အင်္ဂလန်လား၊ ပြင်သစ်လား ရော်နယ်ဒို ကြိုက်ရာရွေး





ဘောလုံးစတား ခရစ္စတီယာ နိုရော်နယ်ဒို ကတော့ လာမယ့်နွေ ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာတော့မယ် လို့ ဖွင့်ဟ လိုက်ပါပြီ။ ၂ဝဝ၉ ခုနှစ်မှာ အင်္ဂလန်ထိပ်သီး မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ရီးရဲလ်ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေးပေါင်သန်း ၈ဝ နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ရော်နယ်ဒို တစ်ယောက် ဘယ်အသင်းကိုပြောင်း မလဲဆိုတာ ဘောလုံး ပရိသတ်တွေ အတွက် စိတ်ဝင်စား စရာ ကောင်း နေပါပြီ။

ရီးရဲလ်နဲ့ ခုနစ်နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ရော်နယ်ဒို ဘယ် အသင်းကို ရွေးချယ်မလဲ။ အဖြစ် နိုင်ဆုံး ကတော့ အသင်းဟောင်း မန်ယူ နဲ့ ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီတို့ပဲ ဖြစ်ပါတယ်။

မန်ယူက ကစားသမားဟောင်း ရော်နယ်လ်ဒို ကိုပြန်ခေါ်ဖို့ အရင် က နှစ်ကြိမ် တိုင်တိုင် ကြိုးပမ်းဖူး ပါတယ်။ အခု ဆိုပြောင်းရွှေ့ကြေး ပေါင်သန်း ၉ဝ အထိသုံးပြီး ရော် နယ်ဒိုကိုပြန်ခေါ်ဖို့ မန်ယူကစတင် ကြိုးစားနေပြီ လို့ သတင်းတွေက ဆိုပါတယ်။ လုပ်ခ လစာကိုလည်း တစ်နှစ်ပေါင် ၁၅ သန်းပေးဖို့ ဒီလောက် ငွေကြေး သုံးမယ် ဆိုရင် တောင် ရော်နယ်ဒို ကို ခေါ်ယူနိုင် မယ်လို့ အာမခံချက် မရှိပါဘူး။

ဘာလို့လဲ ဆိုတော့ ပီအက်စ်ဂျီ ကလည်း ငွေပုံပေးပြီး ရော်နယ်ဒိုကို ခေါ်မယ်လို့ လေသံ ပစ်ထားလို့ပါ။

ဒီလို အနေအထားတွေကြောင့် အသင်းဟောင်း မန်ယူနဲ့ပဲ ပြန်လက် တွဲမလား၊ စိန်ခေါ်မှု အသစ်တွေ အတွက် ပြင်သစ်ကို သွားမလား ဆိုတာ ရော်နယ်ဒိုက ဆုံးဖြတ်ရမှာ ပါ။ အသက် ၃၁ နှစ်ပြည့်တော့ မယ်ဆိုပေမယ့် ရော်နယ်ဒို ရဲ့ ပြောင်း ရွှေ့ကြေးဟာ ကမ္ဘာ့ စံချိန်တင်ပဲ ဖြစ်လိမ့်မယ်လို့ အများကခန့်မှန်း ထားကြပါတယ်။

Ref : BBC: Daily Mirror

ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကို စောင့်ရှောက်ပေးနေသော ၆ နှစ်အရွယ်သာရှိသေးတဲ့ သားလိမ္မာလေး

တရုတ်နိုင်ငံက အသက်ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦးသည် လျှာကင်ဆာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေသော ဖခင်ဖြစ်သူကို စောင့်ရှောက်မှု ပေးနေသောကြောင့် ချီးကျူးခံခဲ့ရကြောင်း သိရသည်။ အသက်ငယ်သူ ဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ ကျန်းမာရေး ကိစ္စတွေအပြင် အခြား အိမ်မှုကိစ္စတွေကိုလည်း ဆောင်ရွက်နေရခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Shaoxing အရပ်ဒေသတွင် နေထိုင်သည့် သားငယ်လေး ၀မ်မှာ ပြီးခဲ့သည့်နှစ်လက လျှာကင်ဆာရောဂါ ခံစားနေရသော ဖခင်ဖြစ်သူကို အသက်အရွယ်နှင့် မလိုက်အောင် ပြုစုပေးနေရခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူ ဇာအိုတူသည် ချောင်းတွေ ရုတ်တရက် ဆိုးလာပြီးနောက် စစ်ဆေးမှုခံယူရာ ကင်ဆာနောက်ဆုံး အဆင့်ကို ရောက်နေခြင်း ဖြစ်သည်။ သားငယ်လေး ၀မ်တွင် မိခင်ရှိသော်လည်း စိတ်ကျန်းမာရေး မကောင်းသောကြောင့် ခွဲခြားထားရသည်။ ထို့ကြောင့် ၀မ်သည် မိသားစု ကိစ္စတွေကို လုပ်ဆောင်ပေးနေရသည်။ ဆွေးမျိုးများက ကူညီပေးနေသော်လည်း အနီးကပ် ပြုစုရေး တာဝန်ကို ၀မ်က ယူထားရသည်။ ၀မ်သည် အတန်းပညာ သင်ယူနေဆဲ ဖြစ်သည်။ ၀မ်၏ ဖခင်ဖြစ်သူက ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသပြီး အသက်ရှည်အောင် ကြိုးစားကာ သားဖြစ်သူကို ပြုစု စောင့်ရှောက်ချင်ကြောင်း၊ သားဖြစ်သူသည် မိမိတို့အပေါ် ကျေးဇူးရှိကြောင်း ၀မ်းနည်းစွာ ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် သားငယ်လေးဝမ်ကို ကျောင်းပြီးဆုံးအောင် တက်နိုင်ရေး ကူညီသွားမည် ဖြစ်သော်လည်း အနာဂတ်အတွက် မည်သို့ လုပ်ပေးရမည်ကို မသိရှိကြသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
The Messenger

ရင်သား အသားပေးထားသည့် ဆွဲဆောင်မူရှိသော သတင်း တင်ဆက်သူကြောင့် ကြည့်ရူသူများပြားလာ

အယ်လ်ဘေးနီးယား နိုင်ငံရှိ ရုပ်သံဌာနတစ်ခုသည် ထူးခြားမူတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းမှာ ရုပ်သံသတင်း တင်ဆက်သူကို ဆွဲဆောင်မူရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၁) နှစ်သာ ရှိသေးသည့် တက္ကသိုလ် ကျောင်းသူ ဘာရာကာသည် သတင်းတင်ဆက်သူ အလုပ်ကို လျှောက်ထားရာတွင် ပထမဆုံး ကင်မရာစမ်းသပ်မှု ပြုလုပ်ခဲ့ရာ လိင်အသားပေးပုံစံ ၀တ်ဆင်လာခဲ့သည်။ ဘာရာကာ ၀တ်ဆင်ခဲ့သော အ၀တ်အစားသည် ရင်သားများကို အသားပေး ဖော်ထားခြင်း ဖြစ်သည်။ အပေါ်မှ ထပ်ဝတ်ရသော ၀တ်စုံကိုသာ ၀တ်ဆင်ပြီး သတင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တင်ဆက်မှုကို ရုပ်သံဌာနမှ တာဝန်ရှိသူများက နှစ်သက်ခဲ့ပြီး ချက်ချင်းအလုပ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် ဘာရာကာသည် ရုပ်သံဌာနတွင် နိုင်ငံတကာသတင်း တင်ဆက်သူအဖြစ် ခန့်အပ်ခံရသည်။

ဘာရာကာသည် သတင်းများကို တင်ဆက်ရာတွင် ရင်သား အသားပေး ဖော်ထားသည့် ၀တ်စုံကိုသာ ၀တ်ဆင်ခဲ့သည်။ ယင်းသို့ ၀တ်ဆင်ခြင်းကြောင့် ပြိုင်ဘက် ချန်နယ်များကို အပြတ်အသတ် အသာရခဲ့ပြီး ကြည့်ရှုသူ တိုးပွားလာခဲ့သည်။ ဆာဘီးယားနိုင်ငံ ၀န်ကြီးချုပ်သတင်းကိုပါ တင်ဆက်ခဲ့သည်။ ထို့ကြောင့် ဘာရာကာ၏ အကြောင်းကို ဆားဘီးယားနိုင်ငံအထိ သိရှိခဲ့ကြသည်။ ယင်းရုပ်သံမှ တာဝန်ရှိသူ တစ်ဦးက ရုပ်သံတင်ဆက်သူများကို ကိုင်တွယ်ရန် မလွယ်ကြောင်း၊ ယင်းသို့ ၀တ်ဆင်ခြင်းသည် အနှောင့်အယှက် ဖြစ်လိမ့်မည် မပာုတ်ကြောင်း ပြောကြားခဲ့သည်။

ဘာရာကာသည် မိမိအနေဖြင့် အရာရာကို စဉ်းစားပြီးမှ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်ပင်မှုများလည်း ရှိခဲ့ကြောင်း၊ ယင်းသို့လုပ်ရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခဲ့ကြောင်း၊ ရုပ်သံဌာန အချင်းချင်း ပြိုင်ဆိုင်မူ မရှိသော်လည်း ချန်နယ်လိုင်းများတွင်မှု ပြိုင်ဆိုင်မူများ ရှိကြောင်း၊ မိမိ၏ ဆောင်ရွက်ချက်ကြောင့် ကြည့်ရှုသူ တိုးလာကြောင်း ပြောကြားခဲ့သည်။
The Messenger

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ (အသက် (၁၈) ပြည့်မှ ဖတ်ပါ)


အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်


တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

ကမ္ဘာ့အကြီးဆုံး စားသောက်ဖွယ်ရာကြီးများ

(အသားညှပ်ပေါင်မုန်ကြီး )


ဒီပုံထဲက အသားညှပ်ပေါင်မုန့်ကြီးဟာ အသားအလွှာပေါင်း ၄၁ လွှာ သွတ်သွင်းထားတဲ့ ပေါင်မုန့်ကြီးပါ။ ဒီအသားညှပ်ပေါင်မုန့်ကြီးကို ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့က အင်္ဂလန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ပထမ တန်းစား စားကောင်းသောက်ဖွယ်များပြသတဲ့ပွဲအတွက် ပြုလုပ်ခဲ့တာပါ။

ဒီကြီးမားတဲ့ အသားညှပ်ပေါင်မုန့်ကြီးရဲ့ အမြင့်ဟာ ၁၅ လက်မရှိပြီး ၂၄ လက်မ ကျယ်ဝန်းပါတယ်။ ဒီ အသားညှပ်ပေါင်မုန့်ကြီးထဲမှာ ၀က်ပေါင်ခြောက် ၁၄၄၅ ဂရမ်၊ ဆလာမီ၊ ကြက်ဆင်နှင့် ၀က်ဆားနယ်ခြောက် ၂ ကီလိုဂရမ်၊ ၀က်အူချောင်း၊ အမဲအူချောင်း ၁ ကီလိုဂရမ် နှင့် ၀က်အူချောင်းလို အမျိုးအစားတမျိုးဖြစ်တဲ့ chorizo ၇၂၀ ဂရမ်တို့ပါဝင်ပါတယ်။


ဟော့ပ်ပေါ့ပ်အစားအစာ စားသောက်ပွဲတော်


တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ Chongqing မြို့ဟာ ဟော့ပ်ပေါ့ပ် အစားအစာကို စွဲလမ်းမြတ်နိုးဆုံး မြို့တမြို့အဖြစ် လူသိများ ထင်ရှားပါတယ်။ အဲ့ဒီလိုမြို့မှာ လူပေါင်းမြောက်များစွာ ပါဝင်ဆင်နွှဲကြတဲ့ ဟော့ပ်ပေါ့ပ် စားသောက်ပွဲကြီးကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့တာပါ။

ပုံမှာမြင်တဲ့အတိုင်းပါပဲ။ အလွန်ကြီးမားကျယ်ပြန့်သော ဟော့ပ်ပေါ့ပ်အိုးကြီးပုံစံပြုလုပ်ထားတဲ့ အိုးရဲ့ ပတ် ပတ်လည်မှာ မြောက်များစွာသော လူတွေဟာ ဟော့ပ်ပေါ့ပ် အစားအစာကို မြန်ရေယှက်ရေ စားသောက် နေ ကြတာပါ။


ကမ္ဘာ့အကြီးဆုံး ကြက်ဥကြော်


ဒီပုံမှာ မြင်ရတဲ့ ကြက်ဥကြော်ကြီးကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးကြက်ဥကြော်ဆိုရင် မလွဲလောက်ပါဘူး။ ဒီမှာ ကြက်ဥအလုံးပေါင်း ၅၂၁၄ လုံးကို အသုံးပြုထားပြီး ဆီ ၂၀ လီတာ၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ၅၀ ကီလိုဂရမ် ပါဝင်ပါတယ်။ ကြီးမားတဲ့ ကြက်ဥကြော်ကြီးကို ပြီးခဲ့တဲ့နှစ်က ပြင်သစ်နိုင်ငံရဲ့ Haux ဆိုတဲ့ မြို့ ငယ်လေးမှာ ပြုလုပ်ခဲ့တဲ့ ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်ခြင်းပွဲတော်မှာ လူအယောက်ပေါင်း ၇၀၀ က သုံးဆောင်ခဲ့ကြပါတယ်။


ကြီးမားလှတဲ့ တို့ဖူးပြားကြီး


ဒီပုံမှာမြင်ရတဲ့ တို့ဖူးပြားကြီးကတော့ လူထောင်ပေါင်းများစွာ စားသုံးနိုင်တဲ့ တို့ဖူးကြီးပါ။ အချိန် ၈ တန်ရှိတဲ့ ဒီ တို့ဖူးကြီးကို Anhui ခရိုင်ရှိ Huainan မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့မြင်ခဲ့ရတာပါ။


ကြီးမားသောလမုန့်


တရုတ်ပြည်အလယ်ပိုင်း Xuchang မြို့ရှိ ရှော့ပင်းမော်လ်တခုမှာ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီလယ် ပွဲတော် တခုတွင် အ၀ိုင်းပတ်လည် ၃၁.၄ လက်မရှိကာ ဂျုံမှုန့် ၄၀ ကီလိုဂရမ်ပါဝင်တဲ့ ကြီးမားသော လမုန့်ကြီးကို ပြုလုပ်ခဲ့ကြပါတယ်။


သစ်သီးမျိုးစုံပါဝင်ပြီး ရှည်လျားလှတဲ့ ကိတ်မုန့်ကြီး


တရုတ်ပြည်အရှေ့ပိုင်း Anhui ခရိုင် Huaibei မြို့တော်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောင်စုံ သစ်သီးဝလံများဖြင့် တန်ဆာဆင်ထားသော စတုရန်းပုံ ၂၄ မီတာရှည်လျားတဲ့ ကိတ်မုန့်ကြီးကို ပြုလုပ်ခဲ့ ပါ တယ်။



Ref: CCTV news
ဧရာဝတီ

ဟုတ်လို့လား RCSS/SSA ရယ်



စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၅

NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး ဇူလိုင် ၁၇ ရက်နေ့တုန်းက KNU, KNU/KNLA – PC, DKBA, RCSS/SSA အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးသားဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့တုန်း က နေပြည်တော်မှာ သမ္မတနဲ့ NCA ကိစ္စလာရောက်တွေ့ဆုံဆွေးနွေးတဲ့ ကြီး ၅ ကြီးထဲမှာလည်း RCSS/SSA အဖွဲ့ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် NCA ချုပ်ဆိုဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးတွဲ ကော်မတီတစ်ရပ်ဖွဲ့မယ်ဆိုပြီး အစိုးရကဖိတ်ခေါ်ထားတဲ့ ရန်ကုန်အစည်းဝေးကို RCSS/SSA အနေနဲ့မတက် တော့ဘူး လို့ ပြောကြားလာပြန်ပါတယ်။ NCA ကိုလက်မှတ်မထိုးတော့ဘူးဆိုတဲ့ သဘောသက်ရောက် နေပါ တယ်။ အပြောင်းအလဲ မြန်လှချည်လား RCSS/SSA ရယ်လို့ပဲ ပြောချင်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ KNU နဲ့ RCSS/SSA တို့တွေ့ဆုံပြီးတဲ့နောက် အစည်းအဝေးမတက်ဖို့ဆုံးဖြတ် ခဲ့တာလို့ သိရပါတယ်။ RCSS/SSA အနေနဲ့ NCA ကို ကန့်ကွက်တဲ့ သဘောမဟုတ်ဘဲ လက်ရှိမြေပြင်တိုက်ပွဲ တွေ ရပ်ဆိုင်းပြီး နယ်မြေအေးချမ်းတည်ငြိမ်မှု ပြန်လည်ဖြစ်ထွန်းလာမှပဲ NCA ကိစ္စကို ဆက်လက်စဉ်းစားမယ် ဆိုပြီး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စိုင်းလ ကပြောကြားသွားတာဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်နေလို့ NCA မထိုးတော့ ဘူးဆိုတာအဖြေမဟုတ်ပါဘူး။ အဲဒီတိုက်ပွဲတွေ ချုပ်ငြိမ်းအောင်လို့ NCA ထိုးမှာမဟုတ်ဘူးလား။ ပြီးတော့ တိုက်ပွဲတွေဖြစ်ရတဲ့ အကြောင်းရင်းခံက လည်းရှိနေသေးတော့ RCSS/SSA အနေနဲ့ အစိုးရတပ်တွေကိုပဲ အပြစ်ပုံချနေတာ သဘာဝမကျဘူးလို့ မြင်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် NCA မထိုးတော့ဘူးလို့ RCSS/SSA ကပြောလာတဲ့အတွက် MPC မှ အဆင့်မြင့်အရာရှိ ဦးလှမောင်ရွှေက အခုလိုပြောကြားသွားပါတယ်။ “ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒီပြဿနာ တွေကိုဖြေရှင်းဖို့ နိုင်ငံရေးဆွေးနွေးဖို့လိုတယ်။ တိုက်ပွဲရပ်မှသွားရမယ်၊ တိုက်ပွဲမရပ်လို့ မသွားသေးဘူးလို့ စဉ်းစားရမယ့်အစား၊ တိုက်ပွဲရှိရင်လည်း ရှိနေမှာပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲက ဒါတွေပြီးပြတ်အောင် ဆွေးနွေး ညှိနှိုင်းဖို့လိုတယ်” လို့ မီဒီယာတွေ ကိုဖြေကြားသွားတာဖြစ်ပါတယ်။ RCSS/SSA က ပြဿနာကို မဖြေရှင်းဘဲရှောင်လွှဲလိုတဲ့စိတ်ဓာတ်ကတော့ ငြိမ်းချမ်းရေးအပေါ် တကယ်လိုလိုလားလား မရှိဘူးလို့ပဲ သုံးသပ် ချင်ပါတယ်။

RCSS/SSA ကြီးစိုးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် စည်းရုံးရေးဆင်းမယ့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေး ပါတီတွေအတွက် လုံခြုံစိတ်ချရမှုမရှိလို့ စည်းရုံးရေးယာယီရပ်နားထားပါ ဆိုပြီး သတိပေးထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။ အဲဒီတိုက်ပွဲတွေဟာ အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်လို့ဖြစ်ရတာပါဆိုပြီး RCSS/SSA ကပြောထားတာတွေ့ရပါတယ်။ တိုက်ပွဲတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ RCSS/SSA ကြိုးစားနေပြီဖြစ်ပါတယ်။ RCSS/SSA ကစည်းရုံးရေးမဆင်းဖို့တားမြစ် ပေမယ့် အစိုးရတပ်ဘက်ကတော့စည်း ရုံးရေးဆင်းမယ့် အဖွဲ့တွေကို လိုအပ်ရင်လိုက်ပါစောင့်ရှောက်ပေးဖို့အထိ လိုလား နေကြပါတယ်။ ရိုးသားမှု၊ မရိုးသားမှုဟာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပြီဖြစ်ပါတယ်။

RCSS/SSA အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလက “ ကျနော်တို့သွားလာလှုပ်ရှား တဲ့ ၁၆ မြို့နယ်အတွင်းမှာ အခြေစိုက်ပြီး ခြံလုပ်ငန်းတွေ၊ မွေးမြူရေး လုပ်ငန်းတွေလုပ်ဖို့တင်ပြထားတာပဲ၊ ကျနော်တို့သွားလာလှုပ်ရှားနေတဲ့ နယ်မြေပဲ၊ အခုကျတော့ ကျနော်တို့တပ်တွေကို လိုက်လံတိုက်ခိုက်နေတယ်။ လူထုအပေါ်လူ့အခွင့်အရေးချိုး ဖောက်နေတယ်။ 
လုံခြုံစိတ်ချရမှုမရှိတော့တဲ့ အတွက် စည်းရုံးရေးဆင်းတာတွေ ယာယီရပ်နားထားဖို့ပါ။ လုံခြုံ စိတ်ချရမှုရှိမှ စည်းရုံးရေးပြန်ဆင်းဖို့ပါ” လို့ပြောကြားသွားတာရှိပါတယ်။ ဟုတ်လို့လား စိုင်းလရယ်လို့ပဲ မေးချင်ပါတယ်။ RCSS/SSA က ၁၆မြို့နယ်ထဲမှာ လှုပ်ရှားသွားလာနေတာကို အစိုးရတပ်က အကြောင်းမဲ့ လိုက်တိုက်နေ တယ်ဆိုတာကတော့ ယုံကြည်ပေးဖို့မဖြစ်နိုင်ပါဘူး။ အဲဒီမြို့နယ်တွေထဲမှာ ကိုယ်တိုင်နေခဲ့ဖူး တဲ့အတွက် RCSS/ SSA ရဲ့ အကျင့်လေးတွေကိုလည်း အတွင်းကျကျသိနေခဲ့ပါတယ်။

RCSS/SSA လှုပ်ရှားနေတဲ့ မြို့နယ် ၁၆ မြို့နယ်ကတော့ နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ ကျေးသီး၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းပြင်း မြို့နယ်တွေ လို့ဆိုပါတယ်။ အခုရာသီဟာ ဘိန်းပေါ်တဲ့အချိန်ဆိုတော့ RCSS/SSA အဖွဲ့ခြေရှုပ်နေတာအမှန်ပါပဲ။ ဘိန်းဆက် ကြေးကောက်တယ်။ ဘိန်းစိမ်းတွေကို ဈေးနှိမ်ပြီးလိုက်ဝယ်တယ်။ ပင်လုံ၊ လဲချား၊ မိုင်းကိုင်ဘက်မှာ နေတဲ့ ဒေသခံတွေ အသိဆုံး။ ဒီရာသီရောက်ရင် RCSS/SSA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်တာထုံးစံလိုဖြစ်နေပါ ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘိန်းဖျက်တဲ့ဌာနဆိုင်ရာတွေကို နှောင့်ယှက် ပစ်ခတ်မှုတွေလုပ်လာတဲ့အတွက် အစိုးရ စစ်ကြောင်းတွေက လိုက်ပါကာကွယ်ပေးရင်း ဘိန်းဖျက်ရတာပါ။

ဘိန်းလာဖျက်ရကောင်းလားဆိုပြီး RCSS/SSA ကစပြီး ပစ်ခတ်တာဖြစ်ပါတယ်။ လင်းခေးမြို့နယ်ထဲမှာ သစ်တောအရာရှိလေးဦးကို သတ်ခဲ့တဲ့ တရားခံဟာ RCSS/SSA အဖွဲ့ပါလို့ ဒေသခံတွေကိုယ်တိုင်ပြောနေ တာပါ။ မောက်မယ်မြို့နယ်ထဲက PNLO နယ်မြေကို သွားလုပြီး ပြဿနာရှာနေ တာ RCSS/SSA အဖွဲ့ပါ။ အစိုးရတပ်တွေလှုပ်ရှားသွားလာနေတာတောင် RCSS/SSA က ဒီလောက်သောင်းကျန်းနေရင် ဒီအတိုင်းလွှတ်ထားလိုက်လို့ ကတော့ ဘယ်လောက်တောင် အနိုင်ကျင့် လိုက်မလဲစဉ်းစား သာကြည့်ပေတော့။

ငြိမ်းချမ်းရေးမလိုချင်ရင်လည်းမလိုချင်တဲ့အကြောင်း အမှန်အတိုင်းပြော ပါ။ ရွေးကောက် ပွဲတွေကို မလိုလားဘူး ဆိုရင်လည်း မလိုလားတဲ့အကြောင်း အမှန်အတိုင်းပြောပါ။ ဒေသခံတိုင်းရင်းသားတွေကို ခုတုံးမလုပ်ပါနဲ့။ RCSS/SSA ကောင်းတယ်၊ မကောင်းဘူးဆိုတာ လက်ရှိလုပ်ဆောင်ချက်တွနဲ့ တိုင်းတာတော့ မှာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာ အစိုးရတပ်ကြောင့်လို့ပြော တာထက် RCSS/SSA ကြောင့်လို့ သာ ပြောချင်ပါတယ်။ ရှမ်းပြည်နယ် နဲ့ ရှမ်းလူထုကောင်းစားရေးအတွက် ဆိုတာ ဟုတ်လို့လား RCSS/SSA ရယ်…..။

နိုင်မင်းခန့်

သဲကန္တာရကြီးများ ကျယ်ပြန့်နယ်ချဲ့လာခြင်းကြောင့်ကမ္ဘာ့စီးပွားရေးကို ဒေါ်လာဘီလီယံများစွာထိခိုက်လာ


အော်စလို စက်တင်ဘာ ၂၄

အာဖရိက တိုက်ကြီးတွင် သဲ ကန္တာရကြီးများ ကျယ်ပြန့် နယ်ချဲ့ လာ၍ လူသားများ အတွက် နေထိုင်ရေး နှင့် စီးပွားရေး ကိုပါ ထိခိုက်လာ နေပြီး ကမ္ဘာ့စီးပွားရေး ကြီးအတွက် အမေရိကန် ဒေါ်လာ ဘီလီယံများစွာထိ ကြီးမားလာ နေကာ ဒေသကြီး အတွင်း နေထိုင် လျက်ရှိကြသော လူပေါင်း သန်းချီ နေရာ ရွှေ့ပြောင်း နေထိုင်နေကြ ရကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပံ့ပိုးမှုဖြင့် ကောက်ယူ ခဲ့သော စစ်တမ်းကြီး တစ်စောင်ကို စက်တင် ဘာ ၁၅ရက်က ထုတ်ပြန်လိုက် သည်။ ကမ္ဘာကြီး၏ အတိုင်းအတာနှင့် ပြောရလျှင် ကမ္ဘာပေါ်ရှိ လယ်ယာ လုပ်ငန်း လုပ်ကိုင် နေသော မြေအကျယ်အဝန်း ၏ ၅၂ရာခိုင်နှုန်း ထိ သဲကန္တာရ ကြီးများ၏ နယ်ချဲ့မှု ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရကြောင်း The Economic of Land Degratation(ELD) ၏ ကမ္ဘာ့အနှံ့သုတေသန လုပ်ငန်းကြီး ၃ဝကျော် တို့ကို ပြုစုခဲ့ ရခြင်းမှ သိရသည်။ 

စိုက်ပျိုးမြေများ လက်လွှတ် ဆုံးရှုံးမှု အရ ဆိုပါလျှင် ဒေါ်လာ ၆ဒသမ ၃ဘီလီယံမှ ၁ဝ ဘီလီယံ ထိ တစ်နှစ် အတွင်း ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်။ စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ရ၍ လူသားတို့ စားသောက် ကြရသည့် ကောက်ပဲ သီးနှံများ မစိုက်ပျိုးနိုင်ခြင်း၊ သစ်တောကြီး များ ပျက်စီးရခြင်း၊ ဆေးဝါးဖော် စပ်ရာတွင် သုံးရသော သစ်ပင်များ နှင့် ဓာတ်သတ္တုများ ဆုံးရှုံးရခြင်း၊ သောက်ရေသန့်များ ဆုံးရှုံးခဲ့ရ ခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ စုပ်ယူသော ဒေသများ ပျက်စီး ဆုံးရှုံးခဲ့ရ ခြင်း တို့ဖြစ်ရသည်။ထို့ကြောင့် လူသန်းပေါင်း ၅ဝ ခန့် အတွက် နေစရာ အသစ်များ မဖြစ်မနေ ရှာဖွေရသော အခြေ အနေများ ဖြစ်ပွားခဲ့ရပြီး ဝမ်းရေး အတွက် လုပ်ငန်းများ ရှာဖွေခဲ့ရ သည်။ ၄င်း စစ်တမ်းကြီးသည် ၂ဝ၁၂ခုနှစ်က ကုလသမဂ္ဂ အဖွဲ့ ကြီး၏ တွေ့ရှိချက်များကို ထည့်သွင်း ရေးသားထားကြောင်း သိရသည်။
ပြည်ချစ်သား

အလှပြင်တဲ့အခါ မကြာခဏတွေ့ ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေကိုရိုးရှင်း လွယ် ကူတဲ့နည်းလေးတွေနဲ့  အဖြေ ညှိလိုက်ကြရအောင်


အလှပြင်တဲ့အခါ မကြာခဏတွေ့ ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေကိုရိုးရှင်း လွယ် ကူတဲ့နည်းလေးတွေနဲ့ အောက်ပါအတိုင်း အဖြေ ညှိလိုက်ကြရအောင်။

(၁) ပွထောင်နေတဲ့ ဆံပင်တွေအတွက် အုန်းဆီ-ခေါင်းလိမ်းဆီ က သပ်သပ် ရပ်ရပ်ဖြစ်စေသော်လဲဘဲ၊ ဆီ(လုံးဝ)မကြိုက်သူများအတွက် baby hair oil(ခေါ်)ကလေးခေါင်းလိမ်းဆီ လေးတွေလိမ်းပေးပါ (သို့ မဟုတ်)ဆံပင်ကို အပေါ်ကနေ hairspray ဖြန်းပေး ပါ။

(၂) နှုတ်ခမ်းဆိုးဆေးအနီရဲရဲတွေကို တခါတလေမှသုံးသူများက၊လက်မငြိမ်ဘဲဆိုးမိ တာကြောင့် အခန့် မသင့်ရင် ဆေးတွေဘေး သို့ ပြန့် သွားတတ်ပါတယ်။ အဲဒီ လိုမဖြစ်စေဖို့  ဦးစွာအနီရောင်နဲ့ အနီးစပ်ဆုံးတူတဲ့ နှုတ်ခမ်းဆိုးဆေး ခဲတံလိုင် နာဖြင့် နှုတ်ခမ်းကို အနားသတ်လိုင်းဖော်ရပါမယ်။ ပြီးမှ အနီရဲရဲနှုတ် ခမ်းနီကို ဆိုးပေးပါ။


(၃) ဆောင်းတွင်းမှာ အသားပပ်လို့ ခြေသလုံးတွေ ပက်ကျားအက်နေခြင်းအတွက်၊
ထွေထွေထူးထူးစဉ်းစားမနေပါနဲ့ ။ အုန်းဆီ ၃-စက်လောက်ကို လက်ထဲလောင်းချ၍
လက်ဖ၀ါး ၂-ဘက်ကိုပွတ်ကာ၊ ခြေသလုံးသားထဲစိမ့်ဝင်သွားအောင် ပွတ်သပ် လိမ်းပေးပါ။

(၄) အကြောင်းတခုခုကြောင့် လက်သည်းတွေပဲ့ထွက်တဲ့အခါ လက်သည်းညှပ် အလွယ်တကူမရှိဘူးဆိုပါစို့ ။ ဥပမာ ပဲ့နေသော လက်ညှိုးရဲ့ လက်သည်းကို လက်မရဲ့ လက်သည်းဖြင့် လက်သည်းချင်းပွတ်ကုတ်ပေးပါ(သို့ မဟုတ်) မိမိဝတ် ဆင်ထားတဲ့ ပိတ်စ ကြမ်းကြမ်းအ၀တ်ထည်ဖြင့် အဲဒီလက်သည်းကိုပွတ် တိုက်ပေးပါ။ (လက်သည်းညှပ်သေးသေးလေးတွေ၊ ဆံညှပ် နဲ့ တွယ်ဂျိပ် လေးတွေ vကို ခရီးသွား ဟန်လွှဲ အရေးပေါ်သုံးနိုင်အောင် ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားသင့်ပါတယ်)

(၅) မျက်တောင်မွှေးကို အလှပြင်တဲ့ Mascara တွေကို
နည်းနည်းသာသုံးသင့်ပါတယ်။ Mascara အမျိုးအစားတွေက တခုနဲ့ တခု
မတူညီတာကြောင့် မိမိသုံးနေကျ အမျိုးအစားမဟုတ်တဲ့ ပစ္စည်းအသစ်ကိုဝယ်တဲ့အခါ
အရောင်းကောင်တာမှာ စမ်းသပ်၍သော် လည်းကောင်း၊ အရောင်းစာရေးကို
ပစ္စည်းအသုံးပြုနည်းမေးမြန်း၍သော်လည်းကောင်း လေ့လာပြီးမှဝယ်ပါ။ အကယ်၍
Mascara သုံးတာများသွားတဲ့အခါ မျက်တောင်မွှေးကိုသုံးတဲ့  ဘရက်ရှ်လေးဖြင့်
အသာအယာဖြီးလိမ်း သုတ်သင်ပါ။

(၆) အမျိုးသားများ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ(သို
့မဟုတ်)အမျိုးသမီးတွေဂျိုင်းမွှေး နဲ့ ခြေသလုံးမွှေးရိတ်တဲ့အခါ အမွှေးရဲ
့လား ရာလမ်းကြောင်းအတိုင်း သင်တုန်းဓားကို အလိုက်သင့်ရိတ်ပေးရပါမယ်။
အကယ်၍ အမွှေးရဲ့ လားရာလမ်းကြောင်းနဲ့ ဆန့် ကျင် ရိတ်တဲ့အခါ
အရေပြားနာကျင်တတ်ပြီး မွှေးညှင်းပေါက်တွေပိတ်သွားတတ်ပါတယ်။
နာကျင်မှုသက်သာအောင်နဲ့  မွှေးညှင်းပေါက် တွေမပိတ်ရအောင် ရေဆွတ်၍ရိတ်ပေးပါ။

(၇) မျက်ခုံးမွှေးသွယ်သွယ်တန်းတန်းလေး ဖြစ်အောင် ဓား(သို့မဟုတ်)ဇာဂနာဖြင့် အနားသပ်ညှိတဲ့အခါ တခါတရံ လက်လွန်ပြီးမျက်ခုံးမွှေးတွေပါသွားတတ်ပါတယ်။ အဲဒီအခါ မိမိမျက်ခုံးမွှေးအရောင်နဲ
့အနီးစပ်ဆုံးဆင်တူတဲ့ မျက်ခုံးမွှေးဆွဲခဲတံကိုသုံး၍ လို အပ်တဲ့နေရာမှာမျက်ခုံးမွှေးဖြည့်ဆွဲပေးလိုက်ပါ။

(၈) အချို့  အမျိုးသမီးများက မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ်ညှိတဲ့
ဘရက်ရှ်(အမွှေးလေးတွေ)ကိုသုံးတတ်ကြပါတယ်။ အဲဒီ ဘရက်ရှ်တွေက ကြာလာတဲ့အခါ၊ အမွှေးလေးတွေလုံးခဲ၍ကျွတ်သွားတတ်ပါတယ်။ ဘရက်ရှ်သုံး လို့ ကောင်းစေဖို့ အတွက် ကလေးရေချိုးဆပ်ပြာ ပျော့စားဖြင့် ဆေးကြောသန့် စင်၍၊ ဘရက်ရှ်တံရဲ့ အမွှေးကိုအောက်သို့ ထား၍ တွဲလောင်းချိပ်ကာ (လုံးဝ) ခြောက် သွားတဲ့အထိ နေပူလှန်းပေးပါ။

(၉) အိုင်းလိုင်နာအရည်တွေ လေသလပ်ပြီး ပုလင်းဗူးလေးထဲမှာ ခြောက်ကပ်နေ တယ်ဆိုပါစို့ ။ ရေ ၁-စက် (သို့ မဟုတ်) ၂-စက် ထဲ့၍ ပုလင်းလေးကို နာနာလှုပ်ခါပြီး သုံးကြည့်ပါ။

အုန်းသီးအခွံကို သွားနဲ့ ခွာပြနိုင်သူ

ဖိလစ်ပိုင်လူမျိုး အမျိုးသားတဦးဟာ သူ့ရဲ့သွားတွေနဲ့ အုန်းသီးအခွံကို ကျွမ်းကျင်စွာ ခွာထုတ်ပြနိုင်ခဲ့ တာကြောင့် စိတ်ဝင်တစား လာရောက်ကြည့်ရှုသူတွေ များပြားလို့နေပါတယ်။



ဖိလစ်ပိုင်နိုင်ငံရဲ့ Bohol ကျွန်းမှာနေထိုင်တဲ့ ဘူကို ကင်း(Buko King) ဆိုသူ အမျိုးသားတဦးဟာ အုန်းသီး တလုံးကို စက္ကန်အနည်းငယ်အတွင်းမှာတင် အခွံခွာပြနိုင်ခဲ့တာပါ။



ဘူကိုကင်းဟာ ကြည့်ရှုသူပရိတ်သတ်များကို ဆွဲဆောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ ကြည့်ရှုသူပရိတ်သတ်တွေ ပြောတာကတော့ သူတို့ကို အဲ့သလို အချိန်တိုအတွင်း အုန်းသီးရဲ့အပေါ်ခွံတွေကို ခွာပြနိုင်တာ တွေ့မြင်ခဲ့ရပေမယ့် အတွင်းပိုင်းအသားကိုတော့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပြနိုင်တာ မတွေ့ရဘူးလို့ ဆိုပါ တယ်။





Ref: CCTV news
ဧရာဝတီ

တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းနှင့် တွေ့ဆုံခြင်း



အစိုးရ၏ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒဂုံစီးတီး စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း၊ သိမ်ဖြူကွင်းနှင့် ပြည်သူ့ဥယျာဉ် အစရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ် ထောက်ပြ မေးမြန်းခဲ့သူမှာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ အတိုက်အခံ အမျိုးသမီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်း ဖြစ်သည်။ သူမအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုများ အပေါ် အစဉ်အမြဲ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သော အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပြီး လွှတ်တော်တွင်း မေးခွန်းပေါင်း ၄၀၀ ကျော်နှင့် အဆိုပေါင်း ၄၀ ကျော်ကိုလည်း မေးမြန်းတင်သွင်းခဲ့သူ ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည့် ဒေါက်တာာ ညိုညိုသင်းအား ရွေးကောက်ပွဲနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - ပထမဆုံး အနေနဲ့ အန်တီ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုလေးတွေကို အကျဉ်းချုပ် ပြောပြပေးပါလား။

ဖြေ - အန်တီ ၁၉၈၈ ခုနှစ် ဥပဒေကျောင်းသူ တတိယနှစ်လောက်မှာ စပြီးတော့မြို့နယ် NLD ဗဟို လူငယ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တယ်။ ဒါကတော့ အန်တီ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု ခြေလှမ်းအစလို့လည်း
ပြောလို့ရတယ်ပေါ့။ နောက် ၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေကနေ NLD အောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းကတော့ ဒီပညာရေးဘက် လုပ်ငန်းခွင်ကို ၀င်တယ်။ နောက် အဝေးသင် တက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်တွေမှာ ကထိကအဖြစ် ဆောင်ရွက်ခဲ့တယ်။၂၀၀၇ နောက်ပိုင်းမှာ ကမ္ဘာကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး
အနေအထားကို စောင့်ကြည့်နေတဲ့ အချိန်ပေါ့။ မြန်မာ့နိုင်ငံရေး အခြေအနေကလည်း မငြိမ်မသက်နဲ့ပေါ့။ အဲဒီအချိန်မှာ အန်တီအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ်မှာ ရှိနေတဲ့ အချိန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီးတော့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ သုတေသန လုပ်ရတယ်။၂၀၀၇ မှာ နိုင်ငံရေး လောကထဲ ပြန်ဝင်ဖြစ်ခဲ့ပြီး ဒီလိုနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ၀င်လောက်တဲ့အထိ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ စိတ်ပါဝင်စား လာတယ်ပေါ့။

မေး - လာမယ့် လွှတ်တော် သက်တမ်းအတွက်ကို ကိုယ်နဲ့ရင်းနှီးပြီးသား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ မဟုတ်ဘဲ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်ရတာပါလဲ။

ဖြေ - ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ရွေးကောက် တင်မြှောက်ခြင်း ခံရတယ်။ အဲဒီမှာ ရခဲလှတဲ့ ရတောင့်ရခဲ အခွင့်အရေးလေးတွေနဲ့ အန်တီ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ဒါ ပေမဲ့ ကျွန်မတို့ တိုင်းဒေသကြီး လွှတ်တော်ဟာ နေပြည်တော်မှာ ရှိနေတဲ့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသား လွှတ်တော်တို့နဲ့ ယှဉ်ရင် ကျင်းပခွင့်တွေကအစ အဆလေးငါးဆယ် ကွာပါတယ်။ အဲဒီတော့ နေပြည်တော်မှာ လွှတ်တော်ကျင်းပခွင့် ရက်တစ်ရာရှိတိုင်း ရန်ကုန်မှာ လွှတ်တော်ကျင်းပခွင့် တစ်ရက်မရှိပါဘူး။ အဲဒီတော့ ရန်ကုန်လွှတ်တော် ကျင်းပခွင့် တစ်ရက် ဆိုရင်တောင်မှ ကျွန်မအနေနဲ့ တစ်ရက် မေးမြန်းခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။ ရန်ကုန်တိုင်း လွှတ်တော်ကို တစ်ခါ ကျင်းပရင် ခုနစ်ရက်၊ ရှစ်ရက် ကျင်းပတယ်။ ဒါပေမဲ့ အဲဒီမှာ ကျွန်မရဲ့ စကားပြောခွင့်ဟာ နှစ်ကြိမ်ထက် မပိုပါဘူး။ ဒါပေမဲ့ အန်တီ အဲဒီရတဲ့ အချိန်လေးတွေကိုပဲ အသုံးချပြီးတော့ အဆိုပေါင်းများစွာ တင်သွင်းခဲ့တယ်။ မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့တယ်။ အန်တီ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ မေးမြန်းခဲ့တဲ့ မေးခွန်းပေါင်း ၄၀၀ ကျော်ပါပြီ။ ဒီတော့ အန်တီတို့ ရန်ကုန်တိုင်း လွှတ်တော်မှာ အတိုက်အခံ အင်အားစု၊ ဒီမိုကရေစီ အင်အားစုလို့ ဆိုနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ နှစ်ဦး ပတ်ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလိုခက်ခဲတဲ့ အခြေအနေမှာ ပြည်သူ့အတွက် အန်တီ တင်သွင်းခဲ့၊ မေးမြန်းခဲ့တဲ့ အဆိုအများစုဟာ လွှတ်တော်ထဲမှာ အမြဲရှုံးခဲ့ပါတယ်။ ထိရောက်မှု မရှိခဲ့ဘူး။ နောက်ပြီး အန်တီ့ရဲ့ လွှတ်တော် သက်တမ်းတွင်းမှာ ပြည်နယ်၊ တိုင်းလွှတ်တော် ရှင်သန် သင့်သလောက် မရှင်သန်ဘူး။ အဓိကျတဲ့ ဆုံးဖြတ်ချက်တွေ ဆိုတာကလည်း နေပြည်တော်မှာရှိတဲ့ လွှတ်တော်တွေမှာပဲ လုပ်ဆောင်နိုင်တယ်၊ ထိရောက် နေတယ်ဆိုတာကို သုံးသပ်မိလို့ပါ။

မေး - အန်တီ့အနေနဲ့ NLD ပါတီကနေ ၀င်ရောက် အရွေးခံဖို့ အဆိုပြုခဲ့ပြီးနောက်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့သာ ၀င်ပြိုင်ဖြစ်ပုံလေးကို ပြည်သူသိအောင် ရှင်းပြပေးပါလား။

ဖြေ - ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီး နောက်ပိုင်းမှာ မြို့နယ် NLD က မြို့မိမြို့ဖတွေ၊ နောက်လူကြီးတွေက NLD က၀င်ပါလားဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဒါကြောင့် အန်တီ့အနေနဲ့ ကမ်းလှမ်းမှုကို
လက်ခံခဲ့တယ်။ ကိုယ်ကလည်း အရင်က NLD ရဲ့ လူငယ် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ သူဆိုတော့ ကမ်းလှမ်းမှုတွေ ရှိတဲ့အခါမှာ NLD ကိုယ်စားလှယ် အဖြစ်ပဲ ၀င်ရောက် ရွေးချယ်ခဲ့ဖို့ လုပ်ခဲ့တယ်ပေါ့။ အဓိက,ကတော့ ဒီမိုကရေစီ အင်အားစုတွေ မဲကွဲသွားမှာ စိုးတဲ့အတွက်ပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ဒီကြားထဲမှာ တစ်ဖက်က NLD ရဲ့အထက်က လူကြီးပိုင်းတွေရဲ့ ဆုံးဖြတ်ခဲ့မှုတွေအရ မပါခဲ့ဘူး။ ဒါတွေက အားလုံးလည်း သိပြီးသားပါ။ ဆိုတော့ အန်တီ့အနေနဲ့လည်း လွှတ်တော်ထဲမှာ လုပ်ဆောင်ချင်တာတွေ အများကြီး ရှိသေးတယ်။ နောက်ကိုယ့်ကို ထောက်ခံတဲ့၊ လိုလားတဲ့ မဲဆန္ဒရှင်တွေလည်း တစ်ဖက်မှာ ရှိနေသေးတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့ ။

မေး -NLD ကို ၀န်းရံဖို့ အန်တီ တိုက်တွန်းခဲ့တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အန်တီ့ မဲဆန္ဒနယ်မှာလည်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ယှဉ်ပြိုင်ရမယ့်အပေါ်မှာ မဲပေး ရွေးချယ်ရမယ့် ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ - အန်တီ့အနေနဲ့ ပြည်သူလူထုကို အသိပေးနိုင်တာ ဘာလဲဆိုတော့ ကျွန်မက ပါတီ အဖွဲ့အစည်းတစ်ခုက မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတစ်ယောက်တည်းနဲ့ အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူး။ သို့သော် ကျွန်မရဲ့ မဲဆန္ဒနယ်မှာတော့ လွှတ်တော် သုံးရပ်အတွက် သုံးမဲအတွက်ကို ပြည်သူလူထုက သုံးမဲပေးရမယ်ပေါ့။ အဲဒီတော့ အန်တီ့ကိုတော့ မဲဆန္ဒရှင် ပြည်သူတွေက မဖြစ်မနေ မဲရုံထဲကိုဝင်တာနဲ့ တစ်ပြိုင်နက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပေးရမယ်။ နံပါတ်တစ် ကျွန်မကို ပေးရမှာဖြစ်တယ်။ မဲကတ်ပြားမှာလည်း အန်တီ့ရဲ့ နာမည်က နံပါတ်တစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၀င်ဝင်ချင်း နံပါတ်တစ်ကို
ရွေးချယ်ခြင်းအားဖြင့် ပြည်သူတွေရဲ့ ဘ၀တွေသည်လည်း နံပါတ်တစ် ဖြစ်လာမယ်လို့ အန်တီ ပြောချင်ပါတယ်။ အန်တီက တစ်သီး ပုဂ္ဂလပါ။ အန်တီ့ကို မဲပေးလို့လည်း မဲမကွဲနိုင်ဘူးလို့ ထင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အများစုနိုင်မှသာ ကျွန်မတို့အားလုံး ပြောနေကြတဲ့ ပြည်သူ့အာဏာဟာ ပြည်သူ့လက်ထဲ ရောက်မှာပါ။ ဒါပေမဲ့ ကျွန်မ NLD ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်သွားမယ် ဆိုတာကလည်း ကျွန်မကို လွှတ်တော်ထဲမှာ မြင်စေချင်တဲ့ ပြည်သူ့ဆန္ဒကြောင့် ပါပဲ။

မေး - တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေက ဘာများဖြစ်မလဲ။

ဖြေ - စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ သို့သော်လည်းပဲ အားသာချက်တွေလည်း အများကြီးပါ။ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ပါတီတစ်ခုရဲ့ မူဝါဒ စည်းမျဉ်းတွေကို လိုက်နာနေဖို့ မလိုဘူး။ ပါတီတွေက သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားချက် အသီးသီး ထုတ်ထားတာ ရှိတယ်။ ဘယ်ကိစ္စ မပြောရဘူး။ ဟိုလို မလုပ်ရဘူး ဆိုတာမျိုးရှိတယ်။ အန်တီတို့ကတော့ ဒီလို
လိုက်နာစရာ မလိုဘူး။ ပြည်သူလူထု အကျိုးစီးပွားအတွက်ဆိုရင် ကျွန်မတို့က ရဲရဲကြီး ပြောလိုက်ရုံပဲပေါ့။ ဘယ်သူရဲ့ အမိန့်သြဇာအာဏာကိုမှလည်း အန်တီတို့က နာခံနေစရာ မလိုဘူး။ ပြည်သူ့မျက်နှာကိုပဲ ကြည့်ဖို့ လိုတယ်။ အကယ်၍ အန်တီသာ ပါတီတစ်ခုခုရဲ့ကိုယ်စားလှယ် ဖြစ်နေမယ်ဆိုရင် အန်တီသည် ပါတီခေါင်းဆောင် ပြောသမျှကို အရာရာ နာခံနေရမယ်။ အခုတော့ ကျွန်မ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ကျွန်မရဲ့ သခင်သည် ပြည်သူလူထုပဲဆိုတာ ထင်ရှားတယ်။ အဲဒါသည် အန်တီ့ရဲ့ အကြီးမားဆုံး အားသာချက် တစ်ခုပါပဲ။

မေး - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘယ်လောက်အထိ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ထင်ပါသလဲ ။

ဖြေ - အဓိက,ကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ နားလည်လာတယ်။ ရန်ကုန်တိုင်း အစိုးရက ပြည်သူတွေဘက်က ဘယ်လောက် အတိုင်းအတာအထိ ရပ်တည်တယ် ဆိုတာကို ပြည်သူတွေ ကွင်းကွင်းကွက်ကွက် မြင်လာတယ်။ဆိုတော့ အန်တီ့ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ငါးနှစ်သက်တမ်း အတွင်းမှာတော့ ရန်ကုန်တိုင်း အစိုးရက ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်ဖို့ မျှော်မှန်းခဲ့တယ်။ လက်ရှိလည်း တစ်စုံတရာ ပြောင်းလဲမှု ရှိလာတယ်လို့ ပြောလို့ရတယ်။ လုံးဝ အားရကျေနပ်မှုမျိုးတော့ မဟုတ်ဘူးပေါ့။ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲမှုနဲ့ နှိုင်းယှဉ်ရင်တော့ အားနည်းသေးတယ်။ ဒါကြောင့် လာမယ့် လွှတ်တော်သက်တမ်းအတွက် အန်တီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံရမယ့် အကြောင်းရင်းက ဒါကြောင့်လည်း ပါတယ်။

မေး - သန့်ရှင်းသော အစိုးရဖြစ်ဖို့ လိုတယ်။ ဒီလိုဖြစ်အောင်လည်း ဆောင်ရွက်မယ်လို့ အန်တီ ပြောကြားခဲ့ဖူးတာ ရှိတယ်ပေါ့။ ဆိုတော့ လာမယ့် လွှတ်တော်
သက်တမ်းမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးချယ်ခံရရင် ဒီအတွက် ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ - အန်တီ ကျွမ်းကျင်တာက နိုင်ငံတော် စီမံကိန်းတွေ၊ အန်တီ့ရဲ့ လွှတ်တော် သက်တမ်းတစ်လျှောက်မှာလည်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သိမ်းပိုက်တဲ့ ပြည်သူ့ အကျိုးစီးပွား ထိခိုက်စေလောက်တဲ့
စီမံကိန်းတွေကို အန်တီ ဆန့်ကျင်ခဲ့တယ်။ နောက်လွှတ်တော် သက်တမ်းအတွင်းမှာ အရွေးချယ် ခံရရင်တော့ အဲဒီအလုပ်ကို၊ အဲဒီလို စီမံကိန်းတွေကို ဆက်လက်ပြီး စိစစ်မယ်။ပယ်ဖျက်မယ်။ ရုပ်သိမ်းနိုင်သည်အထိ ကျွန်မ ဆက်လက် ဆောင်ရွက်မယ်။ ဒါ့အပြင် အန်တီ့အနေနဲ့ လက်ရှိ ဥပဒေတွေအထဲမှာ သဘောမတွေ့တဲ့ ဥပဒေ ၄၀၀ နဲ့ ၅၀၀ ကြားမှာ ရှိတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေကို အဖိနှိပ်ဆုံးသော၊ အဆိုးရွားဆုံးသော ဥပဒေတွေလို့ ပြောလို့ရမယ့် ပြည်သူလူထု အကျိုးစီးပွားကို အတားအဆီး ဖြစ်နေတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့ လုပ်သွားမယ်။ ဒါကတော့ ယေဘုယျ ပြောတာပေါ့။ တိတိကျကျ ပြောရမယ်ဆိုရင် အန်တီ့အနေနဲ့ အရင်လွှတ်တော် သက်တမ်းတွင်းမှာလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တယ်။ အန်တီကလည်း ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် ကျောင်းသား လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ အမြဲခေါင်းထဲ ထည့်ထားတယ်။ ကျောင်းသား လူငယ်တွေ အပါအ၀င် လူငယ်လူရွယ်တွေဟာ သူတို့အတွက် အာမခံချက်၊ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အာမခံမယ့် ပညာရေး စနစ်ကောင်းကို ရရမယ်။အဲဒါကြောင့် လူငယ်တွေရဲ့ ဘ၀ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဥပဒေတွေ၊ သူတို့ကို အချုပ်အနှောင် အဟန့်အတား ဖြစ်နေတဲ့ ဥပဒေတွေ ဒါတွေကိုလည်း ဖျက်ရမယ်။ ဒါပညာရေးနဲ့
ပတ်သက်လို့ပေါ့။ နောက် လယ်သမားတွေ အတွက်လည်း လုပ်ပေးချင်တယ်။ အန်တီ့ရဲ့ မဲဆန္ဒနယ်မှာတော့ လယ်သမား မရှိပါဘူး။ ဒါပေမဲ့ ဒီလယ်တွေ၊ မြေယာတွေ မတရား အသိမ်းခံရတဲ့သူတွေ၊ သူတို့တွေကို လွှတ်တော် အစီရင်ခံစာမှာ ပါတဲ့အတိုင်း အစိုးရဘက်က အကောင်အထည် ဖော်ပေးဖို့ အတွက်လည်း တစ်စိုက်မတ်မတ် လုပ်သွားမယ်။ နောက် အရေးကြီးဆုံး လုပ်ချင်တာ တစ်ခုက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မှုကို သေသေချာချာကို လုပ်ချင်တယ်။ ဘာကြောင့်ဆို ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကျွန်မတို့ အစိုးရအဖွဲ့ကနေ လာဘ်ပေး၊ လာဘ်ယူမှု လုပ်ငန်းတွေကို ထိရောက်စွာ လုပ်ကိုင် ပေးနိုင်ခဲ့တယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ လာဘ်ပေးလာဘ်ယူမှု ပ,ပျောက်ရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပြီးတော့ ဒီလာဘ်ပေး လာဘ်ယူမှု ပ,ပျောက်ရေးဆိုင်ရာ နည်းဥပဒေကိုလည်း ထိရောက်တဲ့ ဥပဒေတစ်ခုအဖြစ် ပြန်ပြင်မယ်။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းကို အစွမ်းကုန် ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ပေါ့။ နောက် ဗဟန်း ပြည်သူတွေ တရားမဲ့ ပြုကျင့်ခံရရင် အမှန်တရားဘက်က ရပ်တည် ကာကွယ်သွားမယ်။

မေး - ပါတီ ကျောထောက်နောက်ခံ မရှိတဲ့ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်ထဲ ရောက်သွားရင် အန်တီ့ အဆိုတွေ၊ မေးခွန်းတွေက ထိရောက်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ - အန်တီတို့ လွှတ်တော်ထဲမှာ ပါတီတစ်ခု အာဏာရမှ လူ့အဖွဲ့အစည်းတစ်ခု အင်အားကောင်းကောင်းနဲ့ နေရာရမှ ပြည်သူ့အတွက် လုပ်နိုင်တာ မဟုတ်ဘူး ဆိုတာကို အန်တီ့ရဲ့ ငါးနှစ်သက်တမ်းက
သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးချယ်ခံရမယ် ဆိုရင်တော့ အန်တီ့အနေနဲ့ ပြည်သူ့အတွက် တကယ်ထိရောက်မယ့် လုပ်ငန်းတွေ ပိုမို လုပ်လာနိုင်မယ်လို့ ယုံကြည်တယ်။ ရန်ကုန်တိုင်းမှာဆိုရင် အတိုက်အခံလို့ ပြောလို့ရတဲ့ အမတ်က အင်မတန် နည်းပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော် အ၀န်းအ၀ိုင်းကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့်
အန်တီ့အနေနဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရင်တော့ မဟာဗျူဟာအချို့ကို ပြောင်းလုပ်ဖို့ စဉ်းစားတယ်။ တိုင်းရင်းသား ပါတီတွေရဲ့ အကူအညီတွေလည်း အများကြီး ရမယ်လို့ မျှော်မှန်းထားတယ်။

မေး - အခု မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တဲ့အချိန် ပြည်သူတွေနဲ့ ထိတွေ့တဲ့နေရာမှာ လူထုက ဘယ်လို မေးခွန်းတွေကို အဓိက မေးကြသလဲ။ နောက် အန်တီ့အပေါ်ရော ဘယ်လို သဘောထားရှိကြတယ်လို့
ထင်ပါသလဲ။

ဖြေ - အဓိက ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာ မေးကြတာကတော့ သူတို့အနေနဲ့ အန်တီ့ကို လူကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ ပါတီကိုပေးရမယ့် အနေအထား ဖြစ်နေတယ် ပေါ့နော်။ အဲဒီအခါမျိုးတွေမှာ အန်တီ့ကို ဘာကြောင့် ပေးသင့်တယ် ဆိုတာလည်း သူတို့သိတယ်ပေါ့။ အဲဒီတော့ အန်တီ့ကို သူတို့က ရှေ့ဆက် နိုင်ငံရေး အလားအလာတွေကို မေးကြတယ်။ နောက် တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အန်တီ့ရဲ့ သဘောထားက ဘာလဲ။ နောက်တစ်ခါ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လို့ရှိရင် သူတို့အတွက် ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာလည်း သိချင်ကြတယ်။ များသောအားဖြင့် ကျွန်မသွားဖြစ်တဲ့ ရပ်ကွက်တွေကတော့ အပြုသဘောဆောင်တဲ့ မေးခွန်းတွေပဲ မေးကြပါတယ်။ ကောင်းပါတယ်။ ကျွန်မတို့ ပြည်သူတွေ နိုင်ငံရေးရေချိန် မနိမ့်ကြပါဘူး။

မေး - လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်မှုနှုန်းကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ တဖြည်းဖြည်းတော့ သွားနေတယ်ပေါ့။ သို့သော်လည်း အားရကျေနပ်တဲ့ အနေအထားတော့ မရှိပါဘူး။ အချိန်မရွေး နောက်ကြောင်း ပြန်သွားနိုင်တဲ့ အနေအထားလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ အန်တီတို့ကလည်း မြန်မြန်ရွေ့အောင် တွန်းတွန်းတိုက်တိုက်လည်း တွန်းနေတဲ့ အနေအထားပေါ့။

မေး - ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့ မဲရလဒ်အပေါ်မှာ မေးခွန်းထုတ်မှုတွေ ရှိခဲ့တယ်ပေါ့။ ဒီတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရော အန်တီ့အနေနဲ့ စိုးရိမ်စရာများ ရှိပါသလား။

ဖြေ - ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ ကျွန်မအနေနဲ့ စိုးရိမ်တာက ရေဘေးသင့် ဒေသတွေပေါ့။ အဲဒီ ဒေသတွေမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှဖြစ်ပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်။ ကျန်တဲ့ ဒေသတွေကတော့ ကျွန်မသိပ်ပြီး မစိုးရိမ်ပါဘူး။ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေလည်းပဲ အတွေ့အကြုံရှိတဲ့ ကော်မရှင်တွေ များပါတယ်။၂၀၁၀ တုန်းကလို အမှားမျိုးတွေ ထပ်ပြီး မလုပ်နိုင်လောက်ဘူးလို့တော့ မျှော်လင့်ရတာပေါ့။

မေး - အန်တီ့အနေနဲ့ ပြည်သူလူထုကို အခြားဘာများ ပြောချင်ပါသေးလဲ။

ဖြေ - အဓိက,က မဲပေးကြပါ။ ပြည်သူတွေ အနေနဲ့ မိမိကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို သေသေချာချာ စိစစ်ပြီးတော့ မဲပေးဖို့ ပြောချင်ပါတယ်။ အပြောင်းအလဲတိုင်းအတွက် ပြည်သူအားလုံးက နိုင်ငံရေးမှာ
စိတ်ပါဝင်စားခြင်းအားဖြင့် တိုင်းပြည် အနာဂတ်ကို ပုံဖော်နိုင်ပါ။ ဒီ့အတွက် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
Eleven

အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းရာ




အနုပညာ လောကအတွင်း၌ အနုပညာ အမွေကို လက်ဆင့်ကမ်း၍ အောင်မြင်သည့် မျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့သူ များစွာ ရှိခဲ့ကြသည်။ မြန်မာ့အနုပညာလောက၏ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေ သည်လည်း ထင်ရှားသော ဂီတကြယ် တစ်ပွင့်ဖြစ်သည့် အဆိုတော် မီမီဝင်းဖေကို မွေးထုတ် အောင်မြင်စေခဲ့ပါသည်။ ယခုတစ်ပတ် အနုပညာရှင်တို့၏ ငယ်ဘ၀ ဖြတ်သန်းမှု ကဏ္ဍတွင် အောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ ဖြတ်သန်းမှုများကို စုစည်း ဖော်ပြလိုက်ရပါသည်။

အဆိုတော် မီမီဝင်းဖေသည် ဖခင်ဖြစ်သူ စွယ်စုံရ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေနှင့် မိခင် ဒေါ်ခင်မြိုင်တို့၏ စတုတ္ထမြောက် သမီးဖြစ်ပြီး မွေးချင်း ငါးဦးအနက် အစ်ကိုသုံးဦး၊ မောင်တစ်ဦးတို့ရှိကာ တစ်ဦးတည်းသော သမီးဖြစ်သည်။ မီမီဝင်းဖေကို ၁၉၆၄ ခုနှစ်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်အချိန်တွင် အေးဆေးစွာ ဆော့ကစားရင်းသာ နေထိုင်လေ့ရှိသည့် မီမီဝင်းဖေသည် ဂီတသံစဉ်များကို ငယ်စဉ်ကပင် စိတ်ပါဝင်စားလေ့ရှိသူ တစ်ဦးဖြစ်သည်။

ပညာသင်ကြားရာ၌ မူလတန်းကို မန္တလေးမြို့ အ.ထ.က (၈) တွင် တက်ရောက် သင်ကြားခဲ့ပြီး အလယ်တန်းကျောင်းကို ရန်ကုန်မြို့ရှိ အ.လ.က (၄) ရန်ကင်းတွင် တက်ရောက် သင်ယူခဲ့သည်။ အထက်တန်းကျောင်းကိုမူ အ.ထ.က (၂) ရန်ကင်းတွင် သင်ယူခဲ့သူ ဖြစ်သည်။

“ ပညာရေးကတော့ ရည်ရွယ်ချက်ရှိတော့ ကြိုးစားတယ်။ မမီက ငယ်ငယ်ကတည်းက အင်္ဂလိပ်စာပေကို သင်ယူလိုတယ်။ ဒါကြောင့် ဆယ်တန်းအောင်ပြီးတဲ့အခါ ဒီဘာသာရပ်ကို သင်ယူနိုင်ဖို့ စာကြိုးစားဖြစ်တယ် ” ဟု မီမီဝင်းဖေ၏ ပညာရေး ရည်ရွယ်ချက်ကို ဖွင့်ဟပြောပြခဲ့သည်။

ဖခင်ဖြစ်သူ၏ အနုပညာ ဖန်တီးမှုများစွာကို တွေ့မြင်ရင်းနှီးနေသော်လည်း နောင်တစ်ချိန်တွင် ဂီတငွေကြယ်ပွင့် ဖြစ်လာမည့် အဆိုတော် မီမီဝင်းဖေက ဂီတသံစဉ်များကိုသာ အဓိက နှစ်ခြိုက်ခဲ့သည်ဟု သိရသည်။ ယင်းဝါသနာအတွက် ဖခင်ဖြစ်သူကလည်း စနစ်တကျ လေ့လာ ဆည်းပူးနိုင်ရန် စီစဉ်ပေးခဲ့သည်။

“ မမီက ငယ်ငယ်ကတည်းက ဂီတကိုပဲ ၀ါသနာပါတာ။ အဖေကသိတော့ နိုင်ငံခြားကနေ ဂီတသင်ကြားမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေ မှာပေးတယ်။ အဖေကိုယ်တိုင်ပဲ စနစ်တကျ သင်ပေးခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း သီချင်းတွေကိုပဲ ကြိုက်နေတဲ့ အခါကျတော့ သေချာကို လေ့လာ ဆည်းပူးဖြစ်ခဲ့တယ် ” ဟု မီမီဝင်းဖေက ဆိုသည်။

မီမီဝင်းဖေသည် အင်္ဂလိပ်ဘာသာ အဓိကဖြင့် တက္ကသိုလ် တက်ရောက်သည့် အချိန်တွင် အနုပညာ လှုပ်ရှားမှုများကို စတင် လုပ်ဆောင်ဖြစ်ခဲ့သည်။ တက္ကသိုလ် အနုပညာကပွဲများတွင် ပါဝင်သီဆိုလေ့ရှိသူ
တစ်ဦးဖြစ်သည်။ ယင်းမှတစ်ဆင့် ပထမဆုံး တေးစီးရီးအဖြစ် “ ယင်းမာ တင်ဆက်မှု အမှတ် (၁) ” ကို စတင် သီဆိုခဲ့သည်။

“ မမီကို ပရိသတ်တွေ ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ သီချင်းက နှလုံးသားမြို့တော် သီချင်းပါ။ အဲဒီ သီချင်းလေးက မို့မို့မြင့်အောင် အကယ်ဒမီရတဲ့ နှလုံးသားမြို့တော် ဇာတ်ကားထဲက သီချင်းပေါ့။ အဲဒီသီချင်းနဲ့ပဲ မမီကို ပရိသတ်တွေက ရင်းနှီးသွားခဲ့တယ်။ ပြီးတော့ ကိုထီး (စိုင်းထီးဆိုင်) ရဲ့ “ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည် ” ဆိုတဲ့ အခွေထဲမှာ စုံတွဲသီချင်းလေး တစ်ပုဒ်ဆိုခွင့်ရပြီး အဲဒီ သီချင်းလေးကလည်း ပရိသတ် တော်တော်များများ ကြိုက်ခဲ့ပါတယ် ” ဟု ပရိသတ် စတင် အသိအမှတ် ပြုစေခဲ့သည့် သီချင်းနှင့် ပတ်သက်၍ အမှတ်တရ ဆိုပါသည်။

ဂီတ လောကအတွင်း နှစ်ကာလ ကြာရှည်စွာ ဖြတ်သန်းခဲ့သူ အဆိုတော် မီမီဝင်းဖေသည် တစ်ကိုယ်တော် တေးစီးရီး ၁၅ ခွေနှင့် အတွဲတေးစီးရီး များစွာတွင် ပါဝင်သီဆိုခဲ့ကာ အောင်မြင်သည့် တေးသီချင်းပေါင်း များစွာကို သီဆိုခဲ့သူုဖြစ်သည်။ ယင်းသို့ အောင်မြင်ခဲ့သည့် တေးသီချင်းများစွာ အနက်မှ အမှတ်တရ အရှိဆုံး တေးသီချင်းတစ်ပုဒ်အဖြစ် မီမီဝင်းဖေက “ ပန်းချစ်သူ ” သီချင်းကို ရွေးချယ် ပြောပြခဲ့ပါသည်။

“ သီချင်းတွေက အများကြီးလည်း ဆိုခဲ့ပါတယ်။ ပရိသတ်တွေလည်း အားပေးခဲ့ကြတယ်။ အဲဒီထဲက အမှတ်တရ အဖြစ်ဆုံး သီချင်းဆိုရင်တော့ ပန်းချစ်သူကိုပဲ ရွေးချင်ပါတယ်။ ဒီသီချင်းလေးက မမီလည်း ကြိုက်တယ်။ ပရိသတ်တွေလည်း တော်တော်လေး ကြိုက်ကြပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို ရွေးချယ်ဖြစ်တာပါ ” ဟု အဆိုတော် မီမီဝင်းဖေက ဆိုသည်။ 

ဂီတ ဖြတ်သန်းမှု ခရီးရှည်တွင် စိတ်ကျေနပ်မှု ရရှိသည့် အချိန်များကို ပိုင်ဆိုင်ခဲ့သော်လည်း မိမိကိုယ်တိုင်၏ ဖန်တီးမှု ရလဒ်အပေါ် စိတ်တိုင်း မကျသည်များကိုလည်း ကြုံခဲ့ရဖူးသည်ဟု မီမီဝင်းဖေက ဆိုသည်။

“ မမီတို့ ခေတ်တုန်းက ဂီတလောက အခြေအနေက လက်ရှိ ဂီတလောက အခြေအနေနဲ့ဆိုရင် အများကြီး ကွာခြားတာပေါ့။ အခုကတော့ စက်ပစ္စည်းပိုင်းတွေ ပိုစုံလာတယ်။ အရည်အသွေးပိုင်းတွေ ပိုမြင့်အောင် ကြိုးစားနိုင်လာတယ်။ ဂီတ ဖန်တီးမှုအားတွေလည်း ပိုကောင်းလာပါတယ်။ အခွင့်အရေးရနိုင်တဲ့ လမ်းကြောင်းတွေလည်း ပိုများလာတယ်။ မမီတို့ ခေတ်တုန်းကတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ် လက်ခံဖို့ဆိုတာ တော်တော်ကို ကြိုးစားရတယ်။ ကြားခံ မီဒီယာ ဆိုတာကလည်း မဂ္ဂဇင်း နည်းနည်းပါးပါးလောက်ပဲ ရှိတဲ့အချိန်ပါ။ ဒါကြောင့် အများကြီး ကွာခြားတယ်လို့ ဆိုရမှာပါ ” ဟု မီမီဝင်းဖေက ဆိုသည်။

အဆိုတော် မီမီဝင်းဖေသည် ၂၀၀၇ ခုနှစ်တွင် မိဘများ ရောက်ရှိနေထိုင်လျက်ရှိရာ ပြည်ပနိုင်ငံသို့ အလည်အပတ် သွားရာမှ မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့် ခုနစ်နှစ်ခန့်ကြာ ပြည်ပတွင်သာ နေထိုင်ဖြစ် ခဲ့သည်။ လုပ်ကိုင်လက်စ အနုပညာလုပ်ငန်းများအား ရပ်နားကာ ပြည်ပတွင် နေထိုင်ခဲ့ရသည့် အချိန်ကာလများ၌ ဂီတလုပ်ငန်းများနှင့် ဂီတပရိသတ်များကို လွမ်းဆွတ် သတိရနေခဲ့ကြောင်း မီမီဝင်းဖေက ပြန်လည်ဖွင့်ဟ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာချိန်တွင် အနုပညာ လုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်ခဲ့ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်ကိုမူ မိခင်ကျန်းမာရေးအတွက် ဦးစားပေး အချိန်ပေး ဖြစ်နေသောကြောင့်
အချိန်အနည်းငယ် ကြာမှာသာ စီစဉ်နိုင်မည်ဟု ဆိုပါသည်။ တစ်ကိုယ်တော် တေးစီးရီးသစ် တစ်ခွေကို စီစဉ်လျက်ရှိပြီး လက်ရှိတွင် NLD အောင်နိုင်ရေး မဲဆွယ် လှုပ်ရှားမှုများကိုပါ လုပ်ကိုင်နေခြင်း ဖြစ်သည်။

“ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခေါ်ဆောင်သွားမယ့် သူတွေလည်း ရှိတယ်။ လိုက်ပါချင်တဲ့ သူတွေလည်း ရှိတယ်။ မမီတို့ ကိုယ်တိုင်လည်း ဒီလမ်းကြောင်းပေါ်ကို သွားချင်တယ်။ တညီတညွတ်တည်း ဒီလမ်းကြောင်းပေါ်ကို သွားဖို့ကြိုးစားနေတဲ့အချိန်မှာ ကိုယ်တတ်နိုင်တာလေး ကူလုပ်ပေးဖြစ်တာပါ ” ဟု မီမီဝင်းဖေက NLD အောင်နိုင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ဖြစ်ပုံကို ရှင်းပြသည်။

လက်ရှိ အချိန်အထိ အားပေးခဲ့သည့် ပရိသတ်များအား အဆိုတော် မီမီဝင်းဖေက “ မမီဖြတ်သန်းခဲ့တဲ့ ဂီတလမ်းကြောင်း တစ်လျှောက်လုံးမှာ ချို့ယွင်းချက်တွေလည်း ရှိခဲ့ပါတယ်။ အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေ အားလုံးကို မမီကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ဖြည့်စွက်စဉ်းစားပြီး အားပေးခဲ့ကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားသွားပါမယ်လို့ မမီ ပရိသတ်တွေကို ပြောချင်ပါတယ် ” ဟု ဆိုသည်။

အနုပညာမျိုးဆက် လက်ဆင့်ကမ်း အမွေဆက်ခံထားခဲ့သည့် အဆိုတော် မီမီဝင်းဖေက ယုံကြည်ရာ ဂီတခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနေဆဲပင်ဖြစ်ပြီး တစ်ကိုယ်တော် တေးစီးရီးသစ် တစ်ခွေကို မကြာမီ ဖြန့်ချိနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ထို့ပြင် ရတနာဦး၊ မေဆွိတို့နှင့် ပူးတွဲပြုလုပ်မည့် သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲကို ဒီဇင်ဘာလတွင် ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သတင်းစကားပါးရင်း အဆိုတော် မီမီဝင်းဖေ၏ ငယ်ဘ၀ဖြတ်သန်းမှု အစီအစဉ်ကို ရပ်နားခွင့်ပြုပါလို့။
Eleven

ဆော်ဒီတွင် ဟာ့ဂ်ျ၌ လူစုပြုံ တိုးဝှေ့မှုကြောင့် လူ ၅၀၀ နီးပါး သေဆုံး

စက်တင်ဘာ ၂၃ ရက်က ဆော်ဒီနိုင်ငံ အာရာဖတ်မြို့ရှိ နာမီရာဗလီ အပြင်ဘက်၌ ထောင်နှင့်ချီသော မွတ်စလင် ၀တ်ပြုသူများကို တွေ့ရစဉ်


ဆော်ဒီအာရေဗျတွင် နှစ်စဉ်ပြုနေကျ ဟာ့ဂ်ျ၌ စက်တင်ဘာ ၂၄ ရက်က ၀တ်ပြုသူများ စုပြုံတိုးမှုကြောင့် လူပိမှု ဖြစ်ပွားခဲ့ပြီး လူ ၅၀၀ နီးပါး သေဆုံးခဲ့သည့်အပြင် လူ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဟာ့ဂ်ျ၏ နောက်ဆုံးအဆင့် ထုံးတမ်းစဉ်လာကို ၀တ်ပြုသူ နှစ်သန်းနီးပါးက ဆောင်ရွက်နေကြစဉ် မီနာမြို့၌ လူစုပြုံလဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ထပ်မံမြင့်တက် လာနိုင်ကြောင်း ဆော်ဒီပြည်သူ့ ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

လူပြိုလဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရသေးပေ။ စေတန်ကို ကိုယ်စားပြုသော နံရံသုံးခုအနက် တစ်ခုကို ကျောက်စရစ်ခဲများဖြင့် ပစ်လွှတ်ရန် မက္ကာအပြင်ရှိ မီနာတွင် ၀တ်ပြုသူများ စုဝေးနေစဉ် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့် နှိမ်နင်းသည့် သင်္ကေတကို ဆောင်ရွက်ကြခြင်းသည် ဟာ့ဂ်ျ၏ နောက်ဆုံးနေ့တွင် ဆောင်ရွက်သည့် ထုံးတမ်းစဉ်လာဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင် ၁ ဒသမ ၅ ဘီလျံသည် စက်တင်ဘာ ၂၄ ရက်တွင် အစ္စလာမ္မစ်ပြက္ခဒိန်၏ အရေးကြီးဆုံး နေ့ရက်ဖြစ်သော အိဒ်နေ့ကို ဆင်နွှဲနေကြသည်။ ဟာ့ဂ်ျသည် အစ္စလာမ်ဘာသာ၏ မဏ္ဍိုင်ကြီး ငါးရပ်အနက် တစ်ရပ်ဖြစ်သည်။ ဟာ့ဂ်ျပြုနေကြစဉ် လူစုပြုံတိုးမှုများ၊ မီးလောင်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသော်လည်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများကြောင့် မတော်တဆမှု ကင်းစင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိပြီဖြစ်သည်။

ယခုနှစ်တွင် ဟာ့ဂ်ျအတွက် ပြင်ဆင်နေကြစဉ် စက်တင်ဘာ ၁၁ ရက်က မက္ကာ၏ Grand ဗလီတွင် ၀န်ချီစက် ပြိုကျမှုကြောင့် လူ ၁၀၉ ဦး သေဆုံးခဲ့သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့်ပစ်သည့် နေရာအနီး လမ်းကြောင်း တစ်ခုကို အကျိုးအကြောင်း မသိရဘဲ ပိတ်ခဲ့သည့် အတွက်ကြောင့် လူတိုးဝှေ့မှု ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း အီရန်က ဆော်ဒီကို စွပ်စွဲပြောကြားခဲ့သည်။ 

ဟာ့ဂ်ျကာလအတွင်း ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများ

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ဆော်ဒီရှိ မက္ကာနှင့် မီနာမြို့များ၌ ဟာ့ဂ်ျ ၀တ်ပြုကာလ ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများမှာ-

၂၀၀၆ ဇန်န၀ါရီ ၆ - မက္ကာမြို့လယ်ရှိ ဟိုတယ်တစ်လုံး ပြိုကျမှုကြောင့် လူပေါင်း ၇၆ ဦး သေဆုံးခဲ့ရသည်။

ဇန်န၀ါရီ ၁၂ - မက္ကာမြို့အနီးရှိ မီနာမြို့တွင် ပြုလုပ်သော နတ်ဆိုးနှင်သည့် ကျောက်တုံးပစ်ပွဲအတွင်း လူစုပြုံ တိုးမှုကြောင့် ၀တ်ပြုသူ ၃၆၄ ဦး သေဆုံးခဲ့ရသည်။

၂၀၀၄ဖေဖော်ဝါရီ ၁ - မီနာမြို့တွင် ပြုလုပ်သည့် နတ်ဆိုးနှင်သော ကျောက်တုံးပစ်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့်ပင် လူပေါင်း ၂၅၁ ဦး သေဆုံးခဲ့ရသည်။

၁၉၉၈ ဧပြီ ၉ - မီနာမြို့မှ နတ်ဆိုးနှင်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့် လူပေါင်း ၁၁၈ ဦး သေဆုံးခဲ့ရသည်။

၁၉၉၇ ဧပြီ ၁၅- မီနာမြို့ရှိ ၀တ်ပြုသူများနေ ထိုင်သောစခန်းတစ်ခုတွင် ဂက်စ်မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၃၄၃ ဦးသေဆုံးကာ သေဆုံးသူ ၁၅၀၀ ၀န်းကျင် ရှိခဲ့သည်။

၁၉၉၅ မေ ၇- မီနာရှိ ၀တ်ပြုသူ စခန်းတစ်ခု၌ မီးလောင်မှုကြောင့် လူပေါင်း ၉၉ ဦး သေဆုံးခဲ့ရသည်။

၁၉၉၄ မေ ၂၄- မီနာရှိ နတ်ဆိုးနှင်ပွဲအတွင်း လူစုပြုံတိုးမှုကြောင့် လူပေါင်း ၂၇၀ သေဆုံးခဲ့ရသည်။

၁၉၉၀ ဇူလိုင် ၂ - မီနာရှိ လိုဏ်ခေါင်းတစ်ခုအတွင်း လေ၀င်လေထွက်စနစ် ပျက်သွားပြီးနောက် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ရာ ၀တ်ပြုသူပေါင်း ၁၄၂၆ ဦး သေဆုံးခဲ့ရသည်။

Ref : AFP

အန္တရာယ်ရှိသော နှုတ်ခမ်းနီတံဆိပ်များ


ဒီပုံကို နိုင်ငံတကာ ကျန်းမာရေးသတင်းစာမျက်နှာများနှင့် ပြည်တွင်းကျန်းမာရေး စာမျက်နှာတွေပေါ်မှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဒီသတင်းကိုလည်း မကြာခဏ မေးမြန်းလာကြသည့်အတွက် မသိသေးသူများ သူရှိလိုက်နာနိုင်ရန် မျှဝေပေးလိုက်ပါတယ်။


လက်ရှိတွင် လူအများသုံးစွဲနေကြသည့် နှုတ်ခမ်းနီများမှ အချို့အမှတ်တံဆိပ်များဟာ ခဲဓါတ်ပါဝင်မှု များပြားနေပြီး ကင်ဆာကို ဖြစ်စေနိုင်တဲ့တဲ့အန္တရာယ်ရှိကြောင်း
အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက သတိပေးပြောကြားထားပါတယ်။

ခဲသတ္တုဓါတ်ပါဝင်မှုလန်ကဲနေသော နှုတ်ခမ်းနီအမှတ်တံဆိပ်(၉)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ CLINIQUE
၂။ ESTÉE LAUDER
၃။ SHISEIDO
၎။ RED EARTH (Lip Gloss)
၅။ CHANEL (Lip Conditioner)
၆။ MARK AMERICA
၇။ MOTIVES
၈။ LIPSTICK
၉။ AVON

နှုတ်ခမ်းနီကုမ္ပဏီတစ်ခုဖြစ်တဲ့ 'Red Earth' ဟာ သူ့ထဲမှာ ခဲပါဝင်နေမှုကြောင့် R $ 67.00 မှ R $ 9.90 ထိ ဈေးကျ ဆင်းသွားခဲ့ပါတယ်။ အကြောင်းကတော့ ကင်ဆာအန္တရာယ်ကို ဖြစ်စေနိုင်လို့ပါပဲ။

အခြားအမှတ်တံဆိပ်များကိုလည်း စိတ်မချဘူးဆိုရင် ဒီလို စမ်းသပ်ပြီးမှ ၀ယ်နိုင်ပါတယ်။

၁။ နှုတ်ခမ်းနီကို မသုံးစွဲခင် လက်ပေါ်တင်ကြည့်ပါ။
၂။ နှုတ်ခမ်းနီကို မသုံးစွဲခင် ရွှေလက်စွပ်ပေါ် တင်ကြည့်လိုက်ပါ။

ဒီလိုစမ်းသပ်ပြီး အကယ်၍ အသားရောင်ဟာ အမည်းရောင်ပြောင်းသွားလျှင် အဲဒီနှုတ်ခမ်းနီမှာ ခဲပါဝင်နေပြီဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ မသုံးသင့်ပါ။

(သင့်မိတ်ဆွေများနှင့် ချစ်ခင်ရသော ဇနီး၊ သားသမီး၊ ညီမလေးများကို Share ပေးခြင်းဖြင့် သတိပေးနိုင်ကြပါသည်)

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - Healthy Cravings.info

ရေပန်းစားနေတဲ့ ထိုင်းဆယ်ကျော်သက်တဦးရဲ့ ဟုမ်းမိတ်ဖက်ရှင်

photo - madaew's fashionist

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ ထိုင်းဆယ်ကျော်သက်တဦးဟာ ပစ္စည်းပစ္စယ အစုံအလင်နဲ့ ပြုလုပ်ထားသော ကိုယ်ပိုင်ဒီဇိုင်းဖက်ရှင်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်လိုက်ပြီးနောက်
မကြာခင်မှာပဲ ဖက်ရှင်ပုဂ္ဂိုလ်တဦးဖြစ်လာပါတော့တယ်။



Instagram မှာ သူ့ကိုယ်သူ Thai Ban Fashionist လို့ ခေါ်ထွင်တဲ့ Madaew ဆိုသူဟာ သူ့ကိုယ်ပိုင် ကိုယ်တိုင် တီထွင်ဆင်မြန်းထားတဲ့ စွဲမက်ဖွယ်ကောင်းသော ဒီဇိုင်ပေါင်း မြောက်များစွာရဲ့ ဓာတ်ပုံများကို တင်ခဲ့တာပါ။



သူ့ဖန်တီးထားတဲ့ အ၀တ်အစားပုံသဏ္ဍာန်အင်္ဂါရပ်မှာဆိုရင် သူ့ရဲ့ နေရပ်ဇာတိမှာရှိတဲ့ ပန်းတွေ၊ သစ်ရွက်တွေ၊ အိမ်ထောင်စုတခုမှာ အရေးတကြီး အသုံးပြုရတဲ့ အ၀တ်ချိတ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ စက်ဘီးတာယာတွေ စတဲ့ ပစ္စည်းပစ္စယတွေ အမျိုးမျိုးပါဝင်ပါတယ်။



Madaew ဖန်တီးထားတဲ့ စတိုင်တွေဟာ မြောက်များစွာသော လူတွေကို ဆွဲဆောင်စေခဲ့ပြီး သူ့ရဲ့ ဖေ့ဘုတ်နဲ့ အင်စတာဂရမ်မှာဆိုရင် follower ပေါင်း ၁ သိန်း ၇ သောင်းကျော်ရှိပါတယ်။



ရေပန်းစားလူကြိုက်များတဲ့ သူ့ရဲ ဒီဇိုင်းတွေဟာ တန်ဖိုးကြီးနဲ့မှ ဖန်တီးနိုင်တယ်ဆိုတဲ့ ဖက်ရှင်လောကကို ဆန့်ကျင်လိုက်သကဲ့သို့ အဲ့လိုမျိုး ဖက်ရှင်လုပ်ငန်းရဲ့ သဘောတရားကိုပါ တော်လှန်ပစ်လိုက်တာပဲလို့ လူတချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။












Ref: CCTV news
ဧရာဝတီ

လိင်တူ ဆက်ဆံမှုကို ပုပ်ရဟန်းမင်းကြီး မည်သို့ သဘောထားပါသနည်း


Photo အင်တာနက်
ကျူးဘားခရီးစဉ် အပြီး အမေရိ ကန်သို့ သွားရောက်မည့် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အား လိင်တူ ဆက်ဆံမှု အပေါ် ယင်း၏ သဘော ထားပြောကြားရန် ဗြိတိန်အခြေ စိုက် လိင်တူချစ်သူ အုပ်စုတစ်စုက တောင်းဆိုလိုက်သည်။ ”ဘုရား သခင်ကို ချစ်တဲ့၊ တရားတော်ကို လည်း မြတ်နိုးတဲ့သူ တစ်ယောက် ယောက် လိင်တူ ချစ်သူဖြစ်နေရင် ရဟန်းမင်းကြီး ဘယ်လို သဘော ထားမှာလဲ ဆိုတာ သိချင်ပါ တယ်” ဟု ‘ဂုဏ်သရေ’အမည်ရ ကက်သလစ် ဘာသာဝင် လိင်တူချစ်သူ အုပ်စု တစ်စုက ဆိုသည်။

ယင်းမှာ လိင်တူ ချစ်သူများ အပေါ်ထားရှိသည့် ပုပ်ရဟန်း မင်းကြီး၏ သဘောထားကို တီးခေါက် ကြည့်ခြင်းဖြစ်ရာ လိင်တူမေတ္တာ ရှင်များ အပေါ်ထားရှိသည့် သဘောထား ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ က ရဟန်းမင်းကြီး သတင်း သုံးရာ ဗာတီကန် နန်းတော် မှ ပြောင်းလဲခဲ့အပြီး ဒုတိယ အကြိမ် မြောက် တောင်းဆိုခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် ယခုအပတ် အတွင်း အမေရိကန်ပြည် ထောင်စုသို့ ပထမဆုံး အကြိမ် သွားရောက်ရန် ရှိရာ ယင်းကိစ္စနှင့် ပတ်သက် ၍ လူသိရှင်ကြား ပြောကြားရန် နယူးယောက် စိန်ဂျွန်း ဘုရားရှိခိုး ကျောင်းဝင်း တွင် အခြေပြု၍ လှုံ့ဆော် ဆန္ဒပြ မည်ဖြစ်ကြောင်း ဖော်ပြ ပါ လိင်တူအုပ်စုက ဆိုသည်။


ယင်းတို့မှာ ၄င်းတို့၏ လိင်တူ မေတ္တာ ထားရှိသည့် ဆန္ဒကြောင့် လွန်ခဲ့သည့် ၃ နှစ်ခန့်က ဗာတီကန် အသိုင်းအဝိုင်း မှ နှင်ထုတ်ခံရသူ များဖြစ်ကြောင်း သိရသည်။

အရပ်အခေါ် ဘုရင်ဂျီခေါ် ကက်သလစ် ဘုရားကျောင်းများ တွင် လိင်တူမောင်နှံများ လက်ထပ် ပေးခြင်း မရှိသော်လည်း လိင်တူ မေတ္တာ ရှင် များ၏ သမုဒယသံယော ဇဉ်ကိုမူ အသိအမှတ်ပြုကြောင်း သိရသည်။


လိင်တူ လိင်ကွဲ ကိစ္စမှာ အာရှ နိုင်ငံ အများစု တွင် စိတ်ဝင်စားလေ့ မရှိသော်လည်း အနောက်နိုင်ငံများ တွင် ထိရှလွယ်သည့် လူမှုရေး ပြဿနာ တစ်ခု အသွင် ဆောင်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် လိင်တူ အခွင့်အရေး အရဆုံးနိုင်ငံမှာ နယူးဇီလန် ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ဂျွန်ကေးမှာ လည်း အိမ်ထောင်ရှိ လိင်တူချစ်သူ တစ်ဦး ဖြစ်သည်။


Ref: BBC News/New Zealand Wikipedia

Popular

ရေခဲထဲမှာ ၂ နာရီကြာနေနိုင်ပြီး ကမ္ဘာ့စံချိန်သစ်ချိုးခဲ့တဲ့ လူသား


photo -fooyoh.com

အသက် ၆၀ အရွယ် ဂျင်ဆောင်ဟိုဆိုတဲ့ တရုတ်အမျိုးသားတဦးဟာ ရေခဲတုံးငယ်လေးတွေ ထည့်ထားတဲ့ မှန်သေတ္တာထဲမှာ နာရီပေါင်း ၂ နာရီ(၁၂၀ မိနစ်) နီးပါးကြာ ရေချိုးပြနိုင်ခဲ့လို့ ကမ္ဘာ့စံချိန်မှတ်တမ်းအသစ်ကို တင်နိုင်သူအဖြစ် ပြီးခဲ့တဲ့တပတ်က သတ်မှတ်ခံရပါတယ်။

၂၀၁၀ ခုနှစ် အစောပိုင်းကာလတွေက ၁၁၈ မိနစ်ကြာ ရေခဲတုံးတွေထဲမှာ နေထိုင်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ထားနိုင်ခဲ့သူက တရုတ်ပြည်မှ ချန်ခီကိုင်ဆိုသူဖြစ်ပြီး သူ့ကို တရုတ် “ရေခဲလူသား” လို့ခေါ်တွင်ခဲ့ကြတာပါ။

အခုတော့ ချန်ခီကိုင်ရဲ့ စံချိန်ကို ဂျင်ဆောင်ဟိုက စံချိန်ချိုးလိုက်နိုင်သွားပါပြီ။

ဂျင်ဟာ အခုလို အအေးဒဏ်ကို ကြာရှည်စွာ ခံနိုင်ဖို့အတွက် ၁၉၈၆ ခုနှစ်ကာလလောက်ကတည်းက စတင် လေ့ကျင့်လာခဲ့တာဖြစ်ပြီး သူ့ရဲ့အိမ်မက်တခုဖြစ်တဲ့ ကမ္ဘာ့အအေးဆုံးဝင်ရိုးစွန်း ဒေသတွေဆီ သွားရောက်နိုင်ဖို့ အတွေ့အကြုံရအောင် ကြိုးစားခဲ့ခြင်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။


Ref: CCTV news
ဧရာဝတီ

ကမ္ဘာ့ ရုပ်ဆိုး မျက်နှာပြိုင်ပွဲ ဘယ်သူဗိုလ်စွဲ သွားသလဲ



နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ် စနေနေ့တွင် အင်္ဂလန်နိုင်ငံ အနောက်မြောက်ဘက် ပိုင်းရှိ ကမ်ဘရီယာ စီရင်စုတွင် ကျင်းပပြု လုပ်လေ့ ရှိသည့် ကရကဋ်ရာသီ ပွဲတော်၏ ပွဲစဉ်တစ်ခု ဖြစ်သော ကမ္ဘာ့ရယ်စရာ မျက်နှာပြိုင်ပွဲတွင် ရုပ်အဆိုးဆုံး မျက်နှာပိုင်ရှင် များ က အောင်နိုင် သူများ ဖြစ်ခဲ့ ကြသည်။

ယခုနှစ် အတွက် ချန်ပီယံဆုကို ရရှိသွားသူမှာ ဂေါ်ဒင် ဘလက်လော့ခ် ဆိုသူ ဖြစ်ပြီး ၄င်းက ၁၆ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ သည့် တော်မီ မတ်တင်ဆန်အား ကျော် ဖြတ်ကာ ဗိုလ်စွဲ ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲ အတွက်ကိုမူ ကလဲရီ စပတ်ဒင်က ဒုတိယ အကြိမ်မြောက် အဖြစ် အောင်ပွဲခံနိုင်ခဲ့လေသည်။ ယခုနှစ် ပြိုင်ပွဲတွင် ရုပ်ဆိုးမျက်နှာ အကျော်အမော်ဟောင်း တစ်ဦး ဖြစ်သည့် အန်နီဝုဒ် လည်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာပွဲမှာ မှတ်မှတ်ထင် ထင် ဖြစ်သွားခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ၁၂၆၇ ခုနှစ် ကတည်း ကပင် အစဉ်အလာ မပြတ် ကျင်းပ ခဲ့ကြခြင်းဖြစ်ပြီး ယင်းပွဲတော်တွင် နပန်း သတ်ပြိုင်ပွဲများ၊ ပိုက်တံဖြင့် ဆေးလိပ်ငွေ့မှုတ်ခြင်း ပြိုင်ပွဲများမှာ လည်း နာမည်ကျော် သည့် ပွဲစဉ်များ အဖြစ် ပါဝင်ကြသည်။ သို့ရာတွင် အဆိုပါ ရယ်စရာမျက်နှာ ပြိုင်ပွဲအတွက် စည်းကမ်းချက်များ သတ်မှတ်ထားရာ မိတ် ကပ်ဖြင့် ပုံစံ ဖန်တီး၍မရဘဲ သွားတု များကို တော့ အသုံးပြုခွင့်ပေးထားသည်ဟု ဆိုသည်။

KTZO

Ref:DailyMail

ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ် ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်သူ ရှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ


ကွာလာလမ်ပူ စက်တင်ဘာ၂၄ 

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လယ်ရှိ ဟိန္ဒူ ဘာသာရေး အဆောက်အအုံ အနီးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု နှင့် ဆက်စပ်သည့် လူရှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိထားကြောင်း ဒေသတွင်းရှိ သတင်းဌာန တစ်ခုက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံ ထားရသူများ အနက်လေးဦးမှာ နိုင်ငံခြားသား များဖြစ်ပြီး အခြားလေးဦးမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြောင်း၊ ၄င်းတို့ကို အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား လက်ထောက် ရဲချုပ် ဒါတွတ် ဆီရီနျူးရာရှစ် အီဘရာဟင်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ကိုခံထားရ သူများမှာ အသက်၃ဝနှစ် ဝန်းကျင်ရှိကြောင်း ၊ ဖမ်းဆီးခံ မလေးရှားနိုင်ငံ သားများသည် နိုင်ငံအတွင်းသို့ ပြည်ပ နိုင်ငံသားများ ကို တရားမဝင် ကုန်ကူးသူများ ဖြစ်ကြောင်း အီဘရာဟင်က ဆက်လက် ပြောကြားထားသည်။


သို့သော် အခြား အသေးစိတ် အချက်အလက် များကို မလေးရှား အာဏာပိုင်များ က ထုတ်ပြန် ခဲ့ခြင်း မရှိသေး ကြောင်း၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လယ်ရှိ ဧရာဝဏ် နတ်ကွန်းတွင် သြဂုတ် ၁၇ ရက်ကဖြစ်ပွားခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု တွင် မလေးရှား နိုင်ငံသားများ အပါအဝင် လူပေါင်း ၂ဝသေဆုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ထိုင်းအာဏာပိုင်များက အပူတပြင်း စုံစမ်း လျက်ရှိကြောင်း သိရသည်။
ပြည်ချစ်သား

အညာခေါက်ဆွဲသုပ်


အညာစတိုင် ခေါက်ဆွဲသုပ်။ ဒီခေါက်ဆွဲသုပ်မှာ ပဲဟင်းရည်က အဓိကျပါတယ်။ ကြက်သား၊ ခေါက်ဆွဲရယ်၊ မုန့်ကြွပ်ရယ်၊ ကြက်ဥ၊ ပဲဟင်းရည်လေးနဲ့ တွဲဖက်ကသုံးဆောင်ရတာပါ။ အရသာလည်း အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်...
----------------------------------
ပဲဟင်းရည်အတွက် ပါဝင်ပစ္စည်းများ

• ပဲမှုန့်(အစိမ်းမှုန့်) - စားပွဲတင်ဇွန်း ၂ဇွန်း (ရေ ၂၀၀မီလီလီတာဖြင့် ရောမွှေထားပါ)

• ဂျင်း - လက်တဆစ် (ညက်အောင် ထောင်းထားပါ)

• ကြက်သွန်ဖြူ - ၂မွှာ (ညက်အောင် ထောင်းထားပါ)

• ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း

• သကြား - လက်ဖက်ရည်ဇွန်း ၂ဇွန်း

• ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း

• ကြက်ပြုတ်ရည်
----------------------------------
မုန့်ကြွပ်တွင် ပါဝင်ပါဝင်များ

• ဂျုံမှုန့် - ၁၀၀ ဂရမ်

• ရေနွေး - ခွက်တ၀က် (၁၀၀မီလီလီတာ)

• ဆား - လက်ဖက်ရည်ဇွန်း တ၀က်

• ဆိုဒါ - လက်ဖက်ရည်ဇွန်း တ၀က်
----------------------------------
ခေါက်ဆွဲသုပ်တွင် ပါဝင်ပစ္စည်းများ

• ဂျုံခေါက်ဆွဲခြောက် - ၁၀၀ ဂရမ်

• ကြက်ရင်ဗုံ - ၁ခု (၂၀၀ ဂရမ်)

• ငရုတ်သီး ဆီသပ် - စားပွဲတင်ဇွန်း ၅ဇွန်း

• ကြက်သွန်မြိတ် - စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)

• ဘဲဥ - ၂လုံး (ကျက်အောင် ပြုတ်ပြီ အ၀ိုင်း လှီးပါ)

• ငါးငံပြာရည် (တွဲဖက်သုံးဆောင်ရန်)

• ဟင်းခတ်မှုန့် (တွဲဖက်သုံးဆောင်ရန်

• သံပရာသီး - ၁လုံး (၈စိပ်စိပ်ပါ)
----------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ရေနွေးကို ပွက်ပွက်ဆူအောင် တည်ထားပြီ ခေါက်ဆွဲခြောက်များထည့်ကာ မီးအတင့်သင့်ဖြင့် ၅မိနစ် တည်ထားပါ။

၂။ ထို့နောက် ခေါက်ဆွဲများကို ဇကာဖြင့် ပြန်စစ် ရေအေးဖြင့် ပြန်ဆေးပေးပါ။

၃။ ပြီလျှင် ခေါက်ဆွဲများ မစီကပ်သွားစေရန် ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ရောမွှေပေးထားပါ။

၎။ ပြီနောက် ဒယ်အိုးထဲ ရေ(၂ခွက်) ထည့်ပြီ ဆူလျှင် ကြက်ရင်ဗုံထည့်ပြီ ၈မိနစ်ခန့် တည်ထားပါ။

၅။ ပြီမှ ကြက်သားကို ခပ်ပါးပါးလှီးထားပေးပြီ ကြက်ပြုတ်ရည်ကို သိမ်းထားပေးပါ။
----------------------------------
မုန့်ကြွပ် ပြုလုပ်နည်း

၁။ ဇောက်ပန်းကန်ထဲ (ဂျုံ၊ ဆား၊ ဆိုဒါ) အားလုံးကို သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ရေ(ခွက် ၃ပုံ၁ပုံ) ထည့်ပြီ ဂျုံဒိုးသား နူးညံ့သည်အထိ ခပ်နာနာလေး နုယ်ပေးပါ။

၃။ ထို့နောက် ဂျုံဒိုးသားကို ၂ပိုင်းခွဲပြီ ဒလိမ့်တုံးဖြင့် အ၀ိုင်းပြားလိမ့်ပေးပါ။ လိမ့်နေစဉ် ဂျုံမှုန့်များ ဖြူးပေးပါ။

၎။ ပြီနောက် ပီဇာဖြတ်တဲ့ ဓား(သို့) ရိုးရိုးဓားဖြင့် ဂျုံပြားကို အရှည်လှီးဖြတ်ပေးပါ။

၅။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလျှင် ဂျုံဒိုးများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
----------------------------------
ပဲဟင်းရည် ချက်နည်း

၁။ အရင်ဆုံး ကြက်ပြုတ်ရည်ကို ဒယ်အိုးထဲ ဆူအောင် မီးအတင့်သင့်ဖြင့် တည်ထားပါ။

၂။ ပြီနောက် ဆူလာလျှင် ပဲမှုန့်(ရေအနည်းငယ် ရောမွှေပြီသား)၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၃။ ရေတ၀က်ခမ်းပြီ ပျစ်လာသည်အထိ မီးအတင့်သင့်ဖြင့်တည် ထားပေးပါ။
----------------------------------
ခေါက်ဆွဲသုပ် တပွဲစာ ပြင်ဆင်နည်း

၁။ အရင်ဆုံး ပန်းကန်လုံးထဲ ခေါက်ဆွဲထည့်ပါ။

၂။ ပြီလျှင် ကြက်သွန်နီ(ပါးပါးလှီး)၊ ကြက်သား၊ ငရုတ်သီး ဆီသငပ်၊ ဘဲဥ ပြုတ်ပြီသား ၂စိပ်၊ သံပရာသီး ၁စိပ်၊ ငါးငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဟင်းခတ်မှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) နှင့် ကြက်သွန်မြိတ် အနည်းငယ် ဖြူးပေးပါ။

၃။ ထို့နောက် မုန့်ကြွပ် ၃ချောင်းကို လက်ဖြင့်ခြေပြီ ထည့်ပေးပါ။

၎။ ပြီမှ ပဲဟင်းရည် (စားပွဲတင်ဇွန်း ၄ဇွန်း) လောင်းထည့်ပေးပြီ အရသာရှိသော အညာခေါက်ဆွဲသုပ်ကို ပဲဟင်းရည်ပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ...
----------------------------------
Wutyee Food House

ငါးသံပရာပေါင်း ချက်နည်း



ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူးခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..
-
ပါဝင်သောပစ္စည်းများ
-
တလာဗီယားငါး – ၁ကောင် (၃၅၀- ၄၀၀ဂရမ်)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၅မွှာ (အ၀ိုင်းပါးပါးလှီးပါ)
ဇီးချိုသီး – ၄လုံး
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် – ခွက်တ၀က် (၁၀၀မီလီလီတာ)
နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
-
ချက်ပြုတ်နည်း
-
၁။ ငါးကို ကြေခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမျှောင်းမွှန်းပေးပါ။
၂။ ပြီလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။
၃။ ပြီနောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
၃။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂၀ခန့် ပေါင်းပေးပါ။
၎။ အရသာရှိသော ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…
-
Wutyeefoodhouse

ဘင်္ဂါလီများအား လူကုန်ကူးမှု စွဲချက်ဖြင့် ရေတပ် အရာရှိကြီးများ အပါအဝင် ထိုင်းရဲများ အစုအပြုံ လိုက် အရေးယူခံရ

(ဘန်ကောက်၊ စက်တင်ဘာ ၂၄)

ဘင်င်္ဂါလီများအား လူကုန်ကူး မှုတွင် အရေးယူရန် ပျက်ကွက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင် ၃၂ ဦး အရေးယူ ခံရသည်။ ၄င်းရဲများမှာ ထိုင်း နိုင်ငံ ဥပဒေကို မျက်ကွယ်ပြုမှုဖြင့် ယင်းသို့ အရေးယူ ခံရခြင်းဖြစ်ရာ စွဲ ချက်မတင်မီ နိုင်ငံ အစွန်အဖျား ဒေသများ သို့ ရွှေ့ပြောင်းခံ ရကြောင်း သိရသည်။ ပြီးခဲ့သည့် တနင်္လာနေ့က ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ပရာဝတ်ဝန်ဆူဝန် ကြီးမှူး သည် ရဲချုပ် အစည်းအဝေး အပြီး ယခုကဲ့သို့ ဆောင်ရွက် ခဲ့ခြင်းဖြစ် သည်။ ရဲချုပ် ဆွန်ယောက်ဖွန်ပန် မန်၏ အဆိုအရ အထက်ပါ အစည်း အဝေး ဆုံးဖြတ်ချက်ဖြင့် အဆိုပါ ရဲအရာရှိ ၃၂ ဦးကို အရေးယူခဲ့ ခြင်းဖြစ်ပြီး ထိုင်း ဗဟိုထောက်လှမ်း ရေး ဗျူရို အကြီးအကဲ၏ တင်ပြချက် ကြောင့် အမှုပိုကြီး သွားခြင်း ဖြစ် သည်။

ဗဟိုထောက်လှမ်းရေး ဗျူရို မှာ ရာဇဝတ်မှုနှိမ်နင်းရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး အပိုင်း တွင် လက်စောင်းထက် လှပြီး မသမာသူ ရဲဝန်ထမ်း များကို ကာလရှည်ကြာ ကပင် စောင့်ကြည့် အရေးယူသည့် ဖြစ်စဉ်များ ရှိခဲ့ဖူး သည်။

ဘင်္ဂါလီများကို ထိုင်းရေပိုက် နက် လှေစီးပြေးနေစဉ် အတွင်း ဖမ်းမိခြင်းဖြစ်ရာ ၄င်းတို့မှာ မလေး ရှားနိုင်ငံသို့ ဝင်ရောက် ခိုလှုံမည့် သူများဖြစ် ကြသည်။ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်က ”တခြား တခြားသော နေရာတွေ မှာလိုပါပဲ တပ်ထဲမှာဖြစ်ဖြစ်၊ ရဲထဲ မှာဖြစ်ဖြစ် လူကောင်း ရှိသလို လူဆိုးလည်းရှိတာပါပဲ။ လောကီ သားတွေကိုး”ဟု ဆိုသည် လူကုန် ကူးမှုတွင် ပတ်သက်နေသည် ဟူ သော စွဲချက်ဖြင့် ဖမ်း ဝရမ်းထုတ် ခံရသူ ကြည်းတပ် အရာရှိသုံးဦးနှင့် ရေတပ်ဗိုလ် တစ်ဦးကို ရည်ညွှန်း၍ ၄င်းက ယခုကဲ့သို့ ဆိုခြင်းဖြစ်သည်။ ရိုဟင်ဂျာ ကိစ္စဖြင့် စွဲချက်တင်ခံရသူ ခုနစ်ဦး အနက် အရာရှိလေးဦးမှာ ဘင်္ဂလား ပင်လယ်ပြင် လုံခြုံရေး အတွက် တာဝန် ရှိသူ တတိယ ဘုရင့်ရေ တပ်မတော်ဌာနချုပ်မှ ဖြစ်သည်ဟု ဆိုသည်။ ၄င်းတို့ အထဲတွင် ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦး၊ ဗိုလ်ကြီး အဆင့်ရှိသူ သုံးဦး ပါဝင်သည်။ စွဲချက် တင်ခံရသူ ဗိုလ်မှူးကြီး နာဆစ်က ဘင်္ဂါလီ လှေစီး ဒုက္ခသည် များကိစ္စမှာ နိစ္စ ဓူဝ ဖြစ်စဉ်ဖြစ်ပြီး ထိုင်းနိုင်ငံ ရေပိုင်နက် အလွန်တွင် မည်သို့မျှ အရေးယူ၍ မရဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဝရမ်း ထုတ်ခံ ထားရသူ ရေတပ်နှင့် ရဲအရာရှိ ၁၅၃ ဦး အနက် ၉ဝ ကို ဖမ်းဆီးစစ်ဆေး နေပြီး ယင်းကိစ္စနှင့် ပတ်သက် နေသည့် ငွေကြေး ခဝါချမှုဖြင့် ဝရမ်း ထုတ်ခံရသူ ၇၇ ဦးအနက် ၃၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

Ref: Bangkok Post / Reuters
Popular