ရေသောက်ရန် အကောင်းဆုံး အချိန်


ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့ သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရ များအား ပိုမို ဆုပ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင် များက အားမပေး ပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။

အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

Ref: medic facts

*** ချွေးနံ့ ပျောက်ဆေးလေး၏ ထူးခြားချက်လေးများ ***


Deodorant လေးတွေကို ဂျိုင်းချွေးနံ့ ပျောက်ဆေးဖို့ ၊ ဂျိုင်းသားဖွေးစေဖို့ ၊ ဂျိုင်းအသားအရ တင်း ရင်းစေဖို့ စသည့်ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်။ သိသူနည်းပါးတဲ့ တခြားထူးခြားေ ကာင်း မွန်တဲ့ အချက်လေးတွေကိုလည်း မျှဝေလိုက်ပါရစေ။

(၁) တကျွီကျွီအသံမြည်နေတဲ့တံခါးများ ဆူညံသံတွေပျောက်စေဖို့ အတွက် တံခါးပေါ်မှာတပ်ဆင် ထားတဲ့ပတ္တာကို Deodorant လေး ပွတ်တိုက်ပေးလိုက်ပါ။


(၂) ဂျပိုး(ကြမ်းပိုး)နှင့် ခြင်တွေကိုက်ခံရပါက၊ ရောင်ရမ်းယား နာခြင်းများပြေပျောက်စေရန် အလူ မီနီ ယမ်ဆားပါဝင်တဲ့ Deodorant လေးက ကူညီပေးပါလိမ့်မယ်။

(၃) ရှုးဖိနပ်အသစ်တွေ စီးတဲ့အခါ အနာ(ဖိနပ်ပေါက်)ဖြစ်တတ်ကြပါတယ်။ အဲဒီပြဿနာက ကြိုတင် ကာကွယ်နိုင်ဖို့ အတွက် ဦး စွာခြေထောက်ကို ရေဆေး၍ ရေခြောက်အောင်သုတ်ပြီးနောက် Deodorant လေးပွတ်ပေးပါ။ ပြီးမှ ဖိနပ်စီးပါ။

(၄) အ၀တ်အထည်၊ အသုံးအဆောင်တွေ အနံ့ အသက်ကောင်းစေဖို့ အတွက် မိမိကြိုက်နှစ်သက် တဲ့ Deodorant ရနံ့ လေးကို အဖုံွးင့်၍ ဘီဒို(သို့ မဟုတ်)သေတ္တာထောင့်မှာ ထောင်ထားပေးပါ။

(၅) ခြေထောက်ရနံ့ ဆိုးတွေ ပြေပျောက်စေဖို့ အတွက် ညအိပ်ယာဝင်ခါနီးမှာ ခြေဖ၀ါးပေါ် သို့  Deodorant လိမ်းသုတ်၍အိပ်ပါ။ ခြေထောက်အစိုဓာတ်ကို ထိန်းပေးတဲ့အပြင်၊ နောက်တစ်ေ န့ တာ လုံး ခြေထောက်က ရနံ့ ဆိုးတွေ မဖြစ်စေတော့ပါဘူး။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း…Reader’s Digest)

ပဲပင်ပေါက် အကျိုးကျေးဇူးများ


ပဲရဲ့ ကျန်းမာရေး အကျိုးကျေးဇူးဟာ အညှောက် ပေါက်သွားတဲ့ အခါမှာ အမြင့်ဆုံး ဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင် နေပါတယ်။

ပဲပင်ပေါက်မှာ အမိုင်နို အက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင် (အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ် အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင် နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာ ဖော်ပြ ထားပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေခြင်း

ပဲပင်ပေါက်မှာ သံဓာတ်များစွာ ပါဝင်တာကြောင့် သွေးနီဆဲလ်မှာ တွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက် မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှု ရှိတာကြောင့် အူကနေ သံဓာတ် စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါ ဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။

နှလုံးသွေးကြောများကို ကျန်းမာစေခြင်း

အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDကို လျော့ကျ စေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ် များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

ဝမ်းမှန်မှန်သွားစေခြင်း

ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာ စေပါတယ်။

ဆံပင်နှင့် လက်သည်း ကို ကျန်းမာစေခြင်း

အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရ ဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင်သားနဲ့ လက်သည်း၊ ခြေသည်း ပြဿနာတို့ မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသ ပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း

ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျ စေကာ အသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်း အဆီဖုံးမှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း

ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင် ပေးနိုင်တဲ့ ဖိုင်တို အီစထရိုဂျင် များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက် ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာ စေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာ တွေ့ရတဲ့ ဖိုင်တို အီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါး ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။

အရေပြားကို အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း

ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တို အီစထရိုဂျင်ဟာ အရေပြား တည်ဆောက်မှုမှာ အရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာ လူရိုးနစ် အက်စစ်တို့ တည်ဆောက်မှုကို ကောင်းမွန် စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြား တင်းရင်းမှုနဲ့ အစိုဓာတ် လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ် ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း

ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓတ်ြတွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိ စီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ တွေကို သက်သာ လျော့ပါး စေပါတယ်။

ကြယ်စင်

Ref: Good Health

ခေါင်းလောင်းဟု သတင်းမှားယွင်းထုတ်ပြန်ခဲ့မှုအတွက် ဦးစံလင်းက ၀န်ချတောင်းပန်

ခေါင်းလောင်းမဟုတ်ဘဲသံကိုယ်ထည်တစ်ခုလို့  ပြောပြီ
ဓမ္မစေတီခေါင်းလောင်းဟု မှားယွင်းထုတ်ပြန်ခဲ့မိတဲ့ ရေငုတ်သမားတွေရှာတွေ့ ခဲ့တဲ့အရာ ၀တ္ထုမှာ သံကိုယ်ထည်ပစ္စည်းတစ်ခုသာဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးမှာကူညီနေသူတွေက
ယနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားပါတယ်။
ယင်းကဲ့သို့ မှားယွင်းထုတ်ပြန်ခဲ့တဲ့ရက်ပိုင်းမှာ ကြီးကြပ်ကူညီပေးနေတဲ့ နတ်စင်တစ်ရာဆရာတော်ကလည်း ဆေးကုသရန်ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ပြန်ရောက်လာတော့ သတင်းမှားယွင်းထုတ်ပြန်ခဲ့မှု ကို ဦးစံလင်းက၀န်ချတောင်းပန်ကြောင်းမိန့်ကြားပါတယ်။

Author အောင်ဖြိုးမွန်
photo အေပီ
Kumudra

ကမ္ဘာ့အရပ်ရှည်ဆုံးခွေးကြီး သေဆုံး


ကမ္ဘာ့အရပ်အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် ခွေးကြီးဇုမှာ (၅)နှစ်၊ (၁၀)လအရွယ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဇုမှာ ခြေထောက်မှ ဇက်ပိုးအထိ ၄၄လက်မ အမြင့်ရှိပြီး နောက်ခြေထောက်၍ မတ်တပ်ရပ်ပါက ၇ပေ၊ ၄လက်မ အမြင့်ရှိခြင်းကြောင့် (၂၀၁၂)ခုနှစ်တွင် ကမ္ဘာ့အရပ်အရှည်ဆုံး
ခွေးအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန် (၁၅၅)ပေါင်ရှိသည့် ဇုမှာ တစ်နေ့ ပေါင်ချိန်(၃၀) အစာစားလေ့ရှိကြောင်း သိရသည်။

Ref : Guinnessworldrecords
Nz(ရိုးရာလေး)

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်


ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။


ဘေးဘယာများ ဝေဖြာစေဖို့အတွက်အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

Yatanarpon Health News

ဓမ္မစေတီခေါင်းလောင်းနဲ့ မပတ်သက်ကြောင်း စံလင်း ရှင်းလင်း

ဓမ္မစေတီ ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီး စံလင်းကတော့ သူနဲ့ မပတ်သက်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။ 


တေးရေး တေးဆို စံလင်းက ထုတ်ပြန်ချက် ထွက်ပေါ်လာတာဟာ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးမှာ အဓိက လုပ်ဆောင်နေတဲ့ ဦးစံလင်း နဲ့ နာမည်ဆင်တူဖြစ်နေတော့ လူလွဲပြီး သူ့ကို ထင်ယောင် ထင်မှားဖြစ်မှာ စိုးရိမ်ပြီးထုတ်ပြန် ထားတာ ဖြစ်နိုင်ပါတယ်။ 



ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနဲ့ ရန်ကုန်မြစ်ဆိုတဲ့ မြစ် ၃ ခု ဆုံရာ ရန်ကုန်မြစ်ဝ အနီးမှာ ရက်ပေါင်း ၃၆ ရက် အကြာ ဒီကနေ့အထိ ဓမ္မစေတီ ခေါင်းလောင်း တူးဖော်နေတာ ဘာမှ ထူးခြားလာမှုလည်း မရှိသေးပါဘူး။ လူတွေရဲ့ စိတ်ဝင်စားမှုကလည်း လျော့ကျလာနေပါတယ်။ 

ခါင်းလောင်းကြီး ကို ငဇင်ကာက သင်္ဘောနဲ့ သယ်ယူတယ်ဆိုတဲ့ အထောက် အထားနဲ့ ရန်ကုန်မြစ်ဝမှာ ခေါင်းလောင်းကြီး ရှိတယ်ဆိုတဲ့ သမိုင်းအထောက်အထား မတွေ့ဘူးလို့ သမိုင်းပညာရှင်၊ သုတေသီတွေဖြစ်တဲ့ ဦးဘုန်းတင့်ကျော်၊ ၊ ဒေါတာ တိုးလှ၊ ဦးကျော်၊ ဦးစိန်မြင့် ( ညွှန်မှူး - ငြိမ်း) စတဲ့သူ တွေကလည်း ဒီဗွီဘီနဲ့ 
တွေ့ဆုံခန်းတွေမှာ ဝေဖန်ထားပါတယ်။ 

အခုလို မရေမရာ ဖြစ်နေမှုတွေရှိနေချိန်မှာ ခေါင်းလောင်းကြီး ဆယ်ယူတူးဖော်နေမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေ အနေ များအား နတ်စင်တရာ ဆရာတော်ကြီးက ရှင်းလင်းမယ်၊ 
စက်တင်ဘာလ ၁၄ ရက် (တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီ သန်လျင်မြို့နယ် ၊ ကျိုက်ခေါက်ဘုရား အလွန် နတ်စင်တရာ ကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပြီး စိတ်ဝင်စားသူ ဘယ်သူမဆို လာရောက်နိုင်တယ်လို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

The Irrawaddy ဂျာနယ် မျက်နှာဖုံးတခုမှာ တွေ့ရတဲ့ ခေါင်းလောင်းရှာဖွေသူဦးစံလင်း

အိမ့်သံစဉ် ~ 
ဧရာဝတီ

ဂျူးစံသာရဲ့ သဘာဝအလှ


ဂျူးစံသာက .... ကျောင်းသွားပြီး tutorial သွားဖြေမယ့် Natural beauty လေး ဆိုတဲ့ ဒီပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ လဆန်း ၃ ရက်နေ့က တင်ထားပါတယ်။

မိတ်ကပ်လိမ်းမထားတဲ့ သဘာဝအလှပုံတွေကို ထပ်ဆင့် ဝေမျှပေးလိုက်ပါပြီ။

အသက် ၁၇ နှစ် အရွယ် အလှမယ် ဂျူးစံသာက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ပညာသင်ယူနေတယ်လို့ သိရပါတယ်။

ဆက်စပ်

သရဖူအသိမ်းခံရတဲ့ဂျူးစံသာနဲ့အင်တာဗျူး 
http://blog.irrawaddy.org/2014/07/blog-post_43.html

မေမြတ်နိုး၊ ဂျူးစံသာတို့ရဲ့ ဘီကီနီစတိုင် 
http://blog.irrawaddy.org/2014/05/blog-post_6459.html

ဧရာဝတီ 

ဝက်ခြံအမာရွတ် သက်သာစေမည့် အရေပြား ထိန်းသိမ်းနည်း


ဝက်ခြံဟာ ဆယ်ကျော်သက် အရွယ်တွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးနဲ့ အဖြစ်များဆုံး အရေပြား ပြဿနာပါ။ အရေပြား မွေးညင်းပေါက်တွေ ပိတ်ရာက ကူးစက်ပိုးတွေဝင်ပြီး ဝက်ခြံ ပေါက်လေ့ ရှိပါတယ်။ ဝက်ခြံပေါက်တဲ့ အခါမှာ ဆေး ကုသမှုကြောင့်ပဲ ဖြစ်ဖြစ်၊ အလိုလိုပဲဖြစ်ဖြစ် ပျောက်သွား တတ်ပေမယ့် အမာရွတ်ကတော့ ထင်ကျန်ရစ် ခဲ့တတ်ပါတယ်။ ဝက်ခြံ အမာရွတ် ထင်တာကလည်း အလှအပကို မှေးမှိန်စေတဲ့ အရာပဲ ဖြစ်တာကြောင့် ဝက်ခြံအမာရွတ် ပျောက်အောင် လုပ်ဆောင် ပေးနိုင်မယ့် သဘာဝ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။


(၁) ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့ရာ အတွက် သံပရာရည် ဒါမှမဟုတ် ရှောက်ရည်ဟာ သဘာဝကျတဲ့ ကုသနည်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပြီး အချိန် ၁ဝ မိနစ်လောက် ထားကာ ရေအေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ သံပရာရည်၊ ရှောက်ရည်ဟာ သဘာဝ သန့်စင် ဆေးရည်ဖြစ်ပြီး အရေပြားကို ချောမွေ့ကာ အမာရွတ် လျော့ပါး သွားစေပါတယ်။

(၂) သံလွင်ဆီကို မျက်နှာပြင်ပေါ် ပါးပါးလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ် ပေးရင် အစက် အပြောက်ကင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

(၃) ခရမ်းချဉ်သီးမှာ ဗီတာမင်အေနဲ့ တခြား အင်တီအောက်ဆီးဒင့် တွေ ပေါများစွာ ပါဝင် နေပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ဝက်ခြံ အမာရွတ်တွေပေါ် ကပ်ပေးတာက အနာကျက်နှုန်း မြန်စေပါတယ်။

(၄) မျက်နှာပြင်ပေါ်ကို ရေခဲ တုံးလေးတွေ ကပ်ပေးတာက ချွေးပေါက် ကျဉ်းစေပြီး အရေပြားကို ချောမွတ် ညက်ညော စေပါတယ်။

(၅) စန္ဒကူးမှုန့်မှာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။ စန္ဒကူးမှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ကာ ပျက်စီးနေတဲ့ အရေပြားပေါ် လိမ်းပေးပါက ကူးစက်ပိုး ဝင်နေတာတွေ သက်သာ စေပါတယ်။

(၆) ပျားရည်မှာ ဆေးဖက်ဝင် အာနိသင် များစွာ ရှိပါတယ်။ ပျားရည်နဲ့ သံလွင်ဆီကို ရောပြီး အရေပြားပေါ်မှာ လိမ်းကာ ပေါင်းတင်ပေးပါက အမာရွတ်တွေကို လျော့ပါး သွားစေပါတယ်။

ကြယ်စင်

BY GOOD HEALTH

အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေခြင်း အကြောင်းများ . . . . .


လူနေမှုပုံစံ မှားယွင်းတာနဲ့အမျှ သင့်ကို ပိုမိုအိုမင်းရင့်ရော်စေတတ်ပါတယ်။ နုပျိုမှုကို ထိခိုက်နိုင်တဲ့ အကျင့်ဆိုးတွေကို ရှောင်ပေးခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးနိုင်ပြီး သင့်ကို ငယ်ရွယ်နုပျိုစေမှာပါ။

၁။ ဆေးလိပ်သောက်ခြင်း
ဘယ်နည်းနဲ့မဆို ဆေးလိပ်က သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတာတော့ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ ဒါတင်မကပဲ သင့်ကိုလည်း အရွယ်ရင့်စေပါတယ်။ လေ့လာတွေ့ရှိချက် များစွာအရ ဆေးလိပ်ကြောင့် သင့်နှလုံးနဲ့ အဆုတ်မှာ ဆိုးရွားတဲ့ အန္တရာယ် ကျရောက်စေနိုင်ပါတယ်။ ဆေးလိပ်က သင့်အရေပြား ကလာပ်စည်းတွေကို ကျုံ့သွားစေတာမို့ သင့်ကို အိုမင်းရင့်ရော်စေမှာအမှန်ပါပဲ။ ဒါတင်မက သင့်ပတ်ဝန်းကျင်က ဆေးလိပ်သောက်သုံးသူတွေ များနေရင်လည်း သင့်မှာ ဘေးထွက်ဆိုးကျိုးတွေရှိစေနိုင်တာမို့ ဝေးဝေးရှောင်သင့်ပါတယ်။

၂။ ရုတ်တရက် ဝိတ်အမြန်ချပစ်ခြင်း
မွေးနေ့မတိုင်ခင်၊ ပွဲနေပွဲထိုင်တွေအတွက် ရက်တိုတိုအတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်လောက်ကို ဝုန်းကနဲ ချပစ်ချင်သူတွေ အများအပြားရှိပါတယ်။ ကိုယ်အလေးချိန်လျော့ခြင်းက ကောင်းတဲ့ အလေ့အထဖြစ်ပေမယ့် အမြန်ချပစ်ရင်တော့ လုံးဝမကောင်းတဲ့ စိတ်ကူးပါပဲ။ ရေရှည်အတွက်လည်း အဆင်မပြေနိုင်ပါဘူး။ ရလဒ်အနေနဲ့ သင့်ရဲ့စွမ်းအင်တွေကုန်ဆုံးပြီး အိုမင်းရင့်ရော်စေတော့တာပဲ။ ပုံမှန်အနေနဲ့ တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင် ကိုယ်အလေးချိန်ကျနိုင်ရင် သင့်အတွက် လုံလောက်ပါပြီ။

၃။ အိပ်ချိန်လုံလောက်စွာမရခြင်း
အသက်ကြီးလာတဲ့အခါ အိပ်ချိန်ကို အများကြီးမလိုအပ်ဘူးလို့ သင် ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် လုံလောက်တဲ့ အိပ်ချိန်၇နာရီ မှ ၈နာရီလိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့အခါ အရေးကြောင်းတွေ တိုးပွားလာပြီး ကိုယ်အလေးချိန်ပါ မြင့်တက်လာတော့တာပဲ။ ဒါကြောင့်အိပ်ရာဝင်ချိန်ကို ညဥ့်မနက်စေပဲ ညစဉ်လုံလောက်တဲ့ အိပ်စက်မှုရအောင် ယူပေးသင့်ပါတယ်။

၎။ အမုန်း၊ အာဃာတ အလွန်များခြင်း
ဘဝက ထင်ထားတာထက်တိုပါတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာတောင် သိဖို့ခက်ပါတယ်။ ဒါ့ကြောင့် လူတစ်ဦးပေါ်တစ်ဦး အာဃာတများမထားပဲ ခွင့်လွှတ်တတ်အောင် ကြိုးစားရပါမယ်။ ခွင့်လွှတ်ခြင်းက ရုပ်ပိုင်းဆိုင်ရာတင်မကပဲ စိတ်ပိုင်းဆိုင်ရာကိုပါ များစွာအထောက်အကူပြုပါတယ်။ အကျိုးရလဒ်အနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ၊ စိတ်ကျရောဂါတွေကို လျော့ချပေးပြီး သင့်နုပျိုမှုဆီ ဦးတည်နေပါတယ်။

၅။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များမစားခြင်း
ဒီအတိုင်းသာဆို သင်လျင်မြန်စွာ အိုမင်းရင့်ရောင်မှာ အသေအခြာပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို အရောင်စုံတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှ အဓိကရရှိနေလို့ပါပဲ။ ဒါကြောင့် အသား၊ငါးအပြင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အလေးထားစားပေးရပါမယ်။

၆။ ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း
အားကစားခန်းမ၊ ရေကူးကန် စတာတွေကို မသွားနိုင်ရင်တောင် တစ်ပတ်ကို သုံးကြိမ်၊ တစ်ကြိမ်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းကလည်း သင့်ကျန်းမာရေးကို အထောက်အကူပြုသလို စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် အရွယ်တင် နုပျိုစေမှာအမှန်ပါပဲ။

၇။ အရက်သေစာသောက်စားခြင်း
တန်ဆေးလွန်ဘေးပါ၊ ဆေးဖြစ်ဝါးဖြစ်ဆိုရာက အရက်ကို စွဲမြဲသောက်သုံး ဖြစ်တတ်ကြပါတယ်။ အမျိုးသားများအတွက် နေ့စဉ် အရက်တစ်ခွက်သောက်သုံးခြင်းနှင့် အမျိုးသမီးများအတွက် နေ့စဉ် အရက် ခွက်တစ်ဝက် သောက်သုံးခြင်းက လိုတာထက်ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ တချို့ ဆေးဝါးတွေက မဖြစ်မနေ အရက်နဲ့ တွဲဖက်သောက်သုံးရတတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ပမာဏကို ဆရာဝန်ထံမေးပြီး ဆေးအညွှန်း အချိုးအစားအတိုင်း သောက်သုံးခြင်းဖြင့်သာ အန္တရာယ်ကင်းမှုကို ရယူပါ။

မြန်မာ့ဆက်သွယ်ရေး အမှတ်တံဆိပ်သစ်ပြောင်းလဲ


မန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကေဒီဒီအိုင်၊ ဆူမီတိုမို တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးက
ထုတ်လုပ်တဲ့ ဖုန်းဆင်းကဒ်လိုဂိုတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ပြောင်းလဲ မိတ်ဆက်လိုက်ပါတယ်။ 

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ကေဒီဒီအိုင်၊ ဆူမီတိုမိုတို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအရ အခုလို လိုဂိုသစ်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ ဆင်းကဒ်လိုဂိုကို လက်ရှိမှာ MPT အနေနဲ့ ထုတ်ဝေနေတာဖြစ်ပြီး အနာဂါတ်မှာတော့ MPT Moving Forward အနေနဲ့ ထုတ်ဝေသွားမှာဖြစ်ပါတယ်။ 


အမှတ်တံဆိပ်အသစ် မိတ်ဆက်မှု အထိမ်းအမှတ်အဖြစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ GSM/ WCDMA ဖုန်းကိုင်းဆောင်ထားသူတွေအတွက် စက်တင်ဘာလ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့ အတွင်း ဖုန်းငွေဖြည့်ကဒ် ငွေကျပ် (၅၀၀၀)တန် ငွေဖြည့်ပါက (၄၀)ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းတန်ငွေဖြည့်ပါက (၆၀) ရာခိုင်နှုန်းအထိ အပိုဆောင်းပေးအပ်နေပါတယ်။ ဂျပန် ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ကေဒီဒီအိုင်၊ ဆူမီတိုမိုတို့ဟာ ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ (၂) ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏


အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊


နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ၊

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ - ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊ 

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့် 
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊
ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက် အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊ ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။ 

ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

From: အရှင်သုနန္ဒာလင်္ကာရ
World of Wisdom

သင့်ရဲ့ ကျန်းမာရေးအတွက် ဒိန်ချဉ်သောက်ပါ


Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။

Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် Cheese ကိုစားပြီး မီဆို ဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးတွေ ရရှိ နိုင်ပါတယ်။


ကိုလက်စထရော အဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေ စားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ ဒိန်ချဉ်သောက် ကိုလက် စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး တွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန် အစောပိုင်း ကာလ (ပထမသုံး လပတ်) အတွင်း Probiotics တွေ စသောက် ထားပါက ကလေး မွေးပြီး တစ်နှစ် အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေ စုနိုင်ခြေ နည်းတယ်လို့ Finlandမှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့် ဆေးတွေဟာ အစာမှ ရရှိတဲ့ ကယ်လိုရီကို စုပ်ယူမှု နည်းတာကြောင့် အဆီ အနေနဲ့ စုမဝေး နိုင်ဘူးလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ ဒီအကျိုး ကျေးဇူးကို ရရှိဖို့ ကိုယ်ဝန် ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူ တွေလည်း ရရှိ နိုင်ပါတယ်။

အစာခြေစနစ် ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေး တွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာ နိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက် ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ် အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာ သက်သာ နိုင်ကြောင်း လေ့လာ မှုတွေအရ သိရ ပါတယ်။

ဓာတ်မတည့်မှု လျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှု ရှိသူ တွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့် နည်းသွားကာ၊ ဓာတ်မ တည့်မှု တုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက် လာတာကို British မှ သုတေသန ပြုသူတွေမှ တွေ့ရှိခဲ့ပါတယ်။

အနည်းဆုံးတော့ ၁ ပတ်ကို ၁ ခါ ဒိန်ချဉ် သောက်ပေးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

အရိုးပါး ရောဂါ မဖြစ်အောင် ဘာတွေ စားမလဲ ဘာတွေ ရှောင့်ရမလဲ

အရိုးပွ အရိုးပါး ရောဂါမဖြစ် အောင် အကောင်းဆုံး ကာကွယ်နည်း ကတော့ အရိုးတည် ဆောက်ရာမှာ နှင့် အရိုးသိပ် သည်းဆကို ထိန်းရာမှာ အရေးတကြီး လိုအပ်တဲ့ အာဟာရ ဓာတ်များကို လုံလုံလောက်လောက် ရရှိဖို့ပဲ ဖြစ်ပါတယ်။


သွေးဆုံးပြီး အမျိုးသမီး တွေမှာ အီစထရိုဂျင် ဟော်မုန်းဓာတ် ဆုံးရှုံး လျော့နည်း တာကြောင့် ယင်းဟော်မုန်း ပမာဏ တက်စေမယ့် ပဲပုပ် beans နှင့် ဘိုရွန် (Boron) ပါဝင်မှု မြင့်မားတဲ့ အစား အစာမျိုးကို စားပါ။ အီစထရိုဂျင် ပမာဏမြင့်မားခြင်းက အရိုးပွ အရိုး ပါးဖြစ်ခြင်းကို ကာကွယ် ပေးပါတယ်။ သင်ကငယ်ရွယ်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်နေရင် ဓမ္မတာရာသီ မှန်စေဖို့၊ ခန္ဓာကိုယ်မှာ ပုံမှန် အဆီ ပမာဏရှိနေစေဖို့နှင့် အီစထရိုဂျင် ပမာဏ ရှိနေစေဖို့၊ အဆီဒါမှမဟုတ် ကိုလက်စထရောလ် ပမာဏ အလုံ အလောက် စားပေးပါ။ ကယ်လ်စီယမ် သတ္တုဓာတ်ကို ခိုးထုတ်ပစ်မယ့် အစားအစာနှင့် အဖျော် ယမကာများကို နည်းနည်းပဲ စားပါ။

ကော်ဖီကို တစ်နေ့ ၃ ခွက်အောက် လျှော့သောက်ပါ။ ဆိုဒီယမ် (တစ်နည်းအိမ်သုံး ဆား၊ အချိုမှုန့်) စားသုံးခြင်းကို ကန့်သတ်ပါ။ ယင်းက ကယ်လ်ဆီ ယမ်ကို ခန္ဓာကိုယ်ပြင်ပသို့ ပထုတ် ပစ်တတ်ပြီး အရိုးကို အားနည်းစေ ပါတယ်။ သင်ဟာ အရက်သောက်တတ် သူဖြစ်ပါရင် တစ်နေ့ တစ်ခွက်လောက် ဆို အရိုးအတွက် အကျိုးရှိစေနိုင်ပါ တယ်။ များရင် အရိုးများကို ပျက်စီး စေနိုင်ပါတယ်။

Health Digest

ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း



ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း
(Bermuda Triangle/Devil's Triangle)

ဘာမြူဒါတြိဂံနယ်မြေ ဟာ ပုံပြင် တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေ
လေယာဉ်ပျံတွေ ပျောက် သွား တတ် ကြ တယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိ သည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ်မရှိဘူးဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်း မ ရှိ ပါ ဘူး။

လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?

ဘာမြူဒါတြိဂံနယ်မြေ ရဲ့ ပ ဟေ ဋ္ဌိ ကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်းခဲ့ကြပါတယ်။

'ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့
ပင်လယ်ရေအောက် မြေကြီးကထွက်ပေါ်လာတဲ့ အ လွန် ကြီး မား တဲ့ ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြာင့်ဖြစ်ပါသည်။

သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ်အလလမှ ပင်လယ်ရေအောက်တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒီဓါတ်ငွေ့တွေဟာ လေယာဉ် အင် ဂျင် နဲ့ ထိတွေ့တဲ့အခါ လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။

သူတို့နောက် တစ်ခုတွေ့ရှိချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန်မှာ ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။

သင်္ဘောတွေ ဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ မျက်နှာပြင်ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါ သည်။'

နိုင်ငံရေးသီလ (သို့မဟုတ်) လူသာပဓာန-သရ၀ဏ်(ပြည်)

ယမန်နှစ်မိုးတွင်း၏တခုသောနေ့ဝယ် အမေရိကန်သံရုံး ပြန်ကြားရေး ဌာနလက်အောက်ရှိ အမေရိကန်စင်တာ (American Center) ဟု ခေါ်သော တော်ဝင်လမ်းရှိ အမေရိကန်စာကြည့်တိုက်ဝယ် ကျွန်တော်နှင့် အခြားနှစ်ဦးကိုပင့်ဖိတ်၍ လူငယ်နှင့်ခရီးသွားခြင်း (Youth and Travel) ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ဟောပြောဆွေးနွေးစေပါသည်။ ကျွန် တော်တို့က အင်္ဂလိပ်လိုဟောပြောပြီး တက်ရောက်လာသော လူငယ် ကျောင်းသားများကလည်း အင်္ဂလိပ်လိုမေးခွန်းများမေးကြပါသည်။ ထိုဟော ပြောပွဲသို့ လာရောက်နားထောင်သော လူငယ်အများစုမှာ အင်္ဂလိပ်စာကို ပြင်ပနာမည်ကြီး ပုဂ္ဂလိကကျောင်းကြီးများတွင် လေ့လာသင်ယူခဲ့သော ကျောင်းသားကျောင်းသူများဖြစ်သည်။ သူတို့ကိုဟောပြောပို့ချနေသော ကျွန်တော်မှာ ဘယ်ဘိုကျောင်းကိုမှ တက်ဖူးသူမဟုတ်။ ပြည်မြို့ ဒေါ်ဘုမ မူကြိုမှထွက်ကာ အစိုးရကျောင်းမှ ဆယ်တန်းအောင်လာခဲ့သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော်စဉ်းစားမိသည်မှာ ပညာဆိုသည်မှာ လက်မှတ်ကိုခေါ် တာမဟုတ်ပါ။ ဉာဏ်ပညာနှင့် အသိကိုသာခေါ်တာပါလား။ ဤအသိ ရဖို့ဆိုလျှင် ဘယ်ကျောင်းတက်မှ တတ်မည်ဟူသော ဖော်မြူလာမရှိပါ လားဟူ၍ ဖြစ်သည်။

ယနေ့အခါ ပိုက်ဆံတတ်နိုင်သောမြို့ပေါ်နေ မိဘများသည် အချို့က သားသမီးအပေါ်စေတနာဖြင့် အချို့ကကြွားဝါချင်၍ သူတို့၏သားသမီးများ ကို အကောင်းဆုံးပညာရေးကိုပေးအပ်ရန် ကြံရွယ်ချက်ဖြင့် နိုင်ငံတကာ အဆင့်ဟု ကြွေးကြော်ထားသော ကျောင်းများ (အရပ်အခေါ်ဘိုကျောင်း များ)သို့ မိမိသားသမီးများကို ပို့လွှတ်သင်ကြားစေတာတွေ့မြင်ရပေ၏။ ထိုကျောင်းများတွင်မတက်ဘဲ နိုင်ငံတော်မှဖွင့်လှစ်ထားသည့် အခြေခံ ပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် တက် ရောက်ပညာသင်ပါက လူရာပဲမ၀င်တော့သလိုလို၊ လူညွန့်ပဲတုံးတော့မလို ပြောကြရေးကြတာကြားဖူးပေ၏။ ထိုဘိုကျောင်းများသည် ကျောင်းဝင် ကြေး ပိုက်ဆံသောက်သောက်လဲယူထားသဖြင့် ကျောင်းဝင်းအဆင်အပြင်၊ စာသင်ခန်းအနေအထား၊ ကစားကွင်း၊ သိပ္ဗံလက်တွေ့စမ်းသပ်ခန်း၊ အားကစားခန်းမ၊ ပြင်ပဗဟုသုတလေ့လာရေးစသည်တို့တွင် အစိုးရ ကျောင်းများထက် အဘက်ဘက်က မယှဉ်နိုင်အောင်သာသည်မှာ မှန်ပါ သည်။ သို့သော် ဤကိစ္စများသည် လူတယောက်ပညာသင်ကြားရေး၌ ကောင်းမွန်သော အခြေခံအဆောက်အဦများဖြစ်သော်လည်း ထိုရုပ်ဝတ္တုပစ္စည်းများရှိနေရုံမျှနှင့်လည်း စစ်မှန်သောပညာတတ်တယောက်ဖြစ် လာမည်ဟု အာမခံနိုင်သည်ကားမဟုတ်ပေ။ နက်ကတိုင်နှင့် ဘွတ်ဖိနပ်ကို စီးကာ ကြော့နေအောင်ဝတ်စားပြီး ကိုယ့်သားသမီးကျောင်းသွားသည်ကို မိဘတိုင်းကြည့်ချင်ပေလိမ့်မည်။ သို့သော် ဤသည်မှာ စက်ရုံထဲသို့ဝင်သွား သော ကုန်ကြမ်းပစ်္စည်းများနှင့်တူပေသည်ဟု ကျွန်တော်ထင်သည်။ ထို ကုန်ကြမ်းပစ္စည်းများကို အဆင့်ဆင့်ထုပ်ပိုး ပြင်ဆင်ပြီးသောအခါ အသုံးပြုနိုင်သော ကုန်ချောများထွက်လာပေမည်။ ကျွန်တော်တို့သည် စက်ရုံထဲသို့ ဘယ်လိုဝင်သွားသလဲဆိုတာသာ စိတ်ဝင်စားကြသည်။ စက်ရုံထဲမှဘယ်လို ပြန်ထွက်လာကြသလဲဆိုတာ ဆန်းစစ်မကြည့်ကြပေ။ ကုန်ကြမ်းဘယ်လို ကောင်းသော်လည်း ကုန်ချောဖြစ်မလာဘဲ သုံးမရ၍ပစ်လိုက်ရသည့် ဖြစ် စဉ်များလဲရှိမည်။ နိုင်ငံကျော်အဆိုတော်တဦး၏ သားမှာ ထိုကဲ့သို့သော ဘိုကျောင်းတွင်သွားထားရာ စာမလိုက်နိုင်ဘဲ မကြာခဏကျနေသဖြင့် ယခုအခါ နိုင်ငံခြားတွင်ကျောင်းဆက်တက်ချင်၍လည်း မရ၊ အစိုးရ ကျောင်းတွင် ပြန်တက်ဖို့ကလည်း လူကကြီးကာ အတန်းကငယ်နေသဖြင့် အရှက်ကွဲရမည့်အပေါက်ဖြစ်ကာ စကောစကဖြင့်ပညာရေးတပိုင်းတစဘ၀ ဖြင့်ရပ်တန့်သွားလေသည်။ အချို့ကျောင်းသားကျောင်းသူအချို့မှာလည်း မြန်မာပြည်မှာနေ မြန်မာမိဘနှစ်ပါးကမွေးလာပါလျက် မြန်မာလိုတောင် ဌာန်ကရိုဏ်းကျအောင် မပြောတတ်၊ မရေးတတ်တော့တာ ၀မ်းနည်းဖွယ် ဖြစ်ပေသည်။ ပညာသင်ကြားသောရည်ရွယ်ချက်မှာ မိမိဘာသာအကောင်း အဆိုး ဝေဖန်သုံးသပ်နိုင်သော လောကအလင်းရောင်ဟု ခေါ်တွင်အပ်သော ဉာဏ်ပညာကိုရရန်ဖြစ်သည်။ ဘွဲ့ရခြင်းနှင့် ပညာဉာဏ်ရလာခြင်း သည်မတူပေ၊ ဘယ်ကျောင်းကိုတက်ခဲ့သည်ဆိုသည်ထက် မည်ကဲ့သို့သော အသိဉာဏ်မျိုးကိုရခဲ့သည်ဆိုခြင်းကပို၍ ပဓာနကျပေသည်။ ဤသို့ပြော ခြင်းဖြင့် အင်္ဂလိပ်နာမည်အမျိုးမျိုးဖြင့် ဖွင့်လှစ်နေသော မြန်မာပြည်မှ ပုဂ်္ဂလိက ဘိုကျောင်းများကို နှိမ်လိုရင်းမဟုတ်၊ ထိုကျောင်းများလည်း ကောင်းပါသည်၊ သို့သော် မြန်မာနိုင်ငံသားအများစု မှီခိုနေထိုင်ရသော ကျောင်းများမှာလည်း သုံးတတ်လျှင် သူ့အတိုင်းအတာနှင့်အသုံးဝင်ပါသည် ဟု ဆိုလိုရင်းဖြစ်သည်။ ကျောင်းနေရင်း၏ အဓိကအချက်မှာ ဉာဏ်အလင်း ဓာတ်ရဖို့ဖြစ်သည်ဆိုခြင်းကို မိဘများရောကျောင်းသားများပါမမေ့ကြဖို့ ထောက်ပြလိုခြင်းဖြစ်သည်။

ငါဘယ်ကျောင်းမှာတက်နေသည်ဆိုခြင်း ထက် ငါသည် အသိပညာဉာဏ်အလင်းနှင့် ဆင်ခြင်တုံတရားမည်မျှရှိနေ ပြီဆိုခြင်းက ပို၍အရေးကြီးသဖြင့် မိမိကိုယ်ကိုအမှန်အတိုင်း မေးကြည့် ကြစေလိုပါသည်။ ကျွန်တော်သည်ပြည်မြို့ ပန်းပဲတန်း မူလတန်းကျောင်း မှအခြေခံပညာကိုရရှိခဲ့ပြီး အထက (၁) ပြည်မြို့မှ အထက်တန်းအောင် မြင်ခဲ့သည်ဖြစ်ရာ မည်သည့်နိုင်ငံတကာအဆင့်ကျောင်းသို့မျှမတက်ခဲ့ဖူး ပါ။ သို့သော် အထက်တန်းတက်နေစဉ်ကပင်နေ့စဉ် ကျောင်းစာကြည့်တိုက် သို့သွားကာ အချိန်ရသမျှ ပြင်ပစာများဖတ်ရှုလေ့လာခြင်း၊ ရန်ကုန် တက်္ကသိုလ် စာကြည့်တိုက်၊ ကုလသမဂ္ဂစာကြည့်တိုက်၊ British Council စာကြည့်တိုက်၊ American Center စာကြည့်တိုက်စသည်ဖြင့် စာကြည့် တိုက်ပေါင်းစုံသို့ မကြာမကြာသွားကာ ပညာဆည်းပူးခြင်းဖြင့် ဉာဏ် အလင်းရောင်ပို၍ ကျယ်ဝန်းအောင်ဖြည့်ဆည်းနိုင်ခဲ့ပါသည်။ ငါက ဘိုကျောင်းတွင် မတက်နိုင်ဘူး သူတို့ရသောပညာများငါတော့ရမှာ မဟုတ် ပါဘူးဟု စိတ်မထားအပ်ပေ။ လူတယောက်၏ အရည်အချင်းမှာ သူသည် ဘယ်ကျောင်းတွင်တက်ခဲ့သည်ဆိုခြင်းနှင့် ဆုံးဖြတ်၍မရဘဲ သူသည် ဘယ် လောက်အထိ လေ့လာသင်ယူခဲ့သည်၊ ဘယ်လိုကြိုးစားခဲ့သည်ဆိုတာနှင့်ပဲ တိုင်းတာ၍ရကောင်းပါသည်။ သမ္မတလင်ကွန်းသည် သစ်ခုတ်သမား တယောက်ဘ၀မှ ပညာတတ် သမ်္မတကြီးဖြစ်လာခြင်းမှာ ကျောင်းကောင်း ကောင်းတွင်နေရ၍မဟုတ်၊ မဖြစ်မနေကြိုးစားချင်သော စိတ်ဆန်္ဒကြောင့် ဖြစ်သည်။ ယခုလို နိဒါန်းချီနေရသည်မှာ မြန်မာနိုင်ငံတွင် စတင်အမြစ် တွယ်စပြုနေသော လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များ၌ နိုင်ငံတကာမှ ဖွင့်လှစ်သော ဘွဲ့များ၊ ဒီပလိုမာများ၊ ဆာတီဖီကိတ်များ၊ သင်တန်းဆင်း လက်မှတ်ရှိသူများသာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လူတွင်ကျယ်အဖြစ် နေရာယူ နေရာပေးနေကြခြင်းကိုမြင်နေရသောကြောင့်ဖြစ်သည်။ ဘယ် နိုင်ငံ ဘယ်တက်္ကသိုလ်ကြီးမှ ဘာဘွဲ့ကြီးရလာသော ဖွဲ့စည်းပုံဥပဒေပညာ ရှင်ဟုတမျိုး၊ ဘယ်နိုင်ငံဘယ်တက်္ကသိုလ်ကြီးတွင် တွဲဖက်ပါမောက်္ခအဖြစ် တာဝန်ထမ်းဆောင်နေသော သမိုင်းပညာရှင်ဟူ၌တဖုံ၊ ကုလသမဂ်္ဂ၏ ဘယ်အဖွဲ့ကြီးတွင် ဘာတာဝန်ထမ်းဆောင်ခဲ့သော ပညာရှင် ဘယ်သူက ပြောသည်ဟူ၍ တနည်း ဉာဏ်ပညာနှင့်စေတနာထက် ဘွဲ့နှင့်ကျောင်းကို ခေါင်းပေါင်းပေါင်းလာကြသောကိစ်္စများကိုသာ တွေ့လာရသောကြောင့် ဖြစ်သည်။

စေတနာသည်ကံဖြစ်သည်ဟု ဗုဒ္ဓဘုရားရှင်ကဟောပါသည်။ သင် သည် မည်မျှပညာတတ်သည်ဖြစ်စေ စေတနာမကောင်းပါက ကံကောင်း နိုင်မည်မဟုတ်။ ကုသိုလ်ရေးလုပ်ရာတွင် ကံငါးပါးဟုခေါ်သော အခြေခံ သီလခိုင်လုံဖို့လိုသလို၊ နိုင်ငံရေးလုပ်ရာတွင် နိုင်ငံရေးသီလမကျိုးပေါက် ဖို့လိုပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုန်းတော်ကြီး ဦးသောဘိတ ကျောင်းထွက်ဖြစ်သည်။ နတ်မောက် အစိုးရအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သူဖြစ်သည်။ သူသည် ILBC ကိုလည်း မတက်ဖူး ခဲ့၊ Horizon ကိုလည်း မတက်ဖူးခဲ့၊International School သို့ လည်း အနားပင်မသီဖူးခဲ့၊ B.C တို့ အမေရိကန်စင်တာတို့လည်း ရောက်ဖူး သူ မဟုတ်၊ ဒဂုန်(၁) ထွက်လည်းမဟုတ်၊ TTC ကျောင်းထွက်လည်း မဟုတ်၊ နန်ယန်ကျောင်းတွင်လည်း ကျောင်းတက်ခဲ့သူမဟုတ်။ ထူးချွန် မည့်သူသည် ထူးချွန်မည် ဖြစ်သည်။ ကျောင်းက အဓိကမဟုတ် လူက အဓိကဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တောကျောင်းမှ အထက်တန်း အောင်သော်လည်း အင်္ဂလိပ်စာတွင်ညံ့သူမဟုတ်ကြောင်း သူအင်္ဂလိပ်လို ရေးခဲ့ပြောခဲ့သော မိန့်ခွန်းများက သက်သေခံနေသည်။ ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ထားသော ရန်ကုန်မြို့ တာဝါလိန်းလမ်း နေအိမ်အပေါ်ထပ် စာကြည့်ခန်းထဲတွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်းဖတ်ခဲ့သည့် အင်္ဂလိပ်စာအုပ်များကသက်သေခံနေပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်သို့စရောက်ကာစက အင်္ဂလိပ်စာတော်သည်မဟုတ်ပေ။သူပြောသော အင်္ဂလိပ်စာမှာ သိပ်ပြီးအစပ်အဟပ်မတည့်သဖြင့် ဘိုကျောင်း ထွက် ကောလိပ်ကျောင်းသားများ၏ ၀ိုင်းဝန်းလှောင်ပြောင်မှုကို ခံခဲ့ရသူ ဖြစ်သည်။ သို့သော် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဘာကိုပဲလုပ်လုပ် ဖိဖိစီးစီးဇွဲကြီးမဲကြီး လုပ်ကိုင်လေ့ရှိသော အောင်ဆန်းသည် နှစ် အနည်းငယ်အတွင်း အင်္ဂလိပ်လို ဂျောင်းဂျောင်းပြေးအောင်ပြောနိုင်သည်ကို ဘိုကျောင်းထွက်များကပင် ငေးယူရသည့်အခြေအနေသို့ရောက်အောင် ကြိုးစားပြနိုင်ခဲ့သည်။ လူတော်တယောက်သည် ကိန်းဘရစ်ဂ်ျ တက်္ကသိုလ် မှာပဲတက်တက်၊ နတ်မောက်အထက်တန်းကျောင်းမှာပဲနေနေ တော်မည့် သူက တော်မည်သာဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးကိုသက်တမ်းနှစ်ကြိမ် အောင်မြင်စွာထမ်းရွက်နိုင်ခဲ့သော မြန်မာ့ဂုဏ်ဆောင်ဦးသန့်သည် ILBC လည်း မတက်ဘူးပါ။ YES မှာလည်း အင်္ဂလိပ်စာမသင်ဖူးပါ။ ဗြိတိသျှသံရုံးမှာလည်း အင်္ဂလိပ်စာမလေ့လာဖူးပါ။ အမေရိကန်စင်တာမှာလည်း မင်ဘာမဟုတ်ပါ။ တော်မည့်သူကတော်သည်သာဖြစ်သည်။ ဦးသန့် အသက်(၆)နှစ်သားတွင် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ ဆရာ ကြီးဦးဘဟန်၏ မြန်မာကျောင်းတွင် စတင်ပညာသင်ကြားသည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက်္ကသိုလ်သို့ တက်ရောက်ပညာဆည်းပူးသည်။ တကောင်းကျောင်းဆောင်၊ ပုဂံကျောင်းဆောင်များတွင် နေထိုင်ခဲ့ကာ အသက် (၁၉)နှစ်တွင် ဥပစာတန်း (IA) အောင်မြင်ခဲ့သည်။ ဦးသန့်ကို ဖခင်ဖြစ်သူဦးဘိုးနှစ်က အိမ်တွင်အင်္ဂလိပ်စာသင်ပေးသည်။ ၀ါသနာပါ၍ လေ့လာသဖြင့် မောင်သန့်သည် အသက် (၁၂)နှစ်အရွယ်ကပင် ရှိတ်စပီး ယားစာအုပ်များနှင့် ဆာအာသာကိုနင်ဒွိုင်းစာအုပ်များကို အင်္ဂလိပ်လို ဖတ်နိုင်နေပြီဟုဆို၏။ အရင်းအမြစ်စစ်လိုက်သောအခါ ဗိုလ်ချုပ်အောင် ဆန်းရော၊ ဦးသန့်ရော၊ ဦးနုရော အင်္ဂလိပ်စာတော်ခြင်းမှာ အင်္ဂလိပ်စာ အဓိကသင်သော ကျောင်းကောင်းကောင်းမှာနေရ၍မဟုတ် မိမိဘာသာ ၀ါသနာပါသဖြင့် လေ့လာသောကြောင့်ဖြစ်သည်။ သူတို့သုံးယောက်လုံး တွင် တူညီသာအချက်မှာ အင်္ဂလိပ်စာကောင်းစွာတတ်သော်လည်း မြန်မာ စာတွင် မညံ့ကြခြင်းဖြစ်သည်။ မညံ့သည့်အပြင် အလွန်ကောင်းမွန်သော စာပေလက်ရာများကိုပင် ပြုစုနိုင်ခဲ့သည်။ ယခုခေတ်အင်္ဂလိပ်စာလေး အနည်းငယ်သင်မိသည်နှင့် ““မြန်မာလိုဘယ်လိုခေါ်ရမလဲဆိုတော့”” ဟူသော စကားကိုအရသာခံပြောတတ်သော ကျီးမဟုတ်၊ ကြက်မဟုတ် သူများနှင့်မူ အတော်ကြီးကွာခြားလှသည်။

ဖဆပလအဖွဲ့ကြီး၏ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် လည်း ငယ်စဉ်က ၀ါးခယ်မမြို့ရှိ အင်္ဂလိပ် မြန်မာအလယ်တန်းကျောင်းတွင် ပညာ ဆည်းပူးခဲ့သူဖြစ်သည်။ ထိုမှတဆင့်ရန်ကုန်တက်္ကသိုလ်သို့ရောက်ရှိ လာသူဖြစ်သည်။ ထို့နောက်နိုင်ငံလှုပ်ရှားမှုထဲတွင် ဆက်တိုက်ပါဝင်လာ ပြီး လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ်နှင့် ကမ္ဘာသိ ထင်ရှားသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဦးသန့်ရော၊ ဦးနုပါ တောကျောင်းထွက်များဖြစ်သော်လည်း အင်္ဂလိပ်စကားကို စကားပြန် မလိုဘဲ ကျွမ်းကျင်စွာပြောနိုင်သည်။ အင်္ဂလိပ်လိုကောင်းကောင်းရေးနိုင် ဖတ်နိုင်သည်။ သူတို့၏ပညာရေးကို အောက်စဖို့ဒ်၊ ယေးလ်၊ ကိန်းဘရစ် စသော ကမ္ဘာကျော်တက္ကသိုလ်မှကျောင်းပြီးခဲ့သူများက အထင်မသေးရဲကြ ပေ။ ဦးသန့်ကို ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ် အမည်စာရင်းတင်သွင်းထားသောအခါ မလိုသူများက ဦးသန့်သည် ဘီအေ ဘွဲ့ရရှိခဲ့သူမဟုတ်ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဦးသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေတန်းကို အောင်မြင် ခဲ့ပြီး ဖြစ်သည်။ သူ့ဘာသာဆက်မတက်ချင်ဘဲ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာဝင်လုပ်သောကြောင့်သာ ဘွဲ့မရခြင်းဖြစ်ကြောင်း အားလုံးသိကြသဖြင့် ဘီအေဘွဲ့ရခြင်း မရခြင်းကိုမည်သူကမျှ အရေးတယူ ပြောမနေတော့ဘဲ တော်သည်နှင့်အညီ UN အတွင်းရေးမှူးတင်မြှောက်ခဲ့ ကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်အေင်ဆန်း၊ ဦးသန့်၊ ဦးနုတို့၏ နိုင်ငံရေးလမ်းစဉ်ကို ကြိုက်သူများလည်းရှိမည်၊ အချို့သူများက မကြိုက်သည်လည်းရှိမည်။နိုင်ငံရေးလမ်းစဉ်ခြင်း အယူဝါဒခြင်းကွဲပြား၍ ဝေဖန်ပြစ်တင်သူများပင်ရှိ မည်။ သို့သော် မည်သို့ပင်အယူအဆမတူ၍ ကွဲပြားကြစေကာမူ သူတို့သုံးဦး နှင့်ပတ်သက်လာလျှင် ရန်သူရော မိတ်ဆွေရော အားလုံးက တညီတညာ တည်း သတ်မှတ်ဝန်ခံကြသည်မှာ သူတို့သည် မိမိကိုယ်ကျိုးအတွက် တိုင်းပြည်ဥစ်္စာဘဏ္ဍာကို တစိုးတစေ့မှ ထိခဲ့ကြသူများမဟုတ်။ မိမိကိုယ်ကျိုး အတွက် တိုင်းပြည်ကို ရောင်းစားဖို့နေနေသာသာ ရာထူးအာဏာကို ကိုယ် ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမချခဲ့ကြောင်း အားလုံးက ၀န်ခံကြ ခြင်းဖြစ်သည်။ ဤသည် ကိုယ်ကျင့်တရားဖြစ်သည်။ နိုင်ငံရေးသီလ ဟူသည် ရှိသေး၏။ နိုင်ငံရေးတွင် ကိုယ်ကျင့်တရားသည်အရေးကြီးသလို နိုင်ငံရေးသီလသည် ထပ်တူအရေးကြီးပေ၏။ နိုင်ငံရေးသီလဟူသည်မှာ မိမိအကျိုးနှင့် အများအကျိုးယှဉ်လာလျှင် အများအကျိုးကို ဦးစားပေးခြင်း၊ အများအကျိုးနှင့် နိုင်ငံအကျိုးယှဉ်လာလျှင် တနိုင်ငံလုံးအကျိုးကို ဦးစားပေး ခြင်းတို့ဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ မိမိနှင့်မိမိပါတီ၊ မိမိအဖွဲ့အစည်း အသာစီးရဖို့ မတရားသောအဖွဲ့တဖွဲ့ကို မတရားမှန်းသိပါလျက် ထောက်ခံ ခြင်း၊ ပူးပေါင်းခြင်း၊ လိမ်လည်ခြင်း၊ ပြည်သူကိုသစ်္စာဖောက်ခြင်းများသည် နိုင်ငံရေး သီလကျိုးပေါက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့၊ ဦးသန့်တို့ကို ယခုအချိန်အထိ ကြည်ညိုသူပေါသည်မှာ ကိုယ်ကျင့်တရား ကောင်းသလို နိုင်ငံရေးသီလလည်း မြဲသောကြောင့် ဖြစ်သည်။

ယနေ့ခေတ်အခါတွင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြပါသည် ဟူသော နိုင်ငံရေးသမားများစွာပေါ်ပေါက်နေကြသည်။ အချို့သည် အစိုးရ နှင့် ကင်းကင်းနေကာ အတိုက်အခံနိုင်ငံရေးသမားအဖြစ် တောက်လျှောက် လုပ်ကိုင်လာကြ၏။ အချို့မှာ ထင်ပေါ်သဖြင့် စင်တော်ကောက်သည်ဟု ပဲပြောပြော၊ ပုလင်းတူဘူးဆို့ပူးပေါင်းမိကြသည်ပဲဆိုဆို အာဏာရ အသိုင်း အ၀ိုင်း၏ ခေါ်ယူအသုံးချခြင်းကို ကျေကျေနပ်နပ်ခံယူ၍ နိုင်ငံရေးဖြစ်စဉ် တွင် လူမြင်သာသောကဏ္ဍမှ ပါဝင်ကပြကြလေသည်။ အချို့လူများသည် လူတော်တွေဖြစ်ကြကုန်၏။ နိုင်ငံခြားတက္ကသိုလ်များမှပေးသော ဘွဲ့ထူးဂုဏ်ထူး တသီကြီးကိုရထားသူများလည်းပါသည်။ သူတို့သည် ပညာ တတ်များပီပီ ဘိုလိုတွေမှုတ်လျက် ရှင်းနေသောအကြောင်းအရာတခုကိုပင် လူတွေနားမလည်အောင် ရှုပ်သွားအောင် အလွန်ကြီးမားသော အင်္ဂလိပ် စာလုံး ခံ့ခံ့ထည်ထည်ကြီးတွေကိုသုံးကာ ဟောပြောနိုင်ကြပေ၏။ လက် တွေ့တွင် တခါမှ ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံမှုမရှိဘဲ သဘောတရား ရေးရာများ သီအိုရီများ ဖော်မြူလာများကို နှုတ်တက်ရွရွ ရွတ်ဆိုနိုင်ကြ ပေကုန်၏။ Moderate နဲ့ Radical တို့ Reform တို့၊ Hard Liner တို့၊ No Trust တို့၊ Political Opening တို့၊ Reality တို့၊ Win Win Theory တို့၊ Constitutional Crisis တို့၊ Power Sharing တို့၊ ဘိဇနက်တို့၊ Opposition တို့၊ Awarness တို့ Third World တို့ စသည်ဖြင့် ပြောမဆုံးအောင် ရွတ်ပြကြပေလိမ့်မည်။ သို့သော်တခုရှိ သည်မှာ ထိုဘိုကျောင်းထွက်တွေ၊ နိုင်ငံခြားပြန်တွေကို ပြည်သူတွေက မယုံ။ ဤလူတွေသည် အစိုးရနှင့်ပေါင်းကာ လူကြားကောင်းအောင် စကား ကြီး စကားကျယ်တွေပြောနေကြသည်မှတပါး ပြည်သူလူထု၏ရင်ထဲ အသည်းထဲအထိရောက်မလာနိုင်ကြခြင်းမှာ နိုင်ငံရေး၏အသည်းနှလုံးဟု ခေါ်ဆိုအပ်သော ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသီလ မစင်ကြယ်ခြင်း ကြောင်းဖြစ်သည်။ ဆိုဖာပေါ်မှာထိုင်၍ နိုင်ငံရေးစကားတွေ ပြောနေသော် လည်း ပြည်သူလူထု၏ မျက်ရည်ကို ကိုယ်တိုင်ခံစားမကြည့်နိုင်သောအခါ ထိုလူတွေ၏ပြောစကားကို မည်သူမျှနားလည်မည်မဟုတ်ချေ။

ဗိုလ်ချုပ် အောင်ဆန်းသည် တခါတရံအပြောဆိုးသော်လည်း လူတွေကချစ်ကြသည် မှာ သူ့နှလုံးသားသည် ပြည်သူတွေနှင့်တသားတည်းဖြစ်နေသောကြောင့် ပင်တည်း။ ထိုသို့မဟုတ်ဘဲ အပြောတမျိုး၊ အလုပ်တမျိုးဖြစ်ကာ ပြည်သူ ကို မိဘနှင့်နှိုင်းပြီး စကားလုံးချိုချိုကလေးများဖြင့် လစဉ်လေလှိုင်းမှ သြ၀ါဒကထာမြွက်ကြားနေလည်း ပြည်သူကဂရုစိုက်မည် မဟုတ်ချေ။ စကားလုံးများထက် စေတနာသည် အရေးကြီး၏။ မြေမဲ့ယာမဲ့ဒုက္ခ၊ လယ် သမားများ ထောင်ချခံရသောဒုက္ခ၊ ပြည်တွင်းစစ်မရပ်စဲနိုင်သေးသည့်ကိစ္စ၊ ဥပဒေစိုးမိုးမှုမရှိသောကိစ္စစသည်တို့ကို စကားလုံးလှလှလေးတွေသည် လာမကယ်နိုင်။ ပြည်တွင်း ပြည်ပမှ ဘွဲ့ထူးဂုဏ်ထူးတွေ အမြီးအမောက် တွေထက် ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးသီလသည် ပို၍အရေးကြီး၏။အချုပ်အားဖြင့်ပြောရလျှင် သင်ဘယ်ကျောင်းမှာစာသင်ခဲ့သည်ဆိုခြင်း သည် အရေးမကြီးပါ။ သင်ဘာစာတွေသင်ခဲ့သည်၊ သင်ဘာတွေလုပ်နိုင် သည်၊ သင်ဘာတွေလုပ်နေသည်ဆိုခြင်းက ပို၍ အရေးကြီးပါသည်။ ဟစ်တလာ၊ ပိုပေါ့၊ အိုစမာဘင်လာဒင်နှင့် မြန်မာပြည်မှ ဟိုပုဂ်္ဂိုလ်ကြီး တို့သည် တက်ရောက်ခဲ့သောကျောင်းမတူသော်လည်း သင်ယူခဲ့သော ဘာသာတွဲခြင်း တူညီပုံရလေသည်။

ထို့ကြောင့်မည်သည့်ခေတ်တွင် မဆို
တောကျောင်းမှာပဲနေနေ
မြို့ကျောင်းမှာပဲတက်တက်
ဘိုကျောင်းကပဲထွက်ထွက်
တော်မည့်သူသည် တော်ကိုတော်မည်။ ညံ့မည့်သူသည်ညံ့ကို ညံ့မည်။ လိမ်မည့်သူသည် လိမ်ကိုလိမ်မည်၊ ယုတ်မာမည့်သူသည် ယုတ်ကိုယုတ်မာမည်ဖြစ်သည်။ ကျောင်းသည် သာမည၊ လူသည် အဓိက ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အပျို၊ အပျိုစစ်နှင့် အပျိုစင်


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြား သိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက် လို့ လဲ မဟုတ်ရပါ....။

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲ မှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာ ရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန် မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲ ကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ် ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေး မှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။


ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။

ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့  ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့က လက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။

အပျို .......

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။

အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ် ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆို တဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော် လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံး ပါဝင်ပါတယ်...။

အပျိုစစ်.......

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြား ခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။

~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~

အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြ ပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။

“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။


မေသဇင်

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာတို့ ဇူလိုင် ၄ ရက်က ဘန်ကောက်၌ တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
Ref:AFP
ထိုင်းစစ်အစိုးရသည် စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည့် အိမ်နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းနေသဖြင့် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရာထူးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။


ပရာယွတ်သည် မြန်မာနိုင်ငံသို့ မြန်နိုင်သမျှ အမြန်ဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ယခုလမကုန်မီ သို့မဟုတ် အောက်တိုဘာအစောပိုင်းတွင် ဖြစ်နိုင်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ပြောကြားသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သဖြင့် သွားရောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဒွန်ကပြောကြားသည်။ ပရာယွတ်သည် မြန်မာနိုင်ငံပြီးနောက် မလေးရှားနှင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်နိုင်ကြောင်းလည်း ၎င်းကပြောကြားသည်။

စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာကြာ အနောက်နိုင်ငံ အသိုင်းအ၀ိုင်း၏ ဖယ်ကြဉ်ခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရ အာဏာရပြီးကတည်းက ပြုပြင်ပြောင်းလဲမှုများအတွက် ချီးကျူးခံနေရသည်။ ထိုစဉ် ထိုင်းအာဏာသိမ်းစစ်အစိုးရသည် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ယင်းက အိမ်နီးချင်းအာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ထိုင်းစစ်အစိုးရအား စေ့ဆော်နေသည်။

ပြီးခဲ့သည့်ဇူလိုင်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘန်ကောက်သို့သွားရောက်စဉ် ထိုင်းစစ်တပ်က မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရရှိကြောင်း ကြေညာခဲ့သည်။ မေ ၂၂ ရက် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက ထိုင်းစစ်အစိုးရက ဆန္ဒပြသူများကို ဖမ်းဆီးခြင်း၊ မီဒီယာများကို ဖိနှိပ်ခြင်းနှင့် မာရှယ်လောချိုးဖောက်သူများကို စစ်ခုံရုံးတင်ရန် ခြိမ်းခြောက်ခြင်းတို့ဖြင့် နိုင်ငံတွင်းသဘောထားကွဲလွဲမှုများကို လျှော့ချနေသည်။

ပြီးခဲ့သည့်မေလက ပထမအကြိမ်အာဆီယံ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇ နှစ်တိုင်ပြီဖြစ်သော်လည်း ၎င်း၏လူ့အခွင့်အရေး မှတ်တမ်းများနှင့် ထိုစဉ်က စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ မပြောင်းလဲမှုတို့ကြောင့် ၂၀၀၆ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

ထိုင်းတွင် ယင်လက်အစိုးရကို လအတန်ကြာ ဆန္ဒပြမှုများကြောင့် လူ ၂၈ ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရခဲ့ပြီးနောက် ၎င်းသည် အာဏာရယူရန် ဖိအားပေးခံခဲ့ရသည်ဟု ပရာယွတ်က ပြောကြားထားသည်။ ဒီမိုကရေစီသို့ပြန်လှည့်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းပန်နေသော်လည်း ၂၀၁၅ ခုနှစ်အောက်တိုဘာမတိုင်မီ ရွေးကောက်ပွဲမပြုလုပ်ဟု ပရာယွတ်က ကြေညာထားသည်။ မြန်မာနိုင်ငံကလည်း ရှေ့နှစ်တွင် ပါလီမန်ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။


အိပ်မက်ဆုံရာမှ ၀ိုင်းလေး Miss World Myanmar ပြိုင်ပွဲအတွက် Miss ပွဲများလေ့လာထားသည်ဟုဆို



“Miss ပြိုင်ဖို့အတွက် GYM သွားကစားတယ်။ ခန္ဒာကိုယ်အတွက် လေ့ကျင်မူများပြုလုပ်ခဲ့တယ်။ ပြီးတော့ Miss ပြိုင်ပွဲတွေကို လေ့လာခဲ့တယ်။ ငါလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ ၀င်ပြိုင်ခဲ့တာပါ”


အိပ်မက်ဆုံရာမှ Second Runner up ရရှိထားသည့် ၀ိုင်းလေးက Miss World Myanmar 2014 ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ပြီး အခြား Miss ပြိုင်ပွဲများနှင့် Missများအား သွားရောက်လေ့လာထားသည်ဟုဆိုသည်။

Shwe Myitmakha Media Group

ဗြိတိန်တစ်ယောက်ကို ခေါင်းဖြတ်တဲ့ Video IS ထုတ်ပြန်


ဗြိတိသျှနိုင်ငံသား ကူညီထောက်ပံ့ရေးဝန်ထမ်း David Haines ကို သတ်ဖြတ်လိုက်ကြောင်း Islamic State အစ္စလာမ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ Haines ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယား နယ်မြေ ၂ ခုပေါင်းပြီး အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဦးဆောင်ပြီး ဖွဲ့စည်းနေတဲ့ ညွန့်ပေါင်းအဖွဲ့ထဲ ဗြိတိန်ပါဝင်ရင် Haines ကို သတ်ပစ်မယ်လို့ အစ္စလာမ် စစ်သွေးကြွတွေက ခြိမ်းခြောက်ထားတာပါ။

အသက် ၄၄ နှစ်အရွယ်၊ ကလေးနှစ်ယောက်ဖခင် Haines ဟာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တခုရဲ့ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆီးရီးယား နိုင်ငံကို ရောက်ပြီး ၃ ရက်အကြာ မနှစ် မတ်လက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းထားသူတွေအနေနဲ့ မိသားစုကိုဆက်သွယ်ကြဖို့ David Haines မိသားစုက အသနားခံချက်ထုတ်ပြန်အပြီး မကြာခင်မှာပဲ အမေရိကန်ရဲ့ မဟာမိတ်များအတွက် သတင်းစကားလို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့ကို သတ်နေတဲ့ဗွီဒီယိုကို အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ဆန့်ကျင်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့အတွက် ဗြိတိသျှဝန်ကြီးချုပ် David Cameron ကို မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဖြတ်သတ်သူက ပြစ်တင် ပြောကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ အင်မတန် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုထွက်လာပြီး မကြာခင်လေးမှာပဲ ၀န်ကြီးချုပ် David Cameron က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။ ၀န်ကြီးချုပ် ကင်မရွန်းက David Haines မိသားစုကို ၀မ်းနည်းကြောင်း ပြောကြားလိုက်ပြီး သူ့မိသားစုဟာ တမူထူးခြားတဲ့သတ္တိနဲ့ ခံနိုင်ရည်စွမ်း ပြသခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လူသတ်သမားတွေကို ဘယ်လောက်ကြာကြာ ဗြိတိသျှအစိုးရရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာရှိသလောက် လိုက်လံ ရှာဖွေပြီး တရားဥပဒေနဲ့ ရင်ဆိုင်ရအောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

ဒီသတ်ဖြတ်မှုသာ အတည်ဖြစ်ခဲ့ရင်တော့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား သုံးယောက်မြောက်ကို အစ္စလာမ် စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အမေရိကန်သတင်းထောက် Jim Foley နဲ့ Steven Sotloff တို့ ၂ ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေကို အမေရိကန်အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို လက်စားခြေတဲ့အနေနဲ့ အမေရိကန်သတင်းထောက် ၂ ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း အစ္စလာမ် စစ်သွေးကြွတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ထိုင်းရဲတွေကိုပညာပေးဖို.ထိုင်းကား(၃၀)စီးကို KNPCကပိတ်ထားလိုက်ပြီ။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား (မီဒီယာ)

တရားဝင်ခရီးသွားလက်မှတ်နှင့် မဲဆောက်ဘက်သွားသည့် မြန်မာခရီးသွားများကို ထိုင်းရဲများက နည်းမျိုးစုံဖြင့်ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့်အတွက် ယနေ့မြ၀တီသို့ဝင်ရောက်လာသည့် ထိုင်းကုန်တင်ကားကြီး အစီး၃၀ ခန့်ကို ကရင်ငြိမ်းချမ်းရေးကောင်စီ PC အဖွဲ့မှ ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်သည့်အဖွဲ့က ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့လိုက်သည့် ဖြစ်ရပ်တခု ယနေ့မြ၀တီမြို့ တွင် ဖြစ်ပွားခဲ့သည်။

ထိုင်းဘက်မဲဆောက်သွားသည့် မြန်မာခရီးသွားများကို နေ့စဉ်နီးပါးနည်းမျိုးစုံဖြင့် ငွေညှစ်နေသည့်အတွက်ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုက်ဂါးက ကရင်အမျိုးသား (မီဒီယာ)ကိုပြောသည်။

၎င်းက "နေ့တိုင်းဘဲခံနေရတယ် တိုင်းရင်းသားတွေရော ဗမာတွေရောအကုန်ခံနေရတယ် ဘယ်သူမှတားဆီးပေးလို့မရဘူးဆိုတော့ ဒီနည်းလမ်းဘဲရှိတယ် မြန်မာနိုင်ငံသားတွေ ခံနေရတာတွေကို ထိုင်းဘက်ကတာဝန်ရှိသူတွေ သိစေချင်တယ် အကယ်၍နောက်ထပ်ဖြစ်အုံးမယ်ဆိုရင်တော့ ဒီထက်ကြီးမားတဲ့ တုန့်ပြန်မှုကိုထပ်လုပ်မယ်"ဟုဆိုသည်။

နံနက် ၁၁ နာရီကစတင်ခဲ့သည့်ပိတ်ဆို့မှုကို မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးဦးလွင်ကိုဦး- မြ၀တီမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးးခင်မောင်ဇော် - မဲဆောက်- မြ၀တီမြို့နယ်အဆင့် နယ်ခြားကော်မတီ မြန်မာဘက်ခြမ်းဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းထွန်းတို့က လာရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့သဖြင့် ပိတ်ဆို့မှုကို မွန်းလွှဲတနာရီခန့်တွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြ၀တီခရိုင်တာဝန်ရှိသူများနှင့် ထိုင်းဘက်ခြမ်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တာဝန်ရှိသူများ မနက်ဖြန် မြ၀တီမြို့ တွင် ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံမြန်မာစစ်တပ်က လုံခြုံ ရေးအတွက် တပ်ဖွဲ့ဝင်များနေရာခွဲ၍ ချထားသဖြင့် စားသောက်ဆိုင်အချို့ နှင့်ဈေးဆိုင်များ ပိတ်ထားလိုက်ကြပြီး မလိုလားအပ်သော ဆိုကျိုးများဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများဖြစ်ရသည်ဟု အမှတ် ၄ ရပ်ကွက်မှ လဘက်ရည်ဆိုင်ပိုင်ရှင်တဦးကဆိုသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ PC မှ ဗိုလ်မှူးကြီးတိုက်ဂါးက မနက်ဖြန်ထိုင်းနှင့်မြန်မာနှစ်ဘက်တာဝန်ရှိသူများ၏ ဆွေးနွေးမှုများကို စောင့်ကြည့်သွားမည်ဟုလည်းဆိုသည်။

ပုံစာ - မြ၀တီမြို့ တွင် ယနေ့ပိတ်ဆို့မှုဖြစ်ပွားခဲ့သည့်နေရာ။

မနက်ဖြန် မြန်မာနှင့်ထိုင်း တာဝန်ရှိသူများ၏ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ရည်းစားစကား ပြောရာမှ အလယ်တန်းကျောင်းသူကို ရေနှစ်သတ်



ချစ်သူ၊ သမီးရည်းစားများကြားတွင် လူသတ်သည်အထိ အမှုအခင်းများ လတ်တလော ဖြစ် ပွားနေရာ တောင်ငူတက္ကသိုလ် ကျောင်းဝင်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အလယ်တန်းကျောင်းသူကို အမျိုးသားတစ်ဦးက ရည်းစားစကား ပြောဆိုရာ လက်မခံသောကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လဲဘူးကျေးရွာကုန်း တံတားအောက် ရေမြောင်း အတွင်း ရေနှစ်သတ်ခဲ့ကြောင်း လဲဘူးကျေးရွာ ဒေသခံများက The Voice သို့ ပြောကြားသည်။
“သတ်တဲ့လူကို အဲဒီနေရာအနီးမှာပဲ တစ်ခါတည်း ဖမ်းမိတယ်။ ရည်းစားစကား လိုက်ပြော တာကို ကောင်မလေးက ပါးရိုက်ပြီး ဆဲဆိုနေတဲ့အတွက် သတ်မိတာလို့ သိရတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
သေဆုံးသူမှာ တောင်ငူတက္ကသိုလ်တွင် ဥယျာဉ်မှူးတာဝန် ထမ်းဆောင်နေသည့် ဦးနုသိန်း၏ သမီးဖြစ်ပြီး
အသက် ၁၅ နှစ်အရွယ်ရှိ အဋ္ဌမတန်းကျောင်းသူ မမြယုမွန် ဖြစ်ကြောင်း၊ ကျူရှင်မှ တက္ကသိုလ်ကျောင်းဝင်းသို့ ပြန်လာစဉ် တောင်ငူမြို့ အမှတ် (၃) ရပ်ကွက် ၅ လမ်းတွင် နေထိုင်သည့် အသက် ၂၄ နှစ် အရွယ်ရှိ နိုင်လင်းထွန်း ဆိုသူက ရည်းစားစကား ပြောဆိုရာ လက် မခံသောကြောင့် တောင်ငူမြို့ လဲဘူးကျေးရွာ ကုန်းတံတားအောက် ရေမြောင်းတွင် ရေနစ်သတ် ခဲ့ခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် အမှတ် (၂) ရဲစခန်းမှ ရဲအုပ်တစ်ဦးက အတည်ပြု ပြောကြားသည်။
“ဦးသမီး ရေနစ်သတ်ခံရတယ်လို့ လာပြောတဲ့အတွက် သွားကြည့်တော့ လူနာတင်ကားပေါ် တင်နေတာ တွေ့ရတာပဲ” ဟု သေသူ၏ဖခင် ဦးနုသိန်းက ပြောကြားသည်။
ကိုနိုင်လင်းထွန်းမှာ အဆိုပါ အလယ်တန်းကျောင်းသူကို ရည်းစားစကား လိုက်ပြောနေသည်မှာ တစ်ပတ်ကျော် ကြာပြီ ဖြစ်သည့်အတွက် ယင်းကျောင်းသူ၏ အစ်ကိုဖြစ်သူက ကျူရှင်ကြိုပို့ကို လုပ်ဆောင်ပေးနေရပြီး အစ်ကိုဖြစ်သူမှာ အကြောင်းတစ်စုံတစ်ခုကြောင့် ကျူရှင် လာမကြိုဖြစ်သည့်နေ့တွင် ယင်းအမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အထက (၂) တောင်ငူမှ ဆရာမတစ်ဦးက ပြောဆိုသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ တောင်ငူမြို့ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ဦးနိုင်လင်းထွန်းကို (ပ) ၃၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ (လူသတ်မှု) အရ အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိကြောင်း တောင်ငူမြို့ အမှတ် (၂) ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။


The Voice Weekly

ထိုင်းစစ်အစိုးရလက်ထက်တွင် ထိုင်းဘုရင်စနစ်ကို သရော်သူများအား ပိုမိုဖမ်းဆီး

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်း ကတည်းက ထိုင်းဘုရင်ကိုစော်ကား မှုဖြင့် လူအတော်များများကို တရား စွဲလိုက်ကြောင်း သိရသည်။ ထိုင်းလူ မျိုး ၁၄ ယောက်သည် လေးလအ တွင်းမှာ အဆိုပါပြစ်မှုဖြင့် ကြီးလေး သော ရာဇ၀တ် မှုဖြင့် စွဲချက်တင်ခံရ သည်။

ထိုင်းဘုရင် ဘူမီဘော အဒူရာဒါ ရစ်သည် သက်တော် ၈၆ နှစ်ရှိပြီဖြစ် ပြီး ကမ္ဘာပေါ်မှာ အပြင်းဆုံးအသရေ ဖျက်မှုဖြင့် ကာကွယ်စောင့်ရှောက် ခြင်း ခံထား ရသော မင်းဆက်ဖြစ် သည်။ ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော် များကို စော်ကားသူ မည် သူမဆို ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။

လူ့အခွင့်အရေးအုပ်စုများက ဘုရင်၏ အသရေဖျက်မှု ဥပဒေကို ပြန်လည်ပြုပြင် ရန် အတွက် တောင်းဆိုရန် လူအများ၏သဘောထား မှတ်ချက်များ ကို တောင်းဆိုလိုက်သည်။

စစ်တပ်အာဏာ သိမ်းလိုက်သော အခါ ဘုရင်ကိုစော်ကားမှုဖြင့် အကျဉ်းကျခံ ရသော သူများသည် စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးချင်သူများဖြစ် သည်ဟု သူတို့ကဆိုသည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံရေး လှုပ်ရှားတက်ကြသူနှစ်ဦးကို ၂၀၁၃ ခုနှစ် ၊ အောက်တိုဘာလက ကပြခဲ့ သော ဘုရင်အကြောင်း ဖော်ကျူး ထားသည် တက္ကသိုလ် ပြဇာတ်ကပွဲ အတွင်း ဥပဒေချိုးဖောက်မှုဖြင့် စွဲချက် တင်ခံရသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော ဂီတပညာရှင်တစ်ဦးမှာလည်း ဖေ့စ်ဘုတ်ပေါ် တွင် ဘုရင်ကိုစော်ကားသည့် စကားများ ရေးသားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ၀န်ကြီး ချူပ်သစ် ပါရာယွတ်အိုချန်ချာ၏ အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ဗိုလ်ချုပ်ပရာယွတ်က ဘုရင်ကို အသရေဖျက်မှုက ကာကွယ်ရေးသည် အရေးကြီးကြောင်း ပြောခဲ့ သည်။

“ဥပဒေက ဘုရင်စနစ်ကို ကာကွယ်ထားတယ်။ ထိုင်းနိုင်ငံရဲ့ အင်အားက ဘုရင် မင်းဆက်နဲ့ တည်ငြိမ် မှုပဲ” ဟုဆိုသည်။

လင်းလင်း
The Ladies News Journal