။

လတ်တလောထွက်ပေါ်နေသော သတင်းများအရ ဗိုလ်တိုက်ဂါးနှင့်တပ်ဖွဲ့
ဝင်များသည် ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)
သို့ ကူးပြောင်းသွားကြောင်း သတင်းများထွက်ပေါ်နေသည်။

ထို့ပြင် မြ၀တီမြို့ရှိ ဗိုလ်မှူးကြီးစောအယ်ကော်ထူး (တိုက်ဂါး)၏ နေအိမ်
အားပူးပေါင်းတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၈ ရက်တွင် ၀င်ရောက်စစ်
ဆေးခဲ့ရာလက်နက်ခဲယမ်းများတွေ့ရှိခဲ့သဖြင့်လက်နက်ဥပဒေဖြင့်မြ၀တီမြို့
မရဲစခန်း၌ အမှုဖွင့်ထားသည်။
စံတော်ချိန်