လက်ရှိပဋိပက္ခများအပေါ် ‘၀’ ကြေညာချက်ထုတ်ပြန်လိုက်ပြီ


မြ၀တီမြို့တွင်တွေ့ရသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ‘၀’ပြည် သွေးစည်းလုံးညီညွတ် ရေးတပ်ဖွဲ့နှင့် ရှမ်းပြည်နယ် အ ရှေ့ပိုင်းအထူးဒေသ (၄) တို့က လတ်တလောအခြေအနေနှင့် ပတ်သက်သည့် အချက် လေးချက်ပါအထူးကြေညာချက်တစ်စောင် ကို အောက်တိုဘာ ၅ ရက် ရက်စွဲ ဖြင့် ပူးတွဲထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသော အပြော အဆိုအပြုအမူများကို ပြတ်ပြတ် သားသားဆန့်ကျင်ရှုတ်ချသည်၊ သက်ဆိုင်ရာဘက်များသည်ရန် လိုရန်မူသော စစ်ရေးလှုပ်ရှားမှု အပြုအမူများကို ချက်ချင်းရပ်စဲ ရန်၊ သက်ဆိုင်ရာဘက်များသည် အောက်တိုဘာ ၂ ရက်နောက်ပိုင်း တွင် သိမ်းပိုက်ထားသော ဒေသ နှင့် စခန်းများမှ ဆုတ်ခွာပေးကြ ရန်တို့ပါဝင်သည်။

‘‘ကောင်းပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် သူတို့ရဲ့ တောင်းဆိုချက်၊ သူတို့ရဲ့ သ ဘောထားကို ပြောလိုက်တာပါ’’ ဟု RCSS/SSA ဗိုလ်မှူးကြီးစိုင်း လှကပြောကြားသည်။

ထို့အပြင် နံပါတ် ၄ အ ချက်မှာ သက်ဆိုင်ရာအဖွဲ့အ စည်းများသည် တစ်ပြည်လုံး၏ တည်ငြိမ်မှုအခြေအနေကြီးကို အလေးထားကြပြီး ထိန်းချုပ်စာ နာသက်ညှာသော သဘောထား ကို ပိုက်ထွေးကာ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အချင်းချင်းတို့ ကြားတည်ရှိနေသော ပဋိပက္ခ များကို ဖြေရှင်းကြရမည်။ ယင်း အခြေအနေများ ဆက်လက်ဆိုး ရွားမလာစေရန်အတွက် ကာ ကွယ်ထိန်းသိမ်းသွားကြမည်၊ အရေးအခင်းများထပ်မံမဖြစ်လာ စေရေးအတွက်ပြတ်ပြတ်သား သားတားဆီးဆောင်ရွက်သွားကြ ရန် လိုအပ်သည်ဟု အထူးကြေ ညာချက်တွင်ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တပ်မတော်မှာ ရှမ်းပြည်မြောက် ပိုင်းတပ်မတော်(SSPP/SSA) အားထိုးစစ်ဆင်ခြင်းနှင့် ကရင် ပြည်နယ်အတွင်း DKBA တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခြင်းတို့နှင့် ပတ်သက်၍ ယခုထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရ သည်။

သို့သော် ယခုရက်ပိုင်းအ တွင်းရှမ်းပြည်နယ်နှင့် ကရင်ပြည် နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲ များမှာ ရပ်တန့်လျက်ရှိသည်။
7 Day

ဝေးလ်စ်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဂါရတ်ဘေးလ် လေးကြိမ်မြောက် စံချိန်တင်ရရှိ



ရီးရဲလ်မက်ဒရစ်၏ တောင်ပံကစားသမား ဝေးလ်စ် လက်ရွေးစင် ဂါရတ်ဘေးလ်သည် ကစားသမားဘဝတွင် လေးကြိမ် မြောက်အဖြစ် ဝေးလ်စ်တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကို ဆွတ်ခူးခဲ့သလို ပရိ သတ်များ ရွေးချယ်သည့် တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကိုလည်း ရရှိခဲ့သည်။

ဘေးလ် (၂၅) နှစ်သည် ရီးရဲလ်အတွက် ခြေစွမ်းပြရင်း ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ၂၀၁၄ တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းဖြစ် သည်။ ၎င်းသည် ထိုဆုကို ငါးနှစ်အတွင်းလေးကြိမ်မြောက်ရခဲ့ကာ ယခင်က ထိုဆုကို သုံးကြိမ်စီရခဲ့ ဖူးသည့် မက်ဟယူးဇ်နှင့် ဂျွန်ဟတ် ဆန်တို့ကို ကျော်လွန်ကာ စံချိန် သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘေးလ်သည် ယမန်နှစ်က ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်း ရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ရောက်ခဲ့ပြီးနောက် အသင်းနှင့် လာလီဂါ ၂၇ ပွဲကစားကာ ၁၅ ဂိုးသွင်းခဲ့ပြီး ချန်ပီယံလိဂ်၊ ယူအီး အက်ဖ်အေ စူပါဖလားနှင့် ကိုပါ ဒယ်ရေးဖလားသုံးလုံး ဆွတ်ခူးနိုင် ခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ်ကတော့ ထူးခြား တဲ့နှစ် ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်ကို ကျွန်တော်ရောက်လာခဲ့ပြီး ဆုဖလားတွေရခဲ့တယ်။ ကံကောင်း ခဲ့ပါတယ်’’ ဟု ပြောသည်။

ဝးလ်ပရိသတ်များပေး သည့် တစ်နှစ်တာကောင်းဆုံးဆု ရထားသော ဘေးလ်သည် မကြာမီ ကစားမည့် ယူရို ၂၀၁၆ ခြေစစ် ပွဲ များတွင်လည်း ဘော့စနီးယား-ဟာဇီဂိုးဗီးနားနှင့် ဆိုက်ပရပ်စ်တို့ နှင့် ပွဲများ၌ ဝေးလ်စ်လက်ရွေးစင် အသင်းတွင် ပါဝင်ကစားမည်ဖြစ် သည်။ 
 —Ref: Goal

အစွမ်းထက် “ဂျင်း” ပင်၏အာနိသင်များ။


ပင်နုပင်ပျော့မျိုးဖြစ်၏။

အမြင့်(၃)ပေမှ (၄)ပေခန့်ထိမြင့်ပြီး ရွက်ရောင် ပင်စည်မျိုး ဖြစ်သည်။

အရွက်မှာ ရွက်ဖျားချွန်းပြီး ရွက်ရင်း သွယ်သည်။

အညိုနုရောင် ရှိသောမြေအောက်ပင်စည် ဥအတတ်ရှိပြီး ဥ၏အဆစ်နေရာများ တွင်အဖတ်လေး များရှိသည်။

အေးသောဓာတ်ရှိ၏။

နှုတ်ကို မြိန်စေ၏။ ကြေကျက် လွယ်၏။

ဝမ်းမီးကို တောက်စေ၏။

သလိပ် လည်းခြေဒေါသ ကိုနိုင်၏။

ဆီးဝမ်း ကိုရွှင်စေ၏။

အဆိပ် ကိုနိုင်၏။

အသနာ၊ရင်နာ၊လေနာတို့ကိုနိုင်၏။

ပြင်းထန်သောအနာပေါက်ခြင်းနှင့်ထိခိုက်ခြင်းကြောင့်ဖြစ်သည့်ရောင်တင်းသောရောဂါများ
ပျောက်ကင်းစေသည်။

ဂျင်းစိမ်းဥတတ်အရည်နှင့်ပျားရည်ကိုရောစပ်ကာလျက်ပေးပါက နှာစေချောင်းဆိုး နှင့်ပန်းနာရင်ကြပ်ရောဂါ
များပျောက်ကင်းသည်။

ဂျင်းစိမ်းရည်နှင့်ကြက်သွန်နီဥမှညှစ်သောအရည်တို့ကိုမျှတစွာရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းများပျောက်သည်။

ဂျင်စိမ်းရည်အားနှမ်းဆီနှင့် ကြိုချက် ကာရသောဆီကိုအဆစ်အမြစ်ရောင်ရမ်းသောနေရာတွင်လိမ်းပေးသော် ဝေဒနာများလျှင်မြန်စွာသက်သာ ပျောက်ကင်းသည်။

ဂျင်းစိမ်းကိုဝါးပြီးကိုက်သောနေရာတွင်ငုံထားပါကသွားကိုက်ခြင်း၊သွားနာခြင်းများ ပျောက်ကင်းသည်။

ဂျင်းစိမ်း၊ထန်းလျှက်နှင့်ကွမ်းရွက်တို့ကို ရောကာပြုတ်သောက်သော်တုတ်ကွေးနာ ပျောက်ကင်းနိုင်ပြီး သားဖွားမိခင်များအတွက် သွေးသားစင်ကြယ်စေသည်။

Credit: Julyshwemoe

အဘိဓမ္မာနေ့နှင့်အဘိဓမ္မာတရားတော်အကြောင်းသိကောင်းစရာ အကျဉ်း


အဘိဓမ္မာနေ့
မဟာ သက္ကရာဇ် ၁၀၉ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် သုံးလူ့ထွတ်တင်ဘုရားရှင် သည် သန္တုတိ မယ်တော်မိ

နတ်သားအား အဘိဓမ္မာ တရားတော်ကို ဟောကြားခြင်းဖြင့် ကျေးဇူးဆပ်ရန် တာဝတိ ํသာနတ်ပြည်သို့ ကြွချီတော်မူသည်။

မြတ်စွာဘုရားရှင်သည် တာဝတိ ํํသာနတ်ပြည်၌ သတ္တမ၀ါကပ်တော်မူ၍ မယ်တော်မိနတ်သား အမှူးပြုသော

စကြာဝဠာတိုက်များစွာမှ လာရောက်ကြသော နတ်ဗြဟ္မာ အပေါင်းတို့အား ၀ါတွင်းသုံးလပါတ်လုံး နေ့ညမစဲ ကုသလာဓမ္မာ ၊

အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာ တရားတော်မြတ်အား ဟောကြားတော် မူခဲ့ပါသည်။

တရားဟောတော်မူစဉ် နတ်ပြည်၌ မိမိနှင့် ထပ်တူထပ်မျှ တူညီသော ကိုယ်ပွား ရုပ်ပွားတော် ဖန်ဆင်း၍ ဤမျှ

အတိုင်းအတာရှိသော တရားတော်ကိုပါ မိမိ ကိုယ်စားဟောကြားစေဟု အဓိဌာန်ပြုကာ လူ့ပြည်စန္ဒကူးနံ့သာတောသို့

ကြွရောက်တော်မူ၍ ဟောကြားတော် မူပြီးသော အဘိဓမ္မာ တရားတော် များကို အကျဉ်းချုပ်ကာ ရှင်သာရိ ပုတ္တရာအား

ဟောကြားတော်မူသည်။ ထိုတရားတော် များကိုပင် ရှင်သာရိပုတ္တရာမထရ်က မိမိ၏ တပည့် ရဟန်းငါးရာကို အကျဉ်းအကျယ်

ပြန်လည် ဟောကြားခဲ့သည်။ အဘိဓမ္မာ တရားတော် ဟောကြားခြင်းသည် ထိုနှစ် သီတင်းကျွတ်လပြည့်နေ့တွင်

ပြီးဆုံးခြင်းသို့ ရောက်ရှိသည်။ ထိုနေ့ကိုပင် အဘိဓမ္မာ အခါတော်နေ့ဟု ခေါ်တွင်ပါသည်။
ဗုဒ္ဓအဘိဓမ္မာ သည် လောက သုံးပါးနှင့် နိဗ္ဗာန်သို့ရောက်ကြောင်းတရားများကို တကယ်အစစ်အမှန်ရှိသည့်

မရမတ္တတရား (၄) ပါး တို့ဖြင့် ခွဲခြမ်း စိတ်ဖြာ ဟောကြားထားသော တရားတော် ဖြစ်၏။

ပိဋကတ်သုံးပုံ ( ဓမ္မက္ခန္ဓာ ၈၄၀၀၀)---------->
သုတ္တန်ပိဋကတ်(သတ္တ၀ါတို့၏ အသိဉာဏ်နှင့်လျှော်ညီသော ဝေါဟာရများကိုအများဆုံးသုံး ဟောထားသည့် ဝေါဟာရဒေသနာ) (ဓမ္မက္ခန္ဓာ ၂၁၀၀၀)
ဝိနယပိဋကတ်(တပည့်သာဝကများလိုက်နာရန်ဓမ္မအာဏာကိုအများဆုံးသုံးကာဗုဒ္ဓပညတ်တော်မူခဲ့သောအာဏာဒေသနာ (၀ိနည်း)) (ဓမ္မက္ခန္ဓာ ၂၁၀၀၀)
အဘိဓမ္မာပိဋကတ် (မဖောက်မပြန်မှန်ကန်သော သဘောတရားများ / အရှိတရား / အမှန်တရားကို အကြွင်းမရှိ ပြည့်စုံစွာ ဟောထားသည့် ပရမတ္တ ဒေသနာတော်) (ဓမ္မက္ခန္ဓာ ၄၂၀၀၀)

အဘိဓမ္မာ ပိဋကတ်သည် အခြား ပိဋကတ်များထက်
(၁) ဓမ္မက္ခန္ဓာ အရေအတွက် ပိုများခြင်း၊
(၂) ဟောကြားသော နည်းအရေအတွက် ပိုများခြင်း၊
(၃) သာလွန်ထူးဆန်းသည့် တရားတော်ဖြစ်ခြင်းတို့ကြောင့် (အဘိ=သာလွန်ထူးဆန်းသော ၊ ဓမ္မာ =တရားတော်) ဟု

အမည်တွင်၏။

ပရမတ် နှင့် ပညတ်

ပရမတ္တ = မရမ + အတ္ထ = မြတ်သော + အနက်သဘော
မဖောက်မပြန် တည့်မတ်မှန်ကန်သဖြင့် မြတ်သည်ဟုခေါ်ဆိုထိုက်သာ အမှန်တကယ်ရှိသည့် သဘာဝတရားများကို ပရမတ္တ

(၀ါ) ပရမတ် ဟုခေါ်၏။ ပရမတ်သည် ဉာဏ်ဖြင့် ခွဲခြမ်း စိစစ်လျှင် ဖောက်ပြန်ပျောက်ကွယ်ခြင်းမရှိဘဲ အမြဲ မှန်ကုန်မြဲမြံနေ၏။
ပညတ်သည် လူတို့သည် ခေါ်ဝေါ်ထားသောဝေါဟာရများဖြစ်ကာ အမှန်ရှိသည်ဟု ထင်ရသော်လည်း
ဉာဏ်မျက်စိဖြင့် ခွဲခြမ်းစိစစ်လျှင်ပျောက်ကွယ်သွား၏။ (ဥပမာ - လူ ၊ ခွေး ၊ ကျောင်း ၊ အိမ် ၊ မော်တော်ကား စသည့် အမည်ဝေါဟာရများ)

ပရမတ္တ (၄) ပါး

စိတ် စေတသိက် ရုပ် နိဗ္ဗာန်
(၁) (၅၂) (၂ဂ) (၁)

စိတ် = အာရုံကို သိတတ်သော တရား
စေတသိက် = စိတ်၌ မှီတွယ်၍ စိတ်ကို ခြယ်လှယ်သော သဘာဝတရား
ရုပ် = အပူအအေးစသောဆန့်ကျင်ဘက်အကြောင်းအရာများကြောင့် ဖောက်ပြန်တတ်သည့်သဘောတရား
နိဗ္ဗာန် = ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ ချမ်းသာအစစ်အမှန်တရား

စိတ် + စေတသိက်= နာမ် = အာရုံသို့ ကိုင်းညွှတ်ပြီး အာရုံသို့ သိတတ်ခြင်း

လူနှင့် သတ္တ၀ါတို့သည် နာမ် ရုပ် အစုများသာဖြစ်ကြခြင်း နိဗ္ဗာန်၌ နာမ်ရုပ် မရှိချေ။ နာမ် ရုပ်မရှိသဖြင့် ထာဝရ ချမ်းသာ၏။ ဤသို့သော အဘိဓမ္မာ တရားတော် (၇) ကျမ်းရှိ၏။

(၁) ဓမ္မသင်္ဂဏီ ( ဓမ္မ အားလုံးကိုစုဆောင်း ထားသော ကျမ်း)
(၂) ၀ိဘင် ( ဝေဖန်ဆန်းစစ်ခြင်း)
(၃) ကထာ (အမှား၊ အယူမှားများကို ဖြေရှင်းခြင်း)
(၄) ပုဂ္ဂလပညာ (ပုဂ္ဂိုလ်နှင့်တွဲ၍ တိုက်ဆိုင် စစ်ဆေးကြည့်ခြင်း)
(၅) ဓာတုကထာ (ဓါတ်သဘောအားခွဲခြမ်းခြင်း)
(၆) ရမိုက် (ပြန်လည်စုစည်း၊ တွဲတရား / အစုံ)
(၇) ပဋ္ဌာန်း (အကြောင်းအကျိုး ဆက်သွယ်ခြင်း ၊ သဘောတရား ပြသခြင်း)

ဘ၀အကြောင်း ၊ လောက အကြောင်း တို့ကို အမှန်တကယ် ရှိသည့် ပရမတ္တတရားတို့ဖြင့်ရှင်းလင်းဖော်ပြ ထားသော ဗုဒ္ဓအဘိဓမ္မာသည် အဖိုးအတန်ဆုံး ဘ၀ပညာဖြစ်ပါသည်။ မှန်ကန်သော ဘ၀အမြင်နှင့် လောကအမြင်တို့ကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသောကြောင့် လူတို့အား ချမ်းသာစေကာ ဗုဒ္ဓအဘိဓမ္မာအား သိနားလည်၍ ဗုဒ္ဓ၏ သဗ္ဗညုတ ဉာဏ်တော်ကို သံသယကင်းရှင်းစွာဖြင့် မြတ်နိုးပူဇော်နိုင်ပါပြီ။
လောကကြီးကိုလွမ်းမိုးခြယ်လှယ်နေကြသော၊ စိတ်စေတသိက်တို့ဧ။် သဘောသဘာဝများကို မခြွင်းမချန်
မှန်ကန်ပြည့်စုံစွာ၊ ဟောကြားထားသည့် ဗုဒ္ဓအဘိဓမ္မာသည် လူတိုင်းအတွက် မှန်ကန်တည့်မတ်သော၊ ဘ၀ဒသန(Life Philosophy) ဖြစ်ပေဧ။်။
လူတို့အားဆိုးသွမ်းယုတ်ညံ့ဆင်းရဲစေတတ်သည့် အကုသိုလ်စေတသိက်များကိုလည်းကောင်း၊ လူတို့ဧ။်ဘ
ဝကိုမြင့်မြတ်တင့်တယ်ချမ်းသာစေတတ်သည့် သောဘဏစေတသိက်များကိုလည်းကောင်း၊ ကောင်းမြတ်သည့်
လုပ်ငန်းများ၌ အောင်ပန်းဆင်စေတတ်သော ဗလအင်အားနှင့် အဓိပတိတရားများကိုလည်းကောင်း၊ ၀ဋ်ဆင်းရဲတွင်းမှလွတ်မြောက်စေပြီး၊အချမ်းသာဆုံးသန္တိသုခကိုရရှိစေတတ်သောကျင့်စဉ်အမှန်တရားကို လည်းကောင်း၊ဗုဒ္ဓအဘိဓမ္မာကတိတိကျကျညွန်ပြထားပါသည်။ယနေ့လောကသိပ္ပံပညာရပ်များအရှိန်အဟုန် တိုးတက်နေသော ခေတ်ကြီးတွင် တိုးတက်လျက်ရှိသော သိပ္ပံပညာနှင့် တစ်ကမ္ဘာလုံးမှအသိ အမှတ်ပြုထားသော ကမ္ဘာလုံးဆိုင်ရာဒသနိကနှင့် အတွေးအခေါ်ဘာသာရပ်(Global Science and Global Philosophy) များဧ။် (Main or Center Problem) အဓိကပြသနာရပ်ဖြစ်သော အရှိတရားနှင့်အမှန်တရားတည်း ဟူသော သဘောသဘာဝအား အဘိဓမ္မာတရားကဖြေရှင်းညွန်ပြထားခဲ့ပါဧ။်။
အဘိဓမ္မာတရားအား ဥာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာ နားလည်လာပါက (စာသဘောတရား သို့မဟုတ်
သုတပညာဖြင့်သေချာစွာနားလည်မိပါက) ခန္ဓာကိုယ်ထဲ ငါ ဟု စွဲမှတ်ယူအပ်သည့် အသက်ကောင် ၊ ၀ိဉာဉ်ကောင် ၊ လိပ်ပြာကောင် တို့ မရှိကြောင်း ကို ဘွင်းဘွင်းကြီး သိမြင်သွားပါလိမ့်မည်။ ယင်းကဲ့သို့ ငါစွဲ ဟူသည့် သက္ကာယ ဒိဠိ နှင့် ရတနာသုံးပါးအပေါ်တွင် ယုံမှား သံသယ ဖြစ်မှုတည်း ဟူသော ၀ိစိကိစ္ဆာ တို့ကင်းပလောက်အောင် အမြင်ကြည်လင်လာသည့်အခါ စူဠသောတာပန်(သောတာပန်အငယ်စား) အဖြစ်သို့ရောက်ရှိပြီး နောက်ဘ၀အတွက် အပါယ်တံခါးပိတ်လေပြီ။ ဘ၀အမြင်မှန်တည်းဟူသော အဘိဓမ္မာ မျိုးစေ့သည် လူချမ်းသာနှင့် သန္တိသုခ ဟူသည့် ထာဝရ ချမ်းသာတို့ ရှင်သန်ပေါက်ဖွားလာအောင် ဧကန်အကျိုးဆောင်ပေးမည်ဖြစ်ပေသတည်း။
ဒိုင်ယာရီကျောက်ဆောင်ဆိုဒ်မှတဆင့်

Facebook တွင် Poke လုပ်မိသောကြောင့် လူတစ်ဦး အသက်ဆုံးရ

Facebook ၏ feature တစ်ခု ဖြစ်သည့် မိတ်ဆွေ တစ်ဦးနှင့် တစ်ဦး သတိထားမိအောင် ပြုလုပ်ရသည့် Poke ပြုလုပ်မှုကြောင့် ဗြိတိန် နိုင်ငံတွင် မတော်တဆ လူသေစေမှု တစ်မှု ဖြစ်ပွားခဲ့သည်။

သူငယ်ချင်း ဖြစ်သူ၏ လက်ချက်ဖြင့် အသက်ဆုံးခဲ့ ရသည့် ရိုဗက်တို။

စကော့ ဟမ်ဖာရေး ဆိုသူ အသက်၂၅ ရှိသူသည် သူငယ်ချင်း ဖြစ်သူ ရစ်ချက် ရိုဗက်တို အသက် ၂၉နှစ်ကို သူ၏ ရည်းစားအား Facebook တွင် Poke လုပ်သည်ဟု ဆိုကာ ထိုးကြိတ် ရာမှ လူသေဆုံးမှု ဖြစ်သွားခြင်းဖြစ်သည်။ နော့တင်ဟမ် အရပ်တွင် ယင်း အမှုအခင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ကျုးလွန်သူ စကော့ကို ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။

အခင်း ဖြစ်စဉ်မှာ ၎င်းတို့ သူငယ်ချင်း နှစ်ဦးတို့ က တက္ကစီဖြင့် အတူ ပြန်လာကြပြီးနောက် ကားရပ် ထားစဉ် စကော့က ရိုဗက်တိုကို ရည်းစားနှင့် ပက်သတ်ကာ စွပ်စွဲ မေးမြန်းပြီး ထိုးကြိတ် ရာမှ ရိုဗက်တို သေဆုံးခြင်း ဖြစ်သည်။

နော့တင်ဟမ် တရားရုံး၌ ကြားနာ ရာတွင် ကားတွင်း ရှိခဲ့ကြစဉ် စကော့က ရိုဗက်တိုကို “မင်းသာ သူငယ်ချင်းကောင်း ပီသရင် ဘာကြောင့် ငါရည်စူး ထားတဲ့ မိန်းကလေး ဆီ Poke လုပ်ရ တာလဲ”ဟု စိတ်ဆိုး ဒေါသထွက်ကာ မေးမြန်းပြီး အကြိမ်ကြိမ် ထိုးကြိတ် ခဲ့ကြောင်း သိရသည်။

ရိုဗက်တိုမှာ ထိုးကြိတ်ခံရ သဖြင့် နှာခေါင်းမှ သွေးများ စီးကျ ခဲ့ရသည်။ ယင်းနောက် စကော့က ရိုဗက်တိုကို ကားပေါ်မှ တွန်းထုတ် ခဲ့ရာ ပလက်ဖောင်းနှင့် ခေါင်း ရိုက်မိ သွားခဲ့သည်။ ရိုဗက်တိုကို ဆေးရုံသို့ တင်ပို့ သော်လည်း နာရီ အနည်းငယ် အကြာတွင် သေဆုံး ခဲ့ခြင်း ဖြစ်သည်။

ကားမောင်းသူ ကလည်း စကော့က ရိုဗက်တိုကို ယခင်ကပင် သူ၏ ချစ်သူအား ဖေ့ဘုတ်ပေါ်မှ အဆက်အသွယ် ပြုလုပ်သည်ဟု စွပ်စွဲ ပြောဆိုကြောင်း ထွက်ချက် ပေးသည်။ “ရိုဗက်တိုက သူ့ ရည်းစား ဖြစ်မှန်း မသိကြောင်း ပြန်ပြော ခဲ့တယ်။ အဲ့ဒီ အချိန်မှာ အမုန်း တရားက ပြင်းထန်နေ ခဲ့ပါတယ်”ဟု ယာဉ်မောင်းက တရားရုံးတွင် လျှောက်လဲချက် ပေးခဲ့သည်။

အခင်း ဖြစ်ပွားစဉ်က စကော့သည် နေရာမှ ထွက်ပြေး ခဲ့သော်လည်း နောက်ပိုင်း မကြာမီ မှာပင် ရဲလက်သို့ ကိုယ်တိုင် လာရောက် အဖမ်းခံ ခဲ့ခြင်း ဖြစ်သည်။ သူငယ်ချင်း ဖြစ်သူ ၎င်း၏ ဒေါသကြောင့် ယခုကဲ့သို့ သေဆုံးစေ ခဲ့ခြင်း အတွက် များစွာ ကြေကွဲ နောင်တရ ကြောင်းလည်း ပြောသွား ခဲ့သည်။

Mizzima

ရုပ်ရှင် အကြိုခံစားခြင်း စုန်းပြူး


ဒီတစ်ပတ်ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ မိသားစုမေတ္တာဖွဲ့ ဒရာမာ ဇာတ်ကားလေးတစ်ကား ညွှန်ပေးလိုက်ပါတယ်။

မုန်တိုင်းက စကားပြောနည်းပြီး ဂျစ်ကန်ကန်နိုင်ပေမယ့် မိသား စုအပေါ်မှာတော့ သိတတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဖေဆုံးသွားပြီးတဲ့အချိန် သားသမီးတွေ အကုန်လုံးကျောင်းတက်နေတာကြောင့် အမေစီးပွားရေး အဆင်မပြေတာကိုသိတဲ့ မုန်တိုင်းတစ်ယောက်စာတော်ပေမယ့် ဆယ်တန်းမဖြေဘဲ အပြင်မှာကြုံရာကျပန်းအလုပ်လုပ်ခဲ့ပါတယ်။ ဆယ်တန်း မအောင်တာကြောင့် မိသားစုထဲမှာ အနှိမ်ခံခဲ့ရ သလို စိတ်မြန်တာကြောင့်လည်း မကြာခဏရန်ဖြစ်လေ့ရှိပါတယ်။ ရန်ဖြစ်လို့ အမေဆူတိုင်းသူက အပြုံးမပျက်ပေမယ့် မောင်နှမတွေနဲ့ ဆွေမျိုးတွေက အမေကို ဒုက္ခပေးတဲ့ စုန်းပြူးတစ်ယောက်အဖြစ် သတ်မှတ်တာကိုတော့ သူမခံနိုင်ပါဘူး။ မုန်တိုင်းရဲ့အကြောင်းတွေကို အကုန်သိပြီး နားလည်မှုပေး သူကတော့ သူ့ရဲ့သူငယ်ချင်း မြတ်နိုးပွင့်ဆိုတဲ့ ကောင်မလေးပါ။ မြတ်နိုးပွင့်က မုန်တိုင်းရဲ့ ဘ၀ကို စာနာပေးသလို ဆုံးလည်းဆုံးမတတ်ပါတယ်။ မုန်တိုင်းက အမေကို အရမ်းချစ်တဲ့သားဖြစ်ပြီး အိမ်ပြန်လာတဲ့ အချိန်တိုင်းမှာ အမေ့အတွက် စားစရာတစ်ခုမဟုတ်တစ်ခု အမြဲဝယ်လာလေ့ရှိပါတယ်။

မုန်တိုင်းက သူ့ရဲ့အစ်ကိုနဲ့ ညီမမှာ ချစ်သူတွေရှိနေတာကို သိပေမယ့် ဘာမှတော့မပြောသလို သူလည်း မြတ်နိုးပွင့်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ သူ့အစ်ကိုက ချစ်သူကို သစ္စာမရှိတဲ့အတွက် ပြဿနာဖြစ်လေ့ရှိပါတယ်။ သူ့အစ်ကိုကလည်း သူတို့မိသားစုတွေ ကောင်းစားဖို့ လုပ်တာဆိုပြီး အကြောင်းပြချက်ပေးပါတယ်။ တစ်ရက်မှာတော့ သူ့အစ်ကိုရဲ့ ချစ်သူညိုချောမှာ ကိုယ်ဝန်ရှိလာတာကြောင့် မုန်တိုင်းက တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကိုတော့ အောက်တိုဘာ ၂၄ ရက်ကစပြီး ရန်ကုန်နဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်မယ့် စုန်းပြူးဇာတ်ကားမှာ ဆက်လက်ရှုစားပေးကြပါ။

ဒီရုပ်ရှင်က သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့ ရိုက် ကူးထားတာဖြစ်လို့ ပရိသတ်တွေ စိတ်ကြိုက်ဇာတ်ကားတစ်ကားဖြစ်မှာပါ။

ပတ်ဝန်းကျင်အမြင်မှာ မိသားစုအတွက် စုန်းပြူးတစ်ယောက်အဖြစ် နေတိုးက ပီပီပြင်ပြင် သရုပ်ဆောင်ထားသလို မိသားစုဝင်တွေအဖြစ် သရုပ်ဆောင်တဲ့ သိင်္ဂီထွန်း၊ မင်းရာဇာ၊ သင်ဇာဝင့်ကျော်တို့ကလည်း ကျရာနေရာမှာ အကောင်းဆုံး သရုပ်ဆောင်ထားကြပါတယ်။

ခိုင်သင်းကြည်၊ သက်မွန်မြင့်တို့ကလည်း အပိုအလိုမရှိ သရုပ်ဆောင်ထားကြပါတယ်။

7Day Daily

ထိုင်းတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ ၂ ဦး အဖြစ်မှန် ထုတ်မပြောဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေးက ပြောကြားသည်။

ဇော်လင်းနှင့် ဇော်လင်းထွန်း အမည်ရ အဆိုပါ မြန်မာနှစ်ဦးကို တစ်စုံတစ်ခု လွှမ်းမိုးထားသည့် သဘောတွေ့ရှိရပြီး ၎င်းတို့ကို ဆူရတ်ဌာနီခရိုင် Kohsamuai မြို့ရှိ အကျဉ်းထောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က မေးမြန်းရာတွင် ဇော်လင်းက တုံ့ဆိုင်းတွေဝေနေပြီး ဇော်လင်းထွန်းကမူ အေးအေးဆေးဆေး ပြန်လည်ဖြေကြားကြောင်း ဦးထွန်းအေးက ပြောဆိုသည်။

“ဇော်လင်းက ပုံမှန်အနေအထား မဟုတ်ဘူး။ သူ့ရဲ့အနေအထားက တစ်ခုခုကများ လွှမ်းမိုးနေသလား စဉ်းစားစရာ ဖြစ်နေတယ်။ တစ်စုံတစ်ယောက်ကများ သူ့ကို ပြောထားတာရှိလို့ မေးခွန်းမေးတာကို ဖြေသင့် မဖြေသင့် စဉ်းစားနေတာလားလို့ ကျွန်တော်တို့ စဉ်းစားမိတယ်” ဟု ၎င်းက ရှင်းပြသည်။

၎င်းတို့ နှစ်ဦး အပါအဝင် စုစုပေါင်း မြန်မာသုံးဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရသည့် ညက အခင်းဖြစ်သည့်နေရာ အနီးတွင် ဂစ်တာတီးနေခဲ့ကြပြီး ဘီယာနှင့် ဝိုင် သောက်ထားသဖြင့် အမူးလွန်နေကြောင်း၊ ဗြိတိန်စုံတွဲ အသတ်ခံရသည့် ကိစ္စကို ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ရှိမရှိ မမှတ်မိဟုသာ အဆိုပါ မြန်မာနှစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးထွန်းအေးက ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြောဆိုချက်နှင့် ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်များမှာ ကွဲလွဲနေကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT) မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာတွင် တွေ့ရသည့် စီးကရက်အတို မျိုးရိုးဗီဇ (DNA) နှင့် မြန်မာများ၏ DNA တူညီနေကြောင်း ပြောဆိုထားသော်လည်း အလုပ်သမားများက ယင်းနေရာတွင် ဆေးလိပ်မသောက်ခဲ့ဟု ဖြေကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“မင်းတို့ ဆေးလိပ်သောက်လား မေးတော့ ဆေးလိပ်သောက်တယ်လို့ ပြန်ဖြေတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ ဆေးလိပ်မသောက်ဘူးလို့ ပြောပါတယ်။ သူတို့ ဆေးလိပ်သောက်တာက အခင်းဖြစ်တာနဲ့ ၂၅ ကိုက်လောက် ဝေးတဲ့ နေရာမှာပါ” ဟု ဦးအောင်မျိုးသန့်က ရှင်းပြသည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ကျန်မြန်မာတစ်ဦး ဖြစ်သည့် မောင်မောင်ကို အခြားတစ်နေရာတွင် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၎င်းကို တွေ့ခွင့်မပေးကြောင်း၊ မောင်မောင်သည် ယခုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို သိနေသဖြင့် သက်သေအဖြစ် ထိန်းသိမ်းထားသည်ဟု Kohsamuai မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုကြောင်း ဦးထွန်းအေးက ပြောကြားသည်။

ထိုင်းဥပဒေအရ တရားရုံးတွင် သက်သေအဖြစ် တင်ရန် ထိန်းသိမ်းထားသူကို တွေ့ခွင့်မရဟုဆိုကာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် 
တွ့ဆုံခွင့် ငြင်းပယ်ခံထားရသော်လည်း မောင်မောင်နှင့် တွေ့ခွင့်ရစေရန် ဆက်လက်ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းရှေ့နေသုံးဦး၊ မြန်မာရှေ့နေတစ်ဦး အပါအဝင် အဖွဲ့ဝင် ကိုးဦး ပါဝင်သည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်စုံတွဲ အသတ်ခံရသည့် အလောင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရှိခဲ့သည်။

From: The Voice 

မနက်ဖြန် ကန်မယ်ပွဲတွင် မြန်မာယူ-၁၉ အုပ်စုမှ တက်ရန် ရုန်းကန်ရမည်

အာရှယူ-၁၉ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ အသင်းသည် အုပ်စုတွင်းပြိုင်ဘက် ထိုင်းအသင်းမှလွဲ၍ ကျန်နှစ်သင်း၏ ခြေစွမ်းကိုမသိရှိသည့်အတွက် အုပ်စုအဆင့်မှ ကျော်ဖြတ်ရန် ရုန်းကန်ရနိုင်ကြောင်း အသင်းလက်ထောက်နည်းပြ ဦးညီညီလတ်က ပြောသည်။

‘‘အုပ်စုတွင်း ပြိုင်ဘက်တွေ ထဲမှာ ထိုင်းအသင်းကလွဲပြီး ကျန် နှစ်သင်းရဲ့ ခြေစွမ်းကို မသိဘူး။ ထိုင်းကိုတော့ ပြိုင်ပွဲနှစ်ရပ်မှာ တွေ့ဆုံထားဖူးတဲ့အတွက် ခြေ စွမ်းကိုသိနေပြီ။ ယီမင်နဲ့ အီရန် ပွဲ စဉ်တွေကို မကြည့်ရတဲ့အတွက် သူတို့ခြေစွမ်းဘယ်လိုရှိတယ်ဆို တာကို မသိဘူး’’ ဟု ၎င်းက ပြော သည်။

မြန်မာယူ-၁၉ လက်ရွေး စင်အသင်းသည် အာရှပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ကြောင့် ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ တိုက်ရိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့ သည့် အသင်းဖြစ်ပြီး အာရှအင် အားကြီးနိုင်ငံများ ပါဝင်လာသည့် အတွက် အုပ်စုအဆင့်မှ ကျော် ဖြတ်ရန်အတွက်သာ မျှော်မှန်း ထားကြောင်း နည်းပြချုပ်မစ္စတာ ဂတ်ကပြောသည်။

‘‘အာရှအဆင့် အသင်းကြီး တွေ ပါဝင်တဲ့ ပြိုင်ပွဲဖြစ်တဲ့အ တွက် အောင်မြင်မှုရရှိဖို့တော့ မျှော်လင့်လို့ မရဘူး။ အုပ်စုအဆင့်တက်ဖို့ကိုသာ အဓိကလုပ် ဆောင်သွားရမယ်။ အုပ်စုတွင်းပြိုင်ဘက်တွေရဲ့ ခြေစွမ်းထဲမှာ ထိုင်းကလွဲပြီး ကျန်နှစ်သင်းရဲ့ ခြေစွမ်းကို မသိဘူး’’ ဟု ၎င်းကပြောသည်။

အာရှယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ ခြင်းဖြစ်ပြီး အုပ်စု(က)နှင့်(ခ)ပွဲစဉ်များကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(ဂ)နှင့် (ဃ)ကို နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် အကြို ဗိုလ်လုပွဲတက်ရောက်နိုင်သော အသင်းလေးသင်းမှာ ၂၀၁၅ နယူ ဇီလန်တွင် ကျင်းပပြုလုပ်မည့် ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ် သည်။ 

From: 7Day

ကလေးမရနိုင်အောင် သားအိမ်ဝအတွင်း အားလူးထည့်တားဆီးရာမှ အားလူးသီးအမြစ်တွယ်

ကိုလံဘီယာနိုင်ငံက အသက် ၂၂ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးက ၀မ်း ဗိုက်နာကျင်တဲ့ ဝေဒနာကြောင့် ဆေးရုံတက်အလျင်အမြန်စစ်ဆေးမှုခံယူ လိုက်ချိန်မှာ သူမရဲ့မိန်းမကိုယ် သားအိမ်ဝအတွင်းမှာ ကြီးမားတဲ့အားလူး သီးအမြစ်ပွားရှင်သန်ပေါက်ရောက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကာ အလျှင် အမြန် ဖြတ်ထုတ်ပစ်လိုက်ရတယ်လို့သိရပါတယ်။
အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး လူနာရှင်ရဲ့ ပြောပြချက်အရ သူမ ရဲ့မိခင်ဖြစ်သူက ကိုယ်ဝန်မရနိုင်အောင်နဲ့ သုတ်ပိုးသန္ဓေမအောင်နိုင်အောင် တားဆီးကာကွယ်တဲ့အနေနဲ့ဖြစ်ကြောင်းဆိုပါတယ်။
မိခင်ဖြစ်သူရဲ့ စကားကို လုံးဝတစ်ထစ်ချကြီးယုံကြည်ထားတဲ့ ယင်းအမျိုးသ မီးငယ်က အားလုံးကို သားအိမ်ဝအတွင်းမှာ နှစ်ပတ်ကျော်ကြာထည့်ထားပြီး နောက်မှာ အခုလိုမခံမရပ်နိုင်အောင် နာကျင်လာတာဖြစ်တဲ့အတွက် ဆေးရုံ တက်စစ်ဆေးပြီး ခွဲစိပ်မှုပြုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
နှစ်ပတ်ကျော်ကြာပြီး တဲ့နောက်မှာ အားလူးက အမြစ်၊ အတတ်တွေပွားလာ ကာ သားအိမ်အတွင်း အသားနံရံကို ကုတ်တွယ်နေကာ ညစ်ထားသလို ဖြစ် နေတာကြောင့် နာကျင်ရတာဖြစ်တယ်လို့ တာဝန်ခံခွဲစိပ်ဆရာဝန်က ရှင်းပြ ထားပါတယ်။

From: phothutaw

စာဖိုမှူးက သူ့မိန်းကို သတ်ပြီး ချက်ပြုတ်

သြစီ စဖိုမှူးတဦးဟာ သူ့မိန်းမ ဖြစ်သူကို သတ်ပြီးတော့ ချက်ပြုတ်ထားတယ်။ ဘာကြောင့်ဆိုတာ သေချာ မသိရပါဘူး။ 



စုံတွဲတတွဲနေထိုင်တဲ့ အခန်းဆီက အနံ့ဆိုးတွေရလို့ အိမ်နီချင်းတွေက သြစတေးလျနိုင်ငံ ဘရစ်ဘိန်းက ရဲကို အကြောင်း ကြားခဲ့ပြီး အဲဒီ အခန်းကို သွားရောက် စစ်ဆေးခဲ့ရာက ထူးဆန်းတဲ့ ဖြစ်စဉ်ကို ရဲတွေ တွေ့ လိုက်ရပါတော့တယ်။ 

အဲဒီမှာ အသက် ၂၇ နှစ်အရွယ် ယောက်ျားအဖြစ်ကနေ မိန်းမ အဖြစ် လိင်အင်္ဂါပြောင်းထားတဲ့ Mayang Prasetyo ရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို မီးဖိုပေါ်က အိုးတလုံးမှာ ပြုတ်ထားတာကို ရဲတွေ က တွေ့ရ တယ်။ 

တခြား ခန္ဓာကိုယ် အစိပ်အပိုင်းတွေကိုလည်း အခန်းအပြင်က အမှိုက်အိပ်ထဲမှာ စာဖိုမှူး စုံတွဲပိုင်တဲ့ ခွေသေ
လေးတွေနဲ့ အတူ ရဲတွေက ထပ်တွေ့ရပြန်တယ်။ 

ရဲတွေ အခန်းထဲ ဝင်လာတာ သိလိုက်ရတဲ့အခါ Prasetyo ရဲ့ ခင်ပွန်း အသက် ၂၈ နှစ်အရွယ် သြစီ စာဖိုမှူး Marcus Volke က မှန်တံခါးကို ခွဲပြီး အောက် ထပ်ပေါ် ခုန်ချ ထွက်ပြေးကာ သူ့လည်ပင်းသူ ဖြတ်ပြီး အဆုံး စီရင်သွားခဲ့တယ်လို့ International Business Times သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ စာဖိုမှူးဟာ သူ့မိန်းမရဲ့ အသားတွေကို ချက်ပြုတ်ပြီး စားသောက်မှု ရှိ၊ မရှိ တော့ သတင်းမှာ မတွေ့ရပါဘူး။ 

လိင်ပြောင်းထားတဲ့ Prasetyo ဟာ တချိန်က လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ နာမည်ကြီးခဲ့သူလို့လည်း သတင်းတွေက ဆိုပါတယ်။ 

Prasetyo နဲ့ Marcus တို့ဟာ မနှစ်က နိုဝင်ဘာလ က အကျဉ်းရုံး စေ့စပ်ခဲ့တဲ့အကြောင်း ဖေ့စ်ဘုတ်ပေါ်အသိပေးခဲ့တာလို့ ဆိုပါတယ်။ 

အိမ့်သံစဉ် ~ 

ဧရာဝတီ 

စစ်သွေးကြွများကို တိုက်ဖျက်နိုင်ရေးအတွက် မြေပြင်တပ်ဖွဲ့များ စေလွှတ်ပေးရန် အနောက်နိုင်ငံများကို တူရကီသမ္မတ တောင်းဆို

ဆီးရီးယား နယ်စပ်တွင် တပ်ဖြန့်ထားသည့် တူရကီ တင့်ကားများ


ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွ များကို တိုက်ဖျက် နိုင်ရေး အတွက် မြေပြင် တပ်ဖွဲ့များကို စေလွှတ်ပေးရန် အနောက် နိုင်ငံများကို တူရကီ သမ္မတ ရီဆက်ပ်တေရစ် အယ်ဒိုဂန် က ယမန်နေ့တွင် တောင်းဆို လိုက်ကြောင်း သိရသည်။

အစ္စလာမ္မစ် စစ်သွေးကြွများ ၏ အကြမ်းဖက် တိုက်ခိုက်မှု များကို လေကြောင်းမှ တိုက်ခိုက်ခြင်း အားဖြင့် အပြီးသတ် ချေမှုန်း တိုက်ခိုက်ရန် မဖြစ်နိုင် သောကြောင့် ယင်းစစ်သွေးကြွ များကို တိုက်ခိုက်ရန် မြေပြင် တပ်ဖွဲ့များကို စေလွှတ် ပေးရန် သမ္မတ အယ်ဒိုဂန် က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စစ်သွေးကြွ များကို တိုက်ခိုက် နေသည့် တိုက်ခိုက်ရေး သမားကို လက်နက်များ နှင့် သင်တန်းများ ပေးရေး၊ အန္တရာယ် ကင်းရှင်းရေး ဇုန်နှင့် လေယာဉ် မပျံသန်းရဇုန် ကို တည်ထောင် ပေးရန် အနောက် နိုင်ငံများသို့ အယ်ဒိုဂန် က တောင်းဆို ခဲ့ကြောင်း သိရသည်။

စစ်သွေးကြွ များကို စစ်ရေးအရ တိုက်ခိုက်ရန် တူရကီ ပါလီမန် က လွန်ခဲ့သည့် သီတင်းပတ် အတွင်းက အတည်ပြု သဘောတူညီ ခဲ့သော်လည်း အဆိုပါ စစ်သွေးကြွ များသည် ယခုအခါ တူရကီနိုင်ငံ နယ်စပ်အနီး အထိ ရောက်ရှိ လာခဲ့ပြီး ယင်းနိုင်ငံ၏ လုံခြုံရေး ကိုပင် ခြိမ်းခြောက် လာခဲ့ကြောင်း သိရသည်။

ပါလီမန်၏ သဘော တူညီချက် အရ ပြည်ပ တပ်ဖွဲ့များ အနေဖြင့် လိုအပ်ပါက တူရကီ နယ်မြေများကို ဖြတ်သန်း၍ စစ်သွေးကြွ များကို တိုက်ခိုက်ရန် နှင့် အဆိုပါ ပြည်ပ တပ်များကို တူရကီ ပိုင်နက်အတွင်း ဖြန့်ကြက် ချထားခြင်း ကိုပါ ခွင့်ပြု ထားကြောင်း သိရသည်။

ယခုအခါ တူရကီ အစိုးရသည် ဆီးရီးယား နှင့် ထိစပ်နေသည့် ၄င်းတို့၏ နယ်စပ် ပိုင်နက်အတွင်း တင့်ကားများ နှင့် တပ်ဖွဲ့ အများအပြား ကို ဖြန့်ကြက် ချထားကြောင်း သိရသည်။

PyiChitThar

ထောက်လှမ်းရေးအရာရှိဟောင်း ကိုးဦး အပါအ၀င် အကျဉ်းသား ၃၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

မြင်းခြံထောင်မှ လွတ်မြောက်လာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ရောက်ရှိလာသော ထောက်လှမ်း ရေးတပ်မှ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ ကို တွေ့ရစဉ် (စိုးဇေယျထွန်း/ရိုက်တာ)

ထောက်လှမ်းရေးအရာ ရှိ ကိုးဦးအပါအ၀င် ပြစ်ဒဏ်ကျ အကျဉ်းသား သုံးထောင်ကျော် အား သမ္မတက လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွှတ်ပေးလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော စစ်ထောက်လှမ်းရေးများထဲတွင် ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ၊ ဗိုလ်မှူးကြီး အောင်ဇော်၊ ဗိုလ်မှူး ကြီးဟောင်းတင်လှ၊ ဗိုလ်မှူးကြီး မောင်မောင်သန်း၊ ဗိုလ်မှူးကြီး မြင့်ဦး၊ ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးဝင်းနိုင်၊ ဗိုလ်မှူးစန်းအောင်နှင့် ဗိုလ်မှူးနိုင်ဌေး(ဦးခင်ညွန်၏ ကိုယ် ရေးအရာရှိ)တို့ ပါဝင်ကြောင်း မိသားစုဝင်များထံမှ သတင်းရရှိ သည်။

‘‘ထောက်လှမ်းရေးတွေ ပြန် လွှတ်ဖို့ ဘယ်သူကမှ ဖိအားမပေး ဘူး။ ဘယ်နိုင်ငံကမှလည်း တောင်းဆိုတာမရှိဘူး။ သမ္မတ အနေနဲ့ သူ့အခွင့်အာဏာအရ ပုံမှန်လွှတ်ပေးတဲ့ သဘောပဲ။ လွတ်လပ်ရေးရပြီးကတည်းက အစဉ်အဆက်ဒီလိုပဲ။ နိုင်ငံတည်ဆောက်မှုမှာပါဝင်နိုင်ဖို့ အကျဉ်းကျကာလ မှာ ကောင်းမွန်စွာ နေထိုင်တဲ့သူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့ကြတာပဲ။ အခုထောက်လှမ်း ရေးဟောင်းတွေအပါအ၀င် ဘယ် အကျဉ်းသားမဆို လွှတ်ပေးခဲ့တာ ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အလဲအလှယ်လုပ်ရမယ့်သူတွေ လည်း မဟုတ်ဘူး’’ဟု သမ္မတရုံး အကြီးတန်းအရာရှိကပြောသည်။

‘‘ထောက်လှမ်းရေး ရှစ်ဦးပါ တယ်လို့ကြားတယ်။ ကျွန်တော် တို့ နိုင်ကျဉ်းကော်မတီက တင်ပြ တာမဟုတ်ပါဘူး။ သမ္မတက လွတ်ငြိမ်းခွင့်ပေးတာပါ။ ကျွန် တော်တို့ကတော့ ဘယ်သူလွတ် လွတ်ဝမ်းသာပါတယ်’’ဟု လက် ကျန်နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီဝင် ဦးရဲအောင်က ပြောသည်။

စစ်ထောက်လှမ်းရေး ထိပ်တန်း အရာရှိကြီးများ လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ‘‘သူတို့ လွတ်လာတဲ့အပေါ်မှာတော့ သူတို့ဟာ ပြည်သူလူထုအပေါ်မှာ အကြွေးရှိတယ်လို့ခံယူဖို့လိုတယ်။ အဲဒါကို ဘယ်လိုကောင်းရာ ကောင်းကျိုးတွေနဲ့ ပြန်ပေးဆပ်မလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်နေလိမ့်မယ်’’ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း ထောင်အသီးသီးမှ အကျဉ်းသား ၃၀၇၃ ဦးလွတ်မြောက်လာပြီး ယင်းတို့အထဲတွင် နိုင်ငံခြားသား ၅၈ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့ပါဝင်သည်ဟု သတင်းရရှိ သည်။

‘‘အင်းစိန်ထောင်က ၂၀၉ ဦးလွှတ်ပါတယ်။ အထဲမှာ နေ တာ တစ်နှစ်လောက်ရှိပြီ။ လွတ် ဖို့လည်း ခြောက်လ၊ခုနစ်လလိုတဲ့ သူတွေကို လွှတ်တာပါ။ အမေရိ ကန်နိုင်ငံသားတစ်ဦးနဲ့ ထိုင်ဝမ် နိုင်ငံသား တစ်ဦးလည်းပါတယ်’’ ဟု အကျဉ်းဦးစီးဌာနညွှန်ကြား ရေးမှူး ဦးမောင်မောင်အေးက ပြောသည်။

‘‘ကျွန်မက အနှစ် ၂၀ ကျ တယ်။ နိုင်ငံတော်လွတ်ငြိမ်းခွင့်နဲ့ ၁၁ နှစ် သက်သာခွင့်ရတယ်။ အထဲမှာ ၆ နှစ်နေခဲ့ရတယ်။ အခု လွတ်ဖို့ ၃ လအလိုမှာ လွတ်လာ တာပါ’’ဟု မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခဲ့သူ မတင်တင်ဝင်းက ပြောသည်။

ယခုတစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်တွင် စစ်ထောက်လှမ်း ရေးမှ အရာရှိများပါဝင်သော် လည်း နိုင်ငံရေး အကျဉ်းသမား များမပါဝင်ခြင်း၊ မီဒီယာသမား များမပါဝင်ခြင်းနှင့် တောင်သူ လယ်သမားအရေး၊ အလုပ်သမား အရေးဖြင့် အကျဉ်းကျခံနေရသူ များမပါဝင်သဖြင့် ယခုအကြိမ် လွတ်ငြိမ်းသက်သာခွင့်သည် နိုင်ငံ ရေးအရ ကြီးကြီးမားမားအကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြော သည်။ သမ္မတဦးသိန်းစိန်အနေ ဖြင့် သမ္မတသက်တမ်း သုံးနှစ် ကျော်ကာလအတွင်း အကျဉ်း သား သုံးသောင်းကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အာ ဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် အမေရိကန် သမ္မတအိုဘားမားနှင့် ကုလအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ လာရောက်ရန်ရှိပြီး ၎င်းတို့ခရီးစဉ် မတိုင်မီ တစ်လအလိုတွင် ယခုကဲ့ သို့ လွတ်ငြိမ်းချမ်းသာခွင့်များပေး ခဲ့ခြင်းဖြစ်သည်။ လက်ရှိစာရင်း ဇယားများအရ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီလာ ရောက်စဉ်က အထူးဆွေးနွေးထား သည့် ယူနတီသတင်းထောက် များလွတ်ငြိမ်းစာရင်းတွင် မပါ ၀င်ကြောင်း ယူနတီ ဂျာနယ် သတင်းထောက် ကိုလူမော်နိုင်၏ ဇနီးမလွင်လွင်မြင့်က ပြောကြား သည်။

အမေရိကန်သမ္မတ၊ ကုလ အတွင်းရေးမှူးချုပ်တို့ ခရီးစဉ်နှင့် မဆိုင်ဘဲ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင်ပါဝင်ရန် လမ်းဖွင့်ပေးခြင်းသာ ဖြစ်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ် သက်၍ သမ္မတရုံးမှ အထက်ပါ အရာရှိက ငြင်းဆိုပြောကြားသည်။

သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က) နှင့် အညီ အကျဉ်းထောင်အသီးသီး တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

‘‘အခုလွှတ်လိုက်တဲ့ ထောက်လှမ်းရေးဟောင်းတွေအားလုံးက တကယ့်ကို Key Player တွေ ပေါ့။ ဗိုလ်မှူးနိုင်ဌေးဆို ဗိုလ်ချုပ် ခင်ညွန့်ရဲ့ တကယ့် လက်ရင်း တပည့်။ ဗိုလ်ခင်ညွန့်ဆုံးဖြတ် ချက်တော်တော်များများမှာ သူ့ အကြံယူရတယ်။ တော်တော် လည်း သြဇာညောင်းတဲ့သူ။ ဗိုလ် မှူးမင်းသူတို့။ ဗိုလ်မှူးချုပ်သိန်း ဆွေတို့ဆိုလည်း တကယ့်ကို Key Player တွေ။ ဒီလူတွေကို အခုစမ်းလွှတ်ကြည့်ပြီးတဲ့နောက် စောင့် ကြည့်ပြီး ဘာလှုပ်ရှားမှု၊ ဘာ Counter မှ မရှိဘူးဆိုရင် အထဲမှာ ကျန်နေတဲ့ ထောက်လှမ်းရေး ၁၆ ယောက်လည်း တဖြည်းဖြည်းနဲ့ လွတ်မယ်လို့ မျှော်လင့်တယ်’’ ဟု တပ်မတော်အရာရှိတစ်ဦးကပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအနက် အောက်တိုဘာ ၇ ရက်တွင် အင်း စိန်ထောင်မှ ၂၀၉ ဦး၊မန္တလေး ထောင်မှ ၁၆၀ ကျော်၊ ဧရာဝတီ တိုင်းမှ ၂၁၀ ဦး၊ ပခုက္ကူမှ ၁၀ ဦး အသီးသီးလွတ်မြောက်လာ ကြောင်း သတင်းရရှိသည်။
7 Day