ထူးအိမ်သင်၏ မိခင်နှင့်ဇနီးတို့ကို ဂါရဝပြု အလှူငွေ ကျပ်သိန်း သုံးဆယ်လှူဒါန်းခဲ့သည့် Lလွန်းဝါ


အဆိုတော် Lလွန်းဝါ၏ တတိယမြောက် အယ်ဘမ်ဖြစ်သည့် My Music Dictionary ရောင်းချရာမှ ရရှိသည့် အကျိုးမြတ်ထဲမှအရင်းကို ဖယ်ကာ ကျန်ငွေအားလုံး လှူဒါန်းသွားမည်ဟု ပြောဆိုခဲ့သော်လည်း ယင်းအယ်ဘမ်ပြီးစီးမည့် အချိန်သည် ကြာမြင့်မည်ဖြစ်ခြင်းကြောင့် ဂါရဝပြုသည့် အလှူငွေအနေဖြင့် ငွေကျပ်သိန်းသုံးဆယ်ကို သြဂုတ်၂ဝ ရက်က My Garden စားသောက်ဆိုင်တွင် စာနယ်ဇင်းများရှေ့၌ လှူဒါန်းခဲ့သည်ဟု ပြောသည်။ “အမှန်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက စနစ် ကအခွေထွက်မယ်။ ပြီးရင် ဗီဒီယိုရိုက်မယ်။ အဲဒါတွေက ကြာဦးမယ်။ အရင်ဦးဆုံး ကျွန်တော်က ထင်သာမြင်သာ ရှိသွားအောင် ပြလိုက်တာပါ။ ကျွန်တော့ အနုပညာကြေးဖြစ်တဲ့ ဒီအခွေကို လှူဒါန်းလိုက်တာပါ။ အလှူငွေသိန်း ၃ဝ ကို မမြင်စေချင်ပါဘူး” ဟု မဇ္ဈိမသို့ ပြောခဲ့သည်။

ယင်းလှူဒါန်းမှုကို ထူးအိမ်သင်၏ မိခင်ဖြစ်သူ ဒေါ်မြရီနှင့် ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်တို့ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုတော် Lလွန်းဝါသည် အလှူငွေ လှူဒါန်းမှုအပြင် ထူးအိမ်သင် သင်ကြားပေးခဲ့သည့် How To Sing (Graham Hewitt) ပြည်ပ သင်ရိုးညွှန်း မိတ္တူစာအုပ်ကိုလည်း ဂီတဝါသနာရှင်များအတွက် ၎င်း၏ တေးသီချင်းများ စီစဉ်ပေးသူ ကိုမင်းမင်းဦးထံသို့ လှူဒါန်းခဲ့သည် ဟု ပြောသည်။

“ကျွန်တော်က မပေးချင်ဘူး။ ဒီစာအုပ်ကို ဖွက်ထားတယ်။ ဘယ်သူ့ကိုမှလည်း မပြခဲ့ဘူး။ သိမ်းထားတာ ၁၃ နှစ်လောက်ရှိပါပြီ။ ကိုယ်ခန္ဓာအနေအထား ဘယ်လိုထားရမလဲ။ ဘယ်လိုသီဆိုရမလဲ၊ အဆုတ်လေ့ကျင့်ခန်းစတဲ့ အရာတွေကို သင်ပေးထားတာပါ” ဟု ၎င်းက ထပ်မံပြောသည်။ ယင်းသင်ရိုးညွန်းတမ်းများကို လေ့လာသင်ယူချင်ပါက တေးစီးရီးများနှင့် ပွဲများကို စီစဉ်သူ ကိုမင်းမင်းဦးထံတွင် သွားရောက် မိတ္တူဆွဲယူနိုင်သည်ဟု ပြောသည်။ အဆိုတော် L လွန်းဝါ၏ ဆရာဖြစ်သူ ထူးအိမ်သင်၏ နှစ်ပတ်လည်နေ့ ဖြစ်သည့် သြဂုတ်၂၃ ရက်တွင် မာစတာတေးသံသွင်းမှ ၎င်း၏ My Music Dictionary ကို ထုတ်လုပ်ဖြန့်ချိမည်ဟုဆိုသည်။

ယင်းအယ်လ်ဘမ်တွင် ထူးအိမ်သင်၏ တေးသီချင်းကို ပြန်လည်သီဆိုသွားမည် မဟုတ်ဘဲ Lလွန်းဝါ ကိုယ်တိုင် ရေးသားထားသည့် ဂုဏ်ပြုတေးသီချင်းများ၊ ဆရာဖြစ်သည့် ထူးအိမ်သင်၏ တေးသီချင်းဖွဲ့စည်းပုံနှင့် တည်ဆောက်ပုံများကို ရေးသားထားသော တေးသီချင်းများ ပါဝင်မည် ဖြစ်သည်။

Lလွန်းဝါသည် ထူးအိမ်သင် ကွယ်လွန်ပြီး နှစ်နှစ်အကြာတွင် စတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထူးအိမ်သင် သီဆိုလေ့ရှိသည့် အမေ၊ အဖေ တေးသီချင်းများကို Lလွန်းဝါ က ၎င်း၏ ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ရေးသားပြီး မာမီ၊ ဒယ်ဒီဟု အစားသွင်းကာ သီဆိုထားသည့် သီချင်းတစ်ပုဒ် ပါဝင်မည် ဖြစ်သည်။ ယင်းတေးသီချင်းများကို Ironcross Band ဖြင့် တီးခတ်ပြီး အွန်လိုင်း Myanmar Music Store တွင် ရောင်းချသွားမည် ဖြစ်သည်။

Lလွန်းဝါသည် တေးသီချင်းများ သီဆိုရာ၌ ထူးအိမ်သင်၏ အယူအဆများဖြင့် သီဆိုလာခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် "အချစ်မျက်ဝန်း" ပထမ တေးစီးရီးကို ထွက်ရှိခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် " အဆုံးမဲ့မျှော်လင့်ချက်"ကို ထုတ်ဝေခဲ့ပြီးနောက် "အိပ်မက်ဝတ်စုံ" စီးရီးကို Lဆိုင်းဇီ ၊ ရေဗက္ကာဝင်း တိုနှင့် ပူးပေါင်းကာ ထွက်ရှိခဲ့သည်။
Mizzima

JJ Express နေပြည်တော်-မန္တလေးယာဉ် တိမ်းမှောက် နိုင်ငံခြားသား အပါအဝင် ၁၇ ဦး ဒဏ်ရာရ


နေပြည်တော်၊ မဇ္ဈိမ။ ။ ဂျေဂျေ (JJ) အဆင့်မြင့် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သြဂုတ် ၂၁ ရက် နေ့လည်က တိမ်းမှောက် ခဲ့ရာ နိုင်ငံခြားသား သုံးဦး အပါအဝင် ခရီးသည် ၁၇ ဦးဒဏ်ရာ ရရှိခဲ့ သော်လည်း စိုးရိမ်ရသည့် အနေအထား မရှိဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးနေဝင်းက ပြောသည်။


"နိုင်ငံခြားသားလည်း မစိုးရိမ်းရဘူး။ မြန်မာခရီးသည်တွေလည်း မစိုးရိမ်ရဘူး။ ဖြစ်တဲ့အချိန် မိုးကလည်း ရွာနေတယ်။ စလစ်ဖြစ်ပြီးတော့ တစ်ဖက်ယာဉ်ကြောမှာ တိမ်းမှောက်တာ”ဟု ရဲမှူးကြီး ဦးနေဝင်းက ပြောသည်။

နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာသည့် JJ Express ယာဉ်မှာ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင်အမှတ် ၂၂၁/၁တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများက နေပြည်တော် ကုတင် ၁ဝဝ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ ဒဏ်ရာအနည်းငယ်သာ ရရှိသူအချို့ က ဆေးရုံတွင် စစ်ဆေးမှု ခံယူကာ ပြန်လည်ဆင်းသွားပြီဟု သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ပြီး ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈ အပြင် ပုဒ်မ ၂၇၉ မဆင်မခြင် မောင်းနှင်မှုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

ဂျေဂျေ မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူ မကျော့က ”ကျွန်မတို့ ခုမှသွားနေတုန်း လမ်းမှာပဲ ရှိသေးတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်သွားတဲ့ ခရီးသည်တွေ အတွက် အပြည့်အဝ တာဝန်ယူ သွားမှာပါ။ နောက်ဆုံး အခြေအနေကို မသိရသေးပါဘူး။ အရမ်း မစိုးရိမ်ရဘူး လို့တော့ သိထားပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

ယာဉ်ပေါ်တွင် စုစုပေါင်းခရီးသည် ၂၉ ဦးလိုက်ပါလာပြီး ဒဏ်ရာရရှိ ခဲ့သည့် နိုင်ငံခြားသားသုံးဦးမှာ သြစတြေးလျ နိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား နှစ်ဦး ဖြစ်ပြီး စိုးရိမ်ရသည့် အနေအထား မရှိဟု ဆိုသည်။

ဂျေဂျေ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများကို ၂ဝ၁၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် စသည့်မြို့ကြီးများ ကို ပြေးဆွဲလျက် ရှိသည်။
Mizzima

မြန်မာက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်


ဘရူနိုင်း ဘုရင့်ဖလား ဖိတ်ခေါ် အကြိုဗိုလ်လုပွဲကို မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့ မလေးရှား ယူ ၂၁ အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်း ပွဲစပြီး ၂ မိနစ်အတွင်း ထောင့် ကန်ဘောရရှိလို့ ဂိုးရှေ့ချပေးတာကို မလေးနောက်တန်း လူတွေနဲ့ ထိပြီး ပြန် ထွက်လာ တဲ့ဘောလုံး ကို မြန်မာရှေ့တန်း ကစားသမား ကျောနံပါတ် ၁၁ သန်းပိုင်က ကန်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒီနောက် နှစ်ဖက်အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး မိနစ်၂၀ မှာ မြန်မာအသင်းက ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မလေးရှားအသင်း ဂိုးဧရိယာထိပ်နားမှာ မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူက မလေးနောက်တန်းသမား တဦးကို လိမ်ခေါက်ပြီး ဂိုးဧရိယာ ညာဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် မြန်မာအသင်းကပဲ အကြိမ်ကြိမ်ထိုးဖောက်ကစားခဲ့ပြီးနောက် ၃၂ မိနစ်မှာတော့ မြန်မာကစားသမား ကျောနံပါတ် ၂၃ မလေးနောက်တန်းသမားတွေ ကြားထဲကနေ ဂိုးဧရိယာထိပ်နား ဘောလုံးထိုးပေး လိုက်တာကို မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူက ဆွဲယူကာ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး တတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီနောက် နှစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပထမပိုင်း ပြီးဆုံးပါတယ်။

ဒုတိယပိုင်းစပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မြန်မာအသင်းက မလေးရှားအသင်းရဲ့ ဂိုးဧရိယာညဘက်ထိပ်နားမှာ ပြစ်ဒဏ်ဘော ကန်ခွင့် ရရှိခဲ့ပါတယ်။

အဲဒီပြစ်ဒဏ်ဘောကို မြန်မာရှေ့တန်းကစားသမား ကျောနံပါတ် ၉ အောင်သူ ကန်သွင်းရာမှာ ဂိုးသမားပုတ်ထုတ်လို့ တိုင်နဲ့ ထိပြီး ပြန်ထွက်လာခဲ့တာကို မြန်မာကစားသမား ကန်သွင်းခွင့်ရပေးမယ့် ဂိုးပေါ် ကျော်တက်သွားပါတယ်။

၅၄ မိနစ်မှာတော့ မလေးရှားအသင်းက ရှေ့တန်းဝဲအစွန်ကစားသမား မြန်မာအသင်းဂိုးရှေ့ တင်ပေးတာကို ကျောနံပါတ် ၁၂ ခေါင်းတိုက်သွင်းပေမယ့် ဂိုးစည်းဘေးကနေ ထွက်သွားပါတယ်။

၆၇ မိနစ်မှာတော့ မလေးရှင်းအသင်းက ကျောနံပါတ် ၂၁ ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ မိနစ် ၇၀ မှာတော့ ရာသီဥတုပူတဲ့အတွက် ခေတ္တအနားပေးပါတယ်။

ပွဲပြန်ကစားပြီးနောက် ၇၅ မိနစ်မှာ မြန်မာရှေ့တန်း ၀ဲအစွန်လူ ဆွဲပြေးပြီး ဂိုးရှေ့ချပေးတာကို ကျောနံပါတ် ၂၃ ကန်သွင်းယူခဲ့ပေမယ့် မလေးရှား ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။

ဒီနောက် မြန်မာအသင်းက အပေးအယူ အချိန်အဆက် မိမိနဲ့ ဆက်လက်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုး ထပ်မံ သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲစဉ် ပြီးဆုံးသွားပါတယ်။

မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲမှာ အုပ်စုအဆင့် ၄ ပွဲစလုံး ခြေစွမ်းပြအနိုင်ရပြီး အကြို ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

ဘရူးနိုင်ဘုရင့်ဖလား အကြိုဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့လို့ တဖက် ထိုင်းနဲ့ဗီယက်နမ် အကြိုဗိုလ်လုပွဲကနေ တက်လာတဲ့အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ် ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

၁၆ နှစ်သာရှိသေးပြီး ပလပ်စတစ်ဆာဂျရီခွဲစိပ်မှု မလုပ်ထားကြောင်းဆိုတဲ့ နောက်ထပ် လူသားဘာဘီ တစ်ယောက်ပေါ်ထွက်





Ukarine နိုင်ငံ Kiev မြို့က အသက် ၁၆နှ စ်အရွယ် Lolita Richi ဟာ သူမရဲ့အသွင်အပြင်ကို mattelရုပ်ရဲ့ပြီးပြည့်စုံတဲ့ပုံတူပွားဖြစ်အောင် ပြောင်းလိုက်တဲ့နောက်ဆုံးလူသား ဘာဘီဖြစ်ပါတယ်။ သူ့အရင်ကတော့ Alina Kovalevskaya နဲ့ Valeria Lukyanov တို့က အလားတူလုပ်ရပ်မျိုး လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Lolita ရဲ့အသွင်အပြင်ကူးပြောင်းမှုက မြင်ဖူးသမျှထဲမှာ ထိပ်လန့်စရာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။
သူမမှာ လက်မ ၂၀ ရှိတဲ့ ခါးနဲ့ အလွန်တရာကြီးမားနေတဲ့ ရင်သားတွေရှိတဲ့အတွက် ဒီလိုမျိုးဘာဘီစံပြပုံစံအ သွင်အပြင်ရဖို့အတွက် ပလပ်စတစ်ဆာဂျရီခွဲစိပ်မှုပြုလုပ်ထားတယ်လို့ ထင်စရာရှိပေမယ့် ဆယ်ကျော်သက် ယူကရိန်းကောင်မလေးကတော့ ခွဲစိပ်မှုတွေ၊ အစာလျော့စားမှုတွေနဲ့၊ photoshop (ဓာတ်ပုံဖြတ်ညှပ်ကပ်) တွေမပြုလုပ်ထားဘူးလို့ အခိုင်အမာဆိုပါတယ်။
‘ကျွန်မ အခြားသူတွေ ထက်ပိုကောင်းတဲ့ ပုံသဏ္ဍန်ရနေပြီလို့ ကျွန်မထင်ပါတယ်။ ကျွန်မက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု အရှိဆုံးသူပါ။ Valerua Lukyanove (အခြားနာမည်ကြီး လူသားဘာဘီ) ကို ကျွန်မကြားတောင်မကြားဖူးပါဘူး’ လို့ပြောပါတယ်။
သူမရဲ့ကိုယ်ပိုင်စေ့ဆော်မှုကို မေးတဲ့အခါမှာတော့ သူမက ပြီးပြည့်စုံတဲ့အသွင်အပြင်ရှိချင်ပြီး အမျိုးသမီးတွေ အားလုံး ဒါကိုလိုချင်သင့်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်လေးတွေဆီကလာတဲ့ စိတ်ဝင်စားမှု ကိုပြောပြတဲ့အခါမှာလည်း Lolita တစ်ယောက်ရှက်ကြောက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့စိတ်ဝင်စားမှုကို ဘယ်သူကမှ မတားဆီးနိုင်ခဲ့ဘူးလို့ပြောဆိုပါတယ်။
‘လူတွေက သူတို့ကျွန်မကို ဘယ်လို မနာလိုဖြစ်တာနဲ့ ကျွန်မဘယ်လို လှပတာကို ပွင့်ပွင့်လင်းလင်းပြောကြတယ်။ ကျောင်းကကောင်လေးတွေအားလုံး ကျွန်မကိုကြိုက်ကြတယ်။ ဒါပေမယ့် ကျွန်မသူတို့ထဲက တစ်ယောက်ကိုမှ မကြိုက်ဘူး။ သူတို့က ကျွန်မစိတ်ကြိုက်မဟုတ်ဘူးလေ’ လို့ ပြောပါတယ်။

“သူတို့ ငါးယောက်စီကနေ သွေးနမူနာယူပြီးတော့ ဓါတ်ခွဲခန်းကို ပို့ထားတယ်၊ပုံမှန်အရတော့ ၃ ရက်ကနေ ၅ ရက်အထိ ကြာမယ်၊ ဝေဘာဂီဆေးရုံကြီးမှာ သမားတော်ကြီးဦးဆောင်ပြီး ကုသမှုပေးနေတယ်၊ ဓါတ်ခွဲခန်း အဖြေရမှဆက်ပြီးလုပ်ဆောင်ရမှာပါ”


အဆိုပါရောဂါမကူးစက်စေရန် " ကိုယ်အပူချိန်မြင့်လွန်၍ မျက်ထောက်နီ၊ဗိုက်နာမကြာခဏအန်နေသူများနှင့် ထိတွေ့ကိုင်တွယ်ခြင်း မပြုရ၊လက်ကိုမကြာခဏသန့်စင်သောရေ၊ ဆပ်ပြာဖြင့်ဆေးပါ၊ အရက်ပျံဖြင့် သုတ်ပေးပါ၊ ရောဂါပိုးရှိနေသူများအား လက်ဖြင့်လက်တွဲခြင်းမပြုရ၊ လင်းနို့များ၊မျောက်များနှင့် ဝေးဝေးနေရမည်၊ အသေကောင်များတွေ့ပါကမကိုင်ရ၊အသားများအားဆူပွက်အောင်ကြိုချက်ပြီးမှစားသောက်ပါ " ဟု ကျန်းမာရေးဦးစီးဌာနမှသတင်းထုတ်ပြန်ထားသည်။

Shwe Myitmakha Media Group


HTC Desire 210

----
အားသာချက်
Desire 210 သည် တန်ဖိုး ကျပ် ၉၉,၀၀၀ ဝန်းကျင်တွင် ရှိသော ဖုန်းအမျိုးအစား ဖြစ်သော်လည်း ဓာတ်ပုံစနစ်ပိုင်းတွင် ဓာတ်ပုံများကို ဗီဒီယိုဖိုင်စနစ်အဖြစ် ပြောင်းလဲ ကြည့်ရှုနိုင်ခြင်း ဗီဒီယိုဖိုင်စနစ်အနေဖြင့် ပြန်လည်သိမ်းဆည်းနိုင်ခြင်း၊ ဓာတ်ပုံများအတွက် နောက်ခံသီချင်းသံစဉ်များ ထည့်သွင်းနိုင်ခြင်း စသည့်စနစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အွန်လိုင်းစနစ် အသုံးပြုသူများအတွက် ပြည်တွင်းရှိ သတင်းများအား အချိန်နှင့် တစ်ပြေးညီ သိရှိဖတ်ရှုနိုင်စေမည့် HTC Blinkfeed စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
အားနည်းချက်
ဖုန်းတွင် တပ်ဆင်အသုံးပြုထားသော ရှေ့ကင်မရာမှာ သာမန် VGA ကင်မရာဖြစ်ခြင်းကြောင့် Selfie စနစ်တွင် အနည်းငယ် အားနည်းချက်ရှိနေပြီး အသံပိုင်းစနစ်တွင်လည်း ဖုန်း၏ Ringtone နှင့် Alarm သံ စနစ်ပိုင်းတွင် အသံအနည်းငယ်တိုးသည်။
ဒီဇိုင်း
ပုံစံဒီဇိုင်းပိုင်းတွင် 210 သည် အရွယ်အစား ကောင်းမွန်သည်ဟု ဆိုနိုင်သော ဖုန်းဖြစ်သည်။
လက်တစ်ဘက်တည်းဖြင့် ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် အဆင်ပြေသော အရွယ်အစားမျိုးဖြစ်ပြီး ဘေးတိုက်အကျယ် ၆.၅ စင်တီမီတာနှင့် အထက်အောက် အမြင့် ၁၂.၅၇ စင်တီမီတာရှိသည်။ နောက်ဘက် ကာဗာမှာ ဖြုတ်နိုင်၊ တပ်နိုင်သော ကာဗာအရှင် ပုံစံမျိုးဖြစ်ပြီး ဖုန်း၏ထုထည်မှာ ၁.၀၅ စင်တီမီတာရှိခြင်းကြောင့် ထူသည်ဟု ဆိုနိုင်သော်လည်း ဖုန်း၏နောက်ဘက်ကာဗာအား အခုံးပုံစံမျိုး ပြုလုပ်ထားခြင်းနှင့် ရှေ့ဘက်မျက်နှာပြင်၏ ဘေးဘောင်များကိုလည်း နောက်ဘက်သို့ဆိုက်ထားသော ပုံစံမျိုး ပြုလုပ်ထားကာ ထူသည့်ခံစားချက်အား လျှော့ချထားသော ပုံစံမျိုး ဖြစ်သည်။ GSM/ WCDMA ကွန်ရက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ပုံမှန် Mini Sim ကတ် တစ်ကတ်နှင့် Micro Sim တစ်ကတ်၊ စုစုပေါင်း နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်သည်။ နောက်ဘက်ကင်မရာ ဖွဲ့စည်းမှုတွင် ကင်မရာသည် နောက်ဘက်ကာဗာ၏ အတွင်းသို့ အနည်းငယ် ချိုင့်ထားသော ပုံစံမျိုး ရှိခြင်းကြောင့် ဖုန်း၏ကင်မရာအား အလွယ်တကူ ပွန်းရှခြင်းများကို ကာကွယ်နိုင်သော ပုံစံမျိုးဖြစ်သည်။
Internet Journal

ယောဂ ဆရာကြီး Iyengar ၉၅ နှစ်မှာ ကွယ်လွန်


အိန္ဒိယ နိုင်ငံမှာ ခေတ်သစ် ယောဂ ကျင့်စဉ်ရဲ့ ဖခင်ကြီးလို့ လူသိများတဲ့ မစ္စတာ အီယန်းဂါ BKS Iyengar ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ ယောဂ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အတော်များများ ရေးသားခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် Iyengar စတိုင်လ် ယောဂကျင့်စဉ်ကြောင့် ကမ္ဘာတဝန်း လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က မစ္စတာ အီယန်းဂါဟာ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ကမ္ဘာ့ သြဇာတိက္ကမ ရှိသူ လူ ၁၀၀ စာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။

သူ့အမည် Iyengar ဆိုတဲ့ စကားလုံးကို အောက်စ်ဖို့ဒ် အင်္ဂလိပ် အဘိဓာန်ထဲမှာလည်း ယောဂ ကျင့်စဉ် ပုံစံတစ်မျိုး အဖြစ် ထည့်သွင်း ဖော်ပြထားပါတယ်။

မစ္စတာ အီယန်းဂါဟာ နှစ်ပေါင်း ၈၀ ကြာအောင် ယောဂကို ကျင့်သုံးခဲ့တာ ဖြစ်ပြီး မနှစ်က သူ အကြီးအကျယ် နေမကောင်း ဖြစ်ခဲ့တဲ့ အချိန်အထိ ကြမ်းပြင်မှာ ခေါင်းနဲ့ ထိပြီး နာရီဝက်ကျော် ကြာအောင် ဇောက်ထိုး နေနိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

သတင်းသမား ခေါင်းဖြတ် အသတ်ခံရမှု စုံစမ်းဆဲ



ဆီးရီးယား နိုင်ငံမှာ အမေရိကန် သတင်းထောက် တစ်ယောက်ကို Islamic State စစ်သွေးကြွ အဖွဲ့က ခေါင်းဖြတ် သတ်ခဲ့ပုံ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေ ပေါ်ထွက် လာခဲ့ပါတယ်။

သတင်းထောက် James Foley ကို ခေါင်းဖြတ် သတ်နေပုံကို ဖော်ပြတဲ့ ဗီဒီယိုသာ တကယ် စစ်မှန်တယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တကယ့်ကို တုန်လှုပ် ခြောက်ခြား ရမှာပါလို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒီကိစ္စအပေါ် သမ္မတ အိုဘားမားက မကြာခင်မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ မျှော်လင့်ရ ပါတယ်။

မစ္စတာ Foley ကို သတ်ဖြတ်သူဟာ ဗြိတိသျှ လေယူလေသိမ်း ရှိပုံရပြီး အဲဒီလူကို ဖော်ထုတ်နိုင်ဖို့ ထောက်လှမ်းရေး ဌာနတွေက စုံစမ်း နေပါတယ်။

မျက်နှာဖုံး စွပ်ထားတဲ့ လူသတ်သမားက ပြောရာမှာ Islamic State အဖွဲ့ကို အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ James Foley ကို သတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်ရွန်းကလည်း သူ့ရဲ့ အားလပ်ရက် ခရီးကနေ လန်ဒန်ကို ချက်ချင်း ပြန်လာခဲ့ပါတယ်။

သတင်းထောက် James Foley ကို သတ်ဖြတ်မှု တကယ် မှန်တယ် ဆိုရင် ဒါဟာ တကယ့်ကို ထိတ်လန့် တုန်လှုပ်စရာ ကောင်းပြီး ယုတ်မာ ရက်စက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ကင်မရွန်းက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားသို့ ပင့်ဆောင်ကိုးကွယ်သည့် ဘုရားတစ်ဆူမှ မျက်လုံးတော်ပွင့်



မလေးရှား နိုင်ငံရှိ မြန်မာလူမျိုးအိမ်တွင် ကိုး ကွယ်ထားသည့် ပန်းပေါင်းစုံဘုရား ဆင်းတုတော်မှ ယာဘက်မျက်လုံး တော်ပွင့်လာကြောင်း သိရသည်။
အဆိုပါဆင်းတုတော်မှ မျက် လုံးတော်ပွင့်နေခြင်းကို သြဂုတ်လ ၁၇ရက်တွင် စတင်ဖူးမြော်ရခြင်းဖြစ် ပြီး ကိုးကွယ်သူ မြန်မာနိုင်ငံသား ဦးကျော်ကျော်တိုးမှာ ဃမပျအွေျှူသမွှိုမလေနျူ ရွှသကမ ကုမ္ပဏီဖွင့်လှစ် ထားပြီး ယင်းကဲ့သို့ မျက်လုံးတော်ပွင့် နေသည်ကို မိသားစုဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ကျော်တိုးက ရှင်းပြပြောဆိုသည်။
''ကျွန်တော်တို့အိမ်မှာ အတူနေ တဲ့ညီလေးကစတွေ့တာ ညနေအလုပ် ကပြန်လာတော့ ဘုရားဆီမီးရေချမ်း ကပ်မယ်ဆိုတော့ တွေ့တာ။ ပျော်လဲ ပျော်တယ်။ ကိုယ့်အိမ်မှာ ထူးထူး ခြားခြားဖြစ်တယ်ဆိုတော့ စီးပွားရေး သမားတစ်ယောက်အနေနဲ့ အလုပ် အကိုင်တွေ အဆင်ပြေမယ်လို့ မျှော် လင့်တယ်'' ဟု ဦးကျော်ကျော်တိုးက ပြောသည်။
ယခုလက်ရှိတွင် ဘုရားဆင်းတု တော်ကို ယင်းတို့ကိုးကွယ်သည့် ဆရာ တော်မှပဋ္ဌာန်းရွတ်ခြင်း၊ ဘုရားအနေ ကဇာတင်ခြင်းများကိုပြုလုပ်ထားပြီး မလေးရှားနိုင်ငံရှိ မြန်မာလူမျိုးများ ဖူးမြော်နိုင်ရန် ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ တွင် ဘုရားဆင်းတုတော်အချို့မှ မျက်လုံးတော်ပွင့်ခြင်း ဖြစ်ရပ်များမှာ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး မြန်မာ လူမျိုး ဗုဒ္ဓဘာသာများအနေဖြင့် အကျိုးထူးပေးတတ်သည်ဟုလည်း ယုံကြည်ကြကြောင်း သိရသည်။
''နယ်ဘက်တွေမှာတော့ မျက်လုံး တော်ပွင့်တာတို့၊ မွေးညင်းထွက် တာတို့က မကြာခဏဖြစ်ပေါ်တတ် တယ်။ ဒီလိုဖြစ်ရပ်တွေက ဘာပဲဖြစ် ဖြစ်ထူးခြားပြီး အမြဲတမ်းကောင်း တာတွေပဲ ဖြစ်တတ်ပါတယ်'' ဟု အသက် ၅ဝကျော်အရွယ်ရှိ အဘဥာဏ်က ပြောသည်။
ယင်းဆင်းတုတော်ကို မြန်မာ နိုင်ငံမှ မလေးရှားသို့ ပင့်ဆောင်ကာ ကိုးကွယ်ထားခြင်းဖြစ်ပြီး ဥာဏ်တော် တစ်ပေခန့်ရှိကာ ၂ဝဝ၂ခုနှစ်မှစတင် ကိုးကွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
YMG

အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကူးတဲ့ အသက်အကြီးဆုံး စံချိန်တင်မယ့်သူ


ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံကို ခြားထားတဲ့ အင်္ဂလိပ် ရေလက်ကြားကို အသက် အကြီးဆုံး ရေကူး ဖြတ်ကျော် နိုင်သူအဖြစ် စံချိန် တင်နိုင်ဖို့ သြစတြေးလျ နိုင်ငံသား အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးက ကြိုးပမ်းနေပါတယ်။

ဆစ်ဒနီ မြို့ Bondi Beach မှာ နေထိုင်သူ မစ္စတာ Cyril Baldock က ဒီည မြန်မာ စံတော်ချိန် ၈ နာရီခွဲ လောက်မှာ စတင် ရေကူးမှာ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်က ရေကြောက်သူ မစ္စတာ Baldock ဟာ ၁၉၈၅ ခုနှစ်တုန်းကလည်း အင်္ဂလိပ် ရေလက်ကြားကို ရေကူး ဖြတ်သန်း ခဲ့ဖူးပါတယ်။

လက်ရှိ အသက်အကြီးဆုံး ဖြတ်ကူးနိုင်သူ အဖြစ် စံချိန်တင်ထားသူက Guernsey က အငြိမ်းစား ခွဲစိတ်ကု ဆရာဝန် Roger Allsopp ဖြစ်ပြီး အခု စံချိန်တင်ဖို့ ကြိုးစားနေတဲ့ မစ္စတာ Baldock က သူ့ထက် ၄ လ အသက် ပိုကြီးပါတယ်။

BBC Burmese

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ


အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန သည် မြန်မာနိုင်ငံအတွင်းသို့ အဆိုပါရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော် ၀င်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော သံသယရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ် ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်စဉ် သြဂုတ်လ (၁၉) ရက်နေ့၊ ည (၈) နာရီအချိန် တွင် လေယာဉ်ခရီးစဉ်အမှတ် (8M-332) ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးသည် ကိုယ်အပူချိန် မြင့် တက်ခြင်း၊ ကိုယ်လက်နှုံးချိခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်း၏ ခရီးသွားရာဇ၀င်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ၊ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြောင်း စုံစမ်းသိရှိရသဖြင့် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း လမ်းညွှန်အရ သံသယ လူနာအဖြစ် သတ်မှတ်၍ မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လူနာနှင့်အတူ လိုက်ပါပို့ဆောင်သူ (၄) ဦးတို့ကိုလည်း ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးများ ဦးဆောင်သော အဖွဲ့က လူနာအား သီးခြား ခွဲခြားထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သော ဓာတ်ခွဲ နမူနာများ ရယူ၍ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရန်ကုန်) နှင့် ညှိုနှိုင်း၍ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခြင်းတို့ကို စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ ဓာတ်ခွဲအဖြေအား တစ်ပတ်ခန့်ကြမှသာ သိရှိနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေကြောင်း တာဝန်ခံနှင့် ဆက်သွယ်၍ သံသယရှိလူနာ စီးနင်းလိုက်ပါလာသော လေယာဉ်အား ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် လေဆိပ်ဝန်ထမ်းများ၊ လေဆိပ်အတွင်း ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေ သူများအား ရောဂါ ကူးစက်မှု မရှိစေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊ လေဆိပ်အတွင်း Conveyor Belt ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ လေဆိပ်လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ခံများနှင့် အခြားဝန်ထမ်းများအား ဆက်သွယ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MOI

MH17 ပျက်ကျမှုတွင် သေဆုံး မလေးနိုင်ငံသားများကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်


ပြီးခဲ့တဲ့လက ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း MH17 မှာ သေဆုံးသွားသူ မလေးရှားနိုင်ငံသားတွေကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုသင်္ဂြိုဟ်မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၉ ရက်နေ့က ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ခရီးသည် ၂၉၈ ဦးလုံး သေဆုံးခဲ့ကြပြီး မလေးရှားနိုင်ငံသား ၄၃ ဦး ပါဝင်ခဲ့ပါတယ်။

လောလောဆယ် အချိန်အထိ ၂၈ ဦးရဲ့ ရုပ်အလောင်းကိုပဲ နာမည်နဲ့တကွ ခွဲခြားနိုင်သေး တာလည်း ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၂၂ နေ့မှာ ပထမဆုံးအသုတ်အဖြစ် မလေးရှားနိုင်ငံကို ပြန်လည်ရောက်ရှိလာမယ့် ရုပ်အလောင်း ၁၅ လောင်းကို စစ်အခမ်းအနားနဲ့ ကြိုဆိုမှာပြီး အမျိုးသားဝမ်းနည်းဖွယ်နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။

ဒီလို စစ်အခမ်းအနားနဲ့ ကြိုဆိုတာဟာ မလေးရှားနိုင်ငံသမိုင်းမှာ ပထမဆုံးလို့လည်း မလေးရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

သေဆုံးသူ ၄၃ ဦးထဲမှာ ၁၅ ဦးက လေယာဉ်အမှုထမ်းတွေဖြစ်ပြီး ၂ ဦးက လူမယ်ခလေးတွေဖြစ်ကြပါတယ်။

By ဒီဗွီဘီ

ဆွာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်း ပေးခဲ့ရကြောင်း သတင်းများကို ဘာစီလိုနာငြင်းဆို


လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူရာတွင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၇၅)သန်း ပေးချေခဲ့ရကြောင်း သတင်းများကို ဘာစီလိုနာက ငြင်းဆန်ခဲ့သည်။


လီဗာပူးလ်သည် ၎င်းတို့၏ တိုက်စစ်မှူးကို စာချုပ်ပါ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၅)သန်း သတ်မှတ်ထားသော်လည်း ဘာစီလိုနာက ခေါ်ယူရာတွင် ပေါင်စတာလင် (၆၅)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ စပိန်ကလပ်အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ယော်ဒီ မက်စ်ထရီက မိမိတို့၏ အပြောင်းအရွှေ့ရေးရာ ပါးနပ်စွာ ညှိနှိုင်းနိုင်မှုကြောင့် လီဗာပူးလ်က ဈေးနှုန်းလျော့ချပေးရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။ “ဆွာရက်ဇ်ရဲ့ စာချုပ်ပါဈေးက ပေါင်စတာလင် (၇၅)သန်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဈေးစကားပြောမှု အရည်အသွေးပိုင်းကြောင့် နောက်ဆုံးမှာ ပေါင်စတာလင် (၆၅)သန်းနဲ့ ဈေးတည့်သွားတယ်”ဟု မက်စ်ထရီက ပြောကြားခဲ့သည်။

ဘာစီလိုနာသည် အသက်(၂၇)နှစ်ရှိ ကစားသမားကို စာချုပ်ချိန်တွင် ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ကို ပေါင်စတာလင် သန်း(၁၇၀)သို့ မြှင့်တင်ခဲ့ကြောင်းလည်း သိရသည်။ ဆွာရက်ဇ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီတလီ လက်ရွေးစင် နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီကို ကိုက်ခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံနေရပြီး လတ်တလောတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအဆင့် ပွဲစဉ်များ၌ ပါဝင်ကစားခွင့် မရှိသေးချေ။ သို့သော်လည်း တရားဝင် ပြိုင်ပွဲမဟုတ်သည့် လီယွန်နှင့် ခြေစမ်းပွဲတွင်မူ ဘာစီလိုနာအတွက် ပွဲဦးထွက်ခွင့် ရခဲ့သည်။

Ref: Daily Mail

အမေရိကန် ဂျာနယ်လစ် နောက်တစ်ဦးကို ထပ်သတ်ဦးမည်ဟု IS အဖွဲ့ ခြိမ်းခြောက်

အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဂျိမ်းစ်ဖိုလေအား အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က သတ်ဖြတ်ကြောင်း ကြေညာချက် ဗီဒီယို သြဂုတ် ၁၉ ရက်တွင် ထွက်ပေါ်လာခဲ့ပြီး နောက်ထပ် ပျောက်ဆုံးနေသည့် အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သူ စတီဗင်ဂျိုးဆော့လို့ဖ်အား ထပ်သတ်မည်ဟု ခြိမ်းခြောက်ထားသည်။



ဖိုလေက မိမိသေဆုံးရခြင်းမှာ အမေရိကန်များကြောင့် ဖြစ်ကြောင်း ၎င်းအား မသတ်ဖြတ်မီ ကင်မရာရှေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်လေတပ်၏ အကူအညီဖြင့် အီရတ်နိုင်ငံမှ အကြီးဆုံးမိုဆူးဆည်အား ကာဒ်သူပုန်များက ပြန်လည်သိမ်းယူပြီးအပြီးတွင် IS အဖွဲ့က ယခုဗီဒီယိုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဖိုလေအား သတ်ဖြတ်ခဲ့သည်ဆိုသော IS အဖွဲ့ဝင်တစ်ဦး ပြောဆိုနေသည့် အင်္ဂလိပ်စကားမှာလည်း ဗြိတိန် လေယူလေ သိမ်းဖြစ်နေကြောင်း သိရသည်။


ဖိုလေ၏ မိခင်က သူမ၏ သားဖြစ်သူသည် ဆီရီးပြည်သူများခံစားနေရသည့် ဒုက္ခကို ကမ္ဘာက သိရှိစေ ရန် သူ့ဘ၀အတွက် အချိန်များကို ပေးဆပ်ခဲ့ကြောင်း၊ IS တပ်ဖွဲ့အနေဖြင့် ကျန်ရှိသည့် အမေရိကန်ဂျာ နယ်လစ် စတီဗင်ဂျိုးဆော့လို့ဖ်အား ထပ်မသတ်ရန် တောင်းဆိုခဲ့သည်။

“ဖမ်းထားတဲ့ သူတွေကို ထပ်မသတ်ဖို့ ကျွန်မတောင်းပန်ပါတယ်။ သူတို့ဟာ ကျွန်မရဲ့သားလိုပဲ အပြစ်မဲ့သူတွေပါ။ သူတို့အနေနဲ့ အီရတ်ပဲဖြစ်ဖြစ်၊ ဆီးရီးယားပဲဖြစ်ဖြစ် ကမ္ဘာပေါ်က ဘယ်နိုင်ငံအပေါ်မှာမဆို ချမှတ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒအပေါ်မှာ ဘာမှ လုပ်နိုင်သူ တွေမဟုတ်ပါဘူး” ဟု ဖိုလေ၏ မိခင်က ပြောကြားခဲ့သည်။



Ref:Daily Mail

အိုက်စလန်ရှိ ဘာဒါဘန်ဂါ မီးတောင် ပေါက်ကွဲရန် နီးသောကြောင့် လိမ္မော်ရောင် အဆင့် သတ်မှတ်ခံရ

အိုင်စလန်၊ သြဂုတ် ၁၉။ အိုက်စလန် နိုင်ငံရှိ ဘာဒါဘန်ဂါ မီးတောင်သည် ပေါက်ကွဲရန် အခြေအနေ အဆင့်သတ်မှတ်ချက် ငါးခု အနက် စတုတ္ထ အဆင့် ဖြစ်သော လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သောကြောင့် လေယာဉ် မောင်း နှင်မှုအတွက် အန္တရာယ်ရှိသော အဆင့်အဖြစ် အိုက်စလန် မိုးလေ၀သရုံးက သတင်းထုတ်ပြန် ကြေညာခဲ့ သည်ဟု သြဂုတ် ၁၉ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။



၂၀၁၀ ပြည့်နှစ်က အိုက်စလန် နိုင်ငံ၏ အီဂျက်ဖ် ဂျာလာဂျိုကူလ် မီးတောင် ပေါက်ကွဲမှုကြောင့် ဥရောပ၏ ကောင်းကင်ယံတွင် လေယာဉ် ပျံသန်းမှုကို ခြောက်ရက် ကြာ ပိတ်ထား ခဲ့ရကြောင်းနှင့် ပြည်သူ ၁၀ သန်း ကျော်မီးတောင် ပေါက်ကွဲမှုဒဏ်ကို ခံစားခဲ့ရပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကုန်ကျခဲ့သည်။

ဘာဒါဘန်ဂါ မီးတောင်သည် သြဂုတ်လ ၁၆ ရက်မှစ၍ ပြင်းထန်သော မြေတွင်း ငလျင် လှုပ်ရှားမှုများ ရှိ သော်လည်း ယခုအချိန်ထိ ပေါက်ကွဲမှုလက်္ခဏာ မပြသ သေးပေ။ မီးတောင်မှ မှုတ်ထုတ်သော ပြာများ အမြင့်ပေါ်မူတည်၍ ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော အလားတူ ပြာတိမ်တိုက်ကဲ့သို့ အန္တရာယ်ရှိနိုင်ပြီး ပြာလွှင့်ထုတ်မှု အပေါ်မူတည်၍ ဖြစ်ပေါ်နိုင်ကြောင်း မိုး လေ၀သ ရုံးမှ မြေငလျင်ဗေဒပညာရှင် မာတင်ဟန်ဆက်က ပြောကြားသည်။

ယင်းဒေသတွင် ၁၉၉၆ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး ငလျင်လှုပ်မှုကို တိုင်းတာရရှိခဲ့ရာ ယခုအခါ ကမ္ဘာ့ မြေအောက်ရှိ ကျောက်ရည်ပူများ ရွေ့လျား မှုပြင်းထန်နေကြောင်း မိုးလေ၀သဌာနက သြဂုတ် ၁၉ ရက် နံနက်အစောပိုင်းက ထုတ်ပြသော အစီရင်ခံစာတွင် ပြောကြားထားသည်။

“မြေအောက် ၁၀ ကီလိုမီတာ အထက်ပိုင်းမှာ မဂ္ဂကျောက်ရည်ပူတွေ ရွေ့လျားနေတဲ့ အထောက်အထား ကြောင့် မီးတောင် ပေါက်ကွဲတော့မယ် အလားအလာ ပိုမိုများ ပြားလာပါတယ်။ ဒါကြောင့် လေကြောင်း ပျံသန်းမှုများကို သတိပေးထားပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Ref: AFP

စစ်သွေးကြွ များ၏ ဗုံးဖေါက်ခွဲမှုများ ပြုလုပ်မည့် အစီအစဉ် များကို မလေးရှား ဟန့်တားနိုင်

ကွာလာလမ်ပူ၊ သြဂုတ် ၁၉။ မလေးရှားရဲတပ်ဖွဲ့သည့် အီရတ်နိုင်ငံ အစွန်းရောက် ဂျီဟတ်အဖွဲ့ ISIL အဖွဲ့မှ ဦးစီးသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ဗုံးပေါက်ကွဲမှုများပြုလုပ်မည့် အစီအစဉ်များကို ဟန့်တားလိုက်နိုင်ကြောင်း မလေးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အာဏာပိုင်က ပြောကြားခဲ့သည်ဟု သြဂုတ်လ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ဧပြီလနှင့် ဇွန်လတစ်လျှောက် စားသောက်ဆိုင်များ၊ နိုက်ကလပ်များနှင့် မလေးရှားတွင် ဖွင့်လှစ်ထားသော ဒိန်းမတ် အခြေစိုက် ကားလ်စဘတ် ဘီယာစက်ရုံတို့ကို ဗုံးဖောက်ခွဲရန် ကြံစည်နေသော စစ်သွေး ကြွများ ဟု ယူဆရသူ ၁၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနခွဲ ဒုတိယ ရဲချုပ် အေယုတ်ဘ်ခန်မာဒင်က ပြောကြားခဲ့သည်။

မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် စင်ကာပူ နိုင်ငံရှိ နယ်မြေများတွင် အရှေ့တောင်အာရှ အစ္စလာမ်မစ် ဘာသာရေး နိုင်ငံ တစ်နိုင်ငံ တည်ထောင်ရန် ရည်ရွယ်နေသော သဘောထား တင်းမာသည့် မလေးရှား နိုင်ငံသားများ ပါဝင်သည့် ယင်း အဖွဲ့သည် ဆီရီးယားနိုင်ငံသို့ သွားရောက်ကာ အစ္စလာမ်မစ် အီရတ်နိုင်ငံတော်နှင့် မြေထဲပင်လယ် အနီးအနားရှိ နိုင်ငံများအဖွဲ့ ISIL မှ သင်ယူရန် စီစဉ်နေကြသည်ဟု ဒုတိယ ရဲချုပ် အေယုတ်ဘ် ခန်မာဒင် ပြော ကြားခဲ့သည်။

ယင်းအဖွဲ့တွင် ပညာရှင်များနှင့် အိမ်ထောင်ရှင်မ နှစ်ဦး ပါဝင်သည်။ ၎င်းတို့ အစီအစဉ် များသည် ကနဦး အခြေအနေ များတွင်သာ ရှိသေးပြီး လက်နက်ကြီးနှင့် ဗုံးပြုလုပ်ခြင်းတို့ကို မတတ်မြောက်ကြောင်း ခန်က ဆိုသည်။ ထိုထဲမှ ခုနှစ်ဦးကို အကြမ်းဖက်မှု ဖော်ဆောင်ရေး လုပ်ရပ်နှင့် လက်လုပ်ရိုင်ဖယ်များ ပိုင်ဆိုင် ထားမှုဖြင့် ဖမ်းဆီးခဲ့သည်။

၎င်းတို့သည် “လက်နက်ကိုင်ဆောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကာ အာဇာနည်များ အဖြစ် အသက်အဆုံးခံ သွားရန်” စီစဉ် ခဲ့သည်ဟု ခန်ကဆိုပြီး မလေးရှားတွင် ယင်းအဖွဲ့နှင့် ပူးပေါင်း လှုပ်ရှားသူ အများအပြားကျန် ရှိလိမ့်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ ဖမ်းဆီး ခံခဲ့ရသူများထဲမှ တချို့ကို တူရကီနှင့် ဆီးရီးယားသို့ သင်တန်း သွားတက်ရန်နှင့် ISIL မှ အထောက်အပံ့ရရန် ကြိုးစားစဉ် လေဆိပ်၌ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့အဖြစ် လူသိများသည့် ISIL အဖွဲ့သည် အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့ တစ်ခုဖြစ်ပြီး ဆီးရီးယားနှင့် အီရတ်တို့တွင် ထောင်ပေါင်း များစွာသော အဖွဲ့ဝင်များရှိကာ တချို့သည် အနောက်နိုင်ငံသားများ ဖြစ်ကြသည်။

Ref: AFP

ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော အူရီးဒူးအနေဖြင့် ကွန်ရက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေသည်ဟုဆို





သုံးစွဲရအဆင်မပြေသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဆက်သွယ်ရေးအော်ပရေတာ အူရီးဒူးအနေဖြင့် ကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်ဟု အူရီးဒူးမြန်မာက သြဂုတ် ၁၉ ရက်တွင် ၎င်းတို့၏ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ကြေညာထားသည်။


အူရီးဒူးအနေဖြင့် သြဂုတ်လ ၁၅ ရက် တွင် ၎င်းတို့၏ ၀န်ဆောင်မှုကို ကောင်းမွန်သည့် ပုံစံဖြင့် စတင်ပေးနိုင်မည်ဟုဆိုထားသော်လည်း အသုံးပြုသူများက ၀န်ဆောင်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသည်။

ဒဂုံမြို့နယ်နေ အူရီးဒူးဖုန်းကတ် အသုံးပြုသူတစ်ဦးဖြစ်သည့် ကိုသျှမ်းထက်အောင်က“ဖုန်းပြောဖို့က ရလိုက်၊ မရလိုက်ဖြစ်နေတယ်။ အင်တာနက်လည်း ဒီအတိုင်းပဲ။ လိုင်းကျပ်တယ်လို့ ပြောရမယ်”ဟု ဆိုသည်။

အူရီးဒူးဖုန်းများသို့ MPT ၏ CDMA ဖုန်းများမှ ခေါ်ဆို၍ မရမှုများ ဖြစ်နေသည်ဟု သာကေတမြို့နယ်နေ အသုံးပြုသူ တစ်ဦးက ဆိုသည်။

၎င်းက“ဖုန်းပြောရတာတော့ အဆင်ပြေတယ်။ ကိုယ့်ဆီကခေါ်ရင် ပြဿနာ မရှိဘူး။ ကိုယ့်ဆီကို ခေါ်ရင်တော့ CDMA ဖုန်းတွေ ခေါ်လို့ မရဘူး။ ၈၆ နဲ့ စတဲ့ ဖုန်းကလည်း ခေါ်လို့မရဘူး။ GSM ဖုန်းတွေတော့ရတယ်” ဟု ဆိုသည်။

အူရီးဒူး၏ ဆင်းမ်ကတ်များသည် လှိုင်သာယာ၊ လှည်းတန်းစသည့်နေရာများတွင် လိုင်းမမိသည့် ပြဿနာများ ရှိသည်ဟု အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ ကိုအောင်မြင့်သူက ဆိုသည်။

၎င်းက “အဆောက်အအုံထဲ ၀င်ရတာမျိုးဆိုရင် လိုင်းမမိတော့တာတွေ ဖြစ်တယ်။ အင်တာနက်ကိုတော့ အခမဲ့တုန်းကပဲ သုံးကြည့်ဖူးတယ်။ အခုတော့ ဈေးတွေကြီးတာနဲ့ စမ်းမသုံးရသေးဘူး”ဟု ဆိုသည်။

အူရီးဒူးက စတင်ဝန်ဆောင်မှုပေးခဲ့စဉ်က သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ရှိ ၃၄ မြို့နယ်ကို ၀န်ဆောင်မှုပေးနိုင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း အဆိုပါ မြို့နယ်များတွင်လည်း ၀န်ဆောင်မှုနှင့်ပတ်သက်သည့် ဝေဖန်မှုများထွက်ပေါ်နေသည်။

ယင်းအပြင် အူရီးဒူးဖုန်းကတ်ဖြင့် အင်တာနက် သုံးစွဲခမှာ ကုန်ကျစရိတ်မြင့်မားနေသည်ဟု ဝေဖန်မှုများရှိနေသည်ကို စီမံရေးရာအဖွဲ့သို့ တင်ပြထားပြီးဖြစ်သည်ဟု အူရီးဒူး၏ National Sales Director ဦးမြင့်ဇော်က မဇ္ဈိမကို ပြောသည်။

“အင်တာနက်သုံးစွဲခကို စီမံရေးရာဌာနကို ကျွန်တော်တို့ တင်ပြထားတယ်။ အရင် 1MB ကို နှစ်ဆယ့်ငါးကျပ် များတယ်ဆိုလို့ ခုစိတ်ကြိုက်ဝယ်ယူသုံးစွဲနိုင်တဲ့ Package အမျိုးအစားတွေ ခွဲထားပါတယ်”ဟု ၎င်းက ပြောသည်။

အင်တာနက် အသုံးပြုခများအဖြစ် တစ်ရက်လျှင် 30MB အင်တာနက်အသုံးပြုခွင့်နှင့် Facebook အခမဲ့ အသုံးပြုခွင့် 20 MB ကို ကျပ်ငါးရာဖြင့်လည်းကောင်း၊ တစ်ပတ်လျှင် အင်တာနက် 200 MB အပါအ၀င် Facebook အခမဲ့အသုံးပြုခွင့် 150MB ကို ကျပ် ၃,၀၀၀ ဖြင့်လည်းကောင်း၊ တစ်လလျှင် အင်တာနက်အသုံးပြုခွင့် 1GB နှင့် Facebook အခမဲ့အသုံးပြုခွင့် 600 MB ကို ကျပ် ၁၂၀၀၀ နှုန်းဖြင့်လည်းကောင်း ၀ယ်ယူနိုင်မည် ဖြစ်သည်။

အူရီးဒူးမြန်မာ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “Ooredoo သုံးစွဲသူများကို မေတ္တာရပ်ခံလိုသည်မှာ ကျွန်တော်တို့၏ ၀န်ဆောင်မှုများကို များပြားသော တောင်းဆိုမှုများ ကြုံတွေ့နေရပါသည်။ ကျွန်တော်တို့၏ ကွန်ရက်ချိတ်ဆက်ဝန်ဆောင်မှုများကို ပိုမိုတိုးတက်ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင်းတွင် ဆက်သွယ်ရေးတာဝါတိုင်များကို နေ့စဉ်နဲ့အမျှ တိုးချဲ့ဆောက်လုပ်လျက် ရှိပါသည်။ မြန်မာနိုင်ငံရှိ မြို့ကြီး/မြို့ငယ် အနှံ့အပြားတွင် ကျွန်တော်တို့၏ ကွန်ရက်ကို အမြန်ဆုံး ကျယ်ပြန့်လာအောင် ဆောင်ရွက်လျက် ရှိပါသည်”ဟု ဖော်ပြထားသည်။
Mizzima