ဖီဖာကမ္ဘာအဆင့်သတ်မှတ်ချက်တွင် မြန်မာ အဆင့် ၁၇ သို့ ခုန်တက်သွားပြီ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ စက်တင်ဘာလအတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ မြန်မာက အဆင့် ၁၇ ဆင့် အထိ ခုန်တက်သွားပါတယ်။ မြန်မာဘောလုံး အသင်းဟာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အတွက် အဆင့် ၁၄၃ နေရာကို တက်လာတာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲ မြန်မာရဲ့ အထက်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ရှိနေပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့က နောက်မှာ အသီးသီး ရပ်တည်နေပါတယ်။

0 comments:

Post a Comment