သီတင်းကျွတ်ရင် ဖတ်စေချင်(စုံတွဲများအတွက် အထူးသီးသန့်)


သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလဲရှိတယ်။ မိဘစကားနားမထောင်ရင် ဆရာဝန့်စကားလဲ လိုက်နာမယ်တော့ မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေ တိုးလာပါပြီ။ ဆရာဝန့်စကားလဲ နဲနဲလေးဖြစ်ဖြစ် နားထောင်ကြည့်ကြပါ။

(က) လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
၁။ (ဂနိုရီးယား)
၂။ (ဆစ်ဖလစ်)
၃။ (ကလာမိုင်ဒီးယား)
၎။ လိင်လမ်း-ရေယုံ
၅။ (ထရွိုင်ကိုမိုးနပ်စ်)
၆။ (ရှန်ကာရွိုက်)
၇။ LGV (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
၈။ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
၉။ အသဲရောင် (ဘီ)
၁ဝ။ HIV/AIDS ခုခံအားကျရောဂါတွေဖြစ်ပါတယ်။

သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါ မပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်း မသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။

(ခ) လက်မထပ်ခင် သွေးအုပ်စုစစ်ခြင်း
“အေ-ဘီ-အို” သွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ Rh-ve ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ စိုးရိမ်စရာ မရှိပါ။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေရင်တော့ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

ကလေးအတွက် အန္ကရာယ်ရှိမယ်။ မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေက တိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပြီး သွေးအားနည်းမယ်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အသားဝါရောဂါရမယ်၊ ဦးနှောက်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။ ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ မွေးလာတဲ့ ကလေးမှာ သွေးရောဂါ ရမယ်ဆိုရင် သွေးလဲတာ လုပ်ရတယ်။

လူတွေမှာ Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ (အာရ်အိတ်ခ်ျ) အနုတ်ရှိသူတွေက အာရှမှာက ပိုများတယ်။ Rh -ve ကိုယ်ဝန်ဆောင်ကို Rhogam ဆေးထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် မိခင် ၉၉% မှာ Anti-Rh (အင်တီဘော်ဒီ) တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာနဲ့ မွေးပြီး ၇၂ နာရီအတွင်းပေးတယ်။ ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေက များနေပြီမို့ ဒုတိယကိုယ်ဝန် ဖြစ်နေတဲ့ အထဲကကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။ မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။

(ဂ) ခေတ်လူငယ်တွေအတွက် အကြံပေးချက်
ကူးစက်ရောဂါတွေနဲ့ သွေးအုပ်စုအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေ ဖြေနေတာကြာလာတော့ ကနေ့မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
• ရာသီ မမှန်သူတွေ OG ပြပါ။
• မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင်လဲ လုပ်ပေးနိုင်ပါတယ်။
• သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာ ကာကွယ်ဆေး ထိုးထားပါ။
• တယောက်ယောက်မှာ (ဘီ) ပိုးရှိနေရင် ကျန်တဲ့သူ (ဘီ) ကာကွယ်ဆေးထိုးပါ။
• အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ကြရင် သူများတွေထက် ပိုဂရုစိုက်ပါ။
• ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ နောက်မှ ဆရာဝန်ကိုလှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
• လက်မထပ်ခင်က တားဆေး၊ အရေးပေါ်တားဆေး၊ ဖျက်ဆေး သောက်ထားဘူးရင် ကိုယ့်ကျန်းမာရေးရာဇဝင်ကို မမေ့ပါနဲ့။
• တခုခုဖြစ်ရင် ယုံကြည်စိတ်ချတဲ့ ဆရာဝန်ကိုရှာပါ။ ဆရာဝန်ကတော့ ကျေးဇူးပြုပြီး မညာပါနဲ့။
• ယောက်ျားလေးများလဲ ဆက်ဆံရေးကိစ္စတွေမှာ အားနည်းချက်ရှိနေတယ်ဆိုရင် ဆရာဝန်ကိုမေးဘို့ မရှက်ပါနဲ့။
• ကိုယ်ဝန်မယူချင်သေးရင် ကိုယ်ဝန်တားနည်း-တားဆေးတွေကို စနစ်တကျသုံးတတ်ဘို့ ကြိုတင်သိထားပါ။

ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး ဥာဏ်ပညာ ထက်မြက်ထူးချွန်တဲ့၊ စိတ်ထားလဲကောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို မွေးထုတ်ပေးကြပါ။ ဒါမှ ကနေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်း ကယ်တင်နိုင်မဲ့သူတွေ ပေါ်ပေါက်လာပါမယ်။ အားကိုးပါရစေ။
ဒါက်တာတင့်ဆွေ 

From: HIM

50 Cent နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့တဲ့ ရဲဝန်ထမ်းတွေ စစ်ဆေးအပြစ်ပေးခံရ

ဖလော်ရီဒါ ပြည်နယ်၊ Three Palm ကမ်းခြေ က နယ်ထိန်း ရဲ့ လက်အောက်ခံ ရဲဝန်ထမ်းတွေဟာ ရပ်ပါ 50 Cent နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့တဲ့ အတွက် စစ်ဆေး အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။ CBS Miami သတင်းတွေအရတော့ ရဲဝန်ထမ်းတွေဟာ ရပ်ပါ 50 Cent နဲ့ သူတို့ရဲ့နယ်မြေ တရားရုံးမှာ နိုင်ငံသား ဥပဒေ ကိစ္စရပ်အတွက် လာရောက်စဉ် က ဓါတ်ပုံတွဲရိုက်ခဲ့ခြင်း ဟာ Professional မဆန်တဲ့ အတွက် Verber Counseling ဆိုတဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး မှတ်တမ်းယူထားကာ နောက်တစ်ကြိမ်ဆို ရာထူးမှ ဖယ်ရှားမယ့် အပြစ်ပေးခြင်းတစ်မျိုးကို ခံခဲ့ရပါတယ်။မှတ်တမ်းထဲမှာတော့ ထိုရဲဝန်ထမ်းတွေဟာ ညံ့ဖျင်းတဲ့ရှုထောင့်နဲ့ ကြားနေ၀ါဒကင်းမဲ့ပြီး သူတို့ရဲက သတ်မှတ်တာဝန်တွေကို ပျက်ကွက်ခဲ့ကြတဲ့အတွက် အပြစ်ပေးခံရတာ ဖြစ်တယ်လို့ဆိုထားပါတယ်။

Ref:xxlmag.com
Trend

ဖိုနှင့်မ လိင်ပညာပေး(အသက် ၁၈ နှစ်ပြည့်မှ ကျန်းမာရေးဗဟုသုတအဖြစ်ဖတ်ပါ)

Globalization ဖြစ်စဉ်ကြောင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက
အနောက်တိုင်း ပုံစံအဖြစ် အသက်ဝင်လာပါပြီ။ ဒီတော့ လူမှုရေး ပြဿနာတွေ ပိုရှုပ်ထွေးလာတယ်။
ကူးစက်မှု ရောဂါတွေကလည်း အချိန်မတိုင်မီ ကတည်းက လက်ယပ်ခေါ် ဆောင်နေပြီ ဖြစ်ပါတယ်။ အစွမ်းထက်တဲ့
ဆေးဝါးတွေ၊ နည်းပညာ မြင်းမားတဲ့ ကုထုံးတွေ၊ ကြိုတင်ကာကွယ်နည်းတွေ ဘယ်လိုပဲ ဆန်းသစ်
တီထွင်နိုင်ပါစေ...

သဘာဝရဲ့ လှုံ့ဆော်မှုကြောင့်လား...

လူသားတွေရဲ့ တက်မက်မှုကြောင့်လား...

မတွေးတတ်တော့ပါဘူး။ လိင်ပြဿနာတွေကို တားဆီးထိန်းချုပ်ဖို့
တော်တော် ခက်လာတယ်။ ယနေ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ရှုမြင်
သုံးသပ်တဲ့အခါ အမြင်မတူရင် အထင်လွဲခံရမယ့် သဘောပဲ ရှိပါတယ်။

လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ
များပြားစေကာမူ အဓိက ဦးတည်ချက်က သက်တမ်းစေ့ အသက်ရှင် နေထိုင်သွားဖို့သာ အရေးကြီးတာ
မဟုတ်လား။ "လိင်ကိစ္စကို သိပ်နားလည် တတ်ကျွမ်းလို့တော့ မဟုတ်ဘူး။ ဒါပေမယ့် သိသလောက်
မြင်သလောက် ပညာပေးချင်ပါတယ်။"

ပညာပေး အနေနဲ့ ပြောရရင် လိင်ကိစ္စဟာ သဘာဝတရားနဲ့ ဆက်စပ်နေတယ်။
လူရော၊ တိရစ္ဆာန်ရော အဖိုအမ တိုင်းမှာ လိင်ဆက်ဆံခြင်း ရှိတဲ့အတွက် လောကကြီးမှာ မရှိမဖြစ်
လိုအပ်ပါတယ်။ ကောင်းတာရော၊ မကောင်းတာရော ဒွန်တွဲ နေတယ်ဆိုတော့ ကျွန်တော် သိသလောက် လိုက်နာသင့်တဲ့
အချက်လေးတွေ ရှိသလို ကိုယ်လိုရာ ကိုယ်တွေးပြီး လုပ်ချင်ရာ လုပ်နေတဲ့ သူတွေလည်း ရှိတယ်။
လိုက်နာသင့်တယ် ဆိုတဲ့ အပိုင်းမှာ တစ်လင် တစ်မယားစနစ်နဲ့ ကာကွယ် နေထိုင်သင့်တယ် ဆိုတာကို
ပြောချင်တာ။

လုပ်ချင်တာလုပ် နေကြတယ်ဆိုတာ ဒီအပေါ်မှာ ယောက်ျားရော၊
မိန်းမပါ အရမ်း စိတ်အား ထက်သန်ပြီး အမှန်တရားတွေ၊ ဖြစ်သင့်ဖြစ်ထိုက် တာတွေကို မမြင်တော့တဲ့
အပိုင်းတွေ ပါလာတာပေါ့။ ကြားဖူးနားဝကို အခြေခံပြီး ပြောရရင် ဒီကိစ္စကို ၀ါသနာပါလို့
လုပ်တဲ့သူတွေ ရှိသလို အလုပ်သဘောအရ လုပ်နေတဲ့ သူတွေလည်း ရှိတယ်။ ကျွန်တော့် အမြင်အရ အဲဒီနည်းနဲ့တော့ ပိုက်ဆံ မရှာသင့်ဘူး။
တခြား ကောင်းရောင်း ကောင်းဝယ် လုပ်စားသင့်တယ်လို့ပဲ
မြင်တယ်။ လိင်ကိစ္စကို သိပ်နား လည် တတ်ကျွမ်း နေလို့တော့ မဟုတ်ဘူး။ ကျွန်တော်က မကောင်းဘူးလို့
ဘယ်လောက်ပဲ ပြောပြော လုပ်ချင်တဲ့သူကလုပ် နေမှာပဲ။ နောက်ဆုံး အမြင်မတူရင် ကျွန်တော့်ကိုပဲ
အပြစ်တင် သွားကြမယ့် အနေအထားမျိုးရှိတယ်။ ကိုယ်တစ်ကိုယ် စိတ်တစ်မျိုးစီလေ။ သိသိကြီးနဲ့
မလိုက်နာတဲ့ သူက ဖြစ်ပြီးမှ သိမှာ။ မကောင်းမှန်းတော့ သိတယ်။ ထွေထွေထူးထူး မစဉ်းစားဘဲ
ဒါကို အရမ်းဝါသနာပါတဲ့ သူတွေက တကယ်ထိမှ သိမှာ။ မလုပ်တာ အကောင်းဆုံး၊ လုပ်မယ် ဆိုရင်လည်း
ဆင်ဆင်ခြင်ခြင်နဲ့ လိင်ဆက်ဆံပြီး ကာကွယ်သင့်တာ ကာကွယ်လို့ပဲ ပြောချင်တာ။

ကျွန်တော် အထက်တန်း ကျောင်းသားဘ၀ လောက်မှာတည်းက အိမ်နားကဆေးခန်းမှာ
ဘယ်သူနဲ့သွားပြီး ဘာဖြစ်လာလို့ ဆိုပြီး လာပြတဲ့ သူတွေရှိတယ်။ တချို့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး
ထွေထွေထူးထူးတွေ လုပ်လာကြတယ်။ များသော အားဖြင့် ဒီဆေးခန်းကို ဘယ်လို လူတွေလာလဲ။ လူပြော များတာကတော့
ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး အလာများတယ်လို့ ကြားဖူးထားတော့ မကောင်းဘူး ဆိုတဲ့အသိနဲ့ ရှောင်ကြဉ်တယ်။
သူများ နိုင်ငံမှာတော့ ယောက်ျားရော မိန်းမရော ထည့်လိုက်၊ ထုတ်လိုက်၊ ပြုပြင်လိုက်နဲ့ အကုန်လုံး အဆင်ပြေ နေကြတယ်။
မကောင်းဘူး မလုပ်နဲ့ ပြောရမလား၊ ကိစ္စမရှိဘူး လုပ်ချင်ရင် လုပ်လို့ ပြောရမလား။ မပြောတတ်တော့ဘူး။
ကြာလာရင် ကင်ဆာဘက် ပြောင်းသွားမယ်။ နောက်ဆုံးရလာဒ် ကတော့ ကင်ဆာ ဖြစ်စေမယ့် အပိုင်းတွေလို့ပဲ ထင်တယ်။
ကိုယ့်ဘာသာကိုယ် ဖြေရှင်းမယ်၊ ကိုယ်ဖြစ် ကိုယ်ခံမယ်၊ မကြောက်ဘူး လုပ်ချင်တယ် ဆိုလည်း
မတတ်နိုင်ဘူးပေါ့။ ဖွဲ့နွဲ့ပြီးတော့ ပညာမပေးတတ်ဘူးဗျ။ အခန့်မသင့်လို့
ရောဂါ ကူးစက်ခံရပြီ ဆိုရင်လည်း ဖြစ်ပြီးမှတော့ မတတ်နိုင်တော့ ဘူးပေါ့။

ရောဂါကို ခေါင်းထဲကထုတ်ပြီး ကျန်းကျန်းမာမာနေ၊ ကောင်းကောင်မွန်မွန် စားသောက်၊
ဘာသာရေး အားထုတ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရင် သက်တမ်းစေ့ နေကြရမှာပါ။ သွေးသွင်းမိလို့
HIV ပိုး ကူးစက်ခံရတယ် ဆိုရင်တော့ မတန်ဘူးပေါ့။ တစ်ဖက်က သွေးသွင်းပေးတဲ့ သူတွေကိုလည်း
ပြောချင်တယ်။ ဒီသွေးဟာ Save ဖြစ်လား၊ မဖြစ်ဘူးလား၊ သေချာရဲ့လား ဆိုတာ စိစစ်ပြီးမှ သွေးသွင်းသင့်တယ်။
ခွဲစိတ်မှုတိုင်းက အသေးကနေ အကြီးအထိ ပိုက်ဆံပေးပြီး သွေးသွင်းရတာ များတာကိုး။ အသိမိတ်ဆွေတွေထဲမှာ
သွေးသွင်းပြီး မှ ဘီပိုး၊ စီပိုး ကူးစက်ခံရတာမျိုး ကြုံဖူးတယ်။ မဖြစ်သင့်ဘူး ပေါ့နော်။
ဘီပိုးဆိုရင်လည်း ကြိုတင် ကာကွယ်ထားလို့ ရတာပဲ။ ဒီတိုင်းပြည်မှာ အသိနောက်ကျလို့ ကာကွယ်ဆေး ထိုးသင့် ထိုးထိုက်တဲ့ အချိန်မှာ မထိုးနိုင်ခဲ့ကြဘူး။ ဝေဒနာရှင်တွေကို အားပေးစကား ပြောရုံကလွဲပြီး
ဘာမှ လုပ်ပေးလို့ မရဘူး။

အနေအထိုင် မတတ်လို့ ဖြစ်တာကတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။
ဒါကျတော့ မရှောင်တတ်တော့ဘူးလား လို့ပဲ မေးလိုက် ချင်တယ်။ အခုအချိန်မှာ တံတွေးကနေတောင်
ကူးစက်နိုင်တယ် ဆိုမှတော့ ပြောရတာ တော်တော် ကျပ်နေပြီ။ သမီးရည်းစားတွေ မနမ်းကြနဲ့လို့
ပြောလို့လည်း မရဘူး။ တစ်လင် တစ်မယားစနစ် မကျင့်သုံးခင်မှာ လူတွေ တစ်ယောက်ပြီး တစ်ယောက်
ပြောင်းနိုင်တာပဲ။ စုံတွဲတွေက နင့်မှာ ဘာရောဂါရှိလဲ ဘယ်သူမှ မမေးဘူး။ တစ်ယောက်နဲ့ တစ်ယောက်
လက်မတွဲခင် တစ်လင် တစ်မယားစနစ် မကျင့်သုံးခင် ဒီလိုပဲ နေခဲ့တာပေါ့။ ခုခေတ်က ယောက်ျား မယူခင်
အကုန်စစ်ဆေးရမယ့် သဘောရှိတယ်။ စစ်ချက်တွေယူပြီး ကုလို့ရတဲ့ ရောဂါကု၊ ကုလို့မရတဲ့ ရောဂါမျိုးဆို
တစ်လင် တစ်မယားစနစ်နဲ့ သန့်သန့် ရှင်းရှင်းနေ။ လိုက်နာတာ မလိုက်နာတာ သူတို့အပိုင်း၊ မဖြစ်မနေ လုပ်ရမယ်ဆိုတာမျိုး ကတော့
လုံးဝမရဘူး။ ကိုယ်မပြောခင် ကတည်းက လိင်ပညာပေးတွေ သိချင် သိနေမှာပါ။ မလုပ်ချင်လို့ မလုပ်တာပဲရှိမယ်။

ဒါမှမဟုတ် တစ်ယောက်မဟုတ် တစ်ယောက် HIV ပိုး ကူးစက်ခံရပြီဆိုလည်း
နောက် Generation အတွက် ဘာလုပ်ရမလဲ။ ကလေး ယူလို့ မရလို့လား။ ရတာပဲ။ ဆရာဝန်နဲ့ သေချာ ဆွေးနွေးတိုင်ပင် ကြပေါ့။
သားသမီး မလိုချင်သေးဘူး ဆိုရင် ကွန်ဒုံးသုံး။ ကျူးလွန်တော့မယ် ဆိုရင် ဘယ်သူမှ ကွန်ဒုံး ဆောင်ထားမှာ
မဟုတ်ဘူး။ တွေ့ဆုံတဲ့ နေရာတွေပေါ်မှာလည်း မူတည်သေးတယ်။ နေရာတိုင်းမှာ ကွန်ဒုံးရနိုင်တယ်။
ပါးစပ်က ထုတ်ပြောဖို့ မလိုဘူး။ ကြောက်ရွံ့ပြီး ကွန်ဒုံးသုံးဖို့ မပြောဖြစ်တာလည်း ဖြစ်မှာပေါ့။
မသေချာရင် ကြိုတင် ပြင်ဆင်ထားပါ။ နိုင်ငံခြားမှာ အလုပ် သွားလုပ်နေတဲ့ ယောက်ျားကို အိမ်ကနေထိုင်ပြီး စိတ်ပူ စိတ်ဆင်းရဲ နေမယ့်အစား ' လုပ်စရာ ရှိတာလေးလည်းလုပ်၊ ကွန်ဒုံး လေးလည်းဆောင်ထား၊
ယူပြီးမှ ငါ့ကို စိတ်ဆင်းရဲအောင်မလုပ်နဲ့'လို့ပဲ ပြောရမှာပေါ့။ ယောက်ျားနဲ့ အကွဲမခံနိုင်ဘူး ဆိုရင်
Safety ဖြစ်အောင် လုပ်ခဲ့လို့ပဲ ပြောရတော့မှာလေ။ လိင်ပညာပေးတဲ့ နေရာမှာ ကွန်ဒုံးသုံးသင့်တယ် ဆိုတာ
ကျွန်တော် ပြောမှမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ပြောနေကြတာပဲ။ ကွန်ဒုံးကိုမှ မကြိုက်ဘူး ဆိုရင်
ကျွန်တော့်အနေနဲ့ ဘာမှ မပြောတော့ဘူး။ လိုက်နာတဲ့ သူတွေအများကြီး ရှိနေပါတယ်။ တချို့က ဆေးလိပ် မသောက်ဘူး၊
ကွမ်းမစားဘူး၊ အရက်မသောက်ဘူး၊ ငါတို့က တစ်လိုင်းတည်း ဆိုတာမျိုး ရှိတယ်။ သူတို့ကို ကြည့်လိုက်ရင်
အမြဲတမ်း ကျော့ကျော့မော့မော့ ပြင်ပြင်ဆင်ဆင်နဲ့။ အဲဒီ တစ်လိုင်းတည်းကို စနစ်တကျ ကာကွယ်
လိုက်နာ နေဖို့ပဲ လိုတယ်။

ကျွန်တော့် သူငယ်ချင်းထဲမှာကိုက ကွန်ဒုံး သုံးလေ့မရှိတဲ့ သူတွေရှိတယ်။
အားလုံးက မိသားစု ဆန်ဆန် ရင်းရင်းနှီးနှီး တွေ့ဆုံနေကြတော့ လိင်ကိစ္စတွေနဲ့ ပတ်သက်ပြီး
အချင်းချင်း လုံးဝမပြော သလောက်ကို ရှားပါးပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ သိသလောက် မြင်သလောက်ပဲ
ပညာပေးနိုင်ပါတယ်။

မိမိဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ကျက်စား ပျော်ပါး နေကြမယ်ဆိုရင်
အနာဂတ်ဟာ ဘာအရောင်း ပြောင်းပြီး ဘယ်လို ရပ်တည်နေထိုင် သွားမလဲဆိုတာ ဘယ်သူကများ သိနိုင်၊ မြင်နိုင်၊ ပြောနိုင်ပါမလဲ.........။

စိမ်းဝါမြဦး
Ref: Myanmar People Magazine (Issue 8.1, August 2009)
From: HIM

Galaxy Alpha ထက် iPhone နှင့် ပိုတူသည်ဟု ဆိုသည့် Samsung Galaxy A5 ၏ ဓာတ်ပုံများထွက်ပေါ်လာ









SamMobile မှ ရရှိခဲ့သည့် ဓာတ်ပုံများအရ Samsung ရဲ့ Galaxy Alpha ၏ နောက်ထပ်မျိုးဆက် အသစ်ဖြစ်လာမည့် Galaxy A5 ရဲ့ ပုံများဟာ Alpha မျိုးဆက်သစ်ဆိုသည်ထက် iPhone 5S နှင့် ပိုပြီးနီးစပ်သွာတူညီနေခဲ့ပါတယ်။


တရားဝင်ထွက်လာတဲ့ ပုံများအရ Alpha နှင့် ဆင်တူခြင်းထက် ယခုကဲ့သို့ iPhone နှင့် ဆင်တူနေခြင်းဖြစ်နေသောလည်း အမှန်တကယ် လက်ထဲကို ရောက်ရှိလာခြင်း မရှိသေးလို့ တကယ်အစစ်အမှန်လို့တော့ ယူဆလို့ မရနိုင်သေးပါဘူး။

သို့ပေမယ့်လဲ Galaxy A5 ရဲ့ ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံကိုယ်ထည်ကို အသုံးပြုထားတာကို ကြည့်ခြင်းဟာဖြင့် ယခင် iPhone မျိုးဆက်များနှင့် ဆင်တူနေခဲ့ခြင်းဖြစ်ပါတယ်။ SamMobile မှ ရရှိခဲ့သည့် ပုံအရ အဆိုပါ A5 စမက်ဖုန်းဟာ စက်ရုံထုတ်နာမည် SM-A500 ဖြစ်ပြီး အလူမီနီယံကိုယ်ထည့်ကို အသုံးပြုထားကာ အမှန်တကယ် အလူမီနံယံလား ၊ ပလစ်စတစ်လားဆိုတာ ကတော့ မရှင်းလင်းသေးပါဘူး။

ဓာတ်ပုံများအရ Galaxy A5 ဟာ မျက်နှာပြင်အကျယ် ၅ လက်မ HD အရွယ်အစားရှိပြီး ကင်မရာ 13 MP ပါရှိကာ Galaxy Note 4 ပေါ်မှာ အသုံးပြုထားသည့် TouchWiz Android interface ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အလယ်လတ်အဆင့်သာ ရှိသည့် Snapdragon 400 processor ကို အသုံးပြုထားပြီး ဘထရီစနစ်ကတော့ 2330 mAh ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဖုန်းတွင်းမှတ်ညဏ်ကတော့ 16 GB နှင့် ရှေ့မျက်နှာပြင်ကင်မရာ 5 MP ပါရှိမှာ ဖြစ်ပါတယ်။

Source : pocket-lint

‪‎YangonMediaGroup‬

တရုတ်နိုင်ငံရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

Fireworks Factory Explosion Kills 12 in China

12 killed in fireworks plant explosion

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် အတွင်းရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် စက်တင်ဘာ ၂၂ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိကာ ၂ ဦး ပျောက်ဆုံးလျက် ရှိကြောင်းကို ဒေသတွင်း အာဏာပိုင်များ ၏ ထုတ်ဖော် ပြောကြားချက်အား Xinhua သတင်းဌာနက ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် လီလင်းမြို့ ပေါင်ဖန်ကျေးရွာ အတွင်းရှိ Nanyang Export မီးရှူးမီးပန်း စက်ရုံတွင် စက်တင်ဘာ ၂၂ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လီလင်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က ထုတ်ပြန်သည့် သတင်း အချက်အလက် များအရ သိရသည်။

လက်ရှိ အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာကို ဝန်းရံပိတ်ဆို့ ထားပြီး တာဝန်ရှိ သူများ အနေဖြင့် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု သိရသည်။

လီလင်းမြို့သည် နိုင်ငံ၏ မီးရှူးမီးပန်း များ အဓိက ထုတ်လုပ်သည့် စက်ရုံများ အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်ဟုလည်း သိရှိရသည်။

PyiChitThar

ရုပ်ရှင်လောကသားတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေ အရင်ထက်ရှိလာမယ်ဆိုရင် တိုးတက်လာမယ့်အပိုင်းတွေ အများကြီးရှိတယ်လို့ ဆိုလာတဲ့ စိုးရန်အောင်

အနုပညာလောကမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေရင်း သရုပ်ဆောင်ဖက် တစ်ခုထဲကို သာ အားကြိုးမာန်တက် ကြိုးစားပုံဖော်နေတဲ့ စိုးရန်အောင်က ခုလတ်တလော တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းတွဲလေး ရိုက်နေတယ်လို့ သိရတာကြောင့် အဲ့ဒီအကြောင်း မေးကြည့်ဖြစ်တော့ “ဒီကားထဲမှာ ကျွန်တော် တပ်မတော်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်မတော်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံလေးက ရှေ့မှာ ကြယ်စင်မော်ကွန်းမှာလဲ ပါဖူးပြီးသား ဆိုတော့ သိပ်တော့ အထူးအဆန်းကြီး မဟုတ်ဘူးပေါ့။ ဇာတ်လမ်းတွဲ ရိုက်ရတဲ့ပေါ် အရမ်းလဲ ၀မ်းသာမိပါတယ်။ ကဲ ဟုတ်ပြီ။ ဇာတ်လမ်းတွဲရိုက်ပြီဆိုတော့ ကျွန်တော်တို့အဲ့ဒါကို မီဒီယာတွေ ရုပ်သံလှိုင်းတွေ၊ ပုဂ္ဂလိက ရုပ်သံလှိုင်းတွေမှာ အချိန်ပေးပြီး လွှင့်ပေးမယ်ဆိုရင် ဒါတကယ် ကောင်းတာပါ့။ ကျွန်တော်တို့ဒီမှာဆို ကျွန်တော်တို့ မြန်မာနိုင်ငံကို တခြားနိုင်ငံက ကားတွေက ကျွန်တော်တို့ရဲ့ရုပ်သံတွေမှာ နေရာယူလာကြတယ်။ အဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံက ကားတွေအတွက် နယ်မြေ ကျဉ်းမြောင်းလာကြတယ်။ တကယ်သာနေရာပေးပြီး ပြပေးနိုင်မယ်ဆိုရင် ဒါအများကြီး ကောင်းမယ်လို့မျှော်လင့်နေမိပါတယ်။”လို့ သူက ဆိုပါတယ်။

အရင်ကထက်စာရင် လုပ်ပိုင်ခွင့်၊ လုပ်ခွင့်တွေ ပိုရမရ ဆိုတာနဲ့ ပတ်သက်ပြီး သူပြောပြသွားတာက “ကျွန်တော်တို့ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်မှုတွေမှာ လိုအပ်တဲ့အပိုင်းတွေကို ဘယ်လိုမျိုး အထောက်အပံ့တွေပေးမလဲ ဆိုတဲ့အပိုင်းပေါ့။ ဥပမာ ကျွန်တော်တို့ ရွှေတိဂုံဘုရားရိုက်ချင်ရင် ချက်ချင်းသွားရိုက်လို့မရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ လေဆိပ်ဆိုလဲ ချက်ချင်းရိုက်လို့မရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ အဲ့လို အထင်ကရ နေရာတော်တော်များများက ချက်ချင်းရိုက်မယ်ဆို ရိုက်ခွင့်မပေးတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအနေနဲ့ကလဲ လုပ်ပိုင်ခွင့်တွေ ရှိလာမယ်ဆိုရင် တိုးတက်မဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာကား တော်တော်များများမှာဆို ဘုရားသွားမယ်ဆို ရွှေတိဂုံဘုရား တွေ့ရတဲ့ကားက တော်တော်လေး နည်းပါတယ်။ ဇာတ်လမ်းတွဲနဲ့ဗီဒီယိုဆို ဘယ်ဟာခက်ခဲတယ်။ ဘယ်ဟာ လွယ်ကူတယ်ဆိုပြီး မရှိပါဘူး။ ကျရာနေရာမှာ သရုပ်ဆောင်နိုင်ဖို့၊ ကိုယ့်ကာရိုက်တာ အံဝင်ခွင်ကျဖြစ်ဖို့ကိုပဲ ဦးစားပေးဖြစ်တယ်”တဲ့။
Trend

ဒဏ်ရာရခြင်းမှာ အိပ်မက်ဆိုးတစ်ခုပင်ဖြစ်ဟု ကာရိုးလ်ပြော

ဒဏ်ရာရခြင်း မှာအိပ်မက် ဆိုးတစ်ခု ပင်ဖြစ်ကြောင်း ၀က်စ်ဟမ်းတိုက်စစ်မှူး ကာရိုးလ်ကပြောကြားခဲ့ပြီးခွဲစိတ် ကုသမှုခံယူပြီးနောက်မကြာမီတွင် လေ့ကျင့် ခန်းပြန်ဆင်းနိုင်ရန် မျှော်လင့်နေသည်။


ဓာတ်ပုံ - BBC

အသက် ၂၅ နှစ်အရွယ်ရှိ ကာရိုးလ်သည် ခြေကျင်းဝတ်ဒဏ်ရာကို ဇူလိုင်လအတွင်းက အမေရိကန်တွင်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခု အခါ ပြေးလွှားနိုင် ပြီဖြစ် ကာ ဒီဇင်ဘာတွင် ပြန်ကစားနိုင် ရန်ရှိနေသည်။ "ကျွန်တော် တော်တော်လေး ခံစားခဲ့ ရတယ်။ ကျွန်တော်နောက်ဆုံးရှိနေ တဲ့နေရာကကုသခန်းထဲမှာပါ။လူ ငယ်လေးတွေ ကစားနေတာကို နေ့တိုင်းထိုင်ကြည့်ခဲ့ရတယ်။ ဒါက အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကျွန်တော်လုပ်ချင်တာကို သူတို့လုပ်ပြခဲ့ကြတယ်"ဟုကာရိုးလ် ကပြောသည်။ ၂၀၁၆-၁၇ ဘောလုံးရာသီတွင်ပရိသတ် ၅၄၀၀၀၀င်ဆံ့သည့်အိုလံပစ်ကွင်းသို့ဝက်စ်ဟမ်းအသင်းပြောင်းရွှေ့မည့် အစီအစဉ်အသေးစိတ်ကြေ ညာခြင်းအခမ်းအနားတွင် ကာရိုးလ်ကပြောခြင်းဖြစ်သည်။

နယူးကာဆယ်နှင့် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ကာရိုးလ်က၎င်း ၏ဒဏ်ရာအခြေ အနေမှာတိုး တက်ကောင်းမွန် နေပြီဖြစ်ကြောင်း၊ မျှော်မှန်း ထားသည့် အချိန်ထက် စော၍ ပြေးလွှားနိုင်ပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်ရက်ခန့် ကတည်းက ပြေးလွှားနိုင်ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြော ဆိုသည်။ ၎င်းသည် ၂၀၁၃ ဇွန်တွင် လီဗာပူးလ်မှ ၀က်စ်ဟမ်းသို့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့်ပြောင်းရွှေ့ခဲ့ သူဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

ဓမ္မစေတီခေါင်းလောင်း တူးဖော်ရှာဖွေရေးသင်္ဘောငှားရမ်းခ ၁၂၅ သိန်း ပေးချေရ


ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရာတွင် နားနေတည်းခိုရန်
ငှားရမ်းအသုံးပြုခဲ့သည့် သုံးထပ်သင်္ဘော (ဗညားလတ်)ကို ငှား
ရမ်းသည့် သတ်မှတ်ရက်မပြည့်သေးသော်လည်း သောင်တူး
သင်္ဘောကိုပြန်သိမ်းပြီးဖြစ်သည့်အတွက် ခေါင်းလောင်းရှာဖွေရေး
လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေသောကြောင့်
စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြည်တွင်းရေကြောင်း
ပို့ဆောင်ရေးဌာနသို့ လာရောက်အပ်နှံခဲ့ကြောင်း ယင်းဌာနမှ သိရ
သည်။

ဌာနမှ သတ်မှတ်ထားသောဈေးနှုန်းများအရ စာချုပ်စာတမ်းများနှင့် ငှားရမ်း
ရာတွင် ငှားရမ်းသည့် ရက်၊ ဆီဖိုး၊ အင်ဂျင်ဝိုင်ဖိုး၊ ရေယာဉ်မောင်းနှင့် စက်မောင်း
များလည်း ပါဝင်သည့်အတွက် ကုန်ကျစရိတ်စုစုပေါင်း ပျမ်းမျှ ကျပ်၁၂၅ သိန်း
ကျော်ပေးသွင်းခဲ့ကြောင်း၊ ဦးစံလင်းဦးဆောင်သော ခေါင်းလောင်းရှာဖွေရေး
အဖွဲ့က ဌာနသို့ သင်္ဘောလာရောက်ငှားရမ်းရာတွင် လူနေထိုင်ရန်၊ ဘုရားကျောင်း
ဆောင်အဖြစ် အသုံးပြုရန်အတွက် ယင်းသုံးထပ်သင်္ဘောကို ငှားရမ်းပေးခဲ့ခြင်း
ဖြစ်ကြောင်း၊ ရက်အပိုင်းအခြား ငါးပိုင်းခွဲ၍ ငှားရမ်းခဲ့ရာတွင် နောက်ဆုံး သတ်
မှတ်ရက်မှာ စက်တင်ဘာ ၂၇ ရက် ဖြစ်ကြောင်း၊ယင်းသင်္ဘောကိုရန်ကုန်- လပွတ္တာ၊
ရန်ကုန်-မော်ကျွန်းစသည့် ရေကြောင်းခရီးများတွင် ခရီးသည်ပို့ဆောင်ရေး
ယာဉ်အဖြစ် ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရ
သည်။

'သောင်တူးသင်္ဘောသိမ်းလိုက်တော့ အလုပ်ဆက်လုပ်လို့ မရတော့ဘူး။
ရှာဖွေမယ်ဆိုတဲ့နေရာကို သြဂုတ် ၈ရက်နေ့မှာ ရောက်တယ်။ သင်္ဘောပေါ်မှာဆို
ဖုန်းတွေသိမ်းထားတယ်။ ဘုရားရှိခိုး၊သက်သတ်လွတ်စား၊ တရားထိုင်ရတယ်'
ဟု သုံးထပ်သင်္ဘော(ဗညားလတ်)မှ ရေယာဉ်မောင်း ဦးလှဦးက ပြောဆိုသည်။

ငှားရမ်းစက ဦးစံလင်းအပါအ၀င်လူဦးရေ ၈၀ ရှိပြီး စက်တင်ဘာ ၂၃ ရက်
နံနက်ပိုင်း သင်္ဘောပြန်အပ်ချိန် တွင်ဦးစံလင်းအပါအ၀င် ရေငုပ်အဖွဲ့မှ သုံးဦး၊
ချက်ပြုတ်သူများ၊ စကိုင်းနက် မီဒီယာမှရိုက်ကူးရေးသမားအချို့အပါအ၀င် ၂၂ ဦး
သာကျန်ရှိတော့ကြောင်း၊ အလှူရှင်ဦးဝင်းမြင့်မှာ စက်တင်ဘာ ၆ရက်တွင်
မော်တင်စွန်းသွားမည်ဟုဆိုကာ သင်္ဘောပေါ်မှဆင်းသွားခဲ့ကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို ရက်ပေါင်း ၄၄ရက်အကြာ ပြုလုပ်ခဲ့
ရာတွင် ကျပ်သိန်း၇၀၀ ၀န်းကျင်သုံးစွဲသော်လည်း သောင်တူးသင်္ဘောကို
စက်တင်ဘာ၂၀ရက်ညနေပိုင်းက ရုပ်သိမ်းပြီး နောက် ၂၃ ရက်တွင်သုံးထပ်သဘောင်္
ကိုလည်း ပြန်လည်အပ်နှံပြီးဖြစ်သည့်အတွက် ခေါင်းလောင်းရှာဖွေရေး
လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဟု ယူဆရသော်လည်း ဦးစံလင်းအနေဖြင့် သတင်း
စာရှင်းလင်းခြင်း ပြုလုပ်သည့် အခါမှသာပြောဆိုနိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ
၂၃ ရက် ညနေ ၃ နာရီခန့်က စံတော်ချိန်၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ
ကြားခဲ့သည်။
စံတော်ချိန်

အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် အောက်တိုဘာတွင် မသေချာ


သြဂုတ်လ အတွင်းက ရန်ကုန်မြို့ MPC တွင် ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် တပ်မတော် အရာရှိကြီးများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးလျက်ရှိသည့် အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ် ထိုးနိုင်ရေးသည် အောက်တို ဘာ လတွင် ဖြစ်ရန် မသေချာကြောင်း သိရသည်။

“အပစ်ရပ်ရေးက အောက်တိုဘာလထဲမှာ ဖြစ်မဖြစ် ဆိုတာက မပြောနိုင်ဘူး။ ဖြစ်မယ် ဆိုတာကလည်း အစိုးရဘက်က ပြောတာပါ။ ကျနော်တို့ဘက်က ပြောထားတာ မရှိဘူး။ ဒါက သူတို့ဘက်က လျှော့ရင်တော့ ထိုးနိုင်မှာပါ။ ကျနော်တို့ဘက်က တင်းမာတာ မရှိဘူး။ ငြိမ်းချမ်းရေးကို ကျနော်တို့က ပိုလိုချင်ပါတယ်”ဟု NCCT အဖွဲ့မှ နိုင်ဟံသာက ပြောသည်။

ယခု ကျင်းပနေသည့် (၆) ကြိမ်မြောက် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ အကြား အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် အဓိကအပိုင်းဖြစ် သည့် တပ်နေရာ ချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ ရေးဆွဲရေးကို အကျေအလည် ဆွေးနွေးရန် စီစဉ် ထားသော်လည်း မဆွေးနွေးနိုင်သေးကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲရေးတွင် အရေးပါသည့် တပ်နေရာ ချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် အခြေခံ သဘောတူညီချက်များကို နောက်ချန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးပြီးမှ ဆက်လက်ဆွေးနွေးမည် ဆိုသည့်အချက်ကို တိုင်း ရင်း သားများဘက်မှ သဘောမတူညီကြောင်း၊ အခြေခံ မခိုင်မာပါက လက်မှတ်ထိုးသွားမည် မဟုတ်ဟုလည်း နိုင်ဟံသာ က ပြော သည်။

လက်ရှိတွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက ဦးဆောင် ဆွေးနွေးလျက်ရှိပြီး ယခင် ဆွေးနွေးပွဲများတွင် အဓိက ဆွေးနွေးခဲ့သည့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှာ ယခုအခါ နယ်စပ်ရေးရာဝန်ကြီး အနေဖြင့် တက် ရောက်ပြီး ဆွေးနွေးမှုတွင် မပါဝင်တော့ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

ဆွေးနွေးပွဲတွင် ယခင်က သဘောတူညီထားခဲ့သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း ဆိုသည့် အချက်အား နိုင်ငံရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန် သဘောတူသည် ဆိုသည့် အချက်ကို ယခုအခါ တပ်မတော် ဘက်မှ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် မထည့်သွင်းလိုတော့ကြောင်း ပြောဆိုသည်ဟု သိရသည်။

NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း“ဟိုတခေါက် ဆွေးနွေးတာမှာ လက်ခံလိုက်ပြီး အခုတခေါက်မှာ လက်မခံတော့ဘူး။ သူတို့ဘက်က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်း တည်ဆောက်ရေးဆိုတဲ့ စကားလုံးကို ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်ဆိုတဲ့ သဘောပဲ သုံးချင်တယ်။ တည်ဆောက်နိုင်ရေး ဆိုတာကို မသုံးချင်တော့ဘူး။ အထက်ကို တင်မယ် ဖြစ်သွားတယ်”ဟု ပြောသည်။

လက်ရှိ တပ်မတော်တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်နေပြီးဖြစ်သည့်အတွက် ထပ်မံပြီး ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် မလိုကြောင်း UPWC ဘက်မှ တင်ပြခဲ့သည်ဟု သိရသည်။

ယခုဆွေးနွေးပွဲ မစတင်မီ မြဝတီတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၊ တိုင်းရင်းသား မြောက်ပိုင်းတပ်မတော် ဖွဲ့စည်းရန် စစ်ဦးစီးချုပ် ရွေးချယ်၍ “ဝ” နှင့် “မိုင်းလား” တို့ကို ပူးပေါင်းရန် စီစဉ်နေခြင်း စသည့် အချက်များကြောင့် အစိုးရပိုင်းမှ တိုင်းရင်းသားများကို ယုံကြည် မှု အားနည်းနေသည်ဟု အစိုးရဘက်မှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) မှ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက “အချက်ပေါင်း ရာချီ အဆိုပြုခဲ့တာတွေမှာ ၂ ဘက် မှတ်ထားတာတွေက မတူတာတွေ ရှိတယ်။ ဒါကို စစချင်း နေ့မှာ ပြန်လုပ်ရတယ်။ တချို့အချက်က ညှိလို့ရတာ ရှိမယ်။ တချို့အချက်တွေမှာ ပြန်ဆွေးနွေးရမယ်။ လူကြီးတွေ ပြန်တင်ပြရမှာ ဖြစ်တယ်။ ဒါက သဘောသဘာဝပါပဲ”ဟု ပြောဆိုသည်။

ယခင် နှစ်ဘက်ညှိနှိုင်းစဉ်က စာချုပ်ပါ အခန်း ၇ ခန်း၊ အချက်ပေါင်း ၁၀၄ ချက် ရှိသည့်အနက် ၅ ချက် ဆွေးနွေးရန် ကျန်ရှိတော့ သည် ဟု နှစ်ဘက်က ထုတ်ပြန်ထားသော်လည်း ယခုအခါ ကျန်နေသည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရမည့် လူများ၊ အပစ် အခတ် ရပ်စဲရေးတွင် ပါဝင်ရမည့် အဖွဲ့များ စာရင်း၊ ပူးတွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းရေး စသည့် အချက် ၅ ချက်ပါ အချက်များကို ဆွေးနွေးခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၌ ကျင်းပနေသည့် UPWC နှင့် NCCT ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာလ ၂၆ ရက် အထိ ဆွေးနွေးနေခြင်း ဖြစ်သည်။
ဧရာဝတီ

IS ကို လေကြောင်း တိုက်စစ် တစ်ခုတည်းနဲ့ အနိုင်ရပါ့မလား



ရဲလွင်အောင် 

အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများမှ လေယာဉ်များသည် အီရတ်ရှိ IS အဖွဲ့ကို သာမက ဆီးရီးယားရှိ IS အဖွဲ့ကိုပါ ထိုးစစ်ဆင်မှု များကို ပြုလုပ်နေပြီ ဖြစ်သည်။အိုဘားမား အစိုးရ အဖွဲ့သည် ဆီးရီးယား ပြည်တွင်း စစ်တွင် ၀င်ရောက်စွက်ဖက်ရန် ယခင်ကတွန့်ဆုတ်နေခဲ့ သောကြောင့် ဆီးရီးယားရှိ IS အဖွဲ့အား အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်များက ယခုအချိန်တွင် တိုက်ခိုက်မှု ပြုလုပ်လာခြင်းက အိုဘားမား အစိုးရ အဖွဲ့၏ မူဝါဒ များတွင် ပြောင်းလဲမှု အကြီးအကျယ်ရှိ နေပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။ 

IS အဖွဲ့၏ လုပ်ရပ်များကို တားဆီး ပိတ်ပင်ခြင်း မပြုပါက ၎င်း တပ်ဖွဲ့သည် ဥရောပနှင့် အမေရိကန် တို့တွင် တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် အမေရိကန် ဦးဆောင်သော မဟာမိတ် နိုင်ငံများက ထိုးစစ်ဆင်မှု များကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ IS ၏ လုပ်ရပ်များကြောင့် ဆီးရီးယား နှင့် အီရတ်ကြားရှိ နယ်စပ်မှာ အမည်ခံသာရှိ တော့သည်။ 

ထို့ပြင် ယခုအချိန်တွင် အမေရိကန် သာမက အာရပ်နိုင်ငံ တချို့တို့ပါ စစ်ဆင်ရေးတွင် ပါဝင်နေ သောကြောင့် အမေရိကန်၏ ယခု စစ်ဆင်ရေး သည် အီရတ် ဆိုင်ရာ ယခင်စစ်ဆင်ရေးနှင့် လုံးဝ ခြားနားနေခဲ့သည်။ ကူဝိတ်အား အီရတ်၏ ကျူးကျော်မှုမှ ကယ်တင်နိုင်ရေး အတွက် နိုင်ငံတကာက စစ်ဆင်ရေး ဆင်နွှဲခြင်းနှင့်ပင် တစ်စိတ်တစ်ပိုင်း ဆင်တူ လှသည်။ သို့သော် ယခု စစ်ပွဲတွင် ပစ်မှတ်မှာ အချုပ်အခြာ အာဏာပိုင် အစိုးရတစ်ရပ် မဟုတ်ဘဲ အကြမ်းဖက် အဖွဲ့တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ကူဝိတ် စစ်ပွဲတွင် ကာလမရှည်ခဲ့ သော်လည်း ယခုစစ်ပွဲ ကတော့ ကာလရှည် ဦးမည် ဖြစ်သည်။ 

တိုက်လေယာဉ်များ၊ လက်နက် တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များနှင့် ပင်လယ်ပြင်မှ ပစ်ခတ် လိုက်သော ဒုံးကျည်များ ပါဝင် သောကြောင့် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးကို ကျယ်ပြန့်သော စစ်ဆင်ရေး တစ်ရပ် အဖြစ် သတ်မှတ်လို့ ရသည်။ သို့သော် ယခုစစ်ဆင်ရေးကို ကြည့်လိုက်လျင် မဟာဗျူဟာ ရည်မှန်းချက်မှာ IS အဖွဲ့ကို အမြစ်ပြတ် တိုက်ရန် မဟုတ်။အဖွဲ့၏ ခေါင်းဆောင်ပိုင်းနှင့် ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်းကို တိုက်ခိုက် ဖြတ်တောက်ရန်သာ ဖြစ်ကြောင်း သိသာလှသည်။ 

အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းများစွာ ထွက်ပေါ်လာ ခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်သည် တစ်ပြိုက်နက်တည်း ထိရောက်စွာ တိုက်ခိုက်နိုင် မည်လား၊ အမေရိကန် ဦးဆောင်သော နိုင်ငံများ၏ လေကြောင်းမှ ထိုးစစ်ဆင် မှုကြောင့် မြေပြင်တွင် IS အဖွဲ့ အထိနာအောင် တိုက်ခိုက်နိုင်မည့် အခြေအနေများ ပေါ်ပေါက် လာမည်လားနှင့် IS အဖွဲ့က မည်သည့် အတိုင်းအတာ အထိ တန်ပြန်တိုက်ခိုက်မည်လဲ အစရှိသည့် မေးခွန်းများကိုတော့ မေးဖို့လိုမည်ဖြစ်သည်။ 

မြေပြင် အနေအထား 

အမေရိကန်နှင့် မဟာမိတ်များ ကတော့ လိုအပ်ချက်ကြောင့် တိုက်သည်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင်မူ ၎င်းတို့သည် မသေချာ သော လမ်းကို လျှောက်နေကြခြင်း ဖြစ်သည်။ အကြောင်းမှာ ပြင်ပမှ စစ်ရေး အကူအညီ ဆို၍ လေကြောင်း အင်အားတစ်ခုသာရှိ နေခြင်း ဖြစ်သည်။ စစ်ဆင်ရေး တစ်ခု အောင်မြင်ရန် ကြည်း၊ ရေ၊ လေ အပါအ၀င် စစ်ရေး ကဏ္ဍမျိုးစုံ ပါဝင်မှသာ ဖြစ်နိုင်ပါမည်။ 

အီရတ် ကိစ္စတွင် ကြည့်ပါ။ အီရတ်တွင် အမေရိကန်၏ လေကြောင်းမှ ထိုးစစ်ကြောင့် မြောက်ပိုင်းရှိ ကာ့ဒ် မျိုးနွယ်စုများ နေထိုင်သော ဒေသ တွင်းသို့ IS အဖွဲ့ ထိုးဖောက် ၀င်ရောက်မည်ကို တားဆီးနိုင် ခဲ့သည်။ သို့သော် အမေရိကန်၏ လေတပ် အင်အားကြောင့် IS အဖွဲ့ကို အီရတ်မြေပေါ်မှ ဖယ်ထုတ်နိုင်စွမ်း မရှိခဲ့။ IS အဖွဲ့ကို အီရတ်မှ နှင်ထုတ်နိုင်ရန် အချက်နှစ်ချက် အပေါ် မူတည်နေသည်။ 

ပထမ အချက်မှာ IS အဖွဲ့အား ထိပ်တိုက် ရင်ဆိုင်ပြီး နယ်မြေများ ပြန်လည် သိမ်းယူနိုင်ရေး အတွက် မြေပြင်ရှိ စစ်တပ်၏ ကောင်းစွာ လေ့ကျင့် သင်ကြားထားမှု နှင့် စိတ်ဓာတ် ပြင်းထန်မှု ရှိမရှိ ဆိုသည့် အချက်ဖြစ်သည်။ IS ၏ သတ်ဖြတ်မှု များကြောင့် မကြာသေးမီ လများတွင် အီရတ်စစ်တပ် သည် လက်နက်များချန်ထားပြီး ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ နောင်ပိုင်းတွင် အမေရိကန်က စစ်ဘက်ဆိုင်ရာ အကြံပေးများ စေလွှတ်ခြင်းနှင့် လေကြောင်းမှ ကူပစ်ပေးခြင်း တို့ကြောင့် အီရတ် စစ်သားများ စိတ်ဓါတ် ပြန်လည် တက်ကြွလာပြီး တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ သို့သော် စိတ်ဓါတ် ပျက်စီးနေသည့် အီရတ်စစ်သားများ၏ စစ်စိတ် စစ်သွေး ပြန်တက်လာရေး အတွက် အချိန်ယူ ရဦးမည် ဖြစ်သည်။ 

ဒုတိယ အရေးပါသော အချက်မှာ နိုင်ငံရေး ဖြစ်သည်။ ယခင် အီရတ် ၀န်ကြီးချုပ် မာလီကီ လက်ထက်တွင် ရှီယိုက်များ အကျိုး အတွက်သာ အုပ်ချုပ်ခဲ့ သောကြောင့် ဆွန်္နီများနှင့် ကာ့ဒ်များက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယင်းကြောင့် ဆွန်္နီမျိုးနွယ်စု တချို့က IS အဖွဲ့ ဘက်မှ ပါဝင် တိုက်ခိုက် ခဲ့ကြသည်။ကာ့ဒ်များသည်လည်း အစောပိုင်းတွင် IS အား အီရတ် အတွက် တိုက်ခိုက်သည် မဟုတ်၊ ကာ့ဒ်ဒေသ အတွက်သာတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အီရတ်တွင် အဖွဲ့ အစည်း အားလုံး ပါဝင်သော အစိုးရ တစ်ရပ် မဖွဲ့စည်းနိုင်သေး သောကြောင့် အစောပိုင်းတွင် အမေရိကန်က အကူ အညီ ပေးရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရတစ်ရပ် ပေါ်ထွန်းရေး အတွက်လည်း အချိန်ယူရဦးမည် ဖြစ်သည်။ 

အီရတ်၌ ယခုအချိန်တွင် အများက အသိအမှတ်ပြု ထားသော အစိုးရရှိနေ သဖြင့် နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်း တိုက်စစ်ဆင်မှုကြောင့် IS အဖွဲ့ကို အနိုင်ရရှိ နိုင်ခြေ ရှိနေသော်လည်း ဆီးရီးယား တွင်တော့ အလားအလာများက တစ်မျိုး တစ်ဘာသာ ကွဲပြားနေသည်။ ဆီးရီးယားနှင့် ပတ်သက် သော အိုဘားမား၏ အစီအစဉ် တစ်ရပ်မှာ ဆီးရီးယားရှိ အယူအဆ သင့်တင့်မျှတသော သူပုန်များကို လက်နက်များနှင့် လေ့ကျင့် သင်ကြားမှုများ ထောက်ပံ့ပေးရန် ဖြစ်သည်။ ယင်းသို့ ထောက်ပံ့ပေးနိုင်လျှင်လည်း သူပုန်များသည် အယူအစွဲ ပြင်းထန်သော ဂျီဟတ်ဝါဒီ များအား လက်ရည်တူ ယှဉ်ပြိုင် နိုင်ပါ့မလား ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာရှိနေ ပြန်သည်။ ဆီးရီးယားတွင် အနောက်နိုင်ငံ များက လက်ခံထားသော အစိုးရ တစ်ရပ် မရှိသလို နိုင်ငံ အနာဂတ် အတွက် နိုင်ငံရေး အစီအစဉ်လည်း မရှိဘဲ ဖြစ်နေသည်။ 

ကျယ်ပြန့်သော တိုက်ပွဲ 

အခြေအနေများ ပြောင်းလဲသွားနိုင် ပါသည်။ ယခု စစ်ပွဲတွင် IS သည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခု အချိန်အထိ IS သည် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်းရှိ သလို မဟာဗျူဟာ ကျကျလည်း တိုက်ပွဲဝင်နိုင် နေဆဲ ဖြစ် သည်။ ယင်းကြောင့် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေးအား ယင်းအဖွဲ့က ဘယ်လို တုံ့ပြန်မလဲ ဆိုသည်ကို ထပ်မံစဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။ 

အများကြီး လုပ်နိုင်ပါသည်။ IS အဖွဲ့ သည် အီရတ်ရှိ ကာ့ဒ်များကို တိုက်ခိုက်နေရာမှ ဆီးရီးယားရှိ ကာ့ဒ်များကို ပြောင်းလဲ တိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒုက္ခသည် များစွာသည် ဆီးရီးယားနှင့် တူရကီ နယ်စပ်မှ တစ်ဆင့် တူရကီနိုင်ငံ ထဲသို့ ၀င်ရောက်ခဲ့ ကြသည်။ ထို့ပြင် အမေရိကန် ဦးဆောင်သော မဟာမိတ် အဖွဲ့တွင် ပါဝင်သည့် နိုင်ငံများရှိ နိုင်ငံသားများအား တိုက်ခိုက်ရန် IS အဖွဲ့က အခြား နိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများကို တိုက်တွန်း ခဲ့သည်။ အကျိုးဆက် အဖြစ် အယ်လ်ဂျီးရီးယားရှိ အစွန်းရောက် အဖွဲ့တစ်ခု က ပြင်သစ် နိုင်ငံသား တစ်ဦးကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများ အတွက် အခက်အခဲ တွေ့စေမည့် နည်းလမ်းများ IS တွင် ရှိနေကြောင်း ထင်ရှားလာခဲ့သည်။ 

သို့သော် ယခု စစ်ဆင်ရေးသည် မွတ်ဆလင် ကမ္ဘာအတွင်း ဆွန်္နီများနှင့် ရှီယိုက်များကြားရှိ တိုက်ပွဲ၊ အီရန်နှင့် အာရပ်နိုင်ငံများကြား အားပြိုင်မှု၊ လက်ရှိ အခြေအနေကို ဖျက်စီးလို သူများနှင့် တည်မြဲလို သူများကြား တိုက်ပွဲတို့၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း လေ့လာ သူများက သုံးသပ်သည်။ မည်သည့် ရလဒ်များ ထွက်ပေါ်လာသည် ဖြစ်စေ ပြည်တွင်းစစ်တွင် အောင်ပွဲခံသူ မရှိတတ်ကြောင်း လေ့လာသူများက သတိပေးထားသည်။ 

Ref: Syria analysis: Why air power alone won't beat IS:BBC

အီရတ်၊ အစ္စရေး၊ အီဂျစ် ခေါင်းဆောင်များနှင့်အမေရိကန်သမ္မတအိုဘားမား တွေ့ဆုံဆွေးနွေးမည်


အမေရိကန်သမ္မတအိုဘားမားက အီရတ်၊ အစ္စရေး၊ အီဂျစ်ခေါင်းဆောင်များ
နှင့် လာမည့်ရက်များအတွင်း နယူးယောက်မြို့၌ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။

နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့
နိုင်ငံ့ခေါင်းဆောင်များ ရောက်ရှိနေစဉ်အတွင်း အိုဘားမားသည် အီရတ်ဝန်ကြီးချုပ်
အယ်လ်အဘာဒီနှင့် စက်တင် ဘာ ၂၄ရက်တွင် တွေ့ဆုံသွားမည်ဟု သိရသည်။
အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင် တိုက်ခိုက်နေသည့် အစ္စလာမ္မစ် စစ်သွေးကြွများကို
တိုက်ခိုက်ရေးတွင် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့၍ တိုက်ခိုက်သွားရန် အမေရိကန်က
ကြိုးပမ်းနေမှုကြောင့် အဆိုပါ ဆွေးနွေးပွဲကျင်းပခဲ့ရခြင်းဖြစ်သည်။

သမ္မတအိုဘားမားသည် အီဂျစ်သမ္မတ အယ်လ်စီစီနှင့်လည်းကောင်း၊
အီသီယိုးပီးယားဝန်ြကီးချုပ်နှင့်လည်းကောင်း၊ စပိန်ဘုရင်နှင့်လည်းကောင်းနယူးယောက်
တွင် တွေ့ဆုံကြမည်ဟု သိရသည်။

လာမည့် သီတင်းပတ်တွင် အမေရိကန်သမ္မတအိုဘားမားသည် အစ္စရေး
ဝန်ကြီး ချုပ် နေတန်ရာဟုနှင့်လည်း ၀ါရှင်တန်မြို့တွင် တွေ့ဆုံမည်ဟု သိရသည်။
အစ္စရေးတို့သည်ဟားမတ်စ် တို့နှင့် ယခုနှစ်အတွင်း ပြဿနာရပ် များပေါ်
ပေါက်ခဲ့ပြီးနောက်အမေရိကန်သမ္မတ အိုဘားမားနှင့် အစ္စရေးဝန်ြကီးချုပ် နေတန်
ရာဟုတို့အကြား ဆက်ဆံရေးမှာ ဆိုးရွားလာနေကြောင်းသိရသည်။ အစ္စရေးတို့က
ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ မှုကြောင့် အရပ်သား အများ အပြား သေဆုံးခဲ့မှုကို
အမေရိကန်က ထောက်ပြပြောဆိုခဲ့သည်။

အေပီ

ပိုင်နက်အတွင်းသို့ ၀င်ရောက်လာသည့် ဆီးရီးယား တိုက်လေယာဉ်ကို အစ္စရေးနိုင်ငံက ပစ်ချ

ပစ်ချခြင်းခံရသည့် ဆူခွိုင် အမျိုးအစား ဆီးရီးယား ဂျက်တိုက်လေယာဉ်
အစ္စရေးနိုင်ငံ သည် ၄င်းတို့ ထိန်းချုပ် ထားသည့် ပိုင်နက် အတွင်းသို့ ဝင်ရောက် လာသည့် ဆီးရီးယား တိုက်လေယာဉ် တစ်စင်းကို ယမန်နေ့တွင် ပစ်ချ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်လေယာဉ် သည် ဆီးရီးယား နှင့် ရုရှား ပူးတွဲ ထုတ်လုပ် ထားသည့် ဆူခွိုင်း အမျိုးအစား တိုက်လေယာဉ် တစ်စင်း ဖြစ်ပြီး ၄င်းသည် အစ္စရေးတပ် များကထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့်ဒေသ အတွင်းသို့ ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းသို့ ဝင်ရောက် လာခြင်းသည် မတော်တဆ ဝင်ရောက် လာခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ သို့သော် ယင်း လေယာဉ်ကို အစ္စရေးတပ် များက Patriot ဒုံးကျည် ကာကွယ်ရေး စနစ်ကို အသုံးပြု၍ ပစ်ချ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဆီးရီးယား တိုက်လေယာဉ် တစ်စင်းကို အစ္စရေး တပ်ဖွဲ့များက ပစ်ချ ခဲ့ခြင်းသည် ဆယ်စုနှစ် သုံးစုအတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး အဆိုပါ ပစ်ချခံခဲ့ ရသည့် လေယာဉ်သည် အစ္စရေးနိုင်ငံ နယ်စပ်အနီးရှိ ကွန်နီထရာမြို့ အပြင်ဘက် တွင် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် ပစ်ချခံခဲ့ ရခြင်း ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံသည် ဆီးရီးယား လေယာဉ်ကို နောက်ဆုံး အကြိမ်အဖြစ် ၁၉၈၅ ခုနှစ်တွင် ပစ်ချခဲ့ပြီး လက်ဘနွန် နိုင်ငံ လေပိုင်နက် အတွင်း ကင်းလှည့် စစ်ဆေး နေသည့် အစ္စရေး တိုက်လေယာဉ် များအနီးသို့ ချဉ်းကပ် လာသည့် ဆီးရီးယား တိုက်လေယာဉ် နှစ်စင်းကို အစ္စရေး လေယာဉ်များက ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

PyiChitThar

နှာခေါင်းမှ ဦးနှောက်ထဲထိ တူစိုက်ဝင်သွားခဲ့ပေမဲ့ အသက်ရှင်လျှက်ရှိနေသေးတဲ့ကလေးငယ်

အသက်(၂) နှစ်အရွယ် Huang Zicheng ရဲ့ ဖခင်က လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက်အနေနဲ့ လူကြီးသုံးတူတစ်ချောင်းလုံး သူ့နှာခေါင်းထဲမှတဆင့် ဦးနှောက်ထဲထိ ၃ လက်မနီးပါဝင်အောင် ဘယ်လိုမျိုးနဲ့ ဘာကြောင့် ထိုးသွင်းမိလိုက်လဲဆိုတာ စဉ်းစားမရဘူးလို့ ပြောပါတယ်။

Hubei ခရိုင် Wuhan က ကလေးငယ်လေးကို ထမင်းစားသုံး တူတစ်ချောင်း သူ့ဦးခေါင်းထဲထိ ထိုးစိုက်ဝင်မိပြီးတဲ့နောက် ဆေးရုံတင်လိုက်ပြီး ပြန်လည်ဆွဲထုတ်ဖို့ ၄နာရီကြာ ဦးနှောက်ခွဲစိတ်ကုသမှုလုပ်ဆောင်ခဲ့ရပါတယ်။

ကလေးရဲ့ ကျန်းမာရေးအပြည့်အဝနဲ့ နလန်ထူလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဦးနှောက်အတွင်း တူစိုက်ဝင်မှုနဲ့ပတ်သက်ပြီး အရင်က အဖြစ်အပျက်တွေမှာ တူကို ကိုင်ပြီး ပြေးလွှားကစားနေတတ်တဲ့ ကလေးတွေဖြစ်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီအသက် ၂ နှစ်အသက်အရွယ် အလေးအဖေက အလုပ်တချို့ လုပ်ကိုင်နေခဲ့တာဖြစ်ပြီး တခြားဘက်လည့်ကြည့်နေခဲ့တယ်။ သူပထမဆုံးကြားလိုက်တာက Huang စူးစူးဝါးဝါး အော်ဟစ်သံဖြစ်တယ်လို့ ပြောပါတယ်။

နောက်ဘက်လှည့်ကြည့်လိုက်တော့ တူအရှည်ကြီးတစ်ချောင်း သူ့နှာခါင်းကနေ ဦးခေါင်းထဲထိစိုက်ဝင်နေခဲ့တာ တအံ့တသြတွေ့လိုက်ရတယ်လို့ ဖခင်က ပြောဆိုခဲ့ပါတယ်။

ဆေးရုံရောက်တော့ CAT ဓာတ်မှန်ထဲမှာ အဲဒီတူဟာ Huang ရဲ့ ဦးနှောက်ထဲ ၃ လက်မနီးပါးခန့် ထိုးဝင်သွားခဲ့ပေမဲ့ ဦးနှောက်အာရုံကြော သို့မဟုတ် သွေးလွတ်ကြောတွေကြီးကြီးမားမား ပျက်စီးစေခဲ့ခြင်းမရှိတာတွေ့တာပါတယ်။

Source: metro
Trend

အီဘိုလာဗိုင်းရပ်စ်ကြောင့်အသေခံဗုံးဖောက်ခွဲမှုများကြောင့်သေဆုံးသူ ၂၈၁၁ ဦးထိရှိလာခဲ့


အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့မှု
ကြောင့် လူပေါင်း၂၈၁၁ ဦးသေဆုံးခြဲ့ပြီဖစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက
စက်တင်ဘာ ၂၂ ရက်တွင် ကြေညာလိုက်သည်။ သို့သော် ဆီနီဂေါနှင့် နိုင်ဂျီးရီးယားနိုင်ငံ
တို့တွင် အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေမှုကို ထိန်းချုပ်စပြုလာနိုင်ပြီဟု သိရသည်။

အီဘိုလာအရေးပေါ် ကော်မတီ နောက်ဆုံးအစည်းအဝေးတွင် ကမ္ဘာ့ ကျန်းမာရေး
အဖွဲ့ကြီး ထုတ်ပြန်ချက် များအရ အနောက်အာဖရိကနိုင်ငံ ငါးနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်
ရောဂါ ဖြစ်ပွားသူ ၅၈၆၄ ဦး၊ စက်တင်ဘာ ၁၈ ရက်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်အထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ
၂၆၃၀ ရှိခဲ့ပြီဟု ပြောဆိုသည်။

ယခုနှစ်ပိုင်းမှ စတင်၍ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ဂီနီနိုင်ငံတွင် စတင်ဖြစ်
ပွားခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဆီရာလီယွန်နှင့် လိုင်ဘေးရီးယားနိုင်ငံများသို့ပါ
ပျံ့နှံ့လာခဲ့သည်။လိုင်ဘေးရီးယားနိုင်ငံမှာအီဘိုလာဗိုင်းရပ်စ် ရောဂါကို ဆိုးဆိုးရွားရွား
ခံစားခဲ့ရသည့်အတွက် ရောဂါဖြစ်ပွားသူ ၃၀၂၂ ဦးအနက် သေဆုံးသူ ၁၅၇၈ ဦးရှိခဲ့သည်။

ထိုအချိန်မှာပင် အီဘိုလာဗိုင်းရပ်စ်ရောဂါမှာ ဆီနီဂေါနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံ
တို့တွင် ထပ်မံဖြစ်ပွားခဲ့ရာ အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့
ကျန်းမာရေးအဖွဲ့က ပြောဆိုသည်။ အီဘိုလာအရေးပေါ်ကော်မတီ အစည်းအဝေးက
အီဘိုလာရောဂါသည်များအနေဖြင့် ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်သင့်ကြောင်း
ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ 

အေအက်ဖ်ပီ

အယ်လ်ဂျီးရီးယား နိုင်ငံတွင် ပြင်သစ် ခရီးသွား တစ်ဦးကို လက်နက်ကိုင် အုပ်စုက ပြန်ပေးဆွဲ

Algeria Hunts For Kidnapped Frenchman, Paris Says No Deals


အယ်လ်ဂျီးယားစ် ၊ ၂၄-၉-၂၀၁၄

အယ်လ်ဂျီးရီးယား နိုင်ငံ မြောက်အလယ်ပိုင်း ဒေသတွင် လှည့်လည် သွားလာလျက် ရှိသော ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးကို ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ဆက်စပ်နေသော လက်နက်ကိုင် အုပ်စုက စက်တင်ဘာ ၂၂ ရက်တွင် ပြန်ပေးဆွဲ ခဲ့ကြောင်း ၄င်းအုပ်စုက အင်တာနက်ပေါ် တွင် ရေးသား ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ ပြင်သစ်နိုင်ငံသား ခရီးသွားသည် အဆိုပါ ဒေသတွင် သူငယ်ချင်းများ နှင့် လမ်းလျှောက် နေစဉ် လက်နက်ကိုင် အုပ်စု၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရဖွယ် ရှိကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက စက်တင်ဘာ ၂၂ ရက် အစောပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

သတင်းဌာနများက ယင်းကဲ့သို့ ထုတ်ဖော် ပြောကြား ချိန်တွင် လက်နက်ကိုင် အုပ်စုသည် ပြန်ပေးဆွဲ ခံရသည့် ပြင်သစ် နိုင်ငံသား တစ်ဦးကို လက်နက်ကိုင် နှစ်ဦးနှင့် မျက်နှာဖုံးစွပ် အမျိုးသား များက ဝိုင်းရံထားသည့် ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက် ဝက်ဘ်ဆိုက် ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မျက်နှာဖုံးစွပ် အမျိုးသား တစ်ဦးက ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒ် အား အီရတ်နိုင်ငံ တွင် စစ်ရေးအရ ကြားဝင် စွက်ဖက်ခြင်း ကို လာမည့် ၂၄ နာရီအတွင်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပြီး ရပ်တန့်ခြင်း မရှိပါက ၄င်း အမျိုးသားအား ခေါင်းဖြတ် ကွပ်မျက်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

Algerian troops hunt for French hostage


အဆိုပါ လက်နက်ကိုင် အုပ်စုသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ နောက်လိုက်များ ဖြစ်ပြီး အနောက်နိုင်ငံ များကို ပစ်မှတ်ထား တိုက်ခိုက်သည့် အနေဖြင့် ပြင်သစ် နိုင်ငံသားကို ပြန်ပေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း လက်နက်ကိုင် အုပ်စုမှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယား နိုင်ငံတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ပြင်သစ် နိုင်ငံသား တစ်ဦး ပြန်လည် လွတ်မြောက်ရေး အတွက် စေ့စပ်ဆွေးနွေး ခြင်းများ ပြုလုပ်သွားမည် မဟုတ်ဟု ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် မန်နျူရယ်ဗော်လ်စ် (ပုံ) က ပြင်သစ်ရေဒီယို ၌ ပြောကြား ခဲ့သည်။

ပြင်သစ်အစိုးရ သည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းမှ စ၍ အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်လျက် ရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြ များအပေါ် လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း၊ သို့ရာတွင် ၄င်းတို့ အနေဖြင့် ဆီးရီးယား နိုင်ငံအတွင်း ၌ ယင်းသို့သော တိုက်ခိုက်မှု များကို လုပ်ဆောင် သွားမည် မဟုတ်ကြောင်း ပြင်သစ် အာဏာပိုင် များက ပြောကြားခဲ့သည်ဟု သိရှိရသည်။

PyiChitThar

https://www.youtube.com/watch?v=g1Ln67rW_Oo

http://article.wn.com/view/2014/09/23/Algerian_troops_search_for_kidnapped_Frenchman_g/

ဝေဖန်မှု၊ ရူးသွပ်မှုများနှင့် မိန်းမလှများ၏ အရေပြားပေါ်မှ ဆေးမင်ကြောင်

“ဒီး...” စက်၏ တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသော အသံကြောင့် သူမလက်ကို ဆုပ်ကိုင်ထားသော ချစ်သူ၏ လက်ကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ယနေ့ သူမတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိမိတို့၏ နာမည်များကို Tattoo ဆင်တူ လာရောက်ရေးထိုးနေခြင်း ဖြစ်သည်။ 

နာကျင်ခြင်း ဝေဒနာနှင့်အတူ “ချစ်စု” တစ်ယောက် အတွေးများ ရှုပ်ထွေးနေသည်။ အလွယ်တကူ မမြင်နိုင်သောနေရာတွင် ထိုးသော်လည်း မိဘများ တွေ့သွားလျှင် မိုးမီးလောင်မည်မှန်း သူမ သိသည်။ အခုခေတ်တွင် မိန်းမပျိုများ Tattoo (ဆေးမင်ကြောင်) ထိုးသည့်ကိစ္စမှာ အဆန်းမဟုတ်သော်လည်း ရှေးရိုးဆန်သော မိဘဆွေမျိုးများအကြား ပြဿနာ ဖြစ်နိုင်သည်။ မတတ်နိုင်။ ကောက်ကြောင်းပင် ပြီးဆုံးလု ဖြစ်နေသည့် အချိန်မှတော့ သူမ အရင် Tattoo ရေးထိုးဖူးသော သူငယ်ချင်းမများ၏ လက်စွဲစကားအတိုင်း လွတ်လပ်ရေးကို ဖြည်းဖြည်း တိုက်ယူရပေတော့မည်။ 

သူမ၏ အတွေးထဲတွင် ရှုပ်ထွေးနေရုံသာမက ဖြူဝင်းသော သူမ၏ ကျောပြင်တွင်လည်း Tattoo ရေးဆွဲသူ၏ လက်ရာ ကောက်ကြောင်းများနှင့်အတူ ထွက်ပေါ်လာသော သွေးစက်များ၊ ဆေးစက်များ ရှုပ်ထွေးနေသည်။ 

နယ်ပယ်ပေါင်းစုံမှ လူငယ်များအပေါ် လွှမ်းမိုးသြဇာရှိသောသူများ ကမ္ဘာကျော် ဘောလုံးသမားများ၊ အဆိုတော်၊ သရုပ်ဆောင်များ၊ တက်တူးထိုးခြင်းကို ဖက်ရှင်တစ်ခုအဖြစ် ရေးထိုးလာသောကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဘာသာရေးဆိုင်ရာ ရေးထိုးမှုများမှအပ ဖက်ရှင်အဖြစ် တက်တူး ရေးထိုးလာမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ ယင်းသို့ ကမ္ဘာ့ရွာ ၂၁ ရာစုတွင် မြန်မာနိုင်ငံတွင်လည်း တက်တူးရေစီးကြောင်း ယခု ဆယ်စုနှစ်အတွင်း အရှိန်အဟုန် မြင့်လာသည်။ 

မြန်မာအမျိုးသမီးဟု ဆိုလိုက်လျှင် သနပ်ခါး ပါးကွက်ကြား လုံခြုံသော ဝတ်စားဆင်ယင်မှုဖြင့် အရှက်အကြောက်ကြီး သူများဟု နိုင်ငံတကာက ထင်မြင်ယူဆထားသော ခေတ်အဆက်ဆက် မိဘဆွေမျိုးများ စကားမပယ်ရှားဘဲ ဗိုင်းကောင်းကျောက်ဖိ နေလာသော မြန်မာအမျိုးသမီးများ ယခင် ခေတ်အဆက်ဆက်က အရွယ်ရောက်သော ယောက်ျားပျိုများသာ အထိုးများသော ဆေးမင်ကြောင်များကို ယခုခေတ်တွင် ရေးထိုးမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသည်။ 

ယခင်ခေတ်များတွင် အရွယ်ရောက်သော ယောက်ျားပျိုများကိုသာ စစ်မှုထမ်းနိုင်သော သူရသတ္တိ ရှိမရှိ စမ်းသပ်သော မင်ကြောင်များနှင့် အလားသဏ္ဌန်တူသော Tattoo ကို ယခုအချိန်တွင် မိမိကြိုက်နှစ်သက်သော နာမည်ကျော်များ၏ ပုံတူများ၊ မွေးနေ့များ၊ ရာသီခွင်များ၊ မိမိတို့၏ စိတ်ခံစားချက်များ စသည်ဖြင့် ဒီဇိုင်းမျိုးစုံတို့ကို နေရာမျိုးစုံတွင် ဖက်ရှင်တစ်ခု အဖြစ် ထိုးလာကြသည်။ “ညီမအမြင်ကတော့ တက်တူးက အနုပညာပါ။ အသားပေါ်မှာ ရေးတဲ့ ပန်းချီပေါ့” ဟု အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ရထားပြီး တက်တူးကို ရူးသွပ်သော လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ 

သူမ ခန္ဓာကိုယ် နေရာများတွင် သူမ အနုပညာအဖြစ် ခံယူထားသော၊ အသားပေါ်တွင် ရေးဆွဲသော ပန်းချီကားများကို အသက် ၁၈ နှစ်အရွယ်မှ စတင်ပြီး ချိတ်ဆွဲခဲ့သည်။ လက်တွင် နှင်းဆီဖူး၊ ခြေဖမိုးတွင် အတိတ်သည် အကောင်းဆုံး သင်ခန်းစာဟု အဓိပ္ပာယ်ရသော စာတန်းနှင့် လက်ပြင်တွင် လွတ်လပ်မှုကို ဖော်ပြသော အတောင်ပံတစ်စုံ အပါအဝင် အဆိုပါပုံအောက်တွင် သူမ ရူးသွပ်စွာ အားပေးသော နိုင်ငံခြား Rock တေးဂီတ အဖွဲ့တစ်ခု ဖြစ်သော Linkin Park နှင့် ပြည်တွင်း Rock တေးဂီတ အဖွဲ့တစ်ခု ဖြစ်သော Wanted တေးဂီတ အဖွဲ့များ၏ အဖွဲ့တံဆိပ်များနှင့် လက်မောင်းတွင် သူမ၏ရာသီခွင် Libra Zodiac သင်္ကေတ၊ ခြေသလုံးတွင် အင်္ဂလိပ်စာတန်း တစ်ခုကို ရေးထိုးထားသေးသည်။ 

လူငယ်အများစုသည် ၎င်းတို့၏ ဘဝတွင် အမှတ်တရ ဖြစ်စေသော အကြောင်းအရာများကို တက်တူးအဖြစ် မှတ်တမ်းတင်တတ်ကြပြီး သူမသည်လည်း ထိုသို့ပင် ဖြစ်ကြောင်း တက်တူးတစ်ခု ထိုးပြီးတိုင်း ရေးဆွဲပြီးပုံများကို ပြန်လည်ကြည့်ရှုတိုင်း အားသစ်များ ရရှိကြောင်း Rock ဂီတကို ရူးသွပ်စွာ စွဲလမ်းသူ တစ်ဦးလည်းဖြစ်သူ သူမက ပြောဆိုသည်။ 

တက်တူးထိုးထားသော အမျိုးသမီးတစ်ဦး လူမြင်ကွင်းကို ထွက်ချိန်တွင် လူငယ်များ၏ အာရုံစိုက်ခြင်းကို ခံရသော်လည်း ရှေးရိုးစွဲ လူကြီးများ၏ နှာခေါင်းရှုံ့ခြင်းကို ခံတတ်ရကြောင်း၊ သူမတို့အား မကောင်းသော လုပ်ငန်းများ လုပ်ကိုင်နေသော အမျိုးသမီးများကဲ့သို့ ကြည့်ရှုခံတတ်ရကြောင်း တက်တူး ရေးဆွဲထားသော အမျိုးသမီး အများစုထံမှ သိရသည်။ 

“မြန်မာနိုင်ငံ ယဉ်ကျေးမှုအရရယ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို မလုပ်ကိုင်နိုင်သေးတဲ့ အခြေအနေမှာ ညီမ အလွယ်တကူ မမြင်နိုင်ဘဲ မြန်မာဝတ်စားဆင်ယင်မှုနဲ့ သင့်တော့်မယ့် နေရာတွေမှာ တက်တူးရေးဆွဲပါတယ်” ဟု တက်တူးရေးထိုးရန် ဝါသနာပါသူတစ်ဦး ဖြစ်သည့် ရတနာနိုင်က ဆိုသည်။ 

လူကြီးမိဘများ အနေနှင့်လည်း ၎င်းတို့ဖြတ်သန်းလာသော ဘဝအစိတ်အပိုင်း တစ်လျှောက် အမျိုးသမီးများ တက်တူးထိုးခြင်းကို မကြုံတွေ့ခဲ့ရခြင်းနှင့် ယခင်အချိန်က မကောင်းသော လုပ်ငန်းများကို လုပ်ကိုင်သော အမျိုးသမီးများတွင် ဆေးမင်ကြောင်များ ရှိတတ်သောကြောင့် မိမိတို့၏ သားသမီးများကို ပတ်ဝန်းကျင်၏ အထင်သေးမည်ကို စိုးရိမ်သည့်အတွက် တက်တူးထိုးခြင်းကို လက်မခံနိုင်ခြင်း ဖြစ်ကြောင်း မိဘများထံမှ သိရသည်။ 

“အိမ်က သမီး နိုင်ငံခြား အဆိုတော်တွေလို တက်တူးထိုးချင်တယ် ပြောလာတယ်။ ထိုးတဲ့နေ့က အိမ်ပေါ်က ဆင်းရမယ်လို့ ဦး တင်းကျပ်ထားတယ်” ဟု အသက် ၄၀ အရွယ် ဖခင်တစ်ဦး ဖြစ်သူ ဦးထွန်းထွန်းလင်းက ဆိုသည်။ မိန်းကလေးတို့ သဘာဝအတိုင်း အလှအပ ကြိုက်နှစ်သက်ကြသည့်အတွက် တက်တူးရေးဆွဲထားသော အမျိုးသမီး အနုပညာရှင်များ အပါအဝင် မြန်မာအမျိုးသမီး အများစုသည် ကြယ်၊ ပန်းများ၊ လိပ်ပြာပုံများကို ရေးထိုးတတ်ကြပြီး အချို့သူများသာ ၎င်းတို့ချစ်သူ၏ အမည်နှင့် အခြားရုပ်ပုံများကို ရေးဆွဲတတ်ကြောင်း တက်တူးရေးဆွဲသည့် လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ 

ယခုခေတ်တွင် တက်တူးကို ဖက်ရှင်တစ်ခုကဲ့သို့ ရေးထိုးသော သူများနှင့် အနုပညာတစ်ခုကဲ့သို့ ရူးသွပ်စွာ ရေးထိုးသူများဟူ၍ အုပ်စုနှစ်ခု ရှိပြီး နှစ်ဖွဲ့စလုံးတွင် တူညီသောအချက်မှာ သူမတို့၏ လူမှုပတ်ဝန်းကျင်တွင် ဝေဖန်မှုများကို အနည်းနှင့်အများ ရင်ဆိုင်ရကြောင်း တက်တူး ရေးဆွဲသည့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်သူ တက်တူးမင်းသူက ပြောဆိုသည်။ 

လူငယ်တစ်ဦး အနေနှင့် တက်တူးကို စိတ်ဝင်စားသော်လည်း တစ်ချိန်တွင် မိခင်တစ်ဦး ဖြစ်လာနိုင်သည့် အမျိုးသမီးတစ်ဦး အနေနှင့် သားသမီးများ၏ အတုယူမှားခြင်း၊ ငယ်ရွယ်စဉ်အချိန်တွင် ခေတ်ဆန်ပြီး ဆွဲဆောင်မှု ရှိသော်လည်း အသက်ကြီးရင့်လာချိန်တွင် လူငယ်များ၏ အမြင်တွင် မသင့်တော်ခြင်းမျိုး ဖြစ်မည်ကို စိုးရိမ်ကြောင်း အသက် ၁၇ နှစ်အရွယ် ပထမနှစ် ကျောင်းသူတစ်ဦးက ပြောကြားသည်။ “အမေဆိုတာ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြလေ။ မိန်းကလေးဆိုတာ တစ်နေ့မှာ မိခင်ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။ 

ကမ္ဘာကျော် အနုပညာရှင်များ ဖြစ်သော JustinBiber၊ Miley Cyrus တို့ကဲ့သို့ အနုပညာရှင်များတွင် တက်တူးများ ရှိနေသည့် ယနေ့ခေတ်တွင် တက်တူးထိုးသည်မှာ အဆန်းမဟုတ်ကြောင်းနှင့် မိမိတွင်လည်း ချစ်သူ၏ အမည်ကို ထိုးထားကြောင်း အိမ်ကသိလျှင် ဆူပူမည် ဖြစ်သော်လည်း တစ်လခန့်သာ ကြာမည်ဖြစ်ကြောင်း Victoria University တွင် ပညာသင်ကြားနေသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ “ဘယ်မိဘကမှ သူ့တို့သမီး တက်တူးထိုးတာကို ခွင့်မပြုပါဘူး။ ပြောမနိုင်လို့ လွှတ်ထားတာပဲ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ 

ရှေးမြန်မာမင်းများ လက်ထက်က ဆေးမင်ကြောင် ထိုးသော အမျိုးသမီးများ ရှိသော်လည်း လက်ပြင်၊ ကျောနှင့် အလွယ်တကူ မမြင်နိုင်သော နေရာများတွင် ရေးဆွဲတတ်ကြပြီး လူမှန်း မသိတတ်စဉ် အရွယ်က ရေးဆွဲပေးတတ်ကြောင်း ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား စာအုပ်တွင် ဖော်ပြထားသည်။ 

ယနေ့ခေတ် မိဘအများစု ဖြတ်သန်းလာသော ၁၉၈၀ ပြည့်နှစ် ဝန်းကျင် အချိန်က ဆေးမင်ကြောင် ရှိသည့် အမျိုးသမီးများမှာ ထောင်ထွက်နှင့် မကောင်းသော လုပ်ငန်းများကို လုပ်ကိုင်သောသူ အများစုသာ ဖြစ်ခြင်းကြောင့် အထင်အမြင် သေးခဲ့ကြပြီး ယခုခေတ်တွင် တက်တူး ရေးဆွဲထားသော အမျိုးသမီး အများစုသည် အနုပညာ၊ ဖက်ရှင်အမြင်များဖြင့် ရေးဆွဲထားခြင်း ဖြစ်ကာ ဘွဲ့ရ၊ အလုပ်အကိုင်ရှိသူများ ဖြစ်သည့်အတွက် တက်တူးရေးဆွဲထားသော အမျိုးသမီးများအပေါ် အထင်အမြင်သေးသော အကြည့်များဖြင့် ဝေဖန်ရှုတ်ချနေခြင်းများ လျော့နည်းသွားရန် အချိန်ကာလ တစ်ခုအတွင်း အမြင်ပြောင်းလဲသွားမည်ဟု မျှော်မှန်းကြောင်း တက်တူးကို နှစ်သက်သူ အမျိုးသမီးများက ပြောဆိုသည်။ 

အောင်သော်ဖြိုး 

The Voice Weekly

Miss Universe 2014 ပြိုင်ပွဲ ပြိုင်မည့်ရက် နောက်ဆုတ်ခြင်းကြောင့် လေ့ကျင့်ချိန် ပိုရသွားသည့် သျှားထွဋ်အိန္ဒြာပြော


၂၀၁၃ Miss Universe ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့ သော်လည်း ၂၀၁၄ ခုနှစ် ပြိုင်ပွဲ ကျင်းပမည့် ရက်ကို ဇန်နဝါရီလ ၂၅ ရက် သို့ သတ်မှတ် လိုက်ခြင်းကြောင့် Miss Myanmar Universe 2014 သျှားထွဋ် အိန္ဒြာက ယင်း ပြိုင်ပွဲ အတွက် လေ့ကျင့်မှု ပြုလုပ်ရန် အချိန်ပိုရ ခဲ့သည်ဟု မဇ္ဈိမ ကို ပြောသည်။

"ပြိုင်ပွဲက ရက်နောက်ဆုတ် သွားတော့ ညီမ အတွက် ပြင်ဆင်ချိန် ပိုရ ပါတယ်။ အဓိက က မြန်မာနိုင်ငံ ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ ၊ ရှေးဟောင်း အမွေအနှစ် သယံဇာတ တွေအကြောင်း ကို ပိုပြီး လေ့လာ ဖြစ်တယ်။ တခြား မိတ်ကပ် ပြင်ဆင်မှု ၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာတွေလည်း လေ့ကျင့်နေပါတယ်။ ထိုင်းနိုင်ငံမှာ သွားလေ့ကျင့် တာက သုံးခေါက်လောက်ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် ဖိလစ်ပိုင် နှင့်ထိုင်းနိုင်ငံ များတွင် အလှမယ်နှင့် ပတ်သက်သည့် လေ့ကျင့်မှုများ ဖြစ်သည့် စင်ပေါ်တွင် လမ်းလျှောက်နည်း ၊ မိတ်ကပ် လိမ်းခြယ်မှု ၊ အမေး အဖြေ ဖြေဆိုမှုများကို သြဂုတ်လ ၅ရက်မှ ၁၅ရက် အထိ သွားရောက် လေ့လာ ခဲ့သည်။

၎င်းသည် ရေကူးဝတ်စုံ ၀တ်ဆင်ရာ၌ ခန္ဓာကိုယ် လှပမှု ရှိရန် ဗိုက်နှင့် ခါးအပိုင်းကို လေ့ကျင့်ဖြစ်နေပြီး နိုင်ငံကိုယ်စားပြု ဝတ်စုံ နှင့်ညနေခင်း ဝတ်စုံ တို့ အတွက်လည်း ၎င်း၏ အဖွဲ့အစည်းနှင့် အတူ ပြင်ဆင် လျက် ရှိသည်။

အလှမယ် သျှားထွဋ်အိန္ဒြာသည် Miss Universe 2014 ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လည် ရောက်ရှိ လာပါက ပရဟိတ လုပ်ငန်းများ ၊ Miss နှင့် ပတ်သက်သည်များကို ဦးစားပေး လုပ်ဆောင် သွားမည် ဖြစ်ပြီး သရုပ်ဆောင်ပိုင်းကို လုပ်ဆောင်ရန် မသေချာ သေးကြောင်း သျှားထွဋ်အိန္ဒြာက ဆိုသည်။

Miss Universe 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အလှမယ် သျှားထွဋ်အိန္ဒြာသည် ပြိုင်ပွဲ ကျင်းပမည့် ရက်ထက် ၃ပတ် ကြိုတင် သွားရောက် ရမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် အမေရိကန် နိုင်ငံ၏ Florida ပြည်နယ် Doral မြို့၌ ၀င်ရောက်ယှဉ်ပြိုင် ရမည် ဖြစ်သည်။

Miss Universe 2013 ပြိုင်ပွဲကို၂၀၁၃ခုနှစ် နိုဝင်ဘာ ၉ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့ရာ Miss Myanmar Universe 2013 အလှမယ် မိုးစက်ဝိုင်ကဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Mizzima

ဗြိတိန် ၂ ဦး လိပ်ကျွန်းမှာ အသတ်ခံရမှုနဲ့ သံသယရှိသူ ၂ ဦး ဓာတ်ပုံ ရဲရရှိထား


ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီအရပ်မှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ် သူလို့ ယူဆရသူ ထိုင်းလူမျိုး ၂ ဦးအား ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးက မှတ်တမ်း တင်ထားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ အား အချက်အလက်ပြန်လည်မျှဝေပေး ခဲ့သည်ဟု သိရသည်။ 

ထို့အပြင် အဆိုပါ ပြင်သစ်နိုင်ငံသားက သေဆံးသူ ဗြိတိန်အမျိုးသမီးအား ထိုင်းအမျိုးသား ၂ ဦးက စော် ကားရန် ကြိုး စားနေသည်ကိုလည်း ၄င်းကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆိုထားကြောင်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး ယနေ့ရက်စွဲဖြင့် ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ 

ထို့ကြောင့် ၄င်း ထိုင်း အမျိုးသား ၂ ဦးအား သူ၏ တယ်လီဖုန်းဖြင့် ဓာတ်ပုံ မှတ်တမ်း ရယူခဲ့၍ အသက် အန္တရာယ် ခြိမ်း ခြောက်ခံနေရသည့်အတွက် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားအား ထိုင်းအစိုးရက လုံခြုံရေး တာဝန်ယူထား ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ 

အခင်းဖြစ်ပွားသည့်နေ့က အခင်းဖြစ်ပွားချိန် လုံခြုံရေးကင်မရာမှ မှတ်တမ်းတွင် သံသယရှိသူ တဦးသည် အဆိုပါ ထိုင်း ၂ ဦးအနက် တဦး၏ ရုပ်ပုံနှင့် ကိုက်ညီကြောင်း၊ အရပ်၊ ခန္ဓာကိုယ်အရွယ်အစား၊ ဘယ် ဘက်နားတွင် နားကွင်းစွပ် ထား မှု စသည်များမှာ တပုံစံတည်းဖြစ်၍ လူသတ်မှု တရားခံဟု ယူဆထားသူပင်ဖြစ်သည်ဟု ရဲက ယုံကြည်ထားသည်ဟု ဆိုသည်။ 

သို့သော် အဆိုပါ ထိုင်းလူမျိုး ၂ ဦးကို အခင်းဖြစ်ပွားပြီးနောက်ပိုင်း ယခင်ကလည်း ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှုကိစ္စဖြင့် ခေါ်ယူမေးမြန်းခဲ့စဉ်က ၄င်းတို့အနေဖြင့် လူသတ်မှုတွင် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ရဲတပ်ဖွဲ့အား DNA နမူနာပေး ရန်လည်း ငြင်းဆိုထား ကြောင်း သိရသည်။ 

ယခင်က လူသတ်မှုနှင့်သင်္ကာမကင်းသူများထဲတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားများစွာလည်း ပါဝင်ပြီး DNA ရယူရာ တွင် ရိုက်နှက်ခံရမှုများရှိခဲ့သည်။ 

ရဲတပ်ဖွဲ့အဆိုအရ ယခင်က DNA ရယူထားသည့် လူ ၃၀ ခန့်သည် သေဆုံးသူ ဗြိတိန် အမျိုးသမီး၏ ခန္ဓာကိုယ်မှ ရရှိသည့် သုတ်ပိုးသက်သေနှင့် ကိုက်ညီမှု မရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ လိပ်ကျွန်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးမေးမြန်းခြင်း၊ DNA စုဆောင်း မှုများအတွင်း ရိုက်နှက်ခံရမှုများရှိပြီး သက်ဆိုင်ရာ မြန်မာသံရုံးကလည်း ၄င်းကိစ္စကို ယခုထိ အရေး တယူမရှိသေး ကြောင်း သိရသည်။ 

ဧရာဝတီblog

မန္တလေးတွင်သမ္မတဦးသိန်းစိန်ကိုထောက်ခံဆန္ဒပြ










ဒီနေ့ မန္တလေးမြို့ ၆၂ လမ်း ပြည်သူ့ ဟစ်တိုင်ကွင်းမှာ သမ္မတဦးသိန်းစိန်ကို ထောက်ခံတဲ့ဆန္ဒပြပွဲတခုကျင်းပခဲ့ပါတယ်။ သူတို့ ဟာဘယ်အဖွဲ့ အစည်း ဘယ်နိုင်ငံရေးပါတီကမှမဟုတ်ပဲသာမန်ပြည်သူတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေအောင်မြင်နေတာကိုထောက်ခံတဲ့အနေနဲ့ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ဦးစိန်မင်း ကပြောပါတယ်။

လူအင်အား ၁၀၀ ခန့် နဲ့ဆန္ဒပြခဲ့ ကြတာဖြစ်ပြီး…နိုင်ငံတကာမှအသိအမှတ်ပြု
ထောက်ခံအားပေးနေတာသမ္မတဦးသိန်းစိန်၊နိုင်ငံရေးအကျဉ်းသားများကို အကြိမ်ကြိမ်လွှတ်ပေးနေတာသမ္မတဦးသိန်းစိန်၊တောင်သူလယ်သမားများမြေယာပြသနာများဖြေရှင်းပေးနေတာသမ္မတကြီးဦးသိန်းစိန်၊ကုန်ဈေးနှုန်းကျဆင်းအောင်ဆောင်ရွက်ပေးနေတာသမ္မတကြီးဦးသိန်းစိန်၊သမ္မတကြီးဦးသိန်းစိန်နိုင်ငံတော်ကိုဆက်လက်ဦးဆောင်ပေးရေး ဒို့ အရေးစတဲ့ကြွေးကြော်သံများ
ဆိုင်းဘုတ်များကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီးဆန္ဒပြသူများထဲမှ အမျိုးသမီးတချို့က
လည်း မိမိတို့ ထောက်ခံမည့်သူနာမည်ကို အချင်းချင်းမေးနေကြတာကိုလည်း တွေ့ ခဲ့ရပါတယ်။

ဧရာဝတီ

သေနတ်ပစ်မှုကြောင့် သေဆုံးခဲ့သည့် ကေအင်န်ယူ တပ်သားအတွက် အထူးကော်မရှင်ဖွဲ့စုံစမ်းမည်

စံခလပူရီ (မဇ္ဈိမ)။ ။ ကရင် နယ်ခြားစောင့်တပ်ရင်း (BGF) ၏ လက်ချက်ကြောင့် သေဆုံးသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်က စွပ်စွဲ ပြောဆိုထားသော KNU ရဲဘော်၏ သေဆုံးမှုကို စုံစမ်းရန် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို စက်တင်ဘာ ၂၃ ရက်၌ ဖွဲ့စည်းလိုက်သည်ဟု BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။



ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြိုင်တွင်ပြုလုပ်သည့် နယ်ခြားစောင့်တပ် လေးနှစ်မြောက် အခမ်းအနားတွင် လုံခြုံရေးယူထားသော တပ်ဖွဲ့များကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - နန်းလွင်နှင်းပွင့်၊ မဇ္ဈိမ)

သေဆုံးခဲ့သည့် KNU ရဲဘော်သည် KNU တပ်မဟာ (၆) KNU/KNLA ဌာနချုပ် အထူးစစ်ကြောင်းမှူး ဗိုလ်ကြီး လမင်း၏ ရဲဘော်စောတာနိုဖြစ်ကာ အသက် ၂၃ နှစ်ရှိပြီး နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၀၂၂) က ဖမ်းဆီးခေါ်ယူခဲ့ပြီးနောက် ယခုကဲ့သို့ အသတ်ခံခဲ့ ရကြောင်း KNU ဘက်ကယူဆထားသည်။

ရဲဘော် စောတာနို၏ အလောင်းကို စက်တင်ဘာ ၂၂ ရက်တွင် သောင်ရင်းမြစ်နံဘေးရှိ သံတံတားအနီး၌ တွေ့ရှိခဲ့ပြီး သေနတ်ဒဏ်ရာများ အပါအဝင် အခြားဒဏ်ရာများနှင့် သေဆုံးခဲ့သည်။

အထူးအရေးပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကရင်နယ်ခြားစောင့် တပ်ရင်းများ၏ ဗဟိုကွပ်ကဲရေးအကြံပေး နှစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးထွန်းလှိုင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဗိုလ်မှူး ကြီး စောဖားနွီးက ဒု-ဥက္ကဋ္ဌ နှင့် ကရင် နယ်ခြားစောင့်တပ် အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူ အထွေထွေအတွင်းရေးမှူးတို့ အဖြစ်ပါဝင်၍ စက်တင်ဘာ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

ယင်းအပြင် မြေပြင်အချက်အလက်များ ကောက်ယူစိစစ်ရေးအတွက် လုပ်ငန်းအကောင် အထည်ဖော်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါမြေပြင် အဖွဲ့၌ပါဝင်သည့်သူများကိုမူ လျှို့ဝှက်ချက်အရ ထုတ်ဖော်ပြော ဆိုနိုင်ခြင်းမရှိဟု ဗိုလ်မှူး နိုင်မောင်ဇော်က ဆိုသည်။

အမှုမှန်ပေါ်ရေးအတွက် မိမိတို့ BGF ဘက်က အဆောတလျင်ကိုင်တွယ် ဖော်ထုတ်နေသည်ဟုလည်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၏ လုံခြုံရေးအရာရှိ ဗိုလ်မှူးရန်နိုင်မှတစ်ဆင့် အသိပေးထားသည်ဟု ဗိုလ်မှူး နိုင်မော်ဇော်က ပြောသည်။

ယင်းကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အမှုမှန်ပေါ်ရန် BGF ၏ ကြိုးပမ်းမှုကို ကြိုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှာဖွေတွေ့ရှိချက်အပေါ်တွင် အခြေခံ၍ ပြဿနာကို ဖြေရှင်းသွားမည်ဟုလည်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုသောသီက မဇ္ဈိမကို ပြောသည်။
Mizzima

ခြောက်နှစ်အရွယ် ဂျပန်မိန်းကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပလစတစ်အိတ်များအတွင်း တွေ့ရှိ

ဂျပန်နိုင်ငံ အနောက်ပိုင်း ကိုဘေးမြို့တွင် စက်တင်ဘာ ၁၁ ရက်က ပျောက်ဆုံးသွားခဲ့သော အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခန္ဓာ ကိုယ် အစိတ် အပိုင်းများကို ထည့်ထားသည့် ပလတ်စ တစ်အိတ်များကို သူမ၏ အိမ်အနီးတွင် တွေ့ရှိခဲ့ရကြောင်း နယ်မြေရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက် တွင် ထုတ်ပြန် လိုက်သည်။



ဒီအင်န်အေ စစ်ဆေးမှုများအရ အဆိုပါ မိန်းကလေးသည် မီရီအီကူတာ ဆိုသူဖြစ်ပြီး ၎င်းအသတ်ခံရမှု နှင့်ပတ်သက်၍ အိမ်နီးချင်းတစ်ဦးဖြစ်သူ အသက် ၄၇ နှစ် အရွယ် အမျိုးသားတစ်ဦးအား ရဲများက စစ် ဆေးလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရာဇ၀တ်မှုအနည်းဆုံးသော နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး ရက်စက်ကြမ်းတမ်းသည့် မှုခင်းများဖြစ်ပွားမှုလည်း နည်းပါးသောကြောင့် မြို့ကြီးများ၌ပင် အသက် ၆ နှစ်အရွယ် ကလေးငယ်များသည် ကျောင်းနှင့်အိမ်ကို အဖော်မပါဘဲ သွားလာနိုင်ကြသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က မီရီသည် ကျောင်းမှအပြန် အိမ်သို့ ရောက်မလာသောအခါ အရေးတကြီး ရှာဖွေခဲ့ကြသော်လည်း ရှာဖွေမတွေ့ခဲ့ကြဘဲ ပုပ်စော် နံနေသည့် သူမ၏ ကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်း များထည့်ထားသော ပလတ်စတစ်အိတ်များကို နေအိမ်မှ မီတာ ၁၀၀ ခန့်အကွာတွင် စက်တင်ဘာ ၂၃ ရက် က တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အိတ်များအတွင်း ဦးခေါင်း၊ လက်နှစ်ဘက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်း၊ ခြေထောက်များကို တွေ့ရှိထားပြီး ကျန်အစိတ်အပိုင်းများကို မတွေ့ရသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 
Ref:AFP
Mizzima

ဦးစံလင်းကို ငွေပြန်အမ်းပြီး ခေါင်းလောင်းရှာသည့်သောင်တူးသင်္ဘောကို ဌာနပြန်သိမ်းခြင်းဖြစ်

ဓမ္မစေတီခေါင်းလောင်းရှာဖွေခဲ့သည့် သောင်တူးသင်္ဘော(ဓာတ်ပုံ − နစ်ကီ)

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာတွင် အသုံးပြုခဲ့သည့် သောင်တူးသင်္ဘောကို ငှားရမ်း ထားသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစံလင်းကို ငွေပြန် အမ်းပြီး သင်္ဘောပြန်သိမ်းလိုက် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘သူတို့တင်ထားတဲ့ ပိုက်ဆံ ပြန်အမ်းပြီး ပြန်သိမ်းယူလိုက်တာ ပါ’’ဟု ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

သောင်တူးသင်္ဘောငှားရမ်း ရန် ဦးစံလင်းအဖွဲ့က လုပ်ငန်း မစတင်မီ သြဂုတ် ၄ ရက်တွင် ငွေကျပ် သိန်းနှစ်ရာပေးသွင်းခဲ့ပြီး သြဂုတ် ၈ ရက်တွင် ငွေကျပ်သိန်း တစ်ရာထပ်မံပေးသွင်းခဲ့၍ စုစု ပေါင်း ငွေကျပ်သိန်းသုံးရာပေး သွင်းခဲ့ခြင်း ဖြစ်သည်။

သောင်တူးသင်္ဘောငှားရမ်း ခတွင် စက်သုံးဆီ၊ စက်ဆီနှင့် ချောဆီ၊ ရေယာဉ်ဝန်ဆောင်စရိတ်အ ဖြစ် အစိုးရက ရက်ပေါင်း ၃၀ အ တွင်း ငွေကျပ် ကျပ် ၂၃၄ သိန်းရရှိခဲ့ပြီး ကျန်ငွေ ကျပ်သိန်း ခြောက် ဆယ်ကျော်ကို ဦးစံလင်းအဖွဲ့ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သ တင်းရရှိသည်။

မိုးကုန်ဆုံးတော့မည်ဖြစ်၍ ဌာန၏ မြစ်ချောင်းထိန်းသိမ်းရေး လုပ်ငန်းများ၌ သောင်တူးယာဉ် အသုံးပြုရန် လိုအပ်နေခြင်းကြောင့်ဦးစံလင်းထံမှ သောင်တူးသင်္ဘော ကို သိန်းခြောက်ဆယ်ကျော်ပြန် အမ်းကာ စက်တင်ဘာ ၂၁ ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

ခါင်းလောင်းရှာဖွေနေ သည့် ရက်ပေါင်း ၂၀ အတွင်း ငွေကျပ်သိန်း တစ်ထောင့်ရှစ်ရာ ကျော်ကုန်ကျမည်ဟု ဦးစံလင်း အဖွဲ့က တွက်ချက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သိန်း ၇၀၀ ၀န်းကျင်သာရှိခဲ့သည်ဟု ခေါင်း လောင်းရှာဖွေရေးအဖွဲ့က ထုတ် ပြန်သည်။

ခေါင်းလောင်းရှာဖွေရေးအ တွက် အလှူရှင် ခုနှစ်ဦးက လှူဒါန်းခဲ့သည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သော်လည်း မည်သူက လှူဒါန်း ခဲ့သည်။ ငွေကျပ်မည်မျှလှူဒါန်း ခဲ့သည်ကို ယနေ့အထိအတိအ လင်း ထုတ်ပြန်ခြင်းမရှိဘဲ စက် တင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌သာ ဖြေကြားမည်ဟု အဖွဲ့ကပြောဆိုထား သည်။

ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ရေငုပ်ခဲ့သော ရေငုပ်သမား များကို ခရီးစရိတ်၊ စားသောက် စရိတ်နှင့် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့သည်မှလွဲ၍ မည်သည့် ငွေကြေးမှ ပေးခဲ့ခြင်းမရှိကြောင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရေငုပ်ရှာဖွေရေးခေါင်းဆောင်ဦးသန်းညွန့်က ဖြေကြားခဲ့သည်။

သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေခဲ့သော ဓမ္မစေတီခေါင်း လောင်းသည် ရှာဖွေချိန်သည် ရက်ပေါင်း ၄၄ ရက်ကြာမြင့်ခဲ့ပြီးဆယ် ယူမည့် ဦးစံလင်းအဖွဲ့အပေါ် ဝေဖန်မှုများနှင့် လူထုစိတ်ဝင်စားမှုများရှိခဲ့သည်။
7 Day