အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန် စီစဉ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူဖမ်းဆီးနိုင်ခဲ့


စင်ကာပူ၊ ဇန်န၀ါရီ ၂၀ ။ ။ ဘင်္ဂလားဒေ့ရှ်အပါအ၀င် အခြားနိုင်ငံများရှိ အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန် စီစဉ်နေပြီး စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၂၇ ဦးကို စင်ကာပူပြည်တွင်းလုံခြုံရေးဋ္ဌာနက ဖမ်းဆီးလိုက်သည်။ စင်ကာပူတွင်မူ အကြမ်းဖက်မှုများပြုလုပ်ရန် စီစဉ်ထားခြင်းမရှိဟု အာဏာပိုင်များက ပြောသည်။

အဆိုပါ ၂၇ ဦးကို ၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၆နှင့် ဒီဇင်ဘာ ၁ ကြားက ပြည်တွင်းလုံခြုံရေးအက်ဥပဒေအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဇန်န၀ါရီ ၂၀တွင် ထုတ်ပြန်ခဲ့သည်။ တစ်ယောက်မှလွဲ၍ အားလုံးကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့လိုက်ပြီဖြစ်ပြီး နောက်ဆုံးတစ်ယောက်မှာမူ စင်ကာပူမှ တရားမ၀င်ထွက်ခွာရန် ကြိုးစားမှုဖြင့် ထောင်ဒဏ်ကျခံပြီးမှ ပြန်ပို့ရန် စီစဉ်ထားသည်။


ဖမ်းဆီးခံရသူများအနက် ၂၆ ဦးမှာ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်တို့ကဲ့သို့ လက်နက်ကိုင်ဂျီဟတ်သဘောတရားရေးကို ထောက်ခံသည့် ဘာသာရေးလေ့လာသည့်အုပ်စုတစ်ခုမှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဆိုသည်။

ကျန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှာ ယင်းအုပ်စုအဖွဲ့ဝင်မဟုတ်သော်လည်း အစွန်းရောက်ဖြစ်လာမည့် လုပ်ငန်းစဉ်ထဲတွင် ရှိနေသည်ကို တွေ့ရသည်ဆိုသည်။ ထို့အပြင် ၄င်းသည် အစွန်းရောက် ဘာသာရေးဆရာများကို ထောက်ခံသည့်အပြင် ဂျီဟတ်နှင့် ပတ်သက်သည့်အရာများပိုင်ဆိုင်နေသည်ကို တွေ့ခဲ့ရသည်ဟု ပြည်ထဲရေးဋ္ဌာနက ဆိုသည်။

Mizzima

အပြာရောင်မင်းသမီးရဲ့ ရင်ထဲက မင်းသား


ဧပရယ်ကာရိုလီနာဆိုတာ စပိန်နိုင်ငံက နာမည်ကြီး အပြာရောင်မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကတည်းက အပြာရောင်မင်းသမီးဖြစ်လာခဲ့တဲ့ ကာရိုလီနာဟာ အသက် ၂၃ နှစ်သာရှိသေးပြီး ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

သူမကို အင်တာဗျူးတစ်ခုမှာ အိပ်ယာပေါ်မှာ အတူအနေချင်ဆုံးပုရိသက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာမှာ ဘာစီလိုနာနဲ့စပိန်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာလို့ ဖြေကြားခဲ့ပါတယ်။


စပိန်အသင်းကမ္ဘာ့ဖလားရရှိခဲ့ရာမှာ ဟောလန်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် သေဆုံးသွားတဲ့သူငယ်ချင်းဂျာကေးအတွက် အောင်ပွဲခံခဲ့တဲ့ အင်နီယေစတာကို ကာရိုလီနာကြွေသွားခဲ့တာဖြစ်ပါတယ်။ 'အင်နီယေစတာကို အိပ်ယာပေါ်ခေါ်ပြီး ချစ်တင်းနှောချင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို သူသိမှာ မဟုတ်ပါဘူး' လို့ ကာရိုလီနာက ဆိုခဲ့ပါတယ်။

Mizzima

ကိုယ်လုံးလှစေမယ့် လေ့ကျင့်ခန်း (၅) ခု


ခက်ခက်ခဲခဲ လုပ်ရတာမျိုး မဟုတ်တဲ့ လေ့ကျင့်ခန်းတွေက ပေါင်တံနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လှပစေပါလိမ့်မယ်။
တင်းရင်းတဲ့ အချိုးအစားကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသမီးတွေအဖို့ gym သွားစရာလည်း မလို၊ ပြင်းပြင်းထန်ထန် လုပ်စရာလည်း မလိုတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ လေ့ကျင့်ခန်းလို့ ပြောလိုက်တာနဲ့ ပင်ပင်ပန်းပန်း အားစိုက်ရတာကို မေ့ထားလိုက်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ တကယ်အကျိုးရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ဓူဝံက ဖော်ပြလိုက်ပါတယ်။ လှေကား ၆ ထစ်လောက်ရှိတဲ့ နေရာရှိရင် လုပ်လို့ရပါပြီ။


၁။ ခြေဆန့်

လက်ရှိ ရပ်နေတဲ့ လှေကားထစ်ရဲ့ နှစ်ခုအကျော်ကို ဆတ်ခနဲ ခြေဆန့်လိုက်ပါ။ ဘယ်၊ညာ တစ်လှည့်စီ လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ရမှာပါ။

၂။ ဘေးတစ်စောင်း လှေကားတက်

လှေကား အောက်ဆုံးထစ်ကနေ အပေါ်ဆုံး (၆ ခုမြောက်အထိ) ဘေးတစ်စောင်းနဲ့ တစ်ထစ်ချင်းစီ ခပ်မြန်မြန် တက်ရပါမယ်။ တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရင်ပဲ လုံလောက်ပါပြီ။

၃။ ပြေးတက် ပြေးဆင်း

ခပ်သွက်သွက်လေး ပြေးတက် ပြေးဆင်း လုပ်ရမှာပါ။ ဒါကိုတော့ ၅ မိနစ် လုပ်ပေးရပါမယ်။

၎။ အမြင့်ခုန်

သားပိုက်ကောင်လေးတွေလိုမျိုး ခုန်ဆွခုန်ဆွ လုပ်ရမှာပါ။ ငယ်ငယ်တုန်းကလည်း ကစားဖူးမယ် ထင်ပါတယ်။ ခြေစုံရပ်ပြီး လှေကားတစ်ထစ်ချင်းစီကို ခုန်တက် ခုန်ဆင်းရမှာပါ။ ၄ ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။ ဒူးလေးတွေကို ခပ်ကွေးကွေးထားဖို့တော့ မမေ့ပါနဲ့။

၅။ စကိတ်ခြေလှမ်း

စကိတ်စီးသူတွေလိုမျိုး ဘယ်နဲ့ညာ ဝေ့ဝိုက် သွားရတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။ လှေကားတွေပေါ်ကို ခပ်သွက်သွက် ခုန်တက်တဲ့အခါ ညာခြေက ညာဘက်စွန်းကို လှမ်းပြီး ဘယ်ခြေက ဘယ်ဘက်စွန်းကို လှမ်းရမှာပါ။ အဲ့သလိုမျိုး ၄ ကြိမ် တက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခြေထောက်ကို လှပစေနိုင်ပြီး တင်ပါးကိုလည်း ကျစ်လျစ်စေမှာပါ။

Source & Photo : Elitedaily
Credit: duwun

ဒုတိယ မိုးဟေကို လက်သစ်ဆိုပြီး Lotion လိမ်းတဲ့ ဗီဒီယို အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မော်ဒယ် နန်းမြင့်မိုရ်





















 ဒုတိယ မိုးဟေကို လက်သစ်ဆိုပြီး Lotion လိမ်းတဲ့ ဗီဒီယို အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မော်ဒယ် နန်းမြင့်မိုရ် ဗီဒီယို ဖိုင်ကိုတော့ အများသူငှာကြည့်ရှုရန်မသင့်သောကြောင့် တင်ပြနိုင်ခြင်းမရှိပါ။

စမတ်ဖုန်းမှာ Youtube Video ကို background play အဖြစ် ဖွင့်ထားချင်သူတွေအတွက်


Android နဲ့ iOS စမတ်ဖုန်းတွေမှာ YouTube app နဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုက background play မရခြင်းပဲ ဖြစ်ပါတယ်။ YouTube မှာ ဗွီဒိယို သို့မဟုတ် သီချင်းတစ်ပုဒ် နားထောင်နေရင်း တခြား app တစ်ခုခု ဖွင့် သို့မဟုတ် screen ကို ပိတ်လိုက်မယ်ဆိုရင် အဲဒီ ဗွီဒီယို/ အော်ဒီယိုဟာ အလိုအလျှောက် pause ဖြစ်ပါလိမ့်မယ်။

အင်တာနက် သုံးစွဲနေစဉ် ဒါမှမဟုတ် တခြားတစ်ခုခု လုပ်နေစဉ် စမတ်ဖုန်းနဲ့ YouTube app မှာ သီချင်းနားထောင်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ မိုဘိုင်းလ်ဖုန်းလေးနဲ့ YouTube video များကို background မှာ ဖွင့်ထားချင်ရင် အောက်ပါ နည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

iOS အတွက်

· Safari ကနေတဆင့် YouTube site ကို သွား။

· ကိုယ် ကြိုက်တဲ့ music video ကို ရှာဖွင့်ပြီး screen အပြည့်လာသည့်အထိ စောင့်ပါ။

· နောက် home button ကို နှိပ်ပါ။ Home screen ပြန်ရောက်ပြီး audio ကို ရပ်တန့်စေပါလိမ့်မယ်။

· အဲဒီအချိန်မှာ swipe လုပ်ပြီး control center အကူအညီယူပြီး play button ကို တစ်ချက် နှိပ်ပေးရပါမယ်။

အခုတော့ တခြား app များ အသုံးပြုနေစဉ် ဒါမှမဟုတ် ဖုန်းပိတ်ထားတဲ့ အချိန်မှာတောင် မိမိကြိုက်နှစ်သက်လို့ ဖွင့်ထားတဲ့ music video က background မှာ ဆက်သွားနေမှာ ဖြစ်ပါတယ်။ ဒီလို အသုံးပြုရ အဆင်ပြေ ပေမယ့်လို့ YouTube app ကို delete ပစ်ဖို့ လိုပါလိမ့်မယ်။ သို့မဟုတ်ပါက Safari မှ app ကို အော်တို redirect ဖြစ်နေမှာပါ။

သို့ပေမယ့် app ကို မဖျက်ချင်ဘူးဆိုရင် YouTube site ကို Google Chrome browser မှတဆင့် ဖွင့်နိုင်သေးတယ်။ အထက်ပေါ်က step အတိုင်း လိုက်နာလုပ်ဆောင်သွားရုံ ပါပဲ။

Android အတွက်

· ပထမဆုံးအနေနဲ့ Mozilla browser ကို download ပြီး install လုပ်ပါ။

· YouTube site ကို Mozilla နဲ့ ဖွင့်။

· Settings ကို သွားပြီး desktop tab ကို နှိပ်ရပါမယ်။

· YouTube ရဲ့ desktop site သို့ ပြောင်းလဲ ပေးပါလိမ့်မယ်။

· ကြိုက်တဲ့ music video ကို ဖွင့်ပါ။ တခြား app များ အသုံးပြုနေစဉ် သို့မဟုတ် screen ပိတ်ထားတဲ့အချိန်မှာလည်း background မှာ ဆက်လက်သွားနေမှာ ဖြစ်ပါတယ်။ 

Ref: Indiatimes
Trend

အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ဇနီးဖြစ်သူကို လူမြင်ကွင်းမှာ အ၀တ်အစားမဲ့ ကိုယ်လုံးတီးလမ်းလျှောက်စေခဲ့တဲ့ ယောက်ျား ( ရုပ်သံ )



 ဇနီးဖြစ်သူရဲ့  ဖုန်းထဲကနေ တခြားယောက်ျားများစွာနဲ့ ချိတ်ဆက် ပတ်သက်ထားတဲ့ မက်ဆေ့တွေကို လင်ယောက်ျားဖြစ်သူက တွေရှိခဲ့တဲ့အခါ ဇနီးဖြစ်သူကို နယူးယောက်မြို့ရဲ့ လူစည်ကားတဲ့ လမ်းတွေပေါ်မှာ အ၀တ်ဗလာနဲ့လမ်းလျှောက်စေခဲ့ပါတယ်။ ဒီလို လူတိုင်းမြင်နိုင်တဲ့ လမ်းမပေါ်မှာ သူမဟာ အ၀တ်စားမဲ့နေတဲ့ သူ့ခနာကိုယ်ကို ကားကြားတွေထဲမှာ အကာကွယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ လမ်းမပေါ်ကို လျှောက်နေစဉ်အချိန်မှာ ခင်ပွန်းဖြစ်သူက ဒီလို ယောက်ျားတကာနဲ့ ဆက်ဆံတဲ့ လှပတဲ့မိန်းကလေးကို ငွေဘယ်လောက်ပေးမလဲ ၊ ဒီမှာကြည့်ကြပါ ဒီမှာကြည့်ကြပါ လို့ လူတိုင်းသတိထားမိစေဖို့ အော်ပြောနေခဲ့ပါတယ်။ သူဇနီးရဲ့ မိုဘိုင်းဖုန်းထဲမှာ ယောက်ျားများနဲ့ ဆက်သွယ်ထားတဲ့ Message တွေ ၊ ၀တ်လစ်စလစ်ပုံတွေကို တွေ့ခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူက အခိုင်အမာပြောဆိုပါတယ်။ ဒီဗီဒီယိုဖိုင်ကို LiveLeak.com မှာ တင်ခဲ့ရာမှာ ၈ နာရီအတွင်း လူ ၉၀၀၀ ကျော်ကြည့်ရှုခဲ့ပြီးဖြစ်သွားပါတယ်။သူမ ဘာတွေလုပ်ခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူအစက မသိခဲ့ရပါဘူး၊ဒီလိုနိမ့်ကျတဲ့ သူဟာ ဒီလိုအရှက်ရစေခြင်းနဲ့ ထိုက်တန်တယ် လို့ Viewer က ပြောပါတယ်။ 
သတင်းအတင်း


ငွေကျပ် ၄၂၆ သိန်းကျော်နှင့် ရွှေထည်ပစ္စည်းမျိုးစုံ ဖောက်ထွင်းမှု တစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီး

မြောင်းမြ ဇန်နဝါရီ ၁၉

တစ်ကိုယ်တော်ဖောက်ထွင်းသမား တစ်ဦးက နေ့လယ်ခင်းအချိန် ငွေစက္ကူ ရောရာ ၄၂၆ သိန်းခန့်နှင့် ရွှေထည်ပစ္စည်း လက်ဝတ်လက်စား ၁၈ မျိုး တို့ကို ဖောက်ထွင်းခိုးယူခဲ့သည့်အမှုကို မြောင်းမြရဲစခန်းမှ ဇန်နဝါရီ ၁၆ ရက်တွင် တစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့ အောင်ဆန်းလမ်း အမှတ်(၁)ရပ်ကွက် အမှတ်(၄၃)ရှိ ဦးမြင့်မောင်၊ ဒေါ်စန်းလေးတို့က နေ့အချိန် အိမ်တံခါး လုံခြုံစွာပိတ်၍ မြို့ထဲ(၅)လမ်းရှိ ဈေးဆိုင်တွင် ဈေးရောင်းကာ ညနေ ၆ နာရီ အိမ်ပြန်ရောက်ချိန်တွင် အိမ်တံခါးများပျက်စီးယိုယွင်းမှုမရှိဘဲ အိမ်ခန်းတွင်းရှိ သေတ္တာများနှင့် အံဆွဲများပွင့်လျက် ပျက်စီးနေရာမှ စစ်ဆေးကြည့်ချက်အရ အိမ်ရှေ့အမိုး သွပ်ပြားကိုခွာပြီး ဝင်ရောက်၍ ရွှေငွေပစ္စည်းများနှင့်ငွေများ ဖောက်ထွင်း ခိုးယူခံရကြောင်း သိရသဖြင့် မြောင်းမြ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုင်းဒေသကြီးမှုခင်းနှိမ်နင်း ရေးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ကြိုးစားဖော်ထုတ်ချက်အရ အမှုနှင့်ကွင်းဆက်များဖော်ထုတ်ကာ အခင်းဖြစ်နေအိမ် အနီးနေထိုင်သူ မောင်သန်းအေးအား ဇန်နဝါရီ ၁၄ ရက်တွင် ခေါ်ယူစစ်ဆေးရာမှ အမှုဖော်ထုတ်ရရှိသည်။ ၎င်းနှင့် ဆက်စပ်ပြီး ရွှေထည်ပစ္စည်း လက်ခံသိမ်းဆည်းပေးသူ မြောင်းမြမြို့နယ် ဝါးကြိတ်လိန်ကျေးရွာမှ ကိုမြင့်အေး နှင့်ဇနီး မစန်းမြင့်တို့၏ ခြံနောက်ဘက်တွင် မြေမြှုပ်ဝှက်သိမ်းထားသည့် ရွှေထည်ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းနေ မောင်သန်းအေး၏ အစ်ကို ကိုမျိုးညွန့်ထံမှ ငွေကျပ် ၄၂၆ သိန်း ကျော်ကိုလည်းကောင်း မြောင်းမြရဲစခန်းမှ ရဲအုပ် အောင်မျိုးသန့်၊ ရဲအုပ် အောင်ဆွေမြင့်၊ ဒုရဲအုပ် အောင်ကိုကို တို့က ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှိမ်နင်းရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများ သက်သေဖြင့် ဇန်နဝါရီ ၁၆ ရက် ညတွင် သွားရောက်သိမ်းဆည်းကာ အမှုနှင့်ဆက်နွှယ်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်းရယူနိုင်ခဲ့သည်။

ဖောက်ထွင်း ခိုးယူခံရသော ရွှေထည်ပစ္စည်းမျိုးစုံ ၁၈ မျိုး၊ ငွေစက္ကူကျပ် ၄၂၆ သိန်း စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၆၇၆ သိန်း ကျော်တို့ကို သိမ်းဆည်းရရှိပြီး ရွှေထည်ပစ္စည်းများမှ ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား လက်စွပ်တစ်ကွင်းနှင့် ကျန်ရှိငွေများကို ဆက်လက်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိကာ မြောင်းမြရဲစခန်းမှ တရားစွဲဆိုထားကြောင်း သိရသည်။

ညီညီ (မြောင်းမြ)
The Mirror Daily

ထမင်းချက်ခြင်းလျှို့ဝှက်ချက်များ


အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓ်ာတွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။
.
၁။ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီးထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။(ရှာလကာရည်နံ့လုံးဝမထွက်ပါ)


၂။ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။

၃။မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။

၎။ဆား
လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။

၆။ဆန်အရက်၊အရက်ဖြူ 
ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တ၀က်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။

၇။ရေကျက်အေး
ထမင်းချက်ချိန်မှာရေကျက်အေးနဲ့ချက်ပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

၈။ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားမှာကြက်သွန်မြိတ်တစ်ပင်ကိုထည့်ပြီးခဏအဖုံးအုပ်ထားပေးပါကတူးနံ့များကိုယူပစ်လိုက်သလိုပြောက်ကင်းသွားမှာဖြစ်ပါတယ်။

၉။လက်ဖက်
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းချက်ပါကရရှိလာတဲ့ထမင်းကအနံ့အရသာကိုပြည့်စုံရုံသာမကအာဟာရလည်းအလွန်ဖြစ်စေပါတယ်။

၁၀။သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို ထိန်းချုပ်နိုင်တဲ့အပြင်အစာအိမ်ကိုလည်းဥပဒ်မဖြစ်စေနိုင်ပါဘူး။ဆီးချိုသမားများအတွက်လည်းသင့်လျှော်ပါတယ်။

(ကျန်းမာရေးအတွက်ဆေးတစ်ခွက်)

ကယားပြည်နယ်နေ့ ဖျော်ဖြေမှုတွင် ဇွန်သဉ္ဖာ ခဲဖြင့် အပေါက်ခံရ


ကယားပြည်နယ်နေ့ အခမ်းအနား သို့ တက်ရောက် ဖျော်ဖြေသည့် ဇွန်သဉ္ဇာ ၏ ဖျော်ဖြေမှုကို မနှစ်သက်သဖြင့် ဒေသခံအချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း လွိုင်ကော် ဒေသခံများထံမှ သိရသည်။ ၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ပြည်နယ် အားကစားကွင်းတွင် ဇန်န၀ါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ဇန်န၀ါရီ ၁၈ ရက် ညပိုင်းဖျော်ဖြေမှုတွင် Sexy Model ဇွန်သဉ္ဇာ က ခေတ်ဆန်သော ၀တ်စားဆင်ယင်မှုဖြင့် ဖျော်ဖြေခဲ့ရာ ပရိသတ်အချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါဖျော်ဖြေပွဲသို့ သွားရောက် ကြည့်ရှုခဲ့သည့် ဒေသခံအမျိုးသမီး တစ်ဦးက The Ladies သို့ပြောသည်။ “ဇွန်သဉ္ဇာ က ခုံယူပြီး ကတဲ့အချိန် စင်အောက်ကနေ ခဲနဲ့ပေါက်တာပေါ့။ ပြီးတော့ သူဝတ်ထားတာ ကလည်း ဘောင်းဘီ တိုတိုလေးနဲ့ ကပြတာဆိုတော့ အဲ့လို ပေါက်တာတောင် စင်ပေါ်ကနေ ပေါက်ချင်လည်း ထိအောင်ပေါက်လို့ ပြောတော့ ထပ်ပေါက်တာပေါ့။ မျက်ခုံးထိသွားတယ်လို့ တော့ ကြားလိုက်တယ်။ ဇာဇာထက် လည်း ပါပေမယ့် ဇွန်သဉ္ဇာ ခဲနဲ့ပေါက်ခံရတယ်ဆိုတော့ စင်ပေါ်တက်မလာတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ ကယားပြည်နယ်နေ့ကို လွန်ခဲ့သည့် ၁၉၅၂ ခုနှစ် ပါလီမန်အစိုးရ လက်ထက်က ကရင်နီပြည်ဆိုသည့် အမည်မှ ကယားပြည်နယ်အဖြစ် သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် ဇန်န၀ါရီ ၁၅ ရက်နေ့ကို အစွဲပြု၍ ပြည်နယ်နေ့အဖြစ် သတ်မှတ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် က ကရင်နီပြည် အဖြစ် သီးခြားရှိခဲ့ပြီး၊ ၁၉၄၈ ခုနှစ် နောက်ပိုင်း ကရင်နီပြည် အမည်ကို ကယား ပြည်နယ်အဖြစ် တိုင်းပြုပြည်ပြု လွှတ်တော်မှ ပြောင်းလဲခဲ့ခြင်း ဖြစ်သော်လည်း သီးခြားကရင်နီပြည်အဖြစ် ဆက်လက် ရပ်တည်လိုသည့် အဖွဲ့များလည်း ကျန်ရှိနေ သေးသည်။ " ကျွန်တော်တို့ တိုင်းရင်းသား ဒေသမှာက ရှေးရိုးစွဲလေးတွေလည်း ရှိသေးတယ်။ ဒီလို ပြည်နယ်နေ့ အခမ်းtနား ဖျော်ဖြေပွဲမှာ ခေတ်ဆန်လွန်းတာတွေကို စင်တင် တော့ နဂိုကတည်းက ပြည်နယ် အမည်နာမကို တောင် မနှစ်သက်တဲ့ ပြည်သူ အချို့က စိတ်ဆိုးတာလည်း ပါတာပေါ့လေ။ ဒီကြားထဲ ဇွန်သဉ္ဇာက ပေါက်ရင် ထိအောင်ပေါက်ကြလို့ ပြောတော့ ပွဲဆူကုန်တာပေါ့ " ဟု လွိုင်ကော်မြို့ခံ ကိုနေအေးက ပြောသည်။ သတင်း - ဇော်မင်းထွန်း The Ladies News Journal

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ခြင်း [Trust Building] လုပ်နိုင်ဖို့ပါပဲ’’ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း


၂၀၁၁ က စတင်ခဲ့သော လက်ရှိ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပထမအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့်အတူပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။ သမ္မတဦး သိန်းစိန်လက်ထက်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အဓိကဦး ဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးဦး အောင်မင်းနှင့် 7Day မှ ဇန်န၀ါရီ ၁၉ရက်က နေပြည်တော်တွင် သီး သန့်တွေ့ဆုံခဲ့သည်။ ဦးအောင် မင်းနှင့် တွေ့ဆုံစဉ် လေးနှစ် ကျော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် အစိုးရသစ်လက်ထက်အလား အလာ၊ မြန်မာနိုင်ငံငြိမ်းချမ်းေ၇း နှင့် ပြန်လည်ထူထောင်ရေးဗဟို ဌာန(MPC)အလားအလာစသည့် ကိစ္စရပ်များအပါအ၀င် 7Day က မေးမြန်းခဲ့မှုများကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။


သမိုင်းမှာ ပထမဆုံးအကြိမ် ပြု လုပ်နိုင်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံအပေါ် ဘာများ မှတ်ချက်ပြုချင်ပါသလဲ။


ဇန်န၀ါရီ ၁၂ရက်က ၁၆ ရက်အထိ ပြုလုပ်ခဲ့တဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ဟာ မြန်မာနိုင်ငံမှာ တစ်ကြိမ်တစ် ခါမှ ပြုလုပ်နိုင်ခြင်းမရှိတဲ့ ညီလာ ခံဖြစ်ပါတယ်။ ဒါကြောင့် ထူးခြား ပါတယ်။ ဘာတွေထူးခြားသလဲ ဆိုရင် နံပါတ်(၁)က လက်နက် ကိုင်ပြဿနာဟာ နိုင်ငံရေးကိစ္စ တွေကို နိုင်ငံရေးအရမဖြေရှင်းခဲ့ လို့ တိုက်ပွဲတွေဖြစ်နေရတယ်လို့ ပြောကြတယ်။ အခုလက်နက် ကိုင်ပြဿနာကို နိုင်ငံရေးအရဖြေ ရှင်းတာဖြစ်တယ်။ (၂)က သမ္မတ ကြီးကလည်းခွဲထွက်ခြင်းနဲ့ အချုပ် အခြာအာဏာကို ထိပါးစေတဲ့ကိစ္စမှအပ ဆွေးနွေးခွင့်ပေးထား တယ်။ နံပါတ်(၃) ပြောခွင့်မရတဲ့ ဖက်ဒရယ်ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့တယ်။ အရင်ကဆို ဖက်ဒရယ်ကိစ္စဆွေးနွေးရင် အရေးယူခံရမှာပေါ့။ အခုဆို ကျယ်ကျယ်လောင်လောင်ဆွေး နွေးနိုင်ခဲ့ကြတယ်။ (၄)က ညီလာ ခံကြီးကနေ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုတည်ဆောက်နိုင် မှာဖြစ်တဲ့အတွက် ပြည်သူလူထု အတွက် အကျိုးရှိတယ်။ နောက် ဆုံးအချက်က ယခင်ကထိပ်တိုက် ရင်ဆိုင်တဲ့စနစ်ကတွေ့ဆုံဆွေး နွေးအဖြေရှာမယ်ဆိုတဲ့ Dialouge ပုံစံကိုဖော်ဆောင်နိုင်တယ်။ ဒီမို ကရေစီယဉ်ကျေးမှုပုံစံသစ်ဖြစ် လာတယ်။


အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲတွေနဲ့ ပြည်ထောင်စုညီလာ ခံကိုသုံးနှစ်ကနေငါးနှစ်အတွင်း ပြီး စီးအောင်ဆောင်ရွက်သင့်တယ် ဆိုတဲ့အချက်ဟာ နောက်အစိုးရ အကျပ်တွေ့အောင်လုပ်တယ်လို့ ဝေဖန်မှုတွေရှိတယ်။ ၀န်ကြီးအ နေနဲ့ ဘယ်လိုသဘောထားရှိပါ သလဲ။


ကောင်းတဲ့လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် မြန်မြန်သွားနိုင် ရင် အကျိုးမြန်မြန်ရမယ်လို့ ကျွန် တော်ယူဆတယ်။ ညီလာခံဟာ NCA စာချုပ်ကို အခြေခံတယ်။ NCA အရ မူဘောင် Framework ရေးဆွဲတယ်။ မူဘောင်အတိုင်း ညီလာခံကိုကျင်းပတယ်။ မူ ဘောင်ထဲမှာ နောက်အစိုးရက ပြု ပြင်ပြောင်းလဲမှုတွေလုပ်နိုင် တယ်။ ဒါကြောင့်နောက်အစိုးရ မှာ အကျပ်အတည်းမဖြစ်စေနိုင် ပါဘူး။ ကျွန်တော်တို့က ပုံစံခွက် တစ်ခုလုပ်ပေးခဲ့တာပါ။ ကောင်း ရင်သုံးပါ။ မကောင်းရင်ပြင်ပါ။ ပြင်လို့မရရင်တော့ပစ်လိုက်ပါ။ သုံးပြင်ပစ်ပေါ့။ ပုံစံခွက်ကို ဖ ယောင်း၊ အင်္ဂတေ၊ ရွှေစတာနဲ့ သွန်းနိုင်တယ်။ သွန်းလုပ်မယ့် သူ တို့ရဲ့ ဆန္ဒပါလို့ပြောချင်တယ်။


ဒေါ်အောင်ဆန်းစုကြည်က အခု ညီလာခံက NCA ပြီးဆုံးတာကိုအသိအမှတ်ပြုခြင်းသာ ဖြစ်တယ်။ တကယ့် ငြိမ်းချမ်းရေးညီလာခံကို နောက်အစိုးရလက်ထက်မှာမှ ပြုလုပ်သွားမယ်လို့ RFA သတင်းဌာနမှာ ပြောသွားပါတယ်။ ၀န်ကြီးမှတ်ချက်လေးသိပါရစေ။


ဒေါ်အောင်ဆန်းစုကြည် ပြောတာမှန်ပါတယ်။ ကျွန်တော် တို့ အစိုးရလက်ထက်မှာ ညီလာ ခံဆုံးဖြတ်ချက်တစ်ခုမှ မချပါဘူး။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ ငြိမ်းချမ်းရေးညီလာခံတွေ ပြုလုပ်ကြတယ်။ ငါးနှစ်၊ ၁၀ နှစ်၊ နှစ် ၂၀ ကြာတတ်ပါတယ်။ တစ် ခါတလေပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်တာရှိကြပါတယ်။ ငြိမ်း ချမ်းရေး အောင်မြင်တာ၊မအောင် မြင်တာ အဓိကက အစိုးရအပေါ် တွင်သာ တာဝန်ရှိပါတယ်။နောက်တက်လာမယ့် အစိုးရဟာ NLD အစိုးရပဲဖြစ်ပါတယ်။ NLDအစိုးရ က ဆက်လုပ်ရမှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့လည်းအောင်မြင်မှုတွေရမယ်လို့ ယုံကြည်ပါ တယ်။


ဝန်ကြီးက ငြိမ်းချမ်းရေးမှာ တောက်လျှောက်ပါဝင်ဦးဆောင် ခဲ့တာဆိုတော့ နောက်အစိုးရ လက်ထက်မှာရော ဘယ်လိုပုံစံ မျိုးနဲ့ ပါဝင်ဆောင်ရွက်ဖို့ရှိလဲ။


ကျွန်တော်က ငြိမ်းချမ်းရေး ကို မြတ်နိုးပါတယ်။ တန်ဖိုးထား ပါတယ်။ ငြိမ်းချမ်းရေးပျက်သွား မှာကို အစိုးရိမ်ဆုံးပါပဲ။ ငြိမ်းချမ်း ရေးကို နောက်ဆုံးအချိန်အထိ လုပ်သွားမှာဖြစ်ပါတယ်။


ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက် ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်က ရာထူးတစ်နေရာ မျိုးဖိတ်ခေါ်ကမ်းလှမ်းတာရှိပါသ လား။ ၀န်ကြီးဘက်ကကော တင် ပြထားတာမျိုးရှိပါသလား။


အစိုးရသစ်က ဖိတ်ခေါ်ခြင်း လုံးဝမရှိပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ် သက်ပြီး နှစ်ကြိမ်တွေ့ဆုံခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ၀ိုင်းကူပေးပါလို့ တစ်ခွန်းပဲပြောခဲ့တာရှိပါတယ်။ ကျွန်တော်ကလည်း ထဲထဲဝင်ဝင် လုပ်ဖို့ အခက်အခဲတွေရှိပါတယ်။ အပြင်ကပဲ ကူညီပါရစေလို့ ပြော ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ ထက်ပိုပြီးပြောခဲ့တာမရှိပါဘူး။


အကယ်၍ ကမ်းလှမ်းလာခဲ့မယ် ဆိုရင် ၀န်ကြီးအနေနဲ့ဘယ်လိုစဉ်း စားပါမလဲ။


ဒီငြိမ်းချမ်းရေး တကယ် အောင်မြင်တာက သမ္မတကြီး ဦးသိန်းစိန်ရဲ့ တာဝန်ယူမှု၊ တာ ၀န်သိမှုအပေါ်မှာပါ။ ၀န်ကြီး ဦးအောင်မင်းလုပ်တဲ့ ကိစ္စတွေ အားလုံးကို သမ္မတကြီးဦးသိန်းစိန် က အားလုံးရာနှုန်းပြည့်တာဝန်ယူ တယ်။ တာဝန်ယူပေးလို့လည်း အောင်မြင်တာဖြစ်တယ်။ အဲဒီ တော့ အတွဲညီတယ်။ အဲဒီတော့ နောက်အစိုးရက ကျွန်တော်တို့ လုပ်သမျှကိစ္စကို တာဝန်ယူပေး နိုင်မလား။ သူတာဝန်မယူလို့ရှိ ရင် ကျွန်တော်တို့အနေနဲ့ လုပ်ရ တာ အောင်မြင်မှုမရနိုင်ဘူး။ ဒါ ကြောင့်မို့ ကျွန်တော်စဉ်းစားတာ ကတော့ ၀ိုင်းကူပေးမယ်။ ထဲထဲ ၀င်ဝင်ကတော့ ၀င်ကူဖို့ရာခက်တဲ့ အတွက် အပြင်ကပဲဝိုင်းကူပေး မယ်။


လေးနှစ်ကျော် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပေါ် ခြုံငုံသုံးသပ်ပြီး တော့ အားရတဲ့လုပ်ဆောင်ချက် တွေနဲ့ ကျေနပ်မှုသိပ်မရခဲ့တာရှိ ရင်လည်း ဥပမာပေးပြီးပြောပြ ပေးပါ။


ဆောင်ရွက်ချက်အားလုံးအ ပေါ်မှာ အားရကျေနပ်မိပါတယ်။ အဆင့်တိုင်း၊အဆင့်တိုင်းမှာ စိန် ခေါ်မှုတွေရှိပါတယ်။ ဒီစိန်ခေါ်မှု တွေကို ကျော်လွှားနိုင်လို့ပဲ ငြိမ်း ချမ်းရေးညီလာခံကြီးဖြစ်လာတာ ပဲ။ အရေးကြီးဆုံးကတော့ ယုံ ကြည်မှုတည်ဆောက်ခြင်းဖြစ်ပါ တယ်။ တိုင်းရင်းသားတွေဟာ yes ၊ no နှစ်လုံးပဲပြောတတ်ကြပါ တယ်။ no လို့ပြောထားတဲ့ ပုဂ္ဂိုလ် ဟာ yes လို့ ပြောဖို့တော်တော် ခက်ပါတယ်။ yes လို့ပြောအောင် ယုံကြည်မှုတည်ဆောက်ရတာ ဖြစ်ပါတယ်။ အပင်ပန်းဆုံးနဲ့ စိတ် အလှုပ်ရှားရဆုံးနေ့က ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်း ရင်းသားလက်နက်ကိုင် ငါးဖွဲ့နဲ့ တစ်ဖွဲ့ချင်းလျှို့ဝှက်တွေ့ပါတယ်။ KIA, RCSS, CNF, KNU, KNPP အဖွဲ့တွေဖြစ်ပါတယ်။ မနက်က နေ သန်းခေါင်အထိပဲ။ KNU က မကျေနပ်လို့ နိုဝင်ဘာ၂၀မှာ ထပ် တွေ့ကြတယ်။ အကျိုးဆက်အ နေနဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၁ တောင် ကြီးမှာ RCSS ၊ ၂၀၁၂ ဇန်န၀ါရီ၆ ရက် ဟားခါး မှာ CNF ၊ ဇန်န၀ါရီ ၁၂ ရက် ဘားအံမှာKNU၊ မတ်လ ၇ ရက် လွိုင်ကော်မှာ KNPP တို့နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ KIO ကတော့ တိုက်ပွဲတွေဖြစ်နေလို့ အကြိမ် ကြိမ်ထပ် ကြိုးစားခဲ့ရတယ်။


တရုတ်အထူးကိုယ်စားလှယ်က NCA မထိုးရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့တိုက် တွန်းနေတယ်လို့ ပြောပါတယ်။ အိမ်နီးချင်းတရုတ်ရဲ့အခန်းကဏ္ဍ အပေါ် ၀န်ကြီးရဲ့သဘောထား သိချင်ပါတယ်။


၂၀၁၅ အောက်တိုဘာက သမ္မတကြီးရဲ့ တရုတ်ပြည်ခရီးစဉ် မှာ နိုင်ငံတော်သမ္မတကြီးနဲ့ တရုတ်သမ္မတတို့တွေ့ဆုံခဲ့တယ်။ တရုတ်သမ္မတက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံတယ်။ တရုတ်နိုင်ငံက ကူညီပေးမယ်လို့ ပြောခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံ ရဲ့ ပေါ်လစီဖြစ်တယ်။၂၀၁၅ နိုဝင်ဘာလောက်မှာ တရုတ် အစိုးရက နယ်စပ်ဒေသရှိ ကေအိုင်အို၊ ‘၀’၊ မိုင်း လားအဖွဲ့တွေကို ခေါ်တွေ့ပြီး NCA လက်မှတ်ထိုးဖို့ တိုက်တွန်း ခဲ့တယ်လို့ သိရတယ်။ နယ်စပ်ဒေသ နှစ်နိုင်ငံကုန်သွယ် ရေးမှာ တရုတ်နိုင်ငံက အကျိုးအ မြတ်တွေ အများကြီးရတယ်။ငြိမ်း ချမ်းရေးမရရင် နယ်စပ်ဒေသ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်မယ်။ ဒါ ကြောင့် တရုတ်အစိုးရက ငြိမ်း ချမ်းရေးကို ထောက်ခံတာဖြစ် တယ်။ နယ်စပ်ဒေသစီးပွားရေး ဟာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေ တယ်။


ဝန်ကြီးအနေနဲ့ အစိုးရသစ်မှာ မပါဘူးဆိုရင် ငြိမ်းချမ်းရေးအ တွက် ဘာအကြံပေးချင်ပါသလဲ။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှု တည် ဆောက်ခြင်း (Trust Building) လုပ်နိုင်ဖို့ပါပဲ။ Trust တည် ဆောက်နိုင်ဖို့ စိတ်ရှည်ရမယ်၊ ဇွဲ သန်ရမယ်၊ သည်းခံရပါမယ်။


ဝန်ကြီးအနေနဲ့ ပါတီနိုင်ငံရေး ဆက်လုပ်ဖို့ အနေအထားရော ရှိ ပါသလား။


ကျွန်တော်ပါတီ နိုင်ငံရေး မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ငြိမ်းချမ်းရေးသမား ဆိုတော့ ကြားကနေ ဆောင်ရွက် ရမယ့်သူ၊ ကြားက ဆောင်ရွက်ရ မယ့်သူတစ်ယောက်အနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ကဏ္ဍစွဲကင်းရှင်းဖို့လိုပါတယ်။ ဒါကြောင့်မို့ ပါတီနိုင်ငံရေးကျွန်တော်မလုပ်ပါဘူး။ အမျိုး သားနိုင်ငံရေးလို့ သူများတွေပြော တာပေါ့။ အမျိုးသားနိုင်ငံရေးလို့ ပြောရင်လည်း သိပ်မကြိုက်ကြ ဘူးဗျ။ ဒီစကားက ဒီတော့ ကျွန် တော်က ပါတီစွဲကင်းကင်းနဲ့ပဲ ငြိမ်းချမ်းရေးကို ဆက်လုပ်သွား မယ်။


MPC ရဲ့ ပုံသဏ္ဌာန်အနေအထား ကကော အစိုးရသစ်လက်ထက် မှာ ဘယ်လိုဖြစ်နိုင်မလဲ။


UAM-MPC ဆိုတာက တော့ မရှိလို့ မဖြစ်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ငြိမ်းချမ်းရေးကဏ္ဍမှာ MPC က အဓိကဆောင်ရွက်ခဲ့ တာဖြစ်တယ်။ နောက်ဆုံးငြိမ်း ချမ်းရေးညီလာခံအထိပေါ့။ အဲဒီ တော့ MPC ကတော့ နောက် အစိုးရလက်ထက်မှာ ဘယ်လို ဆက်ပြီးသွားမယ်ဆိုတာ ဘာညာ ကတော့ ကျွန်တော်တို့ စဉ်းစား ပြီး တိုင်ပင်နေတုန်းပဲရှိသေးတာ ပေါ့။ အခုတော့ အဖြေတော့ မ ထွက်သေးဘူး။


တိုင်ပင်တယ်ဆိုတာတာက အစိုး ရအဖွဲ့အသစ်နဲ့လား။


အစိုးရအဖွဲ့အသစ်နဲ့မဟုတ် ဘူး။ ကိုယ့်အချင်းချင်းထဲမှာပါ။ ငြိမ်းချမ်းရေးညီလာခံကြီးက အခု မှပဲ ပြီးတာ။ အခုမှပဲအသက်ရှုဝ တာ။ ကျွန်တော်တို့က ညီလာခံ ကြီးအပေါ် ငွေကြေး ရှင်းတာတို့၊ အစီရင်ခံစာရေးတာတို့ပြီးရင် ဆွေးနွေးချက်တွေကို စာအုပ်ကြီး ထုတ်တာတို့၊ စာအုပ်ကလည်း စာမျက်နှာ ခြောက်ရာလောက်ရှိ တယ်။ ဒါတွေ လုပ်မယ်။ အဲဒါ ပြီးမှပဲ ဒါကို ဘယ်လိုဆောင်ရွက် သင့်တယ်ဆိုတာ တိုင်ပင်မယ်။ ရှိတော့ ရှိသင့်တယ်ဗျ။ MPCဆို တာ။


ဘာများ ဖြည့်စွက်ပြောကြားချင် ပါသလဲ။


ဒီနေရာမှာ Shuttle Diplo-macy ကို ပြောပြချင်တယ်။ Shuttle လို့ ပြောတော့ အသွား အပြန်လွန်းထိုးဆောင်ရွက်တယ် လို့ အဓိပ္ပာယ်ရတယ်။ မရှိသေး တာ၊ မဖြစ်သေးတာကို ရှိအောင်၊ ဖြစ်အောင် လုပ်တာလို့ ဖြည့်စွက် ပြောချင်တယ်။ ကျွန်တော်က Shuttle Diplomacy ကို အကြိမ် ကြိမ်ကြိုးစားခဲ့ရတယ်။ ဒါကြောင့်စိတ်ရှည်သည်းခံဇွဲသန်ရမယ်လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။


ကျေးဇူးတင်ပါတယ်။ ။


ဦးအောင်မင်း (ဓာတ်ပုံ− စိုင်းဇော်)
7Day

မြန်မာဘက်မှ ကလေးခိုးလာသူ ထိုင်းတွင်ဖမ်းမိ

ဓာတ်ပုံ - ထိုင်းရတ်

20 January 2016

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် တဘက်ကမ်းကို မြ၀တီဘက်ကနေပြီး ကလေးခိုးယူလာတဲ့ မြန်မာအမျိုးသမီးတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃ နှစ်အရွယ် ယောက်ျားလေးတဦးကို အမျိုးသမီးတဦးက ခိုးယူသွားကြောင်း တိုင်ကြားထားချက်ရထားလို့ မဲဆောက်မြို့နယ် ထိုင်းအာဏာပိုင်တွေက မြ၀တီတံတားနဲ့ သောင်ရင်းမြစ်ကမ်း အနီးတ၀ိုက်ကို သတိထား စောင့်ကြည့်နေစဉ် ခါးပိုက်နှိုက် အမျိုးသမီးတဦးဆီကနေ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ပြန်ရခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကလေးခိုးသူ အမျိုးသမီးဟာ အသက် ၃၃ နှစ်အရွယ်ရှိ မကေသွယ်မူ ဆိုသူဖြစ်ပြီး သူဟာ ကလေးကို မြ၀တီဘက်ခြမ်း ဈေးထဲက လူအုပ်တွေနဲ့ အတူရောပြီး ထိုင်းဘက်ကို ၀င်ရောက်လာကြောင်း၊ ထိုင်းဘက်ခြမ်းမှာ လူတယောက်ရဲ့ ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ခဲ့ပြီး ခါးပိုက်နှိုက်ခံရသူက ရဲကို ချက်ချင်းတိုင်ကြားတဲ့အတွက် မရှေးမနှောင်းမှာပဲ သူ့ကို သက်သေခံပစ္စည်း ပိုက်ဆံအိတ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က မကေသွယ်မူကို ခါးပိုက်နှိုက်မှုနဲ့ စစ်ဆေးနေစဉ် သူ့ကလေးလို့ ပြောထားတဲ့ ကလေးငယ်က လိမ္မာပါးနပ်စွာနဲ့ အကူအညီ တောင်းခံတဲ့ အမူအယာတွေ ပြတာကြောင့် ရဲတပ်ဖွဲ့က ဘာသာပြန်ကတဆင့် ကလေးကို မေးမြန်းရာမှာ ကလေးငယ်က အမျိုးသမီးဟာ သူ့မိခင်မဟုတ်ဘဲ လူဆိုးဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ကလေးငယ်မိခင်ဖြစ်သူ မစိုးဝင်းခိုင်ကလည်း သူမရဲ့ သားဖြစ်သူ မောင်ဆန်းဝင်းအောင်ဟာ လွန်ခဲ့တဲ့ ၃ ရက်က ပျောက်ဆုံးနေတာဖြစ်ကြောင်း၊ အဲဒီနေ့က သူဟာ ဆိုင်ထဲမှာ စက်ချုပ်နေပြီး ကလေးက ဆိုင်ရှေ့မှာ ကစားရင်းနဲ့ ပျောက်ဆုံးသွားလို့ ရဲကို တိုင်ကြားထားကြောင်း၊ အခုလို သားဖြစ်သူကို ပြန်ရှာပေးတဲ့အတွက် ထိုင်းအာဏာပိုင်တွေကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
By ဒီဗွီဘီ

စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်သစ်အတွက် ပြင်ဆင်


နေပြည်တော်မှာ မကြာခင် ပြန်စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော် ၂ ရပ် အစည်းအဝေးတွေအတွက် အသစ်ခန့်အပ်လိုက်တဲ့ တမတ်သား ကိုယ်စားလှယ်တွေ ထဲမှာ ဗိုလ်ချုပ်တွေ ပိုမို ထည့်သွင်းလာတာဟာ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံမှာ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေမှာ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရ မှာ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြန်လည်စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေကို အသစ်ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ဒီအထဲမှာ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ် တောက်ထွန်းနဲ့ ဗိုလ်ချုပ်သန်းထွတ်သိန်း အပါအ၀င် ကိုယ်စားလှယ် ၁၁၀ ယောက်ကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်ချုပ် သန်းစိုး အပါအ၀င် ၅၆ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးရဲ့ စစ်တပ်ကိုယ်စားလှယ်တွေစာရင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဇန်န၀ါရီလ ၁၈ ရက်နေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု ခန့်အပ်ခဲ့တဲ့ စစ်တပ်ကိုယ်စားလှယ်တွေထဲမှာ ဗိုလ်ချုပ်တွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဦးအောင်လင်းထွဋ် က အခုလို ပြောပြပါတယ်။

“ဗိုလ်ချုပ်သန်းစိုးတို့ ဗိုလ်ချုပ် သန်းထွတ်သိန်းတို့က ၂ ယောက်ကတော့ ကျနော်နဲ့ ထောက်လှမ်းရေး သင်တန်းကျောင်းမှာ သင်တန်းမှူးဘ၀နဲ့ လုပ်စဉ်မှာတော့ ကျနော် သူတို့ကို ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ တန်ပြန်ထောက်လှမ်းရေးသင်တန်းတို့ ဘာတို့ ကျနော် ပို့ချခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတော့ သူတို့ ၂ ယောက်စလုံးရဲ့ စိတ်ဓာတ်က ကောင်းပါတယ်ခင်ဗျ။ ကျနော့်အမြင် ပြောရရင်တော့ လူကောင်းတွေပါခင်ဗျ။ တိုင်းပြည်အတွက်ကို ကောင်းရာကောင်းကျိုးကို လုပ်မယ့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါတယ်။ ဟိုဘက်က ဗိုလ်ချုပ်တောက်ထွန်းတော့ ကျနော်နဲ့ မဆက်ဆံခဲ့ဖူးပါဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကိုက တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပါရမယ်ဆိုတဲ့ ပေါ်လစီအရပေါ့လေ အခုအချိန်ခါမှာတော့ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေကို အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်မှာပါ ထည့်တဲ့သဘောပါပဲ။”

ဒါ့အပြင် မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် - အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍနဲ့ အသစ်တက်လာမယ့် NLD အစိုးရနဲ့ တပ်မတော် လက်တွဲ လုပ်ဆောင်သွားရမယ့် အစီအစဉ်တွေကို ချပြ ပြောဆိုခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကတော့ - အစိုးရသစ်အနေနဲ့ တိုင်းပြည်လုံခြုံရေးအတွက် တပ်မတော်နဲ့ ဆက်လက် လက်တွဲရမှာပဲဖြစ်တယ်လို့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။

“နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာတော့ တပ်မတော်အနေနဲ့ NLD နဲ့ ညှိနှိုင်းပြီး လုပ်ရပါလိမ့်မယ်ခင်ဗျ။ NLD ကလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာကို တပ်မတော် မပါဘဲနဲ့ ပစ်ပယ်ပြီးတော့မှ လုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ညှိညှိနှိုင်းနှိုင်းလုပ်ရတဲ့အခါမှာ အဆင့်မြင့်တဲ့ ဗိုလ်ချုပ်တွေ ပါဝင်ခြင်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားပေါ့လေ သူတို့နဲ့ တိုက်ရိုက် ညှိနှိုင်းပြီးတော့မှ ဆွေးနွေးသွားနိုင်မယ့် အခြေအနေဖြစ်အောင်အတွက်ကို ဗိုလ်ချုပ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်များကို ခန့်အပ်ထားတယ်လို့ ကျနော် သိရပါတယ်ခင်ဗျ။”

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ NLD ကိုယ်စားလှယ် ၂၃၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၈၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာဖြစ်တာကြောင့် - မကြာခင် ပြန်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးတွေမှာ NLD ကိုယ်စားလှယ်တွေ အများစု တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကတော့ ထင်သလောက် မလွယ်လှဘူးလို့ ဦးအောင်လင်းထွဋ် က ယူဆပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ သူတို့မှာတော့ လုပ်ပိုင်ခွင့် အခွင့်အာဏာ မရှိပါဘူးခင်ဗျ။ သူတို့ဟာ ဆုံးဖြတ်နိုင်ခွင့် ပုဂ္ဂိုလ်တွေလည်း မဟုတ်ပါဘူး။ အားလုံးဟာ အပေါ်ကပဲ ကကန ဆိုတဲ့ ကာကွယ်ရေးကောင်စီ ဆိုတာ ကျနော်တို့ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာလေ။ အဲဒီရဲ့ အဆုံးအဖြတ်အတိုင်းပဲ လွှတ်တော်မှာရောက်နေတဲ့ ဗိုလ်ချုပ်တွေက အမိန့်နာခံရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဒီ သဘောထားတွေ၊ ဘာညာ ဆိုတာထက် သူတို့က အပေါ်က လူကြီးတွေ သူတို့ဆက်ဆံရေး မကောင်းဘူး၊ မကြိုက်ဘူး ဆိုလို့ရှိရင်တော့ ချက်ခြင်းလဲပစ်မယ့် အနေအထားမျိုး ရှိပါတယ်ခင်ဗျ။”

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်စာရင်းမှာတော့ - အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင် လည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ခဲ့ပါတယ်။

“လက်ရှိပေါ့လေ မင်္ဂလာဒုံ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်သိန်းနိုင်ပေါ့လေ အသက်အားဖြင့်တော့ ကျနော်ထင်တယ် ၅၈၊ ၅၉ လောက်ရှိပြီ။ သူ့ကို ရှေ့ဆက်ပြီးတော့မှပေါ့လေ ဗိုလ်ချုပ်ပေးစရာ အကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်အားဖြင့် ပင်စင်နားနီးတဲ့အခါကျတော့ လေတပ်ကနေပြီးတော့မှ တနေရာကို ရွှေ့တဲ့အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။”

မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အစိုးရသစ် တက်လာတော့မယ်ဆိုပေမဲ့ - တိုင်းပြည်ရဲ့ အဓိကကျတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၃ ခု ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာ ဆက်လက် ရှိနေမှာဖြစ်ပါတယ်။ NLD ဦးဆောင်မယ့် အစိုးရသစ် ကတော့ မတ်လမှာ တာဝန်စယူမှာ ဖြစ်ပါတယ်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)