ISIS အစ္စလာမ္မစ် စစ်သွေးကြွများကို ထောက်ပံ့ကူညီပေးခဲ့သူ ၁၁ ဦးအား ဖမ်းဆီး

Kuwait detains ISIS suspects

ဒူဘိုင်း ၊ ၁၉-၉-၂၀၁၄

ကူဝိတ်နိုင်ငံ၌ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို ထောက်ပံ့ကူညီ ပေးခဲ့သူ ၁၁ ဦးကို ယင်းနိုင်ငံ အာဏာပိုင် များက စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အာဏာပိုင် များ၏ ပြောကြားချက် အရ ဖမ်းဆီးခြင်း ခံထားရသူ များသည် ဆီးရီးယား နှင့် အီရတ် နိုင်ငံအတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ အစိုးရ တပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း၊ ယခုအခါ ၄င်းတို့ အားလုံးကို အကြမ်းဖက်မှု နှင့် ဆက်စပ်သည့် လုပ်ဆောင်ချက် များကို ထောက်ပံ့ ကူညီမှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ဒေသတွင်း ရှိ al-Qabas သတင်းစာ က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၄င်းတို့သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် ငွေကြေး ထောက်ပံ့ခြင်း များကို လုပ်ဆောင်ခဲ့ ကြကြောင်း Gulf News သတင်းဌာနက ဖော်ပြခဲ့သည်။

အလားတူ ၄င်းတို့၏ မိသားစုဝင် များသည် အကြမ်းဖက်သမား များ၏ အယူအဆများကို ရေးသား ဖော်ပြထားသည့် စာရွက်စာတမ်း များကို ရိုက်နှိပ်ထုတ်ဝေ ခဲ့ရာတွင် ပါဝင်ခဲ့ပြီး ကူဝိတ် အစိုးရကို ဖြုတ်ချရေးတွင် ပါဝင် လုပ်ဆောင် ခဲ့ကြသည်ဟု အစိုးရအဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

0 comments:

Post a Comment