မိမိ၏ ဇနီးနှင့် ကားအတွင်း လိင်ဆက်ဆံနေသူအား ကိုယ်လုံးတီးဖြင့် အသားနီလန်အောင် ခင်ပွန်းဖြစ်သူမှ ရိုက်နှက်ဆုံးမ

တရုတ်နိုင်ငံ၊ ဂန်ဒေါင်းပြည်နယ် ယာဉ်လမ်းကြောင်းရှင်းလင်းရေးတပ်ဖွဲ့ဝင် တစ်ဦးက အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးနဲ့ကားအတွင်း လိင်ပြုကျင့်ဆက် ဆံနေကြစဉ် အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူက လက်ပူးလက်ကြပ်မိသွားကာ ကားထဲကနေ ယင်းတပ်ဖွဲ့ဝင် အမျိုးသားကိုဆွဲထုတ်ပြီး အဲ့ဒီနေရာမှာပင် ကိုယ်လုံးတီးနဲ့အသားနီလန်သည်အထိ ထိုးကြိတ်ရိုက်နှက်ဆုံးမခဲ့တယ်လို့ သိရပါတယ်။ 
အသက် ၄၀ အရွယ်ရှိယာဉ်စည်းကမ်းထိန်းသိမ်းရေးအမှုထမ်းဖြစ်တဲ့ လီက တာဝန်ချိန်ကြီးမှာ အခြားအိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်ပြီး လိင်ကိစ္စကျူးလွန်တဲ့တာက ဌာနဆိုင်ရာအနေနဲ့လည်းအရှက်ရစေခဲ့တဲ့ အ တွက် တာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။ 
လီအနေနဲ့ သူများရဲ့ကာမပိုင်မိန်းမကိုခိုးယူပေါင်းသင်းလာခဲ့တာ
ဆိုရင်နှစ် ပေါင်းများစွာကြာလာခဲ့ပြီးဖြစ်ကာ အခုလိုမျိုး လက်ပူးလက်ကြပ်မိဖို့ကိုတော့ ခင်ပွန်းသည်ဖြစ်သူက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရတာဖြစ်တယ် လို့သူတို့ရဲ့ အိမ်ထောင်ရေးအတွင်းသတင်းတွေကို အမျိုးသမီးက ပြောပြ ခဲ့ပါတယ်။ 
ကိုယ်လုံးတီးဖြစ်နေတဲ့ လီကို အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူက ဒေါသတကြီး ဒုတ်နဲ့ တစ်ကိုယ်လုံးအသားနီလန်ကာ သွေးထွက်သွားအောင် ရိုက်နှက်ဆုံး မနေတာက အနီးအနားမှာရှိတဲ့သူတွေကလည်း ၀င်မဆွဲနိုင်လောက်အောင် ဖြစ်ခဲ့ပြီးနောက် လီရဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ခေါ်ပြီးတရားဥပဒေ အရ အပြစ်ပေးအရေးယူပေးဖို့ တောင်းဆိုကာအပ်နှံခဲ့တယ်လို့ သိရပါ တယ်။ 
ဖိုးသူတော်

0 comments:

Post a Comment