Showing posts with label ဗဟုသုတ အသိပညာလေးများ. Show all posts
Showing posts with label ဗဟုသုတ အသိပညာလေးများ. Show all posts

ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မှာလား၊ ဒါတွေကို သိထားပါ



ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ သိပ်ခက်ခဲတယ်ဆိုပေမယ့် တကယ် အာသီသပြင်းပြရင် တကယ်အောင်မြင်နိုင်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဖြစ်လာဖို့အတွက် မသိမဖြစ်တဲ့အချက်တွေ ရှိပါတယ်။ လုပ်ငန်းလုပ်တော့မယ်စဉ်းစားရင် ဒါတွေကို သိပြီးပြီလား၊ ကျင့်သုံးနေပြီလားဆိုတာ ကိုယ့်ကိုယ်ကို အကဲဖြတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁. ပေါင်းသင်းဆက်ဆံရေး ကောင်းပါ။ ရှင်းရှင်းလင်းလင်းပြောဆိုတတ်ပါစေ။ ဒါမှ ကိုယ့်ဖောက်သည်နဲ့ ကိုယ့်ဝန်ထမ်းတွေက ဆိုလိုရင်းကို နားလည်ပါလိမ့်မယ်။

၂. ကိုယ်နဲ့ကိုက်ညီမယ့်လုပ်ငန်းကို ရှာတတ်ပါစေ။

၃. ကိုယ့်စီးပွားရေးစိတ်ကူးတွေ၊ မေးခွန်းတွေအားလုံးကို ချရေးပါ။

၎. အဆက်အသွယ်တွေနဲ့လွဲမသွားအောင် ဖုန်းကို အနားနားထားပါ။ ဖုန်းထဲမှာ အီးမေးလ်၊ ဘဏ်အကောင့် ဖွင့်လို့ရပါစေ။

၅. ကိုယ့်အဖွဲ့အစည်းဟာ စုစည်းကျစ်လျစ်ပါစေ။ အောင်မြင်တဲ့လုပ်ငန်းဖြစ်ဖို့ အစစအရာရာ စနစ်တကျ ရှိသင့်ပါတယ်။

၆. ၀င်ငွေ၊ ထွက်ငွေကို အမြဲပြုစုပါ။

၇. လုပ်ငန်းကို မားကက်တင်းလုပ်ဖို့လည်း စီစဉ်ပါ။ ဘယ်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုမဆို လူများများသိမှ အောင်မြင်မှာပါ။

၈. အလုပ်ကြိုးစားပါ။ ဘယ်အချိန်ရောက်ရောက် ဇွဲမလျှော့ပါနဲ့။

၉. မိသားစုနဲ့ မိတ်ဆွေတွေအတွက် အချိန်ပေးပါ။ ခက်ခဲတဲ့အချိန်မှာ သူတို့က အားဖြစ်စေပါတယ်။

၁၀. ကိုယ်ပိုင်အချိန် ချန်ထားပါ။ ကျန်းမာရေးကို ငွေနဲ့လဲမပစ်ပါနဲ့။

၁၁. စီးပွားရေးကျင့်ဝတ်ထုံးစံတွေကို လိုက်နာပါ။ တစ်နပ်စားအကြံတွေက ကိုယ့်စီးပွားရေးတစ်ခုလုံးကို ပျက်သုန်းစေပါတယ်။

၁၂. ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ပါစေ။

စာဖတ်သူတို့မှာရော တခြားအကြံဥာဏ်ကောင်းတွေ ရှိပါသလား။ Comment မှာ သိခွင့်ပေးခဲ့ပါ။

စုပြည့်စုံ

ဥာဏ်ရည် ထက်မြက်သော ကလေးငယ် ဖြစ်စေရန် ပညာရှင် တို့၏ အကြံပြုချက်များ



- သင့်ကလေးအတွက် သင့် မျက်ဝန်းတွေ အမြဲကြယ် တာရာလို ကြည်လင်ဝင်း လက်နေဖို့ ထိန်းသိမ်းပါ။

- ကလေးငယ်တစ်ယောက် ဆီ မှာတောင့်ခံနိုင်မှု၊ ယုတ္တိကျ မှု၊ တစ်ကိုယ်ကောင်း စိတ် ကင်းမှုနှင့် တခြား ပဉ္စလက် ဆန်ဆန် ရှိနေဖို့ မမျှော်လင့် ပါနဲ့။

- သင့်ကလေးပြောတာကို အာ ရုံစိုက်နားထောင်ပေးပါ။ သူ ပြောသမျှ စကားလုံးတိုင်းကို အလေးနက် ထားပြီး စကား လုံးနောက်ကွယ်က သူ့ရဲ့ ခံ စားချက်ကိုလည်း တန်ဖိုး ထားဂရု စိုက်ပေးပါ။

- သင့်ကလေးငယ်နှင့် အတူ ပြင်ပ ထွက်လည်တာကို အချိန် များများပေးပါ ။လေကောင်း လေသန့် ရှူပေးခြင်းဖြင့် ကလေးငယ် ၏ ကိုယ်၊ စိတ်၊ ဦး နှောက် ကြီးထွားလန်း ဆန်းနေပါစေ။

- သူတို့အတွက် မေတ္တာဟာ အချိန်တိုင်းမှာအရေးတကြီး လိုအပ်နေတာပါ။

- လူမမည်ကလေးပေါက်စလေးများပင်လျှင် တစ်ခါ တစ်ရံအသည်းကွဲ မတတ်ခံ စားရနိုင်သည်ကို နားလည် စာနာပါ။

- သင့်ကလေးကို အမြဲဒုတိယ အကြိမ်ထပ်ကြိုးစား ခွင့်ပေး လိုက်ပါ။

- သင့်ကလေး ဆော့ကစားနေ ခိုက်စောင့်ကြည့်အကဲခတ် နားစွင့်လေ့လာပြီး သူ့ကိုယ် သူနဲ့ သင့်အပေါ် သူဘယ်လို ရှုမြင်သည်ကို သဲလွန်စရှာ ဖွေဖော်ထုတ်ကြည့်ပါ။

- မည်မျှ သေးငယ် ပါစေ၊ ကလေး၏ အောင်မြင်မှုများ ကို တခမ်းတနား အောင်ပွဲခံ ပေးပါ။

- သင့်ကလေး ပြောသမျှ ရယ် စရာစကားများ၊ နှစ်သက် ဖွယ် အသုံးအနှုန်းများကို ချ ရေးမှတ်ထားပါ။ ထိုစကား များဟာ နောင်နှစ်ပေါင်း များစွာ သင့်မိသားစု အတွက် ပီတိဖြစ်စရာ ဖျော်ဖြေပေး ပါလိမ့်မည်။

- သင့်ကလေးကို တခြား ကလေး နှင့် နှိုင်းယဉ်သော အလေ့ အထကို မမွေးပါနှင့်။

- လုပ်မလား၊ မလုပ်ဘူးလား” ဟူသော ခြိမ်းခြောက်မိတော့ မည့် အနေအထား မျိုးကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်ပါ။

- သင့်ကလေးကို ထပ်ခါထပ် ခါဖတ်ပြဖို့ စိတ်ကြိုက်စာ အုပ်များရွေးချယ်သတ်မှတ် ထားပါ။

- သင့်ကလေးနဲ့အတူတူ ရယ် တဲ့အခါ လိုက်ရယ်၊ ငိုတဲ့ အခါ လိုက်ငိုပါ။

- သင့်ရော၊ သင့်ကလေးပါ နှစ် ယောက် စလုံးတက်လို့ ရနိုင် မည့် သစ်ပင် တစ်ပင်ရှာ ထားပါ။

- တစ်စုံတစ်ရာ(သို့)သစ်ပင် တစ်ပင်ကို ကြီးထွား လာအောင် ကလေးနှင့် အတူတူ ပြုစုပျိုး ထောင်ပါ။

- အောင်မြင်မှု အတွက် သာမက အားထုတ်မှု အတွက်ပါ ကလေးကို ချီးကျူးပါ။

- ကလေးရဲ့ စိတ်အနေမြင့်ရန် “မင်းတတ်နိုင်မှန်း အဖေ၊ အမေသိပါတယ်”ဟူသော အပြောမျိုးဖြင့် အားပေးပါ။

- သင့်ကလေး ပထမဆုံးကျောင်း စတက်သည့်နေ့ကို ဗီဒီယို (သို့) ဓာတ်ပုံ ရိုက်ကူးထား ပါ။ ဒါဟာ ဘဝရဲ့ အဓိ က ကျောက်စာ တိုင် တစ်တိုင် ဖြစ်ပါတယ်။

- ကလေးက သင့်ကို တစ်ခုခု ပြန်၍ သင်ကြား ပေးခြင်းခွင့် ပြုပါ။

- ကံဆိုးတဲ့နေ့ ကြုံတွေ့လျှင် လည်း အိုကေပဲလို့ ကလေး သိအောင် သူ့ရှေ့မှာ ဟန် မပျက်နေပြပါ။ သင့်ကလေး ကို ရိုးရာ ဒဏ္ဍာရီများ၊ ပုံပြင် များ၊ နတ်သမီး ပုံပြင် များ ပြောပြရင်း ချစ် ခင်ယုယမှု ပေးပါ။ ဤသည်က ကလေး ကို ယဉ်ကျေး သိမ်မွေ့စေပြီး စာတတ်ပေတတ် ဖြစ်လာစေ ပါလိမ့်မည်။

- အနာဂတ်အတွက် သင့်ရဲ့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ မျှော် လင့်ချက်တွေ အကြောင်း ကလေးကို ပြောပြပါ။

- ဖြစ်နိုင်သမျှ အချိန်တိုင်းမှာ သင့်ကလေးကို ရွေးချယ်နိုင် ခွင့်များ ချပြထားပါ။

- စံချိန်စံညွှန်း(သို့) အခြား ဥာဏ် ရည်ဥာဏ်သွေးဆန်း စစ် ချက်ပေါ် အခြေခံထားပြီး သင့်ကလေး အဆင့်ကို မသတ်မှတ်ပါနှင့်။

- ကလေးကို သူပြုခဲ့သမျှထဲမှ ကောင်းသော လုပ်ရပ်များ ပြန်သတိ ရမိအောင် ကူညီ ဖော်ထုတ်ပေးပါ။ ဤသည် မှာ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှု တည်ဆောက်ခြင်း ၏ အခြေခံဖြစ်သည်။

- ရုပ်ရှင်ရုံများနှင့် ကစားကွင်း များသွားသည့် အခါတိုင်း ကလေးကို သူ့ရုံဝင်ခ လက် မှတ်သူ ကိုယ်တိုင်ဝယ်ပါစေ။

- ကလေးကမေးသော ဖြေရ ခက်သည့်မေးခွန်းကို ဥပေက္ခာ မပြုပါနှင့်ဖြေရမှာ ရှက်သလို ရွံ့သလိုလည်း မလုပ်ပါနှင့်။

- ပြည်တွင်းပြည်ပသတင်း များ ကို ကလေးနှင့်အတူ ကြည့် ရှုနားထောင်ပြီးကမ္ဘာမှာ ဘာ တွေဖြစ်နေသလဲ ရှင်းပြပါ။

- ပညာရေး၏ အရေးပါမှုကို ကလေးကိုသိနားလည် အောင် လုပ်ပါ။

- သင့်ကလေး၏ကိုယ်ရေး ကိုယ် တာမှန်သမျှကို လေးစားပါ။

- သင့်ကလေးမှတစ်ဆင့် သင့် ဘဝကိုပြန်ဖြတ်သန်း၊ ပြန်နေ ထိုင်ဖို့ မကြိုးစားပါနှင့်။

- ပန်းတိုင်ချမှတ်ခြင်းက ဘယ် လောက်တန်ဖိုးရှိကြောင်း ကလေးကို ပြသပါ။

“ဘဝမှာ ကျွန်တော့် သားကို အစကပြန်ပြီး ပြုစုပျိုးထောင် ခွင့်များရခဲ့မယ် ဆိုရင် ကိုယ် ကျင့်တရားနဲ့ သိက္ခာကို အရင် တည်ဆောက်မယ်။ နေဖို့ အိမ်ကို နောက် မှဆောက် မယ်။ လက်ချောင်းတွေနဲ့ ပန်းချီဆွဲတာ ပိုပြီးကျင့်မယ်။ လက်ညှိုး ထိုးပြီး အပြစ်တင် တာတွေ ကိုလျှော့မယ်။အပြင်း အထန် ဝေဖန်ဖို့ထက် ကျိုး ကြောင်း ဆက်စပ်ပြီး ကြည့် တတ်ဖို့ အားထုတ်မယ်။အလုပ် ချိန်နာရီကို ကြည့်မယ့် မျက်လုံးက သားကို ဂရုတစိုက် စောင့်ကြည့်ဖို့ သုံးလိုက်မယ်။ သားနဲ့ လမ်းများများ ပိုလျှောက် ပြီးစွန်တွေ အများကြီး လွှတ် မယ်။ အသည်း အသန် အလုပ် တွေကို ရပ်ပြီးသားနဲ့ပဲ အသည်းအသန် ကစားနေ မယ်။ ကွင်းပြင်တွေကို ဖြတ် ပြေးမယ်။ သား နဲ့အတူလေ။ ပြီးတော့ ကြယ်တွေ အများ ကြီးကို ငေးကြည့်မယ်။ စီးပွား ရေးအခွင့် အကောင်းတွေ အစားသားကိုပဲ ပိုပြီးတင်း တင်းကျပ်ကျပ် ပွေ့ဖက်တဲ့ အလေ့ကို လုပ်ဖြစ်အောင် လုပ်မယ်” လို့ ကမ္ဘာကျော် စာရေးဆရာ ဒိန်းလူမန်က သူ့ရဲ့If I had My Child to Raise Over Again စာ အုပ်ထဲမှာ ရေးခဲ့ပါတယ်။

(အလင်းဆက်(IR) – Popular Myanmar)

မိန်းမတွေ မူးလာရင် ဘာတွေပြောတတ်ကြသလဲ


မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ အမျိုးသမီးတွေ တစ်ခွက်နှစ်ခွက်လောက် သောက်ပြီး မူးသွားတဲ့အခါ သူတို့အချင်း ပြောလေ့ရှိတဲ့ စကားတွေရှိပါတယ်။ ဒီလိုစကားတွေဟာ မူးတဲ့အချိန်မှသာ ထွက်လာတတ်ကြတာဖြစ်ပြီး အမျိုးသမီးအများစု မူးလေ့ရှိချိန်တိုင်း ပျမ်းမျှအားဖြင့် ၁၀ယောက်မှာ ၇ယောက်လောက်က အမြဲပြောလေ့ရှိတယ်လို့ စစ်တမ်းကောက်ချက်အရသိရပါတယ်။

၁။ငါနင့်ကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး။ တကယ်ပြောတာ။ နင်ကဘာလို့အဲ့ဒီလို ထင်နေရတာလဲ။ မိန်းကလေးအချင်းချင်း တစ်ခါတစ်လေ ကတောက်ကဆဖြစ်ဖူးတာတွေကို ဒီအချိန်မှာ ပြန်လည်ဖော်ထုတ်လေ့ရှိပြီး ခုတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြောင်း ပြောလေ့ရှိပါတယ်။


၂။တို့နောက်ရက်တွေ ထပ်တွေ့ကြမယ်လေ။ အရင်တစ်ခါကပြောပြီး ဘာလို့အဲ့ဒီအစီအစဉ် မဖြစ်သွားရတာတုန်း။ မသောက်ထားတဲ့အချိန်မှာ ခပ်တန်းတန်းနေတဲ့သူတွေကိုလည်း ခုလို ရင်းရင်းနှီးနှီးဆက်ဆံတတ်ကြပါသေးတယ်။ နောက်တစ်နေ့မနက်ကျရင်တော့ သင့်ဖုန်းထဲမှာ မနေ့က အတူတူ သောက်ခဲ့တဲ့သူငယ်ချင်းကောင်မလေးရဲ့ ဖုန်းနံပါတ်ကို သင်ကိုယ်တိုင်မှတ်ထားတာ တွေ့ရမှာပါ။

၃။ယောင်္ကျားတွေက သောက်သုံးကို မကျဘူး။ မိန်းကလေးအချင်းချင်းမို့ ယောင်္ကျားလေးတွေကို အပြစ်ပြောတာ မူးနေချိန်တိုင်း သူတို့လုပ်တတ်တဲ့အကျင့်ပါပဲတဲ့။

၎။ငိုချလိုက်တော့မယ်။ မရတော့ဘူး။ ပြန်စဉ်းစားကြည့်ပါ။ ညကဘာ့ကြောင့်ငိုတယ်ဆိုတာ။ ဘာအကြောင်းအရာကြောင့် ငိုမှန်းသိချင်မှ သိပါတော့မယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ငိုချပစ်လိုက်တာပါပဲ။

၅။လွဲနေတဲ့လူတွေနဲ့ မနေချင်တော့ဘူး။ အမိုက်စားနေရာတစ်ခုခု သွားချင်တယ်။ တစ်နေရာမှာ သောက်နေတုန်း နောက်တစ်နေရာကို ကြိုစဉ်းစားတတ်ကြပါတယ်။ ဒီ့ထက်မိုက်တဲ့နေရာဆိုတာကိုလည်း ပါးစပ်ဖျားက မချတတ်ကြပါဘူး။

၆။ဓာတ်ပုံရိုက်ကြမယ်ဟေးးးးးးးးးးး။ ပျော်ပျော်ပါးပါးပေါ့။ မူးနေတဲ့ပုံဆိုလည်း အမှတ်တရဖြစ်တာပဲဆိုပြီး selfie တွေ မနားတမ်း ရိုက်တော့တာပါပဲ။

၇။နင့်ချစ်ချစ်နဲ့ ဘာတွေဖြစ်ကြတာလဲ။ နင်နဲ့ဟိုတစ်ယောက်ဘယ်တုန်းက ပြတ်သွားတာတုန်း။ တစ်ယောက်နဲ့တစ်ယောက် သူ့ဘဲ၊ ကိုယ့်ဘဲအကြောင်း ပြောကြဆိုကြ ဝေဖန်ကြရတာလည်း အမောပေါ့။

၈။ငါနင့်ကို တော်တော်ချစ်တယ်။ နင်က ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်းပါပဲ။ အခါပေါင်းများစွာ ပါးစပ်ဖျားက မချတမ်း ဒါကဲဆက်တိုက်ပြောနေပါလိမ့်မယ်။

Trend Myanmar