ခင်ပွန်းဖြစ်သူ အဝေးမှာ အလုပ်သွားလုပ်နေစဉ် ယောက္ခထီး ဖြစ်သူက မုဒိန်းကျင့်၍ ကိုယ်ဝန်ရသွားသော မိန်းကလေး


အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh တွင် တည်ရှိသော Muzaffarnagar မှ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးအား သူမ၏ ယောက္ခထီးက သူမခင်ပွန်း အဝေးတွင် အလုပ်သွားလုပ်နေတုန်း တစ်နှစ်ကြာခန့် အဓမ္မပြုကျင့်ခဲ့သဖြင့် ကိုယ်ဝန်လွယ်ထားရကြောင်း သိရသည်။

ထိုအမျိုးသမီး၏ ခင်ပွန်းဟာ ဒူဘိုင်းမှာ အလုပ်သွားလုပ်နေတုန်း လွန်ခဲ့သည့် ရှစ်လခန့်က ခင်ပွန်း၏ဖခင်ဖြစ်သူ သူမ၏ ယောက္ခထီးက သူမအား ၎င်းနှင့် အတူအိပ်ရန် ဖိအားပေးပြီး အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထိုအဓမ္မပြုကျင့်သည်ကို ဗွီဒီယိုမှတ်တမ်းတင်ခဲ့ကာ သူမအား ခြိမ်းခြောက်ကာ ဆက်လက် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ခြောက်လက အိမ်သို့ ခဏပြန်ရောက်လာသည့် ခင်ပွန်းအား ထိုအဖြစ်အပျက်များ ပြောပြရာ ခင်ပွန်းနှင့် ခင်ပွန်း၏မိခင် (သူမ၏ယောက္ခမ)တို့က ထိုသို့ပြောခဲ့သည့် သူမအား ရိုက်နှက်ခဲ့ကြသည်ဟု သိရသည်။

ယခုအခါ ကိုယ်ဝန်ခုနှစ်လလွယ်ထားရသော သူမက သူမအား အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့သည့် ယောက္ခထီးကို အာဏာပိုင်များက အရေးယူပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
သို့သော် သူမအား အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့သူ သူမ၏ ယောက္ခထီးက သူ့အား ခင်ပွန်းအဖြစ် သတ်မှတ်ရန် နှင့် သူမလက်ထပ်ယူထားခဲ့သော ခင်ပွန်းအား သားအဖြစ် သတ်မှတ်ရန် စဉ်းစားဖို့ ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ပြုမည်ဆိုပါက သူမဟာ သူမခင်ပွန်းကို ကွာရှင်းပြတ်စဲရမည်ဖြစ်ကာ သူမလွယ်ထားသော ဗိုက်ထဲက ကလေးဟာ သူမခင်ပွန်း၏ ညီငယ်လေးဖြစ်လာမည်ဟု သိရသည်။
သူမကမူ ဗိုက်ထဲက ကလေးအား ဖျက်ချပစ်ဖို့ နောက်ကျနေပေမယ့် သူမအား ဖျက်ချခွင့်ပေးဖို့ နှင့် ယောက္ခထီးအား အရေးယူပေးဖို့ တောင်းဆိုထားကာ ထိုသို့မဟုတ်ပါက အဆိပ်သောက်ပြီး သူမဘာသာ သေကြောင်းကြံမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

၂၀၀၅ခုနှစ်ကလည်း Imrana မုဒိမ်းမှု၌ အမျိုးသမီးအား သူမ၏ ယောက္ခထီးက အဓမ္မပြုကျင့်ခဲ့ရာ ကျေးရွာမှ သက်ကြီးဝါကြီးများနှင့် အစ္စလာမ်တရားရုံးက မုဒိမ်ပြုကျင့်ခဲ့သည့် ယောက္ခထီးအား ခင်ပွန်းအဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ရာ တနိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီးမှ အဓမ္မပြုကျင့်ခဲ့သော ယောက္ခထီးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အစပထမပိုင်းက မုဒိမ်းမှုကျူးလွန်ခဲ့သော ထိုယောက္ခထီးအား (၁၀)နှစ်ထောင်ဒဏ်ပေးခဲ့ပေမယ့် နောက်ပိုင်းတွင် ဆန္ဒပြခြင်းတို့ကြောင့် သုံးနှစ်သို့ လျှော့ချခဲ့ကြောင်း သိရသည်။

World Myanmar

0 comments:

Post a Comment