ခေါင်းတစ်ခြမ်းကိုက်ရောဂါခံစားနေရသူများ အရေအတွက်နှစ်ဆမြင့်တက်လာ


(၂၅) နှစ်ကြာလေ့လာမှုများအရ သက်လတ်အပိုင်းအခြားတွင်ဖြစ်လေ့ရှိသည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) သည် အကြောအားနည်း၍

ခြေလက်တုန်သောရောဂါထက် နှစ်ဆမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ ခေါင်းတစ်ခြမ်း ကိုက် ရောဂါ ခံစားနေရသည့်သူများ စတင်ခံစားရလေ့ရှိသည့် ရောဂါလက္ခဏာမှာ ပြိုးပြက်လင်းလက်သည့် ရောင်စဉ်တန်း များ ကိုခံစားရပြီးနောက် ခေါင်းတစ်ခြမ်းကိုက်လာသည့် အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်းသိရှိရပါသည်။

ခေါင်းတစ်ခြမ်း ကိုက်ရောဂါသည် ဦးနှောက်၏သတင်းပေးပို့မှုသည် ပုံမှန်ထက် ပိုမိုဆောင်ရွက်မှုနှင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု သုံးသပ်နေကြသော်လည်း အခိုင်အမာ ပြောကြားလို့မရသေးကြောင်းလည်း သိရှိရပါသည်။ ထိုခေါင်းတစ်ခြမ်းကိုက်ရောဂါသည် အမျိုးသမီး (၅) ဦးတါင် (၁) ဦးဖြစ်လေ့ရှိပြီး အမျိုးသား (၁၅) ဦးတွင် (၁) ဦးဖြစ်လေ့ရှိကာအချို့တွင် အရွယ်ရောက်စအသက်မျိုးတွင်ပင်ခံစားရလေ့ရှိ ကြောင်းသိရှိရပါသည်။ ယာယီအားဖြင့် ဦးနှောက်သွေးကြောများနှင့် ခန္ဓာကိုယ်တွင်းရှိ ဓာတုပစ္စည်းများ ယာယီပြောင်းလဲခြင်းကြောင့်ဟု ယူဆကြသော်လည်း ခေါင်းတစ်ခြမ်းကိုက် ရောဂါကိုဖြစ်ပွားစေသည့်အဓိကအကြောင်းအရာကိုမူ အတိအကျမသိရှိရသေးပေ။

American Academy of Neurology ၏ ဆေးပညာဆိုင်ရာဂျာနယ်တွင် ဖော်ပြချက်အရ အသက် (၃၃) နှစ်နှင့် (၂၅) နှစ်အကြားတွင် ၂၅ နှစ်ကျော်အတွင်းတွင် (၅၆၂၀) ယောက်အား လေ့လာစမ်းစစ်ခဲ့ရာ ခေါင်းကိုက်ရောဂါ ခံစားရခြင်းမရှိသူ (၃၉၂၄) ဦး၊ ခေါင်းကိုက်ရောဂါ ခံစားရသော်လည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါ အခြေအနေမရှိသူ (၁၀၂၈) ဦး၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါခံစားနေရ သော်လည်း ထိုရောဂါ၏အရိပ်အခြေလက္ခဏာများမဖြစ်ပွားသူ (၂၃၈) ဦးနှင့် ခေါင်းတစ်ခြမ်းကိုက် ရောဂါ၏ လက္ခာဏာများ ကိုခံစားနေရသူ (၄၃၀) ဦး ရှိကြောင်းသိရှိရပါသည်။
MRTV4

0 comments:

Post a Comment